The King's Queen or King (Com...

By Hara1805

36.3K 2.9K 50

Short Story for Donation. More

Part-1
Part- 2
Part- 3
Part- 5
Ending

Part- 4

4.7K 473 6
By Hara1805

Unicode

အဆမတန်ခုန်နေသော မိမိရဲ့ နှလုံးခုန်သံကြောင့် ဝမ်ရိပေါ် ကိုအဆောင်သို့ပြန်ပို့ပြီး စကားတစ်ခွန်းမှမဆိုနိုင်ပဲ ရှောင်းဘုရင် တစ်ယောက်အဆောင်ကို ပြန်လာရသည်။ သလွန်ထက်မှာ လှဲပြီး ကျယ်လောင်စွာ ခုန်နေသည့်ရင်ဘတ်ကို လက်နဲ့ဖိကာ အသက်ကိုဝဝရှုသွင်းနေရသည်။ ထူးဆန်းလိုက်တာ။ အခုချိန်ထိ ဘယ်မိန်းကလေးကိုမှ  တစ်ကြိမ်တစ်ခါမှ ရင်မခုန် ခဲ့ဘူးသည့် ရှောင်းဘုရင် ရဲ့ နှလုံးသားက အိမ်ရှေ့မင်းသား ဝမ်ရိပေါ်ကြောင့် ခုန်လာရသည်တဲ့လား။အရင် ရှောင်းဘုရင်မင်းဆက်မှာ အမျိုးသားကြင်ယာတော် ထားခဲ့ဘူးသည့် မင်း တစ်ပါးရှိခဲ့ဘူးသည်။ ထိုအကြောင်းကို သူသိခဲ့သည့် အချိန် ကလှောင်ရယ်ခဲ့ကာ ယောကျာၤးလေးတစ်ယောက်ကို ချစ်မြတ်နိုးပြီးကြင်ယာတော်မြှောက်သည်က မဖြစ်နိုင်ဘူးဟု တွေးထင်ခဲ့ဘူးသည်။ အခုရော သူလဲ ထိုမင်းလိုပဲ ယောကျာၤးလေးတစ်ယောက်ကို ချစ်ခင်မြတ်နိုးမိပြီလား။
..................................................

ဝမ်ရိပေါ် နှင့်မျက်နှာချင်းဆိုင်ဖို့ရာ အနည်းငယ် အနေခက်နေသည်ကြောင့် ရှောင်းဘုရင်က မျက်နှာချင်းဆိုင်မတွေ့ဖို့ကို ရှောင်နေခဲ့မိသည်။ သို့သော်လည်း မျက်နှာလေး မမြင်ရတော့ လွမ်းဆွတ်မိတာကြောင့် တိတ်တဆိတ် အဝေးကနေ ချောင်းကြည့်ဖို့ ဝမ်ရိပေါ် အဆောင်နား ရောက်လာတော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှောင်းဘုရင် မျက်ခုံး တွေ ကြုံ့သွားသည်။ပန်းဥယျာဉ်မှာ ရှောင်းဘုရင်ရဲ့ ညီမတော် မင်းသမီးရှောင်းကျိုနဲ့ ဝမ်ရိပေါ် ကရယ်မောပြီး စကားပြောနေကြသည်။ ဝမ်ရိပေါ် က ပန်းတစ်ပွင့်ကို ခူးကာ ရှောင်းကျို ခေါင်းပေါ်ပန်ပေးလိုက်တော့ ရှောင်းကျိုက သဘောကျစွာ ရယ်မောပြီး ဝမ်ရိပေါ် လက်မောင်းကိုတွဲကာ စကားတွေပြောနေကြသည်။

"ဝမ်ဖေး"

"အရှင်"

"အစ်ကိုတော် "

သူ့ကိုမြင်တော့ဝမ်ရိပေါ်ရော ရှောင်ကျို ရောကအံ့သြတကြီး ကြည့်လာကြသည်။

"အရှင် မနက်အစောကြီးကျွန်တော်မျိုးမဆီကို လာတာ အကြောင်းရင်း ရှိလို့လား"

"ကိုယ်တော်က ကိုယ်တော့်မိဖုရားဆီလာတာ အကြောင်းရင်းရှိမှ လာရမှာလား"

ရှောင်းဘုရင် စကားကြောင့် ဝမ်ရိပေါ် မျက်နှာက အနည်းငယ်နီရဲသွားသည်။ ရှောင်းကျိုကတော့ ခွီခနဲ ရယ်ကာ..

"နန်းတွင်းထဲ ပျံ့နေတဲ့ သတင်းတွေက တကယ်မှန်တာပဲ...အစ်ကိုတော် ကဝမ်ဖေးကို အတိုင်းထက် အလွန် မြတ်နိုးကြင်နာနေတာပဲ"

"အပျိုတော်ကြားသွားပြီး သတင်းတွေခိုးနားထောင်ပြန်ပြီလား ရှောင်းကျို... မင်းသမီး က မင်းသမီးလိုမနေပြန်ဘူးလား"

"အစ်ကိုတော် ကလဲ ညီမတော်က အစ်ကို့တော်ကို တစ်ဖက်တစ်လမ်းက သတင်းတွေယူပြီး စုံစမ်းပေးနေတာပါနော်"

"အကြောင်းပြချက် တွေပေးမနေနဲ့...နေပါဦး..ရှောင်းကျို စောစောစီးစီး ဝမ်ဖေးဆီ နင်က ဘာလာလုပ်တာလဲ ...နင်နဲ့ ဝမ်ဖေးက ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ"

"ညီမတော် တို့ ရင်းနှီးနေတာ ကြာပါပြီနော်..အစ်ကိုတော် ကနေ့ဘက် ဝမ်ဖေးဆီ မလာတော့ မသိတာပါနော်...ဘာလဲ အစ်ကိုတော် က ညီမတော် ဝမ်ဖေးဆီလာတာ မကြိုက်ဘူးလား..ညီမတော်နဲ့တောင်အစ်ကိုတော်က သဝန်တို နေတာလား"

ရှောင်းကျို စကားကြောင့် ရှောင်းဘုရင် မျက်နှာနီရဲသွားသည်။ ရှောင်းကျို က ရှောင်းဘုရင် မျက်နှာကို ကြည့်ပြီးပြုံးကာ ဝမ်ဖေး လက်မောင်းကို မှီလိုက်ပြီး..

