Thantophobia

Par EstellaHnin

36.5K 1.9K 42

လွတ်ထွက်သွားမှာ​စိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင... Plus

Part: 1
Part: 2
Part: 3
Part: 4
Part: 5
Part: 6
Part: 8
Part: 9
Part: 10
Part : 11
Part: 12
Part: 13
Final Part
gl

Part: 7

1.6K 116 0
Par EstellaHnin

မယ်နရီဆီကထွက်လာပြီး အိမ်မပြန်ချင်သေးတဲ့ခြေထောက်တွေကြောင့် လမ်းဘေးတစ်နေရာကားထိုးရပ်ပြီး ပွက်ပွက်ဆူနေတဲ့ဒေါသအပေါင်းကို မရမကချုပ်ထိန်းပြီးမှ အိမ်ပြန်ရောက်တော့ မိုးတောင်ချုပ်နေလေပြီ။
ချစ်သောသူမတစ်ယောက် အခုလောက်ဆို စိတ်ဆိုးလို့အလိုမကျခြင်းတွေနဲ့မုန်းပြတော့မည်လား ။မုန်းလည်းမုန်းပါစေ ဒီရင်ဘက်ရဲ့နာကျင်မူ့ကလည်းထူးမနေတော့ပါဘူး။
ကိုယ်ပိုင်ဆိုင်တဲ့တစ်စုံတစ်ရာကို နိဗ္ဗာန်နဿပစ္စယောဟောတုလို့ သူတစ်ပါးအားပေးအပ်ရအောင်ဒီဘဝမှာ တရားမပေါက်ခဲ့တာပဲ ကိုယ့်ဘဝရဲ့ဆိုးရွားတဲ့ဖြစ်တည်မူ့လို့မှတ်ယူလိုက်ပါ။

ပန့်ရဲ့အိပ်ခန်းတံခါးလေးအသာဟကြည့်တော့ ကုတင်ထက်ဝယ်သူမလေးက ဘေးတစောင်းလေးလှဲလို့ သူမဘေးနားလေးထိုင်လိုက်ပြီး နံဖူးထက်ဝဲနေတဲ့ဆံနွယ်လေးတွေအသာသပ်တင်ပေးလိုက်တော့ မျက်လုံးလေးတွေက မှိတ်ထားသည့်တိုင်မို့အစ်နေလေ၏။

"ပန်..နင်အိပ်သွားပြီလား!"

ဘာမှပြန်ဖြေကြားခြင်းမရှိလာတဲ့သူ..အိပ်စက်ဖို့အတွက် မှိတ်ထားတဲ့မျက်ဝန်းတွေမဟုတ်လို့ ကိုယ်ပြောတာမကြားနိုင်ပါဘူးပေါ့ ။

"ငါတောင်းပန်ပါတယ်...နင်ငါ့ကိုစိတ်ဆိုးလို့ရတယ်။ ဒါပေမယ့် ငါလုပ်ခဲ့တာတွေက နင့်ကိုချစ်လို့ပါပန်ရယ်"

အိပ်မပျော်သေးတာကိုသိတာမို့လို့ မကြားချင်လည်း နင်ကြားနေမှာပါ။
ခါးနားသို့ရောက်နေတဲ့စောင်လေး ပုခုံးထိဆွဲခြုံပေးခဲ့ပြီး နံထင်လေးအားခပ်ဖွဖွနမ်းခဲ့သည်၊ မြတ်နိုးလိုက်ရတာဒီကောင်မလေးကို တန်ဖိုးကြီးလွန်းတဲ့နင်နဲ့ငါရဲ့ဒီဆုံစည်းခြင်းအတွက် ငါနာကျင်ရလည်းဖြစ်တယ် လက်လွှတ်ဖို့တော့မဖြစ်တာမို့လို့။

** ** **
မနက်မိုးအလင်း အိမ်အောက်ထက်မှတစ်ဒုန်းဒုန်းတစ်ဒိုင်းဒိုင်းအသံတွေကြောင့် အိပ်နေရာမှ ပန် လူးလွှန့်နိုးလာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ စောစေားစီးစီး
ငြီးငြူလျှက် အိပ်ယာကထလိုက်တော့ အညိုရင့်ရင့်ဆံနွယ်အရှည်တွေက ဆုတ်ဖွားဖြစ်လို့ အားရအောင်တစ်ဝှါးဝှါးသန်းပြီးမှ ပန်ဟာရေချိုးခန်းထဲရောက်ခဲ့တယ်။

အခန်းထဲကထွက်လိုက်သည်နှင့် နှာခေါင်းထဲတန်းရောက်သည့် ညော်နံလိုလို မီးခိုးနံလိုလိုတွေကြောင့် ရုတ်တရက်တွေးလိုက်မိတာက ဘုရား! မီးများလောင်နေတာလား။
လန့်ဖျန့်၍ အောက်ထပ်ဆင်းပြေးကာကြည့်မိတော့ မီးတော့လောင်မနေ အဲ့ဒီအစားဝိုင်းက မီးဖိုချောင်ကိုအကြမ်းဖက်နေသည် ။ပြန်ကျဲနေတဲ့ အမျိုးအမည်မသိအရွက်ပေါင်းသောင်းခြောက်ထောင်နှင့်အတူ ဘဲလား ကြက်လားခွဲမရတဲ့တိရစ္ဆာန်ကို အကောင်လိုက်ခုတ်ထစ်ထားတာများ အဲ့ဒီအကောင်သာ ဝိဥာဥ်ဘဝနဲ့သူ့အဖြစ်သူပြန်မြင်ရင် ပြန်သေချင်စိတ်ပါပေါက်မယ်။
မီးဖိုပေါ်မှာလဲ ဘာမှန်းမသိတည်ထားတဲ့အိုးကအငွေ့တစ်ထောင်းထောင်းနဲ့ ဘေစင်ထဲမှာလည်း ပန်းကန်အပေတွေအပြည့် သပ်ရပ်နေတဲ့မီးဖိုချောင်ကိုနေ့ချင်းညချင်း အမှိုက်ပုံနဲ့တူအောင် ဖန်ဆင်းပစ်လိုက်တာ ။ဝိုင်း နင်တော်လိုက်တာဟယ်။

"ဟဲ့!! ဝိုင်း...နင်ဘာတွေလုပ်နေတာလဲ"

အလန့်တကြားနဲ့ပန့်ရဲ့အမေးကြောင့် လှည့်ကြည့်လာတဲ့ဝိုင်း ငွေဖြူရောင်ဆံနွယ်တွေကို ခပ်မြင့်မြင့်ထုံးလို့ ဖြူဝင်းဝင်း V Shapeမျက်နှာကျလေးမှာ ချွေးစလေးတွေကပ်ညှိနေလိုက်တာ။ စွပ်ကျယ်အဖြူလေးဝတ်ကာဖြင့် ကလန်ကလားအရပ်နဲ့ ပန့်ကိုကြည့်ပြီး နှစ်လိုဖွယ်ပြုံးပြနေတဲ့သူမက stateကျောင်းထဲက ယောကျ်ားလေးတင်မဟုတ် မိန်းကလေးတွေပါမြင်တာနဲ့ပစ်ကြွေခြင်းခံခဲ့ရတာ အဲ့ဒီလိုသူမက အခုလိုမီးဖိုချောင်နဲ့ မလိုက်ဖက်တာထက်ပိုတယ် အခုမှသေချာကြည့်မိပါရဲ့ ဟိုးအရင်ကဝိုင်းရဲ့အမိုက်စားbodyက အခုအတော်လေးပိန်ကျသွားပါရောလား။

"ငါနင်ကြိုက်တဲ့ဘဲသားဆန်ပြုတ်လုပ်နေတာ"

"ဟင်။ ဘဲသားဆန်ပြုတ်တစ်ပွဲလုပ်တာ ဒီလောက်ထိတိုင်းပြည်ပျက်သလိုဖြစ်စရာလိုလို့လား"

ထမင်းစား စားပွဲမှာထိုင်လိုက်ပြီး ပန်ကစ်ိတ်ပျက်လက်ပျက်ပြောလေသည်။

"အဲ့တာများဝိုင်းရယ်...။မနေ့ကငါ့အခန်းထဲငါနေနေတာတောင် မျက်စိတောက်ထောက်ကြည့်နေတဲ့ နင့်ရဲ့ ဟို ဖိုက်တာလိုလို ဂန်းစတားလိုလိုလူတွေကိုလုပ်ခိုင်းပါလား !! သူများကိုဆွဲလွဲဖို့တော့သိတယ် ဆန်ပြုတ်ကြတော့မလုပ်တတ်ဘူးလား ဟမ် ဟမ်"

ပန်ကဆောင့်အောင့်ပြီး ပြောနေလေတော့ ဝိုင်း တစ်ဟားဟားအော်ရယ်ကာပန့်ရှေ့ဆန်ပြုတ်ပန်းကန်ရှေ့ချပေးပြီး မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်လေသည်။

"နင်ကတော့လေ ပြောလိုက်မှဖြင့်!!
ငါကသူတို့ကို မလိုအပ်ပဲအချိန်တိုင်းမခေါ်ထားပါဘူး...နင်နဲ့လည်းသိပ်စိတ်မချဘူးလေ"

"အဲ့လိုငါ့ကိုမယုံကြည်ပဲ ချစ်တယ်လို့ပြောနေတာတွေကသဘာဝမကျတာ "

"ငါကနင့်ကိုယုံပါတယ်! ဘေးကလူတွေကိုမယုံတာ "

ဝိုင်းရဲ့စကားက မယ့်ကိုရည်ရွယ်မှန်းသ်လိုက်လေတော့ ပန်စိတ်ပျက်စွာသက်ပြင်းချင်း ရှေ့ကဆန်ပြုတ်ကိုသာတစ်ဇွန်းခပ်၍စားလိုက်သည်။ ထို့နောက် ။

"ဖွီး...!!"

"ဝိုင်း!! ဒါဘာကြီးလဲ"

ပါးစပ်ထဲကဆန်ပြုတ်တွေပြန်ထွက်ရင်းဆန်ပြုတ်ပန်းကန်ကိုလက်ညှိုးနှင့်ထိုး၍ အထိတ်တလန့်မေးလေသည့် ပန့်ကြောင့်ဝိုင်းတစ်ယောက်ကြောင်အ စွာဖြင့်။

"ဆန် ဆန်ပြုတ်လေ...ဘာဖြစ်လို့လဲ"

"မဖြစ်နိုင်ဘူး! ဒါဘယ်နည်းနဲ့မှဆန်ပြုတ်မဖြစ်နိုင်ဘူး.... ဝိုင်း နင်ဘာတွေကြံစည်ပြီး ဘာဆေးတွေခပ်ထားလို့ဒီလိုအရသာကြီးထွက်နေရတာလဲ"

ပန်အပြောကြောင့် ဝိုင်းကသူ့ဆန်ပြုတ်သူ ပြန်မြည်းကြည့်သည်။ ထို့နောက်

"ဝေါ့ !!"

ပြန်တောင်အန်ထွက်တဲ့အဖြစ်ရယ်ပါ။

"ငါလည်းမသိဘူး..ဘာလို့ ဒီလိုထူးဆန်းတဲ့အရသာကြီးထွက်နေရတာလဲ"

ပန်တစ်ယောက်ကိုယ့်နဖူးကိုသာကိုယ်ရိုက်မိပါတော့သည်။

"တော်တော့..ငါဘာငါခေါက်ဆွဲပြုတ်စားရင်တောင်အရသာရှိဦးမယ်"

ပန်ကစိတ်တိုတိုနဲ့ပြောတော့ ဝိုင်းကမျက်နှာလေးငယ်နေသည်။

"နင်ကလဲ! ငါမနက်အစောကြီးထပြီး ကြိုးစားပန်းစားချက်ထားရတဲ့ဟာကို"

အော့အန်ချင်စရာအရသာအပြည့်ပေးစွမ်းနိုင်အောင်များ ဒီဆန်ပြုတ်ကိုသူဘယ်လိုတောင် ကြိုးစားပြုတ်လိုက်တယ်မသိဘူး။

"တိတ်စမ်း!! ဘာမှလည်းမလုပ်တတ်ပဲနဲ့ အချိန်ကုန်ခံနေသေးတယ်...ပြီးရင် မီးဖိုချောင်ကို နဂိုမူလကအခြေအနေအတိုင်းပြန်ဖြစ်အောင်သေချာပြန်လုပ် "

အဆူခံရလို့နှုတ်ခမ်းလေးဆူကာ မျက်လုံးလေးပေကလပ်ကလပ်နဲ့ ပြန်ကြည့်နေတဲ့ဝိုင်းကြောင့် ပန်သက်ပြင်းသာချ၍ ခေါင်းသာတွင်တွင်ခါနေမိတော့သည်။

** ** **

လည်ချောင်းထဲစီးဝင်သွားတဲ့ပြင်းပြင်းရှရှအရသာနဲ့ ဒီအရက်ခါးခါးတွေက ရင်ဘက်ထဲကနာကျင်မူ့ကိုခြေဖျက်ဖို့လုံလောက်ပါရဲ့လား။

ကိုယ့်ချစ်ခြင်းတွေရှိရာအရပ်မှာ မနေဖြစ်ခဲ့ပေမယ့် မင်းရှိရာအရပ်တိုင်းမှာတော့ကိုယ်ချစ်ခြင်း​တွေလွှမ်းမိုးပါတယ် ရေလိုအေးပြီးပန်းလိုမွှေးပါစေပေါ့။ သတိရခြင်းတွေက ကြယ်ပွင့်လေးထံသို့....လွမ်းဆွတ်မူ့တွေက မျက်ဝန်းတွေကိုငွေ့ရည်ဖွဲ့စေတယ်။ မျက်ရည်မကျဖို့လည်း ကိုယ်မတားရက်ခဲ့ဘူး။ တစ်ကယ်တော့ မဟော်သဓာရဲ့သားတရားစီရင်ခန်းထဲကလို မိခင်ကသူ့ကလေးကို မချစ်လို့လက်လွှတ်လိုက်တာမဟုတ်ပဲ မနာကျင်စေချင်လို့လက်လွှတ်လိုက်တာမျိုးပါ၊ လွတ်ထွက်သွားတဲ့လက်တစ်ဖက်အတွက် သူ့ရင်ထဲကအပူကိုတော့ ဘယ်သူနှိုင်းဆနိုင်မှာတဲ့လဲ။

ကိုယ်ကမင်းကိုမက်မောတဲ့သူပါ တစ်နည်းအားဖြင့် မင်းရဲ့ပျော်ရွှင်ခြင်းတွေကိုမက်မောတဲ့သူပေါ့။ တစ်နေ့နေ့ ကိုယ့်ရဲ့အချစ်တွေသာ မင်းအတွက်အဆင်မပြေဖြစ်ခဲ့ရင် ဒီချစ်ခြင်းတွေတိတ်ဆိတ်ပစ်လိုက်ရလဲ ကိုယ်ကတစ်ကယ်ကိုဖြစ်ခဲ့ပါတယ်။ အကယ်၍ဝေးသွားခဲ့ကြရင် ဆိုတာမျိုးကိုမတွေးမိခဲ့တဲ့ ကိုယ့်အပြစ်ပါလေ။ ကဲ အခုတော့လည်းဝေးသွားကြပြီတဲ့လား။

"မယ်!! မယ်ရေ..."

တစ်ယောက်ထဲ barမှာ အရက်ပြင်းပြင်းတွေသောက်နေတဲ့မယ့်ဆီသို့ မသက်ကစိုးရိမ်စွာဖြင့်ရောက်ရှိလာသည်။

"ဟာ..မသက်ပါလား"

မျက်ဝန်းတွေကမျက်ရည်တွေပြည့်နှက်နေဆဲဖြစ်တောင် မသက်ကိုပြုံးပြနှုတ်ဆက်လိုက်သေးသည်။

"မယ်!! companyကိုလည်းပုံမှန်မလာဘူး....နင်ဘာတွေဖြစ်နေတာလဲ"

"မယ်လေ..မယ်စိတ်တွေဝမ်းနည်းနေတယ်သိလား မသက်!!"

"ဒီလောက်ပြင်းတဲ့အရက်တွေသောက်နေတာလား!! တစ်ခါမှလည်းမသောက်ဖူးပဲနဲ့မယ်ရယ် ဘာလို့သောက်ရတာလဲ"

"မသက်! မယ့်ရဲ့ပန်လေးကလေ ရုတ်တရက်ကြီး မယ့်အနားကနေထွက်သွားတာ နှုတ်တောင်မဆက်ဘူး "

​မယ်ကပြောနေရင်းမှ အသံတွေကငိုသံနှင့်အတူတိမ်ဝင်နေခဲ့သည်။

"အင်းပါမယ်ရယ်..မသက်သိတယ်! အခုတော့အိမ်ပြန်ရအောင်နော် မယ်ကလိမ္မာပါတယ်"

"အိမ်ပြန်တော့ရော ပန်ကပြန်လာမှာမို့လို့လား...မယ် ပန်နေခဲ့တဲ့အိမ်ကိုဘယ်နှစ်ကြိမ်ပဲသွားသွား ပန်မရောက်နေခဲ့ဘူး"

မသက်ရဲ့လက်တွေကိုဖက်တွယ်လို့ ရင်ခွင်ထဲတိုးကာ ဆို့ဆို့နစ်နစ်ငိုရှာတဲ့မယ့်ကို မသက်ကလည်း ကျောလေးပွတ်ပေး၍နှစ်သိမ့်ပေးပါသည်။

"မယ် ပန့်ကိုအရမ်းလွမ်းတယ် ပန့်ကိုအရမ်းတွေ့ချင်တယ်"

ဝမ်းနည်းစွာရှိုက်ကြီးတငင်ငိုနေတဲ့မယ့်ရဲ့အဖြစ်ကိုကြည့်ပြီး မသက်သည်လည်းစိတ်မကောင်းရုံကလွဲပြီး ဘာလုပ်ပေးရမလဲအမှန်တစ်ကယ်တွေဝေခဲ့ပါသည်။

လက်ပြလို့နှုတ်ဆက်ထားခဲ့သော်
မချစ်ကြကြေးနော်လို့အမိန့်ပေးခဲ့သော်
မနီးမဝေးတစ်နေရာမှာ ရပ်နေခဲ့ပါ့မယ်
ယိုင်နဲ့နေတဲ့ခြေထောက်တွေကို မင်းတစ်ကယ်မမြင်စေရဘူး။

** ** **
ငြိမ်သက်နေရာက ရုတ်တရက်တိုက်ခက်လာတဲ့လေနုအေး...မိုးရဲ့အငွေ့အသက်တွေပါတော့ အေးစိမ့်စိမ့်ရယ်
အဝေးကလွင့်ပျံလာတဲ့ Bellie Eillishရဲ့ Lovelyသီချင်းကိုနားထောင်ရင်း ကောင်းကင်ကိုမော့ကြည့်မိတော့ မိုးလေကင်းစင်လို့ ကြယ်ရောင်စုံမှိုတ်တုတ်လက်နေသည်။
တစ်ခါတလေသိချင်မိတယ် ကြွေကျသွားတဲ့ကြယ်စင်တွေအတွက် ကောင်းကင်ကအမှတ်တရရှိရဲ့လားဆိုတာ
ဒါမှမဟုတ်...ကောင်းကင်ကပဲလွတ်မြောက်ခွင့်ပေးခဲ့တာလား။
ကြယ်တွေကပဲကြွေချင်ခဲ့တာလား။

လက်တလော ညစဥ်လုပ်ဖြစ်နေတဲ့အတိုင်း ဝရန်တာပေါ်လက်တင်လို့ လွတ်မြောက်ခွင့်ပေးမိတဲ့အတွေးတို့ရဲ့ဦးတည်ချက်က တစ်ကယ်လို့ ဒီမိန်းကလေးကိုသာဆုံးရှုံးခဲ့ရရင်တဲ့...။
ငါ့ရဲ့အဖြစ်က မီးတောက်တွေနဲ့ပဲတိုက်ခိုက်နေရသလို၊ ဆူးခွေတွေကိုပဲပွေ့ပိုက်ထားရသလို ဘယ်ကိုပဲသွားသွား ဘယ်နားမှာပဲနေနေ တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့မင်း နာကျင်စေမိတဲ့အခါ ထွက်ပြေးသွားမလား စွန့်ခွာသွားမလား
မဆုံးရှုံးနိုင်ခြင်းအတ္တတွေနဲ့ပေပေတေတေ ချုပ်ထိန်းထားရတဲ့ အတွေးတွေကဦးနှောက်ထဲကဖယ်မပေးဘူး ငါဘယ်လိုလုပ်ရပါ့မလဲ။

စီးကရက်တစ်လိပ်ကိုမီးညှိပြီး ရှိုက်ဖွာလိုက်သည်၊ ရှုပ်ထွေးနေတဲ့အတွေးတွေ ဆေးလိပ်ငွေ့ထဲရောပါသွားမလား မျှော်လင့်ချက်နဲ့။

"နင်ဘယ်တုန်းထဲက အဲ့ဆေးလိပ်တွေသောက်တတ်နေတာလဲ ဝိုင်း"

ဝိုင်းရဲ့အနားသို့ ပန်ကရုတ်တရက်ရောက်လာပြီးပြောလေသည်။
နို့နစ်ရောင် ညဝတ်ဂါဝန်လေးနဲ့ဖြူဥဥသူ့အသားအရည်လေးကလိုက်ဖက်ပါပေသည်။

"ငါအမေရိကားမှာထဲက နင့်ကိုလွမ်းတိုင်းသောက်ဖြစ်ရာကဆိုပါတော့"

"ကျစ်...ဆေးလိပ်သောက်တာမကောင်းဘူးဆိုတာ နင်သိတာလား နင်မသိတာလား"

"ငါကလေးမှမဟုတ်တာပဲပန်ရယ်။ မကောင်းမှန်းတော့ ငါလဲသိတာပေါ့"

"သိရင်ဘာလို့ဆက်သောက်နေသေးလဲ"

ပန်ကပြောလဲပြော ဝိုင်းလက်ထဲကစီးကရက်ကိုလည်းအဝေးကိုလွှင့်ပစ်လိုက်သည်။

"နင်အခုထိမအိပ်သေးဘူးလားပန်"

"နင်ကြတော့ရော အိပ်သေးလို့လား"

ပန်ကနှုတ်ခမ်းလေးထော်ကာပြောလိုက်တော့ သူ့လည်ပင်းလေးသူပွတ်ကာ ရယ်လိုက်တဲ့ဝိုင်း ဖြတ်တိုက်သွားတဲ့လေပြေတစ်ခုကြောင့် ဝေ့ဝဲသွားတဲ့ငွေဖြူရောင်ဆံနွယ်လေးတွေကြား ဝိုင်းရဲ့မျက်နှာလေးက နုချောနေပေမယ့် မျက်လုံးအိမ်ထဲကပင်ပန်းနေတဲ့အငွေ့အသက်တွေကတော့ထင်းထင်းရှားရှားရယ်...။အင်း ဘယ်လိုပဲဖြစ်ဖြစ် ဝိုင်းကဘယ်လိုနေနေ တစ်ကယ်ကြည့်လို့ကောင်းတယ်။

"အေးနော်..ဟုတ်သားပဲ "

ထို့နောက်ဝိုင်းက ပန့်လက်လေးနှစ်ဖက်ကိုဖြေးညင်းစွာဖြင့်ဆုပ်ကိုင်လိုက်ပြီး

"ငါဒီညအထီးကျန်နေလို့ ငါနဲ့လာအိပ်ပေးပါလား ဟင် ပန်"

တောင်းဆိုသလိုလေး နူ့နူ့ညံ့ညံ့ပြောလာသည်ကြောင့် ပန်ခေါင်းငြိမ့်လိုက်သည်။
ကျေနပ်သွားသည့်ဝိုင်းက ပြုံးကာဖြင့် ပန့်ပါးလေးတစ်ဖက်ကိုမြတ်နိုးစွာငုံ့နမ်းလိုက်သည်။

ပန်ကကုတင်လေးပေါ်ထိုင်လိုက်သည်နှင့် ဝိုင်းတစ်ယောက် ပန့်ပေါင်ပေါ်ခေါင်းအုန်းလို့ရုတ်ခြည်းလှဲချလိုက်လေသည်။

"ဟဲ့ နင်ဒီလိုမျိုးအိပ်မလို့လား"

"အင်းလေ! ငါငယ်ငယ်ထဲက အိပ်မပျော်ရင် နင်ပေါင်ပေါ်အိပ်နေကြပဲဟာ"

"နင်က ၁၀နှစ်ကလေးလား"

ပန်က​ဝိုင်းမျက်နှာပေါ်အုပ်မိုးကာ နှုတ်ခမ်ူတသ်ချွန်ချွန်ဖြင့်ပြောသည်ကြောင့် ဝိုင်းကပြုံးလိုက်ပြီး ပန့်လက်လေးတစ်ဖက်ယူကာ လက်ဖမိုးကိုကြင်နာစွာနမ်းရှိုက်ပြန်၏။

"ဝိုင်း..နင့်ကိုငါနဲ့ပက်သတ်ပြီးအရမ်းမတွေးစေချင်ဘူး"

"...."

"ဟဲ့!! ကြားလား"

ဘာမှပြန်မပြောလာတဲ့ဝိုင်းကြောင့်စိတ်တိုတိုနဲ့ပိတ်အော်လိုက်တော့ ဝိုင်းကသဘောတကျရယ်သည်။

"အေးလို့! "

ဒီတော့မှ ပန်ကမျက်စောင်းထိုးကာ ဝိုင်းနဖူးကိုလက်ဖြင့်တောက်လိုက်သည်။

"အိပ်တော့!!"

ညအိပ်ယာဝင်ခါနီးမို့လို့ မပြင်မဆင်မခြယ်မသနဲ့တောင် ကြည်ကြည်လင်လင်မျက်နှာလေးနဲ့ တစ်ကယ်လှတဲ့ ငါ့ရင်ထဲကထာဝရလေး ။

T.B.C

Continuer la Lecture

Vous Aimerez Aussi

1.7M 116K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
44.1K 2.6K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
13.1K 786 10
ဟိုတယ်ပိုင်ရှင်ကောင်မလေးနဲ့ ဟိုတယ်မန်နေဂျာ အန်တီတို့ရဲ့ ဇာတ်လမ်းလေးပါ..
1.6K 89 6
သူမရဲ့ဘဝကြီးဟာ အရောင်တွေမဲ့နေခဲ့တာကြာပြီ။ နွေဦးဟာ ပန်းတွေအရောင်စုံပေမယ့် သူမရဲ့အသိတွေထဲမှာတော့ ပန်းတွေမပွင့်တာကြာခဲ့ပါပြီ။ နွေဦးရဲ့လေရူးလေးတွေက တစ်စု...