''လမ်းခွဲမယ်ဟုတ်လား..''
သူ့အသံကအနည်းငယ်မာသွားသည်ထင် မျက်ဝန်းညိုလေးက အနည်းငယ်လန့်သွားပုံရသည်။သို့သော် ဟန်ဆောင်ကောင်းတဲ့ မျက်ဝန်းညိုလေးက လက်လေးနှစ်ဖက်ကို
ခပ်တင်းတင်းဆုပ်ပြီး သူ့ကိုပြန်ပြီး ခွန်းတုံ့ပြန်သည်။
''ဟုတ်တယ် လမ်းခွဲမယ်။မေ့မေ့ကို
ခုနပုံစံနဲ့ ထပ်မြင်ရရင် ကျွန်တော်
ရူးသွားလိမ့်မယ်ဗျ''
ဒီကလေးငယ်တော့..
ခုနလိုမျိုးသွေးဖိအားဆောင့်တက်တယ်ဆိုတာက သွေးကြောပိတ်တာကို ခွဲထားတဲ့လူနာတွေအတွက်
ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်မျိုးပဲကို။
အခုလိုသွေးပူနေတဲ့အချိန် ရှင်းပြရင်လည်းနားမလည်မှာမို့ စကားလုံးတွေကို jungkookမျိုသိပ်လိုက်သည်။
ဖြစ်သင့်ဖြစ်ထိုက်မည့်စကားကိုပဲ
သူဆိုလိုက်သည်။
''လမ်းခွဲတယ်ဆိုတာ
တစ်ယောက်ထဲဘက်ကပဲ
ခွဲချင်တိုင်းခွဲလို့ရမယ် ထင်နေလား''
''ခွဲလို့ရတာပေါ့။ ရုပ်ရှင်တွေထဲမှာ
ဒီလိုပဲ လမ်းခွဲနေကြတာပဲ''
ချာတိတ်လေးစကားကြောင့်
ဒီလိုကမောက်ကမအခြေအနေတွင်ကို jungkookရီချင်မိသွားသည်။
ဘယ်လိုတောင်
ကလေးဆန်တဲ့အတွေးပါလိမ့်။
သို့သော် သူ့မျက်နှာကို
တည်တည်တံ့တံ့ပုံစံပင်ထားကာ
''ရုပ်ရှင်ထဲက ဇာတ်ကောင်တွေက ဇာတ်လမ်းသဘောအရ
လမ်းခွဲချင်တိုင်း ခွဲရတာ။
ဒါကအပြင်လက်တွေ့ ဒီလိုကိစ္စမျိုးမှာ သေချာစဥ်းစားပြီးလုပ်ရမယ်လေ''
ထိုသို့ ဟိတ်ဟန်နည်းနည်းထည့်ပြီး ငေါက်လိုက်မှ ချက်ချင်း
ငြိမ်ကျသွားသည့် ချာတိတ်လေး။
ဘာမှလည်း ခွန်းတုံ့မပြန်တော့။
''ချာတိတ်လေးက လမ်းခွဲချင်တယ်ဆိုပေမယ့်ကိုယ်ကတော့လမ်းမခွဲချင်ဘူး။
ဒီ့ထက်ရှင်းအောင်ပြောရရင်
ကိုယ်မင်းကို
လက် မ လွှတ် ပေး နိုင် ဘူး''
ပြတ်ပြတ်သားသားကို
ပြောလိုက်သည့်jungkook။
အသံမာသွားလည်းမတတ်နိုင်။
အမေဖြစ်သူကို သနားပြီး
ကြောက်အားလန့်အားနဲ့
ဒီကလေး လျှောက်လုပ်နေတာ။
စိတ်ဆိုးသွားတာလား၊ သူ့စကားကို လက်ခံလိုက်တာလားတော့မသိ
ဘာစကားမှမဆိုတော့ဘဲ သူ့မေမေဘေးနား သွားထိုင်နေလေသည်။
သူလည်း ထိုအခန်းထဲ
ဆက်မနေတော့ဘဲ အပြင်သို့ထွက်လာလိုက်သည်။ပြီးနောက် သူနာပြုတစ်ယောက်ကို ထိုအခန်းဆီသို့ သွားစေပြီး လူနာသတိရရင် လှမ်းအကြောင်းကြားဖို့ပါ တဆက်တည်းမှာခဲ့လိုက်သည်။
=====
လူနာသတိရပါပြီဟူသော သူနာပြု၏အကြောင်းကြားသံကြောင့်
သူ့ခြေလှမ်းများကို လူနာယူဟာနာဆီသို့ ဦးတည်လိုက်သည်။
အခန်းထဲသို့ မဝင်သေးဘဲ တံခါးအပြင်မှာ သူခဏလောက်ရပ်နေမိသည်။
အရင်ကတည်းက အမြင်မကြည်သည့်လူတစ်ယောက်ကို ကိုယ်ချစ်တဲ့
လူတစ်ယောက်ရဲ့အမေဆိုသည့်
အသိဖြင့် ရိုရိုသေသေဆက်ဆံရမည်ကို
အသားမကျသေးတာ၊
နေရခတ်နေတာ ဖြစ်မည်။
သို့သော်လည်း ဖြစ်ချင်ရာဖြစ် အကုန်ရင်ဆိုင်ပစ်မယ်ဟူသည့် သတ္တိမွေး၍ အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်သည်။
သူ့ကိုမြင်တော့ အနည်းငယ်
အံ့သြသယောင်ပုံစံဖြင့် ကြည့်နေသည့် ယူဟာနာ။
အရင်နှင့် အရမ်းကွဲပြားနေသောသူမ ရုပ်ရည်။တည်ငြိမ်နေသည့် မျက်ဝန်း။
ရင့်ကျက်သလို ပုံစံမျိုးကို တွေ့ရ၍
jungkook အနည်းငယ်တော့
စိတ်အေးရသည်။
''ဘယ်လိုနေသေးလည်း''
သူ့ဘက်မှ စတင်စကားဆိုလိုက်ခြင်း။
''အဆင်ပြေနေပါပြီ။ သားလေးကပြောတယ် ကျွန်မကို အသက်ကယ်ပေးခဲ့တာ jungkookဆို။ တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်''
''ရပါတယ်..''
''သားလေးနဲ့ jungkookက
ချစ်သူတွေဆို''
''မေမေ့!!''
မထင်မှတ်ထားသည့်
မေ့မေ့အမေးကြောင့် taehyung
လန့်သွားမိသည်မှာ အမှန်။
''ဟုတ်ပါတယ်။ ချာတိတ်လေးနဲ့ ကျွန်တော်က ချစ်သူတွေပါ''
အေးဆေးတည်ငြိမ်သည့် အသံမျိုးဖြင့်
ပြန်ဖြေသည့် ဦးကို taehyung
မယုံနိုင်စွာ လှည့်ကြည့်မိသည်။
သူ့ကို အလန့်တကြား
လှည့်ကြည့်လာသည့် ကလေးငယ်ကို အဆင်ပြေသွားမှာပါဆိုသည့်
သဘောမျိုးဖြင့် jungkook
ခပ်ရေးရေးလေး ပြုံးပြမိသည်။
''သားလေးနဲ့ ရှင့်အကြောင်းတွေ အကုန်လုံးကို ကျွန်မကို
ပြောပြပေးလို့ရမလား..''
''မေမေကလည်း မေမေမှ
မသက်သာသေးတာကို ဒါတွေ နောက်မှ နားထောင်လို့မရဘူးလား''
''နားထောင်ချင်နေတယ်ဆိုရင်တော့ ကျွန်တော်ပြောပြပေးလို့ရပါတယ်''
''ဦး!!''
သူနှင့် ဆန့်ကျင်ဘက်
လိုက်ပြောနေသည့် ဦးကို
taehyung အော်ပစ်မိသည်။
အခုအချိန်သူ့စိတ်ထဲမှာစိုးမိုးနေတာက
သူနဲ့ဦးအကြောင်းကိုနားထောင်နေရင်း
မေမေ ခုနလို ပြန်ဖြစ်သွားမှာဆိုးတာ။
မေမေ တစ်ခုခုဖြစ်သွားမှာကိုပဲ
သူစိုးရိမ်နေမိတာ။အခုအချိန်မှာ
မေ့မေ့ကို နားစေချင်တယ်။အဆင်ပြေမှ အဲ့အကြောင်းတွေ ပြောပြချင်တယ်။
နားထောင်စေချင်တယ်။ဒါ သူ့ရဲ့ဆန္ဒပဲ။
''သား မေမေ အဲ့တာတွေကို နားထောင်မှရမယ်။မေမေနဲ့ jungkook နှစ်ယောက်ထဲ ပြောချင်တယ်။
သားအပြင်ထွက်ပေးပါ့လား''
taehyung ခေါင်းရမ်းပစ်သည်။
''ဟင့်အင်း သားအပြင်ဘက် မထွက်ချင်ဘူး။မေမေတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလည်း။နားလိုက်ပါ မေမေရယ် နော်''
'' မေမေ jungkookနဲ့
ပြောစရာတွေရှိနေလို့ပါ။
အပြင်ခဏလောက်ထွက်ပေးပါ
သားရယ်...''
''ကိုယ်လည်း ချာတိတ်လေးမေမေကို ပြောစရာတွေ တကယ်ရှိနေလို့ပါ''
သို့နှင့် သို့နှင့် သူအပြင်မထွက်မချင်း
တောင်းဆိုမှုပေါင်းစုံနှင့်
ဖိအားပေးနေသည့် ဦးနှင့်မေမေ။
မေမေတစ်ခုခုဖြစ်သွားမှာကို
စိုးရိမ်နေတာရော၊ မေ့မေ့စကားအတိုင်း ဦးက သူ့ကို ထားပစ်ခဲ့မှာကို စိုးရိမ်နေတာရော..
အဲ့ဒီ သူ့ရဲ့ စိုးရိမ်မှုတွေကို
ဘာလို့မမြင်ကြတာလည်း။
စိတ်မွန်းကျပ်လွန်းလို့ အခန်းထဲက ထွက်သွားဖို့ သူရွေးလိုက်သည်။
သို့သော် အခန်းထဲမှ ထွက်မသွားခင်
ဦးဘက်သို့ လှည့်ကာ သူ့သဘောထားတစ်ချို့ကို ပြောဆိုလိုက်သည်။
''မေမေ သက်သာသွားမှ ကျွန်တော်တို့ အကြောင်းတွေ ပြောပြစေချင်တာ။
အဲ့ဒါကိုဦးက
နားလည်းမလည်ပေးဘူး။
ဦးရှင်းပြနေတုန်း မေမေ
တစ်ခုခုဖြစ်သွားရင် ကျွန်တော် ဦးကို အများကြီး စိတ်ဆိုးပစ်မှာ''
=======
သားလေး၏ တဇွတ်ထိုးအပြုအမူကြောင့် jungkookကို အားတုံ့အားနာဖြင့် သူမလှမ်းကြည့်လိုက်သည်။
jungkookက
သူမသဘောကို သိသည်ထင်
ဘာမှမဖြစ်ပါဘူးဆိုသည့် ပုံစံမျိူးဖြင့်
ခပ်ရေးရေးလေး ပြုံးပြလာသည်။
''jungkookက အရင်နဲ့လုံးဝမတူဘူး။
တော်တော်ကြီး ပြောင်းလဲသွားတာပဲ''
''ယူဟာနာရောပဲ''
သူမက ပြတင်းပေါက်ကို
ခပ်ဆွေးဆွေးလေး စိုက်ကြည့်ပြီး
''သားလေးက ဘယ်သူ့သားလည်း
ဆိုတာကို ရှင်သိနေလောက်ပြီ
ထင်ပါတယ်''
''သိနေပါတယ်''
''ကျွန်မကို မညာဘဲ ဖြေပေးပါ။
သားလေးကို ရည်ရွယ်ချက်ရှိရှိနဲ့
ကပ်ခဲ့တာလား။ ကင်မ်မင်ယောင်းနဲ့ ကျွန်မရဲ့သားမှန်း သိသိကြီးနဲ့
ကပ်ခဲ့တာလား''
ဒီမေးခွန်းမျိုး မေးလာလိမ့်မယ်လို့
အစကတည်းက သူတွေးမိပြီးသား။
''ကျွန်တော်မသိခဲ့ပါဘူး။
တကယ်ကိုမသိခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိလည်း ကပ်ခဲ့တာမဟုတ်ပါဘူး''
''သားလေးကရော ရှင်က
သူ့အဖေရဲ့အချစ်ဦးဆိုတာကို သိလား''
''ချာတိတ်လေးက သိနေခဲ့ပါတယ်။
သူကိုယ်တိုင်ပဲ ကျွန်တော့်ကို
ဒီအဖြစ်မှန်ကို ပြောပြခဲ့တာပါ''
ယူဟာနာ အံ့သြသွားမိသည်။
သူမကိုယ်တိုင်ကလည်း
ဒီအကြောင်းတွေကို မပြောခဲ့ဘဲ ဘယ်လိုများ သိသွားရတာပါလိမ့်။
''ဒါဆို နှစ်ယောက်လုံး အဖြစ်မှန်တွေကို သိသိရက်နဲ့ တွဲခဲ့ကြတာပေါ့''
''ဟုတ်ပါတယ်..''
အချိန်တစ်ခုလောက်အထိ
ခေါင်းငုံ့လျက်သားဖြင့်
ငြိမ်နေသည့်သူမ။
ပြီးမှ ရှိုက်သံတဝက်ရောသည့်အသံဖြင့်
''ငါမယုံဘူး...''
ချက်ချင်းပင် လက်ဖဝါးနှစ်ဖက်ကို အတင်းပူးကပ်ပြီး မျက်ရည်များဖြင့် မော့ကြည့်ပြန်သည့် သူမ..
''ငါ့ရဲ့ အခုလို အခြေအနေကြောင့်။ မဟုတ်ရင် ငါက ဒူးပါထောက်ပစ်ချင်မိတာ။တကယ်တမ်းပြောရရင် နင်ပြောတာတွေ ငါမယုံနိုင်ဘူး jungkookရယ်။
ဒီအဖြစ်မှန်တွေကို နင်အစကတည်းက သိနေခဲ့တယ် မဟုတ်လား ဟမ်။
ငါ့ကို မုန်းလို့၊ လက်စားချေချင်လို့
နင် ငါ့သားလေးကို ချစ်ချင်ယောင်ဆောင်နေတာ မဟုတ်လား။
ငါတကယ်တောင်းပန်ပါတယ် jungkookရယ်။နင်မကျေနပ်ရင်ငါ့ကိုပဲ နှိပ်စက်ပါ။ငါ့သားလေးကိုတော့ မလုပ်ပါနဲ့။ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်''
''....''
''သားလေးက နင့်ကို တကယ်ချစ်နေတာထင်ပါတယ်။ အဲ့တာကြောင့်မလို့ ငါ့ကိုမကျေနပ်သမျှ ငါ့သားလေးအပေါ်
ပုံမချပါနဲ့ jungkookရယ်''
ယူဟာနာ၏ စကားများက
သူ့သိက္ခာကို စော်ကားနေသလို
ဖြစ်နေ၍ jungkookစိတ်တိုမိသည်။
တစ်ချိန်တည်းမှာပင်
ယူဟာနာကို သနားမိပြန်သည်။
အမေတစ်ယောက်က သားကို
ချစ်လွန်းပြီး စိတ်ပူလွန်နေတာ။
သူမအတွေးတွေကလည်း
သူမဘက်ကနေကြည့်လျှင်
မှန်နေသည်မဟုတ်ပါလား။
သို့ပေမဲ့ သူ မလုပ်ထားသည့်
အရာတစ်ခုအတွက်တော့
ဖြေရှင်းရမည်။
''ယူဟာနာ ခင်ဗျားကို ကျွန်တော်မုန်းတယ်ဆိုတာကို ဝန်ခံပါတယ်။ဒါပေမဲ့ ကျွန်တော်ခင်ဗျားကို လက်စားချေဖို့ တစ်ခါလေးမှ မတွေးခဲ့ဖူးဘူး။ကျွန်တော်တကယ်လို့ လက်စားချေချင်ခဲ့ရင် ခင်ဗျားလက်ထဲကနေ hyungကို ပြန်လုယူခဲ့မှာဗျသိလား။ဒါပေမဲ့ ကျွန်တော်အဲ့လောက် လူမဆန်တာတွေ မလုပ်ဘူး။ချာတိတ်လေးကိုလည်း ခင်ဗျားရဲ့သားမှန်းတကယ်မသိခဲ့တာပါ။အဲ့ဒီအဖြစ်အမှန်တွေကို သူ့ကို
ဖွင့်ပြောတဲ့နေ့မှာမှ သိခဲ့ရတာ။
ပြီးတော့ ချာတိတ်လေးကို
ချစ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူး။တကယ်ပြောမပြတတ်အောင် ချစ်တာပါ။စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးပါဗျာ''
ကျွန်တော့်စကားကြောင့် သူမက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ
အပြင်းအထန်အော်ငိုသည်။
''ငါ သားလေးနဲ့ နင့်ကိစ္စကို သိသိချင်း အိပ်လို့ကိုမရခဲ့ဘူး။နင်များ ငါ့သားလေးကို လှည့်စားနေတာများလား
ဆိုပြီးတော့လေ။ငါအဲ့လိုမျိုးမတွေးသင့်မှန်းသိပေမဲ့ ငါကအမေတစ်ယောက်။အဖေမေတ္တာမရခဲ့တဲ့ ငါ့သားလေးကို ငါအများကြီးချစ်ပေးခဲ့တာ။
နင့်ကို ယုံကြည်ဖို့ ခက်ခဲပေမဲ့ နင့်ရဲ့တည်ငြိမ်တဲ့မျက်လုံးတွေကြောင့် ငါယုံကြည်ပေးချင်တယ်။ငါ့သားလေးကို စောင့်ရှောက်ပေးပါ jungkookရယ်။
ယူဟာနာအနေနဲ့ မဟုတ်ဘဲ အမေတစ်ယောက်အနေနဲ့ ငါတောင်းဆိုပါတယ်''
အမေတစ်ယောက်အဖြစ်
ရင့်ကျက်နေသည့် ယူဟာနာ၏ တောင်းဆိုစကား...။
သူ ရဲရဲကြီး ကတိပေးလိုက်သည်။
''စိတ်ချပါ။ကျွန်တော် ချာတိတ်လေးကို
လက်ထပ်ဖို့အထိတောင် ချစ်ခဲ့တာပါ''
jungkook၏တည်ကြည်သည့်
စကားကြောင့် သူမရင်ဘတ်ထဲ
ရက်အနည်းငယ်လောက်အထိ တစ်ဆို့နေခဲ့သည့် အစိုင်အခဲကြီး အနည်းငယ် ပြေပျောက်သွားသလို ခံစားရသည်။
တစ်ချိန်ထဲမှာပင်
ပီတိလည်းဖြစ်ရသလို၊
ဝမ်းလည်းဝမ်းနည်းမိသည်။
''အစစအရာရာအတွက်
ငါတောင်းပန်ပါတယ် jungkookရယ်''
ထိုသို့နှင့် လူကြီးလူကောင်းပီသသည့်
မေတ္တာအားပြိုင်ပွဲတစ်ခုမှာ
ယုံကြည်မှုဟူသည့်အရာဖြင့်
အဆုံးသတ်သွားခဲ့ပါသည်။
No Reason
မီးရောင်ပျပျအောက်မှာရှိတဲ့ ဒီထိုင်ခုံမှာ သူထိုင်နေခဲ့တာ အတော်ကြာပြီ။
ဘေးဘီကို ဝေ့ကြည့်လိုက်တော့လည်း
မည်းမှောင်လို့..။
မိုးချုပ်နေပြီမှန်းသိပေမယ့်လည်း
ဆေးရုံဆီ မပြန်ချင်သေးပါ။
ခြေထောက်မှ
ဖိနပ်အဖြူလေးကို မြင်တော့
ရင်တစ်ခုလုံး စို့တက်လာသည်။
ဖိနပ်မပါတဲ့သူ့ကို ဆူငေါက်ပြီး
ချက်ချင်းပဲ ဒီဖိနပ်အဖြူလေးကို
ပြေးဝယ်ပေးခဲ့တာ။
မာထန်သယောင်ရှိပေမဲ့ နူးညံ့မှု
ရောနေသည့် ဦး၏ မျက်ဝန်းတွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေကို
သူသိပ်သဘောကျသည်။
တဆက်တည်း မစဥ်းစားမဆင်ခြင် လမ်းခွဲစကား ပြောမိသည့်
ကိုယ့်ကိုယ်ကိုလည်း
အရမ်းစိတ်ပျက်မိသည်။
သူ့လို ကလေးဆန်တဲ့လူကြောင့်
ဦးလည်း အရမ်းစိတ်ပျက်နေရောပေါ့။
ဖြစ်နိုင်ရင် တစ်ညလုံး
ဒီနေရာမှာပင် ထိုင်နေချင်မိသည်။
ခုံတန်းလေးတစ်ခုပေါ်တွင်
ခေါင်းငိုက်စိုက်ချကာ ထိုင်နေသည့် ကောင်လေးကို ဟန်ယူဂျင်း ကြည့်နေသည်မှာ အတော်ကြာနေလေပြီ။
တဖြည်းဖြည်းနှင့်
နာရီလက်တံက ရှစ်နာရီထိုးလုပြီ။
ထိုကောင်လေးကတော့ ထိုင်ခုံပေါ်ကနေ ထဖို့အစီအစဥ်ရှိရဲ့လားမသိ။
ထိုကလေးအနားသို့ သူမ
အသာလေးလျှောက်သွားလိုက်ပြီး
ငုံ့နေသည့် ခေါင်းလုံးလုံးလေးကို
ထိကိုင်ဖို့ လက်လှမ်းလိုက်သည်။
ခင်မင်နေစဥ်တစ်လျှောက်လုံး
ထိုကလေးငယ်၏
ခန္ဓာကိုယ်အစိတ်အပိုင်းများအား လက်လွတ်စပယ်မထိကိုင်ဖူး၍
အခုလို ခေါင်းလေးကိုင်ဖို့ကို
သူမ မဝံ့မရဲဖြစ်နေသည်မှာအမှန်။
ခေါင်းလေးကို ဖွဖွလေးထိလိုက်သည့်ခဏလေးအတွင်းပင်
ချက်ချင်းဆိုသလို မော့ကြည့်လာသည့် ကောင်လေးကြောင့် သူမ
မချိပြုံးလေး ပြုံးပြလိုက်ရသည်။
''ဟင် မမ''
''taehyungie တစ်ယောက်ထဲ
ဒီမှာ ဘာလုပ်နေတာလည်း''
''စိတ်ညစ်လို့ ထိုင်နေတာ''
''စိတ်ညစ်ရင်
အရသာရှိတာတွေ စားရတယ်တဲ့ ။
လာပါ မမဝယ်ကျွေးမယ်''
ဟိုအရှုပ်ထုတ်လေးအား
ဆေးရုံပတ်ပတ်လည်
လိုက်ရှာသော်လည်း မတွေ့သေး၍ jungkookခေါင်းပူနေလေပြီ။
ဖုန်းဆက်တော့လည်း ဖုန်းကို
သူ့အမေအခန်းထဲ ထားခဲ့တယ်တဲ့။
အဆောင်ကိုသွားရှာကြည့်ဦးမယ်ဟု ဆုံးဖြတ်ပြီး နားနေခန်းထဲသို့
ကားသော့ကို သွားယူရသည်။
ကားသော့ကို အလောတကြီး
ရှာနေသည့် မိမိကို hoseokက
မျက်စိနောက်နေပြီထင်
လှမ်းအော်မေးသည်။
''jungkook
မင်းဘာတွေရှာနေတာလည်း''
''ကားသော့ပါကွာ''
''ညဘက်ကြီး ဘယ်သွားမလို့လည်း''
''ချာတိတ်လေးအဆောင်ဆီ''
''ဟင် ငါခုန မင်းဟာလေးကို
ပင်လယ်စာဆိုင်မှာ တွေ့ခဲ့တာပါ''
hoseokစကားကြောင့် jungkookမျက်လုံးတို့
အရောင်လက်သွားသည်။
''ပင်လယ်စာဆိုင်ဟုတ်လား''
''အင်း မီးပွိုင့်နားမှာရှိတဲ့
ပင်လယ်စာဆိုင်လေ။အဲ့ဒီမှာ တွေ့တာ''
ထိုပင်လယ်စာဆိုင်သို့
ဘာအကြောင်းပြချက်ရယ်လို့
ရေရေရာရာမရှိဘဲ
မောင်းလာခဲ့သည့် jungkook။
တိုက်တိုက်ဆိုင်ဆိုင် အခုမှဆိုင်ထဲကနေ ထွက်လာသည့် ချာတိတ်လေး။
အနောက်မှ တဆက်တည်းကပ်ပါလာသည့် မမဆိုသည့်တစ်ယောက်ကြောင့် jungkookစိတ်တို့နောက်ကျိကုန်သည်။
''ဟင် ဦး ဘယ်လိုဖြစ်ပြီး-''
''ကားပေါ်တက်တော့''
ခပ်ကြိတ်ကြိတ်ထွက်လာသည့်
ဦးအသံကြောင့် taehyung
ကားပေါ်သို့ ရင်တထိတ်ထိတ်ဖြင့်
တက်သွားရသည်။
မီးရောင်အောက်မို့လို့လားမသိ
ခါတိုင်းထက်ပိုစူးရှနေသည့်
မျက်ဝန်းဖြင့် စိုက်ကြည့်နေသည့်
ဟန်ယူဂျင်း...။
''ဘာလည်း taehyungနဲ့ ထပ်မတွေ့ဖို့ တို့ကို ပြောဦးမလို့လား''
''ဟုတ်တယ်။
ထပ်မတွေ့ရင်ကောင်းမယ်။
ဘာလို့ဆို သူက
ကျွန်တော့် အပိုင် ဖြစ်နေပြီမို့လို့လေ''
အားရပါးရ သူပြောချပစ်သည်။
သို့သော်...
ထပ်ထွက်လာမည့် သူမစကားတို့ကို နားမထောင်ချင်၍ ကားပေါ်သို့ ချက်ချင်းတက်လိုက်သည်။
အခုကဲ့သို့ ပြောချင်ရာပြောပြီး
လှည့်ထွက်တတ်သည်က သူ့အကျင့်။
သို့ရာတွင်..
ကားစက်မနှိုးခင် မြင်လိုက်ရသည်က
ကားနောက်ကြည့်မှန်ထဲတွင်
ပေါ်နေသော ဟန်ယူဂျင်း၏
သရော်ဟန်ရောနေသည့် မဲ့ပြုံးတစ်စုံ။
Bacca
28.3.2021
Rpတွေပြန်ချင်တယ် ။ လိုင်းမကောင်လို့ ပြန်လို့မရဘူး 😭💜
ဖတ်ပေးကြလို့ ကျေးဇူးပါနော်..
Zawgyi#
''လမ္းခြဲမယ္ဟုတ္လား..''
သူ႔အသံကအနည္းငယ္မာသြားသည္ထင္ မ်က္ဝန္းညိဳေလးက အနည္းငယ္လန္႔သြားပုံရသည္။သို႔ေသာ္ ဟန္ေဆာင္ေကာင္းတဲ့ မ်က္ဝန္းညိဳေလးက လက္ေလးႏွစ္ဖက္ကို
ခပ္တင္းတင္းဆုပ္ၿပီး သူ႔ကိုျပန္ၿပီး ခြန္းတုံ႔ျပန္သည္။
''ဟုတ္တယ္ လမ္းခြဲမယ္။ေမ့ေမ့ကို
ခုနပုံစံနဲ႔ ထပ္ျမင္ရရင္ ကြၽန္ေတာ္
႐ူးသြားလိမ့္မယ္ဗ်''
ဒီကေလးငယ္ေတာ့..
ခုနလိုမ်ိဳးေသြးဖိအားေဆာင့္တက္တယ္ဆိုတာက ေသြးေၾကာပိတ္တာကို ခြဲထားတဲ့လူနာေတြအတြက္
ျဖစ္ေလ့ျဖစ္ထရွိတဲ့အရာတစ္မ်ိဳးပဲကို။
အခုလိုေသြးပူေနတဲ့အခ်ိန္ ရွင္းျပရင္လည္းနားမလည္မွာမို႔ စကားလုံးေတြကို jungkookမ်ိဳသိပ္လိုက္သည္။
ျဖစ္သင့္ျဖစ္ထိုက္မည့္စကားကိုပဲ
သူဆိုလိုက္သည္။
''လမ္းခြဲတယ္ဆိုတာ
တစ္ေယာက္ထဲဘက္ကပဲ
ခြဲခ်င္တိုင္းခြဲလို႔ရမယ္ ထင္ေနလား''
''ခြဲလို႔ရတာေပါ့။ ႐ုပ္ရွင္ေတြထဲမွာ
ဒီလိုပဲ လမ္းခြဲေနၾကတာပဲ''
ခ်ာတိတ္ေလးစကားေၾကာင့္
ဒီလိုကေမာက္ကမအေျခအေနတြင္ကို jungkookရီခ်င္မိသြားသည္။
ဘယ္လိုေတာင္
ကေလးဆန္တဲ့အေတြးပါလိမ့္။
သို႔ေသာ္ သူ႔မ်က္ႏွာကို
တည္တည္တံ့တံ့ပုံစံပင္ထားကာ
''႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြက ဇာတ္လမ္းသေဘာအရ
လမ္းခြဲခ်င္တိုင္း ခြဲရတာ။
ဒါကအျပင္လက္ေတြ႕ ဒီလိုကိစၥမ်ိဳးမွာ ေသခ်ာစဥ္းစားၿပီးလုပ္ရမယ္ေလ''
ထိုသို႔ ဟိတ္ဟန္နည္းနည္းထည့္ၿပီး ေငါက္လိုက္မွ ခ်က္ခ်င္း
ၿငိမ္က်သြားသည့္ ခ်ာတိတ္ေလး။
ဘာမွလည္း ခြန္းတုံ႔မျပန္ေတာ့။
''ခ်ာတိတ္ေလးက လမ္းခြဲခ်င္တယ္ဆိုေပမယ့္ကိုယ္ကေတာ့လမ္းမခြဲခ်င္ဘူး။
ဒီ့ထက္ရွင္းေအာင္ေျပာရရင္
ကိုယ္မင္းကို
လက္ မ လႊတ္ ေပး ႏိုင္ ဘူး''
ျပတ္ျပတ္သားသားကို
ေျပာလိုက္သည့္jungkook။
အသံမာသြားလည္းမတတ္ႏိုင္။
အေမျဖစ္သူကို သနားၿပီး
ေၾကာက္အားလန္႔အားနဲ႔
ဒီကေလး ေလွ်ာက္လုပ္ေနတာ။
စိတ္ဆိုးသြားတာလား၊ သူ႔စကားကို လက္ခံလိုက္တာလားေတာ့မသိ
ဘာစကားမွမဆိုေတာ့ဘဲ သူ႔ေမေမေဘးနား သြားထိုင္ေနေလသည္။
သူလည္း ထိုအခန္းထဲ
ဆက္မေနေတာ့ဘဲ အျပင္သို႔ထြက္လာလိုက္သည္။ၿပီးေနာက္ သူနာျပဳတစ္ေယာက္ကို ထိုအခန္းဆီသို႔ သြားေစၿပီး လူနာသတိရရင္ လွမ္းအေၾကာင္းၾကားဖို႔ပါ တဆက္တည္းမွာခဲ့လိုက္သည္။
=====
လူနာသတိရပါၿပီဟူေသာ သူနာျပဳ၏အေၾကာင္းၾကားသံေၾကာင့္
သူ႔ေျခလွမ္းမ်ားကို လူနာယူဟာနာဆီသို႔ ဦးတည္လိုက္သည္။
အခန္းထဲသို႔ မဝင္ေသးဘဲ တံခါးအျပင္မွာ သူခဏေလာက္ရပ္ေနမိသည္။
အရင္ကတည္းက အျမင္မၾကည္သည့္လူတစ္ေယာက္ကို ကိုယ္ခ်စ္တဲ့
လူတစ္ေယာက္ရဲ႕အေမဆိုသည့္
အသိျဖင့္ ႐ို႐ိုေသေသဆက္ဆံရမည္ကို
အသားမက်ေသးတာ၊
ေနရခတ္ေနတာ ျဖစ္မည္။
သို႔ေသာ္လည္း ျဖစ္ခ်င္ရာျဖစ္ အကုန္ရင္ဆိုင္ပစ္မယ္ဟူသည့္ သတၱိေမြး၍ အခန္းတံခါးကို ဖြင့္ၿပီး ဝင္လိုက္သည္။
သူ႔ကိုျမင္ေတာ့ အနည္းငယ္
အံ့ၾသသေယာင္ပုံစံျဖင့္ ၾကည့္ေနသည့္ ယူဟာနာ။
အရင္ႏွင့္ အရမ္းကြဲျပားေနေသာသူမ ႐ုပ္ရည္။တည္ၿငိမ္ေနသည့္ မ်က္ဝန္း။
ရင့္က်က္သလို ပုံစံမ်ိဳးကို ေတြ႕ရ၍
jungkook အနည္းငယ္ေတာ့
စိတ္ေအးရသည္။
''ဘယ္လိုေနေသးလည္း''
သူ႔ဘက္မွ စတင္စကားဆိုလိုက္ျခင္း။
''အဆင္ေျပေနပါၿပီ။ သားေလးကေျပာတယ္ ကြၽန္မကို အသက္ကယ္ေပးခဲ့တာ jungkookဆို။ တကယ္ကို ေက်းဇူးတင္ပါတယ္ရွင္''
''ရပါတယ္..''
''သားေလးနဲ႔ jungkookက
ခ်စ္သူေတြဆို''
''ေမေမ့!!''
မထင္မွတ္ထားသည့္
ေမ့ေမ့အေမးေၾကာင့္ taehyung
လန္႔သြားမိသည္မွာ အမွန္။
''ဟုတ္ပါတယ္။ ခ်ာတိတ္ေလးနဲ႔ ကြၽန္ေတာ္က ခ်စ္သူေတြပါ''
ေအးေဆးတည္ၿငိမ္သည့္ အသံမ်ိဳးျဖင့္
ျပန္ေျဖသည့္ ဦးကို taehyung
မယုံႏိုင္စြာ လွည့္ၾကည့္မိသည္။
သူ႔ကို အလန္႔တၾကား
လွည့္ၾကည့္လာသည့္ ကေလးငယ္ကို အဆင္ေျပသြားမွာပါဆိုသည့္
သေဘာမ်ိဳးျဖင့္ jungkook
ခပ္ေရးေရးေလး ၿပဳံးျပမိသည္။
''သားေလးနဲ႔ ရွင့္အေၾကာင္းေတြ အကုန္လုံးကို ကြၽန္မကို
ေျပာျပေပးလို႔ရမလား..''
''ေမေမကလည္း ေမေမမွ
မသက္သာေသးတာကို ဒါေတြ ေနာက္မွ နားေထာင္လို႔မရဘူးလား''
''နားေထာင္ခ်င္ေနတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ေျပာျပေပးလို႔ရပါတယ္''
''ဦး!!''
သူႏွင့္ ဆန္႔က်င္ဘက္
လိုက္ေျပာေနသည့္ ဦးကို
taehyung ေအာ္ပစ္မိသည္။
အခုအခ်ိန္သူ႔စိတ္ထဲမွာစိုးမိုးေနတာက
သူနဲ႔ဦးအေၾကာင္းကိုနားေထာင္ေနရင္း
ေမေမ ခုနလို ျပန္ျဖစ္သြားမွာဆိုးတာ။
ေမေမ တစ္ခုခုျဖစ္သြားမွာကိုပဲ
သူစိုးရိမ္ေနမိတာ။အခုအခ်ိန္မွာ
ေမ့ေမ့ကို နားေစခ်င္တယ္။အဆင္ေျပမွ အဲ့အေၾကာင္းေတြ ေျပာျပခ်င္တယ္။
နားေထာင္ေစခ်င္တယ္။ဒါ သူ႔ရဲ႕ဆႏၵပဲ။
''သား ေမေမ အဲ့တာေတြကို နားေထာင္မွရမယ္။ေမေမနဲ႔ jungkook ႏွစ္ေယာက္ထဲ ေျပာခ်င္တယ္။
သားအျပင္ထြက္ေပးပါ့လား''
taehyung ေခါင္းရမ္းပစ္သည္။
''ဟင့္အင္း သားအျပင္ဘက္ မထြက္ခ်င္ဘူး။ေမေမတစ္ခုခု ျဖစ္သြားရင္ ဘယ္လိုလုပ္မလည္း။နားလိုက္ပါ ေမေမရယ္ ေနာ္''
'' ေမေမ jungkookနဲ႔
ေျပာစရာေတြရွိေနလို႔ပါ။
အျပင္ခဏေလာက္ထြက္ေပးပါ
သားရယ္...''
''ကိုယ္လည္း ခ်ာတိတ္ေလးေမေမကို ေျပာစရာေတြ တကယ္ရွိေနလို႔ပါ''
သို႔ႏွင့္ သို႔ႏွင့္ သူအျပင္မထြက္မခ်င္း
ေတာင္းဆိုမႈေပါင္းစုံႏွင့္
ဖိအားေပးေနသည့္ ဦးႏွင့္ေမေမ။
ေမေမတစ္ခုခုျဖစ္သြားမွာကို
စိုးရိမ္ေနတာေရာ၊ ေမ့ေမ့စကားအတိုင္း ဦးက သူ႔ကို ထားပစ္ခဲ့မွာကို စိုးရိမ္ေနတာေရာ..
အဲ့ဒီ သူ႔ရဲ႕ စိုးရိမ္မႈေတြကို
ဘာလို႔မျမင္ၾကတာလည္း။
စိတ္မြန္းက်ပ္လြန္းလို႔ အခန္းထဲက ထြက္သြားဖို႔ သူေ႐ြးလိုက္သည္။
သို႔ေသာ္ အခန္းထဲမွ ထြက္မသြားခင္
ဦးဘက္သို႔ လွည့္ကာ သူ႔သေဘာထားတစ္ခ်ိဳ႕ကို ေျပာဆိုလိုက္သည္။
''ေမေမ သက္သာသြားမွ ကြၽန္ေတာ္တို႔ အေၾကာင္းေတြ ေျပာျပေစခ်င္တာ။
အဲ့ဒါကိုဦးက
နားလည္းမလည္ေပးဘူး။
ဦးရွင္းျပေနတုန္း ေမေမ
တစ္ခုခုျဖစ္သြားရင္ ကြၽန္ေတာ္ ဦးကို အမ်ားႀကီး စိတ္ဆိုးပစ္မွာ''
=======
သားေလး၏ တဇြတ္ထိုးအျပဳအမူေၾကာင့္ jungkookကို အားတုံ႔အားနာျဖင့္ သူမလွမ္းၾကည့္လိုက္သည္။
jungkookက
သူမသေဘာကို သိသည္ထင္
ဘာမွမျဖစ္ပါဘူးဆိုသည့္ ပုံစံမ်ိဴးျဖင့္
ခပ္ေရးေရးေလး ၿပဳံးျပလာသည္။
''jungkookက အရင္နဲ႔လုံးဝမတူဘူး။
ေတာ္ေတာ္ႀကီး ေျပာင္းလဲသြားတာပဲ''
''ယူဟာနာေရာပဲ''
သူမက ျပတင္းေပါက္ကို
ခပ္ေဆြးေဆြးေလး စိုက္ၾကည့္ၿပီး
''သားေလးက ဘယ္သူ႔သားလည္း
ဆိုတာကို ရွင္သိေနေလာက္ၿပီ
ထင္ပါတယ္''
''သိေနပါတယ္''
''ကြၽန္မကို မညာဘဲ ေျဖေပးပါ။
သားေလးကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔
ကပ္ခဲ့တာလား။ ကင္မ္မင္ေယာင္းနဲ႔ ကြၽန္မရဲ႕သားမွန္း သိသိႀကီးနဲ႔
ကပ္ခဲ့တာလား''
ဒီေမးခြန္းမ်ိဳး ေမးလာလိမ့္မယ္လို႔
အစကတည္းက သူေတြးမိၿပီးသား။
''ကြၽန္ေတာ္မသိခဲ့ပါဘူး။
တကယ္ကိုမသိခဲ့တာပါ။ ရည္႐ြယ္ခ်က္ရွိရွိလည္း ကပ္ခဲ့တာမဟုတ္ပါဘူး''
''သားေလးကေရာ ရွင္က
သူ႔အေဖရဲ႕အခ်စ္ဦးဆိုတာကို သိလား''
''ခ်ာတိတ္ေလးက သိေနခဲ့ပါတယ္။
သူကိုယ္တိုင္ပဲ ကြၽန္ေတာ့္ကို
ဒီအျဖစ္မွန္ကို ေျပာျပခဲ့တာပါ''
ယူဟာနာ အံ့ၾသသြားမိသည္။
သူမကိုယ္တိုင္ကလည္း
ဒီအေၾကာင္းေတြကို မေျပာခဲ့ဘဲ ဘယ္လိုမ်ား သိသြားရတာပါလိမ့္။
''ဒါဆို ႏွစ္ေယာက္လုံး အျဖစ္မွန္ေတြကို သိသိရက္နဲ႔ တြဲခဲ့ၾကတာေပါ့''
''ဟုတ္ပါတယ္..''
အခ်ိန္တစ္ခုေလာက္အထိ
ေခါင္းငုံ႔လ်က္သားျဖင့္
ၿငိမ္ေနသည့္သူမ။
ၿပီးမွ ရႈိက္သံတဝက္ေရာသည့္အသံျဖင့္
''ငါမယုံဘူး...''
ခ်က္ခ်င္းပင္ လက္ဖဝါးႏွစ္ဖက္ကို အတင္းပူးကပ္ၿပီး မ်က္ရည္မ်ားျဖင့္ ေမာ့ၾကည့္ျပန္သည့္ သူမ..
''ငါ့ရဲ႕ အခုလို အေျခအေနေၾကာင့္။ မဟုတ္ရင္ ငါက ဒူးပါေထာက္ပစ္ခ်င္မိတာ။တကယ္တမ္းေျပာရရင္ နင္ေျပာတာေတြ ငါမယုံႏိုင္ဘူး jungkookရယ္။
ဒီအျဖစ္မွန္ေတြကို နင္အစကတည္းက သိေနခဲ့တယ္ မဟုတ္လား ဟမ္။
ငါ့ကို မုန္းလို႔၊ လက္စားေခ်ခ်င္လို႔
နင္ ငါ့သားေလးကို ခ်စ္ခ်င္ေယာင္ေဆာင္ေနတာ မဟုတ္လား။
ငါတကယ္ေတာင္းပန္ပါတယ္ jungkookရယ္။နင္မေက်နပ္ရင္ငါ့ကိုပဲ ႏွိပ္စက္ပါ။ငါ့သားေလးကိုေတာ့ မလုပ္ပါနဲ႔။ဒူးေထာက္ေတာင္းပန္ဆိုလည္း ေတာင္းပန္ပါ့မယ္''
''....''
''သားေလးက နင့္ကို တကယ္ခ်စ္ေနတာထင္ပါတယ္။ အဲ့တာေၾကာင့္မလို႔ ငါ့ကိုမေက်နပ္သမွ် ငါ့သားေလးအေပၚ
ပုံမခ်ပါနဲ႔ jungkookရယ္''
ယူဟာနာ၏ စကားမ်ားက
သူ႔သိကၡာကို ေစာ္ကားေနသလို
ျဖစ္ေန၍ jungkookစိတ္တိုမိသည္။
တစ္ခ်ိန္တည္းမွာပင္
ယူဟာနာကို သနားမိျပန္သည္။
အေမတစ္ေယာက္က သားကို
ခ်စ္လြန္းၿပီး စိတ္ပူလြန္ေနတာ။
သူမအေတြးေတြကလည္း
သူမဘက္ကေနၾကည့္လွ်င္
မွန္ေနသည္မဟုတ္ပါလား။
သို႔ေပမဲ့ သူ မလုပ္ထားသည့္
အရာတစ္ခုအတြက္ေတာ့
ေျဖရွင္းရမည္။
''ယူဟာနာ ခင္ဗ်ားကို ကြၽန္ေတာ္မုန္းတယ္ဆိုတာကို ဝန္ခံပါတယ္။ဒါေပမဲ့ ကြၽန္ေတာ္ခင္ဗ်ားကို လက္စားေခ်ဖို႔ တစ္ခါေလးမွ မေတြးခဲ့ဖူးဘူး။ကြၽန္ေတာ္တကယ္လို႔ လက္စားေခ်ခ်င္ခဲ့ရင္ ခင္ဗ်ားလက္ထဲကေန hyungကို ျပန္လုယူခဲ့မွာဗ်သိလား။ဒါေပမဲ့ ကြၽန္ေတာ္အဲ့ေလာက္ လူမဆန္တာေတြ မလုပ္ဘူး။ခ်ာတိတ္ေလးကိုလည္း ခင္ဗ်ားရဲ႕သားမွန္းတကယ္မသိခဲ့တာပါ။အဲ့ဒီအျဖစ္အမွန္ေတြကို သူ႔ကို
ဖြင့္ေျပာတဲ့ေန႔မွာမွ သိခဲ့ရတာ။
ၿပီးေတာ့ ခ်ာတိတ္ေလးကို
ခ်စ္ခ်င္ေယာင္ေဆာင္ေနတာမဟုတ္ဘူး။တကယ္ေျပာမျပတတ္ေအာင္ ခ်စ္တာပါ။စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္ကို ယုံၾကည္ေပးပါဗ်ာ''
ကြၽန္ေတာ့္စကားေၾကာင့္ သူမက မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကာ
အျပင္းအထန္ေအာ္ငိုသည္။
''ငါ သားေလးနဲ႔ နင့္ကိစၥကို သိသိခ်င္း အိပ္လို႔ကိုမရခဲ့ဘူး။နင္မ်ား ငါ့သားေလးကို လွည့္စားေနတာမ်ားလား
ဆိုၿပီးေတာ့ေလ။ငါအဲ့လိုမ်ိဳးမေတြးသင့္မွန္းသိေပမဲ့ ငါကအေမတစ္ေယာက္။အေဖေမတၱာမရခဲ့တဲ့ ငါ့သားေလးကို ငါအမ်ားႀကီးခ်စ္ေပးခဲ့တာ။
နင့္ကို ယုံၾကည္ဖို႔ ခက္ခဲေပမဲ့ နင့္ရဲ႕တည္ၿငိမ္တဲ့မ်က္လုံးေတြေၾကာင့္ ငါယုံၾကည္ေပးခ်င္တယ္။ငါ့သားေလးကို ေစာင့္ေရွာက္ေပးပါ jungkookရယ္။
ယူဟာနာအေနနဲ႔ မဟုတ္ဘဲ အေမတစ္ေယာက္အေနနဲ႔ ငါေတာင္းဆိုပါတယ္''
အေမတစ္ေယာက္အျဖစ္
ရင့္က်က္ေနသည့္ ယူဟာနာ၏ ေတာင္းဆိုစကား...။
သူ ရဲရဲႀကီး ကတိေပးလိုက္သည္။
''စိတ္ခ်ပါ။ကြၽန္ေတာ္ ခ်ာတိတ္ေလးကို
လက္ထပ္ဖို႔အထိေတာင္ ခ်စ္ခဲ့တာပါ''
jungkook၏တည္ၾကည္သည့္
စကားေၾကာင့္ သူမရင္ဘတ္ထဲ
ရက္အနည္းငယ္ေလာက္အထိ တစ္ဆို႔ေနခဲ့သည့္ အစိုင္အခဲႀကီး အနည္းငယ္ ေျပေပ်ာက္သြားသလို ခံစားရသည္။
တစ္ခ်ိန္ထဲမွာပင္
ပီတိလည္းျဖစ္ရသလို၊
ဝမ္းလည္းဝမ္းနည္းမိသည္။
''အစစအရာရာအတြက္
ငါေတာင္းပန္ပါတယ္ jungkookရယ္''
ထိုသို႔ႏွင့္ လူႀကီးလူေကာင္းပီသသည့္
ေမတၱာအားၿပိဳင္ပြဲတစ္ခုမွာ
ယုံၾကည္မႈဟူသည့္အရာျဖင့္
အဆုံးသတ္သြားခဲ့ပါသည္။
No Reason
မီးေရာင္ပ်ပ်ေအာက္မွာရွိတဲ့ ဒီထိုင္ခုံမွာ သူထိုင္ေနခဲ့တာ အေတာ္ၾကာၿပီ။
ေဘးဘီကို ေဝ့ၾကည့္လိုက္ေတာ့လည္း
မည္းေမွာင္လို႔..။
မိုးခ်ဳပ္ေနၿပီမွန္းသိေပမယ့္လည္း
ေဆး႐ုံဆီ မျပန္ခ်င္ေသးပါ။
ေျခေထာက္မွ
ဖိနပ္အျဖဴေလးကို ျမင္ေတာ့
ရင္တစ္ခုလုံး စို႔တက္လာသည္။
ဖိနပ္မပါတဲ့သူ႔ကို ဆူေငါက္ၿပီး
ခ်က္ခ်င္းပဲ ဒီဖိနပ္အျဖဴေလးကို
ေျပးဝယ္ေပးခဲ့တာ။
မာထန္သေယာင္ရွိေပမဲ့ ႏူးညံ့မႈ
ေရာေနသည့္ ဦး၏ မ်က္ဝန္းေတြ၊ အျပဳအမူေတြ၊ အေျပာအဆိုေတြကို
သူသိပ္သေဘာက်သည္။
တဆက္တည္း မစဥ္းစားမဆင္ျခင္ လမ္းခြဲစကား ေျပာမိသည့္
ကိုယ့္ကိုယ္ကိုလည္း
အရမ္းစိတ္ပ်က္မိသည္။
သူ႔လို ကေလးဆန္တဲ့လူေၾကာင့္
ဦးလည္း အရမ္းစိတ္ပ်က္ေနေရာေပါ့။
ျဖစ္ႏိုင္ရင္ တစ္ညလုံး
ဒီေနရာမွာပင္ ထိုင္ေနခ်င္မိသည္။
ခုံတန္းေလးတစ္ခုေပၚတြင္
ေခါင္းငိုက္စိုက္ခ်ကာ ထိုင္ေနသည့္ ေကာင္ေလးကို ဟန္ယူဂ်င္း ၾကည့္ေနသည္မွာ အေတာ္ၾကာေနေလၿပီ။
တျဖည္းျဖည္းႏွင့္
နာရီလက္တံက ရွစ္နာရီထိုးလုၿပီ။
ထိုေကာင္ေလးကေတာ့ ထိုင္ခုံေပၚကေန ထဖို႔အစီအစဥ္ရွိရဲ႕လားမသိ။
ထိုကေလးအနားသို႔ သူမ
အသာေလးေလွ်ာက္သြားလိုက္ၿပီး
ငုံ႔ေနသည့္ ေခါင္းလုံးလုံးေလးကို
ထိကိုင္ဖို႔ လက္လွမ္းလိုက္သည္။
ခင္မင္ေနစဥ္တစ္ေလွ်ာက္လုံး
ထိုကေလးငယ္၏
ခႏၶာကိုယ္အစိတ္အပိုင္းမ်ားအား လက္လြတ္စပယ္မထိကိုင္ဖူး၍
အခုလို ေခါင္းေလးကိုင္ဖို႔ကို
သူမ မဝံ့မရဲျဖစ္ေနသည္မွာအမွန္။
ေခါင္းေလးကို ဖြဖြေလးထိလိုက္သည့္ခဏေလးအတြင္းပင္
ခ်က္ခ်င္းဆိုသလို ေမာ့ၾကည့္လာသည့္ ေကာင္ေလးေၾကာင့္ သူမ
မခ်ိၿပဳံးေလး ၿပဳံးျပလိုက္ရသည္။
''ဟင္ မမ''
''taehyungie တစ္ေယာက္ထဲ
ဒီမွာ ဘာလုပ္ေနတာလည္း''
''စိတ္ညစ္လို႔ ထိုင္ေနတာ''
''စိတ္ညစ္ရင္
အရသာရွိတာေတြ စားရတယ္တဲ့ ။
လာပါ မမဝယ္ေကြၽးမယ္''
ဟိုအရႈပ္ထုတ္ေလးအား
ေဆး႐ုံပတ္ပတ္လည္
လိုက္ရွာေသာ္လည္း မေတြ႕ေသး၍ jungkookေခါင္းပူေနေလၿပီ။
ဖုန္းဆက္ေတာ့လည္း ဖုန္းကို
သူ႔အေမအခန္းထဲ ထားခဲ့တယ္တဲ့။
အေဆာင္ကိုသြားရွာၾကည့္ဦးမယ္ဟု ဆုံးျဖတ္ၿပီး နားေနခန္းထဲသို႔
ကားေသာ့ကို သြားယူရသည္။
ကားေသာ့ကို အေလာတႀကီး
ရွာေနသည့္ မိမိကို hoseokက
မ်က္စိေနာက္ေနၿပီထင္
လွမ္းေအာ္ေမးသည္။
''jungkook
မင္းဘာေတြရွာေနတာလည္း''
''ကားေသာ့ပါကြာ''
''ညဘက္ႀကီး ဘယ္သြားမလို႔လည္း''
''ခ်ာတိတ္ေလးအေဆာင္ဆီ''
''ဟင္ ငါခုန မင္းဟာေလးကို
ပင္လယ္စာဆိုင္မွာ ေတြ႕ခဲ့တာပါ''
hoseokစကားေၾကာင့္ jungkookမ်က္လုံးတို႔
အေရာင္လက္သြားသည္။
''ပင္လယ္စာဆိုင္ဟုတ္လား''
''အင္း မီးပြိဳင့္နားမွာရွိတဲ့
ပင္လယ္စာဆိုင္ေလ။အဲ့ဒီမွာ ေတြ႕တာ''
ထိုပင္လယ္စာဆိုင္သို႔
ဘာအေၾကာင္းျပခ်က္ရယ္လို႔
ေရေရရာရာမရွိဘဲ
ေမာင္းလာခဲ့သည့္ jungkook။
တိုက္တိုက္ဆိုင္ဆိုင္ အခုမွဆိုင္ထဲကေန ထြက္လာသည့္ ခ်ာတိတ္ေလး။
အေနာက္မွ တဆက္တည္းကပ္ပါလာသည့္ မမဆိုသည့္တစ္ေယာက္ေၾကာင့္ jungkookစိတ္တို႔ေနာက္က်ိကုန္သည္။
''ဟင္ ဦး ဘယ္လိုျဖစ္ၿပီး-''
''ကားေပၚတက္ေတာ့''
ခပ္ႀကိတ္ႀကိတ္ထြက္လာသည့္
ဦးအသံေၾကာင့္ taehyung
ကားေပၚသို႔ ရင္တထိတ္ထိတ္ျဖင့္
တက္သြားရသည္။
မီးေရာင္ေအာက္မို႔လို႔လားမသိ
ခါတိုင္းထက္ပိုစူးရွေနသည့္
မ်က္ဝန္းျဖင့္ စိုက္ၾကည့္ေနသည့္
ဟန္ယူဂ်င္း...။
''ဘာလည္း taehyungနဲ႔ ထပ္မေတြ႕ဖို႔ တို႔ကို ေျပာဦးမလို႔လား''
''ဟုတ္တယ္။
ထပ္မေတြ႕ရင္ေကာင္းမယ္။
ဘာလို႔ဆို သူက
ကြၽန္ေတာ့္ အပိုင္ ျဖစ္ေနၿပီမို႔လို႔ေလ''
အားရပါးရ သူေျပာခ်ပစ္သည္။
သို႔ေသာ္...
ထပ္ထြက္လာမည့္ သူမစကားတို႔ကို နားမေထာင္ခ်င္၍ ကားေပၚသို႔ ခ်က္ခ်င္းတက္လိုက္သည္။
အခုကဲ့သို႔ ေျပာခ်င္ရာေျပာၿပီး
လွည့္ထြက္တတ္သည္က သူ႔အက်င့္။
သို႔ရာတြင္..
ကားစက္မႏႈိးခင္ ျမင္လိုက္ရသည္က
ကားေနာက္ၾကည့္မွန္ထဲတြင္
ေပၚေနေသာ ဟန္ယူဂ်င္း၏
သေရာ္ဟန္ေရာေနသည့္ မဲ့ၿပဳံးတစ္စုံ။
Bacca
28.3.2021
Rpေတြျပန္ခ်င္တယ္ ။ လိုင္းမေကာင္လို႔ ျပန္လို႔မရဘူး 😭💜
ဖတ္ေပးၾကလို႔ ေက်းဇူးပါေနာ္..