"ဘယ်လို လုပ်ရမလဲ..ညီမတော်က ဝမ်ဖေးကို အရမ်းချစ်နေတာ.."

ရှောင်းဘုရင် က ရှောင်းကျို ကို ဝမ်ဖေးဘေးမှ အတင်းဆွဲဖယ်ကာ..

"ကိုယ့်အဆောင်ကို ပြန်တော့..ငါ ဝမ်ဖေးနဲ့ ပြောစရာရှိတယ်"

"ဘာလို့နှင်လွှတ်နေတာလဲ..ညီမတော်လဲ နားထောင်လို့မရဘူးလား..သြော်..ဘာလဲ..နှစ်ကိုယ်ကြားချစ်စကားတွေပြောမှာမို့ နားထောင်လို့မရတာလား"

"ရှောင်းကျို"

ရှောင်းဘုရင် ရဲ့လေသံတင်းတင်းကြောင့် ရှောင်းကျို လန့်သွားကာ ဆက်မကျီစားတော့ပဲ နှုတ်ဆက်ကာ ပြန်သွားသည်။ ရှောင်းကျို ထွက်သွားမှ ဝမ်ရိပေါ် က ရှောင်းဘုရင် ကို ကြည့်ကာ..

"အရှင် ဘာများပြောစရာရှိလို့်လဲ"

"ကိုယ်တော် မုဖေးကို နန်းချပြီး နယ်နှင်ဒဏ် ပေးလိုက်ပြီ"

"အရှင် ဘာလို့ ဒီလောက်ထိ ဒဏ်ပေးလိုက်ရတာလဲ "

"သူက ဝမ်ဖေးရဲ့အသက်ကို ရန်ရှာထားတယ်လေ ကိုယ်တော်သူ့ကို သေဒဏ်တောင် ပေးချင်တာ..သူ့အဖေ မျက်နှာကြောင့် ဒီလောက်ပဲ လုပ်လိုက်တာ"

"မုဖေးရဲ့ ဖခင်က အရှင့်ရဲ့ အမတ်ကြီးပါ.ကျွန်တော်မျိုးမကြောင့် အရှင် မုဖေးကို ဒီလောက်ထိ လုပ်လိုက်တာကို သူမကျေနပ်ပဲ အရှင့်ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ "

"ကိုယ့်တော် ဧကရီဖြစ်လာမဲ့သူကို ရန်ရှာလို့ ပြစ်ဒဏ်ပေးတာပဲ...သူမကျေနပ်စရာ အကြောင်းမရှိပါဘူး..ပြီးတော့ပုန်ကန်ဖို့သူ့မှာ အင်အားလဲ မရှိပါဘူး"

"အရှင်...အရှင် ဘာပြောလိုက်တာ....ဧကရီဖြစ်လာမယ့်သူဟုတ်လား"

ရှောင်းဘုရင် က သူ့ကိုစူးစိုက်ကာ ကြည့်လာပြီး

"ဟန်လူမျိုးတွေနဲ့ စစ်ပွဲမစခင်မှာကိုယ်တော် မင်းကို ရှောင်းနိုင်ငံရဲ့ ဧကရီ အဖြစ် တင်မြှောက်မယ်"

"အရှင် ဒီကိစ္စ က ...."

"ဘာလို့လဲ ဝမ်ဖေး...မင်းက ကိုယ့်တော့် ဧကရီ မလုပ်ချင်ဘူးလား"

"အဲ့လိုမဟုတ် ပါဘူးအရှင်..မမြန်လွန်းဘူးလား.စစ်ပွဲ ပြီးမှ ကျွန်တော်မျိုးမ ကို ဧကရီအဖြစ်တင်မြှောက်လဲရပါတယ်"

ရှောင်းဘုရင်က သူ့လက်ကို အသာဆွဲယူကာ ဆုပ်ကိုင်လိုက်ပြီး

"ဟင့်အင်း မမြန်ဘူး..ဖြစ်နိုင်ရင် ကိုယ်တော်ကအခု ချက်ချင်း တောင်ဧကရီနေရာ ပေးချင်တာ"

"အ...အရှင်"

ဝမ်ရိပေါ် က လက်ကို အတင်းရုန်းနေတာကြောင့် ရှောင်းဘုရင် လွှတ်ပေးလိုက်ကာ...

"ရှောင်းကျို နဲ့ အရမ်းနီးနီးကပ်ကပ်မနေပါနဲ့ ဝမ်ဖေး..ကိုယ်တော်သဘောမကျဘူး"

ရှောင်းဘုရင် စကားကြောင့် ဝမ်ရိပေါ် မျက်လုံးပြူးသွားသည်။ ဘာဖြစ်လို့လဲ မေးရန် ပြင်နေတုန်း ရှောင်းဘုရင် က သူ့ကို နှုတ်ဆက် ကာ ထွက်သွားသည်။

........................................

ညဘက်ရောက်လာသည်တိုင်အောင်ဝမ်ရိပေါ်အတွေးထဲ မနက်ကရှောင်းဘုရင် ပြောသွားသည့် စကားတွေက အတွေးထဲက မထွက်။ စစ်ပွဲ မစခင် သူ့ကို ဧကရီအဖြစ်မြှောက်ချင်သည်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဧကရီ သာ ဖြစ်သွားခဲ့ရင် သူ နန်းတွင်းထဲ ကထွက်ဖို့ လွယ်ကူတော့မှာ မဟုတ်ဘူး။ ငြင်းလိုက်ရင်လဲ ရှောင်းဘုရင် ကသံသယ ဝင်သွားဦးမယ်။ ဟူး.....ဒီကိစ္စ ကို သူဘယ်လို ဖြေရှင်းရမလဲ။ ပြီးတော့ ရှောင်းဘုရင် ရဲ့ သူ့အပေါ် ကြည့်တဲ့ အကြည့်တွေနဲ့ အပြုအမှု တွေကလဲ ပြောင်းလဲ လာသလိုပဲ။ မဟုတ်မှလွှဲရော ရှောင်းဘုရင် က သူ့ကို တကယ်ပဲ ချစ်မြတ်နိုးနေတာလား။ ပြီးတော့ ရှောင်းဘုရင် က သူ့ကိုပြောဘူးခဲ့သည်။ ချစ်မြတ်နိုးသည့် သူကိုပဲ ဧကရီအဖြစ်တင်မြှောက်မယ်ဆိုတာ ။ တကယ်သာ သူ့အပေါ်မေ တ္တာရှိနေတယ်ဆို ဒါက မဖြစ်သင့်ဘူး။ သူက မိန်းကလေး တစ်ယောက်မှ မဟုတ်တာ။
ပြီးတော့ ရှောင်းကျို နဲ့ ရင်း ရင်းနှီးနှီးနေတာ ရှောင်းဘုရင် က ဘာလို့ မကြိုက်ရတာလဲ။

"ဝမ်ဖေး...မင်းသမီး ရှောင်းကျို ရောက်လာပါတယ်"

အပျိုတော်စကားကြောင့် ဝမ်ရိပေါ် မျက်မှောင် ကြုံ့သွားသည်။ ဒီကလေး မ ညကြီးအဆောင်ကို ဘာလာလုပ်ပြန်တာလဲ။

"ဝင်ခဲ့ခိုင်းလိုက်ပါ"

"ဝမ်ဖေး"

အဆောင်ထဲပြေးဝင်လာသည့် ရှောင်းကျိုကို ကြည့်ကာ ဝမ်ရိပေါ် က မျက်နှာလွှဲ လိုက်ရသည်။ ဆံနွယ်ရှည်တွေကို ချထားကာ အပေါ်ဝတ်ရုံခပ်ပါးပါးသာ ဝတ်ဆင်ထားသည့် ရှောင်းကျိုကို ကြည့်ကာ ဝမ်ရိပေါ် က သက်ပြင်းချပြီး

"ဘာလို့ ဆံနွယ်တွေကို ဖားလျှားချ အပေါ်ဝတ်ရုံအပါးနဲ့ လာရတာလဲ မင်းသမီး ရယ်..နန်းတွင်းမှုးမတ်တွေမြင်ရင် မသင့်တော်ပါဘူး"

"ဝမ်ဖေးက လဲ မှောင်နေတာပဲဟာ... သူတို့ သတိမထားမိလောက်ပါဘူး..ဆံပင်ကတော့အိပ်ခါနီးဆိုတော့ ဖြန့်ချထားလိုက်တာ..အိပ်မပျော် တာနဲ့ ဝမ်ဖေးဆီ ဒီတိုင်း ထွက်လာခဲ့တာ"

ဝမ်ရိပေါ် က ရှောင်း ကျိုကို ကြည့်နေရင်း သူ့ညီမတော် ဖေးဖေးကို သတိရသွားသည်။ အရင်က ဖေးဖေးလဲ ဒီလိုပဲ။ ညဘက်တွေအိပ်မပျော်ဘူးဆိုပြီး သူ့အဆောင်ဆီရောက်လာလို့ ဝမ်ရိပေါ် က အိပ်ပျော်အောင် စကားတွေပြောပြီး ချော့သိပ်ပေးခဲ့ရတာ။

ဝမ်ရိပေါ်က အပေါ်ဝတ်ရုံအထူတစ်ထည်ကို ယူကာ ရှောင်းကျို ကို ပေးလိုက်ပြီး

"ဒါဝတ်ထားလိုက်ပါ မင်းသမီး အကျီၤက ပါးနေတယ်"

"မိန်းကလေးအချင်းချင်းပဲဟာ ဘာမှမဖြစ် ပါဘူး ဝမ်ဖေးရယ် အပြန်မှပဲ ဝတ်လိုက်တော့မယ်နော်"

ဝမ်ရိပေါ်က သက်ပြင်းချကာ ရှောင်းကျို ဆံပင်တွေကို ယူလိုက်ပြီး...

"ဒါဆိုလဲ အခုတော့ ဆံပင်ဖားလျှားနဲ့ မနေပါနဲ့..ကျစ်ဆံမြီး ကျစ်ပေးပါမယ်"

ရှောင်းကျိုက ပြုံးကာ ခေါင်းညိမ့် ပြသည်။

"ဒါနဲ့ အစ်ကိုတော် ဒီည ဝမ်ဖေးဆီမလာဘူးလား"

"အရှင် ဒီအဆောင်ကို မလာတာ ကြာပါပြီ"

"အစ်ကိုတော် က ဘာဖြစ်နေတာလဲ မသိဘူး..ညတိုင်း လာတာမဟုတ်ဘူး..ရှောင်းကျိုက တူတော်လေး မြန်မြန်လိုချင်နေပါပြီဆို သူက မကြိုးစားဘူး"

ရှောင်းကျိုစကားကြောင့် ဝမ်ရိပေါ် နားရွက်ဖျားတွေ ရဲသွားသည်။

"ဟီး..ရှောင်းကျို စကားကြောင့် ဝမ်ဖေး ရှက်သွားပြီလား..တောင်းပန်ပါတယ်... ရှောင်းကျို မဆင်မခြေ ပြောလိုက်မိတယ်...ဒါပေမဲ့ မကြာခင် ဝမ်ဖေး က ဧကရီ ဖြစ်လာတော့မှာပဲ..အစ်ကိုတော် ရဲ့ သွေးသားကို မွေးပေးဖို့ က ဝမ်ဖေး တစ်ယောက်ထဲဆီမှာပဲ အခွင့်ရေးရှိတော့တာ"

"ဒုန်း..."

ထိုစဉ် အဆောင်တံခါးက ရုတ်တရက် ပွင့်လာတာကြောင့် ဝမ်ရိပေါ် ရော ရှောင်းကျို ပါ ထိတ်လန့်သွားသည်။

"အရှင်"

"အစ်ကိုတော်"

ရှောင်းဘုရင်က အနည်းငယ်ဒေါသထွက်နေသည့် မျက်နှာနဲ့ သူတို့နှစ်ယောက် ကို ကြည့်ကာ...

"ရှောင်းကျို....အခုချက်ချင်း အဆောင်ကို ပြန်တော့"

"ဟုတ်...ဟုတ် အစ်ကိုတော်"

ရှောင်းကျို က ဒေါသထွက်နေသည့် အစ်ကိုတော် မျက်နှာကြောင့် ကြောက်ရွံ့သွားကာ ဝမ်ဖေး ပေးထားသည့်ဝတ်ရုံကို ခြုံကာ အဆောင်တော်ထဲမှ ထွက်သွားသည်။
ဝမ်ရိပေါ် က ဒေါသထွက်နေသည့် ရှောင်းဘုရင် ကို နားမလည်သလို ကြည့်ကာ

"အရှင် ဘာဖြစ်လာတာလဲ "

"ကိုယ်တော် ရှောင်းကျို နဲ့ ရင်းရင်းနှီးနှီး မနေပါနဲ့လို့ ပြောထားတာတောင် ဒီအချိန်ကြီး အဆောင်ထဲ ခေါ်ပြီး စကားပြောရလား"

"အရှင်...အရှင် သေရည်တွေ သောက်ထားတာလား..."

"ကိုယ်တော်မေးတာ အရင်ဖြေ "

"ရှောင်းကျို က သူ့ဘာသာသူ ကျွန်တော်မျိုးမ ဆီရောက်လာတာပါ..ညဘက်ကြီးရောက်လာလဲ ရှောင်းကျိုက မိန်းကလေးပဲလေ..ဘာပြသနာ မှမရှိ...အင့်"

ရုတ်တရက် ရှောင်းဘုရင် က သူ့ခါးကို ဆွဲယူကာ တင်းကျင်စွာ ဖက်လိုက်တာကြောင့်ဝမ်ရိပေါ်လန့်သွားသည်။

"အ...အရှင်"

"မိန်းကလေး ဖြစ်နေလို့ ပြသနာရှိနေတာ"

စကားအဆုံးမှာ ရှောင်းဘုရင် ရဲ့ နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းကို ဖိကပ်လာပြီး နမ်းရှိုက်လာသည်။ မကြုံဘူးသည့် အထိအတွေ့ တွေကြောင့် ဝမ်ရိပေါ် ရုန်းဖယ်ဖို့မေ့နေကာ ရှောင်းဘုရင် အနမ်းတွေကြား ငြိမ်သက်နေမိသည်။ အားရအောင် နမ်းပြီးမှ ရှောင်းဘုရင်က သူ့နှုတ်ခမ်းတွေကို ပြန်လွှတ်ပေးပြီး ရီဝေဝေ မျက်ဝန်းတွေနဲ့ ကြည့်လာပြီး...

"ကိုယ်တော် မင်းကို မြတ်နိုးတယ် ဝမ်"

TBC

Zawgyi

အဆမတန္ခုန္ေနေသာ မိမိရဲ႕ ႏွလံုးခုန္သံေၾကာင့္ ဝမ္ရိေပၚ ကိုအေဆာင္သို႔ျပန္ပို႔ၿပီး စကားတစ္ခြန္းမွမဆိုႏုိင္ပဲ ေ႐ွာင္းဘုရင္ တစ္ေယာက္အေဆာင္ကို ျပန္လာရသည္။ သလြန္ထက္မွာ လွဲၿပီး က်ယ္ေလာင္စြာ ခုန္ေနသည့္ရင္ဘတ္ကို လက္နဲ႔ဖိကာ အသက္ကိုဝဝ႐ႈသြင္းေနရသည္။ ထူးဆန္းလိုက္တာ။ အခုခ်ိန္ထိ ဘယ္မိန္းကေလးကိုမွ  တစ္ႀကိမ္တစ္ခါမွ ရင္မခုန္ ခဲ့ဘူးသည့္ ေ႐ွာင္းဘုရင္ ရဲ႕ ႏွလံုးသားက အိမ္ေ႐ွ႕မင္းသား ဝမ္ရိေပၚေၾကာင့္ ခုန္လာရသည္တဲ့လား။အရင္ ေ႐ွာင္းဘုရင္မင္းဆက္မွာ အမ်ိဳးသားၾကင္ယာေတာ္ ထားခဲ့ဘူးသည့္ မင္း တစ္ပါး႐ွိခဲ့ဘူးသည္။ ထိုအေၾကာင္းကို သူသိခဲ့သည့္ အခ်ိန္ ကေလွာင္ရယ္ခဲ့ကာ ေယာက်ာၤးေလးတစ္ေယာက္ကို ခ်စ္ျမတ္ႏုိးၿပီးၾကင္ယာေတာ္ေျမႇာက္သည္က မျဖစ္ႏုိင္ဘူးဟု ေတြးထင္ခဲ့ဘူးသည္။ အခုေရာ သူလဲ ထိုမင္းလိုပဲ ေယာက်ာၤးေလးတစ္ေယာက္ကို ခ်စ္ခင္ျမတ္ႏုိးမိၿပီလား။
..................................................

