HYDRANGEA (Completed)

By Ywethlwar12

65.4K 5.2K 307

မိဘမ်ား၏ေသြးထိုးလံႈ့ေဆာ္မႈေၾကာင့္ ငယ္စဥ္ခါကတည္းက အျမင္ေစာင္းေနၾကေသာ ေကာင္ေလးႏွစ္ေယာက္.....။ ႀကီးျပင္းလာေသာအခါ... More

Intro (Zawgyi+Unicode)
Part-1(Zawgyi+Unicode)
Part-2(Zawgyi+Unicode)
Part-3(Zawgyi+Unicode)
Part-4(Zawgyi+Unicode)
Part-5(Zawgyi+Unicode)
Part-6(Zawgyi+Unicode)
Part-7(Zawgyi+Unicode)
Part-8(Zawgyi+Unicode)
Part-9(Zawgyi+Unicode)
Part-10(Zawgyi+Unicode)
Part-11(Zawgyi+Unicode)
Part-12(Zawgyi+Unicode)
Part-13(Zawgyi+Unicode)
Part-14(Zawgyi+Unicode)
Part-15(Zawgyi+Unicode)
Part-16(Zawgyi+Unicode)
Part-17(Zawgyi+Unicode)
Part-18(Zawgyi+Unicode)
Part-19(Zawgyi+Unicode)
Part-20(Zawgyi+Unicode)
Part-21(Zawgyi+Unicode)
Part-22(Zawgyi+Unicode)
Part-23(Zawgyi+Unicode)
Part-24(Zawgyi+Unicode)
Part-25(Zawgyi+Unicode)
Part-26(Zawgyi+Unicode)
Part-27(Zawgyi+Unicode)
Part-28(Zawgyi+Unicode)
Part-29(Zawgyi+Unicode)
Part-30(Zawgyi+Unicode)
Part-31(Zawgyi+Unicode)
Part-32(Zawgyi+Unicode)
Part-33(Zawgyi+Unicode)
Part-34(Zawgyi+Unicode)
Part-35(Zawgyi+Unicode)
Part-36(Zawgyi+Unicode)
Part-37(Zawgyi+Unicode)
Part-38(Zawgyi+Unicode)
Part-39(Zawgyi+Unicode)
Part-40(Zawgyi+Unicode)
Part-41(Zawgyi+Unicode)
Part-42(Zawgui+Unicode)
Part-43(Zawgyi+Unicode)
Part-45(Zawgyi+Unicode)
Part-46(Zawgyi+Unicode)Final
A/N
Announcement

Part-44(Zawgyi+Unicode)

787 77 9
By Ywethlwar12

Hy-Dran-Gea

(Unicode)

တိတ်ဆိတ်နေသောပတ်ဝန်းကျင်.........အပြင်ဘက်ဟိုအဝေးတစ်ဘက်ရှိကားလမ်းလေးမှ ကားလေးတစ်စီးစနှစ်စီးစကိုဝိုးတဝါးလှမ်းမြင်နေရ၏။ မိုမှုန်လေးများခပ်ဖွဲဖွဲဆွေနေသောကြောင့်အပြင်ဘက်တံစက်မြိတ်အောက်တွင် မိုးရေလေးများက တဖြောက်ဖြောက်ကျစီးသံကိုအတိုင်းသားကြားနေရသည်။ နေ့လည်ခင်းလူခြေတိတ်နေသောကြောင့် ဆိုင်ခန်းလေးထဲတွင်လူရှင်းနေကာ သူတို့နှစ်ဦးသာမျက်နှာချင်းဆိုင်အနေအထားဖြင့် တစ်ယောက်ကိုတစ်ယောက်မျက်နှာလွဲထားကြသည်။ အရှေ့စားပွဲခုံပေါ်တွင်ချထားသော ကော်ဖီနှစ်ခွက်မှာအငွေ့တထောင်းထောင်းထနေသည်။
ယခုထက်ထိစကားစမလာသော ဂိုဂိုးက ကားထဲတွင်လည်းစကားတစ်ခွန်းမှမ​ပြောသောကြောင့် ရှိုင်းထက်သော်နေရခက်နေ၏။
ရေသေလိုတည်ငြိမ်နေသောဂိုဂိုး၏မျက်ဝန်းများက အဝေးတစ်ဘက်ကိုသာအာရုံပို့ထားလေသည်။

"ဒီအတောအတွင်း အဆင်ပြေနေခဲ့တယ်မလား "

ထိုအခါ မျက်နှာလွှဲထားသောဂိုဂိုးက ရှိုင်းထက်သော်အားတစ်ချက်ကြည့်လိုက်၍

"ဆိုပါတော့ "

အနှောက်မလွတ်အသွားမလွတ်စကားဆိုလိုက်၍ အရှေ့မှ ကော်ဖီနွေးနွေးလေးအား တစ်ငုံ့မော့သောက်လိုက်၏။ တစ်လျှောက်လုံးစကားမပြောခဲ့တဲ့ဂိုဂိုးဟာ အခုထိမျက်နှာတင်းမာနေဆဲ။

"တောင်းပန်ပါတယ်"

ရှိုင်းထက်သော်ဆီမှ ကြည်လင်စွာထွက်ကျလာသောထိုစကားကို ဂိုဂိုးနာကျင်စွာအော်ရယ်ပစ်လိုက်ချင်သည်။ သူများဒေါသထွက်သွားလေမလား.........။ အခုအချိန်တွင်ဂိုဂိုး၏စိတ်ထဲ၌ ရှိုင်းထက်သော်အား အရွဲ့တိုက်ချင်နေသည့် မရင့်ကျက်သေးသည့်ကလေးသာသာစိတ်လေးဖြစ်ပေါ်နေလေသည်။

"ဘာကိုလဲ "

တည်ငြိမ်စွာဖြင့်နှုတ်ခမ်းနားလေးကော့တတ်သွားအောင်မေးလာသောဒီကောင်လေးက သူမရှိသည့်အတောအတွင်း တည်ငြိမ်သွားသည်မှာယခင်ကထက်လား။ လုပ်ယူထားတာလား မပြောပြတတ်ပေ။ ရှိုင်းထက်သော်မျက်လွှာကိုငုံ့ချ၍ ဆန္ဒ ရှိသည့်အတိုင်း

"ပြန်လာချင်တယ် ဂိုဂိုး ငါတို့အစကနေပြန်စရအောင်လေ "

တစ်ကိုယ်ကောင်းဆန်စွာပြောလာသောရှိုင်းထက်သော်စကားကြောင့်ဂိုဂိုးရင်ထဲ ထိုးအောင့်သွားမတတ်ခံစားရ၏။ သို့သော်လည်း ရှိုင်းထက်သော်ဟာ သူ့ခံစားချက်တွေကိုဘယ်တုန်းကများဦးစားပေးခဲ့လို့လဲ။ ဂိုဂိုးဟန်မဆောင်နိုင်စွာပင် ဟက်ခနဲတစ်ချက်ရယ်လိုက်၍ မိမိအရှေ့မှသူ့မျက်နှာကိုတည့်တည့်ကြည့်ပြီး

" လှည့်စားရတာမဝသေးလို့လား ရှိုင်းထက်သော် ငါတော့ဒီလောက်နဲ့တင် တော်တော်ခံနိုင်ရည်ရှိသွားပြီမို့ နောက်ထပ်ငါ့ဘဝထဲကို ဝင်မလာပါနဲ့ "

"မင်းဘက်ကအချစ်ကိုဘယ်လိုသတ်မှတ်ထားလဲ မသိပေမယ့် ငါ့ဘက်ကတော့ မင်းကိုထပ်ပြီးမဆုံးရှုံးချင်တော့ဘူး ငါမင်းကိုဘယ်တုန်းကမှ အချစ်မပျက်ခဲ့ဘူး ယုံပေးပါဂိုဂိုးရယ်"

စားပွဲပေါ်တွင်တင်ထားသော လက်တစ်ဖက်ကို ဆုပ်ကိုင်ကာပြောလာသောရှိုင်းထက်သော်ကို ဂိုဂိုးမကြားသလိုဖြင့် လက်ကိုရုန်းဖယ်မိလိုက်၏။
အတိတ်ကအကြောင်းအရာတွေတွေးမိရင် မခံမရပ်နိုင်ဖြစ်ရသူမှာ သူတစ်ယောက်တည်းပဲမဟုတ်လား ။
အကြောင်းပြချက်မရှိလမ်းခွဲပြီးမှ ပြန်လာချင်နေတဲ့သူကို ဂိုဂိုးဘက်ကဘယ်လိုလက်ခံရပါ့မလဲ။ မဟုတ်ဘူး မယုံကြည်ရဲတော့တာ။

" ငါ့ဘက်က အချစ်ကို တကူးတကသတ်မှတ်ထားတာမရှိဘူး။ အချစ်ဟာဒီလိုပါလားဆိုပြီး ခံစားခဲ့ရတာတွေလည်း မရှိဘူးလေ မင်းသိမှာပါ "

ဂိုဂိုး၏စကားကြောင့်ရှိုင်းထက်သော်မျက်နှာမဖော်ရဲစွာဖြင့်ခေါင်းငြိမ့်ထားမိသည်။ ချစ်သူတွေဖြစ်ခဲ့ကြသည့်အချိန်အတွင်း ဂိုဂိုးဟာသူ့အပိုင်ဟုမဏ္ဍတိုင်တပ်၍ သူဖြစ်စေချင်သလိုသာ ဂိုဂိုးအား နေခိုင်းခဲ့၏။ အရာအားလုံးဟာသူ့သဘောအတိုင်းသာဖြစ်စေခဲ့၏။
သူငယ်ချင်းများနှင့်သောက်စားပျော်ပါးနေချိန်တွင် အခန်းထဲတွင် သူပြန်အလာကိုထိုင်စောင့်နေရသော ဂိုဂိုးကိုသူမငဲ့ခဲ့သလို ညလုံးပေါက်ဂိမ်းဆော့နေသောကြောင့် ဖုန်းပြောရန်တစ်ညလုံးစောင့်နေသောဂိုဂိုးကို သူထည့်မတွက်ခဲ့ပေ။ ဒါတွေဟာ ဂိုဂိုးနှင့်ဝေးတော့မှ နားလည်တတ်ခဲ့တာဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ ဂိုဂိုးကို အရာရာထက်သူပိုချစ်ခဲ့ပါသည်။ အတားအဆီးတွေမရှိခင်အချိန်ထိပေါ့။

"ဖြစ်ပျက်ခဲ့သမျှတွေအတွက် ငါ့ဘက်ကအနူးအညွှတ်တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးဖို့မတောင်းဆိုပေမယ့် ငါမင်းဆီပြန်လာချင်တယ် မင်းလည်း ချစ်နေသေးတယ်မဟုတ်လား "

ရှိုင်းထက်သော်၏စကားကြောင့်ဂိုဂိုးမျက်ဝန်းလေးထဲအရည်ကြည်တစ်ချို့ဖြတ်သန်းစီးဆင်းသွား၏။ မျက်ဝန်းဝိုင်းဝိုင်းလေးများကို အပေါ်သို့တစ်ဖြတ်ခတ်လိုက်သည်။ သို့သော်ချက်ချင်းပင် ပြန်တည်ငြိမ်အောင်ကြိုးစား၍ ထိုင်ခုံမှထကာ

" ငါအရင်ပြန်နှင့်မယ်"

"လိုက်ပို့ပေးမယ်"

လက်ကောက်ဝတ်တစ်ဖက်ကိုဆွဲ၍ ဂိုဂိုးအားရှိုင်းထက်သော်တားလိုက်ကာ ဘေရှင်း၍ ထွက်လာခဲ့သည်။ ကားထဲတွင်တော့အစကလာသလိုတိတ်ဆိတ်နေကာ အပြင်ဘက်တွင်လည်း မိုးတဖွဲဖွဲလေးက ဆက်လက်ရွာသွန်းနေလေသည်။

>>>>>>>>>>>>>

"ကိုကြီး ဒီအပတ်ရွာပြန်မှာမို့လား "

ရေခဲမုန့်ခွက်ကို အားရပါးရစားရင်းဖြင့် အခန်းထဲတွင်အလုပ်ရှုပ်နေသောကောင်းထက်ကျော်အနားသို့ လဝန်းထက်မှီထိုင်လိုက်သည်။စနေ၊တနဂ်နွေရုံးပိတ်သောကြောင့် ဝက်ပုတစ်ယောက်တောင်ငူသို့လိုက်လာခြင်းဖြစ်လေသည်။ စက်ရုံအတွက်ကုန်ကြမ်းပေးရမည့်စာရင်းများ လုပ်နေသောကြောင့်အမှားမပါစေရန်သတိထားနေရသော ကောင်းထက်ကျော်ကတော့ လဝန်းထက်လေးပြောသည်ကိုအာရုံမရပါ။ သို့သော်လည်းစကားများလွန်းသော ဝက်ပုက နောက်တစ်ဖန်

" ရှိုင်းထက်သော်လည်း ပြန်ရောက်နေတယ် ဂိုဂိုးလည်းပြန်လာမှာတဲ့ လူစုံပြီဆိုတော့ တစ်ခုခုလုပ်စားလို့ရတယ် အဟီး "

သူ့အတွေးနဲ့သူပျော်နေသော ဝက်ပုကို ကောင်းထက်ကျော် လက်မအားသောကြောင့် ဝက်ပု၏ခေါင်းလုံးလုံးလေးအား သူ့ခေါင်းဖြင့်အသာအယာတိုက်ပေးလိုက်၏။

" သူတို့ပြောလို့လား ပြန်လာမယ်ဆိုတာ ရှိုင်းထက်သော်mydayတင်ထားတာ ဒီမှာမဟုတ်ပါဘူး သူခရီးထွက်သွားတယ်ထင်တာ ကိုကြီးက"

ကောင်းထက်ကျော်အပြောကြောင့် လဝန်းထက်ရေခဲမုန်းစားနေရာမှငေါက်ခနဲထ၍ အိပ်ရာထက်မှကောင်းထက်ကျော်ဖုန်းကိုယူ ဖွင့်ကြည့်လိုက်ပြီး

"အမယ် 'အချစ်ရှိရာ 'ဆိုပဲ နွားက အဲ့ဒါဘာမှမဟုတ်ဘူး သူ့လင်ရှိတဲ့နေရာလိုက်သွားတာဖြစ်မှာပေါ့ သားကိုတောင်မခေါ်ဘူး အလည်လိုက်ချင်လို့ပါဆို "

မဲ့ကာရွဲ့ကာပြော၍ ဖုန်းကိုပစ်ချလိုက်ကာ ကောင်းထက်ကျော်၏ကျောပြင်ကိုဖက်၍ ချွဲနေပြန်သည်။ ဒီလူသားလေးဟာ ချွဲတတ်သည့်နေရာမှာသိပ်တော်တာပေ။

"မင်း သူတို့အကြားဘာလိုက်လုပ်မှာလဲ ကလေးကကလေးလိုနေစမ်းပါ ဝက်ပုရာ "

သိုင်းဖက်ထားသောလက်နှစ်ဖက်ကိုဆွဲယူ၍ လက်သေးသေးလေးများကိုအမြတ်တနိုးဖြင့် နမ်းရှိုက်လိုက်သည်။ နှာခေါင်းထဲတွင် အစောကစတော်ဘယ်ရီရေခဲမုန့်စားထား၍ လက်မဆေးရသေးသဖြင့် စတော်ဘယ်ရီန့ံခပ်သင်းသင်းလေးမွှေးပျံနေသည်။

"အင်းပါ သူတို့အဆင်ပြေသွားတော့လည်း ကောင်းပါတယ် အဲ့ဒါဘာမှမဟုတ်ဘူး အန်တီပိုမကောင်းတာ သူ့သားအဖိုတန်လေး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ဟိုက ဂိုဂိုးကရော လူမဟုတ်လို့လား အဲ့လူကြီးတွေအရမ်းဆိုးတာပဲ"

လူငယ်ပီပီစိတ်လွှတ်ကိုယ်လွှတ်​ပြောနေသော ဝက်ပုစကားကို ကောင်းထက်ကျော်နားထောင်လိုက်၍

"အဲ့လိုမပြောရဘူးလေ ဝက်ပုရ လူကြီးတွေဆိုတာ အရမ်းရှေးရိုးစွဲတာ အဲ့ဒီအမြင်တွေကိုပျောက်အောင်အချိန်တော့ယူရတာပေါ့။နောက်တော့တဖြည်းဖြည်းလက်ခံလာမှာပါ။ လက်ခံနိုင်အောင်လည်း ရှိုင်းထက်သော်တို့ဘက်ကကြိုးစားပြရမှာပေါ့။ကိုယ်တို့ဆိုလည်း မေမေတို့လက်ခံနိုင်အောင် နေပြခဲ့တယ်လေ။ ဟော.....အခုကန့်ကွက်နိုင်လားပဲကြည့်........။တဇွတ်ထိုးလုပ်ရင် နှစ်ဖက်စလုံးနာကျင်ရမှာလေ"

"အိုး......မသိပါဘူး သူတို့ကတစ်ဖက်ပိတ်တွေ "

သူများကိုတဇွတ်ထိုးပြောနေသော ဒီအနှီကောင်လေးကို ကောင်းထက်ကျော်က

"မပြောရပါဘူးဆို အဆိုးလေးကတော့ "

ဝက်ပုအားမိမိဘက်သိူ့အပါခေါ်၍ ကလိထိုးပြောလိုက်သောအခါ ခိုးခိုးခစ်ခစ်အသံလေးများထွက်လာသည်။ ဒီလူသားကြောင့် ဘယ်သောအခါမှသူမပျင်းရပေ။ သူမလိုက်လာသည့်နေ့ရက်များတွင်တော့ ကောင်းထက်ကျော် အထီးကျန်ရပေသည်။

>>>>>>>>>

ညသည်အထီးကျန်ဆန်လွန်းလှသည်။ မိုးသဲသောညဖြစ်၍ အိမ်မှန်တံခါး၏အပြင်ဘက်တွင် မိုးများသည်းထန်စွာရွာသွန်းနေ၏။အလွမ်းဓာတ်ခံရှိသည့်သူအတွက် မိုးဖြိုင်ဖြိုင်ရွာသွန်းသောညများသည် သီချင်းမလို၊ ဆေးမလိုအောင်ကိုပင် ဖီးလ်လို့ကောင်းလေသည်။  ဆေးလိပ်မီးကိုတစ်ချက်ရှိုက်၍ ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သောအခါ စိတ်ထဲတွင်လေးလံနေသမျှ ပေါ့ပါးသွားသလိုခံစားရသည်။

'မင်းလည်းချစ်နေသေးတယ်မဟုတ်လား........ '

ပြောခဲ့သောစကားတစ်ခွန်းအထပ်ထပ်ကြားယောင်ရင်း ဂိုဂိုးဆေးလိပ်တွေသာဖိသောက်ပစ်လိုက်၏။
ချစ်နေသေးလားဆိုတော့ အစကတည်းက ထိုလူသားကိုပဲချစ်ခဲ့တာ.......။
မုန်းနေမှာပေါ့ဆိုတော့ ထိုလူသားကို ဘယ်တုန်းကမှအပြစ်မမြင်ခဲ့ပါ။ ဒါဆို လက်ခံလိုက်ပါလားဟုမေးလာလျှင် မယုံချင်တော့ဘူးဟူ၍ပြန်ဖြေမိမလား မပြောတတ်ပေ။

လင်းလက်လာသော ဖုန်းစခရင်​ကြောင့် ဂိုဂိုးကြည့်လိုက်သောအခါ နံပါတ်စိမ်းဖြစ်နေသောကြောင့် အတန်ငယ်ကြာစိုက်ကြည့်လိုက်၍

"ဟယ်လို "

"ငါမင်းအိမ်ရှေ့ရောက်နေတယ် တံခါးလာဖွင့်ပေးပါလား "

ခပ်ပြတ်ပြတ်အသံကား ရှိုင်းထက်သော်၏ အသံဖြစ်နေသောကြောင့် ဂိုဂိုးအိမ်ရှေ့သို့ လှမ်းအကဲခတ်လိုက်၏။ အသံလေးနေသောကြောင့် အရက်တွေများသောက်ထားသလား ။ ခြံစည်းရိုးတိုင်းကြားထဲမှဖောက်ထွက်ကာ ခပ်ရေးရေးမြင်နေရသော ကားအနက်ရောင်ဘေးတွင်မှီရပ်နေသော ထိုလူသား။
မိုးတွေရွာနေတာ ထီးမဆောင်းဘူးလား။
စိုးရိမ်စိတ်များကို ချက်ချင်းဖယ်ထုတ်၍

" ငါ အိမ်မှာမဟုတ်ဘူး "

"ဒါဆိုဘယ်ရောက်နေတာလဲ မိုးတွေရွာနေတာကို ဘယ်တွေသွားနေတာလဲ "

ချက်ချင်းတုံ့ပြန်လာသောရှိုင်းထက်သော်၏စကားများတွင်စိတ်အလိုမကျမှုများကိုအထင်းသားခံစားနေရသည်။

"ငါ့ဘာသာငါဘယ်သွားသွားလေ မင်းကိုပြောပြနေရမှာလား "

"အိမ်ထဲမှာရှိနေတယ်ဆိုတာ ငါသိတယ် တံခါးလာဖွင့်ပေးပါဂိုဂိုးရာ ငါမင်းကိုအရမ်းတွေ့ချင်နေပြီ မဖွင့်ပေးမချင်းငါရပ်နေမှာနော် "

ရှိုင်းထက်သော်၏စကားကိုဆုံးအောင်နားမထောင်ဘဲဂိုဂိုးဖုန်းချပစ်လိုက်သည်။ ခေါင်းမာလွန်းသောရှိုင်းထက်သော်ကလည်း ကားဘေးတွင်မှီကာရပ်စောင့်နေလေသည်။ မိုးရွာနေတာကို နေသာတယ်များထင်နေသလားမပြောပြတတ်ပေ။
ဂိုဂိုးလည်း အိပ်ခန်းထဲဝင်၍ ရုံးမှပါလာသောအလုပ်များကိုထိုင်လုပ်နေလိုက်၏။ တစ်နာရီနီးပါးခန့်ကြာသောအခါ ညောင်းချိလာ၍ အခန်းပြင်ထွက်ကာအပျင်းကြောဆန့်၍ ရေသောက်ရန် အသွားအိမ်ရှေ့ကိုကြည့်မိသောအခါ အခုထိမပြန်သေးသောရှိုင်းထက်သော်ကြောင့် ဂိုဂိုးနာရီကိုအမြန်ကြည့်မိသောအခါ ကိုးနာရီတောင်ထိုးနေပြီဖြစ်၏။ အိမ်အပေါက်ဝမှချိတ်ထားသောထီးကိုယူ၍ အမြန်သွားကာ ခြံတံခါးဖွင့်လိုက်သောအခါ မိမိဆီသို့လျှောက်လာရင်း

" ဟက် မလာတော့ဘူးထင်တာ "

"မင်းရူးနေလား ဒီလောက်မိုးရွာကြီးထဲမှာ "

ဒေါသသံမပါပေမယ့်စိတ်ပူနေသောအသံလေးကအဖျားခတ်သွား၏။ ဂိုဂိုး၏စကားကြောင့် ရှိုင်းထက်သော်တစ်ချက်ရယ်မောလိုက်၍

" ဟုတ်တယ် ငါရူးနေပြီထင်တယ် ငါ့ကိုဘယ်လိုနည်းနဲ့မှခွင့်လွှတ်လို့မရဘူးလား ဂိုဂိုးငါတောင်းပန်ပါတယ် ငါမင်းကိုတကယ်မစွန့်လွှတ်နိုင်တော့ဘူး "

ပြောရင်းဖြင့် မိုးရေထဲဒူးထောက်ချလိုက်သော ရှိုင်းထက်သော်ကြောင့် ဂိုဂိုးပါးပြင်ထက် မျက်ရည်စီးကြောင်းတစ်ခုဖြတ်သန်းသွား၏။ နီယွန်မီးတိုင်၏​အောက်တွင်ထီးဆောင်းထားသောကောင်လေးကလည်း တသိမ့်သိမ့်တုန်ရီနေသလို မိုးရေထဲတွင်ဒူးထောက်တောင်းပန်နေသော ကောင်လေးတွင် လည်းမျက်ရည်များက မိုးရေနှင့်အတူ စီးကျနေဆဲ။

" အချိန်မစောတော့တာမို့ ပြန်လိုက်တော့ "

"ငါကားမမောင်းနိုင်တော့ဘူး " 
သနားခံလာသော မျက်ဝန်းများကို ဂိုဂိုးမကြည့်ချင်သော​ကြောင့် မျက်လုံးမှိတ်လိုက်၍ အသက်ကိုပြင်းပြင်းရှူထုတ်လိုက်သည်။ တမင်သက်သက်ညစ်နေမှန်းသိသော်လည်း ဘီယာန့ံရနေသောကြောင့် ဂိုဂိုးအိမ်ထဲသို့အဝင်ခံလိုက်ရသည်။ စိုရွဲနေသောကြောင့် အခန်းထဲမှ တဘက်ထုတ်ပေး၍ ရှိုင်းထက်သော်နှင့် အနေတော်ဖြစ်နိုင်မည့် အဝတ်အစားကို ထုတ်ပေးလိုက်လေသည်။
ရှိုင်းထက်သော်အိမ်ထဲသို့ ဝင်ဝင်ချင်း ဂိုဂိုးနေသောအိမ်လေးကိုအကဲခတ်လိုက်၏။ သပ်သပ်ရပ်ရပ်လေးဖြင့် အရမ်းရှုပ်ပွမနေသောအိမ်ထဲတွင် ဆေးလိပ်န့ံကတော့ဝင်စကတည်းထောင်းခနဲရလာလေသည်။ အိပ်ခန်းထဲတွင်အဝတ်အစားထုတ်ပေးပြီး ပြန်ထွက်သွားသော ကောင်လေးက လုပ်ပေးစရာရှိတာလုပ်ပေး၍ ပြန်ထွက်သွားလေသည်။ ရှိုင်းထက်သော်အဝတ်အစားလဲ၍ အိမ်ရှေ့သို့ထွက်လိုက်သောအခါ အငွေ့ထွက်နေသော ရေနွေးတစ်ခွက်ကို မျက်စာပစ်ပြ၍ ဂိုဂိုးကတော့ဆေးလိပ်သောက်မပျက်ပေ။

"ဘာလို့ငါ့ဆီပြန်လာချင်နေတာလဲ "

အဝေးသို့ငေးကြည့်ကာတည်ငြိမ်စွာဖြင့်မေးလာသော ဂိုဂိုးကို ရှိုင်းထက်သော် သူ့အနားသို့တိုးသွားလိုက်သည်။ အနားတိုးလာသောကြောင့် လူကိုတစ်ချက်ကြည့်သော်လည်းဘာမှမပြောသောကြောင့် တော်သေးပေသည်။

" ငါအရာအားလုံးကို ရင်ဆိုင်နိုင်ပြီထင်လို့ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်နေပြီမို့ မင်းဆီပြန်လာခဲ့တာ "

ဟက်ခနဲတစ်ချက်ရယ်လိုက်၍ ရှိုင်းထက်သော်ဘက်သို့ လှည့်ကြည့်လိုက်ကာ

" တစ်ကိုယ်ကောင်းဆန်လိုက်တာ......... မင်းကအပိုင်တွက်ထားတာပေါ့ ဒီကောင်က ငါဘယ်လိုလုပ်လုပ်ဆိုပြီးလေ"

တစ်လုံးချင်းပြန်ချေပလာသောဂိုဂိုး၏စကားများကြောင့်ရှိုင်းထက်သော် သက်ပြင်းချမိသည်။ဒီကောင်လေး၏စကားများက ရှိုင်းထက်သော်အတွက် ချွန်ထက်လှသောဆူးတစ်ချောင်းပမာ။ အထင်လွဲနေခဲ့တဲ့ဒီကောင်လေးကိုဘယ်လိုရှင်းပြရမလဲ။

" အဲ့အချိန်တုန်းက ငါတို့မှာဘဝရပ်တည်ချက်အတွက် ဘာမှမရှိသေးဘူး ဂိုဂိုး မိဘတွေကိုလက်ခံနိုင်အောင်သက်သေပြဖို့ဘာမှမရှိသေးဘူး အခုငါ့မင်းကိုကောင်းကောင်းစောင့်ရှောက်နိုင်ပြီ အကယ်၍မိဘတွေလက်မခံနိုင်ရင်တောင် ငါတို့နှစ်ယောက်ရန်ကုန်မှာအတူတူနေနိုင်အောင်ငါလုပ်ထားတယ် ငါဒီတစ်ခါသာထပ်ပြီးလက်လွှတ်ရရင် ငါ့လောက်ရူးတာ မရှိတော့ဘူး........ ငါလေ"

"ငါအဲ့ဒါတွေကိုလိုချင်နေတယ်ထင်နေတာလား မင်းသာ!! မင်းသာအဲ့အချိန်တုန်းကကိုယ်လွှတ်မရုန်းခဲ့ရင်  မင်းသာအဲ့အချိန်တုန်းက မပျော့ညံ့ခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး....... ငါတောင်ရင်ဆိုင်မယ်ပြောခဲ့သေးတာပဲ မင်းကဘာလို့မလုပ်နိုင်ခဲ့ရတာလဲ"

ရှိုင်းထက်သော်၏စကားကိုဖြတ်၍ ဒေါသတကြီးပြောလာသော ဂိုဂိုးမှာ မျက်နှာထက်တွင်လည်း မျက်ရည်များဝေ့သီနေ၏။ ရုတ်တရက်ငြိမ်နေသော ရှိုင်းထက်သော်ကလည်း ခေါင်းတဆက်ဆက်ငြိမ့်လာ၍ ဂိုဂိုးအားမော့ကြည့်လိုက်လေသည်။
ဒီအချိန်အတောအတွင်း ဂိုဂိုးဟာအတော်ပြောင်းလဲသွားခဲ့ပြီပဲ။

" ဟုတ်ပါတယ် ငါမှားခဲ့ပါတယ် ဒါမဲ့အခုလည်း အချိန်တစ်ခုထိဝေးကြပြီး ငါပြန်လာနေပြီပဲ လက်ခံပေးလို့မရဘူးလား "

ရှိုင်းထက်သော်၏စကားကြောင့် ဂိုဂိုးခေါင်းကိုသာတွင်တွင်ခါပစ်လိုက်သည်။ မယုံကြည်ရဲတော့သော ဖျော့တော့သောမျက်လုံးများဖြင့်ကြည့်လိုက်၍

" ငါ့ကိုထပ်ပြီးမလှည့်စားပါနဲ့တော့ ရှိုင်းထက်သော် ငါဒီအခြေအနေထိရောက်အောင် မနည်းကြိုးစားထားရတာ ပြီးတော့ ငါတို့ဟာ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားခဲ့ကြတာထက်မပိုတော့ဘူး"

အဖျားခတ်ကာပြောလိုက်သောဂိုဂိုးစကားကို ရှိုင်းထက်သော်က အစောကဂိုဂိုး၏အံဆွဲထဲတွင်တွေ့ခဲ့သော ဓာတ်ပုံလေးအားထုတ်ပြလိုက်သည်။

"ဒါကရော........."

ပြူးကျယ်လာသောမျက်ဝန်းလေးထဲတွင်
လူသိမခံချင်သောအရိပ်အယောင်များဖြတ်သန်းနေသည်။ စိတ်မထိန်းနိုင်စွာဆွဲဖက်၍ ရင်ခွင်ထဲထည့်ထားလိုက်သောအခါ ဂိုဂိုးတစ်ယောက်ရင်ခွင်ထဲမှလူးလွင့်လာလေသည်။ အတင်းအကြပ်ဖက်ထား၍

"ခဏလေးပါပဲ ဂိုဂိုးရာ အရမ်းသတိရနေတာ "

တွန့်ဆုတ်လာသောလက်များပြေလျော့သွား၏။ သို့သော်ဒီအနှီကောင်လေးက အခုထက်ထိစိတ်ဆိုးမပြေသေးပါ။
အိပ်ခန်းလေးမှာ နှစ်ယောက်စာအတွက်ကျဥ်းနေသောကြောင့် ဂိုဂိုးခြင်ထောင်ထောင်ပေး၍ အခန်းထဲမှထွက်လာလိုက်သည်။ သို့သော်သူ့အားမျက်ခြေမပျက်လိုက်ကြည့်နေသောရှိုင်းထက်သော်က

" ဒီမှာပဲ နှစ်ယောက်ဆန့်ပါတယ် အတူတူအိပ်မယ်လေ "

"ရတယ် မင်းပဲလွပ်လွပ်လပ်လပ်အိပ်လိုက်ပါ ငါအရှေ့ထွက်အိပ်လိုက်မယ် "

ပြောပြီးအိမ်ရှေ့တွင်အိပ်ရာခင်းနေသောဂိုဂိုးကြောင့်ရှိုင်းထက်သော်အိပ်ရာများကိုဆွဲသိမ်း၍ ဂိုဂိုးအခန်းထဲထည့်ပစ်လိုက်သည်။ ရုတ်တရက်ဆန်စွာဖြစ်ပျက်သွားမှုကိုဂိုဂိုးကဘာမှမပြောတော့ဘဲ သူ့အိပ်ရာထဲတွင်သာဘေးစောင်းအနေအထားဖြင့် ရှိုင်းထက်သော်အား ကျောပေးအိပ်နေလိုက်တော့သည်။ အလယ်တွင်ဖက်ခေါင်းအုံးတစ်ခုကခြားထားသေး၏။ ဒီကောင်လေးဘာတွေတွေးပူနေတာပါလိမ့်။

ရှိုင်းထက်သော်အိပ်ယာထက်တွင်ဝင်လှဲ၍ နှစ်​ယောက်သား ကျောခိုင်းထားမိသည်။
ဒီလိုအချိန်ကို စောင့်နေရတာ လေးနှစ်တာကြာသွားခဲ့ပြီ။
လေးနှစ်လုံးလုံးအောင့်အီးသည်းခံ၍ စောင့်နေခဲ့တာ ဂိုဂိုးနှင့်နီးဖို့အတွက်ပင်။ ကျောင်းတတ်ချိန်အတွင်း စာကိုသာအာရုံစိုက်ဖိလုပ်၍ အလုပ်ဝင်သောအခါတွင်လည်း အလုပ်ထဲတွင်ပင်စိတ်နှစ်၍ အစဥ်တစိုက်လုပ်ခဲ့၏။ ရန်ကုန်တွင်တိုက်ခန်းတစ်ခန်းဝယ်ထားပြီး နှစ်​ယောက်သားအတူနေရန်ဆုံးဖြတ်ထားလေသည်။ ကိုယ့်အတွေးနှင့်ကိုယ်စာချုပ်ချုပ်တုန်းက ပျော်နေခဲ့သည်မှာ မျက်နှာထက်တွင် အပြုံးများက ဖုံးဖိ၍မရပေ။
လေးနှစ်တာအတောအတွင်းဂိုဂိုးအားစောင့်ကြည့်နေသည်မှာလည်း နှစ်စဥ်ရက်ဆက်ပေ။ သို့သော်လည်း မိမိနှင့်ဝေးနေစဥ်အတောအတွင်း ပြောင်းလဲသွားသည်ကိုတော့ ရှိုင်းထက်သော်အံ့သြမိလေသည်။ အရင်ထက်အေးဆေးတည်ငြိမ်နေသောကောင်လေးက သူ့အားဒီနေ့ဒေါသထွက်နေခဲ့သည်။
အတော်စိတ်ပင်ပန်းခဲ့မှာပဲ........... ဂိုဂိုး။

ကျောခိုင်းထားသောဂိုဂိုးအား ရှိုင်းထက်သော်မရဲတရဲဖက်လှမ်းဖက်ထားလိုက်၏။ အလိုက်သင့်ပါလာသောကောင်လေးက တကယ်ပင်အိပ်မောကျသွားတာလား မသိ။
သူအနမ်းပေးတာကိုပင်ကျေကျေနပ်နပ်ခံယူနေသေး၏။

ဖြစ်ခဲ့သမျှအကြောင်းအရာတွေကို မေ့ပစ်ပြီး မင်းကိုပြန်လက်ခံချင်တယ်။ ဒါပေမဲ့မင်းကို ငါမယုံတော့ဘူး ရှိုင်းထက်သော်။

_______________________________________
Words 3428
Please give me vote and comments!!!

(Zawgyi)

Hy-Dran-Gea

တိတ္ဆိတ္ေနေသာပတ္ဝန္းက်င္.........အျပင္ဘက္ဟိုအေဝးတစ္ဘက္ရွိကားလမ္းေလးမွ ကားေလးတစ္စီးစႏွစ္စီးစကိုဝိုးတဝါးလွမ္းျမင္ေနရ၏။ မိုမႈန္ေလးမ်ားခပ္ဖြဲဖြဲေဆြေနေသာေၾကာင့္အျပင္ဘက္တံစက္ၿမိတ္ေအာက္တြင္ မိုးေရေလးမ်ားက တေျဖာက္ေျဖာက္က်စီးသံကိုအတိုင္းသားၾကားေနရသည္။ ေန႕လည္ခင္းလူေျခတိတ္ေနေသာေၾကာင့္ ဆိုင္ခန္းေလးထဲတြင္လူရွင္းေနကာ သူတို႔ႏွစ္ဦးသာမ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ တစ္ေယာက္ကိုတစ္ေယာက္မ်က္ႏွာလြဲထားၾကသည္။ အေရွ႕စားပြဲခုံေပၚတြင္ခ်ထားေသာ ေကာ္ဖီႏွစ္ခြက္မွာအေငြ႕တေထာင္းေထာင္းထေနသည္။
ယခုထက္ထိစကားစမလာေသာ ဂိုဂိုးက ကားထဲတြင္လည္းစကားတစ္ခြန္းမွမ​ေျပာေသာေၾကာင့္ ရွိုင္းထက္ေသာ္ေနရခက္ေန၏။
ေရေသလိုတည္ၿငိမ္ေနေသာဂိုဂိုး၏မ်က္ဝန္းမ်ားက အေဝးတစ္ဘက္ကိုသာအာ႐ုံပို႔ထားေလသည္။

"ဒီအေတာအတြင္း အဆင္ေျပေနခဲ့တယ္မလား "

ထိုအခါ မ်က္ႏွာလႊဲထားေသာဂိုဂိုးက ရွိုင္းထက္ေသာ္အားတစ္ခ်က္ၾကည့္လိုက္၍

"ဆိုပါေတာ့ "

အႏွောက္မလြတ္အသြားမလြတ္စကားဆိုလိုက္၍ အေရွ႕မွ ေကာ္ဖီႏြေးႏြေးေလးအား တစ္ငုံ႕ေမာ့ေသာက္လိုက္၏။ တစ္ေလွ်ာက္လုံးစကားမေျပာခဲ့တဲ့ဂိုဂိုးဟာ အခုထိမ်က္ႏွာတင္းမာေနဆဲ။

"ေတာင္းပန္ပါတယ္"

ရွိုင္းထက္ေသာ္ဆီမွ ၾကည္လင္စြာထြက္က်လာေသာထိုစကားကို ဂိုဂိုးနာက်င္စြာေအာ္ရယ္ပစ္လိုက္ခ်င္သည္။ သူမ်ားေဒါသထြက္သြားေလမလား.........။ အခုအခ်ိန္တြင္ဂိုဂိုး၏စိတ္ထဲ၌ ရွိုင္းထက္ေသာ္အား အ႐ြဲ႕တိုက္ခ်င္ေနသည့္ မရင့္က်က္ေသးသည့္ကေလးသာသာစိတ္ေလးျဖစ္ေပၚေနေလသည္။

"ဘာကိုလဲ "

တည္ၿငိမ္စြာျဖင့္ႏႈတ္ခမ္းနားေလးေကာ့တတ္သြားေအာင္ေမးလာေသာဒီေကာင္ေလးက သူမရွိသည့္အေတာအတြင္း တည္ၿငိမ္သြားသည္မွာယခင္ကထက္လား။ လုပ္ယူထားတာလား မေျပာျပတတ္ေပ။ ရွိုင္းထက္ေသာ္မ်က္လႊာကိုငုံ႕ခ်၍ ဆႏၵ ရွိသည့္အတိုင္း

"ျပန္လာခ်င္တယ္ ဂိုဂိုး ငါတို႔အစကေနျပန္စရေအာင္ေလ "

တစ္ကိုယ္ေကာင္းဆန္စြာေျပာလာေသာရွိုင္းထက္ေသာ္စကားေၾကာင့္ဂိုဂိုးရင္ထဲ ထိုးေအာင့္သြားမတတ္ခံစားရ၏။ သို႔ေသာ္လည္း ရွိုင္းထက္ေသာ္ဟာ သူ႕ခံစားခ်က္ေတြကိုဘယ္တုန္းကမ်ားဦးစားေပးခဲ့လို႔လဲ။ ဂိုဂိုးဟန္မေဆာင္နိုင္စြာပင္ ဟက္ခနဲတစ္ခ်က္ရယ္လိုက္၍ မိမိအေရွ႕မွသူ႕မ်က္ႏွာကိုတည့္တည့္ၾကည့္ၿပီး

" လွည့္စားရတာမဝေသးလို႔လား ရွိုင္းထက္ေသာ္ ငါေတာ့ဒီေလာက္နဲ႕တင္ ေတာ္ေတာ္ခံနိုင္ရည္ရွိသြားၿပီမို႔ ေနာက္ထပ္ငါ့ဘဝထဲကို ဝင္မလာပါနဲ႕ "

"မင္းဘက္ကအခ်စ္ကိုဘယ္လိုသတ္မွတ္ထားလဲ မသိေပမယ့္ ငါ့ဘက္ကေတာ့ မင္းကိုထပ္ၿပီးမဆုံးရႈံးခ်င္ေတာ့ဘူး ငါမင္းကိုဘယ္တုန္းကမွ အခ်စ္မပ်က္ခဲ့ဘူး ယုံေပးပါဂိုဂိုးရယ္"

စားပြဲေပၚတြင္တင္ထားေသာ လက္တစ္ဖက္ကို ဆုပ္ကိုင္ကာေျပာလာေသာရွိုင္းထက္ေသာ္ကို ဂိုဂိုးမၾကားသလိုျဖင့္ လက္ကို႐ုန္းဖယ္မိလိုက္၏။
အတိတ္ကအေၾကာင္းအရာေတြေတြးမိရင္ မခံမရပ္နိုင္ျဖစ္ရသူမွာ သူတစ္ေယာက္တည္းပဲမဟုတ္လား ။
အေၾကာင္းျပခ်က္မရွိလမ္းခြဲၿပီးမွ ျပန္လာခ်င္ေနတဲ့သူကို ဂိုဂိုးဘက္ကဘယ္လိုလက္ခံရပါ့မလဲ။ မဟုတ္ဘူး မယုံၾကည္ရဲေတာ့တာ။

" ငါ့ဘက္က အခ်စ္ကို တကူးတကသတ္မွတ္ထားတာမရွိဘူး။ အခ်စ္ဟာဒီလိုပါလားဆိုၿပီး ခံစားခဲ့ရတာေတြလည္း မရွိဘူးေလ မင္းသိမွာပါ "

ဂိုဂိုး၏စကားေၾကာင့္ရွိုင္းထက္ေသာ္မ်က္ႏွာမေဖာ္ရဲစြာျဖင့္ေခါင္းၿငိမ့္ထားမိသည္။ ခ်စ္သူေတြျဖစ္ခဲ့ၾကသည့္အခ်ိန္အတြင္း ဂိုဂိုးဟာသူ႕အပိုင္ဟုမ႑တိုင္တပ္၍ သူျဖစ္ေစခ်င္သလိုသာ ဂိုဂိုးအား ေနခိုင္းခဲ့၏။ အရာအားလုံးဟာသူ႕သေဘာအတိုင္းသာျဖစ္ေစခဲ့၏။
သူငယ္ခ်င္းမ်ားႏွင့္ေသာက္စားေပ်ာ္ပါးေနခ်ိန္တြင္ အခန္းထဲတြင္ သူျပန္အလာကိုထိုင္ေစာင့္ေနရေသာ ဂိုဂိုးကိုသူမငဲ့ခဲ့သလို ညလုံးေပါက္ဂိမ္းေဆာ့ေနေသာေၾကာင့္ ဖုန္းေျပာရန္တစ္ညလုံးေစာင့္ေနေသာဂိုဂိုးကို သူထည့္မတြက္ခဲ့ေပ။ ဒါေတြဟာ ဂိုဂိုးႏွင့္ေဝးေတာ့မွ နားလည္တတ္ခဲ့တာျဖစ္ေပသည္။
မည္သို႔ပင္ျဖစ္ေစကာမူ ဂိုဂိုးကို အရာရာထက္သူပိုခ်စ္ခဲ့ပါသည္။ အတားအဆီးေတြမရွိခင္အခ်ိန္ထိေပါ့။

"ျဖစ္ပ်က္ခဲ့သမွ်ေတြအတြက္ ငါ့ဘက္ကအႏူးအၫႊတ္ေတာင္းပန္ပါတယ္။ ခြင့္လႊတ္ေပးဖို႔မေတာင္းဆိုေပမယ့္ ငါမင္းဆီျပန္လာခ်င္တယ္ မင္းလည္း ခ်စ္ေနေသးတယ္မဟုတ္လား "

ရွိုင္းထက္ေသာ္၏စကားေၾကာင့္ဂိုဂိုးမ်က္ဝန္းေလးထဲအရည္ၾကည္တစ္ခ်ိဳ႕ျဖတ္သန္းစီးဆင္းသြား၏။ မ်က္ဝန္းဝိုင္းဝိုင္းေလးမ်ားကို အေပၚသို႔တစ္ျဖတ္ခတ္လိုက္သည္။ သို႔ေသာ္ခ်က္ခ်င္းပင္ ျပန္တည္ၿငိမ္ေအာင္ႀကိဳးစား၍ ထိုင္ခုံမွထကာ

" ငါအရင္ျပန္ႏွင့္မယ္"

"လိုက္ပို႔ေပးမယ္"

လက္ေကာက္ဝတ္တစ္ဖက္ကိုဆြဲ၍ ဂိုဂိုးအားရွိုင္းထက္ေသာ္တားလိုက္ကာ ေဘရွင္း၍ ထြက္လာခဲ့သည္။ ကားထဲတြင္ေတာ့အစကလာသလိုတိတ္ဆိတ္ေနကာ အျပင္ဘက္တြင္လည္း မိုးတဖြဲဖြဲေလးက ဆက္လက္႐ြာသြန္းေနေလသည္။

>>>>>>>>>>>>>

"ကိုႀကီး ဒီအပတ္႐ြာျပန္မွာမို႔လား "

ေရခဲမုန့္ခြက္ကို အားရပါးရစားရင္းျဖင့္ အခန္းထဲတြင္အလုပ္ရႈပ္ေနေသာေကာင္းထက္ေက်ာ္အနားသို႔ လဝန္းထက္မွီထိုင္လိုက္သည္။စေန၊တနဂ္ႏြေ႐ုံးပိတ္ေသာေၾကာင့္ ဝက္ပုတစ္ေယာက္ေတာင္ငူသို႔လိုက္လာျခင္းျဖစ္ေလသည္။ စက္႐ုံအတြက္ကုန္ၾကမ္းေပးရမည့္စာရင္းမ်ား လုပ္ေနေသာေၾကာင့္အမွားမပါေစရန္သတိထားေနရေသာ ေကာင္းထက္ေက်ာ္ကေတာ့ လဝန္းထက္ေလးေျပာသည္ကိုအာ႐ုံမရပါ။ သို႔ေသာ္လည္းစကားမ်ားလြန္းေသာ ဝက္ပုက ေနာက္တစ္ဖန္

" ရွိုင္းထက္ေသာ္လည္း ျပန္ေရာက္ေနတယ္ ဂိုဂိုးလည္းျပန္လာမွာတဲ့ လူစုံၿပီဆိုေတာ့ တစ္ခုခုလုပ္စားလို႔ရတယ္ အဟီး "

သူ႕အေတြးနဲ႕သူေပ်ာ္ေနေသာ ဝက္ပုကို ေကာင္းထက္ေက်ာ္ လက္မအားေသာေၾကာင့္ ဝက္ပု၏ေခါင္းလုံးလုံးေလးအား သူ႕ေခါင္းျဖင့္အသာအယာတိုက္ေပးလိုက္၏။

" သူတို႔ေျပာလို႔လား ျပန္လာမယ္ဆိုတာ ရွိုင္းထက္ေသာ္mydayတင္ထားတာ ဒီမွာမဟုတ္ပါဘူး သူခရီးထြက္သြားတယ္ထင္တာ ကိုႀကီးက"

ေကာင္းထက္ေက်ာ္အေျပာေၾကာင့္ လဝန္းထက္ေရခဲမုန္းစားေနရာမွေငါက္ခနဲထ၍ အိပ္ရာထက္မွေကာင္းထက္ေက်ာ္ဖုန္းကိုယူ ဖြင့္ၾကည့္လိုက္ၿပီး

"အမယ္ 'အခ်စ္ရွိရာ 'ဆိုပဲ ႏြားက အဲ့ဒါဘာမွမဟုတ္ဘူး သူ႕လင္ရွိတဲ့ေနရာလိုက္သြားတာျဖစ္မွာေပါ့ သားကိုေတာင္မေခၚဘူး အလည္လိုက္ခ်င္လို႔ပါဆို "

မဲ့ကာ႐ြဲ႕ကာေျပာ၍ ဖုန္းကိုပစ္ခ်လိဳက္ကာ ေကာင္းထက္ေက်ာ္၏ေက်ာျပင္ကိုဖက္၍ ခြၽဲေနျပန္သည္။ ဒီလူသားေလးဟာ ခြၽဲတတ္သည့္ေနရာမွာသိပ္ေတာ္တာေပ။

"မင္း သူတို႔အၾကားဘာလိုက္လုပ္မွာလဲ ကေလးကကေလးလိုေနစမ္းပါ ဝက္ပုရာ "

သိုင္းဖက္ထားေသာလက္ႏွစ္ဖက္ကိုဆြဲယူ၍ လက္ေသးေသးေလးမ်ားကိုအျမတ္တနိုးျဖင့္ နမ္းရွိုက္လိုက္သည္။ ႏွာေခါင္းထဲတြင္ အေစာကစေတာ္ဘယ္ရီေရခဲမုန့္စားထား၍ လက္မေဆးရေသးသျဖင့္ စေတာ္ဘယ္ရီန႕ံခပ္သင္းသင္းေလးေမႊးပ်ံေနသည္။

"အင္းပါ သူတို႔အဆင္ေျပသြားေတာ့လည္း ေကာင္းပါတယ္ အဲ့ဒါဘာမွမဟုတ္ဘူး အန္တီပိုမေကာင္းတာ သူ႕သားအဖိုတန္ေလး ဘာျဖစ္တယ္ညာျဖစ္တယ္နဲ႕ ဟိုက ဂိုဂိုးကေရာ လူမဟုတ္လို႔လား အဲ့လူႀကီးေတြအရမ္းဆိုးတာပဲ"

လူငယ္ပီပီစိတ္လႊတ္ကိုယ္လႊတ္​ေျပာေနေသာ ဝက္ပုစကားကို ေကာင္းထက္ေက်ာ္နားေထာင္လိုက္၍

"အဲ့လိုမေျပာရဘူးေလ ဝက္ပုရ လူႀကီးေတြဆိုတာ အရမ္းေရွးရိုးစြဲတာ အဲ့ဒီအျမင္ေတြကိုေပ်ာက္ေအာင္အခ်ိန္ေတာ့ယူရတာေပါ့။ေနာက္ေတာ့တျဖည္းျဖည္းလက္ခံလာမွာပါ။ လက္ခံနိုင္ေအာင္လည္း ရွိုင္းထက္ေသာ္တို႔ဘက္ကႀကိဳးစားျပရမွာေပါ့။ကိုယ္တို႔ဆိုလည္း ေမေမတို႔လက္ခံနိုင္ေအာင္ ေနျပခဲ့တယ္ေလ။ ေဟာ.....အခုကန့္ကြက္နိုင္လားပဲၾကည့္........။တဇြတ္ထိုးလုပ္ရင္ ႏွစ္ဖက္စလုံးနာက်င္ရမွာေလ"

"အိုး......မသိပါဘူး သူတို႔ကတစ္ဖက္ပိတ္ေတြ "

သူမ်ားကိုတဇြတ္ထိုးေျပာေနေသာ ဒီအႏွီေကာင္ေလးကို ေကာင္းထက္ေက်ာ္က

"မေျပာရပါဘူးဆို အဆိုးေလးကေတာ့ "

ဝက္ပုအားမိမိဘက္သိူ႕အပါေခၚ၍ ကလိထိုးေျပာလိုက္ေသာအခါ ခိုးခိုးခစ္ခစ္အသံေလးမ်ားထြက္လာသည္။ ဒီလူသားေၾကာင့္ ဘယ္ေသာအခါမွသူမပ်င္းရေပ။ သူမလိုက္လာသည့္ေန႕ရက္မ်ားတြင္ေတာ့ ေကာင္းထက္ေက်ာ္ အထီးက်န္ရေပသည္။

>>>>>>>>>

ညသည္အထီးက်န္ဆန္လြန္းလွသည္။ မိုးသဲေသာညျဖစ္၍ အိမ္မွန္တံခါး၏အျပင္ဘက္တြင္ မိုးမ်ားသည္းထန္စြာ႐ြာသြန္းေန၏။အလြမ္းဓာတ္ခံရွိသည့္သူအတြက္ မိုးၿဖိဳင္ၿဖိဳင္႐ြာသြန္းေသာညမ်ားသည္ သီခ်င္းမလို၊ ေဆးမလိုေအာင္ကိုပင္ ဖီးလ္လို႔ေကာင္းေလသည္။  ေဆးလိပ္မီးကိုတစ္ခ်က္ရွိုက္၍ ခပ္ျပင္းျပင္းမႈတ္ထုတ္လိုက္ေသာအခါ စိတ္ထဲတြင္ေလးလံေနသမွ် ေပါ့ပါးသြားသလိုခံစားရသည္။

'မင္းလည္းခ်စ္ေနေသးတယ္မဟုတ္လား........ '

ေျပာခဲ့ေသာစကားတစ္ခြန္းအထပ္ထပ္ၾကားေယာင္ရင္း ဂိုဂိုးေဆးလိပ္ေတြသာဖိေသာက္ပစ္လိုက္၏။
ခ်စ္ေနေသးလားဆိုေတာ့ အစကတည္းက ထိုလူသားကိုပဲခ်စ္ခဲ့တာ.......။
မုန္းေနမွာေပါ့ဆိုေတာ့ ထိုလူသားကို ဘယ္တုန္းကမွအျပစ္မျမင္ခဲ့ပါ။ ဒါဆို လက္ခံလိုက္ပါလားဟုေမးလာလွ်င္ မယုံခ်င္ေတာ့ဘူးဟူ၍ျပန္ေျဖမိမလား မေျပာတတ္ေပ။

လင္းလက္လာေသာ ဖုန္းစခရင္​ေၾကာင့္ ဂိုဂိုးၾကည့္လိုက္ေသာအခါ နံပါတ္စိမ္းျဖစ္ေနေသာေၾကာင့္ အတန္ငယ္ၾကာစိုက္ၾကည့္လိုက္၍

"ဟယ္လို "

"ငါမင္းအိမ္ေရွ႕ေရာက္ေနတယ္ တံခါးလာဖြင့္ေပးပါလား "

ခပ္ျပတ္ျပတ္အသံကား ရွိုင္းထက္ေသာ္၏ အသံျဖစ္ေနေသာေၾကာင့္ ဂိုဂိုးအိမ္ေရွ႕သို႔ လွမ္းအကဲခတ္လိုက္၏။ အသံေလးေနေသာေၾကာင့္ အရက္ေတြမ်ားေသာက္ထားသလား ။ ၿခံစည္းရိုးတိုင္းၾကားထဲမွေဖာက္ထြက္ကာ ခပ္ေရးေရးျမင္ေနရေသာ ကားအနက္ေရာင္ေဘးတြင္မွီရပ္ေနေသာ ထိုလူသား။
မိုးေတြ႐ြာေနတာ ထီးမေဆာင္းဘူးလား။
စိုးရိမ္စိတ္မ်ားကို ခ်က္ခ်င္းဖယ္ထုတ္၍

" ငါ အိမ္မွာမဟုတ္ဘူး "

"ဒါဆိုဘယ္ေရာက္ေနတာလဲ မိုးေတြ႐ြာေနတာကို ဘယ္ေတြသြားေနတာလဲ "

ခ်က္ခ်င္းတုံ႕ျပန္လာေသာရွိုင္းထက္ေသာ္၏စကားမ်ားတြင္စိတ္အလိုမက်မႈမ်ားကိုအထင္းသားခံစားေနရသည္။

"ငါ့ဘာသာငါဘယ္သြားသြားေလ မင္းကိုေျပာျပေနရမွာလား "

"အိမ္ထဲမွာရွိေနတယ္ဆိုတာ ငါသိတယ္ တံခါးလာဖြင့္ေပးပါဂိုဂိုးရာ ငါမင္းကိုအရမ္းေတြ႕ခ်င္ေနၿပီ မဖြင့္ေပးမခ်င္းငါရပ္ေနမွာေနာ္ "

ရွိုင္းထက္ေသာ္၏စကားကိုဆုံးေအာင္နားမေထာင္ဘဲဂိုဂိုးဖုန္းခ်ပစ္လိုက္သည္။ ေခါင္းမာလြန္းေသာရွိုင္းထက္ေသာ္ကလည္း ကားေဘးတြင္မွီကာရပ္ေစာင့္ေနေလသည္။ မိုး႐ြာေနတာကို ေနသာတယ္မ်ားထင္ေနသလားမေျပာျပတတ္ေပ။
ဂိုဂိုးလည္း အိပ္ခန္းထဲဝင္၍ ႐ုံးမွပါလာေသာအလုပ္မ်ားကိုထိုင္လုပ္ေနလိုက္၏။ တစ္နာရီနီးပါးခန့္ၾကာေသာအခါ ေညာင္းခ်ိလာ၍ အခန္းျပင္ထြက္ကာအပ်င္းေၾကာဆန့္၍ ေရေသာက္ရန္ အသြားအိမ္ေရွ႕ကိုၾကည့္မိေသာအခါ အခုထိမျပန္ေသးေသာရွိုင္းထက္ေသာ္ေၾကာင့္ ဂိုဂိုးနာရီကိုအျမန္ၾကည့္မိေသာအခါ ကိုးနာရီေတာင္ထိုးေနၿပီျဖစ္၏။ အိမ္အေပါက္ဝမွခ်ိတ္ထားေသာထီးကိုယူ၍ အျမန္သြားကာ ၿခံတံခါးဖြင့္လိုက္ေသာအခါ မိမိဆီသို႔ေလွ်ာက္လာရင္း

" ဟက္ မလာေတာ့ဘူးထင္တာ "

"မင္း႐ူးေနလား ဒီေလာက္မိုး႐ြာႀကီးထဲမွာ "

ေဒါသသံမပါေပမယ့္စိတ္ပူေနေသာအသံေလးကအဖ်ားခတ္သြား၏။ ဂိုဂိုး၏စကားေၾကာင့္ ရွိုင္းထက္ေသာ္တစ္ခ်က္ရယ္ေမာလိုက္၍

" ဟုတ္တယ္ ငါ႐ူးေနၿပီထင္တယ္ ငါ့ကိုဘယ္လိုနည္းနဲ႕မွခြင့္လႊတ္လို႔မရဘူးလား ဂိုဂိုးငါေတာင္းပန္ပါတယ္ ငါမင္းကိုတကယ္မစြန့္လႊတ္နိုင္ေတာ့ဘူး "

ေျပာရင္းျဖင့္ မိုးေရထဲဒူးေထာက္ခ်လိဳက္ေသာ ရွိုင္းထက္ေသာ္ေၾကာင့္ ဂိုဂိုးပါးျပင္ထက္ မ်က္ရည္စီးေၾကာင္းတစ္ခုျဖတ္သန္းသြား၏။ နီယြန္မီးတိုင္၏​ေအာက္တြင္ထီးေဆာင္းထားေသာေကာင္ေလးကလည္း တသိမ့္သိမ့္တုန္ရီေနသလို မိုးေရထဲတြင္ဒူးေထာက္ေတာင္းပန္ေနေသာ ေကာင္ေလးတြင္ လည္းမ်က္ရည္မ်ားက မိုးေရႏွင့္အတူ စီးက်ေနဆဲ။

" အခ်ိန္မေစာေတာ့တာမို႔ ျပန္လိုက္ေတာ့ "

"ငါကားမေမာင္းနိုင္ေတာ့ဘူး " 
သနားခံလာေသာ မ်က္ဝန္းမ်ားကို ဂိုဂိုးမၾကည့္ခ်င္ေသာ​ေၾကာင့္ မ်က္လုံးမွိတ္လိုက္၍ အသက္ကိုျပင္းျပင္းရႉထုတ္လိုက္သည္။ တမင္သက္သက္ညစ္ေနမွန္းသိေသာ္လည္း ဘီယာန႕ံရေနေသာေၾကာင့္ ဂိုဂိုးအိမ္ထဲသို႔အဝင္ခံလိုက္ရသည္။ စို႐ြဲေနေသာေၾကာင့္ အခန္းထဲမွ တဘက္ထုတ္ေပး၍ ရွိုင္းထက္ေသာ္ႏွင့္ အေနေတာ္ျဖစ္နိုင္မည့္ အဝတ္အစားကို ထုတ္ေပးလိုက္ေလသည္။
ရွိုင္းထက္ေသာ္အိမ္ထဲသို႔ ဝင္ဝင္ခ်င္း ဂိုဂိုးေနေသာအိမ္ေလးကိုအကဲခတ္လိုက္၏။ သပ္သပ္ရပ္ရပ္ေလးျဖင့္ အရမ္းရႈပ္ပြမေနေသာအိမ္ထဲတြင္ ေဆးလိပ္န႕ံကေတာ့ဝင္စကတည္းေထာင္းခနဲရလာေလသည္။ အိပ္ခန္းထဲတြင္အဝတ္အစားထုတ္ေပးၿပီး ျပန္ထြက္သြားေသာ ေကာင္ေလးက လုပ္ေပးစရာရွိတာလုပ္ေပး၍ ျပန္ထြက္သြားေလသည္။ ရွိုင္းထက္ေသာ္အဝတ္အစားလဲ၍ အိမ္ေရွ႕သို႔ထြက္လိုက္ေသာအခါ အေငြ႕ထြက္ေနေသာ ေရႏြေးတစ္ခြက္ကို မ်က္စာပစ္ျပ၍ ဂိုဂိုးကေတာ့ေဆးလိပ္ေသာက္မပ်က္ေပ။

"ဘာလို႔ငါ့ဆီျပန္လာခ်င္ေနတာလဲ "

အေဝးသို႔ေငးၾကည့္ကာတည္ၿငိမ္စြာျဖင့္ေမးလာေသာ ဂိုဂိုးကို ရွိုင္းထက္ေသာ္ သူ႕အနားသို႔တိုးသြားလိုက္သည္။ အနားတိုးလာေသာေၾကာင့္ လူကိုတစ္ခ်က္ၾကည့္ေသာ္လည္းဘာမွမေျပာေသာေၾကာင့္ ေတာ္ေသးေပသည္။

" ငါအရာအားလုံးကို ရင္ဆိုင္နိုင္ၿပီထင္လို႔ ကိုယ့္ဘဝကိုယ္ရပ္တည္နိုင္ေနၿပီမို႔ မင္းဆီျပန္လာခဲ့တာ "

ဟက္ခနဲတစ္ခ်က္ရယ္လိုက္၍ ရွိုင္းထက္ေသာ္ဘက္သို႔ လွည့္ၾကည့္လိုက္ကာ

" တစ္ကိုယ္ေကာင္းဆန္လိုက္တာ......... မင္းကအပိုင္တြက္ထားတာေပါ့ ဒီေကာင္က ငါဘယ္လိုလုပ္လုပ္ဆိုၿပီးေလ"

တစ္လုံးခ်င္းျပန္ေခ်ပလာေသာဂိုဂိုး၏စကားမ်ားေၾကာင့္ရွိုင္းထက္ေသာ္ သက္ျပင္းခ်မိသည္။ဒီေကာင္ေလး၏စကားမ်ားက ရွိုင္းထက္ေသာ္အတြက္ ခြၽန္ထက္လွေသာဆူးတစ္ေခ်ာင္းပမာ။ အထင္လြဲေနခဲ့တဲ့ဒီေကာင္ေလးကိုဘယ္လိုရွင္းျပရမလဲ။

" အဲ့အခ်ိန္တုန္းက ငါတို႔မွာဘဝရပ္တည္ခ်က္အတြက္ ဘာမွမရွိေသးဘူး ဂိုဂိုး မိဘေတြကိုလက္ခံနိုင္ေအာင္သက္ေသျပဖို႔ဘာမွမရွိေသးဘူး အခုငါ့မင္းကိုေကာင္းေကာင္းေစာင့္ေရွာက္နိုင္ၿပီ အကယ္၍မိဘေတြလက္မခံနိုင္ရင္ေတာင္ ငါတို႔ႏွစ္ေယာက္ရန္ကုန္မွာအတူတူေနနိုင္ေအာင္ငါလုပ္ထားတယ္ ငါဒီတစ္ခါသာထပ္ၿပီးလက္လႊတ္ရရင္ ငါ့ေလာက္႐ူးတာ မရွိေတာ့ဘူး........ ငါေလ"

"ငါအဲ့ဒါေတြကိုလိုခ်င္ေနတယ္ထင္ေနတာလား မင္းသာ!! မင္းသာအဲ့အခ်ိန္တုန္းကကိုယ္လႊတ္မ႐ုန္းခဲ့ရင္  မင္းသာအဲ့အခ်ိန္တုန္းက မေပ်ာ့ညံ့ခဲ့ရင္ ဒီလိုျဖစ္လာစရာအေၾကာင္းမရွိဘူး....... ငါေတာင္ရင္ဆိုင္မယ္ေျပာခဲ့ေသးတာပဲ မင္းကဘာလို႔မလုပ္နိုင္ခဲ့ရတာလဲ"

ရွိုင္းထက္ေသာ္၏စကားကိုျဖတ္၍ ေဒါသတႀကီးေျပာလာေသာ ဂိုဂိုးမွာ မ်က္ႏွာထက္တြင္လည္း မ်က္ရည္မ်ားေဝ့သီေန၏။ ႐ုတ္တရက္ၿငိမ္ေနေသာ ရွိုင္းထက္ေသာ္ကလည္း ေခါင္းတဆက္ဆက္ၿငိမ့္လာ၍ ဂိုဂိုးအားေမာ့ၾကည့္လိုက္ေလသည္။
ဒီအခ်ိန္အေတာအတြင္း ဂိုဂိုးဟာအေတာ္ေျပာင္းလဲသြားခဲ့ၿပီပဲ။

" ဟုတ္ပါတယ္ ငါမွားခဲ့ပါတယ္ ဒါမဲ့အခုလည္း အခ်ိန္တစ္ခုထိေဝးၾကၿပီး ငါျပန္လာေနၿပီပဲ လက္ခံေပးလို႔မရဘူးလား "

ရွိုင္းထက္ေသာ္၏စကားေၾကာင့္ ဂိုဂိုးေခါင္းကိုသာတြင္တြင္ခါပစ္လိုက္သည္။ မယုံၾကည္ရဲေတာ့ေသာ ေဖ်ာ့ေတာ့ေသာမ်က္လုံးမ်ားျဖင့္ၾကည့္လိုက္၍

" ငါ့ကိုထပ္ၿပီးမလွည့္စားပါနဲ႕ေတာ့ ရွိုင္းထက္ေသာ္ ငါဒီအေျခအေနထိေရာက္ေအာင္ မနည္းႀကိဳးစားထားရတာ ၿပီးေတာ့ ငါတို႔ဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာ စိတ္ကစားခဲ့ၾကတာထက္မပိုေတာ့ဘူး"

အဖ်ားခတ္ကာေျပာလိုက္ေသာဂိုဂိုးစကားကို ရွိုင္းထက္ေသာ္က အေစာကဂိုဂိုး၏အံဆြဲထဲတြင္ေတြ႕ခဲ့ေသာ ဓာတ္ပုံေလးအားထုတ္ျပလိုက္သည္။

"ဒါကေရာ........."

ျပဴးက်ယ္လာေသာမ်က္ဝန္းေလးထဲတြင္
လူသိမခံခ်င္ေသာအရိပ္အေယာင္မ်ားျဖတ္သန္းေနသည္။ စိတ္မထိန္းနိုင္စြာဆြဲဖက္၍ ရင္ခြင္ထဲထည့္ထားလိုက္ေသာအခါ ဂိုဂိုးတစ္ေယာက္ရင္ခြင္ထဲမွလူးလြင့္လာေလသည္။ အတင္းအၾကပ္ဖက္ထား၍

"ခဏေလးပါပဲ ဂိုဂိုးရာ အရမ္းသတိရေနတာ "

တြန့္ဆုတ္လာေသာလက္မ်ားေျပေလ်ာ့သြား၏။ သို႔ေသာ္ဒီအႏွီေကာင္ေလးက အခုထက္ထိစိတ္ဆိုးမေျပေသးပါ။
အိပ္ခန္းေလးမွာ ႏွစ္ေယာက္စာအတြက္က်ဥ္းေနေသာေၾကာင့္ ဂိုဂိုးျခင္ေထာင္ေထာင္ေပး၍ အခန္းထဲမွထြက္လာလိုက္သည္။ သို႔ေသာ္သူ႕အားမ်က္ေျခမပ်က္လိုက္ၾကည့္ေနေသာရွိုင္းထက္ေသာ္က

" ဒီမွာပဲ ႏွစ္ေယာက္ဆန့္ပါတယ္ အတူတူအိပ္မယ္ေလ "

"ရတယ္ မင္းပဲလြပ္လြပ္လပ္လပ္အိပ္လိုက္ပါ ငါအေရွ႕ထြက္အိပ္လိုက္မယ္ "

ေျပာၿပီးအိမ္ေရွ႕တြင္အိပ္ရာခင္းေနေသာဂိုဂိုးေၾကာင့္ရွိုင္းထက္ေသာ္အိပ္ရာမ်ားကိုဆြဲသိမ္း၍ ဂိုဂိုးအခန္းထဲထည့္ပစ္လိုက္သည္။ ႐ုတ္တရက္ဆန္စြာျဖစ္ပ်က္သြားမႈကိုဂိုဂိုးကဘာမွမေျပာေတာ့ဘဲ သူ႕အိပ္ရာထဲတြင္သာေဘးေစာင္းအေနအထားျဖင့္ ရွိုင္းထက္ေသာ္အား ေက်ာေပးအိပ္ေနလိုက္ေတာ့သည္။ အလယ္တြင္ဖက္ေခါင္းအုံးတစ္ခုကျခားထားေသး၏။ ဒီေကာင္ေလးဘာေတြေတြးပူေနတာပါလိမ့္။

ရွိုင္းထက္ေသာ္အိပ္ယာထက္တြင္ဝင္လွဲ၍ ႏွစ္​ေယာက္သား ေက်ာခိုင္းထားမိသည္။
ဒီလိုအခ်ိန္ကို ေစာင့္ေနရတာ ေလးႏွစ္တာၾကာသြားခဲ့ၿပီ။
ေလးႏွစ္လုံးလုံးေအာင့္အီးသည္းခံ၍ ေစာင့္ေနခဲ့တာ ဂိုဂိုးႏွင့္နီးဖို႔အတြက္ပင္။ ေက်ာင္းတတ္ခ်ိန္အတြင္း စာကိုသာအာ႐ုံစိုက္ဖိလုပ္၍ အလုပ္ဝင္ေသာအခါတြင္လည္း အလုပ္ထဲတြင္ပင္စိတ္ႏွစ္၍ အစဥ္တစိုက္လုပ္ခဲ့၏။ ရန္ကုန္တြင္တိုက္ခန္းတစ္ခန္းဝယ္ထားၿပီး ႏွစ္​ေယာက္သားအတူေနရန္ဆုံးျဖတ္ထားေလသည္။ ကိုယ့္အေတြးႏွင့္ကိုယ္စာခ်ဳပ္ခ်ဳပ္တုန္းက ေပ်ာ္ေနခဲ့သည္မွာ မ်က္ႏွာထက္တြင္ အၿပဳံးမ်ားက ဖုံးဖိ၍မရေပ။
ေလးႏွစ္တာအေတာအတြင္းဂိုဂိုးအားေစာင့္ၾကည့္ေနသည္မွာလည္း ႏွစ္စဥ္ရက္ဆက္ေပ။ သို႔ေသာ္လည္း မိမိႏွင့္ေဝးေနစဥ္အေတာအတြင္း ေျပာင္းလဲသြားသည္ကိုေတာ့ ရွိုင္းထက္ေသာ္အံ့ၾသမိေလသည္။ အရင္ထက္ေအးေဆးတည္ၿငိမ္ေနေသာေကာင္ေလးက သူ႕အားဒီေန႕ေဒါသထြက္ေနခဲ့သည္။
အေတာ္စိတ္ပင္ပန္းခဲ့မွာပဲ........... ဂိုဂိုး။

ေက်ာခိုင္းထားေသာဂိုဂိုးအား ရွိုင္းထက္ေသာ္မရဲတရဲဖက္လွမ္းဖက္ထားလိုက္၏။ အလိုက္သင့္ပါလာေသာေကာင္ေလးက တကယ္ပင္အိပ္ေမာက်သြားတာလား မသိ။
သူအနမ္းေပးတာကိုပင္ေက်ေက်နပ္နပ္ခံယူေနေသး၏။

ျဖစ္ခဲ့သမွ်အေၾကာင္းအရာေတြကို ေမ့ပစ္ၿပီး မင္းကိုျပန္လက္ခံခ်င္တယ္။ ဒါေပမဲ့မင္းကို ငါမယုံေတာ့ဘူး ရွိုင္းထက္ေသာ္။

_______________________________________
Words 3428
Please give me vote and comments!!!

Continue Reading

You'll Also Like

253K 13.2K 81
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
306K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်