နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {S...

By Pulchritudo_LUX

2.7K 286 10

This Original Novel does not belong to me. I'm just Translator to Burmese Language who love this novel. Name... More

မိတ်ဆက်
အခန်း(၁)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)

အခန်း (၂)

184 39 2
By Pulchritudo_LUX

Unicode

ဤသို့ဖြင့် ယခင်ကဖုန်းကျွင်းရဲ့ တစ်ဦးတည်းသောမင်းသား၏ သည်ဝေးလံခေါင်သီဒေသ၌ ထူးဆန်းသည့်အလုပ်များလုပ်ကိုင်ရသည့် ဘ၀ဟာအစပျိုးခဲ့ပါတော့သည်။ သူသည် ဖြူစင်သောကလေးငယ်တစ်ယောက်ကို ရက်စက်သွေးအေးပြီး အကြင်နာတရာကင်းမဲ့သောသူအဖြစ်ပျိုးထောင်ပြီး အမြင့်မားဆုံးပလ္လင်ပေါ်တင်ပေးနိုင်ခဲ့သော်လည်း ပုံမှန်အိမ်စေတစ်ယောက်၏ အိမ်မှုဝေယျာ၀စ္စကိစ္စများကို လုပ်ကိုင်ရာ၌မူ သုံးစားမရနိုင်ဖြစ်ပေတော့သည်။ အကြံအစည်များဖြင့်ပြည့်နှက်နေသော နန်းတော်အတွင်း မရေတွက်နိုင်သောနှစ်များစွာနေထိုင်ခဲ့ရာတွင် ဤကဲ့သို့သော အဆင့်နိမ့်အလုပ်များကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လုပ်ကိုင်စရာမလိုခဲ့။

သို့ပေသော်ငြား ယခုအချိန်တွင်တော့ သူသည်အသုံးမကျသောလူရူးတစ်ယောက်အဖြစ် နိမ့်ဆင်းသွားပုံရသည်။ ကိုးယိုးကားယားနဲ့ ပန်းကန်အချို့ကိုကွဲစေမိသည်၊
တစ်ခုတည်းသောရေပုံးကို ရေပုံးထဲကျစေမိသည်၊ အိပ်ယာခင်းပေါ်မှ အစွန်းအထင်းတွေကို သန့်ရှင်းရမည့်အစား ပိုပြီးထင်းသွားစေမိသည်... စသည်ဖြင့်... အစရှိသည်ဖြင့်။ သည်လိုနဲ့... သူ‌သွားလေရာနေရာများ၌ အခြားသူများထံမှ သနားဂရုဏာသက်သည့်အကြည့်များကို ရရှိခဲ့၏။ ရုပ်ဆိုးပြီး ပုံမကျပန်းမကျနဲ့ သနားစရာအခြေအနေက.... မည်သည့်အတွက်မှ မကောင်းတာ ရှင်းရှင်းလင်းလင်းပင်..။

နေ့တိုင်းနေ့တိုင်း.. ထမင်းချက်အဒေါ်ကြီးက သူ့ကိုအစားပိုစားဖို့တွန်းအားပေးပြီး သူ့ကိုအသားတုံးကြီးကြီးများ တိုးတိုးတိတ်တိတ်ထည့်ပေးခြင်းအားဖြင့် အထူးမျက်နှာသာတောင်ပေးသေးသည်။ ဟုတ်‌ပေသည်။ လူအများစုက အသားတုံးကြီးကြီးမစားနိုင်သောကြောင့် ၎င်းမှာအမှန်တကယ်ပင် အထူးမျက်နှာသာ‌ပေးခြင်းဖြစ်ပါသည်။

ယခုတော့ ဆေးဆရာပြောသောအရာများမှာ အမှန်ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီဖြစ်သည်။ ဆေးဆရာက သူ့ကိုလိမ်နေခြင်းမဟုတ်ခဲ့ပါ။ ခရိုင်အစိုးရက တကယ့်ကို၊ အလွန့်အလွန်၊ အင်မတိအင်မတန်ဆင်းရဲလွန်းလှ၏..။ အစားအသောက်မတတ်နိုင်သည်က ဆိုးရွားလှသည်မဟုတ်သော်လည်း အမှန်ပင်ဆင်းရဲသည်။ ယခင်ကတော့ သူက မသိနားမလည်ဘဲ သူရရှိသည့်အစားအစာများက ရိုးရှင်းသည်ဟု အထင်ရောက်ခဲ့၏..။ သူအကူဖြစ်သည့်အချိန်ရောက်မှ ဆန်နှင့် ဟင်းသီးဟင်းရွက်ဟင်းလျာများသည် အမှန်တကယ်လူနာများအတွက် အစားအစာများဖြစ်ကြောင်းနှင့် သူသည်လည်း အမှန်တကယ်ဦးစားပေးကုသမှုကို ခံခဲ့ရသည်ဟု သဘောပေါက်ခဲ့သည်..။

သူသည်"အလုပ်"ကိုစတင်လုပ်ကိုင်ခဲ့ကတည်းက ရှားရှားပါးပါး"ဆန်ထမင်း"ကို အမှန်တကယ်ပင်စားခဲ့ရသည်။ သူ၏အစားအသောက်တို့သည် ဆန်ခေါက်ဆွဲ၊ ဆန်ပြုတ်နှင့် ဆန်အနှစ် အစရှိသဖြင့်..... တို့ပါ၀င်ကြသည်။ ၎င်းတို့မှာ ထမင်းချက်အဒေါ်ကြီးမှ သူ့အားဂရုစိုက်သည့်အတွက် အဆာပလာများနှင့် ဆန်များအထူးတလည်ထပ်ထည့်ပေးထားသော ချစ်ခြင်းမေတ္တာများဖြင့်ပြည့်နှက်နေသော အစားအစာများဖြစ်ခဲ့သည်....။

ခရိုင်ရုံးရှိ ပရိဘောဂများကို ဖျတ်ခနဲကြည့်ရုံနှင့်ပင် လုံလောက်ပါသည်။ ဘယ်လောက်တောင် ၀မ်းနည်းစရာကောင်းသည့် မြင်ကွင်းပါလိမ့်။ သနားစရာကောင်းလောက်အောင် ဆင်းရဲလှသည့်အခြေအနေက နေ့အချိန်ကဲ့သို့ပင် ထင်ရှားလွန်းလှသည်....။

လေးစားမှုမဆုံးရှုံးစေရန်(အထင်သေးမခံရစေရန်) ထိန်းသိမ်းထားရန်လိုအပ်သည့် တစ်ခုတည်းသောတရားရုံး၏ ဧည့်ခန်းမှအပ အခြားနေရာများမှ ပရိဘောဂများမှာ ခေတ်တုံးနေပြီး ဆေးကွာလျှင်ကွာ မဟုတ်လျှင် ဒေါက်များဖြင့်တွဲချည်ထားရသည်။

ခရိုင်တရားသူကြီး၏ အိပ်ခန်းတောင်မှ အကောင်းကြီးမဟုတ်ခဲ့ပေ။ အမှန်တကယ်တော့ ပိုလို့တောင်ဆိုးပြီး လွန်စွာ... လွန်စွာ ရိုးရှင်းပါသည်။ စာအုပ်စင်၊ ခုတင်နှင့် ခြေထောက်ကျိုးနေသော ခုံငယ်လေးတစ်ခုအပြင် ဘာမျှမရှိ။ အ၀တ်ဘီရိုလေးတောင်မှ မရှိပေ..! ခုတင်၊ စာအုပ်စင်နှင့် ခုံများ၏ ခြေထောက်တိုင်းတွင်
သစ်သားပိုင်းများကပ်၍ သံရိုက်ထားရသည်။ အမှန်အတိုင်းပြောရလျှင် အကယ်၍အ၀တ်ဘီရိုရှိလျှင်တောင်မှ သုံးစရာနေရာမရှိ..။ တရားသူကြီးမင်း၏ ခုံပေါ်တွင် အ၀တ်အစားသုံးစုံသာရှိပြီး တစ်စုံမှာတရား၀င်ရုံးအ၀တ်အစားဖြစ်ကာ နောက်နှစ်စုံမှာ သာမာန်လဲလှယ်၀တ်ဆင်ရသည့်အ၀တ်အစားများဖြစ်ကြသည်။ အလွန်တရာနုံချာလွန်းလှပေသည်....။

ယခုကဲ့သို့ဟောင်းနွမ်းစုတ်ပြတ်နေသောပြည်နယ်တွင်  သူ့ကိုယ်သူရပ်တည်ရန်အတွက် ဤခရိုင်တရားသူကြီးမင်းက အဘယ်မျှဆင်းရဲမွဲတေသနည်းဆိုသည်ကို သိလို‌ဇောဖြင့် သူ့စိတ်ကိုပင်အောင့်မျက်သွားစေသည်။  သို့သော်လည်းထိုနေရာတွင်လအနည်းငယ်အလုပ်လုပ်ကိုင်ပြီးသည့်တိုင် သူနှင့်‌တွေ့ဆုံရန်အခွင့်အရေးမရခဲ့ပါ။ တရားသူကြီးမင်းက သူ့ကိုရှောင်နေခြင်း သို့မဟုတ် ထိုကဲ့သို့သောအကြောင်းတစ်ခုခုကြောင့်မဟုတ်ပါ။ ပြဿနာမှာ သူတို့တွေ့ဆုံရန်အခွင့်အရေးမရခဲ့သောကြောင့်သာဖြစ်သည်။

နေ့စဉ်နေ့တိုင်း တရားသူကြီးမင်းက သူမနိုးခင်ထွက်သွားတတ်ပြီး သူအိပ်ယာ၀င်သည့်တိုင်အောင် ပြန်မရောက်သေးပေ။ ထို့ကြောင့်ပင် သူအလုပ်လုပ်နေသည်မှာကြာပြီဖြစ်သည့်တိုင်အောင် သူ့အထက်လူကြီး၏ ပုံပန်းသ‌ဏ္ဍာန်ကို မသိရှိခြင်းဖြစ်သည်။

သို့ရာတွင် ခရိုင်တရားရုံး၏ ဒုတိယမြောက်တစ်ဦးတည်းသော အကူ၏စကားများမှ သူသုံးသပ်ကြည့်နိုင်ပါသည်။ ဤတရားသူကြီးမင်းမှာ လူအများထံတွင် နက်နက်ရှိုင်းရှိုင်းကိုလေးစားခံရသည်။  စကားမစပ် အစိုးရရုံးမှ နှစ်ဦးတည်းရှိသည့် အကူများမှာ သူနှင့် မီးဖိုဆောင်အဒေါ်ကြီးတို့ပင်...။

ထမင်းချက်အဒေါ်ကြီးက တာ၀န်ကျေသည်။ သူမက သူတို့အတွက်နေ့စဉ်ချက်ပြုတ်ပြင်ဆင်ပေးသည်။ တရားသူကြီးမင်းအတွက် ညစာနှင့်မနက်စာကိုပြင်ဆင်ပြီးမှ အိမ်သို့ပြန်သည်။ ထို့နောက် ‌ထပ်မံချက်ပြုတ်ပြင်ဆင်ရန်အတွက် နောက်တစ်နေ့မနက်အစောကြီးရောက်လာသည်။ ခရိုင်အစိုးရသည် ဆင်းရဲသည့်အတွက်  စရိတ်စကများအပြင် ငှားရမ်းခကိုလည်းမတတ်နိုင်..။ မြို့ခံများမှ မော့ရှုရှန်းရှုန်းအား ကူညီပေးဖို့ဆိုလျှင် ၀မ်းသာအားရဖြစ်ကြသည်ဟု မီးဖိုဆောင်အဒေါ်ကြီးထံမှ သူသိထားပြီးဖြစ်သော်လည်း စောဒကတက်နေသည့် အမျိုးသား(မော့ရှုရှန်းရှုန်း)ကတော့ သူတို့ကို လုပ်ခလစာမပေးခြင်းက မယဉ်ကျေးခြင်းဟု ဆုံးဖြတ်ခဲ့သည်..။ လူတိုင်း၏ ခိုင်ခိုင်မာမာတောင်းဆိုမှုအောက်တွင် ထိုအချိန်က အားလပ်နေခဲ့ကြသော မြို့တော်မှအမျိုးသမီးများအား ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် အ၀တ်များလျှော်ဖွပ်ခြင်းများအား အလှည့်ကျပြုလုပ်နိုင်ကြစေရန် တွန့်ဆုတ်စွာဖြင့်လက်ခံခဲ့ရသည်..။

သူက ယခုအချိန်တွင် တရား၀င်အကူအဖြစ်လုပ်ကိုင်နေပြီဖြစ်သည့်အတွက် ထမင်းချက်အဒေါ်ကြီး၏ အလုပ်တာ၀န်များကိုခွဲဝေယူရမည်ဖြစ်သည်။ သို့သော်လည်း သူ၏တာ၀န်များအား ကျေကျေပွန်ပွန်မပြီးမြောက်ရုံသာမက.. အခြားသူများကိုတောင် အရှုပ်တွေလုပ်မိလိုက်သေးသည်။

ထိုနေရာမှာ ရုံး‌စေရဲမက်စုစုပေါင်း ၁၈ယောက်သာရှိပြီး ငွေကိုင်ရန် ရုံးကိုစီမံခန့်ခွဲရန်နှင့်  တရားသူကြီးမင်း၏ အလုပ်အကိုင်အတိုင်းအတာအောက်တွင်မရှိသည့် အခြားတာ၀န်များကို တာ၀န်ခံရန်အတွက် တရားရုံးအကြံပေးကလည်း တစ်ယောက်တည်းသာရှိသည်။

ရုံးစေရဲမက်အားလုံးဟာ ဒေသခံများဖြစ်ကြသည်။ သူတို့တွေဟာ မနက်တိုင်းပတ္တရောင်လှည့်ပြီးနောက် မနက်စာအတွက် ရုံးကိုပြန်လာကြပြီး နေ့ခင်းပိုင်းအလုပ်ချိန်ပြီးပြီဆိုတာနဲ့ အိမ်ကိုပြန်သွားကြပြီး နောက်တစ်နေ့မနက်ကျရင် အလုပ်လုပ်ဖို့ ပြန်ရောက်လာကြပြန်သည်..။ ညစာကို ခရိုင်အစိုးရမှထောက်ပံ့ပေးသော်လည်း သူတို့ကတော့ရုံးစရိတ်သက်သာစေရန်ကူညီဖို့အတွက် ရုံးမှာစားရမည့်အစား လူတိုင်းက သူတို့အိမ်မှာပဲစားကြသည်။

အကြံပေးပုဂ္ဂိုလ်လား...? သူကတော့ မနက်‌အစောကြီးကတည်းက တရားသူကြီးမင်းရဲ့ ကျွန်ပြုခြင်းကိုခံရပြီး ညဘက်အလုပ်ချိန်ပြီးကာမှ အိမ်ပြန်နိုင်တာဖြစ်သည်..။ သို့အတွက် ထိုလူကိုလည်းသူမတွေ့ဖူးခဲ့ပါ။ အခြေခံအားဖြင့်တော့ သည်ကျယ်၀န်းပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော အစိုးရရုံးထဲမှာ ညဘက်ကျန်နေခဲ့သူများကတော့ သူနှင့် မနက်အစောကြီးအလုပ်သွားပြီး ညဘက်နောက်ကျမှပြန်ရောက်သည့် တရားသူကြီးမင်းတို့ဖြစ်ကြသည်။

ဖုန်းကျွင်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာတောင် သည်လောက်ဆင်းရဲမွဲတေလွန်းလှသည့် တရားသူကြီးမျိုးကို မမြင်ဖူးခဲ့...။ လောဘကြီးတဲ့အရာရှိများကို တွေ့နေမြင်နေကျဖြစ်ပြီး ထိန်းရသိမ်းရခက်သည့် လုံးလုံးလျားစာရိတ္တပျက်ပြားနေသည့် အရာရှိများတောင်ရှိကြသည်။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို အဓိကမထားတတ်သည့်လူအနည်းငယ်ကိုလည်း အမှတ်မထင်‌တွေ့ခဲ့ဖူးသည်။ တရားသူကြီးများဆိုသည်မှာ အမှန်တကယ်တော့ ပြည်သူ့၀န်ထမ်းများသာဖြစ်ကြသည်ကို စီရင်စု၏ တရားသူကြီးတစ်ဦးက ဘယ့်နှယ့်ကြောင့်များ ဤမျှလောက်ဆင်းရဲမွဲတေသွားရသနည်း..။ သူနားမလည်နိုင်ခဲ့ပါ..။

သို့သော်လည်း အကြောင်းရင်းက မကြာခင်မှာပဲ သူ့ဆီမှာပေါ်ထွက်လာခဲ့ပါတော့သည်..။

မနက်ခင်းတချို့၌ တရားသူကြီးမင်းက အစောကြီးထွက်သွားတတ်သည်။
ချက်ပြုတ်သည့်အမျိုးသမီးက သူ့တွင်လုပ်စရာရှိသဖြင့် ထိုနေ့မျိုးတွင် စား‌သောက်ကုန်ပစ္စည်းများကို သွားမယူနိုင်..။ ထို့ကြောင့်စားသောက်ကုန်တို့ကို သွားရောက်ထုတ်ယူရန်နှင့် ကုန်စိမ်းဆိုင်ပိုင်ရှင်ကို အကြောင်းကြားပြီးဖြစ်ကြောင်း၊ ကျသင့်ငွေပေးချေပြီးသားလည်းဖြစ်ကြောင်းအမှာစကားကို သူမမိသားစုမှ အမျိုးသားတစ်ယောက်ကို စေလွှတ်ကာပြောကြားစေသည်.။ ၎င်းမှာအထူးအဆန်းတော့မဟုတ်ချေ..။

သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး ထွက်သွားသည်။ သူစိမ်းတွေ သူနဲ့ရင်းနှီးတဲ့လူတွေအစရှိတဲ့ မရေမတွက်နိုင်တဲ့ လမ်းသွားလမ်းလာတွေဟာ လမ်းတစ်လျှောက်လုံးသူ့ကိုနှုတ်ဆက်ကြပြီး သူကလည်းပြန်နှုတ်ဆက်တတ်သည်။ သူဟာလစာမရတာကြောင့် သူလိုချင်တာတွေကိုမ၀ယ်နိုင်သော်လည်း သည်အစိုးရရုံးအလုပ်ကို ကျေးဇူးတင်ရမည်။ "ကျွန်ုပ်ကိုချစ်ပါ။ ကျွန်ုပ်ရဲ့ခွေးကိုချစ်ပါ"ဆိုတဲ့စကားအတိုင်း သည်အလုပ်ကြောင့်ပင် ဒေသခံများ၏ ရိုသေလေးစားမှုနဲ့ ချစ်ခင်မှုကိုရခဲ့သည်မဟုတ်ပါလား...။

တကယ်တမ်းပြောရရင်တော့ သူ၀ယ်ချင်တာဆိုလို့ တကယ်ကို ဘာမှရှိတာလည်းမဟုတ်ပါဘူး။ ဒါမှမဟုတ် သူကဘာကိုမှစိတ်မ၀င်စားဘူးလို့များပြောသင့်လား။ သူက အလုပ်ကိုစားနိုင်ဖို့အတွက်ပဲလုပ်တာ။ အစားစားတာကလည်း အသက်ရှင်နိုင်ဖို့အတွက်စားတာပဲ။ အသက်ရှင်တာကလည်း အလုပ်လုပ်ဖို့ပဲလေ။ ဒါအကုန်ပါပဲ။ သူကထိုအရာ‌တွေအတွက် အများကြီးစဉ်းစားဖို့ရန်လည်း ဆန္ဒမရှိသလို ထိုသို့စဉ်းစားဖို့လည်းပျင်းရိလှသည်။ အရမ်းလေးလေးနက်နက်မတွေးတာကလည်း အကောင်းဆုံးဖြစ်ပါလိမ့်မည်။ တကယ်လို့သူသာတိရစ္ဆာန်တစ်ကောင်ရဲ့ သဘာ၀အတိုင်းနေမည်ဆိုပါက စိတ်မချမ်းမသာဖြစ်တော့မှာမဟုတ်ဘူးလို့ သူ့ကိုယ်သူအထပ်ထပ်ပြောနေမိတော့သည်..။

" နန်ကောအာရေ ဒီမှာစားသောက်ကုန်တွေ "

သူရောက်လာမှန်း သတိပြုမိသည့်အခါ ကုန်စိမ်းဆိုင်ပိုင်ရှင်က လှိုက်လှိုက်လှဲလှဲနှုတ်ဆက်သည်။ သူ့ရဲ့မပီမပြင်ဗလုံးဗထွေးစကားသံကတော့ သူ့ရဲ့အဖြေစကားဖြစ်သည်။ " နန်ကွား "ဆိုသည်မှာ သူ့အတွက်သူကိုယ်တိုင်ဖန်တီးခဲ့သည့် ကျပန်းနာမည်ပြောင်တစ်ခုဖြစ်သည်။ ဆေးဆရာက သူ့ရဲ့နာမည်ကို မေးတဲ့အချိန်မှာ သူ့မျက်လုံးထောင့်မှ ရိပ်ခနဲမြင်လိုက်ရသည့် ရွှေဖရုံသီးကို အစပြုခဲ့ခြင်းဖြစ်သည်။ သူငေးကြည့်နေတဲ့နေရာကိုလိုက်ကြည့်ရင်း ရွှေဖရုံသီးအကြီးကြီးကို သတိပြုမိသော်လည်း ဆေးဆရာက ဘာမှတ်ချက်မှမပေးခဲ့ပါ..။ သူမထွက်သွားခင် ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြသွားခဲ့သည်..။ နောက်တစ်နေ့ရောက်တဲ့အခါမှာတော့ အစိုးရရုံးတွင် အကူအသစ်တစ်ယောက်ရောက်လာပြီဖြစ်ကြောင်း၊  ၎င်းရဲ့နာမည်မှာ "နန်ကောအာ"ဖြစ်ကြောင်း တစ်မြို့လုံးသိသွားပါတော့သည်..။

( နန်ကောအာ - ရွှေဖရုံသီးအစ်ကို )


" အဒေါ်၀မ်က ငါ့ကို‌ကြိုပြောထားပြီးပြီ "

ကြိုထည့်ထားပြီးသား ဟင်းချက်စရာခြင်းတောင်းကို သူ့ဆီကမ်းပေးရင်း ကုန်စိမ်းဆိုင်ပိုင်ရှင်ကပြောသည်။ သူကလှမ်းပေးရင်းနဲ့လည်း သူ့လက်နားက ဟင်းရွက်စည်းတွေကို လှမ်းဆွဲယူလိုက်ပြီး ခြင်းတောင်းထဲကိုထည့်ပေးလိုက်သေးသည်။

" နန်ကောအာ မင်းကတော့ မော့ရှုရှန်းရှုန်းကို ပြောရမယ်နော်
နုတ်နုတ်စင်းထားတဲ့အသား‌တွေဆိုရင်တောင်မှ သူနည်းနည်းထပ်စားသင့်တာပဲလေ
မင်းတို့နှစ်ယောက်ဘယ်လောက်တောင်ပိန်နေလဲကြည့်ပါဦး "

ခင်ဗျားတို့ရဲ့ မော့ရှုရှန်းရှုန်းဆိုတာ ကမ္ဘာပေါ်မှာဘယ်သူမှန်းဆိုတာတောင် ကျုပ်ကသိတာမဟုတ်ဘူးလေ။
သူ့ကိုဘယ့်နှယ့်လုပ်ပြောရမှာတုန်း။

ကုန်စိမ်းဆိုင်ပိုင်ရှင်ကို သူတိတ်တိတ်ကလေး ကြည့်လိုက်သည်။

ဒါပေမယ့် ကုန်စိမ်းဆိုင်ပိုင်ရှင်ကတော့ သူဆိုလိုတာကို နားလည်မှုလွဲသွားခဲ့သည်။

" အိုးး ငါ့ကိုကြည့်ပါဦး ငါအတည်ပြောနေတာ.. "

သူက‌ပြောရင်းဆိုရင်းနဲ့ သခွားသီးစိမ်းကို ထပ်တင်လိုက်ပြီး

" ငါနောက်နေ့ကျရင် အသားတချို့ပို့ပေးလိုက်မယ်
မင်းသိလား မြို့အရှေ့ဘက်မှာနေတဲ့ အဖိုးကြီးက နေမကောင်းထပ်ဖြစ်တော့ မော့ရှုရှန်းရှုန်းက စမ်းသပ်ခအတွက်အများကြီးအကုန်ကျခံလိုက်ရသေးတယ်
အစ်မကြီးချန်းနဲ့ သူ့အမေအတွက်လည်း ဆန်တချို့၀ယ်ပေးသေးတယ်လေ အမယ်လေး... "

သူ့အတွေးယာဉ်ကြောမှာမျောရင်း ခေါင်းခါလိုက်ပြီး..

