A Tale Of Thousand stars
By AungMin201
9.2K 244 43
ဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤ... More
A Tale Of Thousand stars Chapter - 1(A)
A Tale Of Thousand stars Chapter - 1(B)
A Tale Of Thousand stars Chapter - 1(C)
A Tale Of Thousand stars Chapter - 2(A)
A Tale Of Thousand stars Chapter - 2(B)
A Tale Of Thousand stars Chapter - 2(C)
A Tale Of Thousand stars Chapter - 3(A)
A Tale Of Thousand stars Chapter - 3(B)
A Tale Of Thousand stars Chapter - 3(C)
A Tale Of Thousand stars Chapter - 4(A)
A Tale Of Thousand stars Chapter - 4(C)
A Tale Of Thousand stars Chapter - 5(A)
A Tale Of Thousand stars Chapter - 5(B)
A Tale Of Thousand stars Chapter - 5(C)
A Tale Of Thousand stars Chapter - 6(A)
A Tale Of Thousand stars Chapter - 6(B)
A Tale Of Thousand stars Chapter - 6(C)
A Tale Of Thousand stars Chapter - 7(A)
A Tale Of Thousand stars Chapter - 7(B)
A Tale Of Thousand stars Chapter - 7(C)
A Tale Of Thousand stars Chapter - 8(A)
A Tale Of Thousand stars Chapter - 8(B)
A Tale Of Thousand stars Chapter - 8(C)
A Tale Of Thousand stars Chapter - 9(A)
A Tale Of Thousand stars Chapter - 9(B)
A Tale Of Thousand stars Chapter - 9(C)
A Tale Of Thousand stars Chapter - 10(A)
A Tale Of Thousand stars Chapter - 10(B)
A Tale Of Thousand stars Chapter - 10(C)
A Tale Of Thousand stars Chapter - 11
A Tale Of Thousand stars Chapter - 4(B)
133 4 1
By AungMin201
(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars
Chapter - 4(B)
အပိုင်း (၁၁)
ချင်းမိုင်သို့ စျေးဝယ်သွားမည့်နေ့...။
" နောက်မှာ ထိုင်နိုင်လား ''
" ကျွန်တော့်ကို အရမ်း အထင်မသေးနဲ့ ခေါင်းဆောင် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက ဆိုင်ကယ်လေးကို တက်ခွလိုက်လေသည်။
" တက်လေ ''
ခေါင်းဆောင်ဖူဖာက အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း အနောက်မှ တက်ထိုင်လိုက်လေသည်။ ထို့နောက် ပြုတ်မကျအောင် ခေါင်းဆောင်ဖူဖာက
" ကိုင်ထား ''
ဟူ၍ ပြောကာ ဆရာလေးထီရန်လည်း သူ၏လက်နှစ်ဖက်ကို ခေါင်းဆောင်ဖူဖာ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။
" အဲဒီကို မဟုတ်ဘူး ''
ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး ဆရာလေးထီရန်၏ လက်နှစ်ဖက်ကို သူ၏ပုခုံးပေါ်မှ ကိုင်ချကာ ခါးကို ပြောင်းပြီး ဖက်ထားခိုင်းလေသည်။
" တစ်ခုခု လုပ်ဖို့ ပြောရင်လည်း ဆူတယ်လို့ ငါ့ကို အပစ်တင်ဦးမယ် တင်းတင်းလေး ဖက်ထား ''
ဒီလိုနဲ့ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ခါးကို ခပ်တင်းတင်းလေး ဖက်ထားပေမယ့် ခေါင်းဆောင်ဖူဖာက ထပ်ပြီး တင်းခိုင်းလေသည်။
" တင်းဦး ''
အဲ့နောက် ဆရာလေးထီရန်လည်း သူ၏လက်နှစ်ဖက်ကို ခေါင်းဆောင်ဖူဖာ၏ခါးအပြည့် သွယ်ဖက်ကာ သူ၏မှေးကိုလည်း ခေါင်းဆောင်ဖူဖာ၏ ပုခုံးပေါ် တင်ထား၍ မျက်နှာချင်း အနီးသားနီးကပ်ကာ ဖက်ထားလိုက်လေသည်။
" အရမ်းတင်းသွားပြီ ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး အနောက်လှည့်လိုက်ရာ ဆရာလေးထီရန်၏ မျက်နှာဖြင့် အနီးသားနီးကပ်နေပြီး ထူးခြားသည့်ခံစားမှုကို ခံစားရစေလေသည်။ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာက အရမ်းတင်းသွားပြီ ပြောသမို့ ခါးကို ဖက်ထားတာ ဖြေလျော့လိုက်လေသည်။
ထို့နောက် ခေါင်းဆောင်ဖူဖာလည်း စက်နိုးကာ ဆိုင်ကယ်ကို စျေးရှိရာသို့ မောင်းနှင်လာလေတော့သည်။ ဖာပန်းဒေါင်းရွာ၏ လှပသည့် ဝါးပင်တွေပေါက်နေသော ကွေ့ကောက်တဲ့ လမ်းတွေ တောင်ဆင်းတောင်ကုန်းလမ်းတွေကို ကျော်ဖြတ်သွားရလေသည်။
ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် တစ်ဦးနှင့်တစ်ဦး နီးကပ်နေချိန် အကြည့်ဆုံချိန် အဲသလို ခံစားရစေလေသည်။
ငါ လိုက်ရှာနေခဲ့တဲ့သူက မင်း မဟုတ်ခဲ့ဘူး ....
မင်း ထင်ထားခဲ့သူကလည်း ငါ မဟုတ်ပြန်ဘူးနော် ....
ဒါပေမယ့် မင့်ကို ကြည့်မိလိုက်တဲ့ တခဏမှာပဲ ....
ငါတို့တွေ အိပ်မက်ထဲမှာ တွေ့ဖူးနေသလို ခံစားမိလိုက်တယ် ....
မင်းငါ့အနားကို ရောက်လာခဲ့တော့
ရင်တွေခုန်နေခဲ့ပြန်တယ် ....
မင်းနဲ့အနားမှာ ခဏလေးနေခွင့်ရရုံနဲ့ ငါ့ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်နေတယ် ....
ငါ့အနားမှာ မင်းရှိနေဖို့က ငါ့ဆန္ဒပါပဲ ....
ငါ့မှာ ရှင်းပြစရာ အကြောင်းပြချက်တွေလည်း မရှိပါဘူး ....
ငါတို့နှစ်ယောက်ကြားက အရာရာတိုင်းက အဖြေမှမလိုတာပဲလေ ....
ဘယ်နှစ်ကြိမ်ပဲပြန်ပြောနေပါစေ ထာဝရမပြောင်းလဲမယ့် ဒဏ္ဍာရီလေးတစ်ပုဒ်ရယ် ....
မင်းအပေါ်ထားတဲ့ ငါ့အချစ်လိုပဲ ဘယ်တော့မှ မပြောင်းလဲနိုင်ပါတယ် ....
ကြယ်လေးတစ်လုံးကသာ ငါ့ဆုတောင်းစကားတွေကို ကြားနိုင်မယ်ဆိုရင်လေ ....
အကြိမ်ပေါင်းထောင်ချီနေပါစေ ငါဆက်ပြီး ဆုတောင်းနေဦးမှာ ....
ငါတို့တွေ နှလုံးသားချင်း နီးစပ်နိုင်ဖို့လေ ....
