ပန်းနု​ရောင်​အနားသတ်​ချစ်​ခြ...

By trollz22

25.6K 1.2K 30

G x G (OC) -Drama x Romance- About - Love and Hate,Family More

1(ZC)
1(UC)
2(ZC)
2(UC)
3(ZC)
3(UC)
4(ZC)
4(UC)
5(UC)
6(ZC)
6(UC)
7(ZC)
7(UC)
8(ZC)
8(UC)
9(ZC)
9(UC)
10(ZC)
10(UC)
11(ZC)
11(UC)
12(ZC)
12(UC)
13(ZC)
13(UC)
14(UC)
14(ZC)
15(UC)-End
15(ZC)-End

5(ZC)

331 17 0
By trollz22

ပန်း​သွေး အနားမှာအမြဲ​နေရမည်​ဆို​သောအ​ကြောင်းပြချက်​​ကြောင့်​ ​နေ၀န်းအ​နေဖြင့်​ ပန်း​သွေးအိမ်​မှာ​နေရန်​အ​ကြောင်းဖန်​လာခဲ့သည်​၊ သူမ ပန်း​သွေးတို့အိမ်​မှာ​နေတာ ကာရကံရှင်​ပန်း​သွေးဘက်​ကကိစ္စမရှိ​ပေမဲ့ သူမကို ပန်း​သွေး၏အကိုဖြစ်​သူက​တော့သိပ်​​တော့အမြင်​မကြည်​ချင်​၊ ဒါလဲ သူတို့အိမ်​မှာ သူမလိုတစ်​စိမ်းတစ်​​ယောက်​လာ​နေသည်​ဟူ​သောအ​ကြောင်းပြချက်​ဖြစ်​မည်​လို့​တော့သူမထင်​မိသည်​။

သူမ၏ ပထမဆုံးအလုပ်​တက်​ရသည့်​ ​နေ့ကသူမအတွက်​​တော့သိပ်​​တော့အဆင်​မ​ပြေ သူမလို အဆင်​​ပြေရင်​ပြီး​ရောအ၀တ်​အစားဝတ်​တက်​သည့်​သူမအတွက်​ ပန်း​သွေးကဲ့သို့​သောသူတစ်​​ယောက်​အနား​နေရတာ နည်းနည်း​တော့အ​နေခတ်​ရသည်​၊ ပန်း​သွေးနှင့်​ပတ်​သက်​လျှင်​ ကျန်​တာအ​နေမခတ်​​ပေမဲ့ ပန်​​သွေးပတ်​၀န်းကျင်​ကလူအများ​ကြောင့်​​တော့ သူမ​သေချာ​ပေါက်​အ​နေခတ်​သည်​၊ သို့​ပေမဲ့ သူမအလုပ်​သည်​ တစ်​ခြားသူများကိုဂရုစိုက်​နိုင်​သည့်​အ​ခြေအ​နေမဟုတ်​ ပန်း​သွေးတစ်​​ယောက်​ထဲကိုသာသူမ၏အာရုံစူးစိုက်​မှုအပြည့်​။

"မမ အပြင်​မှာအစည်းအ​ဝေးတစ်​ခုတက်​စရာရှိ​သေးတယ်​ အဲ့တာပြီးရင်​ ရုံးပြန်​လာယုံပဲ မြတ်​သူကဒီမှာ အလုပ်​ကိစ္စ​လေးမပျက်​​သေးလို့မလိုက်​နိုင်​​တော့ဘူး မမကို စိတ်​ချမယ်​​နော်​"
"ရပါတယ်​ ကိုယ်​ဂရုစိုက်​ပါ့မယ်​"

ပန်း​သွေးက ရာထူးကြီးတစ်​ခုကိုတာဝန်​​ယူ​နေရသူဖြစ်​သည်​အ​လျောက်​ လုပ်​ငန်းအတွက်​လိုအပ်​သည့်​​ငွေ​ရေး​ကြေး​ရေးကိစ္စများအပါအ၀င်​ သူမဖခင်​ရှိစဉ်​ကထဲက ပြုလုပ်​လက်​စဖြစ်​​သောကိစ္စရပ်​များကိုလဲလိုက်​လံကြည့်​ရှုရသည်​၊ ဟိုတယ်​လုပ်​ငန်းရှင်​များအသင်း၏ အ​ရေးပါ​သော​နေရာတစ်​ခုကိုယူထားရသည့်​အတွက်​လဲ သူမတို့လုပ်​ငန်းနာမည်​ဂုဏ်​သိက္ခာနှငိ့ပတ်​သက်​သည့်​ကိစ္စရပ်​အများစုကိုလဲ သူမအ​နေဖြင့်​ဦး​ဆောင်​လုပ်​ကိုင်​ရသည့်​အခါလဲရှိသည်​။

"​နေ့လည်​စာ ကို ရှင်​တို့နှစ်​​ယောက်​အဆင်​​ပြေတဲ့​နေရာမှာစားမလား ပန်း​သွေးကအလုပ်​နဲ့ဆို​တော့ အချိန်​မရမှာဆိုးလို့"
"ရပါတယ်​ ကျွန်​​တော်​ကရုံးပြန်​​​ရောက်​မှစား​တော့မယ်​ မ​နေ၀န်းက​ကော"
"ရတယ်​ ​ကျွန်​မကအ​ဆင်​​ပြေတဲ့​နေရာမှာစားလိုက်​ပါ့မယ်​ ပန်း​သွေးရုံးပြန်​​ရောက်​မှ"

မနတ်​ထဲက သူမဖခင်စီမံခဲ့သည့်​ project တစ်​ခုအတွက်​အလုပ်​ရှုပ်​​နေသည့်​အတွက်​ ​နေ၀န်းကိုသတိမထားမိ​ပေမဲ့ ယခု​နေ့လည်​စာစားဖို့အချိန်​လင့်​မှသတိရသည်​၊ သူမအ​နေနဲ့အားလဲအားနာရသည်​၊ သူမတက်​ရသည့်​အစည်းအ​ဝေးပွဲက ထင်​ထားတာထက်​ပိုကြာသွားသဖြင့်​ ​အချိန်​သည်​ကား ​နေလည်​ ၂ နာရီ၊ သူမအ​နေနဲ့အစည်းအ​ဝေးမှာဗိုက်​ထဲက​အောင့်​တက်​လာ​သော​ကြောင့်​ ဧည့်​ခံထားသည့်​အ​အေးနှင့်​ကိတ်​အနည်းငယ်​စားခဲ့​သော်​လဲ သူမအနားမှာအမြဲရှိ​နေ​သည့်​ ​နေ၀န်းက​တော့ထိုသို့မဟုတ်​။

"ဟို ကို​နောင်​ ပန်း​သွေးကို ဒီလမ်းမ​ပေါ်က ရှိတဲ့မုန့်​ဆိုင်​တစ်​ဆိုင်​ဆိုင်​မှာခဏရပ်​​ပေးပါ​နော်​..."

ပန်း​သွေးစကားအတိုင်း​​ ပန်း​သွေးနှင့်​အဆင်​​ပြေမည့်​မုန့်​ဆိုင်​​ရှေ့မှာကားရပ်​ထားလိုက်​ပြီး ပန်း​သွေးကမုန့်​ဆိုင်​ထဲဝင်​သွားခဲ့သည်​၊ ​နေ၀န်းကလဲပန်း​သွေး​နောက်​တ​ကောက်​​ကောက်​၊ ပန်း​သွေးတစ်​​ယောက်​ထဲmenu စာအုပ်​ကြည့်​ကာ အများကြီးမှာ​နေ​သော​ကြောင့်​ တစ်​​ယောက်​ထဲအဲ့​လောက်​ထိစားနိုင်​သည်​လားဟူ၍ ​နေ၀န်းမျက်​လုံးပြူးသွား​သေးသည်​။

၁၅ မိနစ်​​လောက်​ကြာ​တော့ ပန်း​သွေးမှာထားသည့်​မုန့်​များရပြီဖြစ်​၍ သူမသည်​​ဘေးက​နေကူကိုင်​​ပေးပြီး ကား​ရှိရာသို့ပြန်​လာခဲ့သည်​။

"ကို​နောင်​တဲ့ ရှင်​နဲ့အဆင်​​ပြေ​လောက်​မဲ့ဟာ​တွေဝယ်​လာတာ အဆာ​ပြေဖြစ်​ဖြစ်​စားလိုက်​ပါ ရုံး​ရောက်​​တော့ထပ်​စားလဲ့​ပေါ့"

