(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 5(A)
အပိုင်း (၁၃)
လွန်ခဲ့သော ၇ လအချိန်တုန်းက
မီးရောင်စုံနဲ့လှပနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ သဘာဝအလှတရား ညအချိန်အခါက လွမ်းမောဖွယ်ကောင်းပေသည်။ နိုက်ကလပ်တစ်ခုတွင် နေရာတစ်နေရာ၌ ထီရန်၏သူငယ်ချင်း တွန် က ဖုန်းဆက်၍ ပြောနေလေသည်။
" ဟုတ်တယ် ကိုကြီး ဒါပေမယ့် ကျွန်တော်တို့အတွက် လမ်းရှင်းထားပြီးပြီမို့လား ''
" ... ''
" ဟုတ် အဲဒီလိုကြားရတာ ကောင်းတယ် ကိစ္စမရှိပါဘူး ကျေးဇူးတင်ပါတယ် ''
ဒီလိုနဲ့ ထီရန်က သူ၏သူငယ်ချင်း လင်မယားစုံတွဲနှင့် ကောင်လေးတစ်ယောက်နှင့်အတူ အပေါ်ထပ် ကလပ်မှ ဆင်းလာကြလေတော့သည်။ သူ၏သူငယ်ချင်း လင်မယားစုံတွဲက ဆရာလေးထီရန်အား
" ဟေ့ ငါကားဆီသွားတော့မယ် လမ်းပေါ်မှာ တွေ့မယ် ''
" အေအေ နောက်မှတွေ့မယ် တာ့တာ ''
" အေအေ ''
အဲ့အချိန် ထီရန်က ကလပ်လှေကားထစ်တစ်ဆင့် ဆင်းလိုက်ရာ မိုက်ခနဲ မူးနောက်၍ သူ၏မျက်လုံးတွင်လည်း နှစ်ထပ်ပုံတွေ မြင်နေရလေတော့သည်။ အဲသလို ထီရန် မူး၍ လှဲတော့မည့်အချိန် တွန် က ဖုန်းပြောနေတာ ရပ်လိုက်ပြီး ထီရန်ဆီ လာခဲ့ရလေတော့သည်။
" အစ်ကို ခဏလေးနော် ဒါပဲ ''
" .... ''
" ထီရန် မင်းဘာဖြစ်နေတာလဲ ''
ထီရန်က ကြမ်းပြင်မှာ ထိုင်ချကာ သူ၏ဘယ်ဘက်ရင်အုံကို လက်နဲ့အသာဖိ၍ စူးနက်အောင် နာကျင်သလို ခံစားနေရလေသည်။ မှန်၏ နှလုံးအတွင်းသားနံရံရောင်ယမ်း၍ စူးနက်အောင် နာကျင်နေခြင်း ဖြစ်လေသည်။
ဖာပန်းဒေါင်းရွာကို မရောက်ခင် နှလုံးအစားထိုး မလှဲလှယ်ခင် အဲသလို ထီရန် ဖြစ်ခဲ့လေသည်။
ထီရန်က ကလပ်မှာ လောင်းကစားလုပ်ရင်း နာရီလောင်းကြေးထိုးကာ ရှုံးသွားသမို့ ကားသော့လေး ထောင်ပြပြီး ကားကစားပွဲလုပ်ဖို့ နှုတ်ခမ်းမွှေးကားကား အသားဖွေးဖွေး ဘဲကြီးတစ်ယောက်ကို ပြောပြီး ပြိုင်ပွဲလုပ်လေသည်။
တွန်ကလည်း လမ်းရှင်းထား ဘာညာဆိုပြီး ပြောနေလေသည်။ ထီရန်က ကားပြိုင်ပွဲလုပ်မည်မို့လို့လား ပြီးတော့ ထီရန်၏မိဘတွေက ထီရန် မသိအောင် ပြိုင်ကားကြီးကိုလည်း ရောင်းပစ်လိုက်သေးသည်။ ဘယ်အရာတွေက ဘာကြောင့်များ ဖြစ်နေမည်လဲ စိတ်ဝင်စားစရာပင် ဖြစ်သည်။
ထီရန်က သူ၏နာနေသည့် ဘယ်ဘက်ရင်အုံကို ဖိကာ တွန်ကို ပြန်ပြောလေသည်။
" ဘာမှမဖြစ်ပါဘူး နည်းနည်းမူးသလို ဖြစ်သွားလို့ ''
" ငါ့အထင်တော့ ချိန်းထားတာ ဖျက်လိုက်ရအောင် ''
တွန်က အဲသလို ပြောပုံအရဆိုရင် ဘာများချိန်းထားတာရှိလို့များလဲ လမ်းလည်းရှင်းခိုင်းထားသည်။ ပြီးတော့ ကလပ်က လောင်းကစား လုပ်ခဲ့သည့် ဘဲကြီးကိုလည်း ထီရန်က ကားသော့လေး ထောင်ပြခဲ့လေသည်။
ထီရန်လည်း စိတ်အားထက်သန်သည့်လူဖြစ်တော့ ချိန်းထားသည့်ပြိုင်ပွဲ ဖျက်မည်မထင်ပေ ဖြစ်၏။
" မင်း အဆင်ပြေတဲ့ပုံ မပေါ်ဘူး ချိန်းထားတာ ဖျက်လိုက်ရအောင်နော် ''
ထီရန်က ထိုင်နေရာမှ ထကာ တွန်ကို ကြည့်၍
" ဘာဖြစ်လို့လဲ ငါ သေမှာစိုးလို့လား ''
" မင်းဘာတွေ ပြောနေတာလဲ ''
" ဟေ့ လာပါကွာ ဒီကားကို ရှိုးဖို့ ငါ့မှာ အများကြီး အကုန်အကျ ပေးခဲ့ရတာ စိတ်ပူစရာမလိုပါဘူး သွားကြမယ် ''
အဲသလို ထီရန်က ပြောပြီး ကားရှိုးဖို့ ထွက်သွားလေတော့သည်။ တွန် ကလည်း လမ်းရှင်းထားဖို့ ဖုန်းဆက်နေသည်။ ထီရန်လည်း သူနဲ့ယှဥ်ပြိုင်ခဲ့သည့် ဘဲကြီးကို ကားသော့ထောင်ပြခဲ့လေသည်။ ကားပြိုင်ဖို့များ ဖြစ်နေမည်ထင်၏။
ထီရန်က သူ၏ကားအနီးနားလေးကို အရောက်မှာ မောပန်း၍ အားမရှိသလို ဖြစ်နေပြီး ကားကို အမှီပြုနေရလေသည်။ တွန် နဲ့ သူငယ်ချင်းတစ်ယောက်က ထီရန်ကို ကြည့်ကာ စိတ်မအီမသာ ဖြစ်ရလေသည်။
" ဟေ့ ထီရန် ငါ့စိတ်ထဲ ခံစားချက်တွေ မကောင်းဘူးကွာ ဖျက်လိုက်တော့ကွာ ငါပြောတာ ယုံ ''
" ငါကြောက်လို့ ဆိုပြီး သူက ထင်သွားမှာပေါ့ ဟုတ်တယ်မို့လား ''
အဲသလို ထီရန်တစ်ယောက် သူ၏နှလုံးနံရံရောင်ယမ်းတာ နာနေပေမယ့် သူကချိန်းထားတာ ဖျက်ရင် ဟိုဘဲကြီးက ငကြောက်ဟု ထင်သွားမည်စိုး၍ ကားပြိုင်ပွဲလုပ်ဖို့ သွားခဲ့လေသည်။
မှန်၏။ ဒါဆိုအဲ့ဒီညမှာ သူနဲ့ ကလပ်မှာ လောင်းကစား ပြိုင်ခဲ့သည့်ဘဲကြီးနှင့် ကားမောင်းပြိုင်ခဲ့ပြီး အဲဒီညမှာပဲ ထီရန်က ဆေးရုံတင်ခဲ့ရလေသည်။ ဘယ်အရာတွေက ဘယ်လိုတွေများ ဖြစ်နေမည်လဲ ဘာကြောင့် ထိုသို့ ဖြစ်နေရတာလဲ စိတ်ဝင်စားဖို့ ကောင်းပေ၏။
အဲသလို ဖာပန်းဒေါင်းကို မရောက်ခင် လွန်ခဲ့သော ၇ လက ဖြစ်ပစ်ခဲ့သည့် အဖြစ်အပစ်တွေ ဖြစ်လေသည်။ ချင်းမိုင် ဖာပန်းဒေါင်းရွာကျောင်းအရှေ့တွင် ဆရာလေးထီရန် အတွေးတွေ လွန်နေ၍ ဒေါက်တာနမ်ပြောတာကို မကြားပဲ ဖြစ်နေရာ အချိန်ကြာခေါ်မှ ကြားလိုက်၍ ဆရာလေးထီရန် သတိထားမိလေသည်။
" ညီလေး ထီရန် ညီလေး ထီရန် ''
" ဟုတ်ကဲ့ အစ်ကို ''
" ရော့ မင်း မောင်းမလား ''
ဒေါက်တာနမ်က သူတို့စီးနေကျ ဂျစ်ကားသော့ကို အဲသလိုပြောပြီး ဆရာလေးထီရန်ကို ပေးလေသည်။ လွန်ခဲ့သော ၇ လက ဆရာလေးထီရန်က ကားမောင်းပြိုင်ခဲ့သည်မလား သူဘယ်လိုများ ပြောလိုက်ပြန်မည်လဲ စိတ်ဝင်စား၏။
" ရော့ မင်းမောင်းမလား မင်းသူငယ်ချင်းတွေကို ကြွားလို့ရတာပေါ့ တောင်ဆင်းလမ်းကွေ့တွေကို မင်းမောင်းလာတယ်ဆိုပြီးတော့ ''
" ရပါတယ် အစ်ကို ကျွန်တော် မမောင်းတော့ပါဘူး ''
" အိုကေ ဒါဆို ကားပေါ်တက်တော့ ''
" ဟုတ်ကဲ့ ''
" ဒီနေ့မနောက်နဲ့နော် ကောင်လေး ငါ့ကို
ဒုက္ခမပေးနဲ့ကွ ''
အဲသလို ဒေါက်တာနမ်က ကားကြီးကို ပြောလိုက်ပြီး ဆရာလေးထီရန်ကို အဲသလို ပြော၍ ကားကိုမောင်းထွက်လာခဲ့လေတော့သည်။
" သွားမယ် မင်း အဆင်ပြေတယ်မို့လား ''
" ဟုတ်ကဲ့ဗျ ''
မှန်၏။ ဖာပန်းဒေါင်းကနေ ချင်းမိုင်ကို ဒေါက်တာနမ်က ဆရာလေးထီရန်နှင့် စျေးဝယ်သွားသည် ထင်ရလေသည်။ တောင်ဆင်းလမ်းကွေ့တွေကို မောင်းလာပြီး ဆရာလေးထီရန်က ကားပြတင်းပေါ်မှ လက်ကလေးဖြန့်ကာ သဘာဝအလှတရားကို ခံစားနေလေသည်။
ဒေါက်တာနမ်က ဆရာလေးထီရန် အဲသလို လက်ကလေး ကားပြတင်းအပြင်ထုတ်ပြီး ကားစီးလာတာကို ကြည့်၍ အဲသလိုပြောပါတော့သည်။
" ဖူဖာက အစ်ကို့ကို အဲ့လိုပြောတုန်းက အစ်ကို သဘောမတူခဲ့ဘူး ဒါပေမယ့် အခုကျတော့ အဲဒီလိုမျိုး တကယ်ပဲကွ ''
" ဘာအကြောင်းကို ပြောနေတာလဲ အစ်ကို ''
" မင်းက ညီမလေးထော့ဖန် လုပ်တဲ့အတိုင်း အများကြီးလုပ်နေတာလေ ''
မှန်၏။ ခဏက ဆရာလေးထီရန်က ကားပြတင်းအပြင် လက်ကလေးဖြန့်ကာ ကားစီးလာသည်မှာ ဆရာထော့ဖန် ကားစီးလာသည့်အတိုင်း စီးလာ၍ အဲသလို ဒေါက်တာနမ်က ပြောလိုက်ရာ ဆရာလေးထီရန်က သူ့ကိုယ်သူ မလှုံမလဲ ဖြစ်သွားလေသည်။ မှန်၏။ ဆရာမထော့ဖန်၏နှလုံး ဆရာလေးထီရန်၏ကိုယ်ထဲ ရောက်နေ၍ ဖြစ်မည် ထင်၏။
" သူ ကားစီးတုန်းကလည်း အဲဒီလိုပဲ စီးတာ ''
" ခေါင်းဆောင်ဖူဖာက ကျွန်တော့်ကြောင့် သူ ထော့ဖန်ကို အမှတ်ရမိနေတယ်လို့ ထင်နေတာလားဗျ ''
အဲ့နောက် ဆရာလေးထီရန်က ဖာပန်းဒေါင်းချောက်ကမ်းပါးမှာ ခေါင်းဆောင်ဖူဖာ မေးသည့် မေးခွန်းကို သတိရသွားလေတော့သည်။
" မင်းနဲ့ထော့ဖန်နဲ့ ဘယ်လိုပတ်သက်နေတာလဲ ''
" ဘာလို့ ကျွန်တော့်ကို အဲဒီမေခွန်းကို
မေးရတာလဲ ''
" မင်းဆီမှာ ထော့ဖန်ရဲ့ တံဆိပ်ကို ငါ တွေ့ခဲ့တယ် ''
ခေါင်းဆောင်ဖူဖာက ထော့ဖန်၏တံဆိပ် ဆရာလေးထီရန်ဆီမှာ ရှိနေတာ သိသွားလေသည်။ ဆရာလေးထီရန်လည်း ထော့ဖန်နှင့်ပတ်သက်နေတာကို အမှန်အတိုင်း ပြောပြ၍ မသင့်သမို့ အမှန်တိုင်းပြောပြရင် သူ့ကို စိတ်ဆိုးအပစ်တင်မှာမို့ စကားကို ထိန်း၍ ပြောလိုက်လေသည်။
" ကျွန်တော် အဲဒါကို အိမ်ထဲက တွေ့ခဲ့တာ အဲဒါကို ထော့ဖန်က မထင်မှတ်ဘဲ ကျန်နေခဲ့တာဖြစ်မယ် ''
ဆရာလေးထီရန်က အဲသလို တံဆိပ်ပြားကို ကျောင်းအိမ်ယာတွင် တွေ့ခဲ့သည်ဟု လိမ်၍ ပြောလိုက်လေသည်။
" ခေါင်းဆောင် သိမ်းထားချင်လား ကျွန်တော် နောက်ကျယူလာခဲ့မယ် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာလည်း အတွေးတွေ ရှုပ်ထွေးပြီး သက်ပြင်းချကာ ဆရာလေးထီရန်လည်း သူ၏အဖြစ်အပစ်ကို စိုးရိမ်နေလေသည်။
" ခေါင်းဆောင် သူ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး ''
ခေါင်းဆောင်ဖူဖာလည်း တွေးရင်း စိတ်မကောင်းဖြစ်ကာ အဲသလို ပြောခဲ့သည်တွေကို ဆရာလေးထီရန် ကားကလေးစီးရင်းဖြင့် သတိရ စိတ်မကောင်းဖြစ်နေလေသည်။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
UNIT - 5
ဒေါက်တာနမ်လည်း သူ၏ဂျစ်ကားလေးကို ဖာပန်းဒေါင်းရွာမှ ချင်းမိုင်သို့ တောင်ဆင်းတောင်ကုန်း ကွေ့ကောက်သောလမ်းတွေကို ကျော်ဖြတ်၍ မောင်းသွားလေသည်။
ချင်းမိုင်ကို ရောက်သော် ဒေါက်တာနမ်က သူ၏ကားကို အဆောက်အဦးတစ်ခုအရှေ့တွင် ရပ်လိုက်လေသည်။
" ညီလေး ထီရန် ''
" ဟုတ်ကဲ့ ''
" ဒါက ချင်းမိုင်နော် ဘန်ကောက် မဟုတ်ဘူး ကိုယ့်ဘာသာ သွားတတ်တာ သေချာရဲ့လား ''
" ဒီမှာကြည့် အစ်ကို Google Maps ''
ဆရာလေးထီရန်က သူ၏ဖုန်းကို အဲသလို ကားထဲမှ ဒေါက်တာနမ်တို့ ပြလိုက်လေသည်။ မှန်၏။ ဒေါက်တာနမ်က အဲသလိုပြောတော့ ဆရာလေးထီရန်က စိတ်ပူစရာမလိုဘူးဆိုသည့် သဘောဖြင့် အဲသလို ပြုမူလိုက်လေသည်။
" စိတ်မပူပါနဲ့ဗျ ''
" သြော် အေအေအေ အဲဒါဆို အစ်ကို ဒီနားတဝိုက်သွားလိုက်ဦးမယ် မင်းကိစ္စပြီးရင် အစ်ကို့ဆီ ဖုန်းဆက်လိုက်နော် ''
" ရတယ် အစ်ကို ''
" အိုကေ ''
" ပြီးမှတွေ့မယ်နော် ''
" အေ ''
အဲ့နောက် ဒေါက်တာနမ်က ဂျစ်ကားလေးကို သော့ဖွင့်၍ မောင်းထွက်သွားလေတော့သည်။ ဆရာလေးထီရန်လည်း အဲ့နောက်မှာ သူ၏ဖုန်းကို နံပါတ်နှိပ်၍ ချင်းမိုင်မှ ဘန်ကောက်မြို့က သူ၏သူငယ်ချင်း တွန် ဆီကို ဖုန်းဆက်လိုက်လေသည်။
" ဟယ်လို ဟေ့ကောင် ''
" ထီရန် ငါ မင်းသေသွားပြီ ထင်နေတာကွ ''
တွန်က အဲသလို အသံကို ခပ်ကျယ်ကျယ်ပြောလိုက်သည်မို့ ဆရာလေးထီရန် နားအူကာ ဖုန်းကို နားမှခဏခွာလိုက်ပြီး အဲသလို ပြောလိုက်လေသည်။ တွန်လည်း ဘန်ကောက်မှသူ၏ ခန်းနားသည့်အခန်းမှာ ကွန်ပျူတာကို ကြည့်ပြီး ဖုန်းကို စပီကာဖွင့်ပြောနေလေသည်။
" မသေသေးဘူးကွ ''
" ငါ မင်းကို ဆက်သွယ်လို့ ရဖို့ အရမ်းကို
ကြိုးစားခဲ့တာကွ ''
" အေး တောင်းပန်ပါတယ်ကွ ရွာမှာက ဖုန်းလိုင်း မမိဘူးလေ ''
" မင်းက ဘယ်တွေ ရောက်နေတာလဲ ''
" ချင်းမိုင် ''
" တကယ်လား မင်း ကျောင်းဆရာ လုပ်တော့မယ်လို့ ငါ့ကို စာပို့တုန်းက ငါက မင်း နောက်နေတယ် ထင်နေတာ မင်း ဘယ်တော့ ပြန်လာမှာလဲ ငါ လာခေါ်ပေးရမလား ''
" မပြန်သေးဘူး ငါ ဒီနေ့ လုပ်စရာရှိလို့
မြို့ထဲကို လာခဲ့တာ ''
" ဟေ့ ထီရန် အဲဒီမှာ ငါ့ကို စောင့်နေ ငါ အခု မင်းဆီ လာခဲ့မယ် ''
" ဟမ် ဟေ့ တွန် ဟယ်လို တွန် ဟယ်လို ''
မှန်၏။ တွန်က ဆရာလေးထီရန်ရှိသည့် ချင်းမိုင်ကို လာခဲ့မယ်ပြောပြီး ဖုန်းချသွားသမို့ ဆရာလေးထီရန်က အဲသလို ပြောနေလေသည်။
" တကယ်ကြီးလားကွာ ''
အဲ့နောက် ဆရာလေးထီရန်လည်း ဖုန်းပြောနေရာမှ ထွက်လာခဲ့ကာ သူ၏ လုပ်စရာရှိတာကို လုပ်နေလေသည်။ မှန်၏။ ကလေးတွေကို စွန်လုပ်နည်း သင်ပေးချင်၍ ကွန်ပျူတာတွင် စွန်လုပ်နည်းပုံလေးတွေကို လေ့လာနေလေသည်။
ဆရာလေးထီရန်က သူ၏စာအုပ်မှာ ပုံကြမ်းလေးတွေ ဆွဲပြီး စာစုတွေ မှတ်သားထားလေသည်။ ပါဝင်ပစ္စည်းတွေက ဝါး စက္ကူ ကြိုး တို့ ဖြစ်ကြလေသည်။ ဆရာလေးထီရန်က အဲသလို အများသုံး လိုသလိုသုံးနိုင်သည့် ကွန်ပျူတာအခန်းကြီးမှာ အခကြေးပေး၍ အဲသလို လေ့လာနေလေသည်။
ဖာပန်းဒေါင်းရွာ ဖာဖီရွန်တပ်စု
ခေါင်းဆောင်ဖူဖာ လန် နှင့် ရော့ချန်းတို့ ထမင်းစားနေကြလေသည်။ ရော့ချန်းက ဇာတ်လိုက်ပီပီ အဲသလို စကားဆိုလာတော့သည်။
" အိုး ဟွေး ကျွန်တော်ကတော့ ရွာကျန်းမာရေးလုပ်အားပေးတွေကို ဒီကို မကြာမကြာ လာစေချင်တယ် အို သူတို့တွေက စားကောင်းတာတွေ
အမြဲယူလာကြတာ ''
" ရော့ချန်း တစ်ချို့အစားအသောက်တွေကို ဆရာလေးထီရန်ဆီ ယူသွားပေးလိုက်ဦး ''
ခေါင်းဆောင်ဖူဖာက အဲသလို ဆရာလေးထီရန်အပေါ် ဂရုစိုက်တတ်သည်မို့ရော့ချန်းတို့က စနောက်သလိုလိုနဲ့ အတည်ပြောကြ လေတော့သည်။
" မလိုဘူးလို့ ထင်တယ် ခေါင်းဆောင် ''
" ဘာလို့လဲ ''
" သူ အိမ်မှာ မရှိဘူးလေ ''
ရော့ချန်းက အဲသလိုပြောပြီး ထမင်းကို ဇွန်းရဲ့ကော်ယူစားတော့မည့်အလိုမှာ ခေါင်းဆောင်ဖူဖာက အဲသလိုမေးလိုက်၍ ပါးစပ်နှင့် နီးနေသည့် ဇွန်း ပြန်ချကာ ဖြေရပြန်သည်။ အဲသလို စားမည်ကြံပြန် မေးပြန် ဖြေပြန် စာမည်ကြံပြန်နဲ့ ဖြစ်နေရာ ရော့ချန်း စိတ်မရှည်ဖြစ်ရလေတော့သည်။
" ဘယ်သွားတာလဲ ''
" မြို့ကိုပါဗျ ''
" ဘာအတွက်သွားတာလဲ ''
" မသိဘူးဗျ ''
" သူ ဘယ်သူနဲ့သွားတာလဲ ''
" ကျွန်တော် မသိဘူးဗျ ''
" ဘယ်သူက ခွင့်ပြုလိုက်တာလဲ ''
" ကျွန်တော် မသိပါဘူးဗျ သူ ပြန်လာရင် ကျွန်တော် မေးပေးပါ့မယ်နော် ''
" မလိုဘူး ''
" ကျွန်တော် စားဖို့ မလိုတော့ဘူးပေါ့ ''
အဲသလို ထမင်းလုတ်တောင်ခွန့်မရအောင် ခေါင်းဆောင်ဖူဖာက မေးခွန်းတွေ ဆက်မေးနေ၍ ရော့ချန်း စိတ်ပျက်နေသည်ကို လန်က ကြည့်ရင်း ရည်လိုက်လေတော့သည်။ ခေါင်းဆောင်ဖူဖာ၏ မျက်နှာမှာတော့ ဆရာလေးထီရန်ကို စိတ်ပူနေသည် ထင်ရပေသည်။
ချင်းမိုင်မြို့မှာ ဆရာလေးထီရန်တစ်ယောက်တည်း လမ်းဘေးပလက်ဖောင်းပေါ်မှာ လမ်းလျှောက်၍ လာနေလေသည်။ ထိုအခါ မျက်မမြင်ဦးလေးကြီးတစ်ယောက်ကတောင်ဝှေးလေးကို အမှီပြု၍ လက်ဖက်မွှေးထုပ် တွေ ရောင်းနေလေသည်။
" လက်ဖက်မွှေးရွက်တွေ လက်ဖက်မွှေးပန်းတွေ ရမယ် လက်ဖက်မွှေး ''
ထိုအခါ လူငယ်လေးတစ်ယောက်က ထိုဦးလေးကြီးဆီမှာ လက်ဖက်မွှေးတွေ ဝယ်လေတော့သည်။
" ဦးလေး ဘာတွေရောင်းနေတာလဲ ''
" လက်ဖက်မွှေးပန်း လက်ဖက်မွှေးပန်းတွေပါ ''
" တစ်ထုပ် ဘယ်လောက်လဲဗျ ''
" တစ်ထုပ်ကို ဘတ် ၈၀ ''
" ဘယ်လောက်အထားခံလဲဗျ ''
" တစ်နှစ်လောက် ခံတယ် ''
" ဒါဆို ကျွန်တော် တစ်ထုပ်ဝယ်မယ် ''
" ကျေးဇူး ကျေးဇူး တင်ပါတယ် ''
" ဒီမှာ ဒီမှာနော် ဘတ် ၈၀ ထားခဲ့ပြီ ''
" အေအေဟုတ်ပြီ ''
အဲ့လူလေးက လက်ဖက်မွှေးအိတ်ကို နမ်းရှိုက်ကြည့်ကာ ထိုဦးလေးကြီးဆီမှာ တစ်ထုပ်ဝယ်သွားပြီး ဘတ် ၈၀ ထည့်ထားပေးခဲ့လေသည်။ ဆရာလေးထီရန်လည်း ထိုဦးလေးကြီးအနား ရောက်ကာ လက်ဖက်မွှေးအိတ်ဝယ်လေတော့သည်။
" ဦးလေး အထုပ်သေးက ဘယ်လောက်လဲ ''
" အော် အထုပ်သေးက ဘတ် ၄၀ ပါ ''
" ဒါဆို ကျွန်တော် နှစ်ထုပ်ယူမယ်ဗျ ''
" ကျေးဇူးပါနော် ''
" ဒီမှာ ဘတ် ၁၀၀ ပါ အအမ်းကို ကိုယ့်ဖာသာ ယူလိုက်မယ်နော် ''
" အင်း အင်း ယူသွားလိုက် သား ''
" ကျေးဇူးပဲနော် ကျေးဇူး ''
အဲ့နောက် ဆရာလေးထီရန်လည်း လက်ဖက်မွှေးအိတ်နှစ်ခုကို နမ်းရှိုက်ကာ ထိုနေရာမှ ထွက်လာလေတော့သည်။ အဲ့နောက် ချင်းမိုင်မြို့က စားသောက်ဆိုင်တစ်ဆိုင်တွင် ဒေါက်တာနမ်နှင့် ဆရာလေးထီရန် ထမင်း စားနေကြလေသည်။
" ဒီမှာ ငါအတည်မေးမယ် ရွာမှာလည်း ဒီလို ထမင်းဟင်းတွေ အမြဲစားနေရတာ ဒီရောက်တော့လည်းစားတယ် မင်းမငြီးငွေ့ဘူးလား ''
" နေသားကျသွားပြီ အစ်ကို ''
ဒေါက်တာနမ် မေးသည်ကို ဆရာလေးထီရန်က အပြုံးကလေးဖြင့် အဲသလို ပြန်ဖြေလိုက်လေသည်။
" ဟို တစ်ယောက်နဲ့ရော နေသားကျသွားပြီလား ''
ဒေါက်တာနမ်က ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာနဲ့ ပေးစားသလိုသဘောဖြင့် အဲသလိုမေးလိုက်လျှင် ဆရာလေးထီရန်က ရှက်မိနေသော အပြုံးဖြင့် ပြုံးစိစိဖြစ်နေလေသည်။
" အစ်ကိုက ဘာကို ဆိုလိတာလဲ ''
" အစ်ကို့ သူငယ်ချင်းကို ပြောတာလေ မင်းတို့တွေ အရမ်းရင်းနှီးနေကြတာ တွေ့တယ် ဒီအတိုင်း မေးတာပါ ဘာမှ မဟုတ်ပါဘူး ''
" အစ်ကိုနဲ့ အစ်ကို့သူငယ်ချင်းနဲ့က တော်တော်ကို မတူတာနော် ခေါင်းဆောင်က ရယ်စရာလည်း မပြောတတ်ဘူး ''
" အဟေး သူက အဲသလိုပဲလေ ခံစားချက်ကို သိပ်မထုတ်ပြတတ်ဘူး ဒါပေမယ့် တကယ်ချစ်စရာကောင်းတဲ့ လူကြီးနော် ''
" မဟုတ်ပါဘူး အစ်ကိုကလည်း သူသာ တကယ်ချစ်ဖို့ကောင်းရင် အရင်တည်းက ရည်းစားရှိနေလောက်ပြီ ''
" ဘာလဲဟ သူဒီမှာ မရှိတာတောင် မင်း သူ့အကြောင်းပြောတာ မရပ်တော့ဘူး ''
ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာအကြောင်းပြောရင်း ပြုံးရည်နေရာ ဒေါက်တာနမ်ပြောတော့ သူ့ကိုယ်သူ မလှုံမလှဲ ဖြစ်ပြီး ရှက်မိနေသလိုဖြစ်နေသည်။
" အစ်ကို့ကို အမှန်အတိုင်းပြောနော် ညီလေး ရာထူးနိမ့်တဲ့ နယ်ခံအရာရှိတွေကို စိတ်ထဲရှိရဲ့လား ''
" ကျွန်တော်က လူတွေကို ရာထူးနဲ့လိုက်ပြီး မဆုံးဖြတ်ပါဘူး အစ်ကို ''
" အိုး ဒါဆို ငါ့သူငယ်ချင်းမှာ အခွင့်ရေးရှိသေးတာပဲ ''
အဲသလို ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာဟာ ဆရာလေးထီရန်ကို ချစ်ဖို့ အခွင့်ရှိသေးသည်ဟု ဆရာလေးထီရန်ကို စောင်း၍ ပြောလိုက်ရာ ဆရာလေးထီရန်က ရှက်မိသွား၍ ထမင်းကိုသာ ဆက်ပြီး စားလိုက်လေတော့သည်။
" အေးအေး ငါ့ကို မင့်ဖေ့စ်ဘုတ်အကောင့် ပေးပါလား ဒါမှ ညီလေးထီရန် ပြန်သွားရင် အစ်ကိုနဲ့ ဆက်အသွယ် ရှိမှာ ''
ဒေါက်တာနမ်က အဲသလို ပြောလာလျှင် ဆရာလေးထီရန်က ဖုန်းလေးကို ထောင်ပြီးကိုင်းရင်း သူ၏ဘဝအမှန်ကို မသိစေလို၍ ဆက်ပြီး သရုပ်ဆောင်လိုက်ရလေတော့သည်။
" အော် မေ့နေတာ အစ်ကို ကျွန်တော် ဒီကို မလာခင် ဖေ့စ်ဘွတ်အကောင့် ပိတ်ခဲ့တယ် ''
" အေအေ ထူးဆန်းတယ်နော် ဖေ့စ်ဘုတ် မသုံးတဲ့လူ ငါ မတွေ့ဖူးဘူး ''
ဒေါက်တာနမ်က အဲသလို နားမလည်သလို ဖြစ်ပြီး ထိုသို့ ပြောကာ ဖုန်းလေးကို ဘောင်းဘီအိတ်ထဲ ပြန်ထည့် လိုက်လေသည်။
" အေး ဒါနဲ့ ဖူ ငါ့ကို ပြောပြဖူးတယ် မင်း ခွဲစိတ်ထားတဲ့ အကြောင်း ဘာကို ခွဲစိတ်ထားတာလဲ ''
" အော် ကျွန်တော့်မှာ နှလုံးရောဂါ ရှိခဲ့တာအစ်ကို ဒါပေမယ့် ဒေါက်တာ စိတ်ပူစရာမလိုတော့ပါဘူး ပျောက်သွားပါပြီ ''
" အင်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ''
" ဟုတ် ''
အဲ့နောက် ဆရာလေးထီရန်က စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်ရာ တစ်ခြားဝိုင်းမှာ ထိုင်နေသည့် ဆရာလေးထီရန်နှင့် လက်ဖက်ခင်းမှာ လက်ဖက်ဝယ်တဲ့သူ ရန်ဖြစ်ခဲ့တဲ့သူ နှင့် ဆံပင်ဖြူဖြူဦးလေး တစ်ယောက် ထိုင်နေသည်ကို တွေ့လေတော့သည်။
" ဒေါက်တာ သူတို့က ဘယ်သူတွေလဲ ''
" အော် အစင်းကျား အင်္ကျီဝတ်ထားတဲ့ လူက ဦးဆက်ဒါတဲ့ ဘေးကတစ်ယောက်က သူ့လူယုံတော် ''
ဆံပင်ဖြူဖြူဦးလေးက ဦးဆက်ဒါဖြစ်ပြီး ဆရာလေးထီရန်နှင့် လက်ဖက်ခင်းမှာ ရန်ဖြစ်ခဲ့တဲ့သူက ဦးဆက်ဒါ၏ လူယုံတော် ဖြစ်လေသည်။
" ဘာလို့လဲ ''
" သူ့လူယုံတော်က လက်ဖက်ကုန်သည်လေ အစ်ကို အရင်အပတ်က ကျွန်တော်နဲ့ ရန်ဖြစ်တဲ့ တစ်ယောက် ''
" သြော် အဲဒီလူကြီးက ဒီဒေသမှာ တော်တော်အရှိန်အဝါကြီးတယ် အဆက်အသွယ်ကောင်းတွေ ရှိတယ်
လူတွေက သူ့ကို ကြောက်ကြတယ် သူက မှောင်ခိုလောကမှာ စီးပွားရေးတွေ လုပ်နေတာတို့ အားလုံးသိတယ်
သစ်တောဌာနကို ငွေတွေလှူနေပေမယ့် တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်တာတွေမှာ သူပတ်သက်နေတယ် ဟန်ပြလုပ်နေတာပေါ့ ''
အဲသလို ဒေါက်တာနမ်က အသံကို တီးတိုးပြောလိုက်လေသည်။ ဆရာလေးထီရန်လည်း တစ်ခါကြုံဖူးတော့ ထိုလူတွေကို သိပ်သဘောမကျ ဖြစ်လေသည်။
" သစ်တောတွေ ထိန်းသိမ်းတဲ့သူဆိုပြီး ဆင်စွယ်နဲ့ အိမ်အလှဆင်ကြတဲ့ လူတွေလိုမျိုးလား ''
" အဟား မင်းက အရမ်း ပြောတတ်ဆိုတတ်တာပဲ ခဏခဏ ပြဿနာဖြစ်တာလည်း မထူးဆန်းဘူးပဲ ''
မှန်၏။ အပြောအဆိုတတ်သလောက် ပြဿနာများသည့် ထီရန် ဆရာလေးထီရန် ဖြစ်ပေသည်။
" ဟူး သူ့ကို ဘယ်သူမှ မဆန့်ကျင်ရဲဘူး အဲဒီလူကြီးက ဖာဖီရွန်တပ်စုကိုလည်း ထောက်ပံ့ပေးထားတာ ''
" မကောင်းမှုကို ကောင်းမှုနဲ့ ခြေဖျက်လို့မရဘူးလေ အဲဒီလို လုပ်လို့မရဘူးလေ အစ်ကို ''
" ဖူလည်း သိပ်သဘောမကျဘူး ဒါပေမယ့် သူ ဘာမှ မပြောနိုင်ဘူး ''
" ကျွန်တော် နားလည်ပါတယ် အစ်ကို ကျွန်တော်က ပြဿနာတွေကို လိုက်ဆွဲတတ်တဲ့ သံလိုက်လိုပဲ ''
အဲသလို ဆရာလေးထီရန်က ဟာသအဖြစ်ပြောပြီး ဒေါက်တာနမ် ပြုံးနေတော့ ပြန်ပြီးတောင်းပန်လိုက်လေသည်။
" တောင်းပန်ပါတယ် အစ်ကို ''
" ရတယ် ရတယ် သူ့ကို ပြဿနာသွားမရှာနဲ့ပေါ့ ရှောင်နိုင်သမျှ ရှောင်နေ ဟုတ်ပြီလား ''
" ဟုတ် ''
အဲ့နောက် ဒေါက်တာနမ်က စားပွဲထိုးအမကို ခေါ်၍ စားသမျှကို ရှင်းမည်ကြံထားရာ စားပွဲထိုးအမက ဦးဆက်ဒါက ရှင်းထားပြီးပြီဟူ၍ ပြောသမို့ ဒေါက်တာနမ်နှင့် ဆရာလေးထီရန် ဦးဆက်ဒါကို တစ်ချက် ရှိုူးကွညျ့လိုကျလသေညျ။
" အစ်မ ဘေလ်လေး ပေးပါလား ''
" မင်းတို့အတွက် သူတို့က ရှင်းပေးထားပါတယ် ''
အဲ့နောက် ဆရာလေးထီရန်နှင့် ရန်ဖြစ်ခဲ့သည့် တစ်ယောက်က မကြည်သလို ကြည့်နေပြီး ဒေါက်တာနမ်က လက်အုပ်ကလေးချီကာ အရိုအသေပေးလိုက်လေသည်။ ဆရာလေးထီရန်လည်း သဘောမကျပေမယ့် ဒေါသစိတ်ကို ထိန်း၍ အရိုအသေပေးလိုက်ရာ ဦးဆက်ဒါက ပြုံးပြလေသည်။
အဲ့နောက် ဆရာလေးထီရန်နှင့် ဒေါက်တာနမ် စားသောက်ဆိုင်ထဲမှ ထွက်လာကာ ဆိုင်ရှေ့ ဂျစ်ကားအနီးကို ရောက်လာလေတော့သည်။
" ဗိုက်ပြည့်သွားပြီ ''
" အရမ်းကို ပြည့်သွားပြီ အစ်ကို ''
" စားချင်တာ ရှိသေးလား ''
" အချိုပွဲ သွားစားရအောင် ''
အဲသလို ပြောနေချိန် သူတို့အနားကို ဦးဆက်ဒါ ရောက်လာ၍ ဒေါက်တာနမ်က စပြီး အရိုအသေပေးလိုက်လေသည်။
" မင်္ဂလာပါ အခုလိုကျွေးမွေးတာ ကျေးဇူးပါပဲနော် မလုပ်ပေးလည်းရပါတယ် ''
" ရပါတယ် ဒီဆိုင်ပိုင်ရှင်က ကိုယ့်အသိမိတိဆွေ တစ်ယောက်ပဲလေ ဒေါက်တာက ဖာပမ်းဒေါင်းရဲ့
ဆရာဝန်ပဲဟာ အဲဒါက ကျွန်တော့်လူတွေကို စောင့်ရှောက်ထားသလိုပဲလေ ဒီလောက်က ဘာမှမဟုတ်ပါဘူး ''
" ဟုတ်ကဲ့ပါ ''
" တစ်ခုခုလိုအပ်တာရှိရင် ခေါင်းဆောင်ဆီကနေတစ်ဆင့် ပြောလိုက်လို့ရတယ်နော် ကျွန်တော် တတ်နိုင်သလောက် ကူညီပေးမှာပါ ''
" ဟုတ်ကဲ့ပါ ''
ဦးဆက်ဒါက ဆရာလေးထီရန်ကို ကြည့်နေသမို့ ဒေါက်တာနမ်က မိတ်ဆက်ပေးလိုက်လေသည်။
" သူက ထီရန်ပါ ရွာရဲ့ ကျောင်းဆရာအသစ်ပါ ''
" ကောင်းတယ် စိတ်အားထက်သန်တဲ့ လူငယ်မျိုးဆက်တွေက သူများတွေကို ကူညီပေးနေကြတာ
ဒါပေမယ့် အဲဒီမှာ နေရတာ အဆင်မပြေလောက်ဘူး အရင်တုန်းက နေခဲ့တဲ့လူတွေလိုမျိုး ရွာသားတွေ
ဆီကနေ ဘယ်လိုနေရမလဲဆိုတာ သင်ယူထားစေချင်တယ် ''
" ကျွန်တော် ကြိုးစားနေပါတယ်ဗျ ''
" ရွာသားတွေရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် ''
အဲသလိုပြောပြီး ဦးဆက်ဒါက ဆရာလေးထီရန်အနားကပ်လာကာ ဆရာလေးထီရန်၏ ပုခုံးကို လက်တစ်ဖက်က ကိုင်၍ ဆရာလေးထီရန်ကို အဲသလို ပြောလေသည်။
" မင်းလိုလူမျိုးက ရှားပါးရတနာပဲ အချိန်အကြာကြီး နေသွားသင့်တယ် ''
အဲသလို ဆရာလေးထီရန်က မဟုတ်ရင်မခံတတ်ဘဲ သူတို့ကို ဆန့်ကျင်ဖူး၍ ဦးဆက်ဒါ ပြောလာလေသည်။ အဲ့နောက် ဦးဆက်ဒါလည်း ဒေါက်တာနမ်ကို နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။
" သွားလိုက်ဦးမယ် ဒေါက်တာ ''
" ဟုတ်ကဲ့ မင်္ဂလာပါ ''
ဦးဆက်ဒါနဲ့ သူ၏လူယုံတော် ထွက်သွားပြီးနောက် ဒေါက်တာနမ်က သက်ပြင်းတွေ ချပါတော့သည်။
" ဟူး ''
အဲ့နောက် ဆရာလေးထီရန်ဆီကို တွန်ဆီက ဖုန်းဝင်လာရာ ဆရာလေးထီရန်က ဖုန်းပြောလိုက်လေသည်။
" ဟယ်လို တွန် ''
" ... ''
" ဟမ် မင်းအခု ချင်းမိုင်မာလား ''
" .... ''
" အင်း အင်း ရတယ် ပြီးကျရင် တွေ့မယ် ''
အဲ့နောက် ဆရာလေးထီရန်က အပြုံးကလေးဖြင့် ဒေါက်တာနမ်ကို အားနာသလိုလို ပြောလေတော့သည်။
" ဒေါက်တာ ကျွန်တော် ဒီနေ့ ဖာပန်းဒေါင်းကို အတူ ပြန်မလိုက်လို့ ရလား ''
အဲသလို ဆရာလေးထီရန် ပြောရာ ဒေါက်တာနမ်လည်း ပြုံးပြပြီး ဖာပန်းဒေါင်းကို ဆရာလေးထီရန်မပါဘဲ ဒေါက်တာနမ် တစ်ယောက်တည်း ပြန်ခဲ့လေတော့သည်။
ဆရာလေးထီရန်လည်း သူ၏ဘေးလွယ်အိတ်အဖြူကိုလွယ်ကာ ဖာပန်းဒေါင်းရိုးရာဝတ်စုံဝတ်၍ အအေးဆိုင်တစ်ဆိုင်တွင် တွန်ကို စောင့်နေလေသည်။ အဲ့နောက် ဆရာလေးထီရန်က တွန် ဝင်လာသည်ကို မြင်၍ လှမ်းခေါ်လိုက်လေသည်။
" ဟေ့ တွန် ''
" ဟေ့ ထီရန် ဘယ်လိုလဲ ကိုယ့်လူ ဖက်ပါဦး ''
တွန်က ဆရာလေးထီရန်အနားသွားကာ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် အလွမ်းသယ်ဖက်ထားလိုက်လေသည်။
" မင်းငါ့ကို ဒီအထိလာတွေ့မယ်လို့ မထင်ထားဘူး ''
" ငါက စကားတည်တဲ့လူပါကွ ''
အဲ့နောက် ထိုင်ခုံမှာ ထိုင်လိုက်ကြပြီး သူငယ်ချင်းနှစ်ယောက် အလွမ်းသယ် စကားဆိုကြလေတော့သည်။
" ခွေးကောင်တွန် ငါ မင်းကို သတိရနေတာ ''
" ဒါက မင်းသတိရတဲ့ ပုံစံလား ''
" အေး ''
" ဟုတ်ပါပြီ ခွေးကောင်ထီရန် ''
" မင်းလည်း ငါ့ကို အများကြီး သတိရနေတာ
ဖြစ်ရမယ် ''
" ဒါပေါ့ သူငယ်ချင်းရေ ''
" မင်းက ဘာတွေ ဝတ်ထားတာလဲ ''
" ဘာလို့လဲ ''
" ငါ့အတွက်ရော မရှိဘူးလား ငါလည်း ဝတ်ချင်လို့ ''
အဲ့သလို တွန်က ဆရာလေးထီရန် ဝတ်ထားသည့် ဖာပန်းဒေါင်းမျိုးနွယ်စုအဝတ်အစားကို ကြည့်၍ ပြောလေသည်။ ထို့နောက် ချင်းမိုင်က ဟော်တယ်တစ်ခုတွင် တွန် နှင့် ဆရာလေးထီရန် အနားယူနေလေသည်။
သူတို့က ခုံမှာ ဇိမ်နဲ့ထိုင်ပြီး ခြေထောက်ကို ခုံတစ်ခုပေါ်တင်ကာ ထိုဟော်တယ်က ဝန်ထမ်းတွေက ခြေထောက်ကို နှိပ် ပေးနေလေသည်။ ယခုတော့ ဆရာလေးထီရန် သူဌေးသားထီရန်အလား ပြောင်းသွားသလို ဖြစ်လေသည်။
" ဒီမှာ အချစ်ဆုံးသူငယ်ချင်းအတွက် ''
အဲသလို ပြောပြီး တွန်က ဆရာလေးထီရန်ကို အဖျော်ရည်ပုလင်းလေး ပေးလိုက်လေသည်။
" တောင်ပေါ်မှာ ဆရာဖြစ်ချင်တဲ့ ဆန္ဒ
ပြည့်ဝသွားလို့ ''
" .... ''
" အ ဘာလို့ အဲဒါ ပေးလဲ စဥ်းစားနေတာမို့လား အဲဒါက မင်းကျန်းမာရေးအတွက် ကောင်းတယ်တဲ့ ''
အဲ့နောက် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာနှင့် ရေတံခွန်မှာ ရေချိုးတော့ ခေါင်းဆောင်ဖူဖာ ထိုအဖျော်ရည်သောက်တာကိုသတိရမိလေတော့သည်။
" ကျန်းမာရေးအတွက် ကောင်းစေတယ်ပေါ့ ''
" ဘာတွေပြောနေတာလဲ ''
" ဘာမှမဟုတ်ပါဘူး ''
ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို သတိရ၍ မလှုံမလဲဲဖြစ်သွားပြီး အဖျော်ရည်ကို ဖွင့်သောက်လိုက်လေသည်။
" ဒါနဲ့ ဟေ့ကောင် ငါ့အမေ မင်းဆီ
ဖုန်းဆက်သေးလား ''
" ရေကြည့်လိုက်ဦးမယ် ''
အဲသလို တွန်က လက်ချိုးရေတွက်ရင်း စနောက်လိုက်လေသည်။
" တစ်ခါပဲ ခေါ်တယ် ''
" ဒါဆို မင်းက ဘာလို့ တွက်နေသေးတာလဲ ''
" အေ ဒါပေမယ့် ငါ ဘာမှ မပြောလိုက်ပါဘူး မင်းအမေလည်း ခဏလေးနဲ့ ဖုန်းချသွားတာ အဲဒီနောက်ပိုင်း သူ ငါ့ကို စိတ်ဆိုးနေမယ်ထင်တာပဲ ''
" အင်း တော်သေးတာပေါ့ သူ့ကို ဘာမှပြောမနေနဲ့ ကောင်းတယ် အမေ့ကို ဘာမှ သွားပြောစရာ မလိုဘူး ''
" အေ မင်းကရော ဘယ်လိုအခြေအနေရှိလဲ ''
" ငါလား အရမ်းကို မိုက်တာ စိတ်ကူးကြည့်လိုက် မင်းအိမ် မီးပျက်သွားရင် လုံးဝကို တိတ်ဆိတ်သွား
တာလေ နေဝင်သွားရင် နေ့တိုင်း အဲဒီလိုမျိုးပဲ ပြီးတော့ မင်းသိလား ငါ အဲဒီကို ပထမဆုံးရောက်တဲ့နေ့က
ငါစားဖို့ ဘာမှကို မရှိဘူး ငါ့ဘာသာ ရှိတာကို စားဖို့ အတင်းတွန်းအားပေးခဲ့ရတာ ပြီးတော့ မင်းသိသေးလား
ငါ ခြင်တွေနဲ့တောင် သူငယ်ချင်းဖြစ်နေပြီ ငါ နေ့တိုင်းကို အကိုက်ခံနေရတာ တစ်ညကျတော့ ငါ
ငါငါ အီးပါချင်လာတယ် ဗိုက်ကသေလောက်အောင် နာနေတာ အဲဒါနဲ့ မီးအိမ်ကို ကိုင်ပြီး အိမ်သာကို ပြေးတာပေါ့
ခက်တာက အိမ်သာက အိမ်နဲ့ ၃၀ ကီလိုမီတာလောက် ဝေးနေတာပဲ ပြီးတော့ အိမ်သာကို သွားတဲ့
လမ်းကလည်း မတရားမှောင်တာ အဲဒါနဲ့ မီးအိမ်ကိုင်ပြီး လမ်းလျှောက်သွားတာပေါ့ ဘောင်းဘီကို
ချွတ်လိုက်တာနဲ့ တန်းထွက်ကျကုန်တာပဲ အဟာ ငါ ခေါင်မိုးကို ကြည့်လိုက်တော့လည်း တောက်တဲ့တစ်ကောင်
ရောက်နေတာလေ ကြောက်စရာတောက်တဲ့ကြီး တွေးကြည့်လိုက် သေစမ်း ငါ ဘောင်းဘီကို အမြန်
ဆွဲတင်ပြီးတော့ မီးအိမ်ကိုင်ပြီး အိမ်ကိုတန်းပြေးတော့တာပဲ ''
အဲသလို လျှပ်စစ်မီးမရှိ၍ ညဆိုအမြဲ မှောင်နေတာတွေ အစားအစာတွေကိုလည်း အသားကျအောင် စားသောက်ခဲ့ရတာတွေ ဗိုက်အောင့်၍ အီးပါချင်လာလို့ အဲသလို ဟာသဖြစ်ခဲ့ပုံတွေကို ရည်ပြီးပြောနေတော့ တွန်လည်း ဆရာလေးထီရန် တစ်နည်းအားဖြင့် ဒီအချိန် သူဌေးသားနဲ့ပိုတူနေသည့် ထီရန်ကို ကြည့်ကာ ရယ်ပြီး ပြုံးစိစိဖြစ်နေလေသည်။
" ဘာတွေပြုံးနေတာလဲ "
" ငါ တွေးနေတာ ဒီလောက်အဆင်မပြေတာကြီးကို မင်းက ဘာလို့နေနေတာလဲလို့ ''
" အဲဒါက နေလို့ကောင်းတယ်လေ ဟေ့ကောင်ရ ဘယ်လိုပြောရမလဲ ငါတို့ဘဝမှာ ကြုံတွေ့ရတဲ့နေ့ရက်တိုင်းက ဒီလိုမျိုးမှမဟုတ်တာ ''
" ဒါဆို မင်းက ဘာအတွက် လုပ်နေတာလဲ ''
ဆရာလေးထီရန်လည်း ခဏတာတွေဝေသွားပြီး အဖြေကို မရှင်းမရှင်းဖြင့်
" ဟို ဟို ငါထင်တာတော့ ငါအသစ်အဆန်းလေးတွေ ရှာချင်လို့ပဲလို့ထင်တယ် ''
" တကယ်တော့လေ မင်းလိုလူမျိုးက အသစ်အဆန်းတွေ ရှာချင်တာဆိုရင် အိမ်ကိုပြန်လာနေတာ ကြာနေလောက်ပြီ ထီရန် တခြားတစ်ခုခုရှိကိုရှိရမယ်
ပြောစမ်း ''
အဲသလို တွန်က ဆရာလေးထီရန်၏ လည်ပင်းပုခုံးကို ဖက်ကာ ဆံပင်ကို အသာလေးပွတ်ဆွဲလိုက်လေသည်။
" ပြောစမ်း အခုနော် ငါ ပြောလို့ ပြောနေတယ် ''
" ဟေ့ နာတယ်ကွ ''
" လုပ်စမ်းပါ ပြောပါကွ ''
အဲသလို တွန်က ဆရာလေးထီရန် အိမ်ကိုအတော်နှင့်ပြန်မလာသည်မှာ ဖာပန်းဒေါင်းရွာတွင် တစ်ခုခုကြောင့် မပြန်လာတာဖြစ်ရမယ်ဆိုပြီး အဲဒီတစ်ခုက ဘယ်အရာလည်း ဆိုတာကို မေးမြန်းနေလေသည်။ ဖာပန်းဒေါင်းရွာကဘယ်သူက ဆရာလေးထီရန်ကို မပြန်ချင်အောင် ဆွဲဆောင်ထားသည့်သူက မည်သူလဲဆိုတာ စောင့်ကြည့်ရပေမည်။
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 5(A)
အပိုင္း (၁၃)
လြန္ခဲ့ေသာ ၇ လအခ်ိန္တုန္းက
မီးေရာင္စုံနဲ႕လွပေနတဲ့ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕၏ သဘာဝအလွတရား ညအခ်ိန္အခါက လြမ္းေမာဖြယ္ေကာင္းေပသည္။ နိုက္ကလပ္တစ္ခုတြင္ ေနရာတစ္ေနရာ၌ ထီရန္၏သူငယ္ခ်င္း တြန္ က ဖုန္းဆက္၍ ေျပာေနေလသည္။
" ဟုတ္တယ္ ကိုႀကီး ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ လမ္းရွင္းထားၿပီးၿပီမို႔လား ''
" ... ''
" ဟုတ္ အဲဒီလိုၾကားရတာ ေကာင္းတယ္ ကိစၥမရွိပါဘူး ေက်းဇူးတင္ပါတယ္ ''
ဒီလိုနဲ႕ ထီရန္က သူ၏သူငယ္ခ်င္း လင္မယားစုံတြဲႏွင့္ ေကာင္ေလးတစ္ေယာက္ႏွင့္အတူ အေပၚထပ္ ကလပ္မွ ဆင္းလာၾကေလေတာ့သည္။ သူ၏သူငယ္ခ်င္း လင္မယားစုံတြဲက ဆရာေလးထီရန္အား
" ေဟ့ ငါကားဆီသြားေတာ့မယ္ လမ္းေပၚမွာ ေတြ႕မယ္ ''
" ေအေအ ေနာက္မွေတြ႕မယ္ တာ့တာ ''
" ေအေအ ''
အဲ့အခ်ိန္ ထီရန္က ကလပ္ေလွကားထစ္တစ္ဆင့္ ဆင္းလိုက္ရာ မိုက္ခနဲ မူးေနာက္၍ သူ၏မ်က္လုံးတြင္လည္း ႏွစ္ထပ္ပုံေတြ ျမင္ေနရေလေတာ့သည္။ အဲသလို ထီရန္ မူး၍ လွဲေတာ့မည့္အခ်ိန္ တြန္ က ဖုန္းေျပာေနတာ ရပ္လိုက္ၿပီး ထီရန္ဆီ လာခဲ့ရေလေတာ့သည္။
" အစ္ကို ခဏေလးေနာ္ ဒါပဲ ''
" .... ''
" ထီရန္ မင္းဘာျဖစ္ေနတာလဲ ''
ထီရန္က ၾကမ္းျပင္မွာ ထိုင္ခ်ကာ သူ၏ဘယ္ဘက္ရင္အုံကို လက္နဲ႕အသာဖိ၍ စူးနက္ေအာင္ နာက်င္သလို ခံစားေနရေလသည္။ မွန္၏ ႏွလုံးအတြင္းသားနံရံေရာင္ယမ္း၍ စူးနက္ေအာင္ နာက်င္ေနျခင္း ျဖစ္ေလသည္။
ဖာပန္းေဒါင္း႐ြာကို မေရာက္ခင္ ႏွလုံးအစားထိုး မလွဲလွယ္ခင္ အဲသလို ထီရန္ ျဖစ္ခဲ့ေလသည္။
ထီရန္က ကလပ္မွာ ေလာင္းကစားလုပ္ရင္း နာရီေလာင္းေၾကးထိုးကာ ရႈံးသြားသမို႔ ကားေသာ့ေလး ေထာင္ျပၿပီး ကားကစားပြဲလုပ္ဖို႔ ႏႈတ္ခမ္းေမႊးကားကား အသားေဖြးေဖြး ဘဲႀကီးတစ္ေယာက္ကို ေျပာၿပီး ၿပိဳင္ပြဲလုပ္ေလသည္။
တြန္ကလည္း လမ္းရွင္းထား ဘာညာဆိုၿပီး ေျပာေနေလသည္။ ထီရန္က ကားၿပိဳင္ပြဲလုပ္မည္မို႔လို႔လား ၿပီးေတာ့ ထီရန္၏မိဘေတြက ထီရန္ မသိေအာင္ ၿပိဳင္ကားႀကီးကိုလည္း ေရာင္းပစ္လိုက္ေသးသည္။ ဘယ္အရာေတြက ဘာေၾကာင့္မ်ား ျဖစ္ေနမည္လဲ စိတ္ဝင္စားစရာပင္ ျဖစ္သည္။
ထီရန္က သူ၏နာေနသည့္ ဘယ္ဘက္ရင္အုံကို ဖိကာ တြန္ကို ျပန္ေျပာေလသည္။
" ဘာမွမျဖစ္ပါဘူး နည္းနည္းမူးသလို ျဖစ္သြားလို႔ ''
" ငါ့အထင္ေတာ့ ခ်ိန္းထားတာ ဖ်က္လိုက္ရေအာင္ ''
တြန္က အဲသလို ေျပာပုံအရဆိုရင္ ဘာမ်ားခ်ိန္းထားတာရွိလို႔မ်ားလဲ လမ္းလည္းရွင္းခိုင္းထားသည္။ ၿပီးေတာ့ ကလပ္က ေလာင္းကစား လုပ္ခဲ့သည့္ ဘဲႀကီးကိုလည္း ထီရန္က ကားေသာ့ေလး ေထာင္ျပခဲ့ေလသည္။
ထီရန္လည္း စိတ္အားထက္သန္သည့္လူျဖစ္ေတာ့ ခ်ိန္းထားသည့္ၿပိဳင္ပြဲ ဖ်က္မည္မထင္ေပ ျဖစ္၏။
" မင္း အဆင္ေျပတဲ့ပုံ မေပၚဘူး ခ်ိန္းထားတာ ဖ်က္လိုက္ရေအာင္ေနာ္ ''
ထီရန္က ထိုင္ေနရာမွ ထကာ တြန္ကို ၾကည့္၍
" ဘာျဖစ္လို႔လဲ ငါ ေသမွာစိုးလို႔လား ''
" မင္းဘာေတြ ေျပာေနတာလဲ ''
" ေဟ့ လာပါကြာ ဒီကားကို ရွိုးဖို႔ ငါ့မွာ အမ်ားႀကီး အကုန္အက် ေပးခဲ့ရတာ စိတ္ပူစရာမလိုပါဘူး သြားၾကမယ္ ''
အဲသလို ထီရန္က ေျပာၿပီး ကားရွိုးဖို႔ ထြက္သြားေလေတာ့သည္။ တြန္ ကလည္း လမ္းရွင္းထားဖို႔ ဖုန္းဆက္ေနသည္။ ထီရန္လည္း သူနဲ႕ယွဥ္ၿပိဳင္ခဲ့သည့္ ဘဲႀကီးကို ကားေသာ့ေထာင္ျပခဲ့ေလသည္။ ကားၿပိဳင္ဖို႔မ်ား ျဖစ္ေနမည္ထင္၏။
ထီရန္က သူ၏ကားအနီးနားေလးကို အေရာက္မွာ ေမာပန္း၍ အားမရွိသလို ျဖစ္ေနၿပီး ကားကို အမွီျပဳေနရေလသည္။ တြန္ နဲ႕ သူငယ္ခ်င္းတစ္ေယာက္က ထီရန္ကို ၾကည့္ကာ စိတ္မအီမသာ ျဖစ္ရေလသည္။
" ေဟ့ ထီရန္ ငါ့စိတ္ထဲ ခံစားခ်က္ေတြ မေကာင္းဘူးကြာ ဖ်က္လိုက္ေတာ့ကြာ ငါေျပာတာ ယုံ ''
" ငါေၾကာက္လို႔ ဆိုၿပီး သူက ထင္သြားမွာေပါ့ ဟုတ္တယ္မို႔လား ''
အဲသလို ထီရန္တစ္ေယာက္ သူ၏ႏွလုံးနံရံေရာင္ယမ္းတာ နာေနေပမယ့္ သူကခ်ိန္းထားတာ ဖ်က္ရင္ ဟိုဘဲႀကီးက ငေၾကာက္ဟု ထင္သြားမည္စိုး၍ ကားၿပိဳင္ပြဲလုပ္ဖို႔ သြားခဲ့ေလသည္။
မွန္၏။ ဒါဆိုအဲ့ဒီညမွာ သူနဲ႕ ကလပ္မွာ ေလာင္းကစား ၿပိဳင္ခဲ့သည့္ဘဲႀကီးႏွင့္ ကားေမာင္းၿပိဳင္ခဲ့ၿပီး အဲဒီညမွာပဲ ထီရန္က ေဆး႐ုံတင္ခဲ့ရေလသည္။ ဘယ္အရာေတြက ဘယ္လိုေတြမ်ား ျဖစ္ေနမည္လဲ ဘာေၾကာင့္ ထိုသို႔ ျဖစ္ေနရတာလဲ စိတ္ဝင္စားဖို႔ ေကာင္းေပ၏။
အဲသလို ဖာပန္းေဒါင္းကို မေရာက္ခင္ လြန္ခဲ့ေသာ ၇ လက ျဖစ္ပစ္ခဲ့သည့္ အျဖစ္အပစ္ေတြ ျဖစ္ေလသည္။ ခ်င္းမိုင္ ဖာပန္းေဒါင္း႐ြာေက်ာင္းအေရွ႕တြင္ ဆရာေလးထီရန္ အေတြးေတြ လြန္ေန၍ ေဒါက္တာနမ္ေျပာတာကို မၾကားပဲ ျဖစ္ေနရာ အခ်ိန္ၾကာေခၚမွ ၾကားလိုက္၍ ဆရာေလးထီရန္ သတိထားမိေလသည္။
" ညီေလး ထီရန္ ညီေလး ထီရန္ ''
" ဟုတ္ကဲ့ အစ္ကို ''
" ေရာ့ မင္း ေမာင္းမလား ''
ေဒါက္တာနမ္က သူတို႔စီးေနက် ဂ်စ္ကားေသာ့ကို အဲသလိုေျပာၿပီး ဆရာေလးထီရန္ကို ေပးေလသည္။ လြန္ခဲ့ေသာ ၇ လက ဆရာေလးထီရန္က ကားေမာင္းၿပိဳင္ခဲ့သည္မလား သူဘယ္လိုမ်ား ေျပာလိုက္ျပန္မည္လဲ စိတ္ဝင္စား၏။
" ေရာ့ မင္းေမာင္းမလား မင္းသူငယ္ခ်င္းေတြကို ႂကြားလို႔ရတာေပါ့ ေတာင္ဆင္းလမ္းေကြ႕ေတြကို မင္းေမာင္းလာတယ္ဆိုၿပီးေတာ့ ''
" ရပါတယ္ အစ္ကို ကြၽန္ေတာ္ မေမာင္းေတာ့ပါဘူး ''
" အိုေက ဒါဆို ကားေပၚတက္ေတာ့ ''
" ဟုတ္ကဲ့ ''
" ဒီေန႕မေနာက္နဲ႕ေနာ္ ေကာင္ေလး ငါ့ကို
ဒုကၡမေပးနဲ႕ကြ ''
အဲသလို ေဒါက္တာနမ္က ကားႀကီးကို ေျပာလိုက္ၿပီး ဆရာေလးထီရန္ကို အဲသလို ေျပာ၍ ကားကိုေမာင္းထြက္လာခဲ့ေလေတာ့သည္။
" သြားမယ္ မင္း အဆင္ေျပတယ္မို႔လား ''
" ဟုတ္ကဲ့ဗ် ''
မွန္၏။ ဖာပန္းေဒါင္းကေန ခ်င္းမိုင္ကို ေဒါက္တာနမ္က ဆရာေလးထီရန္ႏွင့္ ေစ်းဝယ္သြားသည္ ထင္ရေလသည္။ ေတာင္ဆင္းလမ္းေကြ႕ေတြကို ေမာင္းလာၿပီး ဆရာေလးထီရန္က ကားျပတင္းေပၚမွ လက္ကေလးျဖန့္ကာ သဘာဝအလွတရားကို ခံစားေနေလသည္။
ေဒါက္တာနမ္က ဆရာေလးထီရန္ အဲသလို လက္ကေလး ကားျပတင္းအျပင္ထုတ္ၿပီး ကားစီးလာတာကို ၾကည့္၍ အဲသလိုေျပာပါေတာ့သည္။
" ဖူဖာက အစ္ကို႔ကို အဲ့လိုေျပာတုန္းက အစ္ကို သေဘာမတူခဲ့ဘူး ဒါေပမယ့္ အခုက်ေတာ့ အဲဒီလိုမ်ိဳး တကယ္ပဲကြ ''
" ဘာအေၾကာင္းကို ေျပာေနတာလဲ အစ္ကို ''
" မင္းက ညီမေလးေထာ့ဖန္ လုပ္တဲ့အတိုင္း အမ်ားႀကီးလုပ္ေနတာေလ ''
မွန္၏။ ခဏက ဆရာေလးထီရန္က ကားျပတင္းအျပင္ လက္ကေလးျဖန့္ကာ ကားစီးလာသည္မွာ ဆရာေထာ့ဖန္ ကားစီးလာသည့္အတိုင္း စီးလာ၍ အဲသလို ေဒါက္တာနမ္က ေျပာလိုက္ရာ ဆရာေလးထီရန္က သူ႕ကိုယ္သူ မလႈံမလဲ ျဖစ္သြားေလသည္။ မွန္၏။ ဆရာမေထာ့ဖန္၏ႏွလုံး ဆရာေလးထီရန္၏ကိုယ္ထဲ ေရာက္ေန၍ ျဖစ္မည္ ထင္၏။
" သူ ကားစီးတုန္းကလည္း အဲဒီလိုပဲ စီးတာ ''
" ေခါင္းေဆာင္ဖူဖာက ကြၽန္ေတာ့္ေၾကာင့္ သူ ေထာ့ဖန္ကို အမွတ္ရမိေနတယ္လို႔ ထင္ေနတာလားဗ် ''
အဲ့ေနာက္ ဆရာေလးထီရန္က ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးမွာ ေခါင္းေဆာင္ဖူဖာ ေမးသည့္ ေမးခြန္းကို သတိရသြားေလေတာ့သည္။
" မင္းနဲ႕ေထာ့ဖန္နဲ႕ ဘယ္လိုပတ္သက္ေနတာလဲ ''
" ဘာလို႔ ကြၽန္ေတာ့္ကို အဲဒီေမခြန္းကို
ေမးရတာလဲ ''
" မင္းဆီမွာ ေထာ့ဖန္ရဲ႕ တံဆိပ္ကို ငါ ေတြ႕ခဲ့တယ္ ''
ေခါင္းေဆာင္ဖူဖာက ေထာ့ဖန္၏တံဆိပ္ ဆရာေလးထီရန္ဆီမွာ ရွိေနတာ သိသြားေလသည္။ ဆရာေလးထီရန္လည္း ေထာ့ဖန္ႏွင့္ပတ္သက္ေနတာကို အမွန္အတိုင္း ေျပာျပ၍ မသင့္သမို႔ အမွန္တိုင္းေျပာျပရင္ သူ႕ကို စိတ္ဆိုးအပစ္တင္မွာမို႔ စကားကို ထိန္း၍ ေျပာလိုက္ေလသည္။
" ကြၽန္ေတာ္ အဲဒါကို အိမ္ထဲက ေတြ႕ခဲ့တာ အဲဒါကို ေထာ့ဖန္က မထင္မွတ္ဘဲ က်န္ေနခဲ့တာျဖစ္မယ္ ''
ဆရာေလးထီရန္က အဲသလို တံဆိပ္ျပားကို ေက်ာင္းအိမ္ယာတြင္ ေတြ႕ခဲ့သည္ဟု လိမ္၍ ေျပာလိုက္ေလသည္။
" ေခါင္းေဆာင္ သိမ္းထားခ်င္လား ကြၽန္ေတာ္ ေနာက္က်ယဴလာခဲ့မယ္ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာလည္း အေတြးေတြ ရႈပ္ေထြးၿပီး သက္ျပင္းခ်ကာ ဆရာေလးထီရန္လည္း သူ၏အျဖစ္အပစ္ကို စိုးရိမ္ေနေလသည္။
" ေခါင္းေဆာင္ သူ႕အတြက္ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး ''
ေခါင္းေဆာင္ဖူဖာလည္း ေတြးရင္း စိတ္မေကာင္းျဖစ္ကာ အဲသလို ေျပာခဲ့သည္ေတြကို ဆရာေလးထီရန္ ကားကေလးစီးရင္းျဖင့္ သတိရ စိတ္မေကာင္းျဖစ္ေနေလသည္။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
UNIT - 5
ေဒါက္တာနမ္လည္း သူ၏ဂ်စ္ကားေလးကို ဖာပန္းေဒါင္း႐ြာမွ ခ်င္းမိုင္သို႔ ေတာင္ဆင္းေတာင္ကုန္း ေကြ႕ေကာက္ေသာလမ္းေတြကို ေက်ာ္ျဖတ္၍ ေမာင္းသြားေလသည္။
ခ်င္းမိုင္ကို ေရာက္ေသာ္ ေဒါက္တာနမ္က သူ၏ကားကို အေဆာက္အဦးတစ္ခုအေရွ႕တြင္ ရပ္လိုက္ေလသည္။
" ညီေလး ထီရန္ ''
" ဟုတ္ကဲ့ ''
" ဒါက ခ်င္းမိုင္ေနာ္ ဘန္ေကာက္ မဟုတ္ဘူး ကိုယ့္ဘာသာ သြားတတ္တာ ေသခ်ာရဲ႕လား ''
" ဒီမွာၾကည့္ အစ္ကို Google Maps ''
ဆရာေလးထီရန္က သူ၏ဖုန္းကို အဲသလို ကားထဲမွ ေဒါက္တာနမ္တို႔ ျပလိုက္ေလသည္။ မွန္၏။ ေဒါက္တာနမ္က အဲသလိုေျပာေတာ့ ဆရာေလးထီရန္က စိတ္ပူစရာမလိုဘူးဆိုသည့္ သေဘာျဖင့္ အဲသလို ျပဳမူလိုက္ေလသည္။
" စိတ္မပူပါနဲ႕ဗ် ''
" ေၾသာ္ ေအေအေအ အဲဒါဆို အစ္ကို ဒီနားတဝိုက္သြားလိုက္ဦးမယ္ မင္းကိစၥၿပီးရင္ အစ္ကို႔ဆီ ဖုန္းဆက္လိုက္ေနာ္ ''
" ရတယ္ အစ္ကို ''
" အိုေက ''
" ၿပီးမွေတြ႕မယ္ေနာ္ ''
" ေအ ''
အဲ့ေနာက္ ေဒါက္တာနမ္က ဂ်စ္ကားေလးကို ေသာ့ဖြင့္၍ ေမာင္းထြက္သြားေလေတာ့သည္။ ဆရာေလးထီရန္လည္း အဲ့ေနာက္မွာ သူ၏ဖုန္းကို နံပါတ္ႏွိပ္၍ ခ်င္းမိုင္မွ ဘန္ေကာက္ၿမိဳ႕က သူ၏သူငယ္ခ်င္း တြန္ ဆီကို ဖုန္းဆက္လိုက္ေလသည္။
" ဟယ္လို ေဟ့ေကာင္ ''
" ထီရန္ ငါ မင္းေသသြားၿပီ ထင္ေနတာကြ ''
တြန္က အဲသလို အသံကို ခပ္က်ယ္က်ယ္ေျပာလိုက္သည္မို႔ ဆရာေလးထီရန္ နားအူကာ ဖုန္းကို နားမွခဏခြာလိုက္ၿပီး အဲသလို ေျပာလိုက္ေလသည္။ တြန္လည္း ဘန္ေကာက္မွသူ၏ ခန္းနားသည့္အခန္းမွာ ကြန္ပ်ဴတာကို ၾကည့္ၿပီး ဖုန္းကို စပီကာဖြင့္ေျပာေနေလသည္။
" မေသေသးဘူးကြ ''
" ငါ မင္းကို ဆက္သြယ္လို႔ ရဖို႔ အရမ္းကို
ႀကိဳးစားခဲ့တာကြ ''
" ေအး ေတာင္းပန္ပါတယ္ကြ ႐ြာမွာက ဖုန္းလိုင္း မမိဘူးေလ ''
" မင္းက ဘယ္ေတြ ေရာက္ေနတာလဲ ''
" ခ်င္းမိုင္ ''
" တကယ္လား မင္း ေက်ာင္းဆရာ လုပ္ေတာ့မယ္လို႔ ငါ့ကို စာပို႔တုန္းက ငါက မင္း ေနာက္ေနတယ္ ထင္ေနတာ မင္း ဘယ္ေတာ့ ျပန္လာမွာလဲ ငါ လာေခၚေပးရမလား ''
" မျပန္ေသးဘူး ငါ ဒီေန႕ လုပ္စရာရွိလို႔
ၿမိဳ႕ထဲကို လာခဲ့တာ ''
" ေဟ့ ထီရန္ အဲဒီမွာ ငါ့ကို ေစာင့္ေန ငါ အခု မင္းဆီ လာခဲ့မယ္ ''
" ဟမ္ ေဟ့ တြန္ ဟယ္လို တြန္ ဟယ္လို ''
မွန္၏။ တြန္က ဆရာေလးထီရန္ရွိသည့္ ခ်င္းမိုင္ကို လာခဲ့မယ္ေျပာၿပီး ဖုန္းခ်သြားသမို႔ ဆရာေလးထီရန္က အဲသလို ေျပာေနေလသည္။
" တကယ္ႀကီးလားကြာ ''
အဲ့ေနာက္ ဆရာေလးထီရန္လည္း ဖုန္းေျပာေနရာမွ ထြက္လာခဲ့ကာ သူ၏ လုပ္စရာရွိတာကို လုပ္ေနေလသည္။ မွန္၏။ ကေလးေတြကို စြန္လုပ္နည္း သင္ေပးခ်င္၍ ကြန္ပ်ဴတာတြင္ စြန္လုပ္နည္းပုံေလးေတြကို ေလ့လာေနေလသည္။
ဆရာေလးထီရန္က သူ၏စာအုပ္မွာ ပုံၾကမ္းေလးေတြ ဆြဲၿပီး စာစုေတြ မွတ္သားထားေလသည္။ ပါဝင္ပစၥည္းေတြက ဝါး စကၠဴ ႀကိဳး တို႔ ျဖစ္ၾကေလသည္။ ဆရာေလးထီရန္က အဲသလို အမ်ားသုံး လိုသလိုသုံးနိုင္သည့္ ကြန္ပ်ဴတာအခန္းႀကီးမွာ အခေၾကးေပး၍ အဲသလို ေလ့လာေနေလသည္။
ဖာပန္းေဒါင္း႐ြာ ဖာဖီ႐ြန္တပ္စု
ေခါင္းေဆာင္ဖူဖာ လန္ ႏွင့္ ေရာ့ခ်န္းတို႔ ထမင္းစားေနၾကေလသည္။ ေရာ့ခ်န္းက ဇာတ္လိုက္ပီပီ အဲသလို စကားဆိုလာေတာ့သည္။
" အိုး ေဟြး ကြၽန္ေတာ္ကေတာ့ ႐ြာက်န္းမာေရးလုပ္အားေပးေတြကို ဒီကို မၾကာမၾကာ လာေစခ်င္တယ္ အို သူတို႔ေတြက စားေကာင္းတာေတြ
အၿမဲယူလာၾကတာ ''
" ေရာ့ခ်န္း တစ္ခ်ိဳ႕အစားအေသာက္ေတြကို ဆရာေလးထီရန္ဆီ ယူသြားေပးလိုက္ဦး ''
ေခါင္းေဆာင္ဖူဖာက အဲသလို ဆရာေလးထီရန္အေပၚ ဂ႐ုစိုက္တတ္သည္မို႔ေရာ့ခ်န္းတို႔က စေနာက္သလိုလိုနဲ႕ အတည္ေျပာၾက ေလေတာ့သည္။
" မလိုဘူးလို႔ ထင္တယ္ ေခါင္းေဆာင္ ''
" ဘာလို႔လဲ ''
" သူ အိမ္မွာ မရွိဘူးေလ ''
ေရာ့ခ်န္းက အဲသလိုေျပာၿပီး ထမင္းကို ဇြန္းရဲ႕ေကာ္ယူစားေတာ့မည့္အလိုမွာ ေခါင္းေဆာင္ဖူဖာက အဲသလိုေမးလိုက္၍ ပါးစပ္ႏွင့္ နီးေနသည့္ ဇြန္း ျပန္ခ်ကာ ေျဖရျပန္သည္။ အဲသလို စားမည္ႀကံျပန္ ေမးျပန္ ေျဖျပန္ စာမည္ႀကံျပန္နဲ႕ ျဖစ္ေနရာ ေရာ့ခ်န္း စိတ္မရွည္ျဖစ္ရေလေတာ့သည္။
" ဘယ္သြားတာလဲ ''
" ၿမိဳ႕ကိုပါဗ် ''
" ဘာအတြက္သြားတာလဲ ''
" မသိဘူးဗ် ''
" သူ ဘယ္သူနဲ႕သြားတာလဲ ''
" ကြၽန္ေတာ္ မသိဘူးဗ် ''
" ဘယ္သူက ခြင့္ျပဳလိုက္တာလဲ ''
" ကြၽန္ေတာ္ မသိပါဘူးဗ် သူ ျပန္လာရင္ ကြၽန္ေတာ္ ေမးေပးပါ့မယ္ေနာ္ ''
" မလိုဘူး ''
" ကြၽန္ေတာ္ စားဖို႔ မလိုေတာ့ဘူးေပါ့ ''
အဲသလို ထမင္းလုတ္ေတာင္ခြန့္မရေအာင္ ေခါင္းေဆာင္ဖူဖာက ေမးခြန္းေတြ ဆက္ေမးေန၍ ေရာ့ခ်န္း စိတ္ပ်က္ေနသည္ကို လန္က ၾကည့္ရင္း ရည္လိုက္ေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာမွာေတာ့ ဆရာေလးထီရန္ကို စိတ္ပူေနသည္ ထင္ရေပသည္။
ခ်င္းမိုင္ၿမိဳ႕မွာ ဆရာေလးထီရန္တစ္ေယာက္တည္း လမ္းေဘးပလက္ေဖာင္းေပၚမွာ လမ္းေလွ်ာက္၍ လာေနေလသည္။ ထိုအခါ မ်က္မျမင္ဦးေလးႀကီးတစ္ေယာက္ကေတာင္ေဝွးေလးကို အမွီျပဳ၍ လက္ဖက္ေမႊးထုပ္ ေတြ ေရာင္းေနေလသည္။
" လက္ဖက္ေမႊး႐ြက္ေတြ လက္ဖက္ေမႊးပန္းေတြ ရမယ္ လက္ဖက္ေမႊး ''
ထိုအခါ လူငယ္ေလးတစ္ေယာက္က ထိုဦးေလးႀကီးဆီမွာ လက္ဖက္ေမႊးေတြ ဝယ္ေလေတာ့သည္။
" ဦးေလး ဘာေတြေရာင္းေနတာလဲ ''
" လက္ဖက္ေမႊးပန္း လက္ဖက္ေမႊးပန္းေတြပါ ''
" တစ္ထုပ္ ဘယ္ေလာက္လဲဗ် ''
" တစ္ထုပ္ကို ဘတ္ ၈၀ ''
" ဘယ္ေလာက္အထားခံလဲဗ် ''
" တစ္ႏွစ္ေလာက္ ခံတယ္ ''
" ဒါဆို ကြၽန္ေတာ္ တစ္ထုပ္ဝယ္မယ္ ''
" ေက်းဇူး ေက်းဇူး တင္ပါတယ္ ''
" ဒီမွာ ဒီမွာေနာ္ ဘတ္ ၈၀ ထားခဲ့ၿပီ ''
" ေအေအဟုတ္ၿပီ ''
အဲ့လူေလးက လက္ဖက္ေမႊးအိတ္ကို နမ္းရွိုက္ၾကည့္ကာ ထိုဦးေလးႀကီးဆီမွာ တစ္ထုပ္ဝယ္သြားၿပီး ဘတ္ ၈၀ ထည့္ထားေပးခဲ့ေလသည္။ ဆရာေလးထီရန္လည္း ထိုဦးေလးႀကီးအနား ေရာက္ကာ လက္ဖက္ေမႊးအိတ္ဝယ္ေလေတာ့သည္။
" ဦးေလး အထုပ္ေသးက ဘယ္ေလာက္လဲ ''
" ေအာ္ အထုပ္ေသးက ဘတ္ ၄၀ ပါ ''
" ဒါဆို ကြၽန္ေတာ္ ႏွစ္ထုပ္ယူမယ္ဗ် ''
" ေက်းဇူးပါေနာ္ ''
" ဒီမွာ ဘတ္ ၁၀၀ ပါ အအမ္းကို ကိုယ့္ဖာသာ ယူလိုက္မယ္ေနာ္ ''
" အင္း အင္း ယူသြားလိုက္ သား ''
" ေက်းဇူးပဲေနာ္ ေက်းဇူး ''
အဲ့ေနာက္ ဆရာေလးထီရန္လည္း လက္ဖက္ေမႊးအိတ္ႏွစ္ခုကို နမ္းရွိုက္ကာ ထိုေနရာမွ ထြက္လာေလေတာ့သည္။ အဲ့ေနာက္ ခ်င္းမိုင္ၿမိဳ႕က စားေသာက္ဆိုင္တစ္ဆိုင္တြင္ ေဒါက္တာနမ္ႏွင့္ ဆရာေလးထီရန္ ထမင္း စားေနၾကေလသည္။
" ဒီမွာ ငါအတည္ေမးမယ္ ႐ြာမွာလည္း ဒီလို ထမင္းဟင္းေတြ အၿမဲစားေနရတာ ဒီေရာက္ေတာ့လည္းစားတယ္ မင္းမၿငီးေငြ႕ဘူးလား ''
" ေနသားက်သြားၿပီ အစ္ကို ''
ေဒါက္တာနမ္ ေမးသည္ကို ဆရာေလးထီရန္က အၿပဳံးကေလးျဖင့္ အဲသလို ျပန္ေျဖလိုက္ေလသည္။
" ဟို တစ္ေယာက္နဲ႕ေရာ ေနသားက်သြားၿပီလား ''
ေဒါက္တာနမ္က ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာနဲ႕ ေပးစားသလိုသေဘာျဖင့္ အဲသလိုေမးလိုက္လွ်င္ ဆရာေလးထီရန္က ရွက္မိေနေသာ အၿပဳံးျဖင့္ ၿပဳံးစိစိျဖစ္ေနေလသည္။
" အစ္ကိုက ဘာကို ဆိုလိတာလဲ ''
" အစ္ကို႔ သူငယ္ခ်င္းကို ေျပာတာေလ မင္းတို႔ေတြ အရမ္းရင္းႏွီးေနၾကတာ ေတြ႕တယ္ ဒီအတိုင္း ေမးတာပါ ဘာမွ မဟုတ္ပါဘူး ''
" အစ္ကိုနဲ႕ အစ္ကို႔သူငယ္ခ်င္းနဲ႕က ေတာ္ေတာ္ကို မတူတာေနာ္ ေခါင္းေဆာင္က ရယ္စရာလည္း မေျပာတတ္ဘူး ''
" အေဟး သူက အဲသလိုပဲေလ ခံစားခ်က္ကို သိပ္မထုတ္ျပတတ္ဘူး ဒါေပမယ့္ တကယ္ခ်စ္စရာေကာင္းတဲ့ လူႀကီးေနာ္ ''
" မဟုတ္ပါဘူး အစ္ကိုကလည္း သူသာ တကယ္ခ်စ္ဖို႔ေကာင္းရင္ အရင္တည္းက ရည္းစားရွိေနေလာက္ၿပီ ''
" ဘာလဲဟ သူဒီမွာ မရွိတာေတာင္ မင္း သူ႕အေၾကာင္းေျပာတာ မရပ္ေတာ့ဘူး ''
ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာအေၾကာင္းေျပာရင္း ၿပဳံးရည္ေနရာ ေဒါက္တာနမ္ေျပာေတာ့ သူ႕ကိုယ္သူ မလႈံမလွဲ ျဖစ္ၿပီး ရွက္မိေနသလိုျဖစ္ေနသည္။
" အစ္ကို႔ကို အမွန္အတိုင္းေျပာေနာ္ ညီေလး ရာထူးနိမ့္တဲ့ နယ္ခံအရာရွိေတြကို စိတ္ထဲရွိရဲ႕လား ''
" ကြၽန္ေတာ္က လူေတြကို ရာထူးနဲ႕လိုက္ၿပီး မဆုံးျဖတ္ပါဘူး အစ္ကို ''
" အိုး ဒါဆို ငါ့သူငယ္ခ်င္းမွာ အခြင့္ေရးရွိေသးတာပဲ ''
အဲသလို ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာဟာ ဆရာေလးထီရန္ကို ခ်စ္ဖို႔ အခြင့္ရွိေသးသည္ဟု ဆရာေလးထီရန္ကို ေစာင္း၍ ေျပာလိုက္ရာ ဆရာေလးထီရန္က ရွက္မိသြား၍ ထမင္းကိုသာ ဆက္ၿပီး စားလိုက္ေလေတာ့သည္။
" ေအးေအး ငါ့ကို မင့္ေဖ့စ္ဘုတ္အေကာင့္ ေပးပါလား ဒါမွ ညီေလးထီရန္ ျပန္သြားရင္ အစ္ကိုနဲ႕ ဆက္အသြယ္ ရွိမွာ ''
ေဒါက္တာနမ္က အဲသလို ေျပာလာလွ်င္ ဆရာေလးထီရန္က ဖုန္းေလးကို ေထာင္ၿပီးကိုင္းရင္း သူ၏ဘဝအမွန္ကို မသိေစလို၍ ဆက္ၿပီး သ႐ုပ္ေဆာင္လိုက္ရေလေတာ့သည္။
" ေအာ္ ေမ့ေနတာ အစ္ကို ကြၽန္ေတာ္ ဒီကို မလာခင္ ေဖ့စ္ဘြတ္အေကာင့္ ပိတ္ခဲ့တယ္ ''
" ေအေအ ထူးဆန္းတယ္ေနာ္ ေဖ့စ္ဘုတ္ မသုံးတဲ့လူ ငါ မေတြ႕ဖူးဘူး ''
ေဒါက္တာနမ္က အဲသလို နားမလည္သလို ျဖစ္ၿပီး ထိုသို႔ ေျပာကာ ဖုန္းေလးကို ေဘာင္းဘီအိတ္ထဲ ျပန္ထည့္ လိုက္ေလသည္။
" ေအး ဒါနဲ႕ ဖူ ငါ့ကို ေျပာျပဖူးတယ္ မင္း ခြဲစိတ္ထားတဲ့ အေၾကာင္း ဘာကို ခြဲစိတ္ထားတာလဲ ''
" ေအာ္ ကြၽန္ေတာ့္မွာ ႏွလုံးေရာဂါ ရွိခဲ့တာအစ္ကို ဒါေပမယ့္ ေဒါက္တာ စိတ္ပူစရာမလိုေတာ့ပါဘူး ေပ်ာက္သြားပါၿပီ ''
" အင္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ ''
" ဟုတ္ ''
အဲ့ေနာက္ ဆရာေလးထီရန္က စားေသာက္ဆိုင္ကို လွည့္ပတ္ၾကည့္ရာ တစ္ျခားဝိုင္းမွာ ထိုင္ေနသည့္ ဆရာေလးထီရန္ႏွင့္ လက္ဖက္ခင္းမွာ လက္ဖက္ဝယ္တဲ့သူ ရန္ျဖစ္ခဲ့တဲ့သူ ႏွင့္ ဆံပင္ျဖဴျဖဴဦးေလး တစ္ေယာက္ ထိုင္ေနသည္ကို ေတြ႕ေလေတာ့သည္။
" ေဒါက္တာ သူတို႔က ဘယ္သူေတြလဲ ''
" ေအာ္ အစင္းက်ား အကၤ်ီဝတ္ထားတဲ့ လူက ဦးဆက္ဒါတဲ့ ေဘးကတစ္ေယာက္က သူ႕လူယုံေတာ္ ''
ဆံပင္ျဖဴျဖဴဦးေလးက ဦးဆက္ဒါျဖစ္ၿပီး ဆရာေလးထီရန္ႏွင့္ လက္ဖက္ခင္းမွာ ရန္ျဖစ္ခဲ့တဲ့သူက ဦးဆက္ဒါ၏ လူယုံေတာ္ ျဖစ္ေလသည္။
" ဘာလို႔လဲ ''
" သူ႕လူယုံေတာ္က လက္ဖက္ကုန္သည္ေလ အစ္ကို အရင္အပတ္က ကြၽန္ေတာ္နဲ႕ ရန္ျဖစ္တဲ့ တစ္ေယာက္ ''
" ေၾသာ္ အဲဒီလူႀကီးက ဒီေဒသမွာ ေတာ္ေတာ္အရွိန္အဝါႀကီးတယ္ အဆက္အသြယ္ေကာင္းေတြ ရွိတယ္
လူေတြက သူ႕ကို ေၾကာက္ၾကတယ္ သူက ေမွာင္ခိုေလာကမွာ စီးပြားေရးေတြ လုပ္ေနတာတို႔ အားလုံးသိတယ္
သစ္ေတာဌာနကို ေငြေတြလႉေနေပမယ့္ တရားမဝင္ေတာရိုင္းတိရစ္ဆာန္ေရာင္းဝယ္တာေတြမွာ သူပတ္သက္ေနတယ္ ဟန္ျပလုပ္ေနတာေပါ့ ''
အဲသလို ေဒါက္တာနမ္က အသံကို တီးတိုးေျပာလိုက္ေလသည္။ ဆရာေလးထီရန္လည္း တစ္ခါႀကဳံဖူးေတာ့ ထိုလူေတြကို သိပ္သေဘာမက် ျဖစ္ေလသည္။
" သစ္ေတာေတြ ထိန္းသိမ္းတဲ့သူဆိုၿပီး ဆင္စြယ္နဲ႕ အိမ္အလွဆင္ၾကတဲ့ လူေတြလိုမ်ိဳးလား ''
" အဟား မင္းက အရမ္း ေျပာတတ္ဆိုတတ္တာပဲ ခဏခဏ ျပႆနာျဖစ္တာလည္း မထူးဆန္းဘူးပဲ ''
မွန္၏။ အေျပာအဆိုတတ္သေလာက္ ျပႆနာမ်ားသည့္ ထီရန္ ဆရာေလးထီရန္ ျဖစ္ေပသည္။
" ဟူး သူ႕ကို ဘယ္သူမွ မဆန့္က်င္ရဲဘူး အဲဒီလူႀကီးက ဖာဖီ႐ြန္တပ္စုကိုလည္း ေထာက္ပံ့ေပးထားတာ ''
" မေကာင္းမႈကို ေကာင္းမႈနဲ႕ ေျခဖ်က္လို႔မရဘူးေလ အဲဒီလို လုပ္လို႔မရဘူးေလ အစ္ကို ''
" ဖူလည္း သိပ္သေဘာမက်ဘဴး ဒါေပမယ့္ သူ ဘာမွ မေျပာနိုင္ဘူး ''
" ကြၽန္ေတာ္ နားလည္ပါတယ္ အစ္ကို ကြၽန္ေတာ္က ျပႆနာေတြကို လိုက္ဆြဲတတ္တဲ့ သံလိုက္လိုပဲ ''
အဲသလို ဆရာေလးထီရန္က ဟာသအျဖစ္ေျပာၿပီး ေဒါက္တာနမ္ ၿပဳံးေနေတာ့ ျပန္ၿပီးေတာင္းပန္လိုက္ေလသည္။
" ေတာင္းပန္ပါတယ္ အစ္ကို ''
" ရတယ္ ရတယ္ သူ႕ကို ျပႆနာသြားမရွာနဲ႕ေပါ့ ေရွာင္နိုင္သမွ် ေရွာင္ေန ဟုတ္ၿပီလား ''
" ဟုတ္ ''
အဲ့ေနာက္ ေဒါက္တာနမ္က စားပြဲထိုးအမကို ေခၚ၍ စားသမွ်ကို ရွင္းမည္ႀကံထားရာ စားပြဲထိုးအမက ဦးဆက္ဒါက ရွင္းထားၿပီးၿပီဟူ၍ ေျပာသမို႔ ေဒါက္တာနမ္ႏွင့္ ဆရာေလးထီရန္ ဦးဆက္ဒါကို တစ္ခ်က္ ရွိုူးကြည့်လိုက်လေသည်။
" အစ္မ ေဘလ္ေလး ေပးပါလား ''
" မင္းတို႔အတြက္ သူတို႔က ရွင္းေပးထားပါတယ္ ''
အဲ့ေနာက္ ဆရာေလးထီရန္ႏွင့္ ရန္ျဖစ္ခဲ့သည့္ တစ္ေယာက္က မၾကည္သလို ၾကည့္ေနၿပီး ေဒါက္တာနမ္က လက္အုပ္ကေလးခ်ီကာ အရိုအေသေပးလိုက္ေလသည္။ ဆရာေလးထီရန္လည္း သေဘာမက်ေပမယ့္ ေဒါသစိတ္ကို ထိန္း၍ အရိုအေသေပးလိုက္ရာ ဦးဆက္ဒါက ၿပဳံးျပေလသည္။
အဲ့ေနာက္ ဆရာေလးထီရန္ႏွင့္ ေဒါက္တာနမ္ စားေသာက္ဆိုင္ထဲမွ ထြက္လာကာ ဆိုင္ေရွ႕ ဂ်စ္ကားအနီးကို ေရာက္လာေလေတာ့သည္။
" ဗိုက္ျပည့္သြားၿပီ ''
" အရမ္းကို ျပည့္သြားၿပီ အစ္ကို ''
" စားခ်င္တာ ရွိေသးလား ''
" အခ်ိဳပြဲ သြားစားရေအာင္ ''
အဲသလို ေျပာေနခ်ိန္ သူတို႔အနားကို ဦးဆက္ဒါ ေရာက္လာ၍ ေဒါက္တာနမ္က စၿပီး အရိုအေသေပးလိုက္ေလသည္။
" မဂၤလာပါ အခုလိုေကြၽးေမြးတာ ေက်းဇူးပါပဲေနာ္ မလုပ္ေပးလည္းရပါတယ္ ''
" ရပါတယ္ ဒီဆိုင္ပိုင္ရွင္က ကိုယ့္အသိမိတိေဆြ တစ္ေယာက္ပဲေလ ေဒါက္တာက ဖာပမ္းေဒါင္းရဲ႕
ဆရာဝန္ပဲဟာ အဲဒါက ကြၽန္ေတာ့္လူေတြကို ေစာင့္ေရွာက္ထားသလိုပဲေလ ဒီေလာက္က ဘာမွမဟုတ္ပါဘူး ''
" ဟုတ္ကဲ့ပါ ''
" တစ္ခုခုလိုအပ္တာရွိရင္ ေခါင္းေဆာင္ဆီကေနတစ္ဆင့္ ေျပာလိုက္လို႔ရတယ္ေနာ္ ကြၽန္ေတာ္ တတ္နိုင္သေလာက္ ကူညီေပးမွာပါ ''
" ဟုတ္ကဲ့ပါ ''
ဦးဆက္ဒါက ဆရာေလးထီရန္ကို ၾကည့္ေနသမို႔ ေဒါက္တာနမ္က မိတ္ဆက္ေပးလိုက္ေလသည္။
" သူက ထီရန္ပါ ႐ြာရဲ႕ ေက်ာင္းဆရာအသစ္ပါ ''
" ေကာင္းတယ္ စိတ္အားထက္သန္တဲ့ လူငယ္မ်ိဳးဆက္ေတြက သူမ်ားေတြကို ကူညီေပးေနၾကတာ
ဒါေပမယ့္ အဲဒီမွာ ေနရတာ အဆင္မေျပေလာက္ဘူး အရင္တုန္းက ေနခဲ့တဲ့လူေတြလိုမ်ိဳး ႐ြာသားေတြ
ဆီကေန ဘယ္လိုေနရမလဲဆိုတာ သင္ယူထားေစခ်င္တယ္ ''
" ကြၽန္ေတာ္ ႀကိဳးစားေနပါတယ္ဗ် ''
" ႐ြာသားေတြရဲ႕ကိုယ္စား ေက်းဇူးတင္ပါတယ္ ''
အဲသလိုေျပာၿပီး ဦးဆက္ဒါက ဆရာေလးထီရန္အနားကပ္လာကာ ဆရာေလးထီရန္၏ ပုခုံးကို လက္တစ္ဖက္က ကိုင္၍ ဆရာေလးထီရန္ကို အဲသလို ေျပာေလသည္။
" မင္းလိုလူမ်ိဳးက ရွားပါးရတနာပဲ အခ်ိန္အၾကာႀကီး ေနသြားသင့္တယ္ ''
အဲသလို ဆရာေလးထီရန္က မဟုတ္ရင္မခံတတ္ဘဲ သူတို႔ကို ဆန့္က်င္ဖူး၍ ဦးဆက္ဒါ ေျပာလာေလသည္။ အဲ့ေနာက္ ဦးဆက္ဒါလည္း ေဒါက္တာနမ္ကို ႏႈတ္ဆက္ကာ ထြက္သြားေလေတာ့သည္။
" သြားလိုက္ဦးမယ္ ေဒါက္တာ ''
" ဟုတ္ကဲ့ မဂၤလာပါ ''
ဦးဆက္ဒါနဲ႕ သူ၏လူယုံေတာ္ ထြက္သြားၿပီးေနာက္ ေဒါက္တာနမ္က သက္ျပင္းေတြ ခ်ပါေတာ့သည္။
" ဟူး ''
အဲ့ေနာက္ ဆရာေလးထီရန္ဆီကို တြန္ဆီက ဖုန္းဝင္လာရာ ဆရာေလးထီရန္က ဖုန္းေျပာလိုက္ေလသည္။
" ဟယ္လို တြန္ ''
" ... ''
" ဟမ္ မင္းအခု ခ်င္းမိုင္မာလား ''
" .... ''
" အင္း အင္း ရတယ္ ၿပီးက်ရင္ ေတြ႕မယ္ ''
အဲ့ေနာက္ ဆရာေလးထီရန္က အၿပဳံးကေလးျဖင့္ ေဒါက္တာနမ္ကို အားနာသလိုလို ေျပာေလေတာ့သည္။
" ေဒါက္တာ ကြၽန္ေတာ္ ဒီေန႕ ဖာပန္းေဒါင္းကို အတူ ျပန္မလိုက္လို႔ ရလား ''
အဲသလို ဆရာေလးထီရန္ ေျပာရာ ေဒါက္တာနမ္လည္း ၿပဳံးျပၿပီး ဖာပန္းေဒါင္းကို ဆရာေလးထီရန္မပါဘဲ ေဒါက္တာနမ္ တစ္ေယာက္တည္း ျပန္ခဲ့ေလေတာ့သည္။
ဆရာေလးထီရန္လည္း သူ၏ေဘးလြယ္အိတ္အျဖဴကိုလြယ္ကာ ဖာပန္းေဒါင္းရိုးရာဝတ္စုံဝတ္၍ အေအးဆိုင္တစ္ဆိုင္တြင္ တြန္ကို ေစာင့္ေနေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္က တြန္ ဝင္လာသည္ကို ျမင္၍ လွမ္းေခၚလိုက္ေလသည္။
" ေဟ့ တြန္ ''
" ေဟ့ ထီရန္ ဘယ္လိုလဲ ကိုယ့္လူ ဖက္ပါဦး ''
တြန္က ဆရာေလးထီရန္အနားသြားကာ မေတြ႕တာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ အလြမ္းသယ္ဖက္ထားလိုက္ေလသည္။
" မင္းငါ့ကို ဒီအထိလာေတြ႕မယ္လို႔ မထင္ထားဘူး ''
" ငါက စကားတည္တဲ့လူပါကြ ''
အဲ့ေနာက္ ထိုင္ခုံမွာ ထိုင္လိုက္ၾကၿပီး သူငယ္ခ်င္းႏွစ္ေယာက္ အလြမ္းသယ္ စကားဆိုၾကေလေတာ့သည္။
" ေခြးေကာင္တြန္ ငါ မင္းကို သတိရေနတာ ''
" ဒါက မင္းသတိရတဲ့ ပုံစံလား ''
" ေအး ''
" ဟုတ္ပါၿပီ ေခြးေကာင္ထီရန္ ''
" မင္းလည္း ငါ့ကို အမ်ားႀကီး သတိရေနတာ
ျဖစ္ရမယ္ ''
" ဒါေပါ့ သူငယ္ခ်င္းေရ ''
" မင္းက ဘာေတြ ဝတ္ထားတာလဲ ''
" ဘာလို႔လဲ ''
" ငါ့အတြက္ေရာ မရွိဘူးလား ငါလည္း ဝတ္ခ်င္လို႔ ''
အဲ့သလို တြန္က ဆရာေလးထီရန္ ဝတ္ထားသည့္ ဖာပန္းေဒါင္းမ်ိဳးႏြယ္စုအဝတ္အစားကို ၾကည့္၍ ေျပာေလသည္။ ထို႔ေနာက္ ခ်င္းမိုင္က ေဟာ္တယ္တစ္ခုတြင္ တြန္ ႏွင့္ ဆရာေလးထီရန္ အနားယူေနေလသည္။
သူတို႔က ခုံမွာ ဇိမ္နဲ႕ထိုင္ၿပီး ေျခေထာက္ကို ခုံတစ္ခုေပၚတင္ကာ ထိုေဟာ္တယ္က ဝန္ထမ္းေတြက ေျခေထာက္ကို ႏွိပ္ ေပးေနေလသည္။ ယခုေတာ့ ဆရာေလးထီရန္ သူေဌးသားထီရန္အလား ေျပာင္းသြားသလို ျဖစ္ေလသည္။
" ဒီမွာ အခ်စ္ဆုံးသူငယ္ခ်င္းအတြက္ ''
အဲသလို ေျပာၿပီး တြန္က ဆရာေလးထီရန္ကို အေဖ်ာ္ရည္ပုလင္းေလး ေပးလိုက္ေလသည္။
" ေတာင္ေပၚမွာ ဆရာျဖစ္ခ်င္တဲ့ ဆႏၵ
ျပည့္ဝသြားလို႔ ''
" .... ''
" အ ဘာလို႔ အဲဒါ ေပးလဲ စဥ္းစားေနတာမို႔လား အဲဒါက မင္းက်န္းမာေရးအတြက္ ေကာင္းတယ္တဲ့ ''
အဲ့ေနာက္ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာႏွင့္ ေရတံခြန္မွာ ေရခ်ိဳးေတာ့ ေခါင္းေဆာင္ဖူဖာ ထိုအေဖ်ာ္ရည္ေသာက္တာကိုသတိရမိေလေတာ့သည္။
" က်န္းမာေရးအတြက္ ေကာင္းေစတယ္ေပါ့ ''
" ဘာေတြေျပာေနတာလဲ ''
" ဘာမွမဟုတ္ပါဘူး ''
ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို သတိရ၍ မလႈံမလဲဲျဖစ္သြားၿပီး အေဖ်ာ္ရည္ကို ဖြင့္ေသာက္လိုက္ေလသည္။
" ဒါနဲ႕ ေဟ့ေကာင္ ငါ့အေမ မင္းဆီ
ဖုန္းဆက္ေသးလား ''
" ေရၾကည့္လိုက္ဦးမယ္ ''
အဲသလို တြန္က လက္ခ်ိဳးေရတြက္ရင္း စေနာက္လိုက္ေလသည္။
" တစ္ခါပဲ ေခၚတယ္ ''
" ဒါဆို မင္းက ဘာလို႔ တြက္ေနေသးတာလဲ ''
" ေအ ဒါေပမယ့္ ငါ ဘာမွ မေျပာလိုက္ပါဘူး မင္းအေမလည္း ခဏေလးနဲ႕ ဖုန္းခ်သြားတာ အဲဒီေနာက္ပိုင္း သူ ငါ့ကို စိတ္ဆိုးေနမယ္ထင္တာပဲ ''
" အင္း ေတာ္ေသးတာေပါ့ သူ႕ကို ဘာမွေျပာမေနနဲ႕ ေကာင္းတယ္ အေမ့ကို ဘာမွ သြားေျပာစရာ မလိုဘူး ''
" ေအ မင္းကေရာ ဘယ္လိုအေျခအေနရွိလဲ ''
" ငါလား အရမ္းကို မိုက္တာ စိတ္ကူးၾကည့္လိုက္ မင္းအိမ္ မီးပ်က္သြားရင္ လုံးဝကို တိတ္ဆိတ္သြား
တာေလ ေနဝင္သြားရင္ ေန႕တိုင္း အဲဒီလိုမ်ိဳးပဲ ၿပီးေတာ့ မင္းသိလား ငါ အဲဒီကို ပထမဆုံးေရာက္တဲ့ေန႕က
ငါစားဖို႔ ဘာမွကို မရွိဘူး ငါ့ဘာသာ ရွိတာကို စားဖို႔ အတင္းတြန္းအားေပးခဲ့ရတာ ၿပီးေတာ့ မင္းသိေသးလား
ငါ ျခင္ေတြနဲ႕ေတာင္ သူငယ္ခ်င္းျဖစ္ေနၿပီ ငါ ေန႕တိုင္းကို အကိုက္ခံေနရတာ တစ္ညက်ေတာ့ ငါ
ငါငါ အီးပါခ်င္လာတယ္ ဗိုက္ကေသေလာက္ေအာင္ နာေနတာ အဲဒါနဲ႕ မီးအိမ္ကို ကိုင္ၿပီး အိမ္သာကို ေျပးတာေပါ့
ခက္တာက အိမ္သာက အိမ္နဲ႕ ၃၀ ကီလိုမီတာေလာက္ ေဝးေနတာပဲ ၿပီးေတာ့ အိမ္သာကို သြားတဲ့
လမ္းကလည္း မတရားေမွာင္တာ အဲဒါနဲ႕ မီးအိမ္ကိုင္ၿပီး လမ္းေလွ်ာက္သြားတာေပါ့ ေဘာင္းဘီကို
ခြၽတ္လိုက္တာနဲ႕ တန္းထြက္က်ကဳန္တာပဲ အဟာ ငါ ေခါင္မိုးကို ၾကည့္လိုက္ေတာ့လည္း ေတာက္တဲ့တစ္ေကာင္
ေရာက္ေနတာေလ ေၾကာက္စရာေတာက္တဲ့ႀကီး ေတြးၾကည့္လိုက္ ေသစမ္း ငါ ေဘာင္းဘီကို အျမန္
ဆြဲတင္ၿပီးေတာ့ မီးအိမ္ကိုင္ၿပီး အိမ္ကိုတန္းေျပးေတာ့တာပဲ ''
အဲသလို လွ်ပ္စစ္မီးမရွိ၍ ညဆိုအၿမဲ ေမွာင္ေနတာေတြ အစားအစာေတြကိုလည္း အသားက်ေအာင္ စားေသာက္ခဲ့ရတာေတြ ဗိုက္ေအာင့္၍ အီးပါခ်င္လာလို႔ အဲသလို ဟာသျဖစ္ခဲ့ပုံေတြကို ရည္ၿပီးေျပာေနေတာ့ တြန္လည္း ဆရာေလးထီရန္ တစ္နည္းအားျဖင့္ ဒီအခ်ိန္ သူေဌးသားနဲ႕ပိုတူေနသည့္ ထီရန္ကို ၾကည့္ကာ ရယ္ၿပီး ၿပဳံးစိစိျဖစ္ေနေလသည္။
" ဘာေတြၿပဳံးေနတာလဲ "
" ငါ ေတြးေနတာ ဒီေလာက္အဆင္မေျပတာႀကီးကို မင္းက ဘာလို႔ေနေနတာလဲလို႔ ''
" အဲဒါက ေနလို႔ေကာင္းတယ္ေလ ေဟ့ေကာင္ရ ဘယ္လိုေျပာရမလဲ ငါတို႔ဘဝမွာ ႀကဳံေတြ႕ရတဲ့ေန႕ရက္တိုင္းက ဒီလိုမ်ိဳးမွမဟုတ္တာ ''
" ဒါဆို မင္းက ဘာအတြက္ လုပ္ေနတာလဲ ''
ဆရာေလးထီရန္လည္း ခဏတာေတြေဝသြားၿပီး အေျဖကို မရွင္းမရွင္းျဖင့္
" ဟို ဟို ငါထင္တာေတာ့ ငါအသစ္အဆန္းေလးေတြ ရွာခ်င္လို႔ပဲလို႔ထင္တယ္ ''
" တကယ္ေတာ့ေလ မင္းလိုလူမ်ိဳးက အသစ္အဆန္းေတြ ရွာခ်င္တာဆိုရင္ အိမ္ကိုျပန္လာေနတာ ၾကာေနေလာက္ၿပီ ထီရန္ တျခားတစ္ခုခုရွိကိုရွိရမယ္
ေျပာစမ္း ''
အဲသလို တြန္က ဆရာေလးထီရန္၏ လည္ပင္းပုခုံးကို ဖက္ကာ ဆံပင္ကို အသာေလးပြတ္ဆြဲလိုက္ေလသည္။
" ေျပာစမ္း အခုေနာ္ ငါ ေျပာလို႔ ေျပာေနတယ္ ''
" ေဟ့ နာတယ္ကြ ''
" လုပ္စမ္းပါ ေျပာပါကြ ''
အဲသလို တြန္က ဆရာေလးထီရန္ အိမ္ကိုအေတာ္ႏွင့္ျပန္မလာသည္မွာ ဖာပန္းေဒါင္း႐ြာတြင္ တစ္ခုခုေၾကာင့္ မျပန္လာတာျဖစ္ရမယ္ဆိုၿပီး အဲဒီတစ္ခုက ဘယ္အရာလည္း ဆိုတာကို ေမးျမန္းေနေလသည္။ ဖာပန္းေဒါင္း႐ြာကဘယ္သူက ဆရာေလးထီရန္ကို မျပန္ခ်င္ေအာင္ ဆြဲေဆာင္ထားသည့္သူက မည္သူလဲဆိုတာ ေစာင့္ၾကည့္ရေပမည္။
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္