A Tale Of Thousand stars
By AungMin201
9.2K 244 43
ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More
A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(B)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(B)
A Tale Of Thousand stars Chapter - 8(A)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(B)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 10(C)
A Tale Of Thousand stars Chapter - 11
A Tale Of Thousand stars Chapter - 7(C)
123 4 0
By AungMin201
(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars
Chapter - 7(C)
အပိုင်း (၂၁)
မနက်ခင်းအချိန်။
ကျောင်းကြီးမီးလောင်တုန်းက ကာလယ်၏အဖေ အာရီ၏အဖေ ရွာသားတစ်ယောက်တို့က သစ်ပင်တွေရဲ့အလည်မှာ ငှက်ပျောပန်းရိုင်းတွေ ပွင့်နေတာ တွေ့တော့ ကျောချမ်းသွားတာ ငါတို့ရွာထဲက လူတစ်ယောက်ယောက်တော့ မကောင်းတာလုပ်လိုက်ပြီပဲ ဒါကြောင့် ရွာက ကြိမ်စာတိုက်ခံနေရတာ ဟူ၍ ပြောဆိုနေကြသည်က မှန်ပေသည်။
အရင်တစ်ခေါက်က ကာလယ် ရေနစ်မလို ဖြစ်ပြီး ကျောင်းကြီးပါ မီးလောင်သွားပြန်ရာသာမက စီးပွားရေးတွေလည်း ပျက်စီးခဲ့တာ ရွာသားတွေ ပြောသလို သစ်ပင်အလည်မှာ ငှက်ပျောပန်းရိုင်းပွင့်နေသည်ကိုတွေပြီး ကျောချမ်းသွားပြီး အဲသလို မကောင်းမှုတွေ ဖြစ်နေတာ ဖာပန်းဒေါင်းရွာမှာ လူနှစ်ယောက် မကောင်းတာ လုပ်ပြီး သရဲတောင်ကြားထဲ ရောက်သွားကာ နတ်ဆရာက ပွဲတော်တင်ပြီး ဆေးကုပေးနေသည်။
ကွက်ပျက်တစ်ခုမှာ ထိုလူနှစ်ယောက်ကို တင်ပြီး ပွဲတော်တစ်ခုရှိကာ နတ်ဆရာက ထိုလူနှစ်ယောက်ရဲ့ လက်ကို အပ်ချည်စတွေ ချည်ပြီး သပြေခက်တွေဖြင့် ရေစင်တော် ပက်ဖြန်း၍ ဆေးကုပေးနေလေသည်။
" အဆင်ပြေသွားမှာပါ ''
" ကျေးဇူးအများကြီး တင်ပါတယ် ''
အဲသလို ရေစင်တော် ပက်ဖြန်းပေးပြီးနောက် နတ်ဆရာက ထွက်သွားလေတော့သည်။ ထို့နောက် ကွက်ပျက်ပေါ်က ထိုလူနှစ်ယောက်က
" ဒါ မင်းကြောင့်ပဲ ငါ ပြောတယ်လေ သရဲတောင်ကြားထဲကို မသွားသင့်ဘူးလို့ သစ်တောစောင့်နတ်တွေက ငါတို့နောက် လိုက်လာကြပြီ ''
" အင်းပါ မသွားတော့ပါဘူး နောက်ထပ်လည်း မသွားရဲတော့ဘူး ''
အဲသလို လူနှစ်ယောက် ပြောတာကို ရွာသားတွေနဲ့ ခမာတို့က ကြားကာ သရဲတောင်ကြားထဲသွားရင် တောစောင့်နတ်တွေကို မလေးမစားလုပ်တာ ဖြစ်ပြီး ကံဆိုးသည်တို့ဖြင့် ကြုံကာ သိသမို့ အံ့သြသွားကြလေတော့သည်။
" သရဲတောင်ကြား ''
" မနေ့တုန်းက တော့က ကျွန်တော့်ကို ပြောတယ် သူက ချွတ် မင်းနဲ့အတူရှိနေတာ ဘယ်သူလဲ ဆိုပြီး
မေးတယ် ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်လာခဲ့တာ ''
" အမလေး ''
ထိုအချိန် ဆရာလေးထီရန်ကလည်း နားမလည်သလိုဖြင့် ထိုနေရာကို ရောက်ချလာလေသည်။
" တကယ်ပါဆို တစ်ကိုယ်လုံး
တုန်တက်သွားတာပဲ ''
" အကုန်လုံးကို သရဲတောင်ကြားထဲ မသွားဖို့ သတိပေးလိုက်ပါဦး အဲဒီက အစောင့်အရှောက်တွေက အရမ်းကြောက်ဖို့ ကောင်းတာ တွေးလိုက်တာနဲ့တင် ဒူးတွေပါတုန်လာတယ် ''
အဲ့အချိန် ခမာကလည်း ထိုလူနှစ်ယောက်ပြောတာကို နားထောင်ပြီး ကြောက်သလို ဖြစ်နေကာ ရွာသားတွေကို သရဲတောင်ကြားထဲ မသွားဖို့ ပြောမည်အလိုမှာ ဆရာလေးထီရန်ကို မြင်၍ စကားလမ်းကြောင်းလွဲဲပြီး ဆရာလေးထီရန်ကို ပြောရလေသည်။
" မင်းတို့ နားထောင်...အော် ဆရာလေးထီရန် ဘယ်တုန်းက ရောက်နေတာလဲ ''
" မင်္ဂလာပါ ရွာသူကြီး လောင်ထယ်
အိမ်မှာရှိလား ''
မှန်၏။ ဆရာလေးထီရန် ထိုသို့ အမေးပြုလိုက်လျှင် သရဲတောင်ကြားထဲ ရောက်ခဲ့သည့် လူနှစ်ယောက်ကို ခမာ၏အိမ်တွင် ရေစင်ဖြန်းပေးခြင်း ဖြစ်လေသည်။ ဆရာလေးထီရန်က အဲသလိုလေး ခမာကို မေးလိုက်လျှင် လောင်ထယ်က အနောက်မှ အော်၍ ပြေးလာကာ အိမ်နောက်ဘေးကို လက်ဆွဲ၍ ခေါ်သွားပါတော့သည်။
" အစ်ကို ထီရန် ''
" ကျွန်တော် တကယ်တွေ့လိုက်တာ ပြောတာယုံ ''
" မင်း နောက်မှာရော ပေါ်လာသေးလား ''
" အင်းဆို တစ်ကိုယ်လုံးကို မြင်လိုက်တာ ''
ရွာသားတွေနဲ့ ခမာတို့လည်း ထိုလူနှစ်ယောက်ကို ဝိုင်းကြည့်၍ သူတို့ ပြောတာကို နားထောင်ပြီး ကြောက်သလိုလို ဖြစ်နေကြလေတော့သည်။ လောင်ထယ်လည်း ဆရာလေးထီရန်ကို အိမ်နောက်ဘေးကို ခေါ်လာကာ ထင်းဆိုင်ဘေးတွင် ထိုင်၍
" အစ်ကို ဒီလိုမျိုး ခိုးထွက်လာတာ ခေါင်းဆောင် စိတ်မဆိုးဘူးလား ''
" အမှန်အတိုင်းပြောရရင် ဘယ်သူ့ကိုမှ မတွေ့စေချင်ဘူး ဒီမှာ လူတွေ အများကြီးရှိမယ်လို့ မထင်ထားမိဘူး ဒါနဲ့ ဘာတွေ ဖြစ်နေကြတာလဲ ''
" တော့နဲ့ချွတ်လေ သူတို့ သရဲတောင်ကြားထဲ လမ်းပျောက်သွားတာ အစောင့်အရှောက်တွေကို ဘယ်လိုမရိုမသေတွေ သွားလုပ်လဲတော့ မသိဘူး ဝင်ပူးပြီး ဖျားနာသလို ဖြစ်သွားကြတာပဲ အဲဒါကြောင့် နတ်ဆရာက ပြန်ကောင်းအောင် လုပ်ပေးနေတာ ''
" သရဲတောင်ကြားလား အဲဒါက ဖာပန်းဒေါင်းချောက်ကမ်းပါးကို သွားတဲ့လမ်းကြောင့်မို့လား ''
" ဟုတ်တယ် အစ်ကို ဒါပေမယ့် တစ်ခြားလမ်းကြောင်းကနေ သွားလို့ရတယ် ''
" သြော် ဒါနဲ့ ညီလေးထီရန်ရော ရောက်ဖူးလား ''
" ဟင့်အင်း မသွားရဲပါဘူး အစ်ကို မသွားရဲဘူး ဟိုလူတွေက အမဲလိုက်လို့သာ သွားရဲကြတာ ဘယ်သူမှ အဲလိုနေရာကို သွားရဲကြမှာ မဟုတ်ဘူး ''
" ..... ''
" အစ်ကိုကရော ဘယ်လိုလဲ တပ်စုမှာ အိပ်ရတာ အဆင်ပြေလား သက်သောင့်သက်သာရှိလား ''
" ဘာကို သက်သောင့်သက်သာ ရှိရမှာလဲ ဟင်းချက်တာလည်း အစ်ကို လုပ်ရတယ် အိပ်ယာမဝင်ခင်လည်း ခေါင်းဆောင်က အစ်ကို့ကို နှိပ်ခိုင်းသေးတယ် ''
အဲသလို ပြောပြီး ဆရာလေးထီရန်လည်း ပြုံးရည်နေပြီး အိပ်ယာမဝင်ခင် နှိပ်ခိုင်းတာက ဖာပန်း​ဒေါင်းရွာတွင် မိန်းမကယောက်ျားကို နှိပ်ပေးတာဟူ၍ အလေ့အထတစ်ခု ဖြစ်နေသည်မို့ လောင်ထယ်လည်း အရယ်ကြီး ရယ်မိလေတော့သည်။
" ဘာရယ်တာလဲ ''
" ဘာမှ မဟုတ်ပါဘူး အစ်ကို အစ်ကို ရယ်နေတာ မြင်ရတော့ ကျွန်တော့်စိတ်ထဲ နေလို့ ကောင်းသွားလို့ပါ ''
အဲသလို လောင်ထယ်ကလည်း ပြောပြီး ဆရာလေးထီရန်လည်း သူ၏အတွေးထဲ ခေါင်းဆောင်ဖူဖာ ရောက်လာကာ အပြုံးကြီး ပြုံးမိလေတော့သည်။
ဆရာလေးထီရန်၏ အတွေးထဲ ရောက်နေသည့် ခေါင်းဆောင်ဖူဖာ ဘာတွေ လုပ်ဆောင်နေသည်ဆိုတာကိုလည်း ဖတ်ရှုရပေမည်။
ချင်းမိုင်မြို့က ရဲစခန်း တစ်ခုမှာ ကျောင်းမီးလောင်သည့် အမှုအခင်းနဲ့ပတ်သက်၍ ခေါင်းဆောင်ဖူဖာ နှင့် ဒေါက်တာနမ် ရောက်ရှိနေလေသည်။
ရဲတွေက အခန်းထဲမှာ စကားပြောနေပြီး ဒေါက်တာနမ်နှင့် ခေါင်းဆောင်ဖူဖာက အပြင်မှာ ရပ်စောင့်ရင်း စကားပြောနေကြလေသည်။
" အမှုလိုက်က ပြောတယ် ကျောင်းမြေကြီးပေါ်ကနေ ဆီစွန်းနေတဲ့ အဝတ်တစ်ထည်ကို တွေ့တယ်တဲ့
သူတို့ ဝန်မခံဘူး ဆိုရင်တောင် မင်း သူတို့ကို ထောင်ချလိုက်လို့ရတာပဲ ဘာလို့ သူတို့ကို ကူညီပေးနေတာလဲ ''
" မီးရှို့မှုဆိုတာ အမှုလေးတစ်ခု သက်သက်ပဲ သူတို့ ဘယ်သူ့အတွက် အလုပ်လုပ်နေလဲဆိုတာ မင်းသိသားနဲ့ ''
" မင်းက ဦးဆက်ဒါကို အမိဖမ်းချင်နေတာလား ဒီကောင်တွေ လောက်နဲ့ သူ့ကို ဖမ်းလို့ရမှာ မဟုတ်ဘူးနော် ''
" အဲဒါကြောင့်ပဲ အပေးအယူလုပ်နေတာလေ သူတို့သာ ငါတို့ရဲ့ နယ်ရုပ်လုပ်ပေးမယ်ဆိုရင် ငါးအကြီးကြီးကို ဖမ်းမိပြီပဲ ''
" မင်း အတည်ကြီး ပြောနေတာလား သူတို့ ပြန်ပြောလိုက်ရင်ရော ငါတို့ အားလုံး သေပြီနော် ''
" ဒီလူတွေက သေမှာ ကြောက်တယ် ပြောရဲမှာ မဟုတ်ဘူး ငါ့သတင်းပေးက ပြောတယ် သူတို့ ပစ္စည်းတွေ အကြီးအကျယ်ပို့ဖို့ လုပ်နေတယ်တဲ့ နယ်စပ်အကျော် က ဟိုတယ်သစ်တစ်ခုကိုလေ ငါအဲဒီ ကိစ္စကို ပိုပြီး သိချင်တယ် ''
" မင်း ဝန်ကြီးဌာနက တစ်ယောက်ယောက်နဲ့ ငြှိမှာ မကြောက်ဘူးလား ''
" ငါ့မှာ ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး ''
" သူတို့ပါလာမယ် ထင်လား ''
မှန်၏။ ခေါင်းဆောင်ဖူဖာက ဦးဆက်ဒါကို ကြောက်၍ အလုပ်လုပ်နေရတဲ့ ချင်းမိုင်က ရဲဝန်ထမ်းတွေကို ပူပေါင်း၍ ဒါမှမဟုတ် အပေးအယူလုပ်၍ ဦးဆက်ဒါကို ဖမ်းဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
သို့ပေမယ့် အဲသလို ပူပေါင်းလိုက်ရင် ရဲဝန်ထမ်းတွေက ဦးဆက်ဒါကို ပြောပြီး ဦးဆက်ဒါက တစ်ခြားသူတွေနဲ့ ခေါင်းဆောင်ဖူဖာနှင့် ထိုချင်မိုင်းကရဲဝန်းထမ်းတွေကို အညိုးကြီးစွာ သတ်ဖြတ်ခိုင်းမည် ဖြစ်လေသည်။
အဲဒါကို ဒေါက်တာနမ်က မကြောက်ဘူးလားဟူ၍ မေးလိုက်ရာ ခေါင်းဆောင်ဖူဖာကလည်း ရဲဝန်ထမ်းတွေက သေမှာကြောက်တယ်ဟု ပြောလိုက်လေသည်။
မှန်၏။ ဦးဆက်ဒါတို့ကလည်း နယ်စပ်က ဟိုတယ်တစ်ခုကို ပစ္စည်း တစ်နည်းအားဖြင့် ဥဗဒေနှင့် မကင်းသည့် မူးယစ်ဆေး ပို့ဖို့ ရှိနေသည်ကို သိပြီး ခေါင်းဆောင်ဖူဖာက ရဲဝန်ထမ်းတွေနဲ့ အပေးအယူလုပ်ကာ ဦးဆက်ဒါကို အမိဖမ်းဖို့ ကြိုးစားနေလေသည်။
အဲသလို ဒေါက်တာနမ်နှင့် ခေါင်းဆောင်ဖူဖာ ပြောဆိုနေချိန် အခန်းထဲမှ ရဲဝန်ထမ်းတစ်ယောက် ထွက်လာလေတော့သည်။ ရဲဝန်ထမ်းက ခေါင်းဆောင်ဖူဖာအား
" ဖူဖာ ပြီးသွားပါပြီ မင်းရဲ့ ငါးကြီး ပျံထွက်သွားပြီ သူ နယ်စပ်ကို ဖြတ်ပြီး သွားလောက်ပြီ ''
အဲသလို ပြောလာသမို့ ခေါင်းဆောင်ဖူဖာလည်း သက်ပြင်းတစ်ချက် လေပူတစ်ထုတ် မှုတ်ထုတ်လိုက်လေသည်။
" ဟူး ''
" ဦးဆက်ဒါလား ''
" ဘောပဲ ''
ဒေါက်တာနမ်က အဲ့ရဲဝန်ထမ်းကို ဦးဆက်ဒါလားဟူ၍ မေးကာ ခေါင်းဆောင်ဖူဖာက ငါးကြီး တစ်နည်းအားဖြင့် ဦးဆက်ဒါကို မဖမ်းမိ၍ စိတ်တင်းပြီး ဘောပဲဟု ပြောသမို့ ရဲဝန်ထမ်းလည်း ပြန်ပြီး နက်သိမ့်ကာ သတင်းကောင်း ပြောပြန်ရလေသည်။
" စိတ်အေးအေးထားပါ ငါ ဟိုဘက်က ရဲတွေနဲ့ ပြောထားပါတယ် သူ မလွတ်တော့ပါဘူး ''
" ဒါမှမဟုတ် သူ ပစ္စည်းတွေအတွက် ငါးမြှားချိတ်ကို ရှောင်နေတာ ဖြစ်နိုင်တယ် ''
" အေးဆေးပေါ့ သူ အရင်ကလိုမျိုး လွတ်လွတ်လပ်လပ် မလုပ်နိုင်တော့ပါဘူး ပြီးတော့ ရွာက ကိစ္စအသေးလေးတွေအတွက်လည်း အချိန်ရှိတော့မှာ မဟုတ်ဘူး ညီလေးထီရန် အခု လုံခြုံသွားပါပြီ ''
အဲသလို ခေါင်းဆောင်ဖူဖာက ဦးဆက်ဒါကို သူကိုယ်တိုင် မဖမ်းရသမို့ စိတ်တင်းကာ သူထောင်ထားတဲ့ ငါးမြှားချိတ်ကို ရှောင်သွားသမို့လည်း သူက ထိုသို့ပြောပြီး ဒေါက်တာနမ်ကလည်း အဲသလို ဆရာလေးထီရန်ကို အထူးတလည် ထည့်ပြောလိုက်လေတော့သည်။ မှန်၏။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို အဲသလောက်တောင် စိုးရိမ်မှုတွေ ကြီးနေလေသည်။
ယခုဆို ဦးဆက်ဒါလည်း အမှုတွေများစွာနဲ့ ပြေးမလွှတ်နိုင်လောက်တော့ဘူးဆိုတာ ထင်မိလေသည်။ သို့ပေမယ့် ဖမ်းမိဖို့တော့ လွယ်မည်မထင်တော့သည်။
သို့ပေမယ့် ဦးဆက်ဒါကို ခေါင်းဆောင်ဖူဖာက သူကိုယ်တိုင် မဖမ်းရသမို့ စိတ်တင်းကာ ချင်းမိုင်မြို့မှ ကလပ်တစ်ခုတွင် ဒေါက်တာနမ် လန် ရော့ချန်း တို့နှင့်အတူ ဝီစကီသောက်ရင်း ထိုကလပ်မှ အပျော်မယ်လေးတွေ ဘေးမှာထိုင်ကာ စိတ်ဖိစီးမှုတွေ ဖြေဖျောက်နေကြလေသည်။
အချိန်က ညအချိန် ဖြစ်သမို့ ကလပ်ထဲတွင် အနီ အဝါ အစိမ်း စသဖြင့် ရောင်စုံမျိုးစုံက အခန်းကျဥ်းအတွင်း ဝင်းထိန်နေလေသည်။
ခေါင်းဆောင်ဖူဖာက ခုံတစ်ခုတည်းမှာ သူတစ်ယောက်တည်း ထိုင်ပြီး ဒေါက်တာနမ်က အပျော်မယ်လေးကို သူ၏ဘယ်ဘက်မှာ ထိုင်ခိုင်းကာ လန်နှင့် ရော့ချန်းက နောက်ထပ်အပျော်မယ်လေးကို သူတို့ကြား ထိုင်ခိုင်းကာ စားသောက်နေကြလေသည်။
" ဒီည အရမ်းအေးတယ် ဘာလို့ အပေါ်အင်္ကျီကို မဝတ်ထားတာလဲ ငှက်ဖျား မဖြစ်စေချင်ဘူး ''
" သူငယ်ချင်းလေးကို ဂုဏ်ပြုလိုက်ကြအောင် ''
လန်က အပျော်မယ်တွေ အတိုအပြတ်တွေ ဝတ်ထားသည်မို့ ထိုသို့ ပြောပြီး ဒေါက်တာနမ်ကလည်း
" သူငယ်ချင်းကို ဂုဏ်ပြုလိုက်ကြအောင် ရာဇဝင်တွင်အောင်ချစ်မယ့် လူတစ်ယောက်အတွက် ''
အဲသလို ခေါင်းဆောင်ဖူဖာကို ပြောကာ အားလုံး ဝီစကီခွက်တွေ ကိုင်၍ လက်တွေ လေပေါ်ပင့်မြှောက်လျက် ခွက်ချင်းတိုက်လိုက်ကြလေသည်။
" ချီးယာစ် အကုန်သောက်ရမှာနော် အကုန် ''
ဒီလိုနဲ့ အားလုံးက ခွက်ထဲမှ ဝီစကီတွေ တစ်မော့စီမော့သောက်လိုက်ကြလေသည်။ ထိုအချိန် ဒေါက်တာနမ်က အပျော်မယ်လေးကို မူးမူးနဲ့ ဖက်ထားကာ အပျော်မယ်လေးက ဒေါက်တာနမ်ဟာ အကုန်သောက်ရမှာနော်ဟူ၍ ပြောသမို့
" မရဘူးလေ ''
လို့ ပြောလိုက်ကာ Mix အစပ်ချောင်းကြော်တွေနဲ့ ပါးစပ်ကို ပိတ်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ဒေါက်တာနမ်ကို ပြုံး၍ ကြည့်လျက် ထိုသို့ ပြောလေသည်။
" ဒေါက်တာ ငါ မင်းမိန်းမ ဒေါက်တာကျစ်ကို ပြောလိုက်မှာနော် ''
" ငါ့မိန်းမကိုလား သေစမ်း ဘယ်မှာလဲ သူ ဒီမှာ မရှိဘူးလေ ငါ တစ်ခေါက်ထပ်ပြောလိုက်မယ် ''
ခေါင်းဆောင်ဖူဖာက သူ့ကို ဒေါက်တာနမ်က စနောက်သမို့ ဒေါက်တာနမ်ရဲ့ မိန်းမနဲ့တိုင်ပြောမယ်ဟု စနောက်သလို ပြောကာ ဒေါက်တာနမ်ကလည်း မူးမူးနဲ့ ထပ်ပြောပြန်လေသည်။
" ချင်းမိုင်က လူတိုင်းသိတယ် ငါက လူလွတ် ''
ခေါင်းဆောင်ဖူဖာနဲ့ လန်က ဒေါက်တာနမ် အဲသလို ပြောတာကို ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်၍ ရော့ချန်းကလည်း မူးတူးတူးနဲ့
" အိုး အွေး ''
ဟု နှုတ်မှထွက်ပြီး ပြုံး၍ကြည်ကာ ခေါင်းဆောင်ဖူဖာက
" နောက်ထပ်ပြီး ပြောပြန်ပါဦး ''