ပန်း​သွေးသည်​ တစ်​ခါတစ်​ရံ သူမလက်​အာက်​ကသူတစ်​ချို့ကို ယခုကဲ့သို့မုန့်​ဝယ်​​ကြွေးတက်​​ကြောင်း ကိုရန်​​နောင်​က​ဘေးက​နေ​ပြောပြ​သော​ကြောင့်​ သူမမသိ​သေး​သောပန်း​သွေးအ​ကြောင်းတစ်​ချို့လဲထပ်​သိရသည်​။

ဆိုင်​မှာတုန်းက သူစားဖို့ဝယ်​သည်​ဟုထင်​​သော်​လဲ တကယ်​တန်းကျ သူမတို့အတွက်​ဖြစ်​​နေပြန်​သည်​၊ သူကိုယ်​တိုင်​အတွက်​ကျ​တော့ စ​တော်​ဘယ်​ရီ milkshake တစ်​ခွက်​သာ။

ရုံးပြန်​​ရောက်​​တော့ ထမင်း​တောင်​မစားနိုင်​​တော့ ပန်း​သွေးဝယ်​​ကြွေးသည့်​အစာ​ပြေစာ​တွေစားပြီးဗိုက်​တင်း​နေပြီဖြစ်​သည်​၊ ရုံးမှာဖြစ်​သည့်​အတွက်​ ပန်း​သွေးအနားအမြဲမြဲလိုလို​နေစရာ​တော့မလို၊ သို့​ပေမဲ့ ပန်း​သွေး​အတွက်​​တော့ အနီးဆုံး​ခေါ်လို့ရမည့်​​နေရာမှာသူမရှိ​နေသည်​၊ ထို့ပြင်​ သူမသည်​ပန်း​သွေး၏တစ်​ချို့သူမမသိ​သောရုံးတွင်းပိုင်းအ​ခြေအ​နေများစွားကိုလဲ ၀န်​ထမ်းတစ်​ချို့နဲ့​စကား​ပြောကျရင်းသိခဲ့ရသည်​။

ထိုအထဲမှာမှ ၀န်​ထမ်းတစ်​ချို့​ပြောတာ ပန်း​သွေးဆိုသည့်​ ​အရာရာပြည့်​စုံ​နေသည့်​​ကောင်​မ​လေးမှာ တစ်​ခါတစ်​ရံအထီးကျန်​သည့်​အရိပ်​အ​ရောင်​များ​တွေ့ရသည်​ဟူ၍။

× × ×

ရုံးကပြန်​​တော့ သူမအတွက်​အခန်း​ပေးထားသဖြင့်​ ပန်း​သွေးဘက်​ကသူမကိုနားလို့ရပြီဟု​ပြောသည့်​အခါမှသာ သူမအခန်းမှာအနားယူနိုင်​သည်​၊ ​ရေချိုးပြီး​နောက်​ ပင်​ပန်းတာများ​ပျောက်​သွား​တော့ ထိုအိမ်​မှာရှိ​သောတစ်​ခြား​သောသူများနှင့်​စကား​ပြောရန်​အလို့ငှါအပြင်​ထွက်​လာ​တော့ တစ်​ခြားသူများမှာလဲကိုယ်​စီအလုပ်​များနှင့်​၊ ထို့​ကြောင့်​ စကား​ပြော​ဖော်​မရှိသည့်​အဆုံး သူမသူငယ်​ချင်းကိုဖုန်း​ခေါ်လိုက်​​လေသည်​။

"ဟယ်​လို..သွယ်​"
"အံမယ်​ ​​နေ​နေ ဖုန်း​တွေဘာ​တွေဆက်​လို့ပါလား ထူးထူးခြားခြား"
"နင်​အဲ့လို​တွေ​ပြောရင်​ငါဖုန်းချမှာ​နော်​"

ထို​သို့​ပြော​တော့ တစ်​ဖတ်​က​ကောင်​မ​လေးကပြာပြာသလဲငြင်း​သေးသည်​၊ ခြံထဲမှာထိုင်​ရင်း ပန်း​သွေးအခန်းကို​မော့ကြည့်​လိုက်​ဖုန်း​ပြောလိုက်​ဖြင့်​၊ ရဲဝန်းထမ်းတစ်​​ယောက်​ဖြစ်​သည့်​ သူမသူငယ်​ချင်း ​သွယ်​​လေးစံနှင့်က သူမ​မွေးရပ်​​မြေမှာထဲကခင်​မင်​ကျတာဖြစ်​ပြီး ရန်​ကုန်​သို့သွယ်​​လေးစံကအရင်​​ရောက်​လာပြီးမှ ​နေ၀န်းက​အားမာန်​နှင့်​​နောက်​မှ​ရောက်​လာခဲ့သည်​။

သူမတို့ရန်​ကုန်​​ရောက်​​တော့ သွယ်​​လေးအကူအညီအဖြင့်​စားဝတ်​​နေ​ရေးအဆင်​​ပြေခဲ့ရသည်​၊ ရှမ်းပြည်​မှာတုန်းက လက်​​ဝေ့အားကစားကို​လေ့လာထား​သောအားမာန်​က​တော့ အားကစားရုံတစ်​ခုမှာ ​လက်​​ဝေ့ trainer လုပ်​​နေခဲ့​ပေမဲ့ သူမက​တော့ သူမယုံကြည်​ရာလုပ်​​နေခဲ့သည်​။

သူမလက်​ရှိလုပ်​​နေသည့်​အလုပ်​အကိုင်​အ​ကြောင်းနှင့်​ အဆင်​​ပြေ​ကြောင်းကို သွယ်​​လေးစံကို​ပြောပြရ​သေးသည်​၊ မဟုတ်​ရင်​ သူမအ​ကြောင်း က ကြီးက​နေ အ အထိ အားမာန်​ကိုပြန်​​မေးအုန်းမည်​။

"ငါနားရက်​ရရင်​နင့်​ဆီလာခဲ့ပါ့မယ်​ အဲ့ကျမှ ထပ်​သိချင်​တာ​တွေထပ်​​မေးလဲ့"
"ပြီး​ရောပြီး​ရော...ဂရုစိုက်​​နော်​"

ဖုန်း​ပြောရင်း ပန်း​သွေးအခန်းကို​မော့ကြည့်​​နေသည့်​သူမကို အခန်းပြတင်း​ပေါက်​နားသို့လာရပ်​​သော ပန်း​သွေးမြင်​သွားသည်​ဖြစ်​၍ သူမကိုမည်​သို့ထင်​မည်​မသိပါ၊ သူမနှင့်​ခဏမျှအကြည့်​ခြင်းဆုံပြီး ထို​နေရာ​ပျောက်​သွား​သောပန်း​သွေး၊

သူအိမ်​ထဲပြန်​၀င်​မည်​လုပ်​​တော့ ထက်​​ကောင်းကင်​၏ကားခြံထဲဝင်​လာသည်​၊ ကား​ပေါ်ကဆင်းလာသည့်​ ထက်​​ကောင်းကင်​ကသူမကိုမြင်​​တော့ စူစိုက်​ကြည့်​သည့်​အကြည့်​​ကြောင့်​ သူမလဲ အ​လျော့မ​ပေးပဲစိုက်​ကြည့်​ခဲ့​သေးသည်​၊ ထက်​​ကောင်းကင်​ဘက်​ကအကြည့်​လွဲသွား​တော့မှ သူမလဲ အိမ်​ထဲဝင်​လာခဲ့သည်​၊ ​ကောင်းကင်​ အိမ်​ပြန်​​ရောက်​​တော့ ထိုအိမ်​မှာ ​ခုနက အလုပ်​လုပ်​​နေသည့်​သူများအရိပ်​အ​ရောင်​မ​တွေ့​တော့​ခြေ၊ သို့​ပေမဲ့ ​ကောင်းကင်​ဘက်​ကစ​ခေါက်​လိုက်​ရင်​ သူ့အနားအ​ပြေး​ရောက်​လာကျမှာ​သေချာသည်​။

"ပြန်​​ရောက်​လာပြီလား"

ဘယ်​အချိန်​က ​ရောက်​​နေမှန်းမသိ​သော ပန်း​သွေးက ​ကောင်းကင်​ကိုစ​ပြော​သော်​လဲ ​ကောင်းကင်​ဘက်​က​တော့ ပြန်​၍စကားမ​ပြောပဲ သူ့အခန်းကိုသာသွားရန်​လုပ်​သည်​။

"ရုံးမှာမ​ပြောလိုက်​ရတဲ့အလုပ်​ကိစ္စ​လေး​ပြောချင်​လို့ ပြီးရင်​ပြန်​ဆင်းလာအုန်း​နော်​"

တုန့်​ပြန်​စကားဆိုခြင်းနပြု​သော​ကောင်းကင်​​ကြောင့်​ ပန်း​သွေး၏မျက်​၀န်းထဲဝမ်းနည်းသည့်​အရိပ်​အ​ရောင်​မ​တွေ့​သော်​ငြားလဲ ပန်း​သွေးဘက်​က သက်​ပြင်းချလိုက်​သည်​ကို​တော့သူမသိသည်​၊ အိမ်​​ရောက်​​နေသည်​ထိတိုင်​​အောင်​အလုပ်​နှင့်​လက်​မပျက်​​သောပန်း​သွေးအ​နေနဲ့ အရင်​တစ်​ခါလိုဖြစ်​မည်​ကိုမဘယ်​လိုမှမ​နေဘူးလားဟူ၍လဲ​တွေးမိသည်​။

ထိုအိမ်​၌သူမသည်​အပြင်​လူတစ်​​ယောက်​ဖြစ်​သည့်​အတွက်​ ပန်း​သွေးတို့စကားဝိုင်းထဲဝင်​မပါခဲ့​ပေမဲ့ ထို​မောင်​နှမနှစ်​ဦး၏အ​ခြေအ​နေကိုအ​​ဝေးက​နေကြည့်​ကာအကဲခတ်​မိသည်​၊ ဟို​နေ့က ပန်း​သွေးကို မချီကာ အခန်းထဲထိလိုက်​ပို့ခဲ့​သော ထက်​​ကောင်းကင်​မဟုတ်​သည့်​အလား အ​နေအထားက ​အေးဆက်​ဆက်​ဖြင့်​၊ မည်​သို့ပင်​​မွေးစားသားဟု​ဆို​သော်​ငြားလဲ အနည်းဆုံး​တော့ ယဉ်​​ကျေးမှု​လေး​တောင်​မရှိဘူလားဟုသူမ​တွေးထင်​မိ​သေးသည်​။

ဒီ​နေ့တစ်​ရက်​ထဲ​တောင်​ ပန်း​သွေး၏ ကမ္ဘာတစ်​ခြမ်းက အ​ခြေအ​နေကို သူမအ​နေဖြင့်​နားလည်​လာသ​ယောင်​၊ အရှိန်​အ၀ါများ​ကြောင့်​ သူများအမြင်​မှာ​တောက်​ပ​နေသည်​ဟုထင်​ရ​သော်​လဲ တကယ်​တမ်း​ကျ ပန်း​သွေးက​မေတ္တာငက်​​နေသည့်​ခ​လေးပမာ။

သူမအတွက်​ ပန်း​သွေးကို​ကြည့်​ရှုရသည်​ကားအလုပ်​တစ်​ခုဆို ထိုအိမ်​အ​ကြောင်းအ​သေးစိတ်​စုံစမ်းရသည်​မှာလဲ ​နောက်​ထက်​အလုပ်​တစ်​ခုသာဖြစ်​သည်​။

× × ×

#TBC

trollZ

Continue Reading

You'll Also Like

2K 82 6
လူတစ်ယောက်ကို ဒီလောက်ထိ စွဲစွဲလမ်းလမ်း မြတ်နိုးမိသွားမယ်လို့ ကိုယ့်ဘဝမှာ တွေးတောင် မတွေးခဲ့မိဘူးဆိုတာ သူသိိနိုင်ပါ့မလား ... ဒီ ၆နှစ်ကျော် ၇နှစ်ဆိုတဲ့...
4.7K 327 15
ထိုအမျိုးသမီးလေးအားငြိတွယ်မိသည်မှာအမှန်အကန်
1.4M 127K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.4K 543 7
"အန်တီကတော့ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့က အဓိကပဲလို့ထင်တယ် တကယ်လို့ အန်တီ့မှာ ချစ်တဲ့သူရှိရင်တောင် အန်တီ့ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုကိုပဲ...