Short Stories by Diana

By diana_mellet58

5K 285 46

ရေးဖူးသမျှ Short Story လေးတွေ စုတင်သွားမှာပါ ။ အချိန်ရရင် ဝင်ဖတ်ပေးသွားကြပါဦးလို့ ။ hee <3 🦋🦋🦋 ေရးဖူးသမွ်... More

You Are My Magical Dream [Unicode]
You Are My Magical Dream [Zawgyi]
The Red String of Fate [Unicode]
The Red String of Fate [Zawgyi]
About Us [Unicode]
About Us [Zawgyi]
My Love Who Will Never Return Back To Me (The one that got away) [Unicode]
My Love Who Will Never Return Back To Me (The one that got away) [Zawgyi]
The only home in this world [Zawgyi]
Reason [Unicode]
Reason [Zawgyi]
God's Blessing [Unicode]
God's Blessing [Zawgyi]
Recording With Blood [Unicode]
Recording With Blood [Zawgyi]
Closest Stranger [Unicode]
Closest Stranger [Zawgyi]
အက်ကွဲရာများ [Unicode]
အက္ကြဲရာမ်ား [Zawgyi]
Do you love me? [Unicode]
Do you love me? [Zawgyi]
Untitled [Unicode]
Untitled [Zawgyi]
Black & White (Unicode)
Black & White (Zawgyi)
Also The Clouds Love
Untitled
Ballerina

The only home in this world [Unicode]

116 11 0
By diana_mellet58

[The only home in this world by Diana]

မှန်လုံကော်ဖီဆိုင်ထဲက ရှေ့ဖုံးအညိုလေး၀တ်ထားတဲ့ကောင်လေးဟာ စားပွဲသုတ်နေရင်း မျက်နှာခြင်းဆိုင်က close လို့ချိတ်ဆွဲထားတဲ့ဆိုင်လေးဆီ ငိုင်ငိုင်လေးလှမ်းကြည့်နေတယ်။ သူ့ရဲ့ပင်လယ်ပြာလို မျက်၀န်းတွေထဲမှာ ၀မ်းနည်းရိပ်တွေနဲ့။

I've never planned oneday I'll be losing you.
In another life I would be your girl.
We keep up all the promises
Be us against the world.
In another life I would make you stay.
So I don't have to say you were
The one that got away.

ဆိုင်လေးအတွင်းမှာ ဖွင့်ထားတဲ့သီချင်းသံက ခပ်တိုးတိုးနဲ့ လွမ်းဆွတ်ဖွယ်။

[ကျွန်တော်က ဘူတာပါ၊
အစ်ကို့နာမည်နဲ့ဆိုက်လာမယ့် ရထားကိုစောင့်နေခဲ့တာ။

ကျွန်တော်က ရူးနှမ်းနေတဲ့နေကြာပါ၊
အစ်ကိုရှိရာအရပ်ကိုပဲ မျက်နှာမူချင်ခဲ့တာ။]

***********
"ကော်ဖီလာပို့တာပါ!"
မျက်နှာချင်းဆိုင်မှာ ဆိုင်ဖွင့်ထားပြီး ဖုန်းဆက်လို့ တကူးတက delivery လာမှာနေတဲ့လူကို သိပ်မကျေနပ်ချင်တာမို့ သူ့မျက်နှာကစူပုတ်ပုတ်။ ခြေလှမ်းငါးဆယ်တောင် မကွာတာကို လမ်းလေးကူးပြီး လာယူတော့ ဘာဖြစ်မှာမို့လဲဆိုတဲ့ အတွေးကအပြည့်။ မနေ့ကမှ ပြောင်းလာပြီး စီနီယာဆိုင်ရှင်သူ့ကို ကြောချင်တာလား! အကြောင်းသိအောင်ပြလိုက် ရမကောင်းရှိတော့မှာပဲ။

ဒါပေမယ့် အဲ့အတွေးတွေဟာ လူတစ်ယောက်နေကြာပန်းစည်း စည်းနေရာက မော့ကြည့်လိုက်တဲ့အချိန်မှာ အကုန်ကြက်ပျောက်ငှက်ပျောက်ပါပဲ။ ချောလိုက်တာ... သူ့ဘ၀မှာ ချောတဲ့လူတွေအများကြီးမြင်ဖူးပေမယ့် ဒီလိုနတ်ဘုရားက ထုဆစ်ထားတဲ့ပန်းပုလို ပြီးပြည့်စုံတဲ့လူကိုတော့ မမြင်ဖူးခဲ့ဘူး။

ပထမဆုံးတွေ့ဆုံခြင်းပါပဲ။ သူကတော့ အဲ့လူရဲ့မျက်၀န်းညိုတွေထဲ နစ်မြုပ်သွားခဲ့ရတယ်။

"ဟေး! ကလေး.."
ငေးကောင်းကောင်းနဲ့ ငေးနေမိတာ အဲ့လူကြီးထလာပြီး မျက်စိရှေ့ လက်ဖျောက်လာတီးမှ အသိပြန်ကပ်တယ်။ ဒါနဲ့ နေပါဦး၊ ဘာ? သူအခုဘယ်လိုအခေါ်ခံလိုက်ရတယ်?! ကလေး?!

အဲ့ခဏမှာပဲ သူရင်တွေ ပရမ်းပတာ ခုန်လာပြီး မျက်နှာတွေပူတက်လာတယ်။ ကျွန်တော်က ကလေးမဟုတ်ဘူးလို့ ကုန်းအော်မိတော့ အဲ့လူကြီးက ခပ်သော့သော့ရယ်တယ်။ ဒါပေမယ့် ကလေးလေးနဲ့တူလို့လေတဲ့။ မျက်၀န်းတွေက ရယ်မောရိပ် အပြည့်နဲ့။ အဲ့မျက်၀န်းတွေကို စိတ်ညှို့ခံရတဲ့လူလို ထပ်ငေးစိုက်ကြည့်မိတော့ အဲ့လူကနေရခက်သလို ချောင်းအသာဟန့်တယ်။ အဲ့လိုနဲ့ မှာထားတဲ့ ချောကလက်အေးတစ်ခွက်နဲ့ Espresso တစ်ခွက်ကို အဲ့လူကြီးလက်ထဲ အတင်းထိုးပေးပြီး သူဆိုင်ဆီပြန်ပြေးလာခဲ့မိတော့တာပဲ။

သေမလိုခုန်နေတဲ့ ဝဲဘက်ရင်အုံကို အတော်ကြာကြာလေးဖိထားပြီးမှ သူသတိရတယ်။

"ကော်ဖီဖိုးမတောင်းခဲ့ရဘူးပဲ။"

********************
"ဖေကြီး...!"
ခြေတိုတို၊လက်တိုတိုလေးတွေနဲ့ ကျောပိုးအိတ်အဝါလေး လွယ်ထားတဲ့ကလေးလေးက အဲ့လို အော်ခေါ်ပြီး ဟိုလူကြီးရဲ့ပန်းဆိုင်ထဲ ပြေး၀င်သွားတယ်။ ဆိုင်မှာလူမရှိတာမို့ ဘေးစားပွဲဝိုင်းမှာ စာထိုင်ဖတ်သလိုလိုနဲ့ ကာထားတဲ့မှန်အကြည်က တစ်ဆင့် ရှေ့ဆိုင်ကလူကြီးကို ခိုးခိုးကြည့်နေတဲ့သူကတော့ မျက်လုံးပြူးကနဲ။

အဲ့လူကြီးက အိမ်ထောင်ရှိတာလား???
ဘာကြောင့်မှန်း မသိ၊ သူ့စိတ်ထဲက သာယာနေတဲ့ရာသီဥတုလေး တိမ်အုံ့စိုင်းသွားခဲ့။ စာလည်း ဆက်မဖတ်ဖြစ်တော့တာ သေချာသလောက်ပါပဲ။

••••
ညနေစောင်းပြီမို့ ဆိုင်တံခါးပိတ်နေရင်း "ဖေကြီးက ကော်ဖီဖိုးပေးခိုင်းလိုက်လို့ပါကိုကို"ဆိုတဲ့ ချစ်စရာအသံသေးသေးလေးက သူ့ဘေးနားက ထွက်လာတယ်။ ငုံ့ကြည့်လိုက်တော့ သူ့အင်္ကျီစကိုဆွဲထားတာက ဟိုပိစိလေး။ မျက်နှာခြင်းဆိုင်က ပန်းဆိုင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်၀မှာထုတ်ထားတဲ့ နှင်းဆီပန်းတောင်းကို မပြီး အတွင်းထဲရွှေ့နေတဲ့ ဟိုလူကြီးက လှမ်းရယ်ပြတယ်။ ခြေဆယ်လှမ်းတောင်မပြည့်တဲ့ ဒီဘက်ကိုကူးလာဖို့ အဲ့လူကြီးဟာ သိပ်ကိုပျင်းတယ်ထင်ပါရဲ့။

ပိစိရဲ့ဆွဲခေါ်မှုနဲ့အတူ သူရှေ့ကဆိုင်ကို ပါလာရပြန်တယ်။ လူတွေကိုအရောင်နဲ့သတ်မှတ်ရမယ်ဆို ဒီပိစိက အဝါရောင်လေး။ ဟိုလူကြီးကတော့ အညိုမှိုင်းမှိုင်းပေါ့။ စစတွေ့ခြင်းမှာတင် သူ့စိတ်တွင်းရာသီဥတုကို ညှို့မှိုင်းစေတဲ့လူကြီး။

**Yellow color means happiness**

သေချာကြည့်မိမှ ဒီဆိုင်လေးထဲမှာ နေကြာပန်းတွေများတယ်မှန်း သိလိုက်ရတယ်။ နှင်းဆီနီတစ်ချို့နဲ့ တစ်ခြားပန်းတွေလည်း ရှိပေမယ့် သူ့မျက်လုံးတွေကတော့ အရေအတွက်များတဲ့ နေကြာရိုင်းတွေဆီမှာ နားတယ်။ နေကြာတွေရဲ့ အဓိပ်ပါယျဟာ စောင့်မျှော်ခြင်းပါတဲ့။ ဒီလူကြီးဟာ ဘယ်သူ့ကိုစောင့်မျှော်နေပါသလဲ? ဒါမှမဟုတ်လည်း ဒီတိုင်းသဘောကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမြို့မှာအပေါဆုံးက နေကြာတွေပဲဟာ။ သူအတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်။ အဲ့လိုပဲ ဖြစ်စေချင်ခဲ့တယ်။

"ဖေကြီး... သားဒီကိုကိုကို သဘောကျတယ်။ ဒီကိုကိုကို သားမေမေလုပ်ခိုင်းပေး။"

အဝါရောင်ပိစိရဲ့စကားမှာ နေကြာတွေနဲ့ လီလီပန်းတွေကို ကြည့်နေတဲ့ သူ့မျက်လုံးက ပြူးခနဲ။ စတိုင်ပန်အပြာထဲ လက်ထည့်ပြီး သူတို့ကို ခပ်ပြုံးပြုံးကြည့်နေတဲ့လူကြီးရဲ့ မျက်ခုံးတစ်ဖက်ဟာလည်း အသာမြင့်တက်သွားတယ်။ တဆိတ် သူသိပ်မုန်းတဲ့ပုံစံတွေချည်း လုပ်နေတဲ့ဒီလူကြီးက သူ့မျက်လုံးထဲ ဘာလို့သိပ်စတိုင်လ်ကျနေရပါသလဲ?

ဒီလူကြီးကိုတွေ့တိုင်း မူမမှန်တဲ့အတွေးတွေ တွေးတွေးမိနေတဲ့ သူ့အတွက်တော့ ပိစိရဲ့စကားက မျက်နှာပူစရာပါပဲ၊ ဒါပေမယ့် နှလုံးသားကတော့ နွေးနေခဲ့။

••••
"ဒီကိုကို့ကို ရှင်းလေးက ဘာလို့မေမေလုပ်ခိုင်းချင်ရတာလဲ။"
ဆိုင်ထဲက ကောင်တာအပြင် တစ်ခုပဲရှိတဲ့ စားပွဲဝိုင်းလေးဆီမှာ သူတို့သုံးယောက်ထိုင်နေကြတယ်။ ပိစိက ဟိုလူကြီးပေါင်ပေါ်မှာ ထိုင်နေပေမယ့် သူ့လက်သန်းကို လက်ပိစိလေးတွေနဲ့ အတင်းဆုပ်ကိုင်ထားတယ်။ ထွက်သွားမှာစိုးတဲ့ပုံမျိုးနဲ့။

"စောရတုကပြောတယ်။ မေမေဆိုတာ ကိုယ်တအားသဘောကျရတဲ့သူတဲ့။ သားမှာမေမေ မရှိဘူးလေ။ ဒီကိုကို့ကိုသဘောကျတာမို့ မေမေလုပ်ခိုင်းပေး။ ဖေကြီး.. နော်.. နော်.."

လေး၊ငါးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့ အတွေးကရိုးရှင်းတယ်။ သူသဘောကျတဲ့လူကို တန်းပြီးခင်တွယ်လိုက်တာပါပဲ။ မရိုးသားနိုင်တဲ့ လူနှစ်ယောက်ရဲ့ ပြေးလွှားနေတဲ့ ရင်ခုန်သံတွေကတော့ ဆိုင်ထဲက နာရီအိုကြီးရဲ့ စက္ကန့်ပြောင်းသံနဲ့ ၀င်တိုက်မိခဲ့ရပါတယ်။

**************
Dairy of Shin Yar Myat Chal

ရှင်းလေးက ပေါက်ကရတွေပြောနေလို့ စိတ်ဆိုးမယ်ထင်ပေမယ့် ပြောသမျှကို အူကြောင်ကြောင်ဖြစ်ပြီး မျက်လုံးပြူးပြူးလေးနဲ့ ကြည့်နေတဲ့ကောင်လေးက ဆံပင်ခွေကောက်ကောက်လေးတွေနဲ့။ ကြည်တောက်နေတဲ့ မျက်လုံးပြာပြာလေးတွေနဲ့ ပါးဖောင်းရဲရဲလေးတွေဟာ ကလေးလေးနဲ့ တူလွန်းလှပါတယ်။ စောနကလည်း ကလေးနဲ့တူတာမို့ ကလေးလို့ခေါ်မိတော့ ဒေါသထွက်ပြီး ကော်ဖီဖိုးတောင် မယူဘဲ ထွက်ပြေးတယ်။ ရှင်းလေးကတော့ ဒီကိုကို့ကို မေမေလုပ်ခိုင်းပေးဆိုပြီး ဆူညံနေတော့တာပါပဲ။ ကျွန်တော်လည်း ဒီကောင်လေးကို...

"ခွမ်း.."
ဒိုင်ယာရီမဆုံးခင် တစ်ခုခုကျကွဲသံကြောင့် ရှင်းလေးအခန်းဆီ သူပြေးရပြန်ပါတယ်။

***************
အပြန်လမ်းတွေလည်း တူနေခဲ့ပြီး တိုက်တစ်တိုက်ထဲကို တူတူတက်လာဖြစ်ကြတဲ့အခါ မျက်နှာခြင်းဆိုင် ဆိုင်က သားအဖနှစ်ယောက်ဟာ သူ့မျက်နှာခြင်းဆိုင်အခန်းကို ပြောင်းလာတဲ့လူသစ်တွေဆိုတာလည်း ထပ်သိခဲ့ရပြန်တယ်။ ရေစက်တွေပါပဲ။ ကုန်ဆုံးခြင်းကိုတော့ ဝေးစေချင်ခဲ့တယ်။

"မိုးပြာရောင်..."
"ဟင်?"
"နာမည်က မိုးပြာရောင်မို့လို့ ကလေးလို့မခေါ်နဲ့။"

ကလေးလည်း ဒီမှာနေတာလားဆိုတဲ့ လူကြီးကို ဖောက်ဆက်ဆက်ပြန်ပြောလိုက်တယ်။ ခဏတာကြောင်သွားတဲ့လူကြီးက မျက်လုံးတွေလခြမ်းကွေးလေး ဖြစ်သွားတဲ့အထိ ရယ်တယ်။ နောက်တော့လည်း ပြောမရပါဘူး။ ကလေး၊ ကလေးနဲ့ ဆက်ခေါ်နေတော့တာပဲ။

"ကျွန်တော်က ခင်ဗျားကလေးလည်းမဟုတ်ဘူး။ ခင်ဗျားကောင်လေးလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ကိုကလေးလို့ မခေါ်နဲ့ ဦးရှင်းရာရဲ့"လို့ ခပ်တည်တည်ပြောတော့ "ဒါဆိုကိုယ့်ကောင်လေးလုပ်လိုက်လေ"လို့ ရုပ်တည်နဲ့ပြန်ပြောပြန်တယ်။ မူမမှန်တဲ့ ရင်ခုန်သံတွေကြောင့် ရင်ဘတ်ဖိဖိနေရတာမို့ ကပ်ကပ်လန်ရန်ပြန်မတွေ့နိုင်တာကို ဒီလူကြီးဟာ အခွင့်ကောင်းယူနေပါတော့တယ်။

*******************
ရှင်းလေးက သူ့ကိုအတော်ခင်တွယ်ရှာတယ်။ အခုဆို မူကြိုကပြန်လာတာနဲ့ ဖေကြီးဆိုတဲ့အော်သံတွေ မကြားရတော့၊ ကိုကိုလို့ တစာစာခေါ်ပြီး သူ့ဆိုင်ထဲကို ၀င်လာတတ်တယ်။ ရှင်းလေး၀င်လာတာကတော့ထားပါ။ အဲ့လူကြီးကပါ ခပ်တည်တည်နဲ့ သူများဆိုင်ထဲ ဘာလို့ပြောင်းရွေ့နေထိုင်နေရတာပါလဲ။

သူများဆိုင်ထဲကို သူ့ဆိုင်လိုလို၊ဘာလိုလိုနဲ့ ခပ်တည်တည်၀င်လာတဲ့လူကြီးကို ရှင်းလေးအတွက် ချောကလက်အေးဖျော်ပေးနေရင်းက ခင်ဗျားကျွန်တော့်ကို ကလေးထိန်းခ၊ ဆိုင်ငှါးခပေးသင့်နေပြီလို့ ပြောတော့ ရယ်တယ်။

"ကိုယ့်ဘ၀တစ်ခုလုံးကို ပုံအပ်ပေးရင်ရော?"တဲ့။

သိပ်ကို ဖလစ်တဲ့လူကြီးပါပဲ။ ၀ယျသူတှကေို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြပြီး ဖော်ရွေတဲ့လူကြီးဆန်ဆန် ဒီလူကြီးဟာ အခုလိုစနောက်တတ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ သူကတော့ ခေါင်းခါလို့ အကြည့်လွဲမိတယ်။

စိတ်ပျက်တဲ့ပုံလုပ်ပြနေတဲ့ သူ့ရင်ခုန်သံတွေအကြောင်း သူပဲသိပါတယ်။ တစ်လတစ်ခါ စာပို့သမားကို လည်ရှည်အောင် မျှော်နေတတ်တဲ့လူကြီးက ဘယ်သိမလဲ။ နေကြာတွေစည်းရင်း ဘယ်သူ့ကိုစောင့်လို့စောင့်နေမှန်းမသိတဲ့လူကြီးက ဘယ်သိမလဲ။ စနောက်နေတဲ့လူကြီးက ဘယ်သိမလဲ။ သူ့အပြင် ဘယ်သူသိမှာလဲ။

[ဒီတိုင်း ရိုးရှင်းတဲ့ စကားလေးတွေပါပဲ။ မရိုးရှင်းနိုင်သူအဖို့တော့ ရင်ခုန်စရာတွေ ဖြစ်လာခဲ့ပါတယ်။]

********************
သူတို့မြို့လေးဟာ စုံလင်လှပေမယ့် အပန်းဖြေမြို့သေးသေးလေးပဲ ဖြစ်တယ်။ နွေရာသီဆို တော်တော်များများက ဒီမှာလာနေကြတယ်။ အပန်းဖြေအိမ်တွေလည်း ရှိပြီး လပိုင်း၊ရက်ပိုင်းငှါးတိုက်ခန်းတွေလည်း သိပ်ပေါများတယ်။ အရမ်းလှတဲ့မြို့လေးမို့ နွေရာသီမဟုတ်လည်း ခရီးသွားကပြတ်လပ်တယ်လို့ မရှိပါဘူး။ သူတို့ဆိုင်လေးတွေရှိတဲ့လမ်းရဲ့အဆုံးမှာ ပင်လယ်ကမ်းခြေရှိတယ်။ သိပ်မကြီးလှတဲ့မြို့လေးရဲ့လမ်းတွေဟာဘယ်ကပဲစစ ပင်လယ်ဆီမှာပဲဆုံးတာများတယ်။ မြို့လေးရဲ့အ၀င်မှာတော့ နေကြာရိုင်းခင်းတွေ အများကြီးရှိတယ်။

••••
ရှင်းလေးက တညံညံပူဆာနေတာမို့ သူတို့ဒီနေ့တော့ ဆိုင်ကိုစောစောပိတ်ပြီး ပင်လယ်ဆီသွားဖို့ ဆုံးဖြတ်ထားကြတယ်။ ရှင်းလေးက သူ့ဆိုင်မှာ ကျောင်းကအိမ်စာဆိုပြီး ရောင်စုံခြယ်နေတယ်။ ဟိုလူကြီးကလည်း သူ့ဆိုင်ထဲမှာပဲ။ သူလည်း မျက်စောင်းတစ်ချက်သာ အသာလှမ်းထိုးပြီး ဘာမှမပြောတော့ဘူး။

အဲ့လူကြီးဆိုင်ဖွင့်တာ ငါးလရှိပြီ၊ သားအဖနှစ်ယောက်သား သူ့ဆိုင်မှာသောင်တင်နေတတ်တာတော့ လေးလနဲ့သုံးပတ်ကျော်။ ဆိုင်လေးတွေက မျက်နှာချင်းဆိုင် နီးတဲ့အပြင် မှန်တွေကိုကျွန်းကွပ်ပြီး ဆောက်ထားတာမို့ တစ်ဖက်နဲ့တစ်ဖက် သေချာမြင်နေရတယ်။ ပြီးတော့ ပန်းလာ၀ယ်တဲ့သူကလည်း သိပ်မများတာမို့ ဒီလူကြီးဟာ သူ့ဆိုင်မှာပဲ ပန်းစည်းလာစည်းနေတတ်တယ်။ ပေးလာတဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ သေချာပေါက် ရှင်းလေးပဲပေါ့။

ဒီနေ့တော့ အစ်ကိုဟာ နေကြာပန်းမဟုတ်ဘဲ နှင်းဆီနီသုံးပွင့်ကို ဖဲကြိုးအပြာနုလေးနဲ့ စည်းနေပါတယ်။ ဟုတ်တယ်.. တစ်ချိန်လုံးသူ့ကိုလိုက်စနေတတ်တဲ့ ဒီလူကြီးကို သူက အစ်ကိုလို့ ခေါ်ချင်ပါတယ်။ အဲ့နာမ်စားလေးဟာ သူ့အတွက်လေးနက်ပြီး နွေးထွေးမှုလေးကို ခံစားရစေတယ်။ ကမ္ဘာပေါ်မှာ ချစ်တဲ့သူကိုခေါ်ဖို့ နာမ်စားလှလှတွေ သိပ်များမှန်းသူသိပါတယ်။ သူကတော့ ရိုးရိုးရှင်းရှင်း အစ်ကိုလို့ပဲခေါ်ချင်တယ်။ အဲ့လိုပဲ သူအကြိမ်ကြိမ်ငြင်းဆိုနေတဲ့ ခံစားချက်တွေကိုလည်း အချိန်တွေကြာလာတာနဲ့အမျှ အစ်ကိုရဲ့ ပန်းစည်းစည်းနေတဲ့ လက်ရှည်သွယ်သွယ်တွေကို ငေးကြည့်ရင်း ရိုးရှင်းစွာပဲ လက်ခံခဲ့ရပြီ ဖြစ်ပါတယ်။

အစ်ကိုဟာ သူ့ရဲ့အချစ်ဦးဖြစ်ပါတယ်။

************
ခြေထောက်ချိတ်ထိုင်လို့ သွေးကြောစိမ်းတွေ ယှက်နွယ်နေတဲ့ လက်သွယ်သွယ်တွေနဲ့ အာရုံစိုက်ပြီး ပန်းစည်းစည်းနေတဲ့ အစ်ကို့ကိုငေးကြည့်မိတဲ့ရလာဒ်အနေနဲ့ကတော့ ကော်ဖီဖျော်ရင်း သူ့လက်ပေါ် ရေနွေးပူပူတွေ မှောက်ကျသွားတာပါပဲ။ လွှတ်ခနဲထွက်သွားတဲ့ သူ့ရဲ့အာမေဋိတ်သံကို ကြားတော့ အစ်ကိုက ဆက်ခနဲမော့ကြည့်လာတယ်။ နီရဲနေတဲ့ သူ့လက်ဖမိုးကိုတွေ့တော့ ချက်ချင်းကောက်ထလာပြီး သူ့လက်ကိုဆွဲလို့ ရေဆေးချစေတယ်။ ခါတိုင်း အမြဲကျီစယ်ရိပ်တွေပြည့်နေတဲ့ အစ်ကို့မျက်နှာက တင်းမာနေတာပဲ။ ဒီလိုပုံနဲ့ အစ်ကိုဟာ အေးစက်ပြီး ဖိအားသိပ်များတဲ့ သူဌေးနဲ့ တူတယ်။ မြင်ရတဲ့လူက အဲ့အရှိန်အဝါအောက်မှာ အလိုလိုမသက်မသာခံစားလာရတာမျိုးလေ။ သူကတော့ ၀မျးနညျးလာသလိုပဲ။ အစ်ကိုကဘာလို့သူ့ကိုအဲ့လိုဆက်ဆံရတာလဲ။ ဒီလိုဆိုမှ ချစ်ခြင်းမေတ္တာနဲ့တွေ့မှ သူ့ရဲ့စိတ်ဟာ သိပ်ကိုထိခိုက်လွယ်လာပုံရပါတယ်။

"ဒီလောက်တောင် ဂရုမစိုက်နိုင်ရအောင် ဘာတွေတွေးနေရတာလဲ"ဆိုတဲ့ အဆူစကားအဆုံးမှာ သူ့လက်ဟာ အပြာရောင်ဆေးဂျယ်လေး လိမ်းလို့ မညီမညာပတ်တီးအစည်းခံရပြီးနေပြီ ဖြစ်ပါတယ်။ သိပ်လှတဲ့ပန်းစည်းတွေရဲ့ အရင်းခံဖြစ်တဲ့ လက်ပိုင်ရှင်အစ်ကိုဟာ ပတ်တီးကိုတော့ ဒီလိုရုပ်ဆိုးဆိုးစည်းပါသတဲ့။ အဲ့လိုတွေးမိပြီး သူရယ်မိတော့မလို့ပဲ။ ဒါပေမယ့် ငုံ့ပြီး ဆေးသေတ္တာလေးထဲ ပစ္စည်းတွေသေချာပြန်စီထည့်နေတဲ့ အစ်ကို့ရဲ့မျက်ခုံးတွေဟာ တွန့်ချိုးနေတုန်းပဲဆိုတာ တွေ့လိုက်ရတော့ လက်နဲ့ မျက်ခုံးတွေကို အသာဆွဲတန်းပေးခဲ့မိတယ်။

အစ်ကိုက အံ့သြရိပ်သမ်းတဲ့ မျက်၀န်းတွေနဲ့ မော့ကြည့်လာတယ်။ သူ့ရင်ထဲထိတ်ခနဲ။ သူ ခဏတာ ရူးသွပ်သွားခဲ့ပုံပေါ်ပါတယ်။ အစ်ကို့မျက်ခုံးတွေကို လက်နဲ့ဆွဲတန်းပေးခဲ့မိတယ်တဲ့! ဘယ်လိုကျီစယ်တဲ့အပြုအမူကြီးလဲ! ကိုယ့်ဘာသာအတွေးပေါင်းစုံနဲ့ မျက်လုံးပြူးပြီး ပြန်ကြည့်မိတော့ အစ်ကိုကရယ်တယ်။ သွားဖြူဖြူလေးတွေ ပေါ်တဲ့အထိကို နှစ်လို့ဖွယ်ရာရယ်ခဲ့တာ။ အစ်ကိုဒီလိုရယ်တာ သူပထမဆုံးမြင်ဖူးတာပဲ။

လုပ်ချင်ရာလုပ်ပြီး ကျောက်ရုပ်လို အကြောင်သားကြည့်နေမိတဲ့ သူ့ကို ရယ်ရင်း အလိုလိုက်သလို အစ်ကိုကပြောတယ်။ "ဒီကောင်လေးကတော့ကွာ"တဲ့။ တဆိတ်... အစ်ကိုကဘာလို့ သူ့ကိုအသည်းယားသလို ပြောနေရပါသလဲ။ အဲ့အတွေးအဆုံးမှာပဲ အစ်ကိုက ဆက်ပြောလာခဲ့ပါတယ်။ "ကိုယ်အသည်းယားလာပြီ"တဲ့။ လက်မှာလိမ်းထားတဲ့ အပူလောင်ပျောက်ဆေး ဂျယ်က ခပ်အေးအေး။ အစ်ကို့အပြုံးတွေကို မမှီတာတော့ အသေအချာပါပဲ။

မြန်လာတဲ့ရင်ခုန်သံတွေကြောင့် အသံရှူကိုအောင့်ထားရတယ်။ သူ့ပါးတွေရဲနေမလားလည်း သူမသိတော့ပါ။ ရှက်စရာကောင်းပေမယ့် အစ်ကိုကသူ့ကိုစိတ်ဆိုးပြေသွားတယ်မလား။ ဒါအမြတ်ပါပဲ။ အငေးလွန်ပြီး ရေနွေးမှောက်ကျရာက အငေးလွန်ပြီးဆေးလိမ်းတာ အချိန်အတော်ကြာသွားတဲ့အထိ ကော်ဖီတစ်ခွက်ကို တစ်နာရီနီးပါးလောက် ထိုင်စောင့်လိုက်ရတဲ့ ဧည့်သည်ကို ခါးကျိုးမတတ်တောင်းပန်လိုက်ရတာက လွဲရင်ပေါ့။ သူမသိခဲ့တာက ပြဿနာရှာပြီး ထထွက်မသွားတာ တော်တော်ကံကောင်းလို့ သူတွေးမိနေတုန်းမှာပဲ ၀ယ်သူမိန်းကလေးဟာ အဓိပ္ပါယ်ဖော်မရတဲ့အကြည့်တွေနဲ့ သူတို့နှစ်ယောက်ကို ပြုံးစိစိလှမ်းလှမ်းကြည့်နေခဲ့တယ်ဆိုတာပါပဲ။

••••
ဒီလိုနဲ့ နေ့လည်ရောက်လာခဲ့တယ်။ ဆိုင်ပိတ်ပြီး သုံးယောက်သား ဆယ်မိနစ်လောက်ပဲ လျှောက်ရမယ့် ကမ်းခြေဆီ ထွက်လာခဲ့ကြတယ်။ ရှင်းလေးက သူ့လက်တစ်ဖက်၊ အစ်ကို့လက်တစ်ဖက်ကို ကိုင်ထားပြီး တစ်ခါတစ်လေ လမ်းလျှောက်နေရင်းက ခိုစီးတယ်။ ပြီးရင် တစ်ခစ်ခစ်နဲ့ ရယ်တော့တာပဲ။ ရှင်းလေးကို လှည့်ကြည့်ရာက ခေါင်းမော့လိုက်ရင် သူ့လိုပဲမော့လာတဲ့ အစ်ကိုနဲ့အကြည့်ချင်း သွားသွားစုံတတ်တယ်။ အစ်ကိုက မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်လိုပဲ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ပါးပါးလေးပေါ်အောင် ရယ်ပြပေမယ့် မြန်နေတဲ့ရင်ခုန်သံတွေကို ပိုက်ရင်း သူကတော့ မောပန်းတုန်ရီခဲ့ရပါတယ်။ စိတ်ရှိတိုင်းသာဆို ပြောလိုက်ချင်ပါတယ်။ "အစ်ကိုအဲ့လိုရယ်ရယ်ပြနေရင် ကျွန်တော်နှလုံးရောဂါရတော့မယ်! တော်ပါတော့!"လို့။

ဒါပေမယ့် သူ့စည်းကမ်းတွေက ပြောတယ်။ ရင်ခုန်သံတွေကို သိမ်းထားရပါမယ်၊ သာမန်အဆန်ဆုံး ပြောဆိုဆက်ဆံရပါမယ်၊ တားထားတဲ့စည်းကို မကျော်ရပါဘူး။ ရေရာတဲ့အကြောင်းပြချက်ရယ်လို့တော့ သူ့မှာမရှိပါဘူး။ ဒီတိုင်း.. ဒီတိုင်းလေးကပဲ မှန်တယ်လို့ထင်တယ်။ တစ်ချို့အရာတွေက နီးဖို့ကြိုးစားရင် ပိုဝေးသွားတတ်ပါတယ်။

ရှင်းလေးရဲ့ရယ်သံတွေ၊ အစ်ကို့ရဲ့အပြုံးတွေနဲ့ ဒီလိုပုံစံဟာ သိပ်ကိုနွေးထွေးပြီး ပျော်စရာကောင်းတဲ့ မိသားစုတစ်ခုနဲ့ တူတာပဲ။ သူသာမိန်းကလေးတစ်ယောက် ဖြစ်မယ်ဆိုရင်ပေါ့။ လက်တွေ့မှာတော့ ဒီနေရာက သူ့အပိုင်မဟုတ်ဘူး။ သူဘယ်လိုကနေစပြီး ဒီနေရာမှာ ရပ်ခဲ့မိလဲလည်း သူမသေချာမသိဘူး။ သူ သေချာတာတစ်ခုက တစ်နေ့မှာ သူဒီနေရာကဖယ်ပေးရမယ်ဆိုတာပါပဲ။ အဲ့ဒါကြောင့် အမှတ်တရတွေကိုပဲ များများသိမ်းလို့ သံယောဇဉ်ကို အတတ်နိုင်ဆုံး နည်းစေရမယ်။ ဒါမှ သူတစ်ယောက်ထဲ ကျန်ခဲ့တဲ့အချိန်ကြ နေသားကျနိုင်လိမ့်မယ်။ ဘာမှမဖြစ်သလို ရယ်ပြုံးနိုင်လိမ့်မယ်။

ဒီအပန်းဖြေမြို့လေးနဲ့ သူနဲ့သိပ်မကွာပါဘူး။ လူတွေက ဒီမြို့လေးကို အပန်းဖြေဖို့လာကြပြီး ပြန်သွားသလို သူ့ဘ၀ထဲ၀င်လာတဲ့လူတွေကလည်း သိပ်မကြာတဲ့အချိန်တစ်ခုစာပါပဲ။ ဒီလိုပဲပေါ့.. ၀ငျလာတယျ၊ ထွက်ချင်တဲ့အချိန် ပြန်ထွက်သွားတယ်။ အမြဲအတူရှိပေးဖို့မပြောနဲ့ ထွက်မသွားခင် သူနေသားကျနိုင်လောက်မယ့် အချိန်တစ်ခုတောင် မပေးကြပါဘူး။

*****************
ရှင်းလေးက ပင်လယ်ကိုမြင်တာနဲ့ ပျော်နေပြီး ကမ်းစပ်တစ်လျှောက် ဟိုဒီပြေးလွှားပြီး ဆော့နေတယ်။ တစ်ခါတစ်ခါကြရင်လည်း ခရုခွံတွေ ကောက်တယ်။ သူနဲ့အစ်ကိုကတော့ ခဏအတူဆော့ပေးပြီး သောင်ပြင်မှာထိုင်နေလိုက်ကြတယ်။ တဖြူးဖြူးတိုက်နေတဲ့လေရယ်၊ လှိုင်းသံတွေရယ်၊ ပြီးတော့ အစ်ကို့ဆီက ခပ်ဖျော့ဖျော့ lemon ရေမွှေးနံ့လေးရယ်။ ဒီအချိန်လေးကို ရပ်တန့်ထားလို့ ရရင်ကောင်းမယ်လို့ သူတွေးမိတယ်။

အစ်ကိုက ရုတ်တရက် မနက်ကတည်းက စည်းနေတဲ့ နှင်းဆီပန်းသုံးပွင့်ပန်းစည်းကို သူ့ဆီထိုးပေးလာတယ်။ ဒီအထိဘာလို့ယူလာခဲ့လဲမသိဖြစ်နေပေမယ့် အစ်ကိုကသူ့ကိုပေးတယ်တဲ့။ ပန်းတွေမှာ အဓိပ်ပါယျတှရှေိမှနျး သူသိတယ်။ နှင်းဆီပန်းသုံးပွင့်ရဲ့ အဓိပ်ပါယျက ဘာလဲ? သူတွေးရင်း အစ်ကို့လက်ထဲက ပန်းကိုငေးကြည့်နေမိတယ်။ သူဖြတ်ခနဲယူလိုက်ဖို့ မရဲဘူး။ အဲ့အချိန်မှာပဲ အစ်ကိုကပြောလာခဲ့တယ်။

"နှင်းဆီပန်းသုံးပွင့်ရဲ့ အဓိပ်ပါယျက ကိုယ်မင်းကို ချစ်တယ်တဲ့။ မိုးပြာရောင်လေးကို ကိုယ်ကချစ်တယ်။"

အစ်ကိုက သူ့ကို နာမည်အပြည့်အစုံခေါ်တာ ဒါပထမဆုံးပဲ။ အစ်ကို့ပုံက စနောက်နေပုံလည်း မပေါ်ဘူး။ အစ်ကို့မျက်လုံးတွေက သိပ်ရဲတင်းတာပဲ။ စူးစိုက်ကြည့်နေပုံများ၊ သူကတော့ ဒီလိုမရဲပါဘူး။ ဒီလိုနဲ့ တဒုန်းဒုန်းခုန်နေတဲ့ ရင်ခုန်သံကို ထိန်းလို့ မျက်နှာလွှဲလိုက်ရတယ်။ အစ်ကို့မျက်လုံးတွေက သူ့စည်းကမ်းတွေကို ချိုးဖောက်မိစေတယ်။ သူအကြာကြီး စိုက်ကြည့်လို့ မဖြစ်ပါဘူး။

[မင်းလို စကားလုံးတွေ သီကုံးမဖွဲ့တတ်သူပါကိုယ်က~
မင်းလိုအကြည့်မျိုးနဲ့ စိုက်ကြည့်ဖို့တောင် မဝံ့မရဲနဲ့~
မင်းခြေတော်ရင်း၀ယ် ၀ပ်တွားခွင့်ရခဲ့ချင်ရုံလေးပဲ~]

***********************
"မိုးပြာရောင်။ အသက်က ၂၃။ မိဘတွေကတော့ ကျွန်တော်ငယ်ငယ်လေးထဲက ဆုံးသွားတယ်။ ၅နှစ်လောက်ထဲက ဖြစ်မယ်။ အဘွားနဲ့ ကြီးပျင်းလာတာပေမယ့် အဘွားကလည်း လွန်ခဲ့တဲ့ငါးနှစ်က ဆုံးသွားတယ်။ ငယ်ငယ်လေးထဲက ဒီမှာမွေးလာပြီး ဒီမှာကြီးလာတာပဲ။ business ကို Online learning နဲ့ကျောင်းပြီးထားတယ်။ အဲ့ဒါကျွန်တော့်အကြောင်း။"

ဘာအမူအယာမှ မပြဘဲ သေချာနားထောင်နေတဲ့ အစ်ကို့ဘက်ကို လှည့်ကြည့်ပြီး သူထပ်ပြောလိုက်တယ်။

"တစ်ယောက်အကြောင်း တစ်ယောက် သိထားသင့်တယ်ထင်လို့။ ခင်ဗျားအကြောင်းလည်း ပြောပြ။ နာမည်ကလွဲ ဘာမှမသိတဲ့လူတစ်ယောက်ကို ကျွန်တော်ကဘယ်လိုချစ်ရမှာလဲ။"

အစ်ကို့အကြောင်းကို ပြောပြပါလို့ ပြောတော့ အစ်ကို့မျက်၀န်းတွေမှာ တိမ်တွေအုံ့စိုင်းသွားတယ်။ အစမဖော်ချင်တဲ့ အမှတ်တရတွေ ထင်ပါရဲ့။ ဒါပေမယ့်လည်း သူ့အတွက် သိဖို့လိုအပ်နေတယ်။ ပိုင်ဆိုင်ရပြီလို့ ပျော်ရွှင်နေပြီးမှ နောက်နေ့နိုးလာတော့ သူ့ဘ၀ထဲက အငွေ့လို ပျောက်ကွယ်သွားမှာမျိုးကို သူလက်မခံနိုင်ဘူး။ ဝေးရမယ်ဆိုရင်တောင် သူ့အနေနဲ့ သူချစ်တဲ့သူကဘယ်လိုပါဆိုတာကို သိချင်ပါသေးတယ်။

အစ်ကိုက သက်ပြင်းအသာချပြီး ပင်လယ်ဘက်ကို ပြန်ကြည့်တယ်။ ရှင်းလေးက ဆော့နေရာက လှမ်းရယ်ပြတော့ အစ်ကိုကလည်း ခပ်ဖွဖွပြန်ပြုံးပြတယ်။ အစ်ကို့ မျက်၀န်းတွေက အသက်မ၀င်ဘူး။ အနီးကပ်မြင်နေရတဲ့သူ့အတွက် အစ်ကို့အပြုံးက ငိုချင်စရာကြီးရယ်။

"ကိုယ့်နာမည်အပြည့်အစုံက ရှင်းရာမြတ်ချယ်။ အသက်ကတော့ ကလေးထက် ၁၀နှစ်ကြီးတယ်။ ပြီးတော့.. မိသားစု၊ အင်း.. အဲ့ဒါက ကိုယ့်အတွက်တော့ ပြောဖို့ ပျော်စရာကောင်းတဲ့အရာတွေ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ကလေးကို ပြောပြဖို့လည်း ဆုံးဖြတ်ပြီးသားပါ။ ကလေးလည်း သိသင့်တာပဲလေ။ ရှုပ်ထွေးမှုတွေကြီးပဲ။ ကိုယ်ကထွက်ပြေးလာခဲ့တာ။ လုံး၀ သာမန်မဆန်တာမျိုးပေါ့။ drama တစ်ကားနဲ့တောင်တူမလားပဲ။ အဲ့လိုသဘောထားပြီး နားထောင်လို့လည်းရတယ်။"

"......."

"ကိုယ်တို့မိသားစုက ရေမွှေးကုမ္ပဏီတစ်ခု ပိုင်တယ်။ မိသားစု၀င်တွေလည်း အများကြီးရှိတယ်။ မိသားစု၀င် အစစ်မဟုတ်တဲ့ မိသားစု၀င်တွေပေါ့။ ကိုယ်ငယ်ငယ်က အဖေက သိပ်ပွေရှုပ်တယ်။ အဖေနဲ့အမေက ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူး။ စီးပွားရေးအရပဲ။ အဲ့ဒါကြောင့်ပဲ အဖေ့မှာ ကိုယ့်အပြင် တရားမ၀င်ကလေးတစ်ယောက် ထပ်ရှိနေတာလို့ ကိုယ်ထင်တာပဲ။ ဆွေမျိုးတွေ၊ အိမ်တော်ခွဲတွေ အများကြီးရှိပေမယ့် မိသားစုကမနွေးထွေးဘူးလေ။ အကုန်လုံးက အာဏာနဲ့ငွေကြောင့် ပြိုင်ဆိုင်နေကြတဲ့သူတွေချည်းပဲ။ ရန်သူတွေထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။"

"အဖေက ကိုယ့်ကိုချစ်ပုံရပါတယ်။ သူ့ကုမ္ပဏီကိုလည်း ကိုယ့်လက်ထဲပဲ ထည့်ပေးချင်တယ်။ ကိုယ်ကတော့ အဖေ့ကိုမုန်းတယ်။ ကိုယ်တို့ရှိလျက်နဲ့ အပြင်မှာဖြစ်ချင်တိုင်းဖြစ်နေတာလို့ပဲ ထင်တယ်။ အဲ့ဒါကြောင့်လည်း အဖေနဲ့ကိုယ်နဲ့ကြားက ဆက်ဆံရေးက မနွေးထွေးဘူး။ အဖေကလည်း ကိုယ့်အပေါ်လာနွေးထွေးပြရမှာ မျက်နှာပူတယ်ထင်တယ်။"

"အမေကလည်း အပြင်မှာ သူ့ဟာသာ သူ့အပျော်နဲ့သူပေမယ့် ကိုယ့်စိတ်က အမေ့ဘက်ကို ပါနေမိတယ်ထင်တယ်။ အဲ့ဒါကြောင့်အမေ့စကားကိုနားထောင်ပြီး ကိုယ်ကြောင့်ပဲဖြစ်ဖြစ် အမေ့ကိုစိတ်ချမ်းသာစေချင်ခဲ့တယ်။ အမေက အဖေ့ဇယားတွေ သူ့ဂုဏ်သိက္ခာကို လာမထိပါးသရွေ့ မျက်နှာတစ်ချက်မပျက်ဘဲ သူ့ဘာသာပျော်ပါးနေပေမယ့်လို့ပေါ့။ ကိုယ်ကတစ်သက်လုံးအဖေ့ကိုပဲ အပြစ်ဖို့ပြီးနေလာခဲ့တာ။ အမေက အမြဲလွတ်လပ်ပေါ့ပါးနေတာပဲ။ ကလေးအမေတစ်ယောက်နဲ့တောင် မတူဘူး။ လုံး၀လူလွတ်တစ်ယောက်လို သွားလာလှုပ်ရှားနေတာပဲ။ ကိုယ်နဲ့စကားပြောတဲ့အချိန်ဆိုတာလည်း မရှိသလောက်ပဲ။ ပြောတဲ့အချိန်တိုင်း ကိုယ်ကြားရတဲ့စကားကလည်း တရားမ၀င်ကလေးတွေ ကျော်တက်တာခံလို့မဖြစ်ဘူး။ ကုမ္ပဏီကို ကိုယ်ပဲဆက်ခံရမယ်ဆိုပြီး။ ကိုယ့်မိဘတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးမရှိခဲ့သလို ကိုယ့်ကလေးဘ၀ကလည်း သင်ယူစရာလေ့လာစရာတွေထဲ ပိတ်မိပြီးကုန်ဆုံးခဲ့တယ်။"

"ရှင်းလေးရဲ့အမေနဲ့ကတော့ ကိုယ်နိုင်ငံခြားမှာ ပညာသင်ရင်းတွေ့ခဲ့တာ။ ရှင်းလေးရဲ့အမေက လွတ်လပ်မှုကို တအားသဘောကျတဲ့မိန်းကလေး။ ဘယ်လိုချုပ်နှောင်မှုမျိုးကိုမှ သဘောမကျဘူး။ သူကတစ်ယောက်ထဲ ကမ္ဘာပတ်ပြီးလျှောက်သွားချင်တာမျိုး။ ကိုယ်တို့က သူငယ်ချင်းတွေပါ။ ဒါပေမယ့် အမေ့ကြောင့် ကိုယ်သူ့ကိုလက်ထပ်ဖြစ်တယ်။ ရှင်းလေးရဲ့အမေကတော့ သူ့အဖေကြောင့်ပေါ့။ သူတို့စီးပွားရေးအခြေအနေက ဆိုးနေလို့ ပြန်ဆယ်ဖို့အတွက် လက်ခံလိုက်တာ။ ကိုယ်ရော၊ သူရော တစ်ယောက်နဲ့တစ်ယောက် မချစ်ကြပေမယ့် ကိုယ်ကတော့ ကိုယ်အမြဲလိုချင်ခဲ့တဲ့မိသားစုဘဝလေးတစ်ခု တည်ထောင်နိုင်ဖို့ ကြိုးစားချင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်တို့က အရင်းနှီးဆုံးသူငယ်ချင်းတွေပဲလေ။ ကိုယ်သိတာပေါ့။ သူက အချုပ်အနှောင်တွေ အတည်တကျဆက်ဆံရေးတွေကို လုံး၀သဘောကျတဲ့သူမဟုတ်ဘူးဆိုတာ။"

"နောက်တော့ ကလေးယူဖို့ ကိစ္စပေါ့။ သူကတော့ စီးကရက်ဖွာရင်း ကိုယ့်ကိုမေးတယ်။ နင်ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာမရှိဘဲ ကောင်းကောင်းပျိုးထောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိသလား၊ နင်ကလေးလိုချင်သလားတဲ့။ သူက ကလေးကို မှန်ကန်စွာ မပျိုးထောင်နိုင်မှာသိလို့ ဘယ်တော့မှ ကလေးမယူဘူးဆိုပြီး ဆုံးဖြတ်ထားခဲ့တယ်လို့ ပြောပေမယ့် ကိုယ့်ကိုတော့ ယုံကြည်တာမို့ ကိုယ်လိုချင်ရင် ယူပေးမယ်တဲ့။ ပြီးရင် သူ့ကို ဘယ်တုန်းကမှ မရှိခဲ့သလို ထားပေး၊ သူထွက်သွားမယ်။ ဟိုမပျက်၊ဒီမပျက်နဲ့ သူက ကလေးရဲ့စိတ်ဒဏ်ရာမဖြစ်ချင်ဘူးတဲ့။ သူကအမြဲပြောတယ်။ 'I just want to be a wanderer'ဆိုပြီးလေ။"

"ကိုယ်အများကြီးစဉ်းစားအပြီးမှာ ယူဖို့ဆုံးဖြတ်လိုက်တယ်။ ကိုယ်တကယ်လိုချင်တယ်။ ကိုယ့်လိုမဟုတ်တဲ့ဘ၀နဲ့ ကိုယ်မရခဲ့တဲ့ နွေးထွေးမှု၊ ပျော်ရွှင်မှုတွေကို ပေးချင်ခဲ့တယ်။ အဲ့လိုနဲ့ ကိုယ်တို့ ရှင်းလေးကို ယူခဲ့ကြတယ်ပေါ့။ မွေးပြီးပြီးချင်း နလန်ထူတာနဲ့ ရှင်းလေးရဲ့အမေက အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်ပြီး ထွက်သွားခဲ့တာ။"

"သူ့ဘ၀မှာ အစထဲက မိသားစုဆိုတာ မရှိဘူးတဲ့။ ကျေးဇူးဆပ်စရာရှိတာလည်း အကုန်ဆပ်ခဲ့ပြီးပြီတဲ့။ ဘယ်သူ့ကိုမှ ဆက်သွယ်စရာမလိုဘူးတဲ့လေ။ ရှင်းလေးကို မွေးပေးခဲ့တာလည်း တစ်ခြားဘာကြောင့်မှ မဟုတ်ဘူး။ ကမ္ဘာမြေပေါ်မှာ ပျော်ရွှင်နေတဲ့သူ့ရဲ့အမှတ်အသားတစ်ခု ချန်ထားခဲ့ရုံပဲတဲ့။ ကိုယ်တို့ကြားထဲမှာ ဘာမှမရှိပါဘူး။ သူနဲ့ကိုယ်နဲ့က တစ်ယောက်စိတ်တစ်ယောက်နားလည်တဲ့ သူငယ်ချင်းကောင်းတွေထက် ဘယ်တုန်းကမှ မပိုခဲ့ဘူး။ ကိုယ်နဲ့တော့ အဆက်အသွယ်ရှိတယ်။ သူငယ်ချင်းတွေအနေနဲ့ပေါ့။ သူကခရီးသွားနေတဲ့ပုံ၊ နိုင်ငံတစ်ခုမှာ ရှူ့ခင်းတစ်ခုနဲ့အတူ တစ်ယောက်ပြောင်းနေတဲ့ သူ့ကောင်လေးတွေပုံ၊ စုံနေတာပါပဲ။"

အစ်ကိုက ပြောရင်းအသာရယ်တယ်။ ညီမကို အလိုလိုက်တဲ့ အစ်ကိုတစ်ယောက်လို ပုံမျိုးနဲ့။

"ကိုယ်တို့ friendship က အတော်လေးခိုင်မာတယ်။ ကိုယ်တို့ဘ၀မှာ စိတ်ရင်းနဲ့ခင်တဲ့၊ အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းဆိုတာ တစ်ယောက်မှ မရှိခဲ့ဘူးလေ။ သူ့မှာလည်း ကိုယ်ပဲရှိသလို၊ ကိုယ့်မှာလည်း အဲ့လိုသူငယ်ချင်းက သူပဲရှိတာ။ တကယ်ဆို မောင်နှမတွေလိုပါပဲ။ ဒါပေမယ့် သူ့စည်းနဲ့သူပါပဲ။ သူလည်းရှင်းလေးပုံကို တောင်းမကြည့်ခဲ့ဖူးသလို၊ ကိုယ်ကလည်း သူ့ပုံကို ရှင်းလေးကိုဘယ်တုန်းကမှ မပြခဲ့ဖူးဘူး။"

"ဆက်ပြောရရင် ရှင်းလေးနှစ်နှစ်လောက်မှာ အဖေ့ရဲ့တရားမ၀င်သားတစ်ယောက်ကြောင့် ကိုယ်နဲ့အဖေသိခဲ့ရတာက အဖေကကိုယ့်အဖေအရင်းမဟုတ်ဘူးဆိုတာပဲ။"

"အဆက်အသွယ် မလုပ်ရင်၊ အရင်လို မဟုတ်ကြတော့ဘူး၊ မဆိုးနဲ့တော့လို့ ပြောရင် အမေက ဘားမှာအမူးသောက်ပြီး လာမတွေ့တွေ့အောင် ပြဿနာရှာခေါ်တတ်တဲ့ အမေ့သူငယ်ချင်းဆိုတဲ့လူက ကိုယ့်အဖေအရင်းတဲ့။ နောက်တော့ ကိုယ်သူတို့အကြောင်း သိခဲ့ရတယ်။"

"အဖေရယ်၊အမေရယ်၊အဲ့ဦးလေးရယ်က ငယ်သူငယ်ချင်းတွေတဲ့။ အရွယ်ရောက်လာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက စတော့တာပေါ့။ ဒါပေမယ့် ထူးခြားတာက အမေက အလုခံရတဲ့လူမဟုတ်ဘဲ အဲ့ဦးလေးက အလုခံရတဲ့လူဖြစ်နေတာပဲ။ အဖေက ငယ်ငယ်ထဲက အနစ်နာခံပြီး အေးတယ်လို့ ပြောတယ်။ ပြီးတော့ အဖေက အဲ့ဦးလေးကို ချစ်တယ်။ ဒါပေမယ့် ယောကျာ်းလေးတစ်ယောက်အနေနဲ့ သူ့အတွက် ဖွင့်ပြောဖို့အစား မြိုသိပ်ထားဖို့ကို ရွေးချယ်ခဲ့ရတယ်။ အမေ့ကိုတော့ အဖေကအကုန်ပြောပြခဲ့တာပဲ၊ အမေ့ကို အဖေက အမတစ်ယောက်လိုကို သဘောထားခဲ့တာ။ အမေက အဖေ့စိတ်ကို သိရက်နဲ့ အဲ့ဦးလေးကို ဖွင့်ပြောခဲ့တယ်။ အဲ့ဦးလေးကလည်း အမေ့ကိုပြန်ချစ်တယ်လေ။ အဖေဘယ်လောက်အနစ်နာခံခဲ့ခံခဲ့ အဲ့ဦးလေးရဲ့လောကအမြင်အရ အဖေကသူ့ကိုသိပ်ခင်လို့ဆိုတာအပြင် ဘာမှပိုမမြင်နိုင်ခဲ့ဘူး။ အဖေက အမေ့ကိုလည်း တအားအနွံတာခံတော့ အဖေက အမေ့ကိုချစ်နေတယ်လို့ ထင်ခဲ့ပုံရတယ်။"

"အဖေ အဲ့သတင်းကို ကြားရတော့ ဘယ်လိုခံစားခဲ့ရလိမ့်မလဲ။ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်ပြီး ကိုယ်ချစ်ရသူကို လုယူသွားတာ။ အဲ့ဦးလေးအတွက် အဖေကိုယ်တိုင်ပေးထားတဲ့ ချည်ထိုးလက်ကိုင်ပုဝါလေးကလည်း အမေပေးထားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အဲ့ဦးလေးဆီမှာ။ အဖေကလေ အဲ့ဦးလေးကို အတော်ချစ်ခဲ့ပုံရပါတယ်။ အဲ့ဦးလေးနာမည်အစလေးထိုးထားတဲ့ ဆင်တူလက်ကိုင်ပုဝါလေးကို ဒီအသက်အရွယ်ထိ သိမ်းထားတုန်းပဲ။ အဲ့ဦးလေးဆီမှာတော့ အဖေ့နာမည်စာလုံးအစလေးနဲ့ လက်ကိုင်ပုဝါပေါ့။ အမေနဲ့အဖေက နာမည်စာလုံးအစတစ်လုံးတူတော့ အမေ ကလိမ်ဉာဏ်ဆင်ဖို့ လမ်းပွင့်သွားခဲ့တာ။"

"သည်းခံတတ်တဲ့၊အေးတဲ့လူတွေက ပေါက်ကွဲရင် ပိုကြောက်ဖို့ကောင်းတယ်တဲ့။ အဖေက အမေ့ကိုရအောင်ယူခဲ့တယ်လေ။ အဲ့ဦးလေးကို သူမရနိုင်ရင်တောင် အမေ့လက်ထဲတော့ ထည့်မပေးနိုင်ဘူးတဲ့။ သူအပြင်မှာ တစ်ခြားသူတွေနဲ့ အရွဲ့တိုက်ပြီး ပတ်သက်မိခဲ့တာတော့ နောင်တရမိတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ကိုယ်ပိုနာကျင်ခဲ့ရတာတဲ့။ ကိုယ်က သူ့သားမဟုတ်ဘူးဆိုတာလည်း အဖေသိခဲ့မှာပဲ။ ကိုယ့်ကိုအားနာတဲ့မျက်လုံးတွေ၊ ကြင်နာတဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့တာလည်း သူချစ်ရသူရဲ့ သားဖြစ်နေလို့ပေါ့။ အဖေ့ကို ကိုယ်အရမ်းအံ့သြတယ်။ သူအရမ်းချစ်တတ်တာပဲ။"

"အမေနဲ့ လက်ထပ်ပြီးတော့လည်း ဟိုဦးလေးကအဖေ့ကို အပြစ်မတင်ဘူး။ အလုပ်ကိစ္စတွေတောင် နောက်ကွယ်ကနေ ကူညီပေးနေတတ်သေးတယ်။ အဖေကတော့ မျက်လုံးချင်းတောင် စုံအောင်မကြည့်ရဲဘဲ ရှောင်နေခဲ့တာ။"

"အမေက အဲ့ဦးလေးကိုအတင်းတွယ်ကပ်ပြီး အဲ့ဦးလေးက အမေ့ကိုအတတ်နိုင်ဆုံး ရှောင်ခဲ့တယ်။ သူဘာမှမလွန်ကျူးစေခဲ့ဘူး။ အဖေက ဒါတွေကို သိရက်နဲ့ သူရွေးထားတဲ့လမ်းကို အဆုံးထိလျှောက်ခဲ့တယ်။ သူအကုန်လုံးကို ပစ်ချပြီး အဝေးမှာရှင်သန်ခဲ့ရင် ပိုစိတ်ချမ်းသာနိုင်မလားမသိပေမယ့် သူဒီလမ်းကို ရွေးခဲ့တာနောင်တမရဘူးတဲ့။"

"ကိုယ်အခုတလောတွေးမိနေတာက အဲ့ကိုယ့်အဖေအရင်းပါဆိုတဲ့ လူကရော ဘယ်သူ့ကိုချစ်ခဲ့တာလဲ? အဖေ့ကိုလား? အမေ့ကိုလား?"

နေက တဖြည်းဖြည်း ၀ငျလာပွီး ကောင်းကင်ကြီးက ပုစွန်ဆီရောင်သမ်းလာတယ်။ ပင်လယ်ကတော့ ဘာကိုမှ ဂရုမစိုက်သယောင် လှိုင်းသံတငြိမ့်ငြိမ့် ထုတ်လွှင့်နေတယ်။ ဆားငံနံ့ရောယှက်နေတဲ့ ပင်လယ်လေက ခပ်အေးအေး။ ရှင်းလေးကတော့ သူ့မူကြိုကစောရတုဆိုတဲ့ ကလေးနဲ့တွေ့လို့ တူတူဆော့နေလေရဲ့။ အစ်ကိုက အဖြေမလိုတဲ့ သူ့ကိုယ်သူမေးတဲ့ပုံ ပြောပေမယ့် သူဖြတ်ပြောလိုက်မိတယ်။

"ကျွန်တော်ကတော့ အစ်ကို့အဖေကိုလို့ ထင်တယ်။ သူချစ်တဲ့မိန်းကလေးကို လုယူခံလိုက်ရတာတောင် ဘာအပြစ်တင်မှ မတင်ဘဲ ကောင်းပေးနေတယ်ဆိုတာက... အင်း...။ သူလည်းစဉ်းစားစရာတွေ များခဲ့လို့ နှလုံးသားနဲ့ဆန့်ကျင်ဘက်လမ်းကို ရွေးခဲ့ပုံပါပဲ။"

"အင်း.. ဟုတ်တယ်မလား။ ကိုယ်လည်း အဲ့လိုပဲထင်တယ်။ ကိုယ်တစ်သက်လုံး အပြစ်တင်လာခဲ့တဲ့အဖေက တကယ်တမ်းနစ်နာသူဖြစ်နေပြီး အမေကမှအကုန်လုံးကို ပတ်မွှေခဲ့တာပါတဲ့။ ကိုယ့်အတွက်တော့ ထိချက်တော်တော်ပြင်းခဲ့တယ်။ ကိုယ်အကြာကြီး စဉ်းစားတယ်။ ဘာဆက်လုပ်သင့်သလဲပေါ့။ ကိုယ်အဖေ့နားမှာ ဘယ်လိုမျက်နှာနဲ့ ဆက်ရှင်သန်ရမှာလဲ။ အမေ့မျက်နှာကိုရော ဘယ်လိုဆက်ကြည့်ရပါ့မလဲ။ ကိုယ့်ရဲ့အဖေအရင်းပါဆိုတဲ့လူကိုရော ကိုယ်ကအဖေလို့ ခေါ်နိုင်ပါ့မလား။ အဖေနဲ့ အဲ့လူကြားမှာ ကိုယ်ကအမေဖန်တီးခဲ့တဲ့ မုန်းတီးစရာ အမှားအယွင်းတစ်ခုလို့ပဲ ကိုယ် ကိုယ့်ကိုယ်ကိုသတ်မှတ်တယ်။"

"ကိုယ်ကလေ... ငယ်ငယ်လေးထဲက သာမန်ဆိုတဲ့စကားလုံးကို သိပ်သဘောကျတယ်။ သာမန်ဘ၀၊ သာမန်မိသားစု။ ဒါပေမယ့် ကိုယ့်ဘ၀က ဘာလို့အဲ့လောက်ရှုပ်ထွေးနေရသလဲကို ကိုယ်နားမလည်တော့ဘူး။ ကိုယ်နောက်ဆုံးအဖြေတစ်ခု ရလာတယ်။ ကိုယ်လည်း ဘာလို့ရှင်းလေးအမေလို ထွက်မသွားနိုင်ရမှာလဲ။ ဒီလိုမိသားစုဘ၀ထဲမှာနေရင် ရှင်းလေးကိုလည်း ကိုယ်ပေးချင်တဲ့ဘ၀မျိုး ပေးနိုင်မှာမဟုတ်ဘူးလေ။"

"အဖေ့ရဲ့ကုမ္ပဏီကို ဆက်ခံဖို့? ဘယ်လိုမျက်နှာနဲ့လဲကလေးရယ်၊ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း အဲ့လိုဘ၀မျိုးကို လိုချင်ခဲ့တာမှ မဟုတ်ဘဲ။ ဒါကြောင့် ကိုယ်ရှင်းလေးကို ခေါ်ပြီးထွက်လာခဲ့တယ်။ အဖေတစ်ယောက်ပဲ ကိုယ်နဲ့အဆက်အသွယ်ရှိတယ်။ အဖေက တားချင်ပုံပေါ်ပေမယ့် မတားခဲ့ပါဘူး။ ကိုယ်အဖေ့ကို တစ်သက်လုံး အပြစ်တင်လာခဲ့မိတာတွေအတွက် တောင်းပန်တော့ အဖေကကိုယ့်ကိုပြန်တောင်းပန်တယ်။ သူသာ ကိုယ့်အမေကို လက်ထပ်မယူခဲ့ရင် ကိုယ်ကကိုယ့်အဖေအရင်းနဲ့ ပျော်စရာမိသားစုဘဝလေးကို ရမှာ၊ သူတောင်းပန်ပါတယ်တဲ့။ ကိုယ်အဲ့တောင်းပန်စကားကို ဘယ်လိုလက်ခံရမလဲကလေးရယ်။ ရင်ထဲစို့နစ်လာတယ်။ ပထမဆုံးအကြိမ်ပဲ ကိုယ်အဖေ့ရှေ့မှာ ငိုမိခဲ့တယ်။"

အစ်ကို့အသံက ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလို ခပ်အေးအေး၊ ခပ်တိုးတိုး။ သူ့ရင်ထဲတော့ လှိုင်းတွေထန်ပြီး မွန်းကြပ်လာခဲ့တယ်။ ငိုချင်လာတယ်။ သူချစ်တဲ့သူရဲ့ ဘ၀အကြောင်းကို သူကလှလှပပပဲဖြစ်စေချင်ခဲ့တာ။ ပျော်စရာကောင်းတဲ့မိသားစုနဲ့ ရှင်သန်လာခဲ့ပြီး ချစ်မြတ်နိုးရတဲ့မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ရှင်းလေးကို ရတယ်။ ဆုံးပါးသွားတာပဲဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့လမ်းခွဲခြင်းနဲ့ လမ်းခွဲခဲ့မယ်။ အစ်ကိုက ချစ်ရသူဆီက စာကိုလတိုင်းမျှော်နေခဲ့တယ်။ နည်းနည်းလေးနာကျင်ရပေမယ့် သူကအဲ့လိုပဲ မျှော်လင့်ခဲ့တာ၊ အဲ့လိုမျိုးပဲတွေးထားခဲ့တာ။ ဒါပေမယ့် အခုဟာက...

၀ဲတက်လာတဲ့ သူ့မျက်ရည်တွေကို မြင်တော့ အစ်ကိုက သူ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်လာတယ်။ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်ဆိုတဲ့ ပုံမျိုးနဲ့။ ဒီလိုအပြုအမူလေးနဲ့တင် သူ့ရင်ထဲ အတော်အတန်တည်ငြိမ်သွားခဲ့တယ်။ အစ်ကိုက သူ့ရဲ့စိတ်ငြိမ်ဆေးလေး ထင်ပါရဲ့။

သူလှည့်ကြည့်ပြီး ပြုံးပြတော့ အစ်ကိုကပြန်ပြုံးပြပြီး ဆက်ပြောတယ်။

"ထွက်လာပြီး နောက်ပိုင်း ဘယ်နေရာက အခြေချဖို့ အကောင်းဆုံးလဲဆိုတာ ကိုယ်မရွေးတတ်သေးတာနဲ့ ရှင်းလေးကို ခေါ်ပြီး လျှောက်သွားခဲ့တယ်။ သူများတွေ ကောင်းတိုင်း ကိုယ်တို့အတွက်ကောင်းတာလို့မှ မဆိုလိုပဲ။ ကိုယ်တို့နဲ့ အသားကျကိုက်ညီမယ့်နေရာတစ်နေရာကို ကိုယ်ရှာနေခဲ့တာ။"

"မြို့တွေအများကြီး ပြောင်းရွေ့ခဲ့ပြီးနောက်မှာ ကိုယ်ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့ကို ရောက်လာခဲ့တယ်။ အဲ့မြို့မှာ ကိုယ်ကောင်ငယ်လေးတစ်ယောက်ကို တွေ့တယ်။ သူကလေ အမြဲ အားမာန်အပြည့်နဲ့ လှုပ်ရှားသွားလာနေပြီး သူနေ့တိုင်းလုပ်နေကြအလုပ်ပေါ်လည်း ငြီးငွေ့ပုံမပေါ်ဘူး။ အပြုံးတွေက အရမ်းအသက်၀င်ပြီး ကူညီပေးတတ်တဲ့အကောင်ပေါက်လေး။"

*******************
Dairy of Shin Yar Myat Chal - 2

ဒီတစ်ခေါက်ရောက်လာတဲ့မြို့လေးက မြို့အ၀င်မှာ နေကြာခင်းတွေ အများကြီးရှိပြီး မြို့ထဲမှာ ပင်လယ်ကမ်းခြေလည်းရှိတယ်။ သိပ်မကျယ်ပေမယ့် စည်ကားတဲ့မြို့လေးပါပဲ။ ချစ်စရာဆိုင်လေးတွေ အများကြီးရှိပြီး ဖွဲ့စည်းပုံလေးက သပ်ရပ်တယ်။ အစကတော့ ဒီမှာနေဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ဒီနေ့တှေ့ခဲ့တဲ့ကောျဖီိဆိုငျပိုငျရှငျလေးကွောငျ့ လအနည်းငယ်နေဖို့ တွေးပြီး အခန်းငှါးခဲ့တယ်။

"နောက်တော့ ကိုယ်လည်း အားတိုင်း အဲ့ကောင်လေးကို လိုက်ချောင်းရင်း delivery ပို့တဲ့ကောင်လေးကြောင့် မြို့အနှံ့ရောက်ခဲ့တယ်လေ။ တွေ့နေရတာတောင် ထပ်တွေ့ချင်နေပြီး တော်ရုံဒေါသမထွက်တတ်တဲ့ကောင်လေးကို မျက်နှာတွေရဲတဲ့အထိ စိတ်တိုအောင် စချင်မိတယ်။ ဆံပင်ခွေလေးတွေကို ရှုပ်ပွသွားအောင် ဖွပစ်ပြီး ဒေါပွနေတဲ့ ခွေးပေါက်လေးလို ဖြစ်နေမှာကို ကြည့်ချင်တယ်။ အဲ့လိုနဲ့ အဲ့ကောင်လေးဆိုင်ရဲ့ မျက်နှာချင်းဆိုင်က ဆိုင်ခန်းကို ငှါးဖြစ်ခဲ့တယ်။ မြို့လေးထဲ ပန်းစည်းဆိုင်မရှိတာမို့ ပန်းဆိုင်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ်ပါယျနဲ့ ကိုယ်နေကြာတွေ ဘယ်နှစ်စည်းတောင် စည်းခဲ့သလဲ။ မိုးပြာရောင်ကလေးက ကိုယ့်ရဲ့နေကြာပါပဲ။"

အစ်ကိုက ခပ်ပြုံးပြုံးပြောနေပေမယ့် သူ့မှာတော့ စွန့်အရတယ်။ ပျော်နေသလားတောင် သူ မတွေးတတ်တော့ပါဘူး။ သူ့ခေါင်းက အစ်ကို့စကားတွေပဲ ပြည့်နေပြီး တွေးခေါ်နိုင်စွမ်းဟာ ဗလာဖြစ်နေတယ်။ သူ့ဦးနှောက်ဆဲလ်တွေဟာလည်း တုန့်ပြန်မှုနှေးကွေးကုန်ပြီ ထင်ပါရဲ့။

••••
Dairy of Shin Yar Myat Chal - 3

စာရွက်အပိုင်းအစတွေမှာ ချရေးခဲ့တဲ့ ဟိုတစ်စဒီတစ်စခံစားချက်တွေဟာ ပိုပိုပြီး ပြတ်သားလာခဲ့ပါပြီ။ ပျော်ရွှင်ခြင်းတွေဟာ ဟိုဒီကူးလူးဖြတ်ပြေးတော့ ဒီမြို့လေးရဲ့ထောင့်စွန်းမှာ ချစ်ခြင်းမေတ္တာနဲ့၀င်တိုက်ခဲ့မိပြီ ထင်ပါတယ်။ ရှင်းလေးကို အဲ့ကိုကိုကို သဘောကျလားမေးတော့ အင်္ကျီအိတ်ကပ်ထဲ ထည့်ဝှက်ထားချင်ပါတယ်တဲ့။ ရှင်းလေးဟာ သဘောကျတဲ့အရာသိပ်ရှားပေမယ့် ထူးထူးခြားခြားသူသဘောကျမိတဲ့အရာတွေကိုတော့ အင်္ကျီအိတ်ကပ်ထဲ၊ ကျောပိုးအိတ်လေးထဲ ထည့်ဝှက်ထားချင်တယ်လို့ ပြောတတ်တယ်။ နှစ်နှစ်ကြာပြီးနောက်မှာတော့ အခြေချစရာမြို့လေး ရှာတွေ့ခဲ့ပါပြီ။ နှလုံးသားကို မြှပ်နှံထားတဲ့ ဒီမြို့လေးမှာ ချစ်ရတဲ့ကောင်လေးကို ပိုင်ဆိုင်ရဖို့ ကြိုးစားပါတော့မယ်။

"အစ်ကို...?"
သူဆုံးအောင်တောင် မမေးနိုင်တဲ့မေးခွန်းကို အစ်ကိုအဖြေပေးတယ်။

"အင်း ကလေးလေး၊ ကိုယ်ပြောနေတဲ့သူက ခင်ဗျားလေးပါပဲ။"

မိုးပြာရောင်ဟာ ဘယ်တုန်းကမှ တုန့်ပြန်မှုနှေးကွေးတဲ့လူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ကော်ဖီဆိုင်လေးဖွင့်ထားတာမို့ ပြောဆိုဆက်ဆံရေးလည်း အတော်အသင့် သွက်လက်လျင်မြန်တယ်။ ဒါပေမယ့် သူအခု ဘာပြန်ပြောသင့်သလဲ တကယ်စဉ်းစားမရဘူး။ နှုတ်ခမ်းဟဖို့တောင် အတော်ခက်ခဲပါတယ်။ ပျော်ရွှင်မှုတွေနဲ့ အလုံးအရင်း၀င်တိုက်မိပြီး accident ဖြစ်တဲ့အခါ သူဟာ ကြောင်အအေးခဲသွားရပါတော့တယ်။ အဲ့အချိန်မှာ အစ်ကိုက ပြုံးပြတော့ ပါးချိုင့်ပိစိလေးဟာ ဖြတ်ခနဲပေါ်လာတယ်။ ဒါဟာ သူ့အသက်ကယ်ဆေးတဖြစ်လဲ၊ သူ့ကိုအသိပြန်၀င်လာစေတဲ့ အချက်ပေးခေါင်းလောင်းသံလေးလည်း ဖြစ်ပါတယ်။ သူချစ်တဲ့သူဟာ သူ့ကိုအရင်ကတည်းက ချစ်နေခဲ့တာဖြစ်ပြီး နေကြာတွေကို သူ့ကြောင့်စည်းခဲ့တာပါတဲ့။ ယိုင်နဲ့ချင်နေတဲ့စိတ်ကို အထပ်ထပ်ထောက်ထိန်းထားရတဲ့ခံတပ်ဟာလည်း အတုန်းအရုန်း//တဝုန်းဝုန်းပြိုကျကုန်တယ်။

ကျန်တာတွေက ဘာအရေးလဲ၊ သူဒီလူကို သိပ်ချစ်ပါတယ်။

[နေကြာတွေဟာ စောင့်မျှော်ခြင်းဆိုတဲ့အဓိပ္ပါယ်အပြင် ပျော်ရွှင်ခြင်းဆိုတဲ့ပြယုဒ်ကိုလည်း ဆောင်နေပါသေးတယ်။]

*************
"ကျွန်တော်လည်း အစ်ကို့ကိုချစ်တယ်!"
အနည်းငယ်တုန်ယင်နေတဲ့စကားနဲ့ ပြူးကြောင်ကြည့်နေတဲ့ကောင်လေးဟာ သူ့လည်ပင်းကို ခပ်တင်းတင်းသိုင်းဖက်လာတယ်။ စိတ်သက်သာရာသွားတဲ့ ရှင်းရာရဲ့နှုတ်ခမ်းမှာ အဝါရောင်ပန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လာခဲ့တယ်။ ပုစွန်ဆီရောင်တောက်နေတဲ့ကောင်းကင်အောက်မှာ ကမ္ဘာမြေကြီးပေါ်က လူသားနှစ်ယောက်ဟာ အချစ်နတ်ဘုရားမရဲ့ကောင်းချီးပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။ ပင်လယ်လှိုင်းသံက တိုးဖွဖွ၊ တိုး၀င်လာတဲ့ လေပြည်က ဆုတောင်းပေးသွားတယ်။ ဒီချစ်ခြင်း ဝေးကွာခြင်းကင်းပါစေတဲ့။

ဖက်ထားရာက အစ်ကို့ရင်ခွင်ထဲ လျှောဆင်းပြီး မေးဖျားကို အသာလေးလှမ်းနမ်းလိုက်တယ်။ ရုတ်တရက်မို့ ကြောင်သွားတဲ့အစ်ကိုဟာ ချက်ချင်းငုံ့ကြည့်ပြီး ခေါင်းကိုငုံ့ချအလာ၊ သူမျက်လုံးအမှိတ် ရှင်းလေးရဲ့ ဖေကြီးဆိုတဲ့ အသံဆာဆာဟာ အပြေးအလွှားရောက်လာတော့တယ်။ ဆူပုတ်သွားတဲ့အစ်ကို့ကို ကြည့်ပြီး ရယ်ရင်းမောရင်း သူ့ညနေခင်းဟာ လှပနေခဲ့ပါတယ်။

*******************
"အစ်ကို့..."
သူ့ခေါ်သံကြားမှ အစ်ကိုကလက်ထဲကစီးကရက်ကို အမြန်ထိုးချေပြီး မီးငြှိမ်းပစ်တယ်။ ဘယ်သူထင်ထားမှာလဲ၊ ဒီလူကြီးမှာ စီးကရက်စွဲလမ်းလွန်းတဲ့အကျင့်ရှိလိမ့်မယ်လို့။ အခုတော့လည်း ယုံလိုက်ရပါပြီ။ သူပြင်ပေးလာတာ တစ်နှစ်ရှိပြီ၊ ဒီလူကြီးဟာ သူ့စကားတိုင်းကို အကျင့်ဖြစ်နေသလို အကုန်နားထောင်တတ်ပေမယ့် ဒီစီးကရက်ဖျက်ပေးဖို့ရာ သူမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အစ်ကိုက အတတ်နိုင်ဆုံးရှောင်ခဲ့ပါတယ်။ နဂိုကတည်းကလည်း ရှင်းလေးရှိလို့ ညဘက် ၀ရံတာမှာပဲ သောက်တတ်တဲ့အစ်ကိုဟာ သူ့ရှေ့မှာလည်း ရှောင်တယ်။

"ရှင်းလေး အိပ်သွားပြီအစ်ကို။"
အစ်ကိုတို့ကို သူ့အိမ်ဆီခေါ်ထားတာ ကြာပါပြီ။ အခန်းတွေလည်း ပိုနေတာပဲကို ဘာလို့သပ်သပ်ငှါးနေမလဲလေ။ အစ်ကိုကတော့ အိမ်လခဆိုပြီး သူ့ရှိသမျှ ပိုက်ဆံတွေ တစ်လတစ်ခါ လာလာပုံပေးတတ်ပါတယ်။

မှောင်မှောင်မည်းမည်း ကောင်းကင်မှာ ကြယ်တစ်လုံးမှ ရှာမတွေ့ဘူး။ ထီးထီးကြီးသာနေတဲ့လပဲရှိတယ်။ စောနကအစ်ကိုသောက်ထားတဲ့စီးကရက်ငွေ့တွေကြောင့်လား၊ ပိန်းပိန်းမှောင်နေတဲ့ကောင်းကင်ကြောင့်လား သူသေချာမသိပေမယ့် မွန်းကြပ်လာတယ်။

"ကိုကို... ကျွန်တော့်ကို ပြောပြလို့ရပါတယ်။"
ဒီလိုပဲ၊ အဲ့နေ့ပြီးကတည်းက အစ်ကိုရော၊ကိုကိုရော သူကကြိုက်သလိုခေါ်တယ်။ အစ်ကိုဆိုတဲ့အခေါ်အဝေါ်က လေးနက်မှုကို ခံစားရလို့ သူမစွန့်ပစ်လိုက်ချင်တာလည်း ပါတယ်။

စီးကရက်သောက်လို့လည်း ခါတိုင်းလို အစ်ကို့ကိုမဆူဖြစ်ပါဘူး။ အစ်ကို့မှာ သူ့ကိုပြောဖို့ခက်တဲ့စကားတွေ ရှိနေတာ သူသိတယ်။ ဒီလထဲ စာလာတွေလည်း စိပ်နေခဲ့တယ်မလား။

အစ်ကိုက သက်ပြင်းအသာချတယ်။
"ကလေး.."
စကားဟာ ဆက်မလာတဲ့အခါ ၀ရံတာလက်တန်းပေါ်က အစ်ကို့လက်ပေါ် သူ့လက်ထပ်တင်ပြီး ခပ်ဖွဖွပုတ်ပေးလိုက်တယ်။ ဒါသူစိုးရိမ်ကြီးချိန်တိုင်း အစ်ကိုလုပ်ပေးနေကြ အပြုအမူပါပဲ။ အစ်ကိုက အသာပြုံးတယ်။

"ကိုယ်ခဏပြန်မှဖြစ်မယ်။"
အင်း... သူခန့်မှန်းမိခဲ့ပါတယ်။

"အဖေအခြေအနေမကောင်းဘူး။ နှလုံးဖောက်ပြီး အိပ်ယာပေါ်လဲနေတယ်တဲ့။ ကိုယ့်ကိုပြန်လာစေချင်နေတယ်။ အဖေ့အပေါ် မတရားခဲ့တာတွေအတွက် ပြန်အလျော်ပေးနိုင်တာ ဘာမှမရှိတာ၊ ကိုယ်ပြန်မှ ဖြစ်မယ်ကလေးရယ်။ ကိုယ်အဖေ့ရဲ့ဒီဆန္ဒကိုတော့ ဖြည့်ပေးမှဖြစ်မယ်။"

အစ်ကို့အသံကနေ စိုးရိမ်မှုတွေ၊ နာကျင်မှုတွေ သူအတိုင်းသား ကြားရတယ်။ ဒီစကားကို ပြောဖို့ အစ်ကို့အတွက်ခက်ခဲနေခဲ့တာပဲ။

"ကိုယ်တောင်းပန်..."
အစ်ကို့စကားမဆုံးခင် သူဖြတ်ပြောလိုက်တယ်။
"အစ်ကိုပြန်လာမယ်မလား?"

"ကလေးလေး..."
"ကျန်တာမလိုပါဘူး။ အခုကသွားသင့်တာပဲလေ။ သွားရမှာပေါ့။ အစ်ကို့ကိုကျွန်တော်နားလည်တယ်။ ဒီတိုင်း ပြန်လာပါ့မယ်ဆိုတဲ့ကတိပဲ ပေးရင်ရတယ်။"

"ဒီတံခါးကို ၀င်လာပါစေတော့ဆိုပြီး ဖွင့်ထားတာမဟုတ်သလို ထွက်မသွားပါနဲ့ဆိုပြီး ပိတ်မထားခဲ့ဖူးဘူးအစ်ကို။ ပြန်လာမယ်ဆိုတဲ့ကတိစကားကို မမျှော်လင့်သလို ဘယ်သူ့ကိုမှလည်း သတိတရမစောင့်ဆိုင်းခဲ့ဖူးဘူး။ ကျွန်တော့်ဘ၀ထဲကို လူတွေဘယ်နှစ်ယောက်၀င်လာပြီး ဘယ်နှစ်ယောက်ပြန်ထွက်သွားပြီးပြီလဲဆိုတာ ကျွန်တော်ရေတောင်မရေတွက်ဖူးဘူး။ ဒါပေမယ့်လေ.. အစ်ကို အစ်ကို့ကိုတော့ ပြန်လာစေချင်တယ်။ ပြန်လာခဲ့မယ်ဆိုတဲ့ကတိအတွက် စောင့်နေမယ်နော်ဆိုတဲ့ ကတိကိုလည်း ပြန်ပေးချင်တယ်။ အစ်ကိုက အမြဲ ကျွန်တော့်စည်းကမ်းတွေကို ဖောက်ဖျက်မိစေတယ်။ ဒါပေမယ့်လည်း ကျွန်တော်က စည်းကမ်းဖောက်ခြင်းတွေထဲမှာ ပျော်ရွှင်နေတဲ့ခပ်ဆိုးဆိုးကလေးတစ်ယောက်ပါပဲ။ အစ်ကို့အတွက် အချိန်ဘယ်လောက်ဆို လုံလောက်မလဲ?"

ရှင်းရာက ဘာမှမပြောဘဲ မိုးပြာရောင်ကို ခပ်တင်းတင်းဖက်လိုက်တယ်။ သူ့ကောင်လေးဟာ သိပ်ကိုနားလည်ပေးတတ်တဲ့ကောင်လေးပါပဲ။

"တစ်နှစ်၊ ကိုယ့်ကိုတစ်နှစ်ပဲစောင့်ပါနော်။ ကိုယ်ကလေးဆီ သေချာပေါက်ပြန်လာခဲ့မယ်။ ကလေးက ဒီကမ္ဘာမြေပေါ်မှာ ကိုယ့်ရဲ့တစ်ခုတည်းသောအိမ်ပါပဲ။ ဘယ်လောက်ခရီးလွန်လွန် ကိုယ်ပြန်ကိုပြန်လာမယ့် အိမ်လေးပါပဲ။"

အဲ့တုန်းက အစ်ကို့ရင်ခွင်ကျယ်ကျယ်ထဲ ခပ်သာသာခေါင်းမှီပြီး သူမျက်လုံးမှိတ်ရင်း ပြုံးနေခဲ့ပါတယ်။ အစ်ကို့အတွက် သူကကမ္ဘာမြေပေါ်က တစ်ခုတည်းသောအိမ်ဆို သူ့အတွက်တော့ အစ်ကိုဟာ ကမ္ဘာမြေကြီးဖြစ်ပါတယ်။

*****************
"ဟယ်လို  your home cafe ကပါ။"
"........"
"Mocha တစ်ခွက်၊ Chocolate တစ်ခွက်၊ ကမ်းခြေဘက်ကိုနော်။"
"........"
"ဟုတ်။ ၁၅မိနစ်အတွင်းလာပို့ပေးပါ့မယ်။"

ကလေးလေးတစ်ယောက် အော်ဒါမှာလာတာကြားရတော့ ရှင်းလေးကိုသတိရမိတယ်။ သူတို့ပြန်ရမယ့်နေ့က ရှင်းလေး ကြူကြူပါအောင် အော်ငိုနေခဲ့တာ။ အမြဲတမ်းပြုံးနေတတ်တဲ့ကလေးကလေ။ သူငယ်ချင်းစောရတုကိုတောင် မနှုတ်ဆက်နိုင်ဘဲ သူ့လက်ညှိုးကို လက်သေးသေးလေးနဲ့ အတင်းဆုပ်ကိုင်ထားခဲ့တာ။

ရှင်းလေးအကြောင်း တွေးမိတော့ သူတောင်မသိလိုက်ဘဲ သက်ပြင်းနာနာချမိတယ်။ သတိရကြောင်းတွေ စီကုံးနေရမယ့်အချိန်မဟုတ်လို့ အခုတော့အော်ဒါကိုပြင်ဆင်ရပါဦးမယ်။

ညနေစောင်းမို့ ကမ်းခြေလေက ပိုလို့အေးတယ်။ နွေရာသီမို့ ဟိုဟိုဒီဒီက အလည်လာကြတဲ့ မိသားစုတွေ၊ သူငယ်ချင်းအုပ်စုတွေ၊ စုံတွဲတွေက ဟိုတစ်စု၊ဒီတစ်စု။

"ဟယ်လို... စောနကအော်ဒါမှာထားတဲ့ဆိုင်ကပါ။ ကျွန်တော်ကမ်းခြေကိုရောက်နေပါပြီခင်ဗျ။ ဘယ်နားကိုလာရမလဲမသိ?"

"အနောက်ဘက်ကို လှည့်ပြီး ခြေလှမ်းငါးဆယ်လောက် လှမ်းလာခဲ့ပါ။"

••••
ဒီ.. ဒီအသံက...
"ကိုကို?"
လွှတ်ခနဲထွက်သွားမိတဲ့ အမည်နာမအဆုံး အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းမှာ ရှပ်အင်္ကျီကိုလက်ခေါက်လို့ စတိုင်ပန်ထဲလက်တစ်ဖက်ထည့်ထားတဲ့အမျိုးသားတစ်ယောက်ဟာ ဝေ၀ဝါးဝါးပြုံးပြ​နေတယ်။

လေပြည်က သယ်ဆောင်လာသလား၊ ဆက်သွယ်ရေးလိုင်းက သယ်ဆောင်လာသလား သူမသိတော့ပါ။

"အိမ်ပြန်ရောက်ပါပြီ"ဆိုတဲ့ စကားသံဟာ သူ့နားထဲ တဝဲဝဲလည်လည်။

ပြေးဖက်သင့်သလား၊ နောက်ဆုံးထိ ဆိုင်ထဲ၀င်မလာဘဲ သူ့ကိုဆိုင်ပြင်ခေါ်ထုတ်လို့ လာတွေ့ခိုင်းတဲ့လူကြီးကို သူပြေးဖက်သင့်သလား? အင်း!ဆိုတဲ့ အဖြေဟာ ခိုင်ခိုင်မာမာထွက်လာတဲ့အခါ သဲထဲနစ်၀င်နေသလို လေးလံနေတဲ့ခြေထောက်တွေကို သူအားယူလိုက်တယ်။ ရှေ့ကို တစ်လှမ်းအတိုး ၀င်ဆောင့်မိတဲ့ရင်ခွင်ကျယ် ၊  နွေဦးလေပြေနဲ့တူတဲ့ ကိုယ်သင်းနံ့လေးရယ်။

ဒီတစ်ကြိမ်မှာတော့ ဒီလူကြီးဟာ ခြေလှမ်း ၄၉ လှမ်းကို သူ့ဘက်ကချည်း စလှမ်းလာခဲ့ပါတယ်။

"ကျွန်တော်က ကိုကို့ရဲ့အနာဂတ်ကို ဝေဝါးစေတဲ့မြူလား?"

သူ့ကိုခပ်တင်းတင်းဖက်ထားတဲ့ ဒီလူရဲ့ရင်ဘတ်ပေါ်မှာ သူစိတ်လွတ်လက်လွတ်မှီခိုချပစ်လိုက်တယ်။ ဒီလို နွေးထွေးလုံခြုံပြီး စိတ်သက်သာရာရသွားတဲ့ခံစားချက်မျိုးကို သူ မခံစားရတာကြာခဲ့ပြီပဲ။

"မဟုတ်တာကွာ။ ဒီလူအိုကြီးကကို နေကြာတွေစည်းရင်း ရသလောက် ရှယ်ယာလေးစားလို့ ကလေးလေးနားပဲကပ်နေချင်တာပါ။ ကလေးက ကိုယ့်ရည်မှန်းချက်ပဲလေ"

မပြောင်းလဲသေးဘူးပဲ၊ ဒီလူကြီးဟာ စကားသိပ်တတ်နေတုန်းပါပဲ။ ငြိမ်သက်နေခဲ့တာ အတော်ကြာပြီဖြစ်တဲ့ သူ့ရဲ့နှလုံးသားဟာလည်း ပိုင်ရှင်ကိုမှတ်မိတဲ့အလား အစ်ကိုရဲ့ခပ်အေးအေးနဲ့ လေးနက်တဲ့အသံတိုးတိုးမှာ တဒိတ်ဒိတ်အခုန်မြန်လာခဲ့တယ်။ မျက်လုံးထောင့်ကနေ စောရတုလေးနဲ့ဆော့နေရာက ဒီဘက်ကိုလာချင်သလို ခဏခဏလှမ်းကြည့်တဲ့ ရှင်းလေးကိုတွေ့တော့ အစ်ကို့ရင်ခွင်ထဲက အသာရုန်းရင်း အိတ်ထဲက Mocha တစ်ခွက်နဲ့၊ ချောကလက်တစ်ခွက်ကို သတိရသွားတယ်။ အစ်ကိုက ဘယ်တုန်းကကမှ အချိုမကြိုက်ခဲ့ဘဲ။

"ကိုကိုက Mocha သောက်သလား?"
"အင်း.. မိုးပြာရောင်ကလေးမရှိတော့ အချိုဓာတ်တွေ လိုအပ်နေတာမို့ ချိုတာတွေခဏခဏသောက်ရင်း အကျင့်ပါသွားတာနေမှာ။"

ရုန်းတာကို မလွှတ်ပေးဘဲ ပိုတင်းအောင်ဖက်လိုက်တဲ့အစ်ကိုဟာ ထပ်ပြီးလူကို ရူးအောင်ပြုစားနေပြန်ပါတယ်။ ဒါပေမယ့်လည်း မေးသင့်တာကို မေးရမယ်။ တစ်ဖက်မှာ အစ်ကို့ရဲ့ကမ္ဘာဟာ သူနဲ့အရမ်းကိုကွာခြားနေပါတယ်။ စိတ်ဆိုတာ ပြောင်းလဲတတ်တာမို့။

"ကိုကိုကျွန်တော့်ဆီပြန်လာတာ ဘယ်တော့မှ နောင်တမရမှာသေချာလား?"
"အင်း.. ဘယ်တော့မှ"

အစ်ကိုက တစ်စက္ကန့်တောင် တွေဝေမနေဘဲ ချက်ချင်းပြန်ဖြေတယ်။ သူ စိတ်လိုလက်ရ ပြုံးလိုက်တယ်။ ဒီလောက်ဆို သူတကယ်ပြောချင်နေတဲ့စကားကို ပြောလို့ရပြီထင်ပါတယ်။

"Welcome back home ကိုကို။ ကျွန်တော်လည်း ကိုကို့ကိုအများကြီးသတိရနေခဲ့တာ..."

"အင်း။ ကိုယ်သိပါတယ်။ နောက်တစ်ခါ ကလေးကို ကိုယ်ဘယ်လိုအကြောင်းပြချက်မှ တစ်ယောက်ထဲ မထားခဲ့တော့ဘူးလို့ ကတိပေးတယ်နော်။"

လှိုင်းသံတွေကြား ကိုကို့ရဲ့နှလုံးခုန်သံလေးကို ခပ်တိုးတိုးကြားရတယ်။

"ကျွန်တော်ယုံပါတယ်။"

-END-

"Remember when I told you
No matter where I go
I'll never leave your side
You will never be alone"

Continue Reading

You'll Also Like

22.2K 3.5K 14
Title: Regrets of Deception/ 真心误良人 Author: Zhang Daji (作者:张大吉) English Translator: ginevre (lazygirl Translation) Chapters: 5 Chapters *I don't own a...
41.3K 7.3K 22
ලෝකෙට කවුරු උනත් අශේල්ගෙ ලෝකෙදි එයා ආශු....ඒක අශේල් ආදරෙන් තියපු නම....හිතට අස්වැසිල්ලක් නිදහසක් අරන් ආපු ආශිර්වාදයක් විදිහට දකින හින්දා අශේල් එයාට ආ...
260K 2.5K 13
အမေနဲ့သမီးအင်းစက်စာပေမို့လို့အသက််မပြည့်ပါကမဖတ်သင့်ကြောင်း ဖတ်ပြီးရင်လည်းအတုမယူသင့်ကြောင်းအသိပေးပန်ကြားလိုပါတယ်
865K 9.4K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...