ဒီလိုဖြင့် ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ဆိုင်ကယ်အတူတူစီးပြီး ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာ၏ ခါးကို ဖက်၍ ချင်းမိုင် သို့ ရောက်လာခဲ့လေသည်။
ချင်းမိုင်ဟူသည် နယ်စပ်ဒေသမြို့ကလေးတစ်မြို့ ဖြစ်ပေလေသည်။ ဒီလိုနဲ့ ချင်းမိုင်က စျေးအသေးလေးမှာ ပစ္စည်းတွေ အတူတူ လျှောက်ပတ်ကြည့်ကြလေသည်။
အဲ့နောက် ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာကို မြင်၍ လှမ်းခေါ်လိုက်လေသည်။
" ဟေ့ ဖူ ''
" ဒေါက်တာနမ်နဲ့ တွေ့ဖို့ ချိန်းထားတာကို အစ်ကိုက ဘာလို့ ကျွန်တော့်ကို ခေါ်လာနေသေးလဲ ''
" မဟုတ်ပါဘူး သူက သူ့ဘာသာလာတာ ငါလာခိုင်းတာ မဟုတ်ဘူး ငါက မင်းကို ဒီကို ခေါ်လာဖို့ ရည်ရွယ်ထားတာ ''
ဆရာလေးထီရန်ကလည်း စိတ်ဆိုးသဝန်တိုသလို အမူအရာဖြင့်ပြောပြီး ခေါင်းဆောင်ဖူဖာလည်း သူ၏ရင်ထဲက တကယ့်ရည်ရွယ်ချက်ကို ပြောပြလိုက်လေသည်။ ထို့နောက် ဒေါက်တာနမ်က သူတို့အနားကို ရောက်လာလေသည်။
" မင်္ဂလာပါ အစ်ကို ''
" မင်္ဂလာပါ ညီလေး ထီရန် ဖူက ပြောတယ် ညီလေးထီရန်က အစ်ကိုတို့ကို ညစာချက်ကျွေးမယ်ဆို ''
" ဟင် ''
ဆရာလေးထီရန်က ဒေါက်တာနမ်ပြောတာကို နားမလည်သလို ဖြစ်ပြီး ခေါင်းဆောင်ဖူဖာကို ကြည့်ရာ မဟုတ်ဘဲ လျှောက်ပြောထားသမို့ ခေါင်းဆောင်ဖူဖာက စိတ်ထဲမှ ရည်ချင်နေပေမယ့် မျိုသိပ်မထားနိုင် မချိပြုံးပြုံးလိုက်လေတော့သည်။
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန် ဒေါက်တာနမ် တို့သုံးဦး စျေးကို လျှောက်ပတ်ကြည့်ရင်း စကားပြောလာကြလေတော့သည်။
" ဒေါက်တာ ကျွန်တော်က ဟင်းချက် မတော်ဘူးနော် အစ်ကို ခေါက်ဆွဲပြုတ်ပဲ ပြုတ်တတ်တာ ''
" အဲ့ဒီလောက် ဝန်လေးနေစရာ မလိုပါဘူး အစ်ကိုက ဘာဖြစ်ဖြစ် စားတတ်ပါတယ် အစ်ကိုကိုယ်တိုင် မချက်ရသရွေ့ပေါ့ ''
ဆရာလေးထီရန်က ဒေါက်တာနမ်ပြောစကားကြောင့် တစ်ချက်ပြုံးပြီး ဒေါက်တာနမ်ကလည်း သူ၏လက်ထဲက ဘီဘီကျူးလေးကို ကိုင်၍စားရင်း ဆရာလေးထီရန်ကို ပြောလေသည်။
" ဖူဖာက သူ့အတွက် အစ်ကို့ကို ဟင်းအမြဲချက်ခိုင်းတာလေ နေ့တိုင်းကိုပဲ သူ့မိန်းမကျနေတာပဲ ''
ထို့နောက် ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်ကို
" ဟေး ''
ဟူ၍ ပြောကာ ရှက်သလိုလို ဖြစ်နေပြီး ဟင်းနုနွယ်တွေ ဝယ်ခိုင်းလေသည်။
" ဟင်းနုနွယ်တွေ ဝယ်လိုက် ဒေါက်တာကြိုက်တယ် ''
" ရော့ ''
ဒေါက်တာနမ်က သူ၏လက်ထဲက ဘီဘီကျူးကို ခေါင်းဆောင်ဖူဖာကို ခွန့်ကျွေးပြီး ခေါင်းဆောင်ဖူဖာကလည်း ဒေါက်တာကြိုက်သည့် ဟင်းနုနွယ်တွေ ဝယ်ခိုင်းသလို ဝယ်ခိုင်းနေလေသည်။ အများအမြင်မှာ မကြည့်ရဲစရာ စိတ်ကူးယဥ်ဆန် ချစ်ကြည်နူးသလို ဖြစ်နေသမို့ ဆရာလေးထီရန်လည်း အံ့၍ကြည့်ကာ စျေးသည်အဒေါ်ကြီးကို ဟင်းနုနွယ်တွေ ပေးပါဟု ပြောလိုက်လေသည်။
" အော် ဟင်းနုနွယ်ရွက် ၂ စည်းလောက်ပေးပါ ''
" မင်္ဂလာပါ ခေါင်းဆောင်နဲ့ ဒေါက်တာ ဒီလူငယ်လေးက ဘယ်သူလဲ တစ်ခါမှ မမြင်ဖူးဘူးနော် ''
" အော် အဟော် သူက ထီရန်ပါ ရွာရဲ့ ကျောင်းဆရာ အသစ်လေ ''
" အော် မင်္ဂလာပါ ''
" မင်္ဂလာပါ ''
" ထော့ဖန်ကရော သူ့ကို ဘာလို့ မတွေ့တော့တာလဲ ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာ ဒေါက်တာနမ် နှင့် ဆရာလေးထီရန်တို့ မျက်နှာ ပျက်သွားကာ ခေါင်းဆောင်ဖူဖာက ထိုအဒေါ်ကြီးကို ထော့ဖန်သေသွားပြီဟူ၍ မပြောဘဲ လိမ်၍ ပြောလိုက်ရလေသည်။
" ဟို သူက အလုပ်များနေလို့ပါ အဲ့ဒါကြောင့် မလာနိုင်တာ ''
" အော် ဒီသြဇာသီးတွေ ထော့ဖန်ကို ပေးပေးလို့ရမလား ဒါက ထော့ဖန် ကြိုက်တာလေ ''
" အော် ဟုတ် ''
" ကျေးဇူးတင်ပါတယ်နော် ''
" ရပါတယ် ''
ဒီလိုနဲ့ ရုတ်တရက် ခေါင်းဆောင်ဖူဖာ၏ခါးမှ ဖုန်းက စခန်းမှ အချက်ပေးလာလေသည်။
" စခန်းကို ချက်ချင်းပြန်လာခဲ့ပါ စခန်းကို ချက်ချင်းပြန်လာခဲ့ပါ ''
" အရေးကြီး ကိစ္စ ပေါ်လာလို့ ငါ ပြန်ရတော့မယ် နောက်မှ ထီရန်အိမ်မှာ တွေ့မယ် ''
" အင်း ''
" သွားပြီ ''
" ညီလေးကို စိတ်ချထားခဲ့ ''
" အင်း ''
အဲသလို ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ် ပြောဆိုကာ ခေါင်းဆောင်ဖူဖာက ကိစ္စ ပေါ်လာသမို့ အမြန်ထွက်သွားလေတော့သည်။ ထို့နောက် ဆရာလေးထီရန်က ဟင်းရွက်တွေကို ထိုင်ကာ ရွေးကြည့်နေလေသည်။
" ကျွန်တော့်အထင် အစ်ကို ဆက်ပြီးဦးဆောင်တာ ကောင်းလိမ့်မယ် ''
" ညီလေး ကြိုက်တာဝယ်လိုက်လေ
ဘာဖြစ်ဖြစ်ရပါတယ် ''
" အင်း ဒါဆို ခေါင်းဆောင်ကြိုက်တာ ရွေးလိုက်တာပေါ့ သူဘာ ကြိုက်လဲဆိုတာ အစ်ကိုသိမှာပေါ့ သူလည်း အစ်ကို ကြိုက်တာ သိတယ်ဆိုတော့ ''
အဲသလို ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ်ကို တစ်မျိုးထင်ပြီး သဝန်တိုသလို ပြောလိုက်လေသည်။ အဲ့နောက် ဒေါက်တာနမ်က တစ်ချက် ပြုံး၍
" ဟေ့ နေပါဦး နေပါဦး ထီရန် ခဏလေး အသည်းယားစရာကောင်းအောင် ဘာလို့ ပြောလိုက်တာလဲ ''
" အဲ့သလိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး
ဒေါက်တာ ''
" ဟုတ်ပါပြီ အဲ့လိုမျိုး ငါတို့ကို ထင်တာ မင်းက ပထမဆုံးတော့ မဟုတ်ပါဘူး ငါ့ကောင်မလေးကတောင် ငါ့ကို ဖူဖာနဲ့ ငါ့ကို တွဲပေးနေတာ ''
" အစ်ကို့မှာ ကောင်မလေး ရှိတာလား ''
ဆရာလေးထီရန်က အဲသလို ထူးထူးဆန်းဆန်း အသံဖြင့် ပြောသမို့ ဒေါက်တာနမ်က သူ၏ဖုန်းထဲမှ ကောင်မလေးပုံကို ပြပေးလေတော့သည်။
" ရှိတာပေါ့ ဒီမှာ ဘန်ကောက်က ကလေးအထူးကု ဆရာဝန် ကောင်မလေးပုံ ကြွားဦးမယ်
လှတယ်မလား ''
" လှတယ် ''
" မွတ် ''
အဲ့နောက် ဒေါက်တာနမ်က ဖုန်းထဲမှ ကောင်မလေးကို အနမ်းပေးလိုက်လေသည်။ အဲ့သလို ဒေါက်တာနမ်မှာ ကောင်မလေးရှိမှန်း သိတော့မှ ဆရာလေးထီရန် စိတ်မအီမသာ သဝန်တို ဖြစ်နေတာ လျော့သွားပြီး ပြုံးနိုင်လေတော့သည်။
" ဒါဆို ခေါင်းဆောင်ဖူဖာကရော သူ့မှာ ချစ်သူရှိလား ''
" ဖူမှာ ချစ်သူရှိသလား ခက်ထန်ပြီး လူမှုရေးမရှိတဲ့ သူ့လိုလူမျိုးကိုကွာ ဘယ်လိုကြူရမလဲဆိုတာတောင်
ဘယ်လိုလုပ်ရမလဲတောင် မသိတာ သူ့ဆီမှာ ကြည်နူးစရာလေးတွေရှိဖို့ကတော့ မေ့ထားလိုက်တော့
သူ့လိုလူမျိုးနဲ့ တွဲတဲ့လူကတော့ တော်တော်လေးကို စိတ်ရင်းကောင်းတဲ့သူ ဖြစ်ရမယ် ''
" ဆရာမထော့ဖန်လို စိတ်ရင်းကောင်းတဲ့လူမျိုးလား ''
" ဟုတ်တယ် ထော့ဖန်မှာ အဲ့ဒီအရည်အချင်းတွေ အကုန်ရှိတယ် ချစ်ဖို့ကောင်းပြီး ကြင်နာတတ်တယ်
ရွာကလူတွေ အကုန်လုံးနဲ့ အဆင်ပြေတယ် ''
" ဒေါက်တာ ခေါင်းဆောင်နဲ့သူက ''
" ချစ်သူတွေလားလို့ မေးချင်တာလား အဟင့် အဲဒါကတော့ သူတို့တွဲမတွဲ ငါလည်း သေချာမသိဘူး မင်းသိချင်တယ် ဆိုရင်တော့ ဖူဖာကို ကိုယ်တိုင် မေးလိုက်ပါလား ''
ဒီလိုနဲ့ ဆရာလေးထီရန်က ရှက်သလိုလို ဖြစ်ပြီး ဘာမှပြန်မပြောဘဲ စကားလမ်းကြောင်းလွှဲလိုက်လေသည်။
" ပြီးကျရင် ဒီဟာ သုံးရမှာ ''
ဒီလိုနဲ့ ဒေါက်တာနမ် နှင့် ဆရာလေးထီရန် လိုအပ်သည့် ညစာဟင်းတွေကို ဝယ်ကာ ဖာပန်းဒေါင်းရွာကို ဂျစ်ကားလေးဖြင့် ပြန်လာကြလေသည်။ ခေါင်းဆောင်ဖူဖာလည်း ကျောင်းအိမ်ယာတွင် သူတို့ကို ဆိုင်ကယ်ပေါ် မှီထိုင်၍ စောင့်နေလေသည်။
ဆရာလေးထီရန်နှင့် ဒေါက်တာနမ်လည်း ကျောင်းအိမ်ယာကို ဂျစ်ကားလေးဖြင့် ရောက်လာကာ ကားပေါ်မှ ဆင်းလာကြလေသည်။
" မင်းက ဒီမှာ စောင့်တောင်စောင့်နေပြီ မင်း ဗိုက်ဆာနေလို့မို့လား ''
ဒေါက်တာနမ်က အဲသလို ခေါင်းဆောင်ဖူဖာကို ပြောလိုက်လျှင် ခေါင်းဆောင်ဖူဖာက အသံကို ခပ်တိုးတိုးဖြင့် ဆရာလေးထီရန်ကို မျက်စိတစ်မှိတ်အချိန်အကြာ ကြည့်၍ ဒေါက်တာနမ်ကို ပြောလေသည်။
" တော်တော့ ဒေါက်တာ ''
" အယ် စားဖိုမှူးထီရန် ဟင်းချက်တဲ့နေရာလေးကို တန်းသွားလိုက်ပါတော့ ဗိုက်ထဲမှာ စည်တည်းနေပြီ ''
" ဟုတ်ကဲ့ အစ်ကို ''
ဒေါက်တာနမ်က အဲသလို သွက်ချော်ချော်ပြောလိုက်လေပြီး ခေါင်းဆောင်ဖူဖာကလည်း ကူပေးရမလားဆိုတာ ပြောလိုက်လေသည်။
" ကူပေးရဦးမလား ''
" ရပါတယ် ခေါင်းဆောင် ဘာမှ မလုပ်ဘဲ နေတာ ပိုကောင်းပါတယ် ''
ဆရာလေးထီရန်က အဲသလိုပြောပြီး အိမ်ပေါ်ကို တက်သွားလေသည်။ ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာ၏ ပုခုံးကို ကူညီပေးမယ်ပြောတာ မကူညီပေးရလို့ စိတ်မကောင်းပါဘူး ဟူ၍ လှောင်ပြောင်ပုတ်ကာ ခေါင်းဆောင်ဖူဖာလည်း ပြန်ပြီး ခုခံလိုက်လေသည်။
အဲ့နောက် ဟင်းချက်ဖို့ ကြက်သွန်နီ လှီးနေသည့် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာ စိတ်တိုင်းမကျ၍ တစ်တွတ်တွတ် ပြောနေလေသည်။
" အဲ့လိုမျိုး ဘယ်သူလှီးလို့လဲ ''
" ဒါဆို ဘယ်လိုလုပ်ရတာလဲ ''
" တစ်ခုချင်းဆီကို ညီညီလေး လှီးလေ ''
" ဘယ်လိုပဲလှီးလှီး စားကောင်းရင် ပြီးတာပဲကို ''
" တပြေးတည်း ကျက်မှာ မဟုတ်တော့ဘူး ဟုတ်တယ်မို့လား ဒေါက်တာ ''
ဒီလိုနဲ့ ဒေါက်တာနမ်က အဲသလို အနီးကပ်ထိုင်ကာ မျက်နှာချင်းဆိုင် စကားပြော ကြက်သွန်နီ လှီးနေတဲ့ သူနှစ်ယောက်ကြားမှ ရှောင်ထွက်ဖို့ ကြိုးစားလေတော့သည်။
" အမ် အစ်ကို ကြက်သား သွားဆေးလိုက်ဦးမယ် ''
ဒေါက်တာနမ်က ကြက်သားစိမ်းပန်းကန်ယူကာ အိမ်အောက်ကို ဆင်းသွားလေတော့သည်။ ခေါင်းဆောင်ဖူဖာက ဘာမှမလုပ်တတ်သည့် ဆရာလေးထီရန်ကို စိတ်မရှည်၍ ကိုယ်တိုင်လုပ်ပြလိုက်လေသည်။
" ဒီလိုလေးလှီး ''
" ကူစရာမလိုဘူး ကိုယ့်ဘာသာ လုပ်ပါ့မယ် ''
" ပါးပါးလေးလှီး ထူရင် မကျက်တော့ဘူး ''
" မရဘူး ပြန်ပေး ကိုယ့်ဘာသာလုပ်မယ် ''
" ဟုတ်ပါပြီ လုပ်ပြပါဦး အရမ်းထူလွန်းတယ် ''
ဒီလိုနဲ့ ဆရာလေးထီရန် ဟင်းတွေ စတင်ချက်ကာ ခေါင်းဆောင်ဖူဖာလည်း ဘေးနားမှ ကြည့်၍ ကူပေးလေသည်။
" ခေါင်းဆောင် ကျွန်တော့်ဘာသာ လုပ်နိုင်ပါတယ်ဆို ဖယ်နေစမ်းပါ ''
" ရေဆူနေပြီ ''
" သိတယ် ''
" ထီရန် ကြက်ဥတွေ တူးနေပြီ ''
" သိတယ် ပန်းကန် ပန်းကန်ပေး ''
" မီးအရမ်းပြင်းတယ် ''
အဲသလိုနဲ့ ဆရာလေးထီရန် ပြာယာခတ်ကာ ခေါင်းဆောင်ဖူဖာလည်း ဘေးနှားမှ တတွတ်တွတ် ပြောနေလေသည်။ ထို့နောက် ညအချိန်လေးကို တဖြည်းဖြည်း ရောက်သွားလေတော့သည်။
မီးအိမ်လေးထွန်းထားပြီး စားစရာဟင်းတွေ အပြည့်ဖြစ်နေသည့် ညစာထမင်းဝိုင်းမှာ ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန် ဒေါက်တာနမ်တို့ စားဖို့ အသင့်ဖြစ်နေလေသည်။ ဒေါက်တာနမ်က တူးနေသည့် ကြက်ဥကြော်ကို ကြည့်ကာ ဆရာလေးထီရန်ကို ကြည့်၍ ရည်ပါတော့သည်။
" အဟင့် ဟင့် ဟား ''
" ကျွန်တော် တစ်ချိန်တည်းမှာ ဒီလောက်အများကြီး တစ်ခါမှ မလုပ်ဖူးဘူး ဒီကြက်ဥကြော်လေး မစားနဲ့တော့ ''
" ဒီကိုပေး ဒီလိုတောထဲမှာ ကြက်ဥလေးတစ်လုံးတောင် တန်ဖိုးရှိတယ် ''
အဲသလို ခေါင်းဆောင်ဖူဖာကပြောကာ ကြက်ဥမီးတူးလေးကို သူ၏ပန်းကန်ထဲ ထည့်လိုက်လေသည်။
" ဟုတ်တယ် စားရအောင် ''
ဒေါက်တာနမ်က အဲသလိုပြောကာ ထမင်းစားလိုက်ကြပြီး ဆရာလေးထီရန်က ကြက်ဥမီးတူးစားသည့် ခေါင်းဆောင်ဖူဖာကို ကြည့်နေလေသည်။
" ဟေ့မင်း ဒီနေ့ ညီလေးထီရန်က မင်းနဲ့ငါနဲ့ ဘယ်လိုပတ်သက်လဲ ဆိုပြီး မေးတယ် ''
" ဒေါက်တာ ''
ဒေါက်တာနမ်က အဲသလို ပြောပြလိုက်သမို့ ဆရာလေးထီရန်က ဒေါက်တာလို့ ပြောကာ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် တစ်ချက်ကြည့်လိုက်ကြလေသည်။
" ဘာကြည့်တာလဲ ''
ဒီလိုနဲ့ ဒေါက်တာနမ် ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် အိမ်ပေါ်မှ ဆင်းလာလေတော့သည်။
" အိုး ဗိုက်ပြည့်သွားပြီ စားကောင်းချက်ပဲ အရက်လေးနဲ့ ဆက်လိုက်ရအောင် အိုကေလား ဖူ ''
" ငါ ဆိုင်ကယ်မောင်းလာတာ ''
" ကိစ္စ မရှိပါဘူး ဒီမှာထားသွားလိုက်ပေါ့ ငါနဲ့လိုက်ခဲ့လိုက် မနက်ဖြန်မှ ပြန်လာယူ ''
" အင်း အင်း ''
" ညီလေးထီရန် ဒီနေ့ ထမင်းဖိတ်ကျွေးလို့ ကျေးဇူးတင်ပါတယ်နော် အချိန်ရရင် အစ်ကိုတို့ဘက် လာခဲ့လေ အစ်ကို မင်းကို ပြန်ချက်ကျွေးမယ် ''
" ဟုတ်ကဲ့ပါ ဒေါက်တာ ဂရုစိုက်ပြီး မောင်းနော် ''
" OK ''
အဲသလို ဒေါက်တာနမ်က ဆရာလေးထီရန်နှင့် ပြောဆိုကာ ကားဆီကို သွား၍ ကားပေါ်တက်လိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်ကို နှုတ်ဆက်နေလေသည်။
" သွားတော့မယ်နော် ''
" အင်း ဟေ့ နေဦး ''
ခေါင်းဆောင်ဖူဖာ လှည့်ထွက်သွား၍ ဆရာလေးထီရန်က လှမ်းတားလိုက်သမို့ ခေါင်းဆောင်ဖူဖာ ပြန်လှည့်လာလေသည်။
" အိတ်ကျန်ခဲ့တယ် ''
" မယူတော့ဘူး အဲဒီထဲမှာ မင်းအတွက် ပစ္စည်းတစ်ခုရှိတယ် ''
အဲသလိုပြောပြီး ဆရာလေးထီရန်နှင့် ခေါင်းဆောင်ဖူဖာ ပြုံး၍ကြည့်ကာ ခေါင်းဆောင်ဖူဖာက ကားပေါ်ကို တက်သွားလေတော့သည်။ ထို့နောက် ဒေါက်တာနမ်က ကားကို မီးဖွင့်ပြီး မောင်းထွက်သွားလေတော့သည်။
အဲ့နောက် ဆရာလေးထီရန်လည်း ဆိုင်ကယ်ပေါ်က အထုတ်ကို ဖွင့်ဖောက်ကြည့်လေသည်။ အထဲက ပစ္စည်းက ခြင်ထောင်တစ်လုံး ဖြစ်နေသည်ကို သတိထားမိလေသည်။ ထို့ကြောင့် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာနှင့် အတူအိမ်ခဲ့ကြသည့် ခေါင်းဆောင်ဖူဖာ ပြောစကားကို ကြားယောင်လေတော့သည်။
" မင်း ငါပြောထားသလို ခြင်ထောင် မထောင်ဘူးလား ''
" ထောင်တာပဲ စကားမများနဲ့ သူများနေရာလာအိမ်တာနော် အပေါက်တွေအများကြီးပဲ မတွေ့ဘူးလား ''
ဒီလိုနဲ့ ဆရာလေးထီရန်က ခြင်ထောင်လေးကို ကြည့်ကာ ကြားယောင်မိနေပြီး သတိရလွမ်းမိနေလေသည်။ ထို့နောက် အိမ်ပေါ်ကို တက်၍ အိမ်ပြင်ခုံတန်းလေးမှာ ထိုင်ပြီး လက်နှစ်ဖက်ပေါ် မှေးတင်၍ သတိရလွမ်းနေသည် ပုံစံ ဖြစ်နေလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာလည်း ကားစီးရင်း ကားပြတင်းမှန်ပေါ် လက်တင်ကာ တွေးရင် လွမ်းရင်းနဲ့ သတိရနေလေသည်။ ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာကို ကြည့်၍ သတိထားမိနေလေသည်။
" ဟေ့ ညီလေးနဲ့ ခွဲတာ ဘယ်လောက်မှမရှိသေးဘူး လွမ်းနေပြီလို့တော့ မပြောနဲ့နော် ''
" အင်း ''
ဒေါက်တာနမ်က အဲသလိုပြောတော့ ခေါင်းဆောင်ဖူဖာက ဝန်ခံလိုက်ရာ ဒေါက်တာနမ် အံ့သြသွားလေတော့သည်။
" ဘယ်လို ငါသူ့ဆီ ပြန်ပို့ပေးရမလား ''
" အဲဒီလို လွမ်းတာ မဟုတ်ပါဘူး သူ့ကို တစ်ယောက်ယောက်နဲ့ တူတယ်လို့ မင်း
မထင်ဘူးလား ''
" ညီမလေးထော့ဖန်ကို ပြောတာလား ''
" ဟေ့ မင်းလည်း အဲ့လို တွေးမိတာလား ''
" တစ်ခါတစ်လေမှပါ ဒါပေမယ့် မထူးဆန်းပါဘူး နှစ်ယောက်လုံးက ငယ်တယ် မြို့ကလာကြတာ စိတ်ကူး
ဉာဏ်ကောင်းတယ် တက္ကသိုလ်မှာလည်း လုပ်အားပေး​ဖြစ်ချင်တာချင်းလည်း တူလောက်တယ် ငါလည်း
တစ်ချိန်တုန်းက အဲလိုမျိုးလေ ''
" အင်း အဲလိုဆိုရင်တော့ ကောင်းတာပေါ့ ''
" ဒါဆို မင်းက ဘယ်လိုမြင်လို့လဲ ''
" ဘာမှမဟုတ်ပါဘူး ''
" ဒီတော့ ငါတို့ရဲ့ခေါင်းဆောင်က ထော့ဖန်လိုမျိုး သူ့အပေါ်မှာလည်း ခံစားနေရတာလား ''
" ကားမောင်တာကိုပဲ အာရုံစိုက်မောင်းပါ ပေါက်ကရတွေပြောနေတယ် လမ်းကျော်သွားဦးမယ် ''
" ဟုတ်ကဲ့ပါ ခေါင်းဆောင်ခင်ဗျ ''
မှန်၏။ ခေါင်းဆောင်ဖူဖာက သူ၏ရင်ထဲတွင် ဆရာလေးထီရန်ကို ထော့ဖန်နှင့်တူတယ်ထင်ပြီး ထော့ဖန်ထက် ရင်ထဲတွင် ပိုပြီး ခံစားမှုမျိုးကို ခံစားရလေသည်။ ဒီလိုနဲ့ ဒေါက်တာနမ်က စနောက်ကာ ခေါင်းဆောင်ဖူဖာလည်း သူ့ကိုယ်သူ မလှုံမလဲ ဖြစ်နေလေသည်။
ထိုညလေးတော့ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန်တို့အတွက် အလွမ်းညလေးတစ်ည ဖြစ်သွားပြီး ပျော်ဖို့လည်း ကောင်းခဲ့ရလေသည်။ တစ်ဦးပေါ်တစ်ဦး မရိုးမသား ဖြစ်နေသည်လည်း ညီအစ်ကိုသူငယ်ချင်းထက် ပိုသည်လည်း ပို၍ သိသာထင်ရှားလာလေသည်။
ဒီလိုနဲ့ နောက်တစ်နေ့မနက် ဖာပန်းဒေါင်းရွာတွင် လူစုလူဝေးကို ဆရာလေးထီရန် မြင်သမို့ သွားပြီး အကျိုးအကြောင်းမေးလေသည်။
" တစ်ခုလောက် ကူပေးမယ် ''
" တော်ပြီ တခြားလူတွေကိုပဲ ပေးလိုက် ''
" ဆရာလေးထီရန် ''
ခေါင်နွန်းက ဆရာလေးထီရန်ကို မြင်သမို့ အဲသလို အော်ခေါ်လိုက်လေသည်။
" ဘာဖြစ်လို့လဲ ဒီနေ့ဘာလို့အတန်းမလာတာလဲ နေမကောင်းဘူးလား ''
" မဟုတ်ပါဘူး ကောင်းပါတယ် အမေက သူတို့ကို ကူညီခိုင်းထားလို့ပါ ''
" အော် ဘာလုပ်နေကြတာလဲ ''
အဲ့နောက် လောင်ထယ်က ကင်မရာလေးလည်ပင်မှာလွယ်ကာ ဆရာလေးထီရန်အနားလာပြီး ပြောလေတော့သည်။
" ကျွန်တော် ဟိုနေ့က ပြောတာ အစ်ကို မှတ်မိသေးလား မင်္ဂလာပွဲအကြောင်းလေ ဒီမှာက ရိုးရာရှိတယ်
သတို့သားက သတို့သမီးကို အိမ်ကနေခေါ်ဖို့အတွက် ထမ်းစင်ကိုယ်တိုင် ဆောက်ရတယ်လေ
ဒီနှစ်တော့ ထိုင်ခုံနဲ့တွဲပြီး အဆင့်မြင့်လိုက်ပြီ သတို့သမီးအနေနဲ့လည်း သစ်သားပြားကြီးပေါ်မှာ
ထိုင်ရတာ သက်သောင့်သက်သာ မရှိဘူးလေ ''
" အော် အင်း ''
" ပြီးပြီ ထိုင်ကြည့် ''
ထိုအခါ သတို့သမီးက ထိုထမ်းစဥ်ပေါ် ထိုင်ကြည့်ရာ ထမ်းစင်က အငြိမ်မနေဘဲ လှုပ်လှဲချင်နေ၍ သတို့သမီးကို ပွေ့ထားလိုက်ရလေသည်။
" ဟေး မရသေးဘူး ''
" ဘာလို့ ပိုဆိုးလာတာလဲ ''
" ဘာလို့ဆိုတော့ ခုံကမြင့်လေ သယ်ရတာ ပိုခက်လေမို့လို့လေ အစ်ကို့အထင်တော့ မင်းတို့ပုံစံကို
ပြန်ပြင်သင့်တယ် ဒီကောင်က အလုပ်မဖြစ်ဘူး အန္တရာယ်လည်း ရှိတယ် ''
အဲ့နောက် လောင်ထယ်က ခဏတာတွေးရင် တစ်ခုခုကို အတွေးပေါ်၍ အသံကို ကျယ်ကျယ်လေး ပြောထွက်လာလေသည်။
" အေး ဟုတ်သားပဲ အစ်ကိုက အင်ဂျင်နီယာ ကျောင်းသားမဟုတ်လား အစ်ကို ကူညီ
ပေးလို့ရတာပဲ ''
" ဟွေး ဘယ်လို ဘယ်လိုလုပ်ရမလဲ အစ်ကို မသိဘူး ''
" ကျွန်တော့်တို့ထက်တော့ အစ်ကိုက ပိုသိမှာပါ ကြိုးစားကြည့်ပေးပါ အစ်ကိုရယ် ကျွန်တော့်တို့ ဒီနေ့အပြီးရမှ ဖြစ်မှာ ''
" ဟုတ်ပါပြီ လုပ်ကြည့်ပေးမယ် ''
ဒီလိုနဲ့ ဆရာလေးထီရန်က စာရွက်ပေါ်မှာ ပုံဆွဲပြ၍ ထိုထမ်းစင်ပြင်သည့် လူတွေကို ရှင်းပြလေသည်။
" အားလုံးပဲ ဒါက ကျွန်တော်ပြောတဲ့ ထမ်းစင်ပုံစံပါ မြင်ရလား အပေါက်နှစ်ပေါက်နဲ့ အလယ်မှာ ထိုင်ခုံ
တစ်ခုလိုတယ် အလေးချိန်ကိုထိန်းဖို့အတွက် ထိုင်ခုံအတွင်းမှာ အပေါက်တစ်ခုနဲ့ ချိတ်လိုက်မယ် ''
ဒီလိုနဲ့ အဲသလို လုပ်ကြည့်ကြလေသည်။ သို့ပေမယ့် အလုပ်မဖြစ်သေးချေ ဖြစ်၏။
" အဆင်ပြေမယ် မထင်ဘူး ဝါးခုံလေးထားရင် ကောင်းမယ် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာနှင့် လန် တို့က လောင်ထယ်နှင့် ဆရာလေးထီရန် အနောက်မှ ရောက်လာကာ အဲသလို စကားဆိုလာလေသည်။
" ရွာသူကြီးက ထမ်းစင်ပုံစံကို ပြင်တဲ့လူရှိတယ် ပြောတယ် ''
ဆရာလေးထီရန်တို့ လှည့်ကြည့်လိုက်ပြီး ခေါင်းဆောင်ဖူဖာက ထပ်ပြီး စကားဆိုလာလေသည်။
" ကူညီဖို့ လူလိုသေးလား အဆင်ပြေမလား ရော့ချန်း ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို အဲသလိုမေးပြီး ရော့ချန်းကိုလည်း ဝါးတွေသယ်လာရ၍ အဲသလို မေးလိုက်လေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဝါးတွေကို တစ်ဖက်ထိုးလွှဖြင့် ဖြတ်ထုတ်လှီးခုတ်နေလေသည်။ အဲသလို ထမ်းစင်အတွက် ကူညီပေးနေတဲ့ ခေါင်းဆောင်ဖူဖာကို ဆရာလေးထီရန်က အမောပြေ ရေအေးတစ်ခွက်ယူလာပေးလေသည်။ ဖန်ခွက်ကလေးကို ယူရင်း ဆရာလေးထီရန်ကို ကြည့်ကာ ခေါင်းဆောင်ဖူဖာ တစ်ချက်ပြုံးမိနေလေသည်။
ဒီလိုနဲ့ ထမ်းစင်ကို ပြုလုပ်၍ ပြီးစီးသွားကာ သတို့သမီးကို ဝါးခုံမှာ ထိုင်စေပြီး အစမ်းထမ်းမကြည့်လေသည်။
" မကြည့်ရအောင် ၁ ၂ ၃ မမယ် ''
" ဝိုး ''
နောက်ဆုံးတော့ ထမ်းစင်လေးက အောင်မြင်ပြီးစီးသွားလေတော့သည်။ လူကြီးတစ်ယောက်က ထမ်းစင်မသည့်လူတွေကို ပြောလေတော့သည်။
" မကြည့်ပြီး လမ်းလျှောက်ကြည့်လိုက် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် ပြုံးနေသည်ကို ကြည့်ကာ ခေါင်းဆောင်ဖူဖာ၏ နဘေးမှ လောင်ထယ်က ဆရာလေးထီရန်အနားသွားလိုက်လေသည်။
" အရမ်းမိုက်တာပဲ အစ်ကို ''
လောင်ထယ်က အဲသလို ပြောပြီး ဆရာလေးထီရန်က လောင်ထယ်၏ ပုခုံးကို ဖက်ထားလိုက်လေသည်။ ထို့နောက် လောင်ထယ်၏ ကင်မရာထဲက ပုံကို ကြည့်ကြလေသည်။
" နောက်ဆုံးတော့ ပြီးသွားပြီ ''
" ပုံတွေကြည့်မလား ''
အဲသလိုလောင်ထယ်နှင့် ဆရာလေးထီရန် မျက်နှာချင်းအနီးသားဖြင့် ဖက်ကာ ဓါတ်ပုံအတူတူကြည့်နေသည်ကို ခေါင်းဆောင်ဖူဖာမြင်ကာ စိတ်မကျေမချမ်း မနာလိုဝန်တိုစိတ်တွေ ဖြစ်နေလေသည်။ ရော့ချန်းက ခေါင်းဆောင်ဖူဖာကို ပြောလေတော့သည်။
" ခေါင်းဆောင် ရွာသူကြီးက ကျွန်တော့်တို့ကို သူ့အိမ်မှာ ဆန်ပြုတ်စားဖို့ ဖိတ်ထားတယ်
အတူလိုက်ခဲ့မလား ''
" မင်း စားချင်ရင်သွားပေါ့ ငါ ဗိုက်မဆာဘူး ''
အဲသလိုပြောပြီး ခေါင်းဆောင်ဖူဖာ က ဆရာလေးထီရန်က လောင်ထယ်နဲ့ ရည်မောနေတာကို သဝန်တိုသလိုစိတ်ဖြင့် ကြည့်ကာ ထွက်သွားလေတော့သည်။
ဒီလိုနဲ့ ညအချိန်လေးကို ရောက်သွား၍ ခမာ၏အိမ်တွင် ဆန်ပြုတ်စားနေကြလေသည်။ တခြားသော ရွားသူရွာသားတွေလည်း ဆန်ပြုတ်စားနေကြလေတော့သည်။
" ကျွန်တော်လေယာဥ်ဆောက်နိုင်တယ်ဆိုတာ ဘယ်သူပြောတာလဲ ''
" နောက်တာပါ အစ်ကို ''
ဆရာလေးထီရန်က ခမာကို မေးလိုက်ရာ လောင်ထယ်က သူပြောတာ ဖြစ်သည်မို့ အဲသလို စနောက်တယ်ဟူ၍ ပြောလေသည်။
" ရွာသားတွေ ယုံကြည်သွားအောင်လို့လေ ''
" ဒါပေမယ့် မင်းရဲ့ထမ်းစင်က သတို့သမီးကို လေယာဥ်ပေါ်မှာ ထိုင်နေရသလို သက်သောင့်သက်သာ ရှိစေတယ်လေ ''
" အဟင်း ဟား ''
" ဘာပဲဖြစ်ဖြစ် ဒါကုန်အောင်စားပြီး အိမ်အမြန်ပြန်တော့ ဒီနေ့က ခွေးအူတဲ့ညလေ ''
" ခွေးအူတဲ့ညဆိုတာ ဘာကိုပြောတာလဲ သူကြီး ''
" အဟား ဟား ''
ခမာက အဲသလို ရည်မောလိုက်ကာ အိမ်ပြင်မှာ ဆန်ပြုတ် စားနေသည့် ရွာသားတွေကို ပြောလေသည်။
" ဟေး ကြည့်ဦး ခွေးအူတဲ့ညကို သူမသိဘူး အမြန်သာအိမ်ပြန်တော့ အရေးကြီးဆုံးက အပြင်ထွက်ပြီး လမ်းလျှောက်မနေနဲ့ ''
ခမာက အဲသလိုပြောကာ ရည်နေပြီး ထိုနေရာမှ ထသွား၍ ပါးစပ်ကနေလည်း
" ခွေးအူတဲ့ညကို သူမသိဘူးပဲ ''
ဟူ၍ပြောကာ သွားလေသည်။ ခွေးအူတဲ့ညကို မသိတဲ့ ဆရာလေးထီရန်က လောင်ထယ်ကို ထပ်မေးပြန်တော့သည်။
" ဘာကြီးလဲ ''
" အော် ကျွန်တော်လည်း မသိဘူး ဟို မင်္ဂလာပွဲမတိုင်ခင်ညဆိုရင် ကလေးတွေကို ညဘက်အပြင်ထွက်ခွင့်မပေးဘူး ''
" ဒါဆို ဖာပန်းဒေါင်းပုံပြင်နဲ့ တစ်ခုခုဇာတ်လမ်းရှိလို့များလား ''
" ဖြစ်နိုင်တယ် အစ်ကို ''
အဲ့နောက် ဆရာလေးထီရန်က ခွေးအူတဲ့ညကို သိချင်စောဖြင့် အဲ့ညကို ခွေးအူတဲ့ညဆိုတာ ဘာကိုဆိုလိုသည်ကို အဖြေရှာဖို့ ပြောလေတော့သည်။
" လောင်ထယ် ခွေးအူတဲ့ညဆိုတာ ဘာလဲဆိုတာ စပ်စုလိုက်ရအောင် ''
" လုပ်ကြမယ်လေ ''
လောင်ထယ်ကလည်း နည်းနည်းလေးမှသဘောမတူရှာဘူး သိချင်တာမှ ဟိုဘက်တောင် လွန်သေးသည်။ ဒီလိုနဲ့ အဲ့ဒီညကို ခွေးအူတဲ့ညအကြောင်း သူတို့ စုံစမ်းစပ်စု အဖြေရှာလေတော့သည်။
ဆရာလေးထီရန်က မီးအိမ်လေးကိုင်ကာ ခွေးအူတဲ့ည ဆိုတာကို အဖြေရှာကြလေသည်။
" ဘယ်မှာလဲ လောင်ထယ် ခွေးတစ်ကောင်တောင် မတွေ့ဘူး ''
" တစ်ကောင်တော့ ရှိသင့်တယ် အစ်ကို ''
" အေး တစ်ယောက်ယောက်လာနေပြီ
လန်များလား ''
" မသိဘူးလေ ''
" အစ်ကိုလန် အစ်ကိုလန်ပဲ ''
" ဆရာလေးထီရန် လောင်ထယ် ကြည့်ချင်လား လာလိုက်ခဲ့ ''
" သေချာရဲ့လား ''
" သေချာတယ် ဒီဘက် ဒီဘက် ''
အဲသလို အသံကို ခပ်ဖော့ဖော့ ခပ်တိုးတိုး ပြောကာ လန်က ခွေးအူတဲ့ညကို ကြိုသိနေ၍ ဦးဆောင်ကာ ဆရာလေးထီရန်နှင့် လောင်ထယ်ကို ခေါ်သွားလေတော့သည်။
အဲ့နောက် ဆရာလေးထီရန်က ခွေးအူတဲ့ညဆိုတာ ဘာကိုပြောလဲဆိုတာကို သိသွားလေတော့သည်။
" အစ်ကို သိသွားပြီ လောင်ထယ် ''
မှန်၏။ ခွေးအူတဲ့ညဆိုတာ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုညမှာ တစ်နည်းအားဖြင့် မင်္ဂလာဦးညမှာ သတို့သားနဲ့သတို့သမီး မင်္ဂလာဦးညကြလေသည်။ ဖာပန်းဒေါင်းရွာမှာက အဲ့ဒီညကို ခွေးအူတဲ့ညဟူ၍ ခေါ်လေသည်။ ခမာလည်း အစကတည်းက အဲ့သလိုပြောလိုက်ရင် ဆရာလေးထီရန် ခုလောက်ထိ သိချင်မှာ မဟုတ်ချေ ဖြစ်၏။
ယခုတော့ တား၍ မရနိုင် ခွေးအူတဲ့ညလို့ ဘာလို့ခေါ်တယ်ဆိုတာ သိသွားပြီး ဆရာလေးထီရန် နှင့် လောင်ထယ် မင်္ဂလာဦးညကို ထရံပေါက်မှ ချောင်း၍ ကြည့်ကြလေတော့သည်။
" တိုးတိုးလုပ် ဒီကိုလာ ''
အဲသလို သူတို့အားလုံး မင်္ဂလာဦးညကို အရှိန်ကောင်းကောင်းနဲ့ ကြည့်နေချိန် ခေါင်းဆောင်ဖူဖာက ထိုနေရာကို ရောက်လာလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက ချောင်းကြည့်နေသည့် လူတစ်ယောက်၏ ပုခုံးကို ကိုင်ကာ ထိုလူလှည့်လာတော့ ခေါင်းဆောင်ဖူဖာကို မြင်ပြီး ပြေးထွက်သွားလေသည်။
ခေါင်းဆောင်ဖူဖာက လန်၏ပုခုံးကို ကိုင်ပြီး လန်က ခေါင်းဆောင်ဖူဖာကို မြင်တော့ အဲသလိုပြောကာ ပြေးထွက်သွားလေသည်။
" ခေါင်းဆောင် သွား သွားပြီနော် ''
အဲ့နောက် လောင်ထယ်၏ပုခုံးကို ကိုင်တော့ လောင်ထယ်က ခေါင်းဆောင်ဖူဖာ၏ လက်ကို ပုတ်ထုတ်ပြီး  အဲသလိုပြောကာ လှည့်လာ၍ အဲသလိုတွေ ဖြစ်ကုန်တော့သည်။
" သေစမ်း အစ်ကို ''
" နေဦး ''
" ကျွန်တော် သွားတော့မယ်နော် အစ်ကို ဘိုင့်ဘိုင် ''
လောင်ထယ်က အဲသလို ချောင်းကြည့်နေသည့် ဆရာလေးထီရန်ကို ထိုသို့ပြောကာ ခေါင်းဆောင်ဖူဖာကို မြင်၍ ပြေးထွက်သွားလေတော့သည်။
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပုခုံးကို ကိုင်တော့ လောင်ထယ်ကိုင်တာထင်ပြီး အဲသလိုတွေ ပြောကုန်တော့သည်။
" မင်းအရင်သွားလေ ''
" အဟင့် ''
အဲသလို ခေါင်းဆောင်ဖူဖာက ချောင်းဟင့်ကာ ဆရာလေးထီရန်လှည့်လာတော့ ဆရာလေးထီရန် မျက်နှာပျက်ကုန် လေတော့သည်။
" ကျွန်တော် သွားတော့မယ်နော် ''
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန် အဲသလိုပြောကာ ပြေးထွက်သွားတော့ နောက်မှ အင်္ကျီကို လှမ်းဆွဲထားလိုက်လေသည်။ ရှေ့ကလူတွေလည်း အဲသလို အသံကို ခပ်ဖော့ဖော့ပြောကာ ပြေးထွက်သွားကြလေသည်။ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန်လည်း အသံတိုးတိုးဖြင့် ပြောနေကြလေသည်။
" ဘာလဲ လွှတ် ''
" စိတ်ဝင်စားဖို့ကောင်းလား ''
" ဘာကိုလဲ ဘာမှမမြင်ဘူးနော် ''
" သေချာလား ''
ခေါင်းဆောင်ဖူဖာက စကားပြောရင်းဖြင့် ဆရာလေးထီရန်၏ ခါးအောက်ပိုင်းကို လှည့်ကွက်လှည့်ကွက် ကြည့်နေလေသည်။ ဆရာလေးထီရန်လည်း မီးအိမ်လေးကိုင်ကာ ကြောင်တောင်တောင်ဖြစ်နေလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက လက်ကလေးပိုက်၍ ဓာတ်မီးလေးကို ဆရာလေးထီရန်၏ အငယ်လေး ရှိရာတည့်တည့် မီးထိုးထားလိုက်လေသည်။ ဆရာလေးထီရန်က မင်္ဂလာဦးညကြည့်ထားသမို့ သူ၏အငယ်လေး နိုးကြားနေတာကို ဖုန်းထားလိုက်ရလေတော့သည်။
" ဟေး မီးပိတ်လိုက်စမ်းပါ ''
" တိတ်တိတ်နေ ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို ကြည့်ကာ ပြုံးမိနေလေတော့သည်။ အဲ့နောက် ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာက ကျောင်းအိမ်ယာကို လိုက်ပို့ပေးလေတော့သည်။
" ခေါင်းဆောင်ကို စခန်းပြန်သွားပြီ ထင်နေတာ ''
" တစ်ယောက်ယောက်က ရူးကြောင်ကြောင်တွေ လုပ်တော့မယ်ဆိုတာ ခံစားမိနေလို့လေ ''
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars
Chapter - 4(B)
အပိုင်း (၁၁)
ချင်းမိုင်သို့ ဈေးဝယ်သွားမည့်နေ့...။
" တက်လေ ''
" ကိုင်ထား ''
" အဲဒီကို မဟုတ်ဘူး ''
" တင်းဦး ''
" အရမ်းတင်းသွားပြီ ''
" ဟေ့ ဖူ ''
" မင်္ဂလာပါ အစ်ကို ''
" ဟင် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန် ဒေါက်တာနမ် တို့သုံးဦး ဈေးကို လျှောက်ပတ်ကြည့်ရင်း စကားပြောလာကြလေတော့သည်။
" ဟေး ''
" ရော့ ''
" အော် မင်္ဂလာပါ ''
" မင်္ဂလာပါ ''
" အော် ဟုတ် ''
" ကျေးဇူးတင်ပါတယ်နော် ''
" ရပါတယ် ''
" အင်း ''
" သွားပြီ ''
" အင်း ''
ဘာဖြစ်ဖြစ်ရပါတယ် ''
ဒေါက်တာ ''
လှတယ်မလား ''
" လှတယ် ''
" မွတ် ''
" တော်တော့ ဒေါက်တာ ''
" ဟုတ်ကဲ့ အစ်ကို ''
" ကူပေးရဦးမလား ''
" ဒီလိုလေးလှီး ''
" ရေဆူနေပြီ ''
" သိတယ် ''
" မီးအရမ်းပြင်းတယ် ''
" အဟင့် ဟင့် ဟား ''
" ဟုတ်တယ် စားရအောင် ''
" ဒေါက်တာ ''
" ဘာကြည့်တာလဲ ''
" အင်း အင်း ''
" OK ''
" သွားတော့မယ်နော် ''
" အင်း ဟေ့ နေဦး ''
" အိတ်ကျန်ခဲ့တယ် ''
" အင်း ''
မထင်ဘူးလား ''
" ဘာမှမဟုတ်ပါဘူး ''
" တစ်ခုလောက် ကူပေးမယ် ''
" ဆရာလေးထီရန် ''
" အော် ဘာလုပ်နေကြတာလဲ ''
" အော် အင်း ''
" ပြီးပြီ ထိုင်ကြည့် ''
" ဟေး မရသေးဘူး ''
" ဘာလို့ ပိုဆိုးလာတာလဲ ''
ပေးလို့ရတာပဲ ''
" မကြည့်ရအောင် ၁ ၂ ၃ မမယ် ''
" ဝိုး ''
" ပုံတွေကြည့်မလား ''
အတူလိုက်ခဲ့မလား ''
" နောက်တာပါ အစ်ကို ''
" အဟင်း ဟား ''
" အဟား ဟား ''
" ဘာကြီးလဲ ''
" ဖြစ်နိုင်တယ် အစ်ကို ''
" လုပ်ကြမယ်လေ ''
လန်များလား ''
" မသိဘူးလေ ''
" သေချာရဲ့လား ''
" သေချာတယ် ဒီဘက် ဒီဘက် ''
" တိုးတိုးလုပ် ဒီကိုလာ ''
" သေစမ်း အစ်ကို ''
" နေဦး ''
" မင်းအရင်သွားလေ ''
" အဟင့် ''
" ဘာလဲ လွှတ် ''
" သေချာလား ''
" တိတ်တိတ်နေ ''
နွဦေးကိုကိုမောင်
Continue Reading
You'll Also Like
81.1K 934 24
Y/N was at one point a huntsmen in the making but all this was wrongfully taken from him. To make matters worse no academy was willing to accept him...
343K 15.1K 37
"this can't be possible." which two souls that share a burning passion of hate for each other ... find out they were fated together. --- SOULMATE AU...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
53.7K 2.8K 16
Manik the undercover Mafia,who is ruthless,heartless,cold but he loves his wife more than his life but one day everything changed.He kicked her out w...