မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

777K 71.2K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(1)

60.5K 2.3K 140
By SpringGenAerri

Update (22.9.2021)

Unicode

ဘဂျမ်း

မိုးဖွဲဖွဲရွာနေတယ်။ လမ်းဆုံရဲ့ သစ်ပင်ရိပ်အောက် ဒေါက်ထောက်ထားတဲ့ဆိုင်ကယ်တစ်စီးပေါ်မှာ ဘဂျမ်း ကွေးကုတ်ကုတ်ဖြစ်နေပြီ။ မနက်ကတည်းက မိုးက ရွာလိုက် နဲနဲစဲသွားလိုက်ဖြစ်နေတာ။ လုံးဝမတိတ်သေး။ မိုးကာလဲမပါဘူး။ ပြန်ရင်ကောင်းမလား။ အပင်အောက်ဆိုပေမဲ့ဒီအပင်က သစ်ကိုင်းခဏ ခဏ ကျိုးကျတတ်သေးတာ။

ပြန်မယ်ဆိုပြီး ဘဂျမ်း ဘောင်းဘီအိပ်ကပ်ထဲမှာ ကျွတ်ကျွတ်အိတ်အမဲလေးနဲ့ထည့်ထားတဲ့ ပိုက်ဆံလေးတွေ ရေကြည့်လိုက်တယ်။ သုံးထောင်ပဲရသေးတယ်။ ပြန်လို့မဖြစ်သေး။ တစ်ကြောင်းလောက်ဆွဲလို့ရသေးမယ်ထင်တယ်။

ချမ်းလာလို့ လက်နှစ်ဖက်ကို ပိုက်ထားမိတယ်။ ကျန်တဲ့ဆိုင်ကယ်ကယ်ရီသမားတစ်စုကတော့ လမ်းဆုံကိုကျော်ပြီး လမ်းဘေးထပ်ကျကျမှာရှိတဲ့ ဆိုင်သေးသေးလေးတွေရှိရာကို သွားထိုင်နေကြပြီ။ ဘဂျမ်းကို ခေါ်ပေမဲ့ မလိုက်ချင်ဘူး။ လူရှုပ်တယ်...စကားရှုပ်တယ်....အဆိုးဆုံးက မကောင်းတာတွေများတယ်။

တက်တူးဆိုင်လေးနှစ်ဆိုင်....အရုပ်ပစ်တဲ့ဆိုင်လေး ငါးဆိုင်...ကွမ်းယာဆိုင်....ထမင်းဆိုင်... အကြော်ဆိုင်လေးတွေစီရီပြီး ရှိကြတယ်။ လမ်းဘေးဆိုင်သေးသေးလေးတွေပေါ့။
သူတို့က ဘဂျမ်းကိုခင်ကြပါတယ်။ ဘဂျမ်းက လိုတာထက်ပို မပတ်သက်ရဲ။ ကိုယ့်မှာက ပိုက်ဆံကို ကြိုးစားရှာရဖို့ပဲရှိတယ်။ ရွာမှာ အမေရယ် တူလေးတစ်ယောက် တူမလေးတစ်ယောက်ရယ် ကျန်ခဲ့တယ်။
သူတို့အတွက်ဘဂျမ်းပိုက်ဆံရှာရမယ်။ အမေလဲအသက်ကြီးပြီ။ သိပ်ကျန်းမာတာမဟုတ်။ ဘဂျမ်းအတွက်နဲ့ အမေ စိတ်ဆင်းရဲရမှာမလိုလား။ တူလေးနဲ့ တူမလေးက ဘဂျမ်းအစ်မက မွေးတာ။ အစ်မနောက်အိမ်ထောင်ပြုတော့ အမေကသူ့မြေးတွေကို ပထွေးနဲ့မထားချင်လို့ ဘဂျမ်းတာဝန်ဖြစ်ရတာ။

ရန်ကုန်မြို့ကြီးကို ဝန်းရံတည်ရှိတဲ့ဆင်ခြေဖုံးမြို့ငယ်လေးမှာ ဘဂျမ်းနေတယ်။ တစ်ယောက်ထဲပဲပေါ့။ ယောကျားလေးတွေစုနေတဲ့အဆာင်မှာ ဘဂျမ်းနေတာ။
စားတော့လဲ ကြုံသလိုပါပဲ။ လမ်းဘေးမှာပဲစားဖြစ်တယ်။ တစ်ခါတစ်ရံ မစားဖြစ်တော့တာလဲရှိတယ်။ကိုယ့်အတွက်ထက် အရေးကြီးတာတွေရှိသေးတာကြောင့် ဘဂျမ်းအစစအရာရာချွေတာရတယ်။

တူလေး တူမလေးကို ပညာတတ်စေချင်တယ်။ ဘဂျမ်း ပညာမတတ်လို့ ပင်ပန်းတာ။ ပညာမတတ်လို့ သူများခိုင်းတာလုပ်ခဲ့ရတာ။ ပညာမတတ်လို့ပဲ ဘဂျမ်း မှာ စဥ်းစားတွေးတောနိုင်ခြင်းမရှိခဲ့တာ။အမှားအမှန်ခွဲခြါးတယနိုင်ခြင်းမရှိခဲ့တာ။

ဘဂျမ်း ထောင်ကျခဲ့ရသေးတယ်။
အမေဆိုတာ အရူးမီးဝိုင်း ဖြစ်ရတာပေါ့.... အိပ်ယာထဲ ဗုံးဗုံးလဲသွားတဲ့အထိ။
ဘဂျမ်းဆိုးပေလို့ မဟုတ်ရပါဘူး။
ခုဏပြောခဲ့သလို....သူများချောက်ချတာခံခဲ့ရတာလေ။
ဒါကြောင့် ဘဂျမ်း လူတွေကို ပတ်သက်ရမှာကြောက်တယ်။
ဒါပေမဲ့ ဘဂျမ်းကို လာတော့မစမ်းသပ်နဲ့။ သူသေကိုယ်သေလုပ်ပစ်မှာ။

ဆိုင်ကယ်ကယ်ရီ မမောင်းခင်က ညပိုင်းဆွဲတဲ့ အောက်ဆိုဒ်ကားမှာ စပယ်ယာလုပ်တာ။ စပယ်ယာမလုပ်ခင်က ကုန်စိမ်းဆိုင်မှာပေါ့။
လူပေါင်းစုံ....အင်းးးး
လူမကောင်းသူပေါင်းစုံ ဆက်ဆံရတာ။ ဒါကြောင့် ဘဂျမ်း အဲ့အလုပ်ကိုယောင်ပြီးတော့မှ လှည့်မကြည့်ချင်​ေတာ့ဘူး။ ဘာပဲပြောပြော ဆိုင်ကယ်ကယ်ရီဆွဲနေတာကမှ ကိုယ့်စိတ် ကိုယ့်သဘောလုပ်ခွင့်ရသေးတယ်။

မိုးတစိမ့်စိမ့်အောက်က အပင်ရိပ်မှာ ဘဂျမ်း....တွေးတွေးငေးငေးနဲ့ပေါ့။
လူတွေလဲပျောက်လိုက်တာ......မိုးကစွေနေတာကိုး....
ဟော...ပြောရင်းဆိုရင်း....သည်းလာပြန်ပြီ...ဒီမိုး...
.
.
.
.
.
အခန်း(၁)
လင်းသန့်ကြည်

ဆေးခန်းငယ်လေးရဲ့ တံစက်မြိတ်အောက်က ရေတွေ တဖျောက်ဖျောက်ကျနေတာကို လင်းသန့်ကြည် ငေးကြည့်နေမိတယ်။ မိုးရွာရင် အမေ့ကို သတိရတယ်။ ငယ်ငယ်လေးကတည်းက မိုးသည်းရင် အမေ့ကို ပြေးဖက်ပြီး နေရမှ လုံခြုံတယ်လို့ထင်တာ။
အဖေမရှိတော့တဲ့နောက်....အဖွားနဲ့အမေရဲ့ ပြုစုယုယမှုပဲရခဲ့ပေမဲ့ လိုအပ်တာမရှိခဲ့ရသူ။ တစ်ခုပဲ....လင်းသန့်ကြည် မိုးရွာရင် အိမ်ကိုလွမ်းတယ်....အမေ့ကိုလွမ်းတယ်။

စာတော်တဲ့ သူဆိုတော့....အမေက ​ေမျှာ်လင့်ချက်ကြီးကြီးထားခဲ့တာ။ တက္ကသိုလ်ဝင်တန်းအောင်တော့....ဘာသာစုံဂုဏ်ထူးပါခဲ့တယ်။ ဆေးကျောင်းကို ဝါသနာဆိုတာထက် အမေနဲ့အဖွားဖြစ်စေချင်လွန်းတဲ့ ဆရာဝန်ဖြစ်ဖို့ တက်ခဲ့ရတာ။
ဝါသနာကတော့ ပန်းချီဆွဲတာပေါ့။
သို့သော်.....လင်းသန့်ကြည်က ရောက်ရာနေရာမှာထူးချွန်အောင် နေသည့်သူ။ ဒါကြောင့် ဆေးကျောင်းမှာလဲ စာတော်သည့်ကျောင်းသားပါပဲ။ လူ့အသက်တွေကယ်ရတဲ့သူဖြစ်ဖို့ လင်းသန့်ကြည် စိတ်နှစ်ထားပြီးသား။ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတာကြောင့်....ကြိုးစားတယ်....လေ့လာတယ်....သင်ယူတယ်။

ဒီနေ့ မိုးတစိမ့်စိမ့် သည်းလိုက် ဖွဲလိုက်ဆိုတော့....ဆေးခန်းမှာ လူသိပ်မရှိဘူး။ စောစောကပဲ လူနာလေးယောက်ကြည့်ပေးပြီးပြီ။ ထပ်မရှိတော့။
ဆေးရုံကတာဝန်တွေပြီးရင် သူငယ်ချင်းသုံးယောက်ပေါင်းပြီးဖွင့်ထားတဲ့ ရပ်ကွက်ထဲကဆေးခန်းလေးမှာ ထိုင်ကြတယ်။

အတူတူ ဆေးခန်းဖွင့်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။
အာကာနဲ့ဝတ်ရည်.....ဒင်းတို့နှစ်ကောင် ဒီနေ့တော့ ဒိတ်တယ်လေ။ ဆေးရုံမှာ ဂျူတီ off တဲ့ရက်ဆိုတာက နှစ်ယောက်တိုက်ဆိုင်ဖို့ခပ်ရှားရှား။ ဆေးရုံတူတာလဲမဟုတ်။ ဝတ်ရည်နဲ့လင်းသန့်ကြည်က ဒီဆင်ခြေဖုံးမြို့ငယ်လေးရဲ့ ပြည်သူ့ဆေးရုံမှာတာဝန်ကျတာ။
အာကာက တခြားမြို့နယ်ဆေးရုံမှာ။
ဒါကြောင့် ဆေးကျောင်းသားဘဝကတည်းက တွဲလာတဲ့ချစ်သူဆိုပေမဲ့ ဝတ်ရည်က အာကာနဲ့ တွဲတွေ့ရတာသိပ်မရှိ။ အချိန်တိုင်းတွဲတွေ့ရတာ လင်းသန့်ကြည်နဲ့သာ။

ဒီနေ့တော့ အချစ်ငှက်နှစ်ကောင် မိုးထဲရေထဲ ချိန်းတွေ့ကြသည်ပေါ့။ ပါရမီဖြည့်ရသူ FAလေး လင်းသန့်ကြည်ကတော့ ဆေးခန်းကို တစ်ယောက်ထဲထိုင်ပေးရတယ်လေ။
ပျင်းလာရင်းကနေ...အမေ့ကိုသတိရနေမိတာပေါ့။

အကူသူနာပြု ကလေးမလဲ ဖုန်းလေးပွတ်လိုက်....ကောင်တာပေါ်ကို စင်ပြီးကျလာတဲ့ရေစက်လေးတွေသုတ်လိုက်နဲ့ပေါ့။

"ညီမ....မိုးနဲနဲစဲတုန်းပြန်ချင်ပြန်လေ....မိုးရိပ်နဲ့ မှောင်တာစောတယ်...ပြန်.. ပြန်"

လင်းသန့်ကြည့်ပြောတော့... မျက်နှာလေး ဝင်းသွားသည်။သူလဲ ပျင်းသည်ထင်ပါ့။

"ဆရာတစ်ယောက်ထဲလေ....ရလို့လား....ဆရာလဲ ပြန်တော့မလား"

"ရတယ်....ကိုယ်က....ခဏစောင့်ကြည့်လိုက်အုံးမယ်"

လင်းသန့်ကြည်ကို ဒီနေ့အတွက် ငွေနဲ့လူနာမှတ်တမ်းစာအုပ်အပ်ပြီး ကလေးမလေးပြန်သွားသည်။
နာရီကြည့်တော့.....ငါးနာရီကျော်ပြီ။
ခြောက်နာရီလောက်ထိတော့ စောင့်လိုက်ပါမယ်လေ။
.
.
.
.
.
အခန်း(၁)
ဘဂျမ်းနှင့် လင်းသန့်ကြည်

ဘဂျမ်း အိမ်ပြန်ရောက်ပြီး အခန်းထဲမှာ ကွေးနေပြီ။
ဖျားချင်သလိုလိုမို့ ရသလောက်နဲ့ပဲ ပြန်ခဲ့တော့တယ်။ နောက်နေ့ပိုရှာပေါ့။ မိုးကာလေးတစ်ထည်တောင် ကိုယ့်အတွက် မဝယ်ချင်။ပိုက်ဆံကို ကျစ်ကျစ်ပါအောင် သိမ်းထုတ်သည်။

မကြာဘူး....အပြင်က ဘဂျမ်းကို အော်​ခေါ်သံလိုလိုကြားရတယ်။
အော်....ဖျားချင်သလိုလိုနဲ့မို့ နားပါတယ်ဆိုမှ....

ဘဂျမ်းအဆောင်ရဲ့အပြင်ထွက်လာတော့...

"ဟေ့ရောင်....ဘဂျမ်း....ဒီမှာအရေးကြီးလို့ပါကွာ....ငါ့သားလေး ဘောလုံးကန်ရင်း ချော်လဲတာ....ဘာဖြစ်သွားလဲမသိဘူး....ဆေးခန်းပို့ချင်လို့ပါ....လိုက်ပို့စမ်းပါကွာ"

ဘဂျမ်းတို့အဆောင်ရဲ့ တစ်အိမ်ကျော် အခန်းတွဲက ကိုဝင်းအောင်...အမောတကောနဲ့ ပြောနေတာ....

"အင်း...အင်း..ခဏစောင့်...ကျွန်တော်လာမယ်"

ဘဂျမ်း ဆိုင်ကယ်သော့ယူကာ ထွက်လာခဲ့သည်။

ကလေးက တလမ်းလုံးတအီအီငိုတော့သည်။
နွားလေး...ကမြင်းနန့်တုန်းကနန့်ပြီး....မင်း... တစ်ခုခုဖြစ်မှာစိုးလို့ လိုက်လာပေးတာ....ငါဖျားရင် ကူမဲ့သူမရှိဘူး။

"ဆေးရုံသွားမလား"

ဘဂျမ်းမေးသည်။

"ဟိုရှေ့တစ်လမ်းကျော်မှာ ဆေးခန်းလေးအသစ်ဖွင့်ထားတယ်ကွ...ဆေးရုံကဆရာဝန်လေးတွေ လာဖွင့်တာတဲ့...စျေးမကြီးဘူး...ဆရာဝန်ငယ်ငယ်လေးတွေ တော်တယ် သဘောကောင်းတယ်တဲ့...အဲ့ ဆေးခန်းကို သွားကွာ"

ဆေးခန်းကိုရောက်တော့....ဖြူဖြူသေးသေးနဲ့ ဆရာဝန်လေးတစ်ယောက် အပြင်ကိုငေးရင်းထိုင်နေသည်။
ဘဂျမ်း ဆိုင်ကယ်ကို ဗြင်းကနဲ အသံပေးကာရပ်လိုက်တော့ လှမ်းကြည့်လာသူ။ စကြည့်ကတည်းက ဆိုင်ကယ်ပေါ်မှာပါလာတဲ့ လူနာဆီသို့သာ တန်းကြည့်သည်။ဒါကြောင့် ဒီအကြည်ရောင်အရိပ်လေးဟာ ဆရာဝန်လို့ တန်းသိရသည်။

မျက်မှန်လေးအောက်က မျက်ဝန်းကြည်ကြည်လေး....မျက်နှာဖြူဖြူသေးလေး...

ကိုဝင်းအောင်က သူ့သားကို ချီကာဆေးခန်း တံစက်မြိတ်အောက်ပြးဝင်သည်။
သူ့မိန်းမလဲ ပိုက်ဆံအိတ်ဂျိုင်းကြားညှပ်ကာ ပြေးလိုက်သည်။

"ဆရာ...ဆေးခန်း ပိတ်ပြီလား....ကျွန်တော့သားလေး ဘောလုံးထွက်ကန်ရင်း ချော်လဲ လို့ပါ....ကြည့်ပေးလို့ရသေးလားဆရာ"

"အော် ဟုတ်...ရပါတယ်ဗျ"

စမ်းရေအေးလို ကြည်လင်ပြီး အေးမြတဲ့အသံလေး...
သာယာတဲ့အသံပိုင်ရှင်လေး...လူနဲ့အသံနဲ့လိုက်ဖက်နေမှု.....

"လာ...လာ"

ဆေးခန်းထဲကို ဦးဆောင်ကာဝင်ရင်း....ခေါ်သည်။
ဘဂျမ်းကတော့....ဆေးခန်းပြင်က ခုံလေးမှာထိုင်ရင်းကျန်ခဲ့သည်။
.
.
.
ချော်လဲစဥ်က လက်ကိုထောက်ပြီးကျသည်ထင်....လက်က မကျိုးပေမဲ့ ဆေးစည်းပေးမှရမည်။
ဒူးကပွန်း​ပြီး အသားလန်နေပြီ။ လင်းသန့်ကြည်ဂရုတစိုက်လုပ်ရသည်။ တစ်ယောက်ထဲအကူကမရှိဘူးလေ။ ကလေးအမေက သူပါရောပြီး ငိုချင်သလိုလိုဖြစ်နေပြီ။ လက်ကိုဆေးသေချာစည်းပေးရသည်။ ကံကောင်းလို့မကျိုးတာ။

ဒူးကို အရက်ပျံနှင့်အရင်သန့်ပေးရသည်။ အော်တာ အော်တာ ထွန့် ထွန့် လူး။ ကလေးအဖေက သူ့သားကို ရင်ခွင်ထဲထည့်ပြီး ချုပ်ထားပေမဲ့ မနိုင်တော့... ချွေးပြန်နေပြီ။ လင်းသန့်ကြည်လဲ သေချာဂရုစိုက်လုပ်လိုက်... ချော့လိုက်နဲ့ပေါ့...

"လိုက်လာပြီး နင်က နင့်သားကြည့်ပြီး ဘာဖြစ်နေတာလဲ...ဒါဆိုလဲ အပြင်ကစောင့်....ဘဂျမ်းကိုလွှတ်လိုက်....ဝိုင်းချုပ်ပေးမှရတော့မယ်"

ကလေးအဖေက... သူ့မိန်းမကိုပြောတော့...အပြေးထွက်သွားတော့သည်။ မိခင်ကတော့ ဒီလိုပဲပေါ့။ သားသမီးနာကျင်နေရင် ကိုယ့်နာတာထက်ပိုနာတတ်သူတွေချည်းသာ။
ပြောမကောင်းလို့ တုတ်ကျိုးအောင်ဆော်တာတော့ တစ်ပိုင်းပေါ့လေ....နော့...

