ပန်းနု​ရောင်​အနားသတ်​ချစ်​ခြ...

By trollz22

25.6K 1.2K 30

G x G (OC) -Drama x Romance- About - Love and Hate,Family More

1(ZC)
1(UC)
2(ZC)
2(UC)
3(ZC)
3(UC)
4(ZC)
5(ZC)
5(UC)
6(ZC)
6(UC)
7(ZC)
7(UC)
8(ZC)
8(UC)
9(ZC)
9(UC)
10(ZC)
10(UC)
11(ZC)
11(UC)
12(ZC)
12(UC)
13(ZC)
13(UC)
14(UC)
14(ZC)
15(UC)-End
15(ZC)-End

4(UC)

1K 62 0
By trollz22

အိမ်ရှေ့ကနေ ရင်းနီးနေပြီးသားဆိုင်ကယ်သံကြားရသောကြောင့် အိမ်ထဲကနေ ကောင်လေးတစ်ဦးထွက်လာပြီး ဆိုင်ကယ်ဝင်လို့ရအောင်တံခါးလာဖွင့်ပေးလေသည်။

"ဘယ်တွေသွားနေတာလဲ တစ်နေ့လုံး မသွယ်တောင်ဖုန်းဆက်သေးတယ် နေနေဘယ်သွားတာလဲတဲ့"
"အဲ့တာကြောင့်အဲ့ဖုန်းငါမကိုင်ချင်တာ တစ်စိတ်ရှိလိုက်မေးနေတာပဲ သူ့အလုပ်ကောသူလုပ်ရဲ့လားမသိဘူး"

ဆိုင်ကယ်ကို ဂိုထောင်သဘောမျိုးပြုလုပ်ထားသည့် အိမ်ဘေးကက်ရပ် အခန်းထဲသို့ထည့်ပြီးနောက် အိမ်ထဲဝင်လာခဲ့သည်၊ လက်အိတ်တွေချွတ် အပေါ်ထပ်အကျႌချွတ်လိုက်ပြီး မျက်စိရှေ့က ချိတ်စရာနေရာမှာချိတ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိမ်ပေါ်တက်သွားခဲ့သည်။

"ကျွန်တော့်ကိုပြောအုန်းလေ မမ တနေကုန်ဘယ်တွေသွားနေတာလဲလို့ ပြီးတော့နေအုန်း မမ မျက်နှာကဘာဖြစ်လာရပြန်တာလဲ ဘယ်သူနဲ့စကားများလာတာလဲ"
"အလုပ်သွားရှာတာဟေ့ အလုပ်သွားရှာ တကယ်ပဲ ဘေးမှာအဲ့တိုင်းပဲထိုင်မနေနဲ့ သွားငါ့အတွက် ရေလေးတစ်ခွက်လောက်ယူပေးအုန်း"

မျက်လုံးအိမ်ကိုမှိတ်ချလိုက်ပြီး တနေကုန်သူမလုပ်ခဲ့သည့်ကိစ္စများကိုပြန်မြင်ယောင်လာခဲ့သည်၊ ထို့နောက်ဘောင်းဘီအိတ်ကက်ထဲက လိပ်စာကဒ်ကိုထုတ်ကြည့်လိုက်ပြီး မျက်နှာထက်မှာမဲ့ပြုံးတစ်ခုပေါ်လာခဲ့သည်။

"ရော့ ရေ ဆေးကောလိမ်းပေးရအုန်းမလား ညစာကောစားပြီးပြီလား"
"ငါ့အခန်းထဲရောက်မှလုပ်လိုက်တော့မယ် ညစာတော့မစားတော့ဘူး စားချင်စိတ်မရှိလို့"

ရေသောက်ပြီး သူမအခန်းထဲသွားဖို့လုပ်တော့ မသွယ်ကိုဖုန်းဆက်လိုက်အုန်းဟုနောက်ကလှမ်းအော်နေသေးသည်။

အခန်းထဲရောက်တော့ အဝတ်အစားလဲပြီးနောက် မျက်နှာသစ်လိုက်ပြီး မျက်နှာပေါ်ကာဒဏ်ရာတွေကိုဆေးလူးပြီးနောက် အိပ်ယာပေါ်ပစ်လှဲလိုက်သည်၊ ထို့နောက် သူမလုပ်ရမည့်ကိစ္စရပ်များကိုစဉ်းစားရင်း အတိတ်က သူမဦးလေးပြောခဲ့သည့်စကားများက ပြန်လည်ကြားယောင်နေမိသည်။