ဝမ္ရိေပၚ ႏွင့္မ်က္ႏွာခ်င္းဆိုင္ဖို႔ရာ အနည္းငယ္ အေနခက္ေနသည္ေၾကာင့္ ေ႐ွာင္းဘုရင္က မ်က္ႏွာခ်င္းဆိုင္မေတြ႔ဖို႔ကို ေ႐ွာင္ေနခဲ့မိသည္။ သို႔ေသာ္လည္း မ်က္ႏွာေလး မျမင္ရေတာ့ လြမ္းဆြတ္မိတာေၾကာင့္ တိတ္တဆိတ္ အေဝးကေန ေခ်ာင္းၾကည့္ဖို႔ ဝမ္ရိေပၚ အေဆာင္နား ေရာက္လာေတာ့ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေ႐ွာင္းဘုရင္ မ်က္ခံုး ေတြ ၾကံဳ႕သြားသည္။ပန္းဥယ်ာဥ္မွာ ေ႐ွာင္းဘုရင္ရဲ႕ ညီမေတာ္ မင္းသမီးေ႐ွာင္းက်ိဳနဲ႔ ဝမ္ရိေပၚ ကရယ္ေမာၿပီး စကားေျပာေနၾကသည္။ ဝမ္ရိေပၚ က ပန္းတစ္ပြင့္ကို ခူးကာ ေ႐ွာင္းက်ိဳ ေခါင္းေပၚပန္ေပးလိုက္ေတာ့ ေ႐ွာင္းက်ိဳက သေဘာက်စြာ ရယ္ေမာၿပီး ဝမ္ရိေပၚ လက္ေမာင္းကိုတြဲကာ စကားေတြေျပာေနၾကသည္။

"ဝမ္ေဖး"

"အ႐ွင္"

"အစ္ကိုေတာ္ "

သူ႔ကိုျမင္ေတာ့ဝမ္ရိေပၚေရာ ေ႐ွာင္က်ိဳ ေရာကအံ့ျသတႀကီး ၾကည့္လာၾကသည္။

"အ႐ွင္ မနက္အေစာျကီးကြၽန္ေတာ္မ်ိဳးမဆီကို လာတာ အေၾကာင္းရင္း ႐ွိလို႔လား"

"ကိုယ္ေတာ္က ကိုယ္ေတာ့္မိဖုရားဆီလာတာ အေၾကာင္းရင္း႐ွိမွ လာရမွာလား"

ေ႐ွာင္းဘုရင္ စကားေၾကာင့္ ဝမ္ရိေပၚ မ်က္ႏွာက အနည္းငယ္နီရဲသြားသည္။ ေ႐ွာင္းက်ိဳကေတာ့ ခြီခနဲ ရယ္ကာ..

"နန္းတြင္းထဲ ပ်ံ့ေနတဲ့ သတင္းေတြက တကယ္မွန္တာပဲ...အစ္ကိုေတာ္ ကဝမ္ေဖးကို အတိုင္းထက္ အလြန္ ျမတ္ႏုိးၾကင္နာေနတာပဲ"

"အပ်ိဳေတာ္ၾကားသြားၿပီး သတင္းေတြခိုးနားေထာင္ျပန္ၿပီလား ေ႐ွာင္းက်ိဳ... မင္းသမီး က မင္းသမီးလိုမေနျပန္ဘူးလား"

"အစ္ကိုေတာ္ ကလဲ ညီမေတာ္က အစ္ကို႔ေတာ္ကို တစ္ဖက္တစ္လမ္းက သတင္းေတြယူၿပီး စံုစမ္းေပးေနတာပါေနာ္"

"အေၾကာင္းျပခ်က္ ေတြေပးမေနနဲ႔...ေနပါဦး..ေ႐ွာင္းက်ိဳ ေစာေစာစီးစီး ဝမ္ေဖးဆီ နင္က ဘာလာလုပ္တာလဲ ...နင္နဲ႔ ဝမ္ေဖးက ဘယ္တုန္းက ဒီေလာက္ရင္းႏွီးသြားတာလဲ"

"ညီမေတာ္ တို႔ ရင္းႏွီးေနတာ ၾကာပါၿပီေနာ္..အစ္ကိုေတာ္ ကေန႔ဘက္ ဝမ္ေဖးဆီ မလာေတာ့ မသိတာပါေနာ္...ဘာလဲ အစ္ကိုေတာ္ က ညီမေတာ္ ဝမ္ေဖးဆီလာတာ မႀကိဳက္ဘူးလား..ညီမေတာ္နဲ႔ေတာင္အစ္ကိုေတာ္က သဝန္တို ေနတာလား"

ေ႐ွာင္းက်ိဳ စကားေၾကာင့္ ေ႐ွာင္းဘုရင္ မ်က္ႏွာနီရဲသြားသည္။ ေ႐ွာင္းက်ိဳ က ေ႐ွာင္းဘုရင္ မ်က္ႏွာကို ၾကည့္ၿပီးျပံဳးကာ ဝမ္ေဖး လက္ေမာင္းကို မွီလိုက္ၿပီး..

"ဘယ္လို လုပ္ရမလဲ..ညီမေတာ္က ဝမ္ေဖးကို အရမ္းခ်စ္ေနတာ.."

ေ႐ွာင္းဘုရင္ က ေ႐ွာင္းက်ိဳ ကို ဝမ္ေဖးေဘးမွ အတင္းဆြဲဖယ္ကာ..

"ကိုယ့္အေဆာင္ကို ျပန္ေတာ့..ငါ ဝမ္ေဖးနဲ႔ ေျပာစရာ႐ွိတယ္"

"ဘာလို႔ႏွင္လႊတ္ေနတာလဲ..ညီမေတာ္လဲ နားေထာင္လို႔မရဘူးလား..ေျသာ္..ဘာလဲ..ႏွစ္ကိုယ္ၾကားခ်စ္စကားေတြေျပာမွာမို႔ နားေထာင္လို႔မရတာလား"

"ေ႐ွာင္းက်ိဳ"

ေ႐ွာင္းဘုရင္ ရဲ႕ေလသံတင္းတင္းေၾကာင့္ ေ႐ွာင္းက်ိဳ လန့္သြားကာ ဆက္မက်ီစားေတာ့ပဲ ႏႈတ္ဆက္ကာ ျပန္သြားသည္။ ေ႐ွာင္းက်ိဳ ထြက္သြားမွ ဝမ္ရိေပၚ က ေ႐ွာင္းဘုရင္ ကို ၾကည့္ကာ..

"အ႐ွင္ ဘာမ်ားေျပာစရာ႐ွိလို္႔လဲ"

"ကိုယ္ေတာ္ မုေဖးကို နန္းခ်ၿပီး နယ္နွင္ဒဏ္ ေပးလိုက္ၿပီ"

"အ႐ွင္ ဘာလို႔ ဒီေလာက္ထိ ဒဏ္ေပးလိုက္ရတာလဲ "

"သူက ဝမ္ေဖးရဲ႕အသက္ကို ရန္႐ွာထားတယ္ေလ ကိုယ္ေတာ္သူ႔ကို ေသဒဏ္ေတာင္ ေပးခ်င္တာ..သူ႔အေဖ မ်က္ႏွာေၾကာင့္ ဒီေလာက္ပဲ လုပ္လိုက္တာ"

"မုေဖးရဲ႕ ဖခင္က အ႐ွင့္ရဲ႕ အမတ္ႀကီးပါ.ကြၽန္ေတာ္မ်ိဳးမေၾကာင့္ အ႐ွင္ မုေဖးကို ဒီေလာက္ထိ လုပ္လိုက္တာကို သူမေက်နပ္ပဲ အ႐ွင့္ကို ပုန္ကန္ရင္ ဘယ္လိုလုပ္မလဲ "

"ကိုယ့္ေတာ္ ဧကရီျဖစ္လာမဲ့သူကို ရန္႐ွာလို႔ ျပစ္ဒဏ္ေပးတာပဲ...သူမေက်နပ္စရာ အေၾကာင္းမ႐ွိပါဘူး..ၿပီးေတာ့ပုန္ကန္ဖို႔သူ႔မွာ အင္အားလဲ မ႐ွိပါဘူး"

"အ႐ွင္...အ႐ွင္ ဘာေျပာလိုက္တာ....ဧကရီျဖစ္လာမယ့္သူဟုတ္လား"

ေ႐ွာင္းဘုရင္ က သူ႔ကိုစူးစိုက္ကာ ၾကည့္လာၿပီး

"ဟန္လူမ်ိုးေတြနဲ့ စစ္ပြဲမစခင္မွာကိုယ္ေတာ္ မင္းကို ေ႐ွာင္းႏုိင္ငံရဲ႕ ဧကရီ အျဖစ္ တင္ေျမႇာက္မယ္"

"အ႐ွင္ ဒီကိစၥ က ...."

"ဘာလို႔လဲ ဝမ္ေဖး...မင္းက ကိုယ့္ေတာ့္ ဧကရီ မလုပ္ခ်င္ဘူးလား"

"အဲ့လိုမဟုတ္ ပါဘူးအ႐ွင္..မျမန္လြန္းဘူးလား.စစ္ပြဲ ၿပီးမွ ကြၽန္ေတာ္မ်ိဳးမ ကို ဧကရီအျဖစ္တင္ေျမႇာက္လဲရပါတယ္"

ေ႐ွာင္းဘုရင္က သူ႔လက္ကို အသာဆြဲယူကာ ဆုပ္ကိုင္လိုက္ၿပီး

"ဟင့္အင္း မျမန္ဘူး..ျဖစ္ႏုိင္ရင္ ကိုယ္ေတာ္ကအခု ခ်က္ခ်င္း ေတာင္ဧကရီေနရာ ေပးခ်င္တာ"

"အ...အ႐ွင္"

ဝမ္ရိေပၚ က လက္ကို အတင္း႐ုန္းေနတာေၾကာင့္ ေ႐ွာင္းဘုရင္ လႊတ္ေပးလိုက္ကာ...

"ေ႐ွာင္းက်ိဳ နဲ႔ အရမ္းနီးနီးကပ္ကပ္မေနပါနဲ႔ ဝမ္ေဖး..ကိုယ္ေတာ္သေဘာမက်ဘူး"

ေ႐ွာင္းဘုရင္ စကားေၾကာင့္ ဝမ္ရိေပၚ မ်က္လံုးျပဴးသြားသည္။ ဘာျဖစ္လို႔လဲ ေမးရန္ ျပင္ေနတုန္း ေ႐ွာင္းဘုရင္ က သူ႔ကို ႏႈတ္ဆက္ ကာ ထြက္သြားသည္။

........................................

ညဘက္ေရာက္လာသည္တိုင္ေအာင္ဝမ္ရိေပၚအေတြးထဲ မနက္ကေ႐ွာင္းဘုရင္ ေျပာသြားသည့္ စကားေတြက အေတြးထဲက မထြက္။ စစ္ပြဲ မစခင္ သူ႔ကို ဧကရီအျဖစ္ေျမႇာက္ခ်င္သည္တဲ့လား။ ဘယ္လိုလုပ္ျဖစ္ႏုိင္မွာလဲ။ ဧကရီ သာ ျဖစ္သြားခဲ့ရင္ သူ နန္းတြင္းထဲ ကထြက္ဖို႔ လြယ္ကူေတာ့မွာ မဟုတ္ဘူး။ ျငင္းလိုက္ရင္လဲ ေ႐ွာင္းဘုရင္ ကသံသယ ဝင္သြားဦးမယ္။ ဟူး.....ဒီကိစၥ ကို သူဘယ္လို ေျဖ႐ွင္းရမလဲ။ ၿပီးေတာ့ ေ႐ွာင္းဘုရင္ ရဲ႕ သူ႔အေပၚ ၾကည့္တဲ့ အၾကည့္ေတြနဲ႔ အျပဳအမႈ ေတြကလဲ ေျပာင္းလဲ လာသလိုပဲ။ မဟုတ္မွလႊဲေရာ ေ႐ွာင္းဘုရင္ က သူ႔ကို တကယ္ပဲ ခ်စ္ျမတ္ႏုိးေနတာလား။ ၿပီးေတာ့ ေ႐ွာင္းဘုရင္ က သူ႔ကိုေျပာဘူးခဲ့သည္။ ခ်စ္ျမတ္ႏုိးသည့္ သူကိုပဲ ဧကရီအျဖစ္တင္ေျမႇာက္မယ္ဆိုတာ ။ တကယ္သာ သူ႔အေပၚေမ တၱာ႐ွိေနတယ္ဆို ဒါက မျဖစ္သင့္ဘူး။ သူက မိန္းကေလး တစ္ေယာက္မွ မဟုတ္တာ။
ၿပီးေတာ့ ေ႐ွာင္းက်ိဳ နဲ႔ ရင္း ရင္းႏွီးႏွီးေနတာ ေ႐ွာင္းဘုရင္ က ဘာလို႔ မႀကိဳက္ရတာလဲ။

"ဝမ္ေဖး...မင္းသမီး ေ႐ွာင္းက်ိဳ ေရာက္လာပါတယ္"

အပ်ဳိေတာ္စကားေၾကာင့္ ဝမ္ရိေပၚ မ်က္ေမွာင္ ၾကံဳ႕သြားသည္။ ဒီကေလး မ ညႀကီးအေဆာင္ကို ဘာလာလုပ္ျပန္တာလဲ။

"ဝင္ခဲ့ခိုင္းလိုက္ပါ"

"ဝမ္ေဖး"

အေဆာင္ထဲေျပးဝင္လာသည့္ ေ႐ွာင္းက်ိဳကို ၾကည့္ကာ ဝမ္ရိေပၚ က မ်က္ႏွာလႊဲ လိုက္ရသည္။ ဆံႏြယ္႐ွည္ေတြကို ခ်ထားကာ အေပၚဝတ္႐ုံခပ္ပါးပါးသာ ဝတ္ဆင္ထားသည့္ ေ႐ွာင္းက်ိဳကို ၾကည့္ကာ ဝမ္ရိေပၚ က သက္ျပင္းခ်ၿပီး

"ဘာလို႔ ဆံႏြယ္ေတြကို ဖားလ်ွားခ် အေပၚဝတ္႐ုံအပါးနဲ႔ လာရတာလဲ မင္းသမီး ရယ္..နန္းတြင္းမႈးမတ္ေတြျမင္ရင္ မသင့္ေတာ္ပါဘူး"

"ဝမ္ေဖးက လဲ ေမွာင္ေနတာပဲဟာ... သူတို႔ သတိမထားမိေလာက္ပါဘူး..ဆံပင္ကေတာ့အိပ္ခါနီးဆိုေတာ့ ျဖန္႔ခ်ထားလိုက္တာ..အိပ္မေပ်ာ္ တာနဲ႔ ဝမ္ေဖးဆီ ဒီတိုင္း ထြက္လာခဲ့တာ"

ဝမ္ရိေပၚ က ေ႐ွာင္း က်ိဳကို ၾကည့္ေနရင္း သူ႔ညီမေတာ္ ေဖးေဖးကို သတိရသြားသည္။ အရင္က ေဖးေဖးလဲ ဒီလိုပဲ။ ညဘက္ေတြအိပ္မေပ်ာ္ဘူးဆိုၿပီး သူ႔အေဆာင္ဆီေရာက္လာလို႔ ဝမ္ရိေပၚ က အိပ္ေပ်ာ္ေအာင္ စကားေတြေျပာၿပီး ေခ်ာ့သိပ္ေပးခဲ့ရတာ။

ဝမ္ရိေပၚက အေပၚဝတ္႐ုံအထူတစ္ထည္ကို ယူကာ ေ႐ွာင္းက်ိဳ ကို ေပးလိုက္ၿပီး

"ဒါဝတ္ထားလိုက္ပါ မင္းသမီး အက်ီၤက ပါးေနတယ္"

"မိန္းကေလးအခ်င္းခ်င္းပဲဟာ ဘာမွမျဖစ္ ပါဘူး ဝမ္ေဖးရယ္ အျပန္မွပဲ ဝတ္လိုက္ေတာ့မယ္ေနာ္"

ဝမ္ရိေပၚက သက္ျပင္းခ်ကာ ေ႐ွာင္းက်ိဳ ဆံပင္ေတြကို ယူလိုက္ၿပီး...

"ဒါဆိုလဲ အခုေတာ့ ဆံပင္ဖားလ်ွားနဲ႔ မေနပါနဲ႔..က်စ္ဆံၿမီး က်စ္ေပးပါမယ္"

ေ႐ွာင္းက်ိဳက ျပံဳးကာ ေခါင္းညိမ့္ ျပသည္။

"ဒါနဲ႔ အစ္ကိုေတာ္ ဒီည ဝမ္ေဖးဆီမလာဘူးလား"

"အ႐ွင္ ဒီအေဆာင္ကို မလာတာ ၾကာပါၿပီ"

"အစ္ကိုေတာ္ က ဘာျဖစ္ေနတာလဲ မသိဘူး..ညတိုင္း လာတာမဟုတ္ဘူး..ေ႐ွာင္းက်ိဳက တူေတာ္ေလး ျမန္ျမန္လိုခ်င္ေနပါၿပီဆို သူက မႀကိဳးစားဘူး"

ေ႐ွာင္းက်ိဳစကားေၾကာင့္ ဝမ္ရိေပၚ နားရြက္ဖ်ားေတြ ရဲသြားသည္။

"ဟီး..ေ႐ွာင္းက်ိဳ စကားေၾကာင့္ ဝမ္ေဖး ႐ွက္သြားၿပီလား..ေတာင္းပန္ပါတယ္... ေ႐ွာင္းက်ိဳ မဆင္မေျခ ေျပာလိုက္မိတယ္...ဒါေပမဲ့ မၾကာခင္ ဝမ္ေဖး က ဧကရီ ျဖစ္လာေတာ့မွာပဲ..အစ္ကိုေတာ္ ရဲ႕ ေသြးသားကို ေမြးေပးဖို႔ က ဝမ္ေဖး တစ္ေယာက္ထဲဆီမွာပဲ အခြင့္ေရး႐ွိေတာ့တာ"

"ဒုန္း..."

ထိုစဥ္ အေဆာင္တံခါးက ႐ုတ္တရက္ ပြင့္လာတာေၾကာင့္ ဝမ္ရိေပၚ ေရာ ေ႐ွာင္းက်ိဳ ပါ ထိတ္လန္႔သြားသည္။

"အ႐ွင္"

"အစ္ကိုေတာ္"

ေ႐ွာင္းဘုရင္က အနည္းငယ္ေဒါသထြက္ေနသည့္ မ်က္ႏွာနဲ႔ သူတို႔ႏွစ္ေယာက္ ကို ၾကည့္ကာ...

"ေ႐ွာင္းက်ိဳ....အခုခ်က္ခ်င္း အေဆာင္ကို ျပန္ေတာ့"

"ဟုတ္...ဟုတ္ အစ္ကိုေတာ္"

ေ႐ွာင္းက်ိဳ က ေဒါသထြက္ေနသည့္ အစ္ကိုေတာ္ မ်က္ႏွာေၾကာင့္ ေၾကာက္ရြံ႔သြားကာ ဝမ္ေဖး ေပးထားသည့္ဝတ္႐ုံကို ျခံဳကာ အေဆာင္ေတာ္ထဲမွ ထြက္သြားသည္။
ဝမ္ရိေပၚ က ေဒါသထြက္ေနသည့္ ေ႐ွာင္းဘုရင္ ကို နားမလည္သလို ၾကည့္ကာ

"အ႐ွင္ ဘာျဖစ္လာတာလဲ "

"ကိုယ္ေတာ္ ေ႐ွာင္းက်ိဳ နဲ႔ ရင္းရင္းႏွီးႏွီး မေနပါနဲ႔လို႔ ေျပာထားတာေတာင္ ဒီအခ်ိန္ႀကီး အေဆာင္ထဲ ေခၚၿပီး စကားေျပာရလား"

"အ႐ွင္...အ႐ွင္ ေသရည္ေတြ ေသာက္ထားတာလား..."

"ကိုယ္ေတာ္ေမးတာ အရင္ေျဖ "

"ေ႐ွာင္းက်ိဳ က သူ႔ဘာသာသူ ကြၽန္ေတာ္မ်ိဳးမ ဆီေရာက္လာတာပါ..ညဘက္ႀကီးေရာက္လာလဲ ေ႐ွာင္းက်ိဳက မိန္းကေလးပဲေလ..ဘာျပသနာ မွမ႐ွိ...အင့္"

႐ုတ္တရက္ ေ႐ွာင္းဘုရင္ က သူ႔ခါးကို ဆြဲယူကာ တင္းက်င္စြာ ဖက္လိုက္တာေၾကာင့္ဝမ္ရိေပၚလန္႔သြားသည္။

"အ...အ႐ွင္"

"မိန္းကေလး ျဖစ္ေနလို႔ ျပသနာ႐ွိေနတာ"

စကားအဆံုးမွာ ေ႐ွာင္းဘုရင္ ရဲ႕ ႏႈတ္ခမ္းေတြက သူ႔ႏႈတ္ခမ္းကို ဖိကပ္လာၿပီး နမ္း႐ႈိက္လာသည္။ မၾကံဳဘူးသည့္ အထိအေတြ႔ ေတြေၾကာင့္ ဝမ္ရိေပၚ ႐ုန္းဖယ္ဖို႔ေမ့ေနကာ ေ႐ွာင္းဘုရင္ အနမ္းေတြၾကား ၿငိမ္သက္ေနမိသည္။ အားရေအာင္ နမ္းၿပီးမွ ေ႐ွာင္းဘုရင္က သူ႔ႏႈတ္ခမ္းေတြကို ျပန္လႊတ္ေပးၿပီး ရီေဝေဝ မ်က္ဝန္းေတြနဲ႔ ၾကည့္လာၿပီး...

"ကိုယ္ေတာ္ မင္းကို ျမတ္ႏုိးတယ္ ဝမ္"

TBC









Continue Reading

You'll Also Like

68.3K 5K 65
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...
127K 11.3K 39
Jeon Jungkook โ™ก Kim Taehyung By Sundi_Minie Asshole /Warningโš 
598K 39.4K 79
ยซ แž”แž„แžŸแž“แŸ’แž™แžถ แž”แž„แž˜แžทแž“แžฒแžขแŸ’แž“แž€แžŽแžถแž˜แž€แž’แŸ’แžœแžพแžขแŸ’แžœแžธแž˜แž€แž›แžพแžขแžผแž“แž”แžถแž“แžกแžพแž™ แžขแžผแž“แž‚แžบแž‡แžถแžšแž”แžŸแŸ‹แž”แž„แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แžšแž”แžŸแŸ‹แž”แž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹ Kim Taehyung ยป ยซ แž˜แžทแž“แžแžถแžขแŸ’แž“แž€แžŽแžถแž“แŸ„แŸ‡แž‘แŸแžฒแžแŸ‚แž แŸŠแžถแž“แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แŸ’แžšแž–แž“แŸ’แž’แž€แžผแž“แž™แžพแž„แžŸแžผแž˜แŸ’แž”...
10.9K 2K 20
เถขเท“เท€เท’เถญเทš เถดเทŠโ€เถปเทšเถธเถฑเท“เถบ เถดเถปเท’เถ เทŠเถกเทšเถฏ เถฝเท’เถบเท€เท”เถฑเทšเถธ เถ†เถฏเถปเถฑเท“เถบ เท„เถธเท”เท€เท“เถธเทŠ เถ‘เถšเทŠเถš.... ......โค๏ธ