Miracle In Osaka (Completed)

Milo_YoYo

8.8K 1K 14

For Aurora Book Publishing House's Donation Project ! < 3 Recommended Song - If I could ride a bike ! Еще

1 [U]
Final [U]
1 [Z]
2 [Z]
Final [Z]

2 [U]

1.3K 235 0
Milo_YoYo

[ If I could sail a boat
I'd cruise across the seas
A sweet adventure for us two
I'll be Jack, and you, Rose
Just please don't let me go
'Cause I'll be nothing without you ]

"ကျောင်းလစ်ကြမယ် Sean .."

"ဘာလို့လဲ ဝမ်ရဲ့"

ပြေးလာတာဖြစ်တာကြောင့် ဝမ်ရဲ့နဖူးပြင်မှာ ချွေးစကလေးတွေသီးနေတယ်။ လက်ကိုင်ပုဝါလေးထုတ်ကာ ချွေးသုတ်ပေးတော့ ဝမ်က ကြောင်ကလေးတွေ ဇိမ်ခံရသလိုမျိုး ငြိမ်ငြိမ်ကလေး နေရှာလေရဲ့..

"ကမ်းနားမှာလေ သင်္ဘောအသစ်ဆိုက်လာတာ .. သွားရအောင်၊ ကာတွန်းပါငှါးသွားမယ်လေ"

"ဝမ်က ထူးထူးဆန်းဆန်း ကျောင်းလစ်ချင်နေပါရောလား ?"

"ကျွန်တော်က သင်္ဘောတွေကို သဘောကျတယ် Sean ရဲ့ .."

"ဘာလို့လဲ"

"အတည်တကျမရှိဘူး ..
နားချင်နား .. သွားချင်သွားသဘောမျိုးမှာ သူတို့မှတ်မိတာ ရေတွေပဲရှိမှာပေါ့"

ဝမ်က ပြုံးကာပြောပြီး သူ့လက်ကိုဆွဲတယ်။ ပြီးတော့ ကာတွန်းအဟောင်းတွေငှါးပေးတဲ့ဆိုင်ကို ဦးတည်လိုက်တယ်။

ကျောင်းပြေးရတာလည်း စိတ်လှုပ်ရှားစရာပါပဲ ..

•••••

ဖတ်ချင်တဲ့ စာအုပ်ရှာမတွေ့တာကြောင့် ဆိုင်တံခါးဝမှာပဲ သူမတ်တပ်ရပ်ပြီး ဝမ်ကိုစောင့်နေတယ်။ ဝမ်ကတော့ ကာတွန်းစာအုပ်တွေကြား နစ်မြုပ်နေလောက်ပြီး စိတ်ရှည်လက်ရှည် ရွေးနေလောက်တယ်။ အဖြူအမည်း manga တွေက သူ့အတွက်တော့ အကြိုက်လောက်ကြီး မဟုတ်ပေမယ့် ဝမ်ကတော့ ရူးရူးမူးမူး သဘောကျကြောင်း သူသိလာရတယ်။

ဝမ်က အစွန်းနှစ်ဖက်ကြားရပ်နေတဲ့ လူစားမျိုး ..
ပန်းတွေကိုလည်းကြိုက်သလို ဓါးတွေကိုလည်းကြိုက်တဲ့ စိတ်ထားနဲ့ ကောင်ကလေး။

"ရပြီ Sean .. သွားကြမယ်"

Manga သုံးအုပ်လောက်က လက်ထဲပါလာပြီး သင်္ဘောဆီကို ဦးတည်ပြေးကြတဲ့ နှစ်ဦးသား လက်တစ်ဖက်ချင်းစီက တွဲချိတ်လို့။

သင်္ဘောပေါ်မှာ ဘယ်သူမှမရှိဘူး ..
ကုန်းပတ်တစ်လျှောက်မှာ လေအေးအေးတွေတိုက်တော့ သူက ပါလာတဲ့ အနွေးထည်ကိုတောင် ဝမ်ကို လွှားခြုံပေးလိုက်တော့ ဝမ်က နှုတ်ခမ်းစူချင်တယ်။

"အေးတယ်လေ .. ဝတ်ထား"

"ရှိုးပဲ့တယ် Sean ရ"

"နေမကောင်းဖြစ်မယ် ဝမ်ရယ် ဝတ်ထားစမ်းပါ"

အနည်းငယ် ဆူပူမာန်မဲချင်တော့ ဝမ်က သူ့ကို စူးစိုက်ကြည့်ပြီး မျက်လုံးကလေးပြူးလို့ လျှာတစ်လစ်ထုတ်ပြပါတယ်။

အဲ့အခါ သူက ဝမ်ရဲ့ ပါးလုံးလုံးတွေကို လက်ဖဝါးနှစ်ဖက်နဲ့ညှစ်ပစ်လို့ ခါယမ်းပစ်လိုက်တော့ ဝမ်က ရုန်းပါတယ်။

"အား .... ဝမ်က ကလေးလေးလိုပဲ"

"မကြိုက်ဘူး မလုပ်နဲ့"

"အင်းပါ နောက်မလုပ်တော့ပါဘူး .. ခုတော့ ပါးအိအိလေးကို တစ်ခါပေးကိုက်"

"SEAN !"

သင်္ဘောပေါ်မှာ လူမရှိလို့သာ တော်တော့တယ်။

ဝမ်က တစ်ခါတစ်ခါကျ ကလေးဆိုးလေးနဲ့တူပါတယ်။

•••••

ညအမှောင်ထုက တဖြည်းဖြည်းကြီးစိုးလာပြီး လရောင်က သူတို့ထိုင်နေတဲ့နားကို တဖြည်းဖြည်းချင်းစီ ဖြာကျလာတယ်။ ဝမ်ကတော့ စာအုပ်ဖတ်ကောင်းဆဲဖြစ်ပြီး ယူလာတဲ့ ကာတွန်းတွေအပြင် အခု Titanic မူရင်းစာအုပ်ကို ဖတ်နေတယ်။

"သနားစရာပဲနော် .."

"ဘာကိုလဲ .."

"Jack နဲ့ Rose လေ .. အဲ့လို သေကွဲကြီးတော့ မခံစားချင်ပါဘူး"

"အော် ကဲ .. ဘယ်သူက သေကွဲကွဲကြမှာတဲ့လဲ၊ အခုအချိန်မှာ ဘယ်သင်္ဘောက မှောက်မှာတဲ့လဲ"

ဝမ်ရဲ့ ပါးကလေးတွေကို ဆွဲတော့ ဒီတစ်ခါ ဝမ်က ငြိမ်နေရှာတယ်။

"အခု သင်္ဘောမှောက်သွားရင် ငါနဲ့ Sean က သေကွဲကွဲသွားမှာပေါ့ .."

"အော် .. တွေးပူနေတာပဲ .."

"..."

"နေပါဦး .. Jack နဲ့ Rose နေရာမှာ ကိုယ်နဲ့ဝမ့်ကို အစားထိုးလိုက်တာလား"

"အေးလေ .."

"ကိုယ်တို့က .. "

"ငါက မင်းကိုကြိုက်နေတာလေ .."

နားနားကပ်ပြီး လေသံတိုးလေးနဲ့ပြောတဲ့ ဝမ်ရဲ့ အပြုအမူလေးတွေကို သူတစ်သက်မေ့လို့ရတော့မယ်မထင်ပါ။

တစ်ခါတည်း ဆွဲဖက်ပြီး ပါးဖောင်းတွေကို အနမ်းချွေပစ်တော့ ဝမ်က ယားလွန်းလို့ဆိုပြီး အော်ဟစ်နေပါတယ်။ ဒီတစ်ခါတော့ သွားသေးသေးလေးတွေဟလို့ ရယ်မောနေတာကို အသေအချာတွေ့မြင်လိုက်ရပြီး သူ့ရင်ထဲပါအေးသွားရပါတယ်။ ဝမ်က တကယ့်ကို ကဝေငယ်လေးပါပဲ ..

"ကိုယ်လည်း ဝမ့်ကို သိပ်ချစ်တယ်"

"သိတယ်"

"သိနေတာကို .. ဝမ်က လူဆိုးလေး"

"မင်း ပေါင်ပေါ် ခေါင်းအုံးလို့ရမလား .."

"ဝမ့်သဘောပဲ"

ပေါင်ပေါ်လှဲလာတဲ့ ဝမ်ရဲ့ မျက်နှာချောချောကို အပေါ်စီးကနေကြည့်ရတဲ့အခါ အသက်ရှူတွေပါ အောင့်ထားမိပါတယ်။ မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြင်ဖူးသမျှ ပုံရိပ်တွေက ဝမ့်လောက် အဖိုးမတန်ကြောင်း သူကမ္ဘာကြီးကို အော်ဟစ်ပြီးလို့သာပြောချင်ပါရဲ့။

ဝမ်က သူ့ရဲ့ ချောမောမှုကို ချီးကျူးဖူးတယ် ..
သူ့နှုတ်ခမ်းဖျားက မှဲ့အစက်ကို မေးခွန်းထုတ်ဖူးတယ် ..

အခုအခါ သူက ဝမ်ရဲ့ ပါးတွေကို နမ်းရှိုက်မယ် ..
နှာခေါင်းလုံးလေးကို ဖျစ်ညှစ်မယ် .. စတဲ့ စိတ်ကူးတွေက ခေါင်းထဲ သံမှိုရိုက်သွင်းသလို တစစ ပေါ်လာတယ်။

"တကယ်သာ .. မင်းနဲ့ငါက Jack နဲ့ Rose ဆိုရင် သေကွဲကွဲကြရမှာပေါ့"

"မပြောစမ်းပါနဲ့ .. နိမိတ်မရှိတာတွေ"

"သေကွဲတော့ တကယ်မကွဲချင်ဘူး .."

"ဝမ် တော်ပြီ .."

သူက ရှေ့ကနေ စကားပိတ်လိုက်တော့ ဝမ်က ထပ်ရယ်တယ်။

"ငါနဲ့ အတူ ကမ္ဘာပတ်ချင်တဲ့ စိတ်ကူးရှိသေးလား"

"အမြဲရှိတယ်"

"သင်္ဘောကြီးမောင်းပြီး ကမ္ဘာပတ်ကြမယ်"

"ဝမ့်သဘောပဲ"

"မသေတဲ့ Jack နဲ့ Rose လုပ်မယ်"

"ဝမ့်စိတ်ကြိုက်"

ညအလင်းရောင်အောက်မှာ ဝမ့်ရဲ့အပြုံးလေးတွေက အေးအေးချမ်းချမ်းပဲ ..

နေ့ရက်တစ်ရက်ကုန်သွားတိုင်း ပိုလို့ သေချာစိတ်တွေက ရင်ထဲတိုးတိုးဝင်လာတယ် ..

သူဟာ Rose မရှိလို့ မဖြစ်တဲ့ Jack ..
သူဟာ Wang မရှိလို့ မဖြစ်တဲ့ Sean ..
သူဟာ Sakura မရှိလို့ မဖြစ်တဲ့ Osaka ..

•••••

Продолжить чтение

Вам также понравится

348K 30.5K 32
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]
599K 39.5K 79
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
95.9K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]