SUN { Season 1 }

By AKA_404

1.6M 110K 14.2K

Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More

Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
SUN { 74 }
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )

SUN { 59 }

2.4K 148 10
By AKA_404

ဝေယံ အိပ်ရာမှ နိုးတော့ အချိန်က နောက်ကျနေခဲ့ပြီ။
    
သို့သော် ချစ်ရသူနှင့် ပြန်လည် သင့်မြတ်ပြီး ရင်ဖိုစရာ ကောင်းသည့် ည တစ်ညကို ပိုင်ဆိုင်ခွင့် ရခဲ့တာကြောင့် စိတ်ထဲမှာ ကြည်နူး အေးချမ်းနေ၏။ နှုတ်ခမ်းများကပါ ထိန်းမရအောင် မခို့တရို့ ပြုံးမိနေသည်။

ဝေယံ မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းသွားတော့ ထမင်းစားခန်းမှာ အိမ်အကူများ ပြင်ဆင်ထားသည့် မနက်စာပင် အဆင်သင့် ဖြစ်နေပြီ။ နေမင်းကြီးကို ထမင်းစားပွဲမှာ အာကာဟိန်းထက်နှင့် စကားပြောနေတာ တွေ့ရ၏။

ဝေယံ အံ့သြသွားသည်။

"ဒီစားသောက်ဆိုင်ဆို ဘယ်လိုလဲ၊ ညမြင်ကွင်း ကောင်းတယ်၊ တိတ်ဆိတ်ပြီး လူ ရှင်းတယ်"

"အင်း . . မဆိုးဘူးဘဲ၊ ဒါပေမယ့် . . အပြင်အဆင်က ရိုးလွန်းနေတယ်၊ ဆိုင် မန်နေဂျာနဲ့ တစ်ချက် ညှိပြီး နည်းနည်းလောက် ဖန်တီးကြည့်ရင် ကောင်းမလား၊ ဖန်ကန်ထဲမှာ အလှမွေး ငါး ထည့်တာ ဖြစ်ဖြစ် . . ၊ ပန်းတွေနဲ့ အလှဆင်တာ ဖြစ်ဖြစ် . ."

နှစ်ယောက်သားမှာ ပူးပူးကပ်ကပ်။
ရန်လိုခြင်း မရှိ။ အပေးအယူ မျှနေကြသည်။    
   
"ယောကျာ်းလေးက ပန်းနဲ့ သင့်တော်ပါ့မလား၊ ဝေယံက ပန်း ကြိုက်မှန်း ငါ သိပေမယ့် . . အား"

နေသူရိန်မင်းခန့် စကား ဆက်ပြောနေသည့် အာကာဟိန်းထက် ခြေထောက်ကို မသိမသာ ဖြတ်ကန်လိုက်သည်။ ဝေယံ လာနေတာကို မျက်လုံးထောင့်မှ ဖျတ်ခနဲ မြင်လိုက်ရတာကြောင့် ဖြစ်သည်။ သူတို့ ဆွေးနွေးနေသည့် အကြောင်းအရာတို့ကို ဝေယံ သိလို့ မဖြစ်။

သို့သော် အာကာဟိန်းထက်မှာ တကယ် နာသွားရသည်။

"ဘာတွေ ပြောနေကြတာလဲ"

ထမင်းစားပွဲတွင် ဝေယံ ဝင်ထိုင်လာသည်။ ဝေယံက နေသူရိန်မင်းခန့်နှင့် မျက်နှာချင်းဆိုင် နေရာတွင် ထိုင်ခြင်း ဖြစ်သည်။။ အာကာဟိန်းထက်က သူတို့ နှစ်ယောက် အလယ်မှာ။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး"

နေသူရိန်မင်းခန့် ဖြေလိုက်သည်။

"ဟုတ်လို့လား၊ ကြည့်ရတာတော့ ငါ မသိသင့်တဲ့ အကြောင်းအရာ တစ်ခုခုကို ပြောနေကြသလိုပဲ၊ မဟုတ်မှလွဲရော . . ငါ့မကောင်းကြောင်းတွေများ ပြောနေကြတာလား"

"မဟုတ်တာဘဲ ယံရာ၊ ယံနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ပြောဖို့ ယံ့ဆီက မကောင်းတဲ့ ချွတ်ယွင်းချက်လေး တစ်ခုတောင် ကျွန်တော် ရှာမရပါဘူး"
    
"ရှာရရင်တော့ ပြောမယ် ဆိုတဲ့ သဘောပေါ့"    

"ယံနဲ့တော့ ခက်တော့တာပဲ၊ ယံ မသိဘူးလား . . ၊ ယံက ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ဖြစ်တည်မှုမျိုးလေ၊ ကမ္ဘာပေါ်မှာ အခမ်းနားဆုံးလို့ လူတွေ တင်စားထားတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေတောင် ယံနဲ့ ယှဉ်ရင် ရှုံးသွားရလောက်အောင်အထိ ယံ့က ကျွန်တော့် မျက်လုံးထဲမှာ သိပ်ကို ခမ်းနား လှပနေတာ"
    
အာကာဟိန်းထက် ကော်ဖီကို တစ်ငုံ့ သောက်ကာ နေသူရိန်မင်းခန့်ကို စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ ဒီစားပွဲမှာ သူက ကြားလူ ဖြစ်နေတာကြောင့် ချစ်ရည်ရွှန်းသည့် စကားများကို သူပါ ရောယောင် နားထောင်နေရသည်။

"အကဲပိုလိုက်တာနော်"

ဝေယံ ပြုံးစစ ပြောသည်။

"တကယ်က အချစ် ပိုတာပါ ယံရာ"

နေသူရိန်မင်းခန့် ဝေယံ၏ ညာဘက် လက်ကလေးကို ပင့်ယူရင်း လက်ဖမိုးကို နှုတ်ခမ်းများဖြင့် ကြင်နာစွာ နမ်းရှိုက်လိုက်သည်။ ဝေယံ ရှက်စနိုး ရယ်ကာ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။

အာကာဟိန်းထက် ဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့။

နေမင်းကြီးနှင့် အလှလေးသည် မနေ့ညမှ လောလောလတ်လတ် ရန်ဖြစ်ထားသည့် စုံတွဲတွေ မဟုတ်သည့်အလား မျက်စိ ရှေ့တည့်တည့်မှာ မျက်နှာတောင် မထောက်။ နှစ်ဦးတည်း ကမ္ဘာ တည်ရင်း ပျော်ပျော်ကြီး ချစ်ကြည်နူးနေကြသည်။ အာကာဟိန်းထက်မှာ လူ တစ်ယောက် မဟုတ်ဘဲ အရုပ် တစ်ရုပ် ဖြစ်နေသလို။ သူ ခံရခက်သွားသည်။

"မင်းတို့ကောင်တွေ . . ငါ တကယ် မပြောတော့ဘူး လုပ်ထားပေမယ့် . ."

"ဒါဆို မပြောနဲ့"

နေသူရိန်မင်းခန့် ချက်ချင်း စကား ဖြတ်ပြောသည်။ ပြောရမည့် စကားများမှာ အာကာဟိန်းထက် လည်ချောင်းထဲ နင်သွားတော့၏။ 

ဝေယံ ခပ်သဲ့သဲ့ ရယ်သည်။

"အခုတော့ မတည့်တော့ဘူးနော်၊ စောစောကတော့ တစ်သက်လုံး ချစ်လာကြတဲ့ ညီအစ်ကိုတွေကျနေရော . . ၊ အပေးအယူ မျှနေကြတာ၊ အခု ဘယ်လိုများ ဖြစ်ရတာလဲ"

"မင်း သိတဲ့အတိုင်းပဲ၊ ဒီကောင်က လိုမှ ချိုလေ၊ မလိုရင်တော့ တမာထက်တောင် ခါးတယ်"

"ဒါတော့ ငါ ထောက်ခံတယ် . . ၊ ကျေးဇူးပဲနော်"
    
ဝေယံက အာကာဟိန်းထက် စကားကို သဘောတူ ထောက်ခံရင်း မနက်စာ လာချပေးသည့် အိမ်အကူလေးကို အပြုံးဖြင့် ကျေးဇူးတင် စကား ဆိုသည်။ နှစ်လိုဖွယ် ကောင်းသည့် ကောင်ကလေး တစ်ယောက်၏ အပြုအမူမျိုး ဖြစ်သည်။
    
ဝေယံက စပို့ရှပ် ပန်းနုရောင်လေးကို ဝတ်ထားသည်။ အင်္ကျီ ရင်ဘတ်မှာ ပြုံးနေသည့် စတစ်ကာလေးက သူ၏ အပြုံးရိပ်နှင့် ဆင်တူ၏။ အဖြူရောင် များပြီး ဘေးစွန်းမှာ အနက်ရောင် လိုင်းတို့ ပါသော ပေါင် အထက် ဘောင်းဘီတိုလေးက ပုံမှန်ထက် တိုနေသယောင် ရှိသည်။ ဖြူစင်း သွယ်လျသော ပေါင်တံများက အနည်းငယ် သွေးရောင်သန်းလျက်။ ငုံထားချင်စရာ ကောင်းသည့် အသည်းယားဖွယ် အလှမျိုးကို ပိုင်ဆိုင်ထား သူ ဖြစ်သည်။

ယခုလို ဂဂျိုးဂဂျောင်နိုင်သည့် အခြေအနေမျိုးမှာတောင် ဝေယံ အလှကို အာကာဟိန်းထက် သတိထားမိသည်။ နေမင်းကြီးလည်း ထပ်တူ သတိထားမိနေလိမ့်မည်။ သူ အကဲခတ်ကြည့်တော့ နေသူရိန်မင်းခန့်က ထမင်းစားပွဲပေါ် လက် ထောက်လျက် လက်သီးဆုပ် နှစ်ခုပေါ် မေးဖျား တင်ကာ ကိုယ်ကို ရှေ့သို့ ကိုင်းရင်း အလှလေးကို ငေးကြည့်နေခဲ့သည်။

ငေးကြည့်နေသော မျက်လုံးတွေက လက်တွဲဖော် တစ်ယောက်၏ အလှကို ကျေနပ် ဝင့်ကြွားသော ခင်ပွန်း တစ်ယောက်၏ အကြည့်များထက် ပိုလျှံနေသည်။
    
မြတ်နိုးစွာ တန်ဖိုးထားမှု။
    
အဲ့ဒီမျက်လုံးတွေထဲမှာ လက်တွဲဖော် တစ်ယောက်အား မြတ်နိုးစွာ ချစ်ပြီး လေးနက်စွာ တန်ဖိုးထားသော ခင်ပွန်း တစ်ယောက်၏ အချစ်ရိပ်တို့ကို ကြည်လင်နေသော ကန်ရေပြင်ပမာ အတားအဆီး မရှိ ရှင်းလင်းစွာ ထိုးဖောက် လှမ်းမြင်နေရသည်။

"ယံ . . မြေပုံ တစ်ပုံလောက်များ ရှိလား"

"မြေပုံ . . ၊ ဘာလုပ်ဖို့လဲ"

"ယံ့အလှမှာ ကျွန်တော် လမ်းပျောက်နေလို့လေ"

ဝေယံ လွှတ်ခနဲ ပြုံးမိသွားသည်။

"စုံတွဲတွေများ ချစ်ကြရင် အရှက်ကို မရှိဘူး"

အာကာဟိန်းထက် ဆောင့်ဆောင့်အောင့်အောင့် ပြောမိသည်။ နှစ်ဦးသား၏ အပြုအမူများ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားဖို့ မျှော်လင့်ချက် ဖြစ်သည်။ သို့သော် နေမင်းကြီးမှာ အရေးမလုပ်။ ဝေယံ ပါးပြင်ကို ဖွဖွထွေးထွေး လှမ်းကိုင်ရင်း အမိအရ နမ်းရှိုက်ဖို့ပင် ကြိုးစားနေလေသည်။ သူ စိတ်ညစ်သွားသည်။

"နေကြပါဦး၊ မင်းတို့ အကြင်နာမိုး စွေတော့မယ် ဆိုရင် ငါ ရှောင်ပေးပါ့မယ်"

ထို့နောက် စားပွဲမှ ဝုန်းခနဲ ထရပ်လိုက်သည်။ နေမင်းကြီးက ချက်ချင်း မော့ကြည့်လာသည်။ သို့ရာတွင် အမြင်ကတ်စရာ အပြုံးက ပျောက်မသွား။ အာကာဟိန်းထက်၏ စိတ်ရှုပ်နေသော မျက်နှာကို အရသာခံ ထိုင်ကြည့်နေသည်။ ပြုံးကြည့်နေပုံက တစ်ခါမှ ဒီလောက် အရသာ မရှိခဲ့သလို နှိမ်ချင်သည့် အကြည့်ပဲ ဖြစ်သည်။

"မင်းအတွက် တူလေး တစ်ယောက်လောက် လိုချင်လား အာကာဟိန်းထက်၊ ငါတို့ မွေးပေးရမလား"
    
"တော်စမ်းပါ"

အာကာဟိန်းထက် အလွန်တရာမှ စိတ်ဆင်းရဲလှသည့် မျက်နှာထားဖြင့် ထမင်းစားခန်းမှ အမြန် ရှောင်ထွက်လာခဲ့သည်။ သူ ဧည့်ခန်းကို ရောက်တော့ အပေါ်ထပ်မှ ဆင်းလာသည့် နန်းယုဝေနှင့် ထိပ်တိုက် ဆုံ၏။
    
နန်းယုက အသားရောင် ဂါဝန် ဖျော့ဖျော့လေးကို ဝတ်ထားသည်။ ဂါဝန်က ပါးပါးလေး။ သို့သော် နှစ်ထပ် ဖြစ်သည်။ အောက်တစ်ထပ်က ဝတ်စုံပျော့။ အပေါ် တစ်ထပ်က ဇာပါး။ ဇာအပေါ်၌ ဒေစီပန်း အသေးလေးများကို ကနုတ်သဖွယ် ပန်းထိုးထားလျက် ရှိသည်။ ကုပ်ဝဲ ဆံပင်လေးကိုတော့ နား အနောက် သွင်းထား၏။ နားထင်စပ် နှစ်ဖက်ဆီတွင် မတိုမရှည် ဆံနွယ်များ ကပိုကရို နွယ်စင်းကျလျက်။

"အိုဟားယိုး . ."

နန်းယု ညင်သာစွာ ပြုံးလျက် နှုတ်ဆက်သည်။ ပြုံးလိုက်သောအခါ သူမ ပါးဖောင်းဖောင်းလေးက ပိုပြီး ပြည့်သွားသည်။ ချစ်စဖွယ် ကောင်းသည့် သက်ရှိ အရုပ်ကလေး တစ်ရုပ်သဖွယ်။
    
ဟိုးအရင်တုန်းက သူမ အပြုအမူ တစ်ခုချင်းစီကို နီးနီးကပ်ကပ် မြင်ခဲ့ရသော်လည်း ထူးဆန်းသော ခံစားချက်တို့ မရှိခဲ့။ ယခုအခါ သူမ အပြုံးကြောင့် အာကာဟိန်းထက် နှလုံးသားမှာ နွေးထွေး ပျော့ပျောင်းသည့် ခံစားချက် တစ်ခု ရုတ်ခြည်း ဖြစ်တည်လာ၏။ သူ သူမကို စူးစူးစိုက်စိုက် ကြည့်မိသွားသည်။

"ဦး . . ၊ တစ်ခုခု ပြောပါဦး"

နန်းယု၏ ကြည်လင်သော မျက်ဝန်းများကို အာကာဟိန်းထက် ငေးနေမိကာ နှုတ်ဆက်ဖို့ မေ့နေသည်။ သူမက အာကာဟိန်းထက် အကြည့်ဒဏ်ကို မခံနိုင်စွာ ရှက်စနိုး ပြုံးလျက် တစ်ဖက်သို့ မျက်နှာ လွှဲလိုက်၏။ နန်းယု မျက်လုံးလေးတွေ ချက်ချင်း ပြူးကျယ်သွားသည်။

"ယုဝေ"

မာထန် လှုပ်ခတ်သော နေသူရိန်မင်းခန့် အသံကြောင့် အာကာဟိန်းထက် သတိကပ်သွားသည်။ ကမန်းကတန်း ဝဲဘတ် ရင်ဘတ်ကို ဖိမိသွားသည်။
    
မဖြစ်ရဘူး။
    
အဲ့ဒီလို မဖြစ်ရဘူး။
    
ကိုယ်တွင်းမှာ ခုန်နေသော နှလုံး၏ အသံကို ပီပြင်စွာ ကြားရသလို ရှိသည်။ ထိုနှလုံး ခုန်သံက ပို၍ ပို၍ ဆူညံလာသည်။ ဒီလို ခံစားချက်မျိုး သူ မလိုချင်။ ထိုခံစားချက်ဟာ ဘဝ တစ်လျှောက်လုံး ပြန်ပြောင်းလို့ မရသော မှားယွင်းမှု တစ်ခုကို ဖြစ်စေလိမ့်မည်။
   
သူသည် တစ်စုံတစ်ယောက်ကို ချစ်လို့ မရသော ဖြစ်တည်မှုမျိုး ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ထဲမှာ ပူနွေးစွာ ပေါက်ကွဲနေသော နှလုံးသား၏ ဆူညံသံကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မရ။ သူသည် သူ မဟုတ်သလို ခံစားရ၏။ အာကာဟိန်းထက် ခါးသီးစွာ နာကျင်သွားသည်။

တော်လိုက်တော့ . . .

အသံကုန် အော်ဟစ်ပစ်လိုက်မိသည်။ သို့သော် နှုတ်ခမ်းဝမှ ဘယ်လို အသံမျိုးမှ ထွက်မလာခဲ့။ သို့ရာတွင် ဆူညံနေသော နှလုံးခုန်သံက ဗြုန်းခနဲ ရပ်တန့်သွားသည်။
    
သူ ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။

နန်းယုဝေ မရှိတော့။ သူမက လှေကားနှင့် ကပ်လျက် ဝဲရာ အခြမ်းမှ သန့်စင်ခန်းတွင် ဝင်ပုန်းနေသည်။ နေမင်းကြီး ဆူမည်ကို ကြောက်၍ ဖြစ်သည်။ သို့သော် နေသူရိန်မင်းခန့်က ပိတ်ထားသည့် တံခါးအား ဝုန်းခနဲ ဆွဲဖွင့်ကာ နန်းယုကို ဆွဲမလာ၏။ သေးကွေး ပိစိသည့် သူမ ကိုယ်လုံးလေးက နေမင်းကြီး ညာဘက် လက်ပေါ်တွင် ပေါ့ပေါ့ပါးပါး ပါလာသည်။

"ယုဝေ . . ဖေကြီးကို စိတ်ဆိုးတိုင်း အိမ်သာထဲ သွားမနေနဲ့၊ တချို့ ပြဿနာတွေက ချီး စားတိုင်း အဆင်မပြေဘူး"

"ဝွန်း . .ဖေဖေကြီးကလဲ"

နန်းယု အပြုံးလျော့လျော့ဖြင့် မျက်မှောင်ကြုတ်သည်။

"နန်းလေးက အိအိ မစားပါဘူး"

အာကာဟိန်းထက် မတ်တတ်ရပ်နေရာမှ ကိုယ်ဟန်ကို ပြင်လျက် ဧည့်ခန်းရှိ ဆိုဖာတွင် ထိုင်လိုက်သည်။ နေသူရိန်မင်းခန့်က မျက်စောင်းထိုးမှ ခုံတွင် ဝင်ထိုင်လာသည်။ သို့သော် သမီးဖြစ်သူကို ဆိုဖာပေါ် မချ။ ပေါင်ပေါ်မှာပဲ ထိုင်စေသည်။

"ဒါလင် . . သမီးကို မဆူပါနဲ့နော်၊ ဆူတာက ပြဿနာကို ဖြေရှင်းရာ မရောက်ဘူး"
    
ဝေယံက မနက်စာ စားနေရင်းမှ စိတ်ပူစွာ သတိပေးသည်။ 
    
"အော်ငေါက်တာက ကလေးရဲ့ ဦးနှောက်ကို ထိခိုက်စေတယ်၊ စိတ်ဓာတ်ကျခြင်းတွေ . . နာကျင်မှုတွေကို ဖြစ်စေတယ်၊ နေမကောင်း ဖြစ်တာတွေ အပြုအမူ ဆိုးဝါးတာတွေပါ ဖြစ်လာနိုင်တယ်"

"ကျွန်တော် သိပါတယ်၊ သမီးကို မဆူပါဘူး၊ အကျိုးသင့် အကြောင်းသင့် မေးမြန်း ဖျောင်းဖျရုံပါပဲ၊ အဲ့ဒါကြောင့် မစိုးရိမ်ပါနဲ့"

"ဟုတ်ပြီ"

နေသူရိန်မင်းခန့် ဝေယံ့ကို စောင်းငဲ့ ပြုံးပြပြီးနောက် ပေါင်ပေါ် ထိုင်နေသော သမီးဖြစ်သူကို ငုံ့ကြည့်လိုက်သည်။ နန်းယုက စူးစူးလေး ရယ်ကာ မျက်နှာချိုသွေး၏။ နေသူရိန်မင်းခန့် မျက်နှာထား တင်းတင်းဖြင့် ရယ်လိုက်မိသည်။

"ဒီတော့ ပြောပါဦး၊ အာကာဟိန်းထက်ကို ဘာကြောင့် ကြိုက်ရတာလဲ"

နန်းယုက ခပ်လှမ်းလှမ်းမှ အာကာဟိန်းထက်ကို တစ်ချက် လှမ်းကြည့်သည်။ ကြည့်နေပုံက မျက်နှာရိပ် မျက်နှာကဲ ဖတ်နေသလို။ အာကာဟိန်းထက်က ခြေ တစ်ဖက် ချိတ်ထိုင်ကာ တည်ငြိမ်သော အမူအရာဖြင့် သူမ အဖြေကို စောင့်နေဟန် ရှိသည်။

"နန်းက ဦးကို မကြိုက်ပါဘူး"

နေသူရိန်မင်းခန့် မျက်မှောင်ကြုတ်သွားသည်။
    
ဒီကောင်မလေး လိမ်ပြောတော့မှာလား။

"ချစ်တာ . . ၊ နန်းက ဦးကို ချစ်တာ၊ ချစ်တာနဲ့ ကြိုက်တာက မတူဘူးလေ၊ ဖေဖေကြီးက ဒါလေးတောင် မသိဘူးလား"

နေသူရိန်မင်းခန့် မျက်ခုံးပင့် ကြည့်မိသွားသည်။ သူမ ပြောနေပုံက " ဖေဖေကြီးက ဖေဖေရဲ့ ယောကျာ်း လုပ်နေပြီး ချစ်တာနဲ့ ကြိုက်တာလေးတောင် ကွဲကွဲပြားပြား မသိဘူးလား၊ ညံ့ပါ့ " ဟု ပြောနေသလို။ တကယ်ကို မလွယ်ကြော။ နည်းနည်းလေးမှ လျှော့တွက်လို့ မရ။

"ဟုတ်ပြီ၊ မေးခွန်း ပြောင်းမေးပေးမယ်၊ အာကာဟိန်းထက်ကို ဘာကြောင့် ချစ်ရတာလဲ"

နေသူရိန်မင်းခန့် မေးတော့ အင်တင်တင် လုပ်နေပြန်သည်။
    
"ဖြေမှ ဖြစ်မှာလား"

"ဖြေမှ ဖြစ်မှာပေါ့၊ ဒါကြောင့် မေးနေတာပဲလေ"
    
"ဘာလို့လဲ . . ၊ ချစ်ရင် ဒီတိုင်းလေးပဲ ချစ်နေလို့ မရဘူးလား၊ ချစ်ရတဲ့ အကြောင်းပြချက် သေချာပေါက် ရှိမှ ဖြစ်မှာလား"

"သေချာပေါက် ရှိရမှာပေါ့၊ အကြောင်းပြချက် မရှိတဲ့ အချစ်က မခိုင်လုံဘူးလေ၊ စိတ်ကစားတာလို့ပဲ သတ်မှတ်ရလိမ့်မယ်"

"ဒါဆို ဖေဖေကြီးကရော ဖေဖေ့ကို ဘာလို့ ချစ်တာလဲ"

ထိုမေးခွန်းကို မျှော်လင့်မထား။ နေသူရိန်မင်းခန့် အကျပ်ရိုက်သွားသည်။ ဝေယံ ခပ်ကျိတ်ကျိတ် ရယ်၏။

"တွေ့လား၊ ဖေဖေကြီးလည်း မဖြေနိုင်ဘဲနဲ့"

နန်းယုက ပိုင်ပိုင်နိုင်နိုင် ပြောသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး ကိုးနှစ် သမီး တစ်ယောက်၏ ခံယူချက်ကို နေသူရိန်မင်းခန့် နားမလည်နိုင်တော့။ သမီးဖြစ်သူက ထင်ထားတာထက် ထက်မြက်နေသည်။ အရှောင်အတိမ်းပါ ကျွမ်းကျင်လွန်း၏။

"ဖေကြီးကို မေးခွန်းတွေ ပြန်မထုတ်စမ်းနဲ့ . . ယုဝေ၊ ဖေကြီး မေးတာပဲ ကောင်းကောင်း ဖြေ"

နေသူရိန်မင်းခန့် စိတ်ရှုပ်ထွေး နောက်ကျိစွာ ပြောလိုက်သည်။ နန်းယု ချက်ချင်း ငြိမ်ကျသွားသည်။

"ဟုတ်ကဲ့"

ဝေယံ ထမင်းစားခန်းမှ ထွက်လာပြီးနောက် သမီးဖြစ်သူကို ဒိန်ချဉ်နှင့် သစ်သီးတို့ ရောထားသည့် မနက်စာ ပန်းကန် ကမ်းပေးသည်။ ကီဝီသီးနှင့် စတော်ဘယ်ရီ အလုံးလေးများက ဒိန်ချဉ်ဖြူဖြူထဲမှာ နစ်မြှုပ်လျက်။ ပထမတော့ နန်းယုက ဒိန်ချဉ်ကို စတီးဇွန်း အသေးလေးဖြင့် ကော်ကာ အပီအပြင် စားဖို့ လုပ်၏။ နောက်မှ စိတ်ကူး ပြောင်းပြီး နေသူရိန်မင်းခန့်ကို ပန်းကန် ထိုးပေးကာ ခွံကျွေးဖို့ ပူဆာသည်။

မတတ်နိုင်။ သူ ခွံကျွေးလိုက်ရသည်။

ဝေယံက အာကာဟိန်းထက် နံဘေးမှာ ထိုင်ပြီး သူတို့ သားအဖ နှစ်ယောက်ကို သဘောကျစွာ ပြုံးကြည့်သည်။

"ဒီလိုကျတော့လည်း ချစ်စရာလေးကို . . ၊ ပြောစကား နားမထောင်တာ ခက်တယ်၊ အာကာဟိန်းထက်ကို မကြိုက်လို့ မရဘူးလား၊ သမီးက ငယ်သေးတယ်လေ"

နေသူရိန်မင်းခန့် သမီးဖြစ်သူ နှုတ်ခမ်းမှာ ပေနေသော ဒိန်ချဉ်ကို လက်မထိပ်ဖြင့် သုတ်ပေးရင်း တောင်းဆိုသည့် လေသံမျိုးဖြင့် ပြောမိသည်။ နန်းယုက ခေါင်းခါ၏။

"မရဘူး၊ အချစ်က လူသုံးကုန်ပစ္စည်းမှ မဟုတ်ဘဲ၊ အသုံးမလိုဘူး ဆိုပြီး ချောင်ထိုးထားလို့မှ မရတာ"

ရယ်မောသံ သဲ့သဲ့ ကြားရသည်။ အာကာဟိန်းထက်ဆီမှ ဖြစ်သည်။ မနိုင်ဘူး ဟု သိသာသည့် ရယ်သံမျိုး ဖြစ်သည်။ လှမ်းကြည့်နေသော အကြည့်များက နေမင်းကြီးအား မကြာခင် ရှုံးတော့မည် ဟု ပြောနေသလို။ သို့သော် နေသူရိန်မင်းခန့် လက်မလျှော့။

"အချစ်က သမီး ဖတ်နေကျ နတ်သမီး ပုံပြင်တွေလောက် မရိုးရှင်းဘူး ယုဝေ၊ စိတ်ထား ဖြူစင်ပြီး ချစ်စရာ ကောင်းတဲ့ မိန်းကလေးတွေကို အသက်ထက်ဆုံး ချစ်မြတ်နိုးသွားတဲ့ မင်းသားလေးတွေက ပုံပြင်ထဲမှာပဲ ရှိတယ်၊ အပြင်မှာတော့ . . အလှမ်းဝေးလွန်းတဲ့ မင်းသားလေးကို ငေးကြည့်နေရင်းနဲ့ပဲ သမီး ဘဝကို တစ်ယောက်တည်း အထီးကျန်ကျန် ဖြတ်သန်းသွားရလိမ့်မယ်၊ ပင်လယ်လို မာယာ များတတ်တဲ့ ယောကျာ်းတွေရဲ့ စိတ်ထားကို သမီးက ဘယ်သိဦးမလဲ"

နန်းယု ပြုံးသည်။
    
ယုံကြည် စိတ်ချသည့် အပြုံးမျိုး ဖြစ်သည်။

"နန်း သိတဲ့ ဦးကတော့ ဒီလို မဟုတ်ပါဘူး၊ မဟုတ်ဘူး ဆိုတာလည်း ယုံတယ်၊ ဦးကို ချစ်ရတာ နန်း ပျော်တယ်"

"အချစ်က အစတော့ ပျော်စရာ ကောင်းမှာပေါ့၊ ဒါပေမယ့် ဖြည်းဖြည်းချင်း နက်ရှိုင်းလာတဲ့အခါ . . နောက်ဆုံးမှာ နာကျင်ရလိမ့်မယ်"

နေသူရိန်မင်းခန့် ရှိသမျှ ဉာဏ်စွမ်းဖြင့် သမီးဖြစ်သူကို ဖျောင်းဖျဖို့ ကြိုးစားသည်။ အာကာဟိန်းထက်က ဆိုဖာ လက်ကိုင်ပေါ် မေးထောက်လျက် သူတို့ နှစ်ယောက်ကို ခပ်ငူငူ ငေးကြည့်နေခဲ့သည်။
    
ပုံမှန်ထက် အရောင် ဖျော့နေသော မျက်ဝန်းများက စိတ် ထိခိုက်သွားသလို ရှိသည်။ အချစ်၏ နာကျင်သော ရိုက်ချက်ကို အာကာဟိန်းထက် မခံစားဖူးလောက်ဘူး ဟု နေသူရိန်မင်းခန့် ထင်ထားခဲ့သည်။ ကြည့်ရတာ သူ မှားသွားပုံ ရသည်။
   
"သမီးက ငယ်သေးလို့ နားမလည်တာပဲ ဖြစ်လိမ့်မယ်၊ ဖေကြီး ပြောပြမယ်၊ အာကာဟိန်းထက်ကို ချစ်နေရမှ မဟုတ်ဘူး၊ တခြား အရာတွေကလည်း သမီးကို ပျော်အောင် လုပ်ပေးနိုင်တယ်၊ ဒီဘဝမှာ ပျော်ရွှင်ဖို့ နည်းလမ်း အများကြီး ရှိတယ်"
       
"ဒီဘဝမှာ ပျော်ရွှင်ဖို့ နည်းလမ်း အများကြီး ရှိတယ် ဆိုတာ နန်း သိပါတယ်၊ ဒါပေမယ့် နန်း ပျော်ရွှင်နိုင်ဖို့ တကယ် လိုအပ်တာက ဦးပဲ၊ ဦးသာ မရှိရင် နန်းက မပျော်ရွှင်တဲ့ မြစ်မှာ ပေါလောပေါ်နေတဲ့ အထီးကျန်ခြင်း သင်္ဘောကြီး ဖြစ်သွားလိမ့်မယ်"

နေသူရိန်မင်းခန့် ကိုယ့်နဖူးကိုယ် ပြန်ရိုက်ချင် စိတ် ပေါက်သွားသည်။ ဒီလို စကားတွေ သူမ ဘယ်က သင်လာတာများလဲ။ တကယ်ကို ပြောလို့ မနိုင်တော့။

"ဖေဖေကြီး . . နန်းကို မတားပါနဲ့၊ ဒီဘဝမှာ ဦးနဲ့ ဆုံဖို့ လွယ်တာ မဟုတ်ဘူး"

နန်းယု ဖခင်ဖြစ်သူထံမှ မျက်လုံး အကြည့် လွှဲကာ အာကာဟိန်းထက်ကို လှမ်းကြည့်သည်။ ဝေယံက ဘာမှ ဝင်မပြော။ သားအဖ နှစ်ယောက်၏ အခြေအနေကို စာမေးပွဲ ရလဒ် စောင့်သလို စိတ်လှုပ်ရှားစွာ ငြိမ်လျက် စောင့်ကြည့်နေခဲ့သည်။
    
"ဘာကြောင့်ဆို . . ကမ္ဘာပေါ်မှာ လူပေါင်း ခုနစ်ထောင့် ခုနစ်ရာ မီလီယံ၊ နိုင်ငံပေါင်း နှစ်ရာ့လေး နိုင်ငံ . . ၊ ကျွန်းဆွယ်ပေါင်း ရှစ်ရာ့ ကိုးဆယ် ခု ရှိတယ်၊ လူ့ တစ်ဘဝမှာ လူပေါင်း နှစ်ဆယ့်ကိုး သန်းနဲ့ တွေ့ဆုံနိုင်တယ်၊ ဒါပေမယ့် လူ နှစ်ယောက် ဆုံတွေ့နိုင်တဲ့ ဖြစ်နိုင်ခြေက ဆယ်သန်းမှာမှ တစ် ရာခိုင်နှုန်းပဲ ရှိတာ၊ ဒါကြောင့်မို့ ဒီဘဝမှာ ဦးကို တွေ့ခွင့်ရတာ နန်းအတွက် တကယ်ကို မလွယ်ဘူး"

နန်းယုက ပေါင်ပေါ် ထိုင်နေရာမှ ကိုယ်ကို အနည်းငယ် ကြွလျက် နေသူရိန်မင်းခန့် ရင်ဘတ်ကို လက် နှစ်ဖက်ဖြင့် ထောက်ကာ နှုတ်ခမ်း စူစူဖြင့် ပြောသည်။ ဟန်ပန်က သူမ လိုချင်လာပါက ဘယ်လို အရာကမှ မတားမြစ်နိုင်ဘူး ဆိုသော ပုံစံမျိုးဖြင့်။
    
"အဲ့ဒါကြောင့် နန်းကို မတားပါနဲ့၊ ဖေဖေကြီး တားလည်း နန်းက ဦးကိုပဲ ဆက်ချစ်သွားမှာ"

"မနိုင်ဘူးဟေ . ."

နေသူရိန်မင်းခန့် ထိုစကားမှ လွဲ၍ ကျန်တာ မပြောနိုင်တော့။
    
နန်းယုက အောင်နိုင်သူသဖွယ်။ လက်ပိုက်လျက် ကျေနပ်စွာ ပြုံးသည်။ ဝေယံက ခပ်ရိရိ ရယ်၏။ ကြည့်ရတာ နေသူရိန်မင်းခန့်ဘက်က လက်လျှော့ရမည့် ပုံပါပဲ။ အာကာဟိန်းထက်ကို လှမ်းကြည့်တော့ ပခုံးသာ တွန့်ပြသည်။ သူလည်း မတတ်နိုင်ဘူး ဆိုသည့် သဘော။ သို့ရာတွင် ယခု ရလဒ်ကို နေသူရိန်မင်းခန့် မကျေနပ်နိုင်။

"ပြောရတာ လက်ပေါက်ကတ်လိုက်တာ . . ၊ ဘယ်သူနဲ့ တူလို့ ဒီလောက် ဆိုးနေရတာလဲ"

"ဘယ်သူနဲ့ တူရမှာလဲ၊ မင်းနဲ့ တူလို့ပေါ့"

ဝေယံက စကားထောက်သည်။
နေသူရိန်မင်းခန့် ရင်ထဲ နင့်ခနဲ။

"အခု အိုတိုးစံရဲ့ ခံစားချက်ကို နားလည်ပြီလား"

ဝေယံ ပြောရင်း ရယ်ပြန်သည်။
    
ဝန်ခံရပါက နေသူရိန်မင်းခန့် ငယ်ငယ်က အများကြီး ဆိုးခဲ့ဖူးသည်။ လိုချင်တာကို ရအောင် ယူသည်။ ဖြစ်ချင်တာကို ခေါင်းမာမာဖြင့် ဖြစ်အောင် လုပ်သည်။ မရပါက ပူဆာ သောင်းကျန်းတတ်မြဲ။ ဂျစ်ကတ်ကတ်ဖြင့် ဂျီကျတတ်မြဲ။ ဒေါသပါ ထွက်လွယ်လွန်း သူမို့ ဦးနေမင်းခန့် တစ်ယောက် သူ့ကြောင့် အတော်လေး ဒုက္ခရောက်ခဲ့မှာ အသေအချာ။

နေသူရိန်မင်းခန့် သက်ပြင်းသာ ချမိသည်။
    
အဖေ နေရာကို ရောက်မှ
ဖခင်ဖြစ်သူ၏ ဒုက္ခကို သူ စာနာ နားလည်မိသွားသည်။
    
"ဝဋ်လည်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပြောပြရဦးမလား"

အာကာဟိန်းထက်က အချိန်ကောင်းကို ယူပြီး ခပ်နောက်နောက် ဖဲ့သည်။ နေသူရိန်မင်းခန့် ဘာမှ ပြန်မပြောနိုင်တော့။ ပြုံးရုံသာ တတ်နိုင်ခဲ့သည်။

~•~ S U N ~•~

19 / May / 2021
4 : 38 PM

Continue Reading

You'll Also Like

123K 7.2K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
235K 18.1K 38
ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​​ယောက်​။ ဘာဆက်​ဖြစ်​ကြမှာလဲ...
399K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...