(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 4(A)
အပိုင်း (၁၀)
ရွာစုရပ်ဆွေးနွေးပွဲကြီးမှ ဆရာလေးထီရန်ကို ဖာပန်းဒေါင်းရွာက ရွာသူရွာသား သူကြီးတို့က တရားဝင်ကြိုဆိုပြီး ဆုတောင်းပွဲ၌ စားသောက်ပြီး မူး၍ ပြန်လာရာ ဆရာလေးထီရန် အိပ်ပျော်နေလေသည်။
ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်၏ ဘေးမှာ ထိုင်နေပြီး ဆရာလေးထီရန်၏ ရင်ဘတ်က နှလုံးအစားထိုး လှဲလှယ်ထားသည့် ခွဲစိတ်ထားသော အမာရွတ်ကို တွေ့ပြီးသွားလေသည်။
ဆရာလေးထီရန်လည်း မူး၍ အိပ်ပျော်နေရာမှ ခဏအကြာ နိုးလာလေသည်။ မီးခွက်ကလေးက အခန်းလေးမှောင်နေသည်ကို အလင်းရဖို့ ဆောင်ကျဥ်းပေးနေလေသည်။ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ နဘေးမှ
" အခု မမူးတော့ဘူးလား အမွှေးပွခွေးလေး ''
အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း လှဲနေရာမှ အိပ်ယာပေါ် ထိုင်နေလေသည်။ ပြီးနောက် ဆရာလေးထီရန်က သူ၏ အင်္ကျီက ဆုတောင်းပွဲက ရိုးရာဝတ်စုံမဟုတ်ဘဲ တခြားအင်္ကျီဖြစ်နေသည်ကို သတိထားအံ့မိကာ သူ၏ ရင်ဘတ်က အမာရွတ်ကို ခေါင်းဆောင်ဖူဖာ သိသွားသည်ကို သတိထားမိတော့သည်။
" ရှက်စရာ မလိုပါဘူး သစ်တောဝန်ထမ်းတွေက မင်းထက်တောင် အမာရွတ်တွေ များသေးတယ် ကြည့်မလား "
ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး သူ၏အင်္ကျီကို အပေါ်သို့ အနည်းငယ် လှန်လိုက်ရာ ဆရာလေးထီရန်က တားလိုက်လေသည်။
" ဟေး ဟေး မလိုဘူး ''
" နာနေလား ''
" မနာဘူး ဒီအမာရွတ် ဘယ်လိုရတာလဲဆိုပြီး မေးမလို့မဟုတ်ဘူးလား ''
" မဟုတ်ဘူး ငါက အဲ့ဒါထက် ပိုပြီး မေးချင်တာ ''
ခေါင်းဆောင်ဖူဖာက ပြောရင်းဖြင့် မျက်နှာထားက တင်းလာ၍ ဆရာလေးထီရန်လည်း စိုးထိန့်လာလေသည်။
" ဘာလဲ မင်းဆီမှာ ဘာလို့ ထော့ဖန်ရဲ့ ဒိုင်ယာရီစာအုပ် ရှိနေရတာလဲ ''
အဲသလို ခေါင်းဆောင်ဖူဖာက မေးလိုက်သမို့ ဆရာလေးထီရန် ဖြေစရာစကားမရှိအောင် ခဏတာငြိမ်သွားလေတော့သည်။ ထို့နောက်မှ
" ပညာရေးဖောင်ဒေးရှင်းက ကျွန်တော့်ကို ဆရာမထော့ဖန်သင်ခဲ့တာတွေကို ကိုးကားဖို့ ပေးလိုက်တာ ''
" လိမ်နေတာ မင်းက ထော့ဖန်နဲ့ ဘယ်လိုပတ်သက်နေတာလဲ ''
ဆရာလေးထီရန်လည်း ခဏတာငြိမ်သွားပြီး သူ၏ အမာရွတ်အကြောင်းကို ပြောပြလိုက်လေသည်။
" ကျွန်တော် နှလုံးအစားထိုး ကုသမှု ခံယူခဲ့တယ် ပြီးတော့ အဲ့နှလုံးက ထော့ဖန်ဆီကပဲ အဲ့ဒါကြောင့်
ကျွန်တော့်ကို ဘဝသစ်တစ်ခုပေးခဲ့တဲ့ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ ဒီကိုရောက်လာခဲ့တာ ''
ဆရာလေးထီရန်က အမှန်အတိုင်းပြောလိုက်လေသည်။ ခေါင်းဆောင်ဖူဖာက မျက်နှာထားတင်းတင်းဖြင့်
" အဲ့ဒါဆို မင်းက ဘာလို့ ငါတို့တွေကို ဖုံးကွယ်ထားတာလဲ ''
" ကျွန်တော် သူတို့ကို ဘယ်လိုပြောပြရမှာလဲ လူတိုင်းကို ခင်ဗျားတို့ ချစ်တဲ့ ထော့ဖန်က သေသွားပါပြီလို့
ပြီးတော့ ကျွန်တော်က သူ့နှလုံးကို သုံးနေတာပါလို့ သူတို့တွေ ဘယ်လိုခံစားကြရမလဲ ကျွန်တော့်လို ချို့
ယွင်းချက် ရှိတဲ့ လူတစ်ယောက်က ထော့ဖန်လို လူကောင်းတစ်ယောက်ရဲ့ နှလုံးနဲ့ အသက်ရှင်နေတာ
သူတို့ သိသွားရင် သူတို့ ဘယ်လောက်တောင် အံအားသင့်သွားမလဲ ''
" ရွာသားတွေက မင်းကို စိတ်ဆိုးမှာ မဟုတ်ဘူး မင်း အမှန်အတိုင်း ပြောသရွေ့ ''
မှန်၏။ ဆရာလေးထီရန်ကလည်း ဘယ်လိုနည်းဖြင့် အမှန်အတိုင်းဖွင့်ပြောဖို့ ခွန်အားတွေ ရှိနိုင်မည်နည်း။ ခေါင်းဆောင်ဖူဖာလည်း အဲသလို လိမ်ထားသည့် ဆရာလေးထီရန်ကို ထိုသို့ပြောကာ ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် မျက်နှာချင်း အနီးသားဖြင့် ခေါင်းဆောင်ဖူဖာက ဒေါသစိတ်ကလေးပါသမို့ မျက်နှာထားတင်းတင်း ကြည့်နေကြလေသည်။
" ငါ မင်းကို နောက်ဆုံးအနေနဲ့ တစ်ခု မေးမယ် အမှန်အတိုင်းပြော ''
" ကျွန်တော် အကုန်ပြောပြပြီးသွားပြီ ''
" မဟုတ်ဘူး မင်း ငါတို့ကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ မင်းကိုယ်မင်း ပြန်မေးကြည့် အမှန်အတိုင်းပြော မင်း အမှန်အတိုင်းပြော ထီရန် ''
" ..... ''
" မင်းအမှန်အတိုင်းပြော ထီရန် ပြော ပြောလို့ ထီရန် အမှန်အတိုင်းပြော ထီရန် ''
" ...... ''
" ပြောလို့ ငါပြောနေတယ် ပြောလေကွာ အမှန်အတိုင်းပြော ထီရန် ''
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Unit - 4
အဲသလို ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ ပုခုံးနှစ်ဖက်ကို သူ၏လက်ဖြင့် တင်းတင်းကိုင်၍ အသံနေအသံထားကို ခပ်တင်းတင်းဖြင့် အော်နေသမို့ ဆရာလေးထီရန် အိပ်နေရာမှ လန့်နိုးလာလေသည်။
ထိုအချိန်က မနက်အချိန်ဖြစ်ပြီး မိုးစင်စင်လင်းနေလေသည်။ ခြင်ထောင်ထဲတွင် ဟောဟဲလှိုက်ကာ အတွေးတွေ ပင်လယ်လို ကျယ်ပြန့်နေသည့် ဆရာလေးထီရန် တစ်ခုခုကို သတိရသွားသလို ဖြစ်ပြီး သူ၏ အိပ်ယာခင်းအောက်မှ ထော့ဖန်၏ ဒိုင်ယာရီစာအုပ်ကို ကောက်ယူလိုက်လေသည်။
စာအုပ်ကလေးကို ကိုင်၍ ကြည့်ကာ ဟောဟဲလှိုက်နေသည့် ဆရာလေးထီရန် ထိုစာအုပ်ကို ခေါင်းဆောင်ဖူဖာ တွေ့သွားသည်ထင်မိကာ စိတ်ပူနေလေသည်။ ဒါဆို ခဏက ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ပြောဆိုနေကြသည်မှာ အိမ်မက်များ ဖြစ်နေမည်လား စိတ်ဝင်စားဖို့ ကောင်းပေသည်။
ထို့နောက် ဆရာလေးထီရန်က သူ၏ အင်္ကျီကိုကြည့်ကာ သူ၏ရင်ဘတ်မှ အမာရွတ်ကိုလည်း ငုံ့ကြည့်၍ အံ့အားသင့်သွားလေသည်။ ဆရာလေးထီရန်လည်း သူ့ကိုယ်သူ ခဏကအဖြစ်အပစ်ကို တကယ်ဖြစ်ခဲ့လား မဖြစ်ခဲ့ဘူးလားဆိုတာ တွေးပူနေလေသည်။
သို့ပေမယ့် ဆရာလေးထီရန် သိသိသာသာ သိရှိလိုက်ရသည်မှာ သူ၏အမာရွတ်ကို ခေါင်းဆောင်ဖူဖာ တွေ့သွားသည်ဆိုသည်ပဲ ဖြစ်ပေသည်။ ဒါဆို ခဏက အဖြစ်အပစ်က အိပ်မက်များ ဖြစ်နေမည်လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး အိပ်မက် ဖြစ်နိုင်ဖို့ ပိုများပေသည်။
အိပ်မက်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဆရာလေးထီရန်က အကုန်အမှန်အတိုင်း ပြောပြတာတောင် ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို လိမ်ထားတာတစ်ခုရှိသေးသည် မင်းကိုယ်မင်း ပြန်မေးကြည့်ပါ ဟူ၍ ပြောလေသည်။
ဒါဆို ကျွန်တော်တို့ မသိသေးသည့် နောက်ထပ် အကြောင်းတစ်ခုက မည်သို့သော အကြောင်းအရာမျိုး ဖြစ်မလဲ ဆရာလေးထီရန်က အဘယ်ကြောင့် ဖုန်းကွယ်ထားသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေလေသည်။
" ဆရာလေးထီရန် နိုးနေပြီလား ''
" အော် လောင်ထယ် ''
" စားကြစို့ ''
အဲသလို လောင်ထယ်က အပြင်မှ အော်ခေါ်ပြီး ဆရာလေးထီရန်က ပြတင်းပေါက်မှ ထွက်ကြည့်ကာ လောင်ထယ်က လက်ထဲမှ ထမင်းချိုင့်ကို ကိုင်မြှောက်ပြပြီး စားကြစို့ဟူ၍ ပြုံးကာ ပြောလိုက်သမို့ ဆရာလေးထီရန်လည်း ပြန်ပြီး အပြုံးဖြင့် ဖြစ်နေလေသည်။
