(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 4(C)
အပိုင်း(၁၂)
" ဘာလဲ လွှတ် ''
" စိတ်ဝင်စားဖို့ကောင်းလား ''
" ဘာကိုလဲ ဘာမှမမြင်ဘူးနော် ''
" သေချာလား ''
ခေါင်းဆောင်ဖူဖာက စကားပြောရင်းဖြင့် ဆရာလေးထီရန်၏ ခါးအောက်ပိုင်းကို လှည့်ကွက်လှည့်ကွက် ကြည့်နေလေသည်။ ဆရာလေးထီရန်လည်း မီးအိမ်လေးကိုင်ကာ ကြောင်တောင်တောင်ဖြစ်နေလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက လက်ကလေးပိုက်၍ ဓာတ်မီးလေးကို ဆရာလေးထီရန်၏ အငယ်လေး ရှိရာတည့်တည့် မီးထိုးထားလိုက်လေသည်။ ဆရာလေးထီရန်က မင်္ဂလာဦးညကြည့်ထားသမို့ သူ၏အငယ်လေး နိုးကြားနေတာကို ဖုန်းထားလိုက်ရလေတော့သည်။
" ဟေး မီးပိတ်လိုက်စမ်းပါ ''
" တိတ်တိတ်နေ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ကြည့်ကာ ပြုံးမိနေလေတော့သည်။ အဲ့နောက် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ကျောင်းအိမ်ယာကို လိုက်ပို့ပေးလေတော့သည်။
" ခေါင်းဆောင်ကို စခန်းပြန်သွားပြီ ထင်နေတာ ''
" တစ်ယောက်ယောက်က ရူးကြောင်ကြောင်တွေ လုပ်တော့မယ်ဆိုတာ ခံစားမိနေလို့လေ မှန်နေတာပဲ ''
" ဘယ်သူထင်ထားမှာလဲ ညဘက်ခွေးဟောင်သံကြီးက လူကို ဆွလိမ့်မယ်လို့ ကျွန်တော်ကဖာပန်းဒေါင်းပုံပြင်နဲ့ ဆက်စပ်မယ်လို့ ထင်နေခဲ့တာ ''
" မင်းက ဘယ်ကကြားလာတာလဲ ''
" အစ်ကိုလည်း ကြားခဲ့တာလား လောင်ထယ် ကျွန်တော့်ကို ပြောပြတာ သူတို့ပြောတာကတော့ နှစ်တစ်နှစ်
ရဲ့နောက်ဆုံးရက်မှာ ဖာပန်းဒေါင်းချောက်ကမ်းပါးကို သွားပြီးတော့ ကြယ်တစ်ထောင် ရေတွက်နိုင်ခဲ့ရင်
ကျွန်တော်တို့ ဆုတောင်းလို့ရတယ်တဲ့ ဒါဆို အဲဒီဆုတောင်းက တကယ်ပြည့်တယ်တဲ့ ပြီးတော့
လောင်ထယ်က ပြောပြသေးတယ် မနက်ဖြန်မှာ လက်ထပ်တော့မယ့် သတို့သားက အဲဒီကိုသွားပြီး
သူအချစ်ရေးအတွက် ဆုတောင်းခဲ့တာတဲ့ တစ်နေ့နေ့ကျရင် သူ့ကောင်မလေးနဲ့ လပ်ထပ်ရပါစေဆိုပြီးတော့
ပြီးတော့ သူ့ဆုတောင်းက တကယ်ဖြစ်လာခဲ့တယ်တဲ့လေ ဟုတ်သား ကျွန်တော်ကြားတာတော့ အစ်ကိုလည်း
အရင်ကဆရာမလေးကို အဲဒီနေရာခေါ်သွားနေကျဆို ''
" အဲဒီတော့ ဘာဖြစ်လဲ ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ပြောပြသည်ကို နားထောင်၍ လမ်းလျှောက်လာပြီး ဆရာလေးထီရန်က ဆရာမထော့ဖန်ကို အဲဒီနေရာ ခေါ်သွားသလားဟူ၍ မေးရာ ခေါင်းဆောင်ဖူဖာက အဲသလို ပြန်ဖြေလိုက်လေသည်။
" ခေါင်းဆောင် ဖာပန်းဒေါင်းပုံပြင်ကို ယုံလား ''
အဲသလို ပြောလာသည့် ဆရာလေးထီရန်က ဆရာမထော့ဖန် ပြောသလို ပြောလာသမို့ ခေါင်းဆောင်ဖူဖာက ထူးခြားမှုကို ခံစားရလေ၍ ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ အကြည့်တွေ ထပ်ဆုံနေကြပြန်လေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် မေးသည်ကို ပြန်မဖြေဘဲ သက်ပြင်းချ၍ စကားလမ်းကြောင်းလွှဲလိုက်လေတော့သည်။
" ဟူး ရောက်ပြီ အိပ်ယာဝင် နောက်မကျစေနဲ့ မင်္ဂလာပွဲက မနက်အစောကြီးစမှာ ''
အဲ့နောက် ဆရာလေးထီရန်က သူမေးတာပြန်မဖြေသည့် ခေါင်းဆောင်ဖူဖာကို မကျေမချမ်း စိတ်ကောက်သည့် ပုံစံဖြင့် အဲသလို ပြောပါတော့သည်။
" ကျွန်တော့်ကို အဲဒီလောက် အိပ်စေချင်နေရင် အိပ်ယာဝင်ပုံပြင် ပြောပြမှရမယ် အဲဒါမှ အိပ်မက်ကောင်းကောင်းလေး မက်မှာ ''
" ဘာပုံပြင် ကြားချင်လဲ ''
" ရွဲ့ပြန်ပြီ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ပြုံးပြပြီး မီးအိမ်လေး ကမ်းပေးလိုက်လေသည်။
" ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲနော် ခေါင်းဆောင် ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့ပေးလို့ ''
" အင်း ''
" သွားတော့ ''
" ကောင်းသောညပါ ''
ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ပြုံးရည်ကာ အကြည့်တွေ ဆုံနေကြပြီး ဆရာလေးထီရန်က အိမ်ပြန်ဖို့ ပြောရာ ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး ဆရာလေးထီရန်လှည့်ကြည့်ရာ ခေါင်းဆောင်ဖူဖာက ဓါတ်မီးလေးတစ်လက်ဖြင့်မနီးမလှမ်းကို ရောက်ရှိသွားသည်ကို ဆရာလေးထီရန် တွေ့ရှိလေတော့သည်။ ထို့နောက် ဆရာလေးထီရန်က သူ၏အတွေးနှင့်သူ တွေးရင်းဖြင့် ကြည်နူးမှုအပြုံးတွေ ပြုံးလိုက်လေသည်။
ထိုညလေးတော့ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် အရင်ချိန်ကထက် ပိုပြီး ရင်းနှီးလာကာ ပိုပြီးတော့လည်း ရင်ထဲ၌ ထူးခြားမှုကို ခံစားလာရလေသည်။
နောက်တစ်နေ့မနက် ဖာပန်းဒေါင်းရွာ၏ အရှေ့ဘက်ယွန်းယွန်းမှ နေထွက်လာပြီး မနက်ခင်းဆည်းဆာလေးနှင့်အတူ မင်္ဂလာပွဲကို ကျင်းပနေလေတော့သည်။
" လာပြီ လာပြီ ''
သတို့သမီး ကို ထမ်းစင်ဖြင့် ထမ်းခေါ်လာပြီး ခမာ ဆရာလေးထီရန် လောင်ထယ်တို့နှင့်အတူ ရွာသူရွာသားတွေက စောင့်ဆိုင်းဆီးကြို၍ ပြုံးပျော်နေကြလေသည်။
" ဝေး ဟေး ''
" လာလာ ဟုတ်ပြီ ရပ် သတို့သမီးကို ခေါ်ခဲ့ ''
သတို့သမီးကို ထမ်းလာသည့် ထမ်းစင်ကို မြေပြင်ပေါ်ချကာ ခမာက သတို့သမီးကို သူ့ဆီကို ခေါ်လာခိုင်းလေတော့သည်။
" ဖြည်းဖြည်းလေး မချော်လဲစေနဲ့ သတို့သား ခေါ်ခဲ့ပါဦး သတို့သားက သတို့သမီးကို ခေါ်လိုက်ပါဦး လက်တွေ ကိုင်ထားကြ ''
သတို့သားနှင့် သတို့သမီးက ဖာပန်းဒေါင်းမျိုးနွယ်စု၏ ရိုးရာမင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခမာပြောသလို လက်တွေ ကိုင်ထား၍ ပြုံးပျော်နေကြလေသည်။
" ဟုတ်ပြီ ကလေးတွေ အများကြီး ရပြီး အိမ်ထောင်သက် အကြာကြီးထိ ပေါင်းရပါစေ ''
" ဝေး ဟေး ချပ် ချပ် ချပ် ''
ရွာသူရွာသားတွေက ပြုံးပျော်ကာ လက်အုပ်အော်ဘာတွေ ပေး၍ ချီးမြှောက်လိုက်ကြလေတော့သည်။ ထို့နောက် သက်ကယ်မိုး အကာအခင်းမရှိသည့် အမိုးသာရှိသည့် အိမ်ထဲတွင် ကွက်ပျက်ပေါ်၌ သတို့သားနှင့် သတို့သမီး လက်အုပ်ကလေးတွေချီကာ ခမာက ပန်းခက်လေးဖြင့် အောင်ပန်းပန်၍ ရေစင်တော် ပက်ဖြန်းပေးလေသည်။
" ခေါင်းငုံ့ဦး ဟုတ်ပြီ မင်္ဂလာရှိတဲ့နေ့လေးပဲ ကောင်းချီးပေးတာကို လက်ခံလိုက် မျက်နှာကို အမှုန့်လေး လိမ်းပေးမယ် ဖြည်းဖြည်း ''
အဲ့နောက် လောင်ထယ်က ကင်မရာလေးဖြင့် မှတ်တမ်းတင် ဓါတ်ပုံ သတို့သားနှင့် သတို့သမီးကို ရိုက်လိုက်လေသည်။ လောင်ထယ်၏နဘေးမှ ဆရာလေးထီရန်က ခမာကြက်ဥတွေ ယူလာသမို့ လောင်ထယ်ကို အကြောင်းစုံ မေးလေတော့သည်။
" ကြက်ဥက ဘာလုပ်ဖို့လဲ ''
" အဲ့ဒါက ရှေ့ဖြစ်ရပ်ကို ခန့်မှန်းမလို့ တကယ်လို့ ကြက်ဥပြုတ်က လွတ်ကျသွားရင် ကလေးမရဘူးတဲ့ ''
" အဟား ရယ်စရာတော့ ကောင်းသား ငါကြားဖူးတာတော့ ကလေးလိုချင်ရင် ကြက်ဥတစ်လုံးလွှင့်ပစ်ရတယ်တဲ့ ''
အဲ့နောက် ခမာက ယူလာသည့် ကြက်ဥပြုတ်ကို သတို့သားနဲ့ သတို့သမီးအား အောက်မှ လက်ဖဝါးဖြန့်၍ ခံခိုင်းပြီး ခမာက အပေါ်မှ လွှတ်ချပေးရာ ထိုကြက်ဥပြုတ်ကို ဖမ်းမိလေတော့သည်။ ကြက်ဥပြုတ် မလွှတ်ကျ၍ ခမာက ထိုသို့ စကားဆိုလာတော့သည်။
" တစ်အိမ်လုံးအပြည့် ကလေးတွေ ထွန်းကားမယ် ''
အဲ့နောက် သတို့သားနှင့် သတို့သမီးက လက်အုပ်ချီ အရိုအသေပေးပြီး လောင်ထယ်လည်း မှတ်တမ်းတင် ဓါတ်ပုံတွေ ရိုက်ကူးနေလေသည်။
အဲ့နောက် ထိုမင်္ဂလာဆောင်ပွဲတွင် အိမ်ပြင်၌ ကလေးတွေ ပျော်မြူးကာ ကစားနေသည့်အသံက ရုတ်တရက်ထွက်ပေါ်လာလေတော့သည်။
" ဟေး သူတို့ ချွန် ဆော့တာ မြင်ဖူးချင်လား ''
" ချွန် လား ဘာကြီးလဲ ''
လောင်ထယ်က အဲသလို ကလေးတွေ ဆော့နေသည့် ကစားပွဲ၏အမည်ကို ပြောပြရာ ဆရာလေးထီရန်က နားမလည်သမို့ လောင်ထယ်က ဆရာလေးထီရန်၏လက်ကို ဆွဲကာ ကစားနေသည့်နေရာကို ခေါ်သွားလေသည်။
" ဒီမှာလေ ဒါလေ ဒါကို ချွန် လို့ ခေါ်တယ် ''
" အော် အေး ဒါကို ငါတို့က ဂျင်ပေါက်တယ်လို့
ခေါ်တာ ''
မှန်၏။ ဖာပန်းဒေါင်းရွာတွင် ဂျင်ပေါက်သည်ကို ချွန် ကစားနည်းဟူ၍ ခေါ်လေသည်။ လောင်ထယ်က ထိုကစားပွဲကို ဆရာလေးထီရန်အား ဆော့ကစားခိုင်းနေလေသည်။
" စမ်းကြည့်ချင်လား အပျော်ပေါ့ ''
" ကောင်းပြီလေ အာရီ အစ်ကို
ဆော့ကြည့်လို့ရမလား ''
ဆရာလေးထီရန်က အာရီလက်ထက်မှ ချွန် ကို လှမ်းတောင်းလိုက်လေသည်။ တစ်ခြားသောရွာသူရွာသားတွေကလည်း အာရီကို ပေးဆော့ဖို့ ပြောလေသည်။
" သူ့ကို ပေးဆော့လိုက် ''
" ရပါတယ် ''
" အိုကေ ''
" ခေါင်နွန်းနဲ့ပြိုင် ''
" ခေါင်နွန်းနဲ့ ပြိုင်ရမယ်ပေါ့ ဟုတ်လား လာ ခေါင်နွန်း ''
" သူက ရွာရဲ့ချန်ပီယံနော် ''
" ရွာရဲ့ ချန်ပီယံလား ''
" ၁၂၃ ရေး တော်လိုက်တာ အစ်ကို ''
အဲသလို ဆရာလေးထီရန်နှင့် ခေါင်နွန်း ဂျင်ပေါက်ကြရာ ဆရာလေးထီရန် နိုင်သွားလေတော့သည်။ သူတို့ အားလုံးပျော်ရွှင်ကာ နေကြလေတော့သည်။
ထိုအချိန် ခေါင်းဆောင်ဖူဖာ ဒေါက်တာနမ် တပ်သားလန် ရော့ချန်းတို့ ထိုကစားပွဲအနီးကို ရောက်လာလေသည်။ ဒေါက်တာနမ်က ပျော်နေသည့် ဆရာလေးထီရန်ကို ကြည့်ကာ ခေါင်းဆောင်ဖူဖာကို အဲသလို ပြောပါတော့သည်။
" ဒီမှာ မင်း ညီလေးကို ကြည့်ဦး အခုတော့ ရွာသားတွေနဲ့ အဆင်ပြေနေပြီ ''
အဲ့နောက် ရော့ချန်းက ရုတ်တရက် အဲသလို ပြောလာပြန်လေသည်။
" အေ ငါတို့ လောင်းထားတာ ဘယ်လိုဖြစ်သွားပြီလဲ ငါတို့ အရင်က ထီရန် တစ်လတောင် ကြာမှာမဟုတ်ဘူးလို့ လောင်းထားတာ ဒါနဲ့ ဘယ်သူပိုက်ဆံရမှာလဲ ''
" ငါ ငါလေ ငါ အကုန်းလုံး ငါရမှာ ''
အဲသလို သူ့ကိုယ်သူ ဖာပန်းဒေါင်းမှာ အချောဆုံးဟူ၍ ဂုဏ်ယူနေသည့် လန်က လောင်းကြေးတွေ သူရမှာ ဟူ၍ ပြောလေသည်။
" ငါက ထီရန်ဘက်က လောင်းခဲ့တာ ငါသေချာမှတ်မိတယ် ''
" စိတ်လျှော့ဦး ''
အဲသလို ခေါင်းဆောင်ဖူဖာက လန်ကို ပြောလိုက်လေသည်။
" ရက်တွေ အများကြီး ကျန်သေးတယ် ''
" ဟေး ဘာလဲ မင်းက သူ့အတွက် ရက်တွေ တွက်ထားတာလား အရင်ဆရာတွေတုန်းက သူ ရက်တွက် မထားဘူးနော် ''
အဲသလို ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာကို ထပ်ပြီးတော့ စနောက်လိုက်ကာ ရော့ချန်း လန် တို့ကိုလည်း မေးလိုက်သေး၏။
" ဟုတ်တယ် မတွက်ထားဘူး မတွက်ထားဘူး ''
အဲ့နောက် လန်က အဲသလို ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ဂရုတစိုက် လေးလေးနက်နက် တန်ဖိုးထား နေသမို့ အသည်းတွေယားနေသည်ဟူသည့် ပုံစံဖြင့် စနောက်ရာ ခေါင်းဆောင်ဖူဖာက မျက်နှာတင်းပြ၍ လန်က စနောက်နေတာ ရပ်လိုက်ရလေသည်။
ထို့နောက် လောင်ထယ်က မှတ်တမ်းဓါတ်ပုံတွေ ရိုက်ရင်း ခေါင်းဆောင်ဖူဖာကို မြင်၍ ကစားပွဲဆီကို ခေါ်လိုက်လေသည်။
" ခေါင်းဆောင် ခေါင်းဆောင် ဒီကိုလာလေ ''
အဲ့နောက် အာရီက ဂျင်ပေါက်ရင်း လှဲကျသွား၍ ဆရာလေးထီရန်က သွားပြီးထူပေးလိုက်သည်။
" လာကူပါဦး ''
" အဖွဲ့လိုက်ပြိုင်ချင်တာလား ''
" ပျော်ဖို့ကောင်းလား ''
" မင်္ဂလာပါ ခေါင်းဆောင် မင်္ဂလာပါ အစ်ကို ဒေါက်တာနမ် အစ်ကိုလန် ''
" ခေါင်းဆောင် အစ်ကိုထီရန်က တကယ်တော်တယ် ''
ဆရာလေးထီရန်က အဲသလို နှုတ်ဆက်ပြီး လောင်ထယ်က ဆရာလေးထီရန်၏ ဂုဏ်ရည်ကို ပြောပြလိုက်လေသည်။
" ကူဦး ''
" တော်ပြီ ကြည့်ပဲကြည့်တော့မယ် ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်နဲ့ပြိုင်ခိုင်းတာကို ငြင်းသမို့ ကလေးတွေနဲ့ တခြားလူတွေက ညဉ်းသံတွေ ထွက်ပေါ်လာလေတော့သည်။
" အိုး အိုး ခေါင်းဆောင် ''
" ဘာလို့လဲ ကြောက်တာလား ခေါင်းဆောင် ''
ဆရာလေးထီရန်က အဲသလို မေးလိုက်ရာ ခေါင်းဆောင်ဖူဖာကလည်း ဂျင်ပေါက်ဖို့ သဘောတူလိုက်လေတော့သည်။
" အိုး ဟွေး ''
" ဒီကလေးကစားစရာလေးကို မပြိုင်ရဲဘူးလား ''
" ဒါဆို ငါနိုင်သွားရင် ဘာပေးမှာလဲ ''
" ဝိုး ''
အဲသလို ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ပြောနေကြရာ စကားအဆုံးမှာ ရွာသူရွာသားတွေက သူတို့ကိုကြည့်၍ တဝိုးဝိုး တဟားဟား ဖြစ်နေကြလေသည်။
" ဒီလိုဆိုရင်ရော အနိုင်ရတဲ့လူက တစ်ခုတောင်းဆိုခွင့်ရမယ် သဘောတူလား ''
" ဝိုး ''
" ခေါင်နွန်း ဂျင်လေးငှားပါဦး ''
" ဝိုး ''
" ငါ့ကို လေ့ကျင့်ဖို့ အချိန်ပေးဦး ငါ မဆော့တာကြာပြီ ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ဆီမှာ လေ့ကျင့်ဖို့ အချိန်တောင်းလိုက်လေသည်။
" လုပ်ပါ ဘယ်လိုလဲဆိုတာ ပြလိုက် ''
အဲသလို ရွာသားတွေက ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ဂျင်ပေါက်ပြိုင်နေသည်ကို ကြည့်ကာ ပြောနေကြလေသည်။
" ဝိုး ''
ကလေးတွေနဲ့တစ်ခြားသူတွေက ခေါင်းဆောင်ဖူဖာ ဂျင်ပေါက်၍ အကြာကြီး လှည့်နေတာကို ကြည့်ကာ တဝိုးဝိုး အော်ကြလေသည်။
" အစ်ကိုက ညစ်တာပဲ ကြိုးက ကျွန်တော့်ဟာထက် ပိုကောင်းတာကိုး ''
" ဘာလို့လဲ ရှုံးမှာ ကြောက်သွားပြီလား ထီရန် ''
အဲသလို ခေါင်းဆောင်ဖူဖာက လေ့ကျင်၍ ယုံကြည်မှုရှိသွားကာ ဆရာလေးထီရန်ကို ထိုသို့ ပြောလိုက်လေရာ ကလေးတွေက တဝါးဝါး တဝိုးဝိုး ဖြစ်ပြန်ရသည်။
" ဝိုး ''
" ဆရာလေးထီရန် အားတင်းထား ''
" အနိုင်ယူလိုက် ဆရာလေးထီရန် ''
" ဟုတ်တယ် အစ်ကိုထီရန် ''
" ထီရန် လုပ်နိုင်တယ် ''
" ၈၀ လား ၁၀၀ ၁၀၀ ဟေ့ ၁၀၀ ''
အဲသလို ဆရာလေးထီရန်ကို အားပေးစကားပြောပြီး ရာခိုင်းနှုန်းအပြည့် နိုင်မည်ဟုလည်း ပြောဆိုနေကြလေသည်။ အဲ့နောက် ဆရာလေးထီရန်က ဂျင်ပတ်သည့်ကြိုးကို ခြေဖဝါးဖြင့် ဖိ၍ ဆွဲနေရာ လောင်ထယ်က ဘာလုပ်နေတာလဲ ဟူ၍ မေးလေသည်။
" အဲ့ဒါက ဘာလုပ်နေတာလဲ အစ်ကို ''
" ကြိုးကို ပိုကြမ်းအောင် လုပ်နေတာ ဂျင်ထိပ်မှာ များများပွတ်အောင်လို့ ''
" ရှုူံးမှာပဲ ရှုံးမှာ ''
လန်ကလည်း ခေါင်းဆောင်ဖူဖာကို ချီးကျူးအားပေးစကားပြောသည်က ရှယ်ပဲ ဖြစ်၏။ ရှုံးမှာပဲ ရှုူံးမှာ တဲ့ တယ်ဟုတ်သည့် လှောင်ပြောင်စကား ဖြစ်သည်။
" အဆင်သင့်ဖြစ်ပြီလား ၁၂၃ ''
အဲ့နောက် အဲသလို လောင်ထယ်က တိုင်ပင်ခေါ်ကာ ယှဥ်ပြိုင်ခိုင်း၍ ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ စတင်ပြီး ဂျင်ပေါက်လိုက်ကြလေတော့သည်။ ဂျင်ကလည်း အရှိန်အပြည့်နဲ့ လည်ပတ်နေလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာ၏ ဂျင်က ဆရာလေးထီရန်၏ ဂျင်ထက် အရှိန်လျော့သွားကာလှဲကျသွားပြီး ဆရာလေးထီရန်၏ ဂျင်က ပို၍အချိန်ကြာ လည်နေသမို့ ဆရာလေးထီရန် နိုင်သွားလေတော့သည်။
" ကောင်းပြီ လိုချင်တာက ဘာလဲ ''
" ကျွန်တော် ဖာပန်းဒေါင်းချောက်ကမ်းပါးကို သွားချင်တယ် ''
ခေါင်းဆောင်ဖူဖာက ရှုံးသွားသမို့ ဆရာလေးထီရန်ကို လိုအပ်တာ တောင်းခိုင်းရာ ဆရာလေးထီရန်က အဲသလိုပြောသမို့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို စူးစိုက်၍ အချိန်ကြာ ကြည့်နေလေတော့သည်။
မှန်၏။ အမြဲ ဖာပန်းဒေါင်းချောက်ကမ်းပါးကို သွားချင်နေသည့် ဆရာလေးထီရန်ကို ထော့ဖန်နှင့်တူသည်ဟု ခေါင်းဆောင်ဖူဖာ ခံစားနေရလေသည်။
တကယ်ပဲ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ရင်ခုန်မှုတွေ ပေးသလို ထူးခြားမှု အံ့သြမှုတွေလည်း ပေးပါသေးသည်။ ဒါတွေကို ခေါင်းဆောင်ဖူဖာက ဘယ်လိုအဖြေရှာ လက်ခံလာနိုင်မလဲဆိုတာ စောင့်ကြည့်ရပေဦးမည်။
ဒီလိုဖြင့် ညအချိန်လေးက တဖြည်းဖြည်းရောက်လာလေသည်။ ပြတင်းပေါက်မှ မီးခွက် အလင်းရောင်လေးထွက်ပေါ်နေသည့် ကျောင်းအိမ်ယာတွင် ဆရာလေးထီရန်က သူ၏အခန်းထဲကဝါးခင်းထားသည့် စားပွဲပေါ်မှ ဖောင်တိန်လေးကို ယူ၍ ပြက္ခဒိန်မှ ကုန်ဆုံးသွားသည့် ရက်တွေကို ကြက်ခြေခတ်လိုက်လေသည်။
အဲ့နောက် ထိုင်ခုံလေးမှာ ထိုင်ကာ ဆရာလေးထီရန်က သူ၏ကျောပိုးအိတ်ထဲမှ သူ၏ရင်ဘတ်ကအမာရွတ်အတွက် သောက်နေရသည့် ဆေးဘူးတစ်ခု ထော့ဖန်၏ဒိုင်ယာရီစာအုပ်ကို ထုတ်ယူလိုက်လေသည်။
ဆရာလေးထီရန်က ဒိုင်ယာရီစာအုပ်ကို ဖွင့်ပြီး ထော့ဖန်၏လုပ်အားပေးဆရာမကဒ်ပြားလေးကို ကြည့်ကာ နေလေသည်။
" နှစ်မကုန်ခင်တော့ ကျွန်တော် လုပ်နိုင်မယ်လို့ မျှော်လင့်တာပဲ ''
အဲသလို တစ်ယောက်တည်း တွေးရင်း ပြောနေလေသည်။ မှန်၏။ ဆရာမထော့ဖန်၏ နှလုံးကို ဆရာလေးထီရန်က အလှူခံထားသည်မို့ ဆရာမထော့ဖန်၏ ရည်ရွယ်ချက်ကို လုပ်ဆောင်ပေးလေသည်။ ဆရာလေးထီရန် နှစ်မကုန်ခင် ရည်ရွယ်ချက်တွေအားလုံးကို လုပ်ဆောင်နိုင်မည်လားဆိုတာ စောင့်ကြည့်ရပေဦးမည်။
နောက်တစ်နေ့မနက် ဖာဖီရွန်တပ်စုတွင် ခေါင်းဆောင်ဖူဖာ ရေချိုးနေလေသည်။ အဲ့နောက် ရေချိုးဆပ်ပြာလေးဖြင့် ရေချိုးလိုက်လေတော့သည်။
ဒေါက်တာနမ် လန် နှင့်ရော့ချန်းတို့ စားဖို့သောက်ဖို့အတွက် စားပွဲခုံဘေးမှာ ထိုင်ကာ ဟင်းတွေ လုပ်နေလေသည်။
" ကြက်သွန်ဖြူ များများထည့် အရသာလေး
ပိုပေါ်အောင်လို့ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက အခန်းထဲမှဘောင်းဘီအနက်အကြတ် ရှုးဖိနပ်အနက် ရှပ်အင်္ကျီ လွယ်အိတ်တစ်ခု အရေးပေါ် ဖုန်းတစ်လုံး ခါးကြားထိုးကာ ကျော့ကျော့မော့မော့ သန့်သန့်ရှင်းရှင်း ထွက်လာလေတော့သည်။
ဒေါက်တာနမ် လန် ရော့ချန်းတို့ အဲသလို ခေါင်းဆောင်ဖူဖာ၏ပုံစံကို မြင်ကာ စနောက်ကျပါတော့သည်။
" ဟွမ်း ခေါင်းဆောင် မင်္ဂလာပါ ဒီနေ့ မွှေးကြိုက်နေပါလား ''
ရော့ချန်း က အဲသလို ပြောပြီး အနံ့လေးကို ရှူရှိုက်ကာ ခေါင်းဆောင်ဖူဖာလည်း သူ့ကိုယ်သူ ပြန်ပြီး အနံ့ခံကြည့်နေလေသည်။
" ပါတီတွေ ဘာတွေများ သွားမလို့လား ''
" အိုး အွေး သူ့အတွက် ဒီက ဒေါက်တာက မြို့ထဲကနေ ရေချိုးဆပ်ပြာတောင် ဝယ်လာပေးထားရတာ ပါတီတော့ မဟုတ်လောက်ပါဘူး ''
ဒေါက်တာနမ်ကလည်း အဲသလို ပြောလိုက်လေသည်။ ပြီးနောက် ဒေါက်တာနမ်က စကားကို အသည်းယားအောင် ပြောလာ၍ လန်နှင့်ရော့ချန်း ဖလန်းဖလန်းတွေ ဖြစ်ကာ ခေါင်းဆောင်ဖူဖာကို လှောင်ကြလေသည်။
" ဒိတ်ထားတာ ဖြစ်လောက်တယ် ''
" အဟား ''
" ဒေါက်တာ ''
ခေါင်းဆောင်ဖူဖာက အဲသလို ဒေါက်တာလို့ ပြောပြီး ရော့ချန်းက ဒေါက်တာနမ်ကို ထပ်မေးပြန်သည်။
" ဒိတ် ဒိတ်ဆိုတာ ဘာလဲ ''
ထိုအခါ လန်က
" ဒိတ်ဆိုတာ လူနှစ်ယောက် အပြင်လျှောက်သွားပြီး အတူတူ ချစ်ကြည်နူးကြတာကို ပြောတာ ''
" အိုးဝိုး ''
" ဟေ့လန် မင်းမတော်သေးရင် ငါ မင်းကို အပစ်ပေးမှာနော် လိုချင်လား မင်းရော လိုချင်လား ''
" မလိုချင်ပါဘူး ''
အဲသလို ခေါင်းဆောင်ဖူဖာက မျက်နှာထားတင်းတင်းဖြင့် လန်နှင့် ရော့ချန်းကို ပြောကာ ဒေါက်တာနမ်က ရည်ချင်၍ မရည်ရဲဘဲ ပါးစပ်ကို မနည်းပိတ်ထားရလေသည်။ ထို့နောက် ခေါင်းဆောင်ဖူဖာက ထွက်သွားမလို လုပ်လေတော့သည်။
" သွားပြီ ''
ရော့ချန်းက ခေါင်းဆောင်ဖူဖာ အိမ်ပြင်တောင်မရောက်သေးဘဲ ထိုသို့ ပြောလိုက်လေကာ ဒေါက်တာနမ်က ထောက်ပံ့၍ စနောက် အသည်းယားအောင် လုပ်လိုက်ပြန်လေသည်။
" သူဘာကို ဒေါသထွက်သွားတာ ဖြစ်မလဲ ''
" ဒေါသထွက်တာ မဟုတ်ဘူး ရှက်နေတာ အား အဟား ဟား ''
" ဟေ့ ဒေါက်တာ ''
အဲသလို ခေါင်းဆောင်ဖူဖာက ရှက်သလိုလိုဖြင့် ပြောပြီး ဒေါက်တာနမ်တို့ တိတ်ဆိတ်သွားကာ ခေါင်းဆောင်ဖူဖာ ထွက်သွားလေတော့သည်။ ခေါင်းဆောင်ဖူဖာ ထွက်သွားပြီးမှ ဒေါက်တာနမ်တို့က ထပ်ပြီး အသည်းယားလိုက်ပြန်လေသည်။
" အဟား ဟား ချစ်ကြည်နူးတာ ချစ်ကြည်နူးတာ အဟေး ဝေး ဝိုး ''
မှန်၏။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ဖာပန်းဒေါင်းချောက်ကမ်းပါးကို လိုက်ပို့ပေးမည်မို့ ယခုလို ကျော့ကျော့မော့မော့လေး ပြင်ထားနေသမို့ ဒေါက်တာနမ်တို့က စခြင်းဖြစ်လေသည်။
ခေါင်းဆောင်ဖူဖာက သူ၏ဆိုင်ကယ်ကို စီး၍ ကျောင်းအိမ်ယာကို ရောက်လာလေတော့သည်။ ဆရာလေးထီရန်လည်း အိမ်ပေါ်မှ ဆင်းလာလေတော့သည်။ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ခြေမှအစခေါင်းအဆုံးကြည့်၍
" ဒီနေ့ ကြည့်ကောင်းနေပါလား ''
ဟူ၍ ပြောလိုက်သမို့ ခေါင်းဆောင်ဖူဖာက အင်္ကျီကော်လံလေးကို ပြင်ဆင်ကာ သူ၏ဆိုင်ကယ်မှ အရာတစ်ခုကို လှမ်းယူနေလေသည်။ ထိုအခါ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ကျောပေးထားသမို့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ကျောမှ အင်္ကျီတံဆိပ်ကို မြင်လေတော့သည်။
" ခေါင်းဆောင် စျေးနှုန်း မဖြုတ်ရသေးဘူး ''
ခေါင်းဆောင်ဖူဖာက သူ၏ကျောမှတံဆိပ်ကို မမှီလှမ်းကမ်း လှမ်းနေသမို့ ဆရာလေးထီရန်က ကူပေးဖို့ ပြောလိုက်လေသည်။
" ဒီကိုလာ ကျွန်တော် ဖြုတ်ပေးမယ် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက သူ၏မျက်နှာနှင့် နီးကပ်နေသည့် ဆရာလေးထီရန်၏ မျက်နှာကို စူးစိုက်ကာ ကြည့်နေလေသည်။
" ဘာကြည့်တာလဲ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက တစ်ချက်ပြုံးလိုက်ပြီး ဆရာလေးထီရန်လည်း ပြုံးကာ တံဆိပ်ကို ယူလိုက်လေတော့သည်။
" ဒီမှာ ''
" မြန်မြန်သွားကြမယ် ''
" ဟေ့ နေဦးလေ ခေါင်းဆောင် ''
ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာနောက် တစ်ကောက်လိုက်သွားလေတော့သည်။
" ဟေ့ စောင့်ဦးလေ ဘာက ဒီလောက် ရည်စရာကောင်းနေလို့လဲ ခေါင်းဆောင် "
မှန်၏။ ဆရာလေးထီရန်က ပြေးလိုက်သွားရာ ခလုတ်တိုက်မိ၍ ခေါင်းဆောင်ဖူဖာက ရည်လိုက်လေသည်။
" မင်း ခလုတ်တိုက်တာကိုလေ ''
အဲ့နောက် ဖာပန်းဒေါင်းချောက်ကမ်းပါးကို သွားသည့် လမ်းတစ်ဝက်မှာ လမ်းခွဆုံကို ရောက်သော် ဆရာလေးထီရန် လမ်းမှားမည်မို့ တားလိုက်လေသည်။
" နေဦး ဒီဘက်က သရဲတောင်ကုန်းကို သွားတဲ့လမ်းလေ ''
" အော် ဒါက သရဲတောင်ကုန်းလား ''
" အင်း ''
" ဒါဆို ဒီဘက်ကိုပေါ့ ''
" နေဦး ထီရန် ''
အဲ့သလို ခေါင်းဆောင်ဖူဖာက သရဲတောင်ကုန်းဘက်သွားသည့်လမ်းမှာ ဆေးလိပ်တိုတွေကို တွေ့၍ ချောက်ကမ်းပါးကိုသွားသည့် လမ်းမှ ဆရာလေးထီရန်ကို အဲသလို ပြောလိုက်လေသည်။
" ဘာဖြစ်လို့လဲ ခေါင်းဆောင် ''
" အခုလေးတင်မှ သောက်ထားတာ ဆိုလိုတာက ဒီကို တစ်ယောက်ယောက်လာသွားတယ် ''
" မှောင်ခိုသမားတွေများလား ''
" သူတို့လည်း ဖြစ်နိုင်သလို ဆေးမြစ်ရိုင်းတွေ ရှာတဲ့ ရွာသားတွေလည်း ဖြစ်နိုင်တယ် ''
အဲ့နောက် ဘေးပတ်ဝန်းကျင်တောကြီးကို လှည့်ပတ်ကြည့်၍ ခေါင်းဆောင်ဖူဖာ သက်ပြင်းချပြီး ချောက်ကမ်းပါးဆီကို လာခဲ့ကြလေတော့သည်။
" သွားမယ် ''
ထို့နောက် တောကြီးတစ်နေရာကို ရောက်ကာ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပါးစပ်ကို ပိတ်ကာ တိတ်တိတ်နေခိုင်းလေသည်။
" ဟေ့ ''
" ရှူး အောက်ချင်းငှက်တွေလေ မြင်ဖူးလား ''
" အေး မြင်ဖူးတယ် Discovery Channel တွေထဲမှာလေ ''
" သူတို့ကို သာယာတဲ့ သဘာဝသစ်တောတွေမှာပဲ တွေ့နိုင်တာ ''
မှန်၏။ အပင်ပေါ်မှာ အောက်ချင်းငှက် အဖိုအမနှစ်ကောင် နားခိုနေလေသည်။
" ဒီတောအုပ်က အစ်ကို့ရဲ့ စောင့်ရှောက်မှုကောင်းအောက်မှာလို့ ပြောနေတာလား ''
" အောက်ချင်းငှက်တွေက တစ်လင်တစ်မယားစနစ် ကျင့်သုံးကြတယ် အောက်ချင်းငှက်တွေက လက်တွဲ
ဖော်ရှာတွေ့ပြီဆိုရင် တစ်ဘဝလုံးကို သူနဲ့ပဲ ဖြတ်သန်းသွားကြတော့တာ ''
" လက်တွဲဖော်သေသွားရင်ရော ''
" လက်တွဲဖော်သေသွားရင် အသက်ရှင်နေတဲ့ကောင်က အဲဒီနေရာလေးမှာပဲ သေတဲ့အထိနေသွားတော့တယ် ''
" စိတ်ကူးယဥ်ဆန်လိုက်တာနော် ''
" ဟင် ''
" အောက်ချင်းငှက်တွေကို ပြောတာပါ ''
အဲသလို ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် တစ်ယောက်ကိုတစ်ယောက် မလှုံမလဲဲဖြစ်ကာ ချောက်ကမ်းပါးဆီ လာခဲ့ပြန်လေသည်။ အဲ့နောက် တောင်ကုန်းတောင်တန်း ကျောက်ဆောင်တွေ ရှိရာနေရာကို ရောက်လာလေတော့သည်။
" အဆင်ပြေရဲ့လား ''
" ပြေပါတယ် ''
ဆရာလေးထီရန် တောင်တက်လာရ၍ မောပန်းကာ နေလေတော့သည်။ ခေါင်းဆောင်ဖူဖာက ယူလာသည့် ရေဘူးကို ဆရာလေးထီရန်အား ပေးလိုက်လေသည်။ ဆရာလေးထီရန်လည်း မောပန်းနေ၍ ရေကို သောက်လိုက်လေသည်။
" ရော့ တူတူသောက်မယ် ''
" .... ''
" ဝေးသေးလား ''
" နီးနေပါပြီ ''
" နီးနေပြီဆိုတာ ခဏခဏကြားနေရတာ ဘယ်လိုယုံရမှာလဲ ''
" တောထဲမှာ အမဲလိုက်တဲ့လူကိုမှ မယုံရင် ယုံစရာ လူရှိမှာ မဟုတ်တော့ဘူး အဆင်ပြေတာက သေချာရဲ့လား ကုန်းပိုးပေးရမလား ''
" ပြေပါတယ် ''
အဲသလို ဆရာလေးထီရန်ကမောပန်းနေသမို့ ခေါင်းဆောင်ဖူဖာက မေးလိုက်ပြီး လက်ကလေးကမ်းပေးကာ ဆရာလေးထီရန်၏ လက်ကလေးကိုလည်း ခေါင်းဆောင်ဖူဖာက ဆုပ်ကိုင်ပြီး ချောက်ကမ်းပါးကို ခေါ်လာလေသည်။
" သွားရအောင် ''
ဖာပန်းဒေါင်းချောက်ကမ်းပါး ကျောက်တုံးကျောက်ဆောင် လှပသည့် တောတောင်တွေ ရှိသည့် ကမ်းပါး ဖာပန်းဒေါင်းချောက်ကမ်းပါးကို ရောက်သွားလေတော့သည်။
ဆရာလေးထီရန်က အားရပါးရ လက်နှစ်ဖက်ကို စင်ရော်ငှက်ကို ဖြန့်ကာ လေညှင်းလေးကို တဝကြီး ခံစား အပန်းဖြေလိုက်လေသည်။
" ဝိုး ဟား ''
" ပင်ပန်းရကျိုး နပ်လား ''
" အင်း ''
" ငယ်ငယ်တုန်းက အဖေက ဒီကိုအမြဲခေါ်လာတာ အဖေက ပြောဖူးတယ် အဖေ့အလုပ်က မြင်နေရတဲ့
သစ်ပင်တွေ အကုန်လုံးကို ကာကွယ်ဖို့ပဲတဲ့ တစ်နေ့ အဖေကင်းလှည့်နေတုန်း သေနတ်ပစ်ခံလိုက်ရတယ်
ပစ်တဲ့လူက အခုထိ လွတ်နေတုန်းပဲ အဲ့တုန်းက အဖေ့ကို အရမ်းဒေါသထွက်ခဲ့တာ ဒီသစ်ပင်တွေ အတွက်နဲ့
သူ့အသက်ကို စွန့်ပြီကိုယ်နဲ့ ကိုယ့်အမေကို ထားသွားလို့ အရမ်းစိတ်ဆိုးခဲ့တာ ဒီနေ့ ကိုယ်ဒီမှာ ရပ်နေလိုက်ရတော့ အဖေ
ဘယ်လိုခံစားခဲ့ရလဲဆိုတာ အခုနားလည်သွားပြီထင်တယ် ဒီတောအုပ်က အိမ်လိုပဲ သက်ရှိတွေရဲ့ အရင်း
အမြစ် ဒီကလူတွေရဲ့ဘဝပဲ အဖေ့လိုမျိုးသေရမယ်ဆိုရင် နောင်တရမှာ မဟုတ်ဘူး ''
အဲသလို ခေါင်းဆောင်ဖူဖာက သူ၏ဘဝအကြောင်းပြောပြနေပြီး ဆရာလေးထီရန်လည်း နားထောင်ကာ စကားဆိုလာလေသည်။
" အစ်ကို့ကို ဂရုစိုက်တဲ့ လူတွေကိုလည်း မမေ့လိုက်ပါနဲ့ ''
" သိပါတယ် လူတိုင်းကတော့ မသေချင်ကြပါဘူး ဒါပေမယ့် ကိုယ်တို့မလုပ်ရင် ဘယ်သူမှ လုပ်ကြမှာ မဟုတ်ဘူး ''
အဲ့နောက် ဆရာလေးထီရန်က ကျောက်တုံးလေးအပေါ်မှာ ထိုင်ချလိုက်လေရာ ခေါင်းဆောင်ဖူဖာလည်း နောက်ထပ် ကျောက်တုံးပေါ်မှာ ထိုင်လိုက်လေသည်။
" ခေါင်းဆောင် အဖေ့ ကိစ္စအတွက် စိတ်မကောင်းပါဘူးနော် ''
" အဖေရော အမေရော သေသွားပြီ ဆိုရင်ရော စိတ်ပူစရာလူမရှိတော့ပါဘူး မင်းကရော ဒီလောက်အ
ဝေးကြီး ရောက်လာတာ စိတ်ပူနေမယ့်လူများ မရှိဘူးလား ''
" ကျွန်တော့်မှာ ချစ်သူရှိလားလို့ မေးနေတာ ဆိုရင်တော့ မရှိပါဘူး ''
ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ အကွက်ဟောင်းသုံးပြီး အဲသလို မေးသမို့ အဲသလို ပြန်ဖြေပေးလိုက်လေသည်။
" ယုံမယုံကတော့ အစ်ကို့သဘောပဲ ကျွန်တော်လည်း အစ်ကို့ကို မယုံပါဘူး အစ်ကို့မှာစိတ်ပူရမယ့် လူမရှိဘူးဆိုတာ
အစ်ကို့လို လူမျိုးတွေက တစ်မြို့ရောက်တိုင်း မိန်းမတစ်ယောက်ရှိနေမှာ သိပြီးသား ''
" အဟင်း လူတိုင်းတော့ မဟုတ်ကြပါဘူး မင်း ကိုယ့်ကို တကယ်သိလာရင် ကိုယ်က အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ သိလာလိမ့်မယ် ယုံလို့ရတယ် ''
အဲသလို တစ်ယောက်ကိုတစ်ယောက် ရီးစားမရှိတဲ့အကြောင်းတွေကို အရေးတကြီး ပြောဆိုနေကြလေသည်။
" ကိုယ့်အကြောင်း ပိုသိချင်လား ''
အဲ့နောက် ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ပြုံး၍ ကြည့်ကာ လေ့လာအကဲခတ်နေကြလေသည်။
" ဒါနဲ့ အစ်ကိုက အရင်ဆရာမလေးနဲ့ အရမ်းရင်းနှီးတယ်ကြားတယ် ''
" ဘာလို့လဲ အဲဒီအကြောင်း မေးချင်နေတာလား ''
" မဟုတ်ပါဘူး သိချင်လို့ ဖြေချင်မှဖြေပါ ''
" ကိုယ့်အတွက် ထော့ဖန်က ညီမလေးတစ်ယောက်ပါပဲ ကိုယ်တစ်သက်လုံးချစ်သွားမယ့် ညီမလေး ကိုယ့်
အကြောင်းတွေ အများကြီး ပြောပြီးပြီဆိုတော့ မင်းကိုလည်း မေးဦးမယ် ''
" အစ်ကိုက ဘာသိချင်လို့လဲ ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ရင်ဘတ်ကို လက်ညိုးထိုးပြလိုက်သမို့ ဆရာလေးထီရန်က ဘာကို ပြောစေချင်တာလဲဆိုတာ သိသွားလေတော့သည်။
" မင်း ရင်ဘတ်ပေါ်က အမာရွတ်အကြောင်း ''
" ဘယ်တော့မှ မမေးလောက်တော့ဘူးလို့ ထင်နေတာ ဒီအမာရွတ်က နှလုံးခွဲစိတ်တုန်းက ရထားတာ အဲဒီတုန်းက ကျွန်တော်သေပြီလို့ ထင်ခဲ့တာ
ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့တယ် ပြန်ပြီး မွေးဖွားလာရသလိုပဲ ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ခွင့် ရလိုက်သလိုမျိုးပေါ့ ''
ဆရာလေးထီရန်က ရင်ဘတ်ကလေးကို ကိုင်ကာ အဲသလို လှဲလှယ်တာကို ခွဲစိတ်ထားတာဟူ၍ ထပ်ပြီး လိမ်၍ ပြောလိုက်လေသည်။
" ပြန်ဆင်းရအောင် မှောင်သွားရင် လမ်းလျှောက်ရတာ ခက်လိမ့်မယ် ''
ဆရာလေးထီရန်က အဲသလိုပြောပြီး ထိုင်နေရာမှ ထကာ ခေါင်းဆောင်ဖူဖာကလည်း ထိုင်ရာမှ ထ၍ တားလိုက်လေသည်။
" နေဦး ကိုယ်သိချင်တာ ရှိသေးတယ် မင်းနဲ့ထော့ဖန်နဲ့က ဘယ်လိုပတ်သက်နေတာလဲ ''
ခေါင်းဆောင်ဖူဖာအဲသလို မေးလိုက်ရာ ဆရာလေးထီရန်က ဖြေဖို့ အခက်တွေ့သွားလေတော့သည်။ တကယ်ပဲ ဘာကြောင့် အဲ့လိုမေးရတာလဲ ဆရာလေးထီရန်က ထော့ဖန်နှင့် အနည်းငယ်တူနေသမို့ မေးတာလား ဘာကြောင့်မေးတာလဲ ဆရာလေးထီရန်က ဘယ်လိုများဖြေလိုက်တော့မလဲ ဆိုတာ စောင့်ရပေဦးမည်။
တစ်ခြားလူတွေ အတွက်
စွန့်လွှတ်အနစ်နာခံချင်းဟာ
ကြီးမြတ်တဲ့ ရဲရင့်ခြင်းပါပဲ။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Unit - 4
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 4(C)
အပိုင္း(၁၂)
" ဘာလဲ လႊတ္ ''
" စိတ္ဝင္စားဖို႔ေကာင္းလား ''
" ဘာကိုလဲ ဘာမွမျမင္ဘူးေနာ္ ''
" ေသခ်ာလား ''
ေခါင္းေဆာင္ဖူဖာက စကားေျပာရင္းျဖင့္ ဆရာေလးထီရန္၏ ခါးေအာက္ပိုင္းကို လွည့္ကြက္လွည့္ကြက္ ၾကည့္ေနေလသည္။ ဆရာေလးထီရန္လည္း မီးအိမ္ေလးကိုင္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနေလသည္။
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက လက္ကေလးပိုက္၍ ဓာတ္မီးေလးကို ဆရာေလးထီရန္၏ အငယ္ေလး ရွိရာတည့္တည့္ မီးထိုးထားလိုက္ေလသည္။ ဆရာေလးထီရန္က မဂၤလာဦးညၾကည့္ထားသမို႔ သူ၏အငယ္ေလး နိုးၾကားေနတာကို ဖုန္းထားလိုက္ရေလေတာ့သည္။
" ေဟး မီးပိတ္လိုက္စမ္းပါ ''
" တိတ္တိတ္ေန ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ၾကည့္ကာ ၿပဳံးမိေနေလေတာ့သည္။ အဲ့ေနာက္ ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာက ေက်ာင္းအိမ္ယာကို လိုက္ပို႔ေပးေလေတာ့သည္။
" ေခါင္းေဆာင္ကို စခန္းျပန္သြားၿပီ ထင္ေနတာ ''
" တစ္ေယာက္ေယာက္က ႐ူးေၾကာင္ေၾကာင္ေတြ လုပ္ေတာ့မယ္ဆိုတာ ခံစားမိေနလို႔ေလ မွန္ေနတာပဲ ''
" ဘယ္သူထင္ထားမွာလဲ ညဘက္ေခြးေဟာင္သံႀကီးက လူကို ဆြလိမ့္မယ္လို႔ ကြၽန္ေတာ္ကဖာပန္းေဒါင္းပုံျပင္နဲ႕ ဆက္စပ္မယ္လို႔ ထင္ေနခဲ့တာ ''
" မင္းက ဘယ္ကၾကားလာတာလဲ ''
" အစ္ကိုလည္း ၾကားခဲ့တာလား ေလာင္ထယ္ ကြၽန္ေတာ့္ကို ေျပာျပတာ သူတို႔ေျပာတာကေတာ့ ႏွစ္တစ္ႏွစ္
ရဲ႕ေနာက္ဆုံးရက္မွာ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို သြားၿပီးေတာ့ ၾကယ္တစ္ေထာင္ ေရတြက္နိုင္ခဲ့ရင္
ကြၽန္ေတာ္တို႔ ဆုေတာင္းလို႔ရတယ္တဲ့ ဒါဆို အဲဒီဆုေတာင္းက တကယ္ျပည့္တယ္တဲ့ ၿပီးေတာ့
ေလာင္ထယ္က ေျပာျပေသးတယ္ မနက္ျဖန္မွာ လက္ထပ္ေတာ့မယ့္ သတို႔သားက အဲဒီကိုသြားၿပီး
သူအခ်စ္ေရးအတြက္ ဆုေတာင္းခဲ့တာတဲ့ တစ္ေန႕ေန႕က်ရင္ သူ႕ေကာင္မေလးနဲ႕ လပ္ထပ္ရပါေစဆိုၿပီးေတာ့
ၿပီးေတာ့ သူ႕ဆုေတာင္းက တကယ္ျဖစ္လာခဲ့တယ္တဲ့ေလ ဟုတ္သား ကြၽန္ေတာ္ၾကားတာေတာ့ အစ္ကိုလည္း
အရင္ကဆရာမေလးကို အဲဒီေနရာေခၚသြားေနက်ဆိဳ ''
" အဲဒီေတာ့ ဘာျဖစ္လဲ ''
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ေျပာျပသည္ကို နားေထာင္၍ လမ္းေလွ်ာက္လာၿပီး ဆရာေလးထီရန္က ဆရာမေထာ့ဖန္ကို အဲဒီေနရာ ေခၚသြားသလားဟူ၍ ေမးရာ ေခါင္းေဆာင္ဖူဖာက အဲသလို ျပန္ေျဖလိုက္ေလသည္။
" ေခါင္းေဆာင္ ဖာပန္းေဒါင္းပုံျပင္ကို ယုံလား ''
အဲသလို ေျပာလာသည့္ ဆရာေလးထီရန္က ဆရာမေထာ့ဖန္ ေျပာသလို ေျပာလာသမို႔ ေခါင္းေဆာင္ဖူဖာက ထူးျခားမႈကို ခံစားရေလ၍ ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ အၾကည့္ေတြ ထပ္ဆုံေနၾကျပန္ေလသည္။
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ ေမးသည္ကို ျပန္မေျဖဘဲ သက္ျပင္းခ်၍ စကားလမ္းေၾကာင္းလႊဲလိုက္ေလေတာ့သည္။
" ဟူး ေရာက္ၿပီ အိပ္ယာဝင္ ေနာက္မက်ေစနဲ႕ မဂၤလာပြဲက မနက္အေစာႀကီးစမွာ ''
အဲ့ေနာက္ ဆရာေလးထီရန္က သူေမးတာျပန္မေျဖသည့္ ေခါင္းေဆာင္ဖူဖာကို မေက်မခ်မ္း စိတ္ေကာက္သည့္ ပုံစံျဖင့္ အဲသလို ေျပာပါေတာ့သည္။
" ကြၽန္ေတာ့္ကို အဲဒီေလာက္ အိပ္ေစခ်င္ေနရင္ အိပ္ယာဝင္ပုံျပင္ ေျပာျပမွရမယ္ အဲဒါမွ အိပ္မက္ေကာင္းေကာင္းေလး မက္မွာ ''
" ဘာပုံျပင္ ၾကားခ်င္လဲ ''
" ႐ြဲ႕ျပန္ၿပီ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ၿပဳံးျပၿပီး မီးအိမ္ေလး ကမ္းေပးလိုက္ေလသည္။
" ဘာပဲျဖစ္ျဖစ္ ေက်းဇူးပဲေနာ္ ေခါင္းေဆာင္ ကြၽန္ေတာ့္ကို အိမ္ျပန္လိုက္ပို႔ေပးလို႔ ''
" အင္း ''
" သြားေတာ့ ''
" ေကာင္းေသာညပါ ''
ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ၿပဳံးရည္ကာ အၾကည့္ေတြ ဆုံေနၾကၿပီး ဆရာေလးထီရန္က အိမ္ျပန္ဖို႔ ေျပာရာ ေခါင္းေဆာင္ဖူဖာက အဲသလိုေျပာၿပီး ဆရာေလးထီရန္လွည့္ၾကည့္ရာ ေခါင္းေဆာင္ဖူဖာက ဓါတ္မီးေလးတစ္လက္ျဖင့္မနီးမလွမ္းကို ေရာက္ရွိသြားသည္ကို ဆရာေလးထီရန္ ေတြ႕ရွိေလေတာ့သည္။ ထို႔ေနာက္ ဆရာေလးထီရန္က သူ၏အေတြးႏွင့္သူ ေတြးရင္းျဖင့္ ၾကည္ႏူးမႈအၿပဳံးေတြ ၿပဳံးလိုက္ေလသည္။
ထိုညေလးေတာ့ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ အရင္ခ်ိန္ကထက္ ပိုၿပီး ရင္းႏွီးလာကာ ပိုၿပီးေတာ့လည္း ရင္ထဲ၌ ထူးျခားမႈကို ခံစားလာရေလသည္။
ေနာက္တစ္ေန႕မနက္ ဖာပန္းေဒါင္း႐ြာ၏ အေရွ႕ဘက္ယြန္းယြန္းမွ ေနထြက္လာၿပီး မနက္ခင္းဆည္းဆာေလးႏွင့္အတူ မဂၤလာပြဲကို က်င္းပေနေလေတာ့သည္။
" လာၿပီ လာၿပီ ''
သတို႔သမီး ကို ထမ္းစင္ျဖင့္ ထမ္းေခၚလာၿပီး ခမာ ဆရာေလးထီရန္ ေလာင္ထယ္တို႔ႏွင့္အတူ ႐ြာသူ႐ြာသားေတြက ေစာင့္ဆိုင္းဆီးႀကိဳ၍ ၿပဳံးေပ်ာ္ေနၾကေလသည္။
" ေဝး ေဟး ''
" လာလာ ဟုတ္ၿပီ ရပ္ သတို႔သမီးကို ေခၚခဲ့ ''
သတို႔သမီးကို ထမ္းလာသည့္ ထမ္းစင္ကို ေျမျပင္ေပၚခ်ကာ ခမာက သတို႔သမီးကို သူ႕ဆီကို ေခၚလာခိုင္းေလေတာ့သည္။
" ျဖည္းျဖည္းေလး မေခ်ာ္လဲေစနဲ႕ သတို႔သား ေခၚခဲ့ပါဦး သတို႔သားက သတို႔သမီးကို ေခၚလိုက္ပါဦး လက္ေတြ ကိုင္ထားၾက ''
သတို႔သားႏွင့္ သတို႔သမီးက ဖာပန္းေဒါင္းမ်ိဳးႏြယ္စု၏ ရိုးရာမဂၤလာေဆာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ခမာေျပာသလို လက္ေတြ ကိုင္ထား၍ ၿပဳံးေပ်ာ္ေနၾကေလသည္။
" ဟုတ္ၿပီ ကေလးေတြ အမ်ားႀကီး ရၿပီး အိမ္ေထာင္သက္ အၾကာႀကီးထိ ေပါင္းရပါေစ ''
" ေဝး ေဟး ခ်ပ္ ခ်ပ္ ခ်ပ္ ''
႐ြာသူ႐ြာသားေတြက ၿပဳံးေပ်ာ္ကာ လက္အုပ္ေအာ္ဘာေတြ ေပး၍ ခ်ီးျမႇောက္လိုက္ၾကေလေတာ့သည္။ ထို႔ေနာက္ သက္ကယ္မိုး အကာအခင္းမရွိသည့္ အမိုးသာရွိသည့္ အိမ္ထဲတြင္ ကြက္ပ်က္ေပၚ၌ သတို႔သားႏွင့္ သတို႔သမီး လက္အုပ္ကေလးေတြခ်ီကာ ခမာက ပန္းခက္ေလးျဖင့္ ေအာင္ပန္းပန္၍ ေရစင္ေတာ္ ပက္ျဖန္းေပးေလသည္။
" ေခါင္းငုံ႕ဦး ဟုတ္ၿပီ မဂၤလာရွိတဲ့ေန႕ေလးပဲ ေကာင္းခ်ီးေပးတာကို လက္ခံလိုက္ မ်က္ႏွာကို အမႈန့္ေလး လိမ္းေပးမယ္ ျဖည္းျဖည္း ''
အဲ့ေနာက္ ေလာင္ထယ္က ကင္မရာေလးျဖင့္ မွတ္တမ္းတင္ ဓါတ္ပုံ သတို႔သားႏွင့္ သတို႔သမီးကို ရိုက္လိုက္ေလသည္။ ေလာင္ထယ္၏နေဘးမွ ဆရာေလးထီရန္က ခမာၾကက္ဥေတြ ယူလာသမို႔ ေလာင္ထယ္ကို အေၾကာင္းစုံ ေမးေလေတာ့သည္။
" ၾကက္ဥက ဘာလုပ္ဖို႔လဲ ''
" အဲ့ဒါက ေရွ႕ျဖစ္ရပ္ကို ခန့္မွန္းမလို႔ တကယ္လို႔ ၾကက္ဥျပဳတ္က လြတ္က်သြားရင္ ကေလးမရဘူးတဲ့ ''
" အဟား ရယ္စရာေတာ့ ေကာင္းသား ငါၾကားဖူးတာေတာ့ ကေလးလိုခ်င္ရင္ ၾကက္ဥတစ္လုံးလႊင့္ပစ္ရတယ္တဲ့ ''
အဲ့ေနာက္ ခမာက ယူလာသည့္ ၾကက္ဥျပဳတ္ကို သတို႔သားနဲ႕ သတို႔သမီးအား ေအာက္မွ လက္ဖဝါးျဖန့္၍ ခံခိုင္းၿပီး ခမာက အေပၚမွ လႊတ္ခ်ေပးရာ ထိုၾကက္ဥျပဳတ္ကို ဖမ္းမိေလေတာ့သည္။ ၾကက္ဥျပဳတ္ မလႊတ္က်၍ ခမာက ထိုသို႔ စကားဆိုလာေတာ့သည္။
" တစ္အိမ္လုံးအျပည့္ ကေလးေတြ ထြန္းကားမယ္ ''
အဲ့ေနာက္ သတို႔သားႏွင့္ သတို႔သမီးက လက္အုပ္ခ်ီ အရိုအေသေပးၿပီး ေလာင္ထယ္လည္း မွတ္တမ္းတင္ ဓါတ္ပုံေတြ ရိုက္ကူးေနေလသည္။
အဲ့ေနာက္ ထိုမဂၤလာေဆာင္ပြဲတြင္ အိမ္ျပင္၌ ကေလးေတြ ေပ်ာ္ျမဴးကာ ကစားေနသည့္အသံက ႐ုတ္တရက္ထြက္ေပၚလာေလေတာ့သည္။
" ေဟး သူတို႔ ခြၽန္ ေဆာ့တာ ျမင္ဖူးခ်င္လား ''
" ခြၽန္ လား ဘာႀကီးလဲ ''
ေလာင္ထယ္က အဲသလို ကေလးေတြ ေဆာ့ေနသည့္ ကစားပြဲ၏အမည္ကို ေျပာျပရာ ဆရာေလးထီရန္က နားမလည္သမို႔ ေလာင္ထယ္က ဆရာေလးထီရန္၏လက္ကို ဆြဲကာ ကစားေနသည့္ေနရာကို ေခၚသြားေလသည္။
" ဒီမွာေလ ဒါေလ ဒါကို ခြၽန္ လို႔ ေခၚတယ္ ''
" ေအာ္ ေအး ဒါကို ငါတို႔က ဂ်င္ေပါက္တယ္လို႔
ေခၚတာ ''
မွန္၏။ ဖာပန္းေဒါင္း႐ြာတြင္ ဂ်င္ေပါက္သည္ကို ခြၽန္ ကစားနည္းဟူ၍ ေခၚေလသည္။ ေလာင္ထယ္က ထိုကစားပြဲကို ဆရာေလးထီရန္အား ေဆာ့ကစားခိုင္းေနေလသည္။
" စမ္းၾကည့္ခ်င္လား အေပ်ာ္ေပါ့ ''
" ေကာင္းၿပီေလ အာရီ အစ္ကို
ေဆာ့ၾကည့္လို႔ရမလား ''
ဆရာေလးထီရန္က အာရီလက္ထက္မွ ခြၽန္ ကို လွမ္းေတာင္းလိုက္ေလသည္။ တစ္ျခားေသာ႐ြာသူ႐ြာသားေတြကလည္း အာရီကို ေပးေဆာ့ဖို႔ ေျပာေလသည္။
" သူ႕ကို ေပးေဆာ့လိုက္ ''
" ရပါတယ္ ''
" အိုေက ''
" ေခါင္ႏြန္းနဲ႕ၿပိဳင္ ''
" ေခါင္ႏြန္းနဲ႕ ၿပိဳင္ရမယ္ေပါ့ ဟုတ္လား လာ ေခါင္ႏြန္း ''
" သူက ႐ြာရဲ႕ခ်န္ပီယံေနာ္ ''
" ႐ြာရဲ႕ ခ်န္ပီယံလား ''
" ၁၂၃ ေရး ေတာ္လိုက္တာ အစ္ကို ''
အဲသလို ဆရာေလးထီရန္ႏွင့္ ေခါင္ႏြန္း ဂ်င္ေပါက္ၾကရာ ဆရာေလးထီရန္ နိုင္သြားေလေတာ့သည္။ သူတို႔ အားလုံးေပ်ာ္႐ႊင္ကာ ေနၾကေလေတာ့သည္။
ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာ ေဒါက္တာနမ္ တပ္သားလန္ ေရာ့ခ်န္းတို႔ ထိုကစားပြဲအနီးကို ေရာက္လာေလသည္။ ေဒါက္တာနမ္က ေပ်ာ္ေနသည့္ ဆရာေလးထီရန္ကို ၾကည့္ကာ ေခါင္းေဆာင္ဖူဖာကို အဲသလို ေျပာပါေတာ့သည္။
" ဒီမွာ မင္း ညီေလးကို ၾကည့္ဦး အခုေတာ့ ႐ြာသားေတြနဲ႕ အဆင္ေျပေနၿပီ ''
အဲ့ေနာက္ ေရာ့ခ်န္းက ႐ုတ္တရက္ အဲသလို ေျပာလာျပန္ေလသည္။
" ေအ ငါတို႔ ေလာင္းထားတာ ဘယ္လိုျဖစ္သြားၿပီလဲ ငါတို႔ အရင္က ထီရန္ တစ္လေတာင္ ၾကာမွာမဟုတ္ဘူးလို႔ ေလာင္းထားတာ ဒါနဲ႕ ဘယ္သူပိုက္ဆံရမွာလဲ ''
" ငါ ငါေလ ငါ အကုန္းလုံး ငါရမွာ ''
အဲသလို သူ႕ကိုယ္သူ ဖာပန္းေဒါင္းမွာ အေခ်ာဆုံးဟူ၍ ဂုဏ္ယူေနသည့္ လန္က ေလာင္းေၾကးေတြ သူရမွာ ဟူ၍ ေျပာေလသည္။
" ငါက ထီရန္ဘက္က ေလာင္းခဲ့တာ ငါေသခ်ာမွတ္မိတယ္ ''
" စိတ္ေလွ်ာ့ဦး ''
အဲသလို ေခါင္းေဆာင္ဖူဖာက လန္ကို ေျပာလိုက္ေလသည္။
" ရက္ေတြ အမ်ားႀကီး က်န္ေသးတယ္ ''
" ေဟး ဘာလဲ မင္းက သူ႕အတြက္ ရက္ေတြ တြက္ထားတာလား အရင္ဆရာေတြတုန္းက သူ ရက္တြက္ မထားဘူးေနာ္ ''
အဲသလို ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာကို ထပ္ၿပီးေတာ့ စေနာက္လိုက္ကာ ေရာ့ခ်န္း လန္ တို႔ကိုလည္း ေမးလိုက္ေသး၏။
" ဟုတ္တယ္ မတြက္ထားဘူး မတြက္ထားဘူး ''
အဲ့ေနာက္ လန္က အဲသလို ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ဂ႐ုတစိုက္ ေလးေလးနက္နက္ တန္ဖိုးထား ေနသမို႔ အသည္းေတြယားေနသည္ဟူသည့္ ပုံစံျဖင့္ စေနာက္ရာ ေခါင္းေဆာင္ဖူဖာက မ်က္ႏွာတင္းျပ၍ လန္က စေနာက္ေနတာ ရပ္လိုက္ရေလသည္။
ထို႔ေနာက္ ေလာင္ထယ္က မွတ္တမ္းဓါတ္ပုံေတြ ရိုက္ရင္း ေခါင္းေဆာင္ဖူဖာကို ျမင္၍ ကစားပြဲဆီကို ေခၚလိုက္ေလသည္။
" ေခါင္းေဆာင္ ေခါင္းေဆာင္ ဒီကိုလာေလ ''
အဲ့ေနာက္ အာရီက ဂ်င္ေပါက္ရင္း လွဲက်သြား၍ ဆရာေလးထီရန္က သြားၿပီးထူေပးလိုက္သည္။
" လာကူပါဦး ''
" အဖြဲ႕လိုက္ၿပိဳင္ခ်င္တာလား ''
" ေပ်ာ္ဖို႔ေကာင္းလား ''
" မဂၤလာပါ ေခါင္းေဆာင္ မဂၤလာပါ အစ္ကို ေဒါက္တာနမ္ အစ္ကိုလန္ ''
" ေခါင္းေဆာင္ အစ္ကိုထီရန္က တကယ္ေတာ္တယ္ ''
ဆရာေလးထီရန္က အဲသလို ႏႈတ္ဆက္ၿပီး ေလာင္ထယ္က ဆရာေလးထီရန္၏ ဂုဏ္ရည္ကို ေျပာျပလိုက္ေလသည္။
" ကူဦး ''
" ေတာ္ၿပီ ၾကည့္ပဲၾကည့္ေတာ့မယ္ ''
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္နဲ႕ၿပိဳင္ခိုင္းတာကို ျငင္းသမို႔ ကေလးေတြနဲ႕ တျခားလူေတြက ညဥ္းသံေတြ ထြက္ေပၚလာေလေတာ့သည္။
" အိုး အိုး ေခါင္းေဆာင္ ''
" ဘာလို႔လဲ ေၾကာက္တာလား ေခါင္းေဆာင္ ''
ဆရာေလးထီရန္က အဲသလို ေမးလိုက္ရာ ေခါင္းေဆာင္ဖူဖာကလည္း ဂ်င္ေပါက္ဖို႔ သေဘာတူလိုက္ေလေတာ့သည္။
" အိုး ေဟြး ''
" ဒီကေလးကစားစရာေလးကို မၿပိဳင္ရဲဘူးလား ''
" ဒါဆို ငါနိုင္သြားရင္ ဘာေပးမွာလဲ ''
" ဝိုး ''
အဲသလို ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ေျပာေနၾကရာ စကားအဆုံးမွာ ႐ြာသူ႐ြာသားေတြက သူတို႔ကိုၾကည့္၍ တဝိုးဝိုး တဟားဟား ျဖစ္ေနၾကေလသည္။
" ဒီလိုဆိုရင္ေရာ အနိုင္ရတဲ့လူက တစ္ခုေတာင္းဆိုခြင့္ရမယ္ သေဘာတူလား ''
" ဝိုး ''
" ေခါင္ႏြန္း ဂ်င္ေလးငွားပါဦး ''
" ဝိုး ''
" ငါ့ကို ေလ့က်င့္ဖို႔ အခ်ိန္ေပးဦး ငါ မေဆာ့တာၾကာၿပီ ''
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ဆီမွာ ေလ့က်င့္ဖို႔ အခ်ိန္ေတာင္းလိုက္ေလသည္။
" လုပ္ပါ ဘယ္လိုလဲဆိုတာ ျပလိုက္ ''
အဲသလို ႐ြာသားေတြက ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ဂ်င္ေပါက္ၿပိဳင္ေနသည္ကို ၾကည့္ကာ ေျပာေနၾကေလသည္။
" ဝိုး ''
ကေလးေတြနဲ႕တစ္ျခားသူေတြက ေခါင္းေဆာင္ဖူဖာ ဂ်င္ေပါက္၍ အၾကာႀကီး လွည့္ေနတာကို ၾကည့္ကာ တဝိုးဝိုး ေအာ္ၾကေလသည္။
" အစ္ကိုက ညစ္တာပဲ ႀကိဳးက ကြၽန္ေတာ့္ဟာထက္ ပိုေကာင္းတာကိုး ''
" ဘာလို႔လဲ ရႈံးမွာ ေၾကာက္သြားၿပီလား ထီရန္ ''
အဲသလို ေခါင္းေဆာင္ဖူဖာက ေလ့က်င္၍ ယုံၾကည္မႈရွိသြားကာ ဆရာေလးထီရန္ကို ထိုသို႔ ေျပာလိုက္ေလရာ ကေလးေတြက တဝါးဝါး တဝိုးဝိုး ျဖစ္ျပန္ရသည္။
" ဝိုး ''
" ဆရာေလးထီရန္ အားတင္းထား ''
" အနိုင္ယူလိုက္ ဆရာေလးထီရန္ ''
" ဟုတ္တယ္ အစ္ကိုထီရန္ ''
" ထီရန္ လုပ္နိုင္တယ္ ''
" ၈၀ လား ၁၀၀ ၁၀၀ ေဟ့ ၁၀၀ ''
အဲသလို ဆရာေလးထီရန္ကို အားေပးစကားေျပာၿပီး ရာခိုင္းႏႈန္းအျပည့္ နိုင္မည္ဟုလည္း ေျပာဆိုေနၾကေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္က ဂ်င္ပတ္သည့္ႀကိဳးကို ေျခဖဝါးျဖင့္ ဖိ၍ ဆြဲေနရာ ေလာင္ထယ္က ဘာလုပ္ေနတာလဲ ဟူ၍ ေမးေလသည္။
" အဲ့ဒါက ဘာလုပ္ေနတာလဲ အစ္ကို ''
" ႀကိဳးကို ပိုၾကမ္းေအာင္ လုပ္ေနတာ ဂ်င္ထိပ္မွာ မ်ားမ်ားပြတ္ေအာင္လို႔ ''
" ရႈူံးမွာပဲ ရႈံးမွာ ''
လန္ကလည္း ေခါင္းေဆာင္ဖူဖာကို ခ်ီးက်ဴးအားေပးစကားေျပာသည္က ရွယ္ပဲ ျဖစ္၏။ ရႈံးမွာပဲ ရႈူံးမွာ တဲ့ တယ္ဟုတ္သည့္ ေလွာင္ေျပာင္စကား ျဖစ္သည္။
" အဆင္သင့္ျဖစ္ၿပီလား ၁၂၃ ''
အဲ့ေနာက္ အဲသလို ေလာင္ထယ္က တိုင္ပင္ေခၚကာ ယွဥ္ၿပိဳင္ခိုင္း၍ ဆရာေလးထီရန္ႏွင့္ ေခါင္းေဆာင္ဖူဖာ စတင္ၿပီး ဂ်င္ေပါက္လိုက္ၾကေလေတာ့သည္။ ဂ်င္ကလည္း အရွိန္အျပည့္နဲ႕ လည္ပတ္ေနေလသည္။
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာ၏ ဂ်င္က ဆရာေလးထီရန္၏ ဂ်င္ထက္ အရွိန္ေလ်ာ့သြားကာလွဲက်သြားၿပီး ဆရာေလးထီရန္၏ ဂ်င္က ပို၍အခ်ိန္ၾကာ လည္ေနသမို႔ ဆရာေလးထီရန္ နိုင္သြားေလေတာ့သည္။
" ေကာင္းၿပီ လိုခ်င္တာက ဘာလဲ ''
" ကြၽန္ေတာ္ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို သြားခ်င္တယ္ ''
ေခါင္းေဆာင္ဖူဖာက ရႈံးသြားသမို႔ ဆရာေလးထီရန္ကို လိုအပ္တာ ေတာင္းခိုင္းရာ ဆရာေလးထီရန္က အဲသလိုေျပာသမို႔ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို စူးစိုက္၍ အခ်ိန္ၾကာ ၾကည့္ေနေလေတာ့သည္။
မွန္၏။ အၿမဲ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို သြားခ်င္ေနသည့္ ဆရာေလးထီရန္ကို ေထာ့ဖန္ႏွင့္တူသည္ဟု ေခါင္းေဆာင္ဖူဖာ ခံစားေနရေလသည္။
တကယ္ပဲ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ရင္ခုန္မႈေတြ ေပးသလို ထူးျခားမႈ အံ့ၾသမႈေတြလည္း ေပးပါေသးသည္။ ဒါေတြကို ေခါင္းေဆာင္ဖူဖာက ဘယ္လိုအေျဖရွာ လက္ခံလာနိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေပဦးမည္။
ဒီလိုျဖင့္ ညအခ်ိန္ေလးက တျဖည္းျဖည္းေရာက္လာေလသည္။ ျပတင္းေပါက္မွ မီးခြက္ အလင္းေရာင္ေလးထြက္ေပၚေနသည့္ ေက်ာင္းအိမ္ယာတြင္ ဆရာေလးထီရန္က သူ၏အခန္းထဲကဝါးခင္းထားသည့္ စားပြဲေပၚမွ ေဖာင္တိန္ေလးကို ယူ၍ ျပကၡဒိန္မွ ကုန္ဆုံးသြားသည့္ ရက္ေတြကို ၾကက္ေျခခတ္လိုက္ေလသည္။
အဲ့ေနာက္ ထိုင္ခုံေလးမွာ ထိုင္ကာ ဆရာေလးထီရန္က သူ၏ေက်ာပိုးအိတ္ထဲမွ သူ၏ရင္ဘတ္ကအမာ႐ြတ္အတြက္ ေသာက္ေနရသည့္ ေဆးဘူးတစ္ခု ေထာ့ဖန္၏ဒိုင္ယာရီစာအုပ္ကို ထုတ္ယူလိုက္ေလသည္။
ဆရာေလးထီရန္က ဒိုင္ယာရီစာအုပ္ကို ဖြင့္ၿပီး ေထာ့ဖန္၏လုပ္အားေပးဆရာမကဒ္ျပားေလးကို ၾကည့္ကာ ေနေလသည္။
" ႏွစ္မကုန္ခင္ေတာ့ ကြၽန္ေတာ္ လုပ္နိုင္မယ္လို႔ ေမွ်ာ္လင့္တာပဲ ''
အဲသလို တစ္ေယာက္တည္း ေတြးရင္း ေျပာေနေလသည္။ မွန္၏။ ဆရာမေထာ့ဖန္၏ ႏွလုံးကို ဆရာေလးထီရန္က အလႉခံထားသည္မို႔ ဆရာမေထာ့ဖန္၏ ရည္႐ြယ္ခ်က္ကို လုပ္ေဆာင္ေပးေလသည္။ ဆရာေလးထီရန္ ႏွစ္မကုန္ခင္ ရည္႐ြယ္ခ်က္ေတြအားလုံးကို လုပ္ေဆာင္နိုင္မည္လားဆိုတာ ေစာင့္ၾကည့္ရေပဦးမည္။
ေနာက္တစ္ေန႕မနက္ ဖာဖီ႐ြန္တပ္စုတြင္ ေခါင္းေဆာင္ဖူဖာ ေရခ်ိဳးေနေလသည္။ အဲ့ေနာက္ ေရခ်ိဳးဆပ္ျပာေလးျဖင့္ ေရခ်ိဳးလိုက္ေလေတာ့သည္။
ေဒါက္တာနမ္ လန္ ႏွင့္ေရာ့ခ်န္းတို႔ စားဖို႔ေသာက္ဖို႔အတြက္ စားပြဲခုံေဘးမွာ ထိုင္ကာ ဟင္းေတြ လုပ္ေနေလသည္။
" ၾကက္သြန္ျဖဴ မ်ားမ်ားထည့္ အရသာေလး
ပိုေပၚေအာင္လို႔ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက အခန္းထဲမွေဘာင္းဘီအနက္အၾကတ္ ရႈးဖိနပ္အနက္ ရွပ္အကၤ်ီ လြယ္အိတ္တစ္ခု အေရးေပၚ ဖုန္းတစ္လုံး ခါးၾကားထိုးကာ ေက်ာ့ေက်ာ့ေမာ့ေမာ့ သန့္သန့္ရွင္းရွင္း ထြက္လာေလေတာ့သည္။
ေဒါက္တာနမ္ လန္ ေရာ့ခ်န္းတို႔ အဲသလို ေခါင္းေဆာင္ဖူဖာ၏ပုံစံကို ျမင္ကာ စေနာက္က်ပါေတာ့သည္။
" ဟြမ္း ေခါင္းေဆာင္ မဂၤလာပါ ဒီေန႕ ေမႊးႀကိဳက္ေနပါလား ''
ေရာ့ခ်န္း က အဲသလို ေျပာၿပီး အနံ႕ေလးကို ရႉရွိုက္ကာ ေခါင္းေဆာင္ဖူဖာလည္း သူ႕ကိုယ္သူ ျပန္ၿပီး အနံ႕ခံၾကည့္ေနေလသည္။
" ပါတီေတြ ဘာေတြမ်ား သြားမလို႔လား ''
" အိုး ေအြး သူ႕အတြက္ ဒီက ေဒါက္တာက ၿမိဳ႕ထဲကေန ေရခ်ိဳးဆပ္ျပာေတာင္ ဝယ္လာေပးထားရတာ ပါတီေတာ့ မဟုတ္ေလာက္ပါဘူး ''
ေဒါက္တာနမ္ကလည္း အဲသလို ေျပာလိုက္ေလသည္။ ၿပီးေနာက္ ေဒါက္တာနမ္က စကားကို အသည္းယားေအာင္ ေျပာလာ၍ လန္ႏွင့္ေရာ့ခ်န္း ဖလန္းဖလန္းေတြ ျဖစ္ကာ ေခါင္းေဆာင္ဖူဖာကို ေလွာင္ၾကေလသည္။
" ဒိတ္ထားတာ ျဖစ္ေလာက္တယ္ ''
" အဟား ''
" ေဒါက္တာ ''
ေခါင္းေဆာင္ဖူဖာက အဲသလို ေဒါက္တာလို႔ ေျပာၿပီး ေရာ့ခ်န္းက ေဒါက္တာနမ္ကို ထပ္ေမးျပန္သည္။
" ဒိတ္ ဒိတ္ဆိုတာ ဘာလဲ ''
ထိုအခါ လန္က
" ဒိတ္ဆိုတာ လူႏွစ္ေယာက္ အျပင္ေလွ်ာက္သြားၿပီး အတူတူ ခ်စ္ၾကည္ႏူးၾကတာကို ေျပာတာ ''
" အိုးဝိုး ''
" ေဟ့လန္ မင္းမေတာ္ေသးရင္ ငါ မင္းကို အပစ္ေပးမွာေနာ္ လိုခ်င္လား မင္းေရာ လိုခ်င္လား ''
" မလိုခ်င္ပါဘူး ''
အဲသလို ေခါင္းေဆာင္ဖူဖာက မ်က္ႏွာထားတင္းတင္းျဖင့္ လန္ႏွင့္ ေရာ့ခ်န္းကို ေျပာကာ ေဒါက္တာနမ္က ရည္ခ်င္၍ မရည္ရဲဘဲ ပါးစပ္ကို မနည္းပိတ္ထားရေလသည္။ ထို႔ေနာက္ ေခါင္းေဆာင္ဖူဖာက ထြက္သြားမလို လုပ္ေလေတာ့သည္။
" သြားၿပီ ''
ေရာ့ခ်န္းက ေခါင္းေဆာင္ဖူဖာ အိမ္ျပင္ေတာင္မေရာက္ေသးဘဲ ထိုသို႔ ေျပာလိုက္ေလကာ ေဒါက္တာနမ္က ေထာက္ပံ့၍ စေနာက္ အသည္းယားေအာင္ လုပ္လိုက္ျပန္ေလသည္။
" သူဘာကို ေဒါသထြက္သြားတာ ျဖစ္မလဲ ''
" ေဒါသထြက္တာ မဟုတ္ဘူး ရွက္ေနတာ အား အဟား ဟား ''
" ေဟ့ ေဒါက္တာ ''
အဲသလို ေခါင္းေဆာင္ဖူဖာက ရွက္သလိုလိုျဖင့္ ေျပာၿပီး ေဒါက္တာနမ္တို႔ တိတ္ဆိတ္သြားကာ ေခါင္းေဆာင္ဖူဖာ ထြက္သြားေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာ ထြက္သြားၿပီးမွ ေဒါက္တာနမ္တို႔က ထပ္ၿပီး အသည္းယားလိုက္ျပန္ေလသည္။
" အဟား ဟား ခ်စ္ၾကည္ႏူးတာ ခ်စ္ၾကည္ႏူးတာ အေဟး ေဝး ဝိုး ''
မွန္၏။ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို လိုက္ပို႔ေပးမည္မို႔ ယခုလို ေက်ာ့ေက်ာ့ေမာ့ေမာ့ေလး ျပင္ထားေနသမို႔ ေဒါက္တာနမ္တို႔က စျခင္းျဖစ္ေလသည္။
ေခါင္းေဆာင္ဖူဖာက သူ၏ဆိုင္ကယ္ကို စီး၍ ေက်ာင္းအိမ္ယာကို ေရာက္လာေလေတာ့သည္။ ဆရာေလးထီရန္လည္း အိမ္ေပၚမွ ဆင္းလာေလေတာ့သည္။ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ေျခမွအစေခါင္းအဆုံးၾကည့္၍
" ဒီေန႕ ၾကည့္ေကာင္းေနပါလား ''
ဟူ၍ ေျပာလိုက္သမို႔ ေခါင္းေဆာင္ဖူဖာက အကၤ်ီေကာ္လံေလးကို ျပင္ဆင္ကာ သူ၏ဆိုင္ကယ္မွ အရာတစ္ခုကို လွမ္းယူေနေလသည္။ ထိုအခါ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ေက်ာေပးထားသမို႔ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ၏ ေက်ာမွ အကၤ်ီတံဆိပ္ကို ျမင္ေလေတာ့သည္။
" ေခါင္းေဆာင္ ေစ်းႏႈန္း မျဖဳတ္ရေသးဘူး ''
ေခါင္းေဆာင္ဖူဖာက သူ၏ေက်ာမွတံဆိပ္ကို မမွီလွမ္းကမ္း လွမ္းေနသမို႔ ဆရာေလးထီရန္က ကူေပးဖို႔ ေျပာလိုက္ေလသည္။
" ဒီကိုလာ ကြၽန္ေတာ္ ျဖဳတ္ေပးမယ္ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက သူ၏မ်က္ႏွာႏွင့္ နီးကပ္ေနသည့္ ဆရာေလးထီရန္၏ မ်က္ႏွာကို စူးစိုက္ကာ ၾကည့္ေနေလသည္။
" ဘာၾကည့္တာလဲ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက တစ္ခ်က္ၿပဳံးလိုက္ၿပီး ဆရာေလးထီရန္လည္း ၿပဳံးကာ တံဆိပ္ကို ယူလိုက္ေလေတာ့သည္။
" ဒီမွာ ''
" ျမန္ျမန္သြားၾကမယ္ ''
" ေဟ့ ေနဦးေလ ေခါင္းေဆာင္ ''
ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာေနာက္ တစ္ေကာက္လိုက္သြားေလေတာ့သည္။
" ေဟ့ ေစာင့္ဦးေလ ဘာက ဒီေလာက္ ရည္စရာေကာင္းေနလို႔လဲ ေခါင္းေဆာင္ "
မွန္၏။ ဆရာေလးထီရန္က ေျပးလိုက္သြားရာ ခလုတ္တိုက္မိ၍ ေခါင္းေဆာင္ဖူဖာက ရည္လိုက္ေလသည္။
" မင္း ခလုတ္တိုက္တာကိုေလ ''
အဲ့ေနာက္ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို သြားသည့္ လမ္းတစ္ဝက္မွာ လမ္းခြဆုံကို ေရာက္ေသာ္ ဆရာေလးထီရန္ လမ္းမွားမည္မို႔ တားလိုက္ေလသည္။
" ေနဦး ဒီဘက္က သရဲေတာင္ကုန္းကို သြားတဲ့လမ္းေလ ''
" ေအာ္ ဒါက သရဲေတာင္ကုန္းလား ''
" အင္း ''
" ဒါဆို ဒီဘက္ကိုေပါ့ ''
" ေနဦး ထီရန္ ''
အဲ့သလို ေခါင္းေဆာင္ဖူဖာက သရဲေတာင္ကုန္းဘက္သြားသည့္လမ္းမွာ ေဆးလိပ္တိုေတြကို ေတြ႕၍ ေခ်ာက္ကမ္းပါးကိုသြားသည့္ လမ္းမွ ဆရာေလးထီရန္ကို အဲသလို ေျပာလိုက္ေလသည္။
" ဘာျဖစ္လို႔လဲ ေခါင္းေဆာင္ ''
" အခုေလးတင္မွ ေသာက္ထားတာ ဆိုလိုတာက ဒီကို တစ္ေယာက္ေယာက္လာသြားတယ္ ''
" ေမွာင္ခိုသမားေတြမ်ားလား ''
" သူတို႔လည္း ျဖစ္နိုင္သလို ေဆးျမစ္ရိုင္းေတြ ရွာတဲ့ ႐ြာသားေတြလည္း ျဖစ္နိုင္တယ္ ''
အဲ့ေနာက္ ေဘးပတ္ဝန္းက်င္ေတာႀကီးကို လွည့္ပတ္ၾကည့္၍ ေခါင္းေဆာင္ဖူဖာ သက္ျပင္းခ်ၿပီး ေခ်ာက္ကမ္းပါးဆီကို လာခဲ့ၾကေလေတာ့သည္။
" သြားမယ္ ''
ထို႔ေနာက္ ေတာႀကီးတစ္ေနရာကို ေရာက္ကာ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ ပါးစပ္ကို ပိတ္ကာ တိတ္တိတ္ေနခိုင္းေလသည္။
" ေဟ့ ''
" ရႉး ေအာက္ခ်င္းငွက္ေတြေလ ျမင္ဖူးလား ''
" ေအး ျမင္ဖူးတယ္ Discovery Channel ေတြထဲမွာေလ ''
" သူတို႔ကို သာယာတဲ့ သဘာဝသစ္ေတာေတြမွာပဲ ေတြ႕နိုင္တာ ''
မွန္၏။ အပင္ေပၚမွာ ေအာက္ခ်င္းငွက္ အဖိုအမႏွစ္ေကာင္ နားခိုေနေလသည္။
" ဒီေတာအုပ္က အစ္ကို႔ရဲ႕ ေစာင့္ေရွာက္မႈေကာင္းေအာက္မွာလို႔ ေျပာေနတာလား ''
" ေအာက္ခ်င္းငွက္ေတြက တစ္လင္တစ္မယားစနစ္ က်င့္သုံးၾကတယ္ ေအာက္ခ်င္းငွက္ေတြက လက္တြဲ
ေဖာ္ရွာေတြ႕ၿပီဆိုရင္ တစ္ဘဝလုံးကို သူနဲ႕ပဲ ျဖတ္သန္းသြားၾကေတာ့တာ ''
" လက္တြဲေဖာ္ေသသြားရင္ေရာ ''
" လက္တြဲေဖာ္ေသသြားရင္ အသက္ရွင္ေနတဲ့ေကာင္က အဲဒီေနရာေလးမွာပဲ ေသတဲ့အထိေနသြားေတာ့တယ္ ''
" စိတ္ကူးယဥ္ဆန္လိုက္တာေနာ္ ''
" ဟင္ ''
" ေအာက္ခ်င္းငွက္ေတြကို ေျပာတာပါ ''
အဲသလို ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ တစ္ေယာက္ကိုတစ္ေယာက္ မလႈံမလဲဲျဖစ္ကာ ေခ်ာက္ကမ္းပါးဆီ လာခဲ့ျပန္ေလသည္။ အဲ့ေနာက္ ေတာင္ကုန္းေတာင္တန္း ေက်ာက္ေဆာင္ေတြ ရွိရာေနရာကို ေရာက္လာေလေတာ့သည္။
" အဆင္ေျပရဲ႕လား ''
" ေျပပါတယ္ ''
ဆရာေလးထီရန္ ေတာင္တက္လာရ၍ ေမာပန္းကာ ေနေလေတာ့သည္။ ေခါင္းေဆာင္ဖူဖာက ယူလာသည့္ ေရဘူးကို ဆရာေလးထီရန္အား ေပးလိုက္ေလသည္။ ဆရာေလးထီရန္လည္း ေမာပန္းေန၍ ေရကို ေသာက္လိုက္ေလသည္။
" ေရာ့ တူတူေသာက္မယ္ ''
" .... ''
" ေဝးေသးလား ''
" နီးေနပါၿပီ ''
" နီးေနၿပီဆိုတာ ခဏခဏၾကားေနရတာ ဘယ္လိုယုံရမွာလဲ ''
" ေတာထဲမွာ အမဲလိုက္တဲ့လူကိုမွ မယုံရင္ ယုံစရာ လူရွိမွာ မဟုတ္ေတာ့ဘူး အဆင္ေျပတာက ေသခ်ာရဲ႕လား ကုန္းပိုးေပးရမလား ''
" ေျပပါတယ္ ''
အဲသလို ဆရာေလးထီရန္ကေမာပန္းေနသမို႔ ေခါင္းေဆာင္ဖူဖာက ေမးလိုက္ၿပီး လက္ကေလးကမ္းေပးကာ ဆရာေလးထီရန္၏ လက္ကေလးကိုလည္း ေခါင္းေဆာင္ဖူဖာက ဆုပ္ကိုင္ၿပီး ေခ်ာက္ကမ္းပါးကို ေခၚလာေလသည္။
" သြားရေအာင္ ''
ဖာပန္းေဒါင္းေခ်ာက္ကမ္းပါး ေက်ာက္တုံးေက်ာက္ေဆာင္ လွပသည့္ ေတာေတာင္ေတြ ရွိသည့္ ကမ္းပါး ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးကို ေရာက္သြားေလေတာ့သည္။
ဆရာေလးထီရန္က အားရပါးရ လက္ႏွစ္ဖက္ကို စင္ေရာ္ငွက္ကို ျဖန့္ကာ ေလညွင္းေလးကို တဝႀကီး ခံစား အပန္းေျဖလိုက္ေလသည္။
" ဝိုး ဟား ''
" ပင္ပန္းရက်ိဳး နပ္လား ''
" အင္း ''
" ငယ္ငယ္တုန္းက အေဖက ဒီကိုအၿမဲေခၚလာတာ အေဖက ေျပာဖူးတယ္ အေဖ့အလုပ္က ျမင္ေနရတဲ့
သစ္ပင္ေတြ အကုန္လုံးကို ကာကြယ္ဖို႔ပဲတဲ့ တစ္ေန႕ အေဖကင္းလွည့္ေနတုန္း ေသနတ္ပစ္ခံလိုက္ရတယ္
ပစ္တဲ့လူက အခုထိ လြတ္ေနတုန္းပဲ အဲ့တုန္းက အေဖ့ကို အရမ္းေဒါသထြက္ခဲ့တာ ဒီသစ္ပင္ေတြ အတြက္နဲ႕
သူ႕အသက္ကို စြန့္ၿပီကိုယ္နဲ႕ ကိုယ့္အေမကို ထားသြားလို႔ အရမ္းစိတ္ဆိုးခဲ့တာ ဒီေန႕ ကိုယ္ဒီမွာ ရပ္ေနလိုက္ရေတာ့ အေဖ
ဘယ္လိုခံစားခဲ့ရလဲဆိုတာ အခုနားလည္သြားၿပီထင္တယ္ ဒီေတာအုပ္က အိမ္လိုပဲ သက္ရွိေတြရဲ႕ အရင္း
အျမစ္ ဒီကလူေတြရဲ႕ဘဝပဲ အေဖ့လိုမ်ိဳးေသရမယ္ဆိုရင္ ေနာင္တရမွာ မဟုတ္ဘူး ''
အဲသလို ေခါင္းေဆာင္ဖူဖာက သူ၏ဘဝအေၾကာင္းေျပာျပေနၿပီး ဆရာေလးထီရန္လည္း နားေထာင္ကာ စကားဆိုလာေလသည္။
" အစ္ကို႔ကို ဂ႐ုစိုက္တဲ့ လူေတြကိုလည္း မေမ့လိုက္ပါနဲ႕ ''
" သိပါတယ္ လူတိုင္းကေတာ့ မေသခ်င္ၾကပါဘူး ဒါေပမယ့္ ကိုယ္တို႔မလုပ္ရင္ ဘယ္သူမွ လုပ္ၾကမွာ မဟုတ္ဘူး ''
အဲ့ေနာက္ ဆရာေလးထီရန္က ေက်ာက္တုံးေလးအေပၚမွာ ထိုင္ခ်လိဳက္ေလရာ ေခါင္းေဆာင္ဖူဖာလည္း ေနာက္ထပ္ ေက်ာက္တုံးေပၚမွာ ထိုင္လိုက္ေလသည္။
" ေခါင္းေဆာင္ အေဖ့ ကိစၥအတြက္ စိတ္မေကာင္းပါဘူးေနာ္ ''
" အေဖေရာ အေမေရာ ေသသြားၿပီ ဆိုရင္ေရာ စိတ္ပူစရာလူမရွိေတာ့ပါဘူး မင္းကေရာ ဒီေလာက္အ
ေဝးႀကီး ေရာက္လာတာ စိတ္ပူေနမယ့္လူမ်ား မရွိဘူးလား ''
" ကြၽန္ေတာ့္မွာ ခ်စ္သူရွိလားလို႔ ေမးေနတာ ဆိုရင္ေတာ့ မရွိပါဘူး ''
ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာ အကြက္ေဟာင္းသုံးၿပီး အဲသလို ေမးသမို႔ အဲသလို ျပန္ေျဖေပးလိုက္ေလသည္။
" ယုံမယုံကေတာ့ အစ္ကို႔သေဘာပဲ ကြၽန္ေတာ္လည္း အစ္ကို႔ကို မယုံပါဘူး အစ္ကို႔မွာစိတ္ပူရမယ့္ လူမရွိဘူးဆိုတာ
အစ္ကို႔လို လူမ်ိဳးေတြက တစ္ၿမိဳ႕ေရာက္တိုင္း မိန္းမတစ္ေယာက္ရွိေနမွာ သိၿပီးသား ''
" အဟင္း လူတိုင္းေတာ့ မဟုတ္ၾကပါဘူး မင္း ကိုယ့္ကို တကယ္သိလာရင္ ကိုယ္က အဲဒီလိုလူမ်ိဳး မဟုတ္ဘူးဆိုတာ သိလာလိမ့္မယ္ ယုံလို႔ရတယ္ ''
အဲသလို တစ္ေယာက္ကိုတစ္ေယာက္ ရီးစားမရွိတဲ့အေၾကာင္းေတြကို အေရးတႀကီး ေျပာဆိုေနၾကေလသည္။
" ကိုယ့္အေၾကာင္း ပိုသိခ်င္လား ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ၿပဳံး၍ ၾကည့္ကာ ေလ့လာအကဲခတ္ေနၾကေလသည္။
" ဒါနဲ႕ အစ္ကိုက အရင္ဆရာမေလးနဲ႕ အရမ္းရင္းႏွီးတယ္ၾကားတယ္ ''
" ဘာလို႔လဲ အဲဒီအေၾကာင္း ေမးခ်င္ေနတာလား ''
" မဟုတ္ပါဘူး သိခ်င္လို႔ ေျဖခ်င္မွေျဖပါ ''
" ကိုယ့္အတြက္ ေထာ့ဖန္က ညီမေလးတစ္ေယာက္ပါပဲ ကိုယ္တစ္သက္လုံးခ်စ္သြားမယ့္ ညီမေလး ကိုယ့္
အေၾကာင္းေတြ အမ်ားႀကီး ေျပာၿပီးၿပီဆိုေတာ့ မင္းကိုလည္း ေမးဦးမယ္ ''
" အစ္ကိုက ဘာသိခ်င္လို႔လဲ ''
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ ရင္ဘတ္ကို လက္ညိုးထိုးျပလိုက္သမို႔ ဆရာေလးထီရန္က ဘာကို ေျပာေစခ်င္တာလဲဆိုတာ သိသြားေလေတာ့သည္။
" မင္း ရင္ဘတ္ေပၚက အမာ႐ြတ္အေၾကာင္း ''
" ဘယ္ေတာ့မွ မေမးေလာက္ေတာ့ဘူးလို႔ ထင္ေနတာ ဒီအမာ႐ြတ္က ႏွလုံးခြဲစိတ္တုန္းက ရထားတာ အဲဒီတုန္းက ကြၽန္ေတာ္ေသၿပီလို႔ ထင္ခဲ့တာ
ကံေကာင္းစြာနဲ႕ အသက္ရွင္ခဲ့တယ္ ျပန္ၿပီး ေမြးဖြားလာရသလိုပဲ ကိုယ့္ကိုယ္ကို ျပန္ေ႐ြးခ်ယ္ခြင့္ ရလိုက္သလိုမ်ိဳးေပါ့ ''
ဆရာေလးထီရန္က ရင္ဘတ္ကေလးကို ကိုင္ကာ အဲသလို လွဲလွယ္တာကို ခြဲစိတ္ထားတာဟူ၍ ထပ္ၿပီး လိမ္၍ ေျပာလိုက္ေလသည္။
" ျပန္ဆင္းရေအာင္ ေမွာင္သြားရင္ လမ္းေလွ်ာက္ရတာ ခက္လိမ့္မယ္ ''
ဆရာေလးထီရန္က အဲသလိုေျပာၿပီး ထိုင္ေနရာမွ ထကာ ေခါင္းေဆာင္ဖူဖာကလည္း ထိုင္ရာမွ ထ၍ တားလိုက္ေလသည္။
" ေနဦး ကိုယ္သိခ်င္တာ ရွိေသးတယ္ မင္းနဲ႕ေထာ့ဖန္နဲ႕က ဘယ္လိုပတ္သက္ေနတာလဲ ''
ေခါင္းေဆာင္ဖူဖာအဲသလို ေမးလိုက္ရာ ဆရာေလးထီရန္က ေျဖဖို႔ အခက္ေတြ႕သြားေလေတာ့သည္။ တကယ္ပဲ ဘာေၾကာင့္ အဲ့လိုေမးရတာလဲ ဆရာေလးထီရန္က ေထာ့ဖန္ႏွင့္ အနည္းငယ္တူေနသမို႔ ေမးတာလား ဘာေၾကာင့္ေမးတာလဲ ဆရာေလးထီရန္က ဘယ္လိုမ်ားေျဖလိုက္ေတာ့မလဲ ဆိုတာ ေစာင့္ရေပဦးမည္။
တစ္ျခားလူေတြ အတြက္
စြန့္လႊတ္အနစ္နာခံခ်င္းဟာ
ႀကီးျမတ္တဲ့ ရဲရင့္ျခင္းပါပဲ။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Unit - 4
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္