Zawgyi🔥
၂၀၂၀ခုနစ္ ၊ ၉လပိုင္း ၊ ၅ရက္ေန႔
"ငါလက္ထပ္ေတာ့မယ္။ငါနဲ႔ ရင္းနဲ႔ေစ့စပ္ၿပီးသြားၿပီ။"
"ဟမ္။ေနာက္ေနတာလား။မင္းနဲ႔ငါ မေတြ႕တာ တစ္လပဲရွိေသးတာေလ။"
"မေနာက္ဘူး။(၁)ရက္ေန႔က ငါတို႔ရဲ႕ေစ့စပ္ပြဲ။"
ဝမ္ေဟာက္ အမွန္တကယ္ကိုပင္ အံ့ဩသြားခဲ့သည္။ သူႏွင့္ ကြၽင္းစန္သည္ ငယ္သူငယ္ခ်င္းမ်ားျဖစ္သည္။ဟိုးငယ္စဥ္ကတည္းကပင္ ခုထိ တစ္ခါမွခြဲခြာဖူးျခင္းမရွိခဲ့။ယခု ဝမ္ေဟာက္ မျဖစ္မေနအလုပ္ကိစၥႏွင့္မို႔ပထမဦးဆုံးခြဲဖူးျခင္းျဖစ္သည္။
ပထမဆုံးခြဲခြာၿပီး ျပန္အေတြ႕တြင္ ခုလိုစပ႐ိုက္ႏွင့္ႀကဳံရသည္။ကြၽင္းစန္က သူ႔ကိုမတိုင္ပင္ဘဲ ဘာမွလုပ္ဖူးျခင္းမရွိ။ဝမ္ေဟာက္ယုံၾကည္ထားခဲ့သည္။ကြၽင္းစန္ႏွင့္ ရင္းစူးလက္ထပ္မည့္ကိစၥကိုလည္း မိမိအား က်ိန္းေသတိုင္ပင္လိမ့္မည္ဟုပင္။ဒါေပမဲ့ ထင္သလိုမျဖစ္တာဟာ ယခုပင္ သက္ေသျဖစ္သည္။
"ငါ့ကိုေတာ့ အသိေပးသင့္တယ္။ငါကအေရးမပါလို႔လား။" ဝမ္ေဟာက္ စိတ္မေကာင္းျဖစ္ေန၍ အသံကပါ တိုးဖ်ဖ်ေလးျဖစ္ေနသည္။ကြၽင္းစန္က ဝမ္ေဟာက္၏ အသံကို မနည္းအားစိုက္နားေထာင္လိုက္ရသည္။
"မဟုတ္ပါဘူးကြာ။ရင္းစူးက ေစ့စပ္ခ်င္ေနၿပီဆိုၿပီး အိမ္ကိုအတင္းလိုက္လာလို႔ေလ။ေမေမတို႔ကလည္း ေစ့စပ္သင့္ေနၿပီေျပာတာနဲ႔ ျမန္ျမန္ေစ့စပ္ျဖစ္သြားတာ။မင္းကို ဖုန္းဆက္မလို႔ပါပဲ။မင္းဖုန္းက ဆက္သြယ္မႈျပင္ပေရာက္ေနတာနဲ႔ ငါမဆက္ေတာ့တာ။အခုငါေျပာျပေနၿပီပဲ။စိတ္မဆိုးပါနဲ႔ကြာ ေနာ္။"
ဝမ္ေဟာက္ျပန္မေျပာျဖစ္။စိတ္ထဲ အေတာ္ေလးေနလို႔မေကာင္းျဖစ္ေနသည္။ရင္းစူးႏွင့္ကြၽင္းစန္သည္ ခ်စ္သူျဖစ္သည္မွာ ငါးႏွစ္ေက်ာ္ပင္ရွိလာခဲ့ၿပီျဖစ္သည္။သို႔ရာတြင္ ရင္းစူးက ဝမ္ေဟာက္အားၾကည့္မရပါ။ဝမ္ေဟာက္သည္လည္း ရင္းစူးအား ေမးထူးေခၚေျပာေလာက္သာ လုပ္သည္။အခုေစ့စပ္ျခင္းသည္လည္း ရင္းစူးေလာလို႔ျဖစ္သြားျခင္းကို သူနားလည္သည္။သို႔ေပမဲ့ ဘာလို႔ ဝမ္ေဟာက္မရွိသည့္အခ်ိန္မွလဲ။ဝမ္ေဟာက္ရွိေနစဥ္ ေစ့စပ္လွ်င္ ဝမ္ေဟာက္ကတားမည္ကိုစိုးရိမ္ေန၍လား။ဘာလို႔ ဝမ္ေဟာက္ကတားရမည္လဲ။ဒါမွမဟုတ္ ရင္းစူးမ်ား ဝမ္ေဟာက္သည္ ကြၽင္းစန္အား...။မျဖစ္ႏိုင္ပါ။ကာယကံရွင္ျဖစ္သည့္ ကြၽင္းစန္သည္ပင္ မသိေလရာ ရင္းစူးသိေနျခင္းမွာ လုံးဝမျဖစ္ႏိုင္။ဝမ္ေဟာက္အေတြးမ်ားကာ စိတ္ထဲမေကာင္းေတာ့ပါ။
"ဝမ္ေဟာက္...ဝမ္ေဟာက္ေရ ငါေခၚတာၾကားလား"
"အမ္ အင္း ၾကားတယ္။ဘာေျပာမလို႔လဲ။ေျပာစရာမရွိရင္ ငါျပန္ေတာ့မယ္။ငါအလုပ္ေတြရွိေသးတယ္။"
"အမ္ အလုပ္ရွိေနတာလား။ငါ့ကို မင္းစိတ္မဆိုးဘူးမလား။စိတ္မဆိုးဘူးဆိုမွျပန္ရမယ္။"
"မဆိုးပါဘူးကြာ။ျပန္ေတာ့မယ္။"
ကြၽင္းစန္ေနာက္မွေျပာေနသည္မ်ားကို ဂ႐ုမထားျဖစ္ဘဲ ခပ္ျမန္ျမန္ပင္ထြက္လာလိုက္သည္။ဝမ္ေဟာက္ အလုပ္သြားဖို႔ပင္စိတ္မပါေတာ့။မေန႔ကမွ ခရီးကျပန္ေရာက္သည္။ယေန႔မနက္ေစာေစာေခၚေျပာသည့္စကားက ရင္နင့္ေစတာအမွန္ပင္မို႔ အိမ္ပဲျပန္ၿပီး နားေတာ့မည္ဟု ဝမ္ေဟာက္ဆုံးျဖတ္လိုက္သည္။
အိမ္သို႔ေရာက္ေရာက္ျခင္း ေနာက္ေဖးခန္းသို႔ဝင္ၿပီး ေရခဲေသတၱာထဲမွ ေရခဲေရဗူးအားယူကာ ခပ္ျမန္ျမန္ေသာက္ခ်ရသည္။ရင္ပူေနတာ ေပ်ာက္လိုေပ်ာက္ျငားအေတြးမ်ားျဖင့္။သို႔ေပသိ ေရတစ္ဗူးသာကုန္သြားသည္။စိတ္ထဲမည္သို႔မွ် အရာမယြင္းေသာေၾကာင့္ အေပၚထပ္သို႔သာ တက္လာလိုက္ေတာ့သည္။အိပ္ခန္းသို႔ခပ္ျမန္ျမန္ဝင္ကာ ေမြ႕ယာေပၚ လွဲခ်လိုက္ေတာ့သည္။
"ဟူးးး မင္း ငါ့ကို တကယ္ကိုမျမင္ခဲ့တာပဲ"
စခ်စ္မိကည္းက မင္းကို ပိုင္ဆိုင္ဖို႔ မေတြးခဲ့ဖူးေပမဲ့ ငါ ငါလည္း နာက်င္ရတာေပါ့ကြၽင္းစန္။
မ်က္ခမ္းစပ္မ်ားရဲလာကာ မ်က္ဝန္းထဲတြင္ အရည္ၾကည္မ်ားလဲ့လာသည္အထိ မ်က္ေတာင္မခတ္မိ။ အရည္ၾကည္မ်ားစီးဆင္းသြားသည္အထိ အေတြးမ်ားသည္ ဂေယာက္ဂယက္ျဖစ္ေနသည္။
Vibration...
ေဘာင္းဘီအိတ္ကပ္ထဲထည့္ထားေသာ ဖုန္း တုန္ခါလာမွ မ်က္ရည္မ်ားကို ခပ္ျမန္ျမန္သုတ္ပစ္မိသည္။ဖုန္းအား ထုတ္ၾကည့္လိုက္ေတာ့ ေပၚလာသည္က "ရင္းစူး"
သက္ျပင္းအားခပ္ေလးေလးခ်ကာ လွေနရာမွထိုင္လိုက္ၿပီး အစိမ္းေရာင္ကိုႏွိပ္လိုက္သည္။
"ဟယ္လို"
"အင္း ငါနဲ႔ ကိုကိုေစ့စပ္လိုက္ၿပီ။နင့္ကို ကိုကိုေျပာၿပီးၿပီမလား"
"အင္း ေျပာၿပီးၿပီ"
"ငါအရမ္းသိခ်င္ေနတာသိလား။ နင္ဘယ္လိုခံစားေနရမလဲဆိုတာကိုေလ။"
"ေနပါအုံး။ ရင္းတို႔ေစ့စပ္တာကို ကြၽန္ေတာ္ကဘာခံစားရမွာလဲ။ဝမ္းေတာင္သာရမွာကို"
"ဝမ္းသာတယ္ဆိုလည္းၿပီးတာပါပဲ ေခ်ာင္ထဲႀကိတ္ငိုေနမွာစိုးလို႔ေလ"
"ရင္းဘာေတြေျပာေနလဲ ကြၽန္ေတာ္ နားမလည္ဘူး။ရွင္းရွင္းေျပာေပးႏိုင္မလား။"
"ဘာမွမဟုတ္ပါဘူး။ မသိေသးမွာစိုးလို႔ ဖုန္းဆက္ေျပာ႐ုံပါ။"
"အင္းေျပာစရာမရွိေတာ့ရင္ ဒါပဲေလ ကြၽန္ေတာ္မအားလို႔"
"အင္းပါ။ဒါနဲ႔ ကိုကိုနဲ႔ ရင္း ေနာက္လထဲလက္ထပ္ေတာ့မွာကိုေရာ သိလား"
ဘယ္လို...က်ိန္းေသေပါက္ ကြၽင္းစန္ေျပာသည့္အထဲ လက္ထပ္မည့္ကိစၥမပါဝင္ခဲ့။ထပ္မံက်ဆင္းခ်င္လာသည့္ မ်က္ရည္မ်ားအား ပုတ္ခတ္သိမ္းဆည္းကာ အသံမတုန္ေအာင္ ထိန္းရင္း
"သိၿပီးၿပီ။ေျပာစရာမရွိေတာ့ဘူးမလား။ဒါပဲ"
ရင့္သီးသည္ဟု ထင္သြားလွ်င္လည္း မတတ္ႏိုင္။ဝမ္ေဟာက္ အရမ္းပင္ပန္းေနၿပီျဖစ္သည္။ကြၽင္းစန္ ဘာေၾကာင့္ မေျပာရသည္လဲ။မဟုတ္ဘူး။ ကြၽင္းစန္သူ႔အားေျပာဖို႔လုပ္ခဲ့သည္။ သူကသာထထြက္လာခဲ့မိျခင္းျဖစ္သည္။လက္ထပ္ပြဲက ဒီေလာက္ျမန္ျမန္ျဖစ္ရသည္က ဘာေၾကာင့္မ်ားလဲ။သူမရွိသည့္ တစ္လအတြင္း ဘာေတြမ်ားျဖစ္ပ်က္သြားခဲ့ပါသနည္း။ ဘာေတြလဲကြာ။
အားးးး
"ဒုန္း...ခြမ္း"
ခုတင္ ေဘးရွိခုံေပၚမွ ဖန္ခြက္အား နံရံသို႔အားကုန္ပစ္ေပါက္လိုက္မိသည္။သူ႔တြင္ စိတ္ေျဖစရာ ဒီတစ္နည္းပဲရွိသည္ေလ။ထို႔ေနာက္ ဖန္ကြဲစမ်ားျပန႔္က်ဲေနေသာ ေနရာသို႔ထသြားလိုက္ၿပီး ဖန္ကြဲစခပ္ႀကီးႀကီးတစ္ခုအားေကာက္ယူလိုက္သည္။ၿပီးေနာက္ ကိုင္ထားသည့္ဘက္မွေန၍ ဘယ္ဘက္လက္ေကာက္ဝတ္တစ္ေလွ်ာက္သို႔ ထပ္ကာထပ္ကာ လွီးခ်လိုက္ေလသည္။
"မင္း ငါ့ကိုဘယ္ေတာ့မွ ျမင္ေအာင္မၾကည့္ခဲ့ဖူးဘူး ကြၽင္းစန္။ငါလည္း ျမင္ေအာင္မျပခဲ့တာမွန္ေပမဲ့ အခု ရင္းစူးကသိေနတယ္။မင္းေရာ မင္းေရာသိေနလား ကြၽင္းစန္" ေသြးစက္မ်ား တရစက္က်ေနေသာ္လည္း ဘာမွမလုပ္ျဖစ္။ထိုေနရာတြင္သာထိုင္ခ်လိုက္ၿပီး ေအာ္ငိုေလေတာ့သည္။
........................
၂၀၁၄ခုနစ္
"ဝမ္ေဟာက္ မင္းနဲ႔ငါ ကတိတစ္ခုလုပ္မလား"
"ဘာကတိလဲ"
"ငါတို႔ဘယ္ေတာ့မွမခြဲေၾကး ဆိုတဲ့ကတိ"
"အင္း"
"တကယ္ေနာ္။မင္းကတိေပးလိုက္ၿပီေနာ္။ ငါ့ကိုခြဲမသြားရဘူးေနာ္"
"အင္း"
ဘာသေဘာနဲ႔ေျပာမွန္းမသိေပမဲ့ ဝမ္ေဟာက္ေက်နပ္ေနမိတာအမွန္။ကိုယ့္အေတြးနဲ႔ကိုယ္ ေပ်ာ္ေနသည္မို႔ ဘာစကားမွထပ္မေျပာျဖစ္ေတာ့။ေက်ာင္းမွအိမ္သို႔ ျပန္သည့္လမ္းထက္တြင္ တိတ္ဆိတ္ေနေလသည္။ဝမ္ေဟာက္အိမ္နားသို႔ေရာက္ခါနီးတြင္ ကြၽင္းစန္ေျခလွမ္းမ်ားေႏွးသြားသည္ကို သတိထားမိတာေၾကာင့္ ဝမ္ေဟာက္လွည့္ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ"
"ဝမ္ေဟာက္ ငါေလ ငါ......"
ဆက္မေျပာပဲ ေခါင္းမွဆံပင္မ်ားအားစိတ္ရႈပ္ရႈပ္ျဖင့္ ဆြဲဖြပစ္ေနပါေသာ ကြၽင္းစန္အား ဝမ္ေဟာက္ နားမလည္ေသာေၾကာင့္ ဘာမွမေျပာဘဲၾကည့္ေနမိသည္။
"အာ ငါ ႐ူးေနၿပီထင္ပါတယ္ကြာ"
"ဟမ္ ဘာျဖစ္လို႔ အဲ့လိုေျပာရတာလဲ။တစ္ခုခုမ်ားျဖစ္လို႔လား"
ကြၽင္းစန္မ်က္လုံးမ်ားသည္ ဝမ္ေဟာက္အားစူးစိုက္ၾကည့္လာသည္။ထိုမ်က္လုံးထဲတြင္ ဘာအဓိပၸာယ္ေတြမ်ား ေပ်ာ္ဝင္ေနသလဲဆိုသည္အား ဝမ္ေဟာက္ မခန႔္မွန္းတတ္ပါ။မခန႔္မွန္းရဲသည္ဆို ပိုမွန္မည္။
ကြၽင္းစန္ကမ်က္ႏွာျပန္လႊဲသြားၿပီး ျပန္ၿပီဟုေျပာကာ လွည့္ထြက္သြားေတာ့သည္။ဝမ္ေဟာက္လည္း ကြၽင္းစန္ေက်ာျပင္အား ေငးၾကည့္ေနရာ ေက်ာျပင္ေလးေပ်ာက္ကြယ္သြားသည့္အခ်ိန္တြင္မွ မေဝးေတာ့ေသာအိမ္ရွိရာသို႔ ခပ္ျမန္ျမန္ေျခလွမ္းမ်ားျဖင့္ ေလွ်ာက္သြားေလေတာ့သည္။
... ... ... ... ... ... ... ... ... ... ... ... ... ... ...
(၂၀၁၅)ခုနစ္
ဝမ္ေဟာက္ ေက်ာင္းပိတ္ရက္ျဖစ္ေသာေၾကာင့္ အိပ္ယာထဲေခြေနမိသည္။အခ်ိန္အားျဖင့္ ေနလုံးႀကီးသည္ပင္ အခန္းတြင္းသို႔ဝင္ေနၿပီျဖစ္ရာ မနက္(၈)နာရီေက်ာ္ေက်ာ္ပင္ရွိေနေလာက္ၿပီျဖစ္သည္။ကြၽင္းစန္ေရာ ႏိုးေနၿပီလားမသိပါ။ေတြးေနတုန္းပင္ရွိေသးသည္။ကြၽင္းစန္အသံသည္ အခန္းအျပင္ဘက္မွ တံခါးေခါက္သံႏွင့္အတူထြက္ေပၚလာေလသည္။
"ဝမ္ေဟာက္ မထေသးဘူးလား။ ထေတာ့ ထေတာ့ ျမန္ျမန္ေနာ္။သြားစရာရွိလို႔ကြ"
"မနက္ေစာေစာစီးစီး ဘာလာျဖစ္ေနတာလဲကြာ။ေက်ာင္းပိတ္တုန္းအိပ္မလို႔ပါဆိုေန ဘယ္သြားမို႔လဲ။"
ပါးစပ္ကသာေျပာေနေပမဲ့ လက္ကအခန္းတံခါးအားဖြင့္ေပးၿပီးၿပီျဖစ္သည္။ကြၽင္းစန္က သူ႔အားတစ္ခ်က္ေငးကာ
"အိပ္ပုတ္ကကြာ ျမန္ျမန္လုပ္ေနာ္ သြားစရာရွိလို႔ ဟီး"
ဝမ္ေဟာက္မ်က္ေစာင္းထိုးကာ ေရခ်ိဳးခန္းထဲသို႔ဝင္သြားလိုက္ေတာ့သည္။ကိစၥဝိစၥမ်ားျပဳလုပ္ၿပီးသည့္အခါမွ ထြက္လာလိုက္သည္။
"လာ လာသြားမယ္"
"ေနပါဦးဟ ဘယ္လိုေတြျဖစ္ေနရတာလဲ ဘယ္သြားမွာမို႔ ဒီေလာက္ေတာင္ျဖစ္ေနတာလဲ။"
"ေရာက္ရင္သိရမွာေပါ့ကြာ" ဟုဆိုကာေလာႀကီးေနသည့္သူ႔ေၾကာင့္ ဝမ္ေဟာက္ဘာမွထပ္မေမးျဖစ္။ေခၚေဆာင္ရာသို႔သာလိုက္သြားျဖစ္ခဲ့သည္။
ကြၽင္းစန္ေခၚေဆာင္လာသည့္ေနရာမွာ ေကာ္ဖီဆိုင္တစ္ဆိုင္ျဖစ္သည္။ဆိုင္ထဲသို႔ဝင္ဝင္ခ်င္းပင္ ကြၽင္းစန္ကသူ႔လက္အားဆြဲကာ ေထာင့္က်ေသာဝိုင္းတစ္ဝိုင္းသို႔ဦးေဆာင္ေခၚသြားသည္။ဝမ္ေဟာက္လည္း ထိုင္ေနက်ျဖစ္ေသာ ကြၽင္းစန္ေဘးတြင္ဝင္ထိုင္မည္အျပဳ
"ဝမ္ေဟာက္ ဒီေန႔ေတာ့ ေရွ႕မွာထိုင္ေနာ္"
ဝမ္ေဟာက္ စိတ္ထဲစိုးရိမ္စိတ္ေတြဝင္လာေပမယ့္ ႐ုပ္မပ်က္ေအာင္ထိန္းရင္း ကြၽင္းစန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ပဲထိုင္လိုက္သည္။ေခၚလာသည့္အေၾကာင္းအရင္းကိုလည္း ေတြးမိေနၿပီျဖစ္သည္။စိတ္ထဲမွလည္း ထင္ေနသလိုမျဖစ္ပါေစနဲ႔ဟုဆုေတာင္းေနမိေတာ့သည္။
ဝိတ္တာလာခ်ေပးေသာမီႏူးကဒ္အားကိုင္ကာ ငုံ႔ၾကည့္ေနတုန္း ကြၽင္းစန္ေဘးသို႔ မိန္းကေလးတစ္ဦးဝင္ထိုင္လိုက္သည္ကို ဖ်က္ခနဲေတြ႕လိုက္သျဖင့္ ေမာ့ၾကည့္လိုက္မိသည္။ရင္းစူး...။ကြၽင္းစန္ကရင္းစူးအား ေတြ႕ဖို႔ခ်ိန္းသည္ကို ဘာေၾကာင့္မိမိအားေခၚပါသနည္း။မဟုတ္မွ သူတို႔....
"ေဆာရီးေနာ္။ ရင္းေနာက္က်သြားတယ္ ။ အားနာလိုက္တာ "
"ရပါတယ္ ရင္းရဲ႕ ။ကိုယ္တို႔က အားနာရမယ့္သူေတြမွမဟုတ္တာ"
"အာ ဒါေပမယ့္ ဝမ္ေဟာက္ကိုက် အားနာစရာႀကီးေလ ကိုကိုရဲ႕။"
ဝမ္ေဟာက္ ရင္းစူးအားသိသည္။ဝမ္ေဟာက္တို႔ေက်ာင္းအား ဒီႏွစ္မွေျပာင္းလာေသာ မိန္းကေလးျဖစ္သလို ေပၚျပဴလာျဖစ္ေသာ ေက်ာင္းသူတစ္ဦးလည္းျဖစ္သည္။ကြၽင္းစန္ႏွင့္ရင္းႏွီးေပမဲ့ သူႏွင့္ေတာ့ မ်က္မွန္းတန္းမိ႐ုံသာ။ကြၽင္းစန္က ရင္းစူးအား သေဘာက်သည္ဟုေတာ့ ေျပာဖူးသည္။ထိုအခ်ိန္က ရင္းစူးက စဥ္းစားအုံးမည္ဟု အေျဖျပန္ေပးသျဖင့္ ဝမ္ေဟာက္စိတ္ေအးခဲ့ရဖူးသည္။ကိုယ့္အေတြးႏွင့္ကိုယ္ စိတ္ရႈပ္ေနရာမွ မိမိနာမည္ပါလာသျဖင့္ မီႏူးကဒ္ဆီသာေရာက္ေနေသာ ဦးေခါင္းအားေမာ့ကာ အေရွ႕မွ ရင္းစူးအား ၾကည့္လိုက္ၿပီး
"ရပါတယ္။ ငါ့ကိုလည္း အားနာမေနပါနဲ႔ နာရီဝက္ေလာက္ကဘာမွေျပာေနစရာမလိုပါဘူး။ ရင္းစူးတို႔ျခင္း ေက်နပ္ေနရင္ၿပီးတာပါပဲ"
"ကိုကိုကေက်နပ္တယ္မလားဟင္" ဝမ္ေဟာက္အားအဓိပၸာယ္ပါပါၾကည့္ကာ ကြၽင္းစန္အားေျပာလိုက္ပါေသာ ရင္းစူးေၾကာင့္ စိတ္ထဲခုမိသြားတာေတာ့အမွန္။
ဘာလဲ ဘာသေဘာနဲ႔ ၾကည့္လိုက္တာလဲ
ဝိတ္တာျပန္ေရာက္လာေသာေၾကာင့္ မွာစရာရွိတာမ်ားမွာလိုက္ၿပီး
"မင္းတို႔ႏွစ္ေယာက္ေတြ႕မွာကို ငါ့ကိုဘာလို႔ေခၚ"
ကြၽင္းစန္ကၿပဳံးၿဖဲၿဖဲျဖင့္ အဟမ္းဟုေခ်ာင္းတစ္ခ်က္ဟန႔္ကာ ခုံေပၚတြင္တင္ထားေသာ ရင္းစူး၏လက္အား ခပ္ဖြဖြဆုပ္ကိုင္လိုက္ၿပီး
"ငါနဲ႔ရင္း တရားဝင္ခ်စ္သူေတြျဖစ္သြားၾကၿပီကြ။ဘယ္သူ႔ကိုမွမေျပာရေသးဘူးေနာ္။မင္းက ငါ့အခ်စ္ဆုံးသူငယ္ခ်င္းမို႔ ေျပာျပတာ။"
ဝမ္ေဟာက္ ေရွ႕မွႏွစ္ေအာက္အား ခပ္တည္တည္ပင္ၾကည့္ကာ
"တရားဝင္ခ်စ္သူျဖစ္တာမ်ား ဖုန္းဆက္ေျပာလည္းရေနတာကို အခုေတာ့ အတြဲၾကား ငါကကန႔္လန႔္ႀကီးပါေနရအုံးမယ္။ႀကိဳေျပာထားမယ္ေနာ္။ ငါဘယ္မွမလိုက္ႏိုင္ဘူး။စားၿပီးျပန္မွာ ကိုယ့္ဘာသာလည္ၾက။"
"မရဘူးေနာ္။ငါဘယ္တုန္းကမ်ား မင္းမပါဘဲ အျပင္သြားဖူးလို႔လဲ။လိုက္ရမွာပဲ"
"မလိုက္ပါဘူးဆိုေန"
ကြၽင္းစန္ျပန္ေျပာမည္အျပဳ
"ကိုကိုကလည္း ဒီေန႔ကပိတ္ရက္ဆိုေတာ့ သူနားခ်င္ေနမွာေပါ့ ။သူေျပာတာလည္းမွန္ေနတာပဲကို။ ဘယ္သူကမ်ား အတြဲၾကား ကန႔္လန႔္ႀကီးပါခ်င္ေနမွာလဲလို႔။ ရင္းတို႔ပဲ သြားၾကရေအာင္ေလေနာ္။"
သိပ္လက္ခံခ်င္ပုံမရေသာ ကြၽင္းစန္အား ဝမ္ေဟာက္ တစ္ခ်က္ၾကည့္လိုက္ၿပီး
"ဒီလိုပဲလုပ္လိုက္ေတာ့။ သမီးရည္းစား တစ္ခါတစ္ေလခ်ိန္းေတြ႕တာ လြတ္လြတ္လပ္လပ္ေတြ႕ၾကပါဟ။"
ထိုေန႔က ရင္းစူးသည္ ဝမ္ေဟာက္ကိုသာ မျပန္မခ်င္း စူးစိုက္ၾကည့္ေနကာ အေျဖတစ္ခုခုအားရွာေနခဲ့ၿပီး ဝမ္ေဟာက္ျပန္သြားသည့္အခ်ိန္တြင္ေတာ့ သူသိခ်င္ေနခဲ့ေသာအေျဖႏွင့္အတူ မသိလိုေသာ အေျဖတစ္ခုကိုပါ ရွာေတြ႕ခဲ့ရသည္။ထိုေန႔က သူႏွင့္ ကိုကိုမလည္ျဖစ္ခဲ့ပါ။
.....................................………………......
၂၀၂၀ခုနစ္ (ပစၥဳပန္ကာလ)
စိတ္ဆိုးေဒါသမ်ားအားေျဖေဖ်ာက္ၿပီးသည့္အခ်ိန္တြင္မွ ေရခ်ိဳးခန္းသို႔ဝင္ကာ ေရခ်ိဳးခ်လိုက္ၿပီး ေသြးထြက္ေနေသာ လက္အား ေဆးထည့္ျဖစ္သည္။ၿပီးမွ ဖန္ကြဲစမ်ားအား ရွင္းလင္းျဖစ္ေတာ့သည္။
ဘာေမွ်ာ္လင့္ခ်က္မွ မထားျဖစ္ဘဲ ကြၽင္းစန္အားသူခ်စ္ခဲ့ျခင္းျဖစ္သည္။ကြၽင္းစန္က သူ႔အားခ်စ္သူရည္းစားလိုမခ်စ္ႏိုင္ေပမဲ့ သူေပါင္းေသာ သူငယ္ခ်င္းမ်ားထက္ပင္ ဝမ္ေဟာက္အား အလိုလိုက္သည္။ဝမ္ေဟာက္အား ဘယ္ေသာအခါမွ လွ်ိဳ႕ဝွက္ခ်က္မထားခဲ့ပါ။ ယခုလက္ထပ္မည့္ကိစၥမွလြဲ၍ေပါ့။
ဝမ္ေဟာက္စိတ္ညစ္ညစ္ႏွင့္ကြၽင္းစန္အားေရွာင္ေနမိသည္။မၾကာခင္တြင္ ကြၽင္းစန္တြင္ဆိုင္သူသက္ထားရွိလာေတာ့မည္။မိမိကတိတ္တခိုးခ်စ္ေနပါသည့္တိုင္ စိတ္မလုံပါေခ်။ ေမ့ႏိုင္ေအာင္အၾကမ္ႀကိမ္ႀကိဳးစားဖူးေပမဲ့ ေအာင္ျမင္ျခင္းမရွိခဲ့။ပို၍တိုးလာေသာ အခ်စ္မ်ားကသာ လွ်ံက်လုလုျဖစ္ရသည္မို႔ မနည္းထိန္းယူေနရသည္။
ကြၽင္းစန္သည္လည္း ဝမ္ေဟာက္အား လာမရွာပါ။သူလည္း ေနာက္လထဲလက္ထပ္ေတာ့မွာဆိုေတာ့ အလုပ္မ်ားေနမွာေပါ့ေလ။ညတိုင္း ဘီယာဗူးမ်ားျဖင့္သာ အခ်ိန္ျဖဳန္းေနမိကာ ကြၽင္းစန္အား မေတြးျဖစ္ေအာင္ ႀကိဳးစားရသည္။ ပိုမူးေလ ပိုလြမ္းေလျဖစ္တာေၾကာင့္ ႏွလုံးသားက အႀကိမ္ႀကိမ္နာက်င္ရျပန္သည္။
တစ္ေန႔ေတာ့ ေမ့ႏိုင္မယ္ထင္တာပဲ ကြၽင္းစန္။အဲ့တစ္ေန႔က ငါေသတဲ့ေန႔လည္း ဟုတ္ခ်င္ဟုတ္ႏိုင္တာပဲ။
..………………………………
အခ်ိန္အားျဖင့္ ကြၽင္းစန္ႏွင့္ရင္းစူးတို႔ လက္ထပ္ရန္ (၃)ရက္အလို
အခန္းတံခါးေခါက္သံေၾကာင့္ ဝမ္ေဟာက္ယိုင္တိုင္တိုင္ႏွင့္ပင္ ထကာ ဖြင့္ေပးလိုက္သည္။ဖြင့္ေပးလိုက္ျခင္းပင္ ျမင္လိုက္ရေသာ မ်က္ႏွာေၾကာင့္ အမူးပင္ေျပသြားသေယာင္
"ကြၽင္းစန္ ဘယ္လိုလုပ္ေရာက္လာတာလဲ။အခုခ်ိန္က သတို႔သမီးနဲ႔တစ္တီတူးေနရမယ့္အခ်ိန္ထင္တာပဲ"
"ငါ့ကိုေကာက္ေနတာလား။မင္းကိုပစ္ထားမိတာေတာင္းပန္ပါတယ္ကြာ။မင္းသိတဲ့အတိုင္း မဂၤလာေဆာင္နီးေနေတာ့ အလုပ္ကရႈပ္ေနလို႔။မင္းကိုလည္း ၾကည့္ပါအုံး တစ္ကိုယ္လုံးလည္း နံေစာ္လို႔ သြားသြား ေရသြားခ်ိဳး ။ ငါေအာက္ထပ္မွာေစာင့္ေနမယ္။ "
ေျပာသည္အားဂ႐ုမစိုက္ဘဲ ဘာလာလုပ္တာလဲဆိုသည္အၾကည့္ႏွင့္ ဆက္ၾကည့္ေနလိုက္ေတာ့
"ေဒၚေလးလုံကေျပာတယ္။မင္းအစားမစားပဲ ဘီယာခ်ည္းေသာက္ေနလို႔ လာထိန္းပါအုံးတဲ့။ငါလည္း မင္းကိုပစ္ထားမိသြားတာေလ။အဲ့တာစိတ္ပူလို႔ "
"ငါေရခ်ိဴးေတာ့မယ္။ဆင္းေတာ့"
"အင္း ျမန္ျမန္ခ်ိဳးေနာ္။"
အခန္းတံခါးအားခပ္ျမန္ျမန္ပင္ပိတ္ခ်လိုက္ကာ သက္ျပင္းအား ခပ္ေလးေလးခ်မိျပန္ပါသည္။
"ဟူး စိတ္ထိန္း ဝမ္ေဟာက္ေရ သူက မင္းကို သူငယ္ခ်င္းလိုကြ"
ထိုအေတြးဝင္သည္ႏွင့္ရင္ဘတ္ကေအာင့္ခ်င္ခ်င္ျဖစ္လာတာေၾကာင့္ ေခါင္းအားခါယမ္းလိုက္ၿပီး ေရအားခပ္ျမန္ျမန္ပင္ ဝင္ခ်ိဳးလိုက္ေတာ့သည္။ေပါ့ေပါ့ပါးပါးပါး ဝတ္စုံတစ္ထည္အားလဲကာ ေအာက္ထပ္သို႔ဆင္းလာေတာ့ ထမင္းစားခန္းထဲတြင္ ေဒၚေလးလုံႏွင့္ စကားေျပာေနပါေသာ ကြၽင္းစန္။သူဝင္လာသည္ကို ေတြ႕သည္ႏွင့္ ေဒၚေလးလုံက မီးဖိုေခ်ာင္အတြင္း ဝင္သြားေတာ့သည္။
ကြၽင္းစန္ကထလာၿပီး ဝမ္ေဟာက္ထိုင္ဖို႔ခုံျပင္ေပးသည္။ဝမ္ေဟာက္ခပ္တည္တည္ပင္ဝင္ထိုင္ၿပီး ေဒၚေလးလုံျပင္ေပးထားေသာ ေန႔လည္စာအား စားေနလိုက္သည္။ကြၽင္းစန္ကဘာမွ်မေျပာ။ဝမ္ေဟာက္ ကိုသာ ထိုင္ၾကည့္ေနေလသည္။
စားေသာက္ၿပီးစီးသည့္အခ်ိန္တြင္မွ ဝမ္ေဟာက္စလိုက္သည္ ။
"မင္းေတာင္ လက္ထပ္ဖို႔ ဘယ္ႏွစ္ရက္မွမလိုေတာ့ဘူးပဲ"
"ငါစဥ္းစားေနတာ ဒီ(၃)ရက္ကို မင္းနဲ႔အခ်ိန္ျဖဳန္းဖို႔ေလ။တစ္လလုံး မင္းကို ပစ္ထားသလိုျဖစ္သြားလို႔ ငါ့ကိုေကာက္ေနတာ မဟုတ္လား။လက္ထပ္ၿပီးရင္လည္း ေတြ႕ႏိုင္မွာေပမဲ့ အရင္လို အၿမဲမေတြ႕ႏိုင္ေတာ့တာမို႔ေလ။ ႀကိဳေခ်ာ့တဲ့သေဘာေပါ့ကြာ ဟီး"
မ်က္ႏွာခ်ိဳေသြးေနပါေသာ ကြၽင္းစန္အားၾကည့္ကာ ဝမ္ေဟာက္ စိတ္ထဲ ေနလို႔မေကာင္း။ မင္းကငါ့ကို လိမ္ျပန္ၿပီပဲ ကြၽင္းစန္။ မင္းလက္ထပ္ၿပီးတာနဲ႔ဒီႏိုင္ငံကအၿပီးထြက္သြားေတာ့မယ္ဆိုတာ ရင္းစူးက ငါ့ကိုေျပာျပၿပီးေနၿပီကြ။
"မင္းသေဘာေလ။ရင္းစူးက လက္ခံအုံးမွကို။သူ႔ကိုေရာေျပာၿပီးၿပီလား။ "
"ေျပာထားတယ္ကြ။ သူလည္းလက္ခံပါတယ္။ သူလက္မခံလည္း ဘာျဖစ္လည္းကြာ။ ငါ့သူငယ္ခ်င္းဆီငါလာတာ သူကတားနိင္မွာတဲ့လား"
"ေအးပါ။ ေမးမိတဲ့ငါမွားတာပါ။"
ဝမ္ေဟာက္ ေပ်ာ္မေနသင့္ေပမဲ့ ခ်စ္ရသူက အနားရွိေနသည္မို႔ ႐ႊင္ပ်ေနမိသည္။တစ္ေနကုန္ စလိုက္ေနာက္လိုက္၊ ဂိမ္းေလးေဆာ့လိုက္ ၊ပ်င္းလာရင္ တီဗီေလးၾကည့္လိုက္ႏွင့္ သာယာေနေတာ့သည္။ညအိပ္ခ်ိန္ေရာက္သည္အထိ ရင္းစူးဆီမွ ဖုန္းလာသံမၾကားရ။ သူ႔ခင္ပြန္းေလာင္းကိုေတာ့ သူယုံၾကည္သားဟု ဝမ္ေဟာက္ရင္နာနာႏွင့္ေတြးမိသည္။
ဘာလိုလိုႏွင့္ ကြၽင္းစန္ေရာက္ေနသည္မွာ (၃)ရက္ေတာင္ရွိေနၿပီျဖစ္သည္။မနက္ျဖန္ဆိုလွ်င္ ကြၽင္းစန္ႏွင့္ရင္းစူး၏မဂၤလာပြဲ။ ဝမ္ေဟာက္ ကြၽင္းစန္အား ထိုေန႔ၿပီးလွ်င္ တစ္သက္တာလုံး ခြဲခြာရေတာ့မည္ျဖစ္သည္။
ဒီသုံးရက္အတြင္းတြင္လည္း မိမိအားေခ်ာ့သည္သာေျပာသည္။ သူလုပ္ခ်င္တာခ်ည္း မိမိကသာ လိုက္လုပ္ေပးေနရသည္။ ေတာ္ၾကာ ဒါေလးစားခ်င္၊ေတာ္ၾကာ ဟိုဟာၾကည့္ခ်င္၊ ဒီဟာေဆာ့ခ်င္နဲ႔မို႔ ဝမ္ေဟာက္အနားမရ။ဒါဆိုမေပ်ာ္ဘူးလားဆိုေတာ့လည္း မဟုတ္ ဝမ္ေဟာက္ေပ်ာ္သည္။ ေပ်ာ္တာမွအတိုင္းထက္အလြန္ပင္ေပ်ာ္တာျဖစ္သည္။ ထုတ္ျပ၍မရေသာေၾကာင့္သာ ခ်ိတ္ပိတ္သိမ္းထားရျခင္းျဖစ္သည္။
ေဒါက္ ေဒါက္
"ဝမ္ေဟာက္ ငါဝင္လာၿပီ။" တံခါးေခါက္ကာ အသံျပဳၿပီး ဝင္လာေသာ ကြၽင္းစန္။ ဘီယာဗူးမ်ားထည့္ထားေသာ အိတ္အားဆြဲလာသည္။
"ဘာလဲ ဘီယာေသာက္မို႔လား။မနက္မင္းေစာထရမွာေလ။ေခါင္းကိုက္ေနမွာေပါ့။"
ဝမ္ေဟာက္ေမးသည္အား မေျဖ။ေမြ႕ယာေပၚတြင္လွဲေနသည့္ ဝမ္ေဟာက္အနား လာထိုင္သည္။
"ငါမနက္ထႏိုင္ပါတယ္ကြာ။ဒီညေသာက္မွရမွာကြ၊ေသာက္ရေအာင္ကြာ"
အိတ္ထဲမွ ဘီယာတစ္ဗူးထုတ္ကာ ေပးလာေသာေၾကာင့္ ထကာယူလိုက္ၿပီး ေဖာက္ကာ တစ္ငုံေသာက္လိုက္သည္။လည္ပင္းတစ္ေလွ်ာက္ပူရွိန္းရွိန္းျဖင့္ ဝင္သြားေလသည္။ဘီယာတစ္ဗူးကုန္သည္အထိ တစ္ေယာက္ႏွင့္တစ္ေယာက္စကားမေျပာျဖစ္။
"ဝမ္ေဟာက္..." ရီေဝေဝမ်က္လုံးမ်ားျဖင့္ မိမိအားစိုက္ၾကည့္ေနေသာကြၽင္းစန္အား ဝမ္ေဟာက္ မၾကည့္ရဲစြာ ေခါင္းငုံ႔မိသည္။ဘာအဓိပၸာယ္လဲ ကြၽင္းစန္။မနက္ျဖန္ လက္ထပ္ေတာ့မယ့္မင္းက ငါ့ကို ဘယ္လိုေတြၾကည့္ေနရတာလဲ။ငါ့ကို စိတ္ေဖာက္လာေအာင္ မလုပ္ခ်င္စမ္းနဲ႔။
ငိုသံထြက္ေပၚလာသည့္အတြက္ ျပန္ေမာ့ၾကည့္မိေတာ့ မိမိအားၾကည့္ကာ မ်က္ရည္မ်ားက်ေနေသာ ကြၽင္းစန္။ပါးစပ္မွလည္း
"ငါ ငါေတာင္းပန္ပါတယ္ကြာ"
"ေဟ့ေရာင္ မငိုနဲ႔ေလ။ဘာကို ေတာင္းပန္ေနတာလဲ။ေတာ္ေတာ့ မငိုနဲ႔ေတာ့။ မင္း မယားေလာင္းသိရင္ ငါ့ကိုေျပာေနပါအုံးမယ္ကြာ။
မငိုနဲ႔ေတာ့"
ေျပာလိုက္ေတာ့ တိတ္သြားကာ ဘီယာသာဆက္ေသာက္ေနျဖစ္ၾကျပန္သည္။ေလးဗူးေျမာက္တြင္ေတာ့ မဟန္ေတာ့။ အေတာ္ေလးမူးလာၿပီျဖစ္ေသာေၾကာင့္ လွဲခ်လိုက္ရေတာ့သည္။ကြၽင္းစန္ထလာသည္ကိုေတာ့ျမင္ေနရသည္။ လူကမလႈပ္ႏိုင္ေသာေၾကာင့္ ၾကည့္သာၾကည့္ေနႏိုင္သည္။ ဝမ္ေဟာက္အား ငုံ႔မိုးကာ ၾကည့္လာေသာ ကြၽင္းစန္။ ႐ုတ္တရက္ ဝမ္ေဟာက္ နဖူးေပၚသို႔ က်ေရာက္လာေသာ ႏွာခမ္းေႏြးေႏြး၊ထိုမွတစ္ဆင့္ပါးႏွစ္ဖက္၊ပန္းတိုင္ျဖစ္ဟန္တူသည့္ ဝမ္ေဟာက္ ႏွာခမ္းပါးေပၚတြင္မွ အဆုံးသတ္သြားသည္။ဝမ္ေဟာက္ကေတာ့ မ်က္ခြံမ်ားပင္ မသယ္ႏိုင္ေတာ့ေသာေၾကာင့္ အိပ္ေမာက်သြားၿပီျဖစ္သည္။
"အရာရာတိုင္းအတြက္ ကိုယ့္အမွားေတြႀကီးပါပဲကြယ္။ကိုယ္ေပ်ာ့ညံ့ခဲ့လို႔ မင္းကိုဝမ္းနည္းေနေစခဲ့ရတယ္။ကိုယ့္ကို ခြင့္လႊတ္ပါလို႔ မေျပာရက္ပါဘူး။"
......................................
ကြၽတ္ ကြၽတ္
မူးေနာက္ေနေသာ ေခါင္းအားကိုင္ကာ ဝမ္ေဟာက္ခထိုင္မိသည္။ ဘယ္ႏွစ္နာရီေတာင္ရွိေနပါလိမ့္။ကုတင္ေဘးတြင္တင္ထားေသာ နာရီအားၾကည့္မိေတာ့ (၁၂)နာရီခြဲ။ထိုနာရီေဘးေတြင္ သံပုရာရည္တစ္ခြက္၊ ခြက္၏ေအာက္တြင္ေတာ့ စာ႐ြက္အပိုင္းအစေလး။ ဝမ္ေဟာက္ ခြက္အားမကာယူလိုက္ၿပီး စာအားဖတ္ၾကည့္လိုက္ေတာ့
"ေခါင္းမူးေျပေအာင္ ေသာက္လိုက္အုံး။"
ဝမ္ေဟာက္ ေသာက္လိုက္ၿပီး ခြက္အား ခ်လိုက္သည္။ထိုစဥ္ ဖုန္းေကာလ္တစ္ခုဝင္သံၾကားရေသာေၾကာင့္ ဖုန္းအားရွာရျပန္သည္။ဘယ္မွာထားထားတာပါလိမ့္။ဖုန္းရွာေနရင္းပင္ အသံပင္ျပန္၍ပိတ္သြားသည္။ရွာလို႔မေတြ႕ေသး။ေနာက္တစ္ေခါက္ထပ္ထြက္လာသည့္အခ်ိန္တြင္မွ ရွာေတြ႕ေတာ့သည္။ ကုတင္ေအာက္က်ေနတာျဖစ္သည္။ ေခၚဆိုသူက ရင္းစူး။
က်စ္တစ္ခ်က္စုတ္သတ္လိုက္ၿပီးမွ ကိုင္ျဖစ္သည္။
"ဘာေျပာစရာရွိလို႔ဆက္တာလဲ"
"အိုး ရန္လိုေနတဲ့ေခြးေပါက္ေလးလိုပါလား။"
"ေျပာစရာမရွိရင္ ဖုန္းခ်ၿပီ။ ကြၽန္ေတာ္မအားဘူး။"
"ရင္း အခုေလဆိပ္မွာ။ၿပီးေတာ့ ရွင့္ကို အေရးႀကီးေျပာစရာရွိလို႔။ရွင့္အတြက္ေတာ့ အေတာ္ေလးတန္ဖိုးႀကီးတဲ့ကိစၥ"
"လိုရင္းပဲေျပာေပးႏိုင္မလား"
"လူတစ္ေယာက္ရွိတယ္။အဲ့လူက ေနာက္ထပ္လူတစ္ေယာက္ကို မထင္မွတ္ထားစြာဘဲ သေဘာက်မိသြားတယ္။သူဖြင့္ေျပာဖို႔ႀကိဳးစားတယ္။ဖြင့္မေျပာလိုက္ရေပမဲ့ ဒိုင္ယာရီစာအုပ္ကိုျမင္ၿပီး အိမ္ကေတာ့သိသြားတယ္။အႀကီးအက်ယ္ စကားမ်ားၾကတယ္။အဲ့လူကို အိမ္က ေက်ာင္းေျပာင္းဖို႔လုပ္ေတာ့ သူကတိအထပ္ထပ္ေပးၿပီး ေက်ာင္းမေျပာင္းဖို႔ေတာင္းပန္တယ္။အိမ္ကလက္ခံသြားတယ္။အဲ့လူက သူသေဘာက်ရတဲ့ေကာင္ေလးကို ဖြင့္ေျပာဖို႔မျဖစ္ႏိုင္ေတာ့ အနားမွာထားၿပီး ဂ႐ုစိုက္ေပးဖို႔ပဲတတ္ႏိုင္တယ္။ အိမ္ကလည္းသူ႔ကို မ်က္စိေဒါက္ေထာက္ၾကည့္ေနတာေၾကာင့္ သူအႀကံတစ္ခုရလိုက္တယ္။သူေကာင္မေလးတစ္ေယာက္ကို လိုက္ဖို႔လုပ္တယ္။ ေအာင္ျမင္သြားတယ္။ အဲ့ေကာင္မေလးကအစကတည္းကရိပ္မိေနတယ္။ဒါေပမဲ့ ေကာင္မေလးက အဲ့လူကိုႀကိဳက္တာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ထားတယ္။အဲ့လူကေတာ့ သူသေဘာက်တဲ့လူသူ႔အနားရွိေနရင္ၿပီးေရာဆိုၿပီး ေကာင္မေလးကို အသုံးခ်ၿပီးတြဲေနခဲ့တာ။အဲ့လိုနဲ႔မိဘေတြက ယုံၾကည္လာၾကတယ္။ အဲ့လူက တစ္ေန႔မွာ ေကာင္မေလးကိုေခၚၿပီး မတြဲႏိုင္ေတာ့ေၾကာင္းေျပာတယ္။ေကာင္မေလးကိုေတာင္းပန္တယ္။ေကာင္မေလးကလက္မခံဘူး။အဲ့ေတာ့ စကားေတြမ်ားၾကတယ္။စကားမ်ားတယ္ဆိုေပမဲ့ အဲ့လူကငုံ႔ခံသြားတာႀကီးပါပဲ။ မထင္မွတ္ပဲ ေကာင္မေလးေၾကာင့္ အဲ့လူအိမ္က ထပ္သိသြားရျပန္တယ္။ အဲ့ကိစၥပဲထပ္ျဖစ္တာေၾကာင့္ အေမကႏွလုံးအေမာေဖာက္ၿပီး ေဆး႐ုံတင္လိုက္ရတယ္။ မေသ႐ုံတမယ္ျဖစ္သြားတဲ့အေမရဲ႕ ဆႏၵကို လိုက္ေလ်ာဖို႔ကလြဲ သူဘာမွ မေတြးႏိုင္ေတာ့ဘူး။ သူတို႔ခ်က္ခ်င္းေစ့စပ္လိုက္ရတယ္။တစ္လအၾကာမွာ လက္ထပ္လိုက္ရတယ္။ ရင္းေျပာခ်င္တာဒါပဲ။ ဘိုင္ဘိုင့္ေနာ္။သြားရေတာ့မယ္"
ငါလည္း နာက်င္ရတာေၾကာင့္ နည္းနည္းေလာက္ေတာ့ နင့္ကိုလိမ္ညာသင့္တယ္ မဟုတ္လား ဝမ္ေဟာက္။ငါဘယ္ေတာ့မွ မႏိုင္ခဲ့တဲ့ ငါ့ေကာင္ေလးရဲ႕ ျမတ္ႏိုးရာ။
.........
ဝမ္ေဟာက္ ၿငိမ္သက္ေနရတယ္။သူအသက္ေတာင္မရႈႏိုင္ေတာ့ဘူးလို႔ ခံစားေနရတယ္။သူ႔ရင္ထဲမွာ ေသေတာ့မလိုပဲ။ရင္းစူးေျပာသြားတာက သူ သူေျပာသြားတာက ကြၽင္းစန္က ငါ့ ငါ့ကို ။ သူ သူငါ့ကိုမျမင္ခဲ့တာမွမဟုတ္ဘဲ။ ငါ ငါကသာ သူ႔ကိုနားမလည္ေပးႏိုင္ခဲ့တာ။ ဘာလုပ္ရမလဲ။ ကြၽင္းစန္ကို သြားေတြ႕ရေအာင္လည္း သူက ခုေလးတင္ ေလယာဥ္ေပၚေရာက္ေနၿပီ။ ငါတို႔ တကယ္ႀကီး မျဖစ္ႏိုင္ေတာ့ဘူးလား။ငါတို႔ႏွစ္ေယာက္က အၿမဲလြဲေနခဲ့တာလား။ဝမ္ေဟာက္ေအာ္ငိုၿပီး ႏွလုံးသားကနာက်င္လွေသာေၾကာင့္ ထု႐ိုက္ေနရတယ္။
ဟင့္ အီးဟီး ဟင့္
ထိုစဥ္ ဝမ္ေဟာက္၏အခန္းတံခါးအား ျဖည္းညႇင္းစြာဖြင့္ဝင္လာေသာ လူတစ္ေယာက္။မျဖစ္ႏိုင္လိုက္တာ။ သူ သူက ေလယာဥ္ေပၚမွာရွိေနရမွာေလ။ ၿပီး ၿပီးေတာ့ ဝတ္ထားတာကလည္း မေန႔ကဝတ္ထားခဲ့တဲ့ ညဝတ္အက်ႌ။မိမိအားၾကည့္ကာ ႏွစ္လိုဖြယ္ၿပဳံးျပေနပါေသာ သူ။
"ကြၽင္းစန္"
The End
#luoyiyu114
#29.7.2021
Unicode🔥
၂၀၂၀ခုနစ် ၊ ၉လပိုင်း ၊ ၅ရက်နေ့
"ငါလက်ထပ်တော့မယ်။ငါနဲ့ ရင်းနဲ့စေ့စပ်ပြီးသွားပြီ။"
"ဟမ်။နောက်နေတာလား။မင်းနဲ့ငါ မတွေ့တာ တစ်လပဲရှိသေးတာလေ။"
"မနောက်ဘူး။(၁)ရက်နေ့က ငါတို့ရဲ့စေ့စပ်ပွဲ။"
ဝမ်ဟောက် အမှန်တကယ်ကိုပင် အံ့ဩသွားခဲ့သည်။ သူနှင့် ကျွင်းစန်သည် ငယ်သူငယ်ချင်းများဖြစ်သည်။ဟိုးငယ်စဉ်ကတည်းကပင် ခုထိ တစ်ခါမှခွဲခွာဖူးခြင်းမရှိခဲ့။ယခု ဝမ်ဟောက် မဖြစ်မနေအလုပ်ကိစ္စနှင့်မို့ပထမဦးဆုံးခွဲဖူးခြင်းဖြစ်သည်။
ပထမဆုံးခွဲခွာပြီး ပြန်အတွေ့တွင် ခုလိုစပရိုက်နှင့်ကြုံရသည်။ကျွင်းစန်က သူ့ကိုမတိုင်ပင်ဘဲ ဘာမှလုပ်ဖူးခြင်းမရှိ။ဝမ်ဟောက်ယုံကြည်ထားခဲ့သည်။ကျွင်းစန်နှင့် ရင်းစူးလက်ထပ်မည့်ကိစ္စကိုလည်း မိမိအား ကျိန်းသေတိုင်ပင်လိမ့်မည်ဟုပင်။ဒါပေမဲ့ ထင်သလိုမဖြစ်တာဟာ ယခုပင် သက်သေဖြစ်သည်။
"ငါ့ကိုတော့ အသိပေးသင့်တယ်။ငါကအရေးမပါလို့လား။" ဝမ်ဟောက် စိတ်မကောင်းဖြစ်နေ၍ အသံကပါ တိုးဖျဖျလေးဖြစ်နေသည်။ကျွင်းစန်က ဝမ်ဟောက်၏ အသံကို မနည်းအားစိုက်နားထောင်လိုက်ရသည်။
"မဟုတ်ပါဘူးကွာ။ရင်းစူးက စေ့စပ်ချင်နေပြီဆိုပြီး အိမ်ကိုအတင်းလိုက်လာလို့လေ။မေမေတို့ကလည်း စေ့စပ်သင့်နေပြီပြောတာနဲ့ မြန်မြန်စေ့စပ်ဖြစ်သွားတာ။မင်းကို ဖုန်းဆက်မလို့ပါပဲ။မင်းဖုန်းက ဆက်သွယ်မှုပြင်ပရောက်နေတာနဲ့ ငါမဆက်တော့တာ။အခုငါပြောပြနေပြီပဲ။စိတ်မဆိုးပါနဲ့ကွာ နော်။"
ဝမ်ဟောက်ပြန်မပြောဖြစ်။စိတ်ထဲ အတော်လေးနေလို့မကောင်းဖြစ်နေသည်။ရင်းစူးနှင့်ကျွင်းစန်သည် ချစ်သူဖြစ်သည်မှာ ငါးနှစ်ကျော်ပင်ရှိလာခဲ့ပြီဖြစ်သည်။သို့ရာတွင် ရင်းစူးက ဝမ်ဟောက်အားကြည့်မရပါ။ဝမ်ဟောက်သည်လည်း ရင်းစူးအား မေးထူးခေါ်ပြောလောက်သာ လုပ်သည်။အခုစေ့စပ်ခြင်းသည်လည်း ရင်းစူးလောလို့ဖြစ်သွားခြင်းကို သူနားလည်သည်။သို့ပေမဲ့ ဘာလို့ ဝမ်ဟောက်မရှိသည့်အချိန်မှလဲ။ဝမ်ဟောက်ရှိနေစဉ် စေ့စပ်လျှင် ဝမ်ဟောက်ကတားမည်ကိုစိုးရိမ်နေ၍လား။ဘာလို့ ဝမ်ဟောက်ကတားရမည်လဲ။ဒါမှမဟုတ် ရင်းစူးများ ဝမ်ဟောက်သည် ကျွင်းစန်အား...။မဖြစ်နိုင်ပါ။ကာယကံရှင်ဖြစ်သည့် ကျွင်းစန်သည်ပင် မသိလေရာ ရင်းစူးသိနေခြင်းမှာ လုံးဝမဖြစ်နိုင်။ဝမ်ဟောက်အတွေးများကာ စိတ်ထဲမကောင်းတော့ပါ။
"ဝမ်ဟောက်...ဝမ်ဟောက်ရေ ငါခေါ်တာကြားလား"
"အမ် အင်း ကြားတယ်။ဘာပြောမလို့လဲ။ပြောစရာမရှိရင် ငါပြန်တော့မယ်။ငါအလုပ်တွေရှိသေးတယ်။"
"အမ် အလုပ်ရှိနေတာလား။ငါ့ကို မင်းစိတ်မဆိုးဘူးမလား။စိတ်မဆိုးဘူးဆိုမှပြန်ရမယ်။"
"မဆိုးပါဘူးကွာ။ပြန်တော့မယ်။"
ကျွင်းစန်နောက်မှပြောနေသည်များကို ဂရုမထားဖြစ်ဘဲ ခပ်မြန်မြန်ပင်ထွက်လာလိုက်သည်။ဝမ်ဟောက် အလုပ်သွားဖို့ပင်စိတ်မပါတော့။မနေ့ကမှ ခရီးကပြန်ရောက်သည်။ယနေ့မနက်စောစောခေါ်ပြောသည့်စကားက ရင်နင့်စေတာအမှန်ပင်မို့ အိမ်ပဲပြန်ပြီး နားတော့မည်ဟု ဝမ်ဟောက်ဆုံးဖြတ်လိုက်သည်။
အိမ်သို့ရောက်ရောက်ခြင်း နောက်ဖေးခန်းသို့ဝင်ပြီး ရေခဲသေတ္တာထဲမှ ရေခဲရေဗူးအားယူကာ ခပ်မြန်မြန်သောက်ချရသည်။ရင်ပူနေတာ ပျောက်လိုပျောက်ငြားအတွေးများဖြင့်။သို့ပေသိ ရေတစ်ဗူးသာကုန်သွားသည်။စိတ်ထဲမည်သို့မျှ အရာမယွင်းသောကြောင့် အပေါ်ထပ်သို့သာ တက်လာလိုက်တော့သည်။အိပ်ခန်းသို့ခပ်မြန်မြန်ဝင်ကာ မွေ့ယာပေါ် လှဲချလိုက်တော့သည်။
"ဟူးးး မင်း ငါ့ကို တကယ်ကိုမမြင်ခဲ့တာပဲ"
စချစ်မိကည်းက မင်းကို ပိုင်ဆိုင်ဖို့ မတွေးခဲ့ဖူးပေမဲ့ ငါ ငါလည်း နာကျင်ရတာပေါ့ကျွင်းစန်။
မျက်ခမ်းစပ်များရဲလာကာ မျက်ဝန်းထဲတွင် အရည်ကြည်များလဲ့လာသည်အထိ မျက်တောင်မခတ်မိ။ အရည်ကြည်များစီးဆင်းသွားသည်အထိ အတွေးများသည် ဂယောက်ဂယက်ဖြစ်နေသည်။
Vibration...
ဘောင်းဘီအိတ်ကပ်ထဲထည့်ထားသော ဖုန်း တုန်ခါလာမှ မျက်ရည်များကို ခပ်မြန်မြန်သုတ်ပစ်မိသည်။ဖုန်းအား ထုတ်ကြည့်လိုက်တော့ ပေါ်လာသည်က "ရင်းစူး"
သက်ပြင်းအားခပ်လေးလေးချကာ လှနေရာမှထိုင်လိုက်ပြီး အစိမ်းရောင်ကိုနှိပ်လိုက်သည်။
"ဟယ်လို"
"အင်း ငါနဲ့ ကိုကိုစေ့စပ်လိုက်ပြီ။နင့်ကို ကိုကိုပြောပြီးပြီမလား"
"အင်း ပြောပြီးပြီ"
"ငါအရမ်းသိချင်နေတာသိလား။ နင်ဘယ်လိုခံစားနေရမလဲဆိုတာကိုလေ။"
"နေပါအုံး။ ရင်းတို့စေ့စပ်တာကို ကျွန်တော်ကဘာခံစားရမှာလဲ။ဝမ်းတောင်သာရမှာကို"
"ဝမ်းသာတယ်ဆိုလည်းပြီးတာပါပဲ ချောင်ထဲကြိတ်ငိုနေမှာစိုးလို့လေ"
"ရင်းဘာတွေပြောနေလဲ ကျွန်တော် နားမလည်ဘူး။ရှင်းရှင်းပြောပေးနိုင်မလား။"
"ဘာမှမဟုတ်ပါဘူး။ မသိသေးမှာစိုးလို့ ဖုန်းဆက်ပြောရုံပါ။"
"အင်းပြောစရာမရှိတော့ရင် ဒါပဲလေ ကျွန်တော်မအားလို့"
"အင်းပါ။ဒါနဲ့ ကိုကိုနဲ့ ရင်း နောက်လထဲလက်ထပ်တော့မှာကိုရော သိလား"
ဘယ်လို...ကျိန်းသေပေါက် ကျွင်းစန်ပြောသည့်အထဲ လက်ထပ်မည့်ကိစ္စမပါဝင်ခဲ့။ထပ်မံကျဆင်းချင်လာသည့် မျက်ရည်များအား ပုတ်ခတ်သိမ်းဆည်းကာ အသံမတုန်အောင် ထိန်းရင်း
"သိပြီးပြီ။ပြောစရာမရှိတော့ဘူးမလား။ဒါပဲ"
ရင့်သီးသည်ဟု ထင်သွားလျှင်လည်း မတတ်နိုင်။ဝမ်ဟောက် အရမ်းပင်ပန်းနေပြီဖြစ်သည်။ကျွင်းစန် ဘာကြောင့် မပြောရသည်လဲ။မဟုတ်ဘူး။ ကျွင်းစန်သူ့အားပြောဖို့လုပ်ခဲ့သည်။ သူကသာထထွက်လာခဲ့မိခြင်းဖြစ်သည်။လက်ထပ်ပွဲက ဒီလောက်မြန်မြန်ဖြစ်ရသည်က ဘာကြောင့်များလဲ။သူမရှိသည့် တစ်လအတွင်း ဘာတွေများဖြစ်ပျက်သွားခဲ့ပါသနည်း။ ဘာတွေလဲကွာ။
အားးးး
"ဒုန်း...ခွမ်း"
ခုတင် ဘေးရှိခုံပေါ်မှ ဖန်ခွက်အား နံရံသို့အားကုန်ပစ်ပေါက်လိုက်မိသည်။သူ့တွင် စိတ်ဖြေစရာ ဒီတစ်နည်းပဲရှိသည်လေ။ထို့နောက် ဖန်ကွဲစများပြန့်ကျဲနေသော နေရာသို့ထသွားလိုက်ပြီး ဖန်ကွဲစခပ်ကြီးကြီးတစ်ခုအားကောက်ယူလိုက်သည်။ပြီးနောက် ကိုင်ထားသည့်ဘက်မှနေ၍ ဘယ်ဘက်လက်ကောက်ဝတ်တစ်လျှောက်သို့ ထပ်ကာထပ်ကာ လှီးချလိုက်လေသည်။
"မင်း ငါ့ကိုဘယ်တော့မှ မြင်အောင်မကြည့်ခဲ့ဖူးဘူး ကျွင်းစန်။ငါလည်း မြင်အောင်မပြခဲ့တာမှန်ပေမဲ့ အခု ရင်းစူးကသိနေတယ်။မင်းရော မင်းရောသိနေလား ကျွင်းစန်" သွေးစက်များ တရစက်ကျနေသော်လည်း ဘာမှမလုပ်ဖြစ်။ထိုနေရာတွင်သာထိုင်ချလိုက်ပြီး အော်ငိုလေတော့သည်။
........................
၂၀၁၄ခုနစ်
"ဝမ်ဟောက် မင်းနဲ့ငါ ကတိတစ်ခုလုပ်မလား"
"ဘာကတိလဲ"
"ငါတို့ဘယ်တော့မှမခွဲကြေး ဆိုတဲ့ကတိ"
"အင်း"
"တကယ်နော်။မင်းကတိပေးလိုက်ပြီနော်။ ငါ့ကိုခွဲမသွားရဘူးနော်"
"အင်း"
ဘာသဘောနဲ့ပြောမှန်းမသိပေမဲ့ ဝမ်ဟောက်ကျေနပ်နေမိတာအမှန်။ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေသည်မို့ ဘာစကားမှထပ်မပြောဖြစ်တော့။ကျောင်းမှအိမ်သို့ ပြန်သည့်လမ်းထက်တွင် တိတ်ဆိတ်နေလေသည်။ဝမ်ဟောက်အိမ်နားသို့ရောက်ခါနီးတွင် ကျွင်းစန်ခြေလှမ်းများနှေးသွားသည်ကို သတိထားမိတာကြောင့် ဝမ်ဟောက်လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဝမ်ဟောက် ငါလေ ငါ......"
ဆက်မပြောပဲ ခေါင်းမှဆံပင်များအားစိတ်ရှုပ်ရှုပ်ဖြင့် ဆွဲဖွပစ်နေပါသော ကျွင်းစန်အား ဝမ်ဟောက် နားမလည်သောကြောင့် ဘာမှမပြောဘဲကြည့်နေမိသည်။
"အာ ငါ ရူးနေပြီထင်ပါတယ်ကွာ"
"ဟမ် ဘာဖြစ်လို့ အဲ့လိုပြောရတာလဲ။တစ်ခုခုများဖြစ်လို့လား"
ကျွင်းစန်မျက်လုံးများသည် ဝမ်ဟောက်အားစူးစိုက်ကြည့်လာသည်။ထိုမျက်လုံးထဲတွင် ဘာအဓိပ္ပာယ်တွေများ ပျော်ဝင်နေသလဲဆိုသည်အား ဝမ်ဟောက် မခန့်မှန်းတတ်ပါ။မခန့်မှန်းရဲသည်ဆို ပိုမှန်မည်။
ကျွင်းစန်ကမျက်နှာပြန်လွှဲသွားပြီး ပြန်ပြီဟုပြောကာ လှည့်ထွက်သွားတော့သည်။ဝမ်ဟောက်လည်း ကျွင်းစန်ကျောပြင်အား ငေးကြည့်နေရာ ကျောပြင်လေးပျောက်ကွယ်သွားသည့်အချိန်တွင်မှ မဝေးတော့သောအိမ်ရှိရာသို့ ခပ်မြန်မြန်ခြေလှမ်းများဖြင့် လျှောက်သွားလေတော့သည်။
... ... ... ... ... ... ... ... ... ... ... ... ... ... ...
(၂၀၁၅)ခုနစ်
ဝမ်ဟောက် ကျောင်းပိတ်ရက်ဖြစ်သောကြောင့် အိပ်ယာထဲခွေနေမိသည်။အချိန်အားဖြင့် နေလုံးကြီးသည်ပင် အခန်းတွင်းသို့ဝင်နေပြီဖြစ်ရာ မနက်(၈)နာရီကျော်ကျော်ပင်ရှိနေလောက်ပြီဖြစ်သည်။ကျွင်းစန်ရော နိုးနေပြီလားမသိပါ။တွေးနေတုန်းပင်ရှိသေးသည်။ကျွင်းစန်အသံသည် အခန်းအပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူထွက်ပေါ်လာလေသည်။
"ဝမ်ဟောက် မထသေးဘူးလား။ ထတော့ ထတော့ မြန်မြန်နော်။သွားစရာရှိလို့ကွ"
"မနက်စောစောစီးစီး ဘာလာဖြစ်နေတာလဲကွာ။ကျောင်းပိတ်တုန်းအိပ်မလို့ပါဆိုနေ ဘယ်သွားမို့လဲ။"
ပါးစပ်ကသာပြောနေပေမဲ့ လက်ကအခန်းတံခါးအားဖွင့်ပေးပြီးပြီဖြစ်သည်။ကျွင်းစန်က သူ့အားတစ်ချက်ငေးကာ
"အိပ်ပုတ်ကကွာ မြန်မြန်လုပ်နော် သွားစရာရှိလို့ ဟီး"
ဝမ်ဟောက်မျက်စောင်းထိုးကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်တော့သည်။ကိစ္စဝိစ္စများပြုလုပ်ပြီးသည့်အခါမှ ထွက်လာလိုက်သည်။
"လာ လာသွားမယ်"
"နေပါဦးဟ ဘယ်လိုတွေဖြစ်နေရတာလဲ ဘယ်သွားမှာမို့ ဒီလောက်တောင်ဖြစ်နေတာလဲ။"
"ရောက်ရင်သိရမှာပေါ့ကွာ" ဟုဆိုကာလောကြီးနေသည့်သူ့ကြောင့် ဝမ်ဟောက်ဘာမှထပ်မမေးဖြစ်။ခေါ်ဆောင်ရာသို့သာလိုက်သွားဖြစ်ခဲ့သည်။
ကျွင်းစန်ခေါ်ဆောင်လာသည့်နေရာမှာ ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်သည်။ဆိုင်ထဲသို့ဝင်ဝင်ချင်းပင် ကျွင်းစန်ကသူ့လက်အားဆွဲကာ ထောင့်ကျသောဝိုင်းတစ်ဝိုင်းသို့ဦးဆောင်ခေါ်သွားသည်။ဝမ်ဟောက်လည်း ထိုင်နေကျဖြစ်သော ကျွင်းစန်ဘေးတွင်ဝင်ထိုင်မည်အပြု
"ဝမ်ဟောက် ဒီနေ့တော့ ရှေ့မှာထိုင်နော်"
ဝမ်ဟောက် စိတ်ထဲစိုးရိမ်စိတ်တွေဝင်လာပေမယ့် ရုပ်မပျက်အောင်ထိန်းရင်း ကျွင်းစန်နှင့် မျက်နှာချင်းဆိုင်ခုံတွင်ပဲထိုင်လိုက်သည်။ခေါ်လာသည့်အကြောင်းအရင်းကိုလည်း တွေးမိနေပြီဖြစ်သည်။စိတ်ထဲမှလည်း ထင်နေသလိုမဖြစ်ပါစေနဲ့ဟုဆုတောင်းနေမိတော့သည်။
ဝိတ်တာလာချပေးသောမီနူးကဒ်အားကိုင်ကာ ငုံ့ကြည့်နေတုန်း ကျွင်းစန်ဘေးသို့ မိန်းကလေးတစ်ဦးဝင်ထိုင်လိုက်သည်ကို ဖျက်ခနဲတွေ့လိုက်သဖြင့် မော့ကြည့်လိုက်မိသည်။ရင်းစူး...။ကျွင်းစန်ကရင်းစူးအား တွေ့ဖို့ချိန်းသည်ကို ဘာကြောင့်မိမိအားခေါ်ပါသနည်း။မဟုတ်မှ သူတို့....
"ဆောရီးနော်။ ရင်းနောက်ကျသွားတယ် ။ အားနာလိုက်တာ "
"ရပါတယ် ရင်းရဲ့ ။ကိုယ်တို့က အားနာရမယ့်သူတွေမှမဟုတ်တာ"
"အာ ဒါပေမယ့် ဝမ်ဟောက်ကိုကျ အားနာစရာကြီးလေ ကိုကိုရဲ့။"
ဝမ်ဟောက် ရင်းစူးအားသိသည်။ဝမ်ဟောက်တို့ကျောင်းအား ဒီနှစ်မှပြောင်းလာသော မိန်းကလေးဖြစ်သလို ပေါ်ပြူလာဖြစ်သော ကျောင်းသူတစ်ဦးလည်းဖြစ်သည်။ကျွင်းစန်နှင့်ရင်းနှီးပေမဲ့ သူနှင့်တော့ မျက်မှန်းတန်းမိရုံသာ။ကျွင်းစန်က ရင်းစူးအား သဘောကျသည်ဟုတော့ ပြောဖူးသည်။ထိုအချိန်က ရင်းစူးက စဉ်းစားအုံးမည်ဟု အဖြေပြန်ပေးသဖြင့် ဝမ်ဟောက်စိတ်အေးခဲ့ရဖူးသည်။ကိုယ့်အတွေးနှင့်ကိုယ် စိတ်ရှုပ်နေရာမှ မိမိနာမည်ပါလာသဖြင့် မီနူးကဒ်ဆီသာရောက်နေသော ဦးခေါင်းအားမော့ကာ အရှေ့မှ ရင်းစူးအား ကြည့်လိုက်ပြီး
"ရပါတယ်။ ငါ့ကိုလည်း အားနာမနေပါနဲ့ နာရီဝက်လောက်ကဘာမှပြောနေစရာမလိုပါဘူး။ ရင်းစူးတို့ခြင်း ကျေနပ်နေရင်ပြီးတာပါပဲ"
"ကိုကိုကကျေနပ်တယ်မလားဟင်" ဝမ်ဟောက်အားအဓိပ္ပာယ်ပါပါကြည့်ကာ ကျွင်းစန်အားပြောလိုက်ပါသော ရင်းစူးကြောင့် စိတ်ထဲခုမိသွားတာတော့အမှန်။
ဘာလဲ ဘာသဘောနဲ့ ကြည့်လိုက်တာလဲ
ဝိတ်တာပြန်ရောက်လာသောကြောင့် မှာစရာရှိတာများမှာလိုက်ပြီး
"မင်းတို့နှစ်ယောက်တွေ့မှာကို ငါ့ကိုဘာလို့ခေါ်"
ကျွင်းစန်ကပြုံးဖြဲဖြဲဖြင့် အဟမ်းဟုချောင်းတစ်ချက်ဟန့်ကာ ခုံပေါ်တွင်တင်ထားသော ရင်းစူး၏လက်အား ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
"ငါနဲ့ရင်း တရားဝင်ချစ်သူတွေဖြစ်သွားကြပြီကွ။ဘယ်သူ့ကိုမှမပြောရသေးဘူးနော်။မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းမို့ ပြောပြတာ။"
ဝမ်ဟောက် ရှေ့မှနှစ်အောက်အား ခပ်တည်တည်ပင်ကြည့်ကာ
"တရားဝင်ချစ်သူဖြစ်တာများ ဖုန်းဆက်ပြောလည်းရနေတာကို အခုတော့ အတွဲကြား ငါကကန့်လန့်ကြီးပါနေရအုံးမယ်။ကြိုပြောထားမယ်နော်။ ငါဘယ်မှမလိုက်နိုင်ဘူး။စားပြီးပြန်မှာ ကိုယ့်ဘာသာလည်ကြ။"
"မရဘူးနော်။ငါဘယ်တုန်းကများ မင်းမပါဘဲ အပြင်သွားဖူးလို့လဲ။လိုက်ရမှာပဲ"
"မလိုက်ပါဘူးဆိုနေ"
ကျွင်းစန်ပြန်ပြောမည်အပြု
"ကိုကိုကလည်း ဒီနေ့ကပိတ်ရက်ဆိုတော့ သူနားချင်နေမှာပေါ့ ။သူပြောတာလည်းမှန်နေတာပဲကို။ ဘယ်သူကများ အတွဲကြား ကန့်လန့်ကြီးပါချင်နေမှာလဲလို့။ ရင်းတို့ပဲ သွားကြရအောင်လေနော်။"
သိပ်လက်ခံချင်ပုံမရသော ကျွင်းစန်အား ဝမ်ဟောက် တစ်ချက်ကြည့်လိုက်ပြီး
"ဒီလိုပဲလုပ်လိုက်တော့။ သမီးရည်းစား တစ်ခါတစ်လေချိန်းတွေ့တာ လွတ်လွတ်လပ်လပ်တွေ့ကြပါဟ။"
ထိုနေ့က ရင်းစူးသည် ဝမ်ဟောက်ကိုသာ မပြန်မချင်း စူးစိုက်ကြည့်နေကာ အဖြေတစ်ခုခုအားရှာနေခဲ့ပြီး ဝမ်ဟောက်ပြန်သွားသည့်အချိန်တွင်တော့ သူသိချင်နေခဲ့သောအဖြေနှင့်အတူ မသိလိုသော အဖြေတစ်ခုကိုပါ ရှာတွေ့ခဲ့ရသည်။ထိုနေ့က သူနှင့် ကိုကိုမလည်ဖြစ်ခဲ့ပါ။
.....................................………………......
၂၀၂၀ခုနစ် (ပစ္စုပန်ကာလ)
စိတ်ဆိုးဒေါသများအားဖြေဖျောက်ပြီးသည့်အချိန်တွင်မှ ရေချိုးခန်းသို့ဝင်ကာ ရေချိုးချလိုက်ပြီး သွေးထွက်နေသော လက်အား ဆေးထည့်ဖြစ်သည်။ပြီးမှ ဖန်ကွဲစများအား ရှင်းလင်းဖြစ်တော့သည်။
ဘာမျှော်လင့်ချက်မှ မထားဖြစ်ဘဲ ကျွင်းစန်အားသူချစ်ခဲ့ခြင်းဖြစ်သည်။ကျွင်းစန်က သူ့အားချစ်သူရည်းစားလိုမချစ်နိုင်ပေမဲ့ သူပေါင်းသော သူငယ်ချင်းများထက်ပင် ဝမ်ဟောက်အား အလိုလိုက်သည်။ဝမ်ဟောက်အား ဘယ်သောအခါမှ လျှို့ဝှက်ချက်မထားခဲ့ပါ။ ယခုလက်ထပ်မည့်ကိစ္စမှလွဲ၍ပေါ့။
ဝမ်ဟောက်စိတ်ညစ်ညစ်နှင့်ကျွင်းစန်အားရှောင်နေမိသည်။မကြာခင်တွင် ကျွင်းစန်တွင်ဆိုင်သူသက်ထားရှိလာတော့မည်။မိမိကတိတ်တခိုးချစ်နေပါသည့်တိုင် စိတ်မလုံပါချေ။ မေ့နိုင်အောင်အကြမ်ကြိမ်ကြိုးစားဖူးပေမဲ့ အောင်မြင်ခြင်းမရှိခဲ့။ပို၍တိုးလာသော အချစ်များကသာ လျှံကျလုလုဖြစ်ရသည်မို့ မနည်းထိန်းယူနေရသည်။
ကျွင်းစန်သည်လည်း ဝမ်ဟောက်အား လာမရှာပါ။သူလည်း နောက်လထဲလက်ထပ်တော့မှာဆိုတော့ အလုပ်များနေမှာပေါ့လေ။ညတိုင်း ဘီယာဗူးများဖြင့်သာ အချိန်ဖြုန်းနေမိကာ ကျွင်းစန်အား မတွေးဖြစ်အောင် ကြိုးစားရသည်။ ပိုမူးလေ ပိုလွမ်းလေဖြစ်တာကြောင့် နှလုံးသားက အကြိမ်ကြိမ်နာကျင်ရပြန်သည်။
တစ်နေ့တော့ မေ့နိုင်မယ်ထင်တာပဲ ကျွင်းစန်။အဲ့တစ်နေ့က ငါသေတဲ့နေ့လည်း ဟုတ်ချင်ဟုတ်နိုင်တာပဲ။
..………………………………
အချိန်အားဖြင့် ကျွင်းစန်နှင့်ရင်းစူးတို့ လက်ထပ်ရန် (၃)ရက်အလို
အခန်းတံခါးခေါက်သံကြောင့် ဝမ်ဟောက်ယိုင်တိုင်တိုင်နှင့်ပင် ထကာ ဖွင့်ပေးလိုက်သည်။ဖွင့်ပေးလိုက်ခြင်းပင် မြင်လိုက်ရသော မျက်နှာကြောင့် အမူးပင်ပြေသွားသယောင်
"ကျွင်းစန် ဘယ်လိုလုပ်ရောက်လာတာလဲ။အခုချိန်က သတို့သမီးနဲ့တစ်တီတူးနေရမယ့်အချိန်ထင်တာပဲ"
"ငါ့ကိုကောက်နေတာလား။မင်းကိုပစ်ထားမိတာတောင်းပန်ပါတယ်ကွာ။မင်းသိတဲ့အတိုင်း မင်္ဂလာဆောင်နီးနေတော့ အလုပ်ကရှုပ်နေလို့။မင်းကိုလည်း ကြည့်ပါအုံး တစ်ကိုယ်လုံးလည်း နံစော်လို့ သွားသွား ရေသွားချိုး ။ ငါအောက်ထပ်မှာစောင့်နေမယ်။ "
ပြောသည်အားဂရုမစိုက်ဘဲ ဘာလာလုပ်တာလဲဆိုသည်အကြည့်နှင့် ဆက်ကြည့်နေလိုက်တော့
"ဒေါ်လေးလုံကပြောတယ်။မင်းအစားမစားပဲ ဘီယာချည်းသောက်နေလို့ လာထိန်းပါအုံးတဲ့။ငါလည်း မင်းကိုပစ်ထားမိသွားတာလေ။အဲ့တာစိတ်ပူလို့ "
"ငါရေချိူးတော့မယ်။ဆင်းတော့"
"အင်း မြန်မြန်ချိုးနော်။"
အခန်းတံခါးအားခပ်မြန်မြန်ပင်ပိတ်ချလိုက်ကာ သက်ပြင်းအား ခပ်လေးလေးချမိပြန်ပါသည်။
"ဟူး စိတ်ထိန်း ဝမ်ဟောက်ရေ သူက မင်းကို သူငယ်ချင်းလိုကွ"
ထိုအတွေးဝင်သည်နှင့်ရင်ဘတ်ကအောင့်ချင်ချင်ဖြစ်လာတာကြောင့် ခေါင်းအားခါယမ်းလိုက်ပြီး ရေအားခပ်မြန်မြန်ပင် ဝင်ချိုးလိုက်တော့သည်။ပေါ့ပေါ့ပါးပါးပါး ဝတ်စုံတစ်ထည်အားလဲကာ အောက်ထပ်သို့ဆင်းလာတော့ ထမင်းစားခန်းထဲတွင် ဒေါ်လေးလုံနှင့် စကားပြောနေပါသော ကျွင်းစန်။သူဝင်လာသည်ကို တွေ့သည်နှင့် ဒေါ်လေးလုံက မီးဖိုချောင်အတွင်း ဝင်သွားတော့သည်။
ကျွင်းစန်ကထလာပြီး ဝမ်ဟောက်ထိုင်ဖို့ခုံပြင်ပေးသည်။ဝမ်ဟောက်ခပ်တည်တည်ပင်ဝင်ထိုင်ပြီး ဒေါ်လေးလုံပြင်ပေးထားသော နေ့လည်စာအား စားနေလိုက်သည်။ကျွင်းစန်ကဘာမျှမပြော။ဝမ်ဟောက် ကိုသာ ထိုင်ကြည့်နေလေသည်။
စားသောက်ပြီးစီးသည့်အချိန်တွင်မှ ဝမ်ဟောက်စလိုက်သည် ။
"မင်းတောင် လက်ထပ်ဖို့ ဘယ်နှစ်ရက်မှမလိုတော့ဘူးပဲ"
"ငါစဉ်းစားနေတာ ဒီ(၃)ရက်ကို မင်းနဲ့အချိန်ဖြုန်းဖို့လေ။တစ်လလုံး မင်းကို ပစ်ထားသလိုဖြစ်သွားလို့ ငါ့ကိုကောက်နေတာ မဟုတ်လား။လက်ထပ်ပြီးရင်လည်း တွေ့နိုင်မှာပေမဲ့ အရင်လို အမြဲမတွေ့နိုင်တော့တာမို့လေ။ ကြိုချော့တဲ့သဘောပေါ့ကွာ ဟီး"
မျက်နှာချိုသွေးနေပါသော ကျွင်းစန်အားကြည့်ကာ ဝမ်ဟောက် စိတ်ထဲ နေလို့မကောင်း။ မင်းကငါ့ကို လိမ်ပြန်ပြီပဲ ကျွင်းစန်။ မင်းလက်ထပ်ပြီးတာနဲ့ဒီနိုင်ငံကအပြီးထွက်သွားတော့မယ်ဆိုတာ ရင်းစူးက ငါ့ကိုပြောပြပြီးနေပြီကွ။
"မင်းသဘောလေ။ရင်းစူးက လက်ခံအုံးမှကို။သူ့ကိုရောပြောပြီးပြီလား။ "
"ပြောထားတယ်ကွ။ သူလည်းလက်ခံပါတယ်။ သူလက်မခံလည်း ဘာဖြစ်လည်းကွာ။ ငါ့သူငယ်ချင်းဆီငါလာတာ သူကတားနိင်မှာတဲ့လား"
"အေးပါ။ မေးမိတဲ့ငါမှားတာပါ။"
ဝမ်ဟောက် ပျော်မနေသင့်ပေမဲ့ ချစ်ရသူက အနားရှိနေသည်မို့ ရွှင်ပျနေမိသည်။တစ်နေကုန် စလိုက်နောက်လိုက်၊ ဂိမ်းလေးဆော့လိုက် ၊ပျင်းလာရင် တီဗီလေးကြည့်လိုက်နှင့် သာယာနေတော့သည်။ညအိပ်ချိန်ရောက်သည်အထိ ရင်းစူးဆီမှ ဖုန်းလာသံမကြားရ။ သူ့ခင်ပွန်းလောင်းကိုတော့ သူယုံကြည်သားဟု ဝမ်ဟောက်ရင်နာနာနှင့်တွေးမိသည်။
ဘာလိုလိုနှင့် ကျွင်းစန်ရောက်နေသည်မှာ (၃)ရက်တောင်ရှိနေပြီဖြစ်သည်။မနက်ဖြန်ဆိုလျှင် ကျွင်းစန်နှင့်ရင်းစူး၏မင်္ဂလာပွဲ။ ဝမ်ဟောက် ကျွင်းစန်အား ထိုနေ့ပြီးလျှင် တစ်သက်တာလုံး ခွဲခွာရတော့မည်ဖြစ်သည်။
ဒီသုံးရက်အတွင်းတွင်လည်း မိမိအားချော့သည်သာပြောသည်။ သူလုပ်ချင်တာချည်း မိမိကသာ လိုက်လုပ်ပေးနေရသည်။ တော်ကြာ ဒါလေးစားချင်၊တော်ကြာ ဟိုဟာကြည့်ချင်၊ ဒီဟာဆော့ချင်နဲ့မို့ ဝမ်ဟောက်အနားမရ။ဒါဆိုမပျော်ဘူးလားဆိုတော့လည်း မဟုတ် ဝမ်ဟောက်ပျော်သည်။ ပျော်တာမှအတိုင်းထက်အလွန်ပင်ပျော်တာဖြစ်သည်။ ထုတ်ပြ၍မရသောကြောင့်သာ ချိတ်ပိတ်သိမ်းထားရခြင်းဖြစ်သည်။
ဒေါက် ဒေါက်
"ဝမ်ဟောက် ငါဝင်လာပြီ။" တံခါးခေါက်ကာ အသံပြုပြီး ဝင်လာသော ကျွင်းစန်။ ဘီယာဗူးများထည့်ထားသော အိတ်အားဆွဲလာသည်။
"ဘာလဲ ဘီယာသောက်မို့လား။မနက်မင်းစောထရမှာလေ။ခေါင်းကိုက်နေမှာပေါ့။"
ဝမ်ဟောက်မေးသည်အား မဖြေ။မွေ့ယာပေါ်တွင်လှဲနေသည့် ဝမ်ဟောက်အနား လာထိုင်သည်။
"ငါမနက်ထနိုင်ပါတယ်ကွာ။ဒီညသောက်မှရမှာကွ၊သောက်ရအောင်ကွာ"
အိတ်ထဲမှ ဘီယာတစ်ဗူးထုတ်ကာ ပေးလာသောကြောင့် ထကာယူလိုက်ပြီး ဖောက်ကာ တစ်ငုံသောက်လိုက်သည်။လည်ပင်းတစ်လျှောက်ပူရှိန်းရှိန်းဖြင့် ဝင်သွားလေသည်။ဘီယာတစ်ဗူးကုန်သည်အထိ တစ်ယောက်နှင့်တစ်ယောက်စကားမပြောဖြစ်။
"ဝမ်ဟောက်..." ရီဝေဝေမျက်လုံးများဖြင့် မိမိအားစိုက်ကြည့်နေသောကျွင်းစန်အား ဝမ်ဟောက် မကြည့်ရဲစွာ ခေါင်းငုံ့မိသည်။ဘာအဓိပ္ပာယ်လဲ ကျွင်းစန်။မနက်ဖြန် လက်ထပ်တော့မယ့်မင်းက ငါ့ကို ဘယ်လိုတွေကြည့်နေရတာလဲ။ငါ့ကို စိတ်ဖောက်လာအောင် မလုပ်ချင်စမ်းနဲ့။
ငိုသံထွက်ပေါ်လာသည့်အတွက် ပြန်မော့ကြည့်မိတော့ မိမိအားကြည့်ကာ မျက်ရည်များကျနေသော ကျွင်းစန်။ပါးစပ်မှလည်း
"ငါ ငါတောင်းပန်ပါတယ်ကွာ"
"ဟေ့ရောင် မငိုနဲ့လေ။ဘာကို တောင်းပန်နေတာလဲ။တော်တော့ မငိုနဲ့တော့။ မင်း မယားလောင်းသိရင် ငါ့ကိုပြောနေပါအုံးမယ်ကွာ။
မငိုနဲ့တော့"
ပြောလိုက်တော့ တိတ်သွားကာ ဘီယာသာဆက်သောက်နေဖြစ်ကြပြန်သည်။လေးဗူးမြောက်တွင်တော့ မဟန်တော့။ အတော်လေးမူးလာပြီဖြစ်သောကြောင့် လှဲချလိုက်ရတော့သည်။ကျွင်းစန်ထလာသည်ကိုတော့မြင်နေရသည်။ လူကမလှုပ်နိုင်သောကြောင့် ကြည့်သာကြည့်နေနိုင်သည်။ ဝမ်ဟောက်အား ငုံ့မိုးကာ ကြည့်လာသော ကျွင်းစန်။ ရုတ်တရက် ဝမ်ဟောက် နဖူးပေါ်သို့ ကျရောက်လာသော နှာခမ်းနွေးနွေး၊ထိုမှတစ်ဆင့်ပါးနှစ်ဖက်၊ပန်းတိုင်ဖြစ်ဟန်တူသည့် ဝမ်ဟောက် နှာခမ်းပါးပေါ်တွင်မှ အဆုံးသတ်သွားသည်။ဝမ်ဟောက်ကတော့ မျက်ခွံများပင် မသယ်နိုင်တော့သောကြောင့် အိပ်မောကျသွားပြီဖြစ်သည်။
"အရာရာတိုင်းအတွက် ကိုယ့်အမှားတွေကြီးပါပဲကွယ်။ကိုယ်ပျော့ညံ့ခဲ့လို့ မင်းကိုဝမ်းနည်းနေစေခဲ့ရတယ်။ကိုယ့်ကို ခွင့်လွှတ်ပါလို့ မပြောရက်ပါဘူး။"
......................................
ကျွတ် ကျွတ်
မူးနောက်နေသော ခေါင်းအားကိုင်ကာ ဝမ်ဟောက်ခထိုင်မိသည်။ ဘယ်နှစ်နာရီတောင်ရှိနေပါလိမ့်။ကုတင်ဘေးတွင်တင်ထားသော နာရီအားကြည့်မိတော့ (၁၂)နာရီခွဲ။ထိုနာရီဘေးတွေင် သံပုရာရည်တစ်ခွက်၊ ခွက်၏အောက်တွင်တော့ စာရွက်အပိုင်းအစလေး။ ဝမ်ဟောက် ခွက်အားမကာယူလိုက်ပြီး စာအားဖတ်ကြည့်လိုက်တော့
"ခေါင်းမူးပြေအောင် သောက်လိုက်အုံး။"
ဝမ်ဟောက် သောက်လိုက်ပြီး ခွက်အား ချလိုက်သည်။ထိုစဉ် ဖုန်းကောလ်တစ်ခုဝင်သံကြားရသောကြောင့် ဖုန်းအားရှာရပြန်သည်။ဘယ်မှာထားထားတာပါလိမ့်။ဖုန်းရှာနေရင်းပင် အသံပင်ပြန်၍ပိတ်သွားသည်။ရှာလို့မတွေ့သေး။နောက်တစ်ခေါက်ထပ်ထွက်လာသည့်အချိန်တွင်မှ ရှာတွေ့တော့သည်။ ကုတင်အောက်ကျနေတာဖြစ်သည်။ ခေါ်ဆိုသူက ရင်းစူး။
ကျစ်တစ်ချက်စုတ်သတ်လိုက်ပြီးမှ ကိုင်ဖြစ်သည်။
"ဘာပြောစရာရှိလို့ဆက်တာလဲ"
"အိုး ရန်လိုနေတဲ့ခွေးပေါက်လေးလိုပါလား။"
"ပြောစရာမရှိရင် ဖုန်းချပြီ။ ကျွန်တော်မအားဘူး။"
"ရင်း အခုလေဆိပ်မှာ။ပြီးတော့ ရှင့်ကို အရေးကြီးပြောစရာရှိလို့။ရှင့်အတွက်တော့ အတော်လေးတန်ဖိုးကြီးတဲ့ကိစ္စ"
"လိုရင်းပဲပြောပေးနိုင်မလား"
"လူတစ်ယောက်ရှိတယ်။အဲ့လူက နောက်ထပ်လူတစ်ယောက်ကို မထင်မှတ်ထားစွာဘဲ သဘောကျမိသွားတယ်။သူဖွင့်ပြောဖို့ကြိုးစားတယ်။ဖွင့်မပြောလိုက်ရပေမဲ့ ဒိုင်ယာရီစာအုပ်ကိုမြင်ပြီး အိမ်ကတော့သိသွားတယ်။အကြီးအကျယ် စကားများကြတယ်။အဲ့လူကို အိမ်က ကျောင်းပြောင်းဖို့လုပ်တော့ သူကတိအထပ်ထပ်ပေးပြီး ကျောင်းမပြောင်းဖို့တောင်းပန်တယ်။အိမ်ကလက်ခံသွားတယ်။အဲ့လူက သူသဘောကျရတဲ့ကောင်လေးကို ဖွင့်ပြောဖို့မဖြစ်နိုင်တော့ အနားမှာထားပြီး ဂရုစိုက်ပေးဖို့ပဲတတ်နိုင်တယ်။ အိမ်ကလည်းသူ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာကြောင့် သူအကြံတစ်ခုရလိုက်တယ်။သူကောင်မလေးတစ်ယောက်ကို လိုက်ဖို့လုပ်တယ်။ အောင်မြင်သွားတယ်။ အဲ့ကောင်မလေးကအစကတည်းကရိပ်မိနေတယ်။ဒါပေမဲ့ ကောင်မလေးက အဲ့လူကိုကြိုက်တာကြောင့် မသိချင်ယောင်ဆောင်ထားတယ်။အဲ့လူကတော့ သူသဘောကျတဲ့လူသူ့အနားရှိနေရင်ပြီးရောဆိုပြီး ကောင်မလေးကို အသုံးချပြီးတွဲနေခဲ့တာ။အဲ့လိုနဲ့မိဘတွေက ယုံကြည်လာကြတယ်။ အဲ့လူက တစ်နေ့မှာ ကောင်မလေးကိုခေါ်ပြီး မတွဲနိုင်တော့ကြောင်းပြောတယ်။ကောင်မလေးကိုတောင်းပန်တယ်။ကောင်မလေးကလက်မခံဘူး။အဲ့တော့ စကားတွေများကြတယ်။စကားများတယ်ဆိုပေမဲ့ အဲ့လူကငုံ့ခံသွားတာကြီးပါပဲ။ မထင်မှတ်ပဲ ကောင်မလေးကြောင့် အဲ့လူအိမ်က ထပ်သိသွားရပြန်တယ်။ အဲ့ကိစ္စပဲထပ်ဖြစ်တာကြောင့် အမေကနှလုံးအေမာဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်။ မသေရုံတမယ်ဖြစ်သွားတဲ့အမေရဲ့ ဆန္ဒကို လိုက်လျောဖို့ကလွဲ သူဘာမှ မတွေးနိုင်တော့ဘူး။ သူတို့ချက်ချင်းစေ့စပ်လိုက်ရတယ်။တစ်လအကြာမှာ လက်ထပ်လိုက်ရတယ်။ ရင်းပြောချင်တာဒါပဲ။ ဘိုင်ဘိုင့်နော်။သွားရတော့မယ်"
ငါလည်း နာကျင်ရတာကြောင့် နည်းနည်းလောက်တော့ နင့်ကိုလိမ်ညာသင့်တယ် မဟုတ်လား ဝမ်ဟောက်။ငါဘယ်တော့မှ မနိုင်ခဲ့တဲ့ ငါ့ကောင်လေးရဲ့ မြတ်နိုးရာ။
.........
ဝမ်ဟောက် ငြိမ်သက်နေရတယ်။သူအသက်တောင်မရှုနိုင်တော့ဘူးလို့ ခံစားနေရတယ်။သူ့ရင်ထဲမှာ သေတော့မလိုပဲ။ရင်းစူးပြောသွားတာက သူ သူပြောသွားတာက ကျွင်းစန်က ငါ့ ငါ့ကို ။ သူ သူငါ့ကိုမမြင်ခဲ့တာမှမဟုတ်ဘဲ။ ငါ ငါကသာ သူ့ကိုနားမလည်ပေးနိုင်ခဲ့တာ။ ဘာလုပ်ရမလဲ။ ကျွင်းစန်ကို သွားတွေ့ရအောင်လည်း သူက ခုလေးတင် လေယာဉ်ပေါ်ရောက်နေပြီ။ ငါတို့ တကယ်ကြီး မဖြစ်နိုင်တော့ဘူးလား။ငါတို့နှစ်ယောက်က အမြဲလွဲနေခဲ့တာလား။ဝမ်ဟောက်အော်ငိုပြီး နှလုံးသားကနာကျင်လှသောကြောင့် ထုရိုက်နေရတယ်။
ဟင့် အီးဟီး ဟင့်
ထိုစဉ် ဝမ်ဟောက်၏အခန်းတံခါးအား ဖြည်းညှင်းစွာဖွင့်ဝင်လာသော လူတစ်ယောက်။မဖြစ်နိုင်လိုက်တာ။ သူ သူက လေယာဉ်ပေါ်မှာရှိနေရမှာလေ။ ပြီး ပြီးတော့ ဝတ်ထားတာကလည်း မနေ့ကဝတ်ထားခဲ့တဲ့ ညဝတ်အင်္ကျီ။မိမိအားကြည့်ကာ နှစ်လိုဖွယ်ပြုံးပြနေပါသော သူ။
"ကျွင်းစန်"
The End
#luoyiyu114
#29.7.2021