𝙰𝚁𝙲𝙰𝙽𝚄𝙼

By friedpotatoisdabest

17K 1.9K 144

Xiao Zhan × Wang Yibo Around 2000s ZHANYI Fiction. He is an ordinary boy, He is two years younger than me, An... More

𝚂𝚢𝚗𝚘𝚙𝚜𝚒𝚜
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-11-
-12-
-13-
-14-
Potato's Announcement
-15-

-10-

653 96 7
By friedpotatoisdabest

Unicode

August 15, 2000.

"ညီမလေး ဒီနှင်းဆီပန်းတွေက ဘယ်လိုရောင်းလဲ။ "

"တစ်ပွင့်ချင်းစီဆို ၁ယွမ် အစည်းလိုက်​ဆိုရင် ၁၈ယွမ်ပါ ကိုကြီး။ ဒါပေမဲ့ အစည်းလိုက်က ပိုတန်တယ်ရယ် အစည်းလိုက်က အပွင့်၂၀တောင်ပါတယ်။ "

"ဒါဆိုရင် အစ်ကို့ကို အစည်းလိုက်ပဲ ပေးပါ။ ဪ ပြီးတော့ ပန်းစည်းကိုလည်း လှလှပပလေး စည်းပေးလိုက်နော် ညီမလေး။ "

"ဟုတ်ကဲ့ပါရှင့်။ ဟီး ဒီပန်းစည်းကို လက်ခံမဲ့ မမလှလှကတော့ သေချာပေါက်ကိုပျော်သွားမှာ ညီမလောင်းရဲတယ်။ "

ပန်းသည်ကလေးမလေးရဲ့ တီးတိုးရေရွတ်သံကြောင့် ရှောင်းကျန့် ပဟေဠိဆန်စွာ ပြုံးမိသည်။သူ့ရဲ့ အသည်းသက်ညှာက ကလေးမလေး ထင်နေသလို 'မမလှလှလေး' မဟုတ်ဘဲ 'ကိုကိုချောချောလေး' ဖြစ်နေသည်မှာ ခက်လှချေပြီ။

"ဟို ညီမလေး အစ်ကို့ကို မြန်မြန်လေးထုပ်ပေးနော်။ "

လိပ်တစ်ကောင်လို ထုပ်ပိုးနေတဲ့ ကလေးမလေးကို သတိလှမ်းပေးရသည်။

"ဟီး ဟုတ်ကဲ့။ "

surprise လုပ်ချင်၍ ခဏထားခဲ့ရသော်လည်း ထိုကောင်လေးကို တစ်ယောက်တည်းထားခဲ့ရတာ ရှောင်းကျန့်အတွက် နောက်ဆံတင်းစရာ။ခြေလှမ်းကျဲကြီးတွေနှင့် ကော်ဖီဆိုင်လေးဆီကို လျှောက်သွားမိသည်။ထို့နောက် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ ပိုးဟပ်ဖြူက သူ့ကို မော့ကြည့်ပြီး ပြုံးပြရှာပါသည်။သို့သော် အသက်မပါသည့် အပြုံးမျိုး။

နှစ်ယောက်သား မီးပုံကြီးကို စိုက်ကြည့်နေရင်း ရိပေါ်အနားကို တိုးကပ်ကာ မေးလိုက်သည်။

"မပျော်ဘူးလား..။ "

"ပျော်ပါတယ်...ဘာလို့လဲ။ "

ပါးစပ်ကသာ ပျော်နေပေမဲ့ ပိုးဟပ်ဖြူရဲ့ အပြုအမူတွေက ပျော်နေတယ်ဟု ထင်ရက်စရာ တစ်ကွက်မှမရှိ။လက်ကို အနောက်ပစ်ထားပြီး ဆွေးမြည့်နေသော မျက်လုံးများဖြင့် မီးပုံကြီးကို ရီဝေဝေစိုက်ကြည့်နေ၍ သူ့ရင်တွေ ပူလောင်ရပြန်တယ်။

မဟုတ်မှလွဲရော ကော်ဖီဆိုင်မှာ ချန်ထားခဲ့လို့  ဒီကောင်လေးက အခုချိန်ထိ စိတ်မကောင်းဖြစ်နေတုန်းလား။

ရှောင်းကျန့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် သူ့စစ်ဆင်ရေးကို ထုတ်သုံးဖို့ အချိန်ကျပြီဖြစ်တာကြောင့် ရိပေါ်ဘက်ကို မသိမသာခိုးကြည့်မိသည်။

ရိပေါ်ကို မြန်မြန်သိစေချင်ပြီ။
ဖြစ်နိုင်ရင် အနှီကောင်လေးရဲ့ ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး 'ငါလုပ်နေတာ မှန်သမျှ မင်းအတွက်ကြီးပဲ' ဟု နားလည်သွားအောင် ပြောပြလိုက်ချင်သည်။

"ငါ့အနောက်ကို ခဏလိုက်ခဲ့။ "

"ဘယ်ကိုလဲ။ ခဏနေရင် ကပွဲစတော့မှာလေ။"

လက်ကောက်ဝတ်ကို အားထည့်ပြီး ဆုပ်ကိုင်လိုက်တော့ ရိပေါ်က အကျောက်အကန် ငြင်းရှာသည်။

"ကျုပ် သိပါပြီ။ ဟွန့် မင်းက ကျုပ်နဲ့အတူတူ မကချင်လို့ အချိန်ဆွဲနေတာမလား။ "

ရိပေါ်သည် စူပုပ်ပုပ်မျက်နှာလေးလုပ်ကာ မျက်မှောင်ကြုတ်ပြီး မေးလာသည်။

"ဟာ အဲ့လိုမဟုတ်ပါဘူး..။ ငါက လူရှေ့သူရှေ့ ကရမှာ ရှက်တတ်တယ်ကွ..အဟမ်း..ဒါကြောင့်မို့ ငါတို့နှစ်ယောက်ပဲ ရှိလောက်မဲ့နေရာလေးမှာ အေးအေးချမ်းချမ်း သွားကချင်တာ..။ "

"ဟုတ်လို့လား...။"

"ဟုတ်ပါတယ်ဆိုနေကွာ။"

"အစတည်းက မူယာမာယာတွေ များမနေဘဲ ဒီလိုပြောလိုက်ရင် ပြီးနေတာပဲကို ဟွန့်..။ "

သူ့ကို ဆရာပြန်လုပ်ပြီး သူ့အရှေ့က ကြော့ကြော့မော့မော့ ထွက်သွားသည့် ရိပေါ်ကြောင့် ရှောင်းကျန့် မပြုံးဘဲမနေနိုင်တော့။ရှောင်းကျန့်အဖြစ်က ရိပေါ်ကို အသည်းယားလွန်း၍ ကိုယ့်လက်ကိုယ် ပြန်ကိုက်ထားရသည်အထိ။

Nortonမြို့ရဲ့ လေးဘက်လေးတန်တွင် စက်ဝိုင်းသဏ္ဌာန်ရေကန်များ တည်ဆောက်ထားသည်။ညပိုင်းအချိန်ဆိုလျှင် တောင်ဘက်ရေကန်ငယ်က လူအရှင်းဆုံးဖြစ်တာကြောင့် တမင်တကာ တောင်ဘက်ရေကန်ဆီကို ရွေးခေါ်လာသည်။ရေကန်လေးဆီကို ရောက်လျှင်ရောက်ခြင်း ခပ်မြူးမြူးသီချင်းသံကို စကြားလိုက်ရသည်။

"ရှောင်းကျန့်က Salsa ကတတ်လို့လား..။ "

"အရမ်းမကျွမ်းပေမဲ့လည်း နည်းနည်းပါးပါးတော့ ကတတ်ပါတယ်။ "

Salsaအကသည် လက်တင်ဘာသာမှ ဆင်းသက်လာသည့် အကတစ်မျိုးဖြစ်၍ ထိုကောင်လေး ကျွမ်းကျင်နေသည်မှာ မထူးဆန်းတော့။

ရိပေါ်သည် တစ်ခါတလေကျ လက်တင်ဘာသာစကားတွေကို ကြားညှပ်ပြီး ပြောတတ်သည်။ထို့ကြောင့် ဤကောင်လေးက ကပြားလေးသာ ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။

"မင်း..မင်း ဘာလုပ်တာလဲ။ မဟုတ်မှလွဲရော ဦးဆောင်မလို့လား။ "

ရိပေါ်​၏ ခါးလေးကို ထိန်းကိုင်လိုက်ပြီး ခန္ဓာကိုယ်ချင်း နီးကပ်စေလိုက်တော့ ထစ်ထစ်အအနဲ့ မေးလာရှာသည်။

"အင်းလေ။ ငါက ဦးဆောင်တာတော်တယ် မယုံရင် သေချာကြည့်ထား။ "

သူ့ရဲ့ ညစ်ကျယ်ကျယ်အပြုံးကြီးကြောင့် ရိပေါ်သည် ရှက်သွေးဖြန်းကာ အကြည့်လွှဲသွားသည်။

"အားယိုးယိုး သေပါပြီကွာ။"

ရှောင်းကျန့်လည်း ဘယ်ဘက်ခြေချောင်းကို တက်နင်းခံလိုက်ရ၍ အီစလံဝေသွားသည်။ထိုအခါမှ အတွေးများနေသော ရိပေါ်လည်း လက်တွေ့ကမ္ဘာကို ပြန်ရောက်လာသည်။

"ဟီး ဆောရီး။"

သွားဖြူဖြူလေးတွေ ပေါ်​လာသည်အထိ တောင်းပန်နေပြန်တော့ အပြစ်မတင်ရက်ပြန်။သို့ပေမဲ့ အခုအချိန်ထိ ရိပေါ်သည် သူ့ကို မော့မကြည့်သေးဘဲ ခေါင်းကြီးငုံ့ပြီး ခြေလှမ်းတွေကိုသာ သည်းကြီးမဲကြီး အာရုံစိုက်နေသည်။

"ဒါနဲ့ ရိပေါ် မင်းကြားဖူးလား။ Salsaအက ကနေရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကရတယ် တဲ့။ "

"အပိုတွေ..ကျုပ်ဖြင့် တစ်ခါမှ မကြား..."

ခေါင်းကိုမော့ကာ ဒေါသတကြီး ရန်ထောင်လိုက်စဉ် ရှောင်းကျန့်ရဲ့ မျက်နှာပေါ်က အောင်နိုင်သူအပြုံးကြီးကြောင့် ရိပေါ် စကားလုံးတို့မှာ လည်ချောင်းဝတင် တစ်ဆို့သွားရသည်။

တကယ်ပဲ ရှောင်းကျန့်က ဉာဏ်နီဉာဏ်နက်များလိုက်တာ။

"ဟော နောက်ဆုံးတော့ ငါ့ကိုကြည့်လာပြီပဲ။ "

"မင်း..။ "

"အကမပြီးမချင်း ဘယ်ကိုမှမကြည့်ဘဲ ငါ့ကိုပဲကြည့်ပေးပါ။ အကပြီးသွားရင်လည်း ငါ့ကိုပဲ ကြည့်နေပေးပါ။ ဘယ်လိုလဲ ငါ့ဆန္ဒက ဖြစ်နိုင်ရဲ့လား။"

ရှောင်းကျန့်​ရဲ့ လေးနက်စွာသော အမူအရာကြောင့် စိတ်လှုပ်ရှားစွာ ခေါင်းတဆတ်ဆတ် ငြိမ့်ပြမိသည်။ရှောင်းကျန့်ကို ကြည့်နေရတာက သူ့အတွက် ခက်ခဲသည့်ကိစ္စရပ်မဟုတ်။

Salsaအကနှင့် လိုက်ဖက်သည့် သီချင်းဖြစ်တာကြောင့် ကကွက်တွေ ၊ သံစဉ်တွေက ငြိမ့်ညောင်းမနေဘဲ မြူးမြူးကြွကြွဖြစ်နေသည်။Salsaအကဟူသည် တစ်ကိုယ်လုံးကို ယိမ်းထိုးလှုပ်ခါပြီး ကရသည့်အကမျိုး။

ရှောင်းကျန့်အတွက် တက္ကသိုလ်ညစာစားပွဲတွင် မိန်းကလေးတစ်ယောက်နှင့် ကဖူးခဲ့၍ သိပ်မခက်ခဲလှပေ။သီချင်းတစ်လျှောက်လုံး ရှောင်းကျန့်က ဦးဆောင်သူနေရာကို ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်သလို ရိပေါ်ကလည်း ရှောင်းကျန့်ဦးဆောင်မှုနောက်ကို အလိုက်အထိုက် လိုက်ပါလာသည်။ယောက်ျားလေးRoleထက် မိန်းကလေးRoleက ကကွက်တွေပိုများပြီး ရှုပ်ရှုက်ခတ်ပေမဲ့ ရိပေါ်သည် အမှားတစ်ခုမှ မလုပ်မိဘဲ မျက်နှာအမူအရာကအစ Salsa ပညာရှင်တစ်ယောက်လို သေသပ်လှပစွာ ကနိုင်သည်။

သုံးမိနစ်ခန့် ကြာသောအခါ သီချင်းသံသည် တိကနဲ ရပ်စဲသွားသည်။ထိုအခါမှ သူနဲ့ ရိပေါ်လည်း ခန္ဓာကိုယ်ချင်း ထိကပ်နေရာမှ ပြန်ခွာလိုက်သည်။အေးစိမ့်သောရာသီဥတုဖြစ်သော်လည်း သူနှင့်ရိပေါ်​​၏ နဖူးပြင်ထက်တွင် ချွေးများစို့နေကြသည်။

"မင်းကြားဖူးလား...မီးပုံပွဲညမှာ ကိုယ်ချစ်တဲ့လူကို နှင်းဆီပန်းပေးရင် တစ်သက်လုံး ပေါင်းဖက်ရတယ်တဲ့..။ "

"ဟင့်အင်း..နေပါဦး မင်း ကျုပ်ကို လျှောက်ပြောနေပြန်ပြီမလား..။"

"ဟာကွာ ဒီတစ်ခါတော့ အတည်။"

ယခုအချိန်သည် ဖွင့်ပြောဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ထိုင်ခုံတန်းလျားအောက်တွင် အကွက်ကျကျ ဖွက်ထားခဲ့သော နှင်းဆီပန်းအစည်းလိုက်ကို ချက်ချင်းထုတ်ယူလိုက်သည်။ထိုပန်းစည်းလေးကို ပိုးဟပ်ဖြူရှေ့ ထိုးပေးလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ..။

"အဟမ်း..ရော့ မင်းအတွက်။  "

ရိပေါ်ကတော့ မျက်စိရှေ့က နှင်းဆီပန်းစည်းကို နားမလည်စွာ စိုက်ကြည့်နေသည်။ရုတ်တရက်မို့ သူလည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်နေ​လေသည်။

"ဒီအကြိမ်လည်း နောက်နေတာလား။"

အကယ်၍ သူသာ အမြင်မမှားဘူးဆိုရင်
လရောင်ဖျော့ဖျော့အောက်မှာ မြင်နေရသည့် ရှောင်းကျန့်​၏ နီရဲနေသောလည်ကုပ်က 'နောက်'နေတာ မဟုတ်ကြောင်း သက်သေပင်..။

"နောက်နေတာမဟုတ်ဘူး ရိပေါ်။ ဒါက နောက်စရာလည်း မဟုတ်ဘူး။ ငါက ခပ်နောက်နောက် ကောင်လေးဆိုတာ မှန်ပေမဲ့ သူတစ်ပါးရဲ့ ခံစားချက်တွေကိုတော့ မနောက်ပြောင်တတ်ဘူး။ နှင်းဆီပန်းကိစ္စကတော့ အတည်ပါ။ ငါတကယ်ပြောတာ ရိပေါ်။ ငါမင်းကို အရမ်းချစ်မိနေပြီ..။ "

သို့သော် အနှီကောင်လေးသည် ဦးခေါင်းကို မြေကြီးထဲဝင်လုမတတ် အတင်းငုံ့ထားပြီး ဘာမှမတုံ့ပြန်။

ရှောင်းကျန့် အားမလိုအားမရဖြစ်ကာ ရိပေါ်ရဲ့လက်လေးတစ်ဖက်ကို ဆွဲယူလိုက်သည်။ထို့နောက် လက်လေးကို သူ့ဘယ်ဘက်ရင်အုံပေါ် တင်ပေးလိုက်တော့ ရိပေါ်က မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်လာသည်။

"ငါ့ကို မယုံကြည်ရင်တောင် လိမ်ညာလို့မရတဲ့ နှလုံးခုန်သံတွေကိုတော့ ယုံကြည်ပေးမယ်မလားဟင်..။

သူ ရှောင်းကျန့်ကို ယုံကြည်ပါတယ်။
ဒါပေမဲ့ မျက်လုံးစုံမှိတ်ပြီး မယုံကြည်ရဲသေး။သူ့ဘက်ကလည်း ရှောင်းကျန့်ကို တိတ်တခိုးချစ်မိနေပေမဲ့ သူနဲ့ရှောင်းကျန့်က တွေ့တာမှ မကြာသေးကြတာ..။Nortonမြို့က ရိပေါ်ရဲ့ဇာတိမြို့ဖြစ်ပြီး ရှောင်းကျန့်ကတော့ ထိုမြို့လေးကို အလည်အပတ်လာသည့် ဧည့်သည်သက်သက်သာ။ဧည့်သည်ဆိုတာကလည်း အချိန်တန်ရင် ထွက်သွားရမဲ့အမျိုး။

"မဟုတ်ပါဘူး။ ကျုပ် မင်းကို ယုံပါတယ်။ "

"ဒါဆို..ချစ်လား။ "

"..."

"ဒုတိယအကြိမ် ထပ်မေးမယ်။ ငါ့ကို ချစ်လား Arcanum..။"

"ကျုပ် မသိဘူး။"

"ကောင်းပြီ။ တတိယအကြိမ် ထပ်မေးမယ် ဒါနောက်ဆုံးအကြိမ်ပဲ ကိုယ့်ကို ချစ်လား ဝမ်ရိပေါ်။

ဘယ်လိုမေးမေး ရိပေါ်က နှုတ်ဆိတ်နေဆဲ ဖြစ်တာကြောင့် သူ့နှလုံးသားလေး နာကျင်သွားရသည်။

"မချစ်ဘူးပေါ့ ရပါတယ်..မင်းကမှ ပြန်မချစ်နိုင်တာ ငါ့ဘဝကြီးကလည်း ဘယ်အဓိပ္ပာယ်ရှိတော့မလဲ​။ ကြာပါတယ်ကွာ အေးရာအေးကြောင်း ရေကန်ထဲခုန်ချပြီး သေတော့မယ်။"

ရေကန်ထဲကို တဇွတ်ထိုးဆန်စွာ ခုန်ချဖို့ ပြင်လိုက်သော်လည်း ရိပေါ်က သူ့ကိုလာမတားဘဲ လက်ပိုက်ကာ ပြုံးကြည့်နေတာကြောင့် ခဏတာ တွေဝေသွားသည်။ထိုအပြုံးတွေရဲ့ အဓိပ္ပာယ်က 'သတ္တိရှိရင် ခုန်ချလိုက်' ဟု သက်ရောက်နေသည်။

"ငါ့ကို တကယ်ပဲ မတားတော့ဘူးပေါ့..။"

ရှောင်းကျန့်ရဲ့အသံက ငိုသံစွက်လာတာကြောင့် ရိပေါ်လည်း ဆက်မစနိုင်တော့ပေ။

ပြောမရဘူး..ဒီကလေးဆိုးကြီးက အဖြေမပေးလို့ ဆိုပြီး ငိုချင်ငိုနေမှာ။

"ဟာ ငိုတော့မငိုနဲ့လေ။ ဒါနဲ့ မင်းက ကျုပ်ကို စဉ်းစားချိန်လေး ဘာလေးတောင် မပေးနိုင်တော့ဘူးလား။ ကျုပ်က မိန်းကလေးမဟုတ်ပေမဲ့ မင်းနဲ့ရေရှည်လက်တွဲနိုင်ဖို့ စဉ်းစားချိန် ယူရဦးမယ်လေဗျာ။"

"ဟုတ်ပါပြီ စဉ်းစားချိန် ငါးမိနစ်ပေးမယ်။ အခုကစပြီး အချိန်စမှတ်မယ်။"

"ဟင်..မင်းက ညစ်ပတ်လိုက်တာ။"

ကတိအတိုင်း ရိပေါ်သည် အောက်နှုတ်ခမ်းကိုဖိကိုက်ကာ အကြိတ်အနယ် စဉ်းစားခန်းဝင်နေသည်။ရှောင်းကျန့်ကတော့ လက်ဖမိုးပေါ် မေးထောက်ပြီး အနာဂတ်ချစ်သူလေးကို စိမ်ပြေနပြေ ထိုင်ကြည့်နေသည်။

ရုတ်တရက် မြို့ထဲမှ တကူးတကဝယ်လာရသည့် လက်ဆောင်လေးကို သတိရသွားသည်။

"ရော့ မင်းအတွက်။ ဟိုတစ်နေ့က မြို့ထဲကို ရောက်တုန်းရောက်ခိုက် လမ်းကြုံလို့ ဝင်ဝယ်လာတာ။ မင်းက ဒီလိုပစ္စည်းလေးတွေကို ကြိုက်တတ်တာမလား။"

ရှောင်းကျန့်ပေးသည့် လက်ဆောင်အိတ်က ကြီးနေသော်လည်း အတွင်းက လက်ဆောင်လေးကမူ လက်တစ်ဆုပ်စာလောက်သာ ရှိတာကြောင့် ရိပေါ်လည်း အံ့ဩတကြီး ထုတ်ကြည့်မိသည်။

လေးထောင့်သဏ္ဌာန် ဘူးအသေးလေးကို ဖွင့်ကြည့်လိုက်တော့ အသည်းပုံဆွဲသီးလေးနှင့် Fancy ဆွဲကြိုးလေးတစ်ကုံး။

( A/N : The heart-shaped necklace is unisex* )

"အူးဝါး လည်ဆွဲလေးက ချစ်စရာလေး။ ကျေးဇူးတင်ပါတယ် ရှောင်းကျန့်ရာ။ ကျုပ် တကယ်သဘောကျတယ်။"

ရိပေါ်သည် အသည်းပုံလည်ဆွဲလေးကို သေချာကြည့်ပြီး အလွန်အမင်း ပျော်ရွှင်နေလေသည်။ကလေးတစ်ယောက်လို ပျော်ရွှင်နေသည့် ကောင်လေးကိုကြည့်ပြီး သူပါ အပျော်တွေကူးကာ ပြုံးမိပြန်သည်။

"ဒါဆိုလည်း.."
ဟု ဆိုပြီး သူ့ဘယ်ဘက်ပါးပြင်ကို ထိုးပေးလိုက်တော့ ပိုးဟပ်ဖြူက အူကြောင်ကြောင်လေး ကြည့်နေလေရဲ့။

"Give and take?"

ထိုအခါမှ အနှီကောင်လေးသည် ချက်ချင်းသဘောပေါက်သွားပြီး မျက်နှာလေးက ပန်းဖျော့ရောင်သမ်းလာသည်။အရင်တစ်ခေါက်က ရိုးရိုးသားသား ဘာစိတ်မှမပါပေမဲ့ အခုတစ်ခေါက်ကျ သူ့ခံစားချက်တွေကပါ မရိုးသားတော့တာကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။

ရှက်စိတ်ကို ဖြေဖျောက်ကာ မျက်စိရှေ့က ပါးပြင်လေးကို သူ့နှုတ်ခမ်းတွေနဲ့ ဖွဖွလေးထိကပ်လိုက်သည်။ရှောင်းကျန့်ကတော့ ချစ်သူလောင်းလေး နမ်းလိုက်သည့် ဘယ်ဘက်ပါးပြင်ကိုကိုင်ကာ ပြုံးစိစိနဲ့ ငုတ်တုတ်မေ့နေလေပြီ။

"ဪ ဟုတ်သား..အသည်းပုံလေး အတွင်းကိုရော ဖွင့်ကြည့်ပြီးပြီလား။"

"ဟင့်အင်း အခုဖွင့်ကြည့်မလို့။"

အသည်းပုံစံ လော့ကတ်ဆွဲသီးလေးကို နှစ်ခြမ်းဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည့် စာသားလေးကြောင့် အံ့ဩမှင်တက်သွားရသည်။

​ပိုးဟပ်ဖြူက စာသားလေးကို ဖတ်ကြည့်ပြီး သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်လာတော့ အလျင်အမြန်ပင် ဖြေရှင်းချက်ပေးမိသည်။

"ဆွဲကြိုးတစ်ခုလုံးကို ဆိုင်ကဝယ်တာ မှန်ပေမဲ့ အထဲက စာသားကိုတော့ ကိုယ်တိုင်ရေးထားတာ။ ဒါလေး​က ကမ္ဘာပေါ်မှာ တစ်ခုတည်းသာရှိတဲ့ Limited Edition လေးနော်။"

ရုတ်တရက် ခေါင်းကြီးငုံ့ကာ ဘာစကားမှ ဆက်မပြောတော့သည့် ကောင်လေးကြောင့် ရှောင်းကျန့် အလန့်တကြား ဖြစ်သွားရသည်။

မဟုတ်မှလွဲရော သူရေးထားတဲ့ စာသားလေးကို မကြိုက်လို့များလား။

"အာ စာသားလေးကို မကြိုက်ဘူးလား..။
တောင်းပန်-"

သူ့စကားတောင် မဆုံးသေး။ ရင်ခွင်ထဲကို တစ်ကိုယ်လုံးပစ်ဝင်လာသည့် ကောင်လေးကြောင့် အလိုက်သင့်လေး ဖမ်းပေးရသည်။တစ်အောင့်ကြာတော့ ရင်ဘတ်နားက စိုစွတ်လာတာကြောင့် ပိုးဟပ်ဖြူ ငိုနေလေပြီ။

"ဟာဗျာ။ အသက်ကဖြင့် နှစ်ဆယ်ရှိနေပြီ အခုထိ နှစ်နှစ်သား ကလေးလေးလို ငိုနေတုန်းလားကွာ။ မငိုနဲ့တော့ တိတ်တိတ်။"

"ဒါဆို မင်းကရော..?
မင်းကရော ဘာကိစ္စ *ရွှတ်* အမှားလည်းမလုပ်မိဘဲ တောင်းပန်နေရတာလဲ။ ကျုပ် မင်းပေးတဲ့ ဆွဲကြိုးလေးကို *ရွှတ်* ကြိုက်တယ်။ ဆွဲသီးလေးကိုလည်း ကြိုက်တယ်။ အတွင်းထဲက စာသားလေးကိုရော *ရွှတ်* ကြိုက်ပါတယ်။ ဒါပေမဲ့ မင်းကိုတော့ မကြိုက်မိဘူး သိလား။"

သူ့ရင်ခွင်ထဲမှ ရှိုက်သံအပြည့်နှင့် အသံလေးကြောင့် ရှောင်းကျန့်ခမျာ ဟန်တောင်မဆောင်နိုင်တော့ဘဲ အကြီးအကျယ် မျက်နှာပျက်ယွင်းကာ နာကျင်သွားရသည်။

သို့သော် ဆက်ပြောလာသည့် စကားတို့ကြောင့် သူ့ရင်တွေ အတိုင်းအဆမရှိ အခုန်မြန်လာကာ မျက်နှာကြီးကလည်း မှိုရသလို ပြုံးဖြီးလာသည်။

"ကျူပ်..ကျုပ်လည်း ရှောင်းကျန့်ကို ချစ်မိနေပြီ ထင်ပါရဲ့။"

ဝမ်ရိပေါ်က တတ်လည်းတတ်နိုင်လွန်းတဲ့ ကောင်လေးပါ တကား။သူ့ကို အမျိုးမျိုး ပြုစားနိုင်လွန်းတယ်။

"..."

အခုအချိန်တွင်မူ ပြောစရာစကားလုံးတို့ကို စီကာမပတ်ကုံးနိုင်တော့ချေ။ရင်ခွင်ထဲက ကိုယ်လုံးလေးကိုသာ တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားမိသည်။ထို့အပြင် မိမိချစ်ရသူက မိမိကို ယုံကြည်သွားပါပြီ ဆိုသည့် အသိတရားကြောင့် ရှောင်းကျန့်ပါ မျက်ရည်ဝဲလာသည်။

"ငါ့ကို ယုံကြည်ပေးတဲ့အတွက်ရော ချစ်ပေးတဲ့အတွက်ပါ တကယ်ကျေးဇူးတင်ပါတယ် ရိပေါ်။ အခုချိန်ကစပြီး ကိုယ့်ဘက်က နှစ်ဆပိုချစ်ပေးမှာမို့ ကိုယ့်ကိုလည်း နှစ်ဆပိုချစ်ဖို့သာ ပြင်ထားပါ။"

'ကိုယ်' ဟူသော နာမ်စားကြောင့် ရိပေါ်က နှာခေါင်းရှုံ့သည်။သူ့ထက် နှစ်နှစ်ငယ်တာတောင် တော်တော်ဦးဆောင်ချင်နေတဲ့ ရှောင်းကျန့်ရယ်ပါ။

"အွန်းပါ ကြည့်ရသေးတာပေါ့။"

×××

ထိုအသည်းပုံသဏ္ဌာန် လော့ကတ်သီးလေး အတွင်းက စာသားလေးကတော့...။

"Xiao Wang"  ဟူ၍သာ။

×××

A/N : Salsa အကကို Media မှာ ထည့်ပေးထားပါတယ်။ အခုတလော Salsa Mood ဝင်နေလို့ Salsa ဆိုပြီး ထည့်လိုက်ရတာ။

တစ်ခုတော့ ရှိတယ်။ အစ်ကိုကြီးနှစ်ယောက်ကို Salsaကနေတယ်ဆိုပြီး မြင်ယောင်မကြည့်ကြပါနဲ့ xD
အယွန်းလည်း ကိုယ့်ဘာသာ ပုံဖော်ကြည့်ပြီး အူတက်နေလို့ပါ :33
ဟဲဟဲ သိတယ်မလား Salsaအကဆိုတော့ တအားလှုပ်ရတာလေ (◐.̃◐)

×××

Zawgyi

August 15, 2000.


"ညီမေလး ဒီႏွင္းဆီပန္းေတြက ဘယ္လိုေရာင္းလဲ။ "

"တစ္ပြင့္ခ်င္းစီဆို ၁ယြမ္ အစည္းလိုက္​ဆိုရင္ ၁၈ယြမ္ပါ ကိုႀကီး။ ဒါေပမဲ့ အစည္းလိုက္က ပိုတန္တယ္ရယ္ အစည္းလိုက္က အပြင့္၂၀ေတာင္ပါတယ္။ "

"ဒါဆိုရင္ အစ္ကို႔ကို အစည္းလိုက္ပဲ ေပးပါ။ ဪ ၿပီးေတာ့ ပန္းစည္းကိုလည္း လွလွပပေလး စည္းေပးလိုက္ေနာ္ ညီမေလး။ "

"ဟုတ္ကဲ့ပါရွင့္။ ဟီး ဒီပန္းစည္းကို လက္ခံမဲ့ မမလွလွကေတာ့ ေသခ်ာေပါက္ကိုေပ်ာ္သြားမွာ ညီမေလာင္းရဲတယ္။ "

ပန္းသည္ကေလးမေလးရဲ႕ တီးတိုးေရ႐ြတ္သံေၾကာင့္ ေရွာင္းက်န႔္ ပေဟဠိဆန္စြာ ၿပဳံးမိသည္။သူ႔ရဲ႕ အသည္းသက္ညႇာက ကေလးမေလး ထင္ေနသလို 'မမလွလွေလး' မဟုတ္ဘဲ 'ကိုကိုေခ်ာေခ်ာေလး' ျဖစ္ေနသည္မွာ ခက္လွေခ်ၿပီ။

"ဟို ညီမေလး အစ္ကို႔ကို ျမန္ျမန္ေလးထုပ္ေပးေနာ္။ "

လိပ္တစ္ေကာင္လို ထုပ္ပိုးေနတဲ့ ကေလးမေလးကို သတိလွမ္းေပးရသည္။

"ဟီး ဟုတ္ကဲ့။ "

surprise လုပ္ခ်င္၍ ခဏထားခဲ့ရေသာ္လည္း ထိုေကာင္ေလးကို တစ္ေယာက္တည္းထားခဲ့ရတာ ေရွာင္းက်န႔္အတြက္ ေနာက္ဆံတင္းစရာ။ေျခလွမ္းက်ဲႀကီးေတြႏွင့္ ေကာ္ဖီဆိုင္ေလးဆီကို ေလွ်ာက္သြားမိသည္။ထို႔ေနာက္ မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္ေတာ့ ပိုးဟပ္ျဖဴက သူ႔ကို ေမာ့ၾကည့္ၿပီး ၿပဳံးျပရွာပါသည္။သို႔ေသာ္ အသက္မပါသည့္ အၿပဳံးမ်ိဳး။

ႏွစ္ေယာက္သား မီးပုံႀကီးကို စိုက္ၾကည့္ေနရင္း ရိေပၚအနားကို တိုးကပ္ကာ ေမးလိုက္သည္။

"မေပ်ာ္ဘူးလား..။ "

"ေပ်ာ္ပါတယ္...ဘာလို႔လဲ။ "

ပါးစပ္ကသာ ေပ်ာ္ေနေပမဲ့ ပိုးဟပ္ျဖဴရဲ႕ အျပဳအမူေတြက ေပ်ာ္ေနတယ္ဟု ထင္ရက္စရာ တစ္ကြက္မွမရွိ။လက္ကို အေနာက္ပစ္ထားၿပီး ေဆြးျမည့္ေနေသာ မ်က္လုံးမ်ားျဖင့္ မီးပုံႀကီးကို ရီေဝေဝစိုက္ၾကည့္ေန၍ သူ႔ရင္ေတြ ပူေလာင္ရျပန္တယ္။

မဟုတ္မွလြဲေရာ ေကာ္ဖီဆိုင္မွာ ခ်န္ထားခဲ့လို႔  ဒီေကာင္ေလးက အခုခ်ိန္ထိ စိတ္မေကာင္းျဖစ္ေနတုန္းလား။

ေရွာင္းက်န႔္ ေလပူတစ္ခ်က္ မႈတ္ထုတ္လိုက္သည္။ထို႔ေနာက္ သူ႔စစ္ဆင္ေရးကို ထုတ္သုံးဖို႔ အခ်ိန္က်ၿပီျဖစ္တာေၾကာင့္ ရိေပၚဘက္ကို မသိမသာခိုးၾကည့္မိသည္။

ရိေပၚကို ျမန္ျမန္သိေစခ်င္ၿပီ။
ျဖစ္ႏိုင္ရင္ အႏွီေကာင္ေလးရဲ႕ ပုခုံးႏွစ္ဖက္ကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး 'ငါလုပ္ေနတာ မွန္သမွ် မင္းအတြက္ႀကီးပဲ' ဟု နားလည္သြားေအာင္ ေျပာျပလိုက္ခ်င္သည္။

"ငါ့အေနာက္ကို ခဏလိုက္ခဲ့။ "

"ဘယ္ကိုလဲ။ ခဏေနရင္ ကပြဲစေတာ့မွာေလ။"

လက္ေကာက္ဝတ္ကို အားထည့္ၿပီး ဆုပ္ကိုင္လိုက္ေတာ့ ရိေပၚက အေက်ာက္အကန္ ျငင္းရွာသည္။

"က်ဳပ္ သိပါၿပီ။ ဟြန႔္ မင္းက က်ဳပ္နဲ႔အတူတူ မကခ်င္လို႔ အခ်ိန္ဆြဲေနတာမလား။ "

ရိေပၚသည္ စူပုပ္ပုပ္မ်က္ႏွာေလးလုပ္ကာ မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလာသည္။

"ဟာ အဲ့လိုမဟုတ္ပါဘူး..။ ငါက လူေရွ႕သူေရွ႕ ကရမွာ ရွက္တတ္တယ္ကြ..အဟမ္း..ဒါေၾကာင့္မို႔ ငါတို႔ႏွစ္ေယာက္ပဲ ရွိေလာက္မဲ့ေနရာေလးမွာ ေအးေအးခ်မ္းခ်မ္း သြားကခ်င္တာ..။ "

"ဟုတ္လို႔လား...။"

"ဟုတ္ပါတယ္ဆိုေနကြာ။"

"အစတည္းက မူယာမာယာေတြ မ်ားမေနဘဲ ဒီလိုေျပာလိုက္ရင္ ၿပီးေနတာပဲကို ဟြန႔္..။ "

သူ႔ကို ဆရာျပန္လုပ္ၿပီး သူ႔အေရွ႕က ေၾကာ့ေၾကာ့ေမာ့ေမာ့ ထြက္သြားသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န႔္ မၿပဳံးဘဲမေနႏိုင္ေတာ့။ေရွာင္းက်န႔္အျဖစ္က ရိေပၚကို အသည္းယားလြန္း၍ ကိုယ့္လက္ကိုယ္ ျပန္ကိုက္ထားရသည္အထိ။

Nortonၿမိဳ႕ရဲ႕ ေလးဘက္ေလးတန္တြင္ စက္ဝိုင္းသဏၭာန္ေရကန္မ်ား တည္ေဆာက္ထားသည္။ညပိုင္းအခ်ိန္ဆိုလွ်င္ ေတာင္ဘက္ေရကန္ငယ္က လူအရွင္းဆုံးျဖစ္တာေၾကာင့္ တမင္တကာ ေတာင္ဘက္ေရကန္ဆီကို ေ႐ြးေခၚလာသည္။ေရကန္ေလးဆီကို ေရာက္လွ်င္ေရာက္ျခင္း ခပ္ျမဴးျမဴးသီခ်င္းသံကို စၾကားလိုက္ရသည္။

"ေရွာင္းက်န႔္က Salsa ကတတ္လို႔လား..။ "

"အရမ္းမကြၽမ္းေပမဲ့လည္း နည္းနည္းပါးပါးေတာ့ ကတတ္ပါတယ္။ "

Salsaအကသည္ လက္တင္ဘာသာမွ ဆင္းသက္လာသည့္ အကတစ္မ်ိဳးျဖစ္၍ ထိုေကာင္ေလး ကြၽမ္းက်င္ေနသည္မွာ မထူးဆန္းေတာ့။

ရိေပၚသည္ တစ္ခါတေလက် လက္တင္ဘာသာစကားေတြကို ၾကားညႇပ္ၿပီး ေျပာတတ္သည္။ထို႔ေၾကာင့္ ဤေကာင္ေလးက ကျပားေလးသာ ျဖစ္ရမည္ဟု သူခန႔္မွန္းမိသည္။

"မင္း..မင္း ဘာလုပ္တာလဲ။ မဟုတ္မွလြဲေရာ ဦးေဆာင္မလို႔လား။ "

ရိေပၚ​၏ ခါးေလးကို ထိန္းကိုင္လိုက္ၿပီး ခႏၶာကိုယ္ခ်င္း နီးကပ္ေစလိုက္ေတာ့ ထစ္ထစ္အအနဲ႔ ေမးလာရွာသည္။

"အင္းေလ။ ငါက ဦးေဆာင္တာေတာ္တယ္ မယုံရင္ ေသခ်ာၾကည့္ထား။ "

သူ႔ရဲ႕ ညစ္က်ယ္က်ယ္အၿပဳံးႀကီးေၾကာင့္ ရိေပၚသည္ ရွက္ေသြးျဖန္းကာ အၾကည့္လႊဲသြားသည္။

"အားယိုးယိုး ေသပါၿပီကြာ။"

ေရွာင္းက်န႔္လည္း ဘယ္ဘက္ေျခေခ်ာင္းကို တက္နင္းခံလိုက္ရ၍ အီစလံေဝသြားသည္။ထိုအခါမွ အေတြးမ်ားေနေသာ ရိေပၚလည္း လက္ေတြ႕ကမာၻကို ျပန္ေရာက္လာသည္။

"ဟီး ေဆာရီး။"

သြားျဖဴျဖဴေလးေတြ ေပၚ​လာသည္အထိ ေတာင္းပန္ေနျပန္ေတာ့ အျပစ္မတင္ရက္ျပန္။သို႔ေပမဲ့ အခုအခ်ိန္ထိ ရိေပၚသည္ သူ႔ကို ေမာ့မၾကည့္ေသးဘဲ ေခါင္းႀကီးငုံ႔ၿပီး ေျခလွမ္းေတြကိုသာ သည္းႀကီးမဲႀကီး အာ႐ုံစိုက္ေနသည္။

"ဒါနဲ႔ ရိေပၚ မင္းၾကားဖူးလား။ Salsaအက ကေနရင္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ကရတယ္ တဲ့။ "

"အပိုေတြ..က်ဳပ္ျဖင့္ တစ္ခါမွ မၾကား..."

ေခါင္းကိုေမာ့ကာ ေဒါသတႀကီး ရန္ေထာင္လိုက္စဥ္ ေရွာင္းက်န႔္ရဲ႕ မ်က္ႏွာေပၚက ေအာင္ႏိုင္သူအၿပဳံးႀကီးေၾကာင့္ ရိေပၚ စကားလုံးတို႔မွာ လည္ေခ်ာင္းဝတင္ တစ္ဆို႔သြားရသည္။

တကယ္ပဲ ေရွာင္းက်န႔္က ဉာဏ္နီဉာဏ္နက္မ်ားလိုက္တာ။

"ေဟာ ေနာက္ဆုံးေတာ့ ငါ့ကိုၾကည့္လာၿပီပဲ။ "

"မင္း..။ "

"အကမၿပီးမခ်င္း ဘယ္ကိုမွမၾကည့္ဘဲ ငါ့ကိုပဲၾကည့္ေပးပါ။ အကၿပီးသြားရင္လည္း ငါ့ကိုပဲ ၾကည့္ေနေပးပါ။ ဘယ္လိုလဲ ငါ့ဆႏၵက ျဖစ္ႏိုင္ရဲ႕လား။"

ေရွာင္းက်န႔္​ရဲ႕ ေလးနက္စြာေသာ အမူအရာေၾကာင့္ စိတ္လႈပ္ရွားစြာ ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပမိသည္။ေရွာင္းက်န႔္ကို ၾကည့္ေနရတာက သူ႔အတြက္ ခက္ခဲသည့္ကိစၥရပ္မဟုတ္။

Salsaအကႏွင့္ လိုက္ဖက္သည့္ သီခ်င္းျဖစ္တာေၾကာင့္ ကကြက္ေတြ ၊ သံစဥ္ေတြက ၿငိမ့္ေညာင္းမေနဘဲ ျမဴးျမဴးႂကြႂကြျဖစ္ေနသည္။Salsaအကဟူသည္ တစ္ကိုယ္လုံးကို ယိမ္းထိုးလႈပ္ခါၿပီး ကရသည့္အကမ်ိဳး။

ေရွာင္းက်န႔္အတြက္ တကၠသိုလ္ညစာစားပြဲတြင္ မိန္းကေလးတစ္ေယာက္ႏွင့္ ကဖူးခဲ့၍ သိပ္မခက္ခဲလွေပ။သီခ်င္းတစ္ေလွ်ာက္လုံး ေရွာင္းက်န႔္က ဦးေဆာင္သူေနရာကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကႏိုင္သလို ရိေပၚကလည္း ေရွာင္းက်န႔္ဦးေဆာင္မႈေနာက္ကို အလိုက္အထိုက္ လိုက္ပါလာသည္။ေယာက္်ားေလးRoleထက္ မိန္းကေလးRoleက ကကြက္ေတြပိုမ်ားၿပီး ရႈပ္ရႈက္ခတ္ေပမဲ့ ရိေပၚသည္ အမွားတစ္ခုမွ မလုပ္မိဘဲ မ်က္ႏွာအမူအရာကအစ Salsa ပညာရွင္တစ္ေယာက္လို ေသသပ္လွပစြာ ကႏိုင္သည္။

သုံးမိနစ္ခန႔္ ၾကာေသာအခါ သီခ်င္းသံသည္ တိကနဲ ရပ္စဲသြားသည္။ထိုအခါမွ သူနဲ႔ ရိေပၚလည္း ခႏၶာကိုယ္ခ်င္း ထိကပ္ေနရာမွ ျပန္ခြာလိုက္သည္။ေအးစိမ့္ေသာရာသီဥတုျဖစ္ေသာ္လည္း သူႏွင့္ရိေပၚ​​၏ နဖူးျပင္ထက္တြင္ ေခြၽးမ်ားစို႔ေနၾကသည္။

"မင္းၾကားဖူးလား...မီးပုံပြဲညမွာ ကိုယ္ခ်စ္တဲ့လူကို ႏွင္းဆီပန္းေပးရင္ တစ္သက္လုံး ေပါင္းဖက္ရတယ္တဲ့..။ "

"ဟင့္အင္း..ေနပါဦး မင္း က်ဳပ္ကို ေလွ်ာက္ေျပာေနျပန္ၿပီမလား..။"

"ဟာကြာ ဒီတစ္ခါေတာ့ အတည္။"

ယခုအခ်ိန္သည္ ဖြင့္ေျပာဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္တာေၾကာင့္ ထိုင္ခုံတန္းလ်ားေအာက္တြင္ အကြက္က်က် ဖြက္ထားခဲ့ေသာ ႏွင္းဆီပန္းအစည္းလိုက္ကို ခ်က္ခ်င္းထုတ္ယူလိုက္သည္။ထိုပန္းစည္းေလးကို ပိုးဟပ္ျဖဴေရွ႕ ထိုးေပးလိုက္ၿပီး ေခ်ာင္းတစ္ခ်က္ဟန႔္ကာ..။

"အဟမ္း..ေရာ့ မင္းအတြက္။  "

ရိေပၚကေတာ့ မ်က္စိေရွ႕က ႏွင္းဆီပန္းစည္းကို နားမလည္စြာ စိုက္ၾကည့္ေနသည္။႐ုတ္တရက္မို႔ သူလည္း ဘယ္လိုတုံ႔ျပန္ရမွန္းမသိ ျဖစ္ေန​ေလသည္။

"ဒီအႀကိမ္လည္း ေနာက္ေနတာလား။"

အကယ္၍ သူသာ အျမင္မမွားဘူးဆိုရင္
လေရာင္ေဖ်ာ့ေဖ်ာ့ေအာက္မွာ ျမင္ေနရသည့္ ေရွာင္းက်န႔္​၏ နီရဲေနေသာလည္ကုပ္က 'ေနာက္'ေနတာ မဟုတ္ေၾကာင္း သက္ေသပင္..။

"ေနာက္ေနတာမဟုတ္ဘူး ရိေပၚ။ ဒါက ေနာက္စရာလည္း မဟုတ္ဘူး။ ငါက ခပ္ေနာက္ေနာက္ ေကာင္ေလးဆိုတာ မွန္ေပမဲ့ သူတစ္ပါးရဲ႕ ခံစားခ်က္ေတြကိုေတာ့ မေနာက္ေျပာင္တတ္ဘူး။ ႏွင္းဆီပန္းကိစၥကေတာ့ အတည္ပါ။ ငါတကယ္ေျပာတာ ရိေပၚ။ ငါမင္းကို အရမ္းခ်စ္မိေနၿပီ..။ "

သို႔ေသာ္ အႏွီေကာင္ေလးသည္ ဦးေခါင္းကို ေျမႀကီးထဲဝင္လုမတတ္ အတင္းငုံ႔ထားၿပီး ဘာမွမတုံ႔ျပန္။

ေရွာင္းက်န႔္ အားမလိုအားမရျဖစ္ကာ ရိေပၚရဲ႕လက္ေလးတစ္ဖက္ကို ဆြဲယူလိုက္သည္။ထို႔ေနာက္ လက္ေလးကို သူ႔ဘယ္ဘက္ရင္အုံေပၚ တင္ေပးလိုက္ေတာ့ ရိေပၚက မ်က္လုံးအဝိုင္းသားနဲ႔ ေမာ့ၾကည့္လာသည္။

"ငါ့ကို မယုံၾကည္ရင္ေတာင္ လိမ္ညာလို႔မရတဲ့ ႏွလုံးခုန္သံေတြကိုေတာ့ ယုံၾကည္ေပးမယ္မလားဟင္..။

သူ ေရွာင္းက်န႔္ကို ယုံၾကည္ပါတယ္။
ဒါေပမဲ့ မ်က္လုံးစုံမွိတ္ၿပီး မယုံၾကည္ရဲေသး။သူ႔ဘက္ကလည္း ေရွာင္းက်န႔္ကို တိတ္တခိုးခ်စ္မိေနေပမဲ့ သူနဲ႔ေရွာင္းက်န႔္က ေတြ႕တာမွ မၾကာေသးၾကတာ..။Nortonၿမိဳ႕က ရိေပၚရဲ႕ဇာတိၿမိဳ႕ျဖစ္ၿပီး ေရွာင္းက်န႔္ကေတာ့ ထိုၿမိဳ႕ေလးကို အလည္အပတ္လာသည့္ ဧည့္သည္သက္သက္သာ။ဧည့္သည္ဆိုတာကလည္း အခ်ိန္တန္ရင္ ထြက္သြားရမဲ့အမ်ိဳး။

"မဟုတ္ပါဘူး။ က်ဳပ္ မင္းကို ယုံပါတယ္။ "

"ဒါဆို..ခ်စ္လား။ "

"..."

"ဒုတိယအႀကိမ္ ထပ္ေမးမယ္။ ငါ့ကို ခ်စ္လား Arcanum..။"

"က်ဳပ္ မသိဘူး။"

"ေကာင္းၿပီ။ တတိယအႀကိမ္ ထပ္ေမးမယ္ ဒါေနာက္ဆုံးအႀကိမ္ပဲ ကိုယ့္ကို ခ်စ္လား ဝမ္ရိေပၚ။

ဘယ္လိုေမးေမး ရိေပၚက ႏႈတ္ဆိတ္ေနဆဲ ျဖစ္တာေၾကာင့္ သူ႔ႏွလုံးသားေလး နာက်င္သြားရသည္။

"မခ်စ္ဘူးေပါ့ ရပါတယ္..မင္းကမွ ျပန္မခ်စ္ႏိုင္တာ ငါ့ဘဝႀကီးကလည္း ဘယ္အဓိပၸာယ္ရွိေတာ့မလဲ​။ ၾကာပါတယ္ကြာ ေအးရာေအးေၾကာင္း ေရကန္ထဲခုန္ခ်ၿပီး ေသေတာ့မယ္။"

ေရကန္ထဲကို တဇြတ္ထိုးဆန္စြာ ခုန္ခ်ဖို႔ ျပင္လိုက္ေသာ္လည္း ရိေပၚက သူ႔ကိုလာမတားဘဲ လက္ပိုက္ကာ ၿပဳံးၾကည့္ေနတာေၾကာင့္ ခဏတာ ေတြေဝသြားသည္။ထိုအၿပဳံးေတြရဲ႕ အဓိပၸာယ္က 'သတၱိရွိရင္ ခုန္ခ်လိုက္' ဟု သက္ေရာက္ေနသည္။

"ငါ့ကို တကယ္ပဲ မတားေတာ့ဘူးေပါ့..။"

ေရွာင္းက်န႔္ရဲ႕အသံက ငိုသံစြက္လာတာေၾကာင့္ ရိေပၚလည္း ဆက္မစႏိုင္ေတာ့ေပ။

ေျပာမရဘူး..ဒီကေလးဆိုးႀကီးက အေျဖမေပးလို႔ ဆိုၿပီး ငိုခ်င္ငိုေနမွာ။

"ဟာ ငိုေတာ့မငိုနဲ႔ေလ။ ဒါနဲ႔ မင္းက က်ဳပ္ကို စဥ္းစားခ်ိန္ေလး ဘာေလးေတာင္ မေပးႏိုင္ေတာ့ဘူးလား။ က်ဳပ္က မိန္းကေလးမဟုတ္ေပမဲ့ မင္းနဲ႔ေရရွည္လက္တြဲႏိုင္ဖို႔ စဥ္းစားခ်ိန္ ယူရဦးမယ္ေလဗ်ာ။"

"ဟုတ္ပါၿပီ စဥ္းစားခ်ိန္ ငါးမိနစ္ေပးမယ္။ အခုကစၿပီး အခ်ိန္စမွတ္မယ္။"

"ဟင္..မင္းက ညစ္ပတ္လိုက္တာ။"

ကတိအတိုင္း ရိေပၚသည္ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ကာ အႀကိတ္အနယ္ စဥ္းစားခန္းဝင္ေနသည္။ေရွာင္းက်န႔္ကေတာ့ လက္ဖမိုးေပၚ ေမးေထာက္ၿပီး အနာဂတ္ခ်စ္သူေလးကို စိမ္ေျပနေျပ ထိုင္ၾကည့္ေနသည္။

႐ုတ္တရက္ ၿမိဳ႕ထဲမွ တကူးတကဝယ္လာရသည့္ လက္ေဆာင္ေလးကို သတိရသြားသည္။

"ေရာ့ မင္းအတြက္။ ဟိုတစ္ေန႔က ၿမိဳ႕ထဲကို ေရာက္တုန္းေရာက္ခိုက္ လမ္းႀကဳံလို႔ ဝင္ဝယ္လာတာ။ မင္းက ဒီလိုပစၥည္းေလးေတြကို ႀကိဳက္တတ္တာမလား။"

ေရွာင္းက်န႔္ေပးသည့္ လက္ေဆာင္အိတ္က ႀကီးေနေသာ္လည္း အတြင္းက လက္ေဆာင္ေလးကမူ လက္တစ္ဆုပ္စာေလာက္သာ ရွိတာေၾကာင့္ ရိေပၚလည္း အံ့ဩတႀကီး ထုတ္ၾကည့္မိသည္။

ေလးေထာင့္သဏၭာန္ ဘူးအေသးေလးကို ဖြင့္ၾကည့္လိုက္ေတာ့ အသည္းပုံဆြဲသီးေလးႏွင့္ Fancy ဆြဲႀကိဳးေလးတစ္ကုံး။

( A/N : The heart-shaped necklace is unisex* )

"အူးဝါး လည္ဆြဲေလးက ခ်စ္စရာေလး။ ေက်းဇူးတင္ပါတယ္ ေရွာင္းက်န႔္ရာ။ က်ဳပ္ တကယ္သေဘာက်တယ္။"

ရိေပၚသည္ အသည္းပုံလည္ဆြဲေလးကို ေသခ်ာၾကည့္ၿပီး အလြန္အမင္း ေပ်ာ္႐ႊင္ေနေလသည္။ကေလးတစ္ေယာက္လို ေပ်ာ္႐ႊင္ေနသည့္ ေကာင္ေလးကိုၾကည့္ၿပီး သူပါ အေပ်ာ္ေတြကူးကာ ၿပဳံးမိျပန္သည္။

"ဒါဆိုလည္း.."
ဟု ဆိုၿပီး သူ႔ဘယ္ဘက္ပါးျပင္ကို ထိုးေပးလိုက္ေတာ့ ပိုးဟပ္ျဖဴက အူေၾကာင္ေၾကာင္ေလး ၾကည့္ေနေလရဲ႕။

"Give and take?"

ထိုအခါမွ အႏွီေကာင္ေလးသည္ ခ်က္ခ်င္းသေဘာေပါက္သြားၿပီး မ်က္ႏွာေလးက ပန္းေဖ်ာ့ေရာင္သမ္းလာသည္။အရင္တစ္ေခါက္က ႐ိုး႐ိုးသားသား ဘာစိတ္မွမပါေပမဲ့ အခုတစ္ေခါက္က် သူ႔ခံစားခ်က္ေတြကပါ မ႐ိုးသားေတာ့တာေၾကာင့္ ရွက္ကိုးရွက္ကန္း ျဖစ္ေနမိသည္။

ရွက္စိတ္ကို ေျဖေဖ်ာက္ကာ မ်က္စိေရွ႕က ပါးျပင္ေလးကို သူ႔ႏႈတ္ခမ္းေတြနဲ႔ ဖြဖြေလးထိကပ္လိုက္သည္။ေရွာင္းက်န႔္ကေတာ့ ခ်စ္သူေလာင္းေလး နမ္းလိုက္သည့္ ဘယ္ဘက္ပါးျပင္ကိုကိုင္ကာ ၿပဳံးစိစိနဲ႔ ငုတ္တုတ္ေမ့ေနေလၿပီ။

"ဪ ဟုတ္သား..အသည္းပုံေလး အတြင္းကိုေရာ ဖြင့္ၾကည့္ၿပီးၿပီလား။"

"ဟင့္အင္း အခုဖြင့္ၾကည့္မလို႔။"

အသည္းပုံစံ ေလာ့ကတ္ဆြဲသီးေလးကို ႏွစ္ျခမ္းဖြင့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည့္ စာသားေလးေၾကာင့္ အံ့ဩမွင္တက္သြားရသည္။

​ပိုးဟပ္ျဖဴက စာသားေလးကို ဖတ္ၾကည့္ၿပီး သူ႔ကို အံ့အားသင့္စြာ စိုက္ၾကည့္လာေတာ့ အလ်င္အျမန္ပင္ ေျဖရွင္းခ်က္ေပးမိသည္။

"ဆြဲႀကိဳးတစ္ခုလုံးကို ဆိုင္ကဝယ္တာ မွန္ေပမဲ့ အထဲက စာသားကိုေတာ့ ကိုယ္တိုင္ေရးထားတာ။ ဒါေလး​က ကမာၻေပၚမွာ တစ္ခုတည္းသာရွိတဲ့ Limited Edition ေလးေနာ္။"

႐ုတ္တရက္ ေခါင္းႀကီးငုံ႔ကာ ဘာစကားမွ ဆက္မေျပာေတာ့သည့္ ေကာင္ေလးေၾကာင့္ ေရွာင္းက်န႔္ အလန႔္တၾကား ျဖစ္သြားရသည္။

မဟုတ္မွလြဲေရာ သူေရးထားတဲ့ စာသားေလးကို မႀကိဳက္လို႔မ်ားလား။

"အာ စာသားေလးကို မႀကိဳက္ဘူးလား..။
ေတာင္းပန္-"

သူ႔စကားေတာင္ မဆုံးေသး။ ရင္ခြင္ထဲကို တစ္ကိုယ္လုံးပစ္ဝင္လာသည့္ ေကာင္ေလးေၾကာင့္ အလိုက္သင့္ေလး ဖမ္းေပးရသည္။တစ္ေအာင့္ၾကာေတာ့ ရင္ဘတ္နားက စိုစြတ္လာတာေၾကာင့္ ပိုးဟပ္ျဖဴ ငိုေနေလၿပီ။

"ဟာဗ်ာ။ အသက္ကျဖင့္ ႏွစ္ဆယ္ရွိေနၿပီ အခုထိ ႏွစ္ႏွစ္သား ကေလးေလးလို ငိုေနတုန္းလားကြာ။ မငိုနဲ႔ေတာ့ တိတ္တိတ္။"

"ဒါဆို မင္းကေရာ..?
မင္းကေရာ ဘာကိစၥ *႐ႊတ္* အမွားလည္းမလုပ္မိဘဲ ေတာင္းပန္ေနရတာလဲ။ က်ဳပ္ မင္းေပးတဲ့ ဆြဲႀကိဳးေလးကို *႐ႊတ္* ႀကိဳက္တယ္။ ဆြဲသီးေလးကိုလည္း ႀကိဳက္တယ္။ အတြင္းထဲက စာသားေလးကိုေရာ *႐ႊတ္* ႀကိဳက္ပါတယ္။ ဒါေပမဲ့ မင္းကိုေတာ့ မႀကိဳက္မိဘူး သိလား။"

သူ႔ရင္ခြင္ထဲမွ ရႈိက္သံအျပည့္ႏွင့္ အသံေလးေၾကာင့္ ေရွာင္းက်န႔္ခမ်ာ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ဘဲ အႀကီးအက်ယ္ မ်က္ႏွာပ်က္ယြင္းကာ နာက်င္သြားရသည္။

သို႔ေသာ္ ဆက္ေျပာလာသည့္ စကားတို႔ေၾကာင့္ သူ႔ရင္ေတြ အတိုင္းအဆမရွိ အခုန္ျမန္လာကာ မ်က္ႏွာႀကီးကလည္း မႈိရသလို ၿပဳံးၿဖီးလာသည္။

"က်ဴပ္..က်ဳပ္လည္း ေရွာင္းက်န႔္ကို ခ်စ္မိေနၿပီ ထင္ပါရဲ႕။"

ဝမ္ရိေပၚက တတ္လည္းတတ္ႏိုင္လြန္းတဲ့ ေကာင္ေလးပါ တကား။သူ႔ကို အမ်ိဳးမ်ိဳး ျပဳစားႏိုင္လြန္းတယ္။

"..."

အခုအခ်ိန္တြင္မူ ေျပာစရာစကားလုံးတို႔ကို စီကာမပတ္ကုံးႏိုင္ေတာ့ေခ်။ရင္ခြင္ထဲက ကိုယ္လုံးေလးကိုသာ တင္းတင္းၾကပ္ၾကပ္ ေထြးေပြ႕ထားမိသည္။ထို႔အျပင္ မိမိခ်စ္ရသူက မိမိကို ယုံၾကည္သြားပါၿပီ ဆိုသည့္ အသိတရားေၾကာင့္ ေရွာင္းက်န႔္ပါ မ်က္ရည္ဝဲလာသည္။

"ငါ့ကို ယုံၾကည္ေပးတဲ့အတြက္ေရာ ခ်စ္ေပးတဲ့အတြက္ပါ တကယ္ေက်းဇူးတင္ပါတယ္ ရိေပၚ။ အခုခ်ိန္ကစၿပီး ကိုယ့္ဘက္က ႏွစ္ဆပိုခ်စ္ေပးမွာမို႔ ကိုယ့္ကိုလည္း ႏွစ္ဆပိုခ်စ္ဖို႔သာ ျပင္ထားပါ။"

'ကိုယ္' ဟူေသာ နာမ္စားေၾကာင့္ ရိေပၚက ႏွာေခါင္းရႈံ႕သည္။သူ႔ထက္ ႏွစ္ႏွစ္ငယ္တာေတာင္ ေတာ္ေတာ္ဦးေဆာင္ခ်င္ေနတဲ့ ေရွာင္းက်န႔္ရယ္ပါ။

"အြန္းပါ ၾကည့္ရေသးတာေပါ့။"

×××

ထိုအသည္းပုံသဏၭာန္ ေလာ့ကတ္သီးေလး အတြင္းက စာသားေလးကေတာ့...။

"Xiao Wang"  ဟူ၍သာ။

×××

A/N : Salsa အကကို Media မွာ ထည့္ေပးထားပါတယ္။ အခုတေလာ Salsa Mood ဝင္ေနလို႔ Salsa ဆိုၿပီး ထည့္လိုက္ရတာ။

တစ္ခုေတာ့ ရွိတယ္။ အစ္ကိုႀကီးႏွစ္ေယာက္ကို Salsaကေနတယ္ဆိုၿပီး ျမင္ေယာင္မၾကည့္ၾကပါနဲ႔ xD
အယြန္းလည္း ကိုယ့္ဘာသာ ပုံေဖာ္ၾကည့္ၿပီး အူတက္ေနလို႔ပါ :33
ဟဲဟဲ သိတယ္မလား Salsaအကဆိုေတာ့ တအားလႈပ္ရတာေလ (◐.̃◐)

×××

Continue Reading

You'll Also Like

1.1M 103K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
914K 68.4K 37
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1M 48.1K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
390K 22.2K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...