🦇Vee🦇
..........
"သခင်ကြီး...လက်ဆက်တဲ့သွေးတွေပြင်ဆင်ထားပါတယ်"
တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ထားသောလူတစ်ယောက်က နောက်မှီကုလားထိုင်မှာ နောက်ကျောပေးပြီးထိုင်နေတဲ့ လူတစ်ယောက်ကိုပြောလိုက်လေသည်။
"ဟုတ်ပြီ....ပြင်ဆင်ထားတယ်မလား ငါကိုယ်တိုင်သွားစစ်ဆေးမယ်"
ထိုထိုင်နေတဲ့လူကအေးစက်စက်လေသံဖြင့်ပြောပြီး အခန်းထဲမှထွက်သွားလေသည်။
အခန်းထဲရောက်တော့ စားပွဲပေါ်တွင် တင်ထားတဲ့သွေးခွက်ကို သေချာကြည့်ပြီး
"တောက်!!!ဒါလားလက်စက်တဲ့သွေး။ငါသောက်သုံးချင် တာ အပျိုစင်သွေးဆိုတာမင်းမသိဘူးလား!!!$သုံးတစ်စက်မှမကျဘူး။လပြည့်ညမှာအပျိုစင်သွေးမသောက်ရရင် ငါ့သတ်တမ်းတစ်ဝက် လျှော့မယ်ဆိုတာမသိလို့လား!!ဖြေလေ..!"
"တောင်း...တောင်းပန်ပါတယ်သခင်ကြီး...အပျိုစင်ထင်လို့ သတ်ပြီးသွေးကိုယူလာခဲ့တာပါ"
"မင်းအပျိုစင်ဟုတ်လားမဟုတ်လား အနံ့မခံနိုင်ဘူးလား။မင်းနှာခေါင်းက အနံ့မခံနိုင်တော့ဘူးလား"
"တောင်း...တောင်းပန်ပါတယ် နေကလည်းထွက်ဖို့ သိပ်မလိုတော့တာမို့ သေချာအနံ့မခံနိုင်ပဲ အမြန်ယူလာခဲ့ရလို့ပါ။"
"ထားတော့...နောက်တစ်ခါအဲ့လို နမော်နမဲ့တွေမလုပ်နဲ့။ခုတော့ ငါ့ဘာသာသားကောင်သွားရှာတော့မယ်"
ဒေါသတကြီး အလိုက်မသိတဲ့ကိုယ်ရံတော်အား အော်ငေါက်ပြီးဝတ်ရုံရှည်ကြီးကို တစ်ချက်ဝှေ့၍ လင်းနို့ပုံစံပြောင်းကာ ကောင်းကင်ပေါ်သို့ ပျံသန်းပျောက်ကွယ်သွားလေသည်။
ဟုတ်တာပေါ့။VEEဆိုတာလူမှမဟုတ်ပဲ သူကVampireတစ်ကောင်ပဲလေ။VEEက ကျန်တဲ့အချိန်တွေဆို ကြိုက်တဲ့လူရဲ့သွေးကိုသောက်သုံးနိုင်ပေမဲ့ လပြည့်ညဆို အပျိုစင်သွေးကျိန်းသေပေါက်သောက်ရတယ်။
အရေးကြီးတာတစ်ခုက လပြည့်ညမှာ အပျိုစင်သွေးမဟုတ်ပဲ လူပျိုတစ်ယောက်ရဲ့သွေးကိုသောက်လိုက်မိရင်တော့ အဲ့လူသားလေးက VEEရဲ့ကြင်ယာတော်ကျိန်းသေပေါက် ဖြစ်ရလိမ့်မယ်။
VEEလည်း အပျိုစင်သွေးကိုအသည်းအသန်ရှာရင်းနဲ့ နေထွက်ရန် ၁၀မိနစ်ပဲလိုတော့သည်။ရှာမတွေ့သည့်အဆုံး အရှေ့တွင်တွေ့ရသော ဆေးရုံထဲကိုသာ ဝင်ရန်ဆုံးဖြတ်လိုက်တော့သည်။ကျိန်းသေပေါက် ကိုယ်ဖျောက်ပြီးဝင်ရတာပေါ့။အခုVEEပုံစံက သွေးဆာနေတဲ့ Vampireတစ်ကောင်ပုံစံပေါက်နေတာကို
အခန်းတစ်ခုရှေ့ရောက်တော့ အလွန်အေးချမ်းပြီး မွှေးပျံ့တဲ့သွေနံ့ရလိုက်တာကြောင့်အခန်းတံခါးအားကျော်ဖြတ်ကာအထဲသို့ဝင်ကြည့်လိုက်လေသည်။
အခန်းထဲရောက်တော့ လက်ခုံမှာ ထွက်နေတဲ့သွေးစတွေကို သက်သာလိုညား ပါးစပ်ဖြင့်မှုတ်နေသော
လူတစ်ယောက်အားတွေ့လိုက်ရသည်။ခေါင်းငုံ့ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်းသိပ်မသဲကွဲ။
VEEအားထိုမွှေးရနံ့က ညို့ယူနေသည့်နှယ် ဘာမှမစဥ်းစားနိုင်တော့ပဲ ထိုလူရဲ့လက်အား ဆွဲယူ၍အငမ်းမရသွေးများအားသောက်သုံးလိုက်တော့သည်။
ထိုလူသား၏သွေးသည် VEEအတွက် အရမ်းချိုမြိန်လွန်း တာကြောင့်ကိုယ်ရောင်ပင်ပေါ်လာသည်အထိ
စိတ်လွတ်လက်လွတ်သောက်သုံးနေမိသည်။
VEEသွေးသောက်လို့ဝတာနဲ့ ရင်ခွင်ထဲက မေ့မျောနေတဲ့ လူသားအားတစ်ချက်ကြည့်လိုက်မိသည်။အရမ်းချိုမြိန်လွန်းတဲ့သွေးပိုင်ရှင်ကဘယ်လိုပုံစံရှိလဲဆိုတာသိချင်မိပါရဲ့။
ထိုလူသားကိုကြည့်မိတာနဲ့ တပြိုင်နက် အံ့သြမှုများနဲ့အတူ အမည်မသိခံစားချက်တစ်ခုကပါခွင့်မပြုပါပဲနှလုံးသားထဲတိုးဝင်လာလေသည်။လူသားလေး၏ ပါးပြင်လေးအား အမည်းရောင်လက်သည်းရှည်ကြီးဖြင့်ခပ်ဖွဖွတို့ထိရင်း တစ်ခါမှမဖြစ်တည်ဖူးတဲ့အပြုံးဆိုတဲ့အရာကနှုတ်ခမ်းထက်
ဖြစ်တည်လာခဲ့ရသည်။
"မင်းလေးက ကိုယ့်ကြင်ယာတော်ဖြစ်လာမဲ့ လက္ခဏာပါတော့လည်း ကိုယ်မငြင်းပါဘူး။မင်းလေးကခု ကိုယ့်ရဲ့ဘုရင်လေးဖြစ်သွားပြီ။မင်းလေးကိုယ့်ကိုလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကကိုယ့်အပိုင်ပဲ"
အတ္တရောအချစ်ပါရောပြွန်းနေတဲ့စကားကိုပြောပြီး ထိုကလေးအားပွေ့ချီကာ ဝတ်ရုံတစ်ချက်ဝှေ့လိုက်ပြီး သူ့ရဲ့စံအိမ်ကို ခေါ်ဆောင်သွားလေသည်။
စံအိမ်တော်၌
"သခင်ကြီး.....သားကောင်ရှာတွေ့လာပြီထင်တယ်"
Diလည်း သူ့မျက်စိရှေ့မှာဖျက်ကနဲ ပေါ်လာတဲ့ VEEအား ဝမ်းသာအားရပြောလိုက်လေသည်။
"အင်းးးးရှာတွေ့တယ်။သားကောင်တော့မဟုတ်ဘူး.....ငါ့ကြင်ယာတော်"
Diကိုပြန်ဖြေလိုက်ပြီးသူပွေ့လာသော ကလေးအားပြလိုက်သည်။
"ဟာ..!ဂုဏ်ယူပါတယ်သခင်ကြီး..."
ထိုစကားအား ရင်နာနာနဲ့ပြောခဲ့ရတယ်ဆိုတာ Diတစ်ယောက်တည်းသာ သိလိမ့်မည်။
"အင်း.....အိမ်တော်က အစေခံတွေကိုအကုန်ပြောထား ဒီကလေးက ငါ့ရဲ့ဘုရင်လေးမို့လို့ သူ့အမိန့်ကငါ့အမိန့်ပဲလို့"
"ဟုတ်...ကျွန်တော်သိချင်တာလေးမေးချင်လို့ပါ"
"နေဦး...ဒီကလေးကိုအရင်ဆုံး ကုတင်ပေါ်တင်ပေးပြီးမှမေး"
VEEမည်သူ့ကိုမှပေးမဝင်တဲ့သူ၏အိပ်ခန်းသို့ ခေါ်သွားလေသည်။ကျိန်းသေတာပေါ့ ထိုအခန်းကို Diအခုမှပထမဆုံးဝင်ဖူးတယ်ဆိုတာ။
"Di..ပြတင်းပေါက်တွေဖွင့်လိုက်။ အလင်းရောင်တွေဝင်ပါစေ"
"ဟုတ်..သခင်ကြီး..နေရောင်ကွယ်ဂါထာရွတ်ပြီးရင် ကျွန်တော်ဖွင့်ပေးပါ့မယ်"
Diကော၊VEEပါ ဂါထာတစ်ပုဒ်အား ပါးစပ်လှုပ်ရုံ ရွတ်လိုက်ကြသည်။
"ရပြီ...ဖွင့်တော့"
"ဟုတ်ကဲ့ သခင်ကြီး"
အလျှင်အမြန်ပြတင်းပေါက်ဆီသွားကာဖွင့်လိုက်လေသည်။
"မင်းမေးမို့ဆို...ဘာလဲ..မြန်မြန်မေး..ငါ့Babyခုထိသတိမရသေးဘူး။သတိရအောင် လုပ်ပေးရဦးမယ်"
*သခင်ကြီးရယ် ကျွန်တော်က ခုမှတွေ့တဲ့သူလောက်လောက် ဦးစားပေးမခံရပါလား။ကျွန်တော့်ရင်တွေနာလိုက်တာ*
"ဟေ့...!မင်းကိုမြန်မြန်မေးဖို့ပြောနေတယ်လေ"
"အော်...ဟုတ်..ကျွန်တော်အတွေးလွန်နေလို့ပါ။သခင်ကြီးက..လပြည့်ညမှာ အပျိုစင်သွေးမသောက်လိုက်ရဘူးလေ..အဲ့တော့ သခင်ကြီးအသက်တစ်ဝက်လျှော့မှာလား"
"ဟက်....အားလုံးကဒီကလေးပေါ်မှာပဲ မူတည်တယ်"
ကုတင်ပေါ်တွင် မေ့မျှောနေတဲ့ ကလေးရဲ့ ခေါင်းလေးအား ပုတ်ပြီးပြောလိုက်လေသည်။မျက်နှာတွင်လည်း Diတစ်ခါမှမမြင်ဖူးတဲ့ အပြုံးတစ်ပွင့်နှင့်။
"သူနဲ့ဘယ်လိုမူတည်နေလို့လဲ"
ထိုစကားကြားတော့ VEE သူ့ကလေးလေးဆီကနေ အကြည့်လွှဲပြီး ကြောက်ဖို့ကောင်းတဲ့အကြည့်တွေနဲ့ Diအားကြည့်ကာ
"မင်း...Babyကို ရှင်သခင်လို့ခေါ်ရမယ်..ဒီလိုခေါ်တာဒါနောက်ဆုံးအကြိမ်ပဲဖြစ်ပါစေ"
"ဟုတ်တောင်း...တောင်းပန်ပါတယ်"
"ထားတော့...ဒီကလေးသာ ငါ့ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ တစ်ကယ်ချစ်ပြီး လက်ထက်လိုက်ရင် ငါ့အသက်တစ်ဝက်မလျှော့တဲ့အပြင် ငါ့အမြုတေလည်း အားကောင်းလာလိမ့်မယ်"
"အော်....သိပါပြီသခင်ကြီး...ရှင်းပြပေးတာကျေးဇူးကြီးမားပါတယ်...ရှင်သခင့်ကို နိုးထလာအောင် လုပ်ဆောင်ပါတော့"
"ဟုတ်ပြီ"
မေ့မျောနေတာလားအိပ်မောကျနေတာလားမသဲကွဲတဲ့ ကလေးလေးရဲ့ အပေါ်ကနေလက်နှစ်ဖက်ဖြန့်လိုက်ပြီး ဂါထတစ်ခုအားရွတ်ဆိုလိုက်လေသည်။ ထိုလက်ထဲမှ အနီရောင် အလင်းတန်းများထွက်လာပြီး လှဲလျှောင်းနေတဲ့ကလေးရဲ့နှလုံးသားထဲကိုဝင်သွားလေသည်။
"ဒါကိုယ့်နှလုံးသားထဲက မင်းလေးကိုချစ်လို့ထွက်လာတဲ့ အချစ်အလင်းတန်းပဲ Baby။အမြန်နိုးထလာတော့"
ခဏနေတော့ ထိုကလေးလေး ညည်းညူတဲ့အသံလေးနဲ့ အတူတူလှုပ်လာတော့သည်။
*အင်းးးးးအ့...!လက်နာလိုက်တာ ငါဘယ်ရောက်နေတာလဲ*
Vaselလေးသူ့လက်အားကိုင်ကာ ဘေးပတ်လည်လိုက်ကြည့်နေတော့သည်။တစ်ခန်းလုံးအမည်းရောင်တွေသာသုံးထားပြီးအလင်းရောင်ဆိုလို့ခြေရင်းဘက်ခြမ်းမှာရှိတဲ့ပြတင်းပေါက်တစ်ခုစီမှာပါရှိသည်။ဘေးဘက်ခြမ်းကနေ စိုက်ကြည့်နေသလို ခံစားရတာကြောင့် လှည့်ကြည့်လိုက်မိသည်။
"ဟင်!!ခဗျားတို့က ဘယ်သူကြီးတွေလဲ။ကျွန်တော့ကိုဘာလုပ်ဖို့ဖမ်းလာတာလဲ။ဘာလဲ...ပိုက်ဆံလိုချင်လို့ ပြန်ပေးဆွဲတာလား။ဒါလည်း မဟုတ်လောက်ပါဘူး အိမ်ခန်းကြီးက ငါ့အိမ်ထက်တောင်ကြီးနေသေးတယ်။ခဗျားတို့ဘယ်သူတွေလဲ..!!!ဖြေလေ!"
"အို...ဟိုးးး Babyရယ် မေးခွန်းတွေကများနေရောပဲ။ညကဘာဖြစ်ခဲ့လဲမှတ်မိလား"
VEEတစ်ယောက် လက်နှစ်ဖက်ပိုက်ကာ နိုးလာကတည်းက ပေါက်ပေါက်ဖောက်နေတဲ့ သူ့အနာဂတ်ကြင်ယာတော်လေးအား အသည်းယားစွာပြောလိုက်လေသည်။
"ည..ညက..ညကကျွန်တော် လူနာအတွက်ဆေးတွေလိုလို့ ဂိုထောင်ထဲသွားခဲ့တယ်လေ..ပြီးတော့..အဲ့မှာရှိတဲ့သံနဲ့ လက်ခုံကိုခြစ်မိတာ သွေးတွေအားကြီးပဲ နာလို့လက်ကိုမှုတ်နေတဲ့အချိိန်မှာ.....အား..!ခဗျား..ခဗျားလား အဲ့တာ ကျွန်..ကျွန်တော့..လက်ကိုလာကိုက်ပြီး....သွေး....သွေးလာစုပ်တာ"
ထိုကလေးလေးလည်း ကြောက်လန့်ကာ VEEအား လက်ညိုးတစ်ထိုးထိုးဖြင့် ကုတင်စွန်းသို့ တရွေ့ရွေ့သွားနေသည်။
"Hey..Babyစိတ်လျှော့...စိတ်လျှော့ အနောက်ကိုဆုတ်မနေနဲ့လေ...ပြုတ်ကျရင်ကိုယ်ရင်ကျိုးရချည်ရဲ့"
"ဘာရင်ကျိုးတာလဲ စားရမဲ့သားကောင် သေသွားမှာစိုးလို့မလား"
"မဟုတ်ပါဘူးကွာ...မင်းလေးကိုကိုယ်ကမစားပါဘူး..မင်းလေးရဲ့နှလုံးသားကိုကိုယ့်ရဲ့အချစ်တွေနဲ့ပဲတိုက်စားပြစ်မှာ"
"ဟမ်...ဘာ..ဘာ..တွေ..လာပြောနေတာလဲ။အရှက်တစ်စက်မှ မရှိပါလား။ခဗျား ဘယ်လိုလူလဲ"
ပေါ်တင်ကြီးရည်းစားစကားအပြောခံလိုက်ရတဲ့ကလေးငယ်လေး ရှက်ကိုးရှက်ကန်းဖြစ်နေလေသည်။
"ဟားးးဟားးရှက်နေတာလေးကအူယားစရာလေး....ပြီးတော့ကိုယ်ကဘယ်လိုလူမှမဟုတ်ဘူး ကိုယ်ကVampireတစ်ကောင်။ဟေး~~ကြောက်တော့မသွားနဲ့နော်"
ဘာကိုမှမစိုးရိမ်တတ်တဲ့Vampireတစ်ကောင်ဖြစ်ပေမဲ့
လည်းသူ့ကလေးကြောက်သွားမှာတော့စိုးရိမ်မိပါသည်။
"မကြောက်ပါဘူး...ခဗျားက ကျွန်တော့ကို ကြိုက်နေတာပဲဟာကို ဘာလို့ကြောက်ရမှာလဲ"
"အမယ်...အဲ့ဆိုBabyက ကိုယ့်ကိုပြန်ကြိုက်မယ်ပေါ့"
"ဟာ..ဘာဆိုင်လို့လဲ နှာဘူးVampireကြီးရဲ့...ကျွန်တော်က ခဗျားကိုမကြိုက်ဘူး ခဗျားကျွန်တော့ကို ကြိုက်နေတာကိုပဲကြိုက်တာ ရှင်းပြီလား လိုရာဆွဲတွေးကျန်းမာရေးကြီးရဲ့"
"ဟားးးးးဟားးးးးမင်းလေးနဲ့တွေ့မှပဲကိုယ်လည်းနမည်မျိုးစုံတွေရကုန်ပြီ။စိတ်မပူပါနဲ့ မင်းလေးက ဒီတိုင်းလေးပဲရပ်နေပေး ကိုယ်ကမင်းလေးဆီ တစ်လှမ်းချင်းဆီလာပြီး မင်းလေးရဲ့နှလုံးသားလေးကိုခိုးယူပါ့မယ်"
"........."
"ဟိတ်...ရှက်မနေနဲ့ ကိုယ့်နမည်VEE, Babyကတော့ ကိုကိုလို့ခေါ်ပေါ့"
"မခေါ်ပါဘူးနော် ခေါ်စရာလား။ကျွန်တော့နမည်က တံခွန်ကြယ်"
"NO..NO..Babyနမည်က Vasel"
"မကြိုက်ပါဘူး...ကိုယ့်နမည်ပဲကိုယ်သုံးမှာ"
"ဒီတစ်ခုတော့လိုက်လျောပေးပါကွာ...နော်...နော်...နော်လို့"
"ရုပ်ကြမ်းကြီးနဲ့ချွဲမနေနဲ့။ပြီးရောပြီးရော"
"ဒါမှတို့Babyကွ..."
*ဒီလိုကျတော့လည်း ဒီလူကြီးကချစ်စရာကြီး။ဟဲ့..ငါဘာတွေတွေးနေတာလဲ..ဗိုက်ဆာလို့..ဟုတ်တယ်ဗိုက်ဆာလို့ ဒီလိုဖြစ်နေတာနေမယ်*
"လူကြီးကျွန်တော်အိမ်ပြန်တော့မယ်လေသက်လည်းသက်သာနေပြီဆိုတော့"
*ဟန့်...ဒီလိုလွယ်လွယ်ကူကူပြန်လွှတ်လိုက်ဖို့ခေါ်လာတာမှမဟုတ်ပဲ*
"အင်းပြန်မယ်ဆိုလိုက်ပို့ပေးရမှာပေါ့...ဒါပေမဲ့မနက်စာတူတူစားပေးလို့ရမလား တစ်ယောက်တည်းစားရတာအထီးကျန်သလိုခံစားရလို့"
အမှန်တော့VEEသူ့ကလေးလေးလိမ်ညာလိုက်ခြင်းဖြစ်
သည်။ဟန့် အထီးကျန်ဆိုတာ VEEနဲ့မအပ်စက်တဲ့အရာ လိုတောင်ဖြစ်နေခဲ့တာ။အင်း...အချစ်ကအရာအားလုံးပြောင်းလဲပေးနိုင်တယ်ဆိုတဲ့စကားကိုVEEနည်းနည်းတော့လက်ခံသွားမိသည်။
"အာ...ဟုတ် ကျွန်တော်မနက်စာတူတူစားပြီးမှ ပြန်ပါ့မယ်"
...............
Zawgyi
🦇Vee🦇
..........
ဖြစ်တည်လာခဲ့ရသည်။
စံအိမ်တော်၌
"ရပြီ...ဖွင့်တော့"
"ဟုတ်ကဲ့ သခင်ကြီး"
"ဟုတ်ပြီ"
"ည..ညက..ညကကျွန်တော် လူနာအတွက်ဆေးတွေလိုလို့ ဂိုထောင်ထဲသွားခဲ့တယ်လေ..ပြီးတော့..အဲ့မှာရှိတဲ့သံနဲ့ လက်ခုံကိုခြစ်မိတာ သွေးတွေအားကြီးပဲ နာလို့လက်ကိုမှုတ်နေတဲ့အချိန်မှာ.....အား..!ခဗျား..ခဗျားလား အဲ့တာ ကျွန်..ကျွန်တော့..လက်ကိုလာကိုက်ပြီး....သွေး....သွေးလာစုပ်တာ"
"........."
"NO..NO..Babyနမည်က Vasel"
"ဒါမှတို့Babyကွ..."
...............