အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလ...

Por Callahnin__14

1.8M 275K 16.1K

Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī... Más

အနှစ်ချုပ် || အႏွစ္ခ်ဳပ္
(၁) ပြန်လည်ရှင်သန်ခြင်း || ျပန္လည္ ရွင္သန္ျခင္း
(၂) ခေါ်ဆောင်ခံရခြင်း || ေခၚေဆာင္ခံရျခင္း
(၃) အလိုလိုက်ခြင်း || အလိုလိုက္ျခင္း
(၄) ချိုမြိန်သော အိပ်မက်များ || ခ်ိဳၿမိန္ေသာ အိပ္မက္မ်ား
(၅) အပြင်ထွက်လည်ခြင်း || အျပင္ထြက္လည္ျခင္း
(၆) နားရက် || နားရက္
(၇) (ဒေါသ)ပေါက်ကွဲခြင်း || (ေဒါသ)ေပါက္ကြဲျခင္း
(၈) ဖန်လုံအိမ် || ဖန္လုံအိမ္
(၉) ဆင့်ခေါ်ခြင်း || ဆင့္ေခၚျခင္း
(၁၀) တောင်းဆိုချက် || ေတာင္းဆိုခ်က္
(၁၁) ရွေးချယ်မှု || ေ႐ြးခ်ယ္မႈ
(၁၂) လက်ထပ်ထိမ်းမြားခွင့်အမိန့်စာ || လက္ထပ္ထိမ္းျမားခြင့္အမိန္႔စာ
(၁၃) အတိတ်ကို စားမြုံ့ပြန်ခြင်း || အတိတ္ကို စားၿမဳံ႔ျပန္ျခင္း
(၁၄) အလိုလိုက်ခံရခြင်း || အလိုလိုက္ခံရျခင္း
(၁၅) စိတ်ထဲ စွဲထင်နေသော || စိတ္ထဲ စြဲထင္ေနေသာ
(၁၆) ရိုက်ချက် || ႐ိုက္ခ်က္
Baby...?
(၁၇) အတားအဆီး || အတားအဆီး
(၁၈) စွပ်ပြုတ် ပြုလုပ်ခြင်း || စြပ္ျပဳတ္ ျပဳလုပ္ျခင္း
(၁၉) မင်္ဂလာလက်ဖွဲ့များ || မဂၤလာလက္ဖြဲ႕မ်ား
(၂၀) ရိုင်းပျသော || ႐ိုင္းပ်ေသာ
(၂၁) ထိမ်းမြားမင်္ဂလာ || ထိမ္းျမားမဂၤလာ
(၂၂) မင်္ဂလာဦးည || မဂၤလာဦးည
(၂၃) လက်ဖက်ရည် ဆက်သခြင်း || လက္ဖက္ရည္ ဆက္သျခင္း
(၂၄) ကျွမ်းကျင်သမားတော် || ကြၽမ္းက်င္သမားေတာ္
(၂၅) အပြောင်းအလဲ || အေျပာင္းအလဲ
(၂၆) လွှဲပြောင်းပေးအပ်ခြင်း || လႊဲေျပာင္းေပးအပ္ျခင္း
(၂၇) တွက်ချက်မှုများ || တြက္ခ်က္မႈမ်ား
(၂၈) ဇီဇာကြောင်သော || ဇီဇာေၾကာင္ေသာ
(၂၉) လက်တုံ့ပြန်ခြင်း || လက္တုံ႔ျပန္ျခင္း
(၃၀) အထောက်အကူပြုခြင်း || အေထာက္အကူျပဳျခင္း
(၃၁) အမူးသမား || အမူးသမား
(၃၂) ဆောင်းရာသီ || ေဆာင္းရာသီ
(၃၃) မကျေနပ်ချက် || မေက်နပ္ခ်က္
(၃၄) သဘောကျနှစ်သက်ခြင်း || သေဘာက်ႏွစ္သက္ျခင္း
(၃၅) ဆက်သွယ်ခြင်း || ဆက္သြယ္ျခင္း
(၃၆) ပုံတူ || ပုံတူ
(၃၇) နာကြည်းမှု || နာၾကည္းမႈ
(၃၈) စုန့်စုန့် || စုန္႔စုန္႔
(၃၉) ထိပ်တိုက်ရင်ဆိုင်ခြင်း || ထိပ္တိုက္ရင္ဆိုင္ျခင္း
(၄၀) နှစ်သစ်ကူး || ႏွစ္သစ္ကူး
(၄၁) သတ်ဖြတ်တော့မည့်အလား ကြောက်မက်ဖွယ် မာန်ဟုန်ပြင်းမှု
(၄၂) အပြစ်ကင်းသော || အျပစ္ကင္းေသာ
(၄၃) အမှတ်ပြည့် || အမွတ္ျပည့္
(၄၄) ပြာဋိဟာ || ျပာဋိဟာ
(၄၆) အကဲဖြတ်ခြင်း || အကဲျဖတ္ျခင္း
(၄၇) ကြေညာချက် || ေၾကညာခ်က္
(၄၈) ရွှေ || ေ႐ႊ
(၄၉) စကားစမြည် || စကားစျမည္
(၅၀) ကြောက်ရွံ့ဖွယ် || ေၾကာက္႐ြံ႕ဖြယ္
(၅၁) နားလည်ခြင်း || နားလည္ျခင္း
(၅၂) ငွေရေတွက်ခြင်း || ေငြေရတြက္ျခင္း
(၅၃) သဝန်တိုခြင်း || သဝန္တိုျခင္း
(၅၄) စိုးရိမ်ပူပန်ခြင်း || စိုးရိမ္ပူပန္ျခင္း
(၅၅) ဟန်ဆောင်ခြင်း || ဟန္ေဆာင္ျခင္း
(၅၆) သဘောထားကွဲလွဲမှု || သေဘာထားကြဲလြဲမႈ
(၅၇) ချီးမွမ်းမြှောက်ပင့်ခြင်း || ခ်ီးမြမ္းေျမႇာက္ပင့္ျခင္း
(၅၈) အနိုင်ကျင့်ခြင်း || အႏိုင္က်င့္ျခင္း
(၅၉) နှာဘူး || ႏွာဘူး
(၆၀) မတော်တရော် ဒေါသူပုန်ထခြင်း || မေတာ္တေရာ္ ေဒါသူပုန္ထျခင္း
(၆၁) ဒေါသထောင်းခနဲထခြင်း || ေဒါသေထာင္းခနဲထျခင္း
(၆၂) စာလွှာ || စာလႊာ
(၆၃) ကုသမှု || ကုသမႈ
(၆၄) သစ္စာစောင့်သိသော || သစၥာေစာင့္သိေသာ
(၆၅) စစ်နတ်ဘုရား || စစ္နတ္ဘုရား
(၆၆) မိုက်ကန်းသော || မိုက္ကန္းေသာ
(၆၇) အကယ်၍ || အကယ္၍
(၆၈) နာခံလိုက်နာခြင်း || နာခံလိုက္နာျခင္း
(၆၉) ထောက်ထားညှာတာခြင်း || ေထာက္ထားညႇာတာျခင္း
(၇၀) ထားလိုက်ပါတော့ || ထားလိုက္ပါေတာ့
(၇၁) ထောက်ပံ့ကူညီခြင်း || ေထာက္ပံ့ကူညီျခင္း
(၇၂) မကြောက်နဲ့ || မေၾကာက္နဲ႔
(၇၃) ခေါင်းမာသော || ေခါင္းမာေသာ
(၇၄) တိုင်တန်းခြင်း || တိုင္တန္းျခင္း
(၇၅) ပြေလည်ခြင်း || ေျပလည္ျခင္း
(၇၆) သန္ဓေတားဆေး || သေႏၶတားေဆး
(၇၇) ရည်မှန်းချက်ကြီးသော || ရည္မွန္းခ်က္ႀကီးေသာ
(၇၈) ပြန်လည်ခေါ်ယူခြင်း || ျပန္လည္ေခၚယူျခင္း
(၇၉) အဆုံးသတ် || အဆုံးသတ္
(၈၀) Extra - ခြယ်လှယ်ဗိုလ်ကျလွန်းသော || ျခယ္လွယ္ဗိုလ္က်လြန္းေသာ

(၄၅) လောင်းကြေးမြှင့်ခြင်း || ေလာင္းေၾကးျမႇင့္ျခင္း

17.4K 2.8K 131
Por Callahnin__14

{Unicode}

လောင်းကြေးမြှင့်ခြင်း
*****


စုန့်သခင်မ ရူးသွပ်သွားခဲ့သည့်အချိန်မှစ၍ စုန့်အိမ်တော်၏ အရှေ့တံခါးအား တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားခဲ့၏။

တကယ်တော့ စုန့်သခင်မတစ်ယောက် မည်သို့မည်ပုံ ရူးသွပ်သွားခဲ့သည်ကို စုန့်ကွော်ကုန်း၏စိတ်တွင်း၌ ထင်ထင်ရှားရှားပင် သိလို့နေသည်။ သူက အမြဲတမ်း ကြောက်ရွံ့တွန့်ဆုတ်ကာ သတိကြီးသည့် လူတစ်ယောက် ဖြစ်ခဲ့သည်။ သူ့နံဘေးသို့ ဝင်ရောက်လာခဲ့သည့် မာနကြီးပြီး ဟိတ်ဟန်များသော စုန့်သခင်မကြောင့်သာ သူ့အဆင့်အတန်းရာထူးမှာ မြင့်တက်လာခဲ့ခြင်းပင်။ ယခုမူ စုန့်သခင်မမှာ ဧကရီထံမှ ခါထုတ်ခံလိုက်ရပြီဖြစ်ပြီး သူ့ထံ၌ အိမ်ရှေ့စံ၏ ကူညီထောက်ပံ့ပေးမှု မရှိတော့မည်ကို သူ သိနားလည်သည်။

ထိုအခိုက်တွင် သူ့အတွေးများမှာ လုံးဝအစီအစဉ်မကျ ပြန့်ကျဲနေသည်။ စုန့်ကောသည် တစ်ချိန်လုံး အားပြန်ဖြည့်နေဆဲသာ ဖြစ်၏။ စုန့်စုန့်၏ ကိုယ်ဝန်သတင်းကို ကြားသည့်အခါ စုန့်ကွော်ကုန်းသည် ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး စုန့်ကော၏ခြံဝင်းသို့ ကပျာကယာ ထွက်သွားလေတော့သည်။ ဘီးတပ်သစ်သားကုလားထိုင်ပေါ်၌ ထိုင်နေသည့် တစ်ဖက်လူ၏ အသွင်ကို မြင်လိုက်ရသောအခါ သူ တစ်ခဏ တန့်သွားပြီးမှ ရှေ့တိုးကာ မေးလိုက်သည်။
"ကောအာ... စုန့်အာရဲ့ကိစ္စကို ကြားပြီးပြီလား။ သူ ကိုယ်ဝန်ရှိနေပြီတဲ့!"

စုန့်ကော၏မျက်တောင်တို့ ပင့်မ,လာပြီး မျက်လုံးများ၌ မှုန်မှိုင်းသည့်အရောင်အသွေးတို့ စွန်းထင်းသွားလေသည်။
"သူတို့ ဘယ်လို ရှင်းချက်ထုတ်ထားလဲ။"

"ပြောကြတာကတော့ သူတို့တွေ မွန်မြတ်ခြင်းဘုရားကျောင်းမှာ ဆုတောင်းပြီးတဲ့နောက် ပြာဋိကာတစ်ရပ် အပ်နှင်းခံခဲ့ရတာတဲ့... ဒါက လုပ်ဇာတ်ခင်းထားတာ အသိသာကြီး! ကောအာ... ဒီကိစ္စကို... အဖေတို့ ဧကရီကို ပြောပြလိုက်သင့်လား..."

"အဖေက ဘာပြောချင်လို့လဲ။"
စုန့်ကောက ပြောသည်။
"ကျွန်တော်တို့က  ထောက်ခံမှုရပြီး လူ့အလွှာလှေကားကို တက်လှမ်းနိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်တည်ဆောက်ပုံကို အတင်းအကျပ် ပြောင်းလဲပစ်ခဲ့တယ်ဆိုတာ လူတိုင်းကို သိစေချင်လို့လား။"

"ဒါပေမဲ့ ဧကရီက အင်ပါယာနည်းပြကျောက်ကို ဆန့်ကျင်လောင်းနေပြီ။ အဖေတို့ လုပ်ခဲ့တာကိုသာ သူ နောက်မှ သိသွားခဲ့ရင်..."

"စုန့်စုန့်ကို လီရှောင်းဆီ ပေးလိုက်တာက အစကတည်းက အမေ့ရဲ့အကြံဉာဏ်ပဲ၊ ဘာလို့ဆို သူက စုန့်စုန့်ကို မုန်းလို့။ သူ ကိုယ်ဝန်ဆောင်နိုင်တာကတော့... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး သိပါ့မလဲ။"
စုန့်ကောက သူ့လက်ချောင်းများကို ဆန့်ကာ ကြွေလွင့်နေသည့် မက်မန်းပန်းပွင့်ကလေးကို ဖမ်းယူလိုက်လေသည်။ သူက မကြည်မလင် ပြောလာသည်။
"သူက အမေ့ကိုတောင် ထပ်ပြီးအလိုမရှိတော့တာ၊ နောင်မှာ ကျွန်တော်တို့ကို သူက ဘာကြောင့် ဂရုစိုက်နေဦးမှာလဲ။"

"ဒါဖြင့်ရင် သူ့ငွေအမြောက်အမြား ဆုံးရှုံးသွားတာကို အဖေတို့က ဒီအတိုင်း ဘေးရပ်ကြည့်နေရမှာလား။"

စုန့်ကောက ခပ်ဟဟ ရယ်သည်။
"ဇာတ်ခုံကို အားလုံးခင်းကျင်းပြီးနေပြီပဲ။ ကျွန်တော်တို့က ဇာတ်ပွဲကို စောင့်ကြည့်ဖို့ပဲ လိုတယ်။"

သူ ပြောပြီးရုံမျှသာရှိသေး စုန့်သခင်မ၏ မြူးထူးပျော်ရွှင်နေသောအသံက သူ့နောက်မှ ထွက်ပေါ်လာ၏။
"ဇာတ်ပွဲလား။ ငါ ဇာတ်ပွဲကြည့်ချင်တယ်! ဇာတ်ပွဲက ဘယ်နေရာမှာလဲ။"

စုန့်ကွော်ကုန်းက သူ(မ)၏ ရှုပ်ပွနေသော ဆံပင်ရှည်များနှင့် ညစ်ထေးနေသော မျက်နှာကို ကြည့်ကာ အလွန်အမင်း မျက်မှောင်ကြုတ်သွားလေသည်။

....................

ဝန်ကြီးချုပ်အိမ်တော်လည်း ပါဝင်လာသောကြောင့် တစ်ညတည်း၌ပင် မြို့တော်ရှိလူတိုင်းလူတိုင်းသည် 'ပြာဋိဟာ'အကြောင်း သိရှိသွားတော့၏။

ထို့ပြင် ၎င်းကြောင့် ဘုရင့်အိမ်တော်ရာသည်လည်း သာ၍ သက်ဝင်လှုပ်ရှားလာသည်။ ထောက်လှမ်းရန် အရှက်မရှိ လျှို့လျှို့ဝှက်ဝှက်ရောက်လာကြသူအရေအတွက်မှာ ရေတွက်မရနိုင်အောင်ပင်။ ထိုသူများထဲမှအချို့သည် လီရှောင်းကို ကြောက်ရွံ့ကြသည်ဖြစ်ရာ အိမ်တော်ပြင်ပ၌ ယောင်ပေပေလုပ်ရန်သာ လူလွှတ်ကြပြီး ဝင်ထွက်သွားလာနေသည့် အစေခံများကို မေးမြန်းစုံစမ်းရန် အခွင့်အရေးတစ်ခုတစ်လေကို စောင့်ဆိုင်းနေကြ၏။ သို့သော်ငြား အစေခံအားလုံးသည် ဤကောလာဟလမှာ အမှန်ဖြစ်သည်ကို သူတို့ သံသယပင်မရှိ အခိုင်အမာ ယုံကြည်ကြောင်း ဆိုကြလေသည်။ သူတို့က စုန့်စုန့်ကို ကောင်းကင်ဘုံနှင့် ကမ္ဘာလောကကြီး၏ ပန်းတိုင်ဟုပင် ချီးမွှမ်းကြပြီး လူအများအား ဤကိစ္စမှာ မှန်လော၊ မမှန်လောကို ပို၍ပင် မသေချာသယောင် ခံစားလာရစေတော့သည်။

တစ်ချိန်တည်းမှာပင် ဧကရီသည်လည်း သတင်းများ ကြားရ၏။ လီရှောင်းထံတွင် ပြင်ပ၌ အမျိုးသမီးတစ်ဦးရှိနေပြီး သိပ်မကြာသေးမီကပင် အိမ်တော်ထဲသို့ လျှို့လျှို့ဝှက်ဝှက် ခေါ်သွင်းလာခဲ့ကြောင်း ရုတ်တရက် သိရှိလိုက်ရလေသည်။ ဤသတင်းကြောင့် သူ(မ)၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ပိုသေချာလာတော့သည်။ တစ်ရက်ကျော်လွန်ပြီးနောက် ဝန်ကြီးချုပ်အိမ်တော်သည် သူတို့၏လောင်းကြေးကို ရွှေချောင်းပေါင်း (၅၀၀၀)အထိ တိုးမြှင့်လိုက်လေ၏။

....................

ကျောက်ရင်သည် မျက်မှောင်ကြုတ်လျက် ဘုရင့်အိမ်တော်ထဲသို့ ဝင်လာပြီး အမူအရာမှာ အဆောတလျင် ဖြစ်နေသည်။ လီရှောင်းထံ ပြေးဝင်မိခါနီးတွင် သူက လှမ်းဆွဲလိုက်လေ၏။
"ဧကရီဘက်က လောင်းကြေးကို ထပ်မြှင့်လိုက်ပြန်ပြီ။ ရှောင်းအာ... မင်းရဲ့ဦးရီးတော်ကို အရိပ်လက္ခဏာလေးတော့ ပြပါဦးကွာ။ ငါတို့သာ ဒီလိုမျိုး ဆက်သွားနေရင် ငါတို့ရဲ့ တစ်သက်တာစုဆောင်းမှုအားလုံးကို ဆုံးရှုံးရလိမ့်မယ်!"

"ဒီလိုကိစ္စမျိုးကို... ကျွန်တော်က ဘာလို့ ဦးရီးတော်ကို လှည့်စားရမှာလဲ။"

"မင်း ငါ့ကို လိမ်နေတယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူး။ ဒါက... အင်ပါယာနည်းပြအိမ်တော်မှာ ငွေကြေးထပ်မရှိတော့ဘူးဟ!"
ကျောက်ရင်သည် သူ၏ ဤတူတော်အား အလွန်ပင် ယုံကြည်ထား၏။ လီရှောင်း စိတ်ကြည်နေချိန်၌ အလွန်တာဝန်သိသိ ပြုမူတတ်သည်ကို သူ သိသည်။ သို့သော် ဧကရီက လောင်းကြေးကို စဉ်ဆက်မပြတ်မြှင့်တင်လျက်ရှိသော်ငြား အင်ပါယာနည်းပြအိမ်တော်ဘက်၌မူ တကယ်ပင် ငွေရေးကြေးရေးအားဖြင့် ဝန်ပိနေပြီဖြစ်၏။ လီရှောင်းက ပြောလာသည်။
"ကိစ္စမရှိပါဘူး။ စုန့်အာမှာ ငွေရှိတယ်။ ပြီးရင် ဦးရီးတော်ဆီ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်ပါ့မယ်။"

ကျောက်ရင်က သက်ပြင်းချကာ ပြောလာသည်။
"ဒါဆိုလည်း... မင်းတို့တစ်တွေ သတင်းလေးဘာလေးကြားရင် တတ်နိုင်သလောက် မြန်မြန်လေး ငါ့ကို အသိပေးကြဦးကွာ။"

"မှတ်သားထားပါ့မယ်။"

ကျောက်ရင်သည် မျက်မှောင်ကြုတ်လျက် တံခါးမှ ထွက်ခွါသွားပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေကာ သူ့မြင်းပေါ် တက်လှမ်းသွားတော့သည်။

ဤသတင်းက ဧကရီ၏နားတော်သို့ ရောက်ရှိသည့်အခါ ချက်ချင်းပင် ဗြုန်းခနဲ ထရယ်လေ၏။
"သူတို့က ဟန်လုပ်ချင်နေရင်လည်း အနည်းဆုံးတော့ ကောင်းကောင်းဟန်ဆောင်တတ်သင့်တာပေါ့။"

"အင်ပါယာနည်းပြအိမ်တော်ဘက်မှာ ငွေသိပ်မရှိတော့ဘူးလို့လည်း သတင်းရပါတယ်။"

"ငါ့ဆီမှာ လက်ရှိ ငွေဘယ်လောက်ရှိတယ်ဆိုတာ သွားစစ်ဆေးပြီး အကုန်လုံးကို ဝန်ကြီးချုပ်အိမ်တော်ဆီ ပို့လိုက်ချေ။"
ဧကရီက ညွှန်ကြားပြီးနောက် မေးလေသည်။
"အခု အခြေအနေကရော ဘယ်လိုလဲ။"

"အစကတော့ တပ်မှူးကျောက်က ဂုဏ်ယူဝံ့ကြွားခြင်းတွေ ပြည့်နှက်နေပုံပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂)ရက်အတွင်းမှာ သူက ဘုရင့်အိမ်တော်ကို ပိုပြီး မကြာမကြာ အပြေးအလွှားသွားနေခဲ့ပြီး သူပြန်သွားတဲ့အချိန်တိုင်း သူ့အမူအရာက ပိုပိုပြီးဆိုးဝါးလာပါတယ်။ ကျွန်တော်မျိုးမတို့ရဲ့လူတွေကလည်း နောက်ကွယ်ကနေ အနည်းငယ် တွန်းအားပေးနေကြပါတယ်။ လမ်းမတွေပေါ်က ပြည်သူအများစုက 'ပြာဋိဟာ'လို့ဆိုတဲ့အရာကို ထပ်ပြီး မယုံကြည်ကြတော့ပါဘူး။"
မောမော့က ပြုံးလျက် ပြောသည်။
"လူအများက ကျွန်မတို့ဘက်ကို ပြောင်းလာကြပါပြီ။"

"ဒီသတင်းထွက်နေတာ ရက်နည်းနည်းကြာနေပြီ။ ဘုရင့်အိမ်တော်ဘက်ကရော လှုပ်ရှားမှုတွေ ရှိသလား။"

"အဲဒီ လီရှောင်းရဲ့လူလို့ သံသယရှိတဲ့ အမျိုးသမီးကို အပြင်ကနေ အိမ်တော်ထဲ ခေါ်သွင်းလာချိန်ကတည်းကစလို့ ဘာအသစ်အဆန်းမှ မရှိတော့ပါဘူး။ ကြည့်ရတာ ဝမ်ဖေးကလည်း အခုရက်ပိုင်းအတွင်း တံခါးကနေ အပြင်ကို ထွက်မလာပုံပါ။ သိပ်မကြာခင် ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ သူ့ရဲ့ ဟော့ပေါ့ဆိုင်တောင်မှ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။"

ဧကရီက ရယ်ပြန်သည်။
"ဒီလို သေရေးရှင်ရေးဖြစ်လောက်အောင် ကြီးထွားလာတဲ့ အခြေအနေနဲ့ဆို ဝမ်ဖေးခမျာ စိုးရိမ်လွန်ပြီး အိပ်မှအိပ်ပျော်ပါ့မလားပဲ။ ဟော့ပေါ့ဆိုင်တွေကို ဂရုစိုက်နေဖို့ အားအင်တွေ ဘယ်ကသွားရှာလို့ရမှာတဲ့လဲ။"

....................

ထိုအခိုက် အဆိုအရ အိပ်မပျော်နိုင်သူ စုန့်စုန့်သည် နွေးထွေးလှသည့် ခြုံစောင်များအတွင်း အေးအေးဆေးဆေး လုံးထွေးနစ်မြုပ်နေကာ စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးမှာ သူနှင့် လုံးဝမသက်ဆိုင်သည့်အလားပင်။ ကျန်သည့် လောကကြီးမှ သူ့ကိုယ်သူ ဖြတ်တောက်ဖယ်ရှားထားသည့်အလား သူ အပြင်ထွက်ရန် မလိုအပ်၊ မည်သည်ကိုမျှ စီစဉ်ကိုင်တွယ်ရန် မလိုအပ်ပေ။

ကံမကောင်းစွာဖြင့် သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး နေခွင့်မပြုချင်သူအချို့ ရှိနေလေသည်။ မွန်းလွဲပိုင်းတွင် အိမ်တော်ထိန်းချီက ရုတ်တရက် ပြေးဝင်လာသည်။
"ဝမ်ဖေး... ဖူရှီအန်းစားသောက်ဆိုင်မှာ ရန်ဖြစ်နေကြပါတယ်။"

"အစိုးရအာဏာပိုင်တွေကို ခေါ်ဖို့ ပြောလိုက်လေ။"
စုန့်စုန့်သည် ပြောပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ 
"ဘယ်သူက ဘယ်သူနဲ့ သတ်ပုတ်နေတာတဲ့လဲ။"

"အကြီးအကဲချင်ရဲ့ ဒုတိယသားနဲ့ တပ်မှူးကျောက်ရဲ့ အငယ်ဆုံးသားပါ။"

"ချင်ယိနဲ့ ကျောက်ယိုလား။"
တစ်ယောက်က ဝန်ကြီးချုပ်၏မြေး ဖြစ်ပြီး အခြားတစ်ယောက်မှာ အင်ပါယာနည်းပြ၏မြေး ဖြစ်သည်။ အစိုးရအမှုထမ်းများက ကိုင်တွယ်နိုင်မည့်ပုံမပေါ်ပေ၊ ထို့ကြောင့် သူ့ထံ သတင်းပို့အစီရင်ခံလာခြင်းပင်။ စုန့်စုန့်သည် အဝတ်အစားလဲကာ သူ့ကိုယ်သူ အဝတ်အထပ်ထပ်အောက်တွင် ထုပ်ပိုးလိုက်ရုံသာ တတ်နိုင်တော့သည်။ သူ အပြင်ထွက်စဉ် မေးလိုက်၏။
"သူတို့က ဘာကြောင့် စပြီးသတ်ပုတ်ကြတာတဲ့တုန်း။"

လမ်းတွင် စုန့်စုန့်သည် အခြေအနေနှင့် ကျွမ်းဝင်သွား၏။

သိရသရွေ့ ယင်းက လောင်းကစားခန်းမရှိ အခြေအနေနှင့် ပတ်သက်နေဆဲပင်။ ဝန်ကြီးချုပ်၏ လောင်းကြေးက ရွှေချောင်း (၅၀၀၀) သို့ရောက်ရှိချိန်တွင် အင်ပါယာနည်းပြအိမ်တော်က ရုတ်တရက် ချီတုံချတုံဖြစ်စပြုလာပြီး နောက်ဆုံးတွင်မူ လောင်းကြေးအား ရွှေအချောင်း (၁၀၀)သာ ထပ်မြှင့်လိုက်လေသည်။ ဤကိစ္စကြီးတစ်ရပ်လုံးကို သူတို့ စတင်နောင်တရလာပုံပေါ်ပြီး အချိန်မရွေး လက်လျှော့တော့မည့်ပုံပင်။ ဤလုပ်ဆောင်ပုံကြောင့် လူတစ်စုသည် အလျင်အမြန်ပင် ဝန်ကြီးချုပ်၏ခြေလှမ်းနောက် လိုက်ကာ သူတို့၏ လောင်းကြေးများကို အခြားတစ်ဖက်၌ အဆက်မပြတ် မြှင့်တင်ကြတော့၏။ 

ဖြစ်စဉ်မှာ ချင်ယိက ဖူရှီအန်းစားသောက်ဆိုင်တွင် ကျောက်မိသားစုသည် အပြင်ဘက်တွင် မြက်ရိုင်းများကို စားရတော့မည်အထိ ဆင်းရဲသွားကြောင်း ကျယ်ကျယ်လောင်လောင် စတင်လှောင်ပြောင်သရော်ခဲ့ချိန်တွင် ဖြစ်သည်။ ထိုရွှေချောင်း (၁၀၀)ကို သူတို့၏သွားကြားမှ ဖျစ်ညှစ်ထုတ်ထားရသည်ဟု ဆို၏။ သူ ပြောသည်ကို ကျောက်မိသားစု၏ အငယ်ဆုံးသခင်လေးက တိုက်တိုက်ဆိုင်ဆိုင် ကြားသွားလေတော့သည်။ မည်သည့်ကလေးကမျှ သူတို့မိသားစု သိမ်ငယ်ရသည်ကို မကြားလိုကြပေ။ သူက သည်းမခံနိုင်ဖြစ်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်း စားပွဲခုံတစ်ခုံကို လှန်မှောက်ပစ်လိုက်ပြီး ချင်ယိကို စတင်ရိုက်နှက်တော့သည်။

ကလေးနှစ်ယောက်စလုံးသည်  ကိုယ်ခံပညာရပ်များကို အသက်ငယ်စဉ်၌ပင် သူတို့ဖခင်များထံမှ သင်ယူခဲ့ကြ၏။ သူတို့က အပေါ်ထပ်မှ အောက်ထပ်သို့တိုင် လုံးထွေးသတ်ပုတ်ကြလေသည်။ အစိုးရအမှုထမ်းများ ရောက်လာပြီး ပြဿနာရှာနေသူများမှာ ဤလူနှစ်ယောက် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူတို့ ဒူးထောက်မိလုနီးပါးပင်။ အရေးကြီးဆုံးမှာ ထိုသူနှစ်ဦးစလုံးက အာဏာပိုင်များနှင့် မဖြေရှင်းလိုကြခြင်း ဖြစ်သည်။ မည်သို့ပင်မဆို၊ သူတို့လည်း ပါဝင်ပတ်သက်သူ စုန့်စုန့်ကို လာပြီး ဤပြာဋိဟာဆိုသောအရာမှာ မှန်ကန်သည်လား ရှင်းပေးရန် အပြင်းအထန်တောင်းဆိုကြလေတော့သည်။

စုန့်စုန့်သည် သူ့ရထားလုံးကို စီးလာစဉ် ရုတ်တရက် ရပ်တန့်ခံလိုက်ရလေ၏။ ရထားလုံးက အနည်းငယ် ယမ်းသွားသည်။ သူ့ခေါင်းကို အပြင်သို့ ပြူထုတ်ကြည့်လိုက်သော် လမ်းပိတ်ထားသူမှာ အကယ်စင်စစ် လီရှောင်း ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
"ဝမ်ရယ်"

"ဒီကိစ္စကို ဒီဘုရင် ဖြေရှင်းလိုက်မယ်။ မင်း အိမ်တော်ကို ပြန်တော့။"

စုန့်စုန့်က ပြောသည်။
"သူတို့က ကျွန်တော့်ကို သေသေချာချာ ဆင့်ခေါ်ထားကြတာလေ။ ကျောက်ယိုက ကျွန်တော့်ကို ဒီလောက်တောင် ယုံကြည်တာ၊ ကျွန်တော် မသွားရင် ကလေးကို အခက်မတွေ့စေဘူးလား။"

အဆုံးသတ်သော် ကျောက်ယိုမှာ သူ၏ ယောက်ဖတစ်ဝမ်းကွဲပင် ဖြစ်သည်။ စုန့်စုန့်သည် သူ့ကိုယ်ပိုင်မိသားစုအပေါ် အတော်လေး ဘက်လိုက်တတ်၏။

လီရှောင်းက အရေးမစိုက်ချေ။
"ကလေးပေါက်စတစ်ယောက်ကို ဘာမျက်နှာသာပေးစရာ လိုလို့လဲ။ သူတို့က ဖူရှီအန်းစားသောက်ဆိုင်မှာ လာရှုပ်နေကြတာ။ သူတို့တွေကို ပြုပြင်စရိတ်တွေ အကျေအလည်ပေးချေခိုင်းဖို့က ပိုအရေးကြီးတယ်။"

"ဒါပေမဲ့... "

"လိမ္မာစမ်းပါ။ နောက်မှ ကိုယ် ပြန်လာမယ်။"

စုန့်စုန့်လည်း ရထားလုံးအား အိမ်သို့ ပြန်ရန် စေခိုင်းရုံသာ တတ်နိုင်တော့သည်။

....................

ထိုအခိုက် ဖူရှီအန်းစားသောက်ဆိုင် အပြင်ဘက်တွင် လူအုပ်ကြီးနှင့် ပြည့်နေ၏။ လူများသည် ကလေးနှစ်ယောက်က စုန့်စုန့်အား ဖိတ်ခေါ်မည်ဟု ကြားသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး စူးစမ်းချင်စိတ်ပြင်းပြလာတော့သည်။ ဤ'ပြာဋိဟာ'သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်နေပြီး ရင်ဖိုခြင်းက လူအများ၏ အသည်းနှလုံးအား တရွရွဖြစ်စေလေသည်။ သူတို့ဟာ ပါဝင်ပတ်သက်နေသော အဓိကပုဂ္ဂိုလ်က အများယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ တစ်ခုခုပြောလာသည်ကို ကြားရရန် မစောင့်စားနိုင်ကြတော့ချေ။

ဒဏ်ရာများနှင့် ပြည့်နေသည့် မျက်နှာတို့နှင့် (၁၆)နှစ်သားနှစ်ယောက်သည် အခန်းတစ်ဖက်တစ်ချက်ရှိ ထိုင်ခုံများပေါ်၌ ထိုင်ကာ တစ်ယောက်နှင့်တစ်ယောက် ဘုကြည့်ကြည့်နေကြ၏။

ချင်ယိက မနှစ်သက်ဖွယ် ပြောလာသည်။
"ဒီကိစ္စက အယောင်ဆောင်ဆိုတာ အသိသာကြီး! မင်းတို့အင်ပါယာနည်းပြအိမ်တော်က ကျိန်းသေပေါက် ရှုံးမှာ! မဟုတ်ရင် မင်းတို့မိသားစုက ပိုလောင်းရမှာကို ဘာလို့ ကြောက်နေကြမှာလဲ?!"

ကျောက်ယိုက ဒေါသတကြီး ပြန်ပြောသည်။
"ငါ့အဖေက အဟုတ်ကို တမင်သက်သက် လုပ်တာကွ။ စစ်ရေးဗျူဟာတွေမှာဆိုရင် ဒါက ရန်သူကို ဆွဲဆောင်ဖို့အတွက် ဝမ်းခေါင်းလှန်ပြပြီးမှ ရုတ်တရက် တိုက်စစ်ခင်းကျင်းတယ်လို့ ခေါ်တယ်!"

ချင်ယိက မရပ်မနား ရယ်တော့သည်။
"ဒီကိစ္စကြီးတစ်ခုလုံးက အစကတည်းက အရမ်းအရမ်းကို အဓိပ္ပာယ်မရှိတာကြီးလေကွာ။ မင်းတို့အင်ပါယာနည်းပြအိမ်တော်က ဝမ်ဖေးနဲ့ပေါင်းပြီး လူတွေကို ရိုက်စားလုပ်နေကြတာလေ။ ဖင်းဝမ်မှာ အိမ်တော်ထဲ ခေါ်သွင်းလာတဲ့ အပြင်က မိန်းမတစ်ယောက်ရှိတယ်ဆိုတာ ငါ သိပြီးသား။ ဝမ်ဖေးက သူ့(မ)ရဲ့ ဗိုက်ကို အသုံးချပြီး သူကိုယ်တိုင် မီးဖွားထားသလို ဟန်ဆောင်ဖို့ ပြင်ဆင်နေတာပဲကို!"

ကျောက်ယို၏ မျက်နှာအရောင်မှာ ပို၍ ဆိုးဝါးလာသည်။ အနီးနား၌ ရပ်ကြည့်နေသည့် လူများသည်လည်း စတင်ကာ ထောက်ပြတီးတိုးဆိုကြတော့၏။
"ဒီကိစ္စက အမှန်ဟုတ်လား၊ မဟုတ်ဘူးလား။"

"ငါ အင်ပါယာနည်းပြအိမ်တော်ဘက်ကနေ လောင်းခဲ့တယ်ဆိုတာကို မယုံနိုင်ဘူး။ ငါ့မိတ်ဆွေဆို ဝန်ကြီးချုပ်ဘက်ကို ပြောင်းပြီးနေပြီ။"

"ငါတော့ အဲဒီပြာဋိဟာကို မယုံပါဘူး။ ယောက်ျားလေးက ကလေးမွေးမယ်တဲ့၊ ဒီလို ဆန်းကြယ်တဲ့ ဖြစ်အင်ကို ဘယ်သူက ယုံမှာလဲ။ အလိုလေးလေး ရယ်စရာကြီး။"

"ချင်ကုန်းဇီပြောတာက တော်တော်လေးကို ကျိုးကြောင်းသင့်လျော်တယ်... ဝမ်ဖေးသာ လိပ်ပြာမသန့်ဖြစ်မနေဘူးဆိုရင် ဘာလို့ အခုရက်ပိုင်း အိမ်တော်ထဲကနေ မထွက်တာလဲ။"

ပတ်ဝန်းကျင်၌ တီးတိုးသံများကို ခပ်ရေးရေးကြားသည့်အခါ ကျောက်ယိုသည် သူ့လက်ချောင်းတို့ကို လက်သီးဆုပ်တစ်ခုအသွင်သို့ ခပ်တင်းတင်း ဖျစ်ညှစ်လိုက်လေ၏။ ချင်ယိ၏နှုတ်ခမ်းများက မြင့်တက်သွားပြီး သူ့မျက်နှာ၌ အားရဝမ်းသာဖြစ်ခြင်းတို့ ဖြာထွက်နေသည်။ ရုတ်တရက် ကျောက်ယိုက ခုန်ဝင်လာကာ အန္တရာယ်ပြုမည့်ဟန်ဖြင့် ပြောလာသည်။
"အစစ်ပဲဖြစ်ဖြစ် အတုအယောင်ပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒီနေ့ ငါ မင်းကို သေအောင်ရိုက်သတ်ပစ်မယ်!!"

ချင်ယိလည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ရန် အနေအထားဖြစ်သွားသည်။ သို့သော်ငြား အပြင်ဘက်မှ ရုတ်ခြည်း လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
"အရူး... ဖင်းဝမ် ရောက်လာပြီ!"

"ဝမ်ဖေးရော?"

"ဝမ်ဖေး မရှိဘူးဟ!"

