A Tale Of Thousand stars

By AungMin201

9.2K 244 43

ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More

A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(B)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(C)
A Tale Of Thousand stars Chapter - 8(A)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(B)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 10(C)
A Tale Of Thousand stars Chapter - 11

A Tale Of Thousand stars Chapter - 7(B)

112 2 2
By AungMin201

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 7(B)
အပိုင်း (၂၀)

ဖာဖီရွန်တပ်စု ဝါးခြမ်းစိတ်အကြီးတွေ ကာထားသည့် ရင်ဘတ်အထိအရှည်ရှိသည့် ရေချိုးခန်းထဲကို ခေါင်းဆောင်ဖူဖာ အပေါ်ပိုင်း အဝတ်ဗလာဖြင့် ဝင်သွားလေသည်။

ထို့နောက် ခါးမှာပတ်ထားသည့်အဝတ်ကို ချွတ်၍ ရေချိုးခန်းအကာအပေါ်တင်ထားကာ မျက်နှာသစ် ရေလောင်း၍ ဆပ်ပြာလေးကို လက်ဖြင့် အမြှုပ်ထအောင် ပွတ်တိုက်လိုက်လေသည်။

အဲ့နောက် သူ၏ ရင်ဘတ်တွေ လည်ပင်းတွေ မျက်နှာတွေကို ဆပ်ပြာတိုက်၍ ရေချိုးနေလေတော့သည်။ ခေါင်းဆောင်ဖူဖာ၏ အတွေးထဲ၌ ကြည်နူးမှုတွေကို တွေးမိကာ ပြုံးနေလေသည်။

ဖာဖီရွန်တပ်စု၏ ဝန်ထမ်းအိမ်ယာအဆောင်ထဲက ကုတင်ပေါ်တွင် ထိုင်နေသည့် ဆရာလေးထီရန် ရေချိုးဖို့ ခါးမှာ အဝတ်စည်းထားလေပြီး အပေါ်မှ အင်္ကျီကိုတော့ မချွတ်သေးဘဲ ဝတ်ထားသည် ရှိသည်။ ထို့နောက် ဖလားခွက်ထဲ မျက်နှာသစ်ဆပ်ပြာ စသဖြင့် လိုအပ်တာတွေထည့်ပြီး ပုခုံးပေါ်တွင်လည်း တဘက်တစ်ခု တင်ထားလေသည်။

အဲ့နောက် ခေါင်းဆောင်ဖူဖာက အပေါ်ပိုင်းအဝတ်ဗလာ ခါးမှာ အဝတ်စည်း၍ အခန်းထဲ ဝင်လာရာ သူ၏ ဖုဖောင်းသည့် လက်မောင်းကြွက်သား ယောက်ျားပီပီသသ ရင်အုံတွေ ဆွဲဆောင်မှုရှိသည့် မျက်နှာ စသည်တို့ကို ဆရာလေးထီရန် ငေးကာ ကြည့်နေမိလေသည်။ အဲ့နောက် ဆရာလေးထီရန်က မမြင်ရက်တော့သည်မို့ မျက်နှာလွှဲလိုက်လေသည်။

" မင်း မျက်နှာလွှဲစရာမလိုပါဘူး မကြာခင် အသားကျသွားမှာ ''

" ကျွန်တော် မလွှဲပါဘူး ''

" ကောင်းတယ် ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ထိုင်နေသည့် ကုတင်အနားကို တစ်ခုခုယူဖို့ လာရာ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို အကြည့်လွှဲလိုက်ပြန်လေသည်။

" ကျွန်တော် ရေချိုးတော့မယ်နော် ခေါင်းဆောင် ''

ဆရာလေးထီရန်က ထိုသို့ပြောပြီး ကုတင်မှ ထလိုက်ရာ ခေါင်းဆောင်ဖူဖာကလည်း တစ်ခုခုယူပြီး အလှည့်၌ ခေါင်းဆောင်ဖူဖာနှင့်ဆရာလေးထီရန် အကြည့်ဆုံ၍ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို စိတ်ခုနေသလို ဖြစ်နေလေသည်။

" ဘေးဖယ်လေ ''

ထိုသို့ပြောပြီး ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို တွန်းဖယ်ကာ ထွက်သွားလေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း သူ၏အခန်းထဲက မှန်တင်ခုံအနားကို လာခဲ့လေတော့သည်။

ဆရာလေးထီရန်လည်း ရေချိုးခန်းထဲ ဝင်သွားပြီး ရေချိုးဖို့ ပြင်လိုက်ရာ သွားတိုက်တံမေ့သမို့ စိတ်ခုသွားလေသည်။ ခဏက ခေါင်းဆောင်ဖူဖာ၏ ဆွဲဆောင်မှုကြောင့် ဆရာလေးထီရန် မေ့ခဲ့သမို့ စိတ်ခုကာ

" သေစမ်း ဘောပဲ အရေးထဲ မေ့ရတယ်လို့ မတွေ့ချင်ဘဲ တွေ့ပြန်ရတော့မယ် အွေး ''

အဲသလို စိတ်ဆတ်ကာ ဖာဖီရွန်တပ်စုအဆောင်အခန်းထဲကို လာခဲ့ပြန်ရလေသည်။

ခေါင်း​ဆောင်ဖူဖာလည်း မှန်တင်ခုံအရှေ့မှာ သူ၏ပုံကိုသူကြည့်၍ ခါးမှာဝတ်ထားသည့်အဝတ်ကို ချွတ်ပြီး ခုံပေါ်တင်ထားလိုက်လေသည်။ ထိုအခါ ဆရာလေးထီရန် ဝင်လာ၍ ခါးအောက်ပိုင်း အဝတ်မပါသည့် Underwear သာလျှင် ဝတ်ထားသည့် ခေါင်းဆောင်ဖူဖာကို မြင်ကာ အကြည့်တွေလွှဲလိုက်ရလေသည်။

" သေစမ်း သွားတိုက်တံ မေးလို့ ယူလာတာ ''

အဲသလို ပြောပြီး ဆရာလေးထီရန် ခေါင်းကို အောက်ငုံ့ကာ ကုတင်ပေါ်ထိုင်၍ အိတ်ထဲမှ သွားတိုက်တံကို ယူနေလေသည်။

ခေါင်းဆောင်ဖူဖာက ခါးကိုအဝတ်ပြန်မစည်းသည့်အပြင် ဘေးနားကခုံကို မှီ၍ သူ၏အငယ်လေးကို အထင်းသားမြင်ရဖို့ ခြေနှစ်ဖက်တောင် ကားထားလိုက်သေးသည်။

ဆရာလေးထီရန်လည်း မကြည့်ချင်ပေမယ့် အဲသလိုပြုမူနေတဲ့ ခေါင်းဆောင်ဖူဖာကို ကြည့်၍

" ခေါင်းဆောင် နည်းနည်းမှ မရှက်ဘူးလား ''

" ဘာကို ရှက်ရမှာလဲ ငါ့မှာရှိတာ မင်းလည်း
ရှိတာပဲ ''

" ရှိတာတော့ သိတာပေါ့ ဒါပေမယ့် အဲဒီလို ခဏခဏကြွားနေစရာ လိုလို့လား ''

အဲသလို ပြောပြီး ဆရာလေးထီရန်လည်း ရှက်ကာ အခန်းအပြင်ကို ထွက်သွားလေသည်။ အခန်းအပြင် ပြတင်းပေါက်အနားရောက်သော် ခေါင်း​ဆောင်ဖူဖာက ချောင်းဟင့်၍ ဆရာလေးထီရန် အခန်းထဲ ပြန်ကြည့်ကာ ထိုအငယ်လေးကို မမြင်ရက်တော့သည်မို့ ရေချိုးခန်းဘက်ကိုသာ တန်းထွက်လာခဲ့လေတော့သည်။ ခေါင်းဆောင်ဖူဖာလည်း သူလုပ်တာကို သူ ပြန်တွေး၍ ရည်မိနေလေသည်။

ရေချိုးခန်းထဲကို ရှက်သလိုလိုဖြင့် ဝင်သွားသည့် ဆရာလေးထီရန် တစ်ခါမှယခုလို ရေမချိုးဖူးသမို့ အထူးအဆန်းဖြစ်နေလေသည်။ အဲ့နောက် သူ၏ ခါးမှာ ပတ်ထားသည့် အဝတ်ကို ချွတ်ကာ ရေချိုးခန်းအကာပေါ် တင်ထားလိုက်လေသည်။

ဆရာလေးထီရန် ရေခွက်ကို ယူကာ ရေကော်၍ လက်ဆေးနေချိန် မျက်နှာရေလောင်းနေချိန် ရေချိုးခန်းထဲ ခေါင်းဆောင်ဖူဖာ ဝင်လာလေသမို့ ဆရာလေးထီရန် လန့်သွားလေသည်။

" ဟေ့ ''

အဲသလို လန့်သွားပြီး ရေချိုးခန်းအကာပေါ် တင်ထားသည့် တဘက်ကို ယူကာ ဆရာလေးထီရန် ခါးမှာ ပြန်ပတ်လိုက်လေသည်။

" ဘာလာလုပ်ပြန်တာလဲ ''

" မျက်နှာသစ်ဆပ်ပြာ လာပေးတာ ''

" ကျေးဇူးပဲ နောက်တစ်ခါ ကျရင် ဝင်လာရင် အသိပေးဦး ''

" ရှက်စရာ မလိုပါဘူး နေသားကျသွားလိမ့်မယ် ''

အဲသလို ခေါင်းဆောင်ဖူဖာပြောပြီး သူ၏လက်ထဲမှ ဆပ်ပြာအသေးလေးကို ပေးလိုက်လေသည်။ ဆရာလေးထီရန်လည်း ထိုဆပ်ပြာလေးကို ယူကာ နားမလည်သလိုဖြင့်

" မျက်နှာသစ်ရမှာလား ''

" မသုံးဖူးဘူးလား လာ သင်ပေးမယ် ''

အဲသလို ပြောပြီး ဆရာလေးထီရန်၏ လက်ထဲမှ ဆပ်ပြာကို ခေါင်းဆောင်ဖူဖာက ပြန်ယူကာ ဆပ်ပြာအိတ်ကို ဖောက်လိုက်လေသည်။

ခေါင်းဆောင်ဖူဖာက အထဲမှ ဆပ်ပြာလေးကို လက်ထဲကိုင်ပြီး ရေခွက်ကို ယူရာ ဆရာလေးထီရန်၏ မျက်နှာဖြင့် အနီးသားနီးနေပြီး ဆပ်ပြာကို ရေဖြင့် လက်ထဲမှာ ပလွတ်ပလွတ်မြည်အောင် ပွတ်ရင်း ခေါင်းဆောင်ဖူဖာက မွှေးကြိုင်သည့် ဆပ်ပြာအနံ့ကို ရှူကြည့်လိုက်လေသည်။

" မင့်မျက်နှာ ချောသွားလိမ့်မယ် ဒီကလူတွေက ဒါပဲ သုံးကြတာ ''

" ဟေ့ ဘာလုပ်မလို့လဲ ''

" အဲဒီအတိုင်းနေ ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပါးလေးကို ဆပ်ပြာလေးဖြင့် ဖွဖွလေးပွတ်ပေးကာ အကြင်နာအကြည့်ဖြင့် ကြည့်နေသမို့

" ခေါင်းဆောင် ကျွန်တော့် ဘာသာ
လုပ်လို့ရပါတယ် ''

" နဖူးကို မသစ်ရသေးဘူးလေ ''

" ခေါင်းဆောင် ကျွန်တော့် ဘာသာ လုပ်လို့ရတယ် သွားတော့ တော်တော့ ''

" သေချာလား ''

" အင်း ''

ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်အနားရှိသည့် ရေပုံးကြီးထဲမှ ရေခွက်ကို ယူသမို့ ဆရာလေးထီရန်၏ မျက်နှာနှင့် သူ့မျက်နှာ နီးကပ်နေကာ ခေါင်းဆောင်ဖူဖာလည်း ပြုံးနေပြီး လက်ရေဆေးလိုက်လေတော့သည်။

" သွားတော့ ''

အဲ့နောက် ခေါင်းဆောင်ဖူဖာလည်း ရေချိုးခန်းအပြင်ကို ထွက်၍ အခန်းထဲ ဝင်သွားလေတော့သည်။ ဆရာလေးထီရန်လည်း ရေချိုးခန်းထဲ၌ သူ၏ပါးလေးကို စမ်းကြည့်ရင်း ကြည်နူး၍ ပြုံးမိနေလေသည်။

ဒီလိုနဲ့ ညအချိန်ကို ရောက်လာရာ ဖာဖီရွန်တပ်စုမှာလည်း ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် နှစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ မှန်၏။ လန် ရော့ချန်း တို့နှင့် တစ်ခြားစောင့်ရှောက်သူတွေက ရွာကို စောင့်ရှောက်ပေးနေရလေသည်။

ထို့ကြောင့် ညအချိန် လရောင်လေး ပြတင်းပေါက်မှ ဖြာကျနေကာ သံကုတင်ဘေး၌ ကြမ်းပြင်ပေါ်တွင် အိပ်ယာတစ်ခုကို ခေါင်းဆောင်ဖူဖာ ခင်းနေလေသည်။ ဆရာလေးထီရန်က အခန်းပြင်မှ အခန်းထဲ ဝင်လာရာ

" ဟေ့ ခေါင်းဆောင် ကျွန်တော့်ကို ပေးထားလိုက် ခေါင်းဆောင်က ကုတင်ပေါ်အိပ်လိုက် ကျွန်တော် ကြမ်းပြင်မှာ အိပ်မယ် ''

" ငါကြမ်းပြင်မှာ အိပ်မယ်လို့ ဘယ်သူပြောလဲ ''

ခေါင်းဆောင်က အဲသလို စနောက်ရသမို့ မချိပြုံး ပြုံးရည်လိုက်လေသည်။

" မင်း ကုတင်ပေါ် အိပ်လို့ရတယ် ''

" မအိပ်ချင်ဘူး ကျွန်တော် မသက်မသာ ဖြစ်တယ် ''

အဲသလို ပြောပြီး ကြမ်းပြင်မှ အိပ်ယာပေါ် ခေါင်းဆောင်ဖူဖာအနား ဆရာလေးထီရန် ဝင်ထိုင်လိုက်လေသည်။

" ကျွန်တော် ဒီမှာ အိပ်မယ် ခေါင်းဆောင် ကျွန်တော့်ကို လုပ်ပေးခဲ့တာတွေအတွက် ပြန်ပေးတဲ့ သဘောပေါ့ ''

" ပြန်လုပ်ပေးချင်တာလား ''

" အင်း ''

" အဲဒီလောက်နဲ့ မလုံလောက်ဘူး ''

" ဘာလုပ်ပေးစေချင်လို့လဲ ''

" ငါကို မင်းက......ကူညီပေးစေချင်တယ် ''

ခေါင်းဆောင်ဖူဖာက စကားကို ခပ်တိုးတိုး ခပ်ဖော့ဖော့ အကြည့်တွေက ဖမ်းစားလောက်သည့်အကြည့်ဖြင့် ဆရာလေးထီရန်၏ မျက်နှာဖြင့် အနီးသားနီးကပ်ကာ ပြောနေလေသည်။

" ကူညီပေးစေချင်တယ် ''

" ဘာကူညီပေးရမလဲ ''

ဆရာလေးထီရန်က ကြောက်သလိုလို ဖြစ်နေသည်မို့ ခေါင်းဆောင်ဖူဖာက တစ်ချက်ရည်မောလိုက်လေသည်။ ဒီလိုနဲ့ လရောင်အောက်မှာ ရှိနေသည့် ဖာဖီရွန်တပ်စု အိမ်အတွင်းမှ ဆရာလေးထီရန် ခေါင်းဆောင်ဖူဖာကို ကူညီပေးနေသည်က

" အား အီး ရှီး အား ''

အဲသလို ဖာဖီရွန်တပ်စုအိမ်အတွင်းမှ ထွက်ပေါ်လာသည့် အသံတွေက ခံစားမှုကောင်းကောင်း အသံတွေ ဖြစ်နေလေသည်။ ဒါဆို ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို မည်သို့ ကူညီပေးနေသည်ဆိုတာ အခန်းအတွင်းက သံကုတင်ပေါ်ကို သွားဖတ်ရှုကြရပေမည်။

သံကုတင်ပေါ်၌ မှောက်ခုံအိပ်နေသည့် ခေါင်းဆောင်ဖူဖာက ခံစားမှုကောင်းသည့်အသံတွေ ထွက်ပေါ်နေလေသည်။ ခေါင်းဆောင်ဖူဖာ အဲသလို ဖြစ်နေသည်မှာ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ကျောကို တစ်တောင်ဆစ်ဖြင့် ဖိနှိပ်ပေးနေ၍ ဖြစ်လေသည်။

" မင်းသာ မပြောရင် မင်းမနှိပ်တတ်ဘူးဆိုတာ ငါ ယုံမှာ မဟုတ်ဘူး ''

" လက်နဲ့ အဆင်ပြေသလို နှိပ်လိုက်တာပဲလေ ဒါဆို နာကျင်ကိုက်ခဲလာပြီဆို ဘယ်လိုလုပ်ကြလဲ ''

" အများစုကတော့ အိမ်ပြန်ကြတာပေါ့  "

" ဟင် အိပ်ပြန်တယ် ဘာလို့ အိမ်ပြန်တာလဲ ဘာလို့ အနှိပ်ခန်း မသွားကြတာလဲ ''

" လူတိုင်းက ကိုယ့်မိန်းမ နှိပ်ပေးတာပဲ
ခံချင်ကြတာလေ ''

" သြော် မိန်းမလား ဟေး ကျွန်တော် ပြောထားတယ်နော် ကျွန်တော်က ခေါင်းဆောင်ရဲ့ မိန်းမ မဟုတ်ဘူး ''

ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို နှိပ်ပေးတာကို အခြေခံ၍ သူ၏မိန်းမဟု ပြောသမို့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ကျောကို ဆောင့်ဖိကာ နာအောင် လုပ်ပစ်လိုက်လေသည်။

ဆရာလေးထီရန်လည်း စိတ်တိုပြီး ကုတင်မှာ ထိုင်နေလိုက်လေသည်။ ခေါင်းဆောင်ဖူဖာတော့ စနောက်ရသမို့ ပြုံးမိနေလေတော့သည်။ အဲ့နောက် ခေါင်းဆောင်ဖူဖာက ခေါင်းကို လက်ဖြင့် ထောက်ကာ ဆရာလေးထီရန်ကို ကြည့်နေသမို့

" သက်သာပြီဆိုရင်လည်း အိပ်တော့ ကျွန်တော်လည်း အိပ်တော့မယ် ''

" မင်း ဒီမှာ အိပ်လို့ရတယ် ''

" ဟင့်အင်း ကြမ်းပေါ်ပဲ အိပ်မယ် ''

ဆရာလေးထီရန်က အဲသလို ပြောပြီး ကုတင်ပေါ်မှထမည်အလိုမှာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ လက်ကို ဆွဲလိုက်လေသည်။

" ဘာလဲ ''

" မင်း ဒီပေါ် လာအိပ်လို့ရတယ် မင်း နှိပ်ပေးလိုက်လို့ ပြန်ဆပ်စရာလည်း မရှိတော့ဘူးလေ ''

" မအိပ်ချင်ဘူး ခေါင်းဆောင်ကို ဒုက္ခ
မပေးချင်ဘူး ''

အဲသလို ပြောပြီး ဆရာလေးထီရန်က ကုတင်မှထမည်အလိုမှာခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို လှမ်းဖက်လိုက်လေသမို့ ခေါင်းဆောင်ဖူဖာ၏ ရင်ခွင်ထဲ ဆရာလေးထီရန်ရောက်သွားကာ သံကုတင်ကြီးကလည်း လှုပ်နေသမို့ တကျွီကျွီမြည်နေလေသည်။

" မလှုပ်နဲ့ ပြီးတော့ မနာခံတာမျိုး မလုပ်နဲ့ နားလည်လား ''

အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ရင်ခွင်ထဲ ဖက်ထားကာ အကြည့်ဆုံနေသမို့ ဆရာလေးထီရန်က အနေရခက်လာကာ

" ဟုတ်ပါပြီ ခေါင်းဆောင်လွှတ်လို့ရပြီ ဒီမှာပဲ အိပ်ပါ့မယ် နော် ''

အဲသလို ပြောသမို့ ခေါင်းဆောင်ဖူဖာလည်း ဖက်ထားတာကို လွှတ်ပေးကာ ဆရာလေးထီရန်၏ ခေါင်းကို ခေါင်းဦးပေါ် တင်ထားလိုက်လေသည်။

" ခေါင်းဆောင် ကြမ်းပြင်ပေါ် သွားအိပ်တော့ ''

ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာလည်း ကုတင်ပေါ်မှ ဆင်းလာကာ ကြမ်းပြင်ပေါ် သွားအိပ်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာက ကြမ်းပြင်မှာ အိပ်ပြီး သူ့ကို ကြည့်နေတဲ့ ကုတင်ပေါ်မှ ဆရာလေးထီရန်ကို ကြည့်၍

" ဒီလိုမှပေါ့ ''

" ထပ်ပြီး ညောင်းလာမှ လာမညည်းနဲ့ ''

" ညောင်းလည်း နှိပ်ပေးမယ့်လူ ရှိတာပဲ ''

အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း တွေးရင်း ပြုံးမိနေလေသည်။ ထို့နောက် ကုတင်ပေါ်မှ ဆရာလေးထီရန်နှင့် ကြမ်းခင်းပေါ်မှ ခေါင်းဆောင်ဖူဖာ တစ်ယောက်ကိုတစ်ယောက် သဘောကျသည့် အကြည့်တွေဖြင့် ကြည့်နေသည်မှာ အထင်အရှားဖြစ်ပြီး တစ်ဦးကိုယ်တစ်ဦး ဘယ်အချိန်မှ လက်ခံလာမည်လဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေလေသည်။

ဒီလိုနဲ့ ထိုညလေးလည်း သူတို့၏ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့ရပြန်လေတော့သည်။ သို့ပေမယ့် အဖြစ်မှန်တွေသိရင် ဝမ်းနည်းရမည်ကို တွေး၍ စိတ်ပူလှပေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် မနက်ဖြန်ပေါင်းများစွာ ရှိသေးသည်မို့ တစ်နေ့မဟုတ် တစ်နေ့ အမှန်တရားကို လက်ခံနိုင်ရပေမည်။

နောက်တစ်နေ့မနက် နေမင်းကြီး၏ ရောင်နီနုလေးက ဖာပန်းဒေါင်း၏ လက်ဖက်စိုက်ခင်းကြီးကို ကျရောက်နေသည်မှာ ကြည်နူးမှုကောင်းလှပေသည်။ ဖာဖီရွန်တပ်စုတွင် ကုတင်ထက် ခြင်ထောင်ထဲ၌ အိပ်ပျော်နေသော ဆရာလေးထီရန် တပ်စုအပြင်မှ လန် ရော့ချန်း နှင့် ကလေးတွေ ဆူဆူညံညံ ဆော့ကစားနေသည်မို့ အိပ်ယာမှ နိုးလာလေသည်။

" လန်ရဲ့ အင်္ကျီလား ''

" မဟုတ်ဘူး ''

" လန်ရဲ့ ခါးပတ် ''

" မဟုတ်ဘူး ''

" လန်ရဲ့ ဖိနပ် ''

" မဟုတ်ဘူး ''

" ခေါင်းဆောင်ရဲ့ ဖိနပ် ''

" ဟုတ်တယ် မဟုတ်ဘူး ''

" မင်းဖိနပ် ဟုတ်တယ် မှန်သွားပြီ ''

" နောက်ထပ်...ကလေးတွေ ဆော့ကြပါစေ ''

ဆရာလေးထီရန်လည်း အဲသလို ကလေးတွေ တစ်ယောက်တစ်ပေါက် ဆူညံနေသမို့ အိပ်ယာမှနိုးလာကာ ပြတင်းပေါက်အနားကို သွားလိုက်လေသည်။

ပြတင်းပေါက်အနား ဆရာလေးထီရန် ရောက်သွားပြီးနောက် တပ်စုအိမ်အရှေ့မှ ကလေးတွေကြားမှ မိကျူးက ဆရာလေးထီရန်ကို မြင်၍အော်လိုက်လေရာ ကလေးတွေ အားလုံး ဆရာလေးထီရန်ကို အော်ခေါ်လိုက်ကြလေသည်။

" ဆရာထီရန် ''

" ခဏလေး စောင့်နော် လာခဲ့မယ် ''

အဲသလို ပြတင်းပေါက်မှ အော်ပြောပြီး အခန်းထဲက ခုံပေါ်မှ သွားတိုက်ဆေးနဲ့ သွားတိုက်တံကို မျက်နှာသစ် သွားတိုက်ဖို့ယူရာ ဆရာလေးထီရန် အကြံတစ်ခုကို ရသွား၍ မျက်နှာ ပြုံးလာလေသည်။

အဲ့နောက် တပ်စုအပြင်ဘက်ကို ရောက်သွားရာ ဆရာလေးထီရန်က ကလေးတွေကို ဖက်ပြီး အပြင်ထွက်လာခဲ့လေသည်။

" မိကျူးက ဆရာလေးထီရန်ကို သတိရနေတာ ''

" ..... ''

" ကျွန်တော်တို့ စာသင်ကျောင်းလေးကိုလည်း သတိရတယ် ဆရာထီရန် ''

" ဟုတ်တယ် ''

အဲသလို မိကျူးနဲ့ ခေါင်နွန်းက ပြောကြရာ ကျန်တဲ့ကလေးတွေကလည်း ထောက်ခံလိုက်ကြလေသည်။ ထို့ကြောင့် ဆရာလေးထီရန် ကျောင်းကို သတိရ၍ မျက်နှာအနည်းငယ် ညှိုးလျက်

" အစ်ကိုလည်း သတိရပါတယ် ''

" ..... ''

" ကဲ အားလုံးထိုင်ကြ ''

အဲသလို ဆရာလေးထီရန်က ကလေးတွေကို ကွက်ပျက်ပေါ် ထိုင်ခိုင်းကာ သွားဘယ်လိုတိုက်ရမည်ဆိုတာကို သင်ကြားပေးလေသည်။

" ဒီနေ့တော့ အကြီးဆုံးစာသင်ခန်းထဲမှာ စာသင်ကြတာပေါ့ အားလုံးအဆင်သင့် ဖြစ်ပြီလား ''

" ဖြစ်ပါပြီ ''

ထိုအခါ ဆရာလေးထီရန် စာသင်တာကို ကြည့်နေသည့် လန် နှင့် ရော့ချန်းအနားကို ခေါင်းဆောင်ဖူဖာ ရောက်လာပြီး ပြုံး၍ ဆရာလေးထီရန်ကိုကြည့်နေလေသည်။

" ကောင်းတယ် ဒီနေ့ သွားကို ဘယ်လိုတိုက်ရမလဲဆိုတာ သင်ပေးမယ် မှန်ကန်တဲ့ နည်းလမ်းက သွား

တိုက်ဆေးကို သွားတိုက်တံပေါ် ညှစ်ထည့်မယ် ပြီးတော့ သွားက အပေါ်နဲ့အောက် ရှိတာ သိကြတယ်မလား

သွားတစ်ချောင်းချင်းစီကို တိုက်မယ် အထဲရော အပြင်ရောနော် ''

အဲသလို ပြောပြီး ကြက်သွန်နီဥကို သွားဟူ၍ နမူနာထားကာ သွားတိုက်တံဖြင့် သွားတိုက်ပြနေသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာ ပြုံး၍ကြည့်နေလေသည်။

အဲသလို ပြုံး၍ကြည့်နေတဲ့ ခေါင်းဆောင်ဖူဖာကို လန်နှင့်ရော့ချန်းက ပြုံး၍ကြည့်နေသမို့ ခေါင်းဆောင်ဖူဖာ စိတ်မလှုံမလှဲ ဖြစ်ကာ

" စာသင်ကျောင်းနဲ့ပတ်သက်ပြီး
သတင်းရသေးလား ''

" ကျွန်တော် ရွာသူကြီးနဲ့ စကားပြောပြီးပါပြီ မနက်ဖြန်စလို့ရပါပြီ ခေါင်းဆောင် ''

" အခု သွားဘယ်လို တိုက်ရမလဲဆိုတာ ပြပါဦး ''

ဆရာလေးထီရန်က အဲသလို ပြောပြီး မိကျူးကို နမူနာအနေဖြင့် ကြက်သွန်နီဥကို သွားတိုက်ခိုင်းရာ

" မှန်ရဲ့လား ''

" ဟုတ်တယ် မှန်တယ် ''

အဲသလို ပြုံးရည်နေတဲ့ ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာကြည့်ကာ ပြုံးမိနေလေသည်။

ဆရာလေးထီရန်လည်း ကလေးတွေနဲ့ ကစားကာ ပျော်နေကြလေသည်။ မိကျူးက ဆရာလေးထီရန်၏ ပေါင်ပေါ်ခေါင်းဦး၍ အိပ်နေကာ အင်တာက ကွက်ပျက်ပေါ် ထိုင်နေပြီး ကာလယ် ခေါင်နွန်း အာရီတို့က ဆော့နေကြလေသည်။

" တွေ့လား သဘာဝစာသင်ခန်းတွေက နေလို့ကောင်းတယ် ဟော ကြည့် မိကျူးအိပ်ပျော်သွားပြီ ''

" ဆရာမထော့ဖန်နဲ့ စာသင်တုန်းကလည်း မိကျူးက အိပ်တာပဲ ''

မိကျူးက ဆရာမထော့ဖန်ဟူသည့် အသံကို ကြားကာ မျက်လုံးဖွင့်လာပြီး

" မိကျုး ဆရာမထော့ဖန်ကို သတိရတယ် ''

ဟူ၍ ပြောပြီး အင်တာကလည်း တပ်စုအဆောင် အတွင်းနားမှာ ရပ်ကြည့်နေတဲ့ ခေါင်းဆောင်ဖူဖာကို

" ခေါင်းဆောင် ဆရာမထော့ဖန် ဘယ်တော့ ပြန်လာမှာလဲ ''

ဟု ပြောလိုက်ပြန်ကာ လန် ရော့ချန်း ဆရာလေးထီရန် ခေါင်းဆောင်ဖူဖာတို့ ဆရာမထော့ဖန် ဆုံးသွားသည်ကို သိ၍ ဝမ်းနည်းကာ မည်သို့မှ စကားမပြောနိုင် ဖြစ်သွားလေတော့သည်။

မှန်၏။ ဆရာလေးထီရန်လည်း ထော့ဖန်ကို သူကိုယ်တိုင် ကားနဲ့တိုက်သတ်သလို ထင်ရပြီး သူကိုယ်တိုင်ကပဲ ထော့ဖန်၏နှလုံးကို အလှူခံ၍ အသက်ရှင်နေပြီး သူက အဲ့အတွက်ကြောင့် ဖာပန်းဒေါင်းကို ရောက်နေတာဆိုတာကို မည်သို့ ပြောရမည်ဆိုတာ ပြောမထွက် ရင်လေးနေမိလေသည်။

အဲသလို အဖြစ်မှန်တွေကို သိဖို့ ဆရာလေးထီရန်၏ နာမည် ထီရန်ဆိုဖာ့ဒစ်စကွန်းမှအစ စုံစမ်းအဖြေရှာနေသည့် ဒေါက်တာနမ်ဆီကို သွားပြီး ဖတ်ရှုရပေမည်။

ဒေါက်တာနမ်တစ်ယောက် သူ၏ ဆေးခန်းလေးမှာ အညိုရောင်စာအိတ်လေးထဲမှာ ထည့်ထားသည့် ဖောင်ကို ထုတ်ကာ ဖတ်ရှုလေ့လာနေလေသည်။

မှန်၏။ ထိုဖောင်လေးက အရင်က ဖာဖီရွန်တပ်စုမှာ ဒေါက်တာနမ် ရှာခိုင်းထားတဲ့ ဆရာလေးထီရန်၏ ကုသမှုဖောင်စာရင်း တစ်နည်းအားဖြင့် နှလုံးအစားထိုးကုသမှု ဖောင်စာရင်း ဖြစ်လေသည်။

ဒေါက်တာနမ်က ထိုဖောင်ထဲမှာပါသည့် အချက်အလက်ကို ဖတ်ရှုနေသည်က

" နှလုံးအစားထိုး ကုသမှုခံယူသော လူနာအတွက် ဆေးလက်မှတ် ကုသမှု ခံယူသော ရက်စွဲ ဧပြီလ ၉ ရက်နေ့ ''

ဟူ၍ ဖတ်ကြည့်နေရာ ဧပြီလ ၉ ရက်နေ့ ဆိုသည့် စကားလုံးကို ထူးထူးခြားခြားဖြစ်နေ၍ သူ၏အတွေးထဲကို အဖြစ်အပစ်တစ်ခု ဝင်ရောက်လာလေသည်။

" ဒီမှာ နေပြီး ကလေးတွေနဲ့ သင်္ကြန်ပွဲ မလုပ်ချင်ဘူးဆိုတာ သေချာရဲ့လား ''

" အဲဒါကြီး ထည့်မပြောပါနဲ့ ဒေါက်တာ စိတ်မကောင်း ဖြစ်နေတာ ''

" အဲဒီရက်တွေအတွက် ငါက ခွင့်တောင်ယူထားပြီးပြီ သိလား ညီမလေးထော့ဖန် ''

" အင်း ''

" ဖူကလည်း နွားရိုင်းတွေ သွားကြည့်ဖို့ ပြင်ဆင်ထားတာ ''

" ဒါဆို ဒီလိုလုပ် သင်္ကြန်ပွဲတော် မတိုင်ခင် အလုပ်တွေပြီးရင် ချက်ချင်းပြန်လာခဲ့မယ် ''

အဲသလို ဒေါက်တာနမ်က ဆရာမထော့ဖန်ကို ဖာပန်း​ဒေါင်းမှ ဘန်ကောက်ကို ပြန်ဖို့ ချင်းမိုင်ကို ပို့ပေးသည့်ရက်က ဧပြီလ ၉ ရက်နေဆိုတာကို သိလေသည်။ ဧပြီလ ၉ ရက်နေ့က ထော့ဖန် ဘန်ကောက်ကို ပြန်သွားသည်ဆိုတာကို ဒေါက်တာနမ် သတိရသွားလေသည်။

ဆရာလေးထီရန် နှလုံးအစားထိုး ကုသမှု ခံယူသောရက်စွဲက ထော့ဖန် ဘန်ကောက်ကို ပြန်သွားသည့် ရက်နှင့် တစ်ရက်တည်း ဖြစ်နေသည်ကို သတိထားမိလေတော့သည်။

ဒေါက်တာနမ်၏ စိတ်ထဲတွင် ဆရာလေးထီရန်နှင့် ဆရာမထော့ဖန်ကို သင်ကာမကင်းဖြစ်လာမည်အမှန်ပင် ဖြစ်သည်။ အရင်ကတည်းကလည်း ဆရာလေးထီရန်က ဆရာမထော့ဖန်၏ အမူအကျင့်တွေကိုလည်း ပြုမူနေပြီး ယခုကပါ နှလုံးအစားထိုးတဲ့ရက်နဲ့ ထော့ဖန်ပြန်သည့်ရက်ပါ တူနေသည်မို့ ပိုပြီး အတွေးတွေများလာမည် အမှန် ဖြစ်၏။

ဒေါက်တာနမ်က ဆရာမထော့ဖန် ဆုံးသွားသည့် ရက်ကိုလည်း သိထားပြီး ဖြစ်သည်။ ထိုသေဆုံးသည့် ရက်ကပါ ထိုရက်တွေနဲ့ တိုက်ဆိုင်တာကို တွေးမိလျှင် အဖြစ်မှန်တွေ သိရှိဖို့ ဒေါက်တာနမ် ကြိုးစားမည်မှာ အမှန်ပင် ဖြစ်ပေသည်။

အဲ့နောက် ဒေါက်တာနမ်က ထိုစာရွက်ဖောင်လေးကို လက်ထဲမှ ချကာ ဘေးနားမှ တယ်လီဖုန်းလက်ကိုင်ကို ကိုင်ပြီး နံပါတ်နှိပ်ကာ ဖုန်းခေါ်လိုက်သည်မှာက

" ဟယ်လို ငါပါ ငါ မင်းကို တစ်ခုလောက် စုံစမ်းခိုင်းချင်လို့ ရတယ်မလား ''

" ..... ''

" အိုကေစိတ်ချပါရစေ ''

အဲသလို ပြောပြီး ဒေါက်တာနမ်တစ်ယောက် သူ၏ မျက်နှာနှင့် သူ၏အတွေးက ဆရာလေးထီရန်ကို စိတ်ထဲစိုးထင့်ကာ တစ်ခုခုကို အမှန်အကန်သိရဖို့ ကြိုးစားမည်ဟူ၍ ဆုံးဖြတ်ချက် ချလိုက်သည် ဖြစ်၏။

ဘဝသေမလို ဖြစ်ခဲ့ပြီး ကံကောင်း၍ ဘဝအသစ်တစ်ခုကို ရခဲ့ကာ ထိုဘဝအသစ်ကို ပေးခဲ့သည့် ထော့ဖန်အစား ဖာပန်းဒေါင်းကို ဆရာလုပ်ပေးဖို့ ရောက်လာသည့် ဆရာလေးထီရန် ဖာဖီရွန်တပ်စု မှာ မည်သို့ လုပ်ဆောင်နေသည်ဆိုတာ သွားပြီး ဖတ်ရှုရပေမည်။

အချိန်က ညအချိန် ဖြစ်နေပြီမို့ ဖာဖီရွန်တပ်စု၏ ထမင်းစားသည့် နေရာတွင် စားပွဲတစ်လုံးပေါ်၌ ဟင်းတွေ ထမင်းတွေ တင်ထားကာ မီးရောင်လေးကလည်း မှိန်မှိန်လေး ထွန်းထားလေသည်။

ဟင်းချက်သည့်နေရာမှ ဟင်းခွက်တွေကို ကိုယ်တိုက်ချက်ကာ စားပွဲပေါ် သယ်ယူနေသည့် ဆရာလေးထီရန် ဘောလုံး ကန်ပြီး မောလာကြသည့် ခေါင်းဆောင်ဖူဖာ လန် ရော့ချန်း ဒေါက်တာနမ်အတွက် ညစာချက်နေခြင်း ဖြစ်လေသည်။

ဘောလုံးကန်၍ ပြီးပြီးချင်း ရေသောက်ကာ ထမင်းစားပွဲကို လာခဲ့ကြသမို့ ခေါင်းဆောင်ဖူဖာ လန် ရော့ချန်း ဒေါက်တာနမ်တို့အားလုံး ဘောကန်ဝတ်စုံတွေနဲ့ ဖြစ်နေကြလေသည်။

" ညစာ စားဖို့ ကွက်တိပဲ အစ်ကိုတို့ စားရအောင် ကျွန်တော် အကုန်ပြင်ပေးထားတယ် ''

" အဟိုး....အဲ့သြစရာပဲ ဘောလုံး မောမော ပန်းပန်း ကန်ပြီးသွားတော့ အစားအသောက် ပြင်ပေးမယ့်လူက ရှိနေပြန်ရော တကယ့်ကို အံ့သြစရာပဲ ''

အဲသလို ဒေါက်တာနမ်က ဆရာလေးထီရန်နဲ့ ခေါင်းဆောင်ဖူဖာကို လင်ကဘောကန်ပြီးပြန်လာရာ မိန်းမက အစားအသောက်ပြင်ပြီး စောင့်နေတယ်ဟု တိုက်ရိုက်မပြောဘဲ အဲသလိုလေး အူယားအောင်ပြောပြီး ခေါင်းဆောင်ဖူဖာကိုလည်း သူက အမေးပြုလိုက်သေး၏။

" ဟုတ်တယ်မို့လား ခေါင်းဆောင်ဖူ ''

ခေါင်းဆောင်ဖူဖာလည်း မည်သို့မှ ပြန်မပြောတတ် ပြုံး၍သာ နေမိလေသည်။ ဆရာလေးထီရန်လည်း ရှက်သလိုလို ဖြစ်၍ သူ၏ခံစားချက် အရှိကိုအရှိ အမှန်ကို အမှန်အတိုင်း မပြောဘဲ ညင်းလိုက်ပုံက

" အမှန်တော့လေ အစ်ကို ကျွန်တော် စားဖို့ ချက်ထားတာ နည်းနည်းလောက် ပိုချက်လိုက်ရုံပါ ''

" အဟား ဒါက နည်းနည်းလား ''

အဲသလို ဒေါက်တာနမ်က စားပွဲပေါ်က စားဖွယ်ရာ ဟင်းတွေက တစ်ယောက်စာထက် ပိုများနေသမို့ အဲသလို ပြောလိုက်ရာ ဆရာလေးထီရန်က သူလိမ်ပြောလိုက်တာ မပီပြင်သမို့ မလှုံမလှဲ ဖြစ်သွားရပြန်တော့သည်။

" အဝါး ဒါက နည်းနည်းလား အရသာ ရှိမယ့်ပုံပဲ အစ်ကို မအောင့်နိုင်တော့ဘူး အားလုံးပဲ စားကြမယ် ''

ဒေါက်တာနမ်က အဲသလို ပြောသမို့ လန် ရော့ချန်း နှင့် ခေါင်းဆောင်ဖူဖာ ဒေါက်တာနမ် အပါအဝင် သူတို့အားလုံး ထမင်းပန်းကန်ပြားထဲက ဇွန်းကို ယူကာ ဟင်းတွေ မြည်းကြည့်ကြလေသည်။

ခေါင်းဆောင်ဖူဖာက တရုတ်ဝက်အူချောင်းကြော်ကို မြည်းကြည့်လေတော့သည်။ ပြီးနောက် ခေါင်းဆောင်ဖူဖာက ဝက်အူချောင်းလေးကို ပါးစပ်ထဲ ဝါးမြှုပ်ရင်း ဆရာလေးထီရန်ကို ပြုံး၍ ကြည့်နေလေသည်။

အဲသလို အကြည့်ဆုံပြီး ပြုံးကာ ကြည့်နေကြတဲ့ ခေါင်းဆောင်ဖူဖာ နှင့် ဆရာလေးထီရန်ကို ဒေါက်တာနမ်က အူးယားနေသလို အကြည့်ဖြင့် ကြည့်ကာ ဒေါက်တာနမ် သတိရသွားသည်က

" ခေါင်းဆောင်က ဘာကြိုက်တတ်လဲ ''

" သူကအကုန်စားတယ် အမြည်းအနေနဲ့တော့ တရုတ်ဝက်အူချောင်းကြော် ကြိုက်တယ် ''

အဲသလို ဆရာလေးထီရန်က ချင်းမိုင်ကစျေးမှာ ဒေါက်တာနမ်ကို ခေါင်းဆောင်ဖူဖာအကြိုက်ကို မေးပြီး ယခုညစာ စားပွဲမှာ ခေါင်း​ဆောင်ဖူဖာက တရုတ်ဝက်အူချောင်းကို စားလိုက်ပြီး သူ့အကြိုက်လုပ်ထားသည့် ဆရာလေးထီရန်ကို ပြုံး၍ ကြည့်နေသမို့ ဒေါက်တာနမ်က သူတို့ကို ပြုံး၍ကြည့်နေခြင်း ဖြစ်လေသည်။

" ဘာကြည့်တာလဲ ဒေါက်တာ ''

" အိုကေ ''

ဒေါက်တာနမ်က အိုကေလို့ ပြန်ပြောပြီး ဟင်းရည်ကို ဇွန်းဖြင့် ကော်ယူ၍ မြည်းကြည့်ကာ ဆရာလေးထီရန်ကို စနောက်ပါတော့သည်။ စနောက်ပုံက ဟင်းရည်မြည်းပြီး အရသာခံနေပုံမှာ မကောင်းသည့်ပုံ ဖြစ်ပြီး နောက်မှ သူပြောလာသည့် ပုံက အောက်ကို ဆက်ဖတ်ရပါမည်။

" ဘာလို့လဲ အစ်ကို ''

" မတရားကောင်းချက်ပဲ ဒါနဲ့ ညီလေးထီရန် အသင့်စားအထုပ်တွေ ဘယ်နှစ်ထုပ်လောက် သုံးခဲ့တာလဲ ''

" နည်းနည်းပါးပါး ချီးကျူးပါ ဒေါက်တာရယ် ဒါတွေက ကျွန်တော် ကိုယ်တိုင်ချက်ထားတာ ''

" ဟုတ်လား ''

" ကြည့်လိုက် နှစ်ရောင် အရွက်ကြော်လေး ကျွန်တော် ဘယ်ဆိုင်ကမှ ဝယ်ထားတာ မဟုတ်ဘူး စားကြည့်လိုက်ပါဦး ''

အဲသလို ဆရာလေးထီရန်က နှစ်ရောင်အရွက်ကြော်ဟူသည့် နီညိုရောင်နဲ့အဖြူရောင်သာပါသည့် အရွက်ကြော်ခွက်ကို ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ်အရှေ့ကို ထိုသို့ ပြောပြီး ပေးလိုက်လေသည်။

ထိုနှစ်ရောင် အရွက်ကြော်ကို မြင်ပြီး ဒေါက်တာနမ်နှင့် ခေါင်းဆောင်ဖူဖာ ယခုလို ဆရာလေးထီရန်ပြုမူလိုက်သည့် နှစ်ရောင်အရွက်ကြော်ကလည်း ဆရာမထော့ဖန် အပြုအမူဖြင့် တူ၍ ခဏတာ ငိုင်ကာ ကြည့်ပြီး သတိရသွားလေတော့သည်။

ဖာပန်းဒေါင်းကျောင်းကြီးမှာ ဒေါက်တာနမ် ခေါင်းဆောင်ဖူဖာ ဆရာမထော့ဖန် ခေါင်နွန်း အာရီ ကာလယ် အင်တာ မိကျူး တို့ ထမင်းစားနေသည့် နှစ်ရောင်အရွက်ကြော် အကြောင်းကို သတိရသွားလေတော့သည်။

" ခေါင်နွန်း အသီးအရွက် များများစားနော် ''

" ကျွန်တော် အသီးအရွက် မကြိုက်ဘူး ''

" ရတယ်လေ ဆရာမ တစ်ယောက်တည်း အကုန်စားလိုက်တော့မယ် ဒါပေမယ့် ပြောလိုက်ဦးမယ် ဆရာမရဲ့ နှစ်ရောင်အရွက်ကြော်ထဲမှာ ပီတာမင်တွေ အများကြီးပါတာ

ပီတာမင် များများစားလေ အမြင်အာရုံတွေ ပိုကောင်းလာလေပဲ ဟုတ်တယ်မို့လား ''

" လိမ်နေတာ ''

" ဟင် ခေါင်းဆောင်နဲ့ ဒေါက်တာကို မေးကြည့်လိုက် ဟုတ်တယ်မို့လား ''

အဲသလို ဖာဖီရွန်တပ်စုက နှစ်ရောင်အရွက်ကြော်ခွက်ကို ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ်ကြည့်ကာ ဒီတစ်ခုကလည်း ဆရာလေးထီရန်က ဆရာမထော့ဖန်နှင့် တူနေသည်ကို သတိထားမိပြီး ထမင်းစားပြီး တပ်စုအပြင်မှ မီးပုံမှာ မီးလှုံနေကြကာ ဒေါက်တာနမ်နှင့် ခေါင်းဆောင်ဖူဖာ ထိုအကြောင်းကို ပြောနေကြလေတော့သည်။

" ဟေ့ကောင် ညီလေးထီရန်ကတော့ ငါ့ကို အမြဲကျောချမ်းအောင် လုပ်နေတော့တာပဲ ''

" မင်းကိုယ်တိုင်ပဲ ပြောခဲ့တာမို့လား ထီရန်နဲ့ထော့ဖန်လိုမျိုး လူငယ်တွေမှာ တူညီတဲ့ စရိုက်လက္ခဏာတွေ ရှိတတ်တယ်ဆိုပြီးတော့ ''

" အမှန်ပဲလေ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အရမ်းတူလွန်းတယ် ''

" မင်း ဘာကို ပြောချင်တာလဲ မင်းပြောချင်နေတာက ထော့ဖန်က သေပြီး သူ့ဝိညာဥ်က ထီရန်ဆီ ရောက်နေတယ်လို့လား ဟင် အဲဒီလို ထင်နေတာလား ''

" မသိတော့ဘူး ''

အဲသလို ပြောပြီး ဒေါက်တာနမ်လည်း သူ၏ကျောမှာ ခြုံထားသည့် စောင်ကို ထပ်ခြုံကာ ကျောချမ်းသလို ဖြစ်နေပြီး ခေါင်းဆောင်ဖူဖာလည်း သက်ပြင်းတွေ ချကာ နေလေတော့သည်။

(ဆက်လက်ဖော်ပြပေးပါမည်)

နွေဦးကိုကိုမောင်

(Zawgyi Version)

ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
                 1000 stars

Chapter - 7(B)
အပိုင္း (၂၀)

ဖာဖီ႐ြန္တပ္စု ဝါးျခမ္းစိတ္အႀကီးေတြ ကာထားသည့္ ရင္ဘတ္အထိအရွည္ရွိသည့္ ေရခ်ိဳးခန္းထဲကို ေခါင္းေဆာင္ဖူဖာ အေပၚပိုင္း အဝတ္ဗလာျဖင့္ ဝင္သြားေလသည္။

ထို႔ေနာက္ ခါးမွာပတ္ထားသည့္အဝတ္ကို ခြၽတ္၍ ေရခ်ိဳးခန္းအကာအေပၚတင္ထားကာ မ်က္ႏွာသစ္ ေရေလာင္း၍ ဆပ္ျပာေလးကို လက္ျဖင့္ အျမႇုပ္ထေအာင္ ပြတ္တိုက္လိုက္ေလသည္။

အဲ့ေနာက္ သူ၏ ရင္ဘတ္ေတြ လည္ပင္းေတြ မ်က္ႏွာေတြကို ဆပ္ျပာတိုက္၍ ေရခ်ိဳးေနေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာ၏ အေတြးထဲ၌ ၾကည္ႏူးမႈေတြကို ေတြးမိကာ ၿပဳံးေနေလသည္။

ဖာဖီ႐ြန္တပ္စု၏ ဝန္ထမ္းအိမ္ယာအေဆာင္ထဲက ကုတင္ေပၚတြင္ ထိုင္ေနသည့္ ဆရာေလးထီရန္ ေရခ်ိဳးဖို႔ ခါးမွာ အဝတ္စည္းထားေလၿပီး အေပၚမွ အကၤ်ီကိုေတာ့ မခြၽတ္ေသးဘဲ ဝတ္ထားသည္ ရွိသည္။ ထို႔ေနာက္ ဖလားခြက္ထဲ မ်က္ႏွာသစ္ဆပ္ျပာ စသျဖင့္ လိုအပ္တာေတြထည့္ၿပီး ပုခုံးေပၚတြင္လည္း တဘက္တစ္ခု တင္ထားေလသည္။

အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက အေပၚပိုင္းအဝတ္ဗလာ ခါးမွာ အဝတ္စည္း၍ အခန္းထဲ ဝင္လာရာ သူ၏ ဖုေဖာင္းသည့္ လက္ေမာင္းႂကြက္သား ေယာက္်ားပီပီသသ ရင္အုံေတြ ဆြဲေဆာင္မႈရွိသည့္ မ်က္ႏွာ စသည္တို႔ကို ဆရာေလးထီရန္ ေငးကာ ၾကည့္ေနမိေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္က မျမင္ရက္ေတာ့သည္မို႔ မ်က္ႏွာလႊဲလိုက္ေလသည္။

" မင္း မ်က္ႏွာလႊဲစရာမလိုပါဘူး မၾကာခင္ အသားက်သြားမွာ ''

" ကြၽန္ေတာ္ မလႊဲပါဘူး ''

" ေကာင္းတယ္ ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ထိုင္ေနသည့္ ကုတင္အနားကို တစ္ခုခုယူဖို႔ လာရာ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို အၾကည့္လႊဲလိုက္ျပန္ေလသည္။

" ကြၽန္ေတာ္ ေရခ်ိဳးေတာ့မယ္ေနာ္ ေခါင္းေဆာင္ ''

ဆရာေလးထီရန္က ထိုသို႔ေျပာၿပီး ကုတင္မွ ထလိုက္ရာ ေခါင္းေဆာင္ဖူဖာကလည္း တစ္ခုခုယူၿပီး အလွည့္၌ ေခါင္းေဆာင္ဖူဖာႏွင့္ဆရာေလးထီရန္ အၾကည့္ဆုံ၍ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို စိတ္ခုေနသလို ျဖစ္ေနေလသည္။

" ေဘးဖယ္ေလ ''

ထိုသို႔ေျပာၿပီး ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို တြန္းဖယ္ကာ ထြက္သြားေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း သူ၏အခန္းထဲက မွန္တင္ခုံအနားကို လာခဲ့ေလေတာ့သည္။

ဆရာေလးထီရန္လည္း ေရခ်ိဳးခန္းထဲ ဝင္သြားၿပီး ေရခ်ိဳးဖို႔ ျပင္လိုက္ရာ သြားတိုက္တံေမ့သမို႔ စိတ္ခုသြားေလသည္။ ခဏက ေခါင္းေဆာင္ဖူဖာ၏ ဆြဲေဆာင္မႈေၾကာင့္ ဆရာေလးထီရန္ ေမ့ခဲ့သမို႔ စိတ္ခုကာ

" ေသစမ္း ေဘာပဲ အေရးထဲ ေမ့ရတယ္လို႔ မေတြ႕ခ်င္ဘဲ ေတြ႕ျပန္ရေတာ့မယ္ ေအြး ''

အဲသလို စိတ္ဆတ္ကာ ဖာဖီ႐ြန္တပ္စုအေဆာင္အခန္းထဲကို လာခဲ့ျပန္ရေလသည္။

ေခါင္း​ေဆာင္ဖူဖာလည္း မွန္တင္ခုံအေရွ႕မွာ သူ၏ပုံကိုသူၾကည့္၍ ခါးမွာဝတ္ထားသည့္အဝတ္ကို ခြၽတ္ၿပီး ခုံေပၚတင္ထားလိုက္ေလသည္။ ထိုအခါ ဆရာေလးထီရန္ ဝင္လာ၍ ခါးေအာက္ပိုင္း အဝတ္မပါသည့္ Underwear သာလွ်င္ ဝတ္ထားသည့္ ေခါင္းေဆာင္ဖူဖာကို ျမင္ကာ အၾကည့္ေတြလႊဲလိုက္ရေလသည္။

" ေသစမ္း သြားတိုက္တံ ေမးလို႔ ယူလာတာ ''

အဲသလို ေျပာၿပီး ဆရာေလးထီရန္ ေခါင္းကို ေအာက္ငုံ႕ကာ ကုတင္ေပၚထိုင္၍ အိတ္ထဲမွ သြားတိုက္တံကို ယူေနေလသည္။

ေခါင္းေဆာင္ဖူဖာက ခါးကိုအဝတ္ျပန္မစည္းသည့္အျပင္ ေဘးနားကခုံကို မွီ၍ သူ၏အငယ္ေလးကို အထင္းသားျမင္ရဖို႔ ေျခႏွစ္ဖက္ေတာင္ ကားထားလိုက္ေသးသည္။

ဆရာေလးထီရန္လည္း မၾကည့္ခ်င္ေပမယ့္ အဲသလိုျပဳမူေနတဲ့ ေခါင္းေဆာင္ဖူဖာကို ၾကည့္၍

" ေခါင္းေဆာင္ နည္းနည္းမွ မရွက္ဘူးလား ''

" ဘာကို ရွက္ရမွာလဲ ငါ့မွာရွိတာ မင္းလည္း
ရွိတာပဲ ''

" ရွိတာေတာ့ သိတာေပါ့ ဒါေပမယ့္ အဲဒီလို ခဏခဏႂကြားေနစရာ လိုလို႔လား ''

အဲသလို ေျပာၿပီး ဆရာေလးထီရန္လည္း ရွက္ကာ အခန္းအျပင္ကို ထြက္သြားေလသည္။ အခန္းအျပင္ ျပတင္းေပါက္အနားေရာက္ေသာ္ ေခါင္း​ေဆာင္ဖူဖာက ေခ်ာင္းဟင့္၍ ဆရာေလးထီရန္ အခန္းထဲ ျပန္ၾကည့္ကာ ထိုအငယ္ေလးကို မျမင္ရက္ေတာ့သည္မို႔ ေရခ်ိဳးခန္းဘက္ကိုသာ တန္းထြက္လာခဲ့ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာလည္း သူလုပ္တာကို သူ ျပန္ေတြး၍ ရည္မိေနေလသည္။

ေရခ်ိဳးခန္းထဲကို ရွက္သလိုလိုျဖင့္ ဝင္သြားသည့္ ဆရာေလးထီရန္ တစ္ခါမွယခုလို ေရမခ်ိဳးဖူးသမို႔ အထူးအဆန္းျဖစ္ေနေလသည္။ အဲ့ေနာက္ သူ၏ ခါးမွာ ပတ္ထားသည့္ အဝတ္ကို ခြၽတ္ကာ ေရခ်ိဳးခန္းအကာေပၚ တင္ထားလိုက္ေလသည္။

ဆရာေလးထီရန္ ေရခြက္ကို ယူကာ ေရေကာ္၍ လက္ေဆးေနခ်ိန္ မ်က္ႏွာေရေလာင္းေနခ်ိန္ ေရခ်ိဳးခန္းထဲ ေခါင္းေဆာင္ဖူဖာ ဝင္လာေလသမို႔ ဆရာေလးထီရန္ လန့္သြားေလသည္။

" ေဟ့ ''

အဲသလို လန့္သြားၿပီး ေရခ်ိဳးခန္းအကာေပၚ တင္ထားသည့္ တဘက္ကို ယူကာ ဆရာေလးထီရန္ ခါးမွာ ျပန္ပတ္လိုက္ေလသည္။

" ဘာလာလုပ္ျပန္တာလဲ ''

" မ်က္ႏွာသစ္ဆပ္ျပာ လာေပးတာ ''

" ေက်းဇူးပဲ ေနာက္တစ္ခါ က်ရင္ ဝင္လာရင္ အသိေပးဦး ''

" ရွက္စရာ မလိုပါဘူး ေနသားက်သြားလိမ့္မယ္ ''

အဲသလို ေခါင္းေဆာင္ဖူဖာေျပာၿပီး သူ၏လက္ထဲမွ ဆပ္ျပာအေသးေလးကို ေပးလိုက္ေလသည္။ ဆရာေလးထီရန္လည္း ထိုဆပ္ျပာေလးကို ယူကာ နားမလည္သလိုျဖင့္

" မ်က္ႏွာသစ္ရမွာလား ''

" မသုံးဖူးဘူးလား လာ သင္ေပးမယ္ ''

အဲသလို ေျပာၿပီး ဆရာေလးထီရန္၏ လက္ထဲမွ ဆပ္ျပာကို ေခါင္းေဆာင္ဖူဖာက ျပန္ယူကာ ဆပ္ျပာအိတ္ကို ေဖာက္လိုက္ေလသည္။

ေခါင္းေဆာင္ဖူဖာက အထဲမွ ဆပ္ျပာေလးကို လက္ထဲကိုင္ၿပီး ေရခြက္ကို ယူရာ ဆရာေလးထီရန္၏ မ်က္ႏွာျဖင့္ အနီးသားနီးေနၿပီး ဆပ္ျပာကို ေရျဖင့္ လက္ထဲမွာ ပလြတ္ပလြတ္ျမည္ေအာင္ ပြတ္ရင္း ေခါင္းေဆာင္ဖူဖာက ေမႊးႀကိဳင္သည့္ ဆပ္ျပာအနံ႕ကို ရႉၾကည့္လိုက္ေလသည္။

" မင့္မ်က္ႏွာ ေခ်ာသြားလိမ့္မယ္ ဒီကလူေတြက ဒါပဲ သုံးၾကတာ ''

" ေဟ့ ဘာလုပ္မလို႔လဲ ''

" အဲဒီအတိုင္းေန ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ ပါးေလးကို ဆပ္ျပာေလးျဖင့္ ဖြဖြေလးပြတ္ေပးကာ အၾကင္နာအၾကည့္ျဖင့္ ၾကည့္ေနသမို႔

" ေခါင္းေဆာင္ ကြၽန္ေတာ့္ ဘာသာ
လုပ္လို႔ရပါတယ္ ''

" နဖူးကို မသစ္ရေသးဘူးေလ ''

" ေခါင္းေဆာင္ ကြၽန္ေတာ့္ ဘာသာ လုပ္လို႔ရတယ္ သြားေတာ့ ေတာ္ေတာ့ ''

" ေသခ်ာလား ''

" အင္း ''

ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္အနားရွိသည့္ ေရပုံးႀကီးထဲမွ ေရခြက္ကို ယူသမို႔ ဆရာေလးထီရန္၏ မ်က္ႏွာႏွင့္ သူ႕မ်က္ႏွာ နီးကပ္ေနကာ ေခါင္းေဆာင္ဖူဖာလည္း ၿပဳံးေနၿပီး လက္ေရေဆးလိုက္ေလေတာ့သည္။

" သြားေတာ့ ''

အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာလည္း ေရခ်ိဳးခန္းအျပင္ကို ထြက္၍ အခန္းထဲ ဝင္သြားေလေတာ့သည္။ ဆရာေလးထီရန္လည္း ေရခ်ိဳးခန္းထဲ၌ သူ၏ပါးေလးကို စမ္းၾကည့္ရင္း ၾကည္ႏူး၍ ၿပဳံးမိေနေလသည္။

ဒီလိုနဲ႕ ညအခ်ိန္ကို ေရာက္လာရာ ဖာဖီ႐ြန္တပ္စုမွာလည္း ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ႏွစ္ေယာက္တည္း က်န္ရစ္ခဲ့ေလသည္။ မွန္၏။ လန္ ေရာ့ခ်န္း တို႔ႏွင့္ တစ္ျခားေစာင့္ေရွာက္သူေတြက ႐ြာကို ေစာင့္ေရွာက္ေပးေနရေလသည္။

ထို႔ေၾကာင့္ ညအခ်ိန္ လေရာင္ေလး ျပတင္းေပါက္မွ ျဖာက်ေနကာ သံကုတင္ေဘး၌ ၾကမ္းျပင္ေပၚတြင္ အိပ္ယာတစ္ခုကို ေခါင္းေဆာင္ဖူဖာ ခင္းေနေလသည္။ ဆရာေလးထီရန္က အခန္းျပင္မွ အခန္းထဲ ဝင္လာရာ

" ေဟ့ ေခါင္းေဆာင္ ကြၽန္ေတာ့္ကို ေပးထားလိုက္ ေခါင္းေဆာင္က ကုတင္ေပၚအိပ္လိုက္ ကြၽန္ေတာ္ ၾကမ္းျပင္မွာ အိပ္မယ္ ''

" ငါၾကမ္းျပင္မွာ အိပ္မယ္လို႔ ဘယ္သူေျပာလဲ ''

ေခါင္းေဆာင္က အဲသလို စေနာက္ရသမို႔ မခ်ိၿပဳံး ၿပဳံးရည္လိုက္ေလသည္။

" မင္း ကုတင္ေပၚ အိပ္လို႔ရတယ္ ''

" မအိပ္ခ်င္ဘူး ကြၽန္ေတာ္ မသက္မသာ ျဖစ္တယ္ ''

အဲသလို ေျပာၿပီး ၾကမ္းျပင္မွ အိပ္ယာေပၚ ေခါင္းေဆာင္ဖူဖာအနား ဆရာေလးထီရန္ ဝင္ထိုင္လိုက္ေလသည္။

" ကြၽန္ေတာ္ ဒီမွာ အိပ္မယ္ ေခါင္းေဆာင္ ကြၽန္ေတာ့္ကို လုပ္ေပးခဲ့တာေတြအတြက္ ျပန္ေပးတဲ့ သေဘာေပါ့ ''

" ျပန္လုပ္ေပးခ်င္တာလား ''

" အင္း ''

" အဲဒီေလာက္နဲ႕ မလုံေလာက္ဘူး ''

" ဘာလုပ္ေပးေစခ်င္လို႔လဲ ''

" ငါကို မင္းက......ကူညီေပးေစခ်င္တယ္ ''

ေခါင္းေဆာင္ဖူဖာက စကားကို ခပ္တိုးတိုး ခပ္ေဖာ့ေဖာ့ အၾကည့္ေတြက ဖမ္းစားေလာက္သည့္အၾကည့္ျဖင့္ ဆရာေလးထီရန္၏ မ်က္ႏွာျဖင့္ အနီးသားနီးကပ္ကာ ေျပာေနေလသည္။

" ကူညီေပးေစခ်င္တယ္ ''

" ဘာကူညီေပးရမလဲ ''

ဆရာေလးထီရန္က ေၾကာက္သလိုလို ျဖစ္ေနသည္မို႔ ေခါင္းေဆာင္ဖူဖာက တစ္ခ်က္ရည္ေမာလိုက္ေလသည္။ ဒီလိုနဲ႕ လေရာင္ေအာက္မွာ ရွိေနသည့္ ဖာဖီ႐ြန္တပ္စု အိမ္အတြင္းမွ ဆရာေလးထီရန္ ေခါင္းေဆာင္ဖူဖာကို ကူညီေပးေနသည္က

" အား အီး ရွီး အား ''

အဲသလို ဖာဖီ႐ြန္တပ္စုအိမ္အတြင္းမွ ထြက္ေပၚလာသည့္ အသံေတြက ခံစားမႈေကာင္းေကာင္း အသံေတြ ျဖစ္ေနေလသည္။ ဒါဆို ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို မည္သို႔ ကူညီေပးေနသည္ဆိုတာ အခန္းအတြင္းက သံကုတင္ေပၚကို သြားဖတ္ရႈၾကရေပမည္။

သံကုတင္ေပၚ၌ ေမွာက္ခုံအိပ္ေနသည့္ ေခါင္းေဆာင္ဖူဖာက ခံစားမႈေကာင္းသည့္အသံေတြ ထြက္ေပၚေနေလသည္။ ေခါင္းေဆာင္ဖူဖာ အဲသလို ျဖစ္ေနသည္မွာ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ၏ ေက်ာကို တစ္ေတာင္ဆစ္ျဖင့္ ဖိႏွိပ္ေပးေန၍ ျဖစ္ေလသည္။

" မင္းသာ မေျပာရင္ မင္းမႏွိပ္တတ္ဘူးဆိုတာ ငါ ယုံမွာ မဟုတ္ဘူး ''

" လက္နဲ႕ အဆင္ေျပသလို ႏွိပ္လိုက္တာပဲေလ ဒါဆို နာက်င္ကိုက္ခဲလာၿပီဆို ဘယ္လိုလုပ္ၾကလဲ ''

" အမ်ားစုကေတာ့ အိမ္ျပန္ၾကတာေပါ့  "

" ဟင္ အိပ္ျပန္တယ္ ဘာလို႔ အိမ္ျပန္တာလဲ ဘာလို႔ အႏွိပ္ခန္း မသြားၾကတာလဲ ''

" လူတိုင္းက ကိုယ့္မိန္းမ ႏွိပ္ေပးတာပဲ
ခံခ်င္ၾကတာေလ ''

" ေၾသာ္ မိန္းမလား ေဟး ကြၽန္ေတာ္ ေျပာထားတယ္ေနာ္ ကြၽန္ေတာ္က ေခါင္းေဆာင္ရဲ႕ မိန္းမ မဟုတ္ဘူး ''

ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ႏွိပ္ေပးတာကို အေျခခံ၍ သူ၏မိန္းမဟု ေျပာသမို႔ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ၏ ေက်ာကို ေဆာင့္ဖိကာ နာေအာင္ လုပ္ပစ္လိုက္ေလသည္။

ဆရာေလးထီရန္လည္း စိတ္တိုၿပီး ကုတင္မွာ ထိုင္ေနလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာေတာ့ စေနာက္ရသမို႔ ၿပဳံးမိေနေလေတာ့သည္။ အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ေခါင္းကို လက္ျဖင့္ ေထာက္ကာ ဆရာေလးထီရန္ကို ၾကည့္ေနသမို႔

" သက္သာၿပီဆိုရင္လည္း အိပ္ေတာ့ ကြၽန္ေတာ္လည္း အိပ္ေတာ့မယ္ ''

" မင္း ဒီမွာ အိပ္လို႔ရတယ္ ''

" ဟင့္အင္း ၾကမ္းေပၚပဲ အိပ္မယ္ ''

ဆရာေလးထီရန္က အဲသလို ေျပာၿပီး ကုတင္ေပၚမွထမည္အလိုမွာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ လက္ကို ဆြဲလိုက္ေလသည္။

" ဘာလဲ ''

" မင္း ဒီေပၚ လာအိပ္လို႔ရတယ္ မင္း ႏွိပ္ေပးလိုက္လို႔ ျပန္ဆပ္စရာလည္း မရွိေတာ့ဘူးေလ ''

" မအိပ္ခ်င္ဘူး ေခါင္းေဆာင္ကို ဒုကၡ
မေပးခ်င္ဘူး ''

အဲသလို ေျပာၿပီး ဆရာေလးထီရန္က ကုတင္မွထမည္အလိုမွာေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို လွမ္းဖက္လိုက္ေလသမို႔ ေခါင္းေဆာင္ဖူဖာ၏ ရင္ခြင္ထဲ ဆရာေလးထီရန္ေရာက္သြားကာ သံကုတင္ႀကီးကလည္း လႈပ္ေနသမို႔ တကြၽီကြၽီျမည္ေနေလသည္။

" မလႈပ္နဲ႕ ၿပီးေတာ့ မနာခံတာမ်ိဳး မလုပ္နဲ႕ နားလည္လား ''

အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ရင္ခြင္ထဲ ဖက္ထားကာ အၾကည့္ဆုံေနသမို႔ ဆရာေလးထီရန္က အေနရခက္လာကာ

" ဟုတ္ပါၿပီ ေခါင္းေဆာင္လႊတ္လို႔ရၿပီ ဒီမွာပဲ အိပ္ပါ့မယ္ ေနာ္ ''

အဲသလို ေျပာသမို႔ ေခါင္းေဆာင္ဖူဖာလည္း ဖက္ထားတာကို လႊတ္ေပးကာ ဆရာေလးထီရန္၏ ေခါင္းကို ေခါင္းဦးေပၚ တင္ထားလိုက္ေလသည္။

" ေခါင္းေဆာင္ ၾကမ္းျပင္ေပၚ သြားအိပ္ေတာ့ ''

ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာလည္း ကုတင္ေပၚမွ ဆင္းလာကာ ၾကမ္းျပင္ေပၚ သြားအိပ္လိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာက ၾကမ္းျပင္မွာ အိပ္ၿပီး သူ႕ကို ၾကည့္ေနတဲ့ ကုတင္ေပၚမွ ဆရာေလးထီရန္ကို ၾကည့္၍

" ဒီလိုမွေပါ့ ''

" ထပ္ၿပီး ေညာင္းလာမွ လာမညည္းနဲ႕ ''

" ေညာင္းလည္း ႏွိပ္ေပးမယ့္လူ ရွိတာပဲ ''

အဲသလို ေျပာသမို႔ ဆရာေလးထီရန္လည္း ေတြးရင္း ၿပဳံးမိေနေလသည္။ ထို႔ေနာက္ ကုတင္ေပၚမွ ဆရာေလးထီရန္ႏွင့္ ၾကမ္းခင္းေပၚမွ ေခါင္းေဆာင္ဖူဖာ တစ္ေယာက္ကိုတစ္ေယာက္ သေဘာက်သည့္ အၾကည့္ေတြျဖင့္ ၾကည့္ေနသည္မွာ အထင္အရွားျဖစ္ၿပီး တစ္ဦးကိုယ္တစ္ဦး ဘယ္အခ်ိန္မွ လက္ခံလာမည္လဲဆိုတာလည္း စိတ္ဝင္စားဖို႔ ေကာင္းေနေလသည္။

ဒီလိုနဲ႕ ထိုညေလးလည္း သူတို႔၏ အေပ်ာ္ဆုံးအခ်ိန္ေတြ ျဖစ္ခဲ့ရျပန္ေလေတာ့သည္။ သို႔ေပမယ့္ အျဖစ္မွန္ေတြသိရင္ ဝမ္းနည္းရမည္ကို ေတြး၍ စိတ္ပူလွေပသည္။

ဘယ္လိုပဲ ျဖစ္ျဖစ္ မနက္ျဖန္ေပါင္းမ်ားစြာ ရွိေသးသည္မို႔ တစ္ေန႕မဟုတ္ တစ္ေန႕ အမွန္တရားကို လက္ခံနိုင္ရေပမည္။

ေနာက္တစ္ေန႕မနက္ ေနမင္းႀကီး၏ ေရာင္နီႏုေလးက ဖာပန္းေဒါင္း၏ လက္ဖက္စိုက္ခင္းႀကီးကို က်ေရာက္ေနသည္မွာ ၾကည္ႏူးမႈေကာင္းလွေပသည္။ ဖာဖီ႐ြန္တပ္စုတြင္ ကုတင္ထက္ ျခင္ေထာင္ထဲ၌ အိပ္ေပ်ာ္ေနေသာ ဆရာေလးထီရန္ တပ္စုအျပင္မွ လန္ ေရာ့ခ်န္း ႏွင့္ ကေလးေတြ ဆူဆူညံညံ ေဆာ့ကစားေနသည္မို႔ အိပ္ယာမွ နိုးလာေလသည္။

" လန္ရဲ႕ အကၤ်ီလား ''

" မဟုတ္ဘူး ''

" လန္ရဲ႕ ခါးပတ္ ''

" မဟုတ္ဘူး ''

" လန္ရဲ႕ ဖိနပ္ ''

" မဟုတ္ဘူး ''

" ေခါင္းေဆာင္ရဲ႕ ဖိနပ္ ''

" ဟုတ္တယ္ မဟုတ္ဘူး ''

" မင္းဖိနပ္ ဟုတ္တယ္ မွန္သြားၿပီ ''

" ေနာက္ထပ္...ကေလးေတြ ေဆာ့ၾကပါေစ ''

ဆရာေလးထီရန္လည္း အဲသလို ကေလးေတြ တစ္ေယာက္တစ္ေပါက္ ဆူညံေနသမို႔ အိပ္ယာမွနိုးလာကာ ျပတင္းေပါက္အနားကို သြားလိုက္ေလသည္။

ျပတင္းေပါက္အနား ဆရာေလးထီရန္ ေရာက္သြားၿပီးေနာက္ တပ္စုအိမ္အေရွ႕မွ ကေလးေတြၾကားမွ မိက်ဴးက ဆရာေလးထီရန္ကို ျမင္၍ေအာ္လိုက္ေလရာ ကေလးေတြ အားလုံး ဆရာေလးထီရန္ကို ေအာ္ေခၚလိုက္ၾကေလသည္။

" ဆရာထီရန္ ''

" ခဏေလး ေစာင့္ေနာ္ လာခဲ့မယ္ ''

အဲသလို ျပတင္းေပါက္မွ ေအာ္ေျပာၿပီး အခန္းထဲက ခုံေပၚမွ သြားတိုက္ေဆးနဲ႕ သြားတိုက္တံကို မ်က္ႏွာသစ္ သြားတိုက္ဖို႔ယူရာ ဆရာေလးထီရန္ အႀကံတစ္ခုကို ရသြား၍ မ်က္ႏွာ ၿပဳံးလာေလသည္။

အဲ့ေနာက္ တပ္စုအျပင္ဘက္ကို ေရာက္သြားရာ ဆရာေလးထီရန္က ကေလးေတြကို ဖက္ၿပီး အျပင္ထြက္လာခဲ့ေလသည္။

" မိက်ဴးက ဆရာေလးထီရန္ကို သတိရေနတာ ''

" ..... ''

" ကြၽန္ေတာ္တို႔ စာသင္ေက်ာင္းေလးကိုလည္း သတိရတယ္ ဆရာထီရန္ ''

" ဟုတ္တယ္ ''

အဲသလို မိက်ဴးနဲ႕ ေခါင္ႏြန္းက ေျပာၾကရာ က်န္တဲ့ကေလးေတြကလည္း ေထာက္ခံလိုက္ၾကေလသည္။ ထို႔ေၾကာင့္ ဆရာေလးထီရန္ ေက်ာင္းကို သတိရ၍ မ်က္ႏွာအနည္းငယ္ ညွိုးလ်က္

" အစ္ကိုလည္း သတိရပါတယ္ ''

" ..... ''

" ကဲ အားလုံးထိုင္ၾက ''

အဲသလို ဆရာေလးထီရန္က ကေလးေတြကို ကြက္ပ်က္ေပၚ ထိုင္ခိုင္းကာ သြားဘယ္လိုတိုက္ရမည္ဆိုတာကို သင္ၾကားေပးေလသည္။

" ဒီေန႕ေတာ့ အႀကီးဆုံးစာသင္ခန္းထဲမွာ စာသင္ၾကတာေပါ့ အားလုံးအဆင္သင့္ ျဖစ္ၿပီလား ''

" ျဖစ္ပါၿပီ ''

ထိုအခါ ဆရာေလးထီရန္ စာသင္တာကို ၾကည့္ေနသည့္ လန္ ႏွင့္ ေရာ့ခ်န္းအနားကို ေခါင္းေဆာင္ဖူဖာ ေရာက္လာၿပီး ၿပဳံး၍ ဆရာေလးထီရန္ကိုၾကည့္ေနေလသည္။

" ေကာင္းတယ္ ဒီေန႕ သြားကို ဘယ္လိုတိုက္ရမလဲဆိုတာ သင္ေပးမယ္ မွန္ကန္တဲ့ နည္းလမ္းက သြား

တိုက္ေဆးကို သြားတိုက္တံေပၚ ညွစ္ထည့္မယ္ ၿပီးေတာ့ သြားက အေပၚနဲ႕ေအာက္ ရွိတာ သိၾကတယ္မလား

သြားတစ္ေခ်ာင္းခ်င္းစီကို တိုက္မယ္ အထဲေရာ အျပင္ေရာေနာ္ ''

အဲသလို ေျပာၿပီး ၾကက္သြန္နီဥကို သြားဟူ၍ နမူနာထားကာ သြားတိုက္တံျဖင့္ သြားတိုက္ျပေနသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာ ၿပဳံး၍ၾကည့္ေနေလသည္။

အဲသလို ၿပဳံး၍ၾကည့္ေနတဲ့ ေခါင္းေဆာင္ဖူဖာကို လန္ႏွင့္ေရာ့ခ်န္းက ၿပဳံး၍ၾကည့္ေနသမို႔ ေခါင္းေဆာင္ဖူဖာ စိတ္မလႈံမလွဲ ျဖစ္ကာ

" စာသင္ေက်ာင္းနဲ႕ပတ္သက္ၿပီး
သတင္းရေသးလား ''

" ကြၽန္ေတာ္ ႐ြာသူႀကီးနဲ႕ စကားေျပာၿပီးပါၿပီ မနက္ျဖန္စလို႔ရပါၿပီ ေခါင္းေဆာင္ ''

" အခု သြားဘယ္လို တိုက္ရမလဲဆိုတာ ျပပါဦး ''

ဆရာေလးထီရန္က အဲသလို ေျပာၿပီး မိက်ဴးကို နမူနာအေနျဖင့္ ၾကက္သြန္နီဥကို သြားတိုက္ခိုင္းရာ

" မွန္ရဲ႕လား ''

" ဟုတ္တယ္ မွန္တယ္ ''

အဲသလို ၿပဳံးရည္ေနတဲ့ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာၾကည့္ကာ ၿပဳံးမိေနေလသည္။

ဆရာေလးထီရန္လည္း ကေလးေတြနဲ႕ ကစားကာ ေပ်ာ္ေနၾကေလသည္။ မိက်ဴးက ဆရာေလးထီရန္၏ ေပါင္ေပၚေခါင္းဦး၍ အိပ္ေနကာ အင္တာက ကြက္ပ်က္ေပၚ ထိုင္ေနၿပီး ကာလယ္ ေခါင္ႏြန္း အာရီတို႔က ေဆာ့ေနၾကေလသည္။

" ေတြ႕လား သဘာဝစာသင္ခန္းေတြက ေနလို႔ေကာင္းတယ္ ေဟာ ၾကည့္ မိက်ဴးအိပ္ေပ်ာ္သြားၿပီ ''

" ဆရာမေထာ့ဖန္နဲ႕ စာသင္တုန္းကလည္း မိက်ဴးက အိပ္တာပဲ ''

မိက်ဴးက ဆရာမေထာ့ဖန္ဟူသည့္ အသံကို ၾကားကာ မ်က္လုံးဖြင့္လာၿပီး

" မိက်ဳး ဆရာမေထာ့ဖန္ကို သတိရတယ္ ''

ဟူ၍ ေျပာၿပီး အင္တာကလည္း တပ္စုအေဆာင္ အတြင္းနားမွာ ရပ္ၾကည့္ေနတဲ့ ေခါင္းေဆာင္ဖူဖာကို

" ေခါင္းေဆာင္ ဆရာမေထာ့ဖန္ ဘယ္ေတာ့ ျပန္လာမွာလဲ ''

ဟု ေျပာလိုက္ျပန္ကာ လန္ ေရာ့ခ်န္း ဆရာေလးထီရန္ ေခါင္းေဆာင္ဖူဖာတို႔ ဆရာမေထာ့ဖန္ ဆုံးသြားသည္ကို သိ၍ ဝမ္းနည္းကာ မည္သို႔မွ စကားမေျပာနိုင္ ျဖစ္သြားေလေတာ့သည္။

မွန္၏။ ဆရာေလးထီရန္လည္း ေထာ့ဖန္ကို သူကိုယ္တိုင္ ကားနဲ႕တိုက္သတ္သလို ထင္ရၿပီး သူကိုယ္တိုင္ကပဲ ေထာ့ဖန္၏ႏွလုံးကို အလႉခံ၍ အသက္ရွင္ေနၿပီး သူက အဲ့အတြက္ေၾကာင့္ ဖာပန္းေဒါင္းကို ေရာက္ေနတာဆိုတာကို မည္သို႔ ေျပာရမည္ဆိုတာ ေျပာမထြက္ ရင္ေလးေနမိေလသည္။

အဲသလို အျဖစ္မွန္ေတြကို သိဖို႔ ဆရာေလးထီရန္၏ နာမည္ ထီရန္ဆိုဖာ့ဒစ္စကြန္းမွအစ စုံစမ္းအေျဖရွာေနသည့္ ေဒါက္တာနမ္ဆီကို သြားၿပီး ဖတ္ရႈရေပမည္။

ေဒါက္တာနမ္တစ္ေယာက္ သူ၏ ေဆးခန္းေလးမွာ အညိုေရာင္စာအိတ္ေလးထဲမွာ ထည့္ထားသည့္ ေဖာင္ကို ထုတ္ကာ ဖတ္ရႈေလ့လာေနေလသည္။

မွန္၏။ ထိုေဖာင္ေလးက အရင္က ဖာဖီ႐ြန္တပ္စုမွာ ေဒါက္တာနမ္ ရွာခိုင္းထားတဲ့ ဆရာေလးထီရန္၏ ကုသမႈေဖာင္စာရင္း တစ္နည္းအားျဖင့္ ႏွလုံးအစားထိုးကုသမႈ ေဖာင္စာရင္း ျဖစ္ေလသည္။

ေဒါက္တာနမ္က ထိုေဖာင္ထဲမွာပါသည့္ အခ်က္အလက္ကို ဖတ္ရႈေနသည္က

" ႏွလုံးအစားထိုး ကုသမႈခံယူေသာ လူနာအတြက္ ေဆးလက္မွတ္ ကုသမႈ ခံယူေသာ ရက္စြဲ ဧၿပီလ ၉ ရက္ေန႕ ''

ဟူ၍ ဖတ္ၾကည့္ေနရာ ဧၿပီလ ၉ ရက္ေန႕ ဆိုသည့္ စကားလုံးကို ထူးထူးျခားျခားျဖစ္ေန၍ သူ၏အေတြးထဲကို အျဖစ္အပစ္တစ္ခု ဝင္ေရာက္လာေလသည္။

" ဒီမွာ ေနၿပီး ကေလးေတြနဲ႕ သၾကၤန္ပြဲ မလုပ္ခ်င္ဘူးဆိုတာ ေသခ်ာရဲ႕လား ''

" အဲဒါႀကီး ထည့္မေျပာပါနဲ႕ ေဒါက္တာ စိတ္မေကာင္း ျဖစ္ေနတာ ''

" အဲဒီရက္ေတြအတြက္ ငါက ခြင့္ေတာင္ယူထားၿပီးၿပီ သိလား ညီမေလးေထာ့ဖန္ ''

" အင္း ''

" ဖူကလည္း ႏြားရိုင္းေတြ သြားၾကည့္ဖို႔ ျပင္ဆင္ထားတာ ''

" ဒါဆို ဒီလိုလုပ္ သၾကၤန္ပြဲေတာ္ မတိုင္ခင္ အလုပ္ေတြၿပီးရင္ ခ်က္ခ်င္းျပန္လာခဲ့မယ္ ''

အဲသလို ေဒါက္တာနမ္က ဆရာမေထာ့ဖန္ကို ဖာပန္း​ေဒါင္းမွ ဘန္ေကာက္ကို ျပန္ဖို႔ ခ်င္းမိုင္ကို ပို႔ေပးသည့္ရက္က ဧၿပီလ ၉ ရက္ေနဆိုတာကို သိေလသည္။ ဧၿပီလ ၉ ရက္ေန႕က ေထာ့ဖန္ ဘန္ေကာက္ကို ျပန္သြားသည္ဆိုတာကို ေဒါက္တာနမ္ သတိရသြားေလသည္။

ဆရာေလးထီရန္ ႏွလုံးအစားထိုး ကုသမႈ ခံယူေသာရက္စြဲက ေထာ့ဖန္ ဘန္ေကာက္ကို ျပန္သြားသည့္ ရက္ႏွင့္ တစ္ရက္တည္း ျဖစ္ေနသည္ကို သတိထားမိေလေတာ့သည္။

ေဒါက္တာနမ္၏ စိတ္ထဲတြင္ ဆရာေလးထီရန္ႏွင့္ ဆရာမေထာ့ဖန္ကို သင္ကာမကင္းျဖစ္လာမည္အမွန္ပင္ ျဖစ္သည္။ အရင္ကတည္းကလည္း ဆရာေလးထီရန္က ဆရာမေထာ့ဖန္၏ အမူအက်င့္ေတြကိုလည္း ျပဳမူေနၿပီး ယခုကပါ ႏွလုံးအစားထိုးတဲ့ရက္နဲ႕ ေထာ့ဖန္ျပန္သည့္ရက္ပါ တူေနသည္မို႔ ပိုၿပီး အေတြးေတြမ်ားလာမည္ အမွန္ ျဖစ္၏။

ေဒါက္တာနမ္က ဆရာမေထာ့ဖန္ ဆုံးသြားသည့္ ရက္ကိုလည္း သိထားၿပီး ျဖစ္သည္။ ထိုေသဆုံးသည့္ ရက္ကပါ ထိုရက္ေတြနဲ႕ တိုက္ဆိုင္တာကို ေတြးမိလွ်င္ အျဖစ္မွန္ေတြ သိရွိဖို႔ ေဒါက္တာနမ္ ႀကိဳးစားမည္မွာ အမွန္ပင္ ျဖစ္ေပသည္။

အဲ့ေနာက္ ေဒါက္တာနမ္က ထိုစာ႐ြက္ေဖာင္ေလးကို လက္ထဲမွ ခ်ကာ ေဘးနားမွ တယ္လီဖုန္းလက္ကိုင္ကို ကိုင္ၿပီး နံပါတ္ႏွိပ္ကာ ဖုန္းေခၚလိုက္သည္မွာက

" ဟယ္လို ငါပါ ငါ မင္းကို တစ္ခုေလာက္ စုံစမ္းခိုင္းခ်င္လို႔ ရတယ္မလား ''

" ..... ''

" အိုေကစိတ္ခ်ပါရေစ ''

အဲသလို ေျပာၿပီး ေဒါက္တာနမ္တစ္ေယာက္ သူ၏ မ်က္ႏွာႏွင့္ သူ၏အေတြးက ဆရာေလးထီရန္ကို စိတ္ထဲစိုးထင့္ကာ တစ္ခုခုကို အမွန္အကန္သိရဖို႔ ႀကိဳးစားမည္ဟူ၍ ဆုံးျဖတ္ခ်က္ ခ်လိဳက္သည္ ျဖစ္၏။

ဘဝေသမလို ျဖစ္ခဲ့ၿပီး ကံေကာင္း၍ ဘဝအသစ္တစ္ခုကို ရခဲ့ကာ ထိုဘဝအသစ္ကို ေပးခဲ့သည့္ ေထာ့ဖန္အစား ဖာပန္းေဒါင္းကို ဆရာလုပ္ေပးဖို႔ ေရာက္လာသည့္ ဆရာေလးထီရန္ ဖာဖီ႐ြန္တပ္စု မွာ မည္သို႔ လုပ္ေဆာင္ေနသည္ဆိုတာ သြားၿပီး ဖတ္ရႈရေပမည္။

အခ်ိန္က ညအခ်ိန္ ျဖစ္ေနၿပီမို႔ ဖာဖီ႐ြန္တပ္စု၏ ထမင္းစားသည့္ ေနရာတြင္ စားပြဲတစ္လုံးေပၚ၌ ဟင္းေတြ ထမင္းေတြ တင္ထားကာ မီးေရာင္ေလးကလည္း မွိန္မွိန္ေလး ထြန္းထားေလသည္။

ဟင္းခ်က္သည့္ေနရာမွ ဟင္းခြက္ေတြကို ကိုယ္တိုက္ခ်က္ကာ စားပြဲေပၚ သယ္ယူေနသည့္ ဆရာေလးထီရန္ ေဘာလုံး ကန္ၿပီး ေမာလာၾကသည့္ ေခါင္းေဆာင္ဖူဖာ လန္ ေရာ့ခ်န္း ေဒါက္တာနမ္အတြက္ ညစာခ်က္ေနျခင္း ျဖစ္ေလသည္။

ေဘာလုံးကန္၍ ၿပီးၿပီးခ်င္း ေရေသာက္ကာ ထမင္းစားပြဲကို လာခဲ့ၾကသမို႔ ေခါင္းေဆာင္ဖူဖာ လန္ ေရာ့ခ်န္း ေဒါက္တာနမ္တို႔အားလုံး ေဘာကန္ဝတ္စုံေတြနဲ႕ ျဖစ္ေနၾကေလသည္။

" ညစာ စားဖို႔ ကြက္တိပဲ အစ္ကိုတို႔ စားရေအာင္ ကြၽန္ေတာ္ အကုန္ျပင္ေပးထားတယ္ ''

" အဟိုး....အဲ့ၾသစရာပဲ ေဘာလုံး ေမာေမာ ပန္းပန္း ကန္ၿပီးသြားေတာ့ အစားအေသာက္ ျပင္ေပးမယ့္လူက ရွိေနျပန္ေရာ တကယ့္ကို အံ့ၾသစရာပဲ ''

အဲသလို ေဒါက္တာနမ္က ဆရာေလးထီရန္နဲ႕ ေခါင္းေဆာင္ဖူဖာကို လင္ကေဘာကန္ၿပီးျပန္လာရာ မိန္းမက အစားအေသာက္ျပင္ၿပီး ေစာင့္ေနတယ္ဟု တိုက္ရိုက္မေျပာဘဲ အဲသလိုေလး အူယားေအာင္ေျပာၿပီး ေခါင္းေဆာင္ဖူဖာကိုလည္း သူက အေမးျပဳလိုက္ေသး၏။

" ဟုတ္တယ္မို႔လား ေခါင္းေဆာင္ဖူ ''

ေခါင္းေဆာင္ဖူဖာလည္း မည္သို႔မွ ျပန္မေျပာတတ္ ၿပဳံး၍သာ ေနမိေလသည္။ ဆရာေလးထီရန္လည္း ရွက္သလိုလို ျဖစ္၍ သူ၏ခံစားခ်က္ အရွိကိုအရွိ အမွန္ကို အမွန္အတိုင္း မေျပာဘဲ ညင္းလိုက္ပုံက

" အမွန္ေတာ့ေလ အစ္ကို ကြၽန္ေတာ္ စားဖို႔ ခ်က္ထားတာ နည္းနည္းေလာက္ ပိုခ်က္လိုက္႐ုံပါ ''

" အဟား ဒါက နည္းနည္းလား ''

အဲသလို ေဒါက္တာနမ္က စားပြဲေပၚက စားဖြယ္ရာ ဟင္းေတြက တစ္ေယာက္စာထက္ ပိုမ်ားေနသမို႔ အဲသလို ေျပာလိုက္ရာ ဆရာေလးထီရန္က သူလိမ္ေျပာလိုက္တာ မပီျပင္သမို႔ မလႈံမလွဲ ျဖစ္သြားရျပန္ေတာ့သည္။

" အဝါး ဒါက နည္းနည္းလား အရသာ ရွိမယ့္ပုံပဲ အစ္ကို မေအာင့္နိုင္ေတာ့ဘူး အားလုံးပဲ စားၾကမယ္ ''

ေဒါက္တာနမ္က အဲသလို ေျပာသမို႔ လန္ ေရာ့ခ်န္း ႏွင့္ ေခါင္းေဆာင္ဖူဖာ ေဒါက္တာနမ္ အပါအဝင္ သူတို႔အားလုံး ထမင္းပန္းကန္ျပားထဲက ဇြန္းကို ယူကာ ဟင္းေတြ ျမည္းၾကည့္ၾကေလသည္။

ေခါင္းေဆာင္ဖူဖာက တ႐ုတ္ဝက္အူေခ်ာင္းေၾကာ္ကို ျမည္းၾကည့္ေလေတာ့သည္။ ၿပီးေနာက္ ေခါင္းေဆာင္ဖူဖာက ဝက္အူေခ်ာင္းေလးကို ပါးစပ္ထဲ ဝါးျမႇုပ္ရင္း ဆရာေလးထီရန္ကို ၿပဳံး၍ ၾကည့္ေနေလသည္။

အဲသလို အၾကည့္ဆုံၿပီး ၿပဳံးကာ ၾကည့္ေနၾကတဲ့ ေခါင္းေဆာင္ဖူဖာ ႏွင့္ ဆရာေလးထီရန္ကို ေဒါက္တာနမ္က အူးယားေနသလို အၾကည့္ျဖင့္ ၾကည့္ကာ ေဒါက္တာနမ္ သတိရသြားသည္က

" ေခါင္းေဆာင္က ဘာႀကိဳက္တတ္လဲ ''

" သူကအကုန္စားတယ္ အျမည္းအေနနဲ႕ေတာ့ တ႐ုတ္ဝက္အူေခ်ာင္းေၾကာ္ ႀကိဳက္တယ္ ''

အဲသလို ဆရာေလးထီရန္က ခ်င္းမိုင္ကေစ်းမွာ ေဒါက္တာနမ္ကို ေခါင္းေဆာင္ဖူဖာအႀကိဳက္ကို ေမးၿပီး ယခုညစာ စားပြဲမွာ ေခါင္း​ေဆာင္ဖူဖာက တ႐ုတ္ဝက္အူေခ်ာင္းကို စားလိုက္ၿပီး သူ႕အႀကိဳက္လုပ္ထားသည့္ ဆရာေလးထီရန္ကို ၿပဳံး၍ ၾကည့္ေနသမို႔ ေဒါက္တာနမ္က သူတို႔ကို ၿပဳံး၍ၾကည့္ေနျခင္း ျဖစ္ေလသည္။

" ဘာၾကည့္တာလဲ ေဒါက္တာ ''

" အိုေက ''

ေဒါက္တာနမ္က အိုေကလို႔ ျပန္ေျပာၿပီး ဟင္းရည္ကို ဇြန္းျဖင့္ ေကာ္ယူ၍ ျမည္းၾကည့္ကာ ဆရာေလးထီရန္ကို စေနာက္ပါေတာ့သည္။ စေနာက္ပုံက ဟင္းရည္ျမည္းၿပီး အရသာခံေနပုံမွာ မေကာင္းသည့္ပုံ ျဖစ္ၿပီး ေနာက္မွ သူေျပာလာသည့္ ပုံက ေအာက္ကို ဆက္ဖတ္ရပါမည္။

" ဘာလို႔လဲ အစ္ကို ''

" မတရားေကာင္းခ်က္ပဲ ဒါနဲ႕ ညီေလးထီရန္ အသင့္စားအထုပ္ေတြ ဘယ္ႏွစ္ထုပ္ေလာက္ သုံးခဲ့တာလဲ ''

" နည္းနည္းပါးပါး ခ်ီးက်ဴးပါ ေဒါက္တာရယ္ ဒါေတြက ကြၽန္ေတာ္ ကိုယ္တိုင္ခ်က္ထားတာ ''

" ဟုတ္လား ''

" ၾကည့္လိုက္ ႏွစ္ေရာင္ အ႐ြက္ေၾကာ္ေလး ကြၽန္ေတာ္ ဘယ္ဆိုင္ကမွ ဝယ္ထားတာ မဟုတ္ဘူး စားၾကည့္လိုက္ပါဦး ''

အဲသလို ဆရာေလးထီရန္က ႏွစ္ေရာင္အ႐ြက္ေၾကာ္ဟူသည့္ နီညိုေရာင္နဲ႕အျဖဴေရာင္သာပါသည့္ အ႐ြက္ေၾကာ္ခြက္ကို ေခါင္းေဆာင္ဖူဖာႏွင့္ ေဒါက္တာနမ္အေရွ႕ကို ထိုသို႔ ေျပာၿပီး ေပးလိုက္ေလသည္။

ထိုႏွစ္ေရာင္ အ႐ြက္ေၾကာ္ကို ျမင္ၿပီး ေဒါက္တာနမ္ႏွင့္ ေခါင္းေဆာင္ဖူဖာ ယခုလို ဆရာေလးထီရန္ျပဳမူလိုက္သည့္ ႏွစ္ေရာင္အ႐ြက္ေၾကာ္ကလည္း ဆရာမေထာ့ဖန္ အျပဳအမူျဖင့္ တူ၍ ခဏတာ ငိုင္ကာ ၾကည့္ၿပီး သတိရသြားေလေတာ့သည္။

ဖာပန္းေဒါင္းေက်ာင္းႀကီးမွာ ေဒါက္တာနမ္ ေခါင္းေဆာင္ဖူဖာ ဆရာမေထာ့ဖန္ ေခါင္ႏြန္း အာရီ ကာလယ္ အင္တာ မိက်ဴး တို႔ ထမင္းစားေနသည့္ ႏွစ္ေရာင္အ႐ြက္ေၾကာ္ အေၾကာင္းကို သတိရသြားေလေတာ့သည္။

" ေခါင္ႏြန္း အသီးအ႐ြက္ မ်ားမ်ားစားေနာ္ ''

" ကြၽန္ေတာ္ အသီးအ႐ြက္ မႀကိဳက္ဘူး ''

" ရတယ္ေလ ဆရာမ တစ္ေယာက္တည္း အကုန္စားလိုက္ေတာ့မယ္ ဒါေပမယ့္ ေျပာလိုက္ဦးမယ္ ဆရာမရဲ႕ ႏွစ္ေရာင္အ႐ြက္ေၾကာ္ထဲမွာ ပီတာမင္ေတြ အမ်ားႀကီးပါတာ

ပီတာမင္ မ်ားမ်ားစားေလ အျမင္အာ႐ုံေတြ ပိုေကာင္းလာေလပဲ ဟုတ္တယ္မို႔လား ''

" လိမ္ေနတာ ''

" ဟင္ ေခါင္းေဆာင္နဲ႕ ေဒါက္တာကို ေမးၾကည့္လိုက္ ဟုတ္တယ္မို႔လား ''

အဲသလို ဖာဖီ႐ြန္တပ္စုက ႏွစ္ေရာင္အ႐ြက္ေၾကာ္ခြက္ကို ေခါင္းေဆာင္ဖူဖာႏွင့္ ေဒါက္တာနမ္ၾကည့္ကာ ဒီတစ္ခုကလည္း ဆရာေလးထီရန္က ဆရာမေထာ့ဖန္ႏွင့္ တူေနသည္ကို သတိထားမိၿပီး ထမင္းစားၿပီး တပ္စုအျပင္မွ မီးပုံမွာ မီးလႈံေနၾကကာ ေဒါက္တာနမ္ႏွင့္ ေခါင္းေဆာင္ဖူဖာ ထိုအေၾကာင္းကို ေျပာေနၾကေလေတာ့သည္။

" ေဟ့ေကာင္ ညီေလးထီရန္ကေတာ့ ငါ့ကို အၿမဲေက်ာခ်မ္းေအာင္ လုပ္ေနေတာ့တာပဲ ''

" မင္းကိုယ္တိုင္ပဲ ေျပာခဲ့တာမို႔လား ထီရန္နဲ႕ေထာ့ဖန္လိုမ်ိဳး လူငယ္ေတြမွာ တူညီတဲ့ စရိုက္လကၡဏာေတြ ရွိတတ္တယ္ဆိုၿပီးေတာ့ ''

" အမွန္ပဲေလ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ကေတာ့ အရမ္းတူလြန္းတယ္ ''

" မင္း ဘာကို ေျပာခ်င္တာလဲ မင္းေျပာခ်င္ေနတာက ေထာ့ဖန္က ေသၿပီး သူ႕ဝိညာဥ္က ထီရန္ဆီ ေရာက္ေနတယ္လို႔လား ဟင္ အဲဒီလို ထင္ေနတာလား ''

" မသိေတာ့ဘူး ''

အဲသလို ေျပာၿပီး ေဒါက္တာနမ္လည္း သူ၏ေက်ာမွာ ၿခဳံထားသည့္ ေစာင္ကို ထပ္ၿခဳံကာ ေက်ာခ်မ္းသလို ျဖစ္ေနၿပီး ေခါင္းေဆာင္ဖူဖာလည္း သက္ျပင္းေတြ ခ်ကာ ေနေလေတာ့သည္။

(ဆက္လက္ေဖာ္ျပေပးပါမည္)

ႏြေဦးကိုကိုေမာင္

Continue Reading

You'll Also Like

3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
49.4K 2.7K 8
ChanBaek Yaoi Fic ( completed ) ( Park Chan Yeol and Byun Baek Hyun )
4.4M 276K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...