Going Crazy [Completed]

By nanarain__

16.3K 2.1K 79

ဟဂျောင်ဝူး .... Hajeongwoo Both zawgyi & unicode @nanarain__ [Start = 2021 April 24 End = 2021 May 24 ] More

1 ~ (uni)
2 ~ (uni)
3 ~ (uni)
4 ~ (uni)
5 ~ (uni )
6 ~ (uni)
7 ~ (uni)
8 ~ ( uni )
9 ~ (uni)
10 ~ ( uni )
11 ~ ( uni )
12 ~ (uni)
13 ~ ( uni )
14 ~ (uni )
15 ~ (uni)
16 ~ (uni)
Final ~ (uni)
1 ~ ( zawgyi)
2 ~ (zawgyi)
3 ~ (zawgyi)
4 ~ (zawgyi)
5 ~ (zawgyi)
6 ~ (zawgyi)
7 ~ (zawgyi)
8 ~ (zawgyi)
10 ~ (zawgyi)
11 ~ (zawgyi)
12 ~ ( zawgyi )
13 ~ ( zawgyi )
14 ~ ( zawgyi)
15 ~ ( zawgyi )
16 ~ (zawgyi)
Final ~ ( zawgyi )

9 ~ (zawgyi)

82 15 0
By nanarain__

[9]

" ဟာရူတိုနဲ့ ငါအရမ်းကိုအဆင်ပြေနေတာ ဒီတိုင်းဆို ငါမျှော်လင့်လို့ရနိုင်တဲ့အခြေအနေပဲ "

ဂျောင်ဝူးက ပီတိအဖြာဆုံးလေသံနဲ့ပြောနေတယ် ။
အမြင်ကပ်နေတာက ဆိုယောင်းနဲ့ အဆာဟီ ဖြစ်ပြီးတော့ ယိုရှီကတော့ ဂျောင်ဝူးနဲ့ထပ်တူ ပျော်ပေးနေတယ် ။

" မင်း အမြန် အဲ့ဟာရူတိုက ဆွဲလိုက်တော့ကွာ အဲဒါမှ ငါအွန်းဗြောလေးကို သူမကြည့်တော့မှာ "

" noona ကို ရူတိုက မကြိုက်တော့ပါဘူးကွာ ငါသိတယ် သူက ပိုင်ရှင်ရှိနေတာကို ထိမဲ့သူမျိုး လုံးဝမဟုတ်ဘူး "

" ပြောလို့ရမလား ငါ့ကောင်မလေးက အဲကောင်ကို မရောလို့သာပေါ့ "

"ဟျောင့် ဟာရူတိုက အဲ့လိုလူမဟုတ်ပါဘူးဆို "

ဆိုယောင်းက လက်သည်းနီဆိုးနေရင်းတန်းလန်း ရှေ့က စာရွက်ကို လက်တဖက်ထဲနဲ့ ဖိချေလို့ ယိုရှီကိုပစ်ပေါက်လိုက်တယ် ။ သူမက နေ့တိုင်း အွန်းဗြော အွန်းဗြောနဲ့ ပါးစပ်ကမချတဲ့ ယိုရှီကို ဂျောင်ဝူးထက် ပိုလို့တောင်အမြင်ကပ်ပါတယ်။

" အော်ကလီဆန်လာပြီ နင်တို့ကို တော်တော်ဖြစ်နေလိုက်တာ ..

ပြောပြီးတာနဲ့ မခြောက်သေးတဲ့လက်သည်းကိုမူတ်လို့ ပြန်ပုံသွင်းနေလိုက်ပြီး လက်သည်းနီက ရတဲ့ အရက်ပြန်နံကလည်း အခန်းတွင်း ဝေ့ဝဲနေလျှက် ရှိတယ် ။ နူတ်ခမ်းဖြင့် ဖွဖွ မူတ်နေရင်းနဲ့ သူမ က တစ်ခုခုကို စဉ်းစားမိသွားပြီး တဖက်ကိုပြန်လှည့်လာတယ် ။ ဒီတခါ အလှည့်ကျသူကတော့ အဆာဟီပဲ ဖြစ်တယ် ။

"  အဆာဟီရောပဲ ဟိုတယောက် ယွန်းဂျယ်ဟျော့က နင့်နဲ့ တစ်ခုခုပဲမလား ... နေကြပါဉီး ငါတယောက်ပဲ ဘယ်သူမှမရှိ ဖြစ်နေတာလား ဘယ်မလဲ ငါ့အတွက် တရားမျှတမှုဆိုတာ "

" လိုချင်လား  ဒါဆို ငါနည်းလမ်းပြောပြမယ် နင်ရဲ့ အဲ့ပေါက်ပေါက်ဖောက်တတ်တာကို အရင်ပြင်လိုက်ဒါဆို ရလာလိမ့်မယ်  "

အဆာဟီက ယိုရှီဆီ သူပစ်လိုက်တဲ့ စက္ကူလုံးကို ပြန်ပစ်ပြီးပြောလိုက်တာပဲ ဖြစ်တယ် ။

" တစုံတယောက်ကို ရဖို့အရေး ကိုယ့်ပုံစံကို မပြင်နိုင်ပါဘူးနော်  ငါ့အရှိတိုင်းသဘောကျပေးမဲ့သူပဲ ရွေးမှာ "

" ဒါဆို နင်တယောက်ထဲ တသက်လုံး စောင်ကိုက်ပြီးပဲ နေလိုက်တော့ "

" ပျော်ပျော်ကြီးကိုနေလိုက်ဉီးမှာ "

ကျောင်းရောက်ရောက်ခြင်း ဂျောင်ဝူးက ဟာရူတိုနဲ့ ကောင်မလေးတစ်ယောက်က တူတူယှဉ်တွဲလို့ လျှောက်လာတာကို တွေ့လိုက်တယ် ။ ဒါကိုမြင်တော့ အကွက်ကိုစောင့်နေတဲ့ ဆိုယောင်းက

" ဂျောင်ဝူးရေ နင်ပြောတော့ ဟာရူတိုက နင်နဲ့ အဆင်ပြေနေပြီဆို ဟိုမှာ ကြည့်ပါဉီး "

" သူငယ်ချင်းဖြစ်ချင်ဖြစ်မှာပေါ့  "

ဂျောင်ဝူးက ထိုခဏမှာပဲ ပျော်နေတာတွေပျောက်ကွယ်လို့ စိတ်အိုက်လာတယ် ။  အဆာဟီ က " သူငယ်ချင်းပဲနေမှာဆိုပြီး ပြောပေးသလို ယိုရှီကလည်း အများကြီးမတွေးပါနဲ့တဲ့ ... ။
တကယ်တမ်းကျ ဟာရူတိုနဲ့ တစ်ခုခုပတ်သတ်နေတယ်ဆိုရင်ရော သူက ဘာတတ်နိုင်မှာတဲ့လဲ ...
ထိုအတွေးစက ခေါင်းထဲ ဝင်လာတဲ့အခါ ထပ်မံ ခေါင်းငိုက်စိုက်ကျရပြန်တာပဲ.. ။

/////

ဂျောင်ဝူးအတွက် ဒီကနေ့ ရာသီဥတုက မသာယာနိုင်တော့ဘူး ကန်းတင်းရောက်လည်း ထမင်းပန်ကန်ရှေ့ချလို့ ထိုင်နေတာ ဘလောက်ကြာသွားပြီလဲတောင်သူမသိဘူး ။
စိတ်ရှင်းချင်လို့ တွေ့ချင်တဲလူကိုလည်း အရိပ်တောင်မမြင်ရဘူး ။

သူရဲ့မူန်ကုပ်ကုပ်ဖြစ်နေတာကို သူငယ်ချင်းတွေက ကြည့်လိုက်သက်ပြင်းချလိုက်နဲ့ပါပဲ ဘာမှမသိတဲ့ အွန်းဗြောက မနေနိုင်စွာနဲ့ပဲ မေးလာတော့တယ် ။

" ဂျောင်ဝူးက ဘာဖြစ်လို့လဲ "

" သူ့ crush ကောင်မလေးတယောက်နဲ့တွေ့လိုက်လို့လေ "

ဆိုယောင်းက ဝင်ထောက်လာတယ် ။ အဲ့အချိန်မှာ အဆာဟီက တံတောင်နဲ့လှမ်းတွက်လိုက်တာကို အွန်းဗြောက မြင်လိုက်တယ်။

" ဟာရူတိုလား "

အွန်းဗြောရဲ့ စကားကြောင့် အားလုံး က အံ့သြကုန်တယ် ။ အားလုံးရဲ့ မျက်လုံးအကြည့်တွေက ယိုရှီဆီကို တမ်းရောက်ကုန်တယ် ။ အဲ့တော့မှ အွန်းဗြောက ပြာပြာသလဲ

" ယိုရှီ​မပြောပါဘူး အမဒီတိုင်းသိတာ ခန့်မှန်းကြည့်တာပေါ့ "

" အော်အင်း ထားပါတော့ ဟုတ်ပါတယ်ဗျာ "

ဂျောင်ဝူးက ရှေ့ကထမင်းပန်ကန်ထဲက ထမင်းတဇွန်းကို အဖြူထည်တိုင်း ခပ်လို့ ပါးစပ်ထဲထိုးထည့်ရင်းဖြေတယ် ။

" ကောင်မလေးမဟုတ်ဘူးထင်တယ်နော် "

"ဟင် သိနေလို့လား "

ယိုရှီက မေးလိုက်တာပဲ ဖြစ်တယ် ။ အားလုံးက အွန်းဗြော ပြန်ဖြေလာမဲ့ စကားကို စိတ်ဝင်စားစွာနဲ့ စောင့်နေတယ်။

" အင်းသိတယ် အဲတာ သူကောင်မလေးမဟုတ်ပါဘူး ရူတို အစ်မပါ ​သူက အမရဲ့သူငယ်ချင်းဆိုလည်း ဟုတ်တယ် ယူရီတဲ့ စာတမ်းရေးစရာရှိလို့ ကျောင်းကိုလာလေ့လာတာ အစက အမကို လိုက်ပြခိုင်းတာ အမ မနက်က အတန်းရှိနေတာ မအားတာနဲ့မလိုက်ပို့ဖြစ်လိုက်ဘူး "

မောင်နှမတဲ့လား လုံဝကို မထင်ထားမိတာပဲ .. ။

" အား သေပါပြီ ရုပ်ကလုံးဝမှမတူတော့ မောင်နှမလို့ မထင်မိတာ ကျွန်တော်တော့ မိုးကြိုးတွေပစ်ကုန်တော့မှာပဲ "

ဂျောင်ဝူးက ခေါင်းကို ထုသလို ဖိဖိရိုက်ရင်း ငြီးငြူသံလေးနဲ့ပြန်ပြောလာတဲ့အခါ အွန်းဗြောက ရယ်ပါတယ် ။

"  ဟိုဟာလေ မောင်နှမ အရင်းတော့မဟုတ်ဘူး "

အွန်းဗြောစကားကြောင့် အကုန်လုံးက ဟာကနဲ ဟင်ကနဲဖြစ်ကုန်ပြီး ဘာကိုဆိုလိုတာလဲဆိုတာကို ထပ်လို့မေးတယ်။
ဟာရူတိုရဲ့ လက်ရှိ မေမေလေး ဘက်က ပါတဲ့သမီးဖြစ်ကြောင်းနဲ့ သူတိုကဘာမှမတော်စပ်ကြောင်းကို
အွန်းဗြောက ထပ်မံရှင်းပြတယ် ။  ထိုယူရီဆိုတဲ့ ဟာရူတိုရဲ့အမ ဖြစ်သူက စတိတ်ကျောင်းတုန်းထဲက အွန်းဗြောနဲ့ သူငယ်ချင်းတြွေဖစ်ပြီး သူမ အသက် ၁၀ နစ်လောက်မှာ ဟာရူတိုအဖေနဲ့ သူမရဲ့ အမေနဲ့ လက်ထပ်ဖြစ်ခဲ့တာပါဆိုတဲ့အကြောင်းကို ပြောပြတယ် ။

သူတို့စကားဝိုင်းက တဖန်ပြန်လည် တိတ်ဆိတ်သွားတယ် ... ။ အွန်းဗြောက တိတ်ဆိတ်သွားတဲ့သူတို့ကိုကြည့်ပြီး

" ဒီအကြောင်းတွေက ဝမ်းနည်းစရာမဟုတ်ပါဘူး "
"..."
" သူတို့ခြင်းက သိပ်ကိုအဆင်ပြေပြီးတော့ တအိမ်သားလုံး အရမ်းနွေးထွေးကြတာလေ "

"  noona က အကုန်သိတာပဲနော် ကျွန်တော်ကျဘာမှမသိဘူး "

ဂျောင်ဝူးက ဝမ်းနည်းလာတယ် ။ ဟာရူတိုအကြောင်းကိုသူဘာမှမသိဘူး ။ သူ့ထက်အွန်းဗြောက ပိုသိနေတဲ့အပေါ် တခါမှ မဖြစ်ဖူးတဲ့ မနာလို့ခြင်းက ဖြစ်ပေါ်လာတယ် ။ တဆက်မှာလည်း ဟာရူတိုရဲ့ အွန်းဗြောအပေါ်ထားတဲ့ သံယောဇဉ်အတိမ်အနက်ကိုလည်း သူက ရူးကြောင်ကြောင်ခန့်မှန်းကြည့်ရင်း အတွေးများရပြန်ပါတယ်။

//////

အနီရောင်လေးက သူ့ရြေှ့ဖတ်သွားတယ် ။ ခေါက်တုံခေါက်ပြန် လုပ်နေတာဆိုရင် ပိုမှန်လိမ့်မယ် ။ အခုဟာရူတိုက ဆရာ ရုံးခန်းရှေ့မှာ စာတမ်းထပ်ဖို့လုပ်နေတာ ... ။ သူ မသင်္ကာတာနဲ့ စာတမ်းတွေကိုမထပ်သေးပဲ အပြင်ကိုပြန်ထွက်ရင်း ဝေ့ဝဲကြည့်မိတယ် ။ ထောင့်မှာရပ်နေတဲ့ ဂျောင်ဝူးကို တွေ့တယ် ။

" မင်း ဘာလုပ်နေတာလဲ "

ဂျောင်ဝူးက လက်ထဲမှာ စာတမ်းလို့ထင်ရတဲ့ file စာရွက်တွေကို ကိုင်ထားတယ် ။ မဟုတ်မှလွဲရော ...

" မင်း မထပ်ရသေးတာလား "

" ဟီး ဟိုဟာ မနက်က အတန်းချိန်နောက်ကျသွားလို့ ခိုးဝင်လိုက်တာ ငါဝင်လိုက်တဲ့အချိန်မှာ စာတမ်းက ထပ်ပြီးနေပြီ  ဒီနေ့ကျမှ ဆရာကင် ကလည်း ကျောင်းသားတွေကို မခိုင်းဘူး သူကိုယ်တိုင်သယ်သွားတာ "

" အဲ့တာနဲ့ .."

" အပန်းမကြီးရင် ဒါလေးပါပေါင်း ထပ်ပေးပါလားဟင် "

ဂျောင်ဝူးက သံရှည်စွဲလို့ နည်းနည်းချွဲသံပါတဲ့လေသံမျိုးနဲ့ တောင်းဆိုလာတဲ့ အခါ ဟာရူတိုက ရယ်ချင်လာပြန်ရော ... လုပ်ပေးရမှာ မခက်ပေမဲ့လို့ သူကို နည်းနည်းတော့ ရစ်ချင်နေသေးတယ် ။

" လုပ်ပါကွာ မသိမသာလေး ထပ်ပေးခဲ့လေနော် "

ဟာရူတိုကဘအထဲကိုလှမ်းကြည့်လိုက်တော့ ဆရာစားပွဲပေါ်မှာ စာတမ်းအပုံ တပုံကရောက်နှင့်နေပြီးဖြစ်တယ် ။

" ဒတိုင်းမလုပ်ပေးချင်ဘူး အဖိုးအခတော့ ရှိသင့်တယ်မလား  စည်းကမ်းနဲ့မညီတဲ့ အလုပ်တစ်ခုကို ငါလုပ်ပေးရမှာဆိုတော့ "

" ကျစ် ဟာရူတို ... မင်းမညစ်နဲ့လေ
ဘာ ဘာပေးရမှာလဲ "

" beef steak ဝယ်ကျွေးရမယ်  "

" အိုး စာရွက်လေး ချလွက် ဆို တင်ပေးတဲ့ အဖိုးအခက ကြီးလိုက်တာကွာ "

" ဒါဆို မင်းဘာသာ သွားတင်လေ "

သူဘာသာသွားတင်လို့တော့ လုံးဝမဖြစ် ။ ဆရာကင်က စည်းကမ်းကြပ်တဲ့လူ စာတမ်းထပ်ဖို့ဆို အချိန်၁မိနစ်လေးတောင်အစွန်းခံတာမဟုတ်ဘူး ... ဂျောင်ဝူးက စားပွဲမှာထိုင်နေတဲ့ ဆရာကိုတလှည့် ဟာရူတိုကိုတလှည့်ပြန်ကြည့်လိုက်မိတယ်။

စာတမ်းမထပ်ရသေးလို့ ဆရာကင်ရဲ့ ၁၁ နာရီအတန်းချိန် ကို ထိုင်စောင့်ရင်း အဲ့အတန်းကိုတော့ ဆရာကင်ကိုယ်တိုင်စာတမ်းပြန်မသယ်သွားဖို့ ဆုတောင်းနေရတာ ... ကံကောင်းချင်တော့ စာတမ်းတွေ စုပေးတဲ့လူက ဟာရူတိုဖြစ်နေခဲ့ပြီး ကံဆိုးချင်တော့ သကောင့်သားက ရစ်နေပြန်တယ် ။

ကျွေးရတာပေါ့လေ ... သူကိုယ်တိုင်လည်း ဟာရူတိုနဲ့ အတူတူ မစားချင်တာမျိုးမှမဟုတ်တာ ဒါပေမဲ့ ဘာတဲ့ဈေးကြီးပါတယ်ဆိုတဲ့ beef steak ကိုမှ စားချင်တာတဲ့ ..

ဂျောင်ဝူးက အင်တင်တင်လုပ်နေပြီးခါမှ ဝယ်ကျွေးမှာဖြစ်တဲ့အကြောင်း သဘောတူလိုက်တယ် ။ စားချင်တော့လည်း ချက်ချင်း ဆိုသလို ညနေအတန်းပြီးတာနဲ့ သူက ဟာရူတိုကားပေါ်ကိုရောက်နေပြီ ဘယ်လိုတောင် ဗြုန်းစားနိုင်လိုက်တာလဲ .. ဒီလို dinner date လုပ်မယ်မှန်းသိရင် ခပ်မိုက်မိုက်လေး သူဝတ်လာပါတယ် .. အဲ့ dinner date က သူရှင်းရမယ် ဆိုပေမဲ့လည်းပေါ့

" ငါပဲ ဆိုင်ရွေးလိုက်တော့မယ်နော် မင်းကဘောစိမလား "

ဂျောင်ဝူးက ဝယ်ကျွေးရမှာကို နှမြောနေလို့မဟုတ်ပဲ ဟာရူတိုရဲ့ အခုလို အားမနာတမ်းတောင်းစားနေမှုကြီးကို လုံးဝ အံ့သြနေလိုပဲဖြစ်တယ် ။ သူဘာ စကားမှတောင်မပြောနိုင်ဘူး ...

" ဘာတွေ ဒီလောက်တောင် နှမြောတသဖြစ်နေတာလဲ မင်းပဲ ငါ့ကိုကြိုက်တယ်ဆို Date တစ်ခုဖန်တီးပေးနေတာတောင် ရေလိုက်ငါးလိုက်မနေဘူးငါပါးစပ်ကနေ ဒီလိုဖွင့်ပြောရတာ မမိုက်လိုက်တာကွာ မင်းက အန်းဒိတ်ကြီးပဲ "

wtf bro... date တစ်ခုတဲ့လား .... သူ့အိတ်ကပ်ထဲ ငွေစက္ကူတွေနဲ့လေ ... မှာချလိုက်တာ stake တမျိုးထဲမဟုတ်ပဲ ဈေးကြီးတဲ့ ဝိုင်က အစစ်ပါသေးတယ်။ ခက်တာက ဟာရူတို မှာချလိုက်တဲ့ ဝိုင်အနီက သူသောက်လို့မရဘူး ... ။

မကြာခင်မှာပဲ စားပွဲထိုးက အစားအသောက်လာချပြီးတာနဲ့ ပြန်ထွက်သွားတယ် ။

" သောက်လို့ဖြစ်တယ်မလား ငါမပြောမဆို မှာလိုက်တာ "

"ရပါတယ် သောက်သောက် တပုလင်းလုံးကုန်အောင်သောက်နော် မင်း "

"မင်းကမသောက်ဖူးလား"

" ငါ ဝိုင်နီနဲ့ မတည့်ဘူး "

ဒါဆို ဘာလို့ သူမမှာခင်ကတည်း က မပြောတာလဲ .. လူနစ်ယောက်လေးရှိတာ ၂ယောက်လုံး စားလို့သောက်လို့ရတဲ့ဟာမျိုးပဲ မှာသင့်တယ်လေ အခုတော့သူက ဟက်ကော့ကြီးကိုဖြစ်လို့ ..။

ဂျောင်ဝူးက ဝိုင်နီနဲ့မတည့်ကြောင်းပြောပြီး အေးဆေးလေးပဲ အသားကင်ကို လှီးနေတယ် ။ ဟာရူတိုက ဘာစကားမှမပြောပဲ ဂျောင်ဝူးလုပ်သမျှကို ထိုင်ကြည့်နေခဲ့တယ် ။ ဂျောင်ဝူးက အသားကင်ကို စားလို့ရတဲ့အနေလေးတွေ လှီးဖြတ်ပြီးတာနဲ့ဟာရူတိုရှေ့က လုံးဝမှ မထိရသေးတဲ့ အသားကင်ပန်ကန်နဲ့ လဲလှယ်လိုက်တယ် ။

" ဝါး... ဒါမျိုးက လုံးဝ မိန်းကလေးတွေကြိုက်လောက်မဲ့ boyfriend typeမျိုးမလား "

" ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ဒါပေမဲ့ ငါဘယ်မိန်းကလေးကိုမှ မလုပ်ပေးဖူးဘူး "

" ဟက်ထိတယ်နော် "

ဟာရူတိုက ရယ်ရင်းနဲ့ ဂျောင်ဝူး လှီးပေးတဲ့ stake တတုံးကို ယူစားလိုက်တယ် ။ နောက်ပြီး ၁ယောက်ထဲ သောက်ရမဲ့ ဝိုင်ပုလင်းကို နှမြောတသစွာကြည့်ရင်း တခွက်ငှဲ့လို့ဆက်သောက်တယ် ။

" ဘာလို့ဝိုင်နီနဲ့မတည်တာလဲ"

" အခြား အယ်လ်ကိုဟောတော့ ငါသောက်လို့အဆင်ပြေပေမဲ့ ဝိုင်နီသောက်ရင် အနီဖုတွေထွက်လာတာလေ ဆေးရုံပါရောက်တယ်  "

" အော် ဒါမျိုးဆို နဲနဲမှသောက်လို့မဖြစ်ဘူးပေါ့ ဟုတ်ပါပြီကွာ "

ဟိုအကြောင်း ဒီအကြောင်းပြောရင်း သူတို့နှစ်ယောက်ရဲ့ dinner date က ပြန်ရမဲ့အချိန်ကိုရောက်လာတယ် ။ တဝက်တောင်မကျသေးတဲ့ ဝိုင်ပုလင်းကိုတော့ ဟာရူတိုက အိမ်ပြန်သယ်ခဲ့ပါတယ် ။

" မင်းမောင်းလို့ရပါ့မလား သောက်ထားတယ်လေ"

" ငါမမူးပါဘူး အဆင်ပြေပါတယ် ငါတို့ယဉ်ထိန်းရဲတွေမရှိလောက်မဲ့လမ်းကနေပတ်ပြန်လို့ရတာပဲ"

" အိုခေ ဒါဆို ပြန်ကျရအောင် ငါသန့်စင်ခန်းခဏသွားလိုက်ဉီးမယ် "

သန့်စင်ခန်းကနေ အထွက် ငွေရှင်းဖို့ကောင်တာစီရောက်တော့ ဂျောင်ဝူးက ငွေရှင်းဖို့လုပ်တယ် ။
ဟာရူတို ရှေ့မှာ ပိုက်ဆံမရှင်းတာကြောင့်မလို့ ဟာရူတိုက တချက်လှမ်းကြည့်လိုက်မိသေးတယ် ။ ဟာရူတိုက ခုံပေါ် လက်ညိုးတချက်ချက်လူပ်ခါရင်း ဆိုင်ထဲပျံလွင့်နေတဲ့ ballad song တပုဒ်ကို နားထောင်နေတယ် ။ သူက card ကို ထုတ်ပြီးငွေရှင်းဖို့ ထိုးပေးနေတဲ့အချိန်မှာ ကောင်တာမှ ဝန်ထမ်းကောင်မလေးက သူ့ကို ကြောင်လို့ကြည့်နေတာနဲ့ဆုံတယ်။

" ဧည်သည်ရှင့် အစ်ကိုတို့ စားပွဲဝိုင်းအတွက်က အစ်ကိုနဲ့ တူတူလာတဲ့တစ်ယောက်က ငွေရှင်းပြီပါပြီ "

" ဗျာ "

သူက ဗျာနေတဲ့ ချိန်မှာပဲ ဟာရူတိုက သူ့နောက်ကိုရောက်လို့လာတယ် ။ ပြီးတော့ သွားရအောင်ဆိုပြီး သူ့နားနားကပ်လို့ပြောတယ် ။ ရှည်လှပါတယ်ဆိုတဲ့ ဂျောင်ဝူးရဲ့အရပ်က ၅ပေ၁၁လက်မ ရှိတယ် ဒါပေမဲ့ ဟာရူတိုရဲ့ အရပ်နဲ့ ယှဉ်လိုက်တဲ့အခါ သူကဟာရူတိုရဲ့အုပ်မိုးခြင်းကိုခံနေရတယ် ။
ကောင်တာ ဝန်ထမ်းမလေးရဲ့ မျက်နှာက နီရဲလို့နေပြီး ဟိုဘက်ခြမ်းကို မသိမသာလေးလှည့်သွားခဲ့တယ် ။ ဟာရူတိုက အဲ့ကျမှ ရိပ်မိပြီး ဂျောင်ဝူးနားကနေ ပြန်ဖယ်လို့ ရှေ့ကနေဉီးဆောင်ထွက်သွားတယ် ။ အင်တင်တင်နဲ့ သံစုံတီးဝိုင်းလိုဖြစ်နေခဲ့တဲ့ ရင်ဘက်ကို ဖိရင်း ကျန်ခဲ့ရသူကတော့ ဂျောင်ဝူးပဲ ဖြစ်တယ် ။

Continue Reading

You'll Also Like

10.8K 1.2K 10
ကိုကိုက မင်းအတွက် "Safe Zone"​လေး ဖြစ်​ပေးမယ် 𝐄𝐭𝐡𝐚𝐧 𝐱 𝐉𝐚𝐲 𝐌𝐞𝐝𝐢𝐚_𝐜𝐫𝐝
631K 23K 97
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1M 39.5K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
236K 15.1K 47
T R E A S U R E Watanabe Haruto - Park Jeongwoo wherein Park Jeongwoo is a son of a maid working for the "Kang Family". The only thing he ever wan...