Love poison (Uni)
အပိုင်း ၁၀
"ကိုနိုးလာပြီလား"
"နိုးပြီ ရီလေး"
"ကို"
"ရီလေး"
နှစ်ယောက်သား တင်းကျပ်စွာဖက်ရင်း ရီပေါ်က မျက်ရည်တွေကျလာတယ်။ရှောင်ကျန့်က ရီပေါ့်ရဲ့ ပုခုံးလေးကနေ ကိုင်ပြီး ခွာလိုက်ကာ ရီပေါ်မျက်နှာပေါ်က မျက်ရည်တွေကိုသူ့လက်နဲ့ ညင်သာစွာ သုတ်ပေးလိုက်တယ်။ပြီးတော့ ရီပေါ်မျက်လုံးလေးတွေကို သေချာစိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘာလို့ငိုနေတာလဲ"
"ပျော်လို့လေ ကိုအခုနဲ့ဆို ကျွန်တော့်တို့ ထားသွားတာ နှစ်ခါရှိပြီ မထားသွားပါဘူးလိူ့ဂတိပေးပြီးခါမှ ဘာလို့ထားသွားတာလဲ စောင့်နေတယ်ဆိုတာ မေ့နေတာလား မသိဘဲမသိတာလား"
"မမေ့ပါဘူး ပြီးတော့က်ု ဂတိပေးပါတယ် နောက်ထပ် သုံးခါမြောက်ဆိုတာ မရှိစေရတော့ပါဘူး ရီလေးကိုဘယ်တော့မှ ထားမသွားတော့ပါဘူး"
"တကယ်လား"
"အင်း"
"အာ့ဆိုဂတိပေး"
"ကောင်းပြီ"
ရှောင်ကျန့်နဲ့ ရီပေါ်နဲ့ လက်ချင်းချိတ်ကာ ဂတိပေးလိုက်ကြသည်။ ရီပေါ်ကတော့ အရမ်းပျော်သွားသည်။ ရှောင်ကျန့်ကို နောက်တကြိမ်မဆုံးရှုံးစေချင်ဘူး။ ရှောင်ကျန့်ကတော့ တွေတွေဝေဝေနဲ့ ဘဲ နေလိုက်သည်။
အာ့အချိန်မားဝင်လာပြီ
"သားလေးနိုးပြီလား နိုးရင် အပြင်ထွက်ခဲ့လေ ပါးနဲ့မား ပြင်ဆင်ထားတာရှိတယ် သားလေးတို့အတွက်"
"ဟုကဲ့မား"
ကျွန်တော်တို့နှစ်ယောက်လဲ မားခေါ်တာနဲ့ချက်ချင်းထပြီး အပြင်ကို ထွက်ကြည့်တော့ မဂ်လာဝတ်စုံလေးနှစ်ထည်ကိုတွေ့တယ်။
"မားဒါဘာလဲဟင်"
"မဂ်လာဝတ်စုံတွေလေ သားတို့ကို မဂ်လာဆောင်ပေးမလို့"
"ရပါတယ် ကျွန်တော်တို့က မဂ်လာဆောင်ပြီးသားလေ"
"သားတို့က သားတို့ဘာသာဆောင်တာလေ မားတို့ပြန်ဆောင်ပေးရမှာပေါ့ လူတွေလဲ ဖိတ်ပြီး သိုက်သိုက်ဝန်းဝန်းလေးပြန်ဆောင်ပေးမယ်"
"မားပိုက်ဆံတွေကုန်မှာပေါ့"
"မကုန်ပါဘူး ဒီနှစ်ထည်က မားကိုယ်တိုင်ချုပ်ထားတာလေ"
"ဝါး လှလိုက်တာ "
"သဘောကျလား"
"ဟုကဲ့"
"ဒါဆို နောက် ၁၀ရက်လောက်နေရင် ကျင်းပကြမယ်နော်"
"ဟုကဲ့မား ကျေးဇူးပါ"
"ရပါတယ် ရီပေါ်လေးရယ် မားတိူ့လုပ်ပေးသင့်တာကြာပါပြီ"
..................
နောက်တနေ့ ရောက်တော့ ရာသီဥတုကအရမ်းကို ပူလွန်းတာကြောင့် ရီပေါ်တယောက်မောပန်းနေသည်။ သိတဲ့အတိုင်းမြေခွေးတွေကလအပူဒဏ်လုံးဝမခံနိုင်ဘူးလေ။ ကိုကတော့လအလုပ်သွားလုပ်ပြီ။ ကျွန်တော်ကတော့ အိမ်မှာဘဲ မားနဲ့ အတူ ချည်ထိုးတယ်။ အိမ်လုပ်ငန်းလေးပေါ့။ အာ့လိုအလုပ်လေးနဲ့ဘဲ ပိုက်ဆံရှာတယ်။ ကိုကလဲ အလုပ်ကိုကြိုးစားပြီးလုပ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် ဆေးခန်းလေး ဖွင့်စားခိင်တာလေ။ ကျွန်တော့်အစွမ်းနဲ့ဆို ဆေးခန်းက ချက်ချင်းဖြစ်နိုင်ပေမဲ့ ကိုကြောင့်ပေါ့။ သာမန်အလုပ်နဲ့ဘဲ ကူညီပေးနိုင်တယ်။
"ရီပေါ် သားလေး အရမ်းပူနေတာလား"
"ရပါတယ် မားရဲ့"
"ကြည့်ပါအုံး နဖူးတွေမှာ ချွေးသီးချွေးပေါက်တွေအများကြီးစီးကျနေတယ်"
"ရပါတယ်မား သားအဆင်ပြေပါတယ်"
"ခဏစောင့် မား တခုခုသွားဖျော်ပေးမယ်"
"ဟုကဲ့မား ကျေးဇူးပါ"
မားတယောက်မီးဖိုချောင်ထဲဝင်ပြီ တခုခုဖျော်ပေးဖို့ကြည့်ရင်း ဟိုတနေ့က ရှောင်ကျန့်စီမှာရှိတဲ့ အထုပ်ကို သတိရသွားတယ်။ ရှောင်ကျန့်ကို ဘုန်းကြီး ပေးသွားတဲ့ အသွင်ပြောင်း ဆေးမှုန့်ကို မားက အမွှေးနံသာအမှုန့်အထင်နဲ့ ရီပေါ့်ကိုတိုက်မဲ့အထဲမှာ အကုန်ထဲ့ပြီး ဖျော်လိုက်သည်။ အာ့ဆေးက အနံ့ အရသာ မရှိတာမို့ ဘာအမှုန့်မှန်း သိမှာမဟုဘူးလေ။ အာ့တာနဲ့မားဖျော်ပြီး ရီပေါ့်စီယူပေးလိုက်တယ်။
"ကျေးဇူးပါမားရေ"
"ရပါတယ် သားခဏနားနေလိုက် မား ချည်တွေသွားယူလိုက်အုံးမယ်"
"ဟုကဲ့မား"
ရီပေါ် တခွက်လုံးအကုန်သောက်ပြီးတာနဲ့ ဆေးစွမ်းက တန်းပြလေသည်။ ခေါင်းတွေမူးလာတာကြောင့် လက်နှစ်ဖက်နဲ့ ခေါင်းကို ဖိကိုင်ထားသည်။ အမှီးတွေ ထွက်ချင်သလိုလို အစွယ်တွေထွက်ချင်သလိုလိုနဲ့ တော်တော်လေးကို နေရခက်လှသည်။ ဒီအချိန် လူတွေလာရင် မြင်သွားနိုင်တာမို့ ရီပေါ် မထနိုင်ထနိုင်နဲ့ အားတင်းကာ အခန်းထဲကို မြန်မြန်လေး ဝင်ရန်ကြိုးစားသည်။ တလှမ်းချင်းမနဲလျှောက်နေသည့် အနေအထားတွင် ဆံပင်တွေဖြူလာသည်။ နားရွက်အရှည်တွေနဲ့ ပါးက အမွှေးဖြူတွေလဲတဆင့်ချင်း ထွင်လာသည်။ မျက်လုံးနီနီ အမှီးတွေလဲ ထွက်လာပြီးနောင်ဆုံးတွင် လုံးဝ မြေခွေး လူသားအသွင်သို့ကူးပြောင်းသွားလေသည်။
အခန်းထဲရောက်တာနဲ့ ချက်ချင်းစိတ်ကိုစုစည်းကာ ပြန်ပျောက်ရန် တရားထိုင်သော်လည်းမရ ဒီအခြေအနေကို တယောက်ယောက်မြင်သွားမှာ အတော်စိုးရိမ်နေသည်။ မားကတော့ ချည်သွားယူတာတော်ရုံနဲ့ပြန်မရောက်လောက်ပါဘူး စဥ်းစားတုန်း တံခါးဖွင့်သံ
ကျွီ........
ထိတ်လန့်ဖွယ် တခါးဖွင့်သံနဲ့အတူဘာမဆိုရင် ဆိုင်ရန် အသင့်ပြင်ပြီးနောက် အနေညက်ကထွက်လာတဲ့အသံက ဘယ်တော့မှ မဖြစ်ပါစေနဲ့လိူ့ ဆုတောင်းနေတဲ့ကိုကို ပါဘဲ။ ကိုမုန်းသွားမှာအရမ်းကြောက်မိပါတယ်။
"ဘယ်သူလဲ မင်းက"
"ကို"
မဝံမရဲနဲ့နောက်ကိုလှည့်ကြည့်လိုက်တော့ ရှောင်ကျန့် အနည်းငယ် တုန်လှုပ်သွားသည်။ရီပေါ်ကတော့ မျက်ရည်တွေ ဝဲသီးပြီး သူ့ကို ရှောင်ကျန့် ကြောက်သွားမှာ မုန်းသွားမှာ အတော်လေးကို စိုးရိမ်နေတယ်။ ရင်တထိပ်ထိပ်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ ရှောင်ကျန့်ကတော့ သေသေချာချာ စိုက်ကြည့်နေတယ်။မျက်နှာမှာ ဘာပုံပန်းသွင်ပြင်မှ မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ဘဲ။
"ကို ကျွန်တော်ရှင်းပြတာလေး နားထောင်ပေးပါ"
"မင်းက ဘယ်သူလဲ လူမဟုဘူးလား ဘယ်လိုလူမျိုးလဲ"
ထက်ထန်တဲ့အမေးတွေကြောင့်ရီပေါ် အနဲငယ် တုန်လှုပ်မိတယ်။ ဘယ်လိုခေါ်လိုက်တာလဲ ကိုရယ် မင်းတဲ့လား။တသက်လုံးက ရီလေးလို့ခေါ်တာအခုတော့ မင်းတဲ့လား။ အကို့အမြင်မှာ ကျွန်တော်က စိတ်ပျက်စရာကောင်းနေပြီလား။
"ကျွန်တော်က နှစ်တထောင်မြေခွေးပါ ကို ကို့ကို လှည့်ဝှက်ထားဖို့စိတ်ကူးမရှိပါဘူး ကို့ကိုပြောပြမလို့ပါဘဲ"
"အာ့ဆိုမင်းက တကယ်ဘဲ လူမဟုဘူးပေါ့"
ရီပေါ်မျက်ရည်တွေကျကာ တောင်းပန်ရန်ကြိုးစားနေသည်။ ရှောင်ကျန့်ကတော့ မျက်နှာတည်ဖြင့်ဆက်မေးနေသည်။
"ကို"
"ငါ့အနားမလာနဲ့"
"ကို"
"မလာနဲ့ဆို"
"ကို ကျွန်တော်က လူဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ်တူတူပါဘဲ ကိုကြောက်နေတာလား ကျွန်တော့်ကို"
အာ့အချိန်မားရဲ့အသံကိုကြားရသည်။ မားအိမ်ပြန်လာတာဘဲ။ ခြေသံက အိမ်အခန်းအနားကို ကပ်ကပ်လာသည်။ ရှောင်ကျန့်က ရီပေါ့်ရဲ့ တကိုယ်လုံးကို အဝတ်နဲ့လွှမ်းခြုံပေးလိုက်တယ်။ပြီးတော့ အခန်းပြင်ကို မထွက်ခင်
"ဒီအထဲမှာဘဲနေ အပြင်ထွက်မလာနဲ့ မင်းပုံစံကို မိဘတွေမြင်ရင်လန့်သွားလိမ့်မယ်"
^. ...............^
Vote ပေးတဲ့သူတွေ ကျေးဇူးပါနော်။ မ vote ရသေးတဲ့သူတွေလဲ vote ပေးကြပါအုံးလို့။ စောင့်ပေးတဲ့သူတွေကိုလဲ ချစ်တယ်နော်😘
Love poison (Zaw)
အပိုင္း ၁၀
"ကိုနိုးလာၿပီလား"
"နိုးၿပီ ရီေလး"
"ကို"
"ရီေလး"
ႏွစ္ေယာက္သား တင္းက်ပ္စြာဖက္ရင္း ရီေပၚက မ်က္ရည္ေတြက်လာတယ္။ေရွာင္က်န့္က ရီေပၚ့ရဲ႕ ပုခုံးေလးကေန ကိုင္ၿပီး ခြာလိုက္ကာ ရီေပၚမ်က္ႏွာေပၚက မ်က္ရည္ေတြကိုသူ႕လက္နဲ႕ ညင္သာစြာ သုတ္ေပးလိုက္တယ္။ၿပီးေတာ့ ရီေပၚမ်က္လုံးေလးေတြကို ေသခ်ာစိုက္ၾကည့္ရင္း ေမးလိုက္သည္။
"ဘာလို႔ငိုေနတာလဲ"
"ေပ်ာ္လို႔ေလ ကိုအခုနဲ႕ဆို ကြၽန္ေတာ့္တို႔ ထားသြားတာ ႏွစ္ခါရွိၿပီ မထားသြားပါဘူးလိူ႕ဂတိေပးၿပီးခါမွ ဘာလို႔ထားသြားတာလဲ ေစာင့္ေနတယ္ဆိုတာ ေမ့ေနတာလား မသိဘဲမသိတာလား"
"မေမ့ပါဘူး ၿပီးေတာ့က္ု ဂတိေပးပါတယ္ ေနာက္ထပ္ သုံးခါေျမာက္ဆိုတာ မရွိေစရေတာ့ပါဘူး ရီေလးကိုဘယ္ေတာ့မွ ထားမသြားေတာ့ပါဘူး"
"တကယ္လား"
"အင္း"
"အာ့ဆိုဂတိေပး"
"ေကာင္းၿပီ"
ေရွာင္က်န့္နဲ႕ ရီေပၚနဲ႕ လက္ခ်င္းခ်ိတ္ကာ ဂတိေပးလိုက္ၾကသည္။ ရီေပၚကေတာ့ အရမ္းေပ်ာ္သြားသည္။ ေရွာင္က်န့္ကို ေနာက္တႀကိမ္မဆုံးရႈံးေစခ်င္ဘူး။ ေရွာင္က်န့္ကေတာ့ ေတြေတြေဝေဝနဲ႕ ဘဲ ေနလိုက္သည္။
အာ့အခ်ိန္မားဝင္လာၿပီ
"သားေလးနိုးၿပီလား နိုးရင္ အျပင္ထြက္ခဲ့ေလ ပါးနဲ႕မား ျပင္ဆင္ထားတာရွိတယ္ သားေလးတို႔အတြက္"
"ဟုကဲ့မား"
ကြၽန္ေတာ္တို႔ႏွစ္ေယာက္လဲ မားေခၚတာနဲ႕ခ်က္ခ်င္းထၿပီး အျပင္ကို ထြက္ၾကည့္ေတာ့ မဂ္လာဝတ္စုံေလးႏွစ္ထည္ကိုေတြ႕တယ္။
"မားဒါဘာလဲဟင္"
"မဂ္လာဝတ္စုံေတြေလ သားတို႔ကို မဂ္လာေဆာင္ေပးမလို႔"
"ရပါတယ္ ကြၽန္ေတာ္တို႔က မဂ္လာေဆာင္ၿပီးသားေလ"
"သားတို႔က သားတို႔ဘာသာေဆာင္တာေလ မားတို႔ျပန္ေဆာင္ေပးရမွာေပါ့ လူေတြလဲ ဖိတ္ၿပီး သိုက္သိုက္ဝန္းဝန္းေလးျပန္ေဆာင္ေပးမယ္"
"မားပိုက္ဆံေတြကုန္မွာေပါ့"
"မကုန္ပါဘူး ဒီႏွစ္ထည္က မားကိုယ္တိုင္ခ်ဳပ္ထားတာေလ"
"ဝါး လွလိုက္တာ "
"သေဘာက်လား"
"ဟုကဲ့"
"ဒါဆို ေနာက္ ၁၀ရက္ေလာက္ေနရင္ က်င္းပၾကမယ္ေနာ္"
"ဟုကဲ့မား ေက်းဇူးပါ"
"ရပါတယ္ ရီေပၚေလးရယ္ မားတိူ႕လုပ္ေပးသင့္တာၾကာပါၿပီ"
..................
ေနာက္တေန႕ ေရာက္ေတာ့ ရာသီဥတုကအရမ္းကို ပူလြန္းတာေၾကာင့္ ရီေပၚတေယာက္ေမာပန္းေနသည္။ သိတဲ့အတိုင္းေျမေခြးေတြကလအပူဒဏ္လုံးဝမခံနိုင္ဘူးေလ။ ကိုကေတာ့လအလုပ္သြားလုပ္ၿပီ။ ကြၽန္ေတာ္ကေတာ့ အိမ္မွာဘဲ မားနဲ႕ အတူ ခ်ည္ထိုးတယ္။ အိမ္လုပ္ငန္းေလးေပါ့။ အာ့လိုအလုပ္ေလးနဲ႕ဘဲ ပိုက္ဆံရွာတယ္။ ကိုကလဲ အလုပ္ကိုႀကိဳးစားၿပီးလုပ္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ရည္မွန္းခ်က္က ကိုယ္ပိုင္ ေဆးခန္းေလး ဖြင့္စားခိင္တာေလ။ ကြၽန္ေတာ့္အစြမ္းနဲ႕ဆို ေဆးခန္းက ခ်က္ခ်င္းျဖစ္နိုင္ေပမဲ့ ကိုေၾကာင့္ေပါ့။ သာမန္အလုပ္နဲ႕ဘဲ ကူညီေပးနိုင္တယ္။
"ရီေပၚ သားေလး အရမ္းပူေနတာလား"
"ရပါတယ္ မားရဲ႕"
"ၾကည့္ပါအုံး နဖူးေတြမွာ ေခြၽးသီးေခြၽးေပါက္ေတြအမ်ားႀကီးစီးက်ေနတယ္"
"ရပါတယ္မား သားအဆင္ေျပပါတယ္"
"ခဏေစာင့္ မား တခုခုသြားေဖ်ာ္ေပးမယ္"
"ဟုကဲ့မား ေက်းဇူးပါ"
မားတေယာက္မီးဖိုေခ်ာင္ထဲဝင္ၿပီ တခုခုေဖ်ာ္ေပးဖို႔ၾကည့္ရင္း ဟိုတေန႕က ေရွာင္က်န့္စီမွာရွိတဲ့ အထုပ္ကို သတိရသြားတယ္။ ေရွာင္က်န့္ကို ဘုန္းႀကီး ေပးသြားတဲ့ အသြင္ေျပာင္း ေဆးမႈန့္ကို မားက အေမႊးနံသာအမႈန့္အထင္နဲ႕ ရီေပၚ့ကိုတိုက္မဲ့အထဲမွာ အကုန္ထဲ့ၿပီး ေဖ်ာ္လိုက္သည္။ အာ့ေဆးက အနံ့ အရသာ မရွိတာမို႔ ဘာအမႈန့္မွန္း သိမွာမဟုဘူးေလ။ အာ့တာနဲ႕မားေဖ်ာ္ၿပီး ရီေပၚ့စီယူေပးလိုက္တယ္။
"ေက်းဇူးပါမားေရ"
"ရပါတယ္ သားခဏနားေနလိုက္ မား ခ်ည္ေတြသြားယူလိုက္အုံးမယ္"
"ဟုကဲ့မား"
ရီေပၚ တခြက္လုံးအကုန္ေသာက္ၿပီးတာနဲ႕ ေဆးစြမ္းက တန္းျပေလသည္။ ေခါင္းေတြမူးလာတာေၾကာင့္ လက္ႏွစ္ဖက္နဲ႕ ေခါင္းကို ဖိကိုင္ထားသည္။ အမွီးေတြ ထြက္ခ်င္သလိုလို အစြယ္ေတြထြက္ခ်င္သလိုလိုနဲ႕ ေတာ္ေတာ္ေလးကို ေနရခက္လွသည္။ ဒီအခ်ိန္ လူေတြလာရင္ ျမင္သြားနိုင္တာမို႔ ရီေပၚ မထနိုင္ထနိုင္နဲ႕ အားတင္းကာ အခန္းထဲကို ျမန္ျမန္ေလး ဝင္ရန္ႀကိဳးစားသည္။ တလွမ္းခ်င္းမနဲေလွ်ာက္ေနသည့္ အေနအထားတြင္ ဆံပင္ေတြျဖဴလာသည္။ နား႐ြက္အရွည္ေတြနဲ႕ ပါးက အေမႊးျဖဴေတြလဲတဆင့္ခ်င္း ထြင္လာသည္။ မ်က္လုံးနီနီ အမွီးေတြလဲ ထြက္လာၿပီးေနာင္ဆုံးတြင္ လုံးဝ ေျမေခြး လူသားအသြင္သို႔ကူးေျပာင္းသြားေလသည္။
အခန္းထဲေရာက္တာနဲ႕ ခ်က္ခ်င္းစိတ္ကိုစုစည္းကာ ျပန္ေပ်ာက္ရန္ တရားထိုင္ေသာ္လည္းမရ ဒီအေျခအေနကို တေယာက္ေယာက္ျမင္သြားမွာ အေတာ္စိုးရိမ္ေနသည္။ မားကေတာ့ ခ်ည္သြားယူတာေတာ္႐ုံနဲ႕ျပန္မေရာက္ေလာက္ပါဘူး စဥ္းစားတုန္း တံခါးဖြင့္သံ
ကြၽီ........
ထိတ္လန့္ဖြယ္ တခါးဖြင့္သံနဲ႕အတူဘာမဆိုရင္ ဆိုင္ရန္ အသင့္ျပင္ၿပီးေနာက္ အေနညက္ကထြက္လာတဲ့အသံက ဘယ္ေတာ့မွ မျဖစ္ပါေစနဲ႕လိူ႕ ဆုေတာင္းေနတဲ့ကိုကို ပါဘဲ။ ကိုမုန္းသြားမွာအရမ္းေၾကာက္မိပါတယ္။
"ဘယ္သူလဲ မင္းက"
"ကို"
မဝံမရဲနဲ႕ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ေရွာင္က်န့္ အနည္းငယ္ တုန္လႈပ္သြားသည္။ရီေပၚကေတာ့ မ်က္ရည္ေတြ ဝဲသီးၿပီး သူ႕ကို ေရွာင္က်န့္ ေၾကာက္သြားမွာ မုန္းသြားမွာ အေတာ္ေလးကို စိုးရိမ္ေနတယ္။ ရင္တထိပ္ထိပ္နဲ႕ ဘာလုပ္ရမွန္းမသိဘူး။ ေရွာင္က်န့္ကေတာ့ ေသေသခ်ာခ်ာ စိုက္ၾကည့္ေနတယ္။မ်က္ႏွာမွာ ဘာပုံပန္းသြင္ျပင္မွ မရွိဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႕ဘဲ။
"ကို ကြၽန္ေတာ္ရွင္းျပတာေလး နားေထာင္ေပးပါ"
"မင္းက ဘယ္သူလဲ လူမဟုဘူးလား ဘယ္လိုလူမ်ိဳးလဲ"
ထက္ထန္တဲ့အေမးေတြေၾကာင့္ရီေပၚ အနဲငယ္ တုန္လႈပ္မိတယ္။ ဘယ္လိုေခၚလိုက္တာလဲ ကိုရယ္ မင္းတဲ့လား။တသက္လုံးက ရီေလးလို႔ေခၚတာအခုေတာ့ မင္းတဲ့လား။ အကို႔အျမင္မွာ ကြၽန္ေတာ္က စိတ္ပ်က္စရာေကာင္းေနၿပီလား။
"ကြၽန္ေတာ္က ႏွစ္တေထာင္ေျမေခြးပါ ကို ကို႔ကို လွည့္ဝွက္ထားဖို႔စိတ္ကူးမရွိပါဘူး ကို႔ကိုေျပာျပမလို႔ပါဘဲ"
"အာ့ဆိုမင္းက တကယ္ဘဲ လူမဟုဘူးေပါ့"
ရီေပၚမ်က္ရည္ေတြက်ကာ ေတာင္းပန္ရန္ႀကိဳးစားေနသည္။ ေရွာင္က်န့္ကေတာ့ မ်က္ႏွာတည္ျဖင့္ဆက္ေမးေနသည္။
"ကို"
"ငါ့အနားမလာနဲ႕"
"ကို"
"မလာနဲ႕ဆို"
"ကို ကြၽန္ေတာ္က လူျဖစ္ျဖစ္ မိစ္ဆာျဖစ္ျဖစ္တူတူပါဘဲ ကိုေၾကာက္ေနတာလား ကြၽန္ေတာ့္ကို"
အာ့အခ်ိန္မားရဲ႕အသံကိုၾကားရသည္။ မားအိမ္ျပန္လာတာဘဲ။ ေျခသံက အိမ္အခန္းအနားကို ကပ္ကပ္လာသည္။ ေရွာင္က်န့္က ရီေပၚ့ရဲ႕ တကိုယ္လုံးကို အဝတ္နဲ႕လႊမ္းၿခဳံေပးလိုက္တယ္။ၿပီးေတာ့ အခန္းျပင္ကို မထြက္ခင္
"ဒီအထဲမွာဘဲေန အျပင္ထြက္မလာနဲ႕ မင္းပုံစံကို မိဘေတြျမင္ရင္လန့္သြားလိမ့္မယ္"
^. ...............^