⟨ Unicode ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင်း ၀၈
**************
" ဟန်ယန်းရောက်ရင် ကျွန်တော့်အိမ်မှာ တည်းလို့ရပါတယ် ... ဒီအတောအတွင်းခင်ဗျားတို့က ကျွန်တော့်ကိုခိုနားခွင့်ပေးထားတာ ကျေးဇူးတင်ချင်လို့ပါ "
ဟန်ယန်းကိုသွားတဲ့မြစ်ကြောင်းတစ်လျှောက် လှေဦးပိုင်းမှာထိုင်နေတဲ့ ဟွာဂျင်းဆီကအသံထွက်လာတော့ ဂျောင်ကု ဟွာဂျင်းကိုကြည့်လိုက်မိသည်။ ဟွာဂျင်းကတော့ နမ်ဂျွန်ကိုကြည့်ကာ ပြောနေသည်မို့ သူ့အကဲခတ်မှုကိုမမြင်။
" တကယ်တည်းလို့ရတာလား .... အဆင်ပြေပါ့မလား ... "
" နှစ်ရက်ပဲလေ ထွေထွေထူးထူးမှမဟုတ်တာ ပြီးတော့ ပွဲတော်ချိန်မှာ တည်းခိုဆောင်တွေကလူပြည့်နေတတ်တယ် ဆောင်ကြာမြိုင်တွေကလည်း အဆင်ပြေမှာမဟုတ်ဘူး ပြီးတော့ ကျွန်တော်အကြွေးမတင်ချင်ဘူး ကင်နမ်ဂျွန် "
တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ နမ်ဂျွန်ကိုကြည့်ကာဆိုလာတဲ့ဟွာဂျင်းကြောင့် ဂျောင်ကု သက်ပြင်းခိုးချသည်။ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့တောက်ပနေတဲ့မျက်ဝန်းအဓိပ္ပါယ်ကိုကောင်းစွာ သူဖတ်တတ်သည်လေ။ ဟွာဂျင်းက နမ်ဂျွန်ကိုစိတ်ဝင်စားနေတာ။ ဘာမှ ဝင်မစွက်ဖက်ချင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်မချစ်မိရင် ပိုပြီးကောင်းမှာအမှန်ပင်။
" ဖိတ်ခေါ်တာကိုကျေးဇူးတင်မိပေမဲ့ ကျွန်တော့်အသိမိတ်ဆွေဆီကို ပြောပြီးသားမို့ အားနာမိပါတယ် ဟွာဂျင်း ... "
ဟွာဂျင်းရဲ့စကားကို နမ်ဂျွန်အစား အစ်ကိုဆော့ဂျင်ကတုံ့ပြန်လိုက်တော့ ဟွာဂျင်းကအကြည့်လွှဲကာ ခပ်ဝေးဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ နမ်ဂျွန်ကတော့ ဟွာဂျင်းကိုတစ်ချက်ကြည့်ပြီး အစ်ကိုဆော့ဂျင်ဆီ ခွင့်တောင်းဟန်လေးနဲ့ကြည့်လာသည်။ အစ်ကိုဆော့ဂျင်ကတော့ ခွင့်ပြုမယ့်ပုံမပေါ်။
" နမ်ဂျွန် ... မင်း ငါ့ကို သမားတော်ယူနဲ့ မိတ်ဆက်ပေးဖို့ပြောထားတယ်မလား ... အခုငါတို့တည်းမှာ သူ့အိမ်မှာ... ကောင်းတယ်မဟုတ်လား "
နမ်ဂျွန့်စိတ်ကို သိနေတဲ့ အစ်ကိုဆော့ဂျင်က အပြီးအပြတ်ပြောလာသည်ဆိုရင်ဖြင့် နမ်ဂျွန် ခေါင်းလေးငုံ့သွားသည်။ အဲ့ဒီ့အဖြစ်အပျက်တွေကို အတိုင်းအသားမြင်နေရတဲ့ ဂျောင်ကုဆိုတဲ့သူကတော့ မခို့တရို့လေးပြုံးလိုက်မိသည်။
ဟွာဂျင်းရဲ့စိတ်ကိုရော ဟွာဂျင်းကမိန်းကလေးဆိုတာကိုရော နမ်ဂျွန်တစ်ယောက်မသိ။ ဟွာဂျင်းကို နမ်ဂျွန်က လေးစားလွန်းသည်။ အစ်ကိုဆော့ဂျင်ကတော့ ရိပ်မိနေနိုင်ပေမဲ့ သူမခန့်မှန်းတတ်ပါ။ ဘာပဲဖြစ်ဖြစ် ဟန်ယန်းရောက်ရင် ဒီညီအစ်ကိုနှစ်ယောက်ဆီက သူထွက်သွားတော့မှာလေ။
ဂျောင်ကုသက်ပြင်းချရင်း ရေပြင်ထက်က တံလျှပ်တွေကိုကြည့်လိုက်မိသည်။ အစ်ကိုဆော့ဂျင်အပေါ်ထားတဲ့သူ့သဘောထားတွေက အစ်ကိုဆော့ဂျင်ကိုမမြင်ရတာနဲ့ ပျောက်ကွယ်သွားဖို့ သူမျှော်လင့်မိပါသည်။
💠💠💠
" မတည်းဘူးဆိုတာသိပေမဲ့ ကျွန်တော့်အိမ်မှာဧည့်ခံပါရစေ .... ခင်ဗျားတို့ဒါကိုလက်မခံရင်တော့ ကျွန်တော် တော်တော်လေး အပြစ်တင်စိတ်တွေများနေတော့တာပဲ ... လက်ခံပေးပါ "
လှေဆိုက်တာနဲ့ ထပ်ပြောလေပြန်တဲ့ ဟွာဂျင်းကြောင့် ဆော့ဂျင် ခေတ္တတွေဝေသွားသည်။ အတန်ကြာမှ နမ်ဂျွန်ကိုတစ်လှည့် ... ဂျောင်ကုကိုတစ်လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်တော့သည်။
" ကောင်းပြီလေ ကျွန်တော်လက်ခံပေးပါ့မယ် ... "
အဲ့ဒီ့နောက်မှာတော့ ဟွာဂျင်းရဲ့ဦးဆောင်မှုအတိုင်းလိုက်လာခဲ့တော့သည်။ တကယ်တော့ သူ နမ်ဂျွန်နဲ့ဟွာဂျင်းကို ရင်းနှီးခွင့်မပြုနိုင်။ အစစ်အမှန်ပုံရိပ်ကိုဖုံးကွယ်ထားတဲ့ဟွာဂျင်းဆီက အန္တရာယ်အငွေ့အသက်တွေမရပေမဲ့ နမ်ဂျွန်အဖို့ မျိုးရိုးမြင့်တစ်ယောက်နဲ့နီးစပ်ဖို့ဆိုတာ သိပ်ကို ဝေးလွန်းသည်။ သူသိပါသည်။ ဟွာဂျင်းက မျိုးရိုးမြင့်အိမ်တော်တစ်ခုရဲ့ သခင်မလေးမှန်း။ ယောင်္ကျားအသွင်ကိုဆောင်နေပေမဲ့ နည်းနည်းလောက်သတိထားကြည့်မယ်ဆိုရင် ယောင်္ကျားလေးမဟုတ်မှန်း သိနိုင်သည်။ ဒါကိုပဲ ခပ်တုံးတုံးနမ်ဂျွန်က ဘာမှသိနေတာမဟုတ်။ အစ်ကိုတစ်ယောက်အနေနဲ့ နမ်ဂျွန်အန္တရာယ်ဖြစ်မှာ သူစိုးရိမ်သည်။
" ဒါ ကျွန်တော့်အိမ်ပါ ... ကောင်းကောင်းမွန်မွန်ဧည့်ခံပါရစေ "
ကျယ်ပြန့်တဲ့အုတ်နံရံတွေနဲ့ ခပ်မြင့်မြင့် ရွှေရောင်စာလုံးနဲ့ စာတန်းထိုးထားတဲ့အိမ်တော်ရှေ့ရောက်တော့ ဆော့ဂျင်း ဟွာဂျင်းကိုခေါင်းညိတ်ရင်း စာလုံးတွေကို ရေရွတ်မိသည်။
‘ ကင်အင်ဂွန်းအိမ်တော် '
“ ကင် အင် ဂွန်း အိမ်တော်? ... ငါထင်တာမမှားရင် မင်းက အင်ဂွန်းမင်းသားရဲ့သ ....သား!! ဟုတ်လား ဟွာဂျင်း "
ဖြတ်ကနဲ့ကောက်မေးမိတဲ့ သူ့စကားကြောင့် နမ်ဂျွန်းက အံ့ဩသလိုကြည့်ကာ ဟွာဂျင်းက မျက်နှာပျက်ယွင်းသွားသည်။ ကုကုကတော့ နေရာသစ်ကိုစူးစမ်းနေသလို ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ ကလေးတစ်ယောက်လိုပြုမူနေသည်။
" အာ ~~ သားတော်အရင်းမဟုတ်ပါဘူး... ဒီအတိုင်း ဝမ်းကွဲတော်တာပါ "
လိမ်ညာနေတဲ့ ဟွာဂျင်းမျက်ဝန်းတွေကို ဆော့ဂျင်းသေချာစွာဖတ်ပြီးနောက် ပြုံးလိုက်မိသည်။ နိုင်ငံရဲ့အိမ်ရှေ့စံလို့တောင်သတ်မှတ်လို့ရတဲ့ အင်ဂွန်းမင်းသားမှာ သားတော်မရှိမှန်း စာလေ့လာတဲ့လူမှန်သမျှသိပါသည်။ စာပေပိုင်းတွေကို နမ်ဂျွန်းက သူ့ထက်ပိုသိပေမဲ့ နမ်ဂျွန်းက ခပ်တုံးတုံးကောင်လေးတစ်ယောက်။ အချိုးအကွေ့ အဝေ့အဝိုက်တွေကို နားလည်သည်မဟုတ်။ ဟွာဂျင်းက သေချာပေါက် ယူဂျင်းဘွဲ့ရထားတဲ့ သခင်မလေးကင်ဆိုဂျင်းဖြစ်ပေမည်။
" ဒါဖြင့်ရင် မင်းက သခင်မလေးကင်ဆိုဂျင်းရဲ့ အစ်ကိုပေါ့ ... မင်းကို ငါထင်မထားဘူးပဲ ဟွာဂျင်း "
ရုတ်တရက် ဟွာဂျင်းနဲ့ဆော့ဂျင်းရဲ့အကြည့်တိုက်ပွဲကြား နမ်ဂျွန်းရဲ့စကားကဝင်လာလေတော့ ဆော့ဂျင်း စိတ်ကုန်စွာ နမ်ဂျွန်းကိုကြည့်လိုက်သည်။ ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့ဦးနှောက်က နည်းနည်းလေးတောင် မရိပ်မိရတာလဲ။ စာပေတွေလေ့လာထားတာက ဆေးပညာတစ်ခုတည်းမှာ အသုံးချဖို့အတွက်ပဲလား။
" အွန်း~~ ဟုတ်တယ် ... သခင်မလေးဆိုဂျင်းရဲ့အစ်ကိုပါ ... "
လွဲချော်သွားတဲ့စကားလမ်းကြောင်းအတိုင်းလိုက်ရင်း ဟွာဂျင်းကစကားကိုပြန်ဖာထေးလိုက်သည်။ ထို့နောက် သူလည်းဘာမှမပြောတော့ဘဲ တံခါးဖွင့်ဝင်သွားတဲ့ ဟွာဂျင်းနောက်ကိုသာ လိုက်သွားမိတော့ ကုကုက သူ့အင်္ကျီစကို ခပ်ဖွဖွလေးဆွဲပြီး ခေါင်းငုံ့ကာ ဝင်လာသည်။ နမ်ဂျွန်းကတော့ ကျယ်ပြန့်နေတဲ့ခြံဝင်းကို ဟိုကြည့်ဒီကြည့်နဲ့ သဘောကျနေပုံရသည်။
ဟွာဂျင်းအနောက်ကိုလိုက်နေရင်းမှ ရုတ်တရက် ဟွာဂျင်းရပ်တန့်သွားတာမို့ အကုန်လုံးရပ်လိုက်မိသည်။
" ပြန်ရောက်ပါပြီ ဖေဖေ ... ကျန်းမာပါရဲ့လား "
ဦးညွတ်ကာ တရိုတသေနှုတ်ဆက်နေသည်မို့ သူပါ ဦးညွတ်ရင်း ထိုလူကြီးကို တခဏတာကြည့်မိတော့ ရင်ထဲ အမည်မသိတဲ့လှိုင်းလေးတစ်ခုဖြတ်သန်းသွားသလိုပင်။ ဟွာဂျင်းအဖေလို့ ခေါ်လိုက်တဲ့ပုံထောက်ရင် သူက အင်ဂွန်းမင်းသားကြီးပဲဖြစ်ရမည်။ ကိုယ့်ထက်အဆင့်အတန်းမြင့်ပြီး ရာထူးကြီးတဲ့ပုဂ္ဂိုလ်တွေကို မော်မကြည့်သင့်တာသိလေတော့ ခေါင်းထောင်နေတဲ့ကုကုကိုပါ ခေါင်းလေးညွတ်စေရင်း အရိုအသေပေးမိသည်။ နမ်ဂျွန်းကလည်း သူ့အတိုင်းပင်။
" ကျန်းမာပါတယ် ဧည့်သည်တွေပါလာတာလား ဂျင်း! "
" ဟုတ် ဖေဖေလည်း ဧည့်သည်ရှိနေတဲ့ပုံပဲ ဒါဖြင့်ရင် ခွင့်ပြုပါဦး နောက်မှ သီးသန့်မိတ်ဆက်ပေးပါမယ် "
ဟွာဂျင်းက အင်ဂွန်းမင်းသားကို နှုတ်ဆက်ပြီး ထွက်သွားဖို့ ခြေလှမ်းပြင်တော့ သူလည်း ဟွာဂျင်းအနောက် လိုက်ဖို့ပြင်လိုက်မိသည်။
" ကင်နမ်ဂျွန်း! ကင်ဆော့ဂျင်း! "
ရုတ်တရက် ရင်းနှီးလွန်းတဲ့အသံကြောင့် ဖြတ်ကနဲ့မော့ကြည့်မိတော့။
" အဖေကြီး ! "
" မင်းတို့နှစ်ယောက်!! "
အင်ဂွန်းမင်းသားကြီးရဲ့အနောက်မှာ ရပ်နေတဲ့ အဖေကြီးကိုတွေ့လိုက်ရတော့သည်။ နမ်ဂျွန်းနဲ့ဆော့ဂျင်းကိုယ်တိုင်လည်း အံ့ဩရသလို အဖေကြီးကလည်း မျက်လုံးအပြူးသား။ ကုကုနဲ့ဟွာဂျင်းက သူတို့သားအဖတွေကိုတစ်လှည့်စီကြည့်သည်။
အင်ဂွန်းမင်းသားကြီးကတော့ ကြားခဲ့ရတဲ့နာမည်တစ်ခုကြောင့် မျက်ဝန်းတွေကဖြတ်ကနဲ့ အရောင်လဲ့သွားသည်။
" သားတွေလား အိုဆုတ် "
အင်ဂွန်းမင်းသားကြီးဆီကအသံထွက်လာတော့ အိုဆုတ် ခေါင်းညိတ်လိုက်သည်။ ထို့နောက်
" ဒါ ကျွန်တော့်သားတွေပါ ဒါက သားအကြီးကင်ဆော့ဂျင်း ဒါက သားအငယ် ကင်နမ်ဂျွန်း "
အိုဆုတ်ရဲ့မိတ်ဆက်ပေးမှုအရ မင်းသားကြီးက အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်ရင်း ပြုံးလိုက်သည်။ ဆော့ဂျင်းနဲ့ နမ်ဂျွန်းကလည်း ဒုတိယအကြိမ် ဦးညွတ်ပြန်သည်။
" ဒီအရွယ်ထိကောင်းကောင်းကြီးပြင်းလာပြီပဲကိုး "
နှစ်ယောက်လုံးကို သေချာကြည့်ကာ ပြောလေတော့ အိုဆုတ်သက်ပြင်းချလိုက်သည်။ထို့နောက်
" ကျွန်တော့်ကို ခွင့်ပြုပါဦး မင်းသား ... ကျွန်တော် သားတွေကို အကျိုးအကြောင်းမေးကြည့်ပါဦးမယ် "
" ကောင်းပါပြီ "
အဲ့ဒီ့နောက်မှာ နမ်ဂျွန်းနဲ့ ဆော့ဂျင်းကိုခေါ်ကာ ထွက်သွားလေတော့တဲ့ အိုဆုတ်။ အင်ဂွန်းမင်းသားကတော့ နမ်ဂျွန်းရဲ့ကျောပြင်ကိုကြည့်ရင်း ခပ်ဖွဖွလေးပြုံးလိုက်မိသည်။
ကောင်းကောင်းမွန်မွန်ကြီးပြင်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ် သားတော်လေး ...
💠💠💠
" ဘယ်ကနေဘယ်လိုတွေ့ကြတာလဲ ဂျင်း "
ဖခင်ရဲ့ရှေ့ ရိုရိုကျို့ကျို့ထိုင်နေရင်း အတန်ကြာတဲ့အထိအဖြေမပေးမိသေးဘဲ ဟွာဂျင်းခေါ် ဆိုဂျင်းဆိုတဲ့သူမက ဖခင်ကြီးကိုပြုံးပြလိုက်မိသည်။
" မေမေ့ကိုရော မတွေ့မိပါလား ဖေဖေ "
" စကားမပြောင်းဘဲဒီတိုင်းဖြေသမီးလေး ... ဘိုရာတပ်ဖွဲ့က ယောင်္ကျားလေးတွေကိုတောင် အိမ်မခေါ်လာတဲ့သူက အခု ဘာအကြောင်းများကြောင့် ယောင်္ကျားလေးသုံးယောက်တောင် အိမ်ခေါ်လာရတာလဲ "
ကြိုသိနေနှင့်ပြီးသားဖြစ်တဲ့မေးခွန်းကို ဆိုဂျင်းသက်ပြင်းချလိုက်မိသည်။ ထို့နောက် အလှပဆုံးအပြုံးတစ်ပွင့်နဲ့ ထပ်ပြုံးကာအဖြေပေးမိသည်။
" ဂိုနန်တောင်ထဲမှာ လမ်းပျောက်ပြီး သေမလိုဖြစ်တုန်းက ကယ်ထားပေးတဲ့ကျေးဇူးရှင်တွေပါ ဖေဖေ ဟန်ယန်းက မီးပုံးပွဲတော်နဲ့ ဆုံတုန်းမို့လို့ အိမ်ကို အလည်ခေါ်လာတာပါဖေဖေ "
" ဒါဖြင့်ရင် ဆိုဂျင်းက မိန်းကလေးမှန်းသိရဲ့လား "
" မသိပါဘူး မင်းမှုထမ်း ဟွာဂျင်း , သခင်မလေးဆိုဂျင်းရဲ့ ဝမ်းကွဲအစ်ကိုလို့ပဲ ပြောထားပါတယ် "
" ကောင်းပါပြီ ... အသက်ကယ်ထားပေးတာဆိုတော့ ရည်ရည်မွန်မွန်ရှိတဲ့ကောင်လေးတွေ ဖြစ်ပုံပေါ်တယ် ... ဟုတ်ရဲ့လား ဂျင်း "
" ဒါပေါ့ဖေဖေရဲ့ ... ကင်နမ်ဂျွန်းဆိုတဲ့တစ်ယောက်က အရမ်းရိုးရှင်းလွန်းတယ် ... ဆေးပညာတွေပဲ လေ့လာနေတာမို့လို့ လှည့်ဖျားတာတွေ သိပ်မသိဘူး ပြီးတော့ ဖြောင့်လည်းဖြောင့်မတ်တယ် .. တော်လည်းတော်တယ် "
သမီးဖြစ်သူရဲ့စကားကြောင့် အင်ဂွန်းမင်းသားကြီး စိတ်ကျေနပ်ဟန်နဲ့ပြုံးလိုက်သည်။
ဒီကလေး .. အိုဆုတ်ရဲ့လက်မှာ ကောင်းကောင်းကြီးပြင်းလာခဲ့သားပဲ ... မွေးမွေးချင်း တစ်ခါလောက်သာ ပွေ့ဖက်ခွင့်ရခဲ့ပေမဲ့ အမြဲအဆင်ပြေနေဖို့ မျှော်လင့်နေမိခဲ့တာလေ .... ။
" ... ဖေဖေ့ရဲ့ဂျင်းလေး တော်တော်သဘောကျနေတဲ့ပုံပဲ "
အကြမ်းရည်ခွက်ကို နှုတ်ခမ်းနားတေ့ရင်း သဘောရိုးနဲ့ပြောလိုက်တဲ့ဖေဖေ့စကားကြောင့် ဆိုဂျင်းမျက်နှာနီရဲသွားရသည်။
" ဪ .. ဒါနဲ့ လျှို့ဝှက်ကိစ္စကရော အဆင်ပြေရဲ့လား အရှင်မင်းကြီးရော အန္တရာယ်ကင်းရဲ့လား "
ဖေဖေ့အမေးကြောင့် သူမ အဓိကကိစ္စကို အသိဝင်လာရင်းရှင်းပြမိတော့သည်။
" အရှင်မင်းကြီးမှန်းဆထားတဲ့အတိုင်း ချောင်းမြောင်းတိုက်ခိုက်သူတွေရှိခဲ့ပါတယ် ကြင်ယာတော်ကို အချိန်မီကယ်တင်နိုင်ခဲ့ပေမဲ့ ဂျင်းနဲ့ လမ်းကွဲသွားခဲ့ပါတယ် ... အရှင်မင်းကြီးကတစ်လမ်း ... ဂျင်းကတစ်လမ်း ... ဒုတိယခေါင်းဆောင်ကတစ်လမ်း ... အဲ့ဒီလိုလမ်းလွဲသွားပါတယ် ... ကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ တိုက်ခိုက်သူတွေရဲ့လူအင်အားများလွန်းတာမို့လို့ပါ .. အရှင်မင်းကြီးနောက် မှီအောင်မလိုက်နိုင်ခဲ့တာမို့လို့ တောင်းပန်ပါတယ် ဖေဖေ "
" ဟေ ဒါဖြင့်ရင် အရှင်မင်းကြီးက အခုကြင်ယာတော်နဲ့အတူတူပျောက်နေတာလား "
" အဲ့ဒီလိုတော့မဟုတ်ပါဘူးဖေဖေ ပျောက်နေပေမဲ့ အဆက်အသွယ်ရပါတယ် ကြင်ယာတော်နဲ့အတူတူ ဟန်ယန်းကို လာနေကြောင်းနဲ့ စိတ်မပူဖို့ ပါးထားပါတယ် မနက်ဖြန်ကျင်းပမယ့် မီးပုံးပွဲတော်ပြီးတာနဲ့ နောက်တစ်နေ့ နန်းတော်ထဲကိုဝင်မှာပါ .. အဲ့ဒီ့မနက်ရဲ့ညီလာခံမှာ လီမျိုးနွယ်စုနဲ့ ဟိုမြောင်အုပ်စုတို့ လှုပ်ရှားမှုကိုကြည့်ပြီး သုတ်သင်သင့်တဲ့သူတွေကို ရှင်းလင်းပစ်မှာပါ ဖေဖေ ... "
" သက်သေတွေရော ရခဲ့ရဲ့လား အရှင်မင်းကြီးမှာထားတဲ့အတိုင်း ဖေဖေတို့ဘက်က စာရင်းစာအုပ်ရပြီ ဒါပေမဲ့ စာရင်းစာအုပ်ထဲ မပါတဲ့သူတွေရှိသေးတယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့ကျရင် သတိထားပါ ... ဖေဖေ့ဆီမှာ သမီးတစ်ယောက်တည်းရှိတော့တာ သတိရပါ "
ဖေဖေ့စကားကြောင့် သူမပြုံးလိုက်မိသည်။
" အဲ့လိုမပြောပါနဲ့ မေမေ့နဲ့တိုင်ပြောမှာနော် ... မေမေလည်းရှိသေးရဲ့သားနဲ့ "
ဆိုဂျင်းစကားကြောင့် သဘောကျသလိုပြုံးကာ အကြမ်းရေခွက်ကို ပြန်ချလိုက်သည်။ သမီးဖြစ်သူဆိုဂျင်းကတော့ အကြမ်းရည်ခွက်ထဲ နောက်တစ်ဖန်ထပ်ငှဲ့ပေးသည်။ ဖခင်ဖြစ်တဲ့သူကတော့ ကောင်လေးတစ်ယောက်လိုဝတ်ဆင်ထားတဲ့သမီးဖြစ်သူကိုကြည့်ရင်း တစ်ဦးတည်းရှိတဲ့သားတော်ကို တမ်းတလိုက်မိသည်။
ဂျင်း~~ သမီးမှာအစ်ကိုတော်ရှိတဲ့အကြောင်း ဖေဖေ ဘယ်လိုနည်းနဲ့ အသိပေးရမှာလဲ ...
💠💠💠
" ပြောပါဦး ဘယ်လိုနည်းနဲ့ရောက်လာကြတာလဲ ဟန်ယန်းကိုမလာဖို့ ငါအတန်တန်တားခဲ့တယ်မဟုတ်လား "
အခန်းထဲရောက်တာနဲ့ ဖခင်ဆီက ဆူပူကြိမ်းမောင်းသံကိုကြားရတော့ နမ်ဂျွန်းက သူ့အနားကပ်လာသည်။ ဆူတော့မှာကို သိနေတာမို့ ကုကုကိုအပြင်မှာထားကာ သူနဲ့နမ်ဂျွန်းသာ အဖေ့နောက်လိုက်ဝင်ခဲ့တာဖြစ်သည်။
" ကင်ဆော့ဂျင်း မင်း!! အကြီးဖြစ်ပြီးတော့ ဒီညီတစ်ယောက်ကို နိုင်အောင်မထိန်းဘူးလား .. ဘာအကြောင်းပြချက်နဲ့ အတင့်ရဲနေတာလဲ ... ကင်နမ်ဂျွန်း မင်းလဲအတူတူပဲ တစ်ခုခုဖြစ်တိုင်း မင်းအစ်ကိုကိုအားကိုးမနေနဲ့ ... မင်းနဲ့မင်းအစ်ကိုက တူတာမဟုတ်ဘူး "
" နမ်ဂျွန်းကိုမပြောပါနဲ့ အဖေကြီး ဒါက ကျွန်တော့်ဆုံးဖြတ်ချက်ပါ .. ကျွန်တော်အသက်နှစ်ဆယ်ပြည့်ပြီအဖေကြီး ကောင်းတာမကောင်းတာကို ခွဲခြားတတ်ပြီ ၇နှစ်သားလေးတွေလို မဆက်ဆံပါနဲ့ ပြီးတော့ ဒီကိုလာတယ်ဆိုတာ ပွဲတော်ရက်မို့လို့လာတာပါ ... ကတိပေးထားတဲ့အတိုင်း အစိုးရစာမေးပွဲကို မဖြေပါဘူး အဖေကြီး "
အပြစ်လုပ်ထားမိရင် အဖေကြီးက နမ်ဂျွန်းကို ပိုပြီးဖိဆူတတ်တာမို့ ဆော့ဂျင်း နမ်ဂျွန်းအရှေ့က ကာပြီးပြောလိုက်မိသည်။ အဖေကြီး သူတို့နှစ်ယောက်ကို ဟန်ယန်းပေးမလာရတဲ့အကြောင်းရင်းကို သေချာမသိပေမဲ့ သူသိသလောက်က အဖေကြီးဟာ သူ အစိုးရစာမေးပွဲဖြေမှာကို စိုးရိမ်နေသည်ပင်။ အဲ့ဒါကြောင့် ဟန်ယန်းကို အလည်ပတ်သဘောမျိုးတောင် ခွင့်မပြုခဲ့။
" ဆော့ဂျင်း ~~ နမ်ဂျွန်းကို ကာကွယ်မနေနဲ့ ... မင်းအတွက်ပဲ မင်းကြည့်စမ်းပါ ... ဘာဖြစ်လို့တခြားသူတွေအတွက်စဉ်းစားပေးနေတာလဲ မင်းတစ်ခုခုဖြစ်လို့မရဘူးလေ ကင်ဆော့ဂျင်း "
ထိုစကားကြောင့် နမ်ဂျွန်းမျက်နှာ ပျက်ယွင်းသွားသည်။ ဆော့ဂျင်းအနောက်မှာနေ,နေရာကနေ အရှေ့ထွက်လာကာ အဖေကြီးကိုစိုက်ကြည့်ပြီး စကားအချို့ကိုထုတ်ပြောမိသည်။
" ကျွန်တော်က တစ်ခြားသူလား အဖေကြီး ... ကျွန်တော်က အဖေကြီးရဲ့သားတစ်ယောက်ပဲ မဟုတ်ဘူးလား ... အစ်ကိုကြီးနဲ့ ကျွန်တော့်ကို ဘာလို့အမြဲတမ်းခွဲခြားပြီးဆက်ဆံခဲ့ရတာလဲ ... ကျွန်တော်က ဘယ်နေရာမှာ ဘာတွေများ လိုအပ်ချက်ရှိနေလို့လဲ ... "
သည်းခံလာရတဲ့ ၁၉နှစ်စာ နာကျင်မှုတွေ တစွန်းတစ်ပေါ်လာတော့ ဆော့ဂျင်း ... နမ်ဂျွန်းကို ဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်မိသည်။ တကယ်တော့ သူကိုယ်တိုင်လဲ သိပါသည်။ အဖေကြီးက သူ့ကိုအမြဲအရေးပေးပြီး နမ်ဂျွန်အတွက်ဆို အရေးတယူမလုပ်ခဲ့တာတွေကို ။ ညီအစ်ကိုအရင်းမဟုတ်မှန်းသိပေမဲ့ သူ နမ်ဂျွန်းကို ညီတစ်ယောက်လိုချစ်သည်၊ ဂရုစိုက်သည်။ အဖေကြီးက သူ့ကိုဂရုစိုက်လေ .. သူက နမ်ဂျွန်းကို ပိုဂရုစိုက်လေဖြစ်သည်။
" နမ်ဂျွန်း ~~ "
" ကျွန်တော်သိတယ် အဖေကြီး ... အဖေကြီးက အစ်ကိုကြီးကိုပဲ ပိုချစ်တာသိတယ် အဲ့ဒါကြောင့်လဲ အခုထိ ဘာမှမပြောဘဲ သည်းခံပေးနေခဲ့တာ ... ဒါပေမဲ့ ကျွန်တော်တို့ ဟန်ယန်းကိုလာတာ ဘာဖြစ်သွားမှာမို့လို့လဲ ... အစ်ကိုကြီးထိခိုက်မှာစိုးလို့လား ... ဒါဖြင့်ရင် အဖေကြီးကပဲ အစ်ကိုကြီးကို ဂရုတစိုက်နဲ့ ခေါ်လာခဲ့ပါ ကျွန်တော်ကတော့ ဟန်ယန်းမှာအဝနေပြီးမှ ပြန်လာခဲ့မယ် နှုတ်ဆက်ပါတယ် အဖေကြီး "
ပြောပြောဆိုဆို နမ်ဂျွန်းတစ်ယောက် ထူးဆန်းစွာ အိုဆုတ်နဲ့ဆော့ဂျင်းအရှေ့ကနေလှည့်ထွက်ခဲ့သည်။ တစ်ခါမှ ကလန်ကဆန်မလုပ်ဖူးတဲ့သူ... ဒါဟာ ပထမဆုံးအနေနဲ့ အဖေကြီးကို ပြန်ပြောခြင်းပင်ဖြစ်သည်။
" နမ်ဂျွန်း!! ကင်နမ်ဂျွန်း!!! ဘာသွားမှာလဲ ... ဘယ်သွားဖို့လဲ ... "
ထွက်သွားတဲ့နမ်ဂျွန်းအနောက်ဆော့ဂျင်း ပြေးလိုက်ဖို့ကြိုးစားတော့ လက်ကို ဆွဲကိုင်တားတဲ့အဖေကြီး။
" ကင်ဆော့ဂျင်း မလိုက်နဲ့ ~~ လွှတ်ထားပေးလိုက် ... သူလည်းရင့်ကျက်ဖို့လိုတယ် "
" ဒါပေမဲ့ အဖေကြီး နမ်ဂျွန်းက ... ကိုယ်ခံပညာကောင်းကောင်းမတတ်တဲ့ကလေးလေ .. "
" စိတ်မပူနဲ့ သူ့ကိုယ်သူ ထိန်းတတ်တယ်ကင်ဆော့ဂျင်း .. အခုအရေးကြီးတာကမင်း ~~~ "
ထိုစကားအဆုံးအဖေကြီးရဲ့လေသံတွေ ခေတ္တရပ်တန့်သွားသည်။
" ကျွန်တော်? ကျွန်တော်က ဘာများအရေးကြီးလို့လဲ "
" ထားတော့ ~~ ခဏနေကျရင် မင်းကို အင်ဂွန်းမင်းသားကြီးနဲ့မိတ်ဆက်ပေးမယ်... အင်ဂွန်းမင်းသားကြီးက ဓားရေးမှာ အရမ်းတော်တာလေ ~~ မင်းနဲ့ဆိုအဆင်ပြေမှာပါ မင်းလိမ္မာရင် မင်းသားကြီးက သင်ရင်သင်ပေးမှာပေါ့ "
ပြောပြီးတာနဲ့မျက်နှာလွှဲလိုက်တဲ့အဖေဖြစ်သူကို ဆော့ဂျင်း ထပ်အကဲမခတ်တော့ဘဲ အဖေကြီးပြောတဲ့စကားကိုသာ စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။
တိုက်ရေးခိုက်ရေးတွေဆို သူသိပ်ပြီးသဘောကျတာ အဖေကြီးအသိဆုံးလေ ~~ ကိုယ်ခံပညာရပ်တွေကို သူအဆုံးထိသင်ယူချင်တာကတော့ မွေးရာပါ စိတ်ဆန္ဒလို့ပြောရင် မှားမယ်မထင်။
💠💠💠
May 08, 2021
[ဖတ်ရှုအားပေးတဲ့တစ်ဦးချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်...✧]
#3205
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi ⟩
𝗕𝗹𝘂𝗲 𝗕𝗹𝗼𝗼𝗱
အပိုင္း ၀၈
**************
" ဟန္ယန္းေရာက္ရင္ ကြၽန္ေတာ့္အိမ္မွာ တည္းလို႔ရပါတယ္ ... ဒီအေတာအတြင္းခင္ဗ်ားတို႔က ကြၽန္ေတာ့္ကိုခိုနားခြင့္ေပးထားတာ ေက်းဇူးတင္ခ်င္လို႔ပါ "
ဟန္ယန္းကိုသြားတဲ့ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေလွဦးပိုင္းမွာထိုင္ေနတဲ့ ဟြာဂ်င္းဆီကအသံထြက္လာေတာ့ ေဂ်ာင္ကု ဟြာဂ်င္းကိုၾကည့္လိုက္မိသည္။ ဟြာဂ်င္းကေတာ့ နမ္ဂြၽန္ကိုၾကည့္ကာ ေျပာေနသည္မို႔ သူ႔အကဲခတ္မႈကိုမျမင္။
" တကယ္တည္းလို႔ရတာလား .... အဆင္ေျပပါ့မလား ... "
" ႏွစ္ရက္ပဲေလ ေထြေထြထူးထူးမွမဟုတ္တာ ၿပီးေတာ့ ပြဲေတာ္ခ်ိန္မွာ တည္းခိုေဆာင္ေတြကလူျပည့္ေနတတ္တယ္ ေဆာင္ၾကာၿမိဳင္ေတြကလည္း အဆင္ေျပမွာမဟုတ္ဘူး ၿပီးေတာ့ ကြၽန္ေတာ္အေႂကြးမတင္ခ်င္ဘူး ကင္နမ္ဂြၽန္ "
ေတာက္ပေနတဲ့မ်က္ဝန္းေတြနဲ႔ နမ္ဂြၽန္ကိုၾကည့္ကာဆိုလာတဲ့ဟြာဂ်င္းေၾကာင့္ ေဂ်ာင္ကု သက္ျပင္းခိုးခ်သည္။ ေယာက်ၤားေလးတစ္ေယာက္အေနနဲ႔ မိန္းကေလးတစ္ေယာက္ရဲ႕ေတာက္ပေနတဲ့မ်က္ဝန္းအဓိပၸါယ္ကိုေကာင္းစြာ သူဖတ္တတ္သည္ေလ။ ဟြာဂ်င္းက နမ္ဂြၽန္ကိုစိတ္ဝင္စားေနတာ။ ဘာမွ ဝင္မစြက္ဖက္ခ်င္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္မခ်စ္မိရင္ ပိုၿပီးေကာင္းမွာအမွန္ပင္။
" ဖိတ္ေခၚတာကိုေက်းဇူးတင္မိေပမဲ့ ကြၽန္ေတာ့္အသိမိတ္ေဆြဆီကို ေျပာၿပီးသားမို႔ အားနာမိပါတယ္ ဟြာဂ်င္း ... "
ဟြာဂ်င္းရဲ႕စကားကို နမ္ဂြၽန္အစား အစ္ကိုေဆာ့ဂ်င္ကတုံ႔ျပန္လိုက္ေတာ့ ဟြာဂ်င္းကအၾကည့္လႊဲကာ ခပ္ေဝးေဝးတစ္ေနရာကို လွမ္းၾကည့္လိုက္သည္။ နမ္ဂြၽန္ကေတာ့ ဟြာဂ်င္းကိုတစ္ခ်က္ၾကည့္ၿပီး အစ္ကိုေဆာ့ဂ်င္ဆီ ခြင့္ေတာင္းဟန္ေလးနဲ႔ၾကည့္လာသည္။ အစ္ကိုေဆာ့ဂ်င္ကေတာ့ ခြင့္ျပဳမယ့္ပုံမေပၚ။
" နမ္ဂြၽန္ ... မင္း ငါ့ကို သမားေတာ္ယူနဲ႔ မိတ္ဆက္ေပးဖို႔ေျပာထားတယ္မလား ... အခုငါတို႔တည္းမွာ သူ႔အိမ္မွာ... ေကာင္းတယ္မဟုတ္လား "
နမ္ဂြၽန႔္စိတ္ကို သိေနတဲ့ အစ္ကိုေဆာ့ဂ်င္က အၿပီးအျပတ္ေျပာလာသည္ဆိုရင္ျဖင့္ နမ္ဂြၽန္ ေခါင္းေလးငုံ႔သြားသည္။ အဲ့ဒီ့အျဖစ္အပ်က္ေတြကို အတိုင္းအသားျမင္ေနရတဲ့ ေဂ်ာင္ကုဆိုတဲ့သူကေတာ့ မခို႔တ႐ို႕ေလးၿပဳံးလိုက္မိသည္။
ဟြာဂ်င္းရဲ႕စိတ္ကိုေရာ ဟြာဂ်င္းကမိန္းကေလးဆိုတာကိုေရာ နမ္ဂြၽန္တစ္ေယာက္မသိ။ ဟြာဂ်င္းကို နမ္ဂြၽန္က ေလးစားလြန္းသည္။ အစ္ကိုေဆာ့ဂ်င္ကေတာ့ ရိပ္မိေနႏိုင္ေပမဲ့ သူမခန႔္မွန္းတတ္ပါ။ ဘာပဲျဖစ္ျဖစ္ ဟန္ယန္းေရာက္ရင္ ဒီညီအစ္ကိုႏွစ္ေယာက္ဆီက သူထြက္သြားေတာ့မွာေလ။
ေဂ်ာင္ကုသက္ျပင္းခ်ရင္း ေရျပင္ထက္က တံလွ်ပ္ေတြကိုၾကည့္လိုက္မိသည္။ အစ္ကိုေဆာ့ဂ်င္အေပၚထားတဲ့သူ႔သေဘာထားေတြက အစ္ကိုေဆာ့ဂ်င္ကိုမျမင္ရတာနဲ႔ ေပ်ာက္ကြယ္သြားဖို႔ သူေမွ်ာ္လင့္မိပါသည္။
💠💠💠
" မတည္းဘူးဆိုတာသိေပမဲ့ ကြၽန္ေတာ့္အိမ္မွာဧည့္ခံပါရေစ .... ခင္ဗ်ားတို႔ဒါကိုလက္မခံရင္ေတာ့ ကြၽန္ေတာ္ ေတာ္ေတာ္ေလး အျပစ္တင္စိတ္ေတြမ်ားေနေတာ့တာပဲ ... လက္ခံေပးပါ "
ေလွဆိုက္တာနဲ႔ ထပ္ေျပာေလျပန္တဲ့ ဟြာဂ်င္းေၾကာင့္ ေဆာ့ဂ်င္ ေခတၱေတြေဝသြားသည္။ အတန္ၾကာမွ နမ္ဂြၽန္ကိုတစ္လွည့္ ... ေဂ်ာင္ကုကိုတစ္လွည့္ၾကည့္ကာ ေခါင္းညိတ္လိုက္ေတာ့သည္။
" ေကာင္းၿပီေလ ကြၽန္ေတာ္လက္ခံေပးပါ့မယ္ ... "
အဲ့ဒီ့ေနာက္မွာေတာ့ ဟြာဂ်င္းရဲ႕ဦးေဆာင္မႈအတိုင္းလိုက္လာခဲ့ေတာ့သည္။ တကယ္ေတာ့ သူ နမ္ဂြၽန္နဲ႔ဟြာဂ်င္းကို ရင္းႏွီးခြင့္မျပဳႏိုင္။ အစစ္အမွန္ပုံရိပ္ကိုဖုံးကြယ္ထားတဲ့ဟြာဂ်င္းဆီက အႏၲရာယ္အေငြ႕အသက္ေတြမရေပမဲ့ နမ္ဂြၽန္အဖို႔ မ်ိဳး႐ိုးျမင့္တစ္ေယာက္နဲ႔နီးစပ္ဖို႔ဆိုတာ သိပ္ကို ေဝးလြန္းသည္။ သူသိပါသည္။ ဟြာဂ်င္းက မ်ိဳး႐ိုးျမင့္အိမ္ေတာ္တစ္ခုရဲ႕ သခင္မေလးမွန္း။ ေယာက်ၤားအသြင္ကိုေဆာင္ေနေပမဲ့ နည္းနည္းေလာက္သတိထားၾကည့္မယ္ဆိုရင္ ေယာက်ၤားေလးမဟုတ္မွန္း သိႏိုင္သည္။ ဒါကိုပဲ ခပ္တုံးတုံးနမ္ဂြၽန္က ဘာမွသိေနတာမဟုတ္။ အစ္ကိုတစ္ေယာက္အေနနဲ႔ နမ္ဂြၽန္အႏၲရာယ္ျဖစ္မွာ သူစိုးရိမ္သည္။
" ဒါ ကြၽန္ေတာ့္အိမ္ပါ ... ေကာင္းေကာင္းမြန္မြန္ဧည့္ခံပါရေစ "
က်ယ္ျပန႔္တဲ့အုတ္နံရံေတြနဲ႔ ခပ္ျမင့္ျမင့္ ေ႐ႊေရာင္စာလုံးနဲ႔ စာတန္းထိုးထားတဲ့အိမ္ေတာ္ေရွ႕ေရာက္ေတာ့ ေဆာ့ဂ်င္း ဟြာဂ်င္းကိုေခါင္းညိတ္ရင္း စာလုံးေတြကို ေရ႐ြတ္မိသည္။
‘ ကင္အင္ဂြန္းအိမ္ေတာ္ '
“ ကင္ အင္ ဂြန္း အိမ္ေတာ္? ... ငါထင္တာမမွားရင္ မင္းက အင္ဂြန္းမင္းသားရဲ႕သ ....သား!! ဟုတ္လား ဟြာဂ်င္း "
ျဖတ္ကနဲ႔ေကာက္ေမးမိတဲ့ သူ႔စကားေၾကာင့္ နမ္ဂြၽန္းက အံ့ဩသလိုၾကည့္ကာ ဟြာဂ်င္းက မ်က္ႏွာပ်က္ယြင္းသြားသည္။ ကုကုကေတာ့ ေနရာသစ္ကိုစူးစမ္းေနသလို ဟိုဘက္ၾကည့္ ဒီဘက္ၾကည့္နဲ႔ ကေလးတစ္ေယာက္လိုျပဳမူေနသည္။
" အာ ~~ သားေတာ္အရင္းမဟုတ္ပါဘူး... ဒီအတိုင္း ဝမ္းကြဲေတာ္တာပါ "
လိမ္ညာေနတဲ့ ဟြာဂ်င္းမ်က္ဝန္းေတြကို ေဆာ့ဂ်င္းေသခ်ာစြာဖတ္ၿပီးေနာက္ ၿပဳံးလိုက္မိသည္။ ႏိုင္ငံရဲ႕အိမ္ေရွ႕စံလို႔ေတာင္သတ္မွတ္လို႔ရတဲ့ အင္ဂြန္းမင္းသားမွာ သားေတာ္မရွိမွန္း စာေလ့လာတဲ့လူမွန္သမွ်သိပါသည္။ စာေပပိုင္းေတြကို နမ္ဂြၽန္းက သူ႔ထက္ပိုသိေပမဲ့ နမ္ဂြၽန္းက ခပ္တုံးတုံးေကာင္ေလးတစ္ေယာက္။ အခ်ိဳးအေကြ႕ အေဝ့အဝိုက္ေတြကို နားလည္သည္မဟုတ္။ ဟြာဂ်င္းက ေသခ်ာေပါက္ ယူဂ်င္းဘြဲ႕ရထားတဲ့ သခင္မေလးကင္ဆိုဂ်င္းျဖစ္ေပမည္။
" ဒါျဖင့္ရင္ မင္းက သခင္မေလးကင္ဆိုဂ်င္းရဲ႕ အစ္ကိုေပါ့ ... မင္းကို ငါထင္မထားဘူးပဲ ဟြာဂ်င္း "
႐ုတ္တရက္ ဟြာဂ်င္းနဲ႔ေဆာ့ဂ်င္းရဲ႕အၾကည့္တိုက္ပြဲၾကား နမ္ဂြၽန္းရဲ႕စကားကဝင္လာေလေတာ့ ေဆာ့ဂ်င္း စိတ္ကုန္စြာ နမ္ဂြၽန္းကိုၾကည့္လိုက္သည္။ ဘာျဖစ္လို႔ ဒီေလာက္ေကာင္းတဲ့ဦးေႏွာက္က နည္းနည္းေလးေတာင္ မရိပ္မိရတာလဲ။ စာေပေတြေလ့လာထားတာက ေဆးပညာတစ္ခုတည္းမွာ အသုံးခ်ဖို႔အတြက္ပဲလား။
" အြန္း~~ ဟုတ္တယ္ ... သခင္မေလးဆိုဂ်င္းရဲ႕အစ္ကိုပါ ... "
လြဲေခ်ာ္သြားတဲ့စကားလမ္းေၾကာင္းအတိုင္းလိုက္ရင္း ဟြာဂ်င္းကစကားကိုျပန္ဖာေထးလိုက္သည္။ ထို႔ေနာက္ သူလည္းဘာမွမေျပာေတာ့ဘဲ တံခါးဖြင့္ဝင္သြားတဲ့ ဟြာဂ်င္းေနာက္ကိုသာ လိုက္သြားမိေတာ့ ကုကုက သူ႔အက်ႌစကို ခပ္ဖြဖြေလးဆြဲၿပီး ေခါင္းငုံ႔ကာ ဝင္လာသည္။ နမ္ဂြၽန္းကေတာ့ က်ယ္ျပန႔္ေနတဲ့ၿခံဝင္းကို ဟိုၾကည့္ဒီၾကည့္နဲ႔ သေဘာက်ေနပုံရသည္။
ဟြာဂ်င္းအေနာက္ကိုလိုက္ေနရင္းမွ ႐ုတ္တရက္ ဟြာဂ်င္းရပ္တန႔္သြားတာမို႔ အကုန္လုံးရပ္လိုက္မိသည္။
" ျပန္ေရာက္ပါၿပီ ေဖေဖ ... က်န္းမာပါရဲ႕လား "
ဦးၫြတ္ကာ တ႐ိုတေသႏႈတ္ဆက္ေနသည္မို႔ သူပါ ဦးၫြတ္ရင္း ထိုလူႀကီးကို တခဏတာၾကည့္မိေတာ့ ရင္ထဲ အမည္မသိတဲ့လႈိင္းေလးတစ္ခုျဖတ္သန္းသြားသလိုပင္။ ဟြာဂ်င္းအေဖလို႔ ေခၚလိုက္တဲ့ပုံေထာက္ရင္ သူက အင္ဂြန္းမင္းသားႀကီးပဲျဖစ္ရမည္။ ကိုယ့္ထက္အဆင့္အတန္းျမင့္ၿပီး ရာထူးႀကီးတဲ့ပုဂၢိဳလ္ေတြကို ေမာ္မၾကည့္သင့္တာသိေလေတာ့ ေခါင္းေထာင္ေနတဲ့ကုကုကိုပါ ေခါင္းေလးၫြတ္ေစရင္း အ႐ိုအေသေပးမိသည္။ နမ္ဂြၽန္းကလည္း သူ႔အတိုင္းပင္။
" က်န္းမာပါတယ္ ဧည့္သည္ေတြပါလာတာလား ဂ်င္း! "
" ဟုတ္ ေဖေဖလည္း ဧည့္သည္ရွိေနတဲ့ပုံပဲ ဒါျဖင့္ရင္ ခြင့္ျပဳပါဦး ေနာက္မွ သီးသန႔္မိတ္ဆက္ေပးပါမယ္ "
ဟြာဂ်င္းက အင္ဂြန္းမင္းသားကို ႏႈတ္ဆက္ၿပီး ထြက္သြားဖို႔ ေျခလွမ္းျပင္ေတာ့ သူလည္း ဟြာဂ်င္းအေနာက္ လိုက္ဖို႔ျပင္လိုက္မိသည္။
" ကင္နမ္ဂြၽန္း! ကင္ေဆာ့ဂ်င္း! "
႐ုတ္တရက္ ရင္းႏွီးလြန္းတဲ့အသံေၾကာင့္ ျဖတ္ကနဲ႔ေမာ့ၾကည့္မိေတာ့။
" အေဖႀကီး ! "
" မင္းတို႔ႏွစ္ေယာက္!! "
အင္ဂြန္းမင္းသားႀကီးရဲ႕အေနာက္မွာ ရပ္ေနတဲ့ အေဖႀကီးကိုေတြ႕လိုက္ရေတာ့သည္။ နမ္ဂြၽန္းနဲ႔ေဆာ့ဂ်င္းကိုယ္တိုင္လည္း အံ့ဩရသလို အေဖႀကီးကလည္း မ်က္လုံးအျပဴးသား။ ကုကုနဲ႔ဟြာဂ်င္းက သူတို႔သားအဖေတြကိုတစ္လွည့္စီၾကည့္သည္။
အင္ဂြန္းမင္းသားႀကီးကေတာ့ ၾကားခဲ့ရတဲ့နာမည္တစ္ခုေၾကာင့္ မ်က္ဝန္းေတြကျဖတ္ကနဲ႔ အေရာင္လဲ့သြားသည္။
" သားေတြလား အိုဆုတ္ "
အင္ဂြန္းမင္းသားႀကီးဆီကအသံထြက္လာေတာ့ အိုဆုတ္ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္
" ဒါ ကြၽန္ေတာ့္သားေတြပါ ဒါက သားအႀကီးကင္ေဆာ့ဂ်င္း ဒါက သားအငယ္ ကင္နမ္ဂြၽန္း "
အိုဆုတ္ရဲ႕မိတ္ဆက္ေပးမႈအရ မင္းသားႀကီးက အသိအမွတ္ျပဳသလို ေခါင္းညိတ္လိုက္ရင္း ၿပဳံးလိုက္သည္။ ေဆာ့ဂ်င္းနဲ႔ နမ္ဂြၽန္းကလည္း ဒုတိယအႀကိမ္ ဦးၫြတ္ျပန္သည္။
" ဒီအ႐ြယ္ထိေကာင္းေကာင္းႀကီးျပင္းလာၿပီပဲကိုး "
ႏွစ္ေယာက္လုံးကို ေသခ်ာၾကည့္ကာ ေျပာေလေတာ့ အိုဆုတ္သက္ျပင္းခ်လိုက္သည္။ထို႔ေနာက္
" ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး မင္းသား ... ကြၽန္ေတာ္ သားေတြကို အက်ိဳးအေၾကာင္းေမးၾကည့္ပါဦးမယ္ "
" ေကာင္းပါၿပီ "
အဲ့ဒီ့ေနာက္မွာ နမ္ဂြၽန္းနဲ႔ ေဆာ့ဂ်င္းကိုေခၚကာ ထြက္သြားေလေတာ့တဲ့ အိုဆုတ္။ အင္ဂြန္းမင္းသားကေတာ့ နမ္ဂြၽန္းရဲ႕ေက်ာျပင္ကိုၾကည့္ရင္း ခပ္ဖြဖြေလးၿပဳံးလိုက္မိသည္။
ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ သားေတာ္ေလး ...
💠💠💠
" ဘယ္ကေနဘယ္လိုေတြ႕ၾကတာလဲ ဂ်င္း "
ဖခင္ရဲ႕ေရွ႕ ႐ို႐ိုက်ိဳ႕က်ိဳ႕ထိုင္ေနရင္း အတန္ၾကာတဲ့အထိအေျဖမေပးမိေသးဘဲ ဟြာဂ်င္းေခၚ ဆိုဂ်င္းဆိုတဲ့သူမက ဖခင္ႀကီးကိုၿပဳံးျပလိုက္မိသည္။
" ေမေမ့ကိုေရာ မေတြ႕မိပါလား ေဖေဖ "
" စကားမေျပာင္းဘဲဒီတိုင္းေျဖသမီးေလး ... ဘိုရာတပ္ဖြဲ႕က ေယာက်ၤားေလးေတြကိုေတာင္ အိမ္မေခၚလာတဲ့သူက အခု ဘာအေၾကာင္းမ်ားေၾကာင့္ ေယာက်ၤားေလးသုံးေယာက္ေတာင္ အိမ္ေခၚလာရတာလဲ "
ႀကိဳသိေနႏွင့္ၿပီးသားျဖစ္တဲ့ေမးခြန္းကို ဆိုဂ်င္းသက္ျပင္းခ်လိုက္မိသည္။ ထို႔ေနာက္ အလွပဆုံးအၿပဳံးတစ္ပြင့္နဲ႔ ထပ္ၿပဳံးကာအေျဖေပးမိသည္။
" ဂိုနန္ေတာင္ထဲမွာ လမ္းေပ်ာက္ၿပီး ေသမလိုျဖစ္တုန္းက ကယ္ထားေပးတဲ့ေက်းဇူးရွင္ေတြပါ ေဖေဖ ဟန္ယန္းက မီးပုံးပြဲေတာ္နဲ႔ ဆုံတုန္းမို႔လို႔ အိမ္ကို အလည္ေခၚလာတာပါေဖေဖ "
" ဒါျဖင့္ရင္ ဆိုဂ်င္းက မိန္းကေလးမွန္းသိရဲ႕လား "
" မသိပါဘူး မင္းမႈထမ္း ဟြာဂ်င္း , သခင္မေလးဆိုဂ်င္းရဲ႕ ဝမ္းကြဲအစ္ကိုလို႔ပဲ ေျပာထားပါတယ္ "
" ေကာင္းပါၿပီ ... အသက္ကယ္ထားေပးတာဆိုေတာ့ ရည္ရည္မြန္မြန္ရွိတဲ့ေကာင္ေလးေတြ ျဖစ္ပုံေပၚတယ္ ... ဟုတ္ရဲ႕လား ဂ်င္း "
" ဒါေပါ့ေဖေဖရဲ႕ ... ကင္နမ္ဂြၽန္းဆိုတဲ့တစ္ေယာက္က အရမ္း႐ိုးရွင္းလြန္းတယ္ ... ေဆးပညာေတြပဲ ေလ့လာေနတာမို႔လို႔ လွည့္ဖ်ားတာေတြ သိပ္မသိဘူး ၿပီးေတာ့ ေျဖာင့္လည္းေျဖာင့္မတ္တယ္ .. ေတာ္လည္းေတာ္တယ္ "
သမီးျဖစ္သူရဲ႕စကားေၾကာင့္ အင္ဂြန္းမင္းသားႀကီး စိတ္ေက်နပ္ဟန္နဲ႔ၿပဳံးလိုက္သည္။
ဒီကေလး .. အိုဆုတ္ရဲ႕လက္မွာ ေကာင္းေကာင္းႀကီးျပင္းလာခဲ့သားပဲ ... ေမြးေမြးခ်င္း တစ္ခါေလာက္သာ ေပြ႕ဖက္ခြင့္ရခဲ့ေပမဲ့ အၿမဲအဆင္ေျပေနဖို႔ ေမွ်ာ္လင့္ေနမိခဲ့တာေလ .... ။
" ... ေဖေဖ့ရဲ႕ဂ်င္းေလး ေတာ္ေတာ္သေဘာက်ေနတဲ့ပုံပဲ "
အၾကမ္းရည္ခြက္ကို ႏႈတ္ခမ္းနားေတ့ရင္း သေဘာ႐ိုးနဲ႔ေျပာလိုက္တဲ့ေဖေဖ့စကားေၾကာင့္ ဆိုဂ်င္းမ်က္ႏွာနီရဲသြားရသည္။
" ဪ .. ဒါနဲ႔ လွ်ိဳ႕ဝွက္ကိစၥကေရာ အဆင္ေျပရဲ႕လား အရွင္မင္းႀကီးေရာ အႏၲရာယ္ကင္းရဲ႕လား "
ေဖေဖ့အေမးေၾကာင့္ သူမ အဓိကကိစၥကို အသိဝင္လာရင္းရွင္းျပမိေတာ့သည္။
" အရွင္မင္းႀကီးမွန္းဆထားတဲ့အတိုင္း ေခ်ာင္းေျမာင္းတိုက္ခိုက္သူေတြရွိခဲ့ပါတယ္ ၾကင္ယာေတာ္ကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့ေပမဲ့ ဂ်င္းနဲ႔ လမ္းကြဲသြားခဲ့ပါတယ္ ... အရွင္မင္းႀကီးကတစ္လမ္း ... ဂ်င္းကတစ္လမ္း ... ဒုတိယေခါင္းေဆာင္ကတစ္လမ္း ... အဲ့ဒီလိုလမ္းလြဲသြားပါတယ္ ... ႀကိဳတင္ျပင္ဆင္ခဲ့ေပမဲ့ တိုက္ခိုက္သူေတြရဲ႕လူအင္အားမ်ားလြန္းတာမို႔လို႔ပါ .. အရွင္မင္းႀကီးေနာက္ မွီေအာင္မလိုက္ႏိုင္ခဲ့တာမို႔လို႔ ေတာင္းပန္ပါတယ္ ေဖေဖ "
" ေဟ ဒါျဖင့္ရင္ အရွင္မင္းႀကီးက အခုၾကင္ယာေတာ္နဲ႔အတူတူေပ်ာက္ေနတာလား "
" အဲ့ဒီလိုေတာ့မဟုတ္ပါဘူးေဖေဖ ေပ်ာက္ေနေပမဲ့ အဆက္အသြယ္ရပါတယ္ ၾကင္ယာေတာ္နဲ႔အတူတူ ဟန္ယန္းကို လာေနေၾကာင္းနဲ႔ စိတ္မပူဖို႔ ပါးထားပါတယ္ မနက္ျဖန္က်င္းပမယ့္ မီးပုံးပြဲေတာ္ၿပီးတာနဲ႔ ေနာက္တစ္ေန႔ နန္းေတာ္ထဲကိုဝင္မွာပါ .. အဲ့ဒီ့မနက္ရဲ႕ညီလာခံမွာ လီမ်ိဳးႏြယ္စုနဲ႔ ဟိုေျမာင္အုပ္စုတို႔ လႈပ္ရွားမႈကိုၾကည့္ၿပီး သုတ္သင္သင့္တဲ့သူေတြကို ရွင္းလင္းပစ္မွာပါ ေဖေဖ ... "
" သက္ေသေတြေရာ ရခဲ့ရဲ႕လား အရွင္မင္းႀကီးမွာထားတဲ့အတိုင္း ေဖေဖတို႔ဘက္က စာရင္းစာအုပ္ရၿပီ ဒါေပမဲ့ စာရင္းစာအုပ္ထဲ မပါတဲ့သူေတြရွိေသးတယ္ ဘာပဲျဖစ္ျဖစ္ အဲ့ဒီ့ေန႔က်ရင္ သတိထားပါ ... ေဖေဖ့ဆီမွာ သမီးတစ္ေယာက္တည္းရွိေတာ့တာ သတိရပါ "
ေဖေဖ့စကားေၾကာင့္ သူမၿပဳံးလိုက္မိသည္။
" အဲ့လိုမေျပာပါနဲ႔ ေမေမ့နဲ႔တိုင္ေျပာမွာေနာ္ ... ေမေမလည္းရွိေသးရဲ႕သားနဲ႔ "
ဆိုဂ်င္းစကားေၾကာင့္ သေဘာက်သလိုၿပဳံးကာ အၾကမ္းေရခြက္ကို ျပန္ခ်လိုက္သည္။ သမီးျဖစ္သူဆိုဂ်င္းကေတာ့ အၾကမ္းရည္ခြက္ထဲ ေနာက္တစ္ဖန္ထပ္ငွဲ႔ေပးသည္။ ဖခင္ျဖစ္တဲ့သူကေတာ့ ေကာင္ေလးတစ္ေယာက္လိုဝတ္ဆင္ထားတဲ့သမီးျဖစ္သူကိုၾကည့္ရင္း တစ္ဦးတည္းရွိတဲ့သားေတာ္ကို တမ္းတလိုက္မိသည္။
ဂ်င္း~~ သမီးမွာအစ္ကိုေတာ္ရွိတဲ့အေၾကာင္း ေဖေဖ ဘယ္လိုနည္းနဲ႔ အသိေပးရမွာလဲ ...
💠💠💠
" ေျပာပါဦး ဘယ္လိုနည္းနဲ႔ေရာက္လာၾကတာလဲ ဟန္ယန္းကိုမလာဖို႔ ငါအတန္တန္တားခဲ့တယ္မဟုတ္လား "
အခန္းထဲေရာက္တာနဲ႔ ဖခင္ဆီက ဆူပူႀကိမ္းေမာင္းသံကိုၾကားရေတာ့ နမ္ဂြၽန္းက သူ႔အနားကပ္လာသည္။ ဆူေတာ့မွာကို သိေနတာမို႔ ကုကုကိုအျပင္မွာထားကာ သူနဲ႔နမ္ဂြၽန္းသာ အေဖ့ေနာက္လိုက္ဝင္ခဲ့တာျဖစ္သည္။
" ကင္ေဆာ့ဂ်င္း မင္း!! အႀကီးျဖစ္ၿပီးေတာ့ ဒီညီတစ္ေယာက္ကို ႏိုင္ေအာင္မထိန္းဘူးလား .. ဘာအေၾကာင္းျပခ်က္နဲ႔ အတင့္ရဲေနတာလဲ ... ကင္နမ္ဂြၽန္း မင္းလဲအတူတူပဲ တစ္ခုခုျဖစ္တိုင္း မင္းအစ္ကိုကိုအားကိုးမေနနဲ႔ ... မင္းနဲ႔မင္းအစ္ကိုက တူတာမဟုတ္ဘူး "
" နမ္ဂြၽန္းကိုမေျပာပါနဲ႔ အေဖႀကီး ဒါက ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ပါ .. ကြၽန္ေတာ္အသက္ႏွစ္ဆယ္ျပည့္ၿပီအေဖႀကီး ေကာင္းတာမေကာင္းတာကို ခြဲျခားတတ္ၿပီ ၇ႏွစ္သားေလးေတြလို မဆက္ဆံပါနဲ႔ ၿပီးေတာ့ ဒီကိုလာတယ္ဆိုတာ ပြဲေတာ္ရက္မို႔လို႔လာတာပါ ... ကတိေပးထားတဲ့အတိုင္း အစိုးရစာေမးပြဲကို မေျဖပါဘူး အေဖႀကီး "
အျပစ္လုပ္ထားမိရင္ အေဖႀကီးက နမ္ဂြၽန္းကို ပိုၿပီးဖိဆူတတ္တာမို႔ ေဆာ့ဂ်င္း နမ္ဂြၽန္းအေရွ႕က ကာၿပီးေျပာလိုက္မိသည္။ အေဖႀကီး သူတို႔ႏွစ္ေယာက္ကို ဟန္ယန္းေပးမလာရတဲ့အေၾကာင္းရင္းကို ေသခ်ာမသိေပမဲ့ သူသိသေလာက္က အေဖႀကီးဟာ သူ အစိုးရစာေမးပြဲေျဖမွာကို စိုးရိမ္ေနသည္ပင္။ အဲ့ဒါေၾကာင့္ ဟန္ယန္းကို အလည္ပတ္သေဘာမ်ိဳးေတာင္ ခြင့္မျပဳခဲ့။
" ေဆာ့ဂ်င္း ~~ နမ္ဂြၽန္းကို ကာကြယ္မေနနဲ႔ ... မင္းအတြက္ပဲ မင္းၾကည့္စမ္းပါ ... ဘာျဖစ္လို႔တျခားသူေတြအတြက္စဥ္းစားေပးေနတာလဲ မင္းတစ္ခုခုျဖစ္လို႔မရဘူးေလ ကင္ေဆာ့ဂ်င္း "
ထိုစကားေၾကာင့္ နမ္ဂြၽန္းမ်က္ႏွာ ပ်က္ယြင္းသြားသည္။ ေဆာ့ဂ်င္းအေနာက္မွာေန,ေနရာကေန အေရွ႕ထြက္လာကာ အေဖႀကီးကိုစိုက္ၾကည့္ၿပီး စကားအခ်ိဳ႕ကိုထုတ္ေျပာမိသည္။
" ကြၽန္ေတာ္က တစ္ျခားသူလား အေဖႀကီး ... ကြၽန္ေတာ္က အေဖႀကီးရဲ႕သားတစ္ေယာက္ပဲ မဟုတ္ဘူးလား ... အစ္ကိုႀကီးနဲ႔ ကြၽန္ေတာ့္ကို ဘာလို႔အၿမဲတမ္းခြဲျခားၿပီးဆက္ဆံခဲ့ရတာလဲ ... ကြၽန္ေတာ္က ဘယ္ေနရာမွာ ဘာေတြမ်ား လိုအပ္ခ်က္ရွိေနလို႔လဲ ... "
သည္းခံလာရတဲ့ ၁၉ႏွစ္စာ နာက်င္မႈေတြ တစြန္းတစ္ေပၚလာေတာ့ ေဆာ့ဂ်င္း ... နမ္ဂြၽန္းကို ဂ႐ုဏာသက္တဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္လိုက္မိသည္။ တကယ္ေတာ့ သူကိုယ္တိုင္လဲ သိပါသည္။ အေဖႀကီးက သူ႔ကိုအၿမဲအေရးေပးၿပီး နမ္ဂြၽန္အတြက္ဆို အေရးတယူမလုပ္ခဲ့တာေတြကို ။ ညီအစ္ကိုအရင္းမဟုတ္မွန္းသိေပမဲ့ သူ နမ္ဂြၽန္းကို ညီတစ္ေယာက္လိုခ်စ္သည္၊ ဂ႐ုစိုက္သည္။ အေဖႀကီးက သူ႔ကိုဂ႐ုစိုက္ေလ .. သူက နမ္ဂြၽန္းကို ပိုဂ႐ုစိုက္ေလျဖစ္သည္။
" နမ္ဂြၽန္း ~~ "
" ကြၽန္ေတာ္သိတယ္ အေဖႀကီး ... အေဖႀကီးက အစ္ကိုႀကီးကိုပဲ ပိုခ်စ္တာသိတယ္ အဲ့ဒါေၾကာင့္လဲ အခုထိ ဘာမွမေျပာဘဲ သည္းခံေပးေနခဲ့တာ ... ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဟန္ယန္းကိုလာတာ ဘာျဖစ္သြားမွာမို႔လို႔လဲ ... အစ္ကိုႀကီးထိခိုက္မွာစိုးလို႔လား ... ဒါျဖင့္ရင္ အေဖႀကီးကပဲ အစ္ကိုႀကီးကို ဂ႐ုတစိုက္နဲ႔ ေခၚလာခဲ့ပါ ကြၽန္ေတာ္ကေတာ့ ဟန္ယန္းမွာအဝေနၿပီးမွ ျပန္လာခဲ့မယ္ ႏႈတ္ဆက္ပါတယ္ အေဖႀကီး "
ေျပာေျပာဆိုဆို နမ္ဂြၽန္းတစ္ေယာက္ ထူးဆန္းစြာ အိုဆုတ္နဲ႔ေဆာ့ဂ်င္းအေရွ႕ကေနလွည့္ထြက္ခဲ့သည္။ တစ္ခါမွ ကလန္ကဆန္မလုပ္ဖူးတဲ့သူ... ဒါဟာ ပထမဆုံးအေနနဲ႔ အေဖႀကီးကို ျပန္ေျပာျခင္းပင္ျဖစ္သည္။
" နမ္ဂြၽန္း!! ကင္နမ္ဂြၽန္း!!! ဘာသြားမွာလဲ ... ဘယ္သြားဖို႔လဲ ... "
ထြက္သြားတဲ့နမ္ဂြၽန္းအေနာက္ေဆာ့ဂ်င္း ေျပးလိုက္ဖို႔ႀကိဳးစားေတာ့ လက္ကို ဆြဲကိုင္တားတဲ့အေဖႀကီး။
" ကင္ေဆာ့ဂ်င္း မလိုက္နဲ႔ ~~ လႊတ္ထားေပးလိုက္ ... သူလည္းရင့္က်က္ဖို႔လိုတယ္ "
" ဒါေပမဲ့ အေဖႀကီး နမ္ဂြၽန္းက ... ကိုယ္ခံပညာေကာင္းေကာင္းမတတ္တဲ့ကေလးေလ .. "
" စိတ္မပူနဲ႔ သူ႔ကိုယ္သူ ထိန္းတတ္တယ္ကင္ေဆာ့ဂ်င္း .. အခုအေရးႀကီးတာကမင္း ~~~ "
ထိုစကားအဆုံးအေဖႀကီးရဲ႕ေလသံေတြ ေခတၱရပ္တန႔္သြားသည္။
" ကြၽန္ေတာ္? ကြၽန္ေတာ္က ဘာမ်ားအေရးႀကီးလို႔လဲ "
" ထားေတာ့ ~~ ခဏေနက်ရင္ မင္းကို အင္ဂြန္းမင္းသားႀကီးနဲ႔မိတ္ဆက္ေပးမယ္... အင္ဂြန္းမင္းသားႀကီးက ဓားေရးမွာ အရမ္းေတာ္တာေလ ~~ မင္းနဲ႔ဆိုအဆင္ေျပမွာပါ မင္းလိမၼာရင္ မင္းသားႀကီးက သင္ရင္သင္ေပးမွာေပါ့ "
ေျပာၿပီးတာနဲ႔မ်က္ႏွာလႊဲလိုက္တဲ့အေဖျဖစ္သူကို ေဆာ့ဂ်င္း ထပ္အကဲမခတ္ေတာ့ဘဲ အေဖႀကီးေျပာတဲ့စကားကိုသာ စိတ္ေက်နပ္စြာၿပဳံးလိုက္မိသည္။
တိုက္ေရးခိုက္ေရးေတြဆို သူသိပ္ၿပီးသေဘာက်တာ အေဖႀကီးအသိဆုံးေလ ~~ ကိုယ္ခံပညာရပ္ေတြကို သူအဆုံးထိသင္ယူခ်င္တာကေတာ့ ေမြးရာပါ စိတ္ဆႏၵလို႔ေျပာရင္ မွားမယ္မထင္။
💠💠💠
May 08, 2021
[ဖတ္ရႈအားေပးတဲ့တစ္ဦးခ်င္းဆီတိုင္းကိုေက်းဇူးတင္ပါတယ္ရွင္...✧]
#3205