ခန်းစီးစကို တွန်းဖယ်ကာ လူတစ်ယောက်ဝင်လာသည်။
ခုဏ ပြောလိုက်တဲ့ ဘဂျမ်းဆိုတာပဲနေမှာ....လင်းသန့်ကြည့် အာရုံစိုက်ကာ ဆေးထည့်ပေးဖို့လုပ်ရသည်။

"လာကွာ.....ဘဂျမ်းရာ...ဒီကောင်...ရုန်းလွန်းလို့"

ဘဂျမ်း သူတို့နားတိုးကပ်သွားလိုက်သည်။
ကလေးရဲ့ ခြေထောက်ကို ဖမ်းကိုင်ထားပေးလိုက်သည်။

လက်ချောင်းရှည်သွယ်သွယ်လေးတွေက... သွက်လက်မြန်ဆန်စွာ....အလုပ်ကို တိကျသေသပ်စွာ...လုပ်နေသည်။
လက်အိတ်စွပ်ထားတဲ့လက်ရဲ့ အပေါ်ကို မြင်ရတော့ အသက်ရှုပင်မှားလောက်စရာ....လက်ပေါ်မှ မွှေးညှင်းစိမ်းနုနုများ....ချွေးစလေးတွေက တလက်လက်ဖြစ်နေရှာပြီ။ ပတ်ထားတဲ့နာရီ သေးသေးလေး.....တံတောင်ထိခေါက်တင်ထားတဲ့ အိင်္ကျီလက်စက လှုပ်ရှားမှုတွေကြောင့် ပြန်ကျချင်နေပြီ။ ပြေလျော့လျော့နဲ့ရယ်။

လျင်လျင်မြန်မြန်ပဲ ဆေးထည့်ပေး လက်စသတ်ဖို့ကြိုးစားနေတဲ့ အဖြူရောင်အိင်္ကျီအောက်က နို့နှစ်ရောင်လေး.....ဟုတ်တယ်...နို့ရည်ပြစ်ပြစ်ရဲ့နူးညံ့မှု အဖြူရောင်မမည်သော သန့်စင်လှသည့်အရောင်...
ဒီလူသားလေးရဲ့ အရောင်....

ခေါင်းငုံ့ထားတာမို့ ဘဂျမ်း မျက်လုံးအောက်မှာ မြင်နေရတဲ့ မြင်ကွင်း.....ဘာကြောင့် မျက်လုံးမလွှဲမိလဲ ဘဂျမ်းသေချာမသိဘူး။ ကြည့်လို့ကောင်းလွန်းတော့ ကြည့်နေမိတာ။
ကြည့်နေရင်းမှာပဲ သူ့အိင်္ကျီလက်စလေးက တံတောင်ကနေ လျှောကျလာတယ်။

"ကျစ်စ်....ပြီးကာနီးမှကွာ..."

အသံလေးက...လေသံသဲ့သဲ့လေး....တိုးတိုးဖွဖွလေး...
ဘဂျမ်းယောင်ယမ်းကာမော်ကြည့်မိတယ်။
ထိုမျက်ဝန်းကြည်လေးက ဘဂျမ်းဆီကို အကြည့်မရောက်။လုပ်လက်စအလုပ်ဆီမှ....မျက်လုံးမလွှဲဘဲ...ဘဂျမ်းမျက်နှာရှိရာကို....လက်ကလေးထိုးပေးတယ်။

"အပန်းမကြီးရင်...အိင်္ကျီလက်လေး ခေါက်တင်ပေးပါလား"

ဘဂျမ်းကိုမကြည့်ဘဲ ပြောသည်။

တုန်ချင်နေတဲ့ လက်ကို ဘဂျမ်းပုဆိုးစနဲ့တစ်ချက်နှစ်ချက်ပွတ်လိုက်သည်။ ကိုယ့်လက်လဲ ညစ်ပေနေတာမရှိပေမဲ့...သူ့လက်ကို ထိမိရင်...ဆိုတဲ့အတွေးကဘယ်ကပေါ်လာလို့...သူ့လက်လေးညစ်ပေသွားမှာလားဆိုတဲ့အသိက ဝင်လာရပါသလဲ။

အိင်္ကျီလက်စလေးကို ခေါက်တင်ပေးလိုက်သည်။

သူကလဲ လုပ်လက်စကိုမရပ်.....ကျန်တဲ့လက်တစ်ဖက်နဲ့ ဂွမ်းစကို ကတ်ကြေးလေးနဲ့ညှပ်ကိုင်ကာ ဒဏ်ရာပေါ်ကို တို့လိုက်သည်။
အော်သံနှင့်အတူ....ရုန်းတက်လာတဲ့ ဒူး...
အေးလေ ဘဂျမ်းက ကိုင်ထားတဲ့ ဒူးကို လွှတ်လိုက်ပြီကိုး....သကောင့်သားက ရုန်းပြီပေါ့။

အလုပ်ကို ကျွမ်းကျင်ပုံများ...လက်တစ်ဖက်ထဲနှင့် တိတိကျကျပင် နေရာမလွဲ ဆေးဝင်အောင်ထည့်နေသည်။

ရုတ်တရက် ရုန်းလိုက်တဲ့ ဒူးက ဘဂျမ်းလက်ကိုထိမိသည်။
ဘဂျမ်းခေါက်ပေးလက်စ အိင်္ကျီစရဲ့အောက်က လက်ကလေးကို....ဘဂျမ်းအသားချင်း ထိမိတော့သည်။

လှစ်ကနဲ သူ ငုံ့ကြည့်သည်။
ဘဂျမ်းကို ခုမှ ကြည့်မိသည်ထင်။

"ကန်တော့...ကန်တော့"

ယောင်ရမ်းကာ ဘဂျမ်း ပြောမိသည်။

"ကိုယ်ပူနေတယ်နော်....နေမကောင်းဘူးလား"

ဆရာဝန်တစ်ယောက်ရဲ့ လူနာအပေါ် ကြင်နာစွာ....နွေးထွေးစွာ....ဂရုဏာထားကာ...ပြောတဲ့ လေသံကြည်ကြည်နွေးနွေးက ဘဂျမ်းနားစည်မှသည်......ရင်ထဲထိ နွေးထွေးစွာ....ဖြတ်သွားတော့သည်။

ဘဂျမ်း...ငိုချင်သလိုလို....ကြောက်သလိုလို....ရင်တုန်လာသလိုလို....ခုမှ....သေချာပေါက်ဖျားပြီလေ။
.
.
.
.
.
ဆက်ရန်.......

Zawgyi

ဘဂ်မ္း

မိုးဖြဲဖြဲ႐ြာေနတယ္။ လမ္းဆုံရဲ႕ သစ္ပင္ရိပ္ေအာက္ ေဒါက္ေထာက္ထားတဲ့ဆိုင္ကယ္တစ္စီးေပၚမွာ ဘဂ်မ္း ေကြးကုတ္ကုတ္ျဖစ္ေနၿပီ။ မနက္ကတည္းက မိုးက ႐ြာလိုက္ နဲနဲစဲသြားလိုက္ျဖစ္ေနတာ။ လုံးဝမတိတ္ေသး။ မိုးကာလဲမပါဘူး။ ျပန္ရင္ေကာင္းမလား။ အပင္ေအာက္ဆိုေပမဲ့ဒီအပင္က သစ္ကိုင္းခဏ ခဏ က်ိဳးက်တတ္ေသးတာ။

ျပန္မယ္ဆိုၿပီး ဘဂ်မ္း ေဘာင္းဘီအိပ္ကပ္ထဲမွာ ကြၽတ္ကြၽတ္အိတ္အမဲေလးနဲ႕ထည့္ထားတဲ့ ပိုက္ဆံေလးေတြ ေရၾကည့္လိုက္တယ္။ သုံးေထာင္ပဲရေသးတယ္။ ျပန္လို႔မျဖစ္ေသး။ တစ္ေၾကာင္းေလာက္ဆြဲလို႔ရေသးမယ္ထင္တယ္။

ခ်မ္းလာလို႔ လက္ႏွစ္ဖက္ကို ပိုက္ထားမိတယ္။ က်န္တဲ့ဆိုင္ကယ္ကယ္ရီသမားတစ္စုကေတာ့ လမ္းဆုံကိုေက်ာ္ၿပီး လမ္းေဘးထပ္က်က်မွာရွိတဲ့ ဆိုင္ေသးေသးေလးေတြရွိရာကို သြားဖိုင္ေနၾကၿပီ။ ဘဂ်မ္းကို ေခၚေပမဲ့ မလိုက္ခ်င္ဘူး။ လူရႈပ္တယ္...စကားရႈပ္တယ္....အဆိုးဆုံးက မေကာင္းတာေတြမ်ားတယ္။

တက္တူးဆိုင္ေလးႏွစ္ဆိုင္....အ႐ုပ္ပစ္တဲ့ဆိုင္ေလး ငါးဆိုင္...ကြမ္းယာဆိုင္....ထမင္းဆိုင္... အေၾကာ္ဆိုင္ေလးေတြစီရီၿပီး ရွိၾကတယ္။ လမ္းေဘးဆိုင္ေသးေသးေလးေတြေပါ့။
သူတို႔က ဘဂ်မ္းကိုခင္ၾကပါတယ္။ ဘဂ်မ္းက လိုတာထက္ပို မပတ္သက္ရဲ။ ကိုယ့္မွာက ပိုက္ဆံကို ႀကိဳးစားရွာရဖို႔ပဲရွိတယ္။ ႐ြာမွာ အေမရယ္ တူေလးတစ္ေယာက္ တူမေလးတစ္ေယာက္ရယ္ က်န္ခဲ့တယ္။
သူတို႔အတြက္ဘဂ်မ္းပိုက္ဆံရွာရမယ္။ အေမလဲအသက္ႀကီးၿပီ။ သိပ္က်န္းမာတာမဟုတ္။ ဘဂ်မ္းအတြက္နဲ႕ အေမ စိတ္ဆင္းရဲရမွာမလိုလား။ တူေလး တူမေလးက ဘဂ်မ္းအစ္မက ေမြးတာ။ အစ္မေနာက္အိမ္ေထာင္ျပဳေတာ့ အေမကသူ႕ေျမးေတြကို ပေထြးနဲ႕မထားခ်င္လို႔ ဘဂ်မ္းတာဝန္ျဖစ္ရတာ။

ရန္ကုန္ၿမိဳ႕ႀကီးကို ဝန္းရံတည္ရွိတဲ့ဆင္ေျခဖုန္းၿမိဳ႕ငယ္ေလးမွာ ဘဂ်မ္းေနတယ္။ တစ္ေယာက္ထဲပဲေပါ့။ ေယာက်ားေလးေတြစုေနတဲ့အဆာင္မွာ ဘဂ်မ္းေနတာ။
စားေတာ့လဲ ႀကဳံသလိုပါပဲ။ လမ္းေဘးမွာပဲစားျဖစ္တယ္။ တစ္ခါတစ္ရံ မစားျဖစ္ေတာ့တာလဲရွိတယ္။

တူေလး တူမေလးကို ပညာတတ္ေစခ်င္တယ္။ ဘဂ်မ္း ပညာမတတ္လို႔ ပင္ပန္းတာ။ ပညာမတတ္လို႔ သူမ်ားခိုင္းတာလုပ္ခဲ့ရတာ။ ပညာမတတ္လို႔ပဲ ဘဂ်မ္း မွာ စဥ္းစားေတြးေတာနိုင္ျခင္းမရွိခဲ့တာ။

ဘဂ်မ္း ေထာင္က်ခဲ့ရေသးတယ္။
အေမဆိုတာ အ႐ူးမီးဝိုင္း ျဖစ္ရတာ.... အိပ္ယာထဲ ဗုံးဗုံးလဲသြားတဲ့အထိ။
ဘဂ်မ္းဆိုးေပလို႔ မဟုတ္ရပါဘူး။
ခုဏေျပာခဲ့သလို....သူမ်ားေခ်ာက္ခ်တာခံခဲ့ရတာေလ။
ဒါေၾကာင့္ ဘဂ်မ္း လူေတြကို ပတ္သက္ရမွာေၾကာက္တယ္။
ဒါေပမဲ့ ဘဂ်မ္းကို လာေတာ့မစမ္းသပ္နဲ႕။ သူေသကိုယ္ေသလုပ္ပစ္မွာ။

ဆိုင္ကယ္ကယ္ရီ မေမာင္းခင္က ညပိုင္းဆြဲတဲ့ ေအာက္ဆိုဒ္ကားမွာ စပယ္ယာလုပ္တာ။
လူေပါင္းစုံ....အင္းးးး
လူမေကာင္းသူေပါင္းစုံ ဆက္ဆံရတာ။ ဒါေၾကာင့္ ဘဂ်မ္း အဲ့အလုပ္ကိုေယာင္ၿပီးေတာ့မွ လွည့္မၾကည့္ခ်င္​ေတာ့ဘူး။ ဘာပဲေျပာေျပာ ဆိုင္ကယ္ကယ္ရီဆြဲေနတာကမွ ကိုယ့္စိတ္ ကိုယ့္သေဘာလုပ္ခြင့္ရေသးတယ္။

မိုးတစိမ့္စိမ့္ေအာက္က အပင္ရိပ္မွာ ဘဂ်မ္း....ေတြးေတြးေငးေငးနဲ႕ေပါ့။
လူေတြလဲေပ်ာက္လိုက္တာ......မိုးကေစြေနတာကိုး....ေဟာ...ေျပာရင္းဆိုရင္း....သည္းလာျပန္ၿပီ...ဒီမိုး...
.
.
.
.
.
အခန္း(၁)
လင္းသန့္ၾကည္

ေဆးခန္းငယ္ေလးရဲ႕ တံစက္ၿမိတ္ေအာက္က ေရေတြ တေဖ်ာက္ေဖ်ာက္က်ေနတာကို လင္းသန့္ၾကည္ ေငးၾကည့္ေနမိတယ္။ မိုး႐ြာရင္ အေမ့ကို သတိရတယ္။ ငယ္ငယ္ေလးကတည္းက မိုးသည္းရင္ အေမ့ကို ေျပးဖက္ၿပီး ေနရမွ လုံၿခဳံတယ္လို႔ထင္တာ။
အေဖမရွိေတာ့တဲ့ေနာက္....အဖြားနဲ႕အေမရဲ႕ ျပဳစုယုယမႈပဲရခဲ့ေပမဲ့ လိုအပ္တာမရွိခဲ့ရသူ။ တစ္ခုပဲ....လင္းသန့္ၾကည္ မိုး႐ြာရင္ အိမ္ကိုလြမ္းတယ္....အေမ့ကိုလြမ္းတယ္။

စာေတာ္တဲ့ သူဆိုေတာ့....အေမက ​ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားခဲ့တာ။ တကၠသိုလ္ဝင္တန္းေအာင္ေတာ့....ဘာသာစုံဂုဏ္ထူးပါခဲ့တယ္။ ေဆးေက်ာင္းကို ဝါသနာဆိုတာထက္ အေမနဲ႕အဖြားျဖစ္ေစခ်င္လြန္းတဲ့ ဆရာဝန္ျဖစ္ဖို႔ တက္ခဲ့ရတာ။
ဝါသနာကေတာ့ ပန္းခ်ီဆြဲတာေပါ့။
သို႔ေသာ္.....လင္းသန့္ၾကည္က ေရာက္ရာေနရာမွာထူးခြၽန္ေအာင္ ေနသည့္သူ။ ဒါေၾကာင့္ ေဆးေက်ာင္းမွာလဲ စာေတာ္သည့္ေက်ာင္းသားပါပဲ။ လူ႕အသက္ေတြကယ္ရတဲ့သူျဖစ္ဖို႔ လင္းသန့္ၾကည္ စိတ္ႏွစ္ထားၿပီးသား။ ထူးခြၽန္တဲ့ ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္ရမယ္လို႔ ဆုံးျဖတ္ထားတာေၾကာင့္....ႀကိဳးစားတယ္....ေလ့လာတယ္....သင္ယူတယ္။

ဒီေန႕ မိုးတစိမ့္စိမ့္ သည္းလိုက္ ဖြဲလိုက္ဆိုေတာ့....ေဆးခန္းမွာ လူသိပ္မရွိဘူး။ ေစာေစာကပဲ လူနာေလးေယာက္ၾကည့္ေပးၿပီးၿပီ။ ထပ္မရွိေတာ့။

အတူတူ ေဆးခန္းဖြင့္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရွိတယ္။
အာကာနဲ႕ဝတ္ရည္.....ဒင္းတို႔ႏွစ္ေကာင္ ဒီေန႕ေတာ့ ဒိတ္တယ္ေလ။ ေဆး႐ုံမွာ ဂ်ဴတီ off တဲ့ရက္ဆိုေတာ့ ႏွစ္ေယာက္တိုက္ဆိုင္ဖို႔ခပ္ရွားရွား။ ေဆး႐ုံတူတာလဲမဟုတ္။ ဝတ္ရည္နဲ႕လင္းသန့္ၾကည္က ဒီဆင္ေျခဖုန္းၿမိဳ႕ငယ္ေလးရဲ႕ ျပည္သူ႕ေဆး႐ုံမွာတာဝန္က်တာ။
အာကာက တျခားၿမိဳ႕နယ္ေဆး႐ုံမွာ။
ဒါေၾကာင့္ ေဆးေက်ာင္းသားဘဝကတည္းက တြဲလာတဲ့ခ်စ္သူဆိုေပမဲ့ ဝတ္ရည္က အာကာနဲ႕ တြဲေတြ႕ရတာသိပ္မရွိ။ အခ်ိန္တိုင္းတြဲေတြ႕ရတာ လင္းသန့္ၾကည္နဲ႕သာ။

ဒီေန႕ေတာ့ အခ်စ္ငွက္ႏွစ္ေကာင္ မိုးထဲေရထဲ ခ်ိန္းေတြ႕ၾကသည္ေပါ့။ ပါရမီျဖည့္ရသူ FAေလး လင္းသန့္ၾကည္ကေတာ့ ေဆးခန္းကို တစ္ေယာက္ထဲထိုင္ေပးရတယ္ေလ။
ပ်င္းလာရင္းကေန...အေမ့ကိုသတိရေနမိတာေပါ့။

အကူသူနာျပဳ ကေလးမလဲ ဖုန္းေလးပြတ္လိုက္....ေကာင္တာေပၚကို စင္ၿပီးက်လာတဲ့ေရစက္ေလးေတြသုတ္လိုက္နဲ႕ေပါ့။

"ညီမ....မိုးနဲနဲစဲတုန္းျပန္ခ်င္ျပန္ေလ....မိုးရိပ္နဲ႕ ေမွာင္တာေစာတယ္...ျပန္.. ျပန္"

လင္းသန့္ၾကည့္ေျပာေတာ့... မ်က္ႏွာေလး ဝင္းသြားသည္။သူလဲ ပ်င္းသည္ထင္ပါ့။

"ဆရာတစ္ေယာက္ထဲေလ....ရလို႔လား....ဆရာလဲ ျပန္ေတာ့မလား"

"ရတယ္....ကိုယ္က....ခဏေစာင့္ၾကည့္လိုက္အုံးမယ္"

လင္းသန့္ၾကည္ကို ဒီေန႕ အတြက္ ေငြနဲ႕လူနာမွတ္တမ္းစာအုပ္အပ္သည္။ကေလးမေလးျပန္သြားသည္။
နာရီၾကည့္ေတာ့.....ငါးနာရီေက်ာ္ၿပီ။
ေျခာက္နာရီေလာက္ထိေတာ့ ေစာင့္လိုက္ပါမယ္ေလ။
.
.
.
.
.
အခန္း(၁)
ဘဂ်မ္းႏွင့္ လင္းသန့္ၾကည္

ဘဂ်မ္း အိမ္ျပန္ေရာက္ၿပီး အခန္းထဲမွာ ဖ်ယးခ်င္သလိုလိုမို႔ ရသေလာက္နဲ႕ပဲ ျပန္ခဲ့ေတာ့တယ္။ ေနာက္ေန႕ပိုရွာေပါ့။ မိုးကာေလးတစ္ထည္ေတာင္ ကိုယ့္အတြက္ မဝယ္ခ်င္။ပိုက္ဆံကို က်စ္က်စ္ပါေအာင္ သိမ္းထုတ္သည္။
မၾကာဘူး....အျပင္က ဘဂ်မ္းကို ေအာ္​ေခၚသံလိုလိုၾကားရတယ္။
ေအာ္....ဖ်ားခ်င္သလိုလိုနဲ႕မို႔ နားပါတယ္ဆိုမွ....

ဘဂ်မ္းအေဆာင္ရဲ႕အျပင္ထြက္လာေတာ့...

"ေဟ့ေရာင္....ဘဂ်မ္း....ဒီမွာအေရးႀကီးလို႔ပါကြာ....ငါ့သားေလး ေဘာလုံးကန္ရင္း ေခ်ာ္လဲတာ....ဘာျဖစ္သြားလဲမသိဘူး....ေဆးခန္းပို႔ခ်င္လို႔ပါ....လိုက္ပို႔စမ္းပါကြာ"

ဘဂ်မ္းတို႔အေဆာင္ရဲ႕ တစ္အိမ္ေက်ာ္ အခန္းတြဲက ကိုဝင္းေအာင္...အေမာတေကာနဲ႕ ေျပာေနတာ....

"အင္း...အင္း..ခဏေစာင့္...ကြၽန္ေတာ္လာမယ္"

ဘဂ်မ္း ဆိုင္ကယ္ေသာ့ယူကာ ထြက္လာခဲ့သည္။

ကေလးက တလမ္းလုံးတအီအီငိုေတာ့သည္။
ႏြားေလး...ကျမင္းနန့္တုန္းကနန့္ၿပီး....ငါ့... တစ္ခုခုျဖစ္မွာစိုးလို႔ လိုက္လာေပးတာ....ငါဖ်ားရင္ ကူမဲ့သူမရွိဘူး။

"ေဆး႐ုံသြားမလား"

ဘဂ်မ္းေမးသည္။

"ဟိုေရွ႕တစ္လမ္းေက်ာ္မွာ ေဆးခန္းေလးအသစ္ဖြင့္ထားတယ္ကြ...ေဆး႐ုံကဆရာဝန္ေလးေတြ လာဖြင့္တာတဲ့...ေစ်းမႀကီးဘူး...ဆရာဝန္ငယ္ငယ္ေလးေတြ ေတာ္တယ္ သေဘာေကာင္းတယ္တဲ့...အဲ့ ေဆးခန္းကို သြားကြာ"

ေဆးခန္းဆြေရာက္ေတာ့....ျဖဴျဖဴေသးေသးနဲ႕ ဆရာဝန္ေလးတစ္ေယာက္ တံခါးပိတ္ေနတာ တစ္ဝက္ေလာက္ပိတ္ၿပီးၿပီ။
ဘဂ်မ္း ဆိုင္ကယ္ကို ျဗင္းကနဲ အသံေပးကာရပ္လိုက္ေတာ့ လွည့္ၾကည့္လာသူ။ စၾကည့္ကတည္းက ဆိုင္ကယ္ေပၚမွာပါလာတဲ့ လူနာဆီသို႔သာ တန္းၾကည့္သည္။

မ်က္မွန္ေလးေအာက္က မ်က္ဝန္းၾကည္ၾကည္ေလး....မ်က္ႏွာျဖဴျဖဴေသးေလး...

ကိုဝင္းေအာင္က သူ႕သားကို ခ်ီကာေဆးခန္း တံစက္ၿမိတ္ေအာက္ျပးဝင္သည္။
သူ႕မိန္းမလဲ ပိုက္ဆံအိတ္ဂ်ိဳင္းၾကားညွပ္ကာ ေျပးလိုက္သည္။

"ဆရာ...ေဆးခန္း ပိတ္ၿပီလား....ကြၽန္ေတာ့သားေလး ေဘာလုံးထြက္ကန္ရင္း ေခ်ာ္လဲ လို႔ပါ....ၾကည့္ေပးလို႔ရေသးလားဆရာ"

"ေအာ္ ဟုတ္...ရပါတယ္ဗ်"

စမ္းေရေအးလို ၾကည္လင္ၿပီး ေအးျမတဲ့အသံေလး...
သာယာတဲ့အသံပိုင္ရွင္ေလး...လူနဲ႕အသံနဲ႕လိုက္ဖက္ေနမႈ.....

"လာ...လာ"

ေဆးခန္းထဲကို ဦးေဆာင္ကာဝင္ရင္း....ေခၚသည္။
ဘဂ်မ္းကေတာ့....ေဆးခန္းျပင္က ခုံေလးမွာထိုင္ရင္းက်န္ခဲ့သည္။

ေခ်ာ္လဲစဥ္က လက္ကိုေထာက္ၿပီးက်သည္ထင္....လက္က မက်ိဳးေပမဲ့ ေဆးစည္းေပးမွရမည္။
ဒူးကပြန္း​ၿပီး အသားလန္ေနၿပီ။ လင္းသန့္ၾကည္ဂ႐ုတစိုက္လုပ္ရသည္။ တစ္ေယာက္ထဲအကူကမရွိဘူးေလ။ ကေလးအေမက သူပါေရာၿပီး ငိုခ်င္သလိုလိုျဖစ္ေနၿပီ။ လက္ကိုေဆးေသခ်ာစည္းေပးရသည္။ ကံေကာင္းလို႔မက်ိဳးတာ။

ဒူးကို အရက္ပ်ံႏွင့္အရင္သန့္ေပးရသည္။ ေအာ္တာ ေအာ္တာ ထြန့္ ထြန့္ လူး။ ကေလးအေဖက သူ႕သားကို ရင္ခြင္ထဲထည့္ၿပီး ခ်ဳပ္ထားေပမဲ့ မနိုင္ေတာ့... ေခြၽးျပန္ေနၿပီ။ လင္းသန့္ၾကည္လဲ ေသခ်ာဂ႐ုစိုက္လုပ္လိုက္... ေခ်ာ့လိုက္နဲ႕ေပါ့...

"လိုက္လာၿပီး နင္က နင့္သားၾကည့္ၿပီး ဘာျဖစ္ေနတာလဲ...ဒါဆိုလဲ အျပင္ကေစာင့္....ဘဂ်မ္းကိုလႊတ္လိုက္....ဝိုင္းခ်ဳပ္ေပးမွရေတာ့မယ္"

ကေလးအေဖက... သူ႕မိန္းမကိုေျပာေတာ့...အေျပးထြက္သြားေတာ့သည္။ မိခင္ကေတာ့ ဒီလိုပဲေပါ့။ သားသမီးနာက်င္ေနရင္ ကိုယ့္နာတာထက္ပိုနာတတ္သူေတြခ်ည္းသာ။
ေျပာမေကာင္းလို႔ တုတ္က်ိဳးေအာင္ေဆာ္တာေတာ့ တစ္ပိုင္းေပါ့ေလ....ေနာ့...

ခန္းစီးစကို တြန္းဖယ္ကာ လူတစ္ေယာက္ဝင္လာသည္။
ခုဏ ေျပာလိုက္နဲ႕ ဘဂ်မ္းပဲေနမွာ....လင္းသန့္ၾကည့္ အာ႐ုံစိုက္ကာ ေဆးထည့္ေပးဖို႔လုပ္ရသည္။

"လာကြာ.....ဘဂ်မ္းရာ...ဒီေကာင္...႐ုန္းလြန္းလို႔"

ဘဂ်မ္း သူတို႔နားတိုးကပ္သြားလိုက္သည္။
ကေလးရဲ႕ ေျခေထာက္ကို ဖမ္းကိုင္ထားေပးလိုက္သည္။

လက္ေခ်ာင္းရွည္သြယ္သြယ္ေလးေတြက... သြက္လက္ျမန္ဆန္စြာ....အလုပ္ကို တိက်ေသသပ္စြာ...လုပ္ေနသည္။
လက္အိတ္စြပ္ထားတဲ့လက္ရဲ႕ အေပၚကို ျမင္ရေတာ့ အသက္ရႈပင္မွားေလာက္စရာ....လက္ေပၚမွ ေမႊးညွင္းစိမ္းႏုႏုမ်ား....ေခြၽးစေလးေတြက တလက္လက္ျဖစ္ေနရွာၿပီ။ ပတ္ထားတဲ့နာရီ ေသးေသးေလး.....တံေတာင္ထိေခါက္တင္ထားတဲ့ အိကၤ်ီလက္စက လႈပ္ရွားမႈေတြေၾကာင့္ ျပန္က်ခ်င္ေနၿပီ။ ေျပေလ်ာ့ေလ်ာ့နဲရယ္။

လ်င္လ်င္ျမန္ျမန္ပဲ ေဆးထည့္ေပး လက္စသတ္ဖို႔ႀကိဳးစားေနတဲ့ အျဖဴေရာင္အိကၤ်ီေအာက္က နို႔ႏွစ္ေရာင္ေလး.....ဟုတ္တယ္...နို႔ရည္ျပစ္ျပစ္ရဲ႕ႏူးညံ့မႈ အျဖဴေရာင္မမည္ေသာ သန့္စင္လွသည့္အေရာင္...
ဒီလူသားေလးရဲ႕ အေရာင္....

ေခါင္းငုံ႕ထားတာမို႔ ဘဂ်မ္း မ်က္လုံးေအာက္မွာ ျမင္ေနရတဲ့ ျမင္ကြင္း.....ဘာေၾကာင့္ မ်က္လုံးမလႊဲမိလဲ ဘဂ်မ္းေသခ်ာမသိဘူး။ ၾကည့္လို႔ေကာင္းလြန္းေတာ့ ၾကည့္ေနမိတာ။
ၾကည့္ေနရင္းမွာပဲ သူ႕အိကၤ်ီလက္စေလးက တံေတာင္ကေန ေလွ်ာက်လာတယ္။

"က်စ္စ္....ၿပီးကာနီးမွကြာ..."

အသံေလးက...ေလသံသဲ့သဲ့ေလး....တိုးတိုးဖြဖြေလး...
ဘဂ်မ္းေယာင္ယမ္းကာေမာ္ၾကည့္မိတယ္။
ထိုမ်က္ဝန္းၾကည္ေလးက ဘဂ်မ္းဆီကို အၾကည့္မေရာက္။လုပ္လက္စအလုပ္ဆီမွ....မ်က္လုံးမလႊဲဘဲ...ဘဂ်မ္းမ်က္ႏွာရွိရာကို....လက္ကေလးထိုးေပးတယ္။

"အပန္းမႀကီးရင္...အိကၤ်ီလက္ေလး ေခါက္တင္ေပးပါလား"

ဘဂ်မ္းကိုမၾကည့္ဘဲ ေျပာသည္။

တုန္ခ်င္ေနတဲ့ လက္ကို ဘဂ်မ္းပုဆိုးစနဲ႕တစ္ခ်က္ႏွစ္ခ်က္ပြတ္လိုက္သည္။ ကိုယ့္လက္လဲ ညစ္ေပေနတာမရွိေပမဲ့...သူ႕လက္ကို ထိမိရင္...ဆိုတဲ့အေတြးကဘယ္ကေပၚလာလို႔...သူ႕လက္ေလးညစ္ေပသြားမွာလားဆိုတဲ့အသိက ဝင္လာရပါသလဲ။

အိကၤ်ီလက္စေလးကို ေခါက္တင္ေပးလိုက္သည္။

သူကလဲ လုပ္လက္စကိုမရပ္.....က်န္တဲ့လက္တစ္ဖက္နဲ႕ ဂြမ္းစကို ကတ္ေၾကးေလးနဲ႕ညွပ္ကိုင္ကာ ဒဏ္ရာေပၚကို တို႔လိုက္သည္။
ေအာ္သံႏွင့္အတူ....႐ုန္းတက္လာတဲ့ ဒူး...
ေအးေလ ဘဂ်မ္းက ကိုင္ထားတဲ့ ဒူးကို လႊတ္လိုက္ၿပီကိုး....သေကာင့္သားက ႐ုန္းၿပီေပါ့။

အလုပ္ကို ကြၽမ္းက်င္ပုံမ်ား...လက္တစ္ဖက္ထဲႏွင့္ တိတိက်က်ပင္ ေနရာမလြဲ ေဆးဝင္ေအာင္ထည့္ေနသည္။

႐ုတ္တရက္ ႐ုန္းလိုက္တဲ့ ဒူးက ဘဂ်မ္းလက္ကိုထိမိသည္။
ဘဂ်မ္းေခါက္ေပးလက္စ အိကၤ်ီစရဲ႕ေအာက္က လက္ကေလးကို....ဘဂ်မ္းထိမိေတာ့သည္။

လွစ္ကနဲ သူ ငုံ႕ၾကည့္သည္။
ဘဂ်မ္းကို ခုမွ ၾကည့္မိသည္ထင္။

"ကန္ေတာ့...ကန္ေတာ့"

ေယာင္ရမ္းကာ ဘဂ်မ္း ေျပာမိသည္။

"ကိုယ္ပူေနတယ္ေနာ္....ေနမေကာင္းဘူးလား"

ဆရာဝန္တစ္ေယာက္ရဲ႕ လူနာအေပၚ ၾကင္နာစြာ....ႏြေးေထြးစြာ....ဂ႐ုထားကာ...ေျပာတဲ့ ေလသံၾကည္ၾကည္ႏြေးႏြေးက ဘဂ်မ္းနားစည္မွသည္......ရင္ထဲထိ ႏြေးေထြးစြာ....ျဖတ္သြားေတာ့သည္။

ဘဂ်မ္း...ငိုခ်င္သလိုလို....ေၾကာက္သလိုလို....ရင္တုန္လာသလိုလို....ခုမွ....ေသခ်ာေပါက္ဖ်ားၿပီေလ။
.
.
.
.
.
ဆက္ရန္.......














Continue Reading

You'll Also Like

67.3K 3.9K 52
ရိုးရှင်းတဲ့ ချစ်ခြင်း‌မေတ္တာပါပဲ။ ကိုယ်တို့ရဲ့နှလုံးသားတွေကိုတော့ လမ်းပျောက်စေလိမ့်မယ်။
797K 51.4K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
8.7K 721 28
လွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ...
135K 10.7K 65
"A String between two ends."