(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 6(C)
အပိုင်း (၁၈)
ဖာပန်းဒေါင်းကျောင်းကြီးတွင် ယခင်ကနေ့တွေထက် လူတွေများပြားလှကာ ဆူဆူညံညံဖြစ်နေသည်မှာ ဘန်ကောက်မှ အော်ဒါရထားသည့် လက်ဖက်မွှေးအိတ် အထုပ်ပေါင်း ၁၀၀၀ ကို ရွာသားတွေနှင့် ကလေးတွေအားလုံးက ရက်လုပ်နေကြလေသည်။
ထိုအချိန် အရမ်းပျော်ရွှင်နေသည့် ဆရာလေးထီရန်၏စကားတစ်ချို့က
" အရမ်းတော်တယ် အရမ်းလှတာပဲ ခက်လား ကလေးတို့ ''
" မခက်ပါဘူး ''
အဲဒီလိုနဲ့ ကလေးတွေအားလုံးနှင့်အတူ ခေါင်းဆောင်ဖူဖာ လန် ရော့ချန်းတို့လည်း အိတ်ကလေးတွေ လက်ဖြင့်ထိုးရက်နေလေကြသည်။
ထိုအခါ လောင်ထယ်၏ လက်ဖက်မွှေးအိတ်တွေ အရေအတွက်ကို ရေတွက်သည့် စကားသံတစ်ချို့ကလည်း
" ၁၉၈ ၁၉၉ ၂၀၀ အားလုံးပဲ ပြည့်သွားပါပြီ ''
" ရေး.. ရေး.. ''
" အရမ်းတော်ကြတယ် ''
မှန်၏။ အိတ်လုံးရေ ၂၀၀ ရက်လုပ်ထုတ်ပိုး၍ ပြီးသွားလေသည်။ ထို့နောက် ဆရာလေးထီရန်က ရွာသားတွေအကုန်လုံးကို ကျေးဇူးတင်လိုက်လေတော့သည်။
" ကျေးဇူးပါ ကျေးဇူးနော် ကူညီပေးကြလို့
ကျေးဇူးတင်ပါတယ် ''
ထိုအခါ ရွာသားတွေက ခဏနားအိမ်ပြန်၍ ထမင်းပြန်စားကြလေသည်။ ဆရာလေးထီရန်က ကလေးတွေကို
" ကလေးတို့ နှစ်ယောက်စီတွဲထိုင်ကြ လက်နှိပ်နည်းသင်ပေးမလို့ လုပ်ကြ လုပ်ကြ ''
ဒီလိုနဲ့ ခေါင်နွန်းနဲ့ ကာလယ်က တစ်တွဲ အင်တာနဲ့မိကျူးကတစ်တွဲ ဆရာလေးထီရန်နဲ့ အာရီကတစ်တွဲ ထိုင်နေကြကာ ခေါင်းဆောင်ဖူဖာက မတ်တပ်ရပ်ကြည့်နေလေသည်။
" အာ ဟုတ်ပြီ အာရီ အတွဲကိုယ်စီနဲ့မို့လား အခု တစ်ယောက်ရဲ့လက်ကို တစ်ယောက်က...... နှိပ်ပေးကြမယ်နော် ''
" ဟုတ် ''
" အိုကေ အရင်စလိုက်ကြမယ် အရင်ဆုံး သူငယ်ချင်းရဲ့လက်ကို ဆွဲပြီးနှိပ်ပေးမယ် ဟုတ်ပြီလား နှိပ်ပေးမယ် နှိပ်ပေးမယ် ''
ဒီလိုနဲ့ ဆရာလေးထီရန် အာရီ ခေါင်နွန်း ကာလယ်တို့က ခုံတန်းရှည်တစ်ခုမှာ တူတူထိုင်နေကြပြီး အင်တာနဲ့ မိကျူးက တစ်ခြားခုံတစ်ခုမှာ ထိုင်နေကြလေသည်။ အင်တာ နဲ့မိကျူးက မျက်နှာချင်းဆိုင်၍ တစ်ယောက်ကိုတစ်ယောက်နှိပ်ပေးနေကြလေသည်။
ကာလယ် နဲ့ ခေါင်နွန်းလည်း ထိုသို့ နှိပ်ပေးနေကြကာ ဆရာလေးထီရန်က ခေါင်နွန်းကို ကျောပေး၍ အာရီကို နှိပ်ပေးနေကာ
" နေလို့ကောင်းလား ''
" ကောင်းတယ် ''
" အင်း ဘယ်လိုလဲ နေလို့ကောင်းကြတယ်မို့လား ''
" ဟုတ် ''
" နှိပ် နှိပ် နှိပ် နှိပ်ပေးကြ အယ်
အခုက လူပြောင်းမယ် ''
ဆရာလေးထီရန်က အဲသလို ပြောလိုက်ရာ ကျောပေးထားသည့် ခေါင်နွန်းဘက်လှည့်ကာ ခေါင်နွန်းလည်း ဆရာလေးထီရန်ဘက်လှည့်လာလေသည်။ အဲသလို လူပြောင်းဖို့ ပြောသမို့ ထိုသို့ လှည့်ပြောင်းကြရာ အာရီ နဲ့ ကာလယ်က ခုံအစွန်းမှာ ထိုင်နေကြသသည်မို့ အတွဲမရှိဖြစ်သွားလေသည်။
" နှိပ် နှိပ် အတွဲမရှိသေးရင်
ခဏစောင့်ဦးနော် ''
ထိုအခါ ခေါင်းဆောင်ဖူဖာက လက်ပိုက်၍ ကြည့်နေရာမှ ဆရာလေးထီရန် ကျောပေးထားသည့် အာရီ အနားကိုလာ၍ အာရီကို တိုးတိုးလေးပြောလျက် ခေါင်းဆောင်ဖူဖာက အာရီနေရာမှာ တိတ်တိတ်ကလေး ထိုင်နေလိုက်လေသည်။
ထိုအခါ ဆရာလေးထီရန်က နောက်ထပ်လူပြောင်းပြန်ဖို့ ပြောရာ ခေါင်နွန်းက ကာလယ်ဘက် လှည့်သွားပြီး ဆရာလေးထီရန်က အာရီဘက်လှည့်လာရာ အာရီမဟုတ်ဘဲ ခေါင်းဆောင်ဖူဖာကို မြင်တွေ့ရလိုက်လေသည်။
" ဟုတ်ပြီ အားလုံးပဲ ၁၂၃ ပြောင်းမယ် ''
ခေါင်းဆောင်ဖူဖာက အံ့သြကာကြည့်နေတဲ့ သူ့ကိုချစ်မိနေတဲ့ ဆရာလေးထီရန်ကို ပြုံးရည်၍ ကြည့်ကာ
" ဒီနေရာက လွတ်နေလို့လေ
ထိုင်လို့မရဘူးလား ''
အဲသလို ခေါင်းဆောင်ဖူဖာက ပြောလာသမို့ ဆရာလေးထီရန်က သူ၏မှေးကို ရှေ့သို့အနည်းငယ် ငေါ့ထိုး၍ ပါစပ်ကလေးကို အသာလေးပြုံးလိုက်လေသည်။ ထို့နောက် ခေါင်းဆောင်ဖူဖာက
" လက်ပေး ''
ဟူ၍ ပြောသမို့ လက်ဖြန့်နေတဲ့ ခေါင်းဆောင်ဖူဖာ၏လက်အပေါ်ကို ဆရာလေးထီရန်က သူ၏လက်ကို တင်ပေးလိုက်ရာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏လက်ကို နှိပ်ပေးလေတော့သည်။
" ဒီမှာ အစ်ကို ဒီကိုလာတာ ကျွန်တော့်လက်ကို
နှိပ်ပေးဖို့ဆိုပြီး မပြောနဲ့နော် ''
" ဒေါက်တာက ရွာသားတွေကို ဆေးလာပေးတာကို
လိုက်ပို့ပေးတာပါ ပြီးတော့ မင်းရဲ့လက်ဖက်ခြောက်အိတ်လုပ်တာ ဘယ်လိုရှိလဲ သိချင်လို့ ''
" ရွာသားတွေ ကျွန်တော်တို့ကို ကူညီပေးတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ သိလား မဟုတ်ရင် အချိန်မှီ ပြီးမှာ မဟုတ်ဘူး ''
" ကျန်တဲ့လက်တစ်ဖက်ပေးဦး ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏လက်ကလေးကို အသာလေးနုနုယွယွ ကိုင်ကာ သေသေချာချာ ဂရုတစိုက် နှိပ်ပေးနေပြီး အဲသလို ခေါင်းငုံ့ကာ နှိပ်ပေးနေတဲ့ ခေါင်းဆောင်ဖူဖာ၏မျက်နှာကို ဆရာလေးထီရန် အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်နေလေသည်။
" ပင်ပန်းနေပြီလား ''
ခေါင်းဆောင်ဖူဖာက ထိုသို့ပြောပြီး ခေါင်းကလေးကို အပေါ်သို့ မော့လာကာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း မေတ္တာတွေ ဖလှယ်နေကြသလို မျက်ဝန်းထဲမှာလည်း တစ်ယောက်မျက်နှာ စူးနက်ရှိုင်း
တဲ့အကြည့် ရင်ခုန်မှုတွေ တဒိတ်ဒိတ် ဖြစ်ပေါ်ဆဲ မျက်ဝန်းတွေက လိမ်ညာမှုမရှိ တစ်ယောက်ပေါ်တစ်ယောက် ခံစားမှုတွေက အထင်အရှား ပြောမပြနိုင် နှိုင်းမရနိုင်တဲ့ အချစ်တွေဖြင့် စူးစူးစိုက်စိုက်ကြည့်နေကြလေသည်။
အဲသလို လက်ကလေးကိုင်ကာ တစ်ယောက်ကို တစ်ယောက် ပြုံး၍ ကြည့်နေချိန် အာရီ၏အဖေက လက်ဖက်အိတ်ကြီးတွေ ထမ်း၍ ပေးလာသမို့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ လက်ကို လွှတ်ပေးလိုက်လေသည်။
" ဆရာလေး မနေ့က ယူလာတဲ့ လက်ဖက်အိတ်တွေက မလောက်ဘူးထင်လို့ ဒီနေ့ သုံးအိတ်ယူလာတယ် ''
" ကျေးဇူးတင်ပါတယ် ''
" အဖေ အဖေ မလှဘူးလား သမီးနာမည်
ထိုးထားတာ ''
" သားရောပဲ အဖေ ''
" အေး လှတယ် သေချာလုပ်ကြနော် ဆရာမထော့ဖန်ရဲ့ နာမည်ထိုးဖို့လည်း မမေ့နဲ့ဦးနော် ဆရာမပြန်လာရင် ပြရအောင်လို့ ''
" သား ဆရာမထော့ဖန်ရဲ့ နာမည် ထိုးလိုက်မယ် ''
" သမီးရောပဲ ''
" သားရောပဲ ''
" သမီးရောထိုးမှာ ''
" မရဘူး ငါထိုးမှာ ''
" မရဘူးကွာ ''
ကလေးတွေက ဆရာမထော့ဖန်ကို အဲသလို အရမ်းချစ်ကြပြီး ပြောနေကာ ဆရာလေးထီရန်က မျက်နှာမကောင်း၍ လောင်ထယ်ကို ကြည့်လိုက်ရာ လောင်ထယ်က မျက်စလေးပြုပြရင်း အားပေးလိုက်လေသည်။
အဲသလို ရွာသားတွေ အားလုံး ချစ်ကြသည့် ဆရာမထော့ဖန်ကို ရုတ်တရက်ပြောလာပြီး ဆရာမထော့ဖန်ကို အဲသလို အရမ်းချစ်ကြသမို့ ဆရာမထော့ဖန်၏နှလုံးနဲ့ အသက်ရှင်နေသည့် ဆရာလေးထီရန်က ဝမ်းနည်းကာ ကျောင်း၏တစ်နေရာတွင် ငိုင်၍ ရှိနေလေသည်။
လောင်ထယ်လည်း စိတ်မကောင်းကာ ဆရာလေးထီရန်အနားလာပြီး
" အိုကေရဲ့လား အစ်ကို ''
" ဟင် သြော် ပြေပါတယ် အစိုမပြန်ပါဘူး ''
ဆရာလေးထီရန်က အဲသလို လက်ဖက်မွှေးအိတ်ကလေးကို ကြည့်၍ စကားလမ်းကြောင်းလွှဲလိုက်လေသည်။
" ကျွန်တော်က အဲဒါကို ပြောတာ
မဟုတ်ပါဘူး ''
လောင်ထယ်က ထိုသို့ပြောပြီး ခေါင်းဆောင်ဖူဖာက သူတို့၏အဝေးတစ်နေရာမှ သူတို့ကို နားမလည်သလိုဖြင့် ကြည့်နေလေသည်။ ဆရာလေးထီရန်လည်း ကလေးတွေ ဆော့နေတာကို ကြည့်ပြီး
" အစ်ကို စိတ်ပိုင်းဖြတ်ပြီး သွားပြီ ဒီလက်ဖက်ခြောက်အိတ်တွေ လုပ်ပြီးတာနဲ့ အစ်ကို အကုန်လုံးကို အမှန်အတိုင်း ပြောပြလိုက်တော့မယ် ''
အဲ့နောက် လောင်ထယ်က ဆရာလေးထီရန်၏ပုခုံးကို ကိုင်ကာ ဖက်ပြီး နက်သိမ့်ပေးလိုက်လေသည်။ ခေါင်းဆောင်ဖူဖာက သူတို့ကို သဝန်တိုစိတ်ဖြင့် ကြည့်နေလေသည်။
ဘယ်လိုအရာတွေ ဘယ်လိုတွေ ပြောင်းလဲနေပါစေ အမှန်တရားဆိုတာ ဘယ်နည်းနဲ့မှ ဖုန်းကွယ်ထား၍ မရနိုင်ဖြစ်ချေသမို့ ဆရာလေးထီရန်လည်း ရွာသားတွေကို အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုအချိန် ခေါင်းဆောင်ဖူဖာအနားကို ဒေါက်တာနမ် ရောက်လာကာ
" ဟေ့ ဖူ ငါပြီးသွားပြီ ပြန်ကြတော့မလား ''
" အင်း ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက လက်ကလေးပိုက်၍ လောင်ထယ်နှင့်ဆရာလေးထီရန် နီးနီးကပ်ကပ် ဖြစ်နေတာကို အလိုမကျသလို ကြည့်၍ ထွက်သွားရာ ဒေါက်တာနမ်လည်း ဆရာလေးထီရန်တို့ကို ကြည့်၍ အနောက်မှ လိုက်သွားလေတော့သည်။
အဲသလိုနဲ့ ဂျစ်ကားလေးအနားကို ခေါင်းဆောင်ဖူဖာနဲ့ ဒေါက်တာနမ် အတူတူလာ၍
" ကလေးတွေ ပြောသလို ညီလေးထီရန်ကို ဒီမှာ ဆက်နေဖို့ ပြောပြီးပြီလား ''
" မပြောရသေးဘူး ''
" ဟမ် ဘာလို့လဲ မင်းမေးပြီးပြီတောင်
ထင်နေတာ ''
" မမေးရသေးပါဘူး သူ လောင်ထယ်နဲ့
အလုပ်ရှုပ်နေပုံပဲ ''
" အော် ဟုတ်လား အလုပ်များနေရှာမှာပေါ့ သူ့လက်ဖက်ခြောက်အိတ်တွေနဲ့လေ ''
" ဟုတ်မယ် ထင်တာပဲ သူတို့ ထပ်ပြီး ပြဿနာတွေ မရှာဖို့ မျှော်လင့်ရတာပဲ ''
" အေးဆေးပေါ့ကွာ မင်းကလည်း ရွယ်သူတွေပဲလေ ဘာသာတစ်ခုတည်း ပြောကြတဲ့သူတွေပဲဟာ ရင်နှီးသွားကြတာ ဘာဆန်းလို့လဲ ''
" ဟုတ်ပါတယ်လေ ငါ့လိုစည်းကမ်းကြီးတဲ့လူမျိုးနဲ့ ဘယ်သူက ရှိချင်မှာလဲ ''
" မင်းက ငါ့ကို ဘာလို့ ကြေကွဲပြနေတာလဲ ''
" မဟုတ်ပါဘူး ''
" ဟုတ်ပါတယ် မင်းကိုယ်မင်း ကြည့်ဦး ဟေ့ အချည်းနှီး ဖြစ်သွားပုံပဲ ငါ့အထင်တော့ မင်း သဝန်တိုနေတာ မဟုတ်လား ''
" မဟုတ်ဘူး ''
" သေချာလို့လား ''
မှန်၏။ ခေါင်းဆောင်ဖူဖာ၏ မျက်နှာ ဆရာလေးထီရန်ကို လောင်ထယ်နဲ့ သဝန်တိုနေခြင်း ဖြစ်လေသည်။ စိတ်မကောင်း သဝန်တိုနေသည့်ပုံစံက ခေါင်းဆောင် မဟုတ်သည့်အတိုင်း စိတ်ကောက်နေပုံများတော့ အထူးအဆန်းပင် ဖြစ်သည်။
ထိုအချိန် ဆရာလေးထီရန်က လက်ဖက်ခြောက်အိတ်ပုံးတွေယူကာ ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ် အနားကို ရုတ်တရက် ရောက်လာလေသည်။ ဒေါက်တာနမ်က ဆရာလေးထီရန်ကို မြင်၍
" ညီလေးထီရန် ဘယ်သွားမလို့လဲ ''
" ရွာသူကြီး အိမ်သွားမလို့ အစ်ကို ဒီလက်ဖက်ခြောက်အိတ်တွေ ဆိုင်ကိုသွားပို့ရအောင် ဆိုင်ကယ်သွားယူမလို့ ''
" အော် ဖူလည်း မြို့ထဲသွားမှာ သူ့ကို လိုက်ပို့ခိုင်းလိုက်ပါလား ''
" ကျွန်တော့်အထင်တော့.... ''
" ရတယ်လေ ''
ဆရာလေးထီရန် စကားမဆုံးခင် ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်ကိုကြည့်၍ ထိုသို့ လက်ဖက်အိတ်တွေပို့ပေးဖို့ ရတယ်လေ ဟူ၍ ပြောလိုက်လေသည်။
" ဒါဆို ဒီမှာ သော့နော် ယူလိုက်
ဂရုစိုက်မောင်းနော် ''
အဲသလို ပြောပြီး ဒေါက်တာနမ်က အလိုက်သိသိ ရှောင်ထွက်သွားလေတော့သည်။ ထိုအခါ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန်
" ပေး ကားထဲထည့်လိုက်မယ် ''
" ဒီမှာ ဒါက ဆိုင်လိပ်စာ ပြီးတော့ ဒါက ပြေစာ ဟို ဆိုင်ရှင်ကို ပြောလိုက်နော် ကျန်တာတွေကို ကျွန်တော် မနက်ဖြန် ပို့ပေးမယ်လို့ ''
အဲသလို ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို မကြည့်ဘဲ ထိုသို့ပြောနေရာ ခေါင်းဆောင်ဖူဖာက
" မင်းရော အတူမလိုက်ဘူးလား ''
" အစကတော့ လိုက်မလို့ပါပဲ ဒါပေမယ့် ကျွန်တော် ဒီမှာနေပြီး သူတို့ကို ကူပေးရဦးမယ် ပြီးတော့ ကလေးအတွက် မုန့်လေးတွေ ဝယ်ခဲ့လို့ရမလား ဒီမှာ စာရင်းလုပ်ထားတယ် ''
ဆရာလေးထီရန်က အဲသလို ပုံးတစ်ခုနှင့် စာရွက်နှစ်ခု ပေးကာ လောင်ထယ်လည်း ပုံးတစ်ပုံးကိုင်၍ ရောက်လာရာ
" အော် လောင်ထယ် ဒါတွေကို ခေါင်းဆောင်ကို ပေးလိုက် သူပို့ပေးလိမ့်မယ် ''
" သြော် အေးအေး ကျေးဇူးတင်တယ်နော် ခေါင်းဆောင် ''
လောင်ထယ်က အဲသလိုပြောပြီး ခေါင်းဆောင်ဖူဖာ ပွေ့ချီထားသည့် ပုံးတစ်ခုအပေါ် ထပ်ပြီးပုံးတစ်ခုတင်လိုက်လေသည်။
" ဒါဆို ပြန်သွားရအောင် ဒီညတော့
ညလုံးပေါက်ပဲ ''
" လုပ်လိုက်ကြစို့ အစ်ကို ''
ဆရာလေးထီရန်က လက်ဖက်ခြောက်အိတ်တွေ ပို့ခိုင်းရုံသာမက အဲသလို ခေါင်းဆောင်ဖူဖာ မခံချင်အောင်လည်း တမင်တကာ ပြောသွားလိုက်ကြသေးသည်။ ခေါင်းဆောင်ဖူဖာလည်း သဝန်တို ဂျေစိတ်ကလေးဖြစ်ကာ ပုံးတွေကို ဂျစ်ကားအနောက်ခန်းမှာ ထားပြီး ကားပေါ်တက်ကာ မောင်းထွက်သွားလေတော့သည်။
ဒီလိုနဲ့ ချင်းမိုင်မြို့က ဖာပန်းဒေါင်းကို အလည်ရောက်ဖူးသည့် အရင်တစ်ခါတုန်းက အစ်မဆိုင်သို့ ခေါင်းဆောင်ဖူဖာ ရောက်လာကာ
" မင်္ဂလာပါ ''
" အော် ခေါင်းဆောင်ဖူ ကိုယ်တိုင်ယူလာတာလား ဒီမှာချထားလိုက် ချထားလိုက် ''
" သူတို့အလုပ်လုပ်နေကြတုန်းမို့ ကျွန်တော် ကူသယ်လာပေးတာ ဘယ်လိုလဲ ရောင်းရရဲ့လား ''
" ရောင်းလို့တောင် မလောက်ဘူး ဒီမှာကြည့်လေ အထူးသဖြင့် နာမည်ထိုးထားကြတာတွေပဲ အရမ်း
အမေးများကြတာ ဝယ်သူတွေ အရမ်းကြိုက်ကြတာလေ လာပြီ ''
ထိုအစ်မက အဲသလို ပြောသမို့ ခေါင်းဆောင်ဖူဖာက ပြုံးရည်ပြီး စျေးဝယ်သူကိုကြည့်ရာ မျက်နှာညိုးသွားရလေသည်။
" ဖာပန်းဒေါင်းရွာက ရွာသားတွေ ကိုယ်တိုင် လုပ်ထားတဲ့ လက်ဖက်မွှေးအိတ်လေးတွေပါ ရှင့် ''
မှန်၏။ ထိုအိတ်လေးတွေကို လာကြည့်သည့်သူက ဦးဆက်ဒါနှင့် သူ၏လူယုံတော် ဖြစ်ပေသည်။ ထို့ကြောင့် ခေါင်းဆောင်ဖူဖာ မျက်နှာပျက်ဖြစ်သွားရခြင်း ဖြစ်လေသည်။
ဦးဆက်ဒါက ထိုလက်ဖက်မွှေးအိတ်မှ နာမည်ထိုးထားသည်ကို ကြည့်ကာ
" စိတ်ကူးလေးက ချစ်ဖို့ကောင်းလိုက်တာ ''
မှန်၏။ အပြင်မှာသာ ထိုသို့ပြောတာ စိတ်ထဲမှာတော့ သူ့လူကို ထိခိုက်အောင် လုပ်ထား၍ မကျေမနပ်ဖြစ်နေလေသည်။ ဟန်ပြလုပ်ခြင်း ဖြစ်လေသည်။
" မင်္ဂလာပါ ဦးလေး "
" အော် ခေါင်းဆောင်ဖူ ''
" ဖာပန်းဒေါင်းက လက်ဖက်ရွက်တွေက အခုတစ်လော မရောင်းရဘူးလေ ဒါကြောင့် သူတို့ရောင်းဖို့
တစ်ခြားနည်းလမ်းရှာကြတာ ကျွန်တော်က ဒါတွေ လာပို့ပေးတာ ဒါက ဦးလေးရဲ့ လက်ဖက်ခြောက်စီး
ပွားရေးကို မထိခိုက်စေဘူးဆိုတာ သေချာပါတယ် ''
" အွေး ခေါင်းဆောင် ချဲ့ကားလွန်းနေပါပြီ ကျွန်တော်က တစ်ခြားလူတွေလို သာမာန်ကုန်သည်ပါပဲ ''
ထိုသို့ပြောပြီး ဦးဆက်ဒါက သူကိုင်ထားသည့် လက်ဖက်မွှေးအိတ်မှ နာမည်ကို ဖတ်ကြည့်သည်မှာ
" ထီရန် ဒီဆရာလေးက
စိတ်ဓာတ်ပြင်းပြသားပဲနော် ''
" ဆရာထီရန်က တစ်ခြားမြို့က ကလေးတွေလိုပါပဲ သူပျင်းလာရင် အိမ်ပြန်သွားမှာပါ ''
ထိုအခါ ဦးဆက်ဒါက ဆိုင်ရှင်အစ်မကို
" ကျွန်တော် ဒါတွေ အကုန်လုံးယူလိုက်မယ် ဒါတွေကိုရောပဲ ပြီးတော့ ဒါရော ''
အဲသလိုပြောပြီး ထီရန်ဟု အမည်ပါသည့် အိတ်ကလေးကိုပါ ပြောလေသည်။ ထို့နောက် ဦးဆက်ဒါ၏ ခွေးအကျင့်က
" ကျွန်တော် ကူညီပေးချင်လို့ပါ အကုန် အိတ်ထဲ ထည့်လိုက်တော့ ''
" ကျေးဇူးတင်ပါတယ် ''
မှန်၏။ ဦးဆက်ဒါက ဟန်ပြလုပ်သွားခြင်း ဖြစ်လေသည်။ ဆိုလိုသည်မှာက နှုတ်ဖျားက ပြောသွားသည်မှာတော့ ကူညီပေးချင်တာ ဖြစ်ပြီး တကယ့်အတွင်းစိတ်ထဲမှာတော့ အရင်က ဖာပန်းဒေါင်းမှာ အမြတ်ထုတ်၍ ရနေတာ ဖြစ်ပြီး ဆရာလေးထီရန် ရောက်လာမှ အမြတ်မထုတ်ရသမို့ မကျေမနပ် ဖြစ်နေလေသည်။ ဒါကြောင့်လည်း ဖာပန်းဒေါင်းက လက်ဖက်တွေကို ဦးဆက်ဒါ၏ ကြီးစိုးမှုကြောင့် ဘယ်စက်ရုံကမှ မဝယ်၍ ယခုလို လက်ဖက်မွှေးအိတ်တွေ ရောင်းနေရခြင်း ဖြစ်လေသည်။
ဒါဆို ဒီလက်ဖက်မွှေးအိတ်တွေ အိတ်လုံးရေ ၁၀၀၀ လုပ်ဖို့ အောင်မြင်သွားနိုင်မလားဆိုတာ မသိနိုင်ပေမယ့် ဖာပန်းဒေါင်းကျောင်းမှာ ကြိုးကြိုးစားစား အိတ်တွေထိုးနေကြသည့် ရွာသူရွာသားတွေ ကလေးတွေ လောင်ထယ် ရော့ချန်း လန် ဒေါက်တာနမ် အားပေးစကားပြောနေသည့် ဆရာလေးထီရန်တို့ကို သွားပြီး ဖတ်ရှုကြရပေမည်။
" ဖာပန်းဒေါင်း ကြိုးစားထား ဖာပန်းဒေါင်း ဆက်လုပ်ထား ကြိုးစား ဖာပန်းဒေါင်း ဒီညကတော့ ညလုံးပေါက်မှာပဲ လုပ်ထားကြ ''
ထိုအခါ ခေါင်းဆောင်ဖူဖာက အိတ်ကလေးဆွဲကာ ကျောင်းအခန်းထဲမှ ဆရာလေးထီရန်အနားကို ရောက်လာခဲ့လေသည်။ ဆရာလေးထီရန်ကို မုန့်အိတ်တွေ ပေးလိုက်ပြီး ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ကျေးဇူးတင်လိုက်လေသည်။
" အော ခေါင်းဆောင် ''
" ..... ''
" ကျေးဇူးတင်ပါတယ်နော် ''
ထို့နောက် ဆရာလေးထီရန်က မုန့်အိတ်ကို ကိုင်ကာ ကလေးတွေကို ကြည့်၍
" ကလေးတို့ စားစရာတွေ ရောက်လာပြီ အယ် ရော့လောင်ထယ် ''
" အေး ကျေးဇူး ''
" ဒါက ဒေါက်တာ အတွက် "
" ကျေးဇူး ညီလေးထီရန် ''
" ရော့နဲ့အစ်ကိုလန်ကိုလည်း ပေးလိုက်ဦးနော် ''
" အေး ''
" ဒါက ကလေးတို့အတွက် အစ်ကို
ခွံ့ကျွေးမယ် ဟုတ်ပြီလား ''
" ဟုတ် ''
" ပါးစပ်ဟ အားတွေအပြည့်တင်လိုက်တော့
ထပ်ယူဦးမှာလား အိုကေ ''
ဆရာလေးထီရန်က အာရီကို ခွံ့ကျွေးပြီး ခေါင်နွန်း နဲ့ ကာလယ်အား ထိုသို့ပြောကာ ကလေးတွေ လက်ဖြန့်ခိုင်းပြီး သွန်ထည့်ပေးလိုက်လေသည်။
" ခေါင်နွန်း ယူဦးမလား ကာလယ် ဘယ်လိုလဲ အားလုံးပဲ လက်ဖြန့်ထားကြ ''
ထို့ကြောင့် ဆရာလေးထီရန်က ထိုဘူးအခွံကို ကိုင်ကာ အမှိုက်ပစ်ဖို့ ခေါင်းဆောင်ဖူဖာအနား ရောက်သွားချိန် ခေါင်းဆောင်ဖူဖာက ချောင်းဟင့်လိုက်လေသည်။
" အဟမျး ဟမျး ''
