(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

695K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(13) - မြန်မြန်လေး

7.4K 1.4K 69
By Xiao_Yiii

Unicode

အခန်း(၁၃) -  မြန်မြန်လေး

ထိုနေ့ကဝမ်းနည်းဖွယ်ရာဓားလေ့ကျင့်သင်ခန်းစာပြီးနောက်မှာရှန်ကျစ်ရှန်းသည်ရန်ကျင်းရှေ့ကသူ့ရဲ့ပုံရိပ်လေးလုံးဝပျက်စီးသွားပြီလို့ခံစားခဲ့ရသည်။ထိုအချိန်ကစပြီးသူကပြန်တည်ဆောက်ဖို့ပျင်းရိသွားတော့၏။

ဘယ်လိုပဲဖြစ်ဖြစ်လေ,အခုရန်ကျင်းကဒီလိုရှက်စရာကောင်းတဲ့ကိစ္စမျိုးကိုတောင်မြင်ပြီးသွားပြီဆိုမှတော့ဆက်ပြီးသရုပ်ဆောင်နေတော့ရောဘာများကောင်းမှာမို့လို့လဲ?

သရုပ်ဆောင်ရတာကလည်းပင်ပန်းတာပဲ..

ရှန်ကျစ်ရှန်းသည်စောင်ပေါ်မှာလူးလှိမ့်နေရင်းဖြင့်တည်ငြိမ်စွာစဉ်းစားနေသည်။အဆုံးမှာတော့သူ့အနေနဲ့သူ့ရဲ့အတွင်းပိုင်းအလှကိုသာမှီခိုပြီးဆရာကောင်းကောင်းတစ်ယောက်ဖြစ်အောင်လုပ်ကာသူ့တပည့်ရဲ့အသိအမှတ်ပြုမှုကိုရအောင်လုပ်ရတော့မည်။

ထို့ကြောင့်,ခါးနာသွားရတဲ့မတော်တဆပြီးနောက်မှာရန်ကျင်းသည်ရှန်ကျစ်ရှန်းရဲ့မတူညီတဲ့မြင်ကွင်းမျိုးစုံနဲ့ထိပ်တိုက်တွေ့ရတော့၏။

ရှန်ကျစ်ရှန်းကငါးစားပြီးငါးရိုးစူးတယ်

ရှန်ကျစ်ရှန်းကအိပ်ယာပေါ်မှာပျင်းရိစွာနဲ့အိပ်နေရင်းရှောင်းချောင်ယနဲ့ရန်ဖြစ်တယ်

ရှန်ကျစ်ရှန်းကဓားကစားနေရင်းအာရုံထွေပြားလာပြီးဓားကိုလွှတ်ချလိုက်တာကြောင့်ရှောင်းချောင်ယကိုအပြောင်ရိတ်ခါနီးဖြစ်သွားမယ်ပြီးတာနဲ့သိပ်မကြာခင်ပဲလူတစ်ယောက်နဲ့မြက်ညွှန်ပေါက်စတစ်ခုတို့ကနောက်တစ်ကြိမ်ပြန်ပြီးရန်ဖြစ်ကြမယ်....စသဖြင့်တို့ကနေ့စဉ်ဖြစ်နေသည်။

ရန်ကျင်း, "..."

ရန်ကျင်းရဲ့စိတ်ခံစားချက်ကအတော်လေးရှုပ်ထွေးနေသည်။

ဒါကမှသူသိထားတဲ့တကယ့်ရှန်ကျစ်ရှန်းလား?ဒါမှမဟုတ်တကယ်ပဲလူစားထိုးသွားတာလား....

ထိုအချိန်မှာရှန်ကျစ်ရှန်းကတော့သူ့ပုံရိပ်ကိုအဆုံးရှုံးခံလိုက်တဲ့ရလဒ်ကချက်ချင်းအကျိုးဖြစ်ထွန်းသွားကြောင်းအံ့အားသင့်စွာဖြင့်ရှာဖွေတွေ့ရှိသွားသည်။ဒီလောက်ပင်ပင်ပန်းပန်းကြိုးစားနေတုန်းကတော့ဒီလူရဲ့တစ်စိတ်တစ်ပိုင်းလေးကိုတောင်နူးညံ့အောင်မလုပ်နိုင်ခဲ့ပဲနဲ့သူ့ရဲ့ပေါက်ကရပေါင်းသောင်းခြောက်ထောင်ကိုမြင်မှပဲဒီလူရဲ့စိတ်လေးကနောက်ဆုံးမှာတုန်လှုပ်လာလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့မိဘူး။

ယခင်ဖြစ်ပျက်ခဲ့တဲ့အထင်လွဲမှုကိုရှင်းလင်းအောင်မလုပ်နိုင်သေးဘူးဆိုပေမယ့်အနည်းဆုံးတော့သူ့အပေါ်ထားတဲ့သဘောထားကပိုပြီးပျော့ပြောင်းလာသည်လေ။အခုဆိုရင်ဆရာနဲ့တပည့်နှစ်ယောက်သားရံဖန်ရံခါဆိုရင်စကားပြောဆိုမှုများပါလုပ်လာနိုင်ပြီ။

ရှန်ကျစ်ရှန်းသည်အလွန်ကိုစိတ်ကျေနပ်သွားပြီးဒီလိုပုံစံနဲ့ကျေနပ်အောင်လုပ်ပေးတဲ့မူဝါဒကတကယ်ပဲအလုပ်လုပ်တယ်ဆိုတာကိုခက်ခက်ခဲခဲနဲ့ယုံကြည့်လိုက်ရသည်။သူငွေကြေးအမြောက်အမြားသုံးတုန်းကတောင်ဒီလိုရလဒ်နဲ့နီးကပ်အောင်မလုပ်နိုင်ခဲ့ဘူး..

ဘယ်လိုပဲဖြစ်ဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကလွန်လေပြီးတဲ့ဂိုဏ်းချုပ်ဟောင်းကသူ့ကိုအလွန်ကြီးမားပြီးအလွန်ကြယ်ဝတဲ့မြေများအားစီရင်ပိုင်ခွင့်ပေးခဲ့ကာစုန့်မင်းပိုင်တာထက်ပင်ပိုသေးသည်။

စုန့်မင်းအတော်လေးဒေါသထွက်နေသည်။

အကြောင်းကတော့ဒီနေ့မနက်ခင်းအစည်းအဝေးမှာစုန့်မင်းကရှန်ကျစ်ရှန်းအားထိုမြေများစီရင်ပိုင်ခွင့်ကိုလက်လျော့ပြီးအကုန်လုံးကိုဂိုဏ်းရဲ့စီရင်ပိုင်ခွင့်ဆီပြန်လွှဲပေးရန်သဲလွန်စတစ်ချို့ကိုတိတ်တဆိတ်အချက်ပြကာအစပြုပြောခဲ့သည်။

ဂိုဏ်းအတွက်ဝင်ငွေတစ်ဝက်လောက်ကအစောကတည်းကဘယ်လောက်တောင်ကြားဖြတ်ခံထားရလဲဆိုတာအကြီးအကဲအားလုံးသိထားကြသည်။ရှန်ကျစ်ရှန်းကတည်ငြိမ်စွာနားထောင်နေရင်းဖြင့်သူ့နှဖူးကြောများတွန့်ချိုးလာပြီးလက်တစ်ဖက်ဖြင့်သူ့ရဲ့အားနည်းတဲ့နှလုံးအားဆုပ်ကိုင်ကာသူ့မျက်ခွံများတုန်ယင်လာသည်။သိပ်မကြာခင်မှာပဲသူကသက်ပြင်းချရင်းဖြင့်အရင်ဂိုဏ်းချုပ်ဟောင်း,သူ့ဆရာကိုဘယ်လိုမျိုးလွမ်းနေတဲ့အကြောင်းကိုစကားစတော့သည်။

ကူးပြောင်းလာပြီးကတည်းကရန်ကျင်းအမြင်ကောင်းအောင်ကြိုးကြိုးစားစားအလုပ်လုပ်နေတဲ့အပြင်ကိုသူကတစ်ခြားအချိန်များတွင်အကြီးအကဲတစ်ချို့နဲ့လည်းရင်းနှီးမှုရယူထားသည်။တကယ်တော့လည်းတစ်ယောက်တည်းလျှောက်လှမ်းဖို့ကခက်ခဲလှသည်။

အသက်ရှင်သန်ဖို့ပေါင်အနည်းငယ်လောက်ကိုဖက်ထားတာအကောင်းဆုံးပဲ!

ပဉ္စမအကြီးအကဲဖြစ်နေသည့်သူကလွဲရင်တစ်ခြားအကြီးအကဲလေးယောက်လုံးကဂိုဏ်းချုပ်ဟောင်းရဲ့သိုင်းသင်ဘက်တပည့်များဖြစ်ကြသည်။သူတို့အားလုံးကရှန်ကျစ်ရှန်းရဲ့ဆရာဦးလေးများဖြစ်ကြ၏။ပထမအကြီးအကဲနှစ်ဦးကသူတို့ရဲ့တာဝန်များကိုပိုမိုတင်းကြပ်စွာလုပ်ဆောင်နေစဉ်မှာတစ်ခြားသူများနဲ့ရှန်ကျစ်ရှန်းရဲ့ဆက်ဆံရေးကအတော်လေးကောင်းနေလေပြီ။

ထို့ကြောင့်,အချိန်တိုင်းရှန်ကျစ်ရှန်းကသူ့ရင်ဘက်ကိုဖိလိုက်တာနဲ့တတိယနဲ့စတုတ္ထအကြီးအကဲနှစ်ယောက်ကချက်ချင်းအတူတူထလာကြပြီးသရုပ်ပြဖျော်ဖြေတင်ဆက်မှုကိုလုပ်ကြလိမ့်မည်။

'အားယား,မင်းမတော်တဆဖြစ်လို့မရဘူး'တို့,'အကယ်၍မင်းသာမတော်တဆဖြစ်သွားရင်ငါတို့နောက်ပိုင်းလူအိုကြီးဝမ်ကိုဘယ်လိုမျက်နှာခြင်းဆိုင်ရမလဲ?' တို့,ဒါမှမဟုတ်'မင်းရဲ့ခန္တာကိုယ်ကျန်းမာရေးကိုထိန်းသိမ်းတာကျင့်ကြံတာထက်အရေးကြီးတယ်..မင်းရဲ့တောင်ထွတ်မှာဝိဉာဏ်ကျောက်တုန်းမလုံလောက်လို့လား?ဦးလေးရှစ်,မင်းကိုတစ်ချို့ပေးမယ်'... စသဖြင့်-

အဲ့ဒီလိုမျိုးသဟဇာတဖြစ်စွာနဲ့တစ်လှည့်သရုပ်ပြပြီးတာနဲ့စတုတ္တအကြီးအကဲကဘဏ္ဍာရေးမှုကိုလေးလေးနက်နက်လှည့်ပြောသည်။

"မင်းတို့အကြီးအကဲရှန်ကအထူးခန္တာကိုယ်အခြေအနေရှိတယ်အဲ့ဒါကြောင့်ထောက်ပံ့ပေးဖို့ဝိဉာဏ်ကျောက်တုန်းတွေအများကြိးလိုအပ်တယ်...ငါသတိထားမိသလောက်ဂိုဏ်းရဲ့သိုလှောင်ရုံထဲမှာဝိဉာဏ်ကျောက်တုန်းအရေအတွက်တော်တော်များသားပဲအဲ့ဒါကြောင့်မင်းသူ့ကိုကူညီပေးဖို့နည်းလမ်းရှာသင့်တယ်..လူအိုကြီးဝမ်ရဲ့တစ်ဦးတည်းသောကိုယ်ပိုင်တပည့်ကိုမကြမ်းတမ်းသင့်ဘူး"

စတုတ္ထအကြီးအကဲ၏'ကြမ်းတမ်းတဲ့'စကားလုံများကဖြောင့်မတ်မှန်ကန်တဲ့နည်းလမ်းနဲ့ပြောတာဖြစ်သောကြောင့်ဘယ်သူကမှဆန့်ကျင်ဖို့မရဲကြပေ။အဲ့ဒီအပြင်ဂိုဏ်းချုပ်ဟောင်းရဲ့တစ်ဦးတည်းသောတပည့်ကိုလည်းသေသွားတာမျိုးမဖြစ်စေချင်ဘူး!

ထို့ကြောင့်သူတို့အနေနဲ့သူတို့ပါးစပ်များကိုသာပိတ်ပြီးထိုကိစ္စကိုဘေးဖယ်ထားလိုက်ရသည်။ရှန်ကျစ်ရှန်းကတော့ကြီးကျယ်လှတဲ့အောင်ပွဲတစ်ခုရလိုက်၏။သူကအားနည်းရတာကိုအလွန်ပျော်ရွှင်နေမိသည်။

ဘယ်လိုပဲဖြစ်ဖြစ်သူ့စိတ်ပိုင်းဆိုင်ရာကအတော်လေးကောင်းနေသေးတာပဲလေ...တစ်ခြားသူတွေသူ့ကိုအပေါ်ယံအတင်းအဖျင်းပြောတာလောက်ကိုဘယ်သူကဂရုစိုက်မှာလဲ?သူကတော့စုန့်မင်းပြန်ခံရတာကိုကြည့်ရတာပျော်နေတုန်းပဲ

အကြီးအကဲနှစ်ယောက်က'အားနည်းပြီးနေမကောင်းဖြစ်နေတဲ့'အကြီးအကဲရှန်နဲ့အတူချက်ချင်းဆုတ်ခွာဖို့တောင်းဆိုပြီးသုံးယောက်သားအတူတကွရှောင်ပြေးကြလေသည်။

သူတို့ကထွက်ပေါ်လာတဲ့ဒေါသအားလုံးကိုမြိုသိပ်နေရတဲ့စုန့်မင်းကိုချန်ရစ်ခဲ့သည်။သူ့မျက်နှာကအချိန်အတော်ကြာသည်အထိဖြူလိုက်ပြာလိုက်ဖြစ်နေပြီးမှနောက်ဆုံးမှာတစ်ဖန်ပြန်ဆွေးနွေးနိုင်သည်အထိသူ့ဒေါသကိုဖုန်းကွယ်လိုက်နိုင်သွားသည်။

စောစောစီးစီးထွက်လာကြတာဖြစ်သောကြောင့်သုံးယောက်သားပျင်းရိစွာဖြင့်သာလမ်းဆုံမှာလမ်းခွဲလိုက်ကြသည်။

အကြီးအကဲနှစ်ယောက်ကချက်ကစားလိုကြပြီးရှန်ကျစ်ရှန်းကတော့သူ့ရဲ့ဆုံးရှုံးခဲ့ရတဲ့အိပ်ချိန်လေးများကိုပြန်လိုချင်တာကြောင့်တည်ငြိမ်စွာပဲလှည့်ပြန်သွားသည်။မနက်ခင်းစောစောထရတဲ့အပြင်အေးစက်တဲ့ဆောင်းရာသီနဲ့ပေါင်းစည်းလိုက်တော့သူ့ကိုအိပ်ငိုက်ပြီးမူးဝေလာစေသည်လေ။

သို့သော်လည်းသူကအဲ့ဒီနေ့မှာကောင်းကောင်းမအိပ်ရဖို့ကံကြမ္မာရှိနေပုံပင်။

"Chirp, chirp, chirp! Chirp, chirp!

"အာ့!"

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့အချိန်မှာရှောင်းချောင်ယကသူ့မျက်နှာပေါ်မှာခုန်ပေါက်နေတာကြောင့်ရှန်ကျစ်ရှန်းကနာကျင်စွာငြီးငြူလိုက်မိသည်။သူကဘေးပတ်ပတ်လည်ကိုလျှောက်ပုတ်လိုက်ပြီးစောင်ကိုတွေ့တော့မျက်နှာပေါ်ဆွဲခြုံလိုက်ကာရေရွတ်လိုက်သည်။

"ချောင်ယ,မင်းကိုငါဘယ်နှစ်ခေါက်ပြောရမလဲ!ငါအိပ်နေတဲ့အချိန်မဆူပါနဲ့ဆို!"

"Chirp!"  

ရှောင်းချောင်ယကသူ့လက်ကိုရှောင်လိုက်ပြီးသူ့နားနားကိုခုန်တက်သွားကာရှန်ကျစ်ရှန်းရဲ့ဆံပင်ကိုပြင်းပြင်းထန်ထန်ဆွဲရင်းစတင်အော်တော့သည်။

ရှန်ကျစ်ရှန်းကတော့ဂရုမစိုက်ပေ

ရှောင်းချောင်ယသည်သူလိုချင်တဲ့တုန့်ပြန်မှုကိုမရတဲ့အခါစောင်ရဲ့အစွန်းကိုဆုပ်ကိုင်ပြီးပြင်းပြင်းထန်ထန်ဆွဲချလိုက်ကာဒီလရဲ့ခုနှစ်ခုမြောက်အိပ်ယာခင်းကိုအလွယ်တကူဆွဲဖြဲပစ်လိုက်သည်။

ဒီလိုသေးငယ်တဲ့မြက်ညွှန်ပေါက်စလေးကကြည့်လိုက်ရင်လေနဲ့တောင်လွင့်သွားလောက်တဲ့အထိကျိုးပဲ့လွယ်ပုံပေါ်ပေမယ့်အရမ်းအားကြီးမယ်လို့ဘယ်သူကမှခန့်မှန်းမိမှာမဟုတ်ဘူး 

အထွေထွေရေးရာဌာနကတပည့်ငယ်လေးများကတော့ဘာဖြစ်လို့များအကြီးအကဲရှန်ကတစ်လတည်းနဲ့အခင်းခုနှစ်ခုကိုလဲနေရလဲဆိုတာကိုမသိမသာ,သာခန့်မှန်းနေကြရသည်။

စောင်အခင်းကိုဆွဲဖြဲပြိးနောက်ရှောင်းချောင်ယကပြတင်းပေါက်ဆီအလျင်အမြန်ပျံပြေးသွားပြီးသူ့ရဲ့ဓားလိုလက်သေးသေးလေးအားသုံးကာပြတင်းပေါက်ကိုညင်သာစွာခေါက်လိုက်သည်။

ကလစ်ဆိုတဲ့အသံနဲ့အတူပြတင်းပေါက်ကပွင့်သွားပြီးအေးစက်တဲ့လေများကအခန်းထဲကိုလွတ်လွတ်လပ်လပ်ဝင်လာကြတော့၏။ကောင်းမွန်လှတဲ့နှင်းပွင့်များကပါအထဲကိုစတင်တိုးဝင်လာကြသည်။

ဒီလိုမျိုးအရမ်းမြင့်၊လေကအရမ်းပြင်းထန်ပြီးနှင်းတွေကအရမ်းအေးတဲ့နေရာမျိုးမှာနေထိုင်ဖို့သိပ်မကောင်းပေ။

သို့သော်ကျင့်ကြံသူများကအလွန်ပူပြင်းတာသို့မဟုတ်အေးစက်တာမျိုးကိုမကြောက်ကြဘူးဖြစ်သည်။ရလဒ်ကတော့အတွင်းပိုင်းအပူပေးမှုကထောက်ပံ့ထားခြင်းမရှိဘူးလေ။စောင်ကအပိုင်းပိုင်းအဖြတ်ခံလိုက်ရတာကြောင့်ရှန်ကျစ်ရှန်းမှာလေအေးထဲရောက်သွားပြီးချက်ချင်းထအော်တော့သည်။

"ချောင်ယ!" 

"Chirp!"  

ရှန်ကျစ်ရှန်းဒေါသမထွက်ရသေးခင်မှာပင်ရှောင်းချောင်ယကသူ့ရဲ့မြက်ပင်လက်မောင်းလေးများကိုဓားအသွင်လှုပ်ရမ်းလိုက်ပြီးစောင့်နေတဲ့အနေအထားမျိုးလုပ်ပြသည်။

ရှန်ကျစ်ရှန်းကအေးခဲသွားသည်။

"အားကျင်းအပြင်မှာစောင့်နေတာလား?"

"Chirp!" 

ရှောင်းချောင်ယကခေါင်းညိတ်ပြသည်

"သူစောင့်နေတာဘယ်လောက်ကြာသွားပြီလဲ?"

"Chirp!" အတော်လေးကြာသွားပြီ!

ရှန်ကျစ်ရှန်းကအလျင်အမြန်ထလိုက်ပြီးဝတ်ရုံကိုထပ်ဝတ်လိုက်သည်။ဆံပင်ကိုသပ်ရပ်အောင်ပြုပြင်ပြီးနောက်တံခါးဆီပြေးသွားလိုက်၏။  

ရန်ကျင်းကအပြင်ဘက်မှာတိတ်တဆိတ်မတ်တပ်ရပ်နေပြီးသူ့ပုံသဏ္ဍာန်ကလုံးဝကိုလှုပ်ရှားမှုမဲ့နေသည်။သူကအမိုးအောက်မှာဖြစ်သော်လည်းလေကနှင်းများနဲ့အတူသူ့ကိုဆက်တိုက်တိုက်ခတ်နေသည်။သူ့ပုခုံးများကနှင်းများအလွှာလွှာအထပ်ထပ်တင်နေပြီဖြစ်ပြီးသူစောင့်နေတာအတော်လေးကြာနေပြီဖြစ်ကြောင်းကိုညွှန်ပြနေသည်။

ဒီတိုတောင်းတဲ့သုံးနှစ်တာကာလအတွင်းမှာသူကပိန်ပါးပြီးအာဟာရချို့တဲ့သောကလေးပုံစံကိုကျော်လွန်လာပြီဖြစ်၏။ရှန်ကျစ်ရှန်းကအမြဲတမ်းသေသေချာချာကိုသူ့အတွက်အရသာရှိတဲ့အစားအသောက်များသောက်စရာများအပြင်သူ့ကျင့်ကြံဆင့်ကိုတိုးတက်စေနိုင်မယ့်ဆေးများစွာကိုကူညီထောက်ပံ့ပေးထားသည်။ရလဒ်ကတော့သူကလျင်မြန်စွာကြီးပြင်းလာပြီးသူ့အရိုးများဆန့်ထွက်လာကာအသားများလည်းတိုးလာသည်။သူ့ခန္တာကိုယ်ကကိုယ်ရေစစ်သွားတာကြောင့်ရှည်လျားပြီးကောင်းမွန်စွာတည်ဆောက်ထားတဲ့ပုံစံဖြစ်လာ၏။

သူကချောမောခန့်ညားသောလူငယ်လေးတစ်ယောက်အသွင်ဖြစ်လာသည်။

ရှန်ကျစ်ရှန်းကသူ့ကိုကောင်းကောင်းကြည့်လိုက်ပြီးသက်ပြင်းချမိသည်။

သူ့ရဲ့တပည့်ငယ်လေးကနောက်ဆုံးတော့ကြီးပြင်းလာခဲ့ပြီလေ....ရန်ကျင်းရဲ့စကားမဆိုပဲလစ်လျူရှုထားတတ်တဲ့အသွင်ကြောင့်သာမဟုတ်ဘူးဆိုရင်သူကသေချာပေါက်ရန့်ရှန်ထက်ပိုပြိးအောင်မြင်ကျော်ကြားလောက်သည်။

ဒါပေမဲ့အဲ့ဒါအဓိကအချက်မဟုတ်ဘူး,အဓိကအချက်ကဘယ်လိုလုပ်ရန်ကျင်းကသူ့လောက်ရှည်လာတာလဲ?!   

အရင်လကရန်ကျင်းသည်တံခါးပိတ်ကျင့်ကြံခြင်းလုပ်နေတာကြောင့်ရှန်ကျစ်ရှန်းသူ့ကိုမတွေ့ရတာအတော်လေးကြာသွားပြီဖြစ်သည်။။တစ်ချက်ကြည့်တာနဲ့တင်အလွန်ပိန်ပါးခဲ့တဲ့လူငယ်လေးကအရမ်းကိုအရပ်ရှည်နေတာကိုတွေ့သွားရသည်။
  
ရှန်ကျစ်ရှန်းကတော့သူ့အတွေးနဲ့သူစိတ်ပျက်လက်ပျက်ဖြစ်နေသည်။

အားယား,ဆရာထက်တပည့်လက်စောင်းထက်တယ်ဆိုတာဒါပဲ!

ရန်ကျင်းကဆက်ပြီးကြီးထွားလာဦးမှာ!

ပြီးတော့သူကတော့....

ရှန်ကျစ်ရှန်းရဲ့အမူအယာကချက်ချင်းနစ်မြှုပ်သွားရင်းဖြင့်ပြန်စဉ်းစားမိသည်။

စာအုပ်ထဲမှာမူလရှန်ကျစ်ရှန်းကရန်ကျင်းထက်ခေါင်းတစ်လုံးပိုသာခဲ့တာလေ...

ချောမောခန့်ညားပြီးတည်ငြိမ်လှတဲ့လူငယ်လေးကတော့သူ့ဆရာရဲ့အတွင်းပိုင်းကရှုပ်ထွေးလှတဲ့စိတ်ခံစားချက်များကိုမသိပဲလေးစားစွာဦးညွှတ်၍နှုတ်ဆက်လိုက်သည်။

"ဆရာ"

===========================

Next Episode

ဖျားနာခြင်း

===========================
Zawgyi

အခန္း(၁၃) -  ျမန္ျမန္ေလး

ထိုေန႔ကဝမ္းနည္းဖြယ္ရာဓားေလ့က်င့္သင္ခန္းစာၿပီးေနာက္မွာရွန္က်စ္ရွန္းသည္ရန္က်င္းေရွ႕ကသူ႔ရဲ႔ပံုရိပ္ေလးလံုးဝပ်က္စီးသြားၿပီလို႔ခံစားခဲ့ရသည္။ထိုအခ်ိန္ကစၿပီးသူကျပန္တည္ေဆာက္ဖို႔ပ်င္းရိသြားေတာ့၏။

ဘယ္လိုပဲျဖစ္ျဖစ္ေလ,အခုရန္က်င္းကဒီလိုရွက္စရာေကာင္းတဲ့ကိစၥမ်ိဳးကိုေတာင္ျမင္ၿပီးသြားၿပီဆိုမွေတာ့ဆက္ၿပီးသ႐ုပ္ေဆာင္ေနေတာ့ေရာဘာမ်ားေကာင္းမွာမို႔လို႔လဲ?

သ႐ုပ္ေဆာင္ရတာကလည္းပင္ပန္းတာပဲ..

ရွန္က်စ္ရွန္းသည္ေစာင္ေပၚမွာလူးလွိမ့္ေနရင္းျဖင့္တည္ၿငိမ္စြာစဥ္းစားေနသည္။အဆံုးမွာေတာ့သူ႔အေနနဲ႔သူ႔ရဲ႔အတြင္းပိုင္းအလွကိုသာမွီခိုၿပီးဆရာေကာင္းေကာင္းတစ္ေယာက္ျဖစ္ေအာင္လုပ္ကာသူ႔တပည့္ရဲ႔အသိအမွတ္ျပဳမႈကိုရေအာင္လုပ္ရေတာ့မည္။

ထို႔ေၾကာင့္,ခါးနာသြားရတဲ့မေတာ္တဆၿပီးေနာက္မွာရန္က်င္းသည္ရွန္က်စ္ရွန္းရဲ႔မတူညီတဲ့ျမင္ကြင္းမ်ိဳးစံုနဲ႔ထိပ္တိုက္ေတြ႕ရေတာ့၏။

ရွန္က်စ္ရွန္းကငါးစားၿပီးငါး႐ိုးစူးတယ္

ရွန္က်စ္ရွန္းကအိပ္ယာေပၚမွာပ်င္းရိစြာနဲ႔အိပ္ေနရင္းေရွာင္းေခ်ာင္ယနဲ႔ရန္ျဖစ္တယ္

ရွန္က်စ္ရွန္းကဓားကစားေနရင္းအာရံုေထြျပားလာၿပီးဓားကိုလႊတ္ခ်လိုက္တာေၾကာင့္ေရွာင္းေခ်ာင္ယကိုအေျပာင္ရိတ္ခါနီးျဖစ္သြားမယ္ၿပီးတာနဲ႔သိပ္မၾကာခင္ပဲလူတစ္ေယာက္နဲ႔ျမက္ၫႊန္ေပါက္စတစ္ခုတို႔ကေနာက္တစ္ႀကိမ္ျပန္ၿပီးရန္ျဖစ္ၾကမယ္....စသျဖင့္တို႔ကေန႔စဥ္ျဖစ္ေနသည္။

ရန္က်င္း, "..."

ရန္က်င္းရဲ႔စိတ္ခံစားခ်က္ကအေတာ္ေလးရႈပ္ေထြးေနသည္။

ဒါကမွသူသိထားတဲ့တကယ့္ရွန္က်စ္ရွန္းလား?ဒါမွမဟုတ္တကယ္ပဲလူစားထိုးသြားတာလား....

ထိုအခ်ိန္မွာရွန္က်စ္ရွန္းကေတာ့သူ႔ပံုရိပ္ကိုအဆံုးရွံုးခံလိုက္တဲ့ရလဒ္ကခ်က္ခ်င္းအက်ိဳးျဖစ္ထြန္းသြားေၾကာင္းအံ့အားသင့္စြာျဖင့္ရွာေဖြေတြ႕ရွိသြားသည္။ဒီေလာက္ပင္ပင္ပန္းပန္းႀကိဳးစားေနတုန္းကေတာ့ဒီလူရဲ႔တစ္စိတ္တစ္ပိုင္းေလးကိုေတာင္ႏူးညံ့ေအာင္မလုပ္ႏိုင္ခဲ့ပဲနဲ႔သူ႔ရဲ႔ေပါက္ကရေပါင္းေသာင္းေျခာက္ေထာင္ကိုျမင္မွပဲဒီလူရဲ႔စိတ္ေလးကေနာက္ဆံုးမွာတုန္လွဳပ္လာလိမ့္မယ္လို႔ဘယ္တုန္းကမွမထင္ထားခဲ့မိဘူး။

ယခင္ျဖစ္ပ်က္ခဲ့တဲ့အထင္လြဲမႈကိုရွင္းလင္းေအာင္မလုပ္ႏိုင္ေသးဘူးဆိုေပမယ့္အနည္းဆံုးေတာ့သူ႔အေပၚထားတဲ့သေဘာထားကပိုၿပီးေပ်ာ့ေျပာင္းလာသည္ေလ။အခုဆိုရင္ဆရာနဲ႔တပည့္ႏွစ္ေယာက္သားရံဖန္ရံခါဆိုရင္စကားေျပာဆိုမႈမ်ားပါလုပ္လာႏိုင္ၿပီ။

ရွန္က်စ္ရွန္းသည္အလြန္ကိုစိတ္ေက်နပ္သြားၿပီးဒီလိုပံုစံနဲ႔ေက်နပ္ေအာင္လုပ္ေပးတဲ့မူဝါဒကတကယ္ပဲအလုပ္လုပ္တယ္ဆိုတာကိုခက္ခက္ခဲခဲနဲ႔ယံုၾကည့္လိုက္ရသည္။သူေငြေၾကးအေျမာက္အျမားသံုးတုန္းကေတာင္ဒီလိုရလဒ္နဲ႔နီးကပ္ေအာင္မလုပ္ႏိုင္ခဲ့ဘူး..

ဘယ္လိုပဲျဖစ္ျဖစ္လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတုန္းကလြန္ေလၿပီးတဲ့ဂိုဏ္းခ်ဳပ္ေဟာင္းကသူ႔ကိုအလြန္ႀကီးမားၿပီးအလြန္ၾကယ္ဝတဲ့ေျမမ်ားအားစီရင္ပိုင္ခြင့္ေပးခဲ့ကာစုန္႔မင္းပိုင္တာထက္ပင္ပိုေသးသည္။

စုန္႔မင္းအေတာ္ေလးေဒါသထြက္ေနသည္။

အေၾကာင္းကေတာ့ဒီေန႔မနက္ခင္းအစည္းအေဝးမွာစုန္႔မင္းကရွန္က်စ္ရွန္းအားထိုေျမမ်ားစီရင္ပိုင္ခြင့္ကိုလက္ေလ်ာ့ၿပီးအကုန္လံုးကိုဂိုဏ္းရဲ႔စီရင္ပိုင္ခြင့္ဆီျပန္လႊဲေပးရန္သဲလြန္စတစ္ခ်ိဳ႔ကိုတိတ္တဆိတ္အခ်က္ျပကာအစျပဳေျပာခဲ့သည္။

ဂိုဏ္းအတြက္ဝင္ေငြတစ္ဝက္ေလာက္ကအေစာကတည္းကဘယ္ေလာက္ေတာင္ၾကားျဖတ္ခံထားရလဲဆိုတာအႀကီးအကဲအားလံုးသိထားၾကသည္။ရွန္က်စ္ရွန္းကတည္ၿငိမ္စြာနားေထာင္ေနရင္းျဖင့္သူ႔ႏွဖူးေၾကာမ်ားတြန္႔ခ်ိဳးလာၿပီးလက္တစ္ဖက္ျဖင့္သူ႔ရဲ႔အားနည္းတဲ့ႏွလံုးအားဆုပ္ကိုင္ကာသူ႔မ်က္ခြံမ်ားတုန္ယင္လာသည္။သိပ္မၾကာခင္မွာပဲသူကသက္ျပင္းခ်ရင္းျဖင့္အရင္ဂိုဏ္းခ်ဳပ္ေဟာင္း,သူ႔ဆရာကိုဘယ္လိုမ်ိဳးလြမ္းေနတဲ့အေၾကာင္းကိုစကားစေတာ့သည္။

ကူးေျပာင္းလာၿပီးကတည္းကရန္က်င္းအျမင္ေကာင္းေအာင္ႀကိဳးႀကိဳးစားစားအလုပ္လုပ္ေနတဲ့အျပင္ကိုသူကတစ္ျခားအခ်ိန္မ်ားတြင္အႀကီးအကဲတစ္ခ်ိဳ႔နဲ႔လည္းရင္းႏွီးမႈရယူထားသည္။တကယ္ေတာ့လည္းတစ္ေယာက္တည္းေလွ်ာက္လွမ္းဖို႔ကခက္ခဲလွသည္။

အသက္ရွင္သန္ဖို႔ေပါင္အနည္းငယ္ေလာက္ကိုဖက္ထားတာအေကာင္းဆံုးပဲ!

ပဥၥမအႀကီးအကဲျဖစ္ေနသည့္သူကလြဲရင္တစ္ျခားအႀကီးအကဲေလးေယာက္လံုးကဂိုဏ္းခ်ဳပ္ေဟာင္းရဲ႔သိုင္းသင္ဘက္တပည့္မ်ားျဖစ္ၾကသည္။သူတို႔အားလံုးကရွန္က်စ္ရွန္းရဲ႔ဆရာဦးေလးမ်ားျဖစ္ၾက၏။ပထမအႀကီးအကဲႏွစ္ဦးကသူတို႔ရဲ႔တာဝန္မ်ားကိုပိုမိုတင္းၾကပ္စြာလုပ္ေဆာင္ေနစဥ္မွာတစ္ျခားသူမ်ားနဲ႔ရွန္က်စ္ရွန္းရဲ႔ဆက္ဆံေရးကအေတာ္ေလးေကာင္းေနေလၿပီ။

ထို႔ေၾကာင့္,အခ်ိန္တိုင္းရွန္က်စ္ရွန္းကသူ႔ရင္ဘက္ကိုဖိလိုက္တာနဲ႔တတိယနဲ႔စတုတၳအႀကီးအကဲႏွစ္ေယာက္ကခ်က္ခ်င္းအတူတူထလာၾကၿပီးသ႐ုပ္ျပေဖ်ာ္ေျဖတင္ဆက္မႈကိုလုပ္ၾကလိမ့္မည္။

'အားယား,မင္းမေတာ္တဆျဖစ္လို႔မရဘူး'တို႔,'အကယ္၍မင္းသာမေတာ္တဆျဖစ္သြားရင္ငါတို႔ေနာက္ပိုင္းလူအိုႀကီးဝမ္ကိုဘယ္လိုမ်က္ႏွာျခင္းဆိုင္ရမလဲ?' တို႔,ဒါမွမဟုတ္'မင္းရဲ႔ခႏာၱကိုယ္က်န္းမာေရးကိုထိန္းသိမ္းတာက်င့္ၾကံတာထက္အေရးႀကီးတယ္..မင္းရဲ႔ေတာင္ထြတ္မွာဝိဉာဏ္ေက်ာက္တုန္းမလံုေလာက္လို႔လား?ဦးေလးရွစ္,မင္းကိုတစ္ခ်ိဳ႔ေပးမယ္'... စသျဖင့္-

အဲ့ဒီလိုမ်ိဳးသဟဇာတျဖစ္စြာနဲ႔တစ္လွည့္သရုပ္ျပၿပီးတာနဲ႔စတုတၱအႀကီးအကဲကဘ႑ာေရးမႈကိုေလးေလးနက္နက္လွည့္ေျပာသည္။

"မင္းတို႔အႀကီးအကဲရွန္ကအထူးခႏာၱကိုယ္အေျခအေနရွိတယ္အဲ့ဒါေၾကာင့္ေထာက္ပံ့ေပးဖို႔ဝိဉာဏ္ေက်ာက္တုန္းေတြအမ်ားႀကိးလိုအပ္တယ္...ငါသတိထားမိသေလာက္ဂိုဏ္းရဲ႔သိုေလွာင္ရံုထဲမွာဝိဉာဏ္ေက်ာက္တုန္းအေရအတြက္ေတာ္ေတာ္မ်ားသားပဲအဲ့ဒါေၾကာင့္မင္းသူ႔ကိုကူညီေပးဖို႔နည္းလမ္းရွာသင့္တယ္..လူအိုႀကီးဝမ္ရဲ႔တစ္ဦးတည္းေသာကိုယ္ပိုင္တပည့္ကိုမၾကမ္းတမ္းသင့္ဘူး"

စတုတၳအႀကီးအကဲ၏'ၾကမ္းတမ္းတဲ့'စကားလံုမ်ားကေျဖာင့္မတ္မွန္ကန္တဲ့နည္းလမ္းနဲ႔ေျပာတာျဖစ္ေသာေၾကာင့္ဘယ္သူကမွဆန္႔က်င္ဖို႔မရဲၾကေပ။အဲ့ဒီအျပင္ဂိုဏ္းခ်ဳပ္ေဟာင္းရဲ႔တစ္ဦးတည္းေသာတပည့္ကိုလည္းေသသြားတာမ်ိဳးမျဖစ္ေစခ်င္ဘူး!

ထို႔ေၾကာင့္သူတို႔အေနနဲ႔သူတို႔ပါးစပ္မ်ားကိုသာပိတ္ၿပီးထိုကိစၥကိုေဘးဖယ္ထားလိုက္ရသည္။ရွန္က်စ္ရွန္းကေတာ့ႀကီးက်ယ္လွတဲ့ေအာင္ပြဲတစ္ခုရလိုက္၏။သူကအားနည္းရတာကိုအလြန္ေပ်ာ္ရႊင္ေနမိသည္။

ဘယ္လိုပဲျဖစ္ျဖစ္သူ႔စိတ္ပိုင္းဆိုင္ရာကအေတာ္ေလးေကာင္းေနေသးတာပဲေလ...တစ္ျခားသူေတြသူ႔ကိုအေပၚယံအတင္းအဖ်င္းေျပာတာေလာက္ကိုဘယ္သူကဂ႐ုစိုက္မွာလဲ?သူကေတာ့စုန္႔မင္းျပန္ခံရတာကိုၾကည့္ရတာေပ်ာ္ေနတုန္းပဲ

အႀကီးအကဲႏွစ္ေယာက္က'အားနည္းၿပီးေနမေကာင္းျဖစ္ေနတဲ့'အႀကီးအကဲရွန္နဲ႔အတူခ်က္ခ်င္းဆုတ္ခြာဖို႔ေတာင္းဆိုၿပီးသံုးေယာက္သားအတူတကြေရွာင္ေျပးၾကေလသည္။

သူတို႔ကထြက္ေပၚလာတဲ့ေဒါသအားလံုးကိုၿမိဳသိပ္ေနရတဲ့စုန္႔မင္းကိုခ်န္ရစ္ခဲ့သည္။သူ႔မ်က္ႏွာကအခ်ိန္အေတာ္ၾကာသည္အထိျဖဴလိုက္ျပာလိုက္ျဖစ္ေနၿပီးမွေနာက္ဆံုးမွာတစ္ဖန္ျပန္ေဆြးေႏြးႏိုင္သည္အထိသူ႔ေဒါသကိုဖုန္းကြယ္လိုက္ႏိုင္သြားသည္။

ေစာေစာစီးစီးထြက္လာၾကတာျဖစ္ေသာေၾကာင့္သံုးေယာက္သားပ်င္းရိစြာျဖင့္သာလမ္းဆံုမွာလမ္းခြဲလိုက္ၾကသည္။

အႀကီးအကဲႏွစ္ေယာက္ကခ်က္ကစားလိုၾကၿပီးရွန္က်စ္ရွန္းကေတာ့သူ႔ရဲ႔ဆံုးရွံုးခ့ဲရတဲ့အိပ္ခ်ိန္ေလးမ်ားကိုျပန္လိုခ်င္တာေၾကာင့္တည္ၿငိမ္စြာပဲလွည့္ျပန္သြားသည္။မနက္ခင္းေစာေစာထရတဲ့အျပင္ေအးစက္တဲ့ေဆာင္းရာသီနဲ႔ေပါင္းစည္းလိုက္ေတာ့သူ႔ကိုအိပ္ငိုက္ၿပီးမူးေဝလာေစသည္ေလ။

သို႔ေသာ္လည္းသူကအဲ့ဒီေန႔မွာေကာင္းေကာင္းမအိပ္ရဖို႔ကံၾကမၼာရွိေနပံုပင္။

"Chirp, chirp, chirp! Chirp, chirp!

"အာ့!"

အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနတဲ့အခ်ိန္မွာေရွာင္းေခ်ာင္ယကသူ႔မ်က္ႏွာေပၚမွာခုန္ေပါက္ေနတာေၾကာင့္ရွန္က်စ္ရွန္းကနာက်င္စြာၿငီးျငူလိုက္မိသည္။သူကေဘးပတ္ပတ္လည္ကိုေလွ်ာက္ပုတ္လိုက္ၿပီးေစာင္ကိုေတြ႕ေတာ့မ်က္ႏွာေပၚဆြဲျခံဳလိုက္ကာေရရြတ္လိုက္သည္။

"ေခ်ာင္ယ,မင္းကိုငါဘယ္ႏွစ္ေခါက္ေျပာရမလဲ!ငါအိပ္ေနတဲ့အခ်ိန္မဆူပါနဲ႔ဆို!"

"Chirp!"  

ေရွာင္းေခ်ာင္ယကသူ႔လက္ကိုေရွာင္လိုက္ၿပီးသူ႔နားနားကိုခုန္တက္သြားကာရွန္က်စ္ရွန္းရဲ႔ဆံပင္ကိုျပင္းျပင္းထန္ထန္ဆြဲရင္းစတင္ေအာ္ေတာ့သည္။

ရွန္က်စ္ရွန္းကေတာ့ဂ႐ုမစိုက္ေပ

ေရွာင္းေခ်ာင္ယသည္သူလိုခ်င္တဲ့တုန္႔ျပန္မႈကိုမရတဲ့အခါေစာင္ရဲ႔အစြန္းကိုဆုပ္ကိုင္ၿပီးျပင္းျပင္းထန္ထန္ဆြဲခ်လိုက္ကာဒီလရဲ႔ခုႏွစ္ခုေျမာက္အိပ္ယာခင္းကိုအလြယ္တကူဆြဲၿဖဲပစ္လိုက္သည္။

ဒီလိုေသးငယ္တဲ့ျမက္ၫႊန္ေပါက္စေလးကၾကည့္လိုက္ရင္ေလနဲ႔ေတာင္လြင့္သြားေလာက္တဲ့အထိက်ိဳးပဲ့လြယ္ပံုေပၚေပမယ့္အရမ္းအားႀကီးမယ္လို႔ဘယ္သူကမွခန္႔မွန္းမိမွာမဟုတ္ဘူး 

အေထြေထြေရးရာဌာနကတပည့္ငယ္ေလးမ်ားကေတာ့ဘာျဖစ္လို႔မ်ားအႀကီးအကဲရွန္ကတစ္လတည္းနဲ႔အခင္းခုႏွစ္ခုကိုလဲေနရလဲဆိုတာကိုမသိမသာ,သာခန္႔မွန္းေနၾကရသည္။

ေစာင္အခင္းကိုဆြဲၿဖဲၿပိးေနာက္ေရွာင္းေခ်ာင္ယကျပတင္းေပါက္ဆီအလ်င္အျမန္ပ်ံေျပးသြားၿပီးသူ႔ရဲ႔ဓားလိုလက္ေသးေသးေလးအားသံုးကာျပတင္းေပါက္ကိုညင္သာစြာေခါက္လိုက္သည္။

ကလစ္ဆိုတဲ့အသံနဲ႔အတူျပတင္းေပါက္ကပြင့္သြားၿပီးေအးစက္တဲ့ေလမ်ားကအခန္းထဲကိုလြတ္လြတ္လပ္လပ္ဝင္လာၾကေတာ့၏။ေကာင္းမြန္လွတဲ့ႏွင္းပြင့္မ်ားကပါအထဲကိုစတင္တိုးဝင္လာၾကသည္။

ဒီလိုမ်ိဳးအရမ္းျမင့္၊ေလကအရမ္းျပင္းထန္ၿပီးႏွင္းေတြကအရမ္းေအးတဲ့ေနရာမ်ိဳးမွာေနထိုင္ဖို႔သိပ္မေကာင္းေပ။

သို႔ေသာ္က်င့္ၾကံသူမ်ားကအလြန္ပူျပင္းတာသို႔မဟုတ္ေအးစက္တာမ်ိဳးကိုမေၾကာက္ၾကဘူးျဖစ္သည္။ရလဒ္ကေတာ့အတြင္းပိုင္းအပူေပးမႈကေထာက္ပံ့ထားျခင္းမရွိဘူးေလ။ေစာင္ကအပိုင္းပိုင္းအျဖတ္ခံလိုက္ရတာေၾကာင့္ရွန္က်စ္ရွန္းမွာေလေအးထဲေရာက္သြားၿပီးခ်က္ခ်င္းထေအာ္ေတာ့သည္။

"ေခ်ာင္ယ!" 

"Chirp!"  

ရွန္က်စ္ရွန္းေဒါသမထြက္ရေသးခင္မွာပင္ေရွာင္းေခ်ာင္ယကသူ႔ရဲ႔ျမက္ပင္လက္ေမာင္းေလးမ်ားကိုဓားအသြင္လႈပ္ရမ္းလိုက္ၿပီးေစာင့္ေနတဲ့အေနအထားမ်ိဳးလုပ္ျပသည္။

ရွန္က်စ္ရွန္းကေအးခဲသြားသည္။

"အားက်င္းအျပင္မွာေစာင့္ေနတာလား?"

"Chirp!" 

ေရွာင္းေခ်ာင္ယကေခါင္းညိတ္ျပသည္

"သူေစာင့္ေနတာဘယ္ေလာက္ၾကာသြားၿပီလဲ?"

"Chirp!" အေတာ္ေလးၾကာသြားၿပီ!

ရွန္က်စ္ရွန္းကအလ်င္အျမန္ထလိုက္ၿပီးဝတ္ရံုကိုထပ္ဝတ္လိုက္သည္။ဆံပင္ကိုသပ္ရပ္ေအာင္ျပဳျပင္ၿပီးေနာက္တံခါးဆီေျပးသြားလိုက္၏။  

ရန္က်င္းကအျပင္ဘက္မွာတိတ္တဆိတ္မတ္တပ္ရပ္ေနၿပီးသူ႔ပံုသ႑ာန္ကလံုးဝကိုလႈပ္ရွားမႈမဲ့ေနသည္။သူကအမိုးေအာက္မွာျဖစ္ေသာ္လည္းေလကႏွင္းမ်ားနဲ႔အတူသူ႔ကိုဆက္တိုက္တိုက္ခတ္ေနသည္။သူ႔ပုခံုးမ်ားကႏွင္းမ်ားအလႊာလႊာအထပ္ထပ္တင္ေနၿပီျဖစ္ၿပီးသူေစာင့္ေနတာအေတာ္ေလးၾကာေနၿပီျဖစ္ေၾကာင္းကိုၫႊန္ျပေနသည္။

ဒီတိုေတာင္းတဲ့သံုးႏွစ္တာကာလအတြင္းမွာသူကပိန္ပါးၿပီးအာဟာရခ်ိဳ႔တဲ့ေသာကေလးပံုစံကိုေက်ာ္လြန္လာၿပီျဖစ္၏။ရွန္က်စ္ရွန္းကအၿမဲတမ္းေသေသခ်ာခ်ာကိုသူ႔အတြက္အရသာရွိတဲ့အစားအေသာက္မ်ားေသာက္စရာမ်ားအျပင္သူ႔က်င့္ၾကံဆင့္ကိုတိုးတက္ေစႏိုင္မယ့္ေဆးမ်ားစြာကိုကူညီေထာက္ပံ့ေပးထားသည္။ရလဒ္ကေတာ့သူကလ်င္ျမန္စြာႀကီးျပင္းလာၿပီးသူ႔အ႐ိုးမ်ားဆန္႔ထြက္လာကာအသားမ်ားလည္းတိုးလာသည္။သူ႔ခႏာၱကိုယ္ကကိ္ုယ္ေရစစ္သြားတာေၾကာင့္ရွည္လ်ားၿပီးေကာင္းမြန္စြာတည္ေဆာက္ထားတဲ့ပံုစံျဖစ္လာ၏။

သူကေခ်ာေမာခန္႔ညားေသာလူငယ္ေလးတစ္ေယာက္အသြင္ျဖစ္လာသည္။

ရွန္က်စ္ရွန္းကသူ႔ကိုေကာင္းေကာင္းၾကည့္လိုက္ၿပီးသက္ျပင္းခ်မိသည္။

သူ႔ရဲ႔တပည့္ငယ္ေလးကေနာက္ဆံုးေတာ့ႀကီးျပင္းလာခဲ့ၿပီေလ....ရန္က်င္းရဲ႔စကားမဆိုပဲလစ္လ်ဴရႈထားတတ္တဲ့အသြင္ေၾကာင့္သာမဟုတ္ဘူးဆိုရင္သူကေသခ်ာေပါက္ရန္႔ရွန္ထက္ပိုၿပိးေအာင္ျမင္ေက်ာ္ၾကားေလာက္သည္။

ဒါေပမဲ့အဲ့ဒါအဓိကအခ်က္မဟုတ္ဘူး,အဓိကအခ်က္ကဘယ္လိုလုပ္ရန္က်င္းကသူ႔ေလာက္ရွည္လာတာလဲ?!   

အရင္လကရန္က်င္းသည္တံခါးပိတ္က်င့္ၾကံျခင္းလုပ္ေနတာေၾကာင့္ရွန္က်စ္ရွန္းသူ႔ကိုမေတြ႕ရတာအေတာ္ေလးၾကာသြားၿပီျဖစ္သည္။။တစ္ခ်က္ၾကည့္တာနဲ႔တင္အလြန္ပိန္ပါးခဲ့တဲ့လူငယ္ေလးကအရမ္းကိုအရပ္ရွည္ေနတာကိုေတြ႕သြားရသည္။
  
ရွန္က်စ္ရွန္းကေတာ့သူ႔အေတြးနဲ႔သူစိတ္ပ်က္လက္ပ်က္ျဖစ္ေနသည္။

အားယား,ဆရာထက္တပည့္လက္ေစာင္းထက္တယ္ဆိုတာဒါပဲ!

ရန္က်င္းကဆက္ၿပီးႀကီးထြားလာဦးမွာ!

ၿပီးေတာ့သူကေတာ့....

ရွန္က်စ္ရွန္းရဲ႔အမူအယာကခ်က္ခ်င္းနစ္ႁမွဳပ္သြားရင္းျဖင့္ျပန္စဥ္းစားမိသည္။

စာအုပ္ထဲမွာမူလရွန္က်စ္ရွန္းကရန္က်င္းထက္ေခါင္းတစ္လံုးပိုသာခဲ့တာေလ...

ေခ်ာေမာခန္႔ညားၿပီးတည္ၿငိမ္လွတဲ့လူငယ္ေလးကေတာ့သူ႔ဆရာရဲ႔အတြင္းပိုင္းကရႈပ္ေထြးလွတဲ့စိတ္ခံစားခ်က္မ်ားကိုမသိပဲေလးစားစြာဦးၫႊတ္၍ႏႈတ္ဆက္လိုက္သည္။

"ဆရာ"

===========================

Next Episode

ဖ်ားနာျခင္း

===========================

Continue Reading

You'll Also Like

159K 7.7K 6
ဒါက main story မဟုတ္ပါဘူး... extra ေလးပါ! Extra ဆုိတဲ့အတုိင္းပဲ Main story ကို ဖတ္ထားမွ နားလည္မွာေလးေတြ ရွိပါတယ္! Main story ကို မဖတ္ရေသးရင္ေတာ့ 🚨...
849K 96.8K 200
Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတ...
130K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
695K 120K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...