"သမီးမိဘတွေကသူတို့ကြောင့်သေကွဲကွဲခဲ့ရတာ"

"သူတို့မိသားစုကိုလဲ သမီးနည်းတူပြန်ခံစားရအောင်လုပ်ပေးရမယ်"

"သမီးစိတ်ထဲမှာမှတ်ထားရမှာ လူချမ်းသာတွေကိုမယုံနဲ့"

ထိုစကားများက သူမလူမှန်းသိတက်စထဲက ဦးလေးမှသူမအသိစိတ်ထဲရိုက်သွင်းထားသောအကြောင်းအရာများပင်၊ သူမဦးလေးပြောပြချက်အရ သူမမိခင်က အသတ်ခံရပြီး ဖခင်က အသိမရှိတော့ကာ အရူးတစ်ပိုင်းဖြစ်ခဲ့ရကြောင်း၊ ထို့အတွက်လက်စားချေရမည်ဖြစ်ကြောင်း သူမကိုငယ်ငယ်ကထဲကပြောသေးသည်။

ထိုအချိန်မှစ၍ ဦးလေးပြောသည့်သူကိုစုံစမ်းခဲ့ပြီး အခွင့်အရေးစောင့်ခဲ့သော်လဲ တော်တန်ယုံအနားကပ်မရသည့်သူဖြစ်၍အခြေအနေမပေးနိုင်၊ သို့ပေမဲ့သူမဦးတည်ချက်ကတော့မပြောင်းနိုင်ပါ လူကိုယ်တိုင်ကိုလက်စားမချေရလျှင် ထိုသူ၏မိသားစုကိုနာကျင်အောင်လုပ်ရမည်ဆိုသည့်စိတ်နှင့် မိသားစုဝင်အကြောင်းများကိုပါစုံစမ်းနိုင်ခဲ့သည်။

သူမအရင်ဆုံးချဉ်းကပ်နိုင်မည့်သူကိုလေ့လာတော့ ဦးကျော်ဇေနှင့်သိရှိခဲ့သည်၊ သူမဘက်ကထိုသို့သိအောင်ဖန်တီးခဲ့တာလဲပါပေမည်၊ တဖြေးဖြေးသိလာတာ သူတို့မိသားစုအချင်းချင်းပင်အဆင်မပြေကျကြောင်းသိရသောအခါသူမအတွက်တစ်ပန်းသာနေသလို။

သို့သော် သူမသည်သူမဦးလေးစကားအတိုင်း တော်ယုံအယုံလွယ်သူမဟုတ်သဖြင့် ဦးကျော်ဇေအကြောင်းကိုလဲစုံစမ်းခဲ့သေးသည်၊ တစ်ချိန်သူမကိုရန်ရှာလျှင်ပြန်တုံပြန်နိုင်အောင်ပင်၊ သူမချဉ်းကပ်ချင်သော ဦးဇေယျာလင်း ၏သားသမီးများလဲအပါအဝင်သူမစုံစမ်းခဲ့သည်။

ကျန်းမာရေးအခြေအနေကြောင့် ကုမ္ပဏီ ကိစ္စရက်များကို ဘုတ်အဖွဲ့ဝင်များနှင့်သာလွဲအပ်ထားသောဦးဇေယျားလင်း၏ အိမ်ပတ်ဝန်းကျင်သည် သူကျန်းမာရေးမကောင်းသည်မှစ၍ အတိုက်အခိုက်များသောကြောင့် လုံခြုံရေးများစွာချထားခဲ့သည်၊ နောက်ဆုံး သူဆုံးသည့်အချိန်ရောက်မှ လုံခြုံရေးအင်အားလျော့ထားခဲ့လေသည်။

သည့်အတွက် သူမ၏ဦးတည်ချက်သည် ဦးဇေယျာလင်းထံမှာ သူ၏ကျန်ရှိနေသောမိသားစုထံသို့ရောက်လာခဲ့လေသည်၊ ဦးကျော်ဇေနှင့်အပေးအယူလုပ်ပြီး သူမသည် ပန်းသွေးခြယ်ဆိုသည့်ကောင်မလေးအနားသိူ့ချဉ်းကပ်ရန်အကြောင်းဖန်လာခဲ့လေသည်။

ဖြစ်စဉ်များအားလုံးက ပြန်စဉ်းစားကြည့်တော့ ရှေ့ဆက်ဖြစ်လာမည့်အကြောင်းအရင်းများကိုထပ်မတွေးချင်တော့သာ့်တိုင်အောင်၊ သူမ၏ပထမဆုံးအလုပ်သည် ပန်းသွေးခြယ်၏အနီးကပ်လူတစ်ယောက်ဖြစ်အောင်လုပ်ရမည့်တာဝန်ပင်။

x x x

မနေ့ညက သူမဖြစ်ခဲ့သည့်ဖြစ်ရပ်ကြောင့် မြတ်သူကသူမအတွက်အနီးကပ်စောင့်ရှောက်နိုင်ရန်လူရှာမည်ဖြစ်ကြောင်းသူမကိုပြောထားသေးသည်၊ ဆေးရုံမှာမနေချင်၍ ညတွင်းချင်းပဲဆေးရုံဆင်းခဲ့ပြီး အိမ်မှာအနားပြန်ယူခဲ့သည်၊ တစ်ရက်လောက်အိမ်မှာနားနေရမည်ဆိုသောဆရာဝန်၏ပြောကြားချက်ကြောင့် ပန်းသွေးဘက်ကဘာမှမပြောဖြစ်ခဲ့။

ပုံမှန်ဆို အလုပ်များလို့ပင်ပန်းရင်လဲအခုလောက်ထိမဖြစ်ဖူးခဲ့ပါ မနေ့ကစားသောကိဆိုင်ကအပြန်ဖြစ်သည့်အပြင် လမ်းမှာကြုံတွေ့ရသည့်ကိစ္စရပ်ကြောင့် သူမစားမိသည့်အစားအသောက်ထဲ၌တစ်ခုခုများထည့်ခံရသည်လားဟူ၍လုသံသယဝင်မိခဲ့သည်။

ကုမ္ပဏီ မသွားဖြစ်သည့်အတွက်အိမ်မှာပဲနေကာ အနားယူမည်ဟုတွေးထားသော်လဲ ထိုအနားယူမည့်စိတ်ကို သူမထံဝင်လာသည့်ဖုန်း call တစ်ခုကဟန့်တားခဲ့လေသည်။

"ဟယ်လို...နန်း ပြော"
"...."
"ဟာ နင်ကအဲ့တာကြိုမပြောဘူးကြိုပြောရင်ငါအချိန်ရသေးတာပေါ့.."
"...."
"ရတယ်လေ ငါအခုထွက်ခဲ့မယ် ငါလဲဒီနေ့အချိန်ရတာပဲ..."

သူငယ်ချင်းအရင်းကြီးဖြစ်သည့် နန်းခမ်းက ပွဲကိစ္စတစ်ခုကြောင်ရန်ကုန်ရောက်နေခဲ့ပြီး သူမထံဖုန်းဆက်ဖို့မေ့နေခြင်းကြောင့် ပြန်ခါနီးတစ်ရက်အလိုမှ သူမကိုသတိရသည်၊ မနတ်ဖြန် ရှမ်းပြည်ပြန်မည့် နန်းခမ်းကြောင့် သူမ၏အနားယူမည့်အစီအစဉ်လေးပျက်သွားရသည်။

ကိုရန်နောင်ကိုလဲ ဒဏ်ရာကြောင့်အနားယူခိုင်းထားသဖြင့် လက်တလော အိမ်မှာရှိသည့်လူကိုသာ သူမကိုကားမောင်းလိုက်ပို့ရန်စေခိုင်းဂသည်၊ သူမတို့နှစ်ယောက်ချိန်းထားသည့် junction square က secret garden မှာတွေ့ဆုံကျလေသည်။

"ပန်း နင်ကနင်မကောင်းရင်လဲပြောတာမဟုတ်ဘူး ငါလာခဲ့မှာပေါ့"
"ရပါတယ် တစ်ခါတစ်လေရန်ကုန်ရောက်တုန်း ရန်ကုန်မှာနေတဲ့ငါကဦးစားပေးရမှာပေါ့မဟုတ်ဘူးလား"

ခေါင်းထဲမူးရိပ်မူးရိပ်ဖြစ်ပေမဲ့ အိမ်ကဆေးကြိုသောက်လာ၍ခံသာသေးသည်၊ ထိုအတွက်ကြောင့်သူမမှာ နန်းကိုမသိမသာလေးလက်တွဲထားရပေသည်၊ နန်းကတကူးတကယူလာပေးသော ရှမ်းပြည်ထွက်အစားအစာများကလက်ဆောင်အဖြစ်၊ ဈေးဝယ်ရတာနှစ်သက်သည့် နန်းနောက်သိူ့လိုက်နေရသောကြောင့် ချွေးလေးဆို့လာသောပန်းသွေး သို့ပေမဲ့ သူမကတော့အပြုံးမပျက်ချေ။

သူငယ်ချင်းဟူ၍လက်ချိုးရေလို့ရသည့်ပန်းသွေးအတွက် နန်းခမ်းသည် အယုံကြည်ရဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်နေ၍လဲပါသည်၊ နန်းနှင့်အတူအးရယ်ရယ်မောမောဖြင့် တစ်ယောက်အခြေအနေတစ်ယောက်ပြောဖြစ်ကြပြီး အပြန်အလှန်လဲအားပေးခဲ့ရသည်။

နာမည်ရဒဇိုင်နာတစ်ယောက်ဖြစ်ပါသော်လဲ နန်းသည်ဇာတိမှာသာ အခြေချနေထိုင်ပြီးသူ၏လုပ်ငန်းကိုလုပ်ကိုင်လိုသည့်အတွက် ရှမ်းပြည်သို့ပြန်သွားခဲ့ခြင်းပင်။

"တနေကုန် နန်းနောက်လိုက်နေတာပင်ပန်းနေပြီလား"
"ရပါတယ်နန်းရယ် တစ်ခါတစ်လေ ဆုံရတာပဲ"
"ဒါဆိုပြန်တော့မလား နန်းလိုက်ပို့ပေးရအုန်းမလား"
"ရတယ် နေနေ မနတ်ဖြန် နန်းကပြန်ရမှာလေ အနားယူလဲ့တော့ ပန်းသွေးဘာသာပြန်လိုက်ပါ့မယ်"

နှစ်ယောက်သား ခဏမျှပွေ့ဖတ်နှုတ်ဆက်ပြီးနောက်တော့ သူမမြင်ကွင်းကနေ နန်းပျောက်သွားတော့မှ သူမကားရှိရာသို့ ဖြေးဖြေးချင်းလျောက်လာခဲ့သည်၊ သို့ပေမဲ့ နှားထင်ထပ်ကချွေးစက်လေးများကတော့ထိုသို့မဟုတ်၊ ခေါင်းမူးလာ၍ဘေးနံရံကိုအားပြုပြီးလမ်းလျောက်လာရင်း သူမဘေးကနေ လူတစ်ယောက်ကသူမလက်ထဲက အထုပ်များကိုဆွဲယူလိုက်လေသည်။

"ရှင့်ကိုကြည့်ရတာ မူးလဲတော့မဲ့ပုံစံနဲ့"

မျက်နှာကမြင်ဖူးနေသည်ဖြစ်၍စဉ်းစားတော့ မနေ့ကသူမတို့ကိုကူညီခဲ့သည့်ကောင်မလေး။

"လာ ကျွန်မကူတွဲပေးမယ် ကားအထိ"
"ရှင်..ရှင်က..."
"ဟုတ်တယ် မင်းထင်တဲ့သူပဲ လာပါဒီလိုနဲ့လဲသွားအုန်းမယ် မနေ့က ကောင်မလေးကောမပါဘူးလား ဘာလို့တစ်ယောက်ထဲထွက်လာတာလဲ ဆရာဝန်ကအနားယူခိုင်းတယ်မဟုတ်ဘူးလား"

သူမလဲ ထိုကောင်မလေးတွဲခေယ်လာသည့်အတိုင်း လိုက်လာခဲ့လေသည်၊ သူမကို ဂရုတစိုက်အခုလိုကူညီပေးသည့်အတွက်လဲကျေးဇူးတင်မိသည်။

"ကြည့်ရတာ မင်းအတွင်းရေးမှုးအကူအညီတောင်းတဲ့ကိစ္စကို ငါလက်ခံသင့်တယ်ထင်တယ်"
"ဟင်...မြတ်သူ ကဘာအကူအညီတောင်းလို့လဲ"

လမ်းလျောင်နေတာကိုရပ်ပြီး မေးကြည့်တော့သူပါလမ်းခုလပ်မှာရပ်ကာ ပန်းသွေးကိုမျက်ဝန်းခြင်းဆုံကာပြောလေသည်။

"မင်းအတွက်အနီးကပ်စောင့်ရှောက်သူလေ..."

နေဝန်း ကထိုစကားကိုပြုံးကာပြောလိုက်တော့ ဘာကြောင့်မှန်းမသိ သူမရှေ့က ကောင်မလေးမျက်နှာနီလာသည်ကိုတွေ့လိုရသည်၊ ထိုကောင်မလေးပို၍ခေါင်းမူးလာသည်ထင်၍သူ့မယ်စိတ်ပူသွားရသေးသည်။

"မျက်နှာတွေနီလာတယ် ဘာလဲ ခေါင်းပိုမူးလာလို့လား"

သူမလက်မောင်းကိုဆုတ်ကိုင်လာပြီး သူမနှင့်ပိုနီးလာသည့်ပန်းသွေး သို့သော် ပန်းသွေးက နေဝန်းရင်ခွင်ထဲသို့။

"ဟေ့..ဟေ့..သတိထားအုန်းလေ...ဟာ.."

သူမရင်ခွင်ထပ်မှာမလှုပ်ရှားတော့ပဲငြိမ်သွားသည့် ပန်းသွေးခြယ်ကြောင့် လက်ထဲအထုပ်များကိုဘယ်လက်မှာစုကိုင်လိုက်ကာ ပန်းသွေးကို ကုန်းပိုးလိုက်ပြီးထိုနေရာကထွက်လာခဲ့သည်၊ ထို့နောက် သူမမှတ်မိသောကားနံပါတ်ကိုလိုက်ရှာတော့ ထွက်ပေါက်မှာရပ်ထားသည့် ပန်းသွေး၏ကား။

အကျိုးအကြောင်းပြော၍ ပန်းသွေးနှင့်အတူကားပေါ်၌လိုက်ပါခဲ့ပြီး ပန်းသွေး၏အတွင်းရေးမှုးကိုလဲဖုန်းလှန်းဆက်ခဲ့သေးသည်၊ အိမ်သို့သာတန်းမောင်းသွားပါသော ပန်းသွေး၏ကားလေး။

အိမ်ရောက်တော့ အိမ်ရှေ့ဆိုဖာမှာထိုင်ကာ အလုပ်ကပြန်လာပြီးအနားယူနေဟန်ရှိသည့် ကောင်းကင်က နေဝန်းကုန်းပိုးလာသည့်ပန်းသွေးကိုမြင်တော့ ထိုင်နေရာမှထလာပြီးနေဝန်းတို့နားရောက်လာခဲ့သည်။

"ဘယ်လိုဖြစ်လာတာလဲ မင်းကဘယ်သူလဲ"
"မေးစရာရှိရင်နောက်မှမေးပါလား သူ့ကိုဘယ်နားထားရမလဲအရင်ပြော"

တစ်စိမ်းတစ်ယောက်ကိုအိမ်ထဲမဝင်စေချင်သည့်အတွက် ကောင်းကင်မှာ နေဝန်းကိုစူစိုက်ကြည့်နေခဲ့သည်၊ နေဝန်းကလဲ ကောင်းကင်နည်းတူပင်။

"မလိုဘူး ငါ့ညီမ ငါသယ်သွားမယ် မင်းဒီမှာပဲစောင့်နေပါ ဒေါ်ဒေါ်ရေ သာထက်ကိုဖုန်းဆက်ပေးပါ ပန်းသွေးမူးလဲလို့လို"

နေဝန်းကုန်းပိုးထားသည့်ပန်းသွေးကို ကောင်ကင်မှ ပွေ့ချီလိုက်ပြီး ထိုအတိုင်းပင် ပန်းသွေးအခန်းရှိရာအိမ်ပေါ်သို့မချီသွားခဲ့လေသည်၊ နေဝန်းလဲ ထိုနေရာမှာပဲ မတ်တက်လေးရပ်ကျန်ခဲ့ကာ ပန်းသွေးတို့အခြေအနေကိုမျက်စိတစ်ဆုံးကြည့်နေခဲ့လေသည်။

သူမအတွက် အအေးတစ်ခွက်လာချပေးသောကြောင့် သူမလဲဆိုဖာမှာဝင်ထိုင်ပြီးပန်းသွေးအခြေအနေကိုသိချင်၍စောင့်နေခဲ့မိသည်။

သူမတို့ရောက်ပြီးမကြာပါ မြတ်သူနှင့်သာထက်မှာ ရောက်ချလာပြီးအိမ်ပေါ်သို့တန်းတင်သွားခဲ့သည်၊ အချိန်ခဏကြာမှ မြတ်သူနှင့်သာထက်ဆင်းလာခဲ့သည်၊ ကောင်းကင်မှာတော့ပါမလာခဲ့၊ သာထက်က ချက်ချင်းဆေးရုံပြန်သွားရမည်ဟုဆိုသောကြောင့် ထိုင်တောင်မထိုင်တော့ပဲတန်ပြန်သွားခဲ့သည်။

"အော်...အားနာလိုက်တာ မမ ကိုစိတ်ပူနေတာနဲ့ပဲ"
"ရပါတယ် နေဝန်းလဲ ပြောစရာရှိလို့စောင့်နေတာ"
"ဟုတ်ကဲ့..."

မြတ်သူက နေဝန်းနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။

"ကျွန်မ ရှင်တောင်းတဲ့အကူအညီကိုလက်ခံပါ့မယ် ဒါပေမဲ့ ကျွန်မဘက်ကတစ်ချို့အချက်လေးတွေတောင်းဆိုလို့ရမလား"
"ဟာ...ရပါတယ် ဒီအကူအညီကိုလက်ခံတယ်ဆိုရင်ပဲကျေးဇူးတင်ပါပြီ မနတ်ဖြန် မြတ်သူတို့ ကုမ္ပဏီ ကိုလာခဲ့ပါ အဆင်ပြေလားမသိဘူး"
"ဟုတ်ပြီလေ ဒါဆိုလဲ ဆိုတော့ ကျွန်မလဲပြန်တော့မယ် ခွင့်ပြပါအုန်း"

နေဝန်းပြန်သွားသည့်နောက် မြတ်သူလဲ ပန်းသွေးအိမ်မှလူများကို ကန်းသွေးကိုဂရုစိုက်ပေးရန်မှာခဲ့ပြီး သူမလဲပြန်သွားခဲ့သည်၊ သူမထံသို့ နေဝန်းနှင့်ပတ်သက်သည့်အကြောင်းအရင်းများကိုစုံစမ်းရသလောက်သတင်းပေးသဖြင့် မြတ်သူမှာ ထိုအချက်များကိုစီစစ်ကာ ပန်းသွေးအနားမှာထားရန်စီစဉ်ခဲ့ခြင်းပင်။

ထိုညအတွက် အပြစ်ကင်းစင်စွာအိပ်ပျော်နေသည့် ကောင်မလေးတစ်ဦးရယ် ထိုကောင်မလေးကို မသိစိတ်ကနေစိတ်ပူနေသည့် လူနှစ်ဦးရယ်ဖြင့်။

x x x

#TBC

trollZ

Continue Reading

You'll Also Like

2K 82 6
လူတစ်ယောက်ကို ဒီလောက်ထိ စွဲစွဲလမ်းလမ်း မြတ်နိုးမိသွားမယ်လို့ ကိုယ့်ဘဝမှာ တွေးတောင် မတွေးခဲ့မိဘူးဆိုတာ သူသိိနိုင်ပါ့မလား ... ဒီ ၆နှစ်ကျော် ၇နှစ်ဆိုတဲ့...
4.2K 324 9
အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ အသော်မသိဘူး မေသော်ခ မင်းမသိတာမဟုတ်ပဲ မသိချင်ယောင်ဆောင်ခဲ့တာပဲမလား ...
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
10.4K 543 7
"အန်တီကတော့ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့က အဓိကပဲလို့ထင်တယ် တကယ်လို့ အန်တီ့မှာ ချစ်တဲ့သူရှိရင်တောင် အန်တီ့ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုကိုပဲ...