Unicode
"ငါတို့တွေ့ကြရအောင်"
--
"ရိန်..ရိန်က.ငါ့ကိုမချစ်ဝောာ့ဘူးတဲ့..လင်း.ရိန် ရိန်ကငါ့ကို"
ဒန်နီရယ်သူ၏ရှေ့တွင် မျက်ရည်များဖြင့်လာပြောပြနေသော ရိုစီ ကိုသူစိတ်မရှည်စွာစိတ်ပျက်စွာနဲ့မျက်ခုံးတို့ကို တွန့်ချိုးပြီးတစ်ချက်ကြည့်လိုက်သည်။
"အဲ့တော့တွေ့ချင်ရတဲ့အကြောင်းအရင်းကဘာလဲ?"
"ရိန်..ရိန်.ချစ်တာက..ဟိုကောင်မလေးတဲ့..ဟိုကောင်မလေးတဲ့..ငါ.ငါ ဘယ်လိုလုပ်ရ-"
"အဲ့တော့ တွေ့ချင်ရတဲ့အကြောင်းအရင်းကဘာလဲလို့!"
ဒန်နီရယ်စိတ်မရှည်စွာအော်လိုက်တော့ ရိုစီလန့်သွားပြီး
ကိုယ်လုံးလေးပင်တွန့်သွားသည်။
"ငါ့ကိုကူညီပါ"
ရိုစီဒန်နီရယ်၏မျက်လုံးတို့ကိုစိုက်ကြည့်ပြီးပြောသည်။
"ဟိုကောင်မလေးကို ရိန့်ဘေးနားကနေထွက်သွားအောင်လုပ်ပေးပါ..နင်လည်းအဲ့လိုလုပ်မှာဘဲမလား..ငါနဲ့ပူပေါင်းပေးပါ လင်း"
ဒန်နီရယ်သဘောကျစွာတစ်ချက်ပြုံးလိုက်ပြီး
"ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် စဉ်းစားပေးမယ်"
"ရတယ် နင်ပြောတဲ့အတိုင်းငါအကုန်လုပ်မယ်"
--
"နှင်းပန်းပွင့်..နှင်းပန်းပွင့် အဲ့ကောင်မလေးကို ငါသဘောကျတယ် အဲ့ဒါကြောင့်မင်းကိုပြောမလို့ သူ့ကိုသေချာထိန်းသိမ်းထား ငါမင်းဆီကနေသူ့ကိုလုယူမှာမလို့"
"ဘာ! မင်း!"
မင်းမြတ်ရဲ့လက်တို့ဟာဒန်နီရယ်ရဲ့ အင်္ကျီကော်လံစကိုဆွဲထားသည်။
ဒန်နီရယ်မှာမချိုပြုံးတစ်ချက်ပြုံးလိုက်ပြီး
"အဲ့ကောင်မလေးကို..ငါမင်းဆီးကနေလုယူပြမယ်
မင်အရင်ကလုခဲ့သလိုမျိုးပေါ့"
"ခွပ်"
မင်းမြတ်စိတ်မထိန်းနိုင်တော့ဘဲ ဒန်နီရယ်လင်းကိုထိုးချလိုက်သည်။
"အဲ့လိုဖြစ်မယ်လို့ထင်နေတာလား..ငါအစွမ်းကုန်ကာကွယ်မှာ သူ့ကို အ စွမ်း ကုန် ကို ကာ ကွယ် မှာ"
မင်းမြတ် ထိုင်လျက်လဲကျနေတဲ့ ဒန်နီရယ်လင်းကို စိုက်ကြည့်ပြီး တစ်လုံးစီကိုသေချာပြောလိုက်သည်။
ဒန်နီရယ်လင်းမှာ အထိုးခံရတဲ့နှုတ်ခမ်းကိုလက်ဖျံနဲ့သုတ်လိုက်ပြီး
"မင်းဒီအတွက်ပြန်ပေးဆပ်စေရမယ်"
_____/\_________/\______
"ကို"
"..."
"ကို"
"..."
"ကို လို့"
"ဟင် ဟမ် နှင်းဘာပြောလိုက်ဝာာလဲ?"
"ကိုဘာဖြစ်နေတာလဲ ကုမ္ပဏီကပြန်လာကတည်းက မှိုင်မှိုင်တွေတွေနဲ့ တစ်ခုခုကိုအတွေးလွန်နေသလိုမျိုး"
ဟုတ်ပါသည်။မင်းမြတ်မှာ ကုမ္ပဏီက ပြန်ရောက်ကတည်းက
မှိုင်မှိုင်တွေတွေနှင့်။စကားပြောရင်လည်းသေချာအာရုံမစိုက်။
စိတ်နဲ့လူနဲ့ မကပ်သလိုဘဲ။နှင်းစိတ်ပူတာကြောင့်မေးလိုက်ခြင်းဖြစ်သည်။
"မဟုတ်ပါဘူး..ဒီအတိုင်း ကုမ္ပဏီကိစ္စပါ ဘာမှအရေးမကြီးဘူး"
"ဟူး"
နှင်းသက်ပြင်တစ်ခုချလိုက်ပြီး သူ့ရဲ့ပါးကိုလက်နှစ်ဖက်နဲ့ကိုင်တာ မျက်လုံးချင်းဆုံလိုက်ပြီး
"ကို ကို့မှာဘာအခက်အခဲဘဲရှိရှိ နှင်းကိုပြောလို့ရတယ်
ကုမ္ပဏီကိစ္စဆိုရင် နှင်းဘာမှမကူညီနိုင်ပေမယ့် ကိုရင်ဖွင့်သမျှကိုတော့ နားထောင်ပေးနိုင်တယ်..ဘာဘဲဖြစ်ဖြစ်ရင်ဖွင့်လိုက်ရင် နည်းနည်းဝောာ့သက်သာသွားတယ်မလား..တစ်ယောက်တည်းရင်ဆိုင်တာထက်နှစ်ယောက်ရင်ဆိုင်တာက ပိုကောင်းတယ်လေ နှင်းကို့ဘက်မှာအမြဲရှိနေမယ်..အဲ့ဒါကြောင့် ဘာကိစ္စဘဲရှိရှိ နှင်းကိုပြော နော် ကို"
"အင်းပါ ကို နောက်ဆိုဘာကိစ္စဘဲရှိရှိ နှင်းကိုပြောပါ့မယ်"
ပြောပြီး မင်းမြတ် နှင်းရဲ့နှုတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်လိုက်သည်။ပြီးနောက်
"ကို့ကိုကတိတစ်ခုလောက်ပေးလို့ရမလား"
"ဘာကတိလဲ"
"ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘာကိစ္စဘဲရှိရှိ ကို့အနားကနေထွက်မသွားပါနဲ့"
ဤစကားမှာအလေးချိန်မည်မျှများကြောင်း သူမခံစားမိသည်။ သူမလေးနက်စွာဘဲကတိတစ်ခုကိုပြန်ပေးလိုက်ပါသည်။
"အင်း ကတိပေးတယ် ဘယ်တော့မှမထွက်သွားဘူး"
ထို့နောက် ရပ်တန့်ထားတဲ့အနမ်းတို့ကို ဆက်ရင်း......
----
"ဒေါ်လေးမုံ သမီးတို့လာတယ်"
ဒီနေ့တွင်မင်းမြတ်နဲ့နှင်းအတူဒေါ်လေးမုံဆီသို့လာကြသည်။
"လူနာကခုရက်ပိုင်းအတွင်းအတော်ကိုအခြေအနေကောင်းလာတယ်..ပြောရရင် ခုရက်ပိုင်းအတွင်းကိုသတိရလာနိုင်တယ်ချေများတယ်..ဒါပေမယ့် စောင့်တော့ကြည့်ရဦးမှာပေါ့"
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ဒေါက်တာ့စကားကြောင့် နှင်းမှာအတော့်ကိုပျော်သွားရသည်။
"ဒေါ်လေး ပျော်လိုက်တာ စောင့်နေမယ်နော် ဒေါ်လေးသတိရလာတာကို"
လူနာကို စကားပြောပေးတာကကောင်းတယ်ဆို၍ နှင်းဒေါ်လေးမုံအနားမှာနေပြီး နှင်းရဲ့ဖြစ်ပျက်သမျှအကြောင်းတွေကို ပြောပြသည်။
မင်းမြတ်လည်းနှင်းနဲ့အတူပင် ဒေါ်လေးကိုစကားတွေပြောသည်။
"ဒေါ်လေးမုံ နှင်းတို့သွားတော့မယ်နော်"
"ဒေါ်လေး ကျွန်တော်တို့သွားပြီ"
ဒေါ်လေးဆီကနေပြန်လာပြီး နှင်းတို့ဒီဆေးရုံမှာဘဲ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကြသည်။
ဘာရယ်တော့မဟုတ်ပါဘူး ဒီအတိုင်းစစ်ကြည့်ကြတာပါ။
ပြောရရင် နှင်းလည်းသူ့ကိုစိတ်ပူလို့ ဒီရက်ပိုင်းအတွင်းသူစိတ်ညစ်စရာတစ်ခုခုရှိနေသည်။
"ကိုမင်းမြတ်က ခုရက်ပိုင်း Stress တွေအရမ်းများနေတယ်ထင်တယ် အဲ့တစ်ခုဘဲ ကျန်တာတွေအကုန်ကောင်းတယ် အကုန်ပုံမှန်ဘဲ Stress ပိနေတာကြောင့် ညဘက်ဆိုအိပ်မပျော်ဘူးမလား"
"ဟုတ်ကဲ့ နည်းနည်းပါ"
"အလုပ်တွေကိုလျှော့လုပ်စေချင်တယ် အတွေးတွေလည်းအရမ်းမများဘဲနဲ့"
"ဟုတ်ကဲ့"
နှင်း အလှည့်ကျတော့ အခြားအမျိုးသမီးဆရာဝန်ဆီမှာစစ်သည်။
"ကျန်တာအကုန်ကောင်းပေမယ့်..."
"ဘာဖြစ်လို့လဲဟင်ပြောပါ ဆရာမ"
"အရင်က ကိုယ်ဝန်ဖျက်ချဖူးလားဟင်"
နှင်းစိတ်ထဲမေ့ထားမိခဲ့တဲ့အကြောင်းအရာတို့ပြန်ပေါ်လာသည်။
"အရင်က ဖျက်ချဖူးတဲ့အတွက်ကြောင့်..နောက်ဆို ကလေးရဖို့ခက်လိမ့်မယ်"
ဆရာမမှာမင်းမြတ်နဲ့နှင်းကိုကြည့်ပြီးပြောသည်။
နှင်းစိတ်ကိုထိန်းထားပေမယ့် မျက်ရည်တို့မှာ မျက်လုံးအိမ်၌ ဝေ့ဝဲလာသည်။
မင်းမြတ်မှာလည်း မျက်နှာမကောင်း
"ဟုတ်ကဲ့"
----
အိမ်ပြန်လမ်းတစ်လျှောက်လုံး နှင်းရော မင်းမြတ်ပါ တိတ်ဆိတ်နေကြသည်။
ဆေးစစ်ချက်အဖြေကြောင့် နှင်း အတော့်ကို စိတ်ထိခိုက်သွားတယ်ဆိုတာ မင်းမြတ်သိသည်။
ဒါတွေအကုန်လုံးကလည်း သူ့ကြောင့်ဘဲမလား။
သူဟာ တကယ့်ကိုသေသင့်တဲ့အပြစ်ကို ကျူးလွန်ထားတဲ့သူဘဲ။
"နှင်း-"
"ကို ဒီနေ့ကဘာနေ့လဲ ကို သိလား?"
နှင်းရဲ့အသံတို့၌ ဝမ်းနည်းမှုတွေစွတ်နေသည်။
"ဘာနေ့လဲ"
"ဒီနေ့က..နှင်း..နှင်းတို့ရဲ့ကလေး မရှိတော့တာ လေးလပြည့်တဲ့နေ့ဘဲ"
ပြောရင်းပင် မျက်ရည်တို့မှာဝေ့တက်လာသည်။
"နှင်း ကို-"
"ရတယ် ကို ကိုဘာမှမပြောနဲ့ နှင်းက ဒီအတိုင်းကို့ကို ကို့ကို သိစေချင်လို့"
မင်းမြတ်ရင်ထဲ၌ ပူလောင်ရပါသည်။
အဲ့လိုလုပ်ခဲ့တဲ့သူ့ကိုယ်သူလည်း သတ်ပစ်ချင်လောက်တဲ့အထိကိုမုန်းသည်။
သူ့ရဲ့ချစ်ရတဲ့ သူမလည်း အရမ်းကိုခံစားနေရသည်။
သူ သေသင့်တယ်။သူဟာလူမဆန်တဲ့သူ။သူဟာတိရစ္ဆာန်လောက်တောင်မှ တန်ဖိုးမရှိတဲ့သူပါ။
----
ဆေးရုံက ပြန်လာပြီးကတည်းက နှင်းသည် အခန်းတွင်းဝင်ပြီးသာအောင်းနေသည်။
အပြင်ကိုလည်းမထွက်။
ညစာစားဖို့သွားခေါ်တော့လည်း မစားချင်ဘူးတဲ့။
"ဒေါက် ဒေါက် ဒေါက် နှင်းကိုဝင်လာခဲ့မယ်နော်"
တံခါးကိုဖွင့်တော့ တံခါးကအထဲကလော့ချထားသည်။
မင်းမြတ်လည်း သော့ယူပြီးဖွင့်ရသည်။
အထဲရောက်တော့ သူမမှာ
အိပ်ယာပေါ်၌လှဲနေပြီး ဟိုဘက်ကိုလှည့်နေသည်။
"နှင်း ညစာလေးတော့စားဦးလေ နော်"
"....."
မင်းမြတ် ယူလာတဲ့ထမင်းပန်းကန်တွေကို စားပွဲပေါ်တင်ပြီး
သူမရှိတဲ့အိပ်ယာပေါ်သို့သွားလိုက်သည်။
"နှင်း နှင်း ညစာလေးတော့စားဦးနော်"
"..."
မင်းမြတ်သူမဘေးတွင် ဝင်လှဲလိုက်ပြီး
သူမကို နောက်ကနေသိုင်းဖက်ကာ
"ကို ကိုတောင်းပန်ပါတယ် နှင်းရယ်...ကို ကိုကတကယ့်ကိုလူမဆန်တဲ့သူပါ...ကိုသေသင့်တယ်..အဲ့လိုလုပ်ခဲ့တဲ့ကိုယ့်ကိုကိုယ်လည်းမုန်းတယ်...နှင်း စိတ်ထိခိုက်နေရင် ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့ အဲ့အစားကို့ကိုသာ အပြစ်ပေး ရိုက်နှက်လုပ်ချင်ရာသာလုပ်နော် နှင်း..နှင်းကဒီလိုဖြစ်နေရင် ကို ကိုအရမ်းနာကျင်ရတယ် ကိုရူးသွားလိမ့်မယ် နော် နှင်း"
"ဟင့် ဟင့်"
ခနလောက်ကြာမှ နှင်းဒီဘက်လှည့်ကာသူ့ရင်ဘက်ထဲမျက်နှာအပ်ပြီး ရှိုက်သံထွက်တဲ့အထိ ငိုတော့သည်။
"နှင်း..နှင်း နှင်းကလည်း အမေကောင်းတစ်ယောက်မဟုတ်ခဲ့ဘူး နှင်းသာစောင့်ရှောက်နိုင်ခဲ့ရင် နှင်းသာကာကွယ်နိုင်ခဲ့ရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး..."
"နှင်းရယ် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ နှင်းအပြစ်မဟုတ်ပါဘူး အကုန်ကို့အပြစ်တွေပါ"
"ဟင့်.."
"ကို နှင်းအပေါ်မှာ ပြင်မရတဲ့အမှားတွေအများကြီးလုပ်ခဲ့တယ်..အဲ့အမှားတွေအတွက် အပြစ်ကျွေးကိုလည်း ကိုဆပ်ပါ့မယ်.."
_____/\_________/\______
"Boss ပြဿနာတက်နေပါပြီ"
အခန်းထဲကိုအလောတကြီးဝင်လာတဲ့ ၀ဏ
ခုရက်ပိုင်း နှင်းဝမ်းနည်းနေတာကြောင့်
သူစိတ်နဲ့လူနဲ့မကပ်ရတဲ့ကြားထဲ ကုမ္ပဏီကပြဿနာဖြစ်ရကြောင့် မင်းမြတ်စိတ်အတော့်ကိုညစ်သွားသည်။
၀ဏယူလာပြတဲ့ သတင်းကိုကြည့်လိုက်တော့ ပြဿနာက
MM Company ရဲ့ ဒီဇိုင်းခိုးမှု ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့အတူ တက်လာတဲ့သတင်း
တရာခံမှာပြေးကြည့်စရာတောင်မလို ဒန်နီရယ်လင်းမှန်း မင်းမြတ်တန်းသိလိုက်သည်။
ခုတစ်ခေါက်ဖြစ်ရပ်မှာ အရင်ဒီဇိုင်းခိုးမှုကိစ္စများနှင့်မတူ
MM ရဲ့ခုရာသီအတွက်ထုတ်ထားတဲ့ဒီဇိုင်းဟာ
ဒန်နီရယ်လင်းကုမ္ပဏီက ဒီဇိုင်းဖြစ်နေသည်။
ပြောရရင် MM ဟာ သူတို့ကုမ္ပဏီက ဒီဇိုင်းကို ခိုးယူပြီး ထုတ်ထားခြင်းဖြစ်သည်ဟူ၍။
မင်းမြတ် အချက်အလက်တွေကို ကြည့်ကြည့်လိုက်တော့ လုပ်ကြံထားတဲ့အချက်အလက်တွေမဟုတ်ပေ။
သူတို့ဘက်ကအရင်ကတည်းကဒီဒီဇိုင်းကိုဆွဲထားခြင်းဖြစ်သည်။
သူလျိုမှာ MM ရဲ့ ဒီဇိုင်းဌာနမှဖြစ်မည်။
ဒီဇိုင်းဌာနမှ လူတစ်ယောက်က ဟာဒီဒီဇိုင်းခိုးပြီးဒီရာသီအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
သေချာတာကတော့ ထိုသူဟာလည်းဒန်နီရယ်လင်း ရဲ့ လူဘဲဖြစ်ပေလိမ့်မည်။
မင်းမြတ်လည်း ပြဿနာကိုဖြေရှင်းဖို့ လုပ်ရသည်။
ပြဿနာကကြီးတဲ့အတွက် တော်ဝောာ်တော့ ဖြေရှင်းရပေလိမ့်မည်။
"Boss ဒီသတင်းက Trending 1 ဖြစ်နေပါတယ်"
"ငါ့ကို ဒီဇိုင်းဌာနရဲ့အချက်အလက်တွေယူလာပေး ပြီးတော့
ဒီဇိုင်းရဲ့ တာဝန်ခံကိုခေါ်လာခဲ့"
---
"နောက်သတင်းတစ်ခုပါ နာမည်ကြီးဖက်ရှင်ကုမ္ပဏီ ဖြစ်တဲ့ MM ဟာ DL Company ရဲ့ ဒီဇိုင်းကိုခိုးယူထားတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပျံ့နှံ့လာပါတယ် စစ်ဆေးကြည့်တဲ့အခါမှာလည်း အချက်အလက်တွေက အမှန်ဖြစ်နေပါတယ် ဒီကိစ္စအတွက် MM ကတော့ဘာမှထုတ်ပြန်ခြင်းမရှိသေးပါဘူး"
TV ကနေကြားလိုက်ရတဲ့သတင်းကြောင့် နှင်း စိတ်တွေလေးလံလာသည်။
သူအခုဒုက္ခရောက်နေသည်။
နှင်းရဲ့သူဟာအခုဒုက္ခရောက်နေသည်။
နှင်းစိတ်ပူတာကြောင့် အမြန်ပင်သူ့ကိုဖုန်းဆက်သည်။
ဖုန်းစက်ပိတ်ထားသည်။
၀ဏကို ဆက်ဝော့ာလည်းထိုနည်းတူပင်။
နှင်းမနေနိုင်တော့ဘဲ သူ့ဆီကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။
"Boss နောက်တက်လာတဲ့သတင်းပါ"
ဒီဇိုင်းအချက်အလက်တွေကိုကြည့်ရင်း ၀ဏ ပြသည့်သတင်းကိုကြည့်လိုက်သည်။
ဒီတစ်ခါမှာတော့ မင်းမြတ် ဘာကိုမှမလုပ်နိုင်တော့ဘဲ ထိုနေရာမှာပင်ကြက်သေသေမိတော့သည်။
သတင်းမှာ
MM ရဲ့ CEO မင်းမြတ်သူရိန်ဟာ သူ့ရဲ့မိဘတွေကိုသတ်တဲ့ လူသတ်တရားခံရဲ့သမီးနဲ့ချစ်ကြိုက်နေဆိုသည့်
ခေါင်းစဉ်နှင့်အတူ မင်းမြတ်နှင့်နှင်း၏ပုံများ။
မင်းမြတ်ဒေါသကြောင့် မျက်နှာတို့မှာနီမြန်းလာပြီး
လက်သီးကိုကျစ်ကျစ်ဆုပ်ကာ
"၀ဏဒီသတင်းကိုအမြန်ရအောင်ပိတ် ဘာနည်းသုံးရသုံးရ!"
"ဟုတ်ကဲ့"
---
နှင်းကုမ္ပဏီကိုရောက်တော့ သတင်းထောက်အများအပြားကိုတွေ့ရသည်။
သတင်းထောက်တွေကြောင့် အထဲကိုဝင်လို့မရ။
"တီ တီ"
ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်ဝောာ့ မင်းမြတ်
"ဟယ်လို ကို ကိုအဆင်ပြေရဲ့လားဟင်"
"အင်း နှင်း ရတယ်ပြေတယ် ကိုဖြေရှင်းနိုင်တယ်
နှင်းအခုဘယ်မှာလဲ အပြင်မထွက်နဲ့နော် အိမ်မှာဘဲနေ သတင်းထောက်တွေကြောင့်"
သူနဲ့နှင်းရဲ့သတင်းကြောင့် သတင်းထောက်များမှာ နှင်းအကြောင်းကို စုံစမ်းနေပြီး နှင်းကိုခြေရာခံလိုက်နေသည်။
တော်သေးတာက နှင်းမှာထိုသတင်းကိုမသိသေးခြင်းဖြစ်သည်။ထိုသတင်းတင်တဲ့အရင်းအမြစ်ကိုတော့ ပိတ်ပြီးပေမယ့် သတင်းမှာပျံ့နှံ့နေသေးသည်။
"အင်းအင်း ကိုဂရုစိုက်ဦးနော်"
"အင်း ဒါဘဲနော် နှင်း"
သူ့အသံလေးကြားလိုက်ရ၍ နှင်းစိတ်ပူတာနည်းနည်းတော့လျော့သွားသည်။
နှင်းကူညီချင်ပေမယ့် ဘာမှမလုပ်တတ်တာခက်သည်။
သူအိမ်ပြန်ခိုင်းတာကြောင့် အိမ်ကိုဘဲပြန်လာခဲ့တယ်
"တီ တီ"
ကြည့်လိုက်တော့ Unknown number
"ဟယ်လို"
"ဟယ်လို ငါပါရိုစီသွင် ငါတို့တွေ့ကြရအောင်"
"အခုတော့တွေ့ဖို့အဆင်မပြေသေး-"
"နင်လာခဲ့မလား ငါလာခဲ့ရမလား"
"ကျွန်မလာခဲ့ပါ့မယ်"
---
ကော်ဖီဆိုင်တစ်ခု၌ ချိန်းထားခြင်းဖြစ်သည်။
နှင်း ရောက်တော့ ရိုစီသွင် မှာရောက်နေပြီ။
"ဒီမှာ"
နှင်းလည်း သူ့ရှေ့မှာဝင်ထိုင်လိုက်သည်။
"ဘာသောက်မလဲ"
"လိုရင်းကိစ္စကိုသာပြောပါ"
"မင်းတော်တော်မျက်နှာပြောင်တိုက်တာဘဲနော်
သတင်းတက်လာတာတောင် ဘာမှမဖြစ်သလိုဘဲနော်"
"ရှင်ဘာကိုပြောချင်တာလဲ ကျွန်မကဘာကိုမျက်နှာပြောင်တိုက်တာလဲ"
"အဟက် မသိချင်ယောင်ဆောင်မနေပါနဲ့ မင်းနဲ့ရိန်သတင်းကိုလေ"
"ဘာသတင်းလဲ"
ရိုစီမှာ နှင်းကိုစိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ပြီး
သူမဖုန်းကို နှင်းရှေ့ထိုးပေးသည်။
"ဒီသတင်း"
နှင်းသူမပေးလာတဲ့ဖုန်းကထဲသတင်းကိုကြည့်လိုက်ဝောာ့
တစ်ကိုယ်လုံးကသွေးတွေရပ်တန့်သွားသလို ထိတ်လန့်မှုတွေနှင့်
"ဒါ ဒါက"
__________________________________
အားလုံးဘဲ ဂရုစိုက်ကြပါနော်💖🙆
**********************************
Zawgyi
"ငါတို့တွေ့ကြရအောင်"
--
"ရိန်..ရိန်က.ငါ့ကိုမခဈြဝောာ့ဘူးတဲ့..လင်း.ရိန် ရိန်ကငါ့ကို"
"ငါ့ကိုကူညီပါ"
--
"ဘာ! မင်း!"
"ခွပ်"
_____/\_________/\______
"ကို"
"..."
"ကို"
"..."
"ကို လို့"
"ဟင် ဟမ် နှင်းဘာပြောလိုက်ဝာာလဲ?"
"ဟူး"
"ဘာကတိလဲ"
----
"ဟုတ်ကဲ့ နည်းနည်းပါ"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
----
"နှင်း-"
"ဘာနေ့လဲ"
"နှင်း ကို-"
သူ သေသင့်တယ်။သူဟာလူမဆန်တဲ့သူ။သူဟာတိရစ်ဆာန်လောက်တောင်မှ တန်ဖိုးမရှိတဲ့သူပါ။
----
အပြင်ကိုလည်းမထွက်။
အထဲရောက်တော့ သူမမှာ
"....."
"..."
"ဟင့် ဟင့်"
"ဟင့်.."
_____/\_________/\______
"Boss ပြဿနာတက်နေပါပြီ"
ဝဏယူလာပွတဲ့ သတင်းကိုကြည့်လိုက်တော့ ပြဿနာက
ပြဿနာကကြီးတဲ့အတွက် တော်ဝောာ်တော့ ဖြေရှင်းရပေလိမ့်မည်။
---
ဖုန်းစက်ပိတ်ထားသည်။
သတင်းမှာ
"၀ဏဒီသတင်းကိုအမြန်ရအောင်ပိတ် ဘာနည်းသုံးရသုံးရ!"
"ဟုတ်ကဲ့"
---
"တီ တီ"
ဖုန်းမြည်လာတာကြောင့် ကွညျ့လိုကျဝောာ့ မင်းမြတ်
"အင်း ဒါဘဲနော် နှင်း"
"တီ တီ"
"ဟယ်လို"
"ကျွန်မလာခဲ့ပါ့မယ်"
---
"ဒီမှာ"
"ဘာသောက်မလဲ"
"ဘာသတင်းလဲ"
"ဒီသတင်း"
နှင်းသူမပေးလာတဲ့ဖုန်းကထဲသတင်းကိုကြည့်လိုက်ဝောာ့
"ဒါ ဒါက"
__________________________________