ထို့နောက် မီးဖိုခန်းမှ ထမင်းစားစားပွဲအပုလေးတွင် ချိုင့်ကို တင်ကာ ဆရာလေးထီရန်နှင့် လောင်ထယ် စကားစမြည်ပြော၍ အစားအသောက်တွေ စားနေကြလေသည်။
" ကြည့်ပါဦး အစ်ကို မနေ့ညတုန်းက စားစရာတွေ အများကြီး ကျန်တာ အဖေက ပို့ခိုင်းလိုက်တာ
အစ်ကို ''
" ကျေးဇူးပါ လောင်ထယ် ''
" အဖေက ပြောတော့ အစ်ကိုက အင်ဂျင်နီယာကျောင်းတက်ခဲ့တာဆို အရမ်းတော်မှာပဲနော် ''
" မတော်ပါဘူးကွာ တကယ်တော့ အစ်ကိုက ဆိုးတဲ့ကျောင်းသားကွ ကျောင်းထုတ်မခံရတာ ကံကောင်းတယ် မင်းကရော ချင်းမိုင်မှာ
ကျောင်းတက်တာမို့လား ''
" ဟုတ်တယ် အစ်ကို ''
" မင်းက ဘာတက်တာလဲ ''
" ကျွန်တော်က နိုင်ငံရေးသိပ္ပံတက်တာ အစ်ကို ပြီးတော့ ဒီဟာ ယုံဖို့ ခက်ချင်ခက်နိုင်ပေမယ့် ကျွန်တော်က ဖာပန်းဒေါင်းရွာရဲ့ ဓါတ်ပုံဆရာလေ ''
လောင်ထယ်က အဲသလို ပြောကာ သူ၏ ကင်မရာလေးကို ကောက်ကိုင်လိုက်လေသည်။
" ရွာမှာ အရေးကြီးပွဲတွေ ရှိတဲ့အခါဆိုရင် အဖေက အဲ့ဒီတာဝန်ယူဖို့ ကျွန်တော့်ကို လှမ်းခေါ်တာ ''
" မနေ့က ငါ့အတွက် လုပ်ပေးတဲ့ ပွဲမျိုးလား ''
" ဟုတ်တယ် အစ်ကို နောက်ပြီး ကျွန်တော့်အထင် နောက်ထပ်ပွဲကြီးတစ်ခု ရှိလိမ့်မယ် မင်္ဂလာဆောင် ခေါင်နွန်းရဲ့ အစ်ကိုကြီး မင်္ဂလာဆောင်ရှိလို့ အစ်ကို ''
" သတို့သမီးက ဘယ်သူလဲ ''
" ဒီကပဲ အစ်ကို သူတို့တွေ ကြိုက်နေတာ အတော်ကြာပြီ ဒါပေမယ့် အလုပ်ကိစ္စကြောင့် သူတို့တွေ
အချိန်တစ်ခုလောက် ခွဲနေခဲ့ကြရတာ ခွဲနေရတာ နှစ်တွေ အများကြီး ကြာပြီ ဒီချိန်ထိ
အတူရှိပြီး လက်ထပ်နိုင်တာ မယုံနိုင်စရာပဲ ''
" ဘာလို့လဲ တခြားအတွဲတွေက ဒီကို လက်ထပ်ဖို့ ပြန်မလာကြဘူးလား ''
" တစ်ချို့တွေလေ အစ်ကို မြို့ပေါ်မှာ အလုပ်လုပ်ဖို့အတွက် တက်သွားပြီး ပိုကောင်းတဲ့ဘဝ ရသွားကြတာ
လေ အစ်ကိုဆိုရင်ရော ဒီကို ပြန်လာချင်ပါ့မလား အဲ့ဒီမှာ နေရတာ ပိုအဆင်ပြေတယ်လေ ''
" အေး ဟုတ်တယ် ''
" ရွာကလူတွေက ပြောကြတယ် အခုစုံတွဲ လက်ထပ်ဖြစ်တာက ဖာပန်းဒေါင်းချောက်ကမ်းပါးမှာ ဆုတောင်းခဲ့ကြလို့တဲ့ ''
အဲသလို လောင်ထယ်က ပြောသမို့ ဖာပန်းဒေါင်းချောက်ကမ်းပါးအကြောင်းကို အရမ်းသိချင်ပြီး စိတ်ထဲစွဲနေသည့် ဆရာလေးထီရန် ထူးထူးခြားခြားဖြင့် လောင်ထယ်ကို စူးစိုက်ကာ ကြည့်နေလေသည်။
" ဒါဆို ချောက်ကမ်းပါးမှာ ဘယ်လို
ဆုတောင်းရတာလဲ ''
" အွင်း ပြောကြတာတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မှာ ချောက်ကမ်းပါးစွန်းကို သွားပြီး အချစ်ရေး
အတွက် ဆုတောင်းပြီး ကြယ်တစ်ထောင်ပြည့်အောင် ရေတွက်ရတယ်တဲ့ အဲ့ဒါဆိုရင် ဆုတောင်း
က တကယ်ဖြစ်လာတယ်တဲ့ အဲဒီပုံပြင်ကို ကျွန်တော် ငယ်ငယ်လေးကတည်းက ကြားဖူးတာ အစ်ကို
တကယ်ဟုတ်လား မဟုတ်လားတော့ ကျွန်တော်လည်း မသိဘူး ဒီကလူကြီးတွေ ထပ်မေးကြည့်ပေါ့ ''
လောင်ထယ်က အဲသလို ဖာပန်းဒေါင်းဒဏ္ဍာရီကို ပြောပြ၍ ဆရာလေးထီရန် ထိုဒဏ္ဍာရီကို သိရှိသွားပြီမို့ အချိန်တစ်ခုအကြာ စဥ်းစားနေလိုက်လေသည်။
ထိုဒဏ္ဍာရီအကြောင်း သိချင်နေတာ ထော့ဖန်ဆုံးသွားတော့ ထော့ဖန်က ထိုဒဏ္ဍာရီ ချောက်ကမ်းပါးကို စိတ်စွဲ၍ သူမ၏ နှလုံးက ဆရာလေးထီရန်၏ ခန္ဓာကိုယ်ထဲ ရောက်နေ၍ အဲ့သလို ခံစားနေရသည်လား တကယ်ပဲ ဆရာလေးထီရန်က သိချင်လို့လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပေလေသည်။
ဖာပန်းဒေါင်းရွာ ဆေးခန်းလေး၌ ဒေါက်တာနမ်တစ်ယောက် ဆေးရွက်စာတမ်းတွေကို ယူကာ ကြည့်နေလေသည်။ ထိုအချိန် ခေါင်းဆောင်ဖူဖာက ထိုအခန်းထဲကို ဝင်လာလေသည်။
" မင်းက ဘာလို့ ဒီကို လာတာလဲ ဘာဖြစ်လို့လဲ ''
" ခေါင်းနည်းနည်းကိုက်နေလို့ ''
" ဒီလို သန်မာတဲ့လူကြီးက ခေါင်းကိုက်တယ်ပေါ့ ဘာကိစ္စရှိလို့လဲ ပြောလို့ရတယ် ''
အဲ့နောက် ခေါင်းဆောင်ဖူဖာက တစ်ခုခုကို စိုးရိမ်၍ သက်ပြင်းတစ်ချက်ချကာ
" ဒေါက်တာ ဘယ်လိုအကြောင်းကြောင့် ရင်ဘတ်မှာ အမာရွတ် ရှိနိုင်လဲ ''
" ရင်ဘတ်မှာ အမာရွတ်ရှိတာလား အများကြီး ဖြစ်နိုင်တယ် ခွဲစိတ်တာတို့ ဒါမှမဟုတ် မတော်တဆတို့ပေါ့ ဘာဖြစ်လို့လဲ ထီရန်မှာ ရှိနေတာလား ''
ဒေါက်တာနမ်က အဲသလို ပြောလိုက်သည်မို့ ခေါင်းဆောင်ဖူဖာက သက်ပြင်းချ၍ စိတ်မကြည်သလိုလို ဖြစ်နေလေသည်။ အဲ့လိုပုံကို ဒေါက်တာနမ် မြင်သွားလေသည်။
" အိုး မင်းနဲ့ သူက ဘယ်လို ပတ်သက်နေတာလဲ ငါ့အမြင်မှာ ငါ့သူငယ်ချင်းက သူ့ကို အရမ်းဂရုစိုက်ပေးနေသလိုပဲ ဘာကိစ္စများရှိလို့လဲ ''
" ဒေါက်တာ အလုပ်မများနေဘူးလား တခြားလူအကြောင်း စပ်စုဖို့ ဘာလို့ အချိန်ရှိနေတာလဲ ''
" တကယ်လို့ မင်း သူ့အမာရွတ်အကြောင်းကို တကယ်သိချင်တယ်ဆိုရင် ဘာလို့ သူ့ကို
တိုက်ရိုက်မမေးတာလဲ ''
" သိတယ် ဒါပေမယ့် ဘယ်ကစမေးရမလဲ မသိလို့ ''
" အော့် ဘာဖြစ်လို့လဲ သူ့ရင်ဘတ်က အမာရွတ်တွေကို သူ ကိုယ်တုံးလုံး ချွတ်နေတုန်း မင်းမြင်ခဲ့တာတော့ မဟုတ်ပါဘူးနော် ''
ဒေါက်တာနမ်က အဲ့သလို စနောက်နေသမို့ ခေါင်းဆောင်ဖူဖာလည်း စိတ်မရှည်ကာ ကြက်ခြေနီပုံးလေးထဲမှ ခေါင်းကိုက်ပျောက်ဆေးကို သွားယူလေတော့သည်။
" ဆေးတွေကို ဒီမှာ ထားတာမို့လား ''
" မင်းသိတာပဲ မင်း ယူတဲ့ ဆေးမှန်ရဲ့လား အဲ့ဒါဓမ္မာလာရင် သောက်ရတဲ့ဆေးနော် ''
ခေါင်းဆောင်ဖူဖာက ဆေးယူ၍ ဒေါက်တာနမ်က ဆေးမှန်ရဲ့လားမေးသမို့ ဆေးကဒ်ကို ထောင်ပြကာ ထွက်သွားပြီး ဒေါက်တာနမ်က အဲသလို ပြောဆိုစနောက်၍တစ်ချက်ပြုံးမိနေလေသည်။
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ အမာရွတ်အကြောင်းကို ဘယ်ကစမေးရမလဲ မသိလို မမေးတာဟူ၍ ပြောပုံအရဆိုလျှင် အရင်က ထိုအမာရွတ်နဲ့ ပတ်သက်ပြီး ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် ပြောဆိုခဲ့သည်တွေက တကယ်တော့ အိပ်မက် တစ်ခုသာ ဖြစ်ပေသည်။
သို့ပေမယ့် ထိုအမာရွတ်ကိုတော့ ခေါင်းဆောင်ဖူဖာ သိမြင်သွားသည်မှာ အသေအချာ ဖြစ်ပေလေသည်။ တစ်ချိန်ချိန်တော့ အမှန်အတိုင်း လက်ခံယုံကြည်ကြရမည် ဖြစ်၏။ အမှန်တရားကို ဘယ်လို အကြောင်းမျိုးကြောင်းနဲ့မှ ဖုန်းကွယ်ထားလို့မရသည်မှာ အသေအချာပင် ဖြစ်ပေလေသည်။
ဖာပန်းဒေါင်းကျောင်းတွင် ဆရာလေးထီရန် ကလေးတွေကို အားသွန်ခွန်စိုက် ကြိုးကြိုးစားစား သင်ကြားပြသပေးနေသည်သာမက ပိုပြီးတော့လည်း ပျော်ရွှင်နေသေးသည်။
" ဒီနေ့အတန်းမစခင် ဆရာ့ကို အစ်ကိုကြီးလို့ ခေါ်ပေးဖို့ တောင်းဆိုလို့ရမလား ''
" ဘာလို့ ဆရာက သမီးတို့ ဆရာ မဖြစ်ချင်တာလဲ ''
အရမ်းစပ်စုသည့် မိကျူးက အဲသလို အမေးပြုလိုက်လျှင် ဆရာလေးထီရန်က တစ်ချက်ပြုံး၍
" သမီးမှာ ဆရာတွေ အများကြီး ရှိပြီသားလေ အစ်ကိုက အစ်ကိုကြီး ဖြစ်ပေးမယ်လေ ရမလား အစ်ကိုက မင်းတို့ မိသားစုဝင် ဖြစ်ချင်လို့ ''
" ဒီနေ့ ဘာသင်ရမှာလဲ အစ်ကိုကြီး ထီရန် ''
" ဒီနေ့တော့ အစ်ကိုကစိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခု ငှားလာတယ် အဲဒီ ပစ္စည်းကို အလေးချိန်တိုင်းတဲ့ ကတ္တားလို့ခေါ်တယ် ''
ဆရာလေးထီရန်က ခုံပေါ်တင်ထားသည့် ကတ္တားကို ပြကာ အဲ့သလို ပြောလေသည်။
" ပစ္စည်း တစ်ခုခု ရောင်းတဲ့အခါ ထပ်ပြီး အလိမ်မခံရတော့ဘူး အစ်ကိုက ဒါနဲ့ ဘယ်လိုချိန်တွယ်ရမလဲဆိုတာ
သင်ပေးမယ် ဟုတ်ပြီလား လိုင်းသေးသေးလေးတစ်ခုစီက ၁၀၀ ဂရမ်ကို ကိုယ်စားပြုတယ် ၁၀ခုဆိုရင်
၁ ကီလိုဂရမ် လက်တံလေးက ဒီနားက နံပါတ်တွေ ကို ထိုးပြရင် သဘောက တင်ထားတဲ့ ပစ္စည်း ရဲ့အလေးချိန်ကို ပြပေးတာ
အခု ပိုပြီး ရှင်းလင်းသွားအောင် အားလုံးရဲ့ စာအုပ်တွေ လာတင်လိုက် ''
အဲ့သလိုနဲ့ ကလေးတွေက စာအုပ်တွေ ကတ္တားပေါ် သွားတင်ကြလေသည်။
" ဘယ်လောက်လေးလဲဆိုတာ ချိန်ကြည့်ရအောင် လက်တံလေးက နံပါတ် ၂ မှာနော် မြင်လား မြင်လား
အဲ့ဒီတော့ သူရဲ့အလေးချိန်က ဘယ်လောက်လဲ ''
" ၂ ကီလို ''
" တော်တယ် ကာလယ်ရဲ့ အလေးချိန်က ''
" ၆၀ ကီလိုဂရမ် ''
မှန်၏။ ကာလယ်ကို ထိုကတ္တားကြီးပေါ် တင်ကာ ချိန်ကြည့်လေသည်။ ထို့နောက် ဆရာလေးထီရန်က မြေဖြူလေးကိုင်ကာ ကျောက်သင်ပုန်းတွင် ချရေးလိုက်လေသည်။
" တော်တယ် ၆၀ ကီလိုဂရမ် ''
" ကာလယ် ၆၀ ကီလိုဂရမ် ''
ထို့နောက် အာရီကို ထိုကတ္တားကြီးပေါ် တင်၍ ကာလယ်
၏ အလေးချိန်နှင့် ကိုက်ညီသွားအောင် ဆရာလေးထီရန်က ချိန်ကိုက်ပြလေသည်။
" အခု အစ်ကိုက အားလုံးကို တစ်ခုခုယူလာပြီးတော့ အာရီရဲ့အလေးချိန်က ကာလယ်နဲ့ညီသွားတဲ့အထိ ပစ္စည်းလေးတွေ ထည့်စေချင်တယ် ''
မှန်၏။ ကာလယ်က ဝတုတ်တုတ်ကလေးဖြစ်ရာ ၆၀ ကီလိုဂရမ် ရှိသမို့ အာရီကို ချိန်ကြည့်ရာ ၆၀ ကီလိုဂရမ်မရှိသောကြောင့် ကာလယ်၏ အလေးချိန်နှင့် ညီဖို့ အဲသလို ဆရာလေးထီရန်က သင်ကြားပြသပေးလေသည်။ အဓိကရည်ရွယ်ချက်က နည်းနေသည့်အလေးချိန်အတွက် များသည့်အလေးချိန်ကို တူညီဖို့ နည်းသည့်အလေးချိန်ဘက် ပိုလေးအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။
" လုပ်ကြတော့ မြန်မြန် မြန်မြန် လာ လာ တင်လာကြ မြန်မြန် ''
အဲသလိုဖြင့် ဆရာလေးထီရန်က မြန်မြန်လာတင်ကြဟူ၍ပြောကာ တပ်သားလန် ရော့ချန်း ခေါင်နွန်း ကာလယ် အင်တာ မိကျူး တို့က လွယ်အိတ်တွေ စာအုပ်တွေ တခြားသော ပစ္စည်းတွေ အာရီအပေါ်မှာ လာ၍ တင်ကြလေတော့သည်။
" အခု အလေးချိန် စုစုပေါင်းက ၆၀ ကီလိုဂရမ် အားလုံးတော်တယ် ရေး ရေး ''
ဆရာလေးထီရန်က အာရီကို ထိုကတ္တားပေါ်တင်ကာ ကာလယ်၏အလေးချိန် ၆၀ ကီလို ဖြင့် ချိန်ကိုက်သွားဖို့ ပစ္စည်းတွေတင်ပြီး အာရီနှင့် ပစ္စည်းတွေ စုစုပေါင်း ၆၀ ကီလို ဖြစ်သမို့ ချီးကျူးလိုက်လေသည်။ ကလေးတွေက ပျော်ကာ လက်ခုပ်အော်ဘာတွေ ပေးလိုက်ကြပြီး အာရီက ပစ္စည်းတွေ မထားရသမို့ လေး၍ အဲသလို ပြောလာပေတော့သည်။
" ကူညီပါဦး သား မနိုင်တော့ဘူး ''
ဒီလိုဖြင့် ပစ္စည်းတွေကို အာရီအပေါ်မှ ဖယ်ပေးလိုက်ပြီး အားလုံးလည်း ပျော်ရွှင်ပြုံးရည်နေကြကာ ခေါင်နွန်းက ဆရာလေးထီရန်ကို ဆုအကြောင်းမေးတော့သည်။
" ဆရာလေး ''
" အင်း ''
" သားတို့ လုပ်ပြီးသွားပြီ ဆုကရော ''
" မစဥ်းစားရသေးဘူး ''
ဆရာလေးထီရန်က တစ်ချက်ဟားတိုက်ကာ အဲသလို မစဥ်းစားရသေးဘူး ပြောသမို့ ကလေးတွေ မျက်နှာမကောင်းကာ လူလိမ်ဟူ၍လည်း ဆရာလေးထီရန်ကို ပြောပြီးနောက် ကလေးတွေက အကြောင်းတစ်ခုခုကြောင့် ပျော်သွားပြန်ကြလေသည်။
" လူလိမ်ကြီး ''
" မဟုတ်ပါဘူး ''
" အိုး ဟေ့ကောင်တွေ ငှက်ကြီးလာနေပြီ သွားကြည့်ကြရအောင် ''
အဲသလို ကလေးတွေက ငှက်ကြီး တစ်နည်းအားဖြင့် တိုက်လေယာဥ်တွေ၏ တဝှီးဝှီး အသံကို ကြားကာ အာရီက ထိုသို့ပြောပြီး ကျောင်းအပြင်ကို ပြေးထွက်လာကြရာ ဆရာလေးထီရန် တပ်သားလန် ရော့ချန်းတို့လည်း အနောက်မှ ကျောင်းအပြင်ကို ထွက်လိုက်လာကြလေသည်။
" ကြည့်ကြည့် မြင်လား ဝိုး အကြီးကြီးပဲ ''
" အော် အဲဒါ စစ်တပ်က ဆီလေယာဥ်တွေလေ အတော်ကြာမှ တစ်ခါလာတတ်တာ ကလေးတွေကတော့ အရမ်းသဘောကျကြတယ် ''
တပ်သားလန်က အဲသလို ဆရာလေးထီရန်ကို ရှင်းပြပြီး ရော့ချန်းကလည်း ထောက်ခံကာ ထပ်ပြီး ကလေးတွေအကြောင်း ပြောပြပြန်လေသည်။
" ဟုတ်တယ် အထူးသဖြင့် အာရီပေါ့ သူကြီးလာရင် လေယာဥ်မှူးဖြစ်ချင်တာတဲ့ ''
" ဟုတ်တယ် ''
အဲသလို ရော့ချန်းက ရှင်းပြပြီးနောက် အာရီက အရှေ့မှ လက်နှစ်ဖက်ကို ဘေးဆန့်ကာ နောက်မှ ကာလယ် ခေါင်နွန်း အင်တာ မိကျူး တို့က တစ်ယောက်ပုခုံးပေါ် တစ်ယောက်လက်တင်၍ အတန်းရှည်ကြီးဖြင့် ထိုကျောင်းက အလံတိုင်ကို ပတ်ကာ ဆရာလေးထီရန် တပ်သားလန် နှင့် ရော့ချန်းတို့ကိုလည်း ပတ်ပြီးဆော့ကစားနေကြလေသည်။
" လာ အေး ရေး ''
" သတိထား ဖြည်းဖြည်း ''
" ဟားဟား ''
ကလေးတွေက ပြုံးရည်နေကြပြီး ဆရာလေးထီရန်လည်း ပြုံးပျော်နေကာ အကြံတစ်ခု၏ အဖြေကို ရရှိသွားလေတော့သည်။
" ဆုအနေနဲ့ ကျွန်တော် သူတို့ကို ဘာပေးချင်လဲဆိုတာ ကျွန်တော် သိသွားပြီ ''
ဒီလိုနဲ့ ဖာပန်းဒေါင်းကျောင်း ဝါးခင်းဝါးကာ သက်ကယ်မိုးကျောင်းလေး ကျောက်သင်ပုန်းရှေ့မှာ ဆရာလေးထီရန်က စာရွက်တွေသုံးပြီး လေယာဥ်ခေါက်နည်း သင်ပေးလေသည်။ ထိုအခါ ခေါင်းဆောင်ဖူဖာလည်း ကျောင်းခန်းထဲ ဝင်လာပြီး ဆရာလေးထီရန် သင်ကြားနေသည်ကို ပြုံး၍ ကြည့်နေလေသည်။
" ကောင်းပြီ ဒီနေ့ အစ်ကိုက လေယာဥ်ခေါက်နည်း သင်ပေးမယ် ဘယ်သူခေါက်ချင်လဲ ''
" သားခေါက်မယ် သမီးရော ''
" အား ကောင်းပြီ အားလုံးပဲ စာရွက် တစ်ရွက်စီ ယူထားမယ် ဒီအပိုင်းက စမယ် မြင်ရလား အားလုံး
တစ်ဝက်ခေါက်လိုက်မယ် ဟား တစ်ဝက်ခေါက်မယ်နော် တစ်ဝက် ခေါက်ထားတဲ့အစွန်းနှစ်ဖက်ကို သေချာ
လေးဖိမယ်နော် ကြည့်ရအောင် ပြီးပြီးလား ''
" ဟုတ်ကဲ့ ''
" အင်း တော်တယ် ''
ထို့နောက် ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာကို ကြည့်ကာ ပြုံးနေပြီး အားလုံးလည်း လေယာဥ်ခေါက်၍ လေယာဥ်ကလေး ရသွားလေသည်။
" ပြီးရင် ပြနော် ပြနော် ပြပါဦး ''
ခေါင်နွန်းက အင်တာကို ထိုလေယာဥ်လေးဖြင့် ငှက်ကြီးဟု စနောက်သမို့ ဆရာလေးထီရန်က လှမ်းပြောလိုက်လေသည်။
" ငှက်ကြီး ငှက်ကြီး ''
" ခေါင်နွန်း ဘာလုပ်တာလဲ ဒီငှက်ကြီးက သဘောကောင်းတဲ့ငှက်ကြီး ဘာလို့လဲဆိုတော့ ဒီငှက်ကြီးက ရွာကို ကာကွယ်ပေးတာ
ကာကွယ်ပေးတာ ''
ဆရာလေးထီရန်က ရွာကိုကာကွယ်ပေးတာ ဘယ်သူဆိုတာ ဘာပြောရမည်မှန်းမသိ၍ အဲသလို စကားထစ်နေကာ ခေါင်းဆောင်ဖူဖာကို မြင်ပြီး ခေါင်းဆောင်ဖူဖာကို ဘီလူးစိမ်းကြီး ဟူ၍ ပြောလိုက်လေသည်။
" ဘီလူးစိမ်းကြီး ရန်ကနေ ကာကွယ်ပေးတာ ''