" အော ခေါင်းဆောင် စားချင်လို့လား ''
" သူတို့ကိုပဲ အရင်ပေးလိုက်ပါ ရပါတယ် ''
" အကုန် ရပြီးကြပြီ ခေါင်းဆောင်ပဲ
ကျန်တော့တာ ''
ထို့နောက် ခေါင်းဆောင်ဖူဖာက လက်ကလေးဖြန့်လိုက်ရာ ဆရာလေးထီရန်က ဘူးအခွံကို လက်ဖဝါးပေါ် သွန်သမို့ စားစရာတစ်ခုမှ ကျမလာကာ ခေါင်းဆောင်ဖူဖာ ရှက်သလိုလို ဖြစ်သွားရလေသည်။
" ကုန်သွားပြီ နောက်တစ်ခေါက်ကျမှ
ကျွန်တော် ဝယ်ကျွေးမယ်နော် ''
" အင်း ''
ထို့နောက် ခေါင်းဆောင်ဖူဖာက သူ့အတွက် စာရင်းမပါဘဲ မချန်ထားသည့် ဆရာလေးထီရန်ကို စိတ်ကလေး အနည်းငယ်တိုကာ ဖြစ်နေသမို့ ဒေါက်တာနမ်က သူတို့ဝေစုရထားသည့် မက်စ်အစပ်ချောင်းကြော် ဘူးလေးကမ်းပေးလေသည်။
" မင်း ငါ့ဟာ စားလိုက် ''
" မစားဘူး ''
ထိုအခါ ဒေါက်တာနမ်က ထပြီး ဆရာလေးထီရန်လည်း ခုံမှာသွားထိုင်ကာ ခေါင်းဆောင်ဖူဖာအနားကို ဒေါက်တာနမ် ရောက်လာ၍ တစ်ခြားသူတွေ မကြား အောင် စကားကို နှစ်ကိုယ်ကြားလေး တီးတိုးပြောနေလေသည်။
" မင်းကလည်း လက်အရမ်းကို နှေးတာပဲ ဘာမှမရလိုက်တာ သံသယဝင်စရာလိုကို မလိုဘူး ''
" တော်တော့ ''
" ငါ ညီလေးထီရန်ကို သွားမေးလိုက်မယ်
အေးဆေးနေလိုက် ''
" ဒေါက်တာ ''
" ငါ့ကို အပ်ထားစမ်းပါ ''
" ဒေါက်တာ ''
ခေါင်းဆောင်ဖူဖာလည်း ဒေါက်တာနမ်က ထိုသို့ ခေါင်းဆောင်ဖူဖာက မုန့်ဝေစုမရ၍ ဆရာလေးထီရန်ဆီမှာ တစ်ခုခုတောင်းဖို့ ဆရာလေးထီရန်ကို မေးမည်ကြံနေရာ ဒေါက်တာနမ်၏နာမည်ခေါ်တာ အင်္ကျီကို နောက်မှ ဆွဲကာ တီးတိုး ပြောနေလေသည်။
ထို့နောက် ဒေါက်တာနမ်က ချောင်းဟင့်၍ အသံကို ခပ်ကျယ်ကျယ်ဖြင့် ပြောမည်ကြံကာ ခေါင်းဆောင်ဖူဖာက နောက်ကနေ အင်္ကျီကိုဆွဲ၍ တားနေလေသည်။
" အဟမ်း ဟမ်း ညီလေးထီရန်ရေ ''
" ဒေါက်တာ ''
" ထီရန်မှာ လက်ဖက်ခြောက်အိတ်တွေ ကျန်သေးလား အစ်ကို့ သူငယ်ချင်းက လိုချင်လို့တဲ့ ''
အဲသလို ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာ သူ၏အင်္ကျီကို အတင်းဆွဲနေသည့်လက်ကို ချုပ်ကာ ထိုသို့ပြောလိုက်လေသည်။ အဲ့နောက် ဆရာလေးထီရန်က ခပ်ပြုံးပြုံးဖြင့်
" ဒါတွေက ရောင်းဖို့အတွက်ချည်းပဲ အစ်ကိုရဲ့ တောင်းပန်ပါတယ် ''
" အဟား ဟား ''
အဲသလို ပြန်ပြောသမို့ ကလေးတွေကလည်း ဒေါက်တာနမ်တို့ကို လောင်ရည်ကာ ခေါင်းဆောင်ဖူဖာလည်း ဒေါက်တာနမ်ကို မှေးငေါ့ထိုးပြလိုက်လေသည်။
ဆိုလိုသည်မှာ အစကတည်းက သွားမမေးပါနဲ့လို့ မပြောဘူးလား ဟူ၍ပင် ဖြစ်လေသည်။ ယခုတော့ ခေါင်းဆောင်ဖူဖာ ဝဋ်လည်သည်ဟု ဆိုရမလားမသိ အရင်က ဆရာလေးထီရန်ကို ဆူပဲဆူနေတာ ယခုကျတော့ ဆရာလေးထီရန်က ပြန်ပြီး ဂရုစိုက်ပြမနေဘဲ အဲသလို ပစ်ထားလေသည်။
ကံကောင်းသည်က လောင်ထယ်နှင့်လည်း လက်ဖက်မွှေးအိတ်ကို အကြောင်းပြ၍ ခေါင်းဆောင်ဖူဖာကို သဝန်တိုအောင် ဆရာလေးထီရန် လုပ်နိုင်ခဲ့လေသည်။
ဒီလိုနဲ့ ညအချိန်လေးကို ရောက်သွားကာ ဖာပန်းဒေါင်းကျောင်း ပစ္စည်း သိုလှောင်ခန်းထဲတွင် လက်ဖက်မွှေးအိတ်ပုံးတွေကို သိုလှောင်ထားလေသည်။ ထိုကျောင်းလေးကို အလင်းရဖို့ အကန့်အသတ်သာရသည့် လျှပ်စစ်မီးအိမ်လေး ထွန်းထားလေသည်။
ယခုတော့ ဘန်ကောက်မှ အော်ဒါ အိတ်လုံးရေ ၁၀၀၀ ကို လုပ်၍ ပြီးသွားလေသည်။ ဆရာလေးထီရန်လည်း အိမ်ပြန်သွားသည့် ရွာသူရွာသားတွေကို ကျေးဇူးတင်ကာ လောင်ထယ်ကိုလည်း ကျေးဇူးတင်စကား ပြောလေသည်။
" ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ''
" အကုန်လုံး အဲ့မှာ ထားလိုက်ကြ မနက်ဖြန်ကျရင်
သွားပို့လိုက်မယ် ''
" ကျေးဇူးတင်တယ်နော် ရော့ချန်း ''
" ဟုတ် ဟုတ်ကဲ့ပါ ''
" မယုံနိုင်စရာပဲနော် ''
" ဟုတ်တယ်နော် အစ်ကို ကျွန်တော်တို့ မပြီးလောက်ဘူး ထင်ထားတာ ''
" မဟုတ်ပါဘူး အစ်ကို ပြောတဲ့ မယုံနိုင်စရာဆိုတာက အစ်ကို ဒါ မျိုးတွေ လုပ်နိုင်လိမ့်မယ် မထင်ဘူးလို့ ပြောတာ ''
မှန်၏။ ဆရာလေးထီရန်က ရွာသားတွေကို ကူညီပေးရ၍ ပီတိဖြစ်နေခြင်း ဖြစ်လေသည်။ အများအကျိုးဆောင် ကိုယ်အကျိုးအောင် အသက်ရှိစဥ်မသေခင်ကို ကုသိုလ်ပွားများ နောက်ကြီးပွားတဲ့ တကယ့်ကို ပီတိဖြစ်စရာ စိတ်ချမ်းမြေ့စရာ ဂုဏ်ယူစရာ ကောင်းလှပေသည်။
" ဂုဏ်ယူနေတယ်မို့လား အစ်ကို ''
" လောင်ထယ်သာ အရင်တုန်းက အစ်ကို့ပုံစံကို တွေ့ရင် လောင်ထယ် အစ်ကို့ကို ကျိန်းသေပေါက် မုန်းမှာ ''
မှန်၏။ အရင်တုန်းက ထီရန်က ယခုလို ဆရာလေးထီရန်လိုမဟုတ် သူငယ်ချင်းနဲ့ကလပ်သွား သောက်စား မူးယစ် ရန်ဖြစ် လောင်းကစားလုပ် မိဘတွေ စိတ်ပျက် ပြဿာနာတွေ ဖြေရှင်းရ အဲလိုဆိုးတဲ့ အင်ဂျင်နီယာ ကျောင်းသားအရူးလေး ဖြစ်၏။
" အင်း ''
" သူများတွေအတွက် တစ်ခုခု လုပ်ပေးလို့ရတဲ့ ပျော်ရွှင်မှုဆိုတာ ဒါကို ပြောတာပဲ ''
" အင်း ဟုတ်သား အစ်ကို အဖေက အကုန်လုံးအတွက် ဆန်ပြုတ်လုပ်ပေးထားတယ် စားချင်လား ''
" လောင်ထယ်အရင် သွားနှင့်လိုက် အစ်ကို ဟိုဟာတွေ သွားစစ်လိုက်ဦးမယ် ပိုပြီး သေချာအောင်လို့ ''
" အိုကေ မကြာစေနဲ့နော် အစ်ကို ''
" အေး ''
ထို့နောက် လောင်ထယ်လည်း အိမ်ကို ပြန်သွားပြီး ဆရာလေးထီရန်က ဖာပန်းဒေါင်းကျောင်းမှ စတိုခန်းထဲကို ဝင်သွားလေတော့သည်။
စတိုခန်းထဲကို ရောက်သော် ဆရာလေးထီရန်က ပုံးမှာကပ်ထားသည့် အရေအတွက်ကို ရေတွက်ကြည့်နေလေသည်။
" ၆၀၀ ၇၀၀ ၈၀၀ ၉၀၀ ၁၀၀၀ ၁၁၀၀ ''
ထိုအခါ ခေါင်းဆောင်ဖူဖာလည်း စိတ်မချ၍ စတိုခန်းထဲကို ဝင်လာ၍ ဆရာလေးထီရန်အား
" သွားချိန်ရောက်ပြီ လောင်ထယ်နဲ့အကြိမ်ကြိမ် ရေပြီးပြီမဟုတ်လား ''
" သူတို့နဲ့အတူသွားမစားဘူးလား ''
" ငါ မင်းကို ပြောစရာရှိလို့ ငါက စည်းကမ်းကြီးတယ်ဆိုပြီး မင်းက ကလေးတွေကို ပြောထားတာလား ''
" ကျွန်တော်မပြောပါဘူး သူတို့က အကုန်လုံး သိနေကြတာပဲကို ''
" ကိုယ်က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တာ ငါ့စကားလုံးတွေက မင်းတို့လို အရွယ်နဲ့မတူပဲ ကြမ်းတမ်းတဲ့ပုံ ပေါက်ချင်ပေါက်နေမှာ ''
" အစ်ကို ဘာကို ဆိုလိုတာလဲ ''
" ယေဘုယျအနေနဲ့ပြောပြတာပါ ''
" အမှန်အတိုင်းပြောရရင် ကျွန်တော် သဘောကျပါတယ် အစ်ကို့လိုမျိုး ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူကို တည့်ပဲပြောလိုက်တာ ''
" ... ''
" ကျွန်တော် မကြိုက်တာက ကိုယ့်စိတ်ထဲရှိတာကို မပြောရဲကြတဲ့လူတွေကိုပဲ ''
" မင်းက ဘာကို ဆိုလိုတာလဲ ''
" ကျွန်တော်လည်း ယေဘုယျအနေနဲ့ပြောတာပါ ''
အဲသလို တစ်ဦးကိုယ်တစ်ဦး မသိမသာလေးပြောကာ ယေဘုယျကိုပဲ အပစ်တွေ လွှဲချပြီး မေးခွန်းတွေ ထပ်ထုပ်ကာ လိုရာခရီးကို မရောက်နိုင် ဖြစ်ချေသည်။
" အစ်ကို ကျွန်တော့်ကို ပြောချင်တာ ဒါပဲလား ''
" မဟုတ်ဘူး မင်း ဒီမှာနေတာ ဘယ်လောက်
ကြာပြီလဲ ဟင် ''
" ၂ လလောက် ရှိတော့မယ် ထင်တယ် ''
" ၁ လလောက်နေရင် စာသင်တာပြီးတော့မှာပဲ မင်း မင်း မင်း ဒီမှာ ဆက်မနေချင်ဘူးလား ''
အဲသလို ခေါင်းဆောင်ဖူဖာက ကလေးတွေနဲ့ ရွာသားတွေအားလုံး ဒေါက်တာနမ် လန် ရော့ချန်းတို့ မေးခိုင်းသည့်မေးခွန်းကို အခြေပြု၍ သူလည်း ချစ်မိကာ နေစေချင်၍ မေးခွန်းမေးလိုက်လေရာ ဆရာလေးထီရန်လည်း မေးခွန်းမေးပြန်လေသည်။
" ခေါင်းဆောင်က ပိုကြာကြာနေဖို့
ပြောနေတာလား ''
" မဟုတ်ဘူး ကလေးတွေက မင်းကို တောင်းဆိုပေးဖို့ ငါ့ကိုပြောလို့ ငါ့အထင်လည်း ဒီကရွာသားတွေက မင်းကို ဆက်နေစေချင်ကြတယ်လေ ''
" ဒါဆို ခေါင်းဆောင်ကရော ကျွန်တော့်ကို
ဆက်နေစေချင်လား ''
" ငါနဲ့ ဘာဆိုင်လို့လဲ ''
" ခေါင်းဆောင်ရဲ့တာဝန်က ကျွန်တော့်ကို စောင့်ရှောက်ပေးရတာလေ ဘယ်လိုလဲ ''
" အေး ဟို ငါ ငါ ''
အဲသလို မေးခွန်းတွေချည်းမေးနေကြပြီး လိုရာခရီးကို မရောက်ချိန် ခေါင်းဆောင်ဖူဖာက ပြောတော့မည်အလိုမှာ ရော့ချန်းက
" ရေတွက်လို့ပြီးပြီလားဗျ ကျွန်တော် တံခါးပိတ်ရတော့မယ် အဲဒါမှ သူတို့ကို ဘယ်သူမှ... လာမနောက်ယှက်မှာ ''
" စိတ်မပူပါနဲ့ ချန်း ငါ့ဘာသာ ပိတ်လိုက်မယ် ချန်း သွားလို့ရပြီ ''
" ဆန်ပြုတ် အတူတူ လာမစားကြဘူးလား ''
" ခဏနေ လာမယ် ''
" အိုကေ ''
ခေါင်းဆောင်ဖူဖာ ခဏနေမှလည်း သွားမနေနဲ့ တံခါးလည်း ပိတ်မနေနဲ့ ချန်းကိုလည်း ပြန်မလွတ်နဲ့ အခုမှပြောလည်း မထူးတော့ဘူး ပြောမနေနဲ့တော့ ဖတ်ရသူတွေက စိတ်မရှည်ဖြစ်ရလေသည်။
" သွားရအောင် ငါဗိုက်ဆာနေပြီ ''
" အင်း ''
ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာဆီက ရော့ချန်းကြောင့် ကြားချင်သည့်စကား မကြားရပေမယ့် ခေါင်းဆောင်ဖူဖာကို ပြုံးပြကာ နေလေသည်။ ဒီလိုနဲ့ စတိုအခန်းပြင်ကို ရောက်သော် ခေါင်းဆောင်ဖူဖာက တံခါးပိတ်လိုက်ပြီး ဆရာလေးထီရန်က နံရံမှာချိတ်ထားသည့် စွန်လေးတွေကို ကြည့်နေလေသည်။
ထိုအခါ ခေါင်းဆောင်ဖူဖာ လုပ်ပေးထားသည့်ပါပေါက်စွန်ကို ကြည့်ကာ ဆရာလေးထီရန် အတွေးတွေ ချဲ့ကားနေလေသည်။ ထို့နောက် ဆရာလေးထီရန်က ပါပေါက်စွန်မှာရေးထားသည့် ဆရာလေးထီရန်အတွက် ဟူသည့် စာလေးကိုကြည့်ကာ ပြုံး ရည်နေလေသည်။
" စွန်ကြည့်ပြီး ဘာလို့ ပြုံးနေတာလဲ ''
" ကျွန်တော် ဒီလိုပဲ လျှောက်ကြည့်နေတာပါ ခေါင်းဆောင်လုပ်ထားတဲ့ဟာပဲ ကြည့်နေတာ မဟုတ်ပါဘူး ''
" ငါ ဘာမှ မပြောရသေးဘူးလေ ''
" ကလေးတွေက ပြောတယ် ဒါက ခေါင်းဆောင်ရဲ့ စိတ်ကူးဆို ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ''
" အင်း ''
" ကျွန်တော့် မှတ်ဉာဏ်တွေထဲမှာ သေချာသိမ်းထားပါ့မယ့် အိုကေလား ''
" ငါက အကြံပဲ ပေးတာပါ မင်းကျေးဇူးတင်ရမယ့်သူတွေက ကလေးတွေပါ ''
" ကျေးဇူးတင်စကားကို ရိုးရိုးရှင်းရှင်း လက်ခံလိုက်လေ ဘာလို့ ဟန်လုပ်နေတာလဲ ''
ဆရာလေးထီရန်က ထိုသို့ပြောပြီး လက်ဖက်မွှေးအိတ်လေးကို ပေးလိုက်လေသည်။
" ရော့ ''
" ဘာလို့ ငါ့ကို ပေးတာလဲ ''
" ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင် ပြီးတော့ ဒီတစ်ခုက နာမည် မှားထိုးလိုက်လို့ ''
ခေါင်းဆောင်ဖူဖာက လက်ဖက်မွှေးအိတ်လေးကို ကမ်းယူရာ ဆရာလေးထီရန်က မပေးသေးဘဲ
" အငယ်တွေဆီက လက်ဆောင်ရရင်
ဘာလုပ်ရလဲ ''
" ကျေးဇူးတင်ပါတယ် ''
ခေါင်းဆောင်ဖူဖာ ကျေးဇူးတင်ပြီးနောက် ဆရာလေးထီရန်လည်းလက်ဖက်မွှေးအိတ်လေးကို ပေးလိုက်လေပြီး နာမည်မှားထိုးထားသည့် စာလေးကို ခေါင်းဆောင်ဖူဖာကြည့်ကာ ပြုံးရည်နေလေသည်။ ပုံလေးနဲ့အတူ ရေးထားသည့်စာလေးက ဘီလူးစိမ်းကြီး ဖြစ်၏။
" ပြီးတော့ ဒီတစ်ခုက အရင်ကထက် ပိုမွှေးတယ် ''
မှန်၏။ အရင်ကဆိုတာ ကားပေါ်မှာ ပေးခဲ့သည့် လက်ဖက်မွှေးအိတ်ကို ပြောခြင်းဖြစ်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ပေးသည့် အိတ်ကလေးမှ ဘီလူးစိမ်းကြီးဆိုသည့် နာမည်ကို ကြည့်ကာ ဆရာလေးထီရန်ကို ကြည့်ပြီး ပြုံးရည်နေလိုက်ကြလေတော့သည်။
ညအချိန် ဖြစ်သမို့ အိမ်ထဲမှ မီးရောင်တဝင်းဝင်းတောက်နေလေသည်။ ထိုအိမ်လေးက ဆရာလေးထီရန်၏ ကျောင်းအိမ်ယာ ဖြစ်ပေသည်။
ဆရာလေးထီရန်လည်း ခြေလေးဆင်းကာ ဘေးနားက ရေခွက်လေးကို တစ်ကျိုက်မော့သောက်ရင်း လက်ထဲတွင် လက်ဖက်မွှေးအိတ်လေးကို ကိုင်ထားလေသည်။
ဘေးနားတွင်လည်း ရေနံဆီမီးခွက်ကလေးကို အလင်းရဖို့ ထွန်းထားလေသည်။ ဆရာလေးထီရန်လည်း လက်ဖက်မွှေးအိတ်လေးကို ကိုင်ကာ ထိုအိတ်မှာ ရေးထားသည့်နာမည်က ထော့ဖန် ဟူ၍ပင် ဖြစ်သည်။
အဲဒီ ထော့ဖန်ဟု ပါသည့် အိတ်လေးကို ကြည့်ရင်း ဆရာလေးထီရန်၏ အတွေးတစ်ခု
" ထော့ဖန် လူတိုင်းက အစ်မကို မေ့မသွားကြဘူး မကြာခင် အစ်မနှလုံးသားက သူတို့ဆီ ပြန်ရောက်လာတယ်ဆိုတာ သိကြတော့မှာပါ ''
အဲသလိုတွေးပြီး ဆရာလေးထီရန် ထော့ဖန်အတွက် စိတ်မကောင်းကာ သက်ပြင်းချမိလေသည်။
ဖာဖီရွန်တပ်စုတွင်လည်း ခေါင်းဆောင်ဖူဖာက အိမ်အပြင်မှ အခန်းထဲက ကုတင်ဆီလာရာ ကုတင်ပေါ်မှ ဘီလူးစိမ်းကြီး ဟူသည့် နာမည်ပါသည့် လက်ဖက်မွှေးအိတ်ကို ကြည့်၍ ပြုံးရည်ကာ သတိရပုံတွေက
" ရော့ ''
" ဘာလို့ ငါ့ကို ပေးတာလဲ ''
" ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတဲ့လက်ဆောင် ဒီလက်ဖက်မွှေးအိတ်က အဲဒီအိတ်ထက် ပိုမွှေးတယ် ''
" အခု ဒီတစ်ခုက ရောင်းစရာမလိုတော့ဘူးလား ''
" ဒါက နာမည် မှားထိုးလိုက်လို့ ရောင်းမယ့်အထဲ ထည့်လိုက်လည်း ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ဘူး ''
ခေါင်းဆောင်ဖူဖာလည်း အဲသလို သတိရကာ ပြုံးရည်နေပြီး ကုတင်ထက်၌ လှဲကာ ထိုအိတ်လေးကို ပြုံး၍ ကြည့်ပြီး နမ်းရှိုက်ကာ ခေါင်းဦးဘေးနားထား၍ မှေးလိုက်လေသည်။
ထိုအချိန် မထင်မှတ်ထားသည့် ကံကြမ္မာဆိုးကြီးက ကျရောက်လာလေသည်။ ရော့ချန်း၏ အရေးတကြီး အော်သည့်အသံက
" ခေါင်းဆောင် ခေါင်းဆောင် ''
" ဘာဖြစ်တာလဲ ''
" ပြဿနာတက်ပြီ ''
" ဘာဖြစ်လို့လဲ ''
" စာသင်ကျောင်း စာသင်ကျောင်း မီးလောင်နေပြီ ''
ခေါင်းဆောင်ဖူဖာလည်း စိတ်တွေပူကာ အရေးတကြီး အခန်းထဲမှ ပြေးထွက်သွားလေသည်။ မှန်၏။ ကျောင်းကြီးကလည်း မီးတောက်မီးလျှံတွေနဲ့ တဟုန်းဟုန်း တောက်လောင်နေလေသည်။ ခမာနှင့် လောင်ထယ်တို့လည်း အရေးတကြီး ပြူးတူပြာတာဖြင့်
" ရေရေ လောင်ထယ် ရေပေး ''
" တစ်ယောက်ယောက် ရေသွားယူကြဦး ''
" ရေရေ ရေနဲ့ ပက်ကြ ရေ မြန်မြန်လုပ်ကြ ရေ ''
ကျောင်းကြီးတစ်ဖက်တော့ အလျှံတညှီးညှီးတောက်လောင်နေသည့် မီးတောက်ထဲ ပါနေလေသည်။ ထိုအခါ ဆရာလေးထီရန်ရောက်လာကာ အရေးတကြီး စိုးရိမ်ပူပန်မှုဖြင့် ဝမ်းနည်းလျက်
" ဆရာလေး ထီရန် ''
" လက်ဖက်မွှေးအိတ်တွေ ဘယ်မှာလဲ ''
" အထဲမှာပါ အစ်ကိုထီရန် အခု နောက်ကျသွားပြီ အစ်ကို ထီရန် ''
ဆရာလေးထီရန်လည်း ဝမ်းနည်းကျေကွဲစွာဖြင့် ကျောင်းကြီးမီးလောင်သွားရာ အရင်က ကလေးတွေပျော်ခဲ့တာတွေကို သတိရပြီး ဆရာလေးထီရန် ထိုမီးလောင်နေတဲ့ ကျောင်းကြီးထဲ ပြေးဝင်သွားလေသည်။
" အစ်ကိုထီရန် အစ်ကိုထီရန် ''
လောင်ထယ်က အဲသလို အော်၍ ဆရာလေးထီရန်နောက်ကို လိုက်မည်ကြံရာ ခမာက လောင်ထယ်၏အင်္ကျီကို ဆွဲထားရလေသည်။
" လောင်ထယ် အထဲမသွားနဲ့ ''
သက်ကယ်တွေ ဝါးတွေ မိုးကာထားသည့် ကျောင်းလေးမို့ မီးကိုအတော်နှင့် ငြိမ်း၍ ရနိုင်မည် မထင်ချေ ဖြစ်၏။ ဆရာလေးထီရန်လည်း မီးခိုးတွေ တလူလူထွက်နေသမို့ ချောင်းဟင့်ကာ သူ၏ဘေးတွင်လည်း မီးတွေ လောင်နေလေသည်။ သို့ပေမယ် အဘယ်ကြောင့် ဆရာလေးထီရန် ကျောင်းထဲကို ဝင်လာရခြင်း ဖြစ်သလဲဆိုတာ တွေးကြရပေမည်။
ခေါင်းဆောင်ဖူဖာလည်း အပြေးအလွှား ရောက်လာကာ လောင်ထယ်၏ စိုးရိမ်မှုကြီးသည့်အသံက
" ခေါင်းဆောင် အထဲမှာ... ''
" အထဲမှာ ဘာဖြစ်လို့လဲ ''
" အထဲမှာ အထဲမှာ ''
" အထဲမှာ ဘာဖြစ်လို့လဲ အမြန်ပြောကြပါ ''
" အထဲမှာ အစ်ကိုထီရန် အစ်ကိုထီရန် အထဲမှာ ရှိနေတယ် ''
" ထီရန် ''
ခေါင်းဆောင်ဖူဖာက အဲသလို စိုးရိမ်တကြီးအော်ကာ ထိုမီးလောင်နေတဲ့ ကျောင်းကြီးထဲ ပြေးဝင်သွားလေသည်။ ခေါင်းဆောင်ဖူဖာကိုလည်း မည်သူမှ မတားလိုက်နိုင်ချေ ဖြစ်လေသည်။
" ခေါင်းဆောင် အဟမ်း ဟမ်း ''
" လိုက်မသွားကြနဲ့ အဟမ်း ဟမ်း ''
မီးခိုးတွေ တလူလူထွက်နေသမို့ ချောင်းဟင့်သံတွေ စိတ်ပူ၍ ညဥ်းသွားသံတွေ မီးတွေလောင်နေတဲ့ အသံတွေနဲ့ ဆူညံနေလေသည်။ ခေါင်းဆောင်ဖူဖာလည်း စိုးရိမ်တကြီးနဲ့ မီးခိုးတွေကြားမှာ ဆရာလေးထီရန်ကို လိုက်ရှာနေလေသည်။
" ထီရန် ထီရန် ''
ထိုအခါ ခေါင်းဆောင်ဖူဖာက မီးခိုးတွေ မီးတွေ လောင်နေတဲ့ကြားထဲမှာ လှဲကျနေသည့် ဆရာလေးထီရန်ကို မြင်၍ ရင်ထဲတွင် ဗလောင်ဆူကာ မီးလုံးကြီးတွေ အလုံးလိုက် တက်လာသလို စိတ်ပူသွားလေတော့သည်။
ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို ပွေ့ချီကာ ထိုမီးလောင်နေတဲ့ ကျောင်းကြီးအပြင်ကို ခေါ်လာခဲ့လေသည်။ ထိုအခါ လောင်ထယ်တို့ လန် ရော့ချန်း ခမာတို့က
" ဟိုမှာလာပြီ ခေါင်းဆောင် ထီရန် အစ်ကိုထီရန် ထီရန် ဆရာလေး ''
" ထီရန် ''
ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်၏ ခေါင်းကို သူ၏ရင်ခွင်ထဲပွေ့ချီထားပြီး အဝီစိငရဲထက်တောင် ခေါင်းဆောင်ဖူဖာ၏ ရင်ထဲတွင် ပူလွန်းလှလေသည်။
မီးသွေးတွေ လူနေပြီး မဲနေသည့် အင်အားကုန်ခမ်းနေသည့် မီးခိုးတွေကြောင့် အသက်ရှူကြပ်သွားသည့် ဆရာလေးထီရန် သူ၏ ရင်ဘတ်တွင် ပါပေါက်စွန်ကလေးကို ပိုက်၍ ထားလေသည်။
ခေါင်းဆောင်ဖူဖာလုပ်ပေးထားသည့် ထီရန်အတွက် ဟူ၍ ပါသည့် ပါပေါက်စွန်ကလေးကို မီးသွေးတွေလူးပြီး မီးခိုးတွေကြောင့် အသက်ရှူကြပ်နေသည့် ပွေ့ချီထားသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာ စိုးရိမ်တကြီးဖြင့် ခေါ်လိုက်လေသည်။
" ထီရန် ''
ဒီနေ့အဖို့ မှန်ကန်တဲ့အလုပ်ကို
လုပ်ခဲ့တယ်လို့
ကိုယ့်ကိုကိုယ်ယုံကြည်လိုက်ရင်
မနက်ဖြန်အတွက် စိတ်ပူစရာမလိုပါဘူး။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Unit - 6
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 6(C)
အပိုင္း (၁၈)
ဖာပန္းေဒါင္းေက်ာင္းႀကီးတြင္ ယခင္ကေန႕ေတြထက္ လူေတြမ်ားျပားလွကာ ဆူဆူညံညံျဖစ္ေနသည္မွာ ဘန္ေကာက္မွ ေအာ္ဒါရထားသည့္ လက္ဖက္ေမႊးအိတ္ အထုပ္ေပါင္း ၁၀၀၀ ကို ႐ြာသားေတြႏွင့္ ကေလးေတြအားလုံးက ရက္လုပ္ေနၾကေလသည္။
ထိုအခ်ိန္ အရမ္းေပ်ာ္႐ႊင္ေနသည့္ ဆရာေလးထီရန္၏စကားတစ္ခ်ိဳ႕က
" အရမ္းေတာ္တယ္ အရမ္းလွတာပဲ ခက္လား ကေလးတို႔ ''
" မခက္ပါဘူး ''
အဲဒီလိုနဲ႕ ကေလးေတြအားလုံးႏွင့္အတူ ေခါင္းေဆာင္ဖူဖာ လန္ ေရာ့ခ်န္းတို႔လည္း အိတ္ကေလးေတြ လက္ျဖင့္ထိုးရက္ေနေလၾကသည္။
ထိုအခါ ေလာင္ထယ္၏ လက္ဖက္ေမႊးအိတ္ေတြ အေရအတြက္ကို ေရတြက္သည့္ စကားသံတစ္ခ်ိဳ႕ကလည္း
" ၁၉၈ ၁၉၉ ၂၀၀ အားလုံးပဲ ျပည့္သြားပါၿပီ ''
" ေရး.. ေရး.. ''
" အရမ္းေတာ္ၾကတယ္ ''
မွန္၏။ အိတ္လုံးေရ ၂၀၀ ရက္လုပ္ထုတ္ပိုး၍ ၿပီးသြားေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္က ႐ြာသားေတြအကုန္လုံးကို ေက်းဇူးတင္လိုက္ေလေတာ့သည္။
" ေက်းဇူးပါ ေက်းဇူးေနာ္ ကူညီေပးၾကလို႔
ေက်းဇူးတင္ပါတယ္ ''
ထိုအခါ ႐ြာသားေတြက ခဏနားအိမ္ျပန္၍ ထမင္းျပန္စားၾကေလသည္။ ဆရာေလးထီရန္က ကေလးေတြကို
" ကေလးတို႔ ႏွစ္ေယာက္စီတြဲထိုင္ၾက လက္ႏွိပ္နည္းသင္ေပးမလို႔ လုပ္ၾက လုပ္ၾက ''
ဒီလိုနဲ႕ ေခါင္ႏြန္းနဲ႕ ကာလယ္က တစ္တြဲ အင္တာနဲ႕မိက်ဴးကတစ္တြဲ ဆရာေလးထီရန္နဲ႕ အာရီကတစ္တြဲ ထိုင္ေနၾကကာ ေခါင္းေဆာင္ဖူဖာက မတ္တပ္ရပ္ၾကည့္ေနေလသည္။
" အာ ဟုတ္ၿပီ အာရီ အတြဲကိုယ္စီနဲ႕မို႔လား အခု တစ္ေယာက္ရဲ႕လက္ကို တစ္ေယာက္က...... ႏွိပ္ေပးၾကမယ္ေနာ္ ''
" ဟုတ္ ''
" အိုေက အရင္စလိုက္ၾကမယ္ အရင္ဆုံး သူငယ္ခ်င္းရဲ႕လက္ကို ဆြဲၿပီးႏွိပ္ေပးမယ္ ဟုတ္ၿပီလား ႏွိပ္ေပးမယ္ ႏွိပ္ေပးမယ္ ''
ဒီလိုနဲ႕ ဆရာေလးထီရန္ အာရီ ေခါင္ႏြန္း ကာလယ္တို႔က ခုံတန္းရွည္တစ္ခုမွာ တူတူထိုင္ေနၾကၿပီး အင္တာနဲ႕ မိက်ဴးက တစ္ျခားခုံတစ္ခုမွာ ထိုင္ေနၾကေလသည္။ အင္တာ နဲ႕မိက်ဴးက မ်က္ႏွာခ်င္းဆိုင္၍ တစ္ေယာက္ကိုတစ္ေယာက္ႏွိပ္ေပးေနၾကေလသည္။
ကာလယ္ နဲ႕ ေခါင္ႏြန္းလည္း ထိုသို႔ ႏွိပ္ေပးေနၾကကာ ဆရာေလးထီရန္က ေခါင္ႏြန္းကို ေက်ာေပး၍ အာရီကို ႏွိပ္ေပးေနကာ
" ေနလို႔ေကာင္းလား ''
" ေကာင္းတယ္ ''
" အင္း ဘယ္လိုလဲ ေနလို႔ေကာင္းၾကတယ္မို႔လား ''
" ဟုတ္ ''
" ႏွိပ္ ႏွိပ္ ႏွိပ္ ႏွိပ္ေပးၾက အယ္
အခုက လူေျပာင္းမယ္ ''
ဆရာေလးထီရန္က အဲသလို ေျပာလိုက္ရာ ေက်ာေပးထားသည့္ ေခါင္ႏြန္းဘက္လွည့္ကာ ေခါင္ႏြန္းလည္း ဆရာေလးထီရန္ဘက္လွည့္လာေလသည္။ အဲသလို လူေျပာင္းဖို႔ ေျပာသမို႔ ထိုသို႔ လွည့္ေျပာင္းၾကရာ အာရီ နဲ႕ ကာလယ္က ခုံအစြန္းမွာ ထိုင္ေနၾကသသည္မို႔ အတြဲမရွိျဖစ္သြားေလသည္။
" ႏွိပ္ ႏွိပ္ အတြဲမရွိေသးရင္
ခဏေစာင့္ဦးေနာ္ ''
ထိုအခါ ေခါင္းေဆာင္ဖူဖာက လက္ပိုက္၍ ၾကည့္ေနရာမွ ဆရာေလးထီရန္ ေက်ာေပးထားသည့္ အာရီ အနားကိုလာ၍ အာရီကို တိုးတိုးေလးေျပာလ်က္ ေခါင္းေဆာင္ဖူဖာက အာရီေနရာမွာ တိတ္တိတ္ကေလး ထိုင္ေနလိုက္ေလသည္။
ထိုအခါ ဆရာေလးထီရန္က ေနာက္ထပ္လူေျပာင္းျပန္ဖို႔ ေျပာရာ ေခါင္ႏြန္းက ကာလယ္ဘက္ လွည့္သြားၿပီး ဆရာေလးထီရန္က အာရီဘက္လွည့္လာရာ အာရီမဟုတ္ဘဲ ေခါင္းေဆာင္ဖူဖာကို ျမင္ေတြ႕ရလိုက္ေလသည္။
" ဟုတ္ၿပီ အားလုံးပဲ ၁၂၃ ေျပာင္းမယ္ ''
ေခါင္းေဆာင္ဖူဖာက အံ့ၾသကာၾကည့္ေနတဲ့ သူ႕ကိုခ်စ္မိေနတဲ့ ဆရာေလးထီရန္ကို ၿပဳံးရည္၍ ၾကည့္ကာ
" ဒီေနရာက လြတ္ေနလို႔ေလ
ထိုင္လို႔မရဘူးလား ''
အဲသလို ေခါင္းေဆာင္ဖူဖာက ေျပာလာသမို႔ ဆရာေလးထီရန္က သူ၏ေမွးကို ေရွ႕သို႔အနည္းငယ္ ေငါ့ထိုး၍ ပါစပ္ကေလးကို အသာေလးၿပဳံးလိုက္ေလသည္။ ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက
" လက္ေပး ''
ဟူ၍ ေျပာသမို႔ လက္ျဖန့္ေနတဲ့ ေခါင္းေဆာင္ဖူဖာ၏လက္အေပၚကို ဆရာေလးထီရန္က သူ၏လက္ကို တင္ေပးလိုက္ရာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏လက္ကို ႏွိပ္ေပးေလေတာ့သည္။
" ဒီမွာ အစ္ကို ဒီကိုလာတာ ကြၽန္ေတာ့္လက္ကို
ႏွိပ္ေပးဖို႔ဆိုၿပီး မေျပာနဲ႕ေနာ္ ''
" ေဒါက္တာက ႐ြာသားေတြကို ေဆးလာေပးတာကို
လိုက္ပို႔ေပးတာပါ ၿပီးေတာ့ မင္းရဲ႕လက္ဖက္ေျခာက္အိတ္လုပ္တာ ဘယ္လိုရွိလဲ သိခ်င္လို႔ ''
" ႐ြာသားေတြ ကြၽန္ေတာ္တို႔ကို ကူညီေပးတာ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္လဲ သိလား မဟုတ္ရင္ အခ်ိန္မွီ ၿပီးမွာ မဟုတ္ဘူး ''
" က်န္တဲ့လက္တစ္ဖက္ေပးဦး ''
ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏လက္ကေလးကို အသာေလးႏုႏုယြယြ ကိုင္ကာ ေသေသခ်ာခ်ာ ဂ႐ုတစိုက္ ႏွိပ္ေပးေနၿပီး အဲသလို ေခါင္းငုံ႕ကာ ႏွိပ္ေပးေနတဲ့ ေခါင္းေဆာင္ဖူဖာ၏မ်က္ႏွာကို ဆရာေလးထီရန္ အၾကင္နာမ်က္ဝန္းေတြနဲ႕ ၾကည့္ေနေလသည္။
" ပင္ပန္းေနၿပီလား ''
ေခါင္းေဆာင္ဖူဖာက ထိုသို႔ေျပာၿပီး ေခါင္းကေလးကို အေပၚသို႔ ေမာ့လာကာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျခင္း ေမတၱာေတြ ဖလွယ္ေနၾကသလို မ်က္ဝန္းထဲမွာလည္း တစ္ေယာက္မ်က္ႏွာ စူးနက္ရွိုင္း
တဲ့အၾကည့္ ရင္ခုန္မႈေတြ တဒိတ္ဒိတ္ ျဖစ္ေပၚဆဲ မ်က္ဝန္းေတြက လိမ္ညာမႈမရွိ တစ္ေယာက္ေပၚတစ္ေယာက္ ခံစားမႈေတြက အထင္အရွား ေျပာမျပနိုင္ ႏွိုင္းမရနိုင္တဲ့ အခ်စ္ေတြျဖင့္ စူးစူးစိုက္စိုက္ၾကည့္ေနၾကေလသည္။
အဲသလို လက္ကေလးကိုင္ကာ တစ္ေယာက္ကို တစ္ေယာက္ ၿပဳံး၍ ၾကည့္ေနခ်ိန္ အာရီ၏အေဖက လက္ဖက္အိတ္ႀကီးေတြ ထမ္း၍ ေပးလာသမို႔ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ လက္ကို လႊတ္ေပးလိုက္ေလသည္။
" ဆရာေလး မေန႕က ယူလာတဲ့ လက္ဖက္အိတ္ေတြက မေလာက္ဘူးထင္လို႔ ဒီေန႕ သုံးအိတ္ယူလာတယ္ ''
" ေက်းဇူးတင္ပါတယ္ ''
" အေဖ အေဖ မလွဘူးလား သမီးနာမည္
ထိုးထားတာ ''
" သားေရာပဲ အေဖ ''
" ေအး လွတယ္ ေသခ်ာလုပ္ၾကေနာ္ ဆရာမေထာ့ဖန္ရဲ႕ နာမည္ထိုးဖို႔လည္း မေမ့နဲ႕ဦးေနာ္ ဆရာမျပန္လာရင္ ျပရေအာင္လို႔ ''
" သား ဆရာမေထာ့ဖန္ရဲ႕ နာမည္ ထိုးလိုက္မယ္ ''
" သမီးေရာပဲ ''
" သားေရာပဲ ''
" သမီးေရာထိုးမွာ ''
" မရဘူး ငါထိုးမွာ ''
" မရဘူးကြာ ''
ကေလးေတြက ဆရာမေထာ့ဖန္ကို အဲသလို အရမ္းခ်စ္ၾကၿပီး ေျပာေနကာ ဆရာေလးထီရန္က မ်က္ႏွာမေကာင္း၍ ေလာင္ထယ္ကို ၾကည့္လိုက္ရာ ေလာင္ထယ္က မ်က္စေလးျပဳျပရင္း အားေပးလိုက္ေလသည္။
အဲသလို ႐ြာသားေတြ အားလုံး ခ်စ္ၾကသည့္ ဆရာမေထာ့ဖန္ကို ႐ုတ္တရက္ေျပာလာၿပီး ဆရာမေထာ့ဖန္ကို အဲသလို အရမ္းခ်စ္ၾကသမို႔ ဆရာမေထာ့ဖန္၏ႏွလုံးနဲ႕ အသက္ရွင္ေနသည့္ ဆရာေလးထီရန္က ဝမ္းနည္းကာ ေက်ာင္း၏တစ္ေနရာတြင္ ငိုင္၍ ရွိေနေလသည္။
ေလာင္ထယ္လည္း စိတ္မေကာင္းကာ ဆရာေလးထီရန္အနားလာၿပီး
" အိုေကရဲ႕လား အစ္ကို ''
" ဟင္ ေၾသာ္ ေျပပါတယ္ အစိုမျပန္ပါဘူး ''
ဆရာေလးထီရန္က အဲသလို လက္ဖက္ေမႊးအိတ္ကေလးကို ၾကည့္၍ စကားလမ္းေၾကာင္းလႊဲလိုက္ေလသည္။
" ကြၽန္ေတာ္က အဲဒါကို ေျပာတာ
မဟုတ္ပါဘူး ''
ေလာင္ထယ္က ထိုသို႔ေျပာၿပီး ေခါင္းေဆာင္ဖူဖာက သူတို႔၏အေဝးတစ္ေနရာမွ သူတို႔ကို နားမလည္သလိုျဖင့္ ၾကည့္ေနေလသည္။ ဆရာေလးထီရန္လည္း ကေလးေတြ ေဆာ့ေနတာကို ၾကည့္ၿပီး
" အစ္ကို စိတ္ပိုင္းျဖတ္ၿပီး သြားၿပီ ဒီလက္ဖက္ေျခာက္အိတ္ေတြ လုပ္ၿပီးတာနဲ႕ အစ္ကို အကုန္လုံးကို အမွန္အတိုင္း ေျပာျပလိုက္ေတာ့မယ္ ''
အဲ့ေနာက္ ေလာင္ထယ္က ဆရာေလးထီရန္၏ပုခုံးကို ကိုင္ကာ ဖက္ၿပီး နက္သိမ့္ေပးလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာက သူတို႔ကို သဝန္တိုစိတ္ျဖင့္ ၾကည့္ေနေလသည္။
ဘယ္လိုအရာေတြ ဘယ္လိုေတြ ေျပာင္းလဲေနပါေစ အမွန္တရားဆိုတာ ဘယ္နည္းနဲ႕မွ ဖုန္းကြယ္ထား၍ မရနိုင္ျဖစ္ေခ်သမို႔ ဆရာေလးထီရန္လည္း ႐ြာသားေတြကို အမွန္အတိုင္းေျပာဖို႔ ဆုံးျဖတ္လိုက္ေလသည္။
ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာအနားကို ေဒါက္တာနမ္ ေရာက္လာကာ
" ေဟ့ ဖူ ငါၿပီးသြားၿပီ ျပန္ၾကေတာ့မလား ''
" အင္း ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက လက္ကေလးပိုက္၍ ေလာင္ထယ္ႏွင့္ဆရာေလးထီရန္ နီးနီးကပ္ကပ္ ျဖစ္ေနတာကို အလိုမက်သလို ၾကည့္၍ ထြက္သြားရာ ေဒါက္တာနမ္လည္း ဆရာေလးထီရန္တို႔ကို ၾကည့္၍ အေနာက္မွ လိုက္သြားေလေတာ့သည္။
အဲသလိုနဲ႕ ဂ်စ္ကားေလးအနားကို ေခါင္းေဆာင္ဖူဖာနဲ႕ ေဒါက္တာနမ္ အတူတူလာ၍
" ကေလးေတြ ေျပာသလို ညီေလးထီရန္ကို ဒီမွာ ဆက္ေနဖို႔ ေျပာၿပီးၿပီလား ''
" မေျပာရေသးဘူး ''
" ဟမ္ ဘာလို႔လဲ မင္းေမးၿပီးၿပီေတာင္
ထင္ေနတာ ''
" မေမးရေသးပါဘူး သူ ေလာင္ထယ္နဲ႕
အလုပ္ရႈပ္ေနပုံပဲ ''
" ေအာ္ ဟုတ္လား အလုပ္မ်ားေနရွာမွာေပါ့ သူ႕လက္ဖက္ေျခာက္အိတ္ေတြနဲ႕ေလ ''
" ဟုတ္မယ္ ထင္တာပဲ သူတို႔ ထပ္ၿပီး ျပႆနာေတြ မရွာဖို႔ ေမွ်ာ္လင့္ရတာပဲ ''
" ေအးေဆးေပါ့ကြာ မင္းကလည္း ႐ြယ္သူေတြပဲေလ ဘာသာတစ္ခုတည္း ေျပာၾကတဲ့သူေတြပဲဟာ ရင္ႏွီးသြားၾကတာ ဘာဆန္းလို႔လဲ ''
" ဟုတ္ပါတယ္ေလ ငါ့လိုစည္းကမ္းႀကီးတဲ့လူမ်ိဳးနဲ႕ ဘယ္သူက ရွိခ်င္မွာလဲ ''
" မင္းက ငါ့ကို ဘာလို႔ ေၾကကြဲျပေနတာလဲ ''
" မဟုတ္ပါဘူး ''
" ဟုတ္ပါတယ္ မင္းကိုယ္မင္း ၾကည့္ဦး ေဟ့ အခ်ည္းႏွီး ျဖစ္သြားပုံပဲ ငါ့အထင္ေတာ့ မင္း သဝန္တိုေနတာ မဟုတ္လား ''
" မဟုတ္ဘူး ''
" ေသခ်ာလို႔လား ''
မွန္၏။ ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာ ဆရာေလးထီရန္ကို ေလာင္ထယ္နဲ႕ သဝန္တိုေနျခင္း ျဖစ္ေလသည္။ စိတ္မေကာင္း သဝန္တိုေနသည့္ပုံစံက ေခါင္းေဆာင္ မဟုတ္သည့္အတိုင္း စိတ္ေကာက္ေနပုံမ်ားေတာ့ အထူးအဆန္းပင္ ျဖစ္သည္။
ထိုအခ်ိန္ ဆရာေလးထီရန္က လက္ဖက္ေျခာက္အိတ္ပုံးေတြယူကာ ေခါင္းေဆာင္ဖူဖာႏွင့္ ေဒါက္တာနမ္ အနားကို ႐ုတ္တရက္ ေရာက္လာေလသည္။ ေဒါက္တာနမ္က ဆရာေလးထီရန္ကို ျမင္၍
" ညီေလးထီရန္ ဘယ္သြားမလို႔လဲ ''
" ႐ြာသူႀကီး အိမ္သြားမလို႔ အစ္ကို ဒီလက္ဖက္ေျခာက္အိတ္ေတြ ဆိုင္ကိုသြားပို႔ရေအာင္ ဆိုင္ကယ္သြားယူမလို႔ ''
" ေအာ္ ဖူလည္း ၿမိဳ႕ထဲသြားမွာ သူ႕ကို လိုက္ပို႔ခိုင္းလိုက္ပါလား ''
" ကြၽန္ေတာ့္အထင္ေတာ့.... ''
" ရတယ္ေလ ''
ဆရာေလးထီရန္ စကားမဆုံးခင္ ေခါင္းေဆာင္ဖူဖာက ေဒါက္တာနမ္ကိုၾကည့္၍ ထိုသို႔ လက္ဖက္အိတ္ေတြပို႔ေပးဖို႔ ရတယ္ေလ ဟူ၍ ေျပာလိုက္ေလသည္။
" ဒါဆို ဒီမွာ ေသာ့ေနာ္ ယူလိုက္
ဂ႐ုစိုက္ေမာင္းေနာ္ ''
အဲသလို ေျပာၿပီး ေဒါက္တာနမ္က အလိုက္သိသိ ေရွာင္ထြက္သြားေလေတာ့သည္။ ထိုအခါ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္
" ေပး ကားထဲထည့္လိုက္မယ္ ''
" ဒီမွာ ဒါက ဆိုင္လိပ္စာ ၿပီးေတာ့ ဒါက ေျပစာ ဟို ဆိုင္ရွင္ကို ေျပာလိုက္ေနာ္ က်န္တာေတြကို ကြၽန္ေတာ္ မနက္ျဖန္ ပို႔ေပးမယ္လို႔ ''
အဲသလို ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို မၾကည့္ဘဲ ထိုသို႔ေျပာေနရာ ေခါင္းေဆာင္ဖူဖာက
" မင္းေရာ အတူမလိုက္ဘူးလား ''
" အစကေတာ့ လိုက္မလို႔ပါပဲ ဒါေပမယ့္ ကြၽန္ေတာ္ ဒီမွာေနၿပီး သူတို႔ကို ကူေပးရဦးမယ္ ၿပီးေတာ့ ကေလးအတြက္ မုန့္ေလးေတြ ဝယ္ခဲ့လို႔ရမလား ဒီမွာ စာရင္းလုပ္ထားတယ္ ''
ဆရာေလးထီရန္က အဲသလို ပုံးတစ္ခုႏွင့္ စာ႐ြက္ႏွစ္ခု ေပးကာ ေလာင္ထယ္လည္း ပုံးတစ္ပုံးကိုင္၍ ေရာက္လာရာ
" ေအာ္ ေလာင္ထယ္ ဒါေတြကို ေခါင္းေဆာင္ကို ေပးလိုက္ သူပို႔ေပးလိမ့္မယ္ ''
" ေၾသာ္ ေအးေအး ေက်းဇူးတင္တယ္ေနာ္ ေခါင္းေဆာင္ ''
ေလာင္ထယ္က အဲသလိုေျပာၿပီး ေခါင္းေဆာင္ဖူဖာ ေပြ႕ခ်ီထားသည့္ ပုံးတစ္ခုအေပၚ ထပ္ၿပီးပုံးတစ္ခုတင္လိုက္ေလသည္။
" ဒါဆို ျပန္သြားရေအာင္ ဒီညေတာ့
ညလုံးေပါက္ပဲ ''
" လုပ္လိုက္ၾကစို႔ အစ္ကို ''
ဆရာေလးထီရန္က လက္ဖက္ေျခာက္အိတ္ေတြ ပို႔ခိုင္း႐ုံသာမက အဲသလို ေခါင္းေဆာင္ဖူဖာ မခံခ်င္ေအာင္လည္း တမင္တကာ ေျပာသြားလိုက္ၾကေသးသည္။ ေခါင္းေဆာင္ဖူဖာလည္း သဝန္တို ေဂ်စိတ္ကေလးျဖစ္ကာ ပုံးေတြကို ဂ်စ္ကားအေနာက္ခန္းမွာ ထားၿပီး ကားေပၚတက္ကာ ေမာင္းထြက္သြားေလေတာ့သည္။
ဒီလိုနဲ႕ ခ်င္းမိုင္ၿမိဳ႕က ဖာပန္းေဒါင္းကို အလည္ေရာက္ဖူးသည့္ အရင္တစ္ခါတုန္းက အစ္မဆိုင္သို႔ ေခါင္းေဆာင္ဖူဖာ ေရာက္လာကာ
" မဂၤလာပါ ''
" ေအာ္ ေခါင္းေဆာင္ဖူ ကိုယ္တိုင္ယူလာတာလား ဒီမွာခ်ထားလိုက္ ခ်ထားလိုက္ ''
" သူတို႔အလုပ္လုပ္ေနၾကတုန္းမို႔ ကြၽန္ေတာ္ ကူသယ္လာေပးတာ ဘယ္လိုလဲ ေရာင္းရရဲ႕လား ''
" ေရာင္းလို႔ေတာင္ မေလာက္ဘူး ဒီမွာၾကည့္ေလ အထူးသျဖင့္ နာမည္ထိုးထားၾကတာေတြပဲ အရမ္း
အေမးမ်ားၾကတာ ဝယ္သူေတြ အရမ္းႀကိဳက္ၾကတာေလ လာၿပီ ''
ထိုအစ္မက အဲသလို ေျပာသမို႔ ေခါင္းေဆာင္ဖူဖာက ၿပဳံးရည္ၿပီး ေစ်းဝယ္သူကိုၾကည့္ရာ မ်က္ႏွာညိုးသြားရေလသည္။
" ဖာပန္းေဒါင္း႐ြာက ႐ြာသားေတြ ကိုယ္တိုင္ လုပ္ထားတဲ့ လက္ဖက္ေမႊးအိတ္ေလးေတြပါ ရွင့္ ''
မွန္၏။ ထိုအိတ္ေလးေတြကို လာၾကည့္သည့္သူက ဦးဆက္ဒါႏွင့္ သူ၏လူယုံေတာ္ ျဖစ္ေပသည္။ ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာ မ်က္ႏွာပ်က္ျဖစ္သြားရျခင္း ျဖစ္ေလသည္။
ဦးဆက္ဒါက ထိုလက္ဖက္ေမႊးအိတ္မွ နာမည္ထိုးထားသည္ကို ၾကည့္ကာ
" စိတ္ကူးေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ ''
မွန္၏။ အျပင္မွာသာ ထိုသို႔ေျပာတာ စိတ္ထဲမွာေတာ့ သူ႕လူကို ထိခိုက္ေအာင္ လုပ္ထား၍ မေက်မနပ္ျဖစ္ေနေလသည္။ ဟန္ျပလုပ္ျခင္း ျဖစ္ေလသည္။
" မဂၤလာပါ ဦးေလး "
" ေအာ္ ေခါင္းေဆာင္ဖူ ''
" ဖာပန္းေဒါင္းက လက္ဖက္႐ြက္ေတြက အခုတစ္ေလာ မေရာင္းရဘူးေလ ဒါေၾကာင့္ သူတို႔ေရာင္းဖို႔
တစ္ျခားနည္းလမ္းရွာၾကတာ ကြၽန္ေတာ္က ဒါေတြ လာပို႔ေပးတာ ဒါက ဦးေလးရဲ႕ လက္ဖက္ေျခာက္စီး
ပြားေရးကို မထိခိုက္ေစဘူးဆိုတာ ေသခ်ာပါတယ္ ''
" ေအြး ေခါင္းေဆာင္ ခ်ဲ့ကားလြန္းေနပါၿပီ ကြၽန္ေတာ္က တစ္ျခားလူေတြလို သာမာန္ကုန္သည္ပါပဲ ''
ထိုသို႔ေျပာၿပီး ဦးဆက္ဒါက သူကိုင္ထားသည့္ လက္ဖက္ေမႊးအိတ္မွ နာမည္ကို ဖတ္ၾကည့္သည္မွာ
" ထီရန္ ဒီဆရာေလးက
စိတ္ဓာတ္ျပင္းျပသားပဲေနာ္ ''
" ဆရာထီရန္က တစ္ျခားၿမိဳ႕က ကေလးေတြလိုပါပဲ သူပ်င္းလာရင္ အိမ္ျပန္သြားမွာပါ ''
ထိုအခါ ဦးဆက္ဒါက ဆိုင္ရွင္အစ္မကို
" ကြၽန္ေတာ္ ဒါေတြ အကုန္လုံးယူလိုက္မယ္ ဒါေတြကိုေရာပဲ ၿပီးေတာ့ ဒါေရာ ''
အဲသလိုေျပာၿပီး ထီရန္ဟု အမည္ပါသည့္ အိတ္ကေလးကိုပါ ေျပာေလသည္။ ထို႔ေနာက္ ဦးဆက္ဒါ၏ ေခြးအက်င့္က
" ကြၽန္ေတာ္ ကူညီေပးခ်င္လို႔ပါ အကုန္ အိတ္ထဲ ထည့္လိုက္ေတာ့ ''
" ေက်းဇူးတင္ပါတယ္ ''
မွန္၏။ ဦးဆက္ဒါက ဟန္ျပလုပ္သြားျခင္း ျဖစ္ေလသည္။ ဆိုလိုသည္မွာက ႏႈတ္ဖ်ားက ေျပာသြားသည္မွာေတာ့ ကူညီေပးခ်င္တာ ျဖစ္ၿပီး တကယ့္အတြင္းစိတ္ထဲမွာေတာ့ အရင္က ဖာပန္းေဒါင္းမွာ အျမတ္ထုတ္၍ ရေနတာ ျဖစ္ၿပီး ဆရာေလးထီရန္ ေရာက္လာမွ အျမတ္မထုတ္ရသမို႔ မေက်မနပ္ ျဖစ္ေနေလသည္။ ဒါေၾကာင့္လည္း ဖာပန္းေဒါင္းက လက္ဖက္ေတြကို ဦးဆက္ဒါ၏ ႀကီးစိုးမႈေၾကာင့္ ဘယ္စက္႐ုံကမွ မဝယ္၍ ယခုလို လက္ဖက္ေမႊးအိတ္ေတြ ေရာင္းေနရျခင္း ျဖစ္ေလသည္။
ဒါဆို ဒီလက္ဖက္ေမႊးအိတ္ေတြ အိတ္လုံးေရ ၁၀၀၀ လုပ္ဖို႔ ေအာင္ျမင္သြားနိုင္မလားဆိုတာ မသိနိုင္ေပမယ့္ ဖာပန္းေဒါင္းေက်ာင္းမွာ ႀကိဳးႀကိဳးစားစား အိတ္ေတြထိုးေနၾကသည့္ ႐ြာသူ႐ြာသားေတြ ကေလးေတြ ေလာင္ထယ္ ေရာ့ခ်န္း လန္ ေဒါက္တာနမ္ အားေပးစကားေျပာေနသည့္ ဆရာေလးထီရန္တို႔ကို သြားၿပီး ဖတ္ရႈၾကရေပမည္။
" ဖာပန္းေဒါင္း ႀကိဳးစားထား ဖာပန္းေဒါင္း ဆက္လုပ္ထား ႀကိဳးစား ဖာပန္းေဒါင္း ဒီညကေတာ့ ညလုံးေပါက္မွာပဲ လုပ္ထားၾက ''
ထိုအခါ ေခါင္းေဆာင္ဖူဖာက အိတ္ကေလးဆြဲကာ ေက်ာင္းအခန္းထဲမွ ဆရာေလးထီရန္အနားကို ေရာက္လာခဲ့ေလသည္။ ဆရာေလးထီရန္ကို မုန့္အိတ္ေတြ ေပးလိုက္ၿပီး ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ေက်းဇူးတင္လိုက္ေလသည္။
" ေအာ ေခါင္းေဆာင္ ''
" ..... ''
" ေက်းဇူးတင္ပါတယ္ေနာ္ ''
ထို႔ေနာက္ ဆရာေလးထီရန္က မုန့္အိတ္ကို ကိုင္ကာ ကေလးေတြကို ၾကည့္၍
" ကေလးတို႔ စားစရာေတြ ေရာက္လာၿပီ အယ္ ေရာ့ေလာင္ထယ္ ''
" ေအး ေက်းဇူး ''
" ဒါက ေဒါက္တာ အတြက္ "
" ေက်းဇူး ညီေလးထီရန္ ''
" ေရာ့နဲ႕အစ္ကိုလန္ကိုလည္း ေပးလိုက္ဦးေနာ္ ''
" ေအး ''
" ဒါက ကေလးတို႔အတြက္ အစ္ကို
ခြံ႕ေကြၽးမယ္ ဟုတ္ၿပီလား ''
" ဟုတ္ ''
" ပါးစပ္ဟ အားေတြအျပည့္တင္လိုက္ေတာ့
ထပ္ယူဦးမွာလား အိုေက ''
ဆရာေလးထီရန္က အာရီကို ခြံ႕ေကြၽးၿပီး ေခါင္ႏြန္း နဲ႕ ကာလယ္အား ထိုသို႔ေျပာကာ ကေလးေတြ လက္ျဖန့္ခိုင္းၿပီး သြန္ထည့္ေပးလိုက္ေလသည္။
" ေခါင္ႏြန္း ယူဦးမလား ကာလယ္ ဘယ္လိုလဲ အားလုံးပဲ လက္ျဖန့္ထားၾက ''
ထို႔ေၾကာင့္ ဆရာေလးထီရန္က ထိုဘူးအခြံကို ကိုင္ကာ အမွိုက္ပစ္ဖို႔ ေခါင္းေဆာင္ဖူဖာအနား ေရာက္သြားခ်ိန္ ေခါင္းေဆာင္ဖူဖာက ေခ်ာင္းဟင့္လိုက္ေလသည္။
" အဟမ်း ဟမ်း ''
" ေအာ ေခါင္းေဆာင္ စားခ်င္လို႔လား ''
" သူတို႔ကိုပဲ အရင္ေပးလိုက္ပါ ရပါတယ္ ''
" အကုန္ ရၿပီးၾကၿပီ ေခါင္းေဆာင္ပဲ
က်န္ေတာ့တာ ''
ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက လက္ကေလးျဖန့္လိုက္ရာ ဆရာေလးထီရန္က ဘူးအခြံကို လက္ဖဝါးေပၚ သြန္သမို႔ စားစရာတစ္ခုမွ က်မလာကာ ေခါင္းေဆာင္ဖူဖာ ရွက္သလိုလို ျဖစ္သြားရေလသည္။
" ကုန္သြားၿပီ ေနာက္တစ္ေခါက္က်မွ
ကြၽန္ေတာ္ ဝယ္ေကြၽးမယ္ေနာ္ ''
" အင္း ''
ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက သူ႕အတြက္ စာရင္းမပါဘဲ မခ်န္ထားသည့္ ဆရာေလးထီရန္ကို စိတ္ကေလး အနည္းငယ္တိုကာ ျဖစ္ေနသမို႔ ေဒါက္တာနမ္က သူတို႔ေဝစုရထားသည့္ မက္စ္အစပ္ေခ်ာင္းေၾကာ္ ဘူးေလးကမ္းေပးေလသည္။
" မင္း ငါ့ဟာ စားလိုက္ ''
" မစားဘူး ''
ထိုအခါ ေဒါက္တာနမ္က ထၿပီး ဆရာေလးထီရန္လည္း ခုံမွာသြားထိုင္ကာ ေခါင္းေဆာင္ဖူဖာအနားကို ေဒါက္တာနမ္ ေရာက္လာ၍ တစ္ျခားသူေတြ မၾကား ေအာင္ စကားကို ႏွစ္ကိုယ္ၾကားေလး တီးတိုးေျပာေနေလသည္။
" မင္းကလည္း လက္အရမ္းကို ႏွေးတာပဲ ဘာမွမရလိုက္တာ သံသယဝင္စရာလိုကို မလိုဘူး ''
" ေတာ္ေတာ့ ''
" ငါ ညီေလးထီရန္ကို သြားေမးလိုက္မယ္
ေအးေဆးေနလိုက္ ''
" ေဒါက္တာ ''
" ငါ့ကို အပ္ထားစမ္းပါ ''
" ေဒါက္တာ ''
ေခါင္းေဆာင္ဖူဖာလည္း ေဒါက္တာနမ္က ထိုသို႔ ေခါင္းေဆာင္ဖူဖာက မုန့္ေဝစုမရ၍ ဆရာေလးထီရန္ဆီမွာ တစ္ခုခုေတာင္းဖို႔ ဆရာေလးထီရန္ကို ေမးမည္ႀကံေနရာ ေဒါက္တာနမ္၏နာမည္ေခၚတာ အကၤ်ီကို ေနာက္မွ ဆြဲကာ တီးတိုး ေျပာေနေလသည္။
ထို႔ေနာက္ ေဒါက္တာနမ္က ေခ်ာင္းဟင့္၍ အသံကို ခပ္က်ယ္က်ယ္ျဖင့္ ေျပာမည္ႀကံကာ ေခါင္းေဆာင္ဖူဖာက ေနာက္ကေန အကၤ်ီကိုဆြဲ၍ တားေနေလသည္။
" အဟမ္း ဟမ္း ညီေလးထီရန္ေရ ''
" ေဒါက္တာ ''
" ထီရန္မွာ လက္ဖက္ေျခာက္အိတ္ေတြ က်န္ေသးလား အစ္ကို႔ သူငယ္ခ်င္းက လိုခ်င္လို႔တဲ့ ''
အဲသလို ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာ သူ၏အကၤ်ီကို အတင္းဆြဲေနသည့္လက္ကို ခ်ဳပ္ကာ ထိုသို႔ေျပာလိုက္ေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္က ခပ္ၿပဳံးၿပဳံးျဖင့္
" ဒါေတြက ေရာင္းဖို႔အတြက္ခ်ည္းပဲ အစ္ကိုရဲ႕ ေတာင္းပန္ပါတယ္ ''
" အဟား ဟား ''
အဲသလို ျပန္ေျပာသမို႔ ကေလးေတြကလည္း ေဒါက္တာနမ္တို႔ကို ေလာင္ရည္ကာ ေခါင္းေဆာင္ဖူဖာလည္း ေဒါက္တာနမ္ကို ေမွးေငါ့ထိုးျပလိုက္ေလသည္။
ဆိုလိုသည္မွာ အစကတည္းက သြားမေမးပါနဲ႕လို႔ မေျပာဘူးလား ဟူ၍ပင္ ျဖစ္ေလသည္။ ယခုေတာ့ ေခါင္းေဆာင္ဖူဖာ ဝဋ္လည္သည္ဟု ဆိုရမလားမသိ အရင္က ဆရာေလးထီရန္ကို ဆူပဲဆူေနတာ ယခုက်ေတာ့ ဆရာေလးထီရန္က ျပန္ၿပီး ဂ႐ုစိုက္ျပမေနဘဲ အဲသလို ပစ္ထားေလသည္။
ကံေကာင္းသည္က ေလာင္ထယ္ႏွင့္လည္း လက္ဖက္ေမႊးအိတ္ကို အေၾကာင္းျပ၍ ေခါင္းေဆာင္ဖူဖာကို သဝန္တိုေအာင္ ဆရာေလးထီရန္ လုပ္နိုင္ခဲ့ေလသည္။
ဒီလိုနဲ႕ ညအခ်ိန္ေလးကို ေရာက္သြားကာ ဖာပန္းေဒါင္းေက်ာင္း ပစၥည္း သိုေလွာင္ခန္းထဲတြင္ လက္ဖက္ေမႊးအိတ္ပုံးေတြကို သိုေလွာင္ထားေလသည္။ ထိုေက်ာင္းေလးကို အလင္းရဖို႔ အကန့္အသတ္သာရသည့္ လွ်ပ္စစ္မီးအိမ္ေလး ထြန္းထားေလသည္။
ယခုေတာ့ ဘန္ေကာက္မွ ေအာ္ဒါ အိတ္လုံးေရ ၁၀၀၀ ကို လုပ္၍ ၿပီးသြားေလသည္။ ဆရာေလးထီရန္လည္း အိမ္ျပန္သြားသည့္ ႐ြာသူ႐ြာသားေတြကို ေက်းဇူးတင္ကာ ေလာင္ထယ္ကိုလည္း ေက်းဇူးတင္စကား ေျပာေလသည္။
" ေက်းဇူးပါ ေက်းဇူးတင္ပါတယ္ ''
" အကုန္လုံး အဲ့မွာ ထားလိုက္ၾက မနက္ျဖန္က်ရင္
သြားပို႔လိုက္မယ္ ''
" ေက်းဇူးတင္တယ္ေနာ္ ေရာ့ခ်န္း ''
" ဟုတ္ ဟုတ္ကဲ့ပါ ''
" မယုံနိုင္စရာပဲေနာ္ ''
" ဟုတ္တယ္ေနာ္ အစ္ကို ကြၽန္ေတာ္တို႔ မၿပီးေလာက္ဘူး ထင္ထားတာ ''
" မဟုတ္ပါဘူး အစ္ကို ေျပာတဲ့ မယုံနိုင္စရာဆိုတာက အစ္ကို ဒါ မ်ိဳးေတြ လုပ္နိုင္လိမ့္မယ္ မထင္ဘူးလို႔ ေျပာတာ ''
မွန္၏။ ဆရာေလးထီရန္က ႐ြာသားေတြကို ကူညီေပးရ၍ ပီတိျဖစ္ေနျခင္း ျဖစ္ေလသည္။ အမ်ားအက်ိဳးေဆာင္ ကိုယ္အက်ိဳးေအာင္ အသက္ရွိစဥ္မေသခင္ကို ကုသိုလ္ပြားမ်ား ေနာက္ႀကီးပြားတဲ့ တကယ့္ကို ပီတိျဖစ္စရာ စိတ္ခ်မ္းေျမ့စရာ ဂုဏ္ယူစရာ ေကာင္းလွေပသည္။
" ဂုဏ္ယူေနတယ္မို႔လား အစ္ကို ''
" ေလာင္ထယ္သာ အရင္တုန္းက အစ္ကို႔ပုံစံကို ေတြ႕ရင္ ေလာင္ထယ္ အစ္ကို႔ကို က်ိန္းေသေပါက္ မုန္းမွာ ''
မွန္၏။ အရင္တုန္းက ထီရန္က ယခုလို ဆရာေလးထီရန္လိုမဟုတ္ သူငယ္ခ်င္းနဲ႕ကလပ္သြား ေသာက္စား မူးယစ္ ရန္ျဖစ္ ေလာင္းကစားလုပ္ မိဘေတြ စိတ္ပ်က္ ျပႆာနာေတြ ေျဖရွင္းရ အဲလိုဆိုးတဲ့ အင္ဂ်င္နီယာ ေက်ာင္းသားအ႐ူးေလး ျဖစ္၏။
" အင္း ''
" သူမ်ားေတြအတြက္ တစ္ခုခု လုပ္ေပးလို႔ရတဲ့ ေပ်ာ္႐ႊင္မႈဆိုတာ ဒါကို ေျပာတာပဲ ''
" အင္း ဟုတ္သား အစ္ကို အေဖက အကုန္လုံးအတြက္ ဆန္ျပဳတ္လုပ္ေပးထားတယ္ စားခ်င္လား ''
" ေလာင္ထယ္အရင္ သြားႏွင့္လိုက္ အစ္ကို ဟိုဟာေတြ သြားစစ္လိုက္ဦးမယ္ ပိုၿပီး ေသခ်ာေအာင္လို႔ ''
" အိုေက မၾကာေစနဲ႕ေနာ္ အစ္ကို ''
" ေအး ''
ထို႔ေနာက္ ေလာင္ထယ္လည္း အိမ္ကို ျပန္သြားၿပီး ဆရာေလးထီရန္က ဖာပန္းေဒါင္းေက်ာင္းမွ စတိုခန္းထဲကို ဝင္သြားေလေတာ့သည္။
စတိုခန္းထဲကို ေရာက္ေသာ္ ဆရာေလးထီရန္က ပုံးမွာကပ္ထားသည့္ အေရအတြက္ကို ေရတြက္ၾကည့္ေနေလသည္။
" ၆၀၀ ၇၀၀ ၈၀၀ ၉၀၀ ၁၀၀၀ ၁၁၀၀ ''
ထိုအခါ ေခါင္းေဆာင္ဖူဖာလည္း စိတ္မခ်၍ စတိုခန္းထဲကို ဝင္လာ၍ ဆရာေလးထီရန္အား
" သြားခ်ိန္ေရာက္ၿပီ ေလာင္ထယ္နဲ႕အႀကိမ္ႀကိမ္ ေရၿပီးၿပီမဟုတ္လား ''
" သူတို႔နဲ႕အတူသြားမစားဘူးလား ''
" ငါ မင္းကို ေျပာစရာရွိလို႔ ငါက စည္းကမ္းႀကီးတယ္ဆိုၿပီး မင္းက ကေလးေတြကို ေျပာထားတာလား ''
" ကြၽန္ေတာ္မေျပာပါဘူး သူတို႔က အကုန္လုံး သိေနၾကတာပဲကို ''
" ကိုယ္က ပြင့္ပြင့္လင္းလင္းပဲ ေျပာတတ္တာ ငါ့စကားလုံးေတြက မင္းတို႔လို အ႐ြယ္နဲ႕မတူပဲ ၾကမ္းတမ္းတဲ့ပုံ ေပါက္ခ်င္ေပါက္ေနမွာ ''
" အစ္ကို ဘာကို ဆိုလိုတာလဲ ''
" ေယဘုယ်အေနနဲ႕ေျပာျပတာပါ ''
" အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ္ သေဘာက်ပါတယ္ အစ္ကို႔လိုမ်ိဳး ပြင့္ပြင့္လင္းလင္း ေျပာတတ္တဲ့သူကို တည့္ပဲေျပာလိုက္တာ ''
" ... ''
" ကြၽန္ေတာ္ မႀကိဳက္တာက ကိုယ့္စိတ္ထဲရွိတာကို မေျပာရဲၾကတဲ့လူေတြကိုပဲ ''
" မင္းက ဘာကို ဆိုလိုတာလဲ ''
" ကြၽန္ေတာ္လည္း ေယဘုယ်အေနနဲ႕ေျပာတာပါ ''
အဲသလို တစ္ဦးကိုယ္တစ္ဦး မသိမသာေလးေျပာကာ ေယဘုယ်ကိဳပဲ အပစ္ေတြ လႊဲခ်ၿပီး ေမးခြန္းေတြ ထပ္ထုပ္ကာ လိုရာခရီးကို မေရာက္နိုင္ ျဖစ္ေခ်သည္။
" အစ္ကို ကြၽန္ေတာ့္ကို ေျပာခ်င္တာ ဒါပဲလား ''
" မဟုတ္ဘူး မင္း ဒီမွာေနတာ ဘယ္ေလာက္
ၾကာၿပီလဲ ဟင္ ''
" ၂ လေလာက္ ရွိေတာ့မယ္ ထင္တယ္ ''
" ၁ လေလာက္ေနရင္ စာသင္တာၿပီးေတာ့မွာပဲ မင္း မင္း မင္း ဒီမွာ ဆက္မေနခ်င္ဘူးလား ''
အဲသလို ေခါင္းေဆာင္ဖူဖာက ကေလးေတြနဲ႕ ႐ြာသားေတြအားလုံး ေဒါက္တာနမ္ လန္ ေရာ့ခ်န္းတို႔ ေမးခိုင္းသည့္ေမးခြန္းကို အေျချပဳ၍ သူလည္း ခ်စ္မိကာ ေနေစခ်င္၍ ေမးခြန္းေမးလိုက္ေလရာ ဆရာေလးထီရန္လည္း ေမးခြန္းေမးျပန္ေလသည္။
" ေခါင္းေဆာင္က ပိုၾကာၾကာေနဖို႔
ေျပာေနတာလား ''
" မဟုတ္ဘူး ကေလးေတြက မင္းကို ေတာင္းဆိုေပးဖို႔ ငါ့ကိုေျပာလို႔ ငါ့အထင္လည္း ဒီက႐ြာသားေတြက မင္းကို ဆက္ေနေစခ်င္ၾကတယ္ေလ ''
" ဒါဆို ေခါင္းေဆာင္ကေရာ ကြၽန္ေတာ့္ကို
ဆက္ေနေစခ်င္လား ''
" ငါနဲ႕ ဘာဆိုင္လို႔လဲ ''
" ေခါင္းေဆာင္ရဲ႕တာဝန္က ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးရတာေလ ဘယ္လိုလဲ ''
" ေအး ဟို ငါ ငါ ''
အဲသလို ေမးခြန္းေတြခ်ည္းေမးေနၾကၿပီး လိုရာခရီးကို မေရာက္ခ်ိန္ ေခါင္းေဆာင္ဖူဖာက ေျပာေတာ့မည္အလိုမွာ ေရာ့ခ်န္းက
" ေရတြက္လို႔ၿပီးၿပီလားဗ် ကြၽန္ေတာ္ တံခါးပိတ္ရေတာ့မယ္ အဲဒါမွ သူတို႔ကို ဘယ္သူမွ... လာမေနာက္ယွက္မွာ ''
" စိတ္မပူပါနဲ႕ ခ်န္း ငါ့ဘာသာ ပိတ္လိုက္မယ္ ခ်န္း သြားလို႔ရၿပီ ''
" ဆန္ျပဳတ္ အတူတူ လာမစားၾကဘူးလား ''
" ခဏေန လာမယ္ ''
" အိုေက ''
ေခါင္းေဆာင္ဖူဖာ ခဏေနမွလည္း သြားမေနနဲ႕ တံခါးလည္း ပိတ္မေနနဲ႕ ခ်န္းကိုလည္း ျပန္မလြတ္နဲ႕ အခုမွေျပာလည္း မထူးေတာ့ဘူး ေျပာမေနနဲ႕ေတာ့ ဖတ္ရသူေတြက စိတ္မရွည္ျဖစ္ရေလသည္။
" သြားရေအာင္ ငါဗိုက္ဆာေနၿပီ ''
" အင္း ''
ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာဆီက ေရာ့ခ်န္းေၾကာင့္ ၾကားခ်င္သည့္စကား မၾကားရေပမယ့္ ေခါင္းေဆာင္ဖူဖာကို ၿပဳံးျပကာ ေနေလသည္။ ဒီလိုနဲ႕ စတိုအခန္းျပင္ကို ေရာက္ေသာ္ ေခါင္းေဆာင္ဖူဖာက တံခါးပိတ္လိုက္ၿပီး ဆရာေလးထီရန္က နံရံမွာခ်ိတ္ထားသည့္ စြန္ေလးေတြကို ၾကည့္ေနေလသည္။
ထိုအခါ ေခါင္းေဆာင္ဖူဖာ လုပ္ေပးထားသည့္ပါေပါက္စြန္ကို ၾကည့္ကာ ဆရာေလးထီရန္ အေတြးေတြ ခ်ဲ့ကားေနေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္က ပါေပါက္စြန္မွာေရးထားသည့္ ဆရာေလးထီရန္အတြက္ ဟူသည့္ စာေလးကိုၾကည့္ကာ ၿပဳံး ရည္ေနေလသည္။
" စြန္ၾကည့္ၿပီး ဘာလို႔ ၿပဳံးေနတာလဲ ''
" ကြၽန္ေတာ္ ဒီလိုပဲ ေလွ်ာက္ၾကည့္ေနတာပါ ေခါင္းေဆာင္လုပ္ထားတဲ့ဟာပဲ ၾကည့္ေနတာ မဟုတ္ပါဘူး ''
" ငါ ဘာမွ မေျပာရေသးဘူးေလ ''
" ကေလးေတြက ေျပာတယ္ ဒါက ေခါင္းေဆာင္ရဲ႕ စိတ္ကူးဆို ေက်းဇူးတင္ပါတယ္ ေခါင္းေဆာင္ ''
" အင္း ''
" ကြၽန္ေတာ့္ မွတ္ဉာဏ္ေတြထဲမွာ ေသခ်ာသိမ္းထားပါ့မယ့္ အိုေကလား ''
" ငါက အႀကံပဲ ေပးတာပါ မင္းေက်းဇူးတင္ရမယ့္သူေတြက ကေလးေတြပါ ''
" ေက်းဇူးတင္စကားကို ရိုးရိုးရွင္းရွင္း လက္ခံလိုက္ေလ ဘာလို႔ ဟန္လုပ္ေနတာလဲ ''
ဆရာေလးထီရန္က ထိုသို႔ေျပာၿပီး လက္ဖက္ေမႊးအိတ္ေလးကို ေပးလိုက္ေလသည္။
" ေရာ့ ''
" ဘာလို႔ ငါ့ကို ေပးတာလဲ ''
" ေက်းဇူးတင္တဲ့အေနနဲ႕ ေပးတဲ့လက္ေဆာင္ ၿပီးေတာ့ ဒီတစ္ခုက နာမည္ မွားထိုးလိုက္လို႔ ''
ေခါင္းေဆာင္ဖူဖာက လက္ဖက္ေမႊးအိတ္ေလးကို ကမ္းယူရာ ဆရာေလးထီရန္က မေပးေသးဘဲ
" အငယ္ေတြဆီက လက္ေဆာင္ရရင္
ဘာလုပ္ရလဲ ''
" ေက်းဇူးတင္ပါတယ္ ''
ေခါင္းေဆာင္ဖူဖာ ေက်းဇူးတင္ၿပီးေနာက္ ဆရာေလးထီရန္လည္းလက္ဖက္ေမႊးအိတ္ေလးကို ေပးလိုက္ေလၿပီး နာမည္မွားထိုးထားသည့္ စာေလးကို ေခါင္းေဆာင္ဖူဖာၾကည့္ကာ ၿပဳံးရည္ေနေလသည္။ ပုံေလးနဲ႕အတူ ေရးထားသည့္စာေလးက ဘီလူးစိမ္းႀကီး ျဖစ္၏။
" ၿပီးေတာ့ ဒီတစ္ခုက အရင္ကထက္ ပိုေမႊးတယ္ ''
မွန္၏။ အရင္ကဆိုတာ ကားေပၚမွာ ေပးခဲ့သည့္ လက္ဖက္ေမႊးအိတ္ကို ေျပာျခင္းျဖစ္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ေပးသည့္ အိတ္ကေလးမွ ဘီလူးစိမ္းႀကီးဆိုသည့္ နာမည္ကို ၾကည့္ကာ ဆရာေလးထီရန္ကို ၾကည့္ၿပီး ၿပဳံးရည္ေနလိုက္ၾကေလေတာ့သည္။
ညအခ်ိန္ ျဖစ္သမို႔ အိမ္ထဲမွ မီးေရာင္တဝင္းဝင္းေတာက္ေနေလသည္။ ထိုအိမ္ေလးက ဆရာေလးထီရန္၏ ေက်ာင္းအိမ္ယာ ျဖစ္ေပသည္။
ဆရာေလးထီရန္လည္း ေျခေလးဆင္းကာ ေဘးနားက ေရခြက္ေလးကို တစ္က်ိဳက္ေမာ့ေသာက္ရင္း လက္ထဲတြင္ လက္ဖက္ေမႊးအိတ္ေလးကို ကိုင္ထားေလသည္။
ေဘးနားတြင္လည္း ေရနံဆီမီးခြက္ကေလးကို အလင္းရဖို႔ ထြန္းထားေလသည္။ ဆရာေလးထီရန္လည္း လက္ဖက္ေမႊးအိတ္ေလးကို ကိုင္ကာ ထိုအိတ္မွာ ေရးထားသည့္နာမည္က ေထာ့ဖန္ ဟူ၍ပင္ ျဖစ္သည္။
အဲဒီ ေထာ့ဖန္ဟု ပါသည့္ အိတ္ေလးကို ၾကည့္ရင္း ဆရာေလးထီရန္၏ အေတြးတစ္ခု
" ေထာ့ဖန္ လူတိုင္းက အစ္မကို ေမ့မသြားၾကဘူး မၾကာခင္ အစ္မႏွလုံးသားက သူတို႔ဆီ ျပန္ေရာက္လာတယ္ဆိုတာ သိၾကေတာ့မွာပါ ''
အဲသလိုေတြးၿပီး ဆရာေလးထီရန္ ေထာ့ဖန္အတြက္ စိတ္မေကာင္းကာ သက္ျပင္းခ်မိေလသည္။
ဖာဖီ႐ြန္တပ္စုတြင္လည္း ေခါင္းေဆာင္ဖူဖာက အိမ္အျပင္မွ အခန္းထဲက ကုတင္ဆီလာရာ ကုတင္ေပၚမွ ဘီလူးစိမ္းႀကီး ဟူသည့္ နာမည္ပါသည့္ လက္ဖက္ေမႊးအိတ္ကို ၾကည့္၍ ၿပဳံးရည္ကာ သတိရပုံေတြက
" ေရာ့ ''
" ဘာလို႔ ငါ့ကို ေပးတာလဲ ''
" ေက်းဇူးတင္တဲ့ အေနနဲ႕ ေပးတဲ့လက္ေဆာင္ ဒီလက္ဖက္ေမႊးအိတ္က အဲဒီအိတ္ထက္ ပိုေမႊးတယ္ ''
" အခု ဒီတစ္ခုက ေရာင္းစရာမလိုေတာ့ဘူးလား ''
" ဒါက နာမည္ မွားထိုးလိုက္လို႔ ေရာင္းမယ့္အထဲ ထည့္လိုက္လည္း ဘယ္သူမွ ဝယ္ခ်င္မွာ မဟုတ္ဘူး ''
ေခါင္းေဆာင္ဖူဖာလည္း အဲသလို သတိရကာ ၿပဳံးရည္ေနၿပီး ကုတင္ထက္၌ လွဲကာ ထိုအိတ္ေလးကို ၿပဳံး၍ ၾကည့္ၿပီး နမ္းရွိုက္ကာ ေခါင္းဦးေဘးနားထား၍ ေမွးလိုက္ေလသည္။
ထိုအခ်ိန္ မထင္မွတ္ထားသည့္ ကံၾကမၼာဆိုးႀကီးက က်ေရာက္လာေလသည္။ ေရာ့ခ်န္း၏ အေရးတႀကီး ေအာ္သည့္အသံက
" ေခါင္းေဆာင္ ေခါင္းေဆာင္ ''
" ဘာျဖစ္တာလဲ ''
" ျပႆနာတက္ၿပီ ''
" ဘာျဖစ္လို႔လဲ ''
" စာသင္ေက်ာင္း စာသင္ေက်ာင္း မီးေလာင္ေနၿပီ ''
ေခါင္းေဆာင္ဖူဖာလည္း စိတ္ေတြပူကာ အေရးတႀကီး အခန္းထဲမွ ေျပးထြက္သြားေလသည္။ မွန္၏။ ေက်ာင္းႀကီးကလည္း မီးေတာက္မီးလွ်ံေတြနဲ႕ တဟုန္းဟုန္း ေတာက္ေလာင္ေနေလသည္။ ခမာႏွင့္ ေလာင္ထယ္တို႔လည္း အေရးတႀကီး ျပဴးတူျပာတာျဖင့္
" ေရေရ ေလာင္ထယ္ ေရေပး ''
" တစ္ေယာက္ေယာက္ ေရသြားယူၾကဦး ''
" ေရေရ ေရနဲ႕ ပက္ၾက ေရ ျမန္ျမန္လုပ္ၾက ေရ ''
ေက်ာင္းႀကီးတစ္ဖက္ေတာ့ အလွ်ံတညွီးညွီးေတာက္ေလာင္ေနသည့္ မီးေတာက္ထဲ ပါေနေလသည္။ ထိုအခါ ဆရာေလးထီရန္ေရာက္လာကာ အေရးတႀကီး စိုးရိမ္ပူပန္မႈျဖင့္ ဝမ္းနည္းလ်က္
" ဆရာေလး ထီရန္ ''
" လက္ဖက္ေမႊးအိတ္ေတြ ဘယ္မွာလဲ ''
" အထဲမွာပါ အစ္ကိုထီရန္ အခု ေနာက္က်သြားၿပီ အစ္ကို ထီရန္ ''
ဆရာေလးထီရန္လည္း ဝမ္းနည္းေက်ကြဲစြာျဖင့္ ေက်ာင္းႀကီးမီးေလာင္သြားရာ အရင္က ကေလးေတြေပ်ာ္ခဲ့တာေတြကို သတိရၿပီး ဆရာေလးထီရန္ ထိုမီးေလာင္ေနတဲ့ ေက်ာင္းႀကီးထဲ ေျပးဝင္သြားေလသည္။
" အစ္ကိုထီရန္ အစ္ကိုထီရန္ ''
ေလာင္ထယ္က အဲသလို ေအာ္၍ ဆရာေလးထီရန္ေနာက္ကို လိုက္မည္ႀကံရာ ခမာက ေလာင္ထယ္၏အကၤ်ီကို ဆြဲထားရေလသည္။
" ေလာင္ထယ္ အထဲမသြားနဲ႕ ''
သက္ကယ္ေတြ ဝါးေတြ မိုးကာထားသည့္ ေက်ာင္းေလးမို႔ မီးကိုအေတာ္ႏွင့္ ၿငိမ္း၍ ရနိုင္မည္ မထင္ေခ် ျဖစ္၏။ ဆရာေလးထီရန္လည္း မီးခိုးေတြ တလူလူထြက္ေနသမို႔ ေခ်ာင္းဟင့္ကာ သူ၏ေဘးတြင္လည္း မီးေတြ ေလာင္ေနေလသည္။ သို႔ေပမယ္ အဘယ္ေၾကာင့္ ဆရာေလးထီရန္ ေက်ာင္းထဲကို ဝင္လာရျခင္း ျဖစ္သလဲဆိုတာ ေတြးၾကရေပမည္။
ေခါင္းေဆာင္ဖူဖာလည္း အေျပးအလႊား ေရာက္လာကာ ေလာင္ထယ္၏ စိုးရိမ္မႈႀကီးသည့္အသံက
" ေခါင္းေဆာင္ အထဲမွာ... ''
" အထဲမွာ ဘာျဖစ္လို႔လဲ ''
" အထဲမွာ အထဲမွာ ''
" အထဲမွာ ဘာျဖစ္လို႔လဲ အျမန္ေျပာၾကပါ ''
" အထဲမွာ အစ္ကိုထီရန္ အစ္ကိုထီရန္ အထဲမွာ ရွိေနတယ္ ''
" ထီရန္ ''
ေခါင္းေဆာင္ဖူဖာက အဲသလို စိုးရိမ္တႀကီးေအာ္ကာ ထိုမီးေလာင္ေနတဲ့ ေက်ာင္းႀကီးထဲ ေျပးဝင္သြားေလသည္။ ေခါင္းေဆာင္ဖူဖာကိုလည္း မည္သူမွ မတားလိုက္နိုင္ေခ် ျဖစ္ေလသည္။
" ေခါင္းေဆာင္ အဟမ္း ဟမ္း ''
" လိုက္မသြားၾကနဲ႕ အဟမ္း ဟမ္း ''
မီးခိုးေတြ တလူလူထြက္ေနသမို႔ ေခ်ာင္းဟင့္သံေတြ စိတ္ပူ၍ ညဥ္းသြားသံေတြ မီးေတြေလာင္ေနတဲ့ အသံေတြနဲ႕ ဆူညံေနေလသည္။ ေခါင္းေဆာင္ဖူဖာလည္း စိုးရိမ္တႀကီးနဲ႕ မီးခိုးေတြၾကားမွာ ဆရာေလးထီရန္ကို လိုက္ရွာေနေလသည္။
" ထီရန္ ထီရန္ ''
ထိုအခါ ေခါင္းေဆာင္ဖူဖာက မီးခိုးေတြ မီးေတြ ေလာင္ေနတဲ့ၾကားထဲမွာ လွဲက်ေနသည့္ ဆရာေလးထီရန္ကို ျမင္၍ ရင္ထဲတြင္ ဗေလာင္ဆူကာ မီးလုံးႀကီးေတြ အလုံးလိုက္ တက္လာသလို စိတ္ပူသြားေလေတာ့သည္။
ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္ကို ေပြ႕ခ်ီကာ ထိုမီးေလာင္ေနတဲ့ ေက်ာင္းႀကီးအျပင္ကို ေခၚလာခဲ့ေလသည္။ ထိုအခါ ေလာင္ထယ္တို႔ လန္ ေရာ့ခ်န္း ခမာတို႔က
" ဟိုမွာလာၿပီ ေခါင္းေဆာင္ ထီရန္ အစ္ကိုထီရန္ ထီရန္ ဆရာေလး ''
" ထီရန္ ''
ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္၏ ေခါင္းကို သူ၏ရင္ခြင္ထဲေပြ႕ခ်ီထားၿပီး အဝီစိငရဲထက္ေတာင္ ေခါင္းေဆာင္ဖူဖာ၏ ရင္ထဲတြင္ ပူလြန္းလွေလသည္။
မီးေသြးေတြ လူေနၿပီး မဲေနသည့္ အင္အားကုန္ခမ္းေနသည့္ မီးခိုးေတြေၾကာင့္ အသက္ရႉၾကပ္သြားသည့္ ဆရာေလးထီရန္ သူ၏ ရင္ဘတ္တြင္ ပါေပါက္စြန္ကေလးကို ပိုက္၍ ထားေလသည္။
ေခါင္းေဆာင္ဖူဖာလုပ္ေပးထားသည့္ ထီရန္အတြက္ ဟူ၍ ပါသည့္ ပါေပါက္စြန္ကေလးကို မီးေသြးေတြလူးၿပီး မီးခိုးေတြေၾကာင့္ အသက္ရႉၾကပ္ေနသည့္ ေပြ႕ခ်ီထားသည့္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာ စိုးရိမ္တႀကီးျဖင့္ ေခၚလိုက္ေလသည္။
" ထီရန္ ''
ဒီေန႕အဖို႔ မွန္ကန္တဲ့အလုပ္ကို
လုပ္ခဲ့တယ္လို႔
ကိုယ့္ကိုကိုယ္ယုံၾကည္လိုက္ရင္
မနက္ျဖန္အတြက္ စိတ္ပူစရာမလိုပါဘူး။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Unit - 6
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္