【𝖴𝖭𝖨𝖢𝖮𝖣𝖤】
အဲ့အချိန်မှာပဲ နန်ရှောင်း၊ ကျင့်စစ်းဟန့် နဲ့ လင်းစန်းနော့ တို့ သုံးယောက် သူမရှေ့ကနေဖြတ်လာလေသည်။
ကျင့်စစ်းဟန့်က သူတို့ကို သွားစွယ်လေးတစ်ခုပေါ်အောင် ပြုံးပြလာရင်း “ချူယောင်ကျဲတောင် ပြန်လာပြီပဲ ကျွန်တော်နဲ့ မတွေ့ရတာတောင်တော်တော်ကြာနေပြီ ကျဲ ပိုပြီးတောင်လှလာတယ်”
ယွီချူယောင်: “အပြောတွေကတော့ ချိုနေရောပဲ”
သူမရဲ့အကြည့်က နန်ရှောင်းဆီ ရောက်သွားတော့ နန်ရှောင်းကနေ နှုတ်ဆက်တဲ့သဘောအနေနဲ့ ခေါင်းပြန်ငြိမ့်ပြလာသည်။
ထို့နောက် ထိုနားမှာထိုင်နေတဲ့ ရှီးနဉ်ကို သူလှမ်းကြည့်လိုက်ပြီး သူ့ပါးစပ်ကနေ စကားတစ်ခွန်းထွက်လာ၏။
“မင်းပြန်လာပြီဆိုတော့ သူကတော့ အရမ်းပျော်နေတော့မှာပေါ့”
အဲ့လိုပြောပြီးမှ သူ နောင်တရသွားတော့သည်။ အခုတလော သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိဘူး။ အခုတောင် သူ့ဘက်ကနေ ရှီးနဉ် ကို စကားတောင် စပြောလိုက်သေးသည်။
သေသေချာချာစဉ်းစားကြည့်ပြီးနောက် သူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့တာ ရက်နည်းနည်းကြာနေပြီဆိုတာ သူသဘောပေါက်လိုက်မိသည်။
ပျော်နေတော့မှာပေါ့? ဟုတ်တယ်ဟေး ငါတော်တော့်ကို ပျော်နေတာ။
ယွီချူယောင် ပြန်ရောက်လာတာက ကောင်းသောပြန်ရောက်လာခြင်းမှမဟုတ်တာ။ သူမကတောင် သူ ပြန်မလာဖို့ ဆုတောင်းနေခဲ့သေး။
ရှီးနဉ်ဟာ ပြန်ဖြေဖို့ အတော်လေးပျင်းနေတာပဲဖြစ်သည်။
သူက ပျင်းလို့ ပြန်မဖြေလိုက်ပေမဲ့ နန်ရှောင်းအတွက်ကျတော့။
လျစ်လျူရှုခံထားရတဲ့ခံစားချက်က အင်း... သက်တောင့်သက်တာတော့ မဖြစ်ဘူးပေါ့..နော့်။
ကျင့်စစ်းဟန့်က နန်ရှောင်းရဲ့ တင်းမာလာတဲ့မျက်နှာထားကို မြင်လိုက်တော့ အလောတကြီး ကြားထဲကနေ ဝင်ပြီးဖြေပေးလိုက်တော့သည်။
“ဒါပေါ့ နဉ်နဉ်များ သိသိသာသာကို ပျော်နေမှာပေါ့ သူနဲ့ချူယောင်ကျဲတို့က ညီအစ်မအရင်းတွေလိုကို အရမ်းချစ်ကြတာ မသိတဲ့လူ ဘယ်သူရှိလို့လဲ”
ရှီးနဉ်က ထိုစကားကြောင့် မော့ကြည့်ကာ လေးလေးနက်နက်နဲ့ စကားတစ်ခွန်းပြန်ပြောလာ၏။
“ငါ့မှာ အစ်ကိုတစ်ယောက်တည်းပဲ ရှိတယ် အစ်မဆိုတာ မရှိဘူး”
အဲ့စကားတွေက ယွီချူယောင်ရဲ့မျက်နှာ တည့်တည့်ဖြတ်ရိုက်လိုက်သလို ဖြစ်သွားတာမို့လို့ ပိုပြီးဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
နန်ရှောင်းကနေ သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး
“မင်း အခုတလော ဘာတွေဖြစ်နေတာလဲ?”
တင်းမာလာတဲ့ အခြေအနေကို ယွီချူယောင်က အခွင့်ကောင်းယူကာ
“နန်ရှောင်း နင် ငါမရှိတုန်း ငါ့နဉ်နဉ်လေးကို အနိုင်ထပ်ကျင့်ပြန်ပြီမလား?”
“သူ့ကို ဘယ်သူက အနိုင်ကျင့်နေလို့လဲ? အခုဆို သူကမှ ငါ့ထက်ပိုပြီး ကြီးကြီးကျယ်ကျယ်တွေလုပ်နေတာ မင်း မမြင်ဘူးလား?”
နန်ရှောင်းက ငေါ့၍ပြောလာသည်။
သူတို့က စကားပြောသံတွေနဲ့ အတော်လေး ဆူညံနေပြီး ရှီးနဉ်ရဲ့ လေ့ကျင့်ခန်းပုစ္ဆာကို ဖြေရှင်းရမဲ့ အတွေးတွေကို လုံးဝနှောင့်ယှက်နေတာကြောင့် လက်ထဲက ပုစ္ဆာကို မဖြေရှင်းနိုင်ဘူး ဖြစ်နေတယ်။
သူမက သူတို့ထဲကအငြိမ်ဆုံးဖြစ်တဲ့ လင်းစန်းနော့ ကိုလှမ်းကြည့်လိုက်သည်။
“လင်းစန်းနော့ ငါနင့်ကို ပုစ္ဆာတစ်ပုဒ်လောက်မေးလို့ရမလား?”
ရှီးနဉ် ပါးစပ်ကနေ ထုတ်ပြောလိုက်သည်။
အကုန်လုံး တစ်စက္ကန့်လောက် ငြိမ်ကျသွားတော့သည်။
“ဝါးး နဉ်နဉ် မင်း ငါတို့ကိုကျတော့ အာရုံမစိုက်ဘူး လင်းစန်းနော့ကိုကျတော့ စကားအရင်စပြောတယ်ပေါ့လေ အရင်ကဆို မင်းက စန်းနော့ကို သဘောမကျဆုံးပါ”
ကျင့်စစ်းဟန့်ကနေ စနောက်ပြီးပြောလာ၏။
တကယ့်ကိုပဲ ရှီးနဉ်ရဲ့ မှတ်ဉာဏ်ထဲမှာ သူမဟာ နန်ရှောင်းကိုကြိုက်ပြီး ယွီချူယောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ ကျင်းစုဟန်က သွက်သွက်လက်လက်နဲ့ ပျော်စရာကောင်းတဲ့သူဖြစ်တာမို့လို့ သူမနဲ့ဆက်ဆံရေးက ကောင်းမွန်လှသည်။
သူမ သဘောမကျဆုံးသော တစ်ဦးတည်းသောသူက တစ်သီးတစ်သန့်နေတတ်ပြီး စာလေ့လာသင်ယူတဲ့နေရာမှာ နတ်ဘုရားလို့တောင် တင်စားလို့ရတဲ့ လင်းစန်းနော့ပင်ဖြစ်၏။
အတိတ်တုန်းက ရှီးနဉ်က သူ့ကို ထိုသို့ ပြောခဲ့သည်။
“နင်က အဆင့်တွေ ကောင်းနေတာတောင် စာလုပ်နေတုန်းပဲနော် အဲ့အပြင် နင့်ရဲ့မျက်နှာကလေ ခံစားချက်မဲ့ပြီး အေးစက်စက်နဲ့ တစ်ယောက်ယောက်ကပဲ နင့်ဆီမှာ အကြွေးတင်နေတဲ့အတိုင်း”
[T/N: တလောကလုံးသူ့လုပ်စားထိုင်စားနေတဲ့အတိုင်းပဲဆိုတဲ့စကားလိုပါပဲ]
“နင်က ဘယ်လိုစာဖတ်ရမလဲဆိုတာလောက်ပဲ သိတာမို့လို့ နင်နဲ့ကစားရတာ ပျော်စရာကိုမကောင်းဘူး နင့်ကြောင့်နဲ့ ငါလေ စာဂျပိုးတွေဆို မကြိုက်ဘူး ဖြစ်သွားတယ်”
အခုကျတော့ စာဂျပိုးတွေကို အမုန်းဆုံးပါလို့ဆိုတဲ့ ရှီးနဉ်ကနေ လင်းစန်းနော့ဆီကို စာမေးနေသတဲ့။
လင်းစန်းနော့အနေနဲ့လည်း သူမ သူ့ဆီကို ဒီလိုလာမေးလာလိမ့်မယ်လို့ သူကိုယ်တိုင်ကပင် မထင်ထားခဲ့ပေ။ သူ့ရဲ့ မျက်တောင်ရှည်ရှည်လေးတွေက အနည်းငယ်လှုပ်ခတ်သွားကာ ပယင်းရောင် သူ့ မျက်လုံးတွေက အနည်းငယ် ရှုပ်ထွေးနေပုံပေါ်တယ်။
“ရလား”
ရှီးနဉ်က ထပ်ပြီးမေးလိုက်သည်။
လင်းစန်းနော့က ခေါင်းငြိမ့်လာ၏။
“အင်း”
ရှီးနဉ်က စားပွဲခုံပေါ်က စာအုပ်တွေကို ကောက်သိမ်းလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ကို စပြောလေသည်။
“ဒီနေရာက နည်းနည်းဆူတယ် နင့်ထိုင်ခုံမှာ ဆက်ပြောကြရအောင်”
သူတို့ သူ့နေရာသို့ သွားထိုင်ပြီးနောက် အကြောင်းအရာကို အလေးအနက်ထားပြီး စတင်ဆွေးနွေးကြလေသည်။
ကျင့်စစ်းဟန့်က “ဟွန့်”ခနဲ့ နှာမှုတ်လိုက်ပြီး သူ့ရဲ့လက်ကို သူ့ ရှောင်းကောရဲ့ ပခုံးပေါ်ကို တင်လိုက်သည်။
“ကျွန်တော်လေ အခုတလော နဉ်နဉ်က အာဏာရှင်ဆန်လွန်းတဲ့ စာအုပ်ကြီးသမား နဲ့တူလာပြီဆိုပြီး ဘာလို့ ခံစားနေမိတာပါလိမ့်”
“ရှောင်းကော အဲ့က စာဂျပိုးတွေရဲ့ ကန့်သတ်နယ်မြေကြီးကို ကြည့်လိုက်ပါဦး”
နန်ရှောင်း သူ့ခေါင်းကို လှည့်လာ၏။ ကျင့်စစ်းဟန့်ဟာ သူ့ရှောင်းကောရဲ့ သေစေနိုင်လောက်တဲ့အကြည့်တွေနဲ့ ဆုံပြီးသွားတဲ့သကာလမှာ သူ့လက်ကလေးကို တိတ်တိတ်ကလေး ပြန်ရုတ်လိုက်ကာ လူတိုင်း သူ့ကိုအာရုံစိုက်မနေတုန်း ယွီချူယောင်ကို လှမ်းပြီး ခိုးကြည့်လိုက်တယ်။
လင်းစန်းနော့ဟာ ရှီးနဉ် သူ့ကိုမေးတဲ့မေးခွန်းကိုကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားမိ၏။
“ဒီဟာက ရူပဗေဒပြိုင်ပွဲအတွက်လောက်ပဲ ပြင်ဆင်ထားသင့်တဲ့မေးခွန်းပဲ အဲ့လိုပုစ္ဆာအမျိုးအစားကိုတောင် မင်းက လုပ်နေပြီလား?”
ရှီးနဉ်က ခေါင်းညိမ့်ပြလိုက်သည်။
“စာအုပ်ထဲကဟာတွေက အရမ်းရိုးရှင်းတာမို့လို့ ငါအကြိမ်ကြိမ် မှန်အောင် တွက်နိုင်တယ်လေ ခက်ခဲတဲ့ ပုစ္ဆာမေးခွန်းတွေကို ကြိုးစားကြည့်ချင်တယ် အဲ့တာတွေကို ဖြေရှင်းရတာ စိတ်ဝင်စားစရာတော်တော်ကောင်းတယ်”
တခြားသူတွေလိုမျိုး လင်းစန်းနော့လည်း အံ့အားသင့်သွားခဲ့ပေမဲ့ သူမကို မေးခွန်းတွေဘာတွေ မေးမြန်းတာမျိုးတော့ မလုပ်ခဲ့ပေ။ သူ သူမကို အကြောင်း တော်တော်များများ စပြီးရှင်းပြလိုက်တယ်။
အံဩစရာကောင်းတာက ရှီးနဉ်က အတော်လေး ဉာဏ်ကောင်းတာပင်။ သူမက သူ့ကိုနည်းနည်းလောက် မေးရုံနဲ့ ပုစ္ဆာတော်တော်များများကို နားလည်နိုင်သည်။
“ဒီမှာ တွေ့ရတာက အဲ့တာရဲ့ အရှိန်က....”
သူတို့အဲ့အကြောင်းအရာကို အလေးအနက်ဆွေးနွေးနေတုန်း ရှီးနဉ်ဟာ သူမရဲ့ခေါင်းကို တစ်ချက်လောက်မော့ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ရှေ့မှာ ထိုင်နေတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ မျက်နှာကို အနီးကပ်မြင်နေရသည်။
ယန်းချန်ရဲ့ကျောင်းသားကျောင်းသူ လူအများက လင်းစန်းနော့ဟာ ဒီကမ္ဘာရဲ့ မသေမျိုး နတ်ဘုရားလို့ တင်စားကြသည်မှာ အံ့ဩဖွယ်ရာ မရှိပေ။
သူက သိပ်ကိုလှတာ။ သူ့ရဲ့ညွတ်ကိုင်းနေတဲ့မျက်ခုံးလေးရယ် သူမကို ပုစ္ဆာတွေရှင်းပြသင်ပြနေတဲ့အချိန်မှာ အနည်းငယ် ပွင့်အာလာတဲ့ သူ့ရဲ့နှုတ်ခမ်းပါးပါးလေး... သူကတော့ အေးအေးဆေးဆေးနဲ့ တည်ငြိမ်ပြီး ငယ်ရွယ်မှုအပြည့်ရှိသည်။ သူ့ရဲ့စိတ်ခံစားချက်ကို ဖတ်ဖို့ကတော့ ခက်ခဲ၏။ သူက အမြဲ အေးဆေးတည်ငြိမ်ပြီး ရင်းနှီးလာအောင် နီးစပ်ဖို့က ခက်လှတဲ့ပုံပင်။ သူ့ရဲ့ IQ နဲ့တွဲဖက်ကြည့်လိုက်မယ်ဆိုရင် သူ့ကို လူသားတစ်ယောက်ဟုတ်ရဲ့လားလို့ သူများတွေသံသယဝင်ကြလိမ့်မည်။ ကမ္ဘာ့ကပ်ဆိုးကြီးကို ကျော်ဖြတ်ဖို့အတွက် ကမ္ဘာမြေပေါ်ကို ကောင်းကင်ဘုံကိုးဘုံမြောက်ကနေ ဆင်းသက်လာတဲ့ မသေမျိုး နတ်ဘုရားတစ်ပါးလိုပဲ။
“မင်း ဒီနေရာကိုနားလည်ပြီလား?”
လင်းစန်းနော့ဟာ အပုဒ်တစ်ပုဒ်လုံးရှင်းပြပြီးနောက် မေးလိုက်သည်။
သူမော့ကြည့်လိုက်တဲ့အချိန် သူသတိထားမိတာက သူမ သူ့ကိုငေးကြည့်နေတယ်ဆိုတာပဲ။
“မင်း...”
ရှီးနဉ်ဟာ သူမ ခပ်ချောချောကောင်လေးကို အချိန်အကြာကြီး ငေးကြည့်နေမိသွားတယ် ဆိုတာကို သဘောပေါက်လိုက်တော့သည်။ ရှက်ပြုံးလေးပြုံးကာ သူမဘက်ကနေ တောင်းပန်စကားဆိုလိုက်၏။
“ငါတောင်းပန်ပါတယ်နော် နင်က အရမ်းကြည့်ကောင်းနေတော့ ငါလဲမတတ်နိုင်ဘဲ နင့်ကိုအချိန်တော်တော်ကြာတဲ့အထိ ငေးကြည့်နေမိသွားတယ်လေ”
လင်းစန်းနော့ ရဲ့လက်က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးနောက် စာရွက်ပေါ်တွင် ဘောပင်ကိုင်ကာ သူ့လက်ရေးနှင့် ပုစ္ဆာချတွက်ပြတော့သည်။ သူ့ရဲ့ရဲသွားတဲ့ မျက်နှာလေးကို ငုံ့ထားမိရင်း ပုံမှန်မြင်နေကြအတိုင်း ပြန်ဖြစ်အောင် အလျင်အမြန် ပြင်လိုက်ရ၏။
Thanks for Reading 💟
*******
【𝖹𝖠𝖶𝖦𝖸𝖨】
အဲ့အခ်ိန္မွာပဲ နန္ေရွာင္း၊ က်င့္စစ္းဟန႔္ နဲ႔ လင္းစန္းေနာ့ တို႔ သုံးေယာက္ သူမေရွ႕ကေနျဖတ္လာေလသည္။
က်င့္စစ္းဟန႔္က သူတို႔ကို သြားစြယ္ေလးတစ္ခုေပၚေအာင္ ၿပဳံးျပလာရင္း “ခ်ဴေယာင္က်ဲေတာင္ ျပန္လာၿပီပဲ ကြၽန္ေတာ္နဲ႔ မေတြ႕ရတာေတာင္ေတာ္ေတာ္ၾကာေနၿပီ က်ဲ ပိုၿပီးေတာင္လွလာတယ္”
ယြီခ်ဴေယာင္: “အေျပာေတြကေတာ့ ခ်ိဳေနေရာပဲ”
သူမရဲ႕အၾကည့္က နန္ေရွာင္းဆီ ေရာက္သြားေတာ့ နန္ေရွာင္းကေန ႏႈတ္ဆက္တဲ့သေဘာအေနနဲ႔ ေခါင္းျပန္ၿငိမ့္ျပလာသည္။
ထို႔ေနာက္ ထိုနားမွာထိုင္ေနတဲ့ ရွီးနဥ္ကို သူလွမ္းၾကည့္လိုက္ၿပီး သူ႔ပါးစပ္ကေန စကားတစ္ခြန္းထြက္လာ၏။
“မင္းျပန္လာၿပီဆိုေတာ့ သူကေတာ့ အရမ္းေပ်ာ္ေနေတာ့မွာေပါ့”
အဲ့လိုေျပာၿပီးမွ သူ ေနာင္တရသြားေတာ့သည္။ အခုတေလာ သူ႔ကိုယ္သူ ဘာျဖစ္ေနမွန္း မသိဘူး။ အခုေတာင္ သူ႔ဘက္ကေန ရွီးနဥ္ ကို စကားေတာင္ စေျပာလိုက္ေသးသည္။
ေသေသခ်ာခ်ာစဥ္းစားၾကည့္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ စကားမေျပာျဖစ္ခဲ့တာ ရက္နည္းနည္းၾကာေနၿပီဆိုတာ သူသေဘာေပါက္လိုက္မိသည္။
ေပ်ာ္ေနေတာ့မွာေပါ့? ဟုတ္တယ္ေဟး ငါေတာ္ေတာ့္ကို ေပ်ာ္ေနတာ။
ယြီခ်ဴေယာင္ ျပန္ေရာက္လာတာက ေကာင္းေသာျပန္ေရာက္လာျခင္းမွမဟုတ္တာ။ သူမကေတာင္ သူ ျပန္မလာဖို႔ ဆုေတာင္းေနခဲ့ေသး။
ရွီးနဥ္ဟာ ျပန္ေျဖဖို႔ အေတာ္ေလးပ်င္းေနတာပဲျဖစ္သည္။
သူက ပ်င္းလို႔ ျပန္မေျဖလိုက္ေပမဲ့ နန္ေရွာင္းအတြက္က်ေတာ့။
လ်စ္လ်ဴရႈခံထားရတဲ့ခံစားခ်က္က အင္း... သက္ေတာင့္သက္တာေတာ့ မျဖစ္ဘူးေပါ့..ေနာ့္။
က်င့္စစ္းဟန႔္က နန္ေရွာင္းရဲ႕ တင္းမာလာတဲ့မ်က္ႏွာထားကို ျမင္လိုက္ေတာ့ အေလာတႀကီး ၾကားထဲကေန ဝင္ၿပီးေျဖေပးလိုက္ေတာ့သည္။
“ဒါေပါ့ နဥ္နဥ္မ်ား သိသိသာသာကို ေပ်ာ္ေနမွာေပါ့ သူနဲ႔ခ်ဴေယာင္က်ဲတို႔က ညီအစ္မအရင္းေတြလိုကို အရမ္းခ်စ္ၾကတာ မသိတဲ့လူ ဘယ္သူရွိလို႔လဲ”
ရွီးနဥ္က ထိုစကားေၾကာင့္ ေမာ့ၾကည့္ကာ ေလးေလးနက္နက္နဲ႔ စကားတစ္ခြန္းျပန္ေျပာလာ၏။
“ငါ့မွာ အစ္ကိုတစ္ေယာက္တည္းပဲ ရွိတယ္ အစ္မဆိုတာ မရွိဘူး”
အဲ့စကားေတြက ယြီခ်ဴေယာင္ရဲ႕မ်က္ႏွာ တည့္တည့္ျဖတ္႐ိုက္လိုက္သလို ျဖစ္သြားတာမို႔လို႔ ပိုၿပီးျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားေတာ့သည္။
နန္ေရွာင္းကေန သူမကို မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္လိုက္ၿပီး
“မင္း အခုတေလာ ဘာေတြျဖစ္ေနတာလဲ?”
တင္းမာလာတဲ့ အေျခအေနကို ယြီခ်ဴေယာင္က အခြင့္ေကာင္းယူကာ
“နန္ေရွာင္း နင္ ငါမရွိတုန္း ငါ့နဥ္နဥ္ေလးကို အႏိုင္ထပ္က်င့္ျပန္ၿပီမလား?”
“သူ႔ကို ဘယ္သူက အႏိုင္က်င့္ေနလို႔လဲ? အခုဆို သူကမွ ငါ့ထက္ပိုၿပီး ႀကီးႀကီးက်ယ္က်ယ္ေတြလုပ္ေနတာ မင္း မျမင္ဘူးလား?”
နန္ေရွာင္းက ေငါ့၍ေျပာလာသည္။
သူတို႔က စကားေျပာသံေတြနဲ႔ အေတာ္ေလး ဆူညံေနၿပီး ရွီးနဥ္ရဲ႕ ေလ့က်င့္ခန္းပုစာၦကို ေျဖရွင္းရမဲ့ အေတြးေတြကို လုံးဝေႏွာင့္ယွက္ေနတာေၾကာင့္ လက္ထဲက ပုစာၦကို မေျဖရွင္းႏိုင္ဘူး ျဖစ္ေနတယ္။
သူမက သူတို႔ထဲကအၿငိမ္ဆုံးျဖစ္တဲ့ လင္းစန္းေနာ့ ကိုလွမ္းၾကည့္လိုက္သည္။
“လင္းစန္းေနာ့ ငါနင့္ကို ပုစာၦတစ္ပုဒ္ေလာက္ေမးလို႔ရမလား?”
ရွီးနဥ္ ပါးစပ္ကေန ထုတ္ေျပာလိုက္သည္။
အကုန္လုံး တစ္စကၠန႔္ေလာက္ ၿငိမ္က်သြားေတာ့သည္။
“ဝါးး နဥ္နဥ္ မင္း ငါတို႔ကိုက်ေတာ့ အာ႐ုံမစိုက္ဘူး လင္းစန္းေနာ့ကိုက်ေတာ့ စကားအရင္စေျပာတယ္ေပါ့ေလ အရင္ကဆို မင္းက စန္းေနာ့ကို သေဘာမက်ဆုံးပါ”
က်င့္စစ္းဟန႔္ကေန စေနာက္ၿပီးေျပာလာ၏။
တကယ့္ကိုပဲ ရွီးနဥ္ရဲ႕ မွတ္ဉာဏ္ထဲမွာ သူမဟာ နန္ေရွာင္းကိုႀကိဳက္ၿပီး ယြီခ်ဴေယာင္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိတယ္။ က်င္းစုဟန္က သြက္သြက္လက္လက္နဲ႔ ေပ်ာ္စရာေကာင္းတဲ့သူျဖစ္တာမို႔လို႔ သူမနဲ႔ဆက္ဆံေရးက ေကာင္းမြန္လွသည္။
သူမ သေဘာမက်ဆုံးေသာ တစ္ဦးတည္းေသာသူက တစ္သီးတစ္သန႔္ေနတတ္ၿပီး စာေလ့လာသင္ယူတဲ့ေနရာမွာ နတ္ဘုရားလို႔ေတာင္ တင္စားလို႔ရတဲ့ လင္းစန္းေနာ့ပင္ျဖစ္၏။
အတိတ္တုန္းက ရွီးနဥ္က သူ႔ကို ထိုသို႔ ေျပာခဲ့သည္။
“နင္က အဆင့္ေတြ ေကာင္းေနတာေတာင္ စာလုပ္ေနတုန္းပဲေနာ္ အဲ့အျပင္ နင့္ရဲ႕မ်က္ႏွာကေလ ခံစားခ်က္မဲ့ၿပီး ေအးစက္စက္နဲ႔ တစ္ေယာက္ေယာက္ကပဲ နင့္ဆီမွာ အေႂကြးတင္ေနတဲ့အတိုင္း”
[T/N: တေလာကလုံးသူ႔လုပ္စားထိုင္စားေနတဲ့အတိုင္းပဲဆိုတဲ့စကားလိုပါပဲ]
“နင္က ဘယ္လိုစာဖတ္ရမလဲဆိုတာေလာက္ပဲ သိတာမို႔လို႔ နင္နဲ႔ကစားရတာ ေပ်ာ္စရာကိုမေကာင္းဘူး နင့္ေၾကာင့္နဲ႔ ငါေလ စာဂ်ပိုးေတြဆို မႀကိဳက္ဘူး ျဖစ္သြားတယ္”
အခုက်ေတာ့ စာဂ်ပိုးေတြကို အမုန္းဆုံးပါလို႔ဆိုတဲ့ ရွီးနဥ္ကေန လင္းစန္းေနာ့ဆီကို စာေမးေနသတဲ့။
လင္းစန္းေနာ့အေနနဲ႔လည္း သူမ သူ႔ဆီကို ဒီလိုလာေမးလာလိမ့္မယ္လို႔ သူကိုယ္တိုင္ကပင္ မထင္ထားခဲ့ေပ။ သူ႔ရဲ႕ မ်က္ေတာင္ရွည္ရွည္ေလးေတြက အနည္းငယ္လႈပ္ခတ္သြားကာ ပယင္းေရာင္ သူ႔ မ်က္လုံးေတြက အနည္းငယ္ ရႈပ္ေထြးေနပုံေပၚတယ္။
“ရလား”
ရွီးနဥ္က ထပ္ၿပီးေမးလိုက္သည္။
လင္းစန္းေနာ့က ေခါင္းၿငိမ့္လာ၏။
“အင္း”
ရွီးနဥ္က စားပြဲခုံေပၚက စာအုပ္ေတြကို ေကာက္သိမ္းလိုက္ၿပီး မတ္တပ္ရပ္ကာ သူ႔ကို စေျပာေလသည္။
“ဒီေနရာက နည္းနည္းဆူတယ္ နင့္ထိုင္ခုံမွာ ဆက္ေျပာၾကရေအာင္”
သူတို႔ သူ႔ေနရာသို႔ သြားထိုင္ၿပီးေနာက္ အေၾကာင္းအရာကို အေလးအနက္ထားၿပီး စတင္ေဆြးေႏြးၾကေလသည္။
က်င့္စစ္းဟန္႔က “ဟြန႔္”ခနဲ႔ ႏွာမႈတ္လိုက္ၿပီး သူ႔ရဲ႕လက္ကို သူ႔ ေရွာင္းေကာရဲ႕ ပခုံးေပၚကို တင္လိုက္သည္။
“ကြၽန္ေတာ္ေလ အခုတေလာ နဥ္နဥ္က အာဏာရွင္ဆန္လြန္းတဲ့ စာအုပ္ႀကီးသမား နဲ႔တူလာၿပီဆိုၿပီး ဘာလို႔ ခံစားေနမိတာပါလိမ့္”
“ေရွာင္းေကာ အဲ့က စာဂ်ပိုးေတြရဲ႕ ကန႔္သတ္နယ္ေျမႀကီးကို ၾကည့္လိုက္ပါဦး”
နန္ေရွာင္း သူ႔ေခါင္းကို လွည့္လာ၏။ က်င့္စစ္းဟန္႔ဟာ သူ႔ေရွာင္းေကာရဲ႕ ေသေစႏိုင္ေလာက္တဲ့အၾကည့္ေတြနဲ႔ ဆုံၿပီးသြားတဲ့သကာလမွာ သူ႔လက္ကေလးကို တိတ္တိတ္ကေလး ျပန္႐ုတ္လိုက္ကာ လူတိုင္း သူ႔ကိုအာ႐ုံစိုက္မေနတုန္း ယြီခ်ဴေယာင္ကို လွမ္းၿပီး ခိုးၾကည့္လိုက္တယ္။
လင္းစန္းေနာ့ဟာ ရွီးနဥ္ သူ႔ကိုေမးတဲ့ေမးခြန္းကိုၾကည့္ၿပီး အနည္းငယ္ အံ့အားသင့္သြားမိ၏။
“ဒီဟာက ႐ူပေဗဒၿပိဳင္ပြဲအတြက္ေလာက္ပဲ ျပင္ဆင္ထားသင့္တဲ့ေမးခြန္းပဲ အဲ့လိုပုစာၦအမ်ိဳးအစားကိုေတာင္ မင္းက လုပ္ေနၿပီလား?”
ရွီးနဥ္က ေခါင္းညိမ့္ျပလိုက္သည္။
“စာအုပ္ထဲကဟာေတြက အရမ္း႐ိုးရွင္းတာမို႔လို႔ ငါအႀကိမ္ႀကိမ္ မွန္ေအာင္ တြက္ႏိုင္တယ္ေလ ခက္ခဲတဲ့ ပုစာၦေမးခြန္းေတြကို ႀကိဳးစားၾကည့္ခ်င္တယ္ အဲ့တာေတြကို ေျဖရွင္းရတာ စိတ္ဝင္စားစရာေတာ္ေတာ္ေကာင္းတယ္”
တျခားသူေတြလိုမ်ိဳး လင္းစန္းေနာ့လည္း အံ့အားသင့္သြားခဲ့ေပမဲ့ သူမကို ေမးခြန္းေတြဘာေတြ ေမးျမန္းတာမ်ိဳးေတာ့ မလုပ္ခဲ့ေပ။ သူ သူမကို အေၾကာင္း ေတာ္ေတာ္မ်ားမ်ား စၿပီးရွင္းျပလိုက္တယ္။
အံဩစရာေကာင္းတာက ရွီးနဥ္က အေတာ္ေလး ဉာဏ္ေကာင္းတာပင္။ သူမက သူ႔ကိုနည္းနည္းေလာက္ ေမး႐ုံနဲ႔ ပုစာၦေတာ္ေတာ္မ်ားမ်ားကို နားလည္ႏိုင္သည္။
“ဒီမွာ ေတြ႕ရတာက အဲ့တာရဲ႕ အရွိန္က....”
သူတို႔အဲ့အေၾကာင္းအရာကို အေလးအနက္ေဆြးေႏြးေနတုန္း ရွီးနဥ္ဟာ သူမရဲ႕ေခါင္းကို တစ္ခ်က္ေလာက္ေမာ့ၾကည့္လိုက္တဲ့အခ်ိန္မွာ သူမရဲ႕ေရွ႕မွာ ထိုင္ေနတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ မ်က္ႏွာကို အနီးကပ္ျမင္ေနရသည္။
ယန္းခ်န္ရဲ႕ေက်ာင္းသားေက်ာင္းသူ လူအမ်ားက လင္းစန္းေနာ့ဟာ ဒီကမာၻရဲ႕ မေသမ်ိဳး နတ္ဘုရားလို႔ တင္စားၾကသည္မွာ အံ့ဩဖြယ္ရာ မရွိေပ။
သူက သိပ္ကိုလွတာ။ သူ႔ရဲ႕ၫြတ္ကိုင္းေနတဲ့မ်က္ခုံးေလးရယ္ သူမကို ပုစာၦေတြရွင္းျပသင္ျပေနတဲ့အခ်ိန္မွာ အနည္းငယ္ ပြင့္အာလာတဲ့ သူ႔ရဲ႕ႏႈတ္ခမ္းပါးပါးေလး... သူကေတာ့ ေအးေအးေဆးေဆးနဲ႔ တည္ၿငိမ္ၿပီး ငယ္႐ြယ္မႈအျပည့္ရွိသည္။ သူ႔ရဲ႕စိတ္ခံစားခ်က္ကို ဖတ္ဖို႔ကေတာ့ ခက္ခဲ၏။ သူက အၿမဲ ေအးေဆးတည္ၿငိမ္ၿပီး ရင္းႏွီးလာေအာင္ နီးစပ္ဖို႔က ခက္လွတဲ့ပုံပင္။ သူ႔ရဲ႕ IQ နဲ႔တြဲဖက္ၾကည့္လိုက္မယ္ဆိုရင္ သူ႔ကို လူသားတစ္ေယာက္ဟုတ္ရဲ႕လားလို႔ သူမ်ားေတြသံသယဝင္ၾကလိမ့္မည္။ ကမာၻ႔ကပ္ဆိုးႀကီးကို ေက်ာ္ျဖတ္ဖို႔အတြက္ ကမာၻေျမေပၚကို ေကာင္းကင္ဘုံကိုးဘုံေျမာက္ကေန ဆင္းသက္လာတဲ့ မေသမ်ိဳး နတ္ဘုရားတစ္ပါးလိုပဲ။
“မင္း ဒီေနရာကိုနားလည္ၿပီလား?”
လင္းစန္းေနာ့ဟာ အပုဒ္တစ္ပုဒ္လုံးရွင္းျပၿပီးေနာက္ ေမးလိုက္သည္။
သူေမာ့ၾကည့္လိုက္တဲ့အခ်ိန္ သူသတိထားမိတာက သူမ သူ႔ကိုေငးၾကည့္ေနတယ္ဆိုတာပဲ။
“မင္း...”
ရွီးနဥ္ဟာ သူမ ခပ္ေခ်ာေခ်ာေကာင္ေလးကို အခ်ိန္အၾကာႀကီး ေငးၾကည့္ေနမိသြားတယ္ ဆိုတာကို သေဘာေပါက္လိုက္ေတာ့သည္။ ရွက္ၿပဳံးေလးၿပဳံးကာ သူမဘက္ကေန ေတာင္းပန္စကားဆိုလိုက္၏။
“ငါေတာင္းပန္ပါတယ္ေနာ္ နင္က အရမ္းၾကည့္ေကာင္းေနေတာ့ ငါလဲမတတ္ႏိုင္ဘဲ နင့္ကိုအခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ေငးၾကည့္ေနမိသြားတယ္ေလ”
လင္းစန္းေနာ့ ရဲ႕လက္က လႈပ္လႈပ္ရွားရွားျဖစ္သြားၿပီးေနာက္ စာ႐ြက္ေပၚတြင္ ေဘာပင္ကိုင္ကာ သူ႔လက္ေရးႏွင့္ ပုစာၦခ်တြက္ျပေတာ့သည္။ သူ႔ရဲ႕ရဲသြားတဲ့ မ်က္ႏွာေလးကို ငုံ႔ထားမိရင္း ပုံမွန္ျမင္ေနၾကအတိုင္း ျပန္ျဖစ္ေအာင္ အလ်င္အျမန္ ျပင္လိုက္ရ၏။
Thanks for Reading 💟
*******