ဆရာလေးထီရန်က အဲသလို လက်ထဲက စာရွက်လေယာဥ်လေးဖြင့် ချိန်ပြီး ခေါင်းဆောင်ဖူဖာကို ဘီလူးစိမ်းကြီး ဆိုသည့် စကားပြောလိုက်၍ ခေါင်းဆောင်ဖူဖာက ဆရာမထော့ဖန်ပြောသည့် ဘီလူးစိမ်းကြီးကို သတိရသွားလေတော့သည်။ တကယ်ပဲ ဆရာလေးထီရန်က တစ်ခါခါ ဆရာမထော့ဖန်ပြောသလို ဆရာမထော့ဖန်ပြုလုပ်သလို ပြုလုပ်တတ်လေသည်။ ထို့ကြောင့် ခေါင်းဆောင်ဖူဖာက ဆရာမထော့ဖန် ကလေးတွေကို စာသင်ပြီး ဘီလူးစိမ်းကြီး အကြောင်းကို သတိရသွားလေသည်။
" ဘီလူးစိမ်းကြီး ဘီလူးစိမ်းကြီး ဘီလူးစိမ်းကြီး ''
" အိုး ဒီနေ့ ဘီလူးစိမ်းကြီးအရုပ်ကို
မယူလာလိုက်ရဘူး ''
ဆရာမထော့ဖန်က အဲသလိုကလေးတွေ တောင်းဆိုတာ ပါမလာသမို့ စိတ်ပျက်သွားပြီး ခေါင်းဆောင်ဖူဖာကို မြင်ကာ ဘီလူးစိမ်းကြီး လုပ်ခိုင်းလေတော့သည်။
" ခေါင်းဆောင် လာပါဦး ဒီကို လာပါဦး အားလုံးပဲ ဘီလူးစိမ်းကြီးကို ကြိုဆိုလိုက်ကြပါဦး ''
" ရေး ချပ်ချပ် ''
" ဒီကိုလာ ''
ခေါင်းဆောင်ဖူဖာလည်း ဆရာမထော့ဖန်အနားသွားပြီး ကျောက်သင်ပုန်းအရှေ့မှာ ဆရာမထော့ဖန်နှင့် ခေါင်းဆောင်ဖူဖာ ကလေးတွေကို ပုံပြော သရုပ်ဆောင်ပြလေသည်။
" တစ်ချိန်တုန်းက ဘီလူးစိမ်းကြီးတစ်ကောင် ရှိတယ် သူကအမြဲစိတ်ရှုပ်နေတတ်ပြီး ရန်မူတတ်တယ် ''
ဆရာမထော့ဖန်က အဲသလိုပြောကာ ခေါင်းဆောင်ဖူဖာက ခါးအနည်းငယ်ကိုင်း၍ လက်သီးဆုပ် မျက်နှာကို ဘီလူးလိုလုပ်ကာ ရန်မူစိတ်ရှုပ်သည့်ပုံ လုပ်ပြလေသည်။
" သူက သစ်တောတွေကို ဖျက်ဆီးရတာ ကြိုက်တာ ''
ဆရာမထော့ဖန်က အဲသလို ပြောလိုက်ပေမယ့် ခေါင်းဆောင်ဖူဖာက မလုပ်တတ်၍ မျက်စပြုပြရာ ဆရာမထော့ဖန်လည်း လုပ်ရမယ်ဆိုပြီး မျက်စပြန်ပြုပြ၍ ခေါင်းဆောင်ဖူဖာလည်း သစ်တောဖျက်ဆီးသည့်ပုံ ကလေးတွေကို လုပ်ပြလိုက်လေသည်။
" ဒါပေမယ့် တစ်ခါတစ်လေကျတော့ သူက အရမ်းကြင်နာတတ်တယ်လေ ပြုံးပြုံးလေးနဲ့ ခင်ဖို့ကောင်းတယ် ''
ဒီလိုနဲ့ ခေါင်းဆောင်က လက်နှစ်ဖက်ကိုထောင် လက်ချောင်းလေးနှစ်ဖက် ထောင်ကာ ပြုံးပြနေလေသည်။
" ဒါပေမယ့် အမြဲတမ်းလိုလို မျက်နှာထားဆိုးပြီး ဒေါသထွက်နေတာ ''
" ထော့ဖန် ''
ဆရာမထော့ဖန်က အဲသလို အမျိုးမျိုးလုပ်ခိုင်းသမို့ ခေါင်းဆောင်ဖူဖာလည်း ထော့ဖန်ဟု ခေါ်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရည်မော၍ ထော့ဖန်က ကျေးဇူးပဲ ဟူ၍ ပြောလိုက်လေသည်။
" ကျေးဇူးပဲ ''
ဒီလိုနဲ့ အဲ့လိုအတွေးလွန်နေတဲ့ ခေါင်းဆောင်ဖူဖာကို ကလေးတွေက ခေါ်နေပေမယ့် ခေါင်းဆောင်ဖူဖာ ခေါ်မကြားပဲ ဆရာလေးထီရန်ကိုသာ ငေး၍ ကြည့်နေလေသည်။ နောက်မှ သတိထားမိလေသည်။
" ခေါင်းဆောင် ခေါင်းဆောင် ''
" ဒီမှာ ဘီလူးစိမ်းကြီး မင်းက ဒီကို ဘယ်လိုတောင် လာရဲရတာလဲ အားလုံးပဲ ကိုယ့်ရဲ့ ငှက်ကြီးတွေကို အသင့်ပြင်ထားကြ ''
ဆရာလေးထီရန်က အဲသလို ပြောပြီး ကလေးတွေကလည်း ခေါင်းဆောင်ဖူဖာ ဘီလူးစိမ်းကြီးကိုလက်ထဲက ငှက်ကြီး စာရွက်လေယာဥ်လေးဖြင့် ပစ်ပေါက်နေလေသည်။
" အားလုံးပဲ ဘီလူးစိမ်းကြီးကို တိုက်ခိုက်ကြ မြန်မြန် ''
" အား အား အာ ''
အဲသလို ပစ်ပေါက်သမို့ ခေါင်းဆောင်ဖူဖာက ငုံ့ထိုင်နေရပြီး လည်ပင်းကုတ်တည့်တည့် ထိုစာရွက်လေယာဥ် ငှက်ကြီးက မှန်မိလေသမို့ ခေါင်းဆောင်ဖူဖာ နာသွားလေတော့သည်။
" ခေါင်းဆောင် ကျွန်တော် မဟုတ်ဘူး ''
" ဒါဆို ဘယ်သူလဲ ''
ကလေးတွေက သူတို့လုပ်တာမဟုတ်ဘူး ပြောပြီး ခေါင်းဆောင်ဖူဖာက ကလေးတွေကို ဘယ်သူလဲ လို့ မေးတော့ ကလေးတွေက ဆရာလေးထီရန်ကို လက်ညိုးထိုးပြလေသည်။ ဆရာလေးထီရန်လည်း ရှက်ကိုးရှက်ကားဖြင့် ကလေးတွေရဲ့ ထိုးနေတဲ့လက်ညိုးကို သွားပြီး ပုတ်ချလေသည်။
ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို စူးစူးစိုက်စိုက်ကြည့်ကာ ဆရာလေးထီရန်က ရှက်ကိုးကိုးဖြင့် ကလေးတွေကို နာရီကြည့်ပြီး ကျောင်းဆင်းပေးလိုက်လေသည်။ ခေါင်းဆောင်ဖူဖာလည်း တပ်သားလန်နှင့် ရော့ချန်းကို ကလေးတွေလိုက်ပို့ဖို့ ပြောလိုက်လေသည်။
" ကလေးတို့ ဒီနေ့ အတန်းပြီးပြီနော် ကလေးတို့ အိမ်ပြန်လို့ရပြီ မြန်မြန် အိတ်တွေသိမ်းတော့ ''
" ရေးဟေး ''
" ရော့ နဲ့ လန် ကလေးတွေကို အိမ်လိုက်ပို့လိုက်ဦး ''
" ဟုတ်ကဲ့ ''
" ကလေးတို့ အိမ်ပြန်ကြမယ် လာ သွားကြမယ် ထမင်းသွားစာရအောင် သွားကြမယ် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာနဲ့ ဆရာလေးထီရန် နှစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ ဆရာလေးထီရန်က အိမ်ပြန်မည်လုပ်တော့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်၏ လက်ကို လှမ်းဆွဲကာ တားလိုက်လေသည်။
" နေဦး ''
" အဆင်ပြေရဲ့လား ''
" မင်းရော ငါ့ကို ပြောစရာတစ်ခုခုရှိလား ''
အဲသလို ခေါင်းဆောင်ဖူဖာ၏ မျက်နှာထားက တစ်ခုခုကို သိနေသည့် ပုံစံမျိုးဖြင့် ဆရာလေးထီရန်ကို အသေအချာစူးစိုက်၍ မေးလိုက်လေသည်။ ဆရာလေးထီရန်လည်း ခဏအကြာ ငြိမ်သွားပြီး ခေါင်းဆောင်ဖူဖာ မေးသည်ကို မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည်။
" ကျွန်တော့်ကို ဘာပြောစေချင်တာလဲ ''
" မနေ့ညတုန်းက မင်းကို အိမ်လိုက်ပို့ရင်း ''
ခေါင်းဆောင်ဖူဖာက အဲသလို စကားကို ရင်တထိတ်ထိတ်ဖြစ်အောင် ပြော၍ ဆရာလေးထီရန်က တကယ်ပဲ အိပ်မက်ထဲကလို ခေါင်းဆောင်ဖူဖာ တွေ့သွားပြီလားဟူ၍ စိတ်ပူနေလေသည်။
" ပစ္စည်းတွေ ကုန်နေတာ တွေ့တယ် ''
အဲသလို ခေါင်းဆောင်ဖူဖာက ပြောလိုက်ရာမှ ဆရာလေးထီရန် စိတ်အေးသွားလေတော့သည်။
" ငါ စျေးကို သွားမလို့ မင်း လိုက်ချင်လား ''
" လိုက်မယ် ကျွန်တော်လည်း ဝယ်စရာလေးတွေ ရှိတယ် ရှေ့ကသွားလေ ''
အဲသလို စနောက်၍ ဆရာလေးထီရန်ကို စူးစိုက်၍ ကြည့်နေလေသည်။ ဆရာလေးထီရန်လည်း ခေါင်းဆောင်ဖူဖာ ကျောင်းစာသင်ခန်းမှ ထွက်သွားမှ စိတ်အေး၍ သက်ပြင်းတစ်ချက် လေပူတစ်ပုတ် မှုတ်ထုတ်လိုက်လေသည်။
ဒီလိုနဲ့ ဆိုင်ကယ်လေးဖြင့် စျေးဝယ်သွားဖို့ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို နောက်မှာထိုင်နိုင်လား ဟူ၍ မေးလိုက်လေသည်။
" နောက်မှာ ထိုင်နိုင်လား ''
" ကျွန်တော့်ကို အရမ်း အထင်မသေးနဲ့ ခေါင်းဆောင် ''
ဒီလိုနဲ့ ခေါင်းဆောင်ဖူဖာက ဆိုင်ကယ်လေးကို တက်ခွလိုက်လေသည်။
" တက်လေ ''
ခေါင်းဆောင်ဖူဖာက အဲသလို ပြောသမို့ ဆရာလေးထီရန်လည်း အနောက်မှ တက်ထိုင်လိုက်လေသည်။ ထို့နောက် ပြုတ်မကျအောင် ခေါင်းဆောင်ဖူဖာက
" ကိုင်ထား ''
ဟူ၍ ပြောကာ ဆရာလေးထီရန်လည်း သူ၏လက်နှစ်ဖက်ကို ခေါင်းဆောင်ဖူဖာ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။
" အဲဒီကို မဟုတ်ဘူး ''
ခေါင်းဆောင်ဖူဖာက အဲသလိုပြောပြီး ဆရာလေးထီရန်၏ လက်နှစ်ဖက်ကို သူ၏ပုခုံးပေါ်မှ ကိုင်ချကာ ခါးကို ပြောင်းပြီး ဖက်ထားခိုင်းလေသည်။
" တစ်ခုခု လုပ်ဖို့ ပြောရင်လည်း ဆူတယ်လို့ ငါ့ကို အပစ်တင်ဦးမယ် တင်းတင်းလေး ဖက်ထား ''
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 4(A)
အပိုင္း (၁၀)
႐ြာစုရပ္ေဆြးႏြေးပြဲႀကီးမွ ဆရာေလးထီရန္ကို ဖာပန္းေဒါင္း႐ြာက ႐ြာသူ႐ြာသား သူႀကီးတို႔က တရားဝင္ႀကိဳဆိုၿပီး ဆုေတာင္းပြဲ၌ စားေသာက္ၿပီး မူး၍ ျပန္လာရာ ဆရာေလးထီရန္ အိပ္ေပ်ာ္ေနေလသည္။
ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္၏ ေဘးမွာ ထိုင္ေနၿပီး ဆရာေလးထီရန္၏ ရင္ဘတ္က ႏွလုံးအစားထိုး လွဲလွယ္ထားသည့္ ခြဲစိတ္ထားေသာ အမာ႐ြတ္ကို ေတြ႕ၿပီးသြားေလသည္။
ဆရာေလးထီရန္လည္း မူး၍ အိပ္ေပ်ာ္ေနရာမွ ခဏအၾကာ နိုးလာေလသည္။ မီးခြက္ကေလးက အခန္းေလးေမွာင္ေနသည္ကို အလင္းရဖို႔ ေဆာင္က်ဥ္းေပးေနေလသည္။ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ နေဘးမွ
" အခု မမူးေတာ့ဘူးလား အေမႊးပြေခြးေလး ''
အဲသလို ေျပာသမို႔ ဆရာေလးထီရန္လည္း လွဲေနရာမွ အိပ္ယာေပၚ ထိုင္ေနေလသည္။ ၿပီးေနာက္ ဆရာေလးထီရန္က သူ၏ အကၤ်ီက ဆုေတာင္းပြဲက ရိုးရာဝတ္စုံမဟုတ္ဘဲ တျခားအကၤ်ီျဖစ္ေနသည္ကို သတိထားအံ့မိကာ သူ၏ ရင္ဘတ္က အမာ႐ြတ္ကို ေခါင္းေဆာင္ဖူဖာ သိသြားသည္ကို သတိထားမိေတာ့သည္။
" ရွက္စရာ မလိုပါဘူး သစ္ေတာဝန္ထမ္းေတြက မင္းထက္ေတာင္ အမာ႐ြတ္ေတြ မ်ားေသးတယ္ ၾကည့္မလား "
ေခါင္းေဆာင္ဖူဖာက အဲသလိုေျပာၿပီး သူ၏အကၤ်ီကို အေပၚသို႔ အနည္းငယ္ လွန္လိုက္ရာ ဆရာေလးထီရန္က တားလိုက္ေလသည္။
" ေဟး ေဟး မလိုဘူး ''
" နာေနလား ''
" မနာဘူး ဒီအမာ႐ြတ္ ဘယ္လိုရတာလဲဆိုၿပီး ေမးမလို႔မဟုတ္ဘူးလား ''
" မဟုတ္ဘူး ငါက အဲ့ဒါထက္ ပိုၿပီး ေမးခ်င္တာ ''
ေခါင္းေဆာင္ဖူဖာက ေျပာရင္းျဖင့္ မ်က္ႏွာထားက တင္းလာ၍ ဆရာေလးထီရန္လည္း စိုးထိန့္လာေလသည္။
" ဘာလဲ မင္းဆီမွာ ဘာလို႔ ေထာ့ဖန္ရဲ႕ ဒိုင္ယာရီစာအုပ္ ရွိေနရတာလဲ ''
အဲသလို ေခါင္းေဆာင္ဖူဖာက ေမးလိုက္သမို႔ ဆရာေလးထီရန္ ေျဖစရာစကားမရွိေအာင္ ခဏတာၿငိမ္သြားေလေတာ့သည္။ ထို႔ေနာက္မွ
" ပညာေရးေဖာင္ေဒးရွင္းက ကြၽန္ေတာ့္ကို ဆရာမေထာ့ဖန္သင္ခဲ့တာေတြကို ကိုးကားဖို႔ ေပးလိုက္တာ ''
" လိမ္ေနတာ မင္းက ေထာ့ဖန္နဲ႕ ဘယ္လိုပတ္သက္ေနတာလဲ ''
ဆရာေလးထီရန္လည္း ခဏတာၿငိမ္သြားၿပီး သူ၏ အမာ႐ြတ္အေၾကာင္းကို ေျပာျပလိုက္ေလသည္။
" ကြၽန္ေတာ္ ႏွလုံးအစားထိုး ကုသမႈ ခံယူခဲ့တယ္ ၿပီးေတာ့ အဲ့ႏွလုံးက ေထာ့ဖန္ဆီကပဲ အဲ့ဒါေၾကာင့္
ကြၽန္ေတာ့္ကို ဘဝသစ္တစ္ခုေပးခဲ့တဲ့ သူ႕ေက်းဇူးကို ျပန္ဆပ္ဖို႔ ဒီကိုေရာက္လာခဲ့တာ ''
ဆရာေလးထီရန္က အမွန္အတိုင္းေျပာလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာက မ်က္ႏွာထားတင္းတင္းျဖင့္
" အဲ့ဒါဆို မင္းက ဘာလို႔ ငါတို႔ေတြကို ဖုံးကြယ္ထားတာလဲ ''
" ကြၽန္ေတာ္ သူတို႔ကို ဘယ္လိုေျပာျပရမွာလဲ လူတိုင္းကို ခင္ဗ်ားတို႔ ခ်စ္တဲ့ ေထာ့ဖန္က ေသသြားပါၿပီလို႔
ၿပီးေတာ့ ကြၽန္ေတာ္က သူ႕ႏွလုံးကို သုံးေနတာပါလို႔ သူတို႔ေတြ ဘယ္လိုခံစားၾကရမလဲ ကြၽန္ေတာ့္လို ခ်ိဳ႕
ယြင္းခ်က္ ရွိတဲ့ လူတစ္ေယာက္က ေထာ့ဖန္လို လူေကာင္းတစ္ေယာက္ရဲ႕ ႏွလုံးနဲ႕ အသက္ရွင္ေနတာ
သူတို႔ သိသြားရင္ သူတို႔ ဘယ္ေလာက္ေတာင္ အံအားသင့္သြားမလဲ ''
" ႐ြာသားေတြက မင္းကို စိတ္ဆိုးမွာ မဟုတ္ဘူး မင္း အမွန္အတိုင္း ေျပာသေ႐ြ႕ ''
မွန္၏။ ဆရာေလးထီရန္ကလည္း ဘယ္လိုနည္းျဖင့္ အမွန္အတိုင္းဖြင့္ေျပာဖို႔ ခြန္အားေတြ ရွိနိုင္မည္နည္း။ ေခါင္းေဆာင္ဖူဖာလည္း အဲသလို လိမ္ထားသည့္ ဆရာေလးထီရန္ကို ထိုသို႔ေျပာကာ ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ မ်က္ႏွာခ်င္း အနီးသားျဖင့္ ေခါင္းေဆာင္ဖူဖာက ေဒါသစိတ္ကေလးပါသမို႔ မ်က္ႏွာထားတင္းတင္း ၾကည့္ေနၾကေလသည္။
" ငါ မင္းကို ေနာက္ဆုံးအေနနဲ႕ တစ္ခု ေမးမယ္ အမွန္အတိုင္းေျပာ ''
" ကြၽန္ေတာ္ အကုန္ေျပာျပၿပီးသြားၿပီ ''
" မဟုတ္ဘူး မင္း ငါတို႔ကို ဘာေတြ ဖုံးကြယ္ထားလဲဆိုတာ မင္းကိုယ္မင္း ျပန္ေမးၾကည့္ အမွန္အတိုင္းေျပာ မင္း အမွန္အတိုင္းေျပာ ထီရန္ ''
" ..... ''
" မင္းအမွန္အတိုင္းေျပာ ထီရန္ ေျပာ ေျပာလို႔ ထီရန္ အမွန္အတိုင္းေျပာ ထီရန္ ''
" ...... ''
" ေျပာလို႔ ငါေျပာေနတယ္ ေျပာေလကြာ အမွန္အတိုင္းေျပာ ထီရန္ ''
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Unit - 4
အဲသလို ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ ပုခုံးႏွစ္ဖက္ကို သူ၏လက္ျဖင့္ တင္းတင္းကိုင္၍ အသံေနအသံထားကို ခပ္တင္းတင္းျဖင့္ ေအာ္ေနသမို႔ ဆရာေလးထီရန္ အိပ္ေနရာမွ လန့္နိုးလာေလသည္။
ထိုအခ်ိန္က မနက္အခ်ိန္ျဖစ္ၿပီး မိုးစင္စင္လင္းေနေလသည္။ ျခင္ေထာင္ထဲတြင္ ေဟာဟဲလွိုက္ကာ အေတြးေတြ ပင္လယ္လို က်ယ္ျပန့္ေနသည့္ ဆရာေလးထီရန္ တစ္ခုခုကို သတိရသြားသလို ျဖစ္ၿပီး သူ၏ အိပ္ယာခင္းေအာက္မွ ေထာ့ဖန္၏ ဒိုင္ယာရီစာအုပ္ကို ေကာက္ယူလိုက္ေလသည္။
စာအုပ္ကေလးကို ကိုင္၍ ၾကည့္ကာ ေဟာဟဲလွိုက္ေနသည့္ ဆရာေလးထီရန္ ထိုစာအုပ္ကို ေခါင္းေဆာင္ဖူဖာ ေတြ႕သြားသည္ထင္မိကာ စိတ္ပူေနေလသည္။ ဒါဆို ခဏက ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ေျပာဆိုေနၾကသည္မွာ အိမ္မက္မ်ား ျဖစ္ေနမည္လား စိတ္ဝင္စားဖို႔ ေကာင္းေပသည္။
ထို႔ေနာက္ ဆရာေလးထီရန္က သူ၏ အကၤ်ီကိုၾကည့္ကာ သူ၏ရင္ဘတ္မွ အမာ႐ြတ္ကိုလည္း ငုံ႕ၾကည့္၍ အံ့အားသင့္သြားေလသည္။ ဆရာေလးထီရန္လည္း သူ႕ကိုယ္သူ ခဏကအျဖစ္အပစ္ကို တကယ္ျဖစ္ခဲ့လား မျဖစ္ခဲ့ဘူးလားဆိုတာ ေတြးပူေနေလသည္။
သို႔ေပမယ့္ ဆရာေလးထီရန္ သိသိသာသာ သိရွိလိုက္ရသည္မွာ သူ၏အမာ႐ြတ္ကို ေခါင္းေဆာင္ဖူဖာ ေတြ႕သြားသည္ဆိုသည္ပဲ ျဖစ္ေပသည္။ ဒါဆို ခဏက အျဖစ္အပစ္က အိပ္မက္မ်ား ျဖစ္ေနမည္လား ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းၿပီး အိပ္မက္ ျဖစ္နိုင္ဖို႔ ပိုမ်ားေပသည္။
အိပ္မက္ျဖစ္သည္ျဖစ္ေစ မျဖစ္သည္ျဖစ္ေစ ဆရာေလးထီရန္က အကုန္အမွန္အတိုင္း ေျပာျပတာေတာင္ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို လိမ္ထားတာတစ္ခုရွိေသးသည္ မင္းကိုယ္မင္း ျပန္ေမးၾကည့္ပါ ဟူ၍ ေျပာေလသည္။
ဒါဆို ကြၽန္ေတာ္တို႔ မသိေသးသည့္ ေနာက္ထပ္ အေၾကာင္းတစ္ခုက မည္သို႔ေသာ အေၾကာင္းအရာမ်ိဳး ျဖစ္မလဲ ဆရာေလးထီရန္က အဘယ္ေၾကာင့္ ဖုန္းကြယ္ထားသလဲ ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနေလသည္။
" ဆရာေလးထီရန္ နိုးေနၿပီလား ''
" ေအာ္ ေလာင္ထယ္ ''
" စားၾကစို႔ ''
အဲသလို ေလာင္ထယ္က အျပင္မွ ေအာ္ေခၚၿပီး ဆရာေလးထီရန္က ျပတင္းေပါက္မွ ထြက္ၾကည့္ကာ ေလာင္ထယ္က လက္ထဲမွ ထမင္းခ်ိဳင့္ကို ကိုင္ျမႇောက္ျပၿပီး စားၾကစို႔ဟူ၍ ၿပဳံးကာ ေျပာလိုက္သမို႔ ဆရာေလးထီရန္လည္း ျပန္ၿပီး အၿပဳံးျဖင့္ ျဖစ္ေနေလသည္။