" မော့ရှုရှန်းရှုန်းမှာ ပိုက်ဆံအများကြီးတောင်ရှိတာမဟုတ်ဘူး... "

နန်ကောအာလည်း ဟန်ဆောင်ပန်ဆောင်ပြုံးလိုက်သည်။

သူ့အတွက်ဆန်ပြုတ်ပဲရှိတဲ့အချိန်မှာ သူများအတွက်ဆန်၀ယ်ပေးလိုက်သေးတယ်။
တရားသူကြီးမင်းရဲ့ ပိုက်ဆံတွေဘယ်ရောက်ကုန်သလဲ နောက်ဆုံးတော့သိရပြီပေါ့။

" ကောင်းပါပြီ မနက်စာစားဖို့ မြန်မြန်ပြန်တော့လေ "

ကုန်စိမ်းဆိုင်ပိုင်ရှင်က ပဲ‌လှော်တချို့ကိုယူပြီး သူ့လက်ထဲကိုထည့်ပေးလိုက်ကာ

" အပြန်လမ်းမှာ စားသွားနော်
မင်းဘယ်လောက်တောင်ပိန်နေသလဲကြည့်ပါဦး.. "

ဆိုင်ရှင်က သူ့ခေါင်းကို နောက်တစ်ကြိမ်ထပ်ခါလိုက်ရင်း

" မော့ရှုရှန်းရှုန်းကတော့လေ တကယ်ပါပဲ..
ငါတို့ကတော့ အမြဲတမ်း သူ့အကူအညီတွေအများကြီးယူရပြီး သူ့ကိုပြန်ကူညီခွင့်ပေးတဲ့ အကျိုးဆက်ကဘာပါလိမ့်...
မင်းရဲ့ ခန္ဓာကိုယ်‌သေးသေးလေးကိုလည်းကြည့်ပါဦး... "

ပူပန်မှုတွေပြည့်နှက်ပြီး သနားဂရုဏာသက်တဲ့အကြည့်တွေနဲ့ကြည့်တာကို မသက်မသာခံစားရပြီးတဲ့နောက်မှာ သူဟာပဲလှော်တွေကိုမြန်မြန်ယူပြီး ခြင်းနှုတ်ခမ်း၀အထိပြည့်နေတဲ့ ခြင်းတောင်းကိုဆွဲပြီး အပြန်လမ်းကို ဦးတည်လိုက်တော့သည်။ အရိုးငေါထွက်နေတဲ့ခြေထောက်က အားနည်းတဲ့အခြေအနေရဲ့ တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်။
စားစရာအသားမရှိဘူးဆိုသည့်အချက်က မပြည့်ဖြိုးတာကလွဲရင် လုပ်စရာအများကြီးမရှိပါ။ တကယ်တော့ နေ့စဉ်အစားအစာရဲ့ တစ်၀က်စာအပြည့်စားရပြီး ရိုးရိုးရှင်းရှင်းနေနေရပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ကျန်းမာလာသည်ဟု ခံစားရသည်။

(တစ်၀က်စာအပြည့် - half-full
ဖန်ခွက်ထဲကို ရေတစ်၀က်ထည့်လိုက်တဲ့အခါ
အကောင်းမြင်စိတ်နဲ့ကြည့်ရင်
တစ်၀က်တောင်ပြည့်နေတယ်လို့ တွေးမိမယ်ဆိုပေမယ့်
အဆိုးမြင်စိတ်နဲ့ကြည့်ရင်တော့ ကျန်တဲ့တစ်၀က်က အလွတ်ကြီးဖြစ်နေတယ်လို့ ‌တွေးမိမှာပါ။
နန်ကောအာက ဒီနေရာမှာ အပြည့်အ၀မစားရဘူးဆိုပေမယ့် တစ်၀က်တော့အပြည့်စားရတာပဲဆိုတဲ့ အကောင်းမြင်စိတ်နဲ့ကြည့်တယ်လို့ဆိုလိုတာပါ။)

ရေမတွက်နိုင်တဲ့ သူစိမ်းတွေနဲ့ သူမှတ်မိတဲ့လူတွေဆီက နောက်တစ်ခေါက်ထပ်နှုတ်ဆက်တာကိုခံရင်း ရုံးရှိရာကိုပြန်လာခဲ့သည်။ မနက်စာစားချိန်မဟုတ်သည့်အတွက် ဟင်းချက်စရာခြင်းတောင်းကို မီးဖိုချောင်ဆီမသယ်သွားခင် ရုံးတံခါး၀မှာခဏနားရင်း အလုပ်လုပ်နေတဲ့ ရုံးစေနှစ်‌‌ယောက်ရဲ့ အတင်းအဖျင်းစကားကိုနားထောင်လိုက်သေးသည်။

အစိုးရရုံးက ဆင်းရဲသည့်အတွက် ကူညီမည့်သူက မလုံလောက်။ လူတစ်ယောက်က နှစ်ယောက်စာအလုပ်ကိုလုပ်ရတာပုံမှန်ပဲမို့လို့ သူသည်လည်း ရုံးစေများထံမှ အကူအညီကို မတောင်းခံပါ..။ သို့ပေမယ့် တကယ်လို့သူသာအကူအညီတောင်းမည်ဆိုလျှင်တော့ သူတို့က သူ့ကိုကူညီဖို့ရန်အတွက် လက်ကမ်းပေးမှာကတော့ အသေအချာပင်..။

အစိုးရရုံးက အိုမင်းပြီး ဟောင်းနွမ်းစုတ်ပြတ်နေသည်ဆိုပေမယ့် ၎င်းက ပြောစရာမရှိအောင် သန့်ရှင်းလို့နေသည်..။ လူတိုင်းလူတိုင်းက  ရုံးပတ်၀န်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းရန်အလေးထားကြသည်။ သူကသန့်ရှင်းရေးလုပ်သည့်နေရာတွင် အလွန်အမင်းဆိုးရွားကြောင်း သိကြလို့လည်း ဖြစ်နိုင်ပါသည်..။ ဥယျာဉ်နေရာတွင်တော့ မည်သည့်ပန်းမှရှိမနေချေ.. ထိုအစား ဟင်းရွက်စိမ်းများ၊ ကြက်သွန်များနှင့် အခြားဟင်းသီးဟင်းရွက်များဖြင့်သာ ပြည့်နှက်လို့နေပေသည်..။

လောလောဆယ်တော့ သူက အစိုးရရုံး၏ မိသားစု၀င်များသီးသန့်နေထိုင်သည့် ခြံနောက်ဘက်နေရာတွင် နေထိုင်သည့်တစ်ဦးတည်းသောသူဖြစ်သည်။ ကြက်နှင့်ဘဲများမွေးမြူသည့်နေရာတွင်တော့ ကြက်မွှေးလေးတစ်ခုတောင် မမြင်ရပေ..။ အကြောင်းမှာ ကြက်ပေါက်၊ဘဲပေါက်များ၀ယ်ယူရန်အတွက် ပိုက်ဆံလည်းမရှိသလို၊ ၎င်းတို့အားပြုစုစောင့်ရှောက်ရန်အတွက် မည်သူမျှလည်းမရှိသည့်အတွက်ဖြစ်သည်..။ ကျယ်ပြန့်သောနေရာများရှိသော်လည်း မရှိမဖြစ်လိုအပ်သည့်အရာများမှလွဲလျှင် အရာအားလုံးကို ခြိုးခြံခြစ်ကုပ်ထားပြီး ရုံးမှာအခွံသက်သက်သာဖြစ်တော့သည်။ 'နံရံလေးခုကလွဲရင်ဘာမှကိုမရှိ'ဆိုသည့် စကားကတောင် ရုံး၏အခြေအနေကို သင့်တော်တဲ့သရုပ်ဖော်ပြချက်ဖြစ်ဖို့ရန်အတွက် သိပ်မနီးစပ်လှ..။


20 July, 2021


Zawgyi

ဤသို႔ျဖင့္ ယခင္ကဖုန္းကြၽင္းရဲ႕ တစ္ဦးတည္းေသာမင္းသား၏ သည္ေဝးလံေခါင္သီေဒသ၌ ထူးဆန္းသည့္အလုပ္မ်ားလုပ္ကိုင္ရသည့္ ဘ၀ဟာအစပ်ိဳးခဲ့ပါေတာ့သည္။ သူသည္ ျဖဴစင္ေသာကေလးငယ္တစ္ေယာက္ကို ရက္စက္ေသြးေအးၿပီး အၾကင္နာတရာကင္းမဲ့ေသာသူအျဖစ္ပ်ိဳးေထာင္ၿပီး အျမင့္မားဆုံးပလႅင္ေပၚတင္ေပးနိုင္ခဲ့ေသာ္လည္း ပုံမွန္အိမ္ေစတစ္ေယာက္၏ အိမ္မႈေဝယ်ာ၀စၥကိစၥမ်ားကို လုပ္ကိုင္ရာ၌မူ သုံးစားမရနိုင္ျဖစ္ေပေတာ့သည္။ အႀကံအစည္မ်ားျဖင့္ျပည့္ႏွက္ေနေသာ နန္းေတာ္အတြင္း မေရတြက္နိုင္ေသာႏွစ္မ်ားစြာေနထိုင္ခဲ့ရာတြင္ ဤကဲ့သို႔ေသာ အဆင့္နိမ့္အလုပ္မ်ားကို ကိုယ္တိုင္ကိုယ္က် ကိုင္တြယ္လုပ္ကိုင္စရာမလိုခဲ့။