ဟူ၍ ပြောလိုက်တော့မှ ဒေါက်တာနမ် မူးမူးဖြင့်
" နောက်တာ နောက်တာ နောက်တာနော် ''
ဟု ပြောလိုက်ပြန်ကာ ဖုန်းကို လက်နဲ့ ပုတ်ချနေလေသည်။ မှန်၏။ ဒေါက်တာနမ်၏ ချစ်သူ ဒေါက်တာကျစ်ကို ဒေါက်တာနမ်က အဲသလို ပျော်ပါးနေပါတယ်ဟု ထိုဗီဒီယို ပို့မည်စိုး၍ ပြောလိုက်ခြင်း ဖြစ်လေသည်။
" ဒေါက်တာကျစ်ကသာ ငါ့နှလုံးသားထဲက တစ်ဦးတည်းသောသူပဲ တစ်ခြားမိန်းကလေးတွေက မောင်နှမတွေ လုပ်လို့ရတယ်လေ ''
" အေး အဝီး.. ''
ဒေါက်တာနမ်က မူးမူးနဲ့ အဲသလို စိတ်ကူးယဥ်ဆန်ပြလိုက်သမို့ လန် ရော့ချန်းတို့ နှုတ်မှ ပျော်သလို အူးယားသလိုလို အသံတွေ ထွက်ပေါ်လာလေသည်။
" အထင်ကြီးစရာပဲ ''
" ဟေ့ ဒေါက်တာ့စကားကို ငါတို့ လက်စွဲဆောင်ပုဒ်အဖြစ် သုံးလိုက်ရအောင် ဘယ်လိုလဲ ခေါင်းဆောင် ''
" ငါတို့ လို့ မပြောနဲ့ ငါက သစ္စာရှိတယ် ''
" အေး ဒါဆိုရင် တောင်းပန်ပါတယ် ချစ်ရမယ့်လူရှိနေပြီဆိုတော့လေ ဒါမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးခင်ပေါ့ ''
" ဒေါက်တာ မင်းစကားကြည့်​ပြောနော် ''
ဒေါက်တာနမ်က အဲသလို စနောက်ချင်လာသမို့ ခေါင်းဆောင်ဖူဖာက ထိုသို့ပြောလိုက်လေသည်။ ဒီလိုနဲ့ အပျော်မယ်လေးက ခေါင်းဆောင်ဖူဖာမှာ ချစ်သူ​ကောင်မလေး ရှိသည်အထင်နဲ့ မေးရာ ကောင်မလေးမဟုတ်သမို့ ပြီးတော့ လူပျိုကြီး ဖြစ်နေသမို့ ဒေါက်တာနမ် လန် ရော့ချန်းတို့က စနောက်ကြ လေတော့သည်။
" ကောင်မလေးက လှလား ''
" အဟား ဟား ခေါင်းဆောင်ကလေ တစ်နေ့လုံး တစ်ညလုံး အလုပ်များနေတာ တောထဲမှာပဲ နေနေတာ သစ်ပင်ကို မိန်းမလို့တောင် ခေါ်ယူရတော့မယ် ''
" အဟား..ဟား.. ''
" ဟုတ်လား သူပြောတာ တကယ်လား
နှမြောစရာပဲ ''
အပျော်မယ်လေးက စနောက်ခံရ၍ ရှက်နေတဲ့ ခေါင်းဆောင်ဖူဖာကို အဲသလို ပြောကာ Mix အစပ်ချောင်းခွံ့မည်ကြံရာ ခေါင်းဆောင်ဖူဖာက အခွံ့မခံဘဲ လက်နဲ့ယူ၍ ပါးစပ်ထဲ သွင်းလိုက်ပြီး ထိုသို့ပြောလာလေသည်။
" ဘာကို နှမြောတာလဲ ''
" ရှင်က ဒီလောက်ကြည့်ကောင်းတာ ''
" ထားလိုက်ပါ ထားလိုက် အစ်ကိုပြောလိုက်မယ် မင်းက သူ့အကြိုက်မဟုတ်ဘူး ''
ဒေါက်တာနမ်က သူ့ဘေးမှ အပျိုမယ်လေးကို အဲသလို ပြောသမို့ သူမက ဒေါက်တာနမ်၏ပါးစပ်ကို Mix အစပ်ချောင်းတွေနဲ့ ပိတ်ပစ်ကာ
" လွန်လိုက်တာ ဘယ်လိုပြောလိုက်တာလဲ တော်ပြီ သွားတော့မယ် တစ်ခြားဝိုင်းတွေ သွားကြည့်ရအောင် ''
ဟူ၍ ပြောပြီး ရော့ချန်းဘေးမှ ကောင်မလေးလည်း ထ၍ ထွက်သွားရာ ရော့ချန်းက ထိုအပျိုမယ်လက်လေးကို ဆွဲသမို့ လန်တို့က တားလိုက်ရလေသည်။
" ဟင် သွားတော့မလို့လား ''
" ခဏနေပြန်လာခဲ့မယ် ''
" နေဦး ''
" ဟေး ချန်း ရော့ချန်း ရော့ ''
အဲသလို ဒေါက်တာနမ်က တားလိုက်ကာ သူပြောပုံက
" ဟေ့ မင်းသိလား ငါ ညီလေးထီရန်နဲ့ ပတ်သက်ပြီး ပြောစရာရှိတယ် ''
အဲသလို ဒေါက်တာနမ်က မူးမူးနဲ့ လက်ညိုးထိုးကာ ခေါင်းဆောင်ဖူဖာကို ပြောနေလေသည်။
" ဟို ထီရန်က...သူ့မှာရှိ...သူ့မှာ ထီရန်က ''
" ဒေါက်တာ ဒေါက်တာ ထဦး ''
အဲသလို မူး၍ လိုရာမရောက် စကားကို ကွက်ကြား ပြောကာ ခုံပေါ်ကို ဒေါက်တာနမ် လှဲကျသွားလေတော့သည်။ ခေါင်းဆောင်ဖူဖာက သူ့ကိုလှုပ်နိုးနေလေသည်။ သူ မူး၍ အိပ်ပျော်သွားသည် ဖြစ်၏။ ထိုအခါ ရော့ချန်းက
" အဟား ဟား ဒေါက်တာကလည်း
အားပျော့လိုက်တာ ''
ဟူ၍ ပြောပြီး လန်က
" သူ့ပါးစပ်ထဲ ထည့်ပေးလိုက် ''
လို့ အားလူးကြော်ကိုင်၍ ပြောကာ ရော့ချန်းက
" အန်ထွက်ကုန်လိမ့်မယ် ဒါက ဘယ်ကရတာလဲ ခေါင်းဆောင် အရမ်းအရသာရှိတယ် တောင်ပေါ်မှာ ဒါမျိုးတွေ မစားရဘူး စားကောင်းတယ် ''
ရော့ချန်းက အဲသလို ဒေါက်တာနမ်က မူးနေ၍အိပ်ပျော်သွားကာ လန်က အားလူးကြော်ထည့်ပေးဖို့ ပြောသမို့ အန်ထွက်ကုန်မယ် ပြောကာ Mix အချောင်းကြော်ဘူးကို ကိုင်၍ လန်အား စားရင်းနဲ့ ပြောကာ Mix ဘူးလေးကို လန်ကိုလည်း ပေး၍ စားကြည့်ခိုင်းလေသည်။
ခေါင်းဆောင်ဖူဖာလည်း ထို Mix အချောင်းကြော်လေးကို စား၍ ပြုံးမိနေလေတော့သည်။
ဒီလိုနဲ့ ချင်းမိုင်က ကလပ်မှာ အဲသလို ပျော်ပါးသောက်စားလာကြပြီး ဖာဖီရွန်တပ်စုအဆောင်ရှေ့မှ ဒန်းအလျားရှည်ပေါ်မှာ ခေါင်းဆောင်ဖူဖာ ငေး၍ ထိုင်နေလေသည်။
သူ၏လက်ထဲ၌လည်း ထော့ဖန်ပေးထားသည့် ပလွေကို ကိုင်ကာ လွမ်းမိနေလေသည်။ ညအချိန် ဖြစ်သမို့ လမင်းကြီးကလည်း ထိန်ထိန်သာနေလေသည်။
ခေါင်းဆောင်ဖူဖာလည်း ထိုလမင်းကြီးကို ကြည့်ကာ မျက်နှာက မကောင်း၍ လွမ်းမိနေလေသည်။ အဲ့နောက် အတွေးထဲကအကြောင်းကို ခဏတာ တွေး၍ ပြုံးမိကာ လက်ထဲက ပလွေနဲ့ သံစဥ်တွေကို လွမ်းဆွတ်ဖွယ် မှုတ်ပါတော့သည်။
" ဒို ရေ မိ လာ.....စသဖြင့် ''
အဲသလို ပလွေမှုတ်သည့်အသံကို ကြား၍ ဆရာလေးထီရန် အခန်းထဲက အပြင်ထွက်လာလေသည်။ အဲ့နောက် ခေါင်းဆောင်ဖူဖာအနားသွားကာ ရပ်နေသမို့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို မြင်ပြီး သံစဥ်ကို လျှပ်တပစ် ရပ်လိုက်လေသည်။
" ဆက်မှုတ်လေ ခေါင်းဆောင်ရဲ့ နားထောင်လို့ ကောင်းနေတဲ့ဟာကို ခေါင်းဆောင်လို လူမျိုးက ပလွေမှုတ်တတ်မယ်လို့ မထင်ထားဘူး ''
" ငါ့လိုလူမျိုးလား ''
" ခေါင်းဆောင်လို ခပ်တည်တည်နေတတ်တဲ့လူက လက်နက်တွေပဲ ဘယ်လို ကိုင်ရမလဲ.... သိတယ်ထင်တာ ''
" အဲဒါကြောင့် စာအုပ်အဖုန်းကိုပဲကြည့်ပြီး မဆုံးဖြတ်ရဘူးလို့ ပြောကြတာပေါ့ ''
" ဘယ်လို ဆုံးဖြတ်ရမှာလဲ ''
" တစ်ချို့ စာအုပ်တွေက မဆုံးဖြတ်ခင် အရင်ဖတ်ကြည့်သင့်တယ် ''
" ဒီနေ့ ခေါင်းဆောင် ပလွေမှုတ်တာကို ကြားရသလို မျိုးလား ''
" ဒီမှာလာထိုင်လေ ''
အဲသလို ခေါင်းဆောင်ဖူဖာနဲ့ ဆရာလေးထီရန် အချစ်တွေကို ပညာသားပါပါ မထိတထိ ခံစားချက်တွေ အကျိုးအကြောင်းတွေကို ပြောပြီး ဆရာလေးထီရန်ကို သူ့ဘေးမှာ ထိုင်ခိုင်းလေသည်။
ဆရာလေးထီရန်လည်း ထိုဒန်းပေါ်ထိုင်ကာ လက်ကလေးက ပခုံးကို ပွတ်ရင်း ကွေးလာကာ ချမ်းလာသလို ဖြစ်လာလေသည်။
" အေးတယ်နော် ''
ဒါကို သတိထားမိတဲ့ ခေါင်းဆောင်ဖူဖာက သူ၏ အပေါ်အင်္ကျီကို ချွတ်ကာ ဆရာလေးထီရန်ကို ခြုံပေးသမို့ ဆရာလေးထီရန်လည်း အကြင်နာအပြုံး ပြုံးကာ ကျေးဇူးတင်လိုက်လေသည်။
" ကျေးဇူးပါ ခေါင်းဆောင် ''
အဲသလို ပြောပြီး ဒန်းပေါ်မှာ နေရာပြန်ယူကာ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ပလွေမှုတ်ခိုင်းလေတော့သည်။
" မှုတ်ပြတော့လေ ခေါင်းဆောင် ကြားချင်နေပြီ ''
" ဒို မိ ရေ တီ....စသဖြင့် ''
ခေါင်းဆောင်ဖူဖာလည်း အဲသလို သံစဥ်လေးကိုချိုချိုသာသာ မှုတ်ပြကာ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်၍ ပြုံးနေလေသည်။ ဆရာလေးထီရန်က သံစဥ်ပြီးသွားသည့်နောက် ခေါင်းဆောင်ဖူဖာအား ထိုသံစဥ်ကို ရှင်းပြခိုင်းလေတော့သည်။
" အဲ့ဒါ ဘာသီချင်းလဲ နားထောင်လို့ကောင်းတယ် ရှင်းပြပါလား ''
" ချစ်ရတဲ့သူလေးရေ မင်းရဲ့တစ်ခြားဘက်အခြမ်းကို တွေ့ပြီးပြီလား လေနဲ့အတူ ရောက်လာတဲ့ လူတစ်
ယောက် ရှိပါတယ် မင်းသိလာတဲ့ အခါကျ မင်းမြတ်နိုးလာတဲ့ အချာကျရင် လေလေးက နှုတ်ဆက်ခြင်း
မရှိဘဲ သူတို့ကို အဝေးတိုက်ထုတ်လိုက်ပါတယ် ''
အဲသလို သီချင်းလေး ဆိုပြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးနေကြကာ ခေါင်းဆောင်ဖူဖာက မူးနေသလိုလို ဖြစ်နေသမို့ ဆရာလေးထီရန် သတိထားမိကာ ခေါင်းဆောင်ဖူဖာ၏ နှုတ်ခမ်းကို အနံ့ရှုကြည့်လေသည်။
" ဒီနေ့ ထူးဆန်းနေတယ် သောက်လာတာလား ''
" အထီးကျန်နေလို့ ''
ခေါင်းဆောင်ဖူဖာက အဲသလိုကြောင့် ဟူ၍ ပြောကာ ဆရာလေးထီရန်က သူ၏လက်ကို ခေါင်းဆောင်ဖူဖာ၏ ဒူးပေါ်တင်၍ ပြောပြန်လေသည်။
" ဒီမှာ ရောက်နေပြီလေ ကျွန်တော် အဖော်ပြုပေးဖို့ ရောက်နေတာ ''
ခေါင်းဆောင်ဖူဖာကလည်း သူ၏ဒူးပေါ် တင်ထားတဲ့ ဆရာလေးထီရန်၏ လက်ကို ကိုင်ကာ ပြောပြန်လေသည်။
" ငါ မင်းနဲ့ သာမန်သူငယ်ချင်းမျိုးမဖြစ်ချင်ဘူး ''
" မူးနေပြီပဲ ''
" မူးတဲ့လူတွေက မလိမ်တတ်ဘူး ''
" တကယ်လား ''
ဆရာလေးထီရန်က အဲသလို ပြန်မေးပြီး မူး၍ ချစ်ခွင့်ပန်မယ့် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏လက်ကို တင်းတင်းကိုင်၍ ပြောလာလေသည်။
" ထီရန် အတွေးတွေက စိတ်ကူးထဲကို ဝင်ဝင်လာတာများနေပြီ မင်းနဲ့ပိုနီးကပ်လာလေ မဖြစ်နိုင်ဘူးလို့
တွေးမိတာတွေက များလာလေပဲ တစ်ခါတစ်လေ မင်းက ထော့ဖန်ကို အရမ်းအမှတ်ရစေတယ်
မင်းနဲ့သူနဲ့က တစ်ယောက်တည်းလို့လည်း တွေးမိတယ် ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိဘူးဆိုတာ သိပါတယ် ''
ခေါင်းဆောင်ဖူဖာက အဲသလို ပြောလာသမို့ ဆရာလေးထီရန် မျက်နှာ မကောင်း ဖြစ်လာကာ ခေါင်းဆောင်ဖူဖာက ထပ်မေးပြန်လေသည်။
" ထီရန် ငါတကယ်သိချင်လို့ပါ မင်းငါ့ကို ပြောချင်တာမျိုး မရှိဘူးလား ''
အဲသလို မေးပြီးနောက် ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာ၏ မျက်နှာကို သေသေချာချာကြည့်၍ ပြောဖို့ ပြင်လိုက်လေသည်။
" ခေါင်းဆောင် ကျွန်တော် ခေါင်းဆောင်ကို တကယ်ပြောချင်တာ ရှိတယ် ကျွန်တော် ကျွန်....  ''
" ဘာပြောချင်တာလဲ မင်း ငါ့ကို ချစ်တယ်လို့ ဝန်ခံတော့မလို့လား ''
အဲသလို ခေါင်းဆောင်ဖူဖာက မူးနေ၍ အားငယ်စိတ်မကောင်း ဖြစ်မိသွားတဲ့ ဆရာလေးထီရန်ကို အဲသလို ပြောကာ ခေါင်းဆောင်ဖူဖာ၏ မျက်နှာက ဆရာလေးထီရန်၏ ပါးအနားကပ်လာကာ နမ်းမိတော့မည့်ဆဲဆဲ ဆရာလေးထီရန်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာ ခေါင်းဆောင်ဖူဖာ၏ နှုတ်ခမ်းလေးကို ကြည်ရင်း ဆရာလေးထီရန်၏ပုခုံးပေါ် ခေါင်းဆောင်ဖူဖာ မူး၍ လှဲကျအိပ်ပျော်သွားလေတော့သည်။
" ခေါင်းဆောင် အဆင်ပြေရဲ့လား ခေါင်းဆောင် ''
အဲသလို ဆရာလေးထီရန်က ခေါ်နေပေမယ့် ခေါင်းဆောင်ဖူဖာက ဘာမှ ပြန်မပြောဘဲ အိပ်ပျော်နေလေတော့သည်။ အဲ့နောက် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ခေါင်းကို ဖွဖွလေးပွတ်သတ်ကာ အဖြစ်မှန်တွေ ဖုန်းကွယ်ထားသမို့ သက်ပြင်းချ လေပူမှုတ်လိုက်လေသည်။
ဒါဆို အဖြစ်မှန်တွေသိမယ့် မနက်ဖြန်များစွာ ရှိသေးသည်မို့ မနက်ဖြန်ကို သွားပြီး ဖတ်ရှုကြရပေမည်။
နောက်တစ်နေ့မနက် နေမင်းကြီးက တရဲတည်းရဲ၍ တောင်ကြားထဲမှ ထွက်ပေါ်လာကာ ဖာပန်းဒေါင်းရွာ၏သဘာဝ အလှက ကြည့်ကောင်းလှပေသည်။
ဝါးပင်တွေ တစ်ခြားအရိပ်ရပင်တွေ ပေါက်နေတဲ့ လမ်းလေးပေါ်မှာ ဆရာလေးထီရန်၏မျက်စိနှစ်ဖက်ကို ပုဝါဖြင့် စီး၍ ခေါင်းဆောင်ဖူဖာကဆိုင်ကယ်ပေါ် တင်၍မောင်းလာလေသည်။
" ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ
ခေါင်းဆောင် ''
" လာပါ မကြာခင် သိရမှာပေါ့ ''
လမ်းတော်တော်များများ မောင်းကျော်ပြီးနောက် ခေါင်းဆောင်ဖူဖာက ဆိုင်ကယ်ကိုထိုးရပ်ကာ ဆရာလေးထီရန်လည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်လေသည်။
" ရောက်ပြီ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပုခုံးကို ကိုင်ကာ လူတွေ ဝိုင်းနေသည့် နေရာ အလည်ကို ခေါ်သွားလေသည်။
" အဆင်သင့် ဖြစ်ပြီလား ''
" အင်း ကျွန်တော် စိတ်လှုပ်ရှားနေပြီ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်အား မျက်လုံးကို စည်းထားသည့် ပုဝါကို ဖြေပေးလိုက်လေသည်။
ထိုအချိန် ဆရာလေးထီရန် အံ့သြသွားကာ မျက်နှာမှာလည်း ပြုံးပျော်ရွှင်လာလေသည်။ မှန်၏။ ကျောင်းမီးလောင်၍ ယခု ကျောင်းအသစ်တစ်လုံး ဆောက်လုပ်ထားလေသည်။ ဒါကို အားလုံးက ဆရာလေးထီရန်အား စပရိုက် လုပ်လိုက်ကြလေသည်။
ဆရာလေးထီရန်လည်း ပြုံးနေကာ ခေါင်းဆောင်ဖူဖာကိုကြည့်လိုက်လေသည်။ ခေါင်း​ဆောင်ဖူဖာလည်း ထပ်တူ ပျော်ရွှင်နေရလေသည်။
ဆရာလေးထီရန်က ဖာပန်းဒေါင်းကျောင်း ဟူ၍ ရေထားသည့် ဆိုင်းဘုတ် ကျောင်းကြီး ပြီးတော့ ခမာ အင်တာ မိကျူး အာရီ ကာလယ် ခေါင်နွန်း လောင်ထယ် လန် ရော့ချန်း စသည့် ရွာသူရွာသားတွေ ပြုံးပျော်နေတာကို ကြည့်ကာ ပြုံးပျော်မိလေသည်။
အဲ့နောက် ခမာက ချောင်းဟင့်၍
" အဟင့် ဟင့် ဆရာလေး အရာဝတ္ထုတွေဆိုတာ ကျိုးပဲ့တာမျိုး ပျက်စီးတာမျိုးတွေ ရှိမယ် ကျွန်တော်တို့မှာ ချစ်ခြင်းတရားနဲ့ စည်းလုံးညီညွှတ်မှု ရှိနေသ၍တော့ ဘယ်အရာကမှ ကျွန်တော်တို့ကို ဖျက်ဆီးလို့မရဘူး ''
" ကျေးဇူးအများကြီးတင်ပါတယ် သူကြီး ''
" ဦးလေးတစ်ယောက်တည်း မလုပ်နိုင်ပါဘူး ဖာပန်းဒေါင်းတစ်ရွာလုံး တစ်ယောက်ချင်းဆီက ကြိုးစားပေးကြလို့လေ ''
" ဟုတ်တယ် အားလုံးကို ကျေးဇူးတင်ပါတယ် ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ''
" ဒါကို ဖာပန်းဒေါင်းရွာသားတွေရဲ့ လက်ဆောင်လို့သာ သဘောထားလိုက်နော် ငါတို့နဲ့အတူတူ အကြာကြီး နေသွားနိုင်ဖို့ မျှော်လင့်ပါတယ် အားလုံးကူဆောက်ပေးကြတာ ကလေးတွေရောပေါ့ ''
" မိကျူးက ဆေးသုတ်တယ် ဆရာ ''
" သမီးရောပဲ ''
" မဟုတ်ဘူး ကျွန်တော်က ဒီအပင်တွေ စိုက်ထားပေးတာ ''
" ကျွန်တော်တို့က ဆိုင်းဘုတ်ရေးတာ ဆိုင်းဘုတ် ''
" မဟုတ်ဘူး ကာလယ်က အမြဲအိပ်နေတာ ''
" ကာလယ်က အိပ်ပြန်ပြီလား တော်တယ် အားလုံးအရမ်းတော်တယ် ''
" တကယ်တော့ စာသင်ကျောင်းကို ထော့ဖန်ရှိစဥ်တုန်းက ပြန်ပြင်ပေးချင်တာ ဒါပေမယ့် မလုပ်ပေးနိုင်ခဲ့ဘူး အခုတော့ လုပ်ပေးနိုင်ခဲ့ပြီ ''
ခမာက အဲသလို ပြောလာသမို့ လောင်ထယ် ဆရာလေးထီရန် ခေါင်းဆောင်ဖူဖာမျက်နှာ စိတ်မကောင်း ဖြစ်နေရလေသည်။
" အားလုံးပဲ အထဲဝင်ကြ ထမင်းအတူတူစားကြရအောင် သွားမယ် ကလေးတွေရောလာ ''
" လာ လာခဲ့ကြ ''
" ဒေါက်တာနမ် ဘယ်မှာလဲ ''
" ဒေါက်တာကအလုပ်များနေတယ် ခဏနေလာလိမ့်မယ် ''
" သြော် ဟုတ်ပြီ ''
ခမာက ခေါင်းဆောင်ဖူဖာကို ဒေါက်တာနမ်က ဘယ်မှာလဲဟူ၍ မေးကာအလုပ်ရှုပ်နေတယ် ဖြေပြီး သူတို့လည်း ကျောင်းထဲကို ဝင်သွားကြလေသည်။
အလုပ်ရှုပ်နေတဲ့ ဒေါက်တာနမ် ဘာတွေ အလုပ်ရှုပ်နေလဲဆိုတာ ဖတ်ရှုကြရပေမည်။ သူ၏ ဆေးခန်းလေးက စားပွဲခုံရှေ့မှ ခုံမှာ ထိုင်ကာ စာအိတ်အဖြူထဲမှ ဖောင်တွေကို ယူထုတ်လိုက်လေသည်။
သူကိုင်ထားသည့် ဖောင်က ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသခြင်း လူနာလျှောက်လွှာ ဖြစ်လေသည်။
ထိုဖောင်ထဲမှ ရေးထားသည့် အချက်အလက်တွေတစ်ချို့က
လူနာ: ထီရန်ဆိုဖာ့ဒစ်စကွန်း အသက် ၂၁နှစ် အလှူရှင်: ထော့ဖန်ချရဖွန် အသက် ၂၄ နှစ်
ဟူ၍ ရေးထားလေသည်။ အဲ့နောက် နောက်ထပ်ဖောင်တစ်ခုကို ယူကာ မျက်မှောင်ကျုတ်သွားပြီး ဒေါက်တာနမ်က ဆရာလေးထီရန်၏ နှလုံးအတွင်းသားနံရံ ရောင်ယမ်းတာကို ထော့ဖန်၏နှလုံးအစားထိုးခဲ့ရသည်ကို သိသွားလေတော့သည်။
" ဘာလို့ ထီရန်က ဒါကို ဖုံးကွယ်ထားတာလဲ ''
အဲသလို ထော့ဖန်က ဖာပန်းဒေါင်းမှ ချင်းမိုင်ကနေတစ်ဆင့် ဘန်ကောက်ကို ပြန်သည့်ရက် ထော့ဖန်ဆုံးသည့်ရက် ထီရန်နှလုံးအစားထိုးသည့်ရက်တွေက တူနေကာ ထီရန်နှလုံးအစားထိုးတာလည်း ထော့ဖန်၏ နှလုံးဆိုတာ သိသွား၍ စိတ်တွေ ရှုပ်ထွေးနေလေသည်။
ယခု လောင်ထယ်သာမက ဒေါက်တာနမ်ကပါ ထိုသို့ သိသွားလေသည်။ အဖြစ်မှန်ကို ဖုံးကွယ်ထားတဲ့ ဆရာလေးထီရန် ဘယ်လို ဆုံး ဖြတ်မလဲဆိုတာ ဖာပန်းဒေါင်းကျောင်းမှ နေရာတစ်ခုတွင် လောင်ထယ်နှင့် ဆရာလေးထီရန် စကားပြောသည်ကို ဖတ်ရှုကြရပေမည်။
" ကျွန်တော် တွေးနေတာ ဒီတစ်ခေါက် တက္ကသိုလ်ကို ပြန်သွားရင် သူငယ်ချင်းကို အကူအညီတောင်းပြီး စာကြည့်တိုက်လေး လာဆောက်ခိုင်းမလားလို့ ဘယ်လိုထင်လဲ ''
" ကောင်းပါတယ် ဒါပေမယ့် အစ်ကို့အထင်တော့ ကစားစရာတွေ သင်ထောက်ကူတွေလည်း ပိုလိုမယ်ထင်တယ် ''
" ကျွန်တော်လည်း အဲ့တာကြိုက်တယ် ''
အဲ့နောက် လောင်ထယ်က ဆရာလေးထီရန်၏ ကျောကိုပုတ်ကာ နက်သိမ့်ပေးပြီး ဆရာလေးထီရန်လည်း ကလေးတွေ ဆွဲထားတဲ့ ပန်းချီကားထဲက ထော့ဖန်၏ ပုံကို ကြည့်ကာ စိတ်မကောင်း မျက်ရည်ဝဲလာလေသည်။
" အစ်ကို့အထင် ဒီတစ်ခေါက်လည်း ထော့ဖန် အစ်ကို့အတွက် ရွေးပေးတာ ထင်တယ် ''
ဆရာလေးထီရန် အဲသလို ပြောပြီး မျက်ရည်ဝဲ၍ လောင်ထယ်ကို ကြည့်ကာ ပျော်နေကြတဲ့ ကလေးတွေပါမကျန် အကုန် ခေါင်းဆောင်ဖူဖာ၏နောက်ကျောကို ကြည့်ကာ ဝမ်းနည်းမိနေလေသည်။
အဲသလို ဝမ်းနည်းနေပေမယ့် အဖြစ်မှန်ကို သိတော့မည့် ဒေါက်တာနမ် သူ၏ ဆေးခန်းထဲက စားပွဲပေါ်မှ လက်တော့ ကွန်ပျူတာနဲ့ မည်သို့ လုပ်နေသည်ဆိုတာ ဖတ်ရှုရပေမည်။
ကွန်ပျူတာ၏ ဆက်ချ် မှာ ဒေါက်တာနမ်က ထီရန်ဆိုဖာ့ဒစ်စကွန်းလို့ ရိုက်နှိပ်လိုက်လေသည်။ မှန်၏။ ချင်းမိုင်က စားသောက်ဆိုင်မှာ ဒေါက်ဆာနမ်က
" မင့် ဖေ့စ်ဘွတ် အကောင့်ပေးပါလား အဲဒါမှ ညီလေးထီရန် ပြန်သွားတဲ့အခါ အဆက်အသွယ်ရနေမှာ ''
" မေ့သွားတယ် အစ်ကို ကျွန်တော် ဒီကိုမလာခင်က ဖေ့စ်ဘွတ်အကောင့်ဖျက်ထားခဲ့တာ ''
အဲသလို ဆရာလေးထီရန် ပြောတာကို မယုံ၍ ဒေါက်တာနမ်က အဲသလို ထီရန်ဆိုဖာ့ဒစ်စကွန်း ဟူ၍ ရိုက်လိုက်လေသည်။ အဲ့နောက် ဆရာလေးထီရန်၏ ဖေ့စ်ဘုတ် အကောင့် ပေါ်လာလေသည်။
ဒေါက်တာနမ်လည်း ဆရာလေးထီရန်၏ ထီရန်ဆိုဖာ့ဒစ်စကွန်း အကောင့်မှ ပုံတွေကို ကြည့်ရာ ဆရာလေးထီရန် ကားရှေ့မှ ရပ်မှီနေပြီး ထိုကားမှ ကားနံပါတ် PM-3333 ဘန်ကောက် ဟူ၍ ပါသည့် ပုံလေးကို စူးစူးစိုက်စိုက် ကြည့်နေလေတော့သည်။
" ကားလိုင်စင်နံပါတ် PM-3333 ဘန်ကောက် ဟာ ဒါ ထော့ဖန်ကို တိုက်သွားတဲ့ ကားနံပါတ်မို့လား ''
အဲသလို တွေးပြီး ဒေါက်တာနမ်က
" မင်း မောင်းချင်လား မင်းသူငယ်ချင်းတွေကို ကြွားလို့ရတာပေါ့ တောင်ဆင်း တောင်ကွေ့တွေကို မင်းမောင်းခဲ့တာ ဆိုပြီးတော့လေ ''
" တော်ပါပြီ အစ်ကို ကျွန်တော် ကားမမောင်းပါဘူး ''
အဲသလို အတွေးတွေ ရှုပ်ထွေးကာ စိတ်ပူမိနေပြီး နှုတ်ဖျားကလည်း
" ဖူ ''
ဟူ၍ ထွက်လာမိလေသည်။
ဒီလိုနဲ့ ဒေါက်တာနမ် စိတ်ပူနေတဲ့ ခေါင်းဆောင်ဖူဖာတို့ ရှိသည့် ဖာပန်းဒေါင်းကျောင်းမှ ခမာက ဆရာလေးထီရန်ကို ပြောဖို့ လာရာ လောင်ထယ်နှင့်တွေ့၍ ပြောဆိုကြသည်မှာ
" ဖေကြီး ဘာကိစ္စလဲ ''
" ငါ ရွာသားတွေအားလုံးကို စကားနည်းနည်း ပြောချင်တယ် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောရင်း ပြီးတော့ ကျောင်းအသစ်လေးကို တရားဝင် ဖွင့်ဖို့အတွက်ပေါ့ ''
အဲသလို ပြောပြီး ဆရာလေးထီရန်လည်း ခေါင်းငြိမ့်ကာ လောင်ထယ်က ဆရာလေးထီရန်၏ ပုခုံးကို ကိုင်၍ နက်သိမ့်ပေးပြီး
" သွားကြမယ် ဖေကြီး ''
အဲသလို ပြောကာ ထွက်လာခဲ့လေသည်။ ဆရာလေးထီရန်လည်း ဝမ်းနည်းမျက်ရည်ဝဲကာ ထိုပန်းချီကားလေးကို ကြည့်နေပြီး ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို အကဲခတ်ကြည့်နေလေသည်။
ထိုအခါ ခေါင်းဆောင်ဖူဖာဆီ ဖုန်းလာ၍ ဖုန်းမှ ပြောသည်ကို နားထောင်ရင်း မျက်နှာက အံ့သြသလိုလို ဝမ်းနည်းသလို ဒေါသထွက်သလိုလို ပျော်သလိုလို ဖြစ်နေပြီး ဆရာလေးထီရန်ကိုသာ စူးစိုက်၍ကြည့်နေလေတော့သည်။
ခေါင်း​ဆောင်ဖူဖာအဘယ်ကြောင့် ထိုသို့ဖြစ်နေသည်ဆိုတာ ဆက်လက်ပြီး စောင့်မျှော်ဖတ်ရှုစေလိုပါသည်။
           အရာဝတ္ထုတွေဆိုတာ
           ကျိုးပဲ့တာမျိုး ပျက်စီးတာမျိုး
           တွေရှိနိုင်တယ်။
           ငါတို့ကြားမှာ ချစ်ခြင်းတရားနှင့်
           စည်းလုံးညီညွှတ်မှု
           ရှိနေသ၍တော့
           ငါတို့ကို
           ဘယ်အရာကမှ ဖျက်ဆီးလို့
           မရပါဘူး။
                                       ကြယ်တစ်ထောင်
                                       ပုံပြင် A Tale Of
                                                         1000 stars
Unit - 7
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars
Chapter - 7(C)
အပိုင်း (၂၁)
မနက်ခင်းအချိန်။
" အဆင်ပြေသွားမှာပါ ''
" သရဲတောင်ကြား ''
" အမလေး ''
တုန်တက်သွားတာပဲ ''
အဲ့အချိန် ခမာကလည်း ထိုလူနှစ်ယောက်ပြောတာကို နားထောင်ပြီး ကြောက်သလို ဖြစ်နေကာ ရွာသားတွေကို သရဲတောင်ကြားထဲ မသွားဖို့ ပြောမည်အလိုမှာ ဆရာလေးထီရန်ကို မြင်၍ စကားလမ်းကြောင်းလွဲပြီး ဆရာလေးထီရန်ကို ပြောရလေသည်။
အိမ်မှာရှိလား ''
" အစ်ကို ထီရန် ''
" ..... ''
" ဘာရယ်တာလဲ ''
" သူတို့ပါလာမယ် ထင်လား ''
" ဟူး ''
" ဦးဆက်ဒါလား ''
" ဘောပဲ ''
" မရဘူးလေ ''
" အိုး အွေး ''
" အေး အဝီး.. ''
" အထင်ကြီးစရာပဲ ''
" ကောင်မလေးက လှလား ''
" အဟား..ဟား.. ''
နှမြောစရာပဲ ''
" ဘာကို နှမြောတာလဲ ''
" ဟင် သွားတော့မလို့လား ''
" ခဏနေပြန်လာခဲ့မယ် ''
" နေဦး ''
" ဒေါက်တာ ဒေါက်တာ ထဦး ''
" အဟား ဟား ဒေါက်တာကလည်း
အားပျော့လိုက်တာ ''
ဟူ၍ ပြောပြီး လန်က
" ဒို ရေ မိ လာ.....စသဖြင့် ''
" ငါ့လိုလူမျိုးလား ''
" ဒီမှာလာထိုင်လေ ''
" အေးတယ်နော် ''
" ဒို မိ ရေ တီ....စသဖြင့် ''
" အထီးကျန်နေလို့ ''
" မူးနေပြီပဲ ''
" တကယ်လား ''
ခေါင်းဆောင် ''
" ရောက်ပြီ ''
" အဆင်သင့် ဖြစ်ပြီလား ''
" သမီးရောပဲ ''
" လာ လာခဲ့ကြ ''
" ဒေါက်တာနမ် ဘယ်မှာလဲ ''
" သြော် ဟုတ်ပြီ ''
" ဖူ ''
ဟူ၍ ထွက်လာမိလေသည်။
" ဖေကြီး ဘာကိစ္စလဲ ''
" သွားကြမယ် ဖေကြီး ''
           အရာဝတ္ထုတွေဆိုတာ
           တွေရှိနိုင်တယ်။
           စည်းလုံးညီညွှတ်မှု
           ရှိနေသ၍တော့
           ငါတို့ကို
           မရပါဘူး။
                                       ကြယ်တစ်ထောင်
                                       ပုံပြင် A Tale Of
                                                         1000 stars
Unit - 7
နွဦေးကိုကိုမောင်
Continue Reading
You'll Also Like
1.3M 99.1K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.9M 58.2K 18
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
251K 30.6K 82
You are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
135K 15.2K 10
ဝိုင်တွေကချိုတယ်။ နှင်းဆီတွေကနီတယ်။ ကိုကိုက ကျွန်တော့်အတွက်ပါပဲကွယ်။ Covered by @XiaoAeriMonn @Su Wai Fanart by @XiaoAeriMonn