ထို႔ေနာက္ မီးဖိုခန္းမွ ထမင္းစားစားပြဲအပုေလးတြင္ ခ်ိဳင့္ကို တင္ကာ ဆရာေလးထီရန္ႏွင့္ ေလာင္ထယ္ စကားစျမည္ေျပာ၍ အစားအေသာက္ေတြ စားေနၾကေလသည္။
" ၾကည့္ပါဦး အစ္ကို မေန႕ညတုန္းက စားစရာေတြ အမ်ားႀကီး က်န္တာ အေဖက ပို႔ခိုင္းလိုက္တာ
အစ္ကို ''
" ေက်းဇူးပါ ေလာင္ထယ္ ''
" အေဖက ေျပာေတာ့ အစ္ကိုက အင္ဂ်င္နီယာေက်ာင္းတက္ခဲ့တာဆို အရမ္းေတာ္မွာပဲေနာ္ ''
" မေတာ္ပါဘူးကြာ တကယ္ေတာ့ အစ္ကိုက ဆိုးတဲ့ေက်ာင္းသားကြ ေက်ာင္းထုတ္မခံရတာ ကံေကာင္းတယ္ မင္းကေရာ ခ်င္းမိုင္မွာ
ေက်ာင္းတက္တာမို႔လား ''
" ဟုတ္တယ္ အစ္ကို ''
" မင္းက ဘာတက္တာလဲ ''
" ကြၽန္ေတာ္က နိုင္ငံေရးသိပၸံတက္တာ အစ္ကို ၿပီးေတာ့ ဒီဟာ ယုံဖို႔ ခက္ခ်င္ခက္နိုင္ေပမယ့္ ကြၽန္ေတာ္က ဖာပန္းေဒါင္း႐ြာရဲ႕ ဓါတ္ပုံဆရာေလ ''
ေလာင္ထယ္က အဲသလို ေျပာကာ သူ၏ ကင္မရာေလးကို ေကာက္ကိုင္လိုက္ေလသည္။
" ႐ြာမွာ အေရးႀကီးပြဲေတြ ရွိတဲ့အခါဆိုရင္ အေဖက အဲ့ဒီတာဝန္ယူဖို႔ ကြၽန္ေတာ့္ကို လွမ္းေခၚတာ ''
" မေန႕က ငါ့အတြက္ လုပ္ေပးတဲ့ ပြဲမ်ိဳးလား ''
" ဟုတ္တယ္ အစ္ကို ေနာက္ၿပီး ကြၽန္ေတာ့္အထင္ ေနာက္ထပ္ပြဲႀကီးတစ္ခု ရွိလိမ့္မယ္ မဂၤလာေဆာင္ ေခါင္ႏြန္းရဲ႕ အစ္ကိုႀကီး မဂၤလာေဆာင္ရွိလို႔ အစ္ကို ''
" သတို႔သမီးက ဘယ္သူလဲ ''
" ဒီကပဲ အစ္ကို သူတို႔ေတြ ႀကိဳက္ေနတာ အေတာ္ၾကာၿပီ ဒါေပမယ့္ အလုပ္ကိစၥေၾကာင့္ သူတို႔ေတြ
အခ်ိန္တစ္ခုေလာက္ ခြဲေနခဲ့ၾကရတာ ခြဲေနရတာ ႏွစ္ေတြ အမ်ားႀကီး ၾကာၿပီ ဒီခ်ိန္ထိ
အတူရွိၿပီး လက္ထပ္နိုင္တာ မယုံနိုင္စရာပဲ ''
" ဘာလို႔လဲ တျခားအတြဲေတြက ဒီကို လက္ထပ္ဖို႔ ျပန္မလာၾကဘူးလား ''
" တစ္ခ်ိဳ႕ေတြေလ အစ္ကို ၿမိဳ႕ေပၚမွာ အလုပ္လုပ္ဖို႔အတြက္ တက္သြားၿပီး ပိုေကာင္းတဲ့ဘဝ ရသြားၾကတာ
ေလ အစ္ကိုဆိုရင္ေရာ ဒီကို ျပန္လာခ်င္ပါ့မလား အဲ့ဒီမွာ ေနရတာ ပိုအဆင္ေျပတယ္ေလ ''
" ေအး ဟုတ္တယ္ ''
" ႐ြာကလူေတြက ေျပာၾကတယ္ အခုစုံတြဲ လက္ထပ္ျဖစ္တာက ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးမွာ ဆုေတာင္းခဲ့ၾကလို႔တဲ့ ''
အဲသလို ေလာင္ထယ္က ေျပာသမို႔ ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးအေၾကာင္းကို အရမ္းသိခ်င္ၿပီး စိတ္ထဲစြဲေနသည့္ ဆရာေလးထီရန္ ထူးထူးျခားျခားျဖင့္ ေလာင္ထယ္ကို စူးစိုက္ကာ ၾကည့္ေနေလသည္။
" ဒါဆို ေခ်ာက္ကမ္းပါးမွာ ဘယ္လို
ဆုေတာင္းရတာလဲ ''
" အြင္း ေျပာၾကတာေတာ့ ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးေန႕မွာ ေခ်ာက္ကမ္းပါးစြန္းကို သြားၿပီး အခ်စ္ေရး
အတြက္ ဆုေတာင္းၿပီး ၾကယ္တစ္ေထာင္ျပည့္ေအာင္ ေရတြက္ရတယ္တဲ့ အဲ့ဒါဆိုရင္ ဆုေတာင္း
က တကယ္ျဖစ္လာတယ္တဲ့ အဲဒီပုံျပင္ကို ကြၽန္ေတာ္ ငယ္ငယ္ေလးကတည္းက ၾကားဖူးတာ အစ္ကို
တကယ္ဟုတ္လား မဟုတ္လားေတာ့ ကြၽန္ေတာ္လည္း မသိဘူး ဒီကလူႀကီးေတြ ထပ္ေမးၾကည့္ေပါ့ ''
ေလာင္ထယ္က အဲသလို ဖာပန္းေဒါင္းဒ႑ာရီကို ေျပာျပ၍ ဆရာေလးထီရန္ ထိုဒ႑ာရီကို သိရွိသြားၿပီမို႔ အခ်ိန္တစ္ခုအၾကာ စဥ္းစားေနလိုက္ေလသည္။
ထိုဒ႑ာရီအေၾကာင္း သိခ်င္ေနတာ ေထာ့ဖန္ဆုံးသြားေတာ့ ေထာ့ဖန္က ထိုဒ႑ာရီ ေခ်ာက္ကမ္းပါးကို စိတ္စြဲ၍ သူမ၏ ႏွလုံးက ဆရာေလးထီရန္၏ ခႏၶာကိုယ္ထဲ ေရာက္ေန၍ အဲ့သလို ခံစားေနရသည္လား တကယ္ပဲ ဆရာေလးထီရန္က သိခ်င္လို႔လား ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေပေလသည္။
ဖာပန္းေဒါင္း႐ြာ ေဆးခန္းေလး၌ ေဒါက္တာနမ္တစ္ေယာက္ ေဆး႐ြက္စာတမ္းေတြကို ယူကာ ၾကည့္ေနေလသည္။ ထိုအခ်ိန္ ေခါင္းေဆာင္ဖူဖာက ထိုအခန္းထဲကို ဝင္လာေလသည္။
" မင္းက ဘာလို႔ ဒီကို လာတာလဲ ဘာျဖစ္လို႔လဲ ''
" ေခါင္းနည္းနည္းကိုက္ေနလို႔ ''
" ဒီလို သန္မာတဲ့လူႀကီးက ေခါင္းကိုက္တယ္ေပါ့ ဘာကိစၥရွိလို႔လဲ ေျပာလို႔ရတယ္ ''
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက တစ္ခုခုကို စိုးရိမ္၍ သက္ျပင္းတစ္ခ်က္ခ်ကာ
" ေဒါက္တာ ဘယ္လိုအေၾကာင္းေၾကာင့္ ရင္ဘတ္မွာ အမာ႐ြတ္ ရွိနိုင္လဲ ''
" ရင္ဘတ္မွာ အမာ႐ြတ္ရွိတာလား အမ်ားႀကီး ျဖစ္နိုင္တယ္ ခြဲစိတ္တာတို႔ ဒါမွမဟုတ္ မေတာ္တဆတို႔ေပါ့ ဘာျဖစ္လို႔လဲ ထီရန္မွာ ရွိေနတာလား ''
ေဒါက္တာနမ္က အဲသလို ေျပာလိုက္သည္မို႔ ေခါင္းေဆာင္ဖူဖာက သက္ျပင္းခ်၍ စိတ္မၾကည္သလိုလို ျဖစ္ေနေလသည္။ အဲ့လိုပုံကို ေဒါက္တာနမ္ ျမင္သြားေလသည္။
" အိုး မင္းနဲ႕ သူက ဘယ္လို ပတ္သက္ေနတာလဲ ငါ့အျမင္မွာ ငါ့သူငယ္ခ်င္းက သူ႕ကို အရမ္းဂ႐ုစိုက္ေပးေနသလိုပဲ ဘာကိစၥမ်ားရွိလို႔လဲ ''
" ေဒါက္တာ အလုပ္မမ်ားေနဘူးလား တျခားလူအေၾကာင္း စပ္စုဖို႔ ဘာလို႔ အခ်ိန္ရွိေနတာလဲ ''
" တကယ္လို႔ မင္း သူ႕အမာ႐ြတ္အေၾကာင္းကို တကယ္သိခ်င္တယ္ဆိုရင္ ဘာလို႔ သူ႕ကို
တိုက္ရိုက္မေမးတာလဲ ''
" သိတယ္ ဒါေပမယ့္ ဘယ္ကစေမးရမလဲ မသိလို႔ ''
" ေအာ့္ ဘာျဖစ္လို႔လဲ သူ႕ရင္ဘတ္က အမာ႐ြတ္ေတြကို သူ ကိုယ္တုံးလုံး ခြၽတ္ေနတုန္း မင္းျမင္ခဲ့တာေတာ့ မဟုတ္ပါဘူးေနာ္ ''
ေဒါက္တာနမ္က အဲ့သလို စေနာက္ေနသမို႔ ေခါင္းေဆာင္ဖူဖာလည္း စိတ္မရွည္ကာ ၾကက္ေျခနီပုံးေလးထဲမွ ေခါင္းကိုက္ေပ်ာက္ေဆးကို သြားယူေလေတာ့သည္။
" ေဆးေတြကို ဒီမွာ ထားတာမို႔လား ''
" မင္းသိတာပဲ မင္း ယူတဲ့ ေဆးမွန္ရဲ႕လား အဲ့ဒါဓမၼာလာရင္ ေသာက္ရတဲ့ေဆးေနာ္ ''
ေခါင္းေဆာင္ဖူဖာက ေဆးယူ၍ ေဒါက္တာနမ္က ေဆးမွန္ရဲ႕လားေမးသမို႔ ေဆးကဒ္ကို ေထာင္ျပကာ ထြက္သြားၿပီး ေဒါက္တာနမ္က အဲသလို ေျပာဆိုစေနာက္၍တစ္ခ်က္ၿပဳံးမိေနေလသည္။
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ အမာ႐ြတ္အေၾကာင္းကို ဘယ္ကစေမးရမလဲ မသိလို မေမးတာဟူ၍ ေျပာပုံအရဆိုလွ်င္ အရင္က ထိုအမာ႐ြတ္နဲ႕ ပတ္သက္ၿပီး ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ ေျပာဆိုခဲ့သည္ေတြက တကယ္ေတာ့ အိပ္မက္ တစ္ခုသာ ျဖစ္ေပသည္။
သို႔ေပမယ့္ ထိုအမာ႐ြတ္ကိုေတာ့ ေခါင္းေဆာင္ဖူဖာ သိျမင္သြားသည္မွာ အေသအခ်ာ ျဖစ္ေပေလသည္။ တစ္ခ်ိန္ခ်ိန္ေတာ့ အမွန္အတိုင္း လက္ခံယုံၾကည္ၾကရမည္ ျဖစ္၏။ အမွန္တရားကို ဘယ္လို အေၾကာင္းမ်ိဳးေၾကာင္းနဲ႕မွ ဖုန္းကြယ္ထားလို႔မရသည္မွာ အေသအခ်ာပင္ ျဖစ္ေပေလသည္။
ဖာပန္းေဒါင္းေက်ာင္းတြင္ ဆရာေလးထီရန္ ကေလးေတြကို အားသြန္ခြန္စိုက္ ႀကိဳးႀကိဳးစားစား သင္ၾကားျပသေပးေနသည္သာမက ပိုၿပီးေတာ့လည္း ေပ်ာ္႐ႊင္ေနေသးသည္။
" ဒီေန႕အတန္းမစခင္ ဆရာ့ကို အစ္ကိုႀကီးလို႔ ေခၚေပးဖို႔ ေတာင္းဆိုလို႔ရမလား ''
" ဘာလို႔ ဆရာက သမီးတို႔ ဆရာ မျဖစ္ခ်င္တာလဲ ''
အရမ္းစပ္စုသည့္ မိက်ဴးက အဲသလို အေမးျပဳလိုက္လွ်င္ ဆရာေလးထီရန္က တစ္ခ်က္ၿပဳံး၍
" သမီးမွာ ဆရာေတြ အမ်ားႀကီး ရွိၿပီသားေလ အစ္ကိုက အစ္ကိုႀကီး ျဖစ္ေပးမယ္ေလ ရမလား အစ္ကိုက မင္းတို႔ မိသားစုဝင္ ျဖစ္ခ်င္လို႔ ''
" ဒီေန႕ ဘာသင္ရမွာလဲ အစ္ကိုႀကီး ထီရန္ ''
" ဒီေန႕ေတာ့ အစ္ကိုကစိတ္ဝင္စားစရာေကာင္းတဲ့ ပစၥည္းတစ္ခု ငွားလာတယ္ အဲဒီ ပစၥည္းကို အေလးခ်ိန္တိုင္းတဲ့ ကတၱားလို႔ေခၚတယ္ ''
ဆရာေလးထီရန္က ခုံေပၚတင္ထားသည့္ ကတၱားကို ျပကာ အဲ့သလို ေျပာေလသည္။
" ပစၥည္း တစ္ခုခု ေရာင္းတဲ့အခါ ထပ္ၿပီး အလိမ္မခံရေတာ့ဘူး အစ္ကိုက ဒါနဲ႕ ဘယ္လိုခ်ိန္တြယ္ရမလဲဆိုတာ
သင္ေပးမယ္ ဟုတ္ၿပီလား လိုင္းေသးေသးေလးတစ္ခုစီက ၁၀၀ ဂရမ္ကို ကိုယ္စားျပဳတယ္ ၁၀ခုဆိုရင္
၁ ကီလိုဂရမ္ လက္တံေလးက ဒီနားက နံပါတ္ေတြ ကို ထိုးျပရင္ သေဘာက တင္ထားတဲ့ ပစၥည္း ရဲ႕အေလးခ်ိန္ကို ျပေပးတာ
အခု ပိုၿပီး ရွင္းလင္းသြားေအာင္ အားလုံးရဲ႕ စာအုပ္ေတြ လာတင္လိုက္ ''
အဲ့သလိုနဲ႕ ကေလးေတြက စာအုပ္ေတြ ကတၱားေပၚ သြားတင္ၾကေလသည္။
" ဘယ္ေလာက္ေလးလဲဆိုတာ ခ်ိန္ၾကည့္ရေအာင္ လက္တံေလးက နံပါတ္ ၂ မွာေနာ္ ျမင္လား ျမင္လား
အဲ့ဒီေတာ့ သူရဲ႕အေလးခ်ိန္က ဘယ္ေလာက္လဲ ''
" ၂ ကီလို ''
" ေတာ္တယ္ ကာလယ္ရဲ႕ အေလးခ်ိန္က ''
" ၆၀ ကီလိုဂရမ္ ''
မွန္၏။ ကာလယ္ကို ထိုကတၱားႀကီးေပၚ တင္ကာ ခ်ိန္ၾကည့္ေလသည္။ ထို႔ေနာက္ ဆရာေလးထီရန္က ေျမျဖဴေလးကိုင္ကာ ေက်ာက္သင္ပုန္းတြင္ ခ်ေရးလိုက္ေလသည္။
" ေတာ္တယ္ ၆၀ ကီလိုဂရမ္ ''
" ကာလယ္ ၆၀ ကီလိုဂရမ္ ''
ထို႔ေနာက္ အာရီကို ထိုကတၱားႀကီးေပၚ တင္၍ ကာလယ္
၏ အေလးခ်ိန္ႏွင့္ ကိုက္ညီသြားေအာင္ ဆရာေလးထီရန္က ခ်ိန္ကိုက္ျပေလသည္။
" အခု အစ္ကိုက အားလုံးကို တစ္ခုခုယူလာၿပီးေတာ့ အာရီရဲ႕အေလးခ်ိန္က ကာလယ္နဲ႕ညီသြားတဲ့အထိ ပစၥည္းေလးေတြ ထည့္ေစခ်င္တယ္ ''
မွန္၏။ ကာလယ္က ဝတုတ္တုတ္ကေလးျဖစ္ရာ ၆၀ ကီလိုဂရမ္ ရွိသမို႔ အာရီကို ခ်ိန္ၾကည့္ရာ ၆၀ ကီလိုဂရမ္မရွိေသာေၾကာင့္ ကာလယ္၏ အေလးခ်ိန္ႏွင့္ ညီဖို႔ အဲသလို ဆရာေလးထီရန္က သင္ၾကားျပသေပးေလသည္။ အဓိကရည္႐ြယ္ခ်က္က နည္းေနသည့္အေလးခ်ိန္အတြက္ မ်ားသည့္အေလးခ်ိန္ကို တူညီဖို႔ နည္းသည့္အေလးခ်ိန္ဘက္ ပိုေလးေအာင္ လုပ္ေဆာင္ရမည္ ျဖစ္ေပသည္။
" လုပ္ၾကေတာ့ ျမန္ျမန္ ျမန္ျမန္ လာ လာ တင္လာၾက ျမန္ျမန္ ''
အဲသလိုျဖင့္ ဆရာေလးထီရန္က ျမန္ျမန္လာတင္ၾကဟူ၍ေျပာကာ တပ္သားလန္ ေရာ့ခ်န္း ေခါင္ႏြန္း ကာလယ္ အင္တာ မိက်ဴး တို႔က လြယ္အိတ္ေတြ စာအုပ္ေတြ တျခားေသာ ပစၥည္းေတြ အာရီအေပၚမွာ လာ၍ တင္ၾကေလေတာ့သည္။
" အခု အေလးခ်ိန္ စုစုေပါင္းက ၆၀ ကီလိုဂရမ္ အားလုံးေတာ္တယ္ ေရး ေရး ''
ဆရာေလးထီရန္က အာရီကို ထိုကတၱားေပၚတင္ကာ ကာလယ္၏အေလးခ်ိန္ ၆၀ ကီလို ျဖင့္ ခ်ိန္ကိုက္သြားဖို႔ ပစၥည္းေတြတင္ၿပီး အာရီႏွင့္ ပစၥည္းေတြ စုစုေပါင္း ၆၀ ကီလို ျဖစ္သမို႔ ခ်ီးက်ဴးလိုက္ေလသည္။ ကေလးေတြက ေပ်ာ္ကာ လက္ခုပ္ေအာ္ဘာေတြ ေပးလိုက္ၾကၿပီး အာရီက ပစၥည္းေတြ မထားရသမို႔ ေလး၍ အဲသလို ေျပာလာေပေတာ့သည္။
" ကူညီပါဦး သား မနိုင္ေတာ့ဘူး ''
ဒီလိုျဖင့္ ပစၥည္းေတြကို အာရီအေပၚမွ ဖယ္ေပးလိုက္ၿပီး အားလုံးလည္း ေပ်ာ္႐ႊင္ၿပဳံးရည္ေနၾကကာ ေခါင္ႏြန္းက ဆရာေလးထီရန္ကို ဆုအေၾကာင္းေမးေတာ့သည္။
" ဆရာေလး ''
" အင္း ''
" သားတို႔ လုပ္ၿပီးသြားၿပီ ဆုကေရာ ''
" မစဥ္းစားရေသးဘူး ''
ဆရာေလးထီရန္က တစ္ခ်က္ဟားတိုက္ကာ အဲသလို မစဥ္းစားရေသးဘူး ေျပာသမို႔ ကေလးေတြ မ်က္ႏွာမေကာင္းကာ လူလိမ္ဟူ၍လည္း ဆရာေလးထီရန္ကို ေျပာၿပီးေနာက္ ကေလးေတြက အေၾကာင္းတစ္ခုခုေၾကာင့္ ေပ်ာ္သြားျပန္ၾကေလသည္။
" လူလိမ္ႀကီး ''
" မဟုတ္ပါဘူး ''
" အိုး ေဟ့ေကာင္ေတြ ငွက္ႀကီးလာေနၿပီ သြားၾကည့္ၾကရေအာင္ ''
အဲသလို ကေလးေတြက ငွက္ႀကီး တစ္နည္းအားျဖင့္ တိုက္ေလယာဥ္ေတြ၏ တဝွီးဝွီး အသံကို ၾကားကာ အာရီက ထိုသို႔ေျပာၿပီး ေက်ာင္းအျပင္ကို ေျပးထြက္လာၾကရာ ဆရာေလးထီရန္ တပ္သားလန္ ေရာ့ခ်န္းတို႔လည္း အေနာက္မွ ေက်ာင္းအျပင္ကို ထြက္လိုက္လာၾကေလသည္။
" ၾကည့္ၾကည့္ ျမင္လား ဝိုး အႀကီးႀကီးပဲ ''
" ေအာ္ အဲဒါ စစ္တပ္က ဆီေလယာဥ္ေတြေလ အေတာ္ၾကာမွ တစ္ခါလာတတ္တာ ကေလးေတြကေတာ့ အရမ္းသေဘာက်ၾကတယ္ ''
တပ္သားလန္က အဲသလို ဆရာေလးထီရန္ကို ရွင္းျပၿပီး ေရာ့ခ်န္းကလည္း ေထာက္ခံကာ ထပ္ၿပီး ကေလးေတြအေၾကာင္း ေျပာျပျပန္ေလသည္။
" ဟုတ္တယ္ အထူးသျဖင့္ အာရီေပါ့ သူႀကီးလာရင္ ေလယာဥ္မႉးျဖစ္ခ်င္တာတဲ့ ''
" ဟုတ္တယ္ ''
အဲသလို ေရာ့ခ်န္းက ရွင္းျပၿပီးေနာက္ အာရီက အေရွ႕မွ လက္ႏွစ္ဖက္ကို ေဘးဆန့္ကာ ေနာက္မွ ကာလယ္ ေခါင္ႏြန္း အင္တာ မိက်ဴး တို႔က တစ္ေယာက္ပုခုံးေပၚ တစ္ေယာက္လက္တင္၍ အတန္းရွည္ႀကီးျဖင့္ ထိုေက်ာင္းက အလံတိုင္ကို ပတ္ကာ ဆရာေလးထီရန္ တပ္သားလန္ ႏွင့္ ေရာ့ခ်န္းတို႔ကိုလည္း ပတ္ၿပီးေဆာ့ကစားေနၾကေလသည္။
" လာ ေအး ေရး ''
" သတိထား ျဖည္းျဖည္း ''
" ဟားဟား ''
ကေလးေတြက ၿပဳံးရည္ေနၾကၿပီး ဆရာေလးထီရန္လည္း ၿပဳံးေပ်ာ္ေနကာ အႀကံတစ္ခု၏ အေျဖကို ရရွိသြားေလေတာ့သည္။
" ဆုအေနနဲ႕ ကြၽန္ေတာ္ သူတို႔ကို ဘာေပးခ်င္လဲဆိုတာ ကြၽန္ေတာ္ သိသြားၿပီ ''
ဒီလိုနဲ႕ ဖာပန္းေဒါင္းေက်ာင္း ဝါးခင္းဝါးကာ သက္ကယ္မိုးေက်ာင္းေလး ေက်ာက္သင္ပုန္းေရွ႕မွာ ဆရာေလးထီရန္က စာ႐ြက္ေတြသုံးၿပီး ေလယာဥ္ေခါက္နည္း သင္ေပးေလသည္။ ထိုအခါ ေခါင္းေဆာင္ဖူဖာလည္း ေက်ာင္းခန္းထဲ ဝင္လာၿပီး ဆရာေလးထီရန္ သင္ၾကားေနသည္ကို ၿပဳံး၍ ၾကည့္ေနေလသည္။
" ေကာင္းၿပီ ဒီေန႕ အစ္ကိုက ေလယာဥ္ေခါက္နည္း သင္ေပးမယ္ ဘယ္သူေခါက္ခ်င္လဲ ''
" သားေခါက္မယ္ သမီးေရာ ''
" အား ေကာင္းၿပီ အားလုံးပဲ စာ႐ြက္ တစ္႐ြက္စီ ယူထားမယ္ ဒီအပိုင္းက စမယ္ ျမင္ရလား အားလုံး
တစ္ဝက္ေခါက္လိုက္မယ္ ဟား တစ္ဝက္ေခါက္မယ္ေနာ္ တစ္ဝက္ ေခါက္ထားတဲ့အစြန္းႏွစ္ဖက္ကို ေသခ်ာ
ေလးဖိမယ္ေနာ္ ၾကည့္ရေအာင္ ၿပီးၿပီးလား ''
" ဟုတ္ကဲ့ ''
" အင္း ေတာ္တယ္ ''
ထို႔ေနာက္ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာကို ၾကည့္ကာ ၿပဳံးေနၿပီး အားလုံးလည္း ေလယာဥ္ေခါက္၍ ေလယာဥ္ကေလး ရသြားေလသည္။
" ၿပီးရင္ ျပေနာ္ ျပေနာ္ ျပပါဦး ''
ေခါင္ႏြန္းက အင္တာကို ထိုေလယာဥ္ေလးျဖင့္ ငွက္ႀကီးဟု စေနာက္သမို႔ ဆရာေလးထီရန္က လွမ္းေျပာလိုက္ေလသည္။
" ငွက္ႀကီး ငွက္ႀကီး ''
" ေခါင္ႏြန္း ဘာလုပ္တာလဲ ဒီငွက္ႀကီးက သေဘာေကာင္းတဲ့ငွက္ႀကီး ဘာလို႔လဲဆိုေတာ့ ဒီငွက္ႀကီးက ႐ြာကို ကာကြယ္ေပးတာ
ကာကြယ္ေပးတာ ''
ဆရာေလးထီရန္က ႐ြာကိုကာကြယ္ေပးတာ ဘယ္သူဆိုတာ ဘာေျပာရမည္မွန္းမသိ၍ အဲသလို စကားထစ္ေနကာ ေခါင္းေဆာင္ဖူဖာကို ျမင္ၿပီး ေခါင္းေဆာင္ဖူဖာကို ဘီလူးစိမ္းႀကီး ဟူ၍ ေျပာလိုက္ေလသည္။
" ဘီလူးစိမ္းႀကီး ရန္ကေန ကာကြယ္ေပးတာ ''
ဆရာေလးထီရန္က အဲသလို လက္ထဲက စာ႐ြက္ေလယာဥ္ေလးျဖင့္ ခ်ိန္ၿပီး ေခါင္းေဆာင္ဖူဖာကို ဘီလူးစိမ္းႀကီး ဆိုသည့္ စကားေျပာလိုက္၍ ေခါင္းေဆာင္ဖူဖာက ဆရာမေထာ့ဖန္ေျပာသည့္ ဘီလူးစိမ္းႀကီးကို သတိရသြားေလေတာ့သည္။ တကယ္ပဲ ဆရာေလးထီရန္က တစ္ခါခါ ဆရာမေထာ့ဖန္ေျပာသလို ဆရာမေထာ့ဖန္ျပဳလုပ္သလို ျပဳလုပ္တတ္ေလသည္။ ထို႔ေၾကာင့္ ေခါင္းေဆာင္ဖူဖာက ဆရာမေထာ့ဖန္ ကေလးေတြကို စာသင္ၿပီး ဘီလူးစိမ္းႀကီး အေၾကာင္းကို သတိရသြားေလသည္။
" ဘီလူးစိမ္းႀကီး ဘီလူးစိမ္းႀကီး ဘီလူးစိမ္းႀကီး ''
" အိုး ဒီေန႕ ဘီလူးစိမ္းႀကီးအ႐ုပ္ကို
မယူလာလိုက္ရဘူး ''
ဆရာမေထာ့ဖန္က အဲသလိုကေလးေတြ ေတာင္းဆိုတာ ပါမလာသမို႔ စိတ္ပ်က္သြားၿပီး ေခါင္းေဆာင္ဖူဖာကို ျမင္ကာ ဘီလူးစိမ္းႀကီး လုပ္ခိုင္းေလေတာ့သည္။
" ေခါင္းေဆာင္ လာပါဦး ဒီကို လာပါဦး အားလုံးပဲ ဘီလူးစိမ္းႀကီးကို ႀကိဳဆိုလိုက္ၾကပါဦး ''
" ေရး ခ်ပ္ခ်ပ္ ''
" ဒီကိုလာ ''
ေခါင္းေဆာင္ဖူဖာလည္း ဆရာမေထာ့ဖန္အနားသြားၿပီး ေက်ာက္သင္ပုန္းအေရွ႕မွာ ဆရာမေထာ့ဖန္ႏွင့္ ေခါင္းေဆာင္ဖူဖာ ကေလးေတြကို ပုံေျပာ သ႐ုပ္ေဆာင္ျပေလသည္။
" တစ္ခ်ိန္တုန္းက ဘီလူးစိမ္းႀကီးတစ္ေကာင္ ရွိတယ္ သူကအၿမဲစိတ္ရႈပ္ေနတတ္ၿပီး ရန္မူတတ္တယ္ ''
ဆရာမေထာ့ဖန္က အဲသလိုေျပာကာ ေခါင္းေဆာင္ဖူဖာက ခါးအနည္းငယ္ကိုင္း၍ လက္သီးဆုပ္ မ်က္ႏွာကို ဘီလူးလိုလုပ္ကာ ရန္မူစိတ္ရႈပ္သည့္ပုံ လုပ္ျပေလသည္။
" သူက သစ္ေတာေတြကို ဖ်က္ဆီးရတာ ႀကိဳက္တာ ''
ဆရာမေထာ့ဖန္က အဲသလို ေျပာလိုက္ေပမယ့္ ေခါင္းေဆာင္ဖူဖာက မလုပ္တတ္၍ မ်က္စျပဳျပရာ ဆရာမေထာ့ဖန္လည္း လုပ္ရမယ္ဆိုၿပီး မ်က္စျပန္ျပဳျပ၍ ေခါင္းေဆာင္ဖူဖာလည္း သစ္ေတာဖ်က္ဆီးသည့္ပုံ ကေလးေတြကို လုပ္ျပလိုက္ေလသည္။
" ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ သူက အရမ္းၾကင္နာတတ္တယ္ေလ ၿပဳံးၿပဳံးေလးနဲ႕ ခင္ဖို႔ေကာင္းတယ္ ''
ဒီလိုနဲ႕ ေခါင္းေဆာင္က လက္ႏွစ္ဖက္ကိုေထာင္ လက္ေခ်ာင္းေလးႏွစ္ဖက္ ေထာင္ကာ ၿပဳံးျပေနေလသည္။
" ဒါေပမယ့္ အၿမဲတမ္းလိုလို မ်က္ႏွာထားဆိုးၿပီး ေဒါသထြက္ေနတာ ''
" ေထာ့ဖန္ ''
ဆရာမေထာ့ဖန္က အဲသလို အမ်ိဳးမ်ိဳးလုပ္ခိုင္းသမို႔ ေခါင္းေဆာင္ဖူဖာလည္း ေထာ့ဖန္ဟု ေခၚၿပီး တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ရည္ေမာ၍ ေထာ့ဖန္က ေက်းဇူးပဲ ဟူ၍ ေျပာလိုက္ေလသည္။
" ေက်းဇူးပဲ ''
ဒီလိုနဲ႕ အဲ့လိုအေတြးလြန္ေနတဲ့ ေခါင္းေဆာင္ဖူဖာကို ကေလးေတြက ေခၚေနေပမယ့္ ေခါင္းေဆာင္ဖူဖာ ေခၚမၾကားပဲ ဆရာေလးထီရန္ကိုသာ ေငး၍ ၾကည့္ေနေလသည္။ ေနာက္မွ သတိထားမိေလသည္။
" ေခါင္းေဆာင္ ေခါင္းေဆာင္ ''
" ဒီမွာ ဘီလူးစိမ္းႀကီး မင္းက ဒီကို ဘယ္လိုေတာင္ လာရဲရတာလဲ အားလုံးပဲ ကိုယ့္ရဲ႕ ငွက္ႀကီးေတြကို အသင့္ျပင္ထားၾက ''
ဆရာေလးထီရန္က အဲသလို ေျပာၿပီး ကေလးေတြကလည္း ေခါင္းေဆာင္ဖူဖာ ဘီလူးစိမ္းႀကီးကိုလက္ထဲက ငွက္ႀကီး စာ႐ြက္ေလယာဥ္ေလးျဖင့္ ပစ္ေပါက္ေနေလသည္။
" အားလုံးပဲ ဘီလူးစိမ္းႀကီးကို တိုက္ခိုက္ၾက ျမန္ျမန္ ''
" အား အား အာ ''
အဲသလို ပစ္ေပါက္သမို႔ ေခါင္းေဆာင္ဖူဖာက ငုံ႕ထိုင္ေနရၿပီး လည္ပင္းကုတ္တည့္တည့္ ထိုစာ႐ြက္ေလယာဥ္ ငွက္ႀကီးက မွန္မိေလသမို႔ ေခါင္းေဆာင္ဖူဖာ နာသြားေလေတာ့သည္။
" ေခါင္းေဆာင္ ကြၽန္ေတာ္ မဟုတ္ဘူး ''
" ဒါဆို ဘယ္သူလဲ ''
ကေလးေတြက သူတို႔လုပ္တာမဟုတ္ဘူး ေျပာၿပီး ေခါင္းေဆာင္ဖူဖာက ကေလးေတြကို ဘယ္သူလဲ လို႔ ေမးေတာ့ ကေလးေတြက ဆရာေလးထီရန္ကို လက္ညိုးထိုးျပေလသည္။ ဆရာေလးထီရန္လည္း ရွက္ကိုးရွက္ကားျဖင့္ ကေလးေတြရဲ႕ ထိုးေနတဲ့လက္ညိုးကို သြားၿပီး ပုတ္ခ်ေလသည္။
ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို စူးစူးစိုက္စိုက္ၾကည့္ကာ ဆရာေလးထီရန္က ရွက္ကိုးကိုးျဖင့္ ကေလးေတြကို နာရီၾကည့္ၿပီး ေက်ာင္းဆင္းေပးလိုက္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း တပ္သားလန္ႏွင့္ ေရာ့ခ်န္းကို ကေလးေတြလိုက္ပို႔ဖို႔ ေျပာလိုက္ေလသည္။
" ကေလးတို႔ ဒီေန႕ အတန္းၿပီးၿပီေနာ္ ကေလးတို႔ အိမ္ျပန္လို႔ရၿပီ ျမန္ျမန္ အိတ္ေတြသိမ္းေတာ့ ''
" ေရးေဟး ''
" ေရာ့ နဲ႕ လန္ ကေလးေတြကို အိမ္လိုက္ပို႔လိုက္ဦး ''
" ဟုတ္ကဲ့ ''
" ကေလးတို႔ အိမ္ျပန္ၾကမယ္ လာ သြားၾကမယ္ ထမင္းသြားစာရေအာင္ သြားၾကမယ္ ''
ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာနဲ႕ ဆရာေလးထီရန္ ႏွစ္ေယာက္တည္း က်န္ရစ္ခဲ့ေလသည္။ ဆရာေလးထီရန္က အိမ္ျပန္မည္လုပ္ေတာ့ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္၏ လက္ကို လွမ္းဆြဲကာ တားလိုက္ေလသည္။
" ေနဦး ''
" အဆင္ေျပရဲ႕လား ''
" မင္းေရာ ငါ့ကို ေျပာစရာတစ္ခုခုရွိလား ''
အဲသလို ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာထားက တစ္ခုခုကို သိေနသည့္ ပုံစံမ်ိဳးျဖင့္ ဆရာေလးထီရန္ကို အေသအခ်ာစူးစိုက္၍ ေမးလိုက္ေလသည္။ ဆရာေလးထီရန္လည္း ခဏအၾကာ ၿငိမ္သြားၿပီး ေခါင္းေဆာင္ဖူဖာ ေမးသည္ကို မေျဖဘဲ ျပန္၍သာ ေမးလိုက္ေလသည္။
" ကြၽန္ေတာ့္ကို ဘာေျပာေစခ်င္တာလဲ ''
" မေန႕ညတုန္းက မင္းကို အိမ္လိုက္ပို႔ရင္း ''
ေခါင္းေဆာင္ဖူဖာက အဲသလို စကားကို ရင္တထိတ္ထိတ္ျဖစ္ေအာင္ ေျပာ၍ ဆရာေလးထီရန္က တကယ္ပဲ အိပ္မက္ထဲကလို ေခါင္းေဆာင္ဖူဖာ ေတြ႕သြားၿပီလားဟူ၍ စိတ္ပူေနေလသည္။
" ပစၥည္းေတြ ကုန္ေနတာ ေတြ႕တယ္ ''
အဲသလို ေခါင္းေဆာင္ဖူဖာက ေျပာလိုက္ရာမွ ဆရာေလးထီရန္ စိတ္ေအးသြားေလေတာ့သည္။
" ငါ ေစ်းကို သြားမလို႔ မင္း လိုက္ခ်င္လား ''
" လိုက္မယ္ ကြၽန္ေတာ္လည္း ဝယ္စရာေလးေတြ ရွိတယ္ ေရွ႕ကသြားေလ ''
အဲသလို စေနာက္၍ ဆရာေလးထီရန္ကို စူးစိုက္၍ ၾကည့္ေနေလသည္။ ဆရာေလးထီရန္လည္း ေခါင္းေဆာင္ဖူဖာ ေက်ာင္းစာသင္ခန္းမွ ထြက္သြားမွ စိတ္ေအး၍ သက္ျပင္းတစ္ခ်က္ ေလပူတစ္ပုတ္ မႈတ္ထုတ္လိုက္ေလသည္။
ဒီလိုနဲ႕ ဆိုင္ကယ္ေလးျဖင့္ ေစ်းဝယ္သြားဖို႔ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို ေနာက္မွာထိုင္နိုင္လား ဟူ၍ ေမးလိုက္ေလသည္။
" ေနာက္မွာ ထိုင္နိုင္လား ''
" ကြၽန္ေတာ့္ကို အရမ္း အထင္မေသးနဲ႕ ေခါင္းေဆာင္ ''
ဒီလိုနဲ႕ ေခါင္းေဆာင္ဖူဖာက ဆိုင္ကယ္ေလးကို တက္ခြလိုက္ေလသည္။
" တက္ေလ ''
ေခါင္းေဆာင္ဖူဖာက အဲသလို ေျပာသမို႔ ဆရာေလးထီရန္လည္း အေနာက္မွ တက္ထိုင္လိုက္ေလသည္။ ထို႔ေနာက္ ျပဳတ္မက်ေအာင္ ေခါင္းေဆာင္ဖူဖာက
" ကိုင္ထား ''
ဟူ၍ ေျပာကာ ဆရာေလးထီရန္လည္း သူ၏လက္ႏွစ္ဖက္ကို ေခါင္းေဆာင္ဖူဖာ၏ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ေလသည္။
" အဲဒီကို မဟုတ္ဘူး ''
ေခါင္းေဆာင္ဖူဖာက အဲသလိုေျပာၿပီး ဆရာေလးထီရန္၏ လက္ႏွစ္ဖက္ကို သူ၏ပုခုံးေပၚမွ ကိုင္ခ်ကာ ခါးကို ေျပာင္းၿပီး ဖက္ထားခိုင္းေလသည္။
" တစ္ခုခု လုပ္ဖို႔ ေျပာရင္လည္း ဆူတယ္လို႔ ငါ့ကို အပစ္တင္ဦးမယ္ တင္းတင္းေလး ဖက္ထား ''
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုုကိုေမာင္