Love poison (Uni)
အပိုင်း ၁၂
သတိလစ်နေတဲ့ ကိုကို့ ကို အခန်းထဲခေါ်သွားပြီး ကုတင်ပေါ်တင်ပေးလိုက်တယ်။ ရေပတ်တိုက်ပြီးတာနဲ့ ကို့အတွက် ဆေးသွားကြိုရန်အပြင်ကို သွားလိုက်တယ်။ ဆေးကြိုရင်းအတွေးများနေတာကြောင့် လက်အပူလောင်သွားလေသည်။
ငါ့ကျမှ ဒီလောက် ကံဆိုးရတာလဲ။ ကိုယ်ချစ်တဲ့သူနဲ့ အတူမနေနိုင်ဘူး။ ငါသာ သာမာန်လူသားတယောက်ဆိုရင် ဒီလိုဖြစ်မှာ မဟုဘူး။ ကိုယ့်ကိုကို အပြစ်တင်ရင်း ငိုကြွေးနေတုန်း ဆေးကျက်သွားတာကြောင့် ခွက်တခွက်ထဲကို ထဲ့လိုက်ပြီး ဓားတချောင်းကို ယူလိုက်သည်။ ယူပြီးတာနဲ့ လက်ညိုးတချောင်းကို ဓားလေးနဲ့ ရှက်ပြီး လှီးလိုက်သည်။ ထွက်လာတဲ့ သွေးတွေကို ဆေးခွက်ထဲထဲ့လိုက်ပြီး ကို့ကို အခန်းထဲ ယူသွားလိုက်သည်။
အခန်းထဲရောက်တော့ မျက်လုံးလေး မှိတ်နေတဲ့ ကို့ကို ကြည့်ရင်း အားပြန်ပြည့်ရပါတယ်။ ကိုကို အနားကို ကပ်ကာ ဆေးကို ဇွန်းနဲ့ အကုန်ခက် တိုက်လိုက်သည်။ ဆေးအကုန်တိုက်ပြီးတော့ ပါးစပ်နားမှာ ပေနေတဲ့ ဆေးတွေကို လက်သုတ်ပုဝါလေးနဲ့ သုတ်ပေးလိုက်သည်။
အာ့အချိန် အပြေးအလွှားရောက်လာတဲ့ ရူ့လွီကြောင့် လန့်သွားတယ်။
"ရူ့လွီ ဘာဖြစ်လာတာလဲ"
"အပြင်မှာ အပြင်မှာ ရွှာထဲကလူတွေရော မိစ္ဆာဖမ်းတဲ့ ဘုန်းကြီးပါရောက်နေတယ်"
"ဘာ သူတို့တွေသိသွားကြပြီပေါ့"
"ဟုတယ် ရူ့တို့ အမြန်ရှောင်နေကြရင်မကောင်းဘူးလား"
"ဒါဆို ကို့ကို ကရော"
"သူ့ကို ထားခဲ့လိုက်ပေါ့ "
"မထားနိုင်ဘူး"
"သူက လူလေ သူ့ကို ဘယ်သူမှ ဘာမှမလုပ်ဘူး ကော လာပါ မြန်မြန်လာ"
ရူ့လွီ တယောက် ရီပေါ့်ကို လက်ကနေဆွဲပီး အမြန် ထွက်ပြေးသွားသည်။ ဒါပေမဲ့ ထူးဆန်းတာက သူတို့ ဘယ်နေရာမှ မပြောင်းလဲသွားဘူး။
"ဒါဘာဖြစ်တာလဲ ကော"
"ဘုန်းကြီးက မိစ္ဆာတွေ ထွက်ပြေးလို့မရအောင် ခြံဝန်းကို စည်းတခုလုပ်လိုက်ပြီ"
(အဲ့ဘုန်းကြီးက ရှောင်ကျန့်ကို ဆေးမှုန့်လာပေးတဲ့ ဆရာတော်ဘဲနော် ဘုန်းဘုန်းက မိစ္ဆာဖမ်းတဲ့ သူပါ။ ရွာသားတွေ အန္တာရာယ် ကြုံရတာမို့ သူကိုယ်တိုင်ထွက်လာပြီး ဖြေရှင်းပေးတာပါ)
"အာ့ဆိုဘယ်လိုလုပ်ကြမလဲ"
"ကိုယ်တိုင်ရင်ဆိုင်မှဘဲ ရတော့မယ် သွားစို့"
"ဟုတ်ကဲ့"
ရီပေါ်နဲ့ ရူ့လွီ တို့ အပြင်ကို အတူထွက်သွားပြီး ထိပ်တိုင်ရင်ဆိုင်ရန်သွားလေသည်။ အပြင်ရောက်တော့ ရွာသားတွေက မီးတုတ်တွေကိုင်ကာ စောင့်နေပြီး ဘုန်းကြီးကတော့ အလယ်ကနေ အကာအကွယ်စည်းတခုကို လုပ်ထားသည်။
သူတို့ကို မြင်လိုက်တာနဲ့ လူတွေက ခြေတလမ်းစီ နောက်ဆုတ်သွားကြတယ်။ ဘာလို့လဲ ဆိုတော့ ရီပေါ်နဲ့ ရူ့လွီ တို့က သူတို့ရဲ့ ကိုယ်ပိုင်အသွင်ပြောင်းထားကြလို့ပါ။
"မင်းတို့တော်တော်ရဲတင်းနေတယ်ပေါ့ "
"ဟားဟား ဟားဟား ဘာတွေရဲတင်းမိလို့လဲ"
ရီပေါ်က မဲ့ပြုံးပြုံးကာပြောလိုက်သည်။ ရွားသားတွေက စိတ်စိုးကာ သတ်ကြ ဆိုပြီး ဆူပူလာတော့တယ်။ အဲ့ကြားထဲကနေ ဘုန်းကြီးဟန့်တားလိုက်ကာမှ လူတွေငြိမ်ကျသွားတော့တယ်။ ပြီးတော့ ဘုန်းကြီးက ရှေ့ထွက်ကာ တည်ငြိမ်သော အသွင်နဲ့ စကားဆိုလိုက်သည်။
"မင်းတို့က မိစ္ဆာတွေ လူတွေနဲ့အတူနေလို့မရဘူး ပြီးတော့ ရွာသားတွေရဲ့ နွားနှလုံးတွေကို ဖောက်စားသေးတယ်"
"ဒါပေမဲ့ ကျွန်တော်တို့နေလာတဲ့အတောအတွင်း ဘယ်သူ့ကို မှ ထိခိကြ်အောင်မလုပ်ဘူးလေ"
"ဘယ်ပြောရမလဲ နောက်ကျ လုပ်ချင်လုပ်မှာပေါ့ အဲ့ဒါကြောင့် ငါကိုယ်တော် မင်းတို့ကို ဖမ်းရလိမ့်မယ်"
ဘုန်းကြီး စကားဆိုပြီးတာနဲ့ မိစ္ဆာဖမ်းတဲ့ သပိတ်ကို ကိုင်လိုက်ပြီး အစွမ်းနဲ့ လွတ်လိုက်ရာ ရီပေါ်နဲ့ ရူ့လွီတို့အရှေ့ကို မျက်စိကြိမ်းလောက်အောင် အလင်းနဲ့ ရောက်လာသည်။ သူတို့နှစ်ယောက်အပေါ်ကနေ ဖုန်းအုပ်ရန်လာသည်ကို နှစ်ယောက်သားက အတွင်းအားတွေနဲ့ ခုခံထားတယ်။
ဘုန်းကြီးက ဘုရားစာရွတ်ကာ တန်ပြန်တိုက်ခိုက်လေသည်။ အချိန်ကြာမြင်လာသည်နှင့်တပြိုင်နက် ဘုန်းကြီး အနောက်ကို ခြေတလှမ်းဆုတ်ကာ သွေးအန်သွားလေသည်။ အနီးအနားက လူတွေလည်း ေကြာက်ကြောက် လန့်လန့်နဲ့ ထွက်ပြေးကြလေသည်။
ရီပေါ်က လောင်တောင်တောင်အပြုအမူနဲ့ ရန်စလိုက်လေသည်။
"ဘုန်းကြီးတယောက်လုံး လဲသွားတာကို သူတို့က ပြေးသွားကြတယ်။ နောက်ဆုံးတော့လဲ လူသားတွေက ကိုယ့်အန္တာရယ်ဘဲ ကိုယ်ကြည့်တက်တာဘဲ"
ဘုန်းကြီး ကတော့ ဘာမှမဆို တည်ငြိမ်စွာနဲ့ဘဲ သပိတ်ကို ပြန်ယူပြီး တဦးချင်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ရီပေါ်နဲ့ရူ့လွီတို့က သွေးမအန်ခဲ့ပေမဲ့လည်း အားတဝက်လောက်ကုန်နေပြီ ဖြစ်တယ်။
ဘုန်းကြီးက သူကိုင်ထားတဲ့ လှံနဲ့ စတင်တိုက်ခိုက်လေသည်။ ရီပေါ်က သူ့စီကျရောက်လာတဲ့ လှံကို ရှောင်လိုက်ကာ ဓားနဲ့ပြန်တိုက်ခိုက်လေသည်။ ရူ့လွီကလည်း ကြိုးများဖြင့်တိုက်ခိုက်လေသည်။
ဘုန်းကြီးက စွမ်းအားများစုစည်းဖြင့် ရောင်ခြည်လွှတ်လိုက်ရာ ရီပေါ်နဲ့ ရူ့လွီ အဝေးလွှင့်သွားလေသည်။ ရီပေါ်က နှစ်တထောင်စွမ်းအား ရှိတာကြောင့် ဘာမှမထိခိုက်သွားပေမဲ့ ရူ့လွီက နှစ်ငါးရာ စွမ်းအားဘဲ ရှိလို့ သွေးအန်ကာ မျက်နှာတခုလုံး သွေးဆုတ်သွားလေသည်။
ရီပေါ်က ရူ့လွီကို ထူပေးလိုက်ပြီး ဘုန်းကြီးကို မြေခွေး အဆိပ်မှုန့်ဖြင့်ပတ်ကာ ထွက်သွားလေသည်။ ဘုန်းကြီး အဆိပ်မိသွားသော်လည်း သေလောက်အောင်ထိမဟုချေ။ အချိန်အတိုင်းအတာ တခုထိတော့ စွမ်းအား ကုန်သွားလေသည်။
ရီပေါ်ကတော့ ဒဏ်ရာများဖြင့် ဖြူဖပ်ဖြူဆရာ်ဖြစ်နေသော ရူ့လွီကို ပုခုံးကနေ ဆွဲပီး အဝေးသို့ ပျောက်ကွယ်သွားဆလသည်။
ဘုန်းကြီး လဲ အိမ်ထဲဝင်ကြည့်လိုက်ရာ လဲလျောင်းနေသော ရှောင်ကျန့်ကို တွေ့သွားသည်။ လက်တချက်ဝေ့လိုက်သည်နှင့် ရှောင်ကျန့် မျက်လုံးတစုံ ပွင့်သွားလေသည်။ ပွင့်ပွင့်ချင်း ရီပေါ့်ကို တမ်းတကာ နိုးထလာခဲ့သည်။
"ရီလေး ရီလေး "
"အော်မိတော်ဖု"
"ဘုန်းဘုန်း တယောက်ယောက်ကို မတွေ့မိဘူးလား"
"ဒကာလေးရဲ့ အိမ်သူဆိုရင်တော့ တွေ့ပါတယ်"
"သူအခုဘယ်မှာလဲ"
"သူနဲ့ သူ့အပေါင်းအပါရယ် ထွက်ပြေးသွားကြပြီ"
"ဘယ်ကိုလဲ ဘာဖြစ်လို့လဲ"
"တရွာလုံးက သူဘာလဲ ဆိုတာ သိသွားပြီလေ ကိုယ်တော်နဲ့ အတူ တိုက်ခိုက်ပြီး ထွက်သွားတာ"
"ဘယ်လို သူက ဘာအပြစ်မှ မလုပ်ဘူးလေ ဘုန်းဘုန်းက ဘာလို့ အလွှတ်မပေးရတာလဲ သူက ကျွန်တော့် ယောကျာ်းပါ ပြီးတော့ ဘုန်းဘုန်း ကျွန်တော့်ကို ဆေးမှုန့်ဘာလို့ပေးတာလဲ ဘုန်းဘုန်းက တကယ်ဘဲ ကျွန်တော့်တို့ကို ဘာဖြစ်စေချင်နေတာလဲ"
"အော်မိတော်ဖု ဒကာလေးတို့က အသွင်မှ မတူတာ အတူနေလို့မရဘူး ဒကာလေးကို တနေ့ ကျ အန္တာရာယ် ဖြစ်စေလိမ့်မယ်"
"အန္တာရာယ်ဖြစ်ရင်ဖြစ်ပါစေ ကျွန်တော်မကြောက်ပါဘူး သူထိခိုက်မှာကိုဘဲကြောက်တာ"
"ဒကာလေးကတော့ တော်တော်လေးကို ဆင်ခြင်မှုကင်းမဲ့နေပြီဘဲ "
"ဘုန်းဘုန်းကို ကျွန်တော်တော်းပန်ပါတယ် ဒါပေမဲ့ ရီလေးကို ထိခိုက်စေမယ်ဆိုရင် ကျွန်တော်ငြိမ်နေမှာ မဟုဘူး"
ရှောင်ကျန့် ပြောပြီးတာနဲ့ အခန်းထဲကနေ ပြေးထွက်သွားပြီး ရီပေါ့ကို လိုက်ရှာလေသည်။ဘုန်းကြီးက ခေါင်းခါကာ နေရစ်ခဲ့သည်။
"ရီလေး ရီလေး ကို့ကို ထားမသွားပါနဲ့ "
^. .............^
Vote ပေးကြပါအုံးလို့😘 စောင့်နေရတဲ့သူတွေ အိုက်နီနော်
Love poison (Zaw)
အပိုင်း ၁၂
"ရူ့လွီ ဘာဖြစ်လာတာလဲ"
"အပြင်မှာ အပြင်မှာ ရွှာထဲကလူတွေရော မိစ်ဆာဖမ်းတဲ့ ဘုန်းကြီးပါရောက်နေတယ်"
"ဒါဆို ကို့ကို ကရော"
"မထားနိုင်ဘူး"
"ဒါဘာဖြစ်တာလဲ ကော"
"ဘုန်းကြီးက မိစ်ဆာတွေ ထွက်ပြေးလို့မရအောင် ခြံဝန်းကို စည်းတခုလုပ်လိုက်ပြီ"
"ဟုတ်ကဲ့"
"မင်းတို့က မိစ်ဆာတွေ လူတွေနဲ့အတူနေလို့မရဘူး ပြီးတော့ ရွာသားတွေရဲ့ နွားနှလုံးတွေကို ဖောက်စားသေးတယ်"
"ဒါပေမဲ့ ကျွန်တော်တို့နေလာတဲ့အတောအတွင်း ဘယ်သူ့ကို မှ ထိခိက်ြအောင်မလုပ်ဘူးလေ"
ရီပေါ်ကတော့ ဒဏ်ရာများဖြင့် ဖြူဖပ်ဖြူဆရ်ာဖြစ်နေသော ရူ့လွီကို ပုခုံးကနေ ဆွဲပီး အဝေးသို့ ပျောက်ကွယ်သွားဆလသည်။
"ရီလေး ရီလေး "
"အော်မိတော်ဖု"
"သူအခုဘယ်မှာလဲ"
^. .............^