(Unicode Version)
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
Chapter - 2(C)
အပိုင်း (၆)
" မင်းရဲ့ခေါင်းဆောင်က ခွေးလို ရက်စက်တယ်လို့ ဘာလို့ ထည့်မရေးထားတာလဲ ''
အဲ့နောက် ဆရာလေးထီရန် အိမ်သာတက်ချင်၍ ဗိုက်အောင့်လာလေတော့သည်။ မှန်၏။ သူ၏ ကျန်းမာရေးကြောင့် ရှောင်ခိုင်းတဲ့အစပ် မရှောင်ဘဲ စားမိ၍ ဗိုက်အောင့်လာခြင်း ဖြစ်လေသည်။
" အာ ဘာလို့အခုချိန်မှလဲကွာ ''
အဲ့နောက် ကြယ်တစ်ထောင်ပုံပြင်စာအုပ်ထဲမှာ ထော့ဖန်က အိမ်သာတက်သည့်အကြောင်း ထည့်ရေးထားသည် ကို သတိရ၍ ဆရာလေးထီရန် အိမ်သာတက်ဖို့ မီးအိမ်ကိုင်ကာ ထွက်လာလေတော့သည်။
" သရဲကားတွေထဲမှာ ညဘက်တစ်ယောက်တည်း ရှိနေချိန်ဆို ခွေးဟောင်သံတွေ ကြားရတယ် ဒါပေမယ့်
ဒီနေရာမှာက တိတ်ဆိတ်လွန်းလို့ အနည်းဆုံး ခွေးဟောင်သံလေးတော့ ကြားချင်မိတယ် ''
အဲ့နောက် ဆရာလေးထီရန် ဝါးခြမ်းကာထားသည့် အိမ်သာကို ရောက်သွားလေတော့သည်။ အိမ်သာက ကျင်းနှင့်တစ်ဆက်တည်း စွန့်ရသည့် အိမ်သာမျိုး ဖြစ်လေသည်။
မီးအိမ်လေးဘေးမှာချိတ်ကာ အိမ်သာ တက်နေတုန်း တောက်တဲ့ အော်သံကို ကြား၍ ခွေးဟောင်သံတွေပါ ကြားရကာ ဆရာလေးထီရန် ကြောက်ပြီး
မသုတ်ဘဲ ဘောင်းဘီအမြန်ဆွဲတင်ကာ မီးအိမ်ယူပြီး ပြေးထွက်လာခဲ့လေတော့သည်။
" တောက်တို..တောက်...ဝုတ်..ဝုတ်..အူ..ဝူး.. ''
ဖာဖီရွန်တပ်စု မှာ ခေါင်းဆောင်ဖူဖာ မအိပ်သေးဘဲ လည်ပင်းတွင် တဘက်ပတ်ထားပြီး တပ်အိမ်အပြင်ဘက် ပုခက်ရှည်မျောမျောပေါ်ထိုင်ကာ လက်ထဲတွင်လည်း ပလွေကို ကိုင်ထားလေသည်။
အဲ့နောက် ခေါင်းဆောင်ဖူဖာက ဆရာမထော့ဖန်နှင့် အဖြစ်အပစ်ကို သတိရလေတော့သည်။ ဆရာမထော့ဖန်နှင့် ခေါင်းဆောင်ဖူဖာ ဖာပန်းဒေါင်း ကျောင်း အရှေ့မှာ စကားပြောနေကြလေသည်။
" ရော့ မနေ့က ကလေးတွေကို ပုံပြင်ပြောပြပေးတဲ့အတွက် ဆုပေးတာ ''
ဆရာမထော့ဖန်က ခေါင်းဆောင်ဖူဖာအား ပုလွေလေးပေးသမို့ ခေါင်းဆောင်ဖူဖာလည်း ထော့ဖန်ကမ်းပေးသော ပလွေလေးကို ကမ်းယူလိုက်သည်။
" ပလွေလား ''
" အင်း ဒေါက်တာနမ်ဆီက ကြားထားတယ် ခေါင်းဆောင်က ပလွေမှုတ်တတ်တယ်ဆို ပြိုင်ပွဲတောင် နိုင်ဖူးတယ်မလား မှုတ်ပြပါဦး ''
" မေ့သွားပြီ ''
" ခေါင်းဆောင် မရဘူး မှုတ်ပြ ''
" တကယ်မေ့သွားပြီ ''
" မရဘူး နားထောင်ချင်တယ် ''
ဟူ၍ ပြုံးကာပြောလိုက်သည်မို့ ခေါင်းဆောင်ဖူဖာက ဆရာမထော့ဖန်အား ပြုံးရည်၍ ခေါင်းလေးကိုအသာလေး ပွတ်သပ်လိုက်လေသည်။
ဒီလိုနဲ့ ဖာဖီရွန်တပ်စုမှာ ခေါင်းဆောင်ဖူဖာ မအိပ်နိုင်သေးပဲ ည၏အမှောင်ကြားမှာ ပလွေလေးကို ငေးကြည့်ကာ အဲသလို သတိရနေလေသည်။ အဲ့နောက် ပလွေလေးကို နှုတ်ခမ်းမှာတေ့ကာ စပြီး သံစဥ်ကို မှုတ်ထုတ်လိုက်လေသည်။
" ဒို..ရေ..ဖာ..တီ..ဒို...စသဖြင့်.. ''
ခေါင်းဆောင်ဖူဖာက အဲသလို ပလွေမှုတ်ရင်း ဆရာမထော့ဖန်နှင့် အတူရှိစဥ်က ခံစားမှုကို တွေးကာ ရုတ်တရက် ဆရာလေးထီရန်အား စတွေ့စဥ်က ရင်ခွင်ထဲ ပွေ့ဖက်မှုကလည်း ရင်းနှီးနေသလို ခံစားရသည်ကို သိ၍ ပလွေမှုတ်နေတာကို ချက်ချင်းရပ်ပစ်လိုက်လေသည်။
အဲ့နောက် ဆရာလေးထီရန်အား မကြာသေးမီအချိန် ခြင်ထောင် ထောင်ပေးစဥ်က ဆရာလေးထီရန် ခေါင်းဆောင်ဖူဖာ၏ ရင်ခွင်ထဲ ရောက်နေသည့်အချိန်က ခေါင်းဆောင်ဖူဖာ ဆရာလေးထီရန်၏ အကြည့်တွေကို သတိရကာ ခဏတာ တွေဝေစဥ်းစားပြီး နားမလည်ပေမယ့် ပြုံးရည်လိုက်လေသည်။
ထိုညအချိန်လေးတော့ ခေါင်းဆောင်ဖူဖာအား ဒွိဟဖြစ်စေပေမယ့် ဆရာလေးထီရန်နှင့် တွေ့လျှင် သူ၏ခံစားမှုက ထူးခြားလာသည် ဆိုတာကို သတိထားမိလျှင် ထားမိချေမည်။
နောက်တစ်နေ့မနက်
ကျောင်းအိမ်ယာ၌ ဆရာလေးထီရန်၏ အခန်းအပြင်မှ ကြမ်းကာကို ရိုက်ကာ ဆရာလေးထီရန်အား တစ်ယောက်ယောက်က ခေါ်နေသမို့ ဆရာလေးထီရန် သူ၏လိုအပ်သည့် ပစ္စည်းကို ကပြာကယာထည့်နေရလေသည်။
- ဘုတ်..ဘုတ်.. -
" အေး ကြားပါတယ် ခေါင်းဆောင်ရယ် ခဏလေးပါ ဘာလို့ တံခါးပဲ ခေါက်နေတာလဲ ''
ဆရာလေးထီရန်က အပြင်မှ တံခါးခေါက်နေတာကို ခေါင်းဆောင်ဖူဖာဟု ထင်ပြီး အဲသလိုပြောကာ သူ၏စာအုပ်တွေ ထည့်ထားသည့် အိတ်ကို ဘေး၌လွယ်ကာ အိမ်အပြင်ထွက်လာတော့ ခေါင်းဆောင်ဖူဖာ မဟုတ်ဘဲ ရော့ချန်းကို တွေ့လေတော့သည်။
" ကြားတယ်လို့ ခေါင်းဆောင်.. ဟာ... ''
" အေ..ခေါင်းဆောင်ဖူဖာ အလုပ်များနေလို့ ကျွန်တော် လာလိုက်တာပါ ''
" နေ့တိုင်း ခင်ဗျားပဲ ပို့လို့မရဘူးလား ''
မှန်၏။ ဆရာလေးထီရန်က ခေါင်းဆောင်ဖူဖာသာ သူ့ကိုကျောင်းပို့ပေးရင် အမြဲရန်လိုသည့်စကားပဲ ပြောနေရသမို့ ရော့ချန်းအား အဲသလို ရည်ကာ ပြောလိုက်ခြင်း ဖြစ်လေသည်။
" အများအားဖြင့်တော့ ကျွန်တော်ပဲ ပို့ရတာပါ ခေါင်းဆောင်ဖူဖာက အမြဲတမ်းကို အလုပ်များနေ
တာလေ မနေ့ကလည်း ဆရာလေးကို အဖော်ပြုဖို့အတွက် သူ့တာဝန်တွေကို ထားပစ်ခဲ့တာ အဖွဲ့က
လူတွေ အားလုံးက သူ့ကို အံ့သြနေကြတာ အော် အမြန်သွားတာ ကောင်းမယ် ကျောင်းသားတွေ
စောင့်နေကြလောက်ပြီ သွားကြမယ် သွားမယ် ''
အဲလိုနဲ့ ဆရာလေးထီရန်လည်း ရော့ချန်းပြောတာကို ကြည့်၍ ပြုံးကာ ရော့ချန်းနှင့်အတူ ဖာပန်းဒေါင်းကျောင်းကို သွားလိုက်ကြလေတော့သည်။
အဲသလို သူတို့ထွက်သွားတော့ ဘေးပတ်ဝန်းကျင်မှာ စိမ်းစိုသည့်တောတွေကာရံထားကာ တောင်ကုန်းတွေ ပေါ်၌ စိုက်ထားသည့် လက်ဖက်ခင်းကြီးကို ရောက်သွားကြလေတော့သည်။
" အများအားဖြင့်တော့ ရွာသားတွေက လက်ဖက်စိမ်း စိုက်ကြတယ် ကျွန်တော် ကြွားတာတော့
မဟုတ်ဘူးနော် ဒီက လက်ဖက်စိမ်းက အရမ်းကို မွှေးတာ ''
" ဟုတ် ''
" မယုံဘူးလား မွှေးကြည့်လိုက်ပါ ''
ရော့ချန်း က ဆရာလေးထီရန်အား လက်ဖက်ညွှန့်ကောက်ကာ မွှေးကြည့်ခိုင်းလေသည်။
" ဟွင်းန်း..အရမ်းမွှေးတာပဲ ''
" အကောင်းဆုံးပဲလို့ ပြောသားပဲ ပြီးတော့ ဒုတိယနေရာက အပ်ချုပ်အလုပ်ပဲ ကျန်တာတွေကတော့
မှိုတွေနဲ့ ဆေးဖက်ဝင်အပင်တွေကို စုပြီး ရောင်းကြတယ်
ဒါပေမယ့် အများကြီးတော့ မရပါဘူး ဘာလို့ဆိုတော့ ဒီနေရာက နယ်စပ်နဲ့ နီးတယ်လေ ''
ရော့ချန်းက အဲသလို ဖာပန်းဒေါင်းရွာက အလုပ်အကိုင်တွေကို စိတ်ဝင်တစားနှင့် ဆရာလေးထီရန်အား ရှင်းပြပေးနေလေသည်။
" အင်း အယ် ချန်း ''
" ဟုတ် ''
" ဖာပန်းဒေါင်းချောက်ကမ်းပါးက ဘယ်မှာ
ရှိတာလဲ ''
ဆရာလေးထီရန်က ဘာလို့ ထိုနေရာကိုမှ စွဲလမ်းနေရတာလဲ ဆိုတာ ထော့ဖန်၏နှလုံးထည့်ထားလို့များလား ထော့ဖန်ကားတိုက်မိတော့ ထိုနေရာကို စွဲလမ်းလို့သေဆုံးသွားသည်မို့လား ဆရာလေးထီရန်က တကယ်ပဲ သွားချင်ဖို့ ဆန္ဒ ပြင်းပြနေလို့များလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပေသည်။
" အော် ဒီတောင်ပေါ်မှာ ဒါပေမယ့် တောင်ခြေအထိပဲ သွားလို့ရတယ် လမ်းကြောင်းက အရမ်းကို
ရှုပ်ထွေးပြီး ကျဥ်းတယ် လမ်းပျောက်ပြီး သရဲတောင်ကုန်းရောက်သွားလို့ကတော့ သွားပြီပဲ
သိရဲ့လား ''
" သရဲတောင်ကုန်း ''
" ဟုတ်တယ် အဲဒီသရဲတောင်ကုန်းမှာ တောရဲ့ အစောင့်အရှောက်တွေ နေတယ်ဆိုပြီး ရွာသားတွေ
ယုံကြည်ကြတယ်လေ အယ် ရိုးရာအတိုင်း ခွင့်ပြုချက်မတောင်းဘဲ အဲဒီလမ်းမှာ ပျောက်သွားလို့
ကတော့ အသက်ပါ ပါသွားပြီပဲ ''
" ဟေ့ ချန်း ''
ရော့ချန်း၏ မနီးမလှမ်းမှ ကောင်လေးတစ်ယောက် ရော့ချန်းစကားမဆုံးခင် အော်လိုက်သမို့
ရော့ချန်း လန့်ကာသွားလေတော့သည်။
" အမလေး ဝွေး ဝေး ဟေး လန့်သွားတာပဲ ''
" မင်းငါ့ကို ဘာလို့ မစောင့်တာလဲ ''
" ဒီလောက်နီးနီးလေးကို ဘာလို့ အော်နေတာလဲ အသံလျှော့စမ်းပါ ရင်တောင် တုန်သွားတာပဲ ဝေး ''
ရော့ချန်းက ထိုကောင်လေးအား အလန့်တကြားပြောပြီး ဆရာလေးထီရန်အား ကြည့်ကာ
" ဆရာလေး သူက အဖွဲ့ထဲက တောစောင့်နောက်တစ်ယောက် လန် တဲ့ ကျွန်တော် ဒီမှာ မရှိတဲ့အခါမျိုးကျရင် သူကူညီပေးပါလိမ့်မယ် ''
လန်တဲ့။ အရမ်းချောပြီး သူ့ကိုယ်သူ ဖာပန်းဒေါင်းမှာ အချောဆုံးဟု ဂုဏ်ယူဝင့်ကြွား နေတဲ့ တပ်သားတစ်ယောက်။
" တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုလန် ''
" ရွာကနေ ကြိုဆိုပါတယ် ''
" ဟုတ်ကဲ့ ''
" သူ့ကို ရွာသားတွေနဲ့ မိတ်ဆက်ပေးပြီးပြီလား ''
" မိတ်မဆက်ပေးရသေးဘူး ''
" ဟုတ်လား ငါပဲ မိတ်ဆက်ပေးလိုက်မယ် ''
" အေး ''
ဒီလိုနဲ့ တပ်သားလန်က ဆရာလေးထီရန်ကို လက်ဖက်ခူးနေသည့် ရွာသားတွေနဲ့ မိတ်ဆက်ပေးလိုက်လေသည်။
" အေ နဲ့ အရင်မိတ်ဆက်ပေးရအောင် အေ သူကလူသစ်ဆရာလေး ''
" မင်္ဂလာပါ ''
ဆရာလေးထီရန်က မင်္ဂလာပါဟု မိတ်ဆက်တော့ အေနဲ့လက်ဖက်ခူးနေတဲ့အမက ဆရာလေးထီရန်ကို ရှောင်ဖယ်သွားကာ တစ်ခြားနေရာ၌ လက်ဖက်ခူးနေလေသည်။
ရော့ချန်း လန် နှင့် ဆရာလေးထီရန်တို့ မျက်နှာပျက်သွားကာ လန်က ဆရာလေးထီရန်၏ ပုခုံးကို ကိုင်၍
" စိတ်မရှိပါနဲ့ အရင်တုန်းကဆို သူက ဘယ်သူကိုမှ ကြည့်တောင်ကြည့်တာ မဟုတ်ဘူး ဒီကလူတွေက
ခင်ဖို့ ကောင်းကြပါတယ် သူ ဆရာလေးကို ကောင်းကောင်းမသိသေးလို့ပါ အချိန်တော့
ယူရမှာပေါ့ ''
" အင်း ကျောင်းသားတွေ အရင်တုန်းကဆရာမ ထော့ဖန်အကြောင်း ပြောတာကြားတယ် သူကရော ဘယ်လိုလူမျိုးလဲ ''
မှန်၏။ ဆရာလေးထီရန်က ထော့ဖန်ကို ပုံသာမြင်ဖူးပြီး အပြင်မှာမမြင်ဘူး မတွေ့ဖူးသမို့ အဲသလို မေးလိုက်ခြင်း ဖြစ်လေသမို့ ရော့ချန်းနှင့်လန် ခဏတာတွေဝေသွားကာ ရော့ချန်းက
" ဆရာလေး ဘာတွေကြားထားလို့လဲ ''
" အော် ကျွန်တော့်ထက် အရင်ရောက်ခဲ့တာ ဆိုတာပဲသိတာပါ ''
ဟူ၍ ဆရာလေးထီရန်က အမှန်တိုင်းပြောဖို့မသင့်သမို့ လိမ်၍ ပြောလိုက်လေသည်။
" သြော် ဆရာမလေးထော့ဖန်က စာသင်နှစ် နောက်ဆုံးအချိန်ထိ ဒီမှာနေခဲ့ပါတယ် သူက စာသင်နှစ်
အသစ်ပြန်လုပ်ပြီး ဒီမှာ စာဆက်သင်ချင်နေတာ ကျောင်းသားတွေရော ရွာသားတွေကရောက သူ့ကို
မိသားစုလိုမျိုးချစ်ကြတယ်လေ ''
" အမှန်ပဲ ''
ရော့ချန်းပြောသည်ကို လန်ကလည်း အမှန်ပဲ ဟု ပြောကာ ထောက်ခံလိုက်လျက် ပြုံး၍နေကြလေသည်။ အဲ့နောက် ဆရာလေးထီရန်လည်း ခေါင်းကလေးငြိမ့်ကာ နေလေတော့သည်။
" ကံမကောင်းတာက သူ ဘန်ကောက်ကို
ပြန်ရင်းနဲ့ ဆုံးသွားခဲ့တယ် ကားတိုက်ခံရတာပါ ''
အဲသလို ရော့ချန်းပြောတာကို ဆရာလေးထီရန် ကြားပြီး သိပ်လည်းမထူးဆန်းကာ တစ်ခုခုကို ကြိုသိနေသလိုမျိုးပုံစံ ဖြစ်နေလေသည်။
" သူ့လို လူကောင်းမျိုးက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မသေသင့်ပါဘူး ''
ရော့ချန်းပြောရင်းနဲ့ ဝမ်းနည်းစိတ်မကောင်းသမို့ လန်က ရော့ချန်း၏ကျောကို အသာလေးပွတ်သတ်ကာ အားပေးနေပေမယ့် တစ်ဖက်မှာရှိသော ဆရာလေးထီရန်ကလည်း စိတ်မကောင်းမိပေမယ့် အားတင်းကာ သူ၏အနောက်မှ လက်ဖက်ခူးနေတဲ့သူတွေကို ကြည့်၍
" ဒီကလူတွေလည်း တော်တော်လေးစိတ်မကောင်း ဖြစ်နေကြမှာပေါ့ ''
" သူတို့ အခုထိ မသိကြသေးပါဘူး သူတို့ ဘယ်တော့မှ သိမလဲတော့ မသိဘူး ခေါင်းဆောင်က
သူတို့ကို မပြောခိုင်းထားဘူး ''
" ဟုတ်တယ် ကျွန်တော်တို့ကို နှုတ်ပိတ်နေခိုင်း
ထားတာ ''
" ဟုတ်တယ် သူတို့မသိကြတာကိုတော့ စိတ်မကောင်း ဖြစ်မိတယ် ''
ရော့ချန်းနှင့် လန် အဲသလို တစ်ယောက်ကိုတစ်ယောက် ထောက်ခံကာပြော၍ ဆရာလေးထီရန်လည်း စိတ်မကောင်းဖြစ်မိလေသည်။ မှန်၏။ ရွာသားတွေကို ဆရာမထော့ဖန်ဆုံးသွားပြီဟု ဘယ်လိုခွန်းအားနဲ့ ပြောရမှာလဲ။ ဘယ်လိုမျက်နှာနဲ့ ပြောရမှာလဲ။ ရွာသူရွာသားတွေက ဆရာမထော့ဖန်ကို ချစ်ကြတာကြီးပဲကိုး။ မဟုတ်လား။
" ဟို ကျွန်တော်တို့ ဒါကိုပြောတာက ဆရာလေးကို ဖိအားပေးဖို့ မဟုတ်ပါဘူးနော် လန်နဲ့ကျွန်တော်နဲ့ယုံကြည်တယ်
ဆရာလေးရဲ့နှလုံးသား တစ်ခုလုံးနဲ့ရင်းပြီး ဆရာမလေးထော့ဖန်တုန်းကလိုမျိုး ရွာသားတွေကို
စည်းရုံးနိုင်လိမ့်မယ်လို့ ''
" ဟုတ်တယ် ''
" အဆင်ပြေသွားမှာပါ ''
မှန်၏။ ခဏက ဆရာလေးထီရန် ရွားသားတွေကို နှုတ်ဆက်တာ အဆင်မပြေသမို့ ယခုလို ဆရာမထော့ဖန်နှင့်ယှဥ်ကာ ရော့ချန်းက ဆရာလေးထီရန်၏ကျောကို အသာပွတ်ကာ အားပေးစကားပြောသမို့ ဆရာလေးထီရန် ပြုံးရည်ကာ ဆရာလေးထီရန် ရော့ချန်းနှင့်လန်တို့ ဖာပန်းဒေါင်းကျောင်းကို သွားလိုက်ကြလေတော့သည်။
" လုပ်နိုင်ပါတယ် အားတင်းထား ''
" ဟုတ် ''
" သွားမယ် ''
ဖာပန်းဒေါင်းကျောင်း ၌
" ဒီနေ့တော့ ထိုင်းဗျည်းတွေကို သင်ပေးသွားမယ် ''
ဆရာလေးထီရန်က အဲသလိုပြောကာ မြေဖြူလေးကိုင်ပြီး ကျောက်သင်ပုန်းမှာလည်း ထိုင်းဗျည်းတွေကို တစ်စီတစ်တန်း ရေးထားပြီးလေသည်။
" အားလုံးပဲ ဆရာ့နောက်က လိုက်ဆိုကြနော် ပထမဆုံးစာလုံးနဲ့စလိုက်ရအောင် ကြယ်ပုံလေးနဲ့က ကော - ကိုင် ''
" ကော - ကိုင် ''
ဆရာလေးထီရန်က အရှေ့မှ တိုင်ပင်ချပေးကာ ကျောင်းသူကျောင်းသားတွေ နောက်မှလိုက်ဆိုကြလေသည်။
" နောက် ကိုင်ထပ်စာလုံးက.. ''
" ကြက်ခြံထဲကဥလေးနဲ့က ခေါ - ခိုင် ''
ဆရာလေးထီရန်က ရှင်းပြနေရာ စကားမဆုံးခင် ကျောင်းသားကျောင်းသူတွေက အဲသလို ခေါ - ခိုင် ဟူ၍ သံပြိုင်အော်လိုက်သည်မို့ ဆရာလေးထီရန် အံ့သြကာ မျက်လုံးအနည်းငယ် ကျယ်လာလေသည်။
" သင်ပြီးသွားကြပြီလား ''
" ဟုတ် ဆရာမထော့ဖန်က စာလုံးတွေ အကုန်သင်ပေးထားပါတယ် ''
" ဆရာလေးထီရန် ဒေါ့ - ဒက် နဲ့ တို - တရို ကို စလုံးပေါင်းတာ မှားနေတယ် ''
အာရီက စလုံးတွေ အကုန်သင်ပြီးသည့်အကြောင်းကို ပြောကာ မိကျူးက ဆရာလေးထီရန်အား စလုံးပေါင်းမှားနေတာကို ပြောသမို့ ဆရာလေးထီရန် အနည်းငယ်ရှက်မိသွားလေသည်။
သူ၏လက်က ထိုစာလုံးကို မထိတထိ ရှက်ကိုရှက်ကားနှင့် ဖျက်လိုက်လေကာ ကျောင်းသားကျောင်းသူတွေက ရည်မောလိုက်ကြလေသည်။
" ဟား..ဟား.. ''
" ဒါဆို A - Z ရော သင်ပြီးပြီလား ''
" ဟုတ် ဆရာမထော့ဖန် သင်ပေးထားပါတယ် ''
ဆရာလေးထီရန်က အဲသလို ရှက်ကိုရှက်ကား မေးလိုက်ပေမယ့် ကျောင်းသားတွေက သိပြီးသား ဖြစ်နေလေသည်။ အဲ့နောက် အမြဲအအိပ်ကြီး အစားကြီးတဲ့ ကာလယ်က အာတန်းကာ ခေါင်းခါးယမ်းပြီး ခုံပေါ် မှောက်အိပ်လိုက်လေတော့သည်။
ခေါင်နွန်းက သက်ပြင်းတစ်ချက်ချ၍
" ဟား..ဟူး..ဆရာမထော့ဖန်သင်ပေးတုန်းကလောက်လည်း ပျော်စရာမကောင်းဘူး ''
ဟူ၍ပြောကာ မိကျူးက
" ဆရာဆီထီရန် ဆရာမထော့ဖန် ဒီကို ဘယ်တော့ ပြန်လာမှာလဲ ဟင် ''
ဟူ၍ပြောသမို့ ဆရာလေးထီရန် ခဏတာ တွေဝေငြိမ်သွားကာ
" အေ ဒီလိုဆိုရင်ရော နံပါတ်တွေကို လေ့လာပြီးကြပြီလား ''
ဟူ၍ စကားလမ်းကြောင်းလွှဲလိုက်လေတော့သည်။
" ဆရာမထော့ဖန် သင်ပေးထားပါတယ် ''
အဲသလိုနဲ့ စာသင်ချင်စိတ်မရှိရင် ထပြန်တတ်သည့် ခေါင်းဆောင် အာရီက ထပြန်သွားမည်အလိုမှာ ဆရာလေးထီရန် တားသမို့ ထိုင်ခုံမှာ ထိုင်လိုက်လေသည်။
" မဟုတ်ဘူး နေကြဦး နေဦး ဆရာမထော့ဖန်က မင်းတို့ကို လက်တွေ့ ကွင်းဆင်းဖို့ ခေါ်သွားပြီးပြီလား ''
ဟူ၍ မေးသမို့ ကျောင်းသားကျောင်းသူတွေ နားမလည် ဖြစ်သွားကြလေတော့သည်။
" ကွင်းဆင်းတယ်ဆိုတာ ဘာကြီးလဲ ''
အဲ့တော့မှ ဆရာလေးထီရန် ကျောင်းသားတွေ နားမလည်တာကို ရှင်းပြရတော့မည်မို့ မျက်နှာရွှင်လန်းသွားလေသည်။ မှန်၏။ ဆရာဆိုတာ မသိတာကို ရှင်းပြရမှ အင်အားပါကြသည်မလား။
" ကွင်းဆင်းတယ်ဆိုတာ စာသင်ခန်း အပြင်ဘက်မှာ လေ့လာရတာပါ ''
" ဆရာလေး အဲဒီစိတ်ကူးက မကောင်းလောက်ဘူး ထင်တယ်နော် ''
မှန်၏။ ကျောင်းသားကျောင်းသူတွေကို ပြင်ပမှာ သင်ကြားဖို့ စိတ်မချစိုးရိမ်၍ ရော့ချန်းက အဲသလို ပြောလိုက်ခြင်း ဖြစ်လေသည်။
" ကောင်းပါတယ် ချန်း ''
" အေ ဟေ့ လန် သူ့ကို သွားပြောလိုက်ဦး မဟုတ်ရင် ခေါင်းဆောင် ငါတို့ကို အမှုန့်ချေပစ်လိမ့်မယ် ''
" ဘာလို့ ငါက ပြောရမှာလဲ ''
" မင်း ပြောရမှာပေါ့ မင်းက ငါ့ဂျူနီယာလေ မင်းသွားပြောလိုက် ''
" အား ဆရာလေးထီရန် ခင်ဗျ ကျွန်တော်အပြေးသွားစရာလေး ပေါ်လာလို့ပါ ဝက်တစ်ကောင် ဝမ်းလျှောနေလို့တဲ့ သွားကြည့်လိုက်ဦးမယ် ''
" ဟေ့ လန် ''
" အရေးကြီးလို့ ''
လန်က ဆရာလေးထီရန်အား ကွင်းဆင်းဖို့ မတားဘဲ ထိုပြဿမှာ မပါချင်သမို့ အဲသလို အူတူတူအရူးဇာတ်ခင်းကာ ထွက်ပြေးသွားလေတော့သည်။
" မင်းကတော့ ''
" ဘယ်သူ ရေတံခွန်သွားချင်လဲ လက်ထောင်ကြ ''
" ကျွန်တော် ကျွန်တော်ပါ ''
" သွားကြမယ် လိုက်ခဲ့ကြ ''
ဆရာလေးထီရန်က အဲသလိုပြောကာ ကျောင်းသားတွေက ဆူဆူညံညံနှင့် ပျော်ကာ ရော့ချန်းလည်း စိုးရိမ်နေပေမယ့် ရေတံခွန်ဆီ လိုက်သွားရလိုက်လေတော့သည်။
" လာလေချန်း သွားမယ် ''
" သွားကြမယ် ''
ဖာပန်းဒေါင်းရွာဆေးခန်းတွင် ဒေါက်တာနမ်က ခေါင်းဆောင်ဖူဖာအား ရင်ဘတ်ကို နားကြပ်လေးနှင့် စမ်းသပ်နေလေသည်။
" အသက်ကို ရှူသွင်းလိုက် ''
" ဟား.. ''
" အွမ်း ပြောရရင်တော့ အိုကေသွားပါပြီ တခြားလူနာတွေလည်း မင်းလိုမျိုး မြန်မြန်ပြန်သက်သာနိုင်
ရင် ကောင်းမှာပဲ ဒါနဲ့ မင်းရဲ့လုပ်အားပေးဆရာအသစ်ရောဘယ်လိုနေလဲ ''
" ငါ့ရဲ့ ''
မှန်၏။ ဒေါက်တာနမ်က ဆရာလေးထီရန်ကို ခေါင်းဆောင်ဖူဖာ၏ဆရာလေးဟု ပြောသမို့ ခေါင်းဆောင်ဖူဖာက ဒေါက်တာနမ်ကို နားမလည်သလို ကြည့်နေလေသည်။
" မင့် စောင့်ရှောက်မှု အောက်မှာပဲလေ ငါကြားတယ်နော် သူ့ပထမဆုံး ကျောင်းစာသင်ရက်မှာ မင်းကိုယ်တိုင်
သူ့အိမ်တံခါးနားထိ သွားကြိုပေးတယ်ဆို ပုံမှန်ဆို မင်းက အဲဒီလောက်ထိ လုပ်ပေးတာမှ မဟုတ်တာ ''
" ငါ့ ကလေးတွေအတွက် စိတ်ပူလို့ပါ ''
" ကလေးတွေနဲ့ရော ဘယ်လိုလဲ
စိတ်ပူစရာရှိသေးလား ''
" မင်းလည်း သိတဲ့အတိုင်းပဲ လိုက်ညှိပြီးမနေနိုင်တဲ့ အစား ဂျီးများတဲ့သူ တစ်ပတ်ထက် ပိုခံမှာ မဟုတ်ဘူး ''
ခေါင်းဆောင်ဖူဖာက အဲသလို ဆရာလေးထီရန်ကို ပြောလိုက်သည်မို့ ဒေါက်တာနမ်က
" အော် ထော့ဖန်လိုမျိုး ဘယ်သူများ လုပ်နိုင်မှာလဲ သူက ဒီက သမီးချွေးမတောင် ဖြစ်နေခဲ့တာလေ ''
ဟုပြောကာ သူ၏ ဆေးစာရင်းကို ကြည့်နေရာမှ ခေါင်းဆောင်ဖူဖာအား ကြည့်တော့ စိတ်မကောင်းဝမ်းနည်းနေသည်ကို ဒေါက်တာနမ် သတိထားမိလေတော့သည်။
" ဟေ့ တောင်းပန်ပါတယ်နော် ငါ နောက်လိုက်တာပါ ထော့ဖန်ကို စိတ်မပူပါနဲ့တော့ သူ အခုလောက်ဆို နတ်သမီးလေး ဖြစ်နေလောက်ပြီ ''
ဟူ၍ ဒေါက်တာနမ်က အပေါ်မော့ကြည့်ကာ ပြောလိုက်လေသည်။
" မင့်စောင့်ရှောက်မှုအောက်က လူကိုပဲစိတ်ပူသင့်တယ် ငါ အခုထူးဆန်းနေတုန်းပဲ
သူ့လိုသူဌေးသားလေးတစ်ယောက်က ဒီလိုနေရာကို ဘာလို့လာခဲ့လဲပေါ့ ''
ဒေါက်တာနမ်က အဲသလိုပြောပြီး ခေါင်းဆောင်ဖူဖာက လည်း ကုတင်မှာ ထိုင်နေရာမှ ဆင်းလာခဲ့လေတော့သည်။ ဒေါက်တာနမ် နားမလည်သည့် ဆရာလေးထီရန် ဖာပန်းဒေါင်းမှာ အလုပ်လုပ်ရသည့်အကြောင်း ဘာများဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပေသည်။
" သေစမ်း ငါတော့ သေပြီပဲ ခေါင်းဆောင်သာ ကျွန်တော် ကလေးတွေကို ဒီကိုခေါ်လာတာသိရင်
ကျွန်တော်ကတော့ သေပြီပဲ ''
" ကလေးတွေကို ဒီကို လမ်းလျှောက်ဖို့ ခေါ်လာတယ်လို့ ဘယ်သူ ပြောလဲ သူတို့ကို သင်ကြားပေးဖို့ ခေါ်လာတာ ''
ဆရာလေးထီရန်နှင့် ရော့ချန်းအဲသလိုပြောကာ ကမ်းပါးကူးသည့် ကျောက်တံတားမြက်ခင်းစိမ်းပေါ်၌ ရေတံခွန်ကို သွားနေရာမှ ခဏရပ်လိုက်လေသည်။
" ကလေးတို့ သစ်ပင်တွေကို တွေ့ကြလား သစ်ပင်တွေက ဘာအရောင်ရှိလဲ ''
" အစိမ်းရောင် ''
ဆရာလေးထီရန်နှင့် ကလေးတွေ လေ့လာရေးကွင်းဆင်းကာ စာသင်ကြားနေကြလေသည်။
" အစိမ်းရောင်နော် အစိမ်းရောင်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ သိလား ''
" အော်... ''
" အေ..မသိဘူးမလား အစိမ်းရောင်ကို အင်္ဂလိပ်လို Green လို့ ခေါ်တယ် ''
" Green ''
" Green အေ ဟုတ်တယ် လိုက်ပြောကြည့် ''
" Green ''
" အေ ဒါဆို အာရီရဲ့ ဆံပင်က ဘာအရောင်လဲ ''
" အနက် ''
" အေး အင်္ဂလိပ်လိုက Black ''
" Black ''
" အေ ဟုတ်တယ် ပြောကြည့် Black ''
" Black ''
" ဒီဘက်ကိုလာ ချန်း ဆက်သွား လာ ''
ဆရာလေးထီရန်က အဲသလိုပြောကာ ကလေးတွေနဲ့ အတူ တံတားပေါ်မှ ဆင်းလာလေသည်။
" အန်း တွေ့လား ဟိုးကပန်းအရောင်တွေက အဝါရောင် အေ သူကျတော့ Yellow ''
" Yellow ''
" အေ ဟုတ်တယ် Yellow အေ တိမ်တွေက ဘာအရောင်လဲ ''
" အဖြူရောင် ''
" အေ သူ့ကိုက White ''
" White ''
" ဟုတ်ပြီ ကလေးတို့ ရေတံခွန်ဆီ ဆက်သွားရအောင် လာသွားမယ် ''
အဲသလိုနဲ့ ဆရာလေးထီရန်က ကလေးတွေနှင့်အတူ ရော့ချန်းနှင့် လမ်းအတူလျှောက်၍ စာသင်ရင်း ရေတံခွန်ဆီ လာခဲ့ကြလေသည်။
" ဒီဘက်ကို ဒီဘက်က အရောင်တွေ ကြည့်ရအောင် ''
" အနက်က ''
" Black ''
" အွေး တော်လိုက်တာ အဝါဆိုရင် ''
" White အော် Yellow ''
" အေ လာကြ ''
ဒီလိုနဲ့ ဆရာလေးထီရန်က ကလေးတွေနှင့် ရော့ချန်းနှင့်အတူ စိမ်းစိုသည့်အပင်များနှင့် ရေတွေ တလဟော စီးဆင်းနေသည့် ရေတံခွန်ကို ရောက်သွားကြလေတော့သည်။
" ရေတံခွန်ကို ရောက်ပြီ ''
" ရေး ''
" နန် - တုန် ဆိုတာ အင်္ဂလိပ်လိုဆိုရင် Waterfall လို့ ခေါ်တယ် ''
" ရေတံခွန်က Waterfall ''
" အေ နောက်တစ်ခါ ထပ်ပြောမယ် Waterfall ''
" Waterfall ''
အဲသလို ဆရာလေးထီရန်က ဆရာပီပီ စိတ်ရောကိုပါ ရေတံခွန်ကို လက်ညိုးထိုးပြပြီး နားလည်အောင် ဂရုတစိုက် ရှင်းပြပေးလေသည်။
" ကြယ် ၂ သိမ်းငှက်ပါ အခုချက်ချင်း အဖွဲ့ချုပ်ဆီ ပြန်လာပါ ''
" ရထားပါ ''
ရော့ချန်းဆီ အဲသလို အဖွဲ့ချုပ်ဆီမှ ဖုန်းလာသမို့ ပြန်ဖြေလိုက်လေသည်။ အဲ့နောက် ဆရာလေးထီရန်ကို ကလေးတွေနှင့် စိတ်မချပေမယ့် ရော့ချန်းက အဖွဲ့ချုပ်ဆီ ပြန်သွားရလေသည်။
" သိမ်းငှက် ကြယ် ၂ ပါ အခု ပြန်လာနေပါပြီ အိုကေ အဖွဲ့ချုပ်မှာ တွေ့မယ် ဟုတ် ''
" အေ.. ''
" အွေ အားလုံးပဲ ပြန်ဖို့ အချိန်ရောက်ပြီ သွားကြမယ် အိမ်ပြန်ကြမယ် ''
" ဟာ ခဏလေးတောင်မနားရသေးဘူး အခုပဲ ရောက်တာ ပြန်လို့မရသေးဘူးလေ ရေထဲမှာ မကစားလိုက်ရရင် နှမြောဖို့ ကောင်းမှာပေါ့ ''
ကလေးတွေ ဆူဆူညံညံနှင့် ဖြစ်ကာ ဆရာလေးထီရန်အား ပူဆာကြတော့မည်။
" ဆရာဆီထီရန် ရေကစားချင်တယ် နော်လို့ နော် ''
" ဒီလိုလုပ် ကတိပေးကြေး ဆရာရေထဲမှာ ကစားခွင့်ပေးရင် အတန်းမပြီးခင် အိမ်မပြန်တော့ဘူးလို့ အိုကေလား ''
ဟူ၍ လက်သန်းလေးထောင်ကာ ဆရာလေးထီရန် ပြောသမို့ ကလေးတွေ ကတိပေးလိုက်ကြလေသည်။
" ကတိပေးပါတယ် ''
" အိုကေ အရမ်းကောင်းတယ် ဒါဆို ရေထဲ ဆင်းကြမယ် ''
" ဆရာလေး မကောင်းလောက်ဘူးနော် ''
" ဘာလို့လဲ ''
" အားလုံးပဲ ဒီအကြံ မကောင်းဘူးထင်တယ်နော် ''
" ရပါတယ် ချန်း ဘာမှမဖြစ်စေရပါဘူး ကျွန်တော်လည်း ရှိနေတာပဲဟာ ချန်း စိတ်ပူစရာမလိုပါဘူး ''
" ဒါပေမယ့် ခေါင်းဆောင်က
အမိန့်ပေးလိုက်တယ် ''
" ချန်း သူ့ကို ပြန်မပြောနဲ့ပေါ့ လုပ်ပါ ဘာမှမဖြစ်စေရပါဘူး ချန်း ကျွန်တော့်ကို အပ်ထားလိုက်နော် ချန်းတစ်ယောက်တည်းပဲ ပြန်နှင့်လိုက် ''
အဲသလိုနဲ့ ရော့ချန်းက ကလေးတွေကို ကြည့်ကာ စိတ်ပူ စိတ်မချ ဖြစ်နေလေသည်။
" လုပ်ပါ ''
" သေချာရဲ့လား ''
" သေချာတယ် ''
" အိုကေ ကောင်းပါပြီ ကလေးတွေကို
စောင့်ရှောက်နော် ''
" ဟုတ် ''
" လိမ်လိမ်မာမာနေကြနော် ''
" ဟုတ် ''
ရော့ချန်းက အဲသလိုပြောကာ ကလေးတွေအတွက် စိတ်မချပေမယ့် ဆရာလေးထီရန်နှင့် ထားခဲ့လိုက်ရလေသည်။
" ကလေးတို့လာ ရေထဲဆင်းကြမယ် လာ လာကြ ''
" ဟုတ်တယ် ရေး သွားကြမယ် ဆင်းကြမယ် ''
အဲသလို ကလေးတွေနှင့်အတူ ရေထဲဆင်းကာ ဆရာလေးထီရန်က ရေတွေ တစ်ယောက်နှင့်တစ်ယောက် လက်ဖြင့် ပက်လျက် ပြုံးပျော်ကာ ရေချိုး စနောက်နေကြလေသည်။
မိကျူး နှင့် အင်တာက ကျောက်တုံးပေါ် ထိုင်လျက် ရေတွေ ဖြန်းပက်ကာ အာရီ ခေါင်နွန်း ကာလယ်တို့ ရေထဲမှာ ဆရာလေးထီရန်အား ရေဖြင့်ပက်ကာ ဆော့ကစားနေကြလေသည်။
" ရေး..ရေး.. ''
" ဟေး..တော်တော..တော်တော့..တော်ပြီ.. ''
" ရေး..ဟား.. ''
" ပျော်ကြရဲ့လား.. ''
" ဟုတ်ကဲ့ ပျော်တယ် ဆရာဆီထီရန် ''
" ဆရာဆီထီရန် ဆရာ့မှာ အင်္ဂလိပ်နာမည် ရှိလား ''
" ဆရာလား မရှိဘူး ''
" အော် ရေတံခွန်ကျတော့ ဘာလို့ အင်္ဂလိပ်နာမည် ရှိတာလဲ ''
အရမ်းစပ်စုပြီး အမေးအမြန်းထူတဲ့ မိကျူးလေးက အဲသလို မေးခွန်းတွေ အထပ်ထပ်မေးနေသမို့ ဆရာလေးထီရန်က ရေတွေ တသွင်သွင်စီးကျနေသည့် ရေတံခွန်ကို ကြည့်ကာ မိကျူးလေးအား
" အမှတ်ရသွားပြီ ဆရာ့ထိုင်းနာမည်က ထီရန်မဟုတ်လား အင်္ဂလိပ်နာမည်က တိုနီတဲ့ ''
" ဒါဆို ခေါင်းဆောင်ဖူဖာ ကရော ''
" ခေါင်းဆောင်ဖူဖာလား ထူးထူးခြားခြားလေး ပေးတာပေါ့ သူက မျက်နှာတည်ကြီးထားရတာကြိုက်
တယ် ပြီးတော့ အမြဲတမ်းယူနီဖောင်းဝတ်တယ် အရမ်းလည်း စည်းကမ်းကြီးတယ် သူ့ကို Green Giant လို့ ခေါ်ကြမယ် ''
မိကျူးက ခေါင်းဆောင်ဖူဖာကရော ဟု မေးသမို့ ဆရာလေးထီရန်က သူ၏အတွေးစိတ်ကူးထဲမှာ ခေါင်းဆောင်ဖူဖာကို တွေးကြည့်ပြီး အဲသလို ဂရီးဂန့်ထချ် ဟူ၍ ခေါ်လိုက်ကြလေသည်။
" Green Giant ''
" Green Giant ဆိုတာ ဘီလူးစိမ်း လို့ ပြောတာ လိုက်ပြောကြည့်ကြ Green Giant ''
" ဘီလူးစိမ်းကြီး ''
" အေ အရမ်းတော်တယ် ''
ဒီလိုနဲ့ ဆရာလေးထီရန် ရေထဲမှ ကလေးတွေနှင့်အတူ ကုန်းပေါ် တက်လာခဲ့လေသည်။ သူတို့အားလုံးလည်း ရေဆော့ထားသည်မို့ ရေတွေစိုရွဲနေကြလေသည်။
" အိမ်ပြန်ကြမယ် ကလေးတို့ ''
" ဟုတ် ''
" ဒါက ဘယ်သူ့အိတ်လဲ ''
" သမီးအိတ် ''
" ဒါကရော ''
" သားဟာ ''
အဲသလို ဆရာလေးထီရန်က ကျောက်တုံးပေါ် တင်ထားသည့် အိတ်တွေကို ကလေးတွေအား ကမ်းပေးနေလေသည်။
" ဆရာ နည်းနည်းလောက် ထပ်နေလို့ရမလား ''
" အွေး တော်ပြီ နောက်မှတစ်ခေါက် ပြန်လာကြမယ်လေနော် ''
" ဆရာဆီထီရန် မနက်ဖြန်ကျရင် တောထဲ သွားကြည့်ချင်တယ် ''
" တောထဲလား ရတာပေါ့ ဆရာ မင်းတို့ကို နေရာအစုံခေါ်သွားပေးမယ် ''
" ဆရာ ကာလယ် ရေနစ်နေပြီ ''
အမှန်ပင် ယခုမှ သတိထားမိသည် စတက်လာကတည်းက ကာလယ် ပါမလာခဲ့ခြင်း ဖြစ်လေသည်။ အာရီက ရေပေါ်တွင် ခေါင်းငိုက်ဆိုက်ကျပြီး ပေါ်နေတဲ့ ကာလယ်ကို မြင်မှ ရေနစ်နေမှန်းသိ၍ အဲသလို အလန့်တကြား အသံကျယ်ကျယ်နှင့် အော်ပစ်လိုက်လေသည်။
" ကာလယ် ဝေး ''
" ကာလယ် လူတွေ သွားခေါ်လိုက် ''
ဆရာလေးထီရန်ကလည်း စိတ်ပူကာ အာရီ ခေါင်နွန်း အင်တာ မိကျူး တို့ကို လူတွေ ခေါ်ခိုင်းလိုက်လေသည်။ သူက ရေနစ်နေသည့် ကာလယ်ကို ကုန်းပေါ်သို့ သွားပွေ့လေသည်။
" ကာလယ် ဝေး.. ကာကယ်
ကာလယ် ''
အဲသလို နာမည်ကို အရေးတကြီးအော်ပြီး ကုန်းပေါ်ကို ဆရာလေးထီရန် ကာလယ်အား ဆွဲခေါ်လာခဲ့လေသည်။
" ကာလယ် သတိထားဦး ကာလယ် ''
အဲသလို ဆရာလေးထီရန် ကာလယ်မေ့နေသမို့ စိတ်ပူကာ အော်ခေါ်နေသည့် အချိန် ဒေါက်တာနမ် ခေါင်းဆောင်ဖူဖာတို့ ရောက်လာပြီး ဒေါက်တာနမ်က ဆရာလေးထီရန်အား တွန်းကာ လွယ်လာသည့်အိတ်ကို ချပြီး ကာလယ်ကို စိုးရိမ်တကြီး ခေါ်နေလေသည်။
" ကာလယ် ကာလယ် ''
" ကာလယ် ချန်း ကျန်တဲ့ကလေးတွေကို
ဂရုစိုက်ဦး ''
မှန်၏။ ဆရာလေးထီရန်လည်း သူ့ကြောင့်ဖြစ်တယ်ဆိုပေမယ့် စိတ်ပူမိစေမည်မှာအမှန်ပင် ဖြစ်ပေသည်။ သူ၏ကံတရား ပေါ့ဆမှု မတော်တဆလို့ပဲ ပြောကြရပေမည်။ သို့ပေမယ့် ရွာသားတွေ သူ့ကို အမြင်မကြည်မှာ စိတ်ပူမိစေလေသည်။
" ကာလယ် ''
အဲသလို ကာလယ်ကို ငုံ့ပြီးအော်ခေါ်နေရာမှ ခေါင်းဆောင်ဖူဖာက ဆရာလေးထီရန်ကို မျက်နှာထားတင်းတင်းဖြင့် မော့ကြည့်ကာ စိတ်တင်းနေလေသည်။
မှန်၏။ ဒါမျိုးဖြစ်တာ အဲ့ဒီရွာမှာ ပထမဦးဆုံးမို့ ရွာသားတွေ အတွက် စိတ်မကောင်း ဖြစ်စေပြီး အဲလိုပြဿနာတွေက ဆရာလေးထီရန်အား အနိုင်ယူသွားမှာ စိုးထင့်မိပေသည်။
" ကာလယ် အဆင်ပြေရဲ့လား ''
" ကာလယ် ဟာ သူသတိရလာပြီ ဆေးခန်း အမြန်ခေါ်သွားမယ် လာ ပွေ့ကြ လာ ''
ဒေါက်တာနမ်က ကာလယ်၏ရင်ဘတ်အားဖိနှိပ်သမို့ ဗိုက်ထဲဝင်သွားသည့်ရေတွေ ကာလယ်၏ပါးစပ်မှ ထွက်လာကာ ကာလယ်သတိရလာလေခြင်း ဖြစ်လေသည်။ အဲ့နောက် ကာကယ်ကို ဆေးခန်းကို ခေါ်သွားလိုက်ကြလေတော့သည်။
မှန်၏။ ဒေါက်တာနမ်လည်း ကာလယ် ရေနစ်နေသည်ဟူသည်ကြောင့် ဆရာလေးထီရန်အား ကာလယ်ကို စိတ်ပူနေသည့်အတွက်ကြောင့် မထင်မှတ်ပဲ တွန်းဖယ်လိုက်ခြင်း ဖြစ်လေသည်။ ခေါင်းဆောင်ဖူဖာလည်း စိတ်ပူမိတုန်းခဏမို့ အဲသလို ဆရာလေးထီရန်အား မျက်နှာတင်းတင်းနှင့် ကြည့်နေလေသည်။
သို့ပေမယ့် ခေါင်းဆောင်ဖူဖာတော့ ဆရာလေးထီရန်ကို လွယ်လွယ်နှင့် ခွင့်မလွတ်ဘဲ စိတ်တိုနေမှာ စိုးထင့်မိနေလေတော့သည်။
ကာလယ် ကုတင်ပေါ်မှာ မှေးစက်နေပြီး ဒေါက်တာနမ်က ဆလိုင်းချိတ်ပေးထားလေသည်။ မကြာမီမှာပဲ ကာလယ်၏ မိဘတွေ ရောက်လာပေတော့သည်။
" မင်္ဂလာပါ အခု အဆင်ပြေသွားပါပြီ အနားပေးထားတာပါ ''
ခေါင်းဆောင်ဖူဖာလည်း ကာလယ်၏ အဖေနှင့်အတူ ပါလာပေသည်။
" ကျေးဇူးတင်ပါတယ် ''
" အဆင်ပြေသွားပါပြီ အခု မင်းစိတ်ပူရမှာ နောက်တစ်ယောက်ရှိသေးတယ်လေ ''
" ဘယ်သူလဲ ''
" ဆရာလေးလေ သူ့ရုပ်ကို မမြင်လိုက်ဘူးလား သူ လန့်သွားလောက်တယ် ''
" သူ ထိုက်တန်ပါတယ် သူ့ကို မပြောဆိုရလောက်အောင်ထိ ငါ သဘောမကောင်းခဲ့ဘူးလေ ''
" ဟေ့ကောင် ဘယ်သူကမှ ဒီလိုကိစ္စမျိုး ဖြစ်ချင်ကြတာ မဟုတ်ဘူး ''
အဲသလို ခေါင်းဆောင်ဖူဖာနှင့် ဒေါက်တာနမ် ပြောနေကြပြီး ခေါင်းဆောင်ဖူဖာက သက်ပြင်းချကာ ကာလယ်၏အဖေကလည်း ကာလယ်အနားမှာ ရှိနေပေတော့သည်။
အိမ်အပြင် ဝါးခုံတန်းလေးမှာ ထိုင်နေသည့် ဆရာလေးထီရန် ကာလယ် ကိစ္စကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်နေမိမှာ အမှန်ပင် ဖြစ်ပေသည်။ မှန်၏။ ဆရာလေးထီရန်၏ မျက်နှာ ညိုးငယ်နေလေသည်။
အဲ့အချိန် အိမ်ခြံအပြင်မှာ ခေါင်းဆောင်ဖူဖာက မြန်လွန်းသော ခြေလှမ်းတွေနဲ့ လာနေပြီး ဆရာလေးထီရန် ရှိသည့် နေရာကို တက်လာခဲ့လေသည်။ မှန်၏။ ခေါင်းဆောင်ဖူဖာ၏မျက်နှာလည်း အတော်ကို တင်းမာနေလေသည်။
ခေါင်းဆောင်ဖူဖာနှင့် ဆရာလေးထီရန် တစ်ယောက်ကိုတစ်ယောက် မျက်နှာထား တင်းတင်းနှင့် ကြည့်နေကြတာ မျက်နှာတွေလည်း စိတ်မကောင်းဖြစ်နေသည့်အမူအရာ နှစ်မျိုး တဖွားဖွား ပေါ်နေလေသည်။
" ကျွန်တော့်ကို လာပြောဆိုမလို့ မဟုတ်လား ''
" အပြောခံသင့်မှန်း သိနေတာတောင် မေးနေရသေးလား ဟင် ''
" ကျွန်တော်က သူတို့ကို စာထဲ
အာရုံစိုက်စေချင်တာ ''
" ရွာသားတွေရဲ့ ကလေးတွေ အသက်နဲ့ရင်းပြီးတော့လား သေချာ မတင်တတ်တာနဲ့တင်ကို ဆိုးရွားနေပြီ
အခုတော့ ကိုယ့်ကျောင်းသားရဲ့ လုံခြုံရေးကိုတောင် မစောင့်ရှောက်တတ်ဘူးလား ကိုယ့်ကိုကိုယ် ဆရာလို့ မသတ်မှတ်သင့်ဘူး ''
ဆရာလေးထီရန်လည်း သူ့ကို ဆူနေသမို့ မျက်နှာထားငယ်ငယ်နှင့် တိတ်တဆိတ်နားထောင်နေလေသည်။
" ဒီနေရာအထိလာလိုက်ရတာက နစ်နာမှုအကြီးကြီး ဖြစ်သွားတယ် အလုပ်ကို ပေါ့ပေါ့ပဲ တွေးထားတယ်
ဘာသင်ကြားရမလဲဆိုတာတွေ ပြင်ဆင်မထားရင် အိမ်ပြန်လိုက်တော့ ''
အဲသလို ခေါင်းဆောင်ဖူဖာက အိမ်ပြန်ခိုင်းသမို့ ဆရာလေးထီရန်လည်း ဝါးခုံမှာ ထိုင်ပြီး ငိုင်နေရာမှ ခေါင်းဆောင်ဖူဖာအား ကြည့်လျက်
" အေး ပြန်မယ် မောင်းထုတ်စရာ မလိုဘူး ''
ဟူ၍ ပြောကာ သူ၏အခန်းထဲ ဝင်လာလေသည်။ ခေါင်းဆောင်ဖူဖာလည်း ဆရာလေးထီရန်အနောက်ကို လိုက်ကာ သူ၏မျက်နှာထားက ဆရာလေးထီရန်ကို ပြောသာပြောသာ မပြန်စေချင်တာမျိုး ဖြစ်နေလေသည်။
ဆရာလေးထီရန်က သူ၏အဝတ်အစားတွေကို ကျောပိုးအိတ်ထဲ ထည့်နေလေသည်။ ခေါင်းဆောင်ဖူဖာလည်း စကားလွန်သွားသည်မို့ မပြန်စေချင်ပေမယ့်လည်း ပြန်ခိုင်းရတော့မည် ဖြစ်ပေသည်။
" အမှားလုပ်ထားပြီး ဒီအတိုင်း
ထွက်ပြေးတော့မလို့လား ''
" အေး ငါ့လိုလူက ဆရာ မဖြစ်သင့်ဘူးလေ ''
အဲသလို ပြောပြီး ဆရာလေးထီရန်က တိုင်မှာချိတ်ဆွဲထားသည့် လုပ်အားပေးဆရာကတ်ပြားကို တွေ့တော့ ဆထွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ ပြောတာကို သတိရသွားလေတော့သည်။
" မင်းဘဝမှာ အခက်အခဲဆုံးအရာက ဘာလဲ ''
အဲသလိုဒါရိုက်တာက မေးပြီး ထီရန်က ခဏတာတွေဝေကာ စဥ်းစားနေလေသည်။
" ကျွန်တော် ဘယ်တော့မှ တစ်ယောက်တည်း မနေခဲ့ရဘူး ကျွန်တော် ရေမပြတ်ဖူးဘူး မီးလည်း မပြတ်ဖူးဘူး ကိုယ်တိုင် ဘာမှ မလုပ်ဖူးဘူး ''
အဲသလို ဆထွန်ဖောင်ဒေးရှင်း မှာ ပြောခဲ့တာတွေကို သတိရကာ ဆရာလေးထီရန်က သူကိုယ်တိုင် မီးအိမ်ထွန်းတာတွေ ခြင်ထောင်ထောင်ခဲ့တာတွေကို တွေးမိနေလေသည်။
" ဘဝတစ်လျှောက်လုံး လွယ်လွယ်ပဲ ဖြတ်သန်းလာတာ ဒါပေမယ့် ဆရာသိလား ကျွန်တော် သေမလို
ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့်အခု ကျွန်တော် အခွင့်အရေး ရသွားခဲ့တယ် ဘဝအသစ်ပြန်စရသလိုပဲ
အဲဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီး တစ်ခြားလူတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ် ''
ဟူ၍ ဆထွန်ဖောင်ဒေးရှင်း မှာ သူပြောခဲ့တာတွေကို လုပ်အားပေးဆရာကတ်ပြားလေး ကိုင်လျက် သူ သေမလို ဖြစ်ခဲ့တာတွေ ထော့ဖန်၏လုပ်အားပေးဆရာမကတ်ပြား ဒဏ္ဍာရီစာအုပ်ကလေးတွေ အတွေးထဲ ရောက်လာကာ စဥ်းစားမိနေလေသည်။
" ဒီခံစားချက်ကို သေချာမှတ်ထား မင်း အဲဒီကို ရောက်ရင် မင်း အားလျော့သွားနိုင်တဲ့ အခက်ခဲပေါင်း
များစွာ ကြုံတွေ့ရလိမ့်မယ် မင်းကို စိတ်ဖိစီးမှုတွေ ပေးမယ် စိတ်ပျက်စေလိမ့်မယ် လက်လျော့ချင်စိတ်
ပေါက်တာမျိုးတွေ ကြုံရလိမ့်မယ် အဲသလိုဖြစ်ရင် မင်းဒီနေ့ပြောခဲ့ဒါကို ပြန်စဥ်းစား ပြီးတော့ ကိုယ့်ကိုကိုယ် ကျရှုံးမသွားအောင် ထိန်း ''
အဲသလို ဒါရိုက်တာ ပြောတာကို ဆရာလေးထီရန်က ကတ်ပြားလေးကိုင်ရင်း သူနှုတ်ဆက်တော့ ရွာသားတွေ ပြန်နှုတ်မဆက်ဘဲ နေတာတွေ ကျောင်းမှာကလေးတွေထပြန်လို့ စိတ်ဖိစီးခဲ့တာတွေ ကာလယ်ရေနစ်လို့ လက်လျော့ချင်စိတ်ပေါက်တာတွေ ခေါင်းဆောင်ဖူဖာ ဆူသမို့ စိတ်ပျက်တာတွေကို ပြန်တွေးကာ သတိရမိလေသည်။
ပြီးနောက် ရော့ချန်းက သူစရောက်ကတည်းက သူ့ကိုနားလည်ဂရုစိုက်ပေးတာတွေ လန်နှင့် ဒေါက်တာနမ်တို့၏ အားပေးမှုတွေ ကလေးတွေနှင့်ပျော်ခဲ့ပုံတွေကို ဆရာလေးထီရန် သတိရကာ သံယောဇဥ်ဖြစ်နေတာကတစ်ကြောင်း ဆထွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ မှာကြားခဲ့သည်ကတစ်ကြောင်းနှင့် သူ၏ လုပ်အားပေးဆရာ ကတ်ပြားလေးကို ကိုင်၍ ခဏတာ စဥ်းစားနေလေသည်။
ပြီးနောက် နံရံမှာလည်း အဝါ ပန်းရောင် စသည့် စာရွက်ပေါ်မှာ စာတွေရေးပြီး ချိတ်ဆွဲထားကာ ကို ကြည့်၍ သံယောဇဥ် ဖြစ်မိနေလေသည်။
" ကလေးတွေကို အပေါင်းသင် အင်္ဂါနေ့ သင်္ချာတန်း သူတို့တွေ နံပါတ် မရေတွက်တတ်သေးဘူး ပုံပြင်
နားထောင်ရတာကြိုက်တယ် ပုံပြင်လေးတွေ ရှာထား မီမီ တိရစ္ဆာန်အသံလေးများ ''
အဲသလို နံရံမှာ ချိတ်ဆွဲထားသည့် ဆရာမထော့ဖန်ရေးထားတာတွေ ဖာပန်းဒေါင်းရွာကို မရောက်ခင် သူ၏အခန်းမှာ ထော့ဖန်၏ဒဏ္ဍာရီစာအုပ်ကြည့်ခဲ့တာတွေ စသဖြင့် အဲသလိုသတိရကာ ထိုအရာတွေက သံယောဇဥ် ဖြစ်အောင် ဆွဲထားသည်ကတစ်ကြောင်း ဆထွန်ဖောင်ဒေးရှင်း မှ ဒါရိုက်တာ မှာကြားခဲ့သည်ကတစ်ကြောင်းနှင့် ဆရာလေးထီရန်က ကတ်ပြားလေးကိုင်ကာ အဲသလိုတွေးမိပြီး စိတ်ပြောင်းသွားလေသည်။
အဲ့နောက် ဆရာလေးထီရန်က သူ၏ကျောအနောက်မှာ ရှိသည့် ခေါင်းဆောင်ဖူဖာ ဘက် လှည့်ကာ ခေါင်းဆောင်ဖူဖာအနားလာပြီး ခေါင်းဆောင်ဖူဖာ၏ မျက်နှာကို သေသေချာချာစူးစူးရှရှကြည့်လျက်
" ကျွန်တော် စိတ်ပြောင်းသွားပြီ ဒီမှာပဲ ဆက်နေမယ် ဒီမှာ သုံးလပြည့်အောင် စာဆက်သင်မယ် ''
" ကောင်းတာပေါ့ စောင့်ကြည့်နေမယ် ''
ဆရာလေးထီရန် နောက်ဆုံးတော့ ထိုစိတ်ပျက်မှု စိတ်ဖိစီးမှု လက်လျော့ချင်စိတ်ဖြစ်မှုတွေကို သူ၏သန်မာသည့်စိတ်ဓာတ်က အနိုင်ရသွားလေတော့သည်။
အကောင်းဆုံးလုပ်ပါ။
အခက်အခဲတွေကြောင့် စိတ်ပျက်
အားမလျော့လိုက်ပါနဲ့။
အဲ့ဒါဆိုရင်
ကိုယ်ရွေးချယ်ထားတဲ့
လမ်းကြောင်းကနေ
သွေဖိသွားမှာ မဟုတ်ဘူး။
ကြယ်တစ်ထောင်
ပုံပြင် A Tale Of
1000 stars
UNIT - 2
(ဆက်လက်ဖော်ပြပေးပါမည်)
နွေဦးကိုကိုမောင်
(Zawgyi Version)
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
Chapter - 2(C)
အပိုင္း (၆)
" မင္းရဲ႕ေခါင္းေဆာင္က ေခြးလို ရက္စက္တယ္လို႔ ဘာလို႔ ထည့္မေရးထားတာလဲ ''
အဲ့ေနာက္ ဆရာေလးထီရန္ အိမ္သာတက္ခ်င္၍ ဗိုက္ေအာင့္လာေလေတာ့သည္။ မွန္၏။ သူ၏ က်န္းမာေရးေၾကာင့္ ေရွာင္ခိုင္းတဲ့အစပ္ မေရွာင္ဘဲ စားမိ၍ ဗိုက္ေအာင့္လာျခင္း ျဖစ္ေလသည္။
" အာ ဘာလို႔အခုခ်ိန္မွလဲကြာ ''
အဲ့ေနာက္ ၾကယ္တစ္ေထာင္ပုံျပင္စာအုပ္ထဲမွာ ေထာ့ဖန္က အိမ္သာတက္သည့္အေၾကာင္း ထည့္ေရးထားသည္ ကို သတိရ၍ ဆရာေလးထီရန္ အိမ္သာတက္ဖို႔ မီးအိမ္ကိုင္ကာ ထြက္လာေလေတာ့သည္။
" သရဲကားေတြထဲမွာ ညဘက္တစ္ေယာက္တည္း ရွိေနခ်ိန္ဆို ေခြးေဟာင္သံေတြ ၾကားရတယ္ ဒါေပမယ့္
ဒီေနရာမွာက တိတ္ဆိတ္လြန္းလို႔ အနည္းဆုံး ေခြးေဟာင္သံေလးေတာ့ ၾကားခ်င္မိတယ္ ''
အဲ့ေနာက္ ဆရာေလးထီရန္ ဝါးျခမ္းကာထားသည့္ အိမ္သာကို ေရာက္သြားေလေတာ့သည္။ အိမ္သာက က်င္းႏွင့္တစ္ဆက္တည္း စြန့္ရသည့္ အိမ္သာမ်ိဳး ျဖစ္ေလသည္။
မီးအိမ္ေလးေဘးမွာခ်ိတ္ကာ အိမ္သာ တက္ေနတုန္း ေတာက္တဲ့ ေအာ္သံကို ၾကား၍ ေခြးေဟာင္သံေတြပါ ၾကားရကာ ဆရာေလးထီရန္ ေၾကာက္ၿပီး
မသုတ္ဘဲ ေဘာင္းဘီအျမန္ဆြဲတင္ကာ မီးအိမ္ယူၿပီး ေျပးထြက္လာခဲ့ေလေတာ့သည္။
" ေတာက္တို..ေတာက္...ဝုတ္..ဝုတ္..အူ..ဝူး.. ''
ဖာဖီ႐ြန္တပ္စု မွာ ေခါင္းေဆာင္ဖူဖာ မအိပ္ေသးဘဲ လည္ပင္းတြင္ တဘက္ပတ္ထားၿပီး တပ္အိမ္အျပင္ဘက္ ပုခက္ရွည္ေမ်ာေမ်ာေပၚထိုင္ကာ လက္ထဲတြင္လည္း ပေလြကို ကိုင္ထားေလသည္။
အဲ့ေနာက္ ေခါင္းေဆာင္ဖူဖာက ဆရာမေထာ့ဖန္ႏွင့္ အျဖစ္အပစ္ကို သတိရေလေတာ့သည္။ ဆရာမေထာ့ဖန္ႏွင့္ ေခါင္းေဆာင္ဖူဖာ ဖာပန္းေဒါင္း ေက်ာင္း အေရွ႕မွာ စကားေျပာေနၾကေလသည္။
" ေရာ့ မေန႕က ကေလးေတြကို ပုံျပင္ေျပာျပေပးတဲ့အတြက္ ဆုေပးတာ ''
ဆရာမေထာ့ဖန္က ေခါင္းေဆာင္ဖူဖာအား ပုေလြေလးေပးသမို႔ ေခါင္းေဆာင္ဖူဖာလည္း ေထာ့ဖန္ကမ္းေပးေသာ ပေလြေလးကို ကမ္းယူလိုက္သည္။
" ပေလြလား ''
" အင္း ေဒါက္တာနမ္ဆီက ၾကားထားတယ္ ေခါင္းေဆာင္က ပေလြမႈတ္တတ္တယ္ဆို ၿပိဳင္ပြဲေတာင္ နိုင္ဖူးတယ္မလား မႈတ္ျပပါဦး ''
" ေမ့သြားၿပီ ''
" ေခါင္းေဆာင္ မရဘူး မႈတ္ျပ ''
" တကယ္ေမ့သြားၿပီ ''
" မရဘူး နားေထာင္ခ်င္တယ္ ''
ဟူ၍ ၿပဳံးကာေျပာလိုက္သည္မို႔ ေခါင္းေဆာင္ဖူဖာက ဆရာမေထာ့ဖန္အား ၿပဳံးရည္၍ ေခါင္းေလးကိုအသာေလး ပြတ္သပ္လိုက္ေလသည္။
ဒီလိုနဲ႕ ဖာဖီ႐ြန္တပ္စုမွာ ေခါင္းေဆာင္ဖူဖာ မအိပ္နိုင္ေသးပဲ ည၏အေမွာင္ၾကားမွာ ပေလြေလးကို ေငးၾကည့္ကာ အဲသလို သတိရေနေလသည္။ အဲ့ေနာက္ ပေလြေလးကို ႏႈတ္ခမ္းမွာေတ့ကာ စၿပီး သံစဥ္ကို မႈတ္ထုတ္လိုက္ေလသည္။
" ဒို..ေရ..ဖာ..တီ..ဒို...စသျဖင့္.. ''
ေခါင္းေဆာင္ဖူဖာက အဲသလို ပေလြမႈတ္ရင္း ဆရာမေထာ့ဖန္ႏွင့္ အတူရွိစဥ္က ခံစားမႈကို ေတြးကာ ႐ုတ္တရက္ ဆရာေလးထီရန္အား စေတြ႕စဥ္က ရင္ခြင္ထဲ ေပြ႕ဖက္မႈကလည္း ရင္းႏွီးေနသလို ခံစားရသည္ကို သိ၍ ပေလြမႈတ္ေနတာကို ခ်က္ခ်င္းရပ္ပစ္လိုက္ေလသည္။
အဲ့ေနာက္ ဆရာေလးထီရန္အား မၾကာေသးမီအခ်ိန္ ျခင္ေထာင္ ေထာင္ေပးစဥ္က ဆရာေလးထီရန္ ေခါင္းေဆာင္ဖူဖာ၏ ရင္ခြင္ထဲ ေရာက္ေနသည့္အခ်ိန္က ေခါင္းေဆာင္ဖူဖာ ဆရာေလးထီရန္၏ အၾကည့္ေတြကို သတိရကာ ခဏတာ ေတြေဝစဥ္းစားၿပီး နားမလည္ေပမယ့္ ၿပဳံးရည္လိုက္ေလသည္။
ထိုညအခ်ိန္ေလးေတာ့ ေခါင္းေဆာင္ဖူဖာအား ဒြိဟျဖစ္ေစေပမယ့္ ဆရာေလးထီရန္ႏွင့္ ေတြ႕လွ်င္ သူ၏ခံစားမႈက ထူးျခားလာသည္ ဆိုတာကို သတိထားမိလွ်င္ ထားမိေခ်မည္။
ေနာက္တစ္ေန႕မနက္
ေက်ာင္းအိမ္ယာ၌ ဆရာေလးထီရန္၏ အခန္းအျပင္မွ ၾကမ္းကာကို ရိုက္ကာ ဆရာေလးထီရန္အား တစ္ေယာက္ေယာက္က ေခၚေနသမို႔ ဆရာေလးထီရန္ သူ၏လိုအပ္သည့္ ပစၥည္းကို ကျပာကယာထည့္ေနရေလသည္။
- ဘုတ္..ဘုတ္.. -
" ေအး ၾကားပါတယ္ ေခါင္းေဆာင္ရယ္ ခဏေလးပါ ဘာလို႔ တံခါးပဲ ေခါက္ေနတာလဲ ''
ဆရာေလးထီရန္က အျပင္မွ တံခါးေခါက္ေနတာကို ေခါင္းေဆာင္ဖူဖာဟု ထင္ၿပီး အဲသလိုေျပာကာ သူ၏စာအုပ္ေတြ ထည့္ထားသည့္ အိတ္ကို ေဘး၌လြယ္ကာ အိမ္အျပင္ထြက္လာေတာ့ ေခါင္းေဆာင္ဖူဖာ မဟုတ္ဘဲ ေရာ့ခ်န္းကို ေတြ႕ေလေတာ့သည္။
" ၾကားတယ္လို႔ ေခါင္းေဆာင္.. ဟာ... ''
" ေအ..ေခါင္းေဆာင္ဖူဖာ အလုပ္မ်ားေနလို႔ ကြၽန္ေတာ္ လာလိုက္တာပါ ''
" ေန႕တိုင္း ခင္ဗ်ားပဲ ပို႔လို႔မရဘူးလား ''
မွန္၏။ ဆရာေလးထီရန္က ေခါင္းေဆာင္ဖူဖာသာ သူ႕ကိုေက်ာင္းပို႔ေပးရင္ အၿမဲရန္လိုသည့္စကားပဲ ေျပာေနရသမို႔ ေရာ့ခ်န္းအား အဲသလို ရည္ကာ ေျပာလိုက္ျခင္း ျဖစ္ေလသည္။
" အမ်ားအားျဖင့္ေတာ့ ကြၽန္ေတာ္ပဲ ပို႔ရတာပါ ေခါင္းေဆာင္ဖူဖာက အၿမဲတမ္းကို အလုပ္မ်ားေန
တာေလ မေန႕ကလည္း ဆရာေလးကို အေဖာ္ျပဳဖို႔အတြက္ သူ႕တာဝန္ေတြကို ထားပစ္ခဲ့တာ အဖြဲ႕က
လူေတြ အားလုံးက သူ႕ကို အံ့ၾသေနၾကတာ ေအာ္ အျမန္သြားတာ ေကာင္းမယ္ ေက်ာင္းသားေတြ
ေစာင့္ေနၾကေလာက္ၿပီ သြားၾကမယ္ သြားမယ္ ''
အဲလိုနဲ႕ ဆရာေလးထီရန္လည္း ေရာ့ခ်န္းေျပာတာကို ၾကည့္၍ ၿပဳံးကာ ေရာ့ခ်န္းႏွင့္အတူ ဖာပန္းေဒါင္းေက်ာင္းကို သြားလိုက္ၾကေလေတာ့သည္။
အဲသလို သူတို႔ထြက္သြားေတာ့ ေဘးပတ္ဝန္းက်င္မွာ စိမ္းစိုသည့္ေတာေတြကာရံထားကာ ေတာင္ကုန္းေတြ ေပၚ၌ စိုက္ထားသည့္ လက္ဖက္ခင္းႀကီးကို ေရာက္သြားၾကေလေတာ့သည္။
" အမ်ားအားျဖင့္ေတာ့ ႐ြာသားေတြက လက္ဖက္စိမ္း စိုက္ၾကတယ္ ကြၽန္ေတာ္ ႂကြားတာေတာ့
မဟုတ္ဘူးေနာ္ ဒီက လက္ဖက္စိမ္းက အရမ္းကို ေမႊးတာ ''
" ဟုတ္ ''
" မယုံဘူးလား ေမႊးၾကည့္လိုက္ပါ ''
ေရာ့ခ်န္း က ဆရာေလးထီရန္အား လက္ဖက္ၫႊန့္ေကာက္ကာ ေမႊးၾကည့္ခိုင္းေလသည္။
" ဟြင္းန္း..အရမ္းေမႊးတာပဲ ''
" အေကာင္းဆုံးပဲလို႔ ေျပာသားပဲ ၿပီးေတာ့ ဒုတိယေနရာက အပ္ခ်ဳပ္အလုပ္ပဲ က်န္တာေတြကေတာ့
မွိုေတြနဲ႕ ေဆးဖက္ဝင္အပင္ေတြကို စုၿပီး ေရာင္းၾကတယ္
ဒါေပမယ့္ အမ်ားႀကီးေတာ့ မရပါဘူး ဘာလို႔ဆိုေတာ့ ဒီေနရာက နယ္စပ္နဲ႕ နီးတယ္ေလ ''
ေရာ့ခ်န္းက အဲသလို ဖာပန္းေဒါင္း႐ြာက အလုပ္အကိုင္ေတြကို စိတ္ဝင္တစားႏွင့္ ဆရာေလးထီရန္အား ရွင္းျပေပးေနေလသည္။
" အင္း အယ္ ခ်န္း ''
" ဟုတ္ ''
" ဖာပန္းေဒါင္းေခ်ာက္ကမ္းပါးက ဘယ္မွာ
ရွိတာလဲ ''
ဆရာေလးထီရန္က ဘာလို႔ ထိုေနရာကိုမွ စြဲလမ္းေနရတာလဲ ဆိုတာ ေထာ့ဖန္၏ႏွလုံးထည့္ထားလို႔မ်ားလား ေထာ့ဖန္ကားတိုက္မိေတာ့ ထိုေနရာကို စြဲလမ္းလို႔ေသဆုံးသြားသည္မို႔လား ဆရာေလးထီရန္က တကယ္ပဲ သြားခ်င္ဖို႔ ဆႏၵ ျပင္းျပေနလို႔မ်ားလား ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းလွေပသည္။
" ေအာ္ ဒီေတာင္ေပၚမွာ ဒါေပမယ့္ ေတာင္ေျခအထိပဲ သြားလို႔ရတယ္ လမ္းေၾကာင္းက အရမ္းကို
ရႈပ္ေထြးၿပီး က်ဥ္းတယ္ လမ္းေပ်ာက္ၿပီး သရဲေတာင္ကုန္းေရာက္သြားလို႔ကေတာ့ သြားၿပီပဲ
သိရဲ႕လား ''
" သရဲေတာင္ကုန္း ''
" ဟုတ္တယ္ အဲဒီသရဲေတာင္ကုန္းမွာ ေတာရဲ႕ အေစာင့္အေရွာက္ေတြ ေနတယ္ဆိုၿပီး ႐ြာသားေတြ
ယုံၾကည္ၾကတယ္ေလ အယ္ ရိုးရာအတိုင္း ခြင့္ျပဳခ်က္မေတာင္းဘဲ အဲဒီလမ္းမွာ ေပ်ာက္သြားလို႔
ကေတာ့ အသက္ပါ ပါသြားၿပီပဲ ''
" ေဟ့ ခ်န္း ''
ေရာ့ခ်န္း၏ မနီးမလွမ္းမွ ေကာင္ေလးတစ္ေယာက္ ေရာ့ခ်န္းစကားမဆုံးခင္ ေအာ္လိုက္သမို႔
ေရာ့ခ်န္း လန့္ကာသြားေလေတာ့သည္။
" အမေလး ေဝြး ေဝး ေဟး လန့္သြားတာပဲ ''
" မင္းငါ့ကို ဘာလို႔ မေစာင့္တာလဲ ''
" ဒီေလာက္နီးနီးေလးကို ဘာလို႔ ေအာ္ေနတာလဲ အသံေလွ်ာ့စမ္းပါ ရင္ေတာင္ တုန္သြားတာပဲ ေဝး ''
ေရာ့ခ်န္းက ထိုေကာင္ေလးအား အလန့္တၾကားေျပာၿပီး ဆရာေလးထီရန္အား ၾကည့္ကာ
" ဆရာေလး သူက အဖြဲ႕ထဲက ေတာေစာင့္ေနာက္တစ္ေယာက္ လန္ တဲ့ ကြၽန္ေတာ္ ဒီမွာ မရွိတဲ့အခါမ်ိဳးက်ရင္ သူကူညီေပးပါလိမ့္မယ္ ''
လန္တဲ့။ အရမ္းေခ်ာၿပီး သူ႕ကိုယ္သူ ဖာပန္းေဒါင္းမွာ အေခ်ာဆုံးဟု ဂုဏ္ယူဝင့္ႂကြား ေနတဲ့ တပ္သားတစ္ေယာက္။
" ေတြ႕ရတာ ဝမ္းသာပါတယ္ အစ္ကိုလန္ ''
" ႐ြာကေန ႀကိဳဆိုပါတယ္ ''
" ဟုတ္ကဲ့ ''
" သူ႕ကို ႐ြာသားေတြနဲ႕ မိတ္ဆက္ေပးၿပီးၿပီလား ''
" မိတ္မဆက္ေပးရေသးဘူး ''
" ဟုတ္လား ငါပဲ မိတ္ဆက္ေပးလိုက္မယ္ ''
" ေအး ''
ဒီလိုနဲ႕ တပ္သားလန္က ဆရာေလးထီရန္ကို လက္ဖက္ခူးေနသည့္ ႐ြာသားေတြနဲ႕ မိတ္ဆက္ေပးလိုက္ေလသည္။
" ေအ နဲ႕ အရင္မိတ္ဆက္ေပးရေအာင္ ေအ သူကလူသစ္ဆရာေလး ''
" မဂၤလာပါ ''
ဆရာေလးထီရန္က မဂၤလာပါဟု မိတ္ဆက္ေတာ့ ေအနဲ႕လက္ဖက္ခူးေနတဲ့အမက ဆရာေလးထီရန္ကို ေရွာင္ဖယ္သြားကာ တစ္ျခားေနရာ၌ လက္ဖက္ခူးေနေလသည္။
ေရာ့ခ်န္း လန္ ႏွင့္ ဆရာေလးထီရန္တို႔ မ်က္ႏွာပ်က္သြားကာ လန္က ဆရာေလးထီရန္၏ ပုခုံးကို ကိုင္၍
" စိတ္မရွိပါနဲ႕ အရင္တုန္းကဆို သူက ဘယ္သူကိုမွ ၾကည့္ေတာင္ၾကည့္တာ မဟုတ္ဘူး ဒီကလူေတြက
ခင္ဖို႔ ေကာင္းၾကပါတယ္ သူ ဆရာေလးကို ေကာင္းေကာင္းမသိေသးလို႔ပါ အခ်ိန္ေတာ့
ယူရမွာေပါ့ ''
" အင္း ေက်ာင္းသားေတြ အရင္တုန္းကဆရာမ ေထာ့ဖန္အေၾကာင္း ေျပာတာၾကားတယ္ သူကေရာ ဘယ္လိုလူမ်ိဳးလဲ ''
မွန္၏။ ဆရာေလးထီရန္က ေထာ့ဖန္ကို ပုံသာျမင္ဖူးၿပီး အျပင္မွာမျမင္ဘူး မေတြ႕ဖူးသမို႔ အဲသလို ေမးလိုက္ျခင္း ျဖစ္ေလသမို႔ ေရာ့ခ်န္းႏွင့္လန္ ခဏတာေတြေဝသြားကာ ေရာ့ခ်န္းက
" ဆရာေလး ဘာေတြၾကားထားလို႔လဲ ''
" ေအာ္ ကြၽန္ေတာ့္ထက္ အရင္ေရာက္ခဲ့တာ ဆိုတာပဲသိတာပါ ''
ဟူ၍ ဆရာေလးထီရန္က အမွန္တိုင္းေျပာဖို႔မသင့္သမို႔ လိမ္၍ ေျပာလိုက္ေလသည္။
" ေၾသာ္ ဆရာမေလးေထာ့ဖန္က စာသင္ႏွစ္ ေနာက္ဆုံးအခ်ိန္ထိ ဒီမွာေနခဲ့ပါတယ္ သူက စာသင္ႏွစ္
အသစ္ျပန္လုပ္ၿပီး ဒီမွာ စာဆက္သင္ခ်င္ေနတာ ေက်ာင္းသားေတြေရာ ႐ြာသားေတြကေရာက သူ႕ကို
မိသားစုလိုမ်ိဳးခ်စ္ၾကတယ္ေလ ''
" အမွန္ပဲ ''
ေရာ့ခ်န္းေျပာသည္ကို လန္ကလည္း အမွန္ပဲ ဟု ေျပာကာ ေထာက္ခံလိုက္လ်က္ ၿပဳံး၍ေနၾကေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္လည္း ေခါင္းကေလးၿငိမ့္ကာ ေနေလေတာ့သည္။
" ကံမေကာင္းတာက သူ ဘန္ေကာက္ကို
ျပန္ရင္းနဲ႕ ဆုံးသြားခဲ့တယ္ ကားတိုက္ခံရတာပါ ''
အဲသလို ေရာ့ခ်န္းေျပာတာကို ဆရာေလးထီရန္ ၾကားၿပီး သိပ္လည္းမထူးဆန္းကာ တစ္ခုခုကို ႀကိဳသိေနသလိုမ်ိဳးပုံစံ ျဖစ္ေနေလသည္။
" သူ႕လို လူေကာင္းမ်ိဳးက ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႕ မေသသင့္ပါဘူး ''
ေရာ့ခ်န္းေျပာရင္းနဲ႕ ဝမ္းနည္းစိတ္မေကာင္းသမို႔ လန္က ေရာ့ခ်န္း၏ေက်ာကို အသာေလးပြတ္သတ္ကာ အားေပးေနေပမယ့္ တစ္ဖက္မွာရွိေသာ ဆရာေလးထီရန္ကလည္း စိတ္မေကာင္းမိေပမယ့္ အားတင္းကာ သူ၏အေနာက္မွ လက္ဖက္ခူးေနတဲ့သူေတြကို ၾကည့္၍
" ဒီကလူေတြလည္း ေတာ္ေတာ္ေလးစိတ္မေကာင္း ျဖစ္ေနၾကမွာေပါ့ ''
" သူတို႔ အခုထိ မသိၾကေသးပါဘူး သူတို႔ ဘယ္ေတာ့မွ သိမလဲေတာ့ မသိဘူး ေခါင္းေဆာင္က
သူတို႔ကို မေျပာခိုင္းထားဘူး ''
" ဟုတ္တယ္ ကြၽန္ေတာ္တို႔ကို ႏႈတ္ပိတ္ေနခိုင္း
ထားတာ ''
" ဟုတ္တယ္ သူတို႔မသိၾကတာကိုေတာ့ စိတ္မေကာင္း ျဖစ္မိတယ္ ''
ေရာ့ခ်န္းႏွင့္ လန္ အဲသလို တစ္ေယာက္ကိုတစ္ေယာက္ ေထာက္ခံကာေျပာ၍ ဆရာေလးထီရန္လည္း စိတ္မေကာင္းျဖစ္မိေလသည္။ မွန္၏။ ႐ြာသားေတြကို ဆရာမေထာ့ဖန္ဆုံးသြားၿပီဟု ဘယ္လိုခြန္းအားနဲ႕ ေျပာရမွာလဲ။ ဘယ္လိုမ်က္ႏွာနဲ႕ ေျပာရမွာလဲ။ ႐ြာသူ႐ြာသားေတြက ဆရာမေထာ့ဖန္ကို ခ်စ္ၾကတာႀကီးပဲကိုး။ မဟုတ္လား။
" ဟို ကြၽန္ေတာ္တို႔ ဒါကိုေျပာတာက ဆရာေလးကို ဖိအားေပးဖို႔ မဟုတ္ပါဘူးေနာ္ လန္နဲ႕ကြၽန္ေတာ္နဲ႕ယုံၾကည္တယ္
ဆရာေလးရဲ႕ႏွလုံးသား တစ္ခုလုံးနဲ႕ရင္းၿပီး ဆရာမေလးေထာ့ဖန္တုန္းကလိုမ်ိဳး ႐ြာသားေတြကို
စည္း႐ုံးနိုင္လိမ့္မယ္လို႔ ''
" ဟုတ္တယ္ ''
" အဆင္ေျပသြားမွာပါ ''
မွန္၏။ ခဏက ဆရာေလးထီရန္ ႐ြားသားေတြကို ႏႈတ္ဆက္တာ အဆင္မေျပသမို႔ ယခုလို ဆရာမေထာ့ဖန္ႏွင့္ယွဥ္ကာ ေရာ့ခ်န္းက ဆရာေလးထီရန္၏ေက်ာကို အသာပြတ္ကာ အားေပးစကားေျပာသမို႔ ဆရာေလးထီရန္ ၿပဳံးရည္ကာ ဆရာေလးထီရန္ ေရာ့ခ်န္းႏွင့္လန္တို႔ ဖာပန္းေဒါင္းေက်ာင္းကို သြားလိုက္ၾကေလေတာ့သည္။
" လုပ္နိုင္ပါတယ္ အားတင္းထား ''
" ဟုတ္ ''
" သြားမယ္ ''
ဖာပန္းေဒါင္းေက်ာင္း ၌
" ဒီေန႕ေတာ့ ထိုင္းဗ်ည္းေတြကို သင္ေပးသြားမယ္ ''
ဆရာေလးထီရန္က အဲသလိုေျပာကာ ေျမျဖဴေလးကိုင္ၿပီး ေက်ာက္သင္ပုန္းမွာလည္း ထိုင္းဗ်ည္းေတြကို တစ္စီတစ္တန္း ေရးထားၿပီးေလသည္။
" အားလုံးပဲ ဆရာ့ေနာက္က လိုက္ဆိုၾကေနာ္ ပထမဆုံးစာလုံးနဲ႕စလိုက္ရေအာင္ ၾကယ္ပုံေလးနဲ႕က ေကာ - ကိုင္ ''
" ေကာ - ကိုင္ ''
ဆရာေလးထီရန္က အေရွ႕မွ တိုင္ပင္ခ်ေပးကာ ေက်ာင္းသူေက်ာင္းသားေတြ ေနာက္မွလိုက္ဆိုၾကေလသည္။
" ေနာက္ ကိုင္ထပ္စာလုံးက.. ''
" ၾကက္ၿခံထဲကဥေလးနဲ႕က ေခါ - ခိုင္ ''
ဆရာေလးထီရန္က ရွင္းျပေနရာ စကားမဆုံးခင္ ေက်ာင္းသားေက်ာင္းသူေတြက အဲသလို ေခါ - ခိုင္ ဟူ၍ သံၿပိဳင္ေအာ္လိုက္သည္မို႔ ဆရာေလးထီရန္ အံ့ၾသကာ မ်က္လုံးအနည္းငယ္ က်ယ္လာေလသည္။
" သင္ၿပီးသြားၾကၿပီလား ''
" ဟုတ္ ဆရာမေထာ့ဖန္က စာလုံးေတြ အကုန္သင္ေပးထားပါတယ္ ''
" ဆရာေလးထီရန္ ေဒါ့ - ဒက္ နဲ႕ တို - တရို ကို စလုံးေပါင္းတာ မွားေနတယ္ ''
အာရီက စလုံးေတြ အကုန္သင္ၿပီးသည့္အေၾကာင္းကို ေျပာကာ မိက်ဴးက ဆရာေလးထီရန္အား စလုံးေပါင္းမွားေနတာကို ေျပာသမို႔ ဆရာေလးထီရန္ အနည္းငယ္ရွက္မိသြားေလသည္။
သူ၏လက္က ထိုစာလုံးကို မထိတထိ ရွက္ကိုရွက္ကားႏွင့္ ဖ်က္လိုက္ေလကာ ေက်ာင္းသားေက်ာင္းသူေတြက ရည္ေမာလိုက္ၾကေလသည္။
" ဟား..ဟား.. ''
" ဒါဆို A - Z ေရာ သင္ၿပီးၿပီလား ''
" ဟုတ္ ဆရာမေထာ့ဖန္ သင္ေပးထားပါတယ္ ''
ဆရာေလးထီရန္က အဲသလို ရွက္ကိုရွက္ကား ေမးလိုက္ေပမယ့္ ေက်ာင္းသားေတြက သိၿပီးသား ျဖစ္ေနေလသည္။ အဲ့ေနာက္ အၿမဲအအိပ္ႀကီး အစားႀကီးတဲ့ ကာလယ္က အာတန္းကာ ေခါင္းခါးယမ္းၿပီး ခုံေပၚ ေမွာက္အိပ္လိုက္ေလေတာ့သည္။
ေခါင္ႏြန္းက သက္ျပင္းတစ္ခ်က္ခ်၍
" ဟား..ဟူး..ဆရာမေထာ့ဖန္သင္ေပးတုန္းကေလာက္လည္း ေပ်ာ္စရာမေကာင္းဘူး ''
ဟူ၍ေျပာကာ မိက်ဴးက
" ဆရာဆီထီရန္ ဆရာမေထာ့ဖန္ ဒီကို ဘယ္ေတာ့ ျပန္လာမွာလဲ ဟင္ ''
ဟူ၍ေျပာသမို႔ ဆရာေလးထီရန္ ခဏတာ ေတြေဝၿငိမ္သြားကာ
" ေအ ဒီလိုဆိုရင္ေရာ နံပါတ္ေတြကို ေလ့လာၿပီးၾကၿပီလား ''
ဟူ၍ စကားလမ္းေၾကာင္းလႊဲလိုက္ေလေတာ့သည္။
" ဆရာမေထာ့ဖန္ သင္ေပးထားပါတယ္ ''
အဲသလိုနဲ႕ စာသင္ခ်င္စိတ္မရွိရင္ ထျပန္တတ္သည့္ ေခါင္းေဆာင္ အာရီက ထျပန္သြားမည္အလိုမွာ ဆရာေလးထီရန္ တားသမို႔ ထိုင္ခုံမွာ ထိုင္လိုက္ေလသည္။
" မဟုတ္ဘူး ေနၾကဦး ေနဦး ဆရာမေထာ့ဖန္က မင္းတို႔ကို လက္ေတြ႕ ကြင္းဆင္းဖို႔ ေခၚသြားၿပီးၿပီလား ''
ဟူ၍ ေမးသမို႔ ေက်ာင္းသားေက်ာင္းသူေတြ နားမလည္ ျဖစ္သြားၾကေလေတာ့သည္။
" ကြင္းဆင္းတယ္ဆိုတာ ဘာႀကီးလဲ ''
အဲ့ေတာ့မွ ဆရာေလးထီရန္ ေက်ာင္းသားေတြ နားမလည္တာကို ရွင္းျပရေတာ့မည္မို႔ မ်က္ႏွာ႐ႊင္လန္းသြားေလသည္။ မွန္၏။ ဆရာဆိုတာ မသိတာကို ရွင္းျပရမွ အင္အားပါၾကသည္မလား။
" ကြင္းဆင္းတယ္ဆိုတာ စာသင္ခန္း အျပင္ဘက္မွာ ေလ့လာရတာပါ ''
" ဆရာေလး အဲဒီစိတ္ကူးက မေကာင္းေလာက္ဘူး ထင္တယ္ေနာ္ ''
မွန္၏။ ေက်ာင္းသားေက်ာင္းသူေတြကို ျပင္ပမွာ သင္ၾကားဖို႔ စိတ္မခ်စိဳးရိမ္၍ ေရာ့ခ်န္းက အဲသလို ေျပာလိုက္ျခင္း ျဖစ္ေလသည္။
" ေကာင္းပါတယ္ ခ်န္း ''
" ေအ ေဟ့ လန္ သူ႕ကို သြားေျပာလိုက္ဦး မဟုတ္ရင္ ေခါင္းေဆာင္ ငါတို႔ကို အမႈန့္ေခ်ပစ္လိမ့္မယ္ ''
" ဘာလို႔ ငါက ေျပာရမွာလဲ ''
" မင္း ေျပာရမွာေပါ့ မင္းက ငါ့ဂ်ဴနီယာေလ မင္းသြားေျပာလိုက္ ''
" အား ဆရာေလးထီရန္ ခင္ဗ် ကြၽန္ေတာ္အေျပးသြားစရာေလး ေပၚလာလို႔ပါ ဝက္တစ္ေကာင္ ဝမ္းေလွ်ာေနလို႔တဲ့ သြားၾကည့္လိုက္ဦးမယ္ ''
" ေဟ့ လန္ ''
" အေရးႀကီးလို႔ ''
လန္က ဆရာေလးထီရန္အား ကြင္းဆင္းဖို႔ မတားဘဲ ထိုျပႆမွာ မပါခ်င္သမို႔ အဲသလို အူတူတူအ႐ူးဇာတ္ခင္းကာ ထြက္ေျပးသြားေလေတာ့သည္။
" မင္းကေတာ့ ''
" ဘယ္သူ ေရတံခြန္သြားခ်င္လဲ လက္ေထာင္ၾက ''
" ကြၽန္ေတာ္ ကြၽန္ေတာ္ပါ ''
" သြားၾကမယ္ လိုက္ခဲ့ၾက ''
ဆရာေလးထီရန္က အဲသလိုေျပာကာ ေက်ာင္းသားေတြက ဆူဆူညံညံႏွင့္ ေပ်ာ္ကာ ေရာ့ခ်န္းလည္း စိုးရိမ္ေနေပမယ့္ ေရတံခြန္ဆီ လိုက္သြားရလိုက္ေလေတာ့သည္။
" လာေလခ်န္း သြားမယ္ ''
" သြားၾကမယ္ ''
ဖာပန္းေဒါင္း႐ြာေဆးခန္းတြင္ ေဒါက္တာနမ္က ေခါင္းေဆာင္ဖူဖာအား ရင္ဘတ္ကို နားၾကပ္ေလးႏွင့္ စမ္းသပ္ေနေလသည္။
" အသက္ကို ရႉသြင္းလိုက္ ''
" ဟား.. ''
" အြမ္း ေျပာရရင္ေတာ့ အိုေကသြားပါၿပီ တျခားလူနာေတြလည္း မင္းလိုမ်ိဳး ျမန္ျမန္ျပန္သက္သာနိုင္
ရင္ ေကာင္းမွာပဲ ဒါနဲ႕ မင္းရဲ႕လုပ္အားေပးဆရာအသစ္ေရာဘယ္လိုေနလဲ ''
" ငါ့ရဲ႕ ''
မွန္၏။ ေဒါက္တာနမ္က ဆရာေလးထီရန္ကို ေခါင္းေဆာင္ဖူဖာ၏ဆရာေလးဟု ေျပာသမို႔ ေခါင္းေဆာင္ဖူဖာက ေဒါက္တာနမ္ကို နားမလည္သလို ၾကည့္ေနေလသည္။
" မင့္ ေစာင့္ေရွာက္မႈ ေအာက္မွာပဲေလ ငါၾကားတယ္ေနာ္ သူ႕ပထမဆုံး ေက်ာင္းစာသင္ရက္မွာ မင္းကိုယ္တိုင္
သူ႕အိမ္တံခါးနားထိ သြားႀကိဳေပးတယ္ဆို ပုံမွန္ဆို မင္းက အဲဒီေလာက္ထိ လုပ္ေပးတာမွ မဟုတ္တာ ''
" ငါ့ ကေလးေတြအတြက္ စိတ္ပူလို႔ပါ ''
" ကေလးေတြနဲ႕ေရာ ဘယ္လိုလဲ
စိတ္ပူစရာရွိေသးလား ''
" မင္းလည္း သိတဲ့အတိုင္းပဲ လိုက္ညွိၿပီးမေနနိုင္တဲ့ အစား ဂ်ီးမ်ားတဲ့သူ တစ္ပတ္ထက္ ပိုခံမွာ မဟုတ္ဘူး ''
ေခါင္းေဆာင္ဖူဖာက အဲသလို ဆရာေလးထီရန္ကို ေျပာလိုက္သည္မို႔ ေဒါက္တာနမ္က
" ေအာ္ ေထာ့ဖန္လိုမ်ိဳး ဘယ္သူမ်ား လုပ္နိုင္မွာလဲ သူက ဒီက သမီးေခြၽးမေတာင္ ျဖစ္ေနခဲ့တာေလ ''
ဟုေျပာကာ သူ၏ ေဆးစာရင္းကို ၾကည့္ေနရာမွ ေခါင္းေဆာင္ဖူဖာအား ၾကည့္ေတာ့ စိတ္မေကာင္းဝမ္းနည္းေနသည္ကို ေဒါက္တာနမ္ သတိထားမိေလေတာ့သည္။
" ေဟ့ ေတာင္းပန္ပါတယ္ေနာ္ ငါ ေနာက္လိုက္တာပါ ေထာ့ဖန္ကို စိတ္မပူပါနဲ႕ေတာ့ သူ အခုေလာက္ဆို နတ္သမီးေလး ျဖစ္ေနေလာက္ၿပီ ''
ဟူ၍ ေဒါက္တာနမ္က အေပၚေမာ့ၾကည့္ကာ ေျပာလိုက္ေလသည္။
" မင့္ေစာင့္ေရွာက္မႈေအာက္က လူကိုပဲစိတ္ပူသင့္တယ္ ငါ အခုထူးဆန္းေနတုန္းပဲ
သူ႕လိုသူေဌးသားေလးတစ္ေယာက္က ဒီလိုေနရာကို ဘာလို႔လာခဲ့လဲေပါ့ ''
ေဒါက္တာနမ္က အဲသလိုေျပာၿပီး ေခါင္းေဆာင္ဖူဖာက လည္း ကုတင္မွာ ထိုင္ေနရာမွ ဆင္းလာခဲ့ေလေတာ့သည္။ ေဒါက္တာနမ္ နားမလည္သည့္ ဆရာေလးထီရန္ ဖာပန္းေဒါင္းမွာ အလုပ္လုပ္ရသည့္အေၾကာင္း ဘာမ်ားျဖစ္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနေပသည္။
" ေသစမ္း ငါေတာ့ ေသၿပီပဲ ေခါင္းေဆာင္သာ ကြၽန္ေတာ္ ကေလးေတြကို ဒီကိုေခၚလာတာသိရင္
ကြၽန္ေတာ္ကေတာ့ ေသၿပီပဲ ''
" ကေလးေတြကို ဒီကို လမ္းေလွ်ာက္ဖို႔ ေခၚလာတယ္လို႔ ဘယ္သူ ေျပာလဲ သူတို႔ကို သင္ၾကားေပးဖို႔ ေခၚလာတာ ''
ဆရာေလးထီရန္ႏွင့္ ေရာ့ခ်န္းအဲသလိုေျပာကာ ကမ္းပါးကူးသည့္ ေက်ာက္တံတားျမက္ခင္းစိမ္းေပၚ၌ ေရတံခြန္ကို သြားေနရာမွ ခဏရပ္လိုက္ေလသည္။
" ကေလးတို႔ သစ္ပင္ေတြကို ေတြ႕ၾကလား သစ္ပင္ေတြက ဘာအေရာင္ရွိလဲ ''
" အစိမ္းေရာင္ ''
ဆရာေလးထီရန္ႏွင့္ ကေလးေတြ ေလ့လာေရးကြင္းဆင္းကာ စာသင္ၾကားေနၾကေလသည္။
" အစိမ္းေရာင္ေနာ္ အစိမ္းေရာင္ကို အဂၤလိပ္လို ဘယ္လိုေခၚလဲ သိလား ''
" ေအာ္... ''
" ေအ..မသိဘူးမလား အစိမ္းေရာင္ကို အဂၤလိပ္လို Green လို႔ ေခၚတယ္ ''
" Green ''
" Green ေအ ဟုတ္တယ္ လိုက္ေျပာၾကည့္ ''
" Green ''
" ေအ ဒါဆို အာရီရဲ႕ ဆံပင္က ဘာအေရာင္လဲ ''
" အနက္ ''
" ေအး အဂၤလိပ္လိုက Black ''
" Black ''
" ေအ ဟုတ္တယ္ ေျပာၾကည့္ Black ''
" Black ''
" ဒီဘက္ကိုလာ ခ်န္း ဆက္သြား လာ ''
ဆရာေလးထီရန္က အဲသလိုေျပာကာ ကေလးေတြနဲ႕ အတူ တံတားေပၚမွ ဆင္းလာေလသည္။
" အန္း ေတြ႕လား ဟိုးကပန္းအေရာင္ေတြက အဝါေရာင္ ေအ သူက်ေတာ့ Yellow ''
" Yellow ''
" ေအ ဟုတ္တယ္ Yellow ေအ တိမ္ေတြက ဘာအေရာင္လဲ ''
" အျဖဴေရာင္ ''
" ေအ သူ႕ကိုက White ''
" White ''
" ဟုတ္ၿပီ ကေလးတို႔ ေရတံခြန္ဆီ ဆက္သြားရေအာင္ လာသြားမယ္ ''
အဲသလိုနဲ႕ ဆရာေလးထီရန္က ကေလးေတြႏွင့္အတူ ေရာ့ခ်န္းႏွင့္ လမ္းအတူေလွ်ာက္၍ စာသင္ရင္း ေရတံခြန္ဆီ လာခဲ့ၾကေလသည္။
" ဒီဘက္ကို ဒီဘက္က အေရာင္ေတြ ၾကည့္ရေအာင္ ''
" အနက္က ''
" Black ''
" ေအြး ေတာ္လိုက္တာ အဝါဆိုရင္ ''
" White ေအာ္ Yellow ''
" ေအ လာၾက ''
ဒီလိုနဲ႕ ဆရာေလးထီရန္က ကေလးေတြႏွင့္ ေရာ့ခ်န္းႏွင့္အတူ စိမ္းစိုသည့္အပင္မ်ားႏွင့္ ေရေတြ တလေဟာ စီးဆင္းေနသည့္ ေရတံခြန္ကို ေရာက္သြားၾကေလေတာ့သည္။
" ေရတံခြန္ကို ေရာက္ၿပီ ''
" ေရး ''
" နန္ - တုန္ ဆိုတာ အဂၤလိပ္လိုဆိုရင္ Waterfall လို႔ ေခၚတယ္ ''
" ေရတံခြန္က Waterfall ''
" ေအ ေနာက္တစ္ခါ ထပ္ေျပာမယ္ Waterfall ''
" Waterfall ''
အဲသလို ဆရာေလးထီရန္က ဆရာပီပီ စိတ္ေရာကိုပါ ေရတံခြန္ကို လက္ညိုးထိုးျပၿပီး နားလည္ေအာင္ ဂ႐ုတစိုက္ ရွင္းျပေပးေလသည္။
" ၾကယ္ ၂ သိမ္းငွက္ပါ အခုခ်က္ခ်င္း အဖြဲ႕ခ်ဳပ္ဆီ ျပန္လာပါ ''
" ရထားပါ ''
ေရာ့ခ်န္းဆီ အဲသလို အဖြဲ႕ခ်ဳပ္ဆီမွ ဖုန္းလာသမို႔ ျပန္ေျဖလိုက္ေလသည္။ အဲ့ေနာက္ ဆရာေလးထီရန္ကို ကေလးေတြႏွင့္ စိတ္မခ်ေပမယ့္ ေရာ့ခ်န္းက အဖြဲ႕ခ်ဳပ္ဆီ ျပန္သြားရေလသည္။
" သိမ္းငွက္ ၾကယ္ ၂ ပါ အခု ျပန္လာေနပါၿပီ အိုေက အဖြဲ႕ခ်ဳပ္မွာ ေတြ႕မယ္ ဟုတ္ ''
" ေအ.. ''
" ေအြ အားလုံးပဲ ျပန္ဖို႔ အခ်ိန္ေရာက္ၿပီ သြားၾကမယ္ အိမ္ျပန္ၾကမယ္ ''
" ဟာ ခဏေလးေတာင္မနားရေသးဘူး အခုပဲ ေရာက္တာ ျပန္လို႔မရေသးဘူးေလ ေရထဲမွာ မကစားလိုက္ရရင္ ႏွေျမာဖို႔ ေကာင္းမွာေပါ့ ''
ကေလးေတြ ဆူဆူညံညံႏွင့္ ျဖစ္ကာ ဆရာေလးထီရန္အား ပူဆာၾကေတာ့မည္။
" ဆရာဆီထီရန္ ေရကစားခ်င္တယ္ ေနာ္လို႔ ေနာ္ ''
" ဒီလိုလုပ္ ကတိေပးေၾကး ဆရာေရထဲမွာ ကစားခြင့္ေပးရင္ အတန္းမၿပီးခင္ အိမ္မျပန္ေတာ့ဘူးလို႔ အိုေကလား ''
ဟူ၍ လက္သန္းေလးေထာင္ကာ ဆရာေလးထီရန္ ေျပာသမို႔ ကေလးေတြ ကတိေပးလိုက္ၾကေလသည္။
" ကတိေပးပါတယ္ ''
" အိုေက အရမ္းေကာင္းတယ္ ဒါဆို ေရထဲ ဆင္းၾကမယ္ ''
" ဆရာေလး မေကာင္းေလာက္ဘူးေနာ္ ''
" ဘာလို႔လဲ ''
" အားလုံးပဲ ဒီအႀကံ မေကာင္းဘူးထင္တယ္ေနာ္ ''
" ရပါတယ္ ခ်န္း ဘာမွမျဖစ္ေစရပါဘူး ကြၽန္ေတာ္လည္း ရွိေနတာပဲဟာ ခ်န္း စိတ္ပူစရာမလိုပါဘူး ''
" ဒါေပမယ့္ ေခါင္းေဆာင္က
အမိန့္ေပးလိုက္တယ္ ''
" ခ်န္း သူ႕ကို ျပန္မေျပာနဲ႕ေပါ့ လုပ္ပါ ဘာမွမျဖစ္ေစရပါဘူး ခ်န္း ကြၽန္ေတာ့္ကို အပ္ထားလိုက္ေနာ္ ခ်န္းတစ္ေယာက္တည္းပဲ ျပန္ႏွင့္လိုက္ ''
အဲသလိုနဲ႕ ေရာ့ခ်န္းက ကေလးေတြကို ၾကည့္ကာ စိတ္ပူ စိတ္မခ် ျဖစ္ေနေလသည္။
" လုပ္ပါ ''
" ေသခ်ာရဲ႕လား ''
" ေသခ်ာတယ္ ''
" အိုေက ေကာင္းပါၿပီ ကေလးေတြကို
ေစာင့္ေရွာက္ေနာ္ ''
" ဟုတ္ ''
" လိမ္လိမ္မာမာေနၾကေနာ္ ''
" ဟုတ္ ''
ေရာ့ခ်န္းက အဲသလိုေျပာကာ ကေလးေတြအတြက္ စိတ္မခ်ေပမယ့္ ဆရာေလးထီရန္ႏွင့္ ထားခဲ့လိုက္ရေလသည္။
" ကေလးတို႔လာ ေရထဲဆင္းၾကမယ္ လာ လာၾက ''
" ဟုတ္တယ္ ေရး သြားၾကမယ္ ဆင္းၾကမယ္ ''
အဲသလို ကေလးေတြႏွင့္အတူ ေရထဲဆင္းကာ ဆရာေလးထီရန္က ေရေတြ တစ္ေယာက္ႏွင့္တစ္ေယာက္ လက္ျဖင့္ ပက္လ်က္ ၿပဳံးေပ်ာ္ကာ ေရခ်ိဳး စေနာက္ေနၾကေလသည္။
မိက်ဴး ႏွင့္ အင္တာက ေက်ာက္တုံးေပၚ ထိုင္လ်က္ ေရေတြ ျဖန္းပက္ကာ အာရီ ေခါင္ႏြန္း ကာလယ္တို႔ ေရထဲမွာ ဆရာေလးထီရန္အား ေရျဖင့္ပက္ကာ ေဆာ့ကစားေနၾကေလသည္။
" ေရး..ေရး.. ''
" ေဟး..ေတာ္ေတာ..ေတာ္ေတာ့..ေတာ္ၿပီ.. ''
" ေရး..ဟား.. ''
" ေပ်ာ္ၾကရဲ႕လား.. ''
" ဟုတ္ကဲ့ ေပ်ာ္တယ္ ဆရာဆီထီရန္ ''
" ဆရာဆီထီရန္ ဆရာ့မွာ အဂၤလိပ္နာမည္ ရွိလား ''
" ဆရာလား မရွိဘူး ''
" ေအာ္ ေရတံခြန္က်ေတာ့ ဘာလို႔ အဂၤလိပ္နာမည္ ရွိတာလဲ ''
အရမ္းစပ္စုၿပီး အေမးအျမန္းထူတဲ့ မိက်ဴးေလးက အဲသလို ေမးခြန္းေတြ အထပ္ထပ္ေမးေနသမို႔ ဆရာေလးထီရန္က ေရေတြ တသြင္သြင္စီးက်ေနသည့္ ေရတံခြန္ကို ၾကည့္ကာ မိက်ဴးေလးအား
" အမွတ္ရသြားၿပီ ဆရာ့ထိုင္းနာမည္က ထီရန္မဟုတ္လား အဂၤလိပ္နာမည္က တိုနီတဲ့ ''
" ဒါဆို ေခါင္းေဆာင္ဖူဖာ ကေရာ ''
" ေခါင္းေဆာင္ဖူဖာလား ထူးထူးျခားျခားေလး ေပးတာေပါ့ သူက မ်က္ႏွာတည္ႀကီးထားရတာႀကိဳက္
တယ္ ၿပီးေတာ့ အၿမဲတမ္းယူနီေဖာင္းဝတ္တယ္ အရမ္းလည္း စည္းကမ္းႀကီးတယ္ သူ႕ကို Green Giant လို႔ ေခၚၾကမယ္ ''
မိက်ဴးက ေခါင္းေဆာင္ဖူဖာကေရာ ဟု ေမးသမို႔ ဆရာေလးထီရန္က သူ၏အေတြးစိတ္ကူးထဲမွာ ေခါင္းေဆာင္ဖူဖာကို ေတြးၾကည့္ၿပီး အဲသလို ဂရီးဂန့္ထခ်္ ဟူ၍ ေခၚလိုက္ၾကေလသည္။
" Green Giant ''
" Green Giant ဆိုတာ ဘီလူးစိမ္း လို႔ ေျပာတာ လိုက္ေျပာၾကည့္ၾက Green Giant ''
" ဘီလူးစိမ္းႀကီး ''
" ေအ အရမ္းေတာ္တယ္ ''
ဒီလိုနဲ႕ ဆရာေလးထီရန္ ေရထဲမွ ကေလးေတြႏွင့္အတူ ကုန္းေပၚ တက္လာခဲ့ေလသည္။ သူတို႔အားလုံးလည္း ေရေဆာ့ထားသည္မို႔ ေရေတြစို႐ြဲေနၾကေလသည္။
" အိမ္ျပန္ၾကမယ္ ကေလးတို႔ ''
" ဟုတ္ ''
" ဒါက ဘယ္သူ႕အိတ္လဲ ''
" သမီးအိတ္ ''
" ဒါကေရာ ''
" သားဟာ ''
အဲသလို ဆရာေလးထီရန္က ေက်ာက္တုံးေပၚ တင္ထားသည့္ အိတ္ေတြကို ကေလးေတြအား ကမ္းေပးေနေလသည္။
" ဆရာ နည္းနည္းေလာက္ ထပ္ေနလို႔ရမလား ''
" ေအြး ေတာ္ၿပီ ေနာက္မွတစ္ေခါက္ ျပန္လာၾကမယ္ေလေနာ္ ''
" ဆရာဆီထီရန္ မနက္ျဖန္က်ရင္ ေတာထဲ သြားၾကည့္ခ်င္တယ္ ''
" ေတာထဲလား ရတာေပါ့ ဆရာ မင္းတို႔ကို ေနရာအစုံေခၚသြားေပးမယ္ ''
" ဆရာ ကာလယ္ ေရနစ္ေနၿပီ ''
အမွန္ပင္ ယခုမွ သတိထားမိသည္ စတက္လာကတည္းက ကာလယ္ ပါမလာခဲ့ျခင္း ျဖစ္ေလသည္။ အာရီက ေရေပၚတြင္ ေခါင္းငိုက္ဆိုက္က်ၿပီး ေပၚေနတဲ့ ကာလယ္ကို ျမင္မွ ေရနစ္ေနမွန္းသိ၍ အဲသလို အလန့္တၾကား အသံက်ယ္က်ယ္ႏွင့္ ေအာ္ပစ္လိုက္ေလသည္။
" ကာလယ္ ေဝး ''
" ကာလယ္ လူေတြ သြားေခၚလိုက္ ''
ဆရာေလးထီရန္ကလည္း စိတ္ပူကာ အာရီ ေခါင္ႏြန္း အင္တာ မိက်ဴး တို႔ကို လူေတြ ေခၚခိုင္းလိုက္ေလသည္။ သူက ေရနစ္ေနသည့္ ကာလယ္ကို ကုန္းေပၚသို႔ သြားေပြ႕ေလသည္။
" ကာလယ္ ေဝး.. ကာကယ္
ကာလယ္ ''
အဲသလို နာမည္ကို အေရးတႀကီးေအာ္ၿပီး ကုန္းေပၚကို ဆရာေလးထီရန္ ကာလယ္အား ဆြဲေခၚလာခဲ့ေလသည္။
" ကာလယ္ သတိထားဦး ကာလယ္ ''
အဲသလို ဆရာေလးထီရန္ ကာလယ္ေမ့ေနသမို႔ စိတ္ပူကာ ေအာ္ေခၚေနသည့္ အခ်ိန္ ေဒါက္တာနမ္ ေခါင္းေဆာင္ဖူဖာတို႔ ေရာက္လာၿပီး ေဒါက္တာနမ္က ဆရာေလးထီရန္အား တြန္းကာ လြယ္လာသည့္အိတ္ကို ခ်ၿပီး ကာလယ္ကို စိုးရိမ္တႀကီး ေခၚေနေလသည္။
" ကာလယ္ ကာလယ္ ''
" ကာလယ္ ခ်န္း က်န္တဲ့ကေလးေတြကို
ဂ႐ုစိုက္ဦး ''
မွန္၏။ ဆရာေလးထီရန္လည္း သူ႕ေၾကာင့္ျဖစ္တယ္ဆိုေပမယ့္ စိတ္ပူမိေစမည္မွာအမွန္ပင္ ျဖစ္ေပသည္။ သူ၏ကံတရား ေပါ့ဆမႈ မေတာ္တဆလို႔ပဲ ေျပာၾကရေပမည္။ သို႔ေပမယ့္ ႐ြာသားေတြ သူ႕ကို အျမင္မၾကည္မွာ စိတ္ပူမိေစေလသည္။
" ကာလယ္ ''
အဲသလို ကာလယ္ကို ငုံ႕ၿပီးေအာ္ေခၚေနရာမွ ေခါင္းေဆာင္ဖူဖာက ဆရာေလးထီရန္ကို မ်က္ႏွာထားတင္းတင္းျဖင့္ ေမာ့ၾကည့္ကာ စိတ္တင္းေနေလသည္။
မွန္၏။ ဒါမ်ိဳးျဖစ္တာ အဲ့ဒီ႐ြာမွာ ပထမဦးဆုံးမို႔ ႐ြာသားေတြ အတြက္ စိတ္မေကာင္း ျဖစ္ေစၿပီး အဲလိုျပႆနာေတြက ဆရာေလးထီရန္အား အနိုင္ယူသြားမွာ စိုးထင့္မိေပသည္။
" ကာလယ္ အဆင္ေျပရဲ႕လား ''
" ကာလယ္ ဟာ သူသတိရလာၿပီ ေဆးခန္း အျမန္ေခၚသြားမယ္ လာ ေပြ႕ၾက လာ ''
ေဒါက္တာနမ္က ကာလယ္၏ရင္ဘတ္အားဖိႏွိပ္သမို႔ ဗိုက္ထဲဝင္သြားသည့္ေရေတြ ကာလယ္၏ပါးစပ္မွ ထြက္လာကာ ကာလယ္သတိရလာေလျခင္း ျဖစ္ေလသည္။ အဲ့ေနာက္ ကာကယ္ကို ေဆးခန္းကို ေခၚသြားလိုက္ၾကေလေတာ့သည္။
မွန္၏။ ေဒါက္တာနမ္လည္း ကာလယ္ ေရနစ္ေနသည္ဟူသည္ေၾကာင့္ ဆရာေလးထီရန္အား ကာလယ္ကို စိတ္ပူေနသည့္အတြက္ေၾကာင့္ မထင္မွတ္ပဲ တြန္းဖယ္လိုက္ျခင္း ျဖစ္ေလသည္။ ေခါင္းေဆာင္ဖူဖာလည္း စိတ္ပူမိတုန္းခဏမို႔ အဲသလို ဆရာေလးထီရန္အား မ်က္ႏွာတင္းတင္းႏွင့္ ၾကည့္ေနေလသည္။
သို႔ေပမယ့္ ေခါင္းေဆာင္ဖူဖာေတာ့ ဆရာေလးထီရန္ကို လြယ္လြယ္ႏွင့္ ခြင့္မလြတ္ဘဲ စိတ္တိုေနမွာ စိုးထင့္မိေနေလေတာ့သည္။
ကာလယ္ ကုတင္ေပၚမွာ ေမွးစက္ေနၿပီး ေဒါက္တာနမ္က ဆလိုင္းခ်ိတ္ေပးထားေလသည္။ မၾကာမီမွာပဲ ကာလယ္၏ မိဘေတြ ေရာက္လာေပေတာ့သည္။
" မဂၤလာပါ အခု အဆင္ေျပသြားပါၿပီ အနားေပးထားတာပါ ''
ေခါင္းေဆာင္ဖူဖာလည္း ကာလယ္၏ အေဖႏွင့္အတူ ပါလာေပသည္။
" ေက်းဇူးတင္ပါတယ္ ''
" အဆင္ေျပသြားပါၿပီ အခု မင္းစိတ္ပူရမွာ ေနာက္တစ္ေယာက္ရွိေသးတယ္ေလ ''
" ဘယ္သူလဲ ''
" ဆရာေလးေလ သူ႕႐ုပ္ကို မျမင္လိုက္ဘူးလား သူ လန့္သြားေလာက္တယ္ ''
" သူ ထိုက္တန္ပါတယ္ သူ႕ကို မေျပာဆိုရေလာက္ေအာင္ထိ ငါ သေဘာမေကာင္းခဲ့ဘူးေလ ''
" ေဟ့ေကာင္ ဘယ္သူကမွ ဒီလိုကိစၥမ်ိဳး ျဖစ္ခ်င္ၾကတာ မဟုတ္ဘူး ''
အဲသလို ေခါင္းေဆာင္ဖူဖာႏွင့္ ေဒါက္တာနမ္ ေျပာေနၾကၿပီး ေခါင္းေဆာင္ဖူဖာက သက္ျပင္းခ်ကာ ကာလယ္၏အေဖကလည္း ကာလယ္အနားမွာ ရွိေနေပေတာ့သည္။
အိမ္အျပင္ ဝါးခုံတန္းေလးမွာ ထိုင္ေနသည့္ ဆရာေလးထီရန္ ကာလယ္ ကိစၥေၾကာင့္ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနမိမွာ အမွန္ပင္ ျဖစ္ေပသည္။ မွန္၏။ ဆရာေလးထီရန္၏ မ်က္ႏွာ ညိုးငယ္ေနေလသည္။
အဲ့အခ်ိန္ အိမ္ၿခံအျပင္မွာ ေခါင္းေဆာင္ဖူဖာက ျမန္လြန္းေသာ ေျခလွမ္းေတြနဲ႕ လာေနၿပီး ဆရာေလးထီရန္ ရွိသည့္ ေနရာကို တက္လာခဲ့ေလသည္။ မွန္၏။ ေခါင္းေဆာင္ဖူဖာ၏မ်က္ႏွာလည္း အေတာ္ကို တင္းမာေနေလသည္။
ေခါင္းေဆာင္ဖူဖာႏွင့္ ဆရာေလးထီရန္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာထား တင္းတင္းႏွင့္ ၾကည့္ေနၾကတာ မ်က္ႏွာေတြလည္း စိတ္မေကာင္းျဖစ္ေနသည့္အမူအရာ ႏွစ္မ်ိဳး တဖြားဖြား ေပၚေနေလသည္။
" ကြၽန္ေတာ့္ကို လာေျပာဆိုမလို႔ မဟုတ္လား ''
" အေျပာခံသင့္မွန္း သိေနတာေတာင္ ေမးေနရေသးလား ဟင္ ''
" ကြၽန္ေတာ္က သူတို႔ကို စာထဲ
အာ႐ုံစိုက္ေစခ်င္တာ ''
" ႐ြာသားေတြရဲ႕ ကေလးေတြ အသက္နဲ႕ရင္းၿပီးေတာ့လား ေသခ်ာ မတင္တတ္တာနဲ႕တင္ကို ဆိုး႐ြားေနၿပီ
အခုေတာ့ ကိုယ့္ေက်ာင္းသားရဲ႕ လုံၿခဳံေရးကိုေတာင္ မေစာင့္ေရွာက္တတ္ဘူးလား ကိုယ့္ကိုကိုယ္ ဆရာလို႔ မသတ္မွတ္သင့္ဘူး ''
ဆရာေလးထီရန္လည္း သူ႕ကို ဆူေနသမို႔ မ်က္ႏွာထားငယ္ငယ္ႏွင့္ တိတ္တဆိတ္နားေထာင္ေနေလသည္။
" ဒီေနရာအထိလာလိုက္ရတာက နစ္နာမႈအႀကီးႀကီး ျဖစ္သြားတယ္ အလုပ္ကို ေပါ့ေပါ့ပဲ ေတြးထားတယ္
ဘာသင္ၾကားရမလဲဆိုတာေတြ ျပင္ဆင္မထားရင္ အိမ္ျပန္လိုက္ေတာ့ ''
အဲသလို ေခါင္းေဆာင္ဖူဖာက အိမ္ျပန္ခိုင္းသမို႔ ဆရာေလးထီရန္လည္း ဝါးခုံမွာ ထိုင္ၿပီး ငိုင္ေနရာမွ ေခါင္းေဆာင္ဖူဖာအား ၾကည့္လ်က္
" ေအး ျပန္မယ္ ေမာင္းထုတ္စရာ မလိုဘူး ''
ဟူ၍ ေျပာကာ သူ၏အခန္းထဲ ဝင္လာေလသည္။ ေခါင္းေဆာင္ဖူဖာလည္း ဆရာေလးထီရန္အေနာက္ကို လိုက္ကာ သူ၏မ်က္ႏွာထားက ဆရာေလးထီရန္ကို ေျပာသာေျပာသာ မျပန္ေစခ်င္တာမ်ိဳး ျဖစ္ေနေလသည္။
ဆရာေလးထီရန္က သူ၏အဝတ္အစားေတြကို ေက်ာပိုးအိတ္ထဲ ထည့္ေနေလသည္။ ေခါင္းေဆာင္ဖူဖာလည္း စကားလြန္သြားသည္မို႔ မျပန္ေစခ်င္ေပမယ့္လည္း ျပန္ခိုင္းရေတာ့မည္ ျဖစ္ေပသည္။
" အမွားလုပ္ထားၿပီး ဒီအတိုင္း
ထြက္ေျပးေတာ့မလို႔လား ''
" ေအး ငါ့လိုလူက ဆရာ မျဖစ္သင့္ဘူးေလ ''
အဲသလို ေျပာၿပီး ဆရာေလးထီရန္က တိုင္မွာခ်ိတ္ဆြဲထားသည့္ လုပ္အားေပးဆရာကတ္ျပားကို ေတြ႕ေတာ့ ဆထြန္ေဖာင္ေဒးရွင္း မွ ဒါရိုက္တာ ေျပာတာကို သတိရသြားေလေတာ့သည္။
" မင္းဘဝမွာ အခက္အခဲဆုံးအရာက ဘာလဲ ''
အဲသလိုဒါရိုက္တာက ေမးၿပီး ထီရန္က ခဏတာေတြေဝကာ စဥ္းစားေနေလသည္။
" ကြၽန္ေတာ္ ဘယ္ေတာ့မွ တစ္ေယာက္တည္း မေနခဲ့ရဘူး ကြၽန္ေတာ္ ေရမျပတ္ဖူးဘူး မီးလည္း မျပတ္ဖူးဘူး ကိုယ္တိုင္ ဘာမွ မလုပ္ဖူးဘူး ''
အဲသလို ဆထြန္ေဖာင္ေဒးရွင္း မွာ ေျပာခဲ့တာေတြကို သတိရကာ ဆရာေလးထီရန္က သူကိုယ္တိုင္ မီးအိမ္ထြန္းတာေတြ ျခင္ေထာင္ေထာင္ခဲ့တာေတြကို ေတြးမိေနေလသည္။
" ဘဝတစ္ေလွ်ာက္လုံး လြယ္လြယ္ပဲ ျဖတ္သန္းလာတာ ဒါေပမယ့္ ဆရာသိလား ကြၽန္ေတာ္ ေသမလို
ျဖစ္ခဲ့ဖူးတယ္ ဒါေပမယ့္အခု ကြၽန္ေတာ္ အခြင့္အေရး ရသြားခဲ့တယ္ ဘဝအသစ္ျပန္စရသလိုပဲ
အဲဒါေၾကာင့္ ဒီအခြင့္အေရးကို သုံးၿပီး တစ္ျခားလူေတြအတြက္ တစ္ခုခုလုပ္ေပးခ်င္တယ္ ''
ဟူ၍ ဆထြန္ေဖာင္ေဒးရွင္း မွာ သူေျပာခဲ့တာေတြကို လုပ္အားေပးဆရာကတ္ျပားေလး ကိုင္လ်က္ သူ ေသမလို ျဖစ္ခဲ့တာေတြ ေထာ့ဖန္၏လုပ္အားေပးဆရာမကတ္ျပား ဒ႑ာရီစာအုပ္ကေလးေတြ အေတြးထဲ ေရာက္လာကာ စဥ္းစားမိေနေလသည္။
" ဒီခံစားခ်က္ကို ေသခ်ာမွတ္ထား မင္း အဲဒီကို ေရာက္ရင္ မင္း အားေလ်ာ့သြားနိုင္တဲ့ အခက္ခဲေပါင္း
မ်ားစြာ ႀကဳံေတြ႕ရလိမ့္မယ္ မင္းကို စိတ္ဖိစီးမႈေတြ ေပးမယ္ စိတ္ပ်က္ေစလိမ့္မယ္ လက္ေလ်ာ့ခ်င္စိတ္
ေပါက္တာမ်ိဳးေတြ ႀကဳံရလိမ့္မယ္ အဲသလိုျဖစ္ရင္ မင္းဒီေန႕ေျပာခဲ့ဒါကို ျပန္စဥ္းစား ၿပီးေတာ့ ကိုယ့္ကိုကိုယ္ က်ရႈံးမသြားေအာင္ ထိန္း ''
အဲသလို ဒါရိုက္တာ ေျပာတာကို ဆရာေလးထီရန္က ကတ္ျပားေလးကိုင္ရင္း သူႏႈတ္ဆက္ေတာ့ ႐ြာသားေတြ ျပန္ႏႈတ္မဆက္ဘဲ ေနတာေတြ ေက်ာင္းမွာကေလးေတြထျပန္လို႔ စိတ္ဖိစီးခဲ့တာေတြ ကာလယ္ေရနစ္လို႔ လက္ေလ်ာ့ခ်င္စိတ္ေပါက္တာေတြ ေခါင္းေဆာင္ဖူဖာ ဆူသမို႔ စိတ္ပ်က္တာေတြကို ျပန္ေတြးကာ သတိရမိေလသည္။
ၿပီးေနာက္ ေရာ့ခ်န္းက သူစေရာက္ကတည္းက သူ႕ကိုနားလည္ဂ႐ုစိုက္ေပးတာေတြ လန္ႏွင့္ ေဒါက္တာနမ္တို႔၏ အားေပးမႈေတြ ကေလးေတြႏွင့္ေပ်ာ္ခဲ့ပုံေတြကို ဆရာေလးထီရန္ သတိရကာ သံေယာဇဥ္ျဖစ္ေနတာကတစ္ေၾကာင္း ဆထြန္ေဖာင္ေဒးရွင္း မွ ဒါရိုက္တာ မွာၾကားခဲ့သည္ကတစ္ေၾကာင္းႏွင့္ သူ၏ လုပ္အားေပးဆရာ ကတ္ျပားေလးကို ကိုင္၍ ခဏတာ စဥ္းစားေနေလသည္။
ၿပီးေနာက္ နံရံမွာလည္း အဝါ ပန္းေရာင္ စသည့္ စာ႐ြက္ေပၚမွာ စာေတြေရးၿပီး ခ်ိတ္ဆြဲထားကာ ကို ၾကည့္၍ သံေယာဇဥ္ ျဖစ္မိေနေလသည္။
" ကေလးေတြကို အေပါင္းသင္ အဂၤါေန႕ သခၤ်ာတန္း သူတို႔ေတြ နံပါတ္ မေရတြက္တတ္ေသးဘူး ပုံျပင္
နားေထာင္ရတာႀကိဳက္တယ္ ပုံျပင္ေလးေတြ ရွာထား မီမီ တိရစ္ဆာန္အသံေလးမ်ား ''
အဲသလို နံရံမွာ ခ်ိတ္ဆြဲထားသည့္ ဆရာမေထာ့ဖန္ေရးထားတာေတြ ဖာပန္းေဒါင္း႐ြာကို မေရာက္ခင္ သူ၏အခန္းမွာ ေထာ့ဖန္၏ဒ႑ာရီစာအုပ္ၾကည့္ခဲ့တာေတြ စသျဖင့္ အဲသလိုသတိရကာ ထိုအရာေတြက သံေယာဇဥ္ ျဖစ္ေအာင္ ဆြဲထားသည္ကတစ္ေၾကာင္း ဆထြန္ေဖာင္ေဒးရွင္း မွ ဒါရိုက္တာ မွာၾကားခဲ့သည္ကတစ္ေၾကာင္းႏွင့္ ဆရာေလးထီရန္က ကတ္ျပားေလးကိုင္ကာ အဲသလိုေတြးမိၿပီး စိတ္ေျပာင္းသြားေလသည္။
အဲ့ေနာက္ ဆရာေလးထီရန္က သူ၏ေက်ာအေနာက္မွာ ရွိသည့္ ေခါင္းေဆာင္ဖူဖာ ဘက္ လွည့္ကာ ေခါင္းေဆာင္ဖူဖာအနားလာၿပီး ေခါင္းေဆာင္ဖူဖာ၏ မ်က္ႏွာကို ေသေသခ်ာခ်ာစူးစူးရွရွၾကည့္လ်က္
" ကြၽန္ေတာ္ စိတ္ေျပာင္းသြားၿပီ ဒီမွာပဲ ဆက္ေနမယ္ ဒီမွာ သုံးလျပည့္ေအာင္ စာဆက္သင္မယ္ ''
" ေကာင္းတာေပါ့ ေစာင့္ၾကည့္ေနမယ္ ''
ဆရာေလးထီရန္ ေနာက္ဆုံးေတာ့ ထိုစိတ္ပ်က္မႈ စိတ္ဖိစီးမႈ လက္ေလ်ာ့ခ်င္စိတ္ျဖစ္မႈေတြကို သူ၏သန္မာသည့္စိတ္ဓာတ္က အနိုင္ရသြားေလေတာ့သည္။
အေကာင္းဆုံးလုပ္ပါ။
အခက္အခဲေတြေၾကာင့္ စိတ္ပ်က္
အားမေလ်ာ့လိုက္ပါနဲ႕။
အဲ့ဒါဆိုရင္
ကိုယ္ေ႐ြးခ်ယ္ထားတဲ့
လမ္းေၾကာင္းကေန
ေသြဖိသြားမွာ မဟုတ္ဘူး။
ၾကယ္တစ္ေထာင္
ပုံျပင္ A Tale Of
1000 stars
UNIT - 2
(ဆက္လက္ေဖာ္ျပေပးပါမည္)
ႏြေဦးကိုကိုေမာင္