(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 7(A)
အပိုင်း (၁၉)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ခန်းနားလှသည့် အိပ်ခန်းကြီးတစ်ခုတွင် ကုတင်ပေါ်၌ ထီရန်တစ်ယောက် ထိုင်နေကာ ဘေးနားကခုံပေါ်မှာလည်း မီးအိမ်ကလေး ထွန်းထားလေသည်။
သူ၏နှလုံးအတွင်းသားနံရံ ရောင်ယမ်းခြင်းကြောင့် နှလုံးလည်း လှဲလှယ်ပြီးချိန် ပါတီပွဲမှာ သူ၏အဖေ အမေ ဝမ်ချိုင် တို့က ဆရာလေးထီရန်၏နှလုံးအလှူရှင်နဲ့ ပတ်သက်၍ ပြောလာကြကာ သူတို့က ဆရာလေးထီရန်ကို တစ်ခုခု ဖုံးကွယ်ထားသလို ဖြစ်၍ ပါတီပွဲမှ အင်္ကျီအဖြူမှာ ဝိုင်အနီတွေ ပေစွန်း၍ ပြန်လာချိန် ထီရန်က ကုတင်ပေါ်မှာ ထိုင်ကာ ရှိနေလေသည်။
ထီရန်တစ်ယောက် ထော့ဖန်၏ဒိုင်ယာရီစာအုပ်ကို ကိုင်ကာ ရေးထားသည့် စာလေးတွေကို ဖတ်ရှုနေလေသည်။
ထိုအခါ ထူးထူးခြားခြား ထီရန်မြင်တွေ့လိုက်သည့် ထော့ဖန်ရေးထားသည့် စာလေးက
" ၂၀၂၀ ဧပြီလ ၉ ရက်နေ့ ငါ ဒီနေ့
အိမ်ပြန်ခဲ့တယ် ''
ဟူ၍ ပင် ဖြစ်လေသည်။ ထီရန်လည်း ထိုစာလေးကို ကြည့်ရင်း အံ့သြကာ ဖတ်ကြည့်နေလေသည်။
" ၂၀၂၀ ဧပြီလ ၉ ရက်နေ့ ငါ ဒီနေ့ အိမ်ပြန်ခဲ့တယ် ကလေးတွေ မနက်က ငါ့ကို လာတွေ့သွားကြတယ် ''
ထိုအချိန် ဆရာလေးထီရန်က ၂၀၂၀ ဧပြီလ ၉ ရက်နေ့ဟူသည့် စာသားလေးကို အံ့သြကာ ကြည့်ရင်း ထီရန်က သူနှလုံးအစားထိုးထားပြီး ကုတင်ပေါ်မှာ လှဲနေချိန် သူနာပြုဆရာမလေးကို သူက ရက်မေးခဲ့တာကို သတိရလေတော့သည်။
" အစ်မ ဒီနေ့က ဘယ်နှစ်ရက်နေ့လဲဗျ ''
" ထီရန် ဆိုဖာ့ဒစ်စကွန်း ၂၀၂၀ ဧပြီလ
၉ ရက်နေ့ ''
အဲဒီလို ထီရန်၏ ဆလိုင်းပိုက်ထိုးထားသည့် လက်ကောက်ဝတ်မှာ ရက်စွဲနှင့်အတူ လက်ပတ်ကလေး အပ်ကို ဖိကပ်ထားလေသည်။
" အဲဒီ ကောင်စုတ်မ ထော့ဖန် အသက်ရှိတုန်းက ငါ့ကို ဘာမှ ဂရုမစိုက်ခဲ့ဘူး နောက်ကျတော့ ကားတိုက်ခံရပြီး သေသွားတယ်လေ ''
အဲဒီလို ထော့ဖန်၏အဒေါ်ပြောတာကိုလည်း ထီရန်က သတိရနေလေသည်။ ထော့ဖန် ဖာပန်းဒေါင်းက ပြန်ခဲ့သည့်ရက်က လိုင်းကားပေါ်မှာ ၂၀၂၀ ဧပြီလ ၉ ရက်နေ့ ဒီနေ့ မနက်က ကလေးတွေ လာတွေ့သွားကြတယ် ဟူ၍ စာလေးရေးထားလေသည်။
ထိုညမှာ ထော့ဖန်၏အဒေါ်က ဘယ်အချိန် ပြန်ရောက်မှာလဲ မေး၍ ၁ နာရီလောက်ဖြစ်မယ် ကားနောက်ကျလို့ ဆိုပြီး ထော့ဖန်က ပြန်ဖြေလေသည်။
ဒါဆို ထော့ဖန်ကို မနက် ၁ နာရီကျော် ၂၀၂၀ ဧပြီလ ၉ ရက်နေ့မှာ ကားတိုက်ခဲ့တာ ဖြစ်ပြီး ထီရန်ကိုလည်း ထိုနေ့ညမှာ နှလုံးအစားထိုးခဲ့ခြင်း ဖြစ်၍ အဲသလို ရက်ကလေးကို ရေးထားသည့် ထော့ဖန်၏စာအုပ်ထဲမှ စာသားလေးကို ထီရန် ဖတ်ကာ သတိရနေလေသည်။
" ၂၀၂၀ ဧပြီလ ၉ ရက်နေ့ ''
ထီရန်လည်း ထော့ဖန်၏ဒိုင်ယာရီစာအုပ်ကို ကုတင်ဘေးက အံဆွဲထဲတွင် ထည့်၍ အရေးတကြီး ကုတင်မှ ထသွားလေသည်။ ထို့နောက် ကွန်ပျူတာအရှေ့တွင် ထိုင်ကာ ကွန်ပျူတာ၏ ဆက်ချ်စ် မှာ ထော့ဖန်ချရဖွန် မတော်တဆဖြစ်ပွားမှု ဟူ၍ ရိုက်နှိပ်လိုက်လေသည်။
" ထော့ဖန်ချရဖွန် မတော်တဆဖြစ်ပွားမှု ''
အချိန်က ညအချိန်ဖြစ်နေသမို့ အခန်းကို အမှောင်ချထားကာ ကွန်ပျူတာအရှေ့မှာ ကွန်ပျူတာက မီးရောင် မျက်နှာပေါ်ကျရောက်နေသည့် ထီရန်တစ်ယောက် သူတို့၏ အမေအဖေတို့က သူ၏နှလုံးရှင်အကြောင်းနဲ့ ပတ်သက်၍ လျှို့ဝှက်ထားရာ နောက်ပိုင်း သူ့အဖေအခန်းထဲတွင် ထော့ဖန်၏ကိုယ်အင်္ဂါလှူဒါန်းမှုဖောင်ကို တွေ့သွားလေသည်။
ထို့နောက် ထီရန်က သူ၏သူငယ်ချင်းတွန်နဲ့ ထော့ဖန်အကြောင်းကို စုံစမ်းကာ အဲသလို ထော့ဖန်၏အဒေါ်က ကားတိုက်၍ သေသွားပြီ ပြောသမို့ ထီရန်က ယခုလို ဆက်ချ်စ် မှာ ရှာကြည့်လေသည်။
" ပြိုင်ကားတစ်စီးမှ လုပ်အားပေးဆရာမတစ်ဦးအားတိုက်၍သေဆုံး ဧပြီလ ၉ ရက်နေ့တွင် သေဆုံးသူ ထော့ဖန်ချရဖွန်ကို ကားတစ်စီးတိုက်၍ တိုက်သည့်ကားလိုင်စင်နံပါတ် PM-3333 ဖြစ်၏။ ''
အဲသလို သတင်းတွေ စသဖြင့် စသဖြင့် ရေးထားပြီး ထော့ဖန်၏ကားတိုက်၍သေနေသည့်အလောင်း ရဲကား လမ်းပေါ်မှာ မီးအနည်းငယ်သာရှိ၍ အမှောင်ဖြစ်နေသည့် ဓါတ်ပုံတွေကို ထီရန် တွေ့ကာ အံ့သြနေလေသည်။
ထိုအခါ ထီရန်က နှလုံးအစားထိုးပြီးနောက် ကလပ်မှာ သူ၏သူငယ်ချင်းကို ပြောတာကို သတိရလေတော့သည်။
" မင်းတို့သိလား ငါ့အဖေနဲ့အမေက ငါမသိဘဲ ကားကို ရောင်းပစ်လိုက်ကြတယ် ''
" ဒါပေမယ့် ငါကတော့ အဲဒီလိုလုပ်တာ မှန်တယ် ထင်တာပဲ နော် ''
" ဟုတ်တယ် ''
အဲသလိုသတိရပြီးနောက် ထီရန်က နှလုံးအစားမထိုးခင် သူ ကလပ်မှာ မူးနောက်နောက်ဖြစ်နေပြီး ချိန်းထားသည့်ပြိုင်ပွဲကို တွန်က ဖျက်ဖို့ ပြောနေတာကို သတိရလေပြန်သည်။
" ဟေ့ ထီရန် ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ ဖျက်လိုက်ရအောင်လေကွာ ''
" အဲ့ကောင်က ငါ့ကို ငကြောက်လို့
ထင်သွားမှာပေါ့ ''
အဲသလို ထီရန်က အတွေးတွေ ရှုပ်ထွေးကာ အရေးတကြီး ဖုန်းကို ကိုင်၍ ကွန်ပျူတာအရှေ့မှာ ထိုင်လျက် တွန် ဆီသို့ ဖုန်းခေါ်လိုက်လေသည်။
" ဟေ့ တွန် ငါ မင်းကို မေးစရာရှိတယ် အဲဒီညက ကားပြိုင်ပွဲ ကိစ္စ ''
အဲသလို ထီရန်က တွန်ကို အကြောင်းအရာအစုံအလင်မေးပြီး ကွန်ပျူတာမှ ပုံကိုလည်း အံ့သြနေသည့် မျက်နှာဖြင့် ကြည့်နေလေသည်။
ကွန်ပျူတာမှ ပုံသည် ထီရန်က ကားအရှေ့မှာ ရပ်နေပြီး ထိုကား၏ လိုင်စင်နံပါတ်လေးက PM-3333 ဖြစ်လေသည်။ ထို့ကြောင့် ထီရန်က တွန်ဆီ အကြောင်းအရာအပြည့်အစုံမေးလိုက်သည်။
ထော့ဖန်ကို တိုက်သည့် ကားလိုင်စင်နံပါတ်နှင့် ထီရန်၏ ကားနံပါတ်က တူနေလေသည်။
ဒါဆို ထော့ဖန်ချရဖွန်က ဧပြီလ ၉ ရက်နေ့မှာ ဖာပန်းဒေါင်းက ပြန်လာပြီး ထီရန်လည်း ထိုနေ့ညမှာ ဟိုဘဲကြီးနဲ့ ကားပြိုင်ပွဲလုပ်ခဲ့ရာ ထော့ဖန်ချရဖွန်ကို ထီရန်၏ ပြိုင်ကားတိုက်မိ၍ အဲဒီညမှာပဲ ထီရန် ဆေးရုံရောက်ကာ သူတိုက်မိသည့် ထော့ဖန်ချရဖွန်၏နှလုံးဖြင့် အစားထိုးခဲ့ရာ သေသည့်ရက်နှင့်အစားထိုးခဲ့သည့် ရက်ချင်းတူ၍ တိုက်မိသည့်ကားနှင့် ပိုင်သည့်ကားနံပါတ်လည်း တူနေလေသည်။
အဲဒီလိုဆိုရင် ထော့ဖန်ချရဖွန်ကို တိုက်သည့်ပြိုင်ကားပိုင်ရှင်တရားခံက ထီရန်ဖြစ်လေသည်။ ထို့ကြောင့် ထီရန်၏ အဖေနဲ့အမေက သူ့ကားကို သူမသိအောင် ရောင်းပြီး နှလုံးအလှူရှင်ကိုလည်း မပြောပြဘဲ ကားတိုက်သည့်အမှုခင်းကိုလည်း မပေါ်အောင် ဝမ်ချိုင် တို့၏ အကူအညီဖြင့် ဖုန်းကွယ်ထားလေသည်။
ထီရန်က အဲဒီအကြောင်းတွေကို မသိဘဲ အဘယ်ကြောင့် သူ၏မိဘတွေကို မေးနေသည်လဲဆိုတာ သူက ကားပြိုင်ပွဲ လုပ်ခဲ့သည်အထိပဲ မှတ်မိပြီး နောက်ပိုင်းက သူ၏နှလုံးအတွင်းသား ယောင်ယမ်းမှုကြောင့် မမှတ်မိ၍ ထိုသို့ ယခုမှ သိရလေသည်။
ဒါဆို အရင်ချိန်တုန်းက ဖာပန်းဒေါင်းမှ ဆရာလေးထီရန် အိပ်မက်မက်ခဲ့စဥ်က ခေါင်းဆောင်ဖူဖာ ပြောသည့် မင်းကိုယ်မင်း ပြန်မေးကြည့်ပါ ဆိုသည့်စကားက ယခု အဖြစ်အပစ်ကို ပြောခြင်းဖြစ်လေသည်။
ကားနံပါတ်တော့ ထီရန်၏ကားနံပါတ် ဖြစ်လေသည်။ သို့ပေမယ့် ထီရန် ကိုယ်တိုင်တိုက်မိလား မတိုက်မိဘူးလားဆိုတာမသေချာသေးပေ ဖြစ်၏။ ထင်ရသည်သာလျှင်...။
ဒါဆို ထီရန်က ဖာပန်းဒေါင်းကို မသွားခင် ယခုလို အဖြစ်အပစ်တွေကို သိရှိခဲ့ရလေခြင်း ဖြစ်မည် ထင်သည်။ မှန်လည်း မှန်၏။ ဒါကြောင့် သူ ဖာပန်းဒေါင်းကို သွားခြင်း ဖြစ်လေသည်။
ထော့ဖန်ကို သူ၏ကားနဲ့တိုက်မိပြီး သူကိုယ်တိုင်ကပဲ ထော့ဖန်၏ နှလုံးကို အလှူခံထားရသမို့ ထော့ဖန်အစပြုခဲ့သည့် ဖာပန်းဒေါင်းရွာမှ ကလေးတွေကို စာသင်ပေးဖို့ ဘဝအသစ်ကို ဖန်တီးပေးတဲ့ ထော့ဖန်အစား ထီရန်က ဆရာသွားလုပ်ခြင်း ဖြစ်လေသည်။
ဖာပန်းဒေါင်းက လူတစ်ချို့က အကြောင်းအရာတွေ အကုန်နီးပါး သိတဲ့လူက သိရှိပြီး ယခုလို ထော့ဖန်ကို ထီရန်၏ကားဖြင့် တိုက်၍ သေဆုံးသည်ဆိုတာ ဘယ်သူမှ မသိသေးချေ။
ဒါဆို အမှန်တရားကို ဖုန်းကွယ်ထားလို့မရဘူးဆိုသည့် နိယာမအတိုင်း ထီရန်တစ်ယောက် အဖြစ်အပစ်တွေကို ဘယ်လိုများ ရှင်းပြပေးတော့မည်လဲဆိုတာ ဖာပန်းဒေါင်းက ကျောင်းကြီးမီးလောင်၍ မီးခိုးငွေ့ကြောင့် အသက်ရှူရကြပ်ပြီး မေ့လှဲသွားသည့် ဆရာလေးထီရန်ကို သွားပြီး ဖတ်ရှုကြရပေမည်။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
UNIT - 7
မနက်ခင်းစောစောအချိန်
မနေ့ညက ကျောင်းကြီးမီးလောင်၍ မီးလောင်နေသည့်ကျောင်းကြီးထဲ ဆရာလေးထီရန် ပြေးဝင်သွားသမို့ မီးခိုးငွေ့တွေကြောင့် အသက်ရှူရကြပ်ပြီး မေ့လှဲသွားရာ ခေါင်းဆောင်ဖူဖာ သွားပြီးပွေ့ချီလာခဲ့ပြီး ထီရန်ဟုလည်း သူက အရေးတကြီးခေါ်လေသည်။
ဆရာလေးထီရန် သူ၏ရင်ဘတ်တွင် ဆရာလေးထီရန်အတွက် ဟုရေးထားသည့် ခေါင်းဆောင်ဖူဖာကိုယ်တိုင်လုပ်ပေးထားသည့် ပါပေါက်စွန်လေးကို ရင်ဘတ်မှာ ပွေ့ပိုက်ထားလေသည်။
လက်ဖက်မွှေးအိတ်တွေ မီးထဲပါသွားပေမယ့် သူချစ်တဲ့ သူဘဲကြီးလုပ်ပေးထားတဲ့ ပါပေါက်စွန်လေးတော့ အပါမခံနိုင် အချစ်ရဲ့ အာနိသင်ကြီးပုံက အသက်ကိုပါ စွန့်သွားသည့်အထိ ရဲရင့်လှတဲ့ ဆရာလေးထီရန် အံ့မခန်းပင် ဖြစ်ပေသည်။
ယခုလည်း ဖာဖီရွန်တပ်စုတွင် ခေါင်းဆောင်ဖူဖာ၏ကုတင်ပေါ်၌ ဆရာလေးထီရန် အိပ်ပျော်နေလေသည်။ ခေါင်းဆောင်ဖူဖာလည်း ကုတင်ဘေးတွင် ခုံကလေးဖြင့် ထိုင်ကာ ဆရာလေးထီရန်ကို စိုးရိမ်တကြီး ကြည့်နေလေသည်။
ခေါင်းဆောင်ဖူဖာဆိုသည့် သစ်တောထိန်းသိမ်းရေးယူနီဖောင်းကို ဝတ်ထားသည့် ခေါင်းဆောင်ဖူဖာ စိုးရိမ်တကြီးဖြစ်နေတာ လွန်ကို လွန်လွန်းပါသည်။ သူတို့ နစ်ယောက်က အဲသလောက်ထိ အချစ်ကြီးကြပေသည်။
အချစ်ကြီးသလိုလည်း စိုးရိမ်မှုတွေကြီးကာ ခံစားချက်တွေ ဖုန်းကွယ်ထားတတ်သည်။ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်ရှိနေတာသိရက်ဖြင့် ဘာလို့ မဖွင့်ပြောသေးတာလဲဆိုတာ အံ့မခန်းပင် ဖြစ်ချေသည်။
ခေါင်းဆောင်ဖူဖာလည်း ကုတင်ပေါ်လှဲနေသည့် ဆရာလေးထီရန်ကို စောင်လေးခြုံပေးကာ စိုးရိမ်တကြီးဖြင့် ကြည့်နေလေသည်။ ထိုအခါ ခေါင်းဆောင်ဖူဖာ၏ နံဘေးတွင် ဒေါက်တာနမ်ကရောက်နေရာ ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်အား
" သူ့ကို ဂရုစိုက်ပေးပါနော် ကြည့်ထားပေးနော် ''
" အင်း ခေါင်းဆောင် စိတ်မပူပါနဲ့ ငါ ကြည့်ထားလိုက်မယ် နော် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက ခုံပေါ်မှ သူ၏ဦးထုပ်ကို ယူကာ ဆရာလေးထီရန်ကို စိုးရိမ်တကြီးဖြင့်ကြည်၍ သူ၏တာဝန်တွေကလည်း ရှိသေးသမို့ စိုးရိမ်စိတ်မချပေမယ့် ထွက်သွားလိုက်ရလေသည်။
ဒေါက်တာနမ်လည်း ကုတင်ဘေးက ခုံမှာထိုင်ကာ ဆရာလေးထီရန်ကို နားမလည်သည့် အကြည့်တွေနဲ့ ကြည့်နေလေသည်။ အဲ့နောက် ဒေါက်တာနမ်က ဆရာလေးထီရန်၏ ကုတင်ဘေးမှ ထလာကာ ထိုဖာဖီရွန်တပ်စုမှ တယ်လီဖုန်းရှိသည့် ခုံအနားကို လာခဲ့လေသည်။
ထို့နောက် ထိုဖုန်းကို ကိုင်ကာ ဘန်ကောက်မြို့မှ ဆေးဝန်ထမ်း တစ်နည်းအားဖြင့် ဆရာဝန် ဦးဝီနိုင် ဖြင့်
" ဟယ်လို မင်္ဂလာပါ ဦးဝီနိုင် ''
" ..... ''
" ကျွန်တော်က ဒေါက်တာနမ်ဆန်ပါ ကျွန်တော် အကူအညီတစ်ခုလောက် တောင်းလို့ရမလား ''
" .... ''
" ထီရန်လို့ ခေါ်တဲ့ ဆရာလေးရဲ့ ဆေးကုသမှတ်တမ်းလေး ပို့ပေးလို့ ရမလား ခင်ဗျ ''
" .... ''
" အော် ဘာမှမဖြစ်ပါဘူး သူ နေမကောင်းဖြစ်ရုံပါ သူ့မှတ်တမ်းကို ကြည့်ပြီး သူ့ရဲ့အရင်တုန်းက ကျန်းမာရေးအခြေအနေလေးကို စစ်ကြည့်ချင်လို့ပါ ''
" .... ''
" ဒါဆို ကျွန်တော် သူ့နာမည်အပြည့်အစုံ သိလို့ရမလားခင်ဗျ ''
" .... ''
" ထီရန် ဆိုဖာ့ဒစ် ဆိုဖာ့ဒစ်စကွန်း အဲဒါက သဘာဝအရင်းအမြစ်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်မှူးဟောင်း တီရာယွတ်ရဲ့ နောက်ဆုံးနာမည်မို့လား ''
" ...... ''
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ ''
အဲ့ဒီလို ပြောပြီး ဒေါက်တာနမ်ဆန်ဟု ခေါ်သည့် ဒေါက်တာနမ် ဖုန်းချလိုက်လေသည်။ ဒေါက်တာနမ်က ဆရာလေးထီရန်ဟာ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်မှူးဟောင်း တီရာယွတ် ဆိုဖာ့ဒစ်စကွန်း ၏ သား ထီရန် ဆိုဖာ့ဒစ်စကွန်း ဆိုတာကို သိသွားလေတော့သည်။
ဆိုဖာ့ဒစ်စကွန်းမှ စကွန်း ဆိုသည့် စကားလုံးလေးကို ကြားရုံနဲ့ ဘယ်လောက်ထိ ကြွယ်ဝချမ်းသာသည်ဆိုတာ သိနိုင်ပေသည်။ ဒီလိုနဲ့ ဒေါက်တာနမ်က ဆရာလေးထီရန်ဟာ နှလုံးအစားထိုးထားပြီး အဲ့ဒီလို ကြွယ်ဝချမ်းသာသည်ဆိုတာကို သိသွားလေတော့သည်။
ဒေါက်တာနမ်လည်း ဆိုဖာ့ဒစ်စကွန်း ဆိုသည့် စကားလုံးကို သေသေချာချာ ကြည့်ကာ ခဏက ဖုန်းပြောရင်း စာအုပ်ပေါ်မှာ မှတ်ထားသည့် ထီရန် ဆိုဖာ့ဒစ်စကွန်းမှ ဆိုဖာ့ဒစ်စကွန်းကို ခဲဖြင့် ဝိုက်ခြစ်ကာ နားမလည်သလို ဖြင့် ကြည့်နေလေသည်။
ထိုအချိန် ဆရာလေးထီရန်က ကုတင်ပေါ်မှာ သတိရလာလေသမို့ ဒေါက်တာနမ်လည်း ဆရာလေးထီရန်အနားသွားပြီး ကုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်ကာ ရေတစ်ခွက် ပေးလိုက်လေသည်။
" ဖြည်းဖြည်း ''
" ကျေးဇူးတင်ပါတယ်နော် ''
" မင်း ဘယ်လိုနေသေးလဲ ''
" လည်ချောင်း နည်းနည်း နာနေတယ် ''
" ထီရန် ''
" ဟင် ''
အဲသလို ဒေါက်တာနမ်က ထီရန်ဟု ခေါ်ပြီး ဆရာလေးထီရန်ကို ကြည့်နေသည်မှာ ခဏက အဖြစ်အပစ်ဟုတ်မဟုတ်ဆိုတာကို မေးတော့မည့်အမေးဖြင့်
" အစ်ကို မင်းကို မေးချင်တာရှိတယ် ''
ဟူ၍ အမေးပြုလိုက်လျှင် ဆရာလေးထီရန်က သူနဲ့ထော့ဖန်ဘယ်လို ပတ်သက်တာလဲဟူသည့် အမေးတွေ သူဖုန်းကွယ်ထားသည့်အရာတွေကို မေးမည်စိုး၍ စိတ်ထဲစိုးထင့်ကာ ဖြစ်နေပေမယ့် တကယ့်အမေးက
" မင်း နာနေသေးလား ''
" အော် မနာတော့ပါဘူးဗျ ''
ဆရာလေးထီရန်လည်း သူ၏ရင်ဘတ်က အမာရွတ်ကို ကြည့်ကာ ထိုသို့ ပြန်ဖြေလိုက်လေသည်။ ထို့နောက် ဆရာလေးထီရန်က ရုတ်တရက်သတိရလာကာ
" အယ် ဒေါက်တာ ခေါင်းဆောင်ကောဗျ ''
" ဖူလား သူ ခုလေးတင် ထွက်သွားတယ် သူ မင်းကို တစ်ညလုံး စောင့်ရှောက်ပေးထားတာ ဒါပေမယ့် စိတ်မပူပါနဲ့ သူက ကြံ့ခိုင်တယ် ''
" ဒေါက်တာ ကျောင်းကရောဗျ ''
ဆရာလေးထီရန်က အဲဒီလို ရုတ်တရက် မေးလာတော့ ဖာပန်းဒေါင်းကျောင်းကြီး မည်သို့ ဖြစ်သွားသည်ဆိုတာ သွားပြီး ဖတ်ရှုရပေမည်။
ကျောင်းကြီး၏အဓိကစတိုခန်းက မီးထဲပါသွားသည်မှာ အမှန်ပင် ဖြစ်ပေသည်။ သက်ကယ်တွေလည်း မီးလောင်၍ တစ်ခုမှ ရဖွယ်ရာမရှိ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။
ထိုနေရာတွင် ခေါင်းဆောင်ဖူဖာနှင့် ရွာသားတစ်ချို့ ရှိကြလေသည်။ ထိုအခါ ရွာသားတစ်ယောက် ပြောဆိုနေပုံက
" သစ်ပင်တွေရဲ့အလယ်မှာ ငှက်ပျောပန်းရိုင်းပွင့်နေတာတွေ့တော့ ကျောချမ်းသွားတာ ငါတို့ရွာထဲက လူတစ်ယောက်တော့ မကောင်းတာ
တစ်ခုခုလုပ်လိုက်ပြီပဲ ''
" အရင်တစ်ခေါက်က မင်းသား ကာလယ် ရေနစ်မလို ဖြစ်တယ် ''
" ဖြစ်နိုင်တယ် တစ်ယောက်ယောက်ကတော့ တောစောင့်နတ်ကို မလေးမစားလုပ်လိုက်ပြီပဲ ဒါကြောင့် ရွာ ကြိမ်စာ တိုက်ခံရတာ ''
" အခုချိန်ထိ ရွာမှာ အေးအေးချမ်းချမ်းနေလာပြီးမှ ကျောင်းကြီးပါ မီးလောင်ပြန်ပြီ ဒီကံဆိုးမှုတွေ မဖြစ်အောင် ငါတို့ ရေစောင့်နတ်ဆီ သွားပြီး ပူဇော်ပွဲလုပ်ပေးဖို့ နတ်ဆရာကို ပြောရမယ် ''
အဲသလို အာရီ၏အဖေ ကာလယ်၏အဖေနှင့် ရွာသားတစ်ယောက်က ပြောဆိုနေကြရာ ခေါင်းဆောင်ဖူဖာက ဘေးနားမှ နားထောင်နေလေသည်။ ထို့နောက် ခေါင်းဆောင်ဖူဖာက မီးလောင်ပြီးသား စတိုခန်းအနားကို သွားကာ မီးလောင်ပြီးသား လက်ဖက်မွှေးအိတ် အစုတ်အပြဲကို ကိုင်လျက် ဒေါတစ်ပုံ ထနေလေသည်။
အဲသလို ဝမ်းနည်းစွာ မီးလောင်ထားတဲ့ သက်ကယ်တွေ လက်ဖက်မွှေးအိတ်အစုတ်အပြဲတွေကို ကြည့်ရင်းဖြင့် ခေါင်းဆောင်ဖူဖာက အဝါရောင်ဆီဘူးတစ်ဘူးကို တွေ့လေသည်။
ထိုအဝါရောင် ဆီဘူးက အလွယ်တကူအသုံးပြုနိုင်သည့် မီးရှို့ပစ္စည်း တစ်ခု ဖြစ်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ထိုဘူးကို ကိုင်ကာ ဒေါထပြီး ခဏက လူသုံးဦးအနားကို လာခဲ့လေသည်။
" ဒါက သဘာဝလွန် ဖြစ်ရပ်မဟုတ်ဘူး တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ကျောင်းကို မီးရှို့သွားတာ ''
" ဘယ်သူများလဲ ''
အဲသလို ခေါင်းဆောင်ဖူဖာက စကားဆိုလာရာ အာရီ၏အဖေ ကာလယ်၏အဖေနဲ့ ရွာသားတစ်ယောက်က နားမလည်သလို ဖြစ်နေပြီး ခေါင်းဆောင်ဖူဖာလည်း ဒေါတစ်ပုံထနေလေသည်။
ဒီလိုနဲ့ ဖာဖီရွန်တပ်စုမှာ ရှိနေသည့် ဆရာလေးထီရန် ခုန်ပေါ်မှာ ရှိသည့် ရေဘူးလေးကို လက်ကလေးက မထိတစ်ထိ သွယ်ကိုင်ထားပြီး ဘေးနားတွင်လည်း အစားအစာ ခွက်တစ်ခုရှိကာ ဝမ်းနည်းနေလေသည်။
ထိုအချိန် ခေါင်းဆောင်ဖူဖာ ရောက်လာကာ ဆရာလေးထီရန်၏ ဘေးနားမှ ခုံတွင် ထိုင်လိုက်လေသည်။
" ခေါင်းဆောင် ကျောင်းကရော ဘယ်လိုလဲ ''
" ကျောင်းက တစ်ချို့အပိုင်းတွေတော့ မီးလောင်သွားတယ် အဆိုးဆုံးနေရာကတော့ လက်ဖက်မွှေးအိတ်တွေ ထားတဲ့ စတိုခန်းပဲ ကျန်တာတွေက ရေစိုကုန်ပြီ ''
အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို မီးလောင်ပြီးသား လက်ဖက်မွှေးအိတ် အစုတ်အပြဲလေးကို ပေးလိုက်လေသည်။
ဆရာလေးထီရန်လည်း ထိုအစုတ်အပြဲ လက်ဖက်မွှေးအိတ်လေးကို ကြည့်ရင်း ဝမ်းနည်းမှုအပြည့်ဖြင့်
" ကျွန်တော်က တကယ့်ကို ပြဿနာကောင်ပဲ ကလေးကို ရေနစ်အောင် လုပ်ခဲ့တယ် ရွာသားတွေကိုလည်း
အခက်တွေ့အောင် လုပ်ခဲ့ပြန်တယ် သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ပျက်စီးစေခဲ့တယ် ကျွန်တော်က ဘာ
နဲ့မှကို မထိုက်တန်တာပါ ဒီမှာ ရှိနေဖို့လည်း မထိုက်တန်ပါဘူး ကျွန်တော် တကယ် စိတ်မကောင်း
ဖြစ်ရတယ် ခေါင်းဆောင် ကျွန်တော် ပြဿနာ ထပ်ရှာမိပြန်ပြီ ''
" အပစ်ရှိသလို ခံစားလို့ရတယ် ကိုယ့်ကိုကိုယ်တော့ အပစ်မတင်ပါနဲ့ ''
" ကျွန်တော်က ဂြိုလ်ဆိုးပဲ ''
" မဟုတ်ပါဘူး ကံဆိုးမှုကြောင့် မဟုတ်ဘူး ဒီမီးလောင်မှုက ရှို့မီးကြောင့် ဖြစ်ရတာ မီးလောင်တဲ့နေရာမှာ ဆီဘူးကို ရှာတွေ့ခဲ့တယ် ''
" ဦးဆက်ဒါရဲ့ လူတွေမို့လား ''
အဲသလို ဆရာလေးထီရန်က ပြောလိုက်လျှင် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် ပြောသည်မှာ မှန်လေသမို့ ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်နေရာ ဆရာလေးထီရန်က ဝမ်းနည်း အပစ်တင်မှုဖြင့်
" ကျွန်တော်သာ ဒီမှာ မရှိခဲ့ဘူးဆိုရင် ရွာသားတွေလည်း ဒီလို အခက်အခဲတွေနဲ့ ကြုံရမှာ မဟုတ်ဘူး
ခေါင်းဆောင်လည်း ကျွန်တော့်ကို စောင့်ရှောက်ဖို့ ဒုက္ခများနေရမှာ မဟုတ်ဘူး ''
" ငါကတော့ ပျော်တယ် ငါ မင်းကို ပြောခဲ့တယ်လေ ငါ့တာဝန်က မင်းကို စောင့်ရှောက်ပေးဖို့လေ ''
အဲသလို ခေါင်းဆောင်ဖူဖာက သစ်တောထိန်းသိမ်းရေး ဝန်ထမ်းအင်္ကျီကိုသာ ဝတ်ထားတာ တာဝန်က ဆရာလေးထီရန်ကိုသာ စောင့်ရှောက်ဖို့ဟူ၍ ပြောလာလျှင် သူတို့နှစ်ယောက် အကြည့်တွေက ချစ်ခြင်းအပြည့်ဖြင့် ကြည့်နေကြကာ ဆရာလေးထီရန်က
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ဂရုတစိုက်ကြည့်ကာ သူ၏လက်ကလေးက ဆရာလေးထီရန်၏ ဖွေးပြီးအိစက်နေတဲ့ ပါးပြင်လေးကို ဖွဖွလေးကိုင်လိုက်လေသည်။ ထို့နောက် သူ၏
လက်ဖမိုးလေးဖြင့် တစ်ခြား ပါးတစ်ဖက်ကိုလည်း ဖွဖွလေး ကိုင်ရင်း ပါးပြင်လေးကို ဂရုတစိုက် ထိတွေ့နေလျှင် ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာကို ကြည့်နေလေသည်။
" မင်းမှာ အဖျားမရှိတော့ဘူးပဲ ''
ခေါင်းဆောင်ဖူဖာက ထိုသို့ပြောလာပုံအရဆိုလျှင် ခေါင်းဆောင်ဖူဖာ ခဏက ဆရာလေးထီရန်၏ ပါးကို ကိုင်ကြည့်နေတာ အဖျားရှိမရှိ စမ်းသပ်နေသည် ဖြစ်၏။
ခေါင်းဆောင်ဖူဖာ အဖျားစမ်းသပ်ရင်း သူချစ်တဲ့ သူ့ကလေးလေးပါးကို အမြတ်ထုတ်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာ အဖျားစမ်းသပ်တာကို အကြောင်းပြပြီး ပါးလေးကို ကိုင်တာက အကွက်ဟောင်းကြီးတွေကို သုံးလိုက်ခြင်း ဖြစ်လေသည်။
" ကိုယ့်ကိုကိုယ် ဒဏ်ပေးမနေနဲ့ဦး တစ်ခုခု စားလိုက်ဦး ပြီးရင် အနားယူလိုက် ''
" ခေါင်းဆောင် ''
" ဟင် ''
" ကျွန်တော့်ကို အိမ်လိုက်ပို့ပေးပါလား ''
" လာ သွားမယ် ''
အဲသလို ပတ်ချွဲနတ်ချွဲလေးစကားလေးတွေ ပြောပြီး ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန်ကို အိမ်သို့ လိုက်ပို့ပေးလေပြီး ဖာဖီရွန်တပ်စုကို ပြန်လာရာ တပ်စုမှာ စောင့်နေတဲ့ ဒေါက်တာနမ်နှင့် ခေါင်းဆောင်ဖူဖာ တွေ့ကြလေတော့သည်။
" ဘယ်လိုလဲ ထူးခြားတာ ရှိသေးလား ''
" မီးရှို့မှု သက်သေကို အမှုလိုက်ဆီမှာ အပ်ထားခဲ့လိုက်တယ် သူ့လူတွေကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်မယ်ပြောတယ် ''
" ဒါဆို ထီရန်နဲ့ဦးဆက်ဒါကြားက ပြဿနာကြောင့် ဖြစ်ခဲ့တာလို့ မင်း ထင်တာလား ''
" အဲ့ဒါကြောင့်ပဲ ငါ ရဲတွေကို အပ်လိုက်တာပေါ့ ''
" ထီရန်ရော ဘယ်လို နေသေးလဲ ''
" ငါ သူ့ကို အခုပဲ အိမ်ပြန်ပို့လိုက်တာ ''
" မင်း ညီလေးထီရန်အကြောင်း တစ်ခုခု သိထားလား ''
" မင်း ဘာကို ဆိုလိုတာလဲ ''
" ငါပြောက ညီလေးထီရန်က ဘယ်လိုလူလဲ သူ့နောက်ကြောင်းပေါ့ ''
" မင်း ပုံစံက တစ်ခုခုကို သံသယရှိနေပုံပဲ ''
" မဟုတ်ပါဘူး ငါက ဒီအတိုင်း စဥ်းစားမိလို့ပါ သူက ဒီလို သူ့ခန္ဓာကိုယ် အခြေအနေနဲ့ ဘာလို့များ ဒီမှာ စာသင်ဖို့ ရွေးချယ်ခဲ့ရတာလဲ ''
" ငါလည်း ဖောင်ဒေးရှင်းက ပို့လိုက်တဲ့ အချက်အလက်တွေကိုပဲ သိထားတာ ငါ အနားယူလိုက်ဦးမယ် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာ အခန်းထဲကို ဝင်သွားလေတော့သည်။ ဒေါက်တာနမ်လည်း ဆရာလေးထီရန်၏ နာမည် ထီရန် ဆိုဖာ့ထစ်စကွန်း မှ စကွန်း ဆိုသည့် မျိုးရိုးနာမည်ကို ကြားသိထားရ၍ တစ်ခုခုကို သံသယ ရှိကာ နေလေသည်။
ဒီလိုနဲ့ မီးလောင်၍ ပျက်စီးနေတဲ့ ဖာပန်းဒေါင်းကျောင်းကြီးမှာ လောင်ထယ် နှင့် ဆရာလေးထီရန် မီးလောင်ထားတဲ့သက်ကယ်တွေ လက်ဖက်မွှေးအိတ် အစုတ်အပြဲတွေ စတိုခန်းပျက်စီးနေတာတွေကို ကြည့်ကာ ဝမ်းနည်းမှုနဲ့အတူ စိတ်တိုလျက်...။
" သူတို့ ဘာလို့ ဒီလောက်ထိ လုပ်ရတာလဲ အစ်ကို့ကို မကျေနပ်ဘူး မုန်းတယ်ဆိုရင်လည်း သူတို့ အစ်ကို့ကိုပဲပစ်မှတ်ထားသင့်တာပေါ့ တကယ့်ကို စိတ်တိုတယ် ''
" ရဲတွေကို အပ်ထားလိုက်ပါ အစ်ကို ''
" အရင်ရက်တွေတုန်းက ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့တာ ဒီနေ့တော့ အသုံးမဝင်သလို ခံစားရတယ်
ရွာသားတွေအတွက်လည်း အရမ်း စိတ်မကောင်းဖြစ်ရတယ် သူတို့ အစ်ကို့ကြောင့်နဲ့ ဒုက္ခတွေ များခဲ့ရပြီ ''
" အဲဒီလို မတွေးပါနဲ့ အစ်ကို အစ်ကိုလည်း သူတို့ကို ကောင်းစေချင်လို့ဆိုတာ သိပါတယ် ''
" တကယ်လို့ အစ်ကို ရှိနေရင် ရွာမှာ ပိုဆိုးတာတွေ ဖြစ်လာနိုင်တယ် ''
" အစ်ကို ထီရန် ''
" အစ်ကိုက ဒီနေရာရဲ့ ပြဿနာကောင်လို ဖြစ်နေပြီ လောင်ထယ် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး ''
" ဒါပေမယ့် အစ်ကို သွားရင် အစ်ကို ကျွန်တော်တို့ကို ထားခဲ့သလို ဖြစ်သွားမှာပေါ့ ''
" ဒါပေမယ့် အစ်ကို ဆက်နေနေရင် ဒီမှာ ပြဿနာတွေပဲ ပိုများလာမှာပေါ့ အစ်ကိုတော့ နေသင့်တယ်လို့မထင်တော့ဘူး ''
" အစ်ကို ပြောနေတာက ''
" အစ်ကို ဘန်ကောက်ကို ပြန်တော့မယ် ''
ဆရာလေးထီရန်လည်း ဝမ်းနည်းကာ ပြောရင်း လောင်ထယ်လည်း ဝမ်းနည်းလျက်ဖြစ်နေလေသည်။ ကျောင်းအိမ်ယာကြီး၌ အဝတ်စားတွေ သိမ်းနေတဲ့ ဆရာလေးထီရန် ဘန်ကောက်ကို ပြန်တော့မည်ဟု တွေးထားပြီးလေသည်။
ထိုအချိန် ခေါင်းဆောင်ဖူဖာ ရောက်လာကာ ဆရာလေးထီရန်လည်း အဝတ်အစားတွေ သိမ်းရင်း
" ထီရန် ''
" ခေါင်းဆောင် ''
" မင်း ဘန်ကောက်ကို ပြန်တော့မယ်လို့ ငါ့ကို လောင်ထယ်က ပြောတယ် ''
" ဟုတ်တယ် ''
" အရင် စိတ်အေးအေး ထားလို့ မရဘူးလား ''
" ဒါကသာ ကျွန်တော် အကောင်းဆုံးလုပ်နိုင်တဲ့ တာဝန်ယူခြင်းပဲ ''
အဲသလို ဆရာလေးထီရန် ပြောပြီး သူ၏အိတ်ကို ယူကာ အိမ်ပြင်မှ ဝရံတာအကျယ်ကြီးဆီ ထွက်သွားလေသည်။ ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်အနောက်ကို လိုက်သွားကာ အိမ်ပြင်မှာချိတ်ထားသည့် သစ်တောထိန်းသိမ်းရေးဝန်ထမ်းအင်္ကျီကို ဆရာလေးထီရန် မြင်၍
" အင်း ခေါင်းဆောင်ရဲ့ အင်္ကျီ ''
အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာကို ပေးလိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ထိုအင်္ကျီလေးကို ယူကာ ခဏတာ ငြိမ်၍ ဆရာလေးထီရန်အား
" မင်း မထင်ဘူးလား မင်းဒီလိုလုပ်တာက ပြဿနာတွေကနေ ထွက်ပြေးတယ်လို့ ''
" ကျွန်တော့်ကို အဲဒီလို မြင်လည်း ရပါတယ် ခေါင်းဆောင် ဒါပေမယ့် ကျွန်တော့်ကို စိတ်ပြောင်းအောင် မကြိုးစား ပါနဲ့တော့ ''
" မင်းစိတ်ပြောင်းအောင် ကြိုးစားနေတယ်လို့ ဘယ်သူ ပြောလဲ တကယ်လို့ မင်းထွက်သွားချင်တယ်ဆိုရင် ငါလိုက်ပို့ပေးမယ် ''
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ''
အဲသလို ပြောပြီး ဆရာလေးထီရန် အဝတ်တွေကို သိမ်းလိုက်လေတော့သည်။ ထို့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို မပြန်စေချင်သည့်စိတ်ကြောင့် သူ၏နှုတ်ဖျားက ပြောလာပုံတွေက
" ဒီမှာ အန္တရာယ် ရှိတယ်ဆိုတာ သိပါတယ် မင်း ခြိမ်းခြောက်ခံနေရနိုင်တယ် ''
အဲသလို ဖြစ်ပြီး ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ အိတ်ကိုဆွဲယူလျက်
" ငါနဲ့လာနေ ''
အဲသလို ပြောပြီး ခေါင်းဆောင်ဖူဖာ အိတ်ကို ကိုင်ကာ ထွက်သွားရာ ဆရာလေးထီရန်လည်း အနောက်မှ ဖာဖီရွန်တပ်စုကို တစ်ကောက်ကောက် လိုက်သွားရလေတော့သည်။
ဖာဖီရွန်တပ်စုကို ရောက်သွားရာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို သူ၏အခန်းထဲ ခေါ်သွားလေသည်။ ခေါင်းဆောင်ဖူဖာလည်း အခန်းပြတင်းပေါက်ကို ဖွင့်ရာ အခန်းလေးက လင်းလာပြီးနံရံမှာချိတ်ထားသည့် ပန်းချီကားလေးကအထင်းသား ပေါ်လာလေသည်။
ဆရာလေးထီရန်လည်း ဖာပန်းဒေါင်းရေတံခွန် ရွာ ကျောင်း တောင်တန်းတွေပါသည့် ထိုပန်းချီကားလေးကို ကြည့်၍
" ခေါင်းဆောင် ဒီပုံက ခေါင်းဆောင် ဆွဲထားတာလား ''
" အင်း အပျော်ဆွဲထားတာ ''
" တကယ်ကောင်းတယ် ''
" အစိုးရဝန်ထမ်းအိမ်ဆိုတော့ ဒီလောက်ပဲ ရှိတာ ''
ခေါင်းဆောင်ဖူဖာက အဲသလို ပြောလျှင် ဆရာလေးထီရန်လည်း အခန်းကျဥ်းလေးကို လှည့်ပတ်ကြည့်ကာ သံကုတင်ပေါ်၌ သူ၏အိတ်ကလေးကို ချပြီး
" ဘာဖြစ်လို့လဲ ဆရာအတွက်ပေးတဲ့ အိမ်ထက် ကောင်းပါတယ် အနည်းဆုံးတော့ လျှပ်စစ်မီးရှိတယ်လေ ''
" မီးစက်က အချိန်ဇယားနဲ့ ဖွင့်တာလေ ညဘက် လိုအပ်တဲ့အချိန်လောက်ပဲ သုံးတာ ''
" သိပါတယ် ဖုန်းအားသွင်းဖို့ မသုံးပါဘူး ''
" တကယ်တော့ သုံးလို့ရပါတယ် ''
" မထူးဆန်းဘူးလား ဖုန်းမရှိတော့လည်း နေနိုင်တာပဲ ဖုန်းခေါ်လို့ရတယ် ဆိုရင်တောင် ဘယ်သူ့ကို ခေါ်ရမှန်း မသိတော့ဘူး ''
" မင်းအိမ်ကို မလွမ်းဘူးလား ''
" ဒီကို စရောက်တုန်းကတော့ လွမ်းတာပေါ့ ဒါပေမယ့် အခုတော့ နေသားကျလာပါပြီ ''
" အင်း မင်းဒီမှာ လုံခြုံမှာပါ တရားခံကို မဖမ်းမိသေးခင် အချိန်ထိ အပြင်မသွားနဲ့နော် ရွာသားတွေအတွက်ကတော့ စောင့်ရှောက်ပေးဖို့ လူတွေပို့ထားတယ် ''
" ခေါင်းဆောင် ''
" ဘာလဲ ''
" တရားခံကို မဖမ်းမိရင်ကော ဘယ်လိုလုပ်မလဲ ''
" ဒီမှာနေပေါ့ အကန့်အသတ်မရှိ နေမလား ''
" မသိဘူး ''
အဲသလို ခေါင်းဆောင်ဖူဖာကလည်း စိုးရိမ်မှုတွေ ဂရုစိုက်မှုတွေ နဲ့အတူ ဆရာလေးထီရန်ကို အူယားအောင် ချစ်ဖို့ကောင်းအောင် ရင်ခုန်အောင် ပြောပြီး ဆရာလေးထီရန်လည်း ရှက်ကိုးရှက်ကားဖြင့် အပြုံးတစ်ချက် ပြုံး၍ သံကုတင်ပေါ် ထိုင်ချလိုက်လေသည်။
ထို့နောက် ဆရာလေးထီရန်က ထိုကုတင်မှ ခေါင်းဦးဘေးမှာရှိသော ဆရာလေးထီရန် ခေါင်းဆောင်ဖူဖာကို ပေးထားသော လက်ဖက်မွှေးအိတ်လေးကို ကိုင်ပြီး ကြည့်ရင်း ခေါင်းဆောင်ဖူဖာက မလှုံမလဲဲဖြင့်
" ငါ့ဟာ ''
ဟူ၍ ပြောပြီး တစ်ခြားတစ်နေရာကို ထွက်သွားလေတော့သည်။ မှန်၏။ ဆရာလေးထီရန် ပေးထားသည့် လက်ဖက်မွှေးအိတ်လေးကို အိပ်ယာဘေးမှာ အမြတ်တနိုးတန်ဖိုးထားသမို့ ခေါင်းဆောင်ဖူဖာ စိတ်ထဲရှက်သလို ဖြစ်သွားသည်ကို ဆရာလေးထီရန် ကြည့်၍ ခဏတာရည်မောလိုက်လေသည်။
ဖာဖီရွန်တပ်စု ဝါးခြမ်းစိတ်အကြီးတွေ ကာထားသည့် ရင်ဘတ်အထိအရှည်ရှိသည့် ရေချိုးခန်းထဲကို ခေါင်းဆောင်ဖူဖာ အပေါ်ပိုင်း အဝတ်ဗလာဖြင့် ဝင်သွားလေသည်။
ထို့နောက် ခါးမှာပတ်ထားသည့်အဝတ်ကို ချွတ်၍ ရေချိုးခန်းအကာအပေါ်တင်ထားကာ မျက်နှာသစ် ရေလောင်း၍ ဆပ်ပြာလေးကို လက်ဖြင့် အမြှုပ်ထအောင် ပွတ်တိုက်လိုက်လေသည်။
အဲ့နောက် သူ၏ ရင်ဘတ်တွေ လည်ပင်းတွေ မျက်နှာတွေကို ဆပ်ပြာတိုက်၍ ရေချိုးနေလေတော့သည်။ ခေါင်းဆောင်ဖူဖာ၏ အတွေးထဲ၌ ကြည်နူးမှုတွေကို တွေးမိကာ ပြုံးနေလေသည်။
ဖာဖီရွန်တပ်စု၏ ဝန်ထမ်းအိမ်ယာအဆောင်ထဲက ကုတင်ပေါ်တွင် ထိုင်နေသည့် ဆရာလေးထီရန် ရေချိုးဖို့ ခါးမှာ အဝတ်စည်းထားလေပြီး အပေါ်မှ အင်္ကျီကိုတော့ မချွတ်သေးဘဲ ဝတ်ထားသည် ရှိသည်။ ထို့နောက် ဖလားခွက်ထဲ မျက်နှာသစ်ဆပ်ပြာ စသဖြင့် လိုအပ်တာတွေထည့်ပြီး ပုခုံးပေါ်တွက်လည်း တဘက်တစ်ခု တင်ထားလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက အပေါ်ပိုင်းအဝတ်ဗလာ ခါးမှာ အဝတ်စည်း၍ အခန်းထဲ ဝင်လာရာ သူ၏ ဖုဖောင်းသည့် လက်မောင်းကြွက်သား ယောက်ျားပီပီသသ ရင်အုံတွေ ဆွဲဆောင်မှုရှိသည့် မျက်နှာ စသည်တို့ကို ဆရာလေးထီရန် ငေးကာ ကြည့်နေ၏။
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 7(A)
အပိုင္း (၁၉)
ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕၏ ခန္းနားလွသည့္ အိပ္ခန္းႀကီးတစ္ခုတြင္ ကုတင္ေပၚ၌ ထီရန္တစ္ေယာက္ ထိုင္ေနကာ ေဘးနားကခုံေပၚမွာလည္း မီးအိမ္ကေလး ထြန္းထားေလသည္။
သူ၏ႏွလုံးအတြင္းသားနံရံ ေရာင္ယမ္းျခင္းေၾကာင့္ ႏွလုံးလည္း လွဲလွယ္ၿပီးခ်ိန္ ပါတီပြဲမွာ သူ၏အေဖ အေမ ဝမ္ခ်ိဳင္ တို႔က ဆရာေလးထီရန္၏ႏွလုံးအလႉရွင္နဲ႕ ပတ္သက္၍ ေျပာလာၾကကာ သူတို႔က ဆရာေလးထီရန္ကို တစ္ခုခု ဖုံးကြယ္ထားသလို ျဖစ္၍ ပါတီပြဲမွ အကၤ်ီအျဖဴမွာ ဝိုင္အနီေတြ ေပစြန္း၍ ျပန္လာခ်ိန္ ထီရန္က ကုတင္ေပၚမွာ ထိုင္ကာ ရွိေနေလသည္။
ထီရန္တစ္ေယာက္ ေထာ့ဖန္၏ဒိုင္ယာရီစာအုပ္ကို ကိုင္ကာ ေရးထားသည့္ စာေလးေတြကို ဖတ္ရႈေနေလသည္။
ထိုအခါ ထူးထူးျခားျခား ထီရန္ျမင္ေတြ႕လိုက္သည့္ ေထာ့ဖန္ေရးထားသည့္ စာေလးက
" ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕ ငါ ဒီေန႕
အိမ္ျပန္ခဲ့တယ္ ''
ဟူ၍ ပင္ ျဖစ္ေလသည္။ ထီရန္လည္း ထိုစာေလးကို ၾကည့္ရင္း အံ့ၾသကာ ဖတ္ၾကည့္ေနေလသည္။
" ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕ ငါ ဒီေန႕ အိမ္ျပန္ခဲ့တယ္ ကေလးေတြ မနက္က ငါ့ကို လာေတြ႕သြားၾကတယ္ ''
ထိုအခ်ိန္ ဆရာေလးထီရန္က ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕ဟူသည့္ စာသားေလးကို အံ့ၾသကာ ၾကည့္ရင္း ထီရန္က သူႏွလုံးအစားထိုးထားၿပီး ကုတင္ေပၚမွာ လွဲေနခ်ိန္ သူနာျပဳဆရာမေလးကို သူက ရက္ေမးခဲ့တာကို သတိရေလေတာ့သည္။
" အစ္မ ဒီေန႕က ဘယ္ႏွစ္ရက္ေန႕လဲဗ် ''
" ထီရန္ ဆိုဖာ့ဒစ္စကြန္း ၂၀၂၀ ဧၿပီလ
၉ ရက္ေန႕ ''
အဲဒီလို ထီရန္၏ ဆလိုင္းပိုက္ထိုးထားသည့္ လက္ေကာက္ဝတ္မွာ ရက္စြဲႏွင့္အတူ လက္ပတ္ကေလး အပ္ကို ဖိကပ္ထားေလသည္။
" အဲဒီ ေကာင္စုတ္မ ေထာ့ဖန္ အသက္ရွိတုန္းက ငါ့ကို ဘာမွ ဂ႐ုမစိုက္ခဲ့ဘူး ေနာက္က်ေတာ့ ကားတိုက္ခံရၿပီး ေသသြားတယ္ေလ ''
အဲဒီလို ေထာ့ဖန္၏အေဒၚေျပာတာကိုလည္း ထီရန္က သတိရေနေလသည္။ ေထာ့ဖန္ ဖာပန္းေဒါင္းက ျပန္ခဲ့သည့္ရက္က လိုင္းကားေပၚမွာ ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕ ဒီေန႕ မနက္က ကေလးေတြ လာေတြ႕သြားၾကတယ္ ဟူ၍ စာေလးေရးထားေလသည္။
ထိုညမွာ ေထာ့ဖန္၏အေဒၚက ဘယ္အခ်ိန္ ျပန္ေရာက္မွာလဲ ေမး၍ ၁ နာရီေလာက္ျဖစ္မယ္ ကားေနာက္က်လိဳ႕ ဆိုၿပီး ေထာ့ဖန္က ျပန္ေျဖေလသည္။
ဒါဆို ေထာ့ဖန္ကို မနက္ ၁ နာရီေက်ာ္ ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕မွာ ကားတိုက္ခဲ့တာ ျဖစ္ၿပီး ထီရန္ကိုလည္း ထိုေန႕ညမွာ ႏွလုံးအစားထိုးခဲ့ျခင္း ျဖစ္၍ အဲသလို ရက္ကေလးကို ေရးထားသည့္ ေထာ့ဖန္၏စာအုပ္ထဲမွ စာသားေလးကို ထီရန္ ဖတ္ကာ သတိရေနေလသည္။
" ၂၀၂၀ ဧၿပီလ ၉ ရက္ေန႕ ''
ထီရန္လည္း ေထာ့ဖန္၏ဒိုင္ယာရီစာအုပ္ကို ကုတင္ေဘးက အံဆြဲထဲတြင္ ထည့္၍ အေရးတႀကီး ကုတင္မွ ထသြားေလသည္။ ထို႔ေနာက္ ကြန္ပ်ဴတာအေရွ႕တြင္ ထိုင္ကာ ကြန္ပ်ဴတာ၏ ဆက္ခ်္စ္ မွာ ေထာ့ဖန္ခ်ရဖြန္ မေတာ္တဆျဖစ္ပြားမႈ ဟူ၍ ရိုက္ႏွိပ္လိုက္ေလသည္။
" ေထာ့ဖန္ခ်ရဖြန္ မေတာ္တဆျဖစ္ပြားမႈ ''
အခ်ိန္က ညအခ်ိန္ျဖစ္ေနသမို႔ အခန္းကို အေမွာင္ခ်ထားကာ ကြန္ပ်ဴတာအေရွ႕မွာ ကြန္ပ်ဴတာက မီးေရာင္ မ်က္ႏွာေပၚက်ေရာက္ေနသည့္ ထီရန္တစ္ေယာက္ သူတို႔၏ အေမအေဖတို႔က သူ၏ႏွလုံးရွင္အေၾကာင္းနဲ႕ ပတ္သက္၍ လွ်ို႔ဝွက္ထားရာ ေနာက္ပိုင္း သူ႕အေဖအခန္းထဲတြင္ ေထာ့ဖန္၏ကိုယ္အဂၤါလႉဒါန္းမႈေဖာင္ကို ေတြ႕သြားေလသည္။
ထို႔ေနာက္ ထီရန္က သူ၏သူငယ္ခ်င္းတြန္နဲ႕ ေထာ့ဖန္အေၾကာင္းကို စုံစမ္းကာ အဲသလို ေထာ့ဖန္၏အေဒၚက ကားတိုက္၍ ေသသြားၿပီ ေျပာသမို႔ ထီရန္က ယခုလို ဆက္ခ်္စ္ မွာ ရွာၾကည့္ေလသည္။
" ၿပိဳင္ကားတစ္စီးမွ လုပ္အားေပးဆရာမတစ္ဦးအားတိုက္၍ေသဆုံး ဧၿပီလ ၉ ရက္ေန႕တြင္ ေသဆုံးသူ ေထာ့ဖန္ခ်ရဖြန္ကို ကားတစ္စီးတိုက္၍ တိုက္သည့္ကားလိုင္စင္နံပါတ္ PM-3333 ျဖစ္၏။ ''
အဲသလို သတင္းေတြ စသျဖင့္ စသျဖင့္ ေရးထားၿပီး ေထာ့ဖန္၏ကားတိုက္၍ေသေနသည့္အေလာင္း ရဲကား လမ္းေပၚမွာ မီးအနည္းငယ္သာရွိ၍ အေမွာင္ျဖစ္ေနသည့္ ဓါတ္ပုံေတြကို ထီရန္ ေတြ႕ကာ အံ့ၾသေနေလသည္။
ထိုအခါ ထီရန္က ႏွလုံးအစားထိုးၿပီးေနာက္ ကလပ္မွာ သူ၏သူငယ္ခ်င္းကို ေျပာတာကို သတိရေလေတာ့သည္။
" မင္းတို႔သိလား ငါ့အေဖနဲ႕အေမက ငါမသိဘဲ ကားကို ေရာင္းပစ္လိုက္ၾကတယ္ ''
" ဒါေပမယ့္ ငါကေတာ့ အဲဒီလိုလုပ္တာ မွန္တယ္ ထင္တာပဲ ေနာ္ ''
" ဟုတ္တယ္ ''
အဲသလိုသတိရၿပီးေနာက္ ထီရန္က ႏွလုံးအစားမထိုးခင္ သူ ကလပ္မွာ မူးေနာက္ေနာက္ျဖစ္ေနၿပီး ခ်ိန္းထားသည့္ၿပိဳင္ပြဲကို တြန္က ဖ်က္ဖို႔ ေျပာေနတာကို သတိရေလျပန္သည္။
" ေဟ့ ထီရန္ ငါ့စိတ္ထဲ တစ္မ်ိဳးႀကီးပဲ ဖ်က္လိုက္ရေအာင္ေလကြာ ''
" အဲ့ေကာင္က ငါ့ကို ငေၾကာက္လို႔
ထင္သြားမွာေပါ့ ''
အဲသလို ထီရန္က အေတြးေတြ ရႈပ္ေထြးကာ အေရးတႀကီး ဖုန္းကို ကိုင္၍ ကြန္ပ်ဴတာအေရွ႕မွာ ထိုင္လ်က္ တြန္ ဆီသို႔ ဖုန္းေခၚလိုက္ေလသည္။
" ေဟ့ တြန္ ငါ မင္းကို ေမးစရာရွိတယ္ အဲဒီညက ကားၿပိဳင္ပြဲ ကိစၥ ''
အဲသလို ထီရန္က တြန္ကို အေၾကာင္းအရာအစုံအလင္ေမးၿပီး ကြန္ပ်ဴတာမွ ပုံကိုလည္း အံ့ၾသေနသည့္ မ်က္ႏွာျဖင့္ ၾကည့္ေနေလသည္။
ကြန္ပ်ဴတာမွ ပုံသည္ ထီရန္က ကားအေရွ႕မွာ ရပ္ေနၿပီး ထိုကား၏ လိုင္စင္နံပါတ္ေလးက PM-3333 ျဖစ္ေလသည္။ ထို႔ေၾကာင့္ ထီရန္က တြန္ဆီ အေၾကာင္းအရာအျပည့္အစုံေမးလိုက္သည္။
ေထာ့ဖန္ကို တိုက္သည့္ ကားလိုင္စင္နံပါတ္ႏွင့္ ထီရန္၏ ကားနံပါတ္က တူေနေလသည္။
ဒါဆို ေထာ့ဖန္ခ်ရဖြန္က ဧၿပီလ ၉ ရက္ေန႕မွာ ဖာပန္းေဒါင္းက ျပန္လာၿပီး ထီရန္လည္း ထိုေန႕ညမွာ ဟိုဘဲႀကီးနဲ႕ ကားၿပိဳင္ပြဲလုပ္ခဲ့ရာ ေထာ့ဖန္ခ်ရဖြန္ကို ထီရန္၏ ၿပိဳင္ကားတိုက္မိ၍ အဲဒီညမွာပဲ ထီရန္ ေဆး႐ုံေရာက္ကာ သူတိုက္မိသည့္ ေထာ့ဖန္ခ်ရဖြန္၏ႏွလုံးျဖင့္ အစားထိုးခဲ့ရာ ေသသည့္ရက္ႏွင့္အစားထိုးခဲ့သည့္ ရက္ခ်င္းတူ၍ တိုက္မိသည့္ကားႏွင့္ ပိုင္သည့္ကားနံပါတ္လည္း တူေနေလသည္။
အဲဒီလိုဆိုရင္ ေထာ့ဖန္ခ်ရဖြန္ကို တိုက္သည့္ၿပိဳင္ကားပိုင္ရွင္တရားခံက ထီရန္ျဖစ္ေလသည္။ ထို႔ေၾကာင့္ ထီရန္၏ အေဖနဲ႕အေမက သူ႕ကားကို သူမသိေအာင္ ေရာင္းၿပီး ႏွလုံးအလႉရွင္ကိုလည္း မေျပာျပဘဲ ကားတိုက္သည့္အမႈခင္းကိုလည္း မေပၚေအာင္ ဝမ္ခ်ိဳင္ တို႔၏ အကူအညီျဖင့္ ဖုန္းကြယ္ထားေလသည္။
ထီရန္က အဲဒီအေၾကာင္းေတြကို မသိဘဲ အဘယ္ေၾကာင့္ သူ၏မိဘေတြကို ေမးေနသည္လဲဆိုတာ သူက ကားၿပိဳင္ပြဲ လုပ္ခဲ့သည္အထိပဲ မွတ္မိၿပီး ေနာက္ပိုင္းက သူ၏ႏွလုံးအတြင္းသား ေယာင္ယမ္းမႈေၾကာင့္ မမွတ္မိ၍ ထိုသို႔ ယခုမွ သိရေလသည္။
ဒါဆို အရင္ခ်ိန္တုန္းက ဖာပန္းေဒါင္းမွ ဆရာေလးထီရန္ အိပ္မက္မက္ခဲ့စဥ္က ေခါင္းေဆာင္ဖူဖာ ေျပာသည့္ မင္းကိုယ္မင္း ျပန္ေမးၾကည့္ပါ ဆိုသည့္စကားက ယခု အျဖစ္အပစ္ကို ေျပာျခင္းျဖစ္ေလသည္။
ကားနံပါတ္ေတာ့ ထီရန္၏ကားနံပါတ္ ျဖစ္ေလသည္။ သို႔ေပမယ့္ ထီရန္ ကိုယ္တိုင္တိုက္မိလား မတိုက္မိဘူးလားဆိုတာမေသခ်ာေသးေပ ျဖစ္၏။ ထင္ရသည္သာလွ်င္...။
ဒါဆို ထီရန္က ဖာပန္းေဒါင္းကို မသြားခင္ ယခုလို အျဖစ္အပစ္ေတြကို သိရွိခဲ့ရေလျခင္း ျဖစ္မည္ ထင္သည္။ မွန္လည္း မွန္၏။ ဒါေၾကာင့္ သူ ဖာပန္းေဒါင္းကို သြားျခင္း ျဖစ္ေလသည္။
ေထာ့ဖန္ကို သူ၏ကားနဲ႕တိုက္မိၿပီး သူကိုယ္တိုင္ကပဲ ေထာ့ဖန္၏ ႏွလုံးကို အလႉခံထားရသမို႔ ေထာ့ဖန္အစျပဳခဲ့သည့္ ဖာပန္းေဒါင္း႐ြာမွ ကေလးေတြကို စာသင္ေပးဖို႔ ဘဝအသစ္ကို ဖန္တီးေပးတဲ့ ေထာ့ဖန္အစား ထီရန္က ဆရာသြားလုပ္ျခင္း ျဖစ္ေလသည္။
ဖာပန္းေဒါင္းက လူတစ္ခ်ိဳ႕က အေၾကာင္းအရာေတြ အကုန္နီးပါး သိတဲ့လူက သိရွိၿပီး ယခုလို ေထာ့ဖန္ကို ထီရန္၏ကားျဖင့္ တိုက္၍ ေသဆုံးသည္ဆိုတာ ဘယ္သူမွ မသိေသးေခ်။
ဒါဆို အမွန္တရားကို ဖုန္းကြယ္ထားလို႔မရဘူးဆိုသည့္ နိယာမအတိုင္း ထီရန္တစ္ေယာက္ အျဖစ္အပစ္ေတြကို ဘယ္လိုမ်ား ရွင္းျပေပးေတာ့မည္လဲဆိုတာ ဖာပန္းေဒါင္းက ေက်ာင္းႀကီးမီးေလာင္၍ မီးခိုးေငြ႕ေၾကာင့္ အသက္ရႉရၾကပ္ၿပီး ေမ့လွဲသြားသည့္ ဆရာေလးထီရန္ကို သြားၿပီး ဖတ္ရႈၾကရေပမည္။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
UNIT - 7
မနက္ခင္းေစာေစာအခ်ိန္
မေန႕ညက ေက်ာင္းႀကီးမီးေလာင္၍ မီးေလာင္ေနသည့္ေက်ာင္းႀကီးထဲ ဆရာေလးထီရန္ ေျပးဝင္သြားသမို႔ မီးခိုးေငြ႕ေတြေၾကာင့္ အသက္ရႉရၾကပ္ၿပီး ေမ့လွဲသြားရာ ေခါင္းေဆာင္ဖူဖာ သြားၿပီးေပြ႕ခ်ီလာခဲ့ၿပီး ထီရန္ဟုလည္း သူက အေရးတႀကီးေခၚေလသည္။
ဆရာေလးထီရန္ သူ၏ရင္ဘတ္တြင္ ဆရာေလးထီရန္အတြက္ ဟုေရးထားသည့္ ေခါင္းေဆာင္ဖူဖာကိုယ္တိုင္လုပ္ေပးထားသည့္ ပါေပါက္စြန္ေလးကို ရင္ဘတ္မွာ ေပြ႕ပိုက္ထားေလသည္။
လက္ဖက္ေမႊးအိတ္ေတြ မီးထဲပါသြားေပမယ့္ သူခ်စ္တဲ့ သူဘဲႀကီးလုပ္ေပးထားတဲ့ ပါေပါက္စြန္ေလးေတာ့ အပါမခံနိုင္ အခ်စ္ရဲ႕ အာနိသင္ႀကီးပုံက အသက္ကိုပါ စြန့္သြားသည့္အထိ ရဲရင့္လွတဲ့ ဆရာေလးထီရန္ အံ့မခန္းပင္ ျဖစ္ေပသည္။
ယခုလည္း ဖာဖီ႐ြန္တပ္စုတြင္ ေခါင္းေဆာင္ဖူဖာ၏ကုတင္ေပၚ၌ ဆရာေလးထီရန္ အိပ္ေပ်ာ္ေနေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ကုတင္ေဘးတြင္ ခုံကေလးျဖင့္ ထိုင္ကာ ဆရာေလးထီရန္ကို စိုးရိမ္တႀကီး ၾကည့္ေနေလသည္။
ေခါင္းေဆာင္ဖူဖာဆိုသည့္ သစ္ေတာထိန္းသိမ္းေရးယူနီေဖာင္းကို ဝတ္ထားသည့္ ေခါင္းေဆာင္ဖူဖာ စိုးရိမ္တႀကီးျဖစ္ေနတာ လြန္ကို လြန္လြန္းပါသည္။ သူတို႔ နစ္ေယာက္က အဲသေလာက္ထိ အခ်စ္ႀကီးၾကေပသည္။
အခ်စ္ႀကီးသလိုလည္း စိုးရိမ္မႈေတြႀကီးကာ ခံစားခ်က္ေတြ ဖုန္းကြယ္ထားတတ္သည္။ တစ္ေယာက္ေပၚတစ္ေယာက္ ခံစားခ်က္ရွိေနတာသိရက္ျဖင့္ ဘာလို႔ မဖြင့္ေျပာေသးတာလဲဆိုတာ အံ့မခန္းပင္ ျဖစ္ေခ်သည္။
ေခါင္းေဆာင္ဖူဖာလည္း ကုတင္ေပၚလွဲေနသည့္ ဆရာေလးထီရန္ကို ေစာင္ေလးၿခဳံေပးကာ စိုးရိမ္တႀကီးျဖင့္ ၾကည့္ေနေလသည္။ ထိုအခါ ေခါင္းေဆာင္ဖူဖာ၏ နံေဘးတြင္ ေဒါက္တာနမ္ကေရာက္ေနရာ ေခါင္းေဆာင္ဖူဖာက ေဒါက္တာနမ္အား
" သူ႕ကို ဂ႐ုစိုက္ေပးပါေနာ္ ၾကည့္ထားေပးေနာ္ ''
" အင္း ေခါင္းေဆာင္ စိတ္မပူပါနဲ႕ ငါ ၾကည့္ထားလိုက္မယ္ ေနာ္ ''
ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာက ခုံေပၚမွ သူ၏ဦးထုပ္ကို ယူကာ ဆရာေလးထီရန္ကို စိုးရိမ္တႀကီးျဖင့္ၾကည္၍ သူ၏တာဝန္ေတြကလည္း ရွိေသးသမို႔ စိုးရိမ္စိတ္မခ်ေပမယ့္ ထြက္သြားလိုက္ရေလသည္။
ေဒါက္တာနမ္လည္း ကုတင္ေဘးက ခုံမွာထိုင္ကာ ဆရာေလးထီရန္ကို နားမလည္သည့္ အၾကည့္ေတြနဲ႕ ၾကည့္ေနေလသည္။ အဲ့ေနာက္ ေဒါက္တာနမ္က ဆရာေလးထီရန္၏ ကုတင္ေဘးမွ ထလာကာ ထိုဖာဖီ႐ြန္တပ္စုမွ တယ္လီဖုန္းရွိသည့္ ခုံအနားကို လာခဲ့ေလသည္။
ထို႔ေနာက္ ထိုဖုန္းကို ကိုင္ကာ ဘန္ေကာက္ၿမိဳ႕မွ ေဆးဝန္ထမ္း တစ္နည္းအားျဖင့္ ဆရာဝန္ ဦးဝီနိုင္ ျဖင့္
" ဟယ္လို မဂၤလာပါ ဦးဝီနိုင္ ''
" ..... ''
" ကြၽန္ေတာ္က ေဒါက္တာနမ္ဆန္ပါ ကြၽန္ေတာ္ အကူအညီတစ္ခုေလာက္ ေတာင္းလို႔ရမလား ''
" .... ''
" ထီရန္လို႔ ေခၚတဲ့ ဆရာေလးရဲ႕ ေဆးကုသမွတ္တမ္းေလး ပို႔ေပးလို႔ ရမလား ခင္ဗ် ''
" .... ''
" ေအာ္ ဘာမွမျဖစ္ပါဘူး သူ ေနမေကာင္းျဖစ္႐ုံပါ သူ႕မွတ္တမ္းကို ၾကည့္ၿပီး သူ႕ရဲ႕အရင္တုန္းက က်န္းမာေရးအေျခအေနေလးကို စစ္ၾကည့္ခ်င္လို႔ပါ ''
" .... ''
" ဒါဆို ကြၽန္ေတာ္ သူ႕နာမည္အျပည့္အစုံ သိလို႔ရမလားခင္ဗ် ''
" .... ''
" ထီရန္ ဆိုဖာ့ဒစ္ ဆိုဖာ့ဒစ္စကြန္း အဲဒါက သဘာဝအရင္းအျမစ္ဝန္ႀကီးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္မႉးေဟာင္း တီရာယြတ္ရဲ႕ ေနာက္ဆုံးနာမည္မို႔လား ''
" ...... ''
" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ် ''
အဲ့ဒီလို ေျပာၿပီး ေဒါက္တာနမ္ဆန္ဟု ေခၚသည့္ ေဒါက္တာနမ္ ဖုန္းခ်လိဳက္ေလသည္။ ေဒါက္တာနမ္က ဆရာေလးထီရန္ဟာ သဘာဝအရင္းအျမစ္ဝန္ႀကီးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္မႉးေဟာင္း တီရာယြတ္ ဆိုဖာ့ဒစ္စကြန္း ၏ သား ထီရန္ ဆိုဖာ့ဒစ္စကြန္း ဆိုတာကို သိသြားေလေတာ့သည္။
ဆိုဖာ့ဒစ္စကြန္းမွ စကြန္း ဆိုသည့္ စကားလုံးေလးကို ၾကား႐ုံနဲ႕ ဘယ္ေလာက္ထိ ႂကြယ္ဝခ်မ္းသာသည္ဆိုတာ သိနိုင္ေပသည္။ ဒီလိုနဲ႕ ေဒါက္တာနမ္က ဆရာေလးထီရန္ဟာ ႏွလုံးအစားထိုးထားၿပီး အဲ့ဒီလို ႂကြယ္ဝခ်မ္းသာသည္ဆိုတာကို သိသြားေလေတာ့သည္။
ေဒါက္တာနမ္လည္း ဆိုဖာ့ဒစ္စကြန္း ဆိုသည့္ စကားလုံးကို ေသေသခ်ာခ်ာ ၾကည့္ကာ ခဏက ဖုန္းေျပာရင္း စာအုပ္ေပၚမွာ မွတ္ထားသည့္ ထီရန္ ဆိုဖာ့ဒစ္စကြန္းမွ ဆိုဖာ့ဒစ္စကြန္းကို ခဲျဖင့္ ဝိုက္ျခစ္ကာ နားမလည္သလို ျဖင့္ ၾကည့္ေနေလသည္။
ထိုအခ်ိန္ ဆရာေလးထီရန္က ကုတင္ေပၚမွာ သတိရလာေလသမို႔ ေဒါက္တာနမ္လည္း ဆရာေလးထီရန္အနားသြားၿပီး ကုတင္ေပၚမွာ ထိုင္ခိုင္းလိုက္ကာ ေရတစ္ခြက္ ေပးလိုက္ေလသည္။
" ျဖည္းျဖည္း ''
" ေက်းဇူးတင္ပါတယ္ေနာ္ ''
" မင္း ဘယ္လိုေနေသးလဲ ''
" လည္ေခ်ာင္း နည္းနည္း နာေနတယ္ ''
" ထီရန္ ''
" ဟင္ ''
အဲသလို ေဒါက္တာနမ္က ထီရန္ဟု ေခၚၿပီး ဆရာေလးထီရန္ကို ၾကည့္ေနသည္မွာ ခဏက အျဖစ္အပစ္ဟုတ္မဟုတ္ဆိုတာကို ေမးေတာ့မည့္အေမးျဖင့္
" အစ္ကို မင္းကို ေမးခ်င္တာရွိတယ္ ''
ဟူ၍ အေမးျပဳလိုက္လွ်င္ ဆရာေလးထီရန္က သူနဲ႕ေထာ့ဖန္ဘယ္လို ပတ္သက္တာလဲဟူသည့္ အေမးေတြ သူဖုန္းကြယ္ထားသည့္အရာေတြကို ေမးမည္စိုး၍ စိတ္ထဲစိုးထင့္ကာ ျဖစ္ေနေပမယ့္ တကယ့္အေမးက
" မင္း နာေနေသးလား ''
" ေအာ္ မနာေတာ့ပါဘူးဗ် ''
ဆရာေလးထီရန္လည္း သူ၏ရင္ဘတ္က အမာ႐ြတ္ကို ၾကည့္ကာ ထိုသို႔ ျပန္ေျဖလိုက္ေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္က ႐ုတ္တရက္သတိရလာကာ
" အယ္ ေဒါက္တာ ေခါင္းေဆာင္ေကာဗ် ''
" ဖူလား သူ ခုေလးတင္ ထြက္သြားတယ္ သူ မင္းကို တစ္ညလုံး ေစာင့္ေရွာက္ေပးထားတာ ဒါေပမယ့္ စိတ္မပူပါနဲ႕ သူက ႀကံ့ခိုင္တယ္ ''
" ေဒါက္တာ ေက်ာင္းကေရာဗ် ''
ဆရာေလးထီရန္က အဲဒီလို ႐ုတ္တရက္ ေမးလာေတာ့ ဖာပန္းေဒါင္းေက်ာင္းႀကီး မည္သို႔ ျဖစ္သြားသည္ဆိုတာ သြားၿပီး ဖတ္ရႈရေပမည္။
ေက်ာင္းႀကီး၏အဓိကစတိုခန္းက မီးထဲပါသြားသည္မွာ အမွန္ပင္ ျဖစ္ေပသည္။ သက္ကယ္ေတြလည္း မီးေလာင္၍ တစ္ခုမွ ရဖြယ္ရာမရွိ ဝမ္းနည္းဖြယ္ေကာင္းလွေပသည္။
ထိုေနရာတြင္ ေခါင္းေဆာင္ဖူဖာႏွင့္ ႐ြာသားတစ္ခ်ိဳ႕ ရွိၾကေလသည္။ ထိုအခါ ႐ြာသားတစ္ေယာက္ ေျပာဆိုေနပုံက
" သစ္ပင္ေတြရဲ႕အလယ္မွာ ငွက္ေပ်ာပန္းရိုင္းပြင့္ေနတာေတြ႕ေတာ့ ေက်ာခ်မ္းသြားတာ ငါတို႔႐ြာထဲက လူတစ္ေယာက္ေတာ့ မေကာင္းတာ
တစ္ခုခုလုပ္လိုက္ၿပီပဲ ''
" အရင္တစ္ေခါက္က မင္းသား ကာလယ္ ေရနစ္မလို ျဖစ္တယ္ ''
" ျဖစ္နိုင္တယ္ တစ္ေယာက္ေယာက္ကေတာ့ ေတာေစာင့္နတ္ကို မေလးမစားလုပ္လိုက္ၿပီပဲ ဒါေၾကာင့္ ႐ြာ ႀကိမ္စာ တိုက္ခံရတာ ''
" အခုခ်ိန္ထိ ႐ြာမွာ ေအးေအးခ်မ္းခ်မ္းေနလာၿပီးမွ ေက်ာင္းႀကီးပါ မီးေလာင္ျပန္ၿပီ ဒီကံဆိုးမႈေတြ မျဖစ္ေအာင္ ငါတို႔ ေရေစာင့္နတ္ဆီ သြားၿပီး ပူေဇာ္ပြဲလုပ္ေပးဖို႔ နတ္ဆရာကို ေျပာရမယ္ ''
အဲသလို အာရီ၏အေဖ ကာလယ္၏အေဖႏွင့္ ႐ြာသားတစ္ေယာက္က ေျပာဆိုေနၾကရာ ေခါင္းေဆာင္ဖူဖာက ေဘးနားမွ နားေထာင္ေနေလသည္။ ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက မီးေလာင္ၿပီးသား စတိုခန္းအနားကို သြားကာ မီးေလာင္ၿပီးသား လက္ဖက္ေမႊးအိတ္ အစုတ္အၿပဲကို ကိုင္လ်က္ ေဒါတစ္ပုံ ထေနေလသည္။
အဲသလို ဝမ္းနည္းစြာ မီးေလာင္ထားတဲ့ သက္ကယ္ေတြ လက္ဖက္ေမႊးအိတ္အစုတ္အၿပဲေတြကို ၾကည့္ရင္းျဖင့္ ေခါင္းေဆာင္ဖူဖာက အဝါေရာင္ဆီဘူးတစ္ဘူးကို ေတြ႕ေလသည္။
ထိုအဝါေရာင္ ဆီဘူးက အလြယ္တကူအသုံးျပဳနိုင္သည့္ မီးရွို႔ပစၥည္း တစ္ခု ျဖစ္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ထိုဘူးကို ကိုင္ကာ ေဒါထၿပီး ခဏက လူသုံးဦးအနားကို လာခဲ့ေလသည္။
" ဒါက သဘာဝလြန္ ျဖစ္ရပ္မဟုတ္ဘူး တစ္ေယာက္ေယာက္က ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ေက်ာင္းကို မီးရွို႔သြားတာ ''
" ဘယ္သူမ်ားလဲ ''
အဲသလို ေခါင္းေဆာင္ဖူဖာက စကားဆိုလာရာ အာရီ၏အေဖ ကာလယ္၏အေဖနဲ႕ ႐ြာသားတစ္ေယာက္က နားမလည္သလို ျဖစ္ေနၿပီး ေခါင္းေဆာင္ဖူဖာလည္း ေဒါတစ္ပုံထေနေလသည္။
ဒီလိုနဲ႕ ဖာဖီ႐ြန္တပ္စုမွာ ရွိေနသည့္ ဆရာေလးထီရန္ ခုန္ေပၚမွာ ရွိသည့္ ေရဘူးေလးကို လက္ကေလးက မထိတစ္ထိ သြယ္ကိုင္ထားၿပီး ေဘးနားတြင္လည္း အစားအစာ ခြက္တစ္ခုရွိကာ ဝမ္းနည္းေနေလသည္။
ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာ ေရာက္လာကာ ဆရာေလးထီရန္၏ ေဘးနားမွ ခုံတြင္ ထိုင္လိုက္ေလသည္။
" ေခါင္းေဆာင္ ေက်ာင္းကေရာ ဘယ္လိုလဲ ''
" ေက်ာင္းက တစ္ခ်ိဳ႕အပိုင္းေတြေတာ့ မီးေလာင္သြားတယ္ အဆိုးဆုံးေနရာကေတာ့ လက္ဖက္ေမႊးအိတ္ေတြ ထားတဲ့ စတိုခန္းပဲ က်န္တာေတြက ေရစိုကုန္ၿပီ ''
အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို မီးေလာင္ၿပီးသား လက္ဖက္ေမႊးအိတ္ အစုတ္အၿပဲေလးကို ေပးလိုက္ေလသည္။
ဆရာေလးထီရန္လည္း ထိုအစုတ္အၿပဲ လက္ဖက္ေမႊးအိတ္ေလးကို ၾကည့္ရင္း ဝမ္းနည္းမႈအျပည့္ျဖင့္
" ကြၽန္ေတာ္က တကယ့္ကို ျပႆနာေကာင္ပဲ ကေလးကို ေရနစ္ေအာင္ လုပ္ခဲ့တယ္ ႐ြာသားေတြကိုလည္း
အခက္ေတြ႕ေအာင္ လုပ္ခဲ့ျပန္တယ္ သူတို႔ပိုင္ဆိုင္မႈေတြကိုလည္း ပ်က္စီးေစခဲ့တယ္ ကြၽန္ေတာ္က ဘာ
နဲ႕မွကို မထိုက္တန္တာပါ ဒီမွာ ရွိေနဖို႔လည္း မထိုက္တန္ပါဘူး ကြၽန္ေတာ္ တကယ္ စိတ္မေကာင္း
ျဖစ္ရတယ္ ေခါင္းေဆာင္ ကြၽန္ေတာ္ ျပႆနာ ထပ္ရွာမိျပန္ၿပီ ''
" အပစ္ရွိသလို ခံစားလို႔ရတယ္ ကိုယ့္ကိုကိုယ္ေတာ့ အပစ္မတင္ပါနဲ႕ ''
" ကြၽန္ေတာ္က ၿဂိဳလ္ဆိုးပဲ ''
" မဟုတ္ပါဘူး ကံဆိုးမႈေၾကာင့္ မဟုတ္ဘူး ဒီမီးေလာင္မႈက ရွို႔မီးေၾကာင့္ ျဖစ္ရတာ မီးေလာင္တဲ့ေနရာမွာ ဆီဘူးကို ရွာေတြ႕ခဲ့တယ္ ''
" ဦးဆက္ဒါရဲ႕ လူေတြမို႔လား ''
အဲသလို ဆရာေလးထီရန္က ေျပာလိုက္လွ်င္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ ေျပာသည္မွာ မွန္ေလသမို႔ ဘာမွျပန္မေျပာနိုင္ဘဲ ၿငိမ္ေနရာ ဆရာေလးထီရန္က ဝမ္းနည္း အပစ္တင္မႈျဖင့္
" ကြၽန္ေတာ္သာ ဒီမွာ မရွိခဲ့ဘူးဆိုရင္ ႐ြာသားေတြလည္း ဒီလို အခက္အခဲေတြနဲ႕ ႀကဳံရမွာ မဟုတ္ဘူး
ေခါင္းေဆာင္လည္း ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ဖို႔ ဒုကၡမ်ားေနရမွာ မဟုတ္ဘူး ''
" ငါကေတာ့ ေပ်ာ္တယ္ ငါ မင္းကို ေျပာခဲ့တယ္ေလ ငါ့တာဝန္က မင္းကို ေစာင့္ေရွာက္ေပးဖို႔ေလ ''
အဲသလို ေခါင္းေဆာင္ဖူဖာက သစ္ေတာထိန္းသိမ္းေရး ဝန္ထမ္းအကၤ်ီကိုသာ ဝတ္ထားတာ တာဝန္က ဆရာေလးထီရန္ကိုသာ ေစာင့္ေရွာက္ဖို႔ဟူ၍ ေျပာလာလွ်င္ သူတို႔ႏွစ္ေယာက္ အၾကည့္ေတြက ခ်စ္ျခင္းအျပည့္ျဖင့္ ၾကည့္ေနၾကကာ ဆရာေလးထီရန္က
" ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ဂ႐ုတစိုက္ၾကည့္ကာ သူ၏လက္ကေလးက ဆရာေလးထီရန္၏ ေဖြးၿပီးအိစက္ေနတဲ့ ပါးျပင္ေလးကို ဖြဖြေလးကိုင္လိုက္ေလသည္။ ထို႔ေနာက္ သူ၏
လက္ဖမိုးေလးျဖင့္ တစ္ျခား ပါးတစ္ဖက္ကိုလည္း ဖြဖြေလး ကိုင္ရင္း ပါးျပင္ေလးကို ဂ႐ုတစိုက္ ထိေတြ႕ေနလွ်င္ ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာကို ၾကည့္ေနေလသည္။
" မင္းမွာ အဖ်ားမရွိေတာ့ဘူးပဲ ''
ေခါင္းေဆာင္ဖူဖာက ထိုသို႔ေျပာလာပုံအရဆိုလွ်င္ ေခါင္းေဆာင္ဖူဖာ ခဏက ဆရာေလးထီရန္၏ ပါးကို ကိုင္ၾကည့္ေနတာ အဖ်ားရွိမရွိ စမ္းသပ္ေနသည္ ျဖစ္၏။
ေခါင္းေဆာင္ဖူဖာ အဖ်ားစမ္းသပ္ရင္း သူခ်စ္တဲ့ သူ႕ကေလးေလးပါးကို အျမတ္ထုတ္လိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာ အဖ်ားစမ္းသပ္တာကို အေၾကာင္းျပၿပီး ပါးေလးကို ကိုင္တာက အကြက္ေဟာင္းႀကီးေတြကို သုံးလိုက္ျခင္း ျဖစ္ေလသည္။
" ကိုယ့္ကိုကိုယ္ ဒဏ္ေပးမေနနဲ႕ဦး တစ္ခုခု စားလိုက္ဦး ၿပီးရင္ အနားယူလိုက္ ''
" ေခါင္းေဆာင္ ''
" ဟင္ ''
" ကြၽန္ေတာ့္ကို အိမ္လိုက္ပို႔ေပးပါလား ''
" လာ သြားမယ္ ''
အဲသလို ပတ္ခြၽဲနတ္ခြၽဲေလးစကားေလးေတြ ေျပာၿပီး ေခါင္းေဆာင္ဖူဖာ ဆရာေလးထီရန္ကို အိမ္သို႔ လိုက္ပို႔ေပးေလၿပီး ဖာဖီ႐ြန္တပ္စုကို ျပန္လာရာ တပ္စုမွာ ေစာင့္ေနတဲ့ ေဒါက္တာနမ္ႏွင့္ ေခါင္းေဆာင္ဖူဖာ ေတြ႕ၾကေလေတာ့သည္။
" ဘယ္လိုလဲ ထူးျခားတာ ရွိေသးလား ''
" မီးရွို႔မႈ သက္ေသကို အမႈလိုက္ဆီမွာ အပ္ထားခဲ့လိုက္တယ္ သူ႕လူေတြကို စုံစမ္းစစ္ေဆးဖို႔ လႊတ္လိုက္မယ္ေျပာတယ္ ''
" ဒါဆို ထီရန္နဲ႕ဦးဆက္ဒါၾကားက ျပႆနာေၾကာင့္ ျဖစ္ခဲ့တာလို႔ မင္း ထင္တာလား ''
" အဲ့ဒါေၾကာင့္ပဲ ငါ ရဲေတြကို အပ္လိုက္တာေပါ့ ''
" ထီရန္ေရာ ဘယ္လို ေနေသးလဲ ''
" ငါ သူ႕ကို အခုပဲ အိမ္ျပန္ပို႔လိုက္တာ ''
" မင္း ညီေလးထီရန္အေၾကာင္း တစ္ခုခု သိထားလား ''
" မင္း ဘာကို ဆိုလိုတာလဲ ''
" ငါေျပာက ညီေလးထီရန္က ဘယ္လိုလူလဲ သူ႕ေနာက္ေၾကာင္းေပါ့ ''
" မင္း ပုံစံက တစ္ခုခုကို သံသယရွိေနပုံပဲ ''
" မဟုတ္ပါဘူး ငါက ဒီအတိုင္း စဥ္းစားမိလို႔ပါ သူက ဒီလို သူ႕ခႏၶာကိုယ္ အေျခအေနနဲ႕ ဘာလို႔မ်ား ဒီမွာ စာသင္ဖို႔ ေ႐ြးခ်ယ္ခဲ့ရတာလဲ ''
" ငါလည္း ေဖာင္ေဒးရွင္းက ပို႔လိုက္တဲ့ အခ်က္အလက္ေတြကိုပဲ သိထားတာ ငါ အနားယူလိုက္ဦးမယ္ ''
ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာ အခန္းထဲကို ဝင္သြားေလေတာ့သည္။ ေဒါက္တာနမ္လည္း ဆရာေလးထီရန္၏ နာမည္ ထီရန္ ဆိုဖာ့ထစ္စကြန္း မွ စကြန္း ဆိုသည့္ မ်ိဳးရိုးနာမည္ကို ၾကားသိထားရ၍ တစ္ခုခုကို သံသယ ရွိကာ ေနေလသည္။
ဒီလိုနဲ႕ မီးေလာင္၍ ပ်က္စီးေနတဲ့ ဖာပန္းေဒါင္းေက်ာင္းႀကီးမွာ ေလာင္ထယ္ ႏွင့္ ဆရာေလးထီရန္ မီးေလာင္ထားတဲ့သက္ကယ္ေတြ လက္ဖက္ေမႊးအိတ္ အစုတ္အၿပဲေတြ စတိုခန္းပ်က္စီးေနတာေတြကို ၾကည့္ကာ ဝမ္းနည္းမႈနဲ႕အတူ စိတ္တိုလ်က္...။
" သူတို႔ ဘာလို႔ ဒီေလာက္ထိ လုပ္ရတာလဲ အစ္ကို႔ကို မေက်နပ္ဘူး မုန္းတယ္ဆိုရင္လည္း သူတို႔ အစ္ကို႔ကိုပဲပစ္မွတ္ထားသင့္တာေပါ့ တကယ့္ကို စိတ္တိုတယ္ ''
" ရဲေတြကို အပ္ထားလိုက္ပါ အစ္ကို ''
" အရင္ရက္ေတြတုန္းက ကိုယ့္ကိုကိုယ္ ဂုဏ္ယူေနခဲ့တာ ဒီေန႕ေတာ့ အသုံးမဝင္သလို ခံစားရတယ္
႐ြာသားေတြအတြက္လည္း အရမ္း စိတ္မေကာင္းျဖစ္ရတယ္ သူတို႔ အစ္ကို႔ေၾကာင့္နဲ႕ ဒုကၡေတြ မ်ားခဲ့ရၿပီ ''
" အဲဒီလို မေတြးပါနဲ႕ အစ္ကို အစ္ကိုလည္း သူတို႔ကို ေကာင္းေစခ်င္လို႔ဆိုတာ သိပါတယ္ ''
" တကယ္လို႔ အစ္ကို ရွိေနရင္ ႐ြာမွာ ပိုဆိုးတာေတြ ျဖစ္လာနိုင္တယ္ ''
" အစ္ကို ထီရန္ ''
" အစ္ကိုက ဒီေနရာရဲ႕ ျပႆနာေကာင္လို ျဖစ္ေနၿပီ ေလာင္ထယ္ ဘယ္ေတာ့မွ နားလည္မွာ မဟုတ္ဘူး ''
" ဒါေပမယ့္ အစ္ကို သြားရင္ အစ္ကို ကြၽန္ေတာ္တို႔ကို ထားခဲ့သလို ျဖစ္သြားမွာေပါ့ ''
" ဒါေပမယ့္ အစ္ကို ဆက္ေနေနရင္ ဒီမွာ ျပႆနာေတြပဲ ပိုမ်ားလာမွာေပါ့ အစ္ကိုေတာ့ ေနသင့္တယ္လို႔မထင္ေတာ့ဘူး ''
" အစ္ကို ေျပာေနတာက ''
" အစ္ကို ဘန္ေကာက္ကို ျပန္ေတာ့မယ္ ''
ဆရာေလးထီရန္လည္း ဝမ္းနည္းကာ ေျပာရင္း ေလာင္ထယ္လည္း ဝမ္းနည္းလ်က္ျဖစ္ေနေလသည္။ ေက်ာင္းအိမ္ယာႀကီး၌ အဝတ္စားေတြ သိမ္းေနတဲ့ ဆရာေလးထီရန္ ဘန္ေကာက္ကို ျပန္ေတာ့မည္ဟု ေတြးထားၿပီးေလသည္။
ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာ ေရာက္လာကာ ဆရာေလးထီရန္လည္း အဝတ္အစားေတြ သိမ္းရင္း
" ထီရန္ ''
" ေခါင္းေဆာင္ ''
" မင္း ဘန္ေကာက္ကို ျပန္ေတာ့မယ္လို႔ ငါ့ကို ေလာင္ထယ္က ေျပာတယ္ ''
" ဟုတ္တယ္ ''
" အရင္ စိတ္ေအးေအး ထားလို႔ မရဘူးလား ''
" ဒါကသာ ကြၽန္ေတာ္ အေကာင္းဆုံးလုပ္နိုင္တဲ့ တာဝန္ယူျခင္းပဲ ''
အဲသလို ဆရာေလးထီရန္ ေျပာၿပီး သူ၏အိတ္ကို ယူကာ အိမ္ျပင္မွ ဝရံတာအက်ယ္ႀကီးဆီ ထြက္သြားေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္အေနာက္ကို လိုက္သြားကာ အိမ္ျပင္မွာခ်ိတ္ထားသည့္ သစ္ေတာထိန္းသိမ္းေရးဝန္ထမ္းအကၤ်ီကို ဆရာေလးထီရန္ ျမင္၍
" အင္း ေခါင္းေဆာင္ရဲ႕ အကၤ်ီ ''
အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာကို ေပးလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ထိုအကၤ်ီေလးကို ယူကာ ခဏတာ ၿငိမ္၍ ဆရာေလးထီရန္အား
" မင္း မထင္ဘူးလား မင္းဒီလိုလုပ္တာက ျပႆနာေတြကေန ထြက္ေျပးတယ္လို႔ ''
" ကြၽန္ေတာ့္ကို အဲဒီလို ျမင္လည္း ရပါတယ္ ေခါင္းေဆာင္ ဒါေပမယ့္ ကြၽန္ေတာ့္ကို စိတ္ေျပာင္းေအာင္ မႀကိဳးစား ပါနဲ႕ေတာ့ ''
" မင္းစိတ္ေျပာင္းေအာင္ ႀကိဳးစားေနတယ္လို႔ ဘယ္သူ ေျပာလဲ တကယ္လို႔ မင္းထြက္သြားခ်င္တယ္ဆိုရင္ ငါလိုက္ပို႔ေပးမယ္ ''
" ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ ''
အဲသလို ေျပာၿပီး ဆရာေလးထီရန္ အဝတ္ေတြကို သိမ္းလိုက္ေလေတာ့သည္။ ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို မျပန္ေစခ်င္သည့္စိတ္ေၾကာင့္ သူ၏ႏႈတ္ဖ်ားက ေျပာလာပုံေတြက
" ဒီမွာ အႏၱရာယ္ ရွိတယ္ဆိုတာ သိပါတယ္ မင္း ၿခိမ္းေျခာက္ခံေနရနိုင္တယ္ ''
အဲသလို ျဖစ္ၿပီး ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ အိတ္ကိုဆြဲယူလ်က္
" ငါနဲ႕လာေန ''
အဲသလို ေျပာၿပီး ေခါင္းေဆာင္ဖူဖာ အိတ္ကို ကိုင္ကာ ထြက္သြားရာ ဆရာေလးထီရန္လည္း အေနာက္မွ ဖာဖီ႐ြန္တပ္စုကို တစ္ေကာက္ေကာက္ လိုက္သြားရေလေတာ့သည္။
ဖာဖီ႐ြန္တပ္စုကို ေရာက္သြားရာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို သူ၏အခန္းထဲ ေခၚသြားေလသည္။ ေခါင္းေဆာင္ဖူဖာလည္း အခန္းျပတင္းေပါက္ကို ဖြင့္ရာ အခန္းေလးက လင္းလာၿပီးနံရံမွာခ်ိတ္ထားသည့္ ပန္းခ်ီကားေလးကအထင္းသား ေပၚလာေလသည္။
ဆရာေလးထီရန္လည္း ဖာပန္းေဒါင္းေရတံခြန္ ႐ြာ ေက်ာင္း ေတာင္တန္းေတြပါသည့္ ထိုပန္းခ်ီကားေလးကို ၾကည့္၍
" ေခါင္းေဆာင္ ဒီပုံက ေခါင္းေဆာင္ ဆြဲထားတာလား ''
" အင္း အေပ်ာ္ဆြဲထားတာ ''
" တကယ္ေကာင္းတယ္ ''
" အစိုးရဝန္ထမ္းအိမ္ဆိုေတာ့ ဒီေလာက္ပဲ ရွိတာ ''
ေခါင္းေဆာင္ဖူဖာက အဲသလို ေျပာလွ်င္ ဆရာေလးထီရန္လည္း အခန္းက်ဥ္းေလးကို လွည့္ပတ္ၾကည့္ကာ သံကုတင္ေပၚ၌ သူ၏အိတ္ကေလးကို ခ်ၿပီး
" ဘာျဖစ္လို႔လဲ ဆရာအတြက္ေပးတဲ့ အိမ္ထက္ ေကာင္းပါတယ္ အနည္းဆုံးေတာ့ လွ်ပ္စစ္မီးရွိတယ္ေလ ''
" မီးစက္က အခ်ိန္ဇယားနဲ႕ ဖြင့္တာေလ ညဘက္ လိုအပ္တဲ့အခ်ိန္ေလာက္ပဲ သုံးတာ ''
" သိပါတယ္ ဖုန္းအားသြင္းဖို႔ မသုံးပါဘူး ''
" တကယ္ေတာ့ သုံးလို႔ရပါတယ္ ''
" မထူးဆန္းဘူးလား ဖုန္းမရွိေတာ့လည္း ေနနိုင္တာပဲ ဖုန္းေခၚလို႔ရတယ္ ဆိုရင္ေတာင္ ဘယ္သူ႕ကို ေခၚရမွန္း မသိေတာ့ဘူး ''
" မင္းအိမ္ကို မလြမ္းဘူးလား ''
" ဒီကို စေရာက္တုန္းကေတာ့ လြမ္းတာေပါ့ ဒါေပမယ့္ အခုေတာ့ ေနသားက်လာပါၿပီ ''
" အင္း မင္းဒီမွာ လုံၿခဳံမွာပါ တရားခံကို မဖမ္းမိေသးခင္ အခ်ိန္ထိ အျပင္မသြားနဲ႕ေနာ္ ႐ြာသားေတြအတြက္ကေတာ့ ေစာင့္ေရွာက္ေပးဖို႔ လူေတြပို႔ထားတယ္ ''
" ေခါင္းေဆာင္ ''
" ဘာလဲ ''
" တရားခံကို မဖမ္းမိရင္ေကာ ဘယ္လိုလုပ္မလဲ ''
" ဒီမွာေနေပါ့ အကန့္အသတ္မရွိ ေနမလား ''
" မသိဘူး ''
အဲသလို ေခါင္းေဆာင္ဖူဖာကလည္း စိုးရိမ္မႈေတြ ဂ႐ုစိုက္မႈေတြ နဲ႕အတူ ဆရာေလးထီရန္ကို အူယားေအာင္ ခ်စ္ဖို႔ေကာင္းေအာင္ ရင္ခုန္ေအာင္ ေျပာၿပီး ဆရာေလးထီရန္လည္း ရွက္ကိုးရွက္ကားျဖင့္ အၿပဳံးတစ္ခ်က္ ၿပဳံး၍ သံကုတင္ေပၚ ထိုင္ခ်လိဳက္ေလသည္။
ထို႔ေနာက္ ဆရာေလးထီရန္က ထိုကုတင္မွ ေခါင္းဦးေဘးမွာရွိေသာ ဆရာေလးထီရန္ ေခါင္းေဆာင္ဖူဖာကို ေပးထားေသာ လက္ဖက္ေမႊးအိတ္ေလးကို ကိုင္ၿပီး ၾကည့္ရင္း ေခါင္းေဆာင္ဖူဖာက မလႈံမလဲဲျဖင့္
" ငါ့ဟာ ''
ဟူ၍ ေျပာၿပီး တစ္ျခားတစ္ေနရာကို ထြက္သြားေလေတာ့သည္။ မွန္၏။ ဆရာေလးထီရန္ ေပးထားသည့္ လက္ဖက္ေမႊးအိတ္ေလးကို အိပ္ယာေဘးမွာ အျမတ္တနိုးတန္ဖိုးထားသမို႔ ေခါင္းေဆာင္ဖူဖာ စိတ္ထဲရွက္သလို ျဖစ္သြားသည္ကို ဆရာေလးထီရန္ ၾကည့္၍ ခဏတာရည္ေမာလိုက္ေလသည္။
ဖာဖီ႐ြန္တပ္စု ဝါးျခမ္းစိတ္အႀကီးေတြ ကာထားသည့္ ရင္ဘတ္အထိအရွည္ရွိသည့္ ေရခ်ိဳးခန္းထဲကို ေခါင္းေဆာင္ဖူဖာ အေပၚပိုင္း အဝတ္ဗလာျဖင့္ ဝင္သြားေလသည္။
ထို႔ေနာက္ ခါးမွာပတ္ထားသည့္အဝတ္ကို ခြၽတ္၍ ေရခ်ိဳးခန္းအကာအေပၚတင္ထားကာ မ်က္ႏွာသစ္ ေရေလာင္း၍ ဆပ္ျပာေလးကို လက္ျဖင့္ အျမႇုပ္ထေအာင္ ပြတ္တိုက္လိုက္ေလသည္။
အဲ့ေနာက္ သူ၏ ရင္ဘတ္ေတြ လည္ပင္းေတြ မ်က္ႏွာေတြကို ဆပ္ျပာတိုက္၍ ေရခ်ိဳးေနေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာ၏ အေတြးထဲ၌ ၾကည္ႏူးမႈေတြကို ေတြးမိကာ ၿပဳံးေနေလသည္။
ဖာဖီ႐ြန္တပ္စု၏ ဝန္ထမ္းအိမ္ယာအေဆာင္ထဲက ကုတင္ေပၚတြင္ ထိုင္ေနသည့္ ဆရာေလးထီရန္ ေရခ်ိဳးဖို႔ ခါးမွာ အဝတ္စည္းထားေလၿပီး အေပၚမွ အကၤ်ီကိုေတာ့ မခြၽတ္ေသးဘဲ ဝတ္ထားသည္ ရွိသည္။ ထို႔ေနာက္ ဖလားခြက္ထဲ မ်က္ႏွာသစ္ဆပ္ျပာ စသျဖင့္ လိုအပ္တာေတြထည့္ၿပီး ပုခုံးေပၚတြက္လည္း တဘက္တစ္ခု တင္ထားေလသည္။
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက အေပၚပိုင္းအဝတ္ဗလာ ခါးမွာ အဝတ္စည္း၍ အခန္းထဲ ဝင္လာရာ သူ၏ ဖုေဖာင္းသည့္ လက္ေမာင္းႂကြက္သား ေယာက္်ားပီပီသသ ရင္အုံေတြ ဆြဲေဆာင္မႈရွိသည့္ မ်က္ႏွာ စသည္တို႔ကို ဆရာေလးထီရန္ ေငးကာ ၾကည့္ေန၏။
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္