Short Stories by Diana

Bởi diana_mellet58

5K 285 46

ရေးဖူးသမျှ Short Story လေးတွေ စုတင်သွားမှာပါ ။ အချိန်ရရင် ဝင်ဖတ်ပေးသွားကြပါဦးလို့ ။ hee <3 🦋🦋🦋 ရေးဖူးသမျှ... Xem Thêm

You Are My Magical Dream [Unicode]
You Are My Magical Dream [Zawgyi]
The Red String of Fate [Unicode]
The Red String of Fate [Zawgyi]
About Us [Unicode]
About Us [Zawgyi]
My Love Who Will Never Return Back To Me (The one that got away) [Unicode]
My Love Who Will Never Return Back To Me (The one that got away) [Zawgyi]
The only home in this world [Unicode]
The only home in this world [Zawgyi]
Reason [Unicode]
God's Blessing [Unicode]
God's Blessing [Zawgyi]
Recording With Blood [Unicode]
Recording With Blood [Zawgyi]
Closest Stranger [Unicode]
Closest Stranger [Zawgyi]
အက်ကွဲရာများ [Unicode]
အက္ကြဲရာမ်ား [Zawgyi]
Do you love me? [Unicode]
Do you love me? [Zawgyi]
Untitled [Unicode]
Untitled [Zawgyi]
Black & White (Unicode)
Black & White (Zawgyi)
Also The Clouds Love
Untitled
Ballerina

Reason [Zawgyi]

31 9 0
Bởi diana_mellet58

[Reason by Diana]

မောင်က အရင်လို မဟုတ်တော့ဘူး။ မောင့်နှုတ်ခမ်းထောင့်စွန်းမှာ နှုတ်ခမ်းနီတွေ စွန်းပေလာတတ်ပြီး မောင့် ရှပ်အင်္ကျီကော်လာမှာလည်း မိန်းမရေမွှေးနံ့တွေနဲ့။ ဘာလို့လဲ၊ မောင်က ဘာလို့ ပြောင်းလဲ သွားရတာလဲ။ ငါလည်း ငါပေးနိုင်သမျှ မောင့်ကိုအကုန်ပေးခဲ့တာပဲလေ။ ဘယ်တုန်းကများ မောင်ငြိုငြင်အောင် လုပ်ခဲ့ဖူးလဲ၊ မောင့်မျက်နှာတစ်ချက် ပျက်စေခဲ့သလဲ။ ငါနေမကောင်းတောင် မောင့်ကိုအပြင်စာ စားဖို့မတောင်းဆိုခဲ့သလို၊ မိုးရွာထဲလည်း မောင်စားချင်တာ ထွက်ဝယ်ပေးဖို့ မငြင်းဆိုခဲ့ဖူးဘူး။

စိတ်ဆန္ဒအရရော မောင်မကျေနပ်ရအောင် ငါ့ဘက်က ဘာတွေ ပျက်ကွက်တာ ရှိခဲ့လို့လဲ။ အိပ်ချိန်လေးနာရီလောက်ပဲ ရတဲ့အထိ အလုပ်တွေပိနေတဲ့ နေ့တွေမှာတောင် မောင်လိုချင်တယ်ဆို ငါငြင်းဆန်ခဲ့တာ ဘယ်တုန်းကမှ မရှိဘူး။ ငါလိုအပ်တဲ့အချိန်တွေမှာလည်း မောင်ပင်ပန်းနေတယ်ဆို ငါဘယ်တော့မှ ပိုတောင်းမဆိုခဲ့ဖူးဘူး။ မောင့်ကို ပင်ပန်းအောင်ရော၊ မာနကျရအောင်ရော ငါဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။

မောင်က ယောကျာ်းလေးတစ်ယောက်ပေမို့? အဲ့လိုအကြောင်းပြချက်မျိုး ငါလက်ခံမှာ မဟုတ်ဘူး။ ငါလည်း ယောကျာ်းလေးတစ်ယောက်ပဲလေ။ ငါ မောင်မဟုတ်ရင် အလုပ်ကိစ္စကလွဲ ဘယ်ယောကျာ်း၊မိန်းမကိုမှ သုံးစက္ကန့်ထက်ပိုမကြည့်ခဲ့ဖူးဘူး။ မောင်ကလွဲ ဘယ်သူ့ကိုမှလည်း သွေးသားဆန္ဒ ဖြစ်ပေါ်မလာခဲ့ဖူးဘူး။ မောင်က ဘာလို့လဲ။ ဘာလို့လဲ ပြောင်းလဲသွားရတာလဲ?

ငါငြင်းတာတောင် ငါ့ဘဝထဲ အတင်းတိုးဝင်လာတာလည်း မောင်ပဲ။ နှစ်ယောက်လုံး ယောကျာ်းလေးမှန်း သိရက်နဲ့ အတင်းရှေ့ဆက်တိုးချင်တာလည်း မောင်ပဲ။ ငါပြန်မချစ်လို့ဆိုပြီး ငါ့ကားရှေ့ပိတ်ရပ်ပြီး ရူးမိုက်မိုက်တွေလုပ်လို့ ဆေးရုံရောက်တာလည်း မောင်ပဲ။ ချစ်တယ်လို့ မရပ်မနား တဖွဖွပြောတာလည်း မောင်ပဲ။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ငါကြိုက်တတ်သမျှ ရှာဖွေဝယ်လာပြီး လက်ဆောင်တွေပေးတာလည်း မောင်ပဲ။ သူ့ထီးကို ငါ့ဆီပေးပြီး မိုးရေထဲ ပြေးထွက်သွားလို့ ဖျားတာလည်း မောင်ပဲ။

ချစ်သူတွေ ဖြစ်ကြတော့လည်း အမြဲထီးကျန်ခဲ့တတ်တဲ့ ငါ့ကို လုံအောင်ဆောင်းပေးပြီး သူ့ပုခုံးတစ်ခြမ်းလုံး စိုရွှဲနေတာတောင် ရေတစ်စက်၊ နှစ်စက် တင်တာလောက်ပဲရှိတဲ့ငါ့ကို အိမ်ရောက်ရင် ခေါင်းသေချာသုတ်နော်လို့ ပြုံးပြီးမှာတတ်တာ မောင်ပဲ။ ငါ့ကို လက်ထပ်ခွင့်တောင်းခဲ့တာလည်း မောင်ပဲလေ။

ငါမောင့်ကို အကြိမ်ကြိမ်လွှတ်ပေးခဲ့တယ်။ မိန်းမတွေဆီလည်း သွားခွင့်ပြုပြီး လမ်းခွဲဖို့ကိုလည်း အချိန်မရွေးလက်ခံတယ်လို့ ပြောခဲ့တယ်။ အဲ့လိုပြောလိုက်တိုင်း မောင်က ငါ့ကိုသိပ်နာကျည်းတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ဒေါသတကြီးအော်ဟစ်ထွက်သွားတတ်တယ်။ သူ့အချစ်ကို ခပ်ပေါပေါပဲပဲ သဘောထားပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ တစ်ပုံတစ်ခေါင်းနဲ့ပေါ့။ တကယ်တော့ မဟုတ်ပါဘူး။ ငါက မောင့်ကို ချည်နှောင်တုတ်မထားချင်ရုံပါ။ မောင်က သိပ်ငယ်သေးတယ်။ ငါက သူ့ခဏတာရူးသွပ်မှု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒါကြောင့် ငါမောင့်ကိုရွေးချယ်ခွင့်တွေ ချပေးတာပါ။ ငါကြားသလောက်တော့ မောင်ကလည်းဂေးမဟုတ်ပါဘူး။ သူအရင်ကတွဲသမျှ မိန်းကလေးတွေကလည်း နာမည်ကြီးတွေချည်းပဲ။ သူကလည်း နာမည်ကြီးတစ်ယောက်ပဲ။ မောင်က ငါတက်ခဲ့တဲ့ တက္ကသိုလ်က ဂျူနီယာ။ ဟောပြောပွဲမှာ ဟောပြောပေးဖို့ ဖိတ်ကြားခံရတာနဲ့ ငါလာရင်း မောင်ကငါ့ကိုတွေ့ခဲ့ပုံရတယ်။ တကောက်ကောက် လိုက်နေခဲ့တာ။ မောင်က ငါ့လိုမဟုတ်ဘူး။ မျက်လုံးလေးတွေက တဖျက်ဖျက်နဲ့ အသက်ဝင်နေပြီး သူလုပ်နေသမျှအရာတွေကလည်း သူသဘောကျတဲ့အရာတွေချည်းပဲ။ မောင့်မှာ ဖိအားတွေ၊နာကျင်မှုတွေ မရှိဘူး။ အနာအဆာမရှိတဲ့ လှပတဲ့အနာဂတ်လေးတစ်ခု ရနိုင်တယ်။ မောင်က ငါနဲ့ ဒီလမ်းကို လျှောက်ချင်တာ သေချာရဲ့လား ငါမသိဘူး။ မောင့်ရဲ့သွေးပူတုန်း ခဏတာ ရူးသွပ်မှုလေးကြောင့်နဲ့ ငါကမောင့်ဘဝရဲ့ တစ်ခုတည်းသော အမည်းစက်ပါဆိုတဲ့ ဖြစ်တည်မှုမျိုး မဖြစ်ချင်ဘူး။ ငါပြောနေတာ ပတ်ဝန်းကျင်သတ်မှတ်ချက် မဟုတ်ပါဘူး။ မောင့်ရဲ့ပြောင်းလဲသွားမယ့် စိတ်တွေနဲ့ မောင့်ရဲ့ ပြောင်းလဲသွားမယ့် ငါ့အပေါ်သတ်မှတ်ချက်အကြောင်းပါ။ ဒါကြောင့်ပဲ ငါမောင့်ကို ထပ်ခါတလဲလဲ လက်လွှတ်ပေးနေခဲ့တာ။

ဒါပေမယ့် ဒေါသတကြီး ထွက်သွားတတ်တဲ့မောင်က သုံးရက်လောက်နေရင် ငါ့ဘေးပြန်ရောက်လာပြီး ငါ့နားရွက်ဖျားတွေနဲ့ လည်တိုင်ကိုပဲ တတိတိကိုက်နေတတ်တယ်။ ပြီးတော့ ညစ်ညစ်ပတ်ပတ်တွေ ပြောတော့တယ်။ ကိုယ့်ကိုမာအောင်လုပ်နိုင်တာဘေဘီပဲရှိတယ်တဲ့။ ဟုတ်တယ်၊ မောင်က အဲ့လိုမထော်မနမ်းတွေလည်း သိပ်လုပ်တယ်။ သူ့ထက်ခြောက်နှစ်ကျော်လောက်ကြီးတဲ့ငါ့ကို ကလေးတဲ့။ ဒါပေမယ့် မောင့်အခေါ်အဝေါ်က ဘယ်လိုဖြစ်နေနေ၊ မောင့်စကားတွေက ဘယ်လောက်ညစ်ညမ်းနေနေ မောင့်အသံထဲက နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတယ်။ နွေးထွေးမှုတွေရော။ ဘယ်တုန်းကမှ မခံစားဖူးတဲ့လုံခြုံမှုတွေရော။ ဒီလူရှေ့မှာဆို ငါ့အားနည်းတဲ့ပုံကို ပြလိုက်လည်း ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး ဝင်လာတယ်။

နောက်ပိုင်းတော့ ငါအဲ့လိုပြောရင် မောင်ကဒေါသတကြီးထွက်မသွားတော့ဘူး။ အဲ့အစား စကားမဆုံးခင် ငါ့ကိုသူ့ကိုယ်နဲ့ အတင်းဖိပြီး နှုတ်ခမ်းတွေကို အတင်းအကြပ်နမ်းတော့တာပဲ။ ခါတိုင်း နူးနူးညံ့ညံ့အနမ်းတွေနဲ့ သိပ်ကွဲထွက်နေတယ်။ မောင့်အနမ်းတွေက အရိုင်းဆန်လိုက်တာ။ ရှည်ကြာတဲ့အနမ်းတွေ အပြီးမှာ ငါအမြဲခြေလက်တွေ ပျော့ခွေသွားသလို ခံစားရတယ်။ တတိတိနဲ့ နှုတ်ခမ်းတွေကို သွေးထွက်အောင် ကိုက်တာက အပြစ်ပေးတာတဲ့။ အဲ့လိုစကားမျိုး ထပ်မပြောနဲ့တဲ့။ မောင့်မျက်လုံးတွေက စူးရှနေတာပဲ။ ငါရေဆာပြီး တစ်ကိုယ်လုံးပူလောင်လာတယ်။ ငါ့ခါးပေါ်က မောင့်လက်အပူချိန်ကိုလည်း ခံစားမိပါတယ်။ မောင်က ငါ့ရဲ့ပထမဆုံး စိတ်ဆန္ဒဖြစ်ပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ ငါများများစားစား မတွေးခဲ့ပါဘူး။ မောင်ရော၊ငါရော လိုချင်နေတာပဲ။ ဘာလို့မလုပ်ရမှာလဲ။ အဲ့အချိန်တုန်းက ငါ့ကိုယ်အနှံ့ပြေးလွှားနေတဲ့ မောင့်လက်တွေရဲ့အထိအတွေ့ကို ငါအခုအထိမှတ်မိနေပါသေးတယ်။ အကုန်လုံး ပြီးဆုံးသွားတဲ့အချိန်မှာ ငါတွေးမိတာက ငါသိပ်လွယ်သလိုဖြစ်သွားလားလည်း မဟုတ်ဘူး၊ မောင်ငါ့ကိုဘယ်လိုနေရာအဖြစ် သဘောထားပြီး ငါ့ဆီချဉ်းကပ်လာလဲ သိပြီးသားမို့ ငါ့ကိုယ်ထဲ မောင့်ကိုတိုးဝင်ခွင့်ပေးလိုက်ရတဲ့အပေါ် မာနကျတယ်လို့လည်း မဟုတ်ဘူး။ ငါတွေးမိတာက နောက်တစ်ခါမောင့်ကို ကားထဲမှာ ဘယ်တော့မှ မသောင်းကျန်းခိုင်းတော့ဖို့ပဲ။ ဘာလို့ဆို အဲ့တုန်းက ငါ့ခါးတွေကျိုးတော့မလို ခံစားခဲ့ရတယ်လေ။

ငါယောကျာ်းတွေကို မကြိုက်ပါဘူး။ ဒါပေမယ့် မောင့်ကိုတော့ ချစ်တယ်။ ငါလူတွေကို မယုံဘူး။ ဒါပေမယ့် မောင့်ကိုတော့ ယုံကြည်တယ်။ ဒီလိုနဲ့ တစ်သက်လုံး မိဘစကားတိုင်းကို နားထောင်တဲ့ ခေါင်းငြိမ့်အရုပ်လုပ်ခဲ့တဲ့ငါက ယောကျာ်းတစ်ယောက်ကို လက်ထပ်ဖို့ လက်ခံခဲ့ပါတယ်။

ငါ့မိဘတွေက လက်မခံဘူး။ ငါသိပြီးသားပါ။ စီးပွားရေး အသိုင်းအဝိုင်းက ကျော်ကြားတဲ့အဖေနဲ့ ပညာရေးအသိုင်းအဝန်းက အဆင်မြင့်ဂုဏ်သရေရှိအမေက သူတို့သား ငါယောကျာ်းတစ်ယောက်နဲ့ ကြိုက်နေပါတယ်ဆိုတာကို ဘယ်လိုလုပ်လက်ခံမှာလဲ။ သူတို့ဂုဏ်သိက္ခာတွေ ရစရာမရှိအောင် ဖြစ်သွားမှာမလား။ ဒါပေမယ့် ငါလက်မလျှော့ခဲ့ဘူး။ တစ်သက်လုံးခေါင်းငြိမ့်အရုပ်လုပ်လာခဲ့တာတော်ရောပေါ့။ ငါ့ဝါသနာလည်း စွန့်ပစ်ခဲ့ရ၊ ငါ့သူငယ်ချင်းလည်း စွန့်ပစ်ခဲ့ရ။ သူတို့စိတ်နဲ့ ရှင်သန်ခဲ့ရတဲ့ ငါ့ဘဝမှာ လက်သီးရာတစ်ချက် တိုးလာပြီး နှုတ်ခမ်းကွဲသွားတာ ငါ့အတွက်ဘာမှအထွေအထူးမဟုတ်ဘူး။ အမွေဖြတ်မယ်ဆိုလည်း ဖြတ်ပေါ့။ ငါအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သူတို့ဆီက ထွက်လာခဲ့တယ်။

ငါအရာရှိတစ်ယောက် လုပ်လာခဲ့တာ ဆယ်နှစ်ရှိပြီ။ ငါအိမ်တစ်လုံးတော့ ဝယ်နိုင်ပါတယ်။ ငါ့ဘာသာရှင်သန်နိုင်ပါတယ်။ ငါကမောင့်ကြောင့် မိသားစုနဲ့ အဆက်အသွယ်ပျက်ခဲ့ရပါတယ်လို့ ငါဘယ်တော့မှ အပြစ်တင်မှာမဟုတ်ဘူး။ မောင်က ဒီအတိုင်းအကြောင်းပြချက်တစ်ခုပဲ။ ငါကိုယ်တိုင်ကိုက ရုန်းထွက်ချင်နေခဲ့တာ။

အဖေ့ကုမ္ပဏီက ငါထွက်တယ်။ အလုပ်သစ်တစ်ခုပြောင်းလျှောက်တယ်။ ငါ့အရည်အချင်းနဲ့ အလုပ်တစ်ခုရဖို့ မခက်ဘူး။ ကုမ္ပဏီပြောင်းသွားတာကလွဲ ငါ့ရာထူးက အကြံပေးကအကြံပေးပဲ။

ခက်ခဲတာကတော့ မောင်ပဲဖြစ်လိမ့်မယ်။ တစ်သက်လုံး မောင့်မျက်နှာတစ်ချက် မညှိုးစေခဲ့တဲ့၊ မောင့်ကိုသိပ်ချစ်တဲ့မိဘတွေကလည်း ဒီအခြေအနေကို လက်မခံနိုင်ကြဘူး။ မောင့်အမေက ငိုပြီးတားတယ်။ နောက်ဆုံးဆေးရုံပါရောက်သွားတယ်တဲ့။ မောင့်အဖေကတော့ ငါ့ကိုလာရှာတယ်။ ငါဘာစကားမှ မပြောခဲ့ဘူး။ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေခဲ့တာ။ သူရောပဲ။ ငါတို့ရဲ့ တွေ့ဆုံမှုက မျက်လုံးအကြည့်ချင်း ပြိုင်ပြီး ပြီးသွားတယ်။ မောင့်အဖေဘက်က ဘာမှလည်း ပြောမလာခဲ့ဘူး။ ငါ့မှာလည်း ပြောစရာမရှိဘူး။ လက်ခံပေးပါတို့၊ ငါကမောင့်ကို ပျော်ရွှင်စေရပါမယ်တို့။ ငါဘာမှမပြောခဲ့ဘူး။

နှစ်ဖက်လုံးက လက်မခံကြတာခြင်း အတူတူ ငါ့မိဘတွေကြောင့် ငါ့မျက်နှာမှာ လက်သီးရာ ထင်လာခဲ့သလို မောင့်မိဘတွေရဲ့ အမုန်းကလည်း ငါ့ဆီပဲ သက်ဆင်းတယ်။ မောင့်ကို သူ့မိဘတွေက အမွေမဖျက်ပါဘူး။ ငါမပါရင် ကြိုက်သလို ဝင်ထွက်နိုင်တယ်တဲ့။ ဒါပေမယ့် အခြေအနေတွေက အရင်နဲ့တူပါဦးမလား။ မိဘတွေကိုချစ်တဲ့မောင်အတော်လေး ခက်ခဲခဲ့တယ်။ ဒါပေမယ့် မောင်ကငါ့ကိုလက်မလွှတ်ခဲ့ဘူး။

နောက်ဆုံးတော့ ငါနဲ့မောင် လက်ထပ်ခဲ့ကြတယ်။ ဘယ်သူ့ကောင်းချီးမှမပါတဲ့ မင်္ဂလာပွဲပေါ့။ မောင်ကတော့ ပြုံးနေတယ်။ ကလေးရှိရင်ရပြီ၊ ကိုယ့်ဘဝမှာ ကလေးကလွဲ ဘယ်သူ့မှမလိုဘူးတဲ့။ မျက်ရည်တွေဝဲပြီးမောင်ကပြောတယ်။ ငါက အင်း လို့ပဲ ပြန်ဖြေဖြစ်ခဲ့တယ်။ ငါယုံပါတယ်၊ မောင့်ကို... ။

မောင့်လိုမျိုး ပြန်ကျိန်ဆိုရအောင်လည်း အစထဲက ငါ့ဘဝက ငါတစ်ယောက်တည်းပဲ၊ ဘယ်သူမှ မရှိခဲ့တာ။ နောက်တော့ မောင်က အတင်းတိုးဝင်လာတယ်။ အဲ့လိုနဲ့ ငါ့ဘဝထဲ မောင့်ကိုဝင်ခွင့်ပေးလိုက်ပြီး မောင်ရှိလာတယ်။ တစ်လောကလုံးမှာ ငါ့မှာမောင်ပဲရှိတာပါ။

ငါတို့နှစ်ယောက်ကြား ဘာမှခက်ခဲတာမရှိခဲ့ဘူး။ ငါလည်းငါ့အလုပ်နဲ့ငါဖြစ်သလို မောင်ကလည်းအလုပ်ဝင်နေပြီ။ အစက ကွန်ဒိုကို ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာပေမယ့် မောင်က ဘယ်အရာဖြစ်ဖြစ် မျှခံရမယ်ဆိုတဲ့စကားနဲ့ ငါ့ကိုလတိုင်း ကွန်ဒိုဖိုး တစ်ဝက်ကြေအောင် သူ့လစာထဲက ခွဲခွဲပြီး ပေးတယ်။ ငါလည်း ထွေထူးငြင်းမနေပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ပိုက်ဆံလည်း မောင့်ပိုက်ဆံပဲဟာ။ ဘယ်သူ့ဘဏ်ကဒ်ထဲ ရောက်နေနေ ကိစ္စမရှိဘူးမလား။

ငါနဲ့မောင့် အကျင့်စရိုက်တွေကမတူပေမယ့် ဘယ်နားမှာမှ ပြဿနာမရှိခဲ့ဘူး။ အစထဲက ငါက ဘယ်အရာကိုမှ sensitive ဖြစ်တဲ့သူ မဟုတ်လို့။ ငါဘီယာ မကြိုက်ပေမယ့် ဘီယာနံ့မခံနိုင်တာ မရှိသလို လွတ်လွတ်လပ်လပ်အိပ်ရတာ ကြိုက်ပေမယ့် မောင်အတင်းဖက်ထားတာခံပြီး အိပ်ရတာလည်း အနှောင့်အယှက် မဖြစ်ပါဘူး။ ငါက စက်ရုပ်တစ်ရုပ်လို ရှင်သန်ရတာ နေသားကျနေပြီးသား။ ဘယ်အရာကမှ ငါ့ကိုသည်းမခံနိုင်အောင် စိတ်အနှောင့်အယှက်မဖြစ်စေဘူး။ ငါ့ဘာသာညှိယူသွားနိုင်ပါတယ်။

ငါတို့လက်ထပ်ထားတာ ဆယ်နှစ်ရှိပြီ။ ရည်းစားသက်တမ်းနဲ့ပေါင်းရင် ငါတို့အတူရှိနေကြတာ ဆယ့်ခြောက်နှစ်။ ဒါပေမယ့် မောင်က ပြောင်းလဲလာတယ်။ အဲ့လိုတွေ ဖြစ်မှာစိုးလို့ ငါအကြိမ်ကြိမ်ငြင်းခဲ့တယ်။ အကြိမ်ကြိမ် လွှတ်ပေးခဲ့တယ်။ ဒီကြိုးဟာ ခိုင်ပါတယ်လို့သေချာမှ ငါလက်တွဲဖို့ ဆုံးဖြတ်ခဲ့တာတောင် မောင်ကပြောင်းလဲလာတယ်။

ကလေးလိုချင်လို့? မိသားစုလေးတည်ဆောက်ချင်လို့? ဟင့်အင်း ငါလက်မခံနိုင်ဘူးဒါမျိုးအကြောင်းပြချက်တွေ။ ဒီလမ်းကို လျှောက်ရင် ဒီလိုပဲဖြစ်လာမှာဆိုတာကို မောင်အစထဲက မသိဘူးလား? သူအကုန်မစဉ်းစားခဲ့ဘူးလား?

မောင်က ကလေးလိုချင်တယ်လို့ ငါ့ကိုဖွင့်ပြောလာရင် ငါလက်ခံပေးမှာပါ။ ဒီနေ့ခေတ်ကြီးမှာ မိန်းမတစ်ယောက်နဲ့ မပတ်သတ်ဘဲ ကလေးရနိုင်တဲ့နည်းတွေ အများကြီး။ ပြီးတော့ မိသားစုတစ်ခု? ငါတို့နှစ်ယောက်ပဲကရောမိသားစုမဟုတ်လို့လား? ကလေးတစ်ယောက်မွေးစားတာဖြစ်ဖြစ် ဖန်ပြွန်သန္ဓသေားယူတာပဲဖြစ်ဖြစ် အဲ့ကလေးရယ်၊ငါရယ်၊မောင်ရယ် ဒါကရော မိသားစုမဟုတ်လို့လား?

ဘယ်လိုအကြောင်းပြချက်ဖြစ်ဖြစ် မောင်ကငါ့နေရာမှာ မိန်းမတစ်ယောက်ကို အစားထိုးပြီး ငါ့ကိုဖယ်ထုတ်ချင်နေတာဆိုတဲ့ အဖြေပဲထွက်တယ်။ ဒါကြောင့် ငါမောင့်ကိုမမေးသေးတာ။ ဘယ်လိုအကြောင်းပြချက်ဖြစ်ဖြစ် ငါလက်ခံနိုင်မယ်မထင်လို့၊ ပြီးတော့ ငါမောင်နဲ့လမ်းခွဲဖို့ အဆင်သင့်မဖြစ်သေးလို့၊ ငါမောင့်ကိုချစ်လို့... ။

တေးတေးလေးပဲကျန်တော့တဲ့ ဆက်ဆံရေးတစ်ခုကို ဆက်ဆွဲထားတဲ့ကြိုးကို ခံနိုင်ရည်လို့ခေါ်ပါတယ်ဆို ငါရဲ့ခံနိုင်ရည်ဟာ ငါတို့နှစ်ယောက်ရဲ့အိပ်ယာပေါ်မှာ မောင်တစ်ခြားမိန်းမတစ်ယောက်နဲ့ လုံးထွေးလူးလှိမ့်နေတာကို မြင်လိုက်ရတဲ့အချိန်မှာ ကုန်ပါတယ်။

ငါကလှတယ်လို့ လူတွေက ပြောကြတယ်။ မိန်းကလေးတစ်ယောက်လို လှပါတယ်ပေါ့။ ငါလည်း ပြိုင်မငြင်းပါဘူး။ ခါးသေးသေးနဲ့ပိန်ပါးတဲ့ ငါ့ခန္ဓာကိုယ်ရော  ငါ့မျက်နှာရောက ဘယ်လိုမှယောကျာ်းမဆန်တာ ငါသိတယ်။ မောင်ငါ့လက်ကို အတင်းဆွဲလိုက်ရင်တောင် ချက်ချင်းရဲတက်လာတဲ့အသားအရည်နဲ့။ တကယ်ကို အဲ့ကုတင်ပေါ်က မိန်းမထက် ငါမသာတာ ဘယ်နားမှန်းကိုမသိဘူး။ သူမျက်လုံးလှသလို ငါလည်းလှပြီး သူ့မျက်တောင်ကော့တွေလို ငါ့မျက်တောင်တွေလည်း ရှည်တာပဲလေ။ သူနဲ့ငါနဲ့ အတော်ဆင်တာ။

ငါ့ထက်သူသာတာကဘာလဲ?
သူကမိန်းကလေး ဖြစ်နေလို့?

အိုကေ ဒါဆိုရင်တော့ ငါ့မှာပြောစရာစကားမရှိတော့ပါဘူး။

မောင်က ငါ့ကိုမြင်တော့ အိပ်ယာပေါ်က အသည်းအသန် ကုန်းရုန်းထလာတာမျိုး မရှိသလို ထိတ်လန့်သွားပုံလည်း မရပါဘူး။ အဲ့အစား ငါရဲ့မတုန်မလှုပ်မျက်နှာကို မြင်တော့ မဲ့ပြုံးတောင်ပြုံးလိုက်သေးတာ။ ငါမြင်အောင်သပ်သပ်လုပ်ပုံတောင် ပေါ်နေပါသေးတယ်။

အင်္ကျီဝတ်ပြီး ထွက်လာခဲ့လို့ ငါမောင့်ကိုတည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။ မောင့်ဘေးကမိန်းမကိုတော့ ငါတစ်ချက်တောင်ထပ်လှည့်မကြည့်ချင်တော့ဘူး။ မောင်က မတ်တပ်ရပ်လာတယ်။ မောင်ရဲ့သိပ်ရှည်လျားတဲ့ အရပ်ကို ငါမော့ကြည့်ရတယ်။ မောင်ကငါ့ထက် ခေါင်းတစ်လုံး ပိုမြင့်တယ်လေ။

အာ့... အခုလိုအချိန်မှာတောင် ဒီလိုအရေးမပါတဲ့အတွေးတွေ တွေးနေမိတုန်းပါပဲလား။ ငါကအဲ့လိုပဲ ထုတ်သာမပြောတာ၊ ခေါင်းထဲမယ်တော့ အတွေးတွေသိပ်များ။ အခုငါတစ်ခြားအရာတွေ မတွေးသင့်သေးဘူး။ မောင့်ရဲ့ မျက်လုံးတွေက ငါ့အပေါ်အပြစ်တင်ဟန်တွေနဲ့။ မောင့်ဆီက ငါတစ်ခါမှ မမြင်ဖူးတဲ့မျက်ဝန်းတွေ။ မောင်ပြောချင်တာတွေကို ငါနားထောင်ပေးရမယ်။

ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းကို ငါတည်တည်ငြိမ်ငြိမ်ပဲ မေးခဲ့တယ်။ မောင့်အဖြေကလည်း ခပ်ရှင်းရှင်းရယ်။ ငါကအပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကြောင့် ငါ့ဘေးမှာစက်ရုပ်တစ်ရုပ်လို နေနေမယ့်လူတစ်ယောက်ကို လိုချင်တာမဟုတ်ဘူးတဲ့။ မောင့်မျက်ဝန်းတွေက နီရဲနေတာပဲ။ အပြစ်တင်ဟန် အပြည့်နဲ့။ ငါ အော် လို့ပဲပြန်ပြောနိုင်ခဲ့တယ်။ မောင်ကအမြဲငါ့ကိုအဲ့လိုတွေးနေခဲ့တာကို။ မောင်ကငါပေးသမျှ ရတယ်လို့မှ မမြင်ခဲ့တာကို။

မောင့်စွပ်စွဲချက်တွေက သိပ်ပြင်းထန်ပါတယ်။ ငါကမောင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုပဲ။

ငါလည်း ထွေထူးပြီး မပြောနိုင်ခဲ့ပါဘူး။ ငါမောင့်ကို ယုံတယ်။ ဒါပေမယ့် မောင်ကငါ့ကိုမယုံဘူး။ ယုံတယ်၊မယုံဘူးဆိုတာ ဖောက်ပြန်တဲ့နေရာမှာမှ သုံးတာမဟုတ်ပါဘူး။ အရာရာမှာ ယုံကြည်မှုဆိုတာ လိုအပ်တယ်။ ဒီအခြေအနေထိတောင် ရောက်နေပြီးပြီပဲ ငါဘာမှရှင်းပြမနေချင်တော့ဘူး။ နာတယ်၊ ငါ့ရင်ထဲက နာတယ်။ ဒါပေမယ့် ငါတစ်သက်လုံးနေလာတဲ့ပုံအရ ငါ့မျက်နှာမှာ ဘာမှပေါ်မှာမဟုတ်ဘူး။

ငါရှင်းပြနေလို့လည်း ငါတို့ဆက်ဆံရေးက ဘယ်တော့မှအကောင်းတိုင်း ပြန်ဖြစ်မှာမဟုတ်တော့ဘူး။ ငါကလည်း ငါတို့ကုတင်ပေါ်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ လူးလှိမ့်နေတဲ့ မောင့်ပုံကို ဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်ဘူး။

ဒီအခြေအနေမှာ ငါတို့အတွက်အကောင်းဆုံးက လမ်းခွဲလိုက်တာပါပဲ။ လမ်းခွဲရအောင်လို့ ပြောတော့ မောင်ကခပ်ရွဲ့ရွဲ့ပြုံးတယ်။ ငါမင်းကိုမုန်းချင်တယ်၊ ဒါပေမယ့် ချစ်တာလွဲရင်လုပ်လို့မရဘူးတဲ့။ မောင်ငါ့ကိုမုန်းနိုင်အောင် မောင့်လိုပဲတစ်ခြားသူတစ်ယောက်နဲ့ ငါတို့နှစ်ယောက် ကုတင်ပေါ် ငါလူးလှိမ့်ပြပေးရမှာလား။ ငါမောင့်ကို ဘာမှပြန်မပြောခဲ့ဘူး။ မောင်ကနာကျည်းနေတဲ့ မျက်လုံးတွေနဲ့ ငါ့ကိုပြောတယ်။ အခုချိန်မှာတောင် မင်းကငါ့ကိုချစ်တယ်လို့ ပြန်မပြောဘူးလေတဲ့။ အိုး.. ငါကဒီလိုအခြေအနေမှာ မောင့်ကိုငါလည်းချစ်တယ်လို့ ပြောနိုင်ပါ့မယ်တဲ့လားမောင်ရယ်။ မောင်ကငါ့ဘက်ကိုတစ်စက်လေးတောင်မှ မကြည့်ဘဲကို။

ဒီလိုပါပဲ။ ယိုယွင်းနေတဲ့ဆက်ဆံရေးကို ငါမပြုပြင်ချင်တော့တဲ့အခါ မောင်နဲ့ငါ လမ်းခွဲလိုက်ကြတာပဲ။ မောင့်ဘေးမှာ မိန်းမလှလေးလည်း တွေ့ပါရဲ့။ ပြုံးရွှင်နေတဲ့ မောင့်မိဘတွေလည်းတွေ့ပါရဲ့။ လွန်ခဲ့တဲ့ဆယ်နှစ်က ဘယ်သူ့ကောင်းချီးမှမပါတဲ့ မင်္ဂလာပွဲသေးသေးလေးလို မဟုတ်တဲ့ ကြီးကြီးကျယ်ကျယ်မင်္ဂလာပွဲကြီးအကြောင်းလည်း ကြားမိပါရဲ့။ စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ ငါကတွေးမိတယ်။ ဒီဆက်ဆံရေးအဆုံးမှာ ငါဘာတွေရခဲ့သလဲလို့။ နာစရာတွေကလွဲ ဘာမှကျန်မနေခဲ့သလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ခဲ့ရတဲ့အမှတ်တရတွေကလည်း အခုချိန်မှာ ပြန်တွေးရင် ငိုစရာတွေချည်းပဲလေ။ ဒါပေမယ့် မောင့်ကိုချစ်ခဲ့တာ နောင်တရလားလို့မေးရင် ငါခေါင်းခါမိမှာပဲ။ နောက်တစ်ကြိမ်ပြန်ရွေးချယ်ခွင့်ရခဲ့မယ်ဆိုလည်း ငါမောင့်ကိုချစ်မိသွားဦးမှာပဲ။ မောင့်လို ငါ့ကိုဘယ်သူမှ မချစ်ပေးခဲ့ကြဘူးလေ။ တစ်ယောက်လေးတောင်မှ။ ဒါပေမယ့် ရှင်သန်လာတဲ့ပတ်ဝန်းကျင်၊ ခံစားချက်၊ ပုံစံတွေမတူတဲ့အခါ ငါတို့ဘာမှ လုပ်လို့မရပါဘူး။ စိတ်ဒဏ်ရာတွေများတဲ့ လက်တွဲဖော်က မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလေ။ သူတို့ကို အမြဲမင်းအနေနဲ့ စာနာဖေးမပြီး သူတို့စိတ်ဒဏ်ရာ ရဲ့ဘေးထွက်ဆိုးကျိုး အပြုအမူတွေကို မင်းသည်းခံနေရမှာ။ ငါဒါကြောင့်လည်းပဲ မောင့်ကိုလက်လွှတ်ပေးလိုက်တာ။ သာမန်မဟုတ်အောင် အေးခဲနေတဲ့ငါ့ကို မောင့်မှာသည်းခံပြီး ဆက်ချစ်နေစရာ အကြောင်းမရှိပါဘူး။ မောင်ငါ့ကိုမုန်းလက်စနဲ့ မုန်းသွားပါစေတော့။

ငါဒီလိုအေးခဲနေတာ မောင့်အပြစ်လည်းမဟုတ်ဘူးလေ။ မောင်တာဝန်ယူစရာ ဘာအကြောင်းပြချက်မှမရှိဘူး။ လူတွေသာမန်လို့ သတ်မှတ်ထားတဲ့ဘဝမှာ သာမန်ဆန်တဲ့မိန်းကလေးတစ်ယောက်နဲ့ မောင်ပျော်ပါစေတော့။ ငါအကုန်ပေးနိုင်ခဲ့တယ်လို့ ထင်ပေမယ့် မောင်လိုချင်တဲ့ချစ်ခြင်းမေတ္တာကို မောင်လိုချင်သလို မပေးနိုင်ခဲ့ဘူး။ ငါ့လုပ်ရပ်တိုင်းဟာ စက်ရုပ်တစ်ရုပ်လိုပါပဲတဲ့။ မောင်ကလည်း ငါ့ကိုဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး။ ရှိပါစေတော့။

ငါလက်က လက်ထပ်လက်စွပ်လေးကို လက်မနဲ့ပွတ်သပ်ပြီး မောင့်ကိုငါသိပ်ချစ်ပါတယ်လို့ ခပ်ဖွဖွပြောမိတယ်။ ဆယ်နှစ်လုံး ဆယ်ခါပြည့်အောင်တောင် မပြောဖူးတဲ့စကားပေါ့။ ပြီးတော့ တွေးမိတယ်။ မောင်ရောငါ့ကိုချစ်နေသေးရဲ့လား... ?

-end-

Đọc tiếp

Bạn Cũng Sẽ Thích

259K 2.5K 13
အမေနဲ့သမီးအင်းစက်စာပေမို့လို့အသက််မပြည့်ပါကမဖတ်သင့်ကြောင်း ဖတ်ပြီးရင်လည်းအတုမယူသင့်ကြောင်းအသိပေးပန်ကြားလိုပါတယ်
350K 32.3K 31
Zawgyi Title - ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာပြန်ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
1M 47.6K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
48.1K 453 46
အစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်