သို႔ေပေသာ္ျငား ယခုအခ်ိန္တြင္ေတာ့ သူသည္အသုံးမက်ေသာလူ႐ူးတစ္ေယာက္အျဖစ္ နိမ့္ဆင္းသြားပုံရသည္။ ကိုးယိုးကားယားနဲ႕ ပန္းကန္အခ်ိဳ႕ကိုကြဲေစမိသည္၊
တစ္ခုတည္းေသာေရပုံးကို ေရပုံးထဲက်ေစမိသည္၊ အိပ္ယာခင္းေပၚမွ အစြန္းအထင္းေတြကို သန႔္ရွင္းရမည့္အစား ပိုၿပီးထင္းသြားေစမိသည္... စသည္ျဖင့္... အစရွိသည္ျဖင့္။ သည္လိုနဲ႕... သူ‌သြားေလရာေနရာမ်ား၌ အျခားသူမ်ားထံမွ သနားဂ႐ုဏာသက္သည့္အၾကည့္မ်ားကို ရရွိခဲ့၏။ ႐ုပ္ဆိုးၿပီး ပုံမက်ပန္းမက်နဲ႕ သနားစရာအေျခအေနက.... မည္သည့္အတြက္မွ မေကာင္းတာ ရွင္းရွင္းလင္းလင္းပင္..။

ေန႕တိုင္းေန႕တိုင္း.. ထမင္းခ်က္အေဒၚႀကီးက သူ႕ကိုအစားပိုစားဖို႔တြန္းအားေပးၿပီး သူ႕ကိုအသားတုံးႀကီးႀကီးမ်ား တိုးတိုးတိတ္တိတ္ထည့္ေပးျခင္းအားျဖင့္ အထူးမ်က္ႏွာသာေတာင္ေပးေသးသည္။ ဟုတ္‌ေပသည္။ လူအမ်ားစုက အသားတုံးႀကီးႀကီးမစားနိုင္ေသာေၾကာင့္ ၎မွာအမွန္တကယ္ပင္ အထူးမ်က္ႏွာသာ‌ေပးျခင္းျဖစ္ပါသည္။

ယခုေတာ့ ေဆးဆရာေျပာေသာအရာမ်ားမွာ အမွန္ျဖစ္ေၾကာင္း သူရွင္းရွင္းလင္းလင္းသေဘာေပါက္သြားၿပီျဖစ္သည္။ ေဆးဆရာက သူ႕ကိုလိမ္ေနျခင္းမဟုတ္ခဲ့ပါ။ ခရိုင္အစိုးရက တကယ့္ကို၊ အလြန႔္အလြန္၊ အင္မတိအင္မတန္ဆင္းရဲလြန္းလွ၏..။ အစားအေသာက္မတတ္နိုင္သည္က ဆိုး႐ြားလွသည္မဟုတ္ေသာ္လည္း အမွန္ပင္ဆင္းရဲသည္။ ယခင္ကေတာ့ သူက မသိနားမလည္ဘဲ သူရရွိသည့္အစားအစာမ်ားက ရိုးရွင္းသည္ဟု အထင္ေရာက္ခဲ့၏..။ သူအကူျဖစ္သည့္အခ်ိန္ေရာက္မွ ဆန္ႏွင့္ ဟင္းသီးဟင္း႐ြက္ဟင္းလ်ာမ်ားသည္ အမွန္တကယ္လူနာမ်ားအတြက္ အစားအစာမ်ားျဖစ္ေၾကာင္းႏွင့္ သူသည္လည္း အမွန္တကယ္ဦးစားေပးကုသမႈကို ခံခဲ့ရသည္ဟု သေဘာေပါက္ခဲ့သည္..။

သူသည္"အလုပ္"ကိုစတင္လုပ္ကိုင္ခဲ့ကတည္းက ရွားရွားပါးပါး"ဆန္ထမင္း"ကို အမွန္တကယ္ပင္စားခဲ့ရသည္။ သူ၏အစားအေသာက္တို႔သည္ ဆန္ေခါက္ဆြဲ၊ ဆန္ျပဳတ္ႏွင့္ ဆန္အႏွစ္ အစရွိသျဖင့္..... တို႔ပါ၀င္ၾကသည္။ ၎တို႔မွာ ထမင္းခ်က္အေဒၚႀကီးမွ သူ႕အားဂ႐ုစိုက္သည့္အတြက္ အဆာပလာမ်ားႏွင့္ ဆန္မ်ားအထူးတလည္ထပ္ထည့္ေပးထားေသာ ခ်စ္ျခင္းေမတၱာမ်ားျဖင့္ျပည့္ႏွက္ေနေသာ အစားအစာမ်ားျဖစ္ခဲ့သည္....။

ခရိုင္႐ုံးရွိ ပရိေဘာဂမ်ားကို ဖ်တ္ခနဲၾကည့္႐ုံႏွင့္ပင္ လုံေလာက္ပါသည္။ ဘယ္ေလာက္ေတာင္ ၀မ္းနည္းစရာေကာင္းသည့္ ျမင္ကြင္းပါလိမ့္။ သနားစရာေကာင္းေလာက္ေအာင္ ဆင္းရဲလွသည့္အေျခအေနက ေန႕အခ်ိန္ကဲ့သို႔ပင္ ထင္ရွားလြန္းလွသည္....။

ေလးစားမႈမဆုံးရႈံးေစရန္(အထင္ေသးမခံရေစရန္) ထိန္းသိမ္းထားရန္လိုအပ္သည့္ တစ္ခုတည္းေသာတရား႐ုံး၏ ဧည့္ခန္းမွအပ အျခားေနရာမ်ားမွ ပရိေဘာဂမ်ားမွာ ေခတ္တုံးေနၿပီး ေဆးကြာလွ်င္ကြာ မဟုတ္လွ်င္ ေဒါက္မ်ားျဖင့္တြဲခ်ည္ထားရသည္။

ခရိုင္တရားသူႀကီး၏ အိပ္ခန္းေတာင္မွ အေကာင္းႀကီးမဟုတ္ခဲ့ေပ။ အမွန္တကယ္ေတာ့ ပိုလို႔ေတာင္ဆိုးၿပီး လြန္စြာ... လြန္စြာ ရိုးရွင္းပါသည္။ စာအုပ္စင္၊ ခုတင္ႏွင့္ ေျခေထာက္က်ိဳးေနေသာ ခုံငယ္ေလးတစ္ခုအျပင္ ဘာမွ်မရွိ။ အ၀တ္ဘီရိုေလးေတာင္မွ မရွိေပ..! ခုတင္၊ စာအုပ္စင္ႏွင့္ ခုံမ်ား၏ ေျခေထာက္တိုင္းတြင္
သစ္သားပိုင္းမ်ားကပ္၍ သံရိုက္ထားရသည္။ အမွန္အတိုင္းေျပာရလွ်င္ အကယ္၍အ၀တ္ဘီရိုရွိလွ်င္ေတာင္မွ သုံးစရာေနရာမရွိ..။ တရားသူႀကီးမင္း၏ ခုံေပၚတြင္ အ၀တ္အစားသုံးစုံသာရွိၿပီး တစ္စုံမွာတရား၀င္႐ုံးအ၀တ္အစားျဖစ္ကာ ေနာက္ႏွစ္စုံမွာ သာမာန္လဲလွယ္၀တ္ဆင္ရသည့္အ၀တ္အစားမ်ားျဖစ္ၾကသည္။ အလြန္တရာႏုံခ်ာလြန္းလွေပသည္....။

ယခုကဲ့သို႔ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာျပည္နယ္တြင္  သူ႕ကိုယ္သူရပ္တည္ရန္အတြက္ ဤခရိုင္တရားသူႀကီးမင္းက အဘယ္မွ်ဆင္းရဲမြဲေတသနည္းဆိုသည္ကို သိလို‌ေဇာျဖင့္ သူ႕စိတ္ကိုပင္ေအာင့္မ်က္သြားေစသည္။  သို႔ေသာ္လည္းထိုေနရာတြင္လအနည္းငယ္အလုပ္လုပ္ကိုင္ၿပီးသည့္တိုင္ သူႏွင့္‌ေတြ႕ဆုံရန္အခြင့္အေရးမရခဲ့ပါ။ တရားသူႀကီးမင္းက သူ႕ကိုေရွာင္ေနျခင္း သို႔မဟုတ္ ထိုကဲ့သို႔ေသာအေၾကာင္းတစ္ခုခုေၾကာင့္မဟုတ္ပါ။ ျပႆနာမွာ သူတို႔ေတြ႕ဆုံရန္အခြင့္အေရးမရခဲ့ေသာေၾကာင့္သာျဖစ္သည္။

ေန႕စဥ္ေန႕တိုင္း တရားသူႀကီးမင္းက သူမနိုးခင္ထြက္သြားတတ္ၿပီး သူအိပ္ယာ၀င္သည့္တိုင္ေအာင္ ျပန္မေရာက္ေသးေပ။ ထို႔ေၾကာင့္ပင္ သူအလုပ္လုပ္ေနသည္မွာၾကာၿပီျဖစ္သည့္တိုင္ေအာင္ သူ႕အထက္လူႀကီး၏ ပုံပန္းသ‌႑ာန္ကို မသိရွိျခင္းျဖစ္သည္။

သို႔ရာတြင္ ခရိုင္တရား႐ုံး၏ ဒုတိယေျမာက္တစ္ဦးတည္းေသာ အကူ၏စကားမ်ားမွ သူသုံးသပ္ၾကည့္နိုင္ပါသည္။ ဤတရားသူႀကီးမင္းမွာ လူအမ်ားထံတြင္ နက္နက္ရွိုင္းရွိုင္းကိုေလးစားခံရသည္။  စကားမစပ္ အစိုးရ႐ုံးမွ ႏွစ္ဦးတည္းရွိသည့္ အကူမ်ားမွာ သူႏွင့္ မီးဖိုေဆာင္အေဒၚႀကီးတို႔ပင္...။

ထမင္းခ်က္အေဒၚႀကီးက တာ၀န္ေက်သည္။ သူမက သူတို႔အတြက္ေန႕စဥ္ခ်က္ျပဳတ္ျပင္ဆင္ေပးသည္။ တရားသူႀကီးမင္းအတြက္ ညစာႏွင့္မနက္စာကိုျပင္ဆင္ၿပီးမွ အိမ္သို႔ျပန္သည္။ ထို႔ေနာက္ ‌ထပ္မံခ်က္ျပဳတ္ျပင္ဆင္ရန္အတြက္ ေနာက္တစ္ေန႕မနက္အေစာႀကီးေရာက္လာသည္။ ခရိုင္အစိုးရသည္ ဆင္းရဲသည့္အတြက္  စရိတ္စကမ်ားအျပင္ ငွားရမ္းခကိုလည္းမတတ္နိုင္..။ ၿမိဳ႕ခံမ်ားမွ ေမာ့ရႈရွန္းရႈန္းအား ကူညီေပးဖို႔ဆိုလွ်င္ ၀မ္းသာအားရျဖစ္ၾကသည္ဟု မီးဖိုေဆာင္အေဒၚႀကီးထံမွ သူသိထားၿပီးျဖစ္ေသာ္လည္း ေစာဒကတက္ေနသည့္ အမ်ိဳးသား(ေမာ့ရႈရွန္းရႈန္း)ကေတာ့ သူတို႔ကို လုပ္ခလစာမေပးျခင္းက မယဥ္ေက်းျခင္းဟု ဆုံးျဖတ္ခဲ့သည္..။ လူတိုင္း၏ ခိုင္ခိုင္မာမာေတာင္းဆိုမႈေအာက္တြင္ ထိုအခ်ိန္က အားလပ္ေနခဲ့ၾကေသာ ၿမိဳ႕ေတာ္မွအမ်ိဳးသမီးမ်ားအား ခ်က္ျပဳတ္ျခင္း၊ သန႔္ရွင္းေရးလုပ္ျခင္းႏွင့္ အ၀တ္မ်ားေလွ်ာ္ဖြပ္ျခင္းမ်ားအား အလွည့္က်ျပဳလုပ္နိုင္ၾကေစရန္ တြန႔္ဆုတ္စြာျဖင့္လက္ခံခဲ့ရသည္..။

သူက ယခုအခ်ိန္တြင္ တရား၀င္အကူအျဖစ္လုပ္ကိုင္ေနၿပီျဖစ္သည့္အတြက္ ထမင္းခ်က္အေဒၚႀကီး၏ အလုပ္တာ၀န္မ်ားကိုခြဲေဝယူရမည္ျဖစ္သည္။ သို႔ေသာ္လည္း သူ၏တာ၀န္မ်ားအား ေက်ေက်ပြန္ပြန္မၿပီးေျမာက္႐ုံသာမက.. အျခားသူမ်ားကိုေတာင္ အရႈပ္ေတြလုပ္မိလိုက္ေသးသည္။

ထိုေနရာမွာ ႐ုံးေစရဲမက္စုစုေပါင္း ၁၈ေယာက္သာရွိၿပီး ေငြကိုင္ရန္ ႐ုံးကိုစီမံခန႔္ခြဲရန္ႏွင့္  တရားသူႀကီးမင္း၏ အလုပ္အကိုင္အတိုင္းအတာေအာက္တြင္မရွိသည့္ အျခားတာ၀န္မ်ားကို တာ၀န္ခံရန္အတြက္ တရား႐ုံးအႀကံေပးကလည္း တစ္ေယာက္တည္းသာရွိသည္။

႐ုံးေစရဲမက္အားလုံးဟာ ေဒသခံမ်ားျဖစ္ၾကသည္။ သူတို႔ေတြဟာ မနက္တိုင္းပတၱေရာင္လွည့္ၿပီးေနာက္ မနက္စာအတြက္ ႐ုံးကိုျပန္လာၾကၿပီး ေန႕ခင္းပိုင္းအလုပ္ခ်ိန္ၿပီးၿပီဆိုတာနဲ႕ အိမ္ကိုျပန္သြားၾကၿပီး ေနာက္တစ္ေန႕မနက္က်ရင္ အလုပ္လုပ္ဖို႔ ျပန္ေရာက္လာၾကျပန္သည္..။ ညစာကို ခရိုင္အစိုးရမွေထာက္ပံ့ေပးေသာ္လည္း သူတို႔ကေတာ့႐ုံးစရိတ္သက္သာေစရန္ကူညီဖို႔အတြက္ ႐ုံးမွာစားရမည့္အစား လူတိုင္းက သူတို႔အိမ္မွာပဲစားၾကသည္။

အႀကံေပးပုဂၢိဳလ္လား...? သူကေတာ့ မနက္‌အေစာႀကီးကတည္းက တရားသူႀကီးမင္းရဲ႕ ကြၽန္ျပဳျခင္းကိုခံရၿပီး ညဘက္အလုပ္ခ်ိန္ၿပီးကာမွ အိမ္ျပန္နိုင္တာျဖစ္သည္..။ သို႔အတြက္ ထိုလူကိုလည္းသူမေတြ႕ဖူးခဲ့ပါ။ အေျခခံအားျဖင့္ေတာ့ သည္က်ယ္၀န္းၿပီး ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာ အစိုးရ႐ုံးထဲမွာ ညဘက္က်န္ေနခဲ့သူမ်ားကေတာ့ သူႏွင့္ မနက္အေစာႀကီးအလုပ္သြားၿပီး ညဘက္ေနာက္က်မွျပန္ေရာက္သည့္ တရားသူႀကီးမင္းတို႔ျဖစ္ၾကသည္။

ဖုန္းကြၽင္းမွာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့တာေတာင္ သည္ေလာက္ဆင္းရဲမြဲေတလြန္းလွသည့္ တရားသူႀကီးမ်ိဳးကို မျမင္ဖူးခဲ့...။ ေလာဘႀကီးတဲ့အရာရွိမ်ားကို ေတြ႕ေနျမင္ေနက်ျဖစ္ၿပီး ထိန္းရသိမ္းရခက္သည့္ လုံးလုံးလ်ားစာရိတၱပ်က္ျပားေနသည့္ အရာရွိမ်ားေတာင္ရွိၾကသည္။ ဥစၥာပစၥည္းပိုင္ဆိုင္မႈကို အဓိကမထားတတ္သည့္လူအနည္းငယ္ကိုလည္း အမွတ္မထင္‌ေတြ႕ခဲ့ဖူးသည္။ တရားသူႀကီးမ်ားဆိုသည္မွာ အမွန္တကယ္ေတာ့ ျပည္သူ႕၀န္ထမ္းမ်ားသာျဖစ္ၾကသည္ကို စီရင္စု၏ တရားသူႀကီးတစ္ဦးက ဘယ့္ႏွယ့္ေၾကာင့္မ်ား ဤမွ်ေလာက္ဆင္းရဲမြဲေတသြားရသနည္း..။ သူနားမလည္နိုင္ခဲ့ပါ..။

သို႔ေသာ္လည္း အေၾကာင္းရင္းက မၾကာခင္မွာပဲ သူ႕ဆီမွာေပၚထြက္လာခဲ့ပါေတာ့သည္..။

မနက္ခင္းတခ်ိဳ႕၌ တရားသူႀကီးမင္းက အေစာႀကီးထြက္သြားတတ္သည္။
ခ်က္ျပဳတ္သည့္အမ်ိဳးသမီးက သူ႕တြင္လုပ္စရာရွိသျဖင့္ ထိုေန႕မ်ိဳးတြင္ စား‌ေသာက္ကုန္ပစၥည္းမ်ားကို သြားမယူနိုင္..။ ထို႔ေၾကာင့္စားေသာက္ကုန္တို႔ကို သြားေရာက္ထုတ္ယူရန္ႏွင့္ ကုန္စိမ္းဆိုင္ပိုင္ရွင္ကို အေၾကာင္းၾကားၿပီးျဖစ္ေၾကာင္း၊ က်သင့္ေငြေပးေခ်ၿပီးသားလည္းျဖစ္ေၾကာင္းအမွာစကားကို သူမမိသားစုမွ အမ်ိဳးသားတစ္ေယာက္ကို ေစလႊတ္ကာေျပာၾကားေစသည္.။ ၎မွာအထူးအဆန္းေတာ့မဟုတ္ေခ်..။

သူ႕ကိုယ္သူသပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ၿပီး ထြက္သြားသည္။ သူစိမ္းေတြ သူနဲ႕ရင္းႏွီးတဲ့လူေတြအစရွိတဲ့ မေရမတြက္နိုင္တဲ့ လမ္းသြားလမ္းလာေတြဟာ လမ္းတစ္ေလွ်ာက္လုံးသူ႕ကိုႏႈတ္ဆက္ၾကၿပီး သူကလည္းျပန္ႏႈတ္ဆက္တတ္သည္။ သူဟာလစာမရတာေၾကာင့္ သူလိုခ်င္တာေတြကိုမ၀ယ္နိုင္ေသာ္လည္း သည္အစိုးရ႐ုံးအလုပ္ကို ေက်းဇူးတင္ရမည္။ "ကြၽန္ုပ္ကိုခ်စ္ပါ။ ကြၽန္ုပ္ရဲ႕ေခြးကိုခ်စ္ပါ"ဆိုတဲ့စကားအတိုင္း သည္အလုပ္ေၾကာင့္ပင္ ေဒသခံမ်ား၏ ရိုေသေလးစားမႈနဲ႕ ခ်စ္ခင္မႈကိုရခဲ့သည္မဟုတ္ပါလား...။

တကယ္တမ္းေျပာရရင္ေတာ့ သူ၀ယ္ခ်င္တာဆိုလို႔ တကယ္ကို ဘာမွရွိတာလည္းမဟုတ္ပါဘူး။ ဒါမွမဟုတ္ သူကဘာကိုမွစိတ္မ၀င္စားဘူးလို႔မ်ားေျပာသင့္လား။ သူက အလုပ္ကိုစားနိုင္ဖို႔အတြက္ပဲလုပ္တာ။ အစားစားတာကလည္း အသက္ရွင္နိုင္ဖို႔အတြက္စားတာပဲ။ အသက္ရွင္တာကလည္း အလုပ္လုပ္ဖို႔ပဲေလ။ ဒါအကုန္ပါပဲ။ သူကထိုအရာ‌ေတြအတြက္ အမ်ားႀကီးစဥ္းစားဖို႔ရန္လည္း ဆႏၵမရွိသလို ထိုသို႔စဥ္းစားဖို႔လည္းပ်င္းရိလွသည္။ အရမ္းေလးေလးနက္နက္မေတြးတာကလည္း အေကာင္းဆုံးျဖစ္ပါလိမ့္မည္။ တကယ္လို႔သူသာတိရစာၦန္တစ္ေကာင္ရဲ႕ သဘာ၀အတိုင္းေနမည္ဆိုပါက စိတ္မခ်မ္းမသာျဖစ္ေတာ့မွာမဟုတ္ဘူးလို႔ သူ႕ကိုယ္သူအထပ္ထပ္ေျပာေနမိေတာ့သည္..။

" နန္ေကာအာေရ ဒီမွာစားေသာက္ကုန္ေတြ "

သူေရာက္လာမွန္း သတိျပဳမိသည့္အခါ ကုန္စိမ္းဆိုင္ပိုင္ရွင္က လွိုက္လွိုက္လွဲလွဲႏႈတ္ဆက္သည္။ သူ႕ရဲ႕မပီမျပင္ဗလုံးဗေထြးစကားသံကေတာ့ သူ႕ရဲ႕အေျဖစကားျဖစ္သည္။ " နန္ကြား "ဆိုသည္မွာ သူ႕အတြက္သူကိုယ္တိုင္ဖန္တီးခဲ့သည့္ က်ပန္းနာမည္ေျပာင္တစ္ခုျဖစ္သည္။ ေဆးဆရာက သူ႕ရဲ႕နာမည္ကို ေမးတဲ့အခ်ိန္မွာ သူ႕မ်က္လုံးေထာင့္မွ ရိပ္ခနဲျမင္လိုက္ရသည့္ ေ႐ႊဖ႐ုံသီးကို အစျပဳခဲ့ျခင္းျဖစ္သည္။ သူေငးၾကည့္ေနတဲ့ေနရာကိုလိုက္ၾကည့္ရင္း ေ႐ႊဖ႐ုံသီးအႀကီးႀကီးကို သတိျပဳမိေသာ္လည္း ေဆးဆရာက ဘာမွတ္ခ်က္မွမေပးခဲ့ပါ..။ သူမထြက္သြားခင္ ရိုးရိုးရွင္းရွင္းပဲ ေခါင္းညိတ္ျပသြားခဲ့သည္..။ ေနာက္တစ္ေန႕ေရာက္တဲ့အခါမွာေတာ့ အစိုးရ႐ုံးတြင္ အကူအသစ္တစ္ေယာက္ေရာက္လာၿပီျဖစ္ေၾကာင္း၊  ၎ရဲ႕နာမည္မွာ "နန္ေကာအာ"ျဖစ္ေၾကာင္း တစ္ၿမိဳ႕လုံးသိသြားပါေတာ့သည္..။

( နန္ေကာအာ - ေ႐ႊဖ႐ုံသီးအစ္ကို )

" အေဒၚ၀မ္က ငါ့ကို‌ႀကိဳေျပာထားၿပီးၿပီ "

ႀကိဳထည့္ထားၿပီးသား ဟင္းခ်က္စရာျခင္းေတာင္းကို သူ႕ဆီကမ္းေပးရင္း ကုန္စိမ္းဆိုင္ပိုင္ရွင္ကေျပာသည္။ သူကလွမ္းေပးရင္းနဲ႕လည္း သူ႕လက္နားက ဟင္း႐ြက္စည္းေတြကို လွမ္းဆြဲယူလိုက္ၿပီး ျခင္းေတာင္းထဲကိုထည့္ေပးလိုက္ေသးသည္။

" နန္ေကာအာ မင္းကေတာ့ ေမာ့ရႈရွန္းရႈန္းကို ေျပာရမယ္ေနာ္
ႏုတ္ႏုတ္စင္းထားတဲ့အသား‌ေတြဆိုရင္ေတာင္မွ သူနည္းနည္းထပ္စားသင့္တာပဲေလ
မင္းတို႔ႏွစ္ေယာက္ဘယ္ေလာက္ေတာင္ပိန္ေနလဲၾကည့္ပါဦး "

ခင္ဗ်ားတို႔ရဲ႕ ေမာ့ရႈရွန္းရႈန္းဆိုတာ ကမာၻေပၚမွာဘယ္သူမွန္းဆိုတာေတာင္ က်ဳပ္ကသိတာမဟုတ္ဘူးေလ။
သူ႕ကိုဘယ့္ႏွယ့္လုပ္ေျပာရမွာတုန္း။

ကုန္စိမ္းဆိုင္ပိုင္ရွင္ကို သူတိတ္တိတ္ကေလး ၾကည့္လိုက္သည္။

ဒါေပမယ့္ ကုန္စိမ္းဆိုင္ပိုင္ရွင္ကေတာ့ သူဆိုလိုတာကို နားလည္မႈလြဲသြားခဲ့သည္။

" အိုးး ငါ့ကိုၾကည့္ပါဦး ငါအတည္ေျပာေနတာ.. "

သူက‌ေျပာရင္းဆိုရင္းနဲ႕ သခြားသီးစိမ္းကို ထပ္တင္လိုက္ၿပီး

" ငါေနာက္ေန႕က်ရင္ အသားတခ်ိဳ႕ပို႔ေပးလိုက္မယ္
မင္းသိလား ၿမိဳ႕အေရွ႕ဘက္မွာေနတဲ့ အဖိုးႀကီးက ေနမေကာင္းထပ္ျဖစ္ေတာ့ ေမာ့ရႈရွန္းရႈန္းက စမ္းသပ္ခအတြက္အမ်ားႀကီးအကုန္က်ခံလိုက္ရေသးတယ္
အစ္မႀကီးခ်န္းနဲ႕ သူ႕အေမအတြက္လည္း ဆန္တခ်ိဳ႕၀ယ္ေပးေသးတယ္ေလ အမယ္ေလး... "

သူ႕အေတြးယာဥ္ေၾကာမွာေမ်ာရင္း ေခါင္းခါလိုက္ၿပီး..

" ေမာ့ရႈရွန္းရႈန္းမွာ ပိုက္ဆံအမ်ားႀကီးေတာင္ရွိတာမဟုတ္ဘူး... "

နန္ေကာအာလည္း ဟန္ေဆာင္ပန္ေဆာင္ၿပဳံးလိုက္သည္။

သူ႕အတြက္ဆန္ျပဳတ္ပဲရွိတဲ့အခ်ိန္မွာ သူမ်ားအတြက္ဆန္၀ယ္ေပးလိုက္ေသးတယ္။
တရားသူႀကီးမင္းရဲ႕ ပိုက္ဆံေတြဘယ္ေရာက္ကုန္သလဲ ေနာက္ဆုံးေတာ့သိရၿပီေပါ့။

" ေကာင္းပါၿပီ မနက္စာစားဖို႔ ျမန္ျမန္ျပန္ေတာ့ေလ "

ကုန္စိမ္းဆိုင္ပိုင္ရွင္က ပဲ‌ေလွာ္တခ်ိဳ႕ကိုယူၿပီး သူ႕လက္ထဲကိုထည့္ေပးလိုက္ကာ

" အျပန္လမ္းမွာ စားသြားေနာ္
မင္းဘယ္ေလာက္ေတာင္ပိန္ေနသလဲၾကည့္ပါဦး.. "

ဆိုင္ရွင္က သူ႕ေခါင္းကို ေနာက္တစ္ႀကိမ္ထပ္ခါလိုက္ရင္း

" ေမာ့ရႈရွန္းရႈန္းကေတာ့ေလ တကယ္ပါပဲ..
ငါတို႔ကေတာ့ အၿမဲတမ္း သူ႕အကူအညီေတြအမ်ားႀကီးယူရၿပီး သူ႕ကိုျပန္ကူညီခြင့္ေပးတဲ့ အက်ိဳးဆက္ကဘာပါလိမ့္...
မင္းရဲ႕ ခႏၶာကိုယ္‌ေသးေသးေလးကိုလည္းၾကည့္ပါဦး... "

ပူပန္မႈေတြျပည့္ႏွက္ၿပီး သနားဂ႐ုဏာသက္တဲ့အၾကည့္ေတြနဲ႕ၾကည့္တာကို မသက္မသာခံစားရၿပီးတဲ့ေနာက္မွာ သူဟာပဲေလွာ္ေတြကိုျမန္ျမန္ယူၿပီး ျခင္းႏႈတ္ခမ္း၀အထိျပည့္ေနတဲ့ ျခင္းေတာင္းကိုဆြဲၿပီး အျပန္လမ္းကို ဦးတည္လိုက္ေတာ့သည္။ အရိုးေငါထြက္ေနတဲ့ေျခေထာက္က အားနည္းတဲ့အေျခအေနရဲ႕ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ျဖစ္သည္။
စားစရာအသားမရွိဘူးဆိုသည့္အခ်က္က မျပည့္ၿဖိဳးတာကလြဲရင္ လုပ္စရာအမ်ားႀကီးမရွိပါ။ တကယ္ေတာ့ ေန႕စဥ္အစားအစာရဲ႕ တစ္၀က္စာအျပည့္စားရၿပီး ရိုးရိုးရွင္းရွင္းေနေနရေပမယ့္ သူ႕ရဲ႕ခႏၶာကိုယ္က က်န္းမာလာသည္ဟု ခံစားရသည္။

(တစ္၀က္စာအျပည့္ - half-full
ဖန္ခြက္ထဲကို ေရတစ္၀က္ထည့္လိုက္တဲ့အခါ
အေကာင္းျမင္စိတ္နဲ႕ၾကည့္ရင္
တစ္၀က္ေတာင္ျပည့္ေနတယ္လို႔ ေတြးမိမယ္ဆိုေပမယ့္
အဆိုးျမင္စိတ္နဲ႕ၾကည့္ရင္ေတာ့ က်န္တဲ့တစ္၀က္က အလြတ္ႀကီးျဖစ္ေနတယ္လို႔ ‌ေတြးမိမွာပါ။
နန္ေကာအာက ဒီေနရာမွာ အျပည့္အ၀မစားရဘူးဆိုေပမယ့္ တစ္၀က္ေတာ့အျပည့္စားရတာပဲဆိုတဲ့ အေကာင္းျမင္စိတ္နဲ႕ၾကည့္တယ္လို႔ဆိုလိုတာပါ။)

ေရမတြက္နိုင္တဲ့ သူစိမ္းေတြနဲ႕ သူမွတ္မိတဲ့လူေတြဆီက ေနာက္တစ္ေခါက္ထပ္ႏႈတ္ဆက္တာကိုခံရင္း ႐ုံးရွိရာကိုျပန္လာခဲ့သည္။ မနက္စာစားခ်ိန္မဟုတ္သည့္အတြက္ ဟင္းခ်က္စရာျခင္းေတာင္းကို မီးဖိုေခ်ာင္ဆီမသယ္သြားခင္ ႐ုံးတံခါး၀မွာခဏနားရင္း အလုပ္လုပ္ေနတဲ့ ႐ုံးေစႏွစ္‌‌ေယာက္ရဲ႕ အတင္းအဖ်င္းစကားကိုနားေထာင္လိုက္ေသးသည္။

အစိုးရ႐ုံးက ဆင္းရဲသည့္အတြက္ ကူညီမည့္သူက မလုံေလာက္။ လူတစ္ေယာက္က ႏွစ္ေယာက္စာအလုပ္ကိုလုပ္ရတာပုံမွန္ပဲမို႔လို႔ သူသည္လည္း ႐ုံးေစမ်ားထံမွ အကူအညီကို မေတာင္းခံပါ..။ သို႔ေပမယ့္ တကယ္လို႔သူသာအကူအညီေတာင္းမည္ဆိုလွ်င္ေတာ့ သူတို႔က သူ႕ကိုကူညီဖို႔ရန္အတြက္ လက္ကမ္းေပးမွာကေတာ့ အေသအခ်ာပင္..။

အစိုးရ႐ုံးက အိုမင္းၿပီး ေဟာင္းႏြမ္းစုတ္ျပတ္ေနသည္ဆိုေပမယ့္ ၎က ေျပာစရာမရွိေအာင္ သန႔္ရွင္းလို႔ေနသည္..။ လူတိုင္းလူတိုင္းက  ႐ုံးပတ္၀န္းက်င္သန႔္ရွင္းေရးကို ထိန္းသိမ္းရန္အေလးထားၾကသည္။ သူကသန႔္ရွင္းေရးလုပ္သည့္ေနရာတြင္ အလြန္အမင္းဆိုး႐ြားေၾကာင္း သိၾကလို႔လည္း ျဖစ္နိုင္ပါသည္..။ ဥယ်ာဥ္ေနရာတြင္ေတာ့ မည္သည့္ပန္းမွရွိမေနေခ်.. ထိုအစား ဟင္း႐ြက္စိမ္းမ်ား၊ ၾကက္သြန္မ်ားႏွင့္ အျခားဟင္းသီးဟင္း႐ြက္မ်ားျဖင့္သာ ျပည့္ႏွက္လို႔ေနေပသည္..။

ေလာေလာဆယ္ေတာ့ သူက အစိုးရ႐ုံး၏ မိသားစု၀င္မ်ားသီးသန့္ေနထိုင္သည့္ ၿခံေနာက္ဘက္ေနရာတြင္ ေနထိုင္သည့္တစ္ဦးတည္းေသာသူျဖစ္သည္။ ၾကက္ႏွင့္ဘဲမ်ားေမြးျမဴသည့္ေနရာတြင္ေတာ့ ၾကက္ေမႊးေလးတစ္ခုေတာင္ မျမင္ရေပ..။ အေၾကာင္းမွာ ၾကက္ေပါက္၊ဘဲေပါက္မ်ား၀ယ္ယူရန္အတြက္ ပိုက္ဆံလည္းမရွိသလို၊ ၎တို႔အားျပဳစုေစာင့္ေရွာက္ရန္အတြက္ မည္သူမွ်လည္းမရွိသည့္အတြက္ျဖစ္သည္..။ က်ယ္ျပန႔္ေသာေနရာမ်ားရွိေသာ္လည္း မရွိမျဖစ္လိုအပ္သည့္အရာမ်ားမွလြဲလွ်င္ အရာအားလုံးကို ၿခိဳးၿခံျခစ္ကုပ္ထားၿပီး ႐ုံးမွာအခြံသက္သက္သာျဖစ္ေတာ့သည္။ 'နံရံေလးခုကလြဲရင္ဘာမွကိုမရွိ'ဆိုသည့္ စကားကေတာင္ ႐ုံး၏အေျခအေနကို သင့္ေတာ္တဲ့သ႐ုပ္ေဖာ္ျပခ်က္ျဖစ္ဖို႔ရန္အတြက္ သိပ္မနီးစပ္လွ..။

20 July, 2021

Continue Reading

You'll Also Like

727K 31.1K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
921K 68.6K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...