(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 5(B)
အပိုင်း (၁၄)
" ငါ တွေးနေတာ ဒီလောက်အဆင်မပြေတာကြီးကို မင်းက ဘာလို့နေနေတာလဲလို့ ''
" အဲဒါက နေလို့ကောင်းတယ်လေ ဟေ့ကောင်ရ ဘယ်လိုပြောရမလဲ ငါတို့ဘဝမှာ ကြုံတွေ့ရတဲ့နေ့ရက်တိုင်းက ဒီလိုမျိုးမှမဟုတ်တာ ''
" ဒါဆို မင်းက ဘာအတွက် လုပ်နေတာလဲ ''
ဆရာလေးထီရန်လည်း ခဏတာတွေဝေသွားပြီး အဖြေကို မရှင်းမရှင်းဖြင့်
" ဟို ဟို ငါထင်တာတော့ ငါအသစ်အဆန်းလေးတွေ ရှာချင်လို့ပဲလို့ထင်တယ် ''
" တကယ်တော့လေ မင်းလိုလူမျိုးက အသစ်အဆန်းတွေ ရှာချင်တာဆိုရင် အိမ်ကိုပြန်လာနေတာ ကြာနေလောက်ပြီ ထီရန် တခြားတစ်ခုခုရှိကိုရှိရမယ်
ပြောစမ်း ''
အဲသလို တွန်က ဆရာလေးထီရန်၏ လည်ပင်းပုခုံးကို ဖက်ကာ ဆံပင်ကို အသာလေးပွတ်ဆွဲလိုက်လေသည်။
" ပြောစမ်း အခုနော် ငါ ပြောလို့ ပြောနေတယ် ''
" ဟေ့ နာတယ်ကွ ''
" လုပ်စမ်းပါ ပြောပါကွ ''
အဲသလို တွန်က ဆရာလေးထီရန် အိမ်ကိုအတော်နှင့်ပြန်မလာသည်မှာ ဖာပန်းဒေါင်းရွာတွင် တစ်ခုခုကြောင့် မပြန်လာတာဖြစ်ရမယ်ဆိုပြီး အဲဒီတစ်ခုက ဘယ်အရာလည်း ဆိုတာကို မေးမြန်းနေလေသည်။ ဖာပန်းဒေါင်းရွာကဘယ်သူက ဆရာလေးထီရန်ကို မပြန်ချင်အောင် ဆွဲဆောင်ထားသည့်သူက မည်သူလဲဆိုတာ စောင့်ကြည့်ရပေမည်။
ချင်းမိုင် ဖာပန်းဒေါင်း ကျောင်းအိမ်ယာတွင်
ခေါင်းဆောင်ဖူဖာက သူ၏ဆိုင်ကယ်လေးကို ဒေါက်ထောက်ကာ ရပ်ထားပြီး သူကစိတ်ပူပြီး မျက်နှာလည်းတင်းနေကာ လက်နှစ်ဖက်ကို ခါးမှာထောက်၍ တစ်ယောက်ယောက်ကို မျှော်နေပေသည်။
မှန်၏။ ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာ မျှော်နေခြင်းဖြစ်လေသည်။ ဆရာလေးထီရန်က ယခုဆို ချင်းမိုင်မှာ သူ၏သူငယ်ချင်း တွန်နှင့် အပျော်ကြီးပျော်နေလေသည်။
ခေါင်းဆောင်ဖူဖာက အဲသလို ဆရာလေးထီရန် ပြန်မရောက်သေး၍ စိတ်ပူမိနေသည် ကတစ်ကြောင်း ရွာသားတွေက သူ့ကို မေးသည့်မေးခွန်းကြောင့် ရှက်မိနေသည်က တစ်ကြောင်းနဲ့ ထိုသို့ ဖြစ်နေလေသည်။
" ခေါင်းဆောင် ထီရန်ကို လာရှာတာလား ''
" ဟုတ်တယ် မဟုတ်ပါဘူး စျေးထဲကစျေးသည်တွေက သူ့အတွက် မုန့်ပေးခိုင်းလိုက်လို့ ''
အဲသလို ခေါင်းဆောင်ဖူဖာက ဆိုင်ကယ်ပေါ်မှာ မှီထိုင်ပြီး စိတ်ကသိကအောင့်ဖြစ်ကာ ဆရာလေးထီရန် အပြန်ကို ထပ်ပြီးမျှော်နေချိန် လန်နှင့် ရော့ချန်း ရောက်ချလာလေတော့သည်။
" ခေါင်းဆောင် ဆရာလေးထီရန်ကို လာတွေ့တာလား ''
" မဟုတ်ဘူး ''
အဲသလို သစ်တောထိန်းသိမ်းရေးဝတ်စုံကို ဝတ်ထားသည့် ခေါင်းဆောင်ပီပီသသ ခေါင်းဆောင်ဖူဖာကြီးက အသံကို ခပ်ကျယ်ကျယ် စိတ်မရှည်ကသိကအောင့် ဖြစ်နေသည့် လေသံမျိုးဖြင့် ပြောကာ ဆိုင်ကယ်ပေါ်တက်ခွပြီး စက်ကိုနိုး၍ တဘူးဘူး မြည်အောင် မောင်းထွက်သွားလေတော့သည်။
" တစ်ခုခုအရေးကြီးတာ ဖြစ်ရမယ် ''
" ဟုတ်တယ် ကူပေးရဦးမလား ဟေ့ အော် ခေါင်းဆောင်နဲ့နော် ''
" ဘာတွေလောနေတာလဲ မသိဘူး ''
အဲ့နောက် ညအချိန်လေးကို ရှောက်ရှိသွားကာ မီးရောင်တွေ တဖိတ်ဖိတ်တောက်နေသည့် ချင်းမိုင်မှ ဘားဆိုင်တစ်ဆိုင်တွင် တွန်နှင့် ဆရာလေးထီရန် အရက်ထိုင်သောက်နေကြလေသည်။
အခန်းအတွင်းက လျှပ်စစ်မီးကို မှိန်မှိန်လေးသာထွန်းထားသမို့ အခန်းလေးက မှောင်သယောင်ယောင်ထင်ရပေမယ့် တစ်ဦးနှင့်တစ်ဦးသာမြင်နိုင်လောက်သည့် အလင်းမျိုး ဖြစ်ပေသည်။
ဆရာလေးထီရန်က အနီရောင်ရှုပ်အင်္ကျီကို ဝတ်ဆင်ထားပြီး တွန်က အနက်ရောက်ကိုသာ ဝတ်ဆင်ထားပေသည်။ အဲ့နောက် ဆရာလေးထီရန်က သူ၏ဘေးက အရက်ခွက်ကို မယူပဲ အရက်နဲ့ရောသောက်ရသည့် ရေခွက်ကို သာ လှမ်းယူလိုက်သမို့ တွန်က ထိုသို့ ပြောပါတော့သည်။
" မင်းမသောက်ဘူးပေါ့ ငါထင်တဲ့အတိုင်း မင်း ပြောင်းလဲသွားပြီပဲ မင်း အခက်အခဲတွေကို ငြီးငြူနေရမှာလေ ဘာလို့ မင်းက ပျှော်ရွှင်တဲ့ပုံပေါက်နေတာလဲ ''
" ငါတကယ်ပျော်လို့ပေါ့ ဒီက လူတွေက အရမ်းသဘောကောင်းကြတယ် ''
" ဒီမှာပဲ အိမ်ဆောက်နေလိုက်တော့ပါလား ''
" အိမ်လား ဆောက်ဖြစ်မယ်ထင်တယ် ''
" ဟေ့ ထီရန် နားထောင် ဒါ မင်းရဲ့ဘဝအစစ်မဟုတ်ဘူးနော် ''
" ဘာလို့မဟုတ်ရမှာလဲ ''
" တကယ်လို့ မင်းရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်ဖို့ ဒီလိုတွေလုပ်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ဖို့ဆိုရင်တော့ ငါ
နားလည်ပေးလို့ရတယ် ဒါပေမယ့် တကယ့်ဘဝအစစ်မှာတော့ မင်း ဒီလို မီးမရှိ ဖုန်းမရှိ အင်တာနက်မရတဲ့
ဘဝကြီးမှာ မင်းဒီလိုမျိုး လုံးလည်ချာလည်လိုက်ရင်း နေသွားနိုင်မှာတဲ့လား မင်း တကယ်နေနိုင်လို့လား ''
" ဒါပေမယ့် လူတွေအများကြီးလည်း ဒီလိုအခြေအနေမျိုးမှာ နေနိုင်ကြတာပဲလေ ''
" ဟေ့ကောင် သူတို့သာရွေးချယ်လို့ရမယ်ဆိုရင် တကယ်ပဲ ဒီလိုမျိုး နေချင်ကြတယ်ထင်မလား
လူတိုင်းက သက်သောင့်သက်သာရှိတဲ့ ဘဝမျိုးမှာပဲ နေချင်ကြတာ ''
" ဒါပေမယ့် ဒီလိုမျိုး နေချင်လို့ ရွေးချယ်ကြတဲ့လူတွေလည်း ရှိတာပဲလေ ''
" ဘယ်သူလဲ ''
" ဘဝမှာ ရည်ရွယ်ချက်ရှိတဲ့လူတွေ သူတို့ရဲ့ဘဝကို တစ်ခြားလူတွေအတွက် စွန့်လွှတ်ဖို့ သတ်မှတ်ထားတဲ့လူတွေလိုမျိုးပေါ့ အရမ်းစတိုင်လ်ကျတယ်လို့ ထင်တယ် ''
" အဲဒီလိုလူမျိုး ရှိရဲ့လား ''
" တစ်ယောက်တော့ငါသိတယ် ''
ဆရာလေးထီရန်က သူ့ကိုယ်သူ အဲဒီလိုလူမျိုးပါ ဟူ၍ တွန်ကို မသိမသာပြောလေတော့ တွန်က သူသိချင်တဲ့ အဖြေကို သိသွားလေတော့သည်။ ဘယ်လိုအဖြေမျိုးလဲဆိုတာ
" အဲဒါပဲလေ ငါသိသွားပြီ ''
" ဘာလဲ ''
" မင်း ပျော်နေတဲ့ ပျော်ရွှင်မှုဆိုတာကရွာသားတွေကြောင့်ရော မင်းဆရာဖြစ်လာလို့ရော မဟုတ်ဘူး မင်းသိတယ်ဆိုတဲ့ အဲဒီလူကြောင့်ပဲ ဖြစ်ရမယ် ''
တွန်က ဆရာလေးထီရန် ပျော်ရွှင်နေတာ ဆရာလေးထီရန်သိတဲ့ လူကြောင့်ဖြစ်ရမယ်ဟူ၍ ပြောလိုက်လေသည်။ ဆရာလေးထီရန်လည်း သူသိတဲ့လူအကြောင်းတွေးကာ အတွေးတွေ နယ်ချဲ့နေသည်။
ဒါဆို ဆရာလေးထီရန်ကို ပျော်အောင်လုပ်တဲ့လူ ဆရာလေးထီရန်သိတဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ ဖာပန်းဒေါင်းရွာကို ဆက်ပြီးသွားလိုက်ကြဖို့ ပြောချင်ပါသေးသည်။
ဖာပန်းဒေါင်းရွာ ဖာဖီရွန်တပ်စု
ဒေါက်တာနမ် လန် နှင့် ရော့ချန်းတို့ တစ်ပွဲတစ်လှမ်းအကဲစမ်းကာ ဝီစကီလေးတွေ သောက်နေကြလေသည်။ ညအချိန်ဖြစ်သမို့ လျှပ်စစ်မီးကို အကန့်အသတ်နဲ့ ရတဲ့ အဲဒီတပ်စုလေးက မီးရောင်ဟူသည်ထက် လရောင်က ပိုပြီး အလင်းရှိရသည် ထင်၏။
လန် နှင့် ရော့ချန်းက တာဝန်ချိန်မဟုတ်သမို့ သစ်တောထိန်းသိမ်းရေးဝတ်စုံ မဟုတ်ဘဲ အရပ်သားအင်္ကျီကိုသာ ဝင်ဆင်ထားသည်သာမက ဒေါက်တာနမ်လည်း ဒေါက်တာဝတ်စုံမဟုတ်ဘဲ ရှုပ်အင်္ကျီအတိုကိုသာ ဝတ်ဆင်ထားပေသည်။
အဲ့နောက် ဒေါက်တာနမ် လန်နှင့် ရော့ချန်းတို့ ဝီစကီသောက်နေချိန် ခေါင်းဆောင်ဖူဖာက ဝီစကီသောက်နေသည့်ဝိုင်းကို တာဝန်ချိန်မဟုတ်သမို့ သစ်တောထိန်းသိမ်းရေားအင်္ကျီမဝတ်ဘဲ အရပ်သားအင်္ကျီကိုသာ ဝတ်ထား၍ ရောက်ချလာလေသည်။
အရင်ချိန်တွေတုန်းကလည်း ယခုလိုပဲ တာဝန်ချိန်သာလျှင် သစ်တောထိန်းသိမ်းရေးယူနီဖောင်း ဝတ်ပြီး တာဝန်ချိန်မဟုတ်ပါက အဆင်ပြေသည့်အင်္ကျီကိုသာ ဝတ်ဆင်လေ့ရှိလေသည်။
ခေါင်းဆောင်ဖူဖာ ထို ဝီစကီဝိုင်းကို ရောက်သွားချိန် ဒေါက်တာနမ်က ဝီစကီလေး တစ်ကျိုက် မော့သောက်အပြီးမှာ ပြောပါတော့သည်။
" ဟော ကြည့်ဦး ပြောနေတုန်း ရောက်ချလာပြီ ''
ခေါင်းဆောင်ဖူဖာလည်း ထိုဝီစကီဝိုင်းမှာ ထိုင်ကာ သူတို့ပြောတာကို အရင်နားထောင်ပြီး နောက်မှသူက ပြောလေသည်။
" ရော့ကပြောနေတာ မင်းသူ့ကို တစ်နေကုန် စိတ်တွေတိုပြီး ဒေါသထွက်နေတာဆို ''
" ဒေါက်တာ ဘယ်တုန်းက ပြန်ရောက်တာလဲ ''
" ကြည့်လေ ငါတို့တွေ ပုလင်းတွေ အများကြီးသောက်ပြီးနေပြီ ''
ဒေါက်တာနမ်က အဲသလို သွက်ချော်ချော်ပြောနေပြီး ရော့ချန်း လန်တို့ကလည်း ခေါင်းဆောင်ဖူဖာကို ဝီစကီအစွမ်း မူးမူးဖြင့်ပြောပါတော့သည်။
" ခေါင်းဆောင် နည်းနည်းလောက်သောက်ပါဦး စိတ်လေးပေါ့ပါးသွားအောင် ''
လန်က အဲသလို ဝီစကီလေးခွက်ထဲ ထည့်ကာ ကမ်းပေးလိုက်ပေမယ့် ခေါင်းဆောင်ဖူဖာက သူ၏ရင်ထဲတွင် ဆရာလေးထီရန်အား စိတ်ပူနေသည့်ဟန်ဖြင့် ဝီစကီကို မသောက်နိုင်ဘဲ မေးခွန်းတွေမေးကာ လန် ဒေါက်တာနမ် ရော့ချန်းတို့ကလည်း စကားကို အူယားသလို ပြောပါတော့သည်။
" ဒေါက်တာ မင်းရောက်နေတာကြာနေပြီဆိုရင် ထီရန်ကရော ဘယ်မှာလဲ ''
" အံမယ် သူ ငါ့ကိုတွေ့တာနဲ့ ထီရန် အကြောင်းကို ချက်ချင်းမေးတော့တာပဲ ''
" တွေ့တွေ့ချင်းပဲ ''
" အေ ဟုတ်တယ် ထီရန်အကြောင်းကို ချက်ချင်းကြီးမေးတာ ''
" ချက်ချင်းကြီးကိုပဲ ''
" ထီရန်က ငါနဲ့ပြန်မလိုက်လာဘူး မြို့ထဲမှာ သူ့သူငယ်ချင်းနဲ့ သွားတွေ့တယ် မနက်ဖြန်လောက်တော့ ပြန်လာလိမ့်မယ် ''
" သူ့ကို ဘယ်သူက ခွင့်ပြုလိုက်တာလဲ ''
" ထပ်စလာပြန်ပြီ ခွင့်ပြုချက်အကြောင်း ခွင့်ပြုချက်အကြောင်းတွေချည်းပဲ တစ်နေ့လုံး တစ်ညလုံး ဒါတွေချည်းပဲ ''
" အေးအေးအေး သောက်ပါဦး စိတ်ပူနေစရာ မလိုပါဘူး လာ ''
အဲသလို ခေါင်းဆောင်ဖူဖာကို လှောင်သလိုလိုတွေ ပြောပြီး ခေါင်းဆောင်ဖူဖာ စိတ်ပူနေသည့် ဆရာလေးထီရန် ချင်းမိုင်မှာ သူသိတဲ့လူအကြောင်း တွန်ကို ပြောပါတော့သည်။ အရင်ဆုံး တွန်က ဆရာလေးထီရန်ကို ပြောဆိုနေလေသည်။
" ငါ မင်းကို ကဗျစ်ကဗျစ် လုပ်နေတာ မဟုတ်ဘူး ငါ မင်းကို အသိစိတ်လေး ဝင်အောင်လုပ်ပေးနေတာ ''
" အေးပါ ကျေးဇူးပါပဲ ''
" ဒီတော့ မင်းရဲ့ ပျော်ရွှင်မှုလေးက ဘယ်သူလဲ ''
အဲသလို တွန်က မေးလာသမို့ ဆရာလေးထီရန်က ဘယ်ကစပြောရမည်ဆိုတာ ခက်နေသည်သာမက စိတ်ထဲတွင်လည်း ရှက်သလိုလိုဘာလိုလို ဖြစ်နေလေသည်။
" ဟူး အို့ ဟေ့ တွန် မင်းဘယ်လိုခံစားရမလဲ တကယ်လို့ ငါက မင်းကို ငါယောက်ျားလေးချင်းကြိုက်နေတာလို့ ပြောရင် ''
" အဲဒါ မင်းသဘောပဲလေ ''
" ဟေး အဲ့လောက်ပဲလား ''
" မင်းက ငါ့ကို ဘာတွေများခံစားစေချင်လို့လဲ ''
" ငါက မင်းပိုပြီး အံ့သြသွားမယ် ထင်တာပေါ့ ''
" ငါ မိန်းကလေးတွေကို ကြိုက်တယ်လို့ ပြောရင်ရော မင်း အံ့သြမှာလား ''
" ဟင့်အင်း ''
" ဒါဆို ငါက မင်းကို ဘာလို့အံ့သြရမှာလဲ မင်းကြိုက်တာ မင်းသိနေတာပဲဟာ အဲဒါဆို အဆင်ပြေပြီပဲပေါ့ ''
" ဒါပေမယ့် ဒါကမတူဘူးလေ ''
" ဘယ်လိုမတူတာလဲ မင်းခွေးချစ်တာနဲ့ ငါကြောင်ချစ်တာနဲ့ တူတူလိုပဲလေ မင်းမှာလည်း မင်းအကြိုက်နဲ့မင်းပေါ့ မဟုတ်ဘူးလား ''
" မတူဘူးထင်တယ်နော် ''
" နေဦး ခဏလေး ဒီတော့ မင်းကို ရင်ခုန်အောင်လုပ်ပြီး အိမ်မပြန်ချင်အောင်လုပ်တဲ့လူက
ယောက်ျားလေးပေါ့ ''
အဲသလို ဆရာလေးထီရန်က တွန်မေးလာသည့် ပျော်ရွှင်မှုလေးကို ဘယ်သူဆိုတာ ပြန်ပြီးပြောလေသည်။ မှန်၏။ ဆရာလေးထီရန်၏ ပျော်ရွှင်မှုလေးက ယောက်ျားလေးဖြစ်ပြီး အဲဒီယောက်ျားလေးက ခေါင်းဆောင်ဖူဖာသာ ဖြစ်လေသည်။
ဆရာလေးထီရန်က သူ၏သူငယ်ချင်း တွန်ကို သူက ယောက်ျားလေးချင်းကြိုက်နေတာ ခေါင်းဆောင်ဖူဖာကို ကြိုက်နေတာဟူ၍ ဝန်ခံလိုက်လေသည်။ ဒါဆို ဖာပန်းဒေါင်းရွာ ဝီစကီဝိုင်းမှ ခေါင်းဆောင်ဖူဖာကို ဒေါက်တာနမ် လန် နှင့် ရော့ချန်းတို့ကရော ဘာတွေများ အသည်းယားအောင် ပွားကြမည်လဲ ဆိုတာ ကြည့်ကြရပေမည်။
" တကယ် အံ့သြမိတယ် ညီလေးထီရန် ဒီမှာအကြာကြီးနေနိုင်တာကို ''
အဲသလို လန်က အူယားစရာကောင်းအောင် ပြောသမို့ ခေါင်းဆောင်ဖူဖာ ရွဲ့ပြောလိုက်ရာ လန် ကလည်း ခေါင်းဆောင်ဖူဖာကို ပြန်ပြီး သွက်ချော်ချော် ပြောလေတော့သည်။
" သူမကြာခင် အိမ်ပြန်တော့မှာပါ ''
" အိုး တစ်ယောက်ယောက်ကတော့
လွမ်းနေတော့မှာပဲ ''
" ဆရာမလေး ထော့ဖန်ပြီးရင် ဆရာလေးထီရန်ကသာ ဖာပန်းဒေါင်းရွာနဲ့ အသင့်တော်ဆုံးပဲ ''
ရော့ချန်းက အဲသလို မူးမူးဖြင့် ပြောပြန်လေရာ ဆက်ပြီး အူယားအောင် ပြောပြန်လေသည်။
" ပြောတာကောင်းတယ် ရော့ချန်း ''
" အမှန်ပဲလေ ကျွန်တော် ဒီကနေ ပြောလိုက်မယ် လူတိုင်း သူ့ကို ချစ်ကြတယ် ကျွန်တော်ကိုယ်တိုင်လည်း
သူ့ကိုသဘောကျတယ် ဒေါက်တာကရော ဒေါက်တာလည်း သဘောကျလား ''
" ဆရာလေးထီရန် ကိုလား ကျတာပေါ့ ''
" ဟေ့လန် မင်းရော သဘောကျလား ''
" ကျတယ် ''
" မင်းကရော သဘောကျလား ''
အဲသလို ရော့ချန်းက မူးမူးဖြင့် တစ်ယောက်ပြီးတစ်ယောက်မေးလာရာ ခေါင်းဆောင်ဖူဖာ၏လည်ပင်းကို သိုင်းဖက်၍ မေးလိုက်လေရာ ခေါင်းဆောင်ဖူဖာ ခဏတာငြိမ်နေပြီး ချင်းမိုင်မှ ခေါင်းဆောင်ဖူဖာကို သဘောကျနေသည့် ဆရာလေးထီရန်က တွန်ကို ခေါင်းဆောင်ဖူဖာက ဘယ်လိုဆွဲဆောင်မှုရှိကြောင်း သူ့ဘဲကြီး ဘယ်လောက်ချောကြောင်း သူဘယ်လိုခံစားရကြောင်း ပြောနေလေသည်။
" သူနဲ့အတူရှိနေရင် နေလို့ကောင်းတယ် ငါ့ဆီမှာ ရှိတဲ့ ခံစားချက်တွေက ငါ မသိတော့ဘူး ငါ့ဆီက လာ
တာလား ထော့ဖန်ဆီက လာတာလား ဒါမှမဟုတ် ငါ ငါ ငါက ဂေးဖြစ်နေလို့လား ''
" မင်း ရူးနေတာလား မင်းရဲ့ခံစားချက်တွေက မင်းရဲ့ဦး ဏှောက်ဆီကလာတာပဲပေါ့ မင်းဆီမှာရှိတဲ့ တခြားလူရဲ့နှလုံးဆီက မဟုတ်ဘူး ''
" အို့ ငါလည်းမသိတတ်တော့ဘူးကွာ ဘောပဲ ''
" အဲဒါတွေကို ခွဲခြားထားဖို့ လိုတယ်နော် မင်း ဂေးဖြစ်တာ မဖြစ်တာက ကိစ္စတစ်ခု မင်းသူ့အပေါ်ခံစားချက် မရှိတာရှိတာက တခြားကိစ္စတစ်ခု ''
" ဟေ့တွန် တူတူပဲလေ ''
" တူတူပဲဆိုရင် မင်းကဂေးဖြစ်ပြီး သူ့အပေါ်ခံစားချက်ရှိနေတာပဲပေါ့ မင်း ယောက်ျားလေးတွေကို
ကြိုက်တယ်ဆိုရင် ဂေးဖြစ်လို့ပဲ ပြီးတော့ ငါက အိုကေတယ်နော် မင်းက ငါ့သူငယ်ချင်းပဲ ရှင်းလား ''
အဲသလို ဆရာလေးထီရန်က သူ၏ခံစားချက်ကို ပြောပြကာ တွန်ကလည်း ဂေးဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူငယ်ချင်းပါပဲဟူ၍ ပြောကာ တစ်ယောက်လက်နှင့် တစ်ယောက်ရိုက်လိုက်ကြပြီး ဆရာလေးထီရန်က အဲသလို ပြောလာပြန်လေသည်။
" ဟေ့ ငါသူ့ကိုကြိုက်တယ်လို့ တစ်ခါမှမပြောဖူးပါဘူး ''
ဆရာလေးထီရန်တော့ သူက ခေါင်းဆောင်ဖူဖာကို ကြိုက်နေတယ်ဆိုတာ သူ၏သူငယ်ချင်း တွန်ကို ရဲရဲကြီးဝန်ခံလိုက်ပေသည်။
ဖာဖီရွန်တပ်စုက ခေါင်းဆောင်ဖူဖာလည်း သူ၏နှုတ်ကသာ ဆရာလေးထီရန်ကို သဘောကျသည်ဟူ၍ မပြောဘဲ စိတ်နှင့်အမူအရာတော့ ဆရာလေးထီရန်ကို သဘောကျနေလေသည်။ ဒေါက်တာနမ် လန် နှင့် ရော့ချန်းတို့ အဲသလို တိတ်တခိုးလေး မပွင့်မလင်းလေး ဆရာလေးထီရန်အား သဘောကျနေသည့် ခေါင်းဆောင်ဖူဖာကို ဆရာလေးထီရန်နှင့်ပတ်သက်၍ သတိထားမိသည်တို့ကို ပြောကြပါတော့သည်။
" သူ ဒီကိုစရောက်ကတည်းက မင်းသူ့အပေါ်ဘယ်လိုစိတ်ရှိတယ်ဆိုတာ သိပြီးသား မင်း သူ့အပေါ်
ဂရုစိုက်သလိုမျိုး တခြားလူတွေကို ဂရုစိုက်ဖူးတာမှ မဟုတ်တာ မဟုတ်ဘူးလား ''
" ငါက ငါ့တာဝန်ကိုပဲ လုပ်တာပါ ''
" မင်းတို့နှစ်ယောက်လုံးကတူတူချည်းပဲ ခံစားချက်တွေကို ဖုံးကွယ်ထားတယ် ''
" ဒေါက်တာ မင်း ထီရန်ကို ဘာတွေ ပြောခဲ့တာလဲ ''
" သူကသာ မင်းအကြောင်းပြောတာပါ ငါကလည်း မင်းအကြောင်း ပြန်ပြောလိုက်တာ ''
" သူ ငါ့အကြောင်းဘာပြောလို့လဲ ''
အဲသလို ဒေါင်တာနမ် နှင့် ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန်အကြောင်းပြောနေကြပြီး ဆရာလေးထီရန်ပြောနေသည့် ခေါင်းဆောင်ဖူဖာ၏အကြောင်းတွေကို ချင်းမိုင်မှ ဆရာလေးထီရန် ပြောနေလေသည်နှင့် တူပေတော့သည်။
" သူက အချိန်တိုင်း ငါ့ကို အော်နေတာ မင်းသိလား ပထမဆုံးနေ့တုန်းက ငါ့မျက်နှာကို ရေနဲ့ပက်လိုက်တာ နောက်ရက်ကျတော့ ရေထဲတွန်းချပါလေရော တကယ်ပဲ ''
" သူမင်းကို အမြဲအော်တယ် အဲဒါကိုပဲ မင်းကြွေသွားတာမလား ဘယ်လို ဂန္ဓဝင်ထိုင်းဇာတ်လမ်းကြီးလဲဟ ''
" မင်းတော့ သေချင်နေပြီ ထင်တယ် ''
အဲသလို ဆရာလေးထီရန်နှင့်တွန် ဆရာလေးထီရန်က သူရဲ့ဘဲကြီး ခေါင်းဆောင်ဖူဖာ သူ့အပေါ်ဆက်ဆံပုံကို ပြောပြပြီး တွန်ကလည်း စနောက်၍ အဲသလို ပြောနေကြလေသည်။ အဲ့နောက် ဆရာလေးထီရန်က ထိုင်နေသည့်နေရာမှ ထလိုက်သည်မို့ တွန်က ထပ်ပြီးမေးပါတော့သည်။
" ဘယ်သွားမလို့လဲ ''
" သေးသွားပေါက်မလို့ ''
" ရှက်နေလို့မို့လား ''
" ဘောကို ရှက်ရမှာလား ''
အဲသလို ဆရာလေးထီရန်ကပြောပြီး သူ၏ဖာပန်းဒေါင်းမျိုးနွယ်စုအင်္ကျီကို ပုခုံးပေါ်တင်ကာ သန့်စင်ခန်းရှိရာကို သေးသွားပေါက်ဖို့ ထွက်သွားလေသည်။ တွန်လည်း ဆရာလေးထီရန်ကို ပြုံး၍လှောင်သလိုလိုကြည့်ကာ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
ထိုအချိန် တစ်ခြားဝိုင်းတွင် ထိုင်နေသည့် ဦးဆက်ဒါ၏ လူယုံတော် ဆရာလေးထီရန်နှင့် ရန်ဖြစ်ခဲ့သည့်လူက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နှင့်အတူ ဆရာလေးထီရန် အနောက်ကို လိုက်သွားသည် ထင်ရပေသည်။
ဆရာလေးထီရန်လည်း သန့်စင်ခန်းထဲမှ လက်ရေဆေးပြီး သန့်စင်၍ ပြန်ထွက်လာရာ သန့်စင်ခန်းအရှေ့၌ ဦးဆက်ဒါ၏လူယုံတော်နှင့် ကောင်လေးတစ်ယောက်စောင့်နေလေသည်။
ပြဿနာကို သံလိုက်လို ဆွဲယူတတ်သည့် ဆရာလေးထီရန် ဒေါသစိတ်ကလေးကိုက နည်းနည်းမှ ထိန်းမရချေ ဖြစ်၏။ ဦးဆက်ဒါတို့ကိုလည်း ဒေါသထွက်ချင်ရင်လည်း ထွက်ချင်စရာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပေါ်ယံတကာလူးတဲ့ ခွေးသူတောင်းစားတွေလို အကျင့်ရှိ၍ ဖြစ်ပေသည်။
" ဟေ့ ဘယ်လိုလဲဆရာ ဒီနေ့ မင်းအဖေ လာကာကွယ်မပေးဘူးလား ''
" မင်းတို့ ဘာဖြစ်ချင်ကြတာလဲ ''
" မင်းကို သင်ခန်းစာပေးချင်တာ ဟေ့ကောင် ''
မှန်၏။ ချင်းမိုင်နယ်တစ်ဝိုက်မှာ ဦးဆက်ဒါလို့ နာမည်ကြားသည်နှင့် မည်သူမျှ မဆန့်ကျင်ရဲတာကို မဟုတ်ရင်မခံတတ်သည့် ဆရာလေးထီရန်က လက်ဖက်ခင်းမှာ ဦးဆက်ဒါ၏ လူယုံတော် အမြတ်ထုတ်တာကို သိခဲ့၍ ပြဿနာဖြစ်ခဲ့ရာ ယခု ထိုလူယုံတော်က သင်ခန်းစားပေးချင်တာဟူ၍ ပြောပြီး ဆရာလေးထီရန်၏ မျက်နှာကို ဆွဲထိုးလိုက်လေသည်။
ဆရာလေးထီရန်ကလည်း ထိုလူယုံတော်ကို ပြန်ပြီး ချက်ကောင်းတစ်ချက် ထိုးလိုက်လေရာ ထိုလူယုံတော်၏ လူက ဆရာလေးထီရန်၏ လက်ကို နောက်ပစ်၍ချုပ်ထားလိုက်လေသည်။
" ခွေးကောင် မင်းကိုမင်း ဟုတ်လှပြီထင်နေလား ''
အဲဒီလူယုံတော်က အဲသလိုပြောလိုက်ရာ ဆရာလေးထီရန်က သူ၏ခြေထောက်ဖြင့် ထိုလူယုံတော်ကို ကန်လွင့်ပစ်ကာ သူကိုချုပ်ထားသည်ကို ရုန်းထွက်လေတော့သည်။
" လွှတ် အား အဟား ''
အဲဒီလူယုံတော်က ဆရာလေးထီရန်၏ ဗိုက်ခေါက်ကို ထိုးလိုက်ရာ ဆရာလေးထီရန် အောင့်ခနဲ နာသွားလေသည်။ ဆရာလေးထီရန်၏ သူငယ်ချင်း တွန်ကလည်း ရောက်မလာချေ ရှိ၏။ အဲ့နောက် ဗိုက်အောင့်၍ နာနေသည့် ဆရာလေးထီရန်ကို ထိုယူယုံတော် ထပ်ပြီးလက်သီးနှင့် ထိုးမည်ရွယ်လိုက်ရာ ထိုလူယုံတော်၏ လက်ပေါ် ပုလင်းတစ်ခုက ကျရောက်လာလေသည်။
" အား အဟား ''
" ဟေ့ ပြေး ထီရန် ''
" တွန် ''
မှန်၏။ တွန်က ပုလင်းဖြင့် ဦးဆက်ဒါရဲ့ လူယုံတော်၏လက်ကို ရိုက်လိုက်ရာ ထိုလူလှဲကျသွားပြီး သွေးထွက်သွား၍ ထိုလူယုံတော်၏ လူကိုလည်း ဆရာလေးထီရန်က တွန်း၍ ရုန်းထွက်ကာ ဆရာလေးထီရန်နှင့် တွန် ပြေးထွက်လာခဲ့ကြလေသည်။
ဆရာလေးထီရန်နှင့်တွန် မာရသွန်ပြိုင်ပွဲပြိုင်နေသည်ထင်ရသည်။ ရှေ့ကို ပြေးလိုက်သည်မှာ နောက်မှာဘာဖြစ်ဖြစ် လှည့်မကြည့်ဘူး ဆိုသည့်အတိုင်း စိတ်ကလည်း ခဏကလူတွေနဲ့ ဝေးဖို့သာသိပြီး ဟောဟဲလှိုက်အောင် ပြေးခဲ့ရလေသည်။
'' မြန်မြန်ပြေး ''
" သိတယ် ဒီဘက်ကိုလာ ''
အဲသလို တွန်က ဆရာလေးထီရန်ကို ဦးဆက်ဒါ၏လူယုံတော် လက်ထဲကနေ ဆွဲခေါ်လာပြီး တွန်လမ်းမှားမည်အလိုမှာ ဆရာလေးထီရန်က အဲသလို ပြောပြီး ထပ်ပြေးလာလေကြသည်။
ခဏကလူတွေနဲ့ ဝေးလောက်ပြီ ထင်သည့်နေရာရောက်သော် ဆရာလေးထီရန်နှင့် တွန် ပြေးနေတာရပ်လိုက်ပြီး ဟောဟဲလှိုက် မောပန်းနေလေတော့သည်။
" ဟူး ဟဲ ဟူး မောလိုက်တာ ''
" ငါယုံသွားပြီ မင်းနာမည်ပြောင်က တကယ်မှန်တာပဲ ပြဿနာသံလိုက် ''
" ငါက ပြဿနာသံလိုက် ဖြစ်ချင်ဖြစ်မယ် မင်းက ငါ့ဆီ ပြဿနာခေါ်လာတာ ''
" မင်း အဆင်ပြေရဲ့လား ငါ့အထင်တော့ အဲဒီကောင်တွေ မင်းကိုရွာအထိ လက်စားလာချေကြမယ် ထင်တယ် ''
" ထားလိုက်ပါ ငါမကြောက်ဘူး ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာ ငါ့ကို ကာကွယ်ပေးမယ့်သူ ရှိတယ် ''
" အဟိုး ဟိုး ယုံကြည်နေလိုက်တာနော် ''
အဲသလို ဆရာလေးထီရန်က သူ့ဘက်မှာ သူချစ်တဲ့ ခေါင်းဆောင်ဖူဖာ ရှိသည် မကြောက်ဘူးဟူ၍ ပြောရာ တွန်က ထိုသို့ပြောပြီး ဆရာလေးထီရန်၏ ခေါင်းကို ပုတ်ခတ်လိုက်လေသည်။
" နာတယ်ဟ ''
" အို့ ငါတောင် အဲ့ဒီခေါင်းဆောင် မျက်နှာကို မြင်ဖူးချင်နေပြီ ''
အဲသလို တွန်က ပြောလိုက်သည်မို့ ဆရာလေးထီရန်က သူချစ်တဲ့ ခေါင်းဆောင်ဖူဖာ၏ မျက်နှာကို အတွေးထဲထည့်ကာ ပြုံးနေပြီး ဖာဖီရွန်တပ်စုမှ ခေါင်းဆောင် ဘယ်လိုတွေ့ကြုံနေရမလဲဆိုတာ ဖာပန်းဒေါင်းရွာ ဖာဖီရွန်တပ်စုတွင် သွားကြည့်ကြဖို့ တိုက်တွန်းချင်ပါသည်။
ခေါင်းဆောင်ဖူဖာ မအိပ်နိုင်သေးဘဲ သစ်တောထိန်းသိမ်းရေးဝန်ထမ်းအိမ်ကြီးမှ ထော့ဖန်ပေးထားသည့် ပုလွေကလေးကိုင်၍ ထွက်လာလေသည်။
ပြီးနောက် ပုခက်ရှည်ကြိုးတန်းလေးမှာ ထိုင်ရင်း တစ်ဦးဦးကို လွမ်းမောနေလေသည်။ လရောင်သာတဲ့ ညခင်းကြီးမှာ ခေါင်းဆောင်ဖူဖာ တစ်ယောက် ဆရာလေးထီရန်နှင့် အတူတူအိပ်ခဲ့သည့်ညက စောင်ခြုံပေးခဲ့တာတွေ အကြည့်ဆုံခဲ့တာတွေ လက်သန်းချင်းထိမိ၍ ရင်ထဲတွင် ရင်းနှီးသလိုခံစားရတာတွေ ပြုံးရည်ခဲ့ပုံတွေကို တွေးကာ ပြုံးမိနေလေသည်။
ခေါင်းဆောင်ဖူဖာက အများသူတွေအပေါ် ဆရာလေးထီရန်ကို သဘောကျပါသည်ဟူ၍ ဝန်မခံသေးပေမယ့် သူ၏စိတ်ထဲတွင် ဆရာလေးထီရန်အပေါ်ထားသည့် စိတ်ရင်းက မရိုးဘူးဆိုတာ သဘောကျနေတယ်ဆိုတာ သိသာထင်းရှားလှပေသည်။
အဲသလိုဖြင့် ထိုညလေးတော့ ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ၏ အလွမ်းညလေးဖြစ်သလို ဆရာလေးထီရန်အတွက် အဲ့ဒီညက ခေါင်းဆောင်ဖူဖာကို သဘောကျတယ်လို့ တွန်ကို ရဲရဲကြီး ဝန်ခံလိုက်ပြီး သူ့ကိုယ်သူ ခေါင်းဆောင်ဖူဖာကို သဘောကျနေတယ်ဆိုတာ ယုံကြည်လိုက်တဲ့ ညတစ်ည ဖြစ်ပေတော့သည်။
နောက်တစ်နေ့မနက်
နေအလင်းရောင်ဖြာကျလာသည့် မနက်ခင်းဆည်းဆာဖြင့်လှပနေသည့် ဖာပန်းဒေါင်းရွာနှင့် ချင်းမိုင် နေချင်စဖွယ်ကောင်းလှပေသည်။
ချင်းမိုင်မြို့တွင် ဆရာလေးထီရန်နှင့်တွန်တို့ ခဏတာတွေ့ပြီး တွန်က ဘန်ကောက်ပြန်တော့မည် ဖြစ်ရာ ဆရာလေးထီရန်လည်း ဖာပန်းဒေါင်းရွာ ပြန်ရတော့မည်မို့ သူတို့နှစ်ဦး နှုတ်ဆက်ကြလေတော့သည်။
" ရော့ ငါ့ကောင် ဒီမှာ စတော်ဘယ်ရီ ရေဆေးပြီးမှ စားနော် စားကောင်းတယ် ဒါ ဖာပန်းဒေါင်းက လာတာနော်
အော်ဂဲနစ်စစ်စစ် ငါ့ကိုယုံ ပြီးတော့ ဒီဟာ ဝက်အူချောင်း အများကြီးမစားနဲ့နော် ''
အဲသလို ဆရာလေးထီရန်က တွန်ကို စတော်ဘယ်ရီခြင်းနှင့် ဝက်အူချောင်းဖက်ထုပ်အတွဲကို ပေး၍ ပြောလိုက်လေသည်။
" ဟေ့ကောင် မင်း မနေ့ညက ငါ့ကို ပြောတဲ့ကိစ္စကို မင်းစိတ်ပူစရာမလိုဘူး ငါနားလည်တယ် ''
" ကျေးဇူးပဲကွာ ''
" ပြီးတော့ ငါ မတ် လင်း အွတ် တို့ကို ပြန်ပြောဖို့ မစောင့်နိုင်တော့ဘူး ''
" သေစမ်း မင်းကတော့...သွားတော့ ''
" အင်း ဟေ့ကောင် ပြီးတော့ ထော့ဖန်ကိစ္စလေ ငါ့အထင်တော့ မင်း ပြောပြလိုက်တာ ပိုကောင်းမယ် ငါ့ကို ယုံစမ်းပါ အရမ်းနောက်မကျသေးခင် ပြောလိုက် ''
" အင်း ''
" ငါ မသွားခင် ဆယ်လ်ဖီရိုက်ရအောင် သူငယ်ချင်း ဒီကိုလာ ''
အဲသလို တွန်က ပြောပြီး ဖုန်းထုတ်ကာ ဆယ်လ်ဖီရိုက်လိုက်ပြီး ချင်းမိုင်မှ ဘန်ကောက်ကို ပြန်သည့် လိုင်းကားစီးဖို့ ကားဂိတ်သွားသည့် ခရီးသည်ကား အနားကို သွားလိုက်လေသည်။
" ဟေး တွန် အဲဒါကြီး လိုင်းပေါ်မတင်နဲ့နော် ''
" အေးပါ ငါသိပါတယ် သွားတော့မယ် ''
" အေး ''
" တစ်ယောက်ယောက် မေးလာရင် မင်းကောင်လေးကို ခွဲမနိုင်ဖြစ်နေတယ်လို့ ပြောလိုက်မယ် ''
" ဟေး တွန် ''
ဆရာလေးထီရန်က အဲသလိုပြောကာ ကားပေါ်တက်ထိုင်နေသည့်တွန်ကို လက်ခလယ်တစ်ချောင်းတည်းထောင်ပြပြီး အဲသလို စနောက်ရာ တွန်လည်း ထိုကဲ့သို့ စနောက်လိုက်လေသည်။ တွန်လည်း တာ့တာပြ နှုတ်ဆက်ကာ ကားကလည်း မောင်းထွက်သွားလေတော့သည်။
ဆရာလေးထီရန်လည်း အဲ့နောက်မှာ ချင်းမိုင်မြို့၏ ယာဥ်တွေ ရပ်နားကာ ထွက်ခွာသည့်ဂိတ်ကို ရောက်လာပြီး ဖာပန်းဒေါင်းရွာမှ လာကြိုမည်ကို စောင့်ဆိုင်းနေလေသည်။
ခဏအကြာ ဂျစ်ကားကြီးကို မောင်းလာသည့် ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန်အနားမှာ ကားကို ထိုးရပ်လိုက်လေသည်။ ဆရာလေးထီရန်လည်း သူချစ်သည့် သူ့ကောင်လေး သူ့ဘဲကြီး လာကြိုသမို့ အချိုစားထားရသည့် မျက်နှာဖြင့် ပျော်နေပုံ ဖြစ်၏။
ဆရာလေးထီရန်လည်း ကားပေါ်ကိုတက်ကာ ကားပေါ်မှာ ထိုင်နေသည့် သူ့ဘဲကြီးနှင့် ဘယ်လိုတွေ ပွားကြမလဲဆိုတာ ကားပေါ်သို့ သွားကြရပေမည်။
" အော် ခေါင်းဆောင် ''
" ဘာလဲ ငါလာကြိုလို့မရဘူးလား ''
အဲသလို ခေါင်းဆောင်ဖူဖာ ပြောလိုက်ရာ ဆရာလေးထီရန်က ရှက်သလိုလို ဖြစ်ပြီး ခေါင်းဆောင်ဖူဖာလည်း ကားကို ချင်းမိုင်မှ မောင်းထွက်လာခဲ့လေတော့သည်။
ချင်းမိုင်မှ ထွက်လာတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ဂျစ်ကားလေးတစ်စီးအရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာလေသည်။ ခေါင်းဆောင်ဖူဖာ၏ မျက်နှာထားတင်းနေသည်ကို ဆရာလေးထီရန်က သူ့ကိုစိတ်ဆိုးနေသည်ထင်၍ စိတ်ဆိုးရသည့်အကြောင်းအရင်းကို အထင်ဖြင့် ရှင်းပြလေတော့သည်။
" အိုကေ ခေါင်းဆောင် ခုချိန်ကစပြီး ကျွန်တော် ဘယ်နေရာသွားသွား အမြဲတမ်း ခေါင်းဆောင်ကို အကြောင်းကြားပါ့မယ် အိုကေလား ''
" မင်း ဘာဖြစ်နေတာလဲ ''
" ခေါင်းဆောင်က ထူးထူးဆန်းဆန်း တိတ်နေလို့လေ ခေါင်းဆောင် ဆူလိုက်တာကမှ ပိုကောင်းဦးမယ် ''
ဒါဆို တွန်ပြောသည့် စကားမှန်သွားလေသည်။ ဆရာလေးထီရန်က အဲသလို ခေါင်းဆောင်ဖူဖာက သူ့ကို အော်တာကို ကြွေသွား၍ ယခုလို ပြောခြင်း ဖြစ်နေသည် ထင်၏။
ခေါင်းဆောင်ဖူဖာလည်း ထူးထူးဆန်းဆန်း ဆရာလေးထီရန်ကို အပြောတွေချို အချိုတွေကျွေး နေလေသည်။
" ဘယ်သွားခဲ့တာလဲ ''
" သူငယ်ချင်းက ရုတ်တရက် လာတွေ့လို့ ကျွန်တော့်သူငယ်ချင်းနဲ့ လျှောက်လည်နေတာ ''
" နောက်တစ်ခါကျရင်.... ''
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 5(B)
အပိုင္း (၁၄)
" ငါ ေတြးေနတာ ဒီေလာက္အဆင္မေျပတာႀကီးကို မင္းက ဘာလို႔ေနေနတာလဲလို႔ ''
" အဲဒါက ေနလို႔ေကာင္းတယ္ေလ ေဟ့ေကာင္ရ ဘယ္လိုေျပာရမလဲ ငါတို႔ဘဝမွာ ႀကဳံေတြ႕ရတဲ့ေန႕ရက္တိုင္းက ဒီလိုမ်ိဳးမွမဟုတ္တာ ''
" ဒါဆို မင္းက ဘာအတြက္ လုပ္ေနတာလဲ ''
ဆရာေလးထီရန္လည္း ခဏတာေတြေဝသြားၿပီး အေျဖကို မရွင္းမရွင္းျဖင့္
" ဟို ဟို ငါထင္တာေတာ့ ငါအသစ္အဆန္းေလးေတြ ရွာခ်င္လို႔ပဲလို႔ထင္တယ္ ''
" တကယ္ေတာ့ေလ မင္းလိုလူမ်ိဳးက အသစ္အဆန္းေတြ ရွာခ်င္တာဆိုရင္ အိမ္ကိုျပန္လာေနတာ ၾကာေနေလာက္ၿပီ ထီရန္ တျခားတစ္ခုခုရွိကိုရွိရမယ္
ေျပာစမ္း ''
အဲသလို တြန္က ဆရာေလးထီရန္၏ လည္ပင္းပုခုံးကို ဖက္ကာ ဆံပင္ကို အသာေလးပြတ္ဆြဲလိုက္ေလသည္။
" ေျပာစမ္း အခုေနာ္ ငါ ေျပာလို႔ ေျပာေနတယ္ ''
" ေဟ့ နာတယ္ကြ ''
" လုပ္စမ္းပါ ေျပာပါကြ ''
အဲသလို တြန္က ဆရာေလးထီရန္ အိမ္ကိုအေတာ္ႏွင့္ျပန္မလာသည္မွာ ဖာပန္းေဒါင္း႐ြာတြင္ တစ္ခုခုေၾကာင့္ မျပန္လာတာျဖစ္ရမယ္ဆိုၿပီး အဲဒီတစ္ခုက ဘယ္အရာလည္း ဆိုတာကို ေမးျမန္းေနေလသည္။ ဖာပန္းေဒါင္း႐ြာကဘယ္သူက ဆရာေလးထီရန္ကို မျပန္ခ်င္ေအာင္ ဆြဲေဆာင္ထားသည့္သူက မည္သူလဲဆိုတာ ေစာင့္ၾကည့္ရေပမည္။
ခ်င္းမိုင္ ဖာပန္းေဒါင္း ေက်ာင္းအိမ္ယာတြင္
ေခါင္းေဆာင္ဖူဖာက သူ၏ဆိုင္ကယ္ေလးကို ေဒါက္ေထာက္ကာ ရပ္ထားၿပီး သူကစိတ္ပူၿပီး မ်က္ႏွာလည္းတင္းေနကာ လက္ႏွစ္ဖက္ကို ခါးမွာေထာက္၍ တစ္ေယာက္ေယာက္ကို ေမွ်ာ္ေနေပသည္။
မွန္၏။ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာ ေမွ်ာ္ေနျခင္းျဖစ္ေလသည္။ ဆရာေလးထီရန္က ယခုဆို ခ်င္းမိုင္မွာ သူ၏သူငယ္ခ်င္း တြန္ႏွင့္ အေပ်ာ္ႀကီးေပ်ာ္ေနေလသည္။
ေခါင္းေဆာင္ဖူဖာက အဲသလို ဆရာေလးထီရန္ ျပန္မေရာက္ေသး၍ စိတ္ပူမိေနသည္ ကတစ္ေၾကာင္း ႐ြာသားေတြက သူ႕ကို ေမးသည့္ေမးခြန္းေၾကာင့္ ရွက္မိေနသည္က တစ္ေၾကာင္းနဲ႕ ထိုသို႔ ျဖစ္ေနေလသည္။
" ေခါင္းေဆာင္ ထီရန္ကို လာရွာတာလား ''
" ဟုတ္တယ္ မဟုတ္ပါဘူး ေစ်းထဲကေစ်းသည္ေတြက သူ႕အတြက္ မုန့္ေပးခိုင္းလိုက္လို႔ ''
အဲသလို ေခါင္းေဆာင္ဖူဖာက ဆိုင္ကယ္ေပၚမွာ မွီထိုင္ၿပီး စိတ္ကသိကေအာင့္ျဖစ္ကာ ဆရာေလးထီရန္ အျပန္ကို ထပ္ၿပီးေမွ်ာ္ေနခ်ိန္ လန္ႏွင့္ ေရာ့ခ်န္း ေရာက္ခ်လာေလေတာ့သည္။
" ေခါင္းေဆာင္ ဆရာေလးထီရန္ကို လာေတြ႕တာလား ''
" မဟုတ္ဘူး ''
အဲသလို သစ္ေတာထိန္းသိမ္းေရးဝတ္စုံကို ဝတ္ထားသည့္ ေခါင္းေဆာင္ပီပီသသ ေခါင္းေဆာင္ဖူဖာႀကီးက အသံကို ခပ္က်ယ္က်ယ္ စိတ္မရွည္ကသိကေအာင့္ ျဖစ္ေနသည့္ ေလသံမ်ိဳးျဖင့္ ေျပာကာ ဆိုင္ကယ္ေပၚတက္ခြၿပီး စက္ကိုနိုး၍ တဘူးဘူး ျမည္ေအာင္ ေမာင္းထြက္သြားေလေတာ့သည္။
" တစ္ခုခုအေရးႀကီးတာ ျဖစ္ရမယ္ ''
" ဟုတ္တယ္ ကူေပးရဦးမလား ေဟ့ ေအာ္ ေခါင္းေဆာင္နဲ႕ေနာ္ ''
" ဘာေတြေလာေနတာလဲ မသိဘူး ''
အဲ့ေနာက္ ညအခ်ိန္ေလးကို ေရွာက္ရွိသြားကာ မီးေရာင္ေတြ တဖိတ္ဖိတ္ေတာက္ေနသည့္ ခ်င္းမိုင္မွ ဘားဆိုင္တစ္ဆိုင္တြင္ တြန္ႏွင့္ ဆရာေလးထီရန္ အရက္ထိုင္ေသာက္ေနၾကေလသည္။
အခန္းအတြင္းက လွ်ပ္စစ္မီးကို မွိန္မွိန္ေလးသာထြန္းထားသမို႔ အခန္းေလးက ေမွာင္သေယာင္ေယာင္ထင္ရေပမယ့္ တစ္ဦးႏွင့္တစ္ဦးသာျမင္နိုင္ေလာက္သည့္ အလင္းမ်ိဳး ျဖစ္ေပသည္။
ဆရာေလးထီရန္က အနီေရာင္ရႈပ္အကၤ်ီကို ဝတ္ဆင္ထားၿပီး တြန္က အနက္ေရာက္ကိုသာ ဝတ္ဆင္ထားေပသည္။ အဲ့ေနာက္ ဆရာေလးထီရန္က သူ၏ေဘးက အရက္ခြက္ကို မယူပဲ အရက္နဲ႕ေရာေသာက္ရသည့္ ေရခြက္ကို သာ လွမ္းယူလိုက္သမို႔ တြန္က ထိုသို႔ ေျပာပါေတာ့သည္။
" မင္းမေသာက္ဘူးေပါ့ ငါထင္တဲ့အတိုင္း မင္း ေျပာင္းလဲသြားၿပီပဲ မင္း အခက္အခဲေတြကို ၿငီးျငဴေနရမွာေလ ဘာလို႔ မင္းက ေပွ်ာ္႐ႊင္တဲ့ပုံေပါက္ေနတာလဲ ''
" ငါတကယ္ေပ်ာ္လို႔ေပါ့ ဒီက လူေတြက အရမ္းသေဘာေကာင္းၾကတယ္ ''
" ဒီမွာပဲ အိမ္ေဆာက္ေနလိုက္ေတာ့ပါလား ''
" အိမ္လား ေဆာက္ျဖစ္မယ္ထင္တယ္ ''
" ေဟ့ ထီရန္ နားေထာင္ ဒါ မင္းရဲ႕ဘဝအစစ္မဟုတ္ဘူးေနာ္ ''
" ဘာလို႔မဟုတ္ရမွာလဲ ''
" တကယ္လို႔ မင္းရဲ႕သည္းခံနိုင္စြမ္းကို စမ္းသပ္ဖို႔ ဒီလိုေတြလုပ္ၿပီး ေဖ့စ္ဘုတ္ေပၚတင္ဖို႔ဆိုရင္ေတာ့ ငါ
နားလည္ေပးလို႔ရတယ္ ဒါေပမယ့္ တကယ့္ဘဝအစစ္မွာေတာ့ မင္း ဒီလို မီးမရွိ ဖုန္းမရွိ အင္တာနက္မရတဲ့
ဘဝႀကီးမွာ မင္းဒီလိုမ်ိဳး လုံးလည္ခ်ာလည္လိုက္ရင္း ေနသြားနိုင္မွာတဲ့လား မင္း တကယ္ေနနိုင္လို႔လား ''
" ဒါေပမယ့္ လူေတြအမ်ားႀကီးလည္း ဒီလိုအေျခအေနမ်ိဳးမွာ ေနနိုင္ၾကတာပဲေလ ''
" ေဟ့ေကာင္ သူတို႔သာေ႐ြးခ်ယ္လို႔ရမယ္ဆိုရင္ တကယ္ပဲ ဒီလိုမ်ိဳး ေနခ်င္ၾကတယ္ထင္မလား
လူတိုင္းက သက္ေသာင့္သက္သာရွိတဲ့ ဘဝမ်ိဳးမွာပဲ ေနခ်င္ၾကတာ ''
" ဒါေပမယ့္ ဒီလိုမ်ိဳး ေနခ်င္လို႔ ေ႐ြးခ်ယ္ၾကတဲ့လူေတြလည္း ရွိတာပဲေလ ''
" ဘယ္သူလဲ ''
" ဘဝမွာ ရည္႐ြယ္ခ်က္ရွိတဲ့လူေတြ သူတို႔ရဲ႕ဘဝကို တစ္ျခားလူေတြအတြက္ စြန့္လႊတ္ဖို႔ သတ္မွတ္ထားတဲ့လူေတြလိုမ်ိဳးေပါ့ အရမ္းစတိုင္လ္က်တယ္လို႔ ထင္တယ္ ''
" အဲဒီလိုလူမ်ိဳး ရွိရဲ႕လား ''
" တစ္ေယာက္ေတာ့ငါသိတယ္ ''
ဆရာေလးထီရန္က သူ႕ကိုယ္သူ အဲဒီလိုလူမ်ိဳးပါ ဟူ၍ တြန္ကို မသိမသာေျပာေလေတာ့ တြန္က သူသိခ်င္တဲ့ အေျဖကို သိသြားေလေတာ့သည္။ ဘယ္လိုအေျဖမ်ိဳးလဲဆိုတာ
" အဲဒါပဲေလ ငါသိသြားၿပီ ''
" ဘာလဲ ''
" မင္း ေပ်ာ္ေနတဲ့ ေပ်ာ္႐ႊင္မႈဆိုတာက႐ြာသားေတြေၾကာင့္ေရာ မင္းဆရာျဖစ္လာလို႔ေရာ မဟုတ္ဘူး မင္းသိတယ္ဆိုတဲ့ အဲဒီလူေၾကာင့္ပဲ ျဖစ္ရမယ္ ''
တြန္က ဆရာေလးထီရန္ ေပ်ာ္႐ႊင္ေနတာ ဆရာေလးထီရန္သိတဲ့ လူေၾကာင့္ျဖစ္ရမယ္ဟူ၍ ေျပာလိုက္ေလသည္။ ဆရာေလးထီရန္လည္း သူသိတဲ့လူအေၾကာင္းေတြးကာ အေတြးေတြ နယ္ခ်ဲ့ေနသည္။
ဒါဆို ဆရာေလးထီရန္ကို ေပ်ာ္ေအာင္လုပ္တဲ့လူ ဆရာေလးထီရန္သိတဲ့လူက ဘယ္သူျဖစ္မလဲဆိုတာ ဖာပန္းေဒါင္း႐ြာကို ဆက္ၿပီးသြားလိုက္ၾကဖို႔ ေျပာခ်င္ပါေသးသည္။
ဖာပန္းေဒါင္း႐ြာ ဖာဖီ႐ြန္တပ္စု
ေဒါက္တာနမ္ လန္ ႏွင့္ ေရာ့ခ်န္းတို႔ တစ္ပြဲတစ္လွမ္းအကဲစမ္းကာ ဝီစကီေလးေတြ ေသာက္ေနၾကေလသည္။ ညအခ်ိန္ျဖစ္သမို႔ လွ်ပ္စစ္မီးကို အကန့္အသတ္နဲ႕ ရတဲ့ အဲဒီတပ္စုေလးက မီးေရာင္ဟူသည္ထက္ လေရာင္က ပိုၿပီး အလင္းရွိရသည္ ထင္၏။
လန္ ႏွင့္ ေရာ့ခ်န္းက တာဝန္ခ်ိန္မဟုတ္သမို႔ သစ္ေတာထိန္းသိမ္းေရးဝတ္စုံ မဟုတ္ဘဲ အရပ္သားအကၤ်ီကိုသာ ဝင္ဆင္ထားသည္သာမက ေဒါက္တာနမ္လည္း ေဒါက္တာဝတ္စုံမဟုတ္ဘဲ ရႈပ္အကၤ်ီအတိုကိုသာ ဝတ္ဆင္ထားေပသည္။
အဲ့ေနာက္ ေဒါက္တာနမ္ လန္ႏွင့္ ေရာ့ခ်န္းတို႔ ဝီစကီေသာက္ေနခ်ိန္ ေခါင္းေဆာင္ဖူဖာက ဝီစကီေသာက္ေနသည့္ဝိုင္းကို တာဝန္ခ်ိန္မဟုတ္သမို႔ သစ္ေတာထိန္းသိမ္းေရားအကၤ်ီမဝတ္ဘဲ အရပ္သားအကၤ်ီကိုသာ ဝတ္ထား၍ ေရာက္ခ်လာေလသည္။
အရင္ခ်ိန္ေတြတုန္းကလည္း ယခုလိုပဲ တာဝန္ခ်ိန္သာလွ်င္ သစ္ေတာထိန္းသိမ္းေရးယူနီေဖာင္း ဝတ္ၿပီး တာဝန္ခ်ိန္မဟုတ္ပါက အဆင္ေျပသည့္အကၤ်ီကိုသာ ဝတ္ဆင္ေလ့ရွိေလသည္။
ေခါင္းေဆာင္ဖူဖာ ထို ဝီစကီဝိုင္းကို ေရာက္သြားခ်ိန္ ေဒါက္တာနမ္က ဝီစကီေလး တစ္က်ိဳက္ ေမာ့ေသာက္အၿပီးမွာ ေျပာပါေတာ့သည္။
" ေဟာ ၾကည့္ဦး ေျပာေနတုန္း ေရာက္ခ်လာၿပီ ''
ေခါင္းေဆာင္ဖူဖာလည္း ထိုဝီစကီဝိုင္းမွာ ထိုင္ကာ သူတို႔ေျပာတာကို အရင္နားေထာင္ၿပီး ေနာက္မွသူက ေျပာေလသည္။
" ေရာ့ကေျပာေနတာ မင္းသူ႕ကို တစ္ေနကုန္ စိတ္ေတြတိုၿပီး ေဒါသထြက္ေနတာဆို ''
" ေဒါက္တာ ဘယ္တုန္းက ျပန္ေရာက္တာလဲ ''
" ၾကည့္ေလ ငါတို႔ေတြ ပုလင္းေတြ အမ်ားႀကီးေသာက္ၿပီးေနၿပီ ''
ေဒါက္တာနမ္က အဲသလို သြက္ေခ်ာ္ေခ်ာ္ေျပာေနၿပီး ေရာ့ခ်န္း လန္တို႔ကလည္း ေခါင္းေဆာင္ဖူဖာကို ဝီစကီအစြမ္း မူးမူးျဖင့္ေျပာပါေတာ့သည္။
" ေခါင္းေဆာင္ နည္းနည္းေလာက္ေသာက္ပါဦး စိတ္ေလးေပါ့ပါးသြားေအာင္ ''
လန္က အဲသလို ဝီစကီေလးခြက္ထဲ ထည့္ကာ ကမ္းေပးလိုက္ေပမယ့္ ေခါင္းေဆာင္ဖူဖာက သူ၏ရင္ထဲတြင္ ဆရာေလးထီရန္အား စိတ္ပူေနသည့္ဟန္ျဖင့္ ဝီစကီကို မေသာက္နိုင္ဘဲ ေမးခြန္းေတြေမးကာ လန္ ေဒါက္တာနမ္ ေရာ့ခ်န္းတို႔ကလည္း စကားကို အူယားသလို ေျပာပါေတာ့သည္။
" ေဒါက္တာ မင္းေရာက္ေနတာၾကာေနၿပီဆိုရင္ ထီရန္ကေရာ ဘယ္မွာလဲ ''
" အံမယ္ သူ ငါ့ကိုေတြ႕တာနဲ႕ ထီရန္ အေၾကာင္းကို ခ်က္ခ်င္းေမးေတာ့တာပဲ ''
" ေတြ႕ေတြ႕ခ်င္းပဲ ''
" ေအ ဟုတ္တယ္ ထီရန္အေၾကာင္းကို ခ်က္ခ်င္းႀကီးေမးတာ ''
" ခ်က္ခ်င္းႀကီးကိုပဲ ''
" ထီရန္က ငါနဲ႕ျပန္မလိုက္လာဘူး ၿမိဳ႕ထဲမွာ သူ႕သူငယ္ခ်င္းနဲ႕ သြားေတြ႕တယ္ မနက္ျဖန္ေလာက္ေတာ့ ျပန္လာလိမ့္မယ္ ''
" သူ႕ကို ဘယ္သူက ခြင့္ျပဳလိုက္တာလဲ ''
" ထပ္စလာျပန္ၿပီ ခြင့္ျပဳခ်က္အေၾကာင္း ခြင့္ျပဳခ်က္အေၾကာင္းေတြခ်ည္းပဲ တစ္ေန႕လုံး တစ္ညလုံး ဒါေတြခ်ည္းပဲ ''
" ေအးေအးေအး ေသာက္ပါဦး စိတ္ပူေနစရာ မလိုပါဘူး လာ ''
အဲသလို ေခါင္းေဆာင္ဖူဖာကို ေလွာင္သလိုလိုေတြ ေျပာၿပီး ေခါင္းေဆာင္ဖူဖာ စိတ္ပူေနသည့္ ဆရာေလးထီရန္ ခ်င္းမိုင္မွာ သူသိတဲ့လူအေၾကာင္း တြန္ကို ေျပာပါေတာ့သည္။ အရင္ဆုံး တြန္က ဆရာေလးထီရန္ကို ေျပာဆိုေနေလသည္။
" ငါ မင္းကို ကဗ်စ္ကဗ်စ္ လုပ္ေနတာ မဟုတ္ဘူး ငါ မင္းကို အသိစိတ္ေလး ဝင္ေအာင္လုပ္ေပးေနတာ ''
" ေအးပါ ေက်းဇူးပါပဲ ''
" ဒီေတာ့ မင္းရဲ႕ ေပ်ာ္႐ႊင္မႈေလးက ဘယ္သူလဲ ''
အဲသလို တြန္က ေမးလာသမို႔ ဆရာေလးထီရန္က ဘယ္ကစေျပာရမည္ဆိုတာ ခက္ေနသည္သာမက စိတ္ထဲတြင္လည္း ရွက္သလိုလိုဘာလိုလို ျဖစ္ေနေလသည္။
" ဟူး အို႔ ေဟ့ တြန္ မင္းဘယ္လိုခံစားရမလဲ တကယ္လို႔ ငါက မင္းကို ငါေယာက္်ားေလးခ်င္းႀကိဳက္ေနတာလို႔ ေျပာရင္ ''
" အဲဒါ မင္းသေဘာပဲေလ ''
" ေဟး အဲ့ေလာက္ပဲလား ''
" မင္းက ငါ့ကို ဘာေတြမ်ားခံစားေစခ်င္လို႔လဲ ''
" ငါက မင္းပိုၿပီး အံ့ၾသသြားမယ္ ထင္တာေပါ့ ''
" ငါ မိန္းကေလးေတြကို ႀကိဳက္တယ္လို႔ ေျပာရင္ေရာ မင္း အံ့ၾသမွာလား ''
" ဟင့္အင္း ''
" ဒါဆို ငါက မင္းကို ဘာလို႔အံ့ၾသရမွာလဲ မင္းႀကိဳက္တာ မင္းသိေနတာပဲဟာ အဲဒါဆို အဆင္ေျပၿပီပဲေပါ့ ''
" ဒါေပမယ့္ ဒါကမတူဘူးေလ ''
" ဘယ္လိုမတူတာလဲ မင္းေခြးခ်စ္တာနဲ႕ ငါေၾကာင္ခ်စ္တာနဲ႕ တူတူလိုပဲေလ မင္းမွာလည္း မင္းအႀကိဳက္နဲ႕မင္းေပါ့ မဟုတ္ဘူးလား ''
" မတူဘူးထင္တယ္ေနာ္ ''
" ေနဦး ခဏေလး ဒီေတာ့ မင္းကို ရင္ခုန္ေအာင္လုပ္ၿပီး အိမ္မျပန္ခ်င္ေအာင္လုပ္တဲ့လူက
ေယာက္်ားေလးေပါ့ ''
အဲသလို ဆရာေလးထီရန္က တြန္ေမးလာသည့္ ေပ်ာ္႐ႊင္မႈေလးကို ဘယ္သူဆိုတာ ျပန္ၿပီးေျပာေလသည္။ မွန္၏။ ဆရာေလးထီရန္၏ ေပ်ာ္႐ႊင္မႈေလးက ေယာက္်ားေလးျဖစ္ၿပီး အဲဒီေယာက္်ားေလးက ေခါင္းေဆာင္ဖူဖာသာ ျဖစ္ေလသည္။
ဆရာေလးထီရန္က သူ၏သူငယ္ခ်င္း တြန္ကို သူက ေယာက္်ားေလးခ်င္းႀကိဳက္ေနတာ ေခါင္းေဆာင္ဖူဖာကို ႀကိဳက္ေနတာဟူ၍ ဝန္ခံလိုက္ေလသည္။ ဒါဆို ဖာပန္းေဒါင္း႐ြာ ဝီစကီဝိုင္းမွ ေခါင္းေဆာင္ဖူဖာကို ေဒါက္တာနမ္ လန္ ႏွင့္ ေရာ့ခ်န္းတို႔ကေရာ ဘာေတြမ်ား အသည္းယားေအာင္ ပြားၾကမည္လဲ ဆိုတာ ၾကည့္ၾကရေပမည္။
" တကယ္ အံ့ၾသမိတယ္ ညီေလးထီရန္ ဒီမွာအၾကာႀကီးေနနိုင္တာကို ''
အဲသလို လန္က အူယားစရာေကာင္းေအာင္ ေျပာသမို႔ ေခါင္းေဆာင္ဖူဖာ ႐ြဲ႕ေျပာလိုက္ရာ လန္ ကလည္း ေခါင္းေဆာင္ဖူဖာကို ျပန္ၿပီး သြက္ေခ်ာ္ေခ်ာ္ ေျပာေလေတာ့သည္။
" သူမၾကာခင္ အိမ္ျပန္ေတာ့မွာပါ ''
" အိုး တစ္ေယာက္ေယာက္ကေတာ့
လြမ္းေနေတာ့မွာပဲ ''
" ဆရာမေလး ေထာ့ဖန္ၿပီးရင္ ဆရာေလးထီရန္ကသာ ဖာပန္းေဒါင္း႐ြာနဲ႕ အသင့္ေတာ္ဆုံးပဲ ''
ေရာ့ခ်န္းက အဲသလို မူးမူးျဖင့္ ေျပာျပန္ေလရာ ဆက္ၿပီး အူယားေအာင္ ေျပာျပန္ေလသည္။
" ေျပာတာေကာင္းတယ္ ေရာ့ခ်န္း ''
" အမွန္ပဲေလ ကြၽန္ေတာ္ ဒီကေန ေျပာလိုက္မယ္ လူတိုင္း သူ႕ကို ခ်စ္ၾကတယ္ ကြၽန္ေတာ္ကိုယ္တိုင္လည္း
သူ႕ကိုသေဘာက်တယ္ ေဒါက္တာကေရာ ေဒါက္တာလည္း သေဘာက်လား ''
" ဆရာေလးထီရန္ ကိုလား က်တာေပါ့ ''
" ေဟ့လန္ မင္းေရာ သေဘာက်လား ''
" က်တယ္ ''
" မင္းကေရာ သေဘာက်လား ''
အဲသလို ေရာ့ခ်န္းက မူးမူးျဖင့္ တစ္ေယာက္ၿပီးတစ္ေယာက္ေမးလာရာ ေခါင္းေဆာင္ဖူဖာ၏လည္ပင္းကို သိုင္းဖက္၍ ေမးလိုက္ေလရာ ေခါင္းေဆာင္ဖူဖာ ခဏတာၿငိမ္ေနၿပီး ခ်င္းမိုင္မွ ေခါင္းေဆာင္ဖူဖာကို သေဘာက်ေနသည့္ ဆရာေလးထီရန္က တြန္ကို ေခါင္းေဆာင္ဖူဖာက ဘယ္လိုဆြဲေဆာင္မႈရွိေၾကာင္း သူ႕ဘဲႀကီး ဘယ္ေလာက္ေခ်ာေၾကာင္း သူဘယ္လိုခံစားရေၾကာင္း ေျပာေနေလသည္။
" သူနဲ႕အတူရွိေနရင္ ေနလို႔ေကာင္းတယ္ ငါ့ဆီမွာ ရွိတဲ့ ခံစားခ်က္ေတြက ငါ မသိေတာ့ဘူး ငါ့ဆီက လာ
တာလား ေထာ့ဖန္ဆီက လာတာလား ဒါမွမဟုတ္ ငါ ငါ ငါက ေဂးျဖစ္ေနလို႔လား ''
" မင္း ႐ူးေနတာလား မင္းရဲ႕ခံစားခ်က္ေတြက မင္းရဲ႕ဦး ေဏွာက္ဆီကလာတာပဲေပါ့ မင္းဆီမွာရွိတဲ့ တျခားလူရဲ႕ႏွလုံးဆီက မဟုတ္ဘူး ''
" အို႔ ငါလည္းမသိတတ္ေတာ့ဘူးကြာ ေဘာပဲ ''
" အဲဒါေတြကို ခြဲျခားထားဖို႔ လိုတယ္ေနာ္ မင္း ေဂးျဖစ္တာ မျဖစ္တာက ကိစၥတစ္ခု မင္းသူ႕အေပၚခံစားခ်က္ မရွိတာရွိတာက တျခားကိစၥတစ္ခု ''
" ေဟ့တြန္ တူတူပဲေလ ''
" တူတူပဲဆိုရင္ မင္းကေဂးျဖစ္ၿပီး သူ႕အေပၚခံစားခ်က္ရွိေနတာပဲေပါ့ မင္း ေယာက္်ားေလးေတြကို
ႀကိဳက္တယ္ဆိုရင္ ေဂးျဖစ္လို႔ပဲ ၿပီးေတာ့ ငါက အိုေကတယ္ေနာ္ မင္းက ငါ့သူငယ္ခ်င္းပဲ ရွင္းလား ''
အဲသလို ဆရာေလးထီရန္က သူ၏ခံစားခ်က္ကို ေျပာျပကာ တြန္ကလည္း ေဂးျဖစ္သည္ျဖစ္ေစ မျဖစ္သည္ျဖစ္ေစ သူငယ္ခ်င္းပါပဲဟူ၍ ေျပာကာ တစ္ေယာက္လက္ႏွင့္ တစ္ေယာက္ရိုက္လိုက္ၾကၿပီး ဆရာေလးထီရန္က အဲသလို ေျပာလာျပန္ေလသည္။
" ေဟ့ ငါသူ႕ကိုႀကိဳက္တယ္လို႔ တစ္ခါမွမေျပာဖူးပါဘူး ''
ဆရာေလးထီရန္ေတာ့ သူက ေခါင္းေဆာင္ဖူဖာကို ႀကိဳက္ေနတယ္ဆိုတာ သူ၏သူငယ္ခ်င္း တြန္ကို ရဲရဲႀကီးဝန္ခံလိုက္ေပသည္။
ဖာဖီ႐ြန္တပ္စုက ေခါင္းေဆာင္ဖူဖာလည္း သူ၏ႏႈတ္ကသာ ဆရာေလးထီရန္ကို သေဘာက်သည္ဟူ၍ မေျပာဘဲ စိတ္ႏွင့္အမူအရာေတာ့ ဆရာေလးထီရန္ကို သေဘာက်ေနေလသည္။ ေဒါက္တာနမ္ လန္ ႏွင့္ ေရာ့ခ်န္းတို႔ အဲသလို တိတ္တခိုးေလး မပြင့္မလင္းေလး ဆရာေလးထီရန္အား သေဘာက်ေနသည့္ ေခါင္းေဆာင္ဖူဖာကို ဆရာေလးထီရန္ႏွင့္ပတ္သက္၍ သတိထားမိသည္တို႔ကို ေျပာၾကပါေတာ့သည္။
" သူ ဒီကိုစေရာက္ကတည္းက မင္းသူ႕အေပၚဘယ္လိုစိတ္ရွိတယ္ဆိုတာ သိၿပီးသား မင္း သူ႕အေပၚ
ဂ႐ုစိုက္သလိုမ်ိဳး တျခားလူေတြကို ဂ႐ုစိုက္ဖူးတာမွ မဟုတ္တာ မဟုတ္ဘူးလား ''
" ငါက ငါ့တာဝန္ကိုပဲ လုပ္တာပါ ''
" မင္းတို႔ႏွစ္ေယာက္လုံးကတူတူခ်ည္းပဲ ခံစားခ်က္ေတြကို ဖုံးကြယ္ထားတယ္ ''
" ေဒါက္တာ မင္း ထီရန္ကို ဘာေတြ ေျပာခဲ့တာလဲ ''
" သူကသာ မင္းအေၾကာင္းေျပာတာပါ ငါကလည္း မင္းအေၾကာင္း ျပန္ေျပာလိုက္တာ ''
" သူ ငါ့အေၾကာင္းဘာေျပာလို႔လဲ ''
အဲသလို ေဒါင္တာနမ္ ႏွင့္ ေခါင္းေဆာင္ဖူဖာ ဆရာေလးထီရန္အေၾကာင္းေျပာေနၾကၿပီး ဆရာေလးထီရန္ေျပာေနသည့္ ေခါင္းေဆာင္ဖူဖာ၏အေၾကာင္းေတြကို ခ်င္းမိုင္မွ ဆရာေလးထီရန္ ေျပာေနေလသည္ႏွင့္ တူေပေတာ့သည္။
" သူက အခ်ိန္တိုင္း ငါ့ကို ေအာ္ေနတာ မင္းသိလား ပထမဆုံးေန႕တုန္းက ငါ့မ်က္ႏွာကို ေရနဲ႕ပက္လိုက္တာ ေနာက္ရက္က်ေတာ့ ေရထဲတြန္းခ်ပါေလေရာ တကယ္ပဲ ''
" သူမင္းကို အၿမဲေအာ္တယ္ အဲဒါကိုပဲ မင္းေႂကြသြားတာမလား ဘယ္လို ဂႏၶဝင္ထိုင္းဇာတ္လမ္းႀကီးလဲဟ ''
" မင္းေတာ့ ေသခ်င္ေနၿပီ ထင္တယ္ ''
အဲသလို ဆရာေလးထီရန္ႏွင့္တြန္ ဆရာေလးထီရန္က သူရဲ႕ဘဲႀကီး ေခါင္းေဆာင္ဖူဖာ သူ႕အေပၚဆက္ဆံပုံကို ေျပာျပၿပီး တြန္ကလည္း စေနာက္၍ အဲသလို ေျပာေနၾကေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္က ထိုင္ေနသည့္ေနရာမွ ထလိုက္သည္မို႔ တြန္က ထပ္ၿပီးေမးပါေတာ့သည္။
" ဘယ္သြားမလို႔လဲ ''
" ေသးသြားေပါက္မလို႔ ''
" ရွက္ေနလို႔မို႔လား ''
" ေဘာကို ရွက္ရမွာလား ''
အဲသလို ဆရာေလးထီရန္ကေျပာၿပီး သူ၏ဖာပန္းေဒါင္းမ်ိဳးႏြယ္စုအကၤ်ီကို ပုခုံးေပၚတင္ကာ သန့္စင္ခန္းရွိရာကို ေသးသြားေပါက္ဖို႔ ထြက္သြားေလသည္။ တြန္လည္း ဆရာေလးထီရန္ကို ၿပဳံး၍ေလွာင္သလိုလိုၾကည့္ကာ တစ္ေယာက္တည္း က်န္ရစ္ခဲ့ေလသည္။
ထိုအခ်ိန္ တစ္ျခားဝိုင္းတြင္ ထိုင္ေနသည့္ ဦးဆက္ဒါ၏ လူယုံေတာ္ ဆရာေလးထီရန္ႏွင့္ ရန္ျဖစ္ခဲ့သည့္လူက ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္ႏွင့္အတူ ဆရာေလးထီရန္ အေနာက္ကို လိုက္သြားသည္ ထင္ရေပသည္။
ဆရာေလးထီရန္လည္း သန့္စင္ခန္းထဲမွ လက္ေရေဆးၿပီး သန့္စင္၍ ျပန္ထြက္လာရာ သန့္စင္ခန္းအေရွ႕၌ ဦးဆက္ဒါ၏လူယုံေတာ္ႏွင့္ ေကာင္ေလးတစ္ေယာက္ေစာင့္ေနေလသည္။
ျပႆနာကို သံလိုက္လို ဆြဲယူတတ္သည့္ ဆရာေလးထီရန္ ေဒါသစိတ္ကေလးကိုက နည္းနည္းမွ ထိန္းမရေခ် ျဖစ္၏။ ဦးဆက္ဒါတို႔ကိုလည္း ေဒါသထြက္ခ်င္ရင္လည္း ထြက္ခ်င္စရာပင္ ျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အေပၚယံတကာလူးတဲ့ ေခြးသူေတာင္းစားေတြလို အက်င့္ရွိ၍ ျဖစ္ေပသည္။
" ေဟ့ ဘယ္လိုလဲဆရာ ဒီေန႕ မင္းအေဖ လာကာကြယ္မေပးဘူးလား ''
" မင္းတို႔ ဘာျဖစ္ခ်င္ၾကတာလဲ ''
" မင္းကို သင္ခန္းစာေပးခ်င္တာ ေဟ့ေကာင္ ''
မွန္၏။ ခ်င္းမိုင္နယ္တစ္ဝိုက္မွာ ဦးဆက္ဒါလို႔ နာမည္ၾကားသည္ႏွင့္ မည္သူမွ် မဆန့္က်င္ရဲတာကို မဟုတ္ရင္မခံတတ္သည့္ ဆရာေလးထီရန္က လက္ဖက္ခင္းမွာ ဦးဆက္ဒါ၏ လူယုံေတာ္ အျမတ္ထုတ္တာကို သိခဲ့၍ ျပႆနာျဖစ္ခဲ့ရာ ယခု ထိုလူယုံေတာ္က သင္ခန္းစားေပးခ်င္တာဟူ၍ ေျပာၿပီး ဆရာေလးထီရန္၏ မ်က္ႏွာကို ဆြဲထိုးလိုက္ေလသည္။
ဆရာေလးထီရန္ကလည္း ထိုလူယုံေတာ္ကို ျပန္ၿပီး ခ်က္ေကာင္းတစ္ခ်က္ ထိုးလိုက္ေလရာ ထိုလူယုံေတာ္၏ လူက ဆရာေလးထီရန္၏ လက္ကို ေနာက္ပစ္၍ခ်ဳပ္ထားလိုက္ေလသည္။
" ေခြးေကာင္ မင္းကိုမင္း ဟုတ္လွၿပီထင္ေနလား ''
အဲဒီလူယုံေတာ္က အဲသလိုေျပာလိုက္ရာ ဆရာေလးထီရန္က သူ၏ေျခေထာက္ျဖင့္ ထိုလူယုံေတာ္ကို ကန္လြင့္ပစ္ကာ သူကိုခ်ဳပ္ထားသည္ကို ႐ုန္းထြက္ေလေတာ့သည္။
" လႊတ္ အား အဟား ''
အဲဒီလူယုံေတာ္က ဆရာေလးထီရန္၏ ဗိုက္ေခါက္ကို ထိုးလိုက္ရာ ဆရာေလးထီရန္ ေအာင့္ခနဲ နာသြားေလသည္။ ဆရာေလးထီရန္၏ သူငယ္ခ်င္း တြန္ကလည္း ေရာက္မလာေခ် ရွိ၏။ အဲ့ေနာက္ ဗိုက္ေအာင့္၍ နာေနသည့္ ဆရာေလးထီရန္ကို ထိုယူယုံေတာ္ ထပ္ၿပီးလက္သီးႏွင့္ ထိုးမည္႐ြယ္လိုက္ရာ ထိုလူယုံေတာ္၏ လက္ေပၚ ပုလင္းတစ္ခုက က်ေရာက္လာေလသည္။
" အား အဟား ''
" ေဟ့ ေျပး ထီရန္ ''
" တြန္ ''
မွန္၏။ တြန္က ပုလင္းျဖင့္ ဦးဆက္ဒါရဲ႕ လူယုံေတာ္၏လက္ကို ရိုက္လိုက္ရာ ထိုလူလွဲက်သြားၿပီး ေသြးထြက္သြား၍ ထိုလူယုံေတာ္၏ လူကိုလည္း ဆရာေလးထီရန္က တြန္း၍ ႐ုန္းထြက္ကာ ဆရာေလးထီရန္ႏွင့္ တြန္ ေျပးထြက္လာခဲ့ၾကေလသည္။
ဆရာေလးထီရန္ႏွင့္တြန္ မာရသြန္ၿပိဳင္ပြဲၿပိဳင္ေနသည္ထင္ရသည္။ ေရွ႕ကို ေျပးလိုက္သည္မွာ ေနာက္မွာဘာျဖစ္ျဖစ္ လွည့္မၾကည့္ဘူး ဆိုသည့္အတိုင္း စိတ္ကလည္း ခဏကလူေတြနဲ႕ ေဝးဖို႔သာသိၿပီး ေဟာဟဲလွိုက္ေအာင္ ေျပးခဲ့ရေလသည္။
'' ျမန္ျမန္ေျပး ''
" သိတယ္ ဒီဘက္ကိုလာ ''
အဲသလို တြန္က ဆရာေလးထီရန္ကို ဦးဆက္ဒါ၏လူယုံေတာ္ လက္ထဲကေန ဆြဲေခၚလာၿပီး တြန္လမ္းမွားမည္အလိုမွာ ဆရာေလးထီရန္က အဲသလို ေျပာၿပီး ထပ္ေျပးလာေလၾကသည္။
ခဏကလူေတြနဲ႕ ေဝးေလာက္ၿပီ ထင္သည့္ေနရာေရာက္ေသာ္ ဆရာေလးထီရန္ႏွင့္ တြန္ ေျပးေနတာရပ္လိုက္ၿပီး ေဟာဟဲလွိုက္ ေမာပန္းေနေလေတာ့သည္။
" ဟူး ဟဲ ဟူး ေမာလိုက္တာ ''
" ငါယုံသြားၿပီ မင္းနာမည္ေျပာင္က တကယ္မွန္တာပဲ ျပႆနာသံလိုက္ ''
" ငါက ျပႆနာသံလိုက္ ျဖစ္ခ်င္ျဖစ္မယ္ မင္းက ငါ့ဆီ ျပႆနာေခၚလာတာ ''
" မင္း အဆင္ေျပရဲ႕လား ငါ့အထင္ေတာ့ အဲဒီေကာင္ေတြ မင္းကို႐ြာအထိ လက္စားလာေခ်ၾကမယ္ ထင္တယ္ ''
" ထားလိုက္ပါ ငါမေၾကာက္ဘူး ဘာပဲျဖစ္ျဖစ္ အဲ့ဒီမွာ ငါ့ကို ကာကြယ္ေပးမယ့္သူ ရွိတယ္ ''
" အဟိုး ဟိုး ယုံၾကည္ေနလိုက္တာေနာ္ ''
အဲသလို ဆရာေလးထီရန္က သူ႕ဘက္မွာ သူခ်စ္တဲ့ ေခါင္းေဆာင္ဖူဖာ ရွိသည္ မေၾကာက္ဘူးဟူ၍ ေျပာရာ တြန္က ထိုသို႔ေျပာၿပီး ဆရာေလးထီရန္၏ ေခါင္းကို ပုတ္ခတ္လိုက္ေလသည္။
" နာတယ္ဟ ''
" အို႔ ငါေတာင္ အဲ့ဒီေခါင္းေဆာင္ မ်က္ႏွာကို ျမင္ဖူးခ်င္ေနၿပီ ''
အဲသလို တြန္က ေျပာလိုက္သည္မို႔ ဆရာေလးထီရန္က သူခ်စ္တဲ့ ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာကို အေတြးထဲထည့္ကာ ၿပဳံးေနၿပီး ဖာဖီ႐ြန္တပ္စုမွ ေခါင္းေဆာင္ ဘယ္လိုေတြ႕ႀကဳံေနရမလဲဆိုတာ ဖာပန္းေဒါင္း႐ြာ ဖာဖီ႐ြန္တပ္စုတြင္ သြားၾကည့္ၾကဖို႔ တိုက္တြန္းခ်င္ပါသည္။
ေခါင္းေဆာင္ဖူဖာ မအိပ္နိုင္ေသးဘဲ သစ္ေတာထိန္းသိမ္းေရးဝန္ထမ္းအိမ္ႀကီးမွ ေထာ့ဖန္ေပးထားသည့္ ပုေလြကေလးကိုင္၍ ထြက္လာေလသည္။
ၿပီးေနာက္ ပုခက္ရွည္ႀကိဳးတန္းေလးမွာ ထိုင္ရင္း တစ္ဦးဦးကို လြမ္းေမာေနေလသည္။ လေရာင္သာတဲ့ ညခင္းႀကီးမွာ ေခါင္းေဆာင္ဖူဖာ တစ္ေယာက္ ဆရာေလးထီရန္ႏွင့္ အတူတူအိပ္ခဲ့သည့္ညက ေစာင္ၿခဳံေပးခဲ့တာေတြ အၾကည့္ဆုံခဲ့တာေတြ လက္သန္းခ်င္းထိမိ၍ ရင္ထဲတြင္ ရင္းႏွီးသလိုခံစားရတာေတြ ၿပဳံးရည္ခဲ့ပုံေတြကို ေတြးကာ ၿပဳံးမိေနေလသည္။
ေခါင္းေဆာင္ဖူဖာက အမ်ားသူေတြအေပၚ ဆရာေလးထီရန္ကို သေဘာက်ပါသည္ဟူ၍ ဝန္မခံေသးေပမယ့္ သူ၏စိတ္ထဲတြင္ ဆရာေလးထီရန္အေပၚထားသည့္ စိတ္ရင္းက မရိုးဘူးဆိုတာ သေဘာက်ေနတယ္ဆိုတာ သိသာထင္းရွားလွေပသည္။
အဲသလိုျဖင့္ ထိုညေလးေတာ့ ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ၏ အလြမ္းညေလးျဖစ္သလို ဆရာေလးထီရန္အတြက္ အဲ့ဒီညက ေခါင္းေဆာင္ဖူဖာကို သေဘာက်တယ္လို႔ တြန္ကို ရဲရဲႀကီး ဝန္ခံလိုက္ၿပီး သူ႕ကိုယ္သူ ေခါင္းေဆာင္ဖူဖာကို သေဘာက်ေနတယ္ဆိုတာ ယုံၾကည္လိုက္တဲ့ ညတစ္ည ျဖစ္ေပေတာ့သည္။
ေနာက္တစ္ေန႕မနက္
ေနအလင္းေရာင္ျဖာက်လာသည့္ မနက္ခင္းဆည္းဆာျဖင့္လွပေနသည့္ ဖာပန္းေဒါင္း႐ြာႏွင့္ ခ်င္းမိုင္ ေနခ်င္စဖြယ္ေကာင္းလွေပသည္။
ခ်င္းမိုင္ၿမိဳ႕တြင္ ဆရာေလးထီရန္ႏွင့္တြန္တို႔ ခဏတာေတြ႕ၿပီး တြန္က ဘန္ေကာက္ျပန္ေတာ့မည္ ျဖစ္ရာ ဆရာေလးထီရန္လည္း ဖာပန္းေဒါင္း႐ြာ ျပန္ရေတာ့မည္မို႔ သူတို႔ႏွစ္ဦး ႏႈတ္ဆက္ၾကေလေတာ့သည္။
" ေရာ့ ငါ့ေကာင္ ဒီမွာ စေတာ္ဘယ္ရီ ေရေဆးၿပီးမွ စားေနာ္ စားေကာင္းတယ္ ဒါ ဖာပန္းေဒါင္းက လာတာေနာ္
ေအာ္ဂဲနစ္စစ္စစ္ ငါ့ကိုယုံ ၿပီးေတာ့ ဒီဟာ ဝက္အူေခ်ာင္း အမ်ားႀကီးမစားနဲ႕ေနာ္ ''
အဲသလို ဆရာေလးထီရန္က တြန္ကို စေတာ္ဘယ္ရီျခင္းႏွင့္ ဝက္အူေခ်ာင္းဖက္ထုပ္အတြဲကို ေပး၍ ေျပာလိုက္ေလသည္။
" ေဟ့ေကာင္ မင္း မေန႕ညက ငါ့ကို ေျပာတဲ့ကိစၥကို မင္းစိတ္ပူစရာမလိုဘူး ငါနားလည္တယ္ ''
" ေက်းဇူးပဲကြာ ''
" ၿပီးေတာ့ ငါ မတ္ လင္း အြတ္ တို႔ကို ျပန္ေျပာဖို႔ မေစာင့္နိုင္ေတာ့ဘူး ''
" ေသစမ္း မင္းကေတာ့...သြားေတာ့ ''
" အင္း ေဟ့ေကာင္ ၿပီးေတာ့ ေထာ့ဖန္ကိစၥေလ ငါ့အထင္ေတာ့ မင္း ေျပာျပလိုက္တာ ပိုေကာင္းမယ္ ငါ့ကို ယုံစမ္းပါ အရမ္းေနာက္မက်ေသးခင္ ေျပာလိုက္ ''
" အင္း ''
" ငါ မသြားခင္ ဆယ္လ္ဖီရိုက္ရေအာင္ သူငယ္ခ်င္း ဒီကိုလာ ''
အဲသလို တြန္က ေျပာၿပီး ဖုန္းထုတ္ကာ ဆယ္လ္ဖီရိုက္လိုက္ၿပီး ခ်င္းမိုင္မွ ဘန္ေကာက္ကို ျပန္သည့္ လိုင္းကားစီးဖို႔ ကားဂိတ္သြားသည့္ ခရီးသည္ကား အနားကို သြားလိုက္ေလသည္။
" ေဟး တြန္ အဲဒါႀကီး လိုင္းေပၚမတင္နဲ႕ေနာ္ ''
" ေအးပါ ငါသိပါတယ္ သြားေတာ့မယ္ ''
" ေအး ''
" တစ္ေယာက္ေယာက္ ေမးလာရင္ မင္းေကာင္ေလးကို ခြဲမနိုင္ျဖစ္ေနတယ္လို႔ ေျပာလိုက္မယ္ ''
" ေဟး တြန္ ''
ဆရာေလးထီရန္က အဲသလိုေျပာကာ ကားေပၚတက္ထိုင္ေနသည့္တြန္ကို လက္ခလယ္တစ္ေခ်ာင္းတည္းေထာင္ျပၿပီး အဲသလို စေနာက္ရာ တြန္လည္း ထိုကဲ့သို႔ စေနာက္လိုက္ေလသည္။ တြန္လည္း တာ့တာျပ ႏႈတ္ဆက္ကာ ကားကလည္း ေမာင္းထြက္သြားေလေတာ့သည္။
ဆရာေလးထီရန္လည္း အဲ့ေနာက္မွာ ခ်င္းမိုင္ၿမိဳ႕၏ ယာဥ္ေတြ ရပ္နားကာ ထြက္ခြာသည့္ဂိတ္ကို ေရာက္လာၿပီး ဖာပန္းေဒါင္း႐ြာမွ လာႀကိဳမည္ကို ေစာင့္ဆိုင္းေနေလသည္။
ခဏအၾကာ ဂ်စ္ကားႀကီးကို ေမာင္းလာသည့္ ေခါင္းေဆာင္ဖူဖာ ဆရာေလးထီရန္အနားမွာ ကားကို ထိုးရပ္လိုက္ေလသည္။ ဆရာေလးထီရန္လည္း သူခ်စ္သည့္ သူ႕ေကာင္ေလး သူ႕ဘဲႀကီး လာႀကိဳသမို႔ အခ်ိဳစားထားရသည့္ မ်က္ႏွာျဖင့္ ေပ်ာ္ေနပုံ ျဖစ္၏။
ဆရာေလးထီရန္လည္း ကားေပၚကိုတက္ကာ ကားေပၚမွာ ထိုင္ေနသည့္ သူ႕ဘဲႀကီးႏွင့္ ဘယ္လိုေတြ ပြားၾကမလဲဆိုတာ ကားေပၚသို႔ သြားၾကရေပမည္။
" ေအာ္ ေခါင္းေဆာင္ ''
" ဘာလဲ ငါလာႀကိဳလို႔မရဘူးလား ''
အဲသလို ေခါင္းေဆာင္ဖူဖာ ေျပာလိုက္ရာ ဆရာေလးထီရန္က ရွက္သလိုလို ျဖစ္ၿပီး ေခါင္းေဆာင္ဖူဖာလည္း ကားကို ခ်င္းမိုင္မွ ေမာင္းထြက္လာခဲ့ေလေတာ့သည္။
ခ်င္းမိုင္မွ ထြက္လာတဲ့ အေဝးေျပးလမ္းမႀကီးေပၚမွာ ဂ်စ္ကားေလးတစ္စီးအရွိန္ျပင္းျပင္းျဖင့္ ေမာင္းႏွင္လာေလသည္။ ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာထားတင္းေနသည္ကို ဆရာေလးထီရန္က သူ႕ကိုစိတ္ဆိုးေနသည္ထင္၍ စိတ္ဆိုးရသည့္အေၾကာင္းအရင္းကို အထင္ျဖင့္ ရွင္းျပေလေတာ့သည္။
" အိုေက ေခါင္းေဆာင္ ခုခ်ိန္ကစၿပီး ကြၽန္ေတာ္ ဘယ္ေနရာသြားသြား အၿမဲတမ္း ေခါင္းေဆာင္ကို အေၾကာင္းၾကားပါ့မယ္ အိုေကလား ''
" မင္း ဘာျဖစ္ေနတာလဲ ''
" ေခါင္းေဆာင္က ထူးထူးဆန္းဆန္း တိတ္ေနလို႔ေလ ေခါင္းေဆာင္ ဆူလိုက္တာကမွ ပိုေကာင္းဦးမယ္ ''
ဒါဆို တြန္ေျပာသည့္ စကားမွန္သြားေလသည္။ ဆရာေလးထီရန္က အဲသလို ေခါင္းေဆာင္ဖူဖာက သူ႕ကို ေအာ္တာကို ေႂကြသြား၍ ယခုလို ေျပာျခင္း ျဖစ္ေနသည္ ထင္၏။
ေခါင္းေဆာင္ဖူဖာလည္း ထူးထူးဆန္းဆန္း ဆရာေလးထီရန္ကို အေျပာေတြခ်ိဳ အခ်ိဳေတြေကြၽး ေနေလသည္။
" ဘယ္သြားခဲ့တာလဲ ''
" သူငယ္ခ်င္းက ႐ုတ္တရက္ လာေတြ႕လို႔ ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႕ ေလွ်ာက္လည္ေနတာ ''
" ေနာက္တစ္ခါက်ရင္.... ''
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္