တစ်ယောက်က ပြောလိုက်သည်နှင့် ဖူရှီအန်းစားသောက်ဆိုင်တစ်ဝိုက်ရှိ လူတိုင်းလူတိုင်းသည် ချက်ချင်း နောက်ဆုတ်သွားကြပြီး လီရှောင်း တံခါးမှ ဝင်ရောက်နိုင်ရန် လျှောက်လမ်းအကျယ်ကြီးတစ်ခုကို နေရာပေးလာကြသည်။

ဝမ်ဖေး မရှိလျှင် အရူးဘုရင်သည် လည်ပတ်မရှိသည့် တီဗက်တန်အိမ်စောင့်ခွေးကြီးတစ်ကောင်ကဲ့သို့ပင်၊ လူများကို ရုတ်တရက် ရန်ပြုမည်လား မသိနိုင်ပေ။

ချင်ယိ၏ မျက်နှာအရောင်မှာ ဖြူဖျော့သွားသည်။ ကျောက်ယိုသည်ပင် သူ့ကိုယ်နေဟန်ထားကို အလျင်အမြန် လျှော့ချလိုက်ပြီး လီရှောင်းအား တော်တော်ကလေး ကြောက်ရွံ့စွာ ကြည့်လေ၏။
"ဝမ်း... ဝမ်းကွဲအစ်ကိုတော်..."

လီရှောင်းက ပျက်စီးသွားသော စားသောက်ဆိုင်ကို တစ်ခဏမျှ ဆန်းစစ်ပြီး ပြောလာသည်။
"မင်းတို့တွေ ဒါကို ဘယ်လိုပြင်ပေးဖို့ စီစဉ်ထားလဲ။"

ကျောက်ယိုက ကပျာကယာ ပြန်ဖြေသည်။
"ကျွန်တော် ပေးပါ့မယ်!"

ချင်ယိ၏မျက်လုံးများက အလွန်ပြင်းပြင်းထန်ထန် စူးစိုက်လာပြီး ၎င်းတို့ ပြုတ်ထွက်မသွားသည်မှာ အံ့ဩဖွယ်ရာပင်။
"မင်းက ဝမ်ရယ့်ကို တံတွေးထွေးရဲတယ်လား?!"

(T/N: ကျောက်ယို ပြောလိုက်တာက ငွေပေးတယ်လို့ အဓိပ္ပာယ်ရတဲ့ 'pei (赔)' ဖြစ်ပေမဲ့ ၊ ချင်ယိက တံတွေးထွေးတဲ့အခါ ထွက်တဲ့အသံ 'pei (呸)' လို့ ထင်သွားတာပါ။)

ကျောက်ယိုက သူ့ကို ခက်ထန်စွာ တစ်ချက်ကြည့်လာ၏။ လီရှောင်း တလွဲထင်မည်စိုးသောကြောင့် ဒေါသတကြီး ပြန်ပြောလေသည်။
"ကျွန်တော်က ကျွန်တော် ငွေပေးမယ်လို့ ပြောတာ!"

လီရှောင်းက ခေါင်းညိတ်သည်၊ ထို့နောက် ချင်ယိအား ကြည့်လေ၏။ ချင်ယိလည်း ကပျာကယာ ပြောလာသည်။
"ကျွန်တော်... ကျွန်တော်လည်း ပေးပါ့မယ်။"

သူက တစ်ဖက်လှည့်ပြီး သူ့အစေခံတစ်ဦးထံမှ ငွေအိတ်ကို ယူကာ ဆိုင်ရှင်ထံ တန်းပစ်ပေးလိုက်လေသည်။ ထို့နောက် လီရှောင်းနှင့် ဝေးရာသို့ နောက်ဆုတ်သွားပြီး တံခါးဝသို့ တုန်တုန်ယင်ယင် ဦးတည်သွားတော့သည်။ ဝင်ပေါက်၌ ကျောက်ယိုအဖို့ နှုတ်ဆက်စကားချန်ခဲ့ရန်လည်း သူ မမေ့သေးချေ။
"မင်းလို မဟုတ်ဘူး၊ ငါက ချက်ချင်းပေးနိုင်တယ်ကွ! ခြူးတစ်ပြားမှမရှိတဲ့ ငမွဲကောင်!"

ကျောက်ယို ဒေါသထွက်လာပြန်တော့သည်၊ သို့သော် ချင်ယိက ချက်ချင်း သုတ်သုတ်ပျာပျာ ထွက်သွားခဲ့ပြီးဖြစ်သည်။ လီရှောင်းက လက်ဖြန့်ပြလာ၏။ ကျောက်ယိုလည်း သူ့ကို ညှိုးငယ်စွာ ကြည့်လျက် ပြောလိုက်သည်။
"ကျွန်တော် နောက်မှ ဘုရင့်အိမ်တော်ဆီ ပို့ခိုင်းလိုက်လို့ ရမလားဟင်။"

"မလိုဘူး။"
လီရှောင်းက ပြောသည်။
"စားသောက်ဆိုင်ကိုသာ ပို့လိုက်။"

သူ ပြန်ရန် လှည့်ထွက်လေသည်၊ ထို့နောက် ကျောက်ယိုက သူ့နောက် လိုက်မလာသည်ကို မြင်လိုက်ရသောကြောင့် သူ ပြောလိုက်သည်။
"လာ၊ ငါ မင်းကို ပြန်ခေါ်သွားပေးမယ်။"

"ဟင့်အင်း... ဝမ်းကွဲအစ်ကိုတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မလိုအပ်ပါဘူး။ ကျွန်တော့်ဘာသာပဲ ပြန်လိုက်ပါ့မယ်။"

မူလက စုန့်စုန့်သာလာပါလျှင် ပြာဋိဟာအကြောင်းကို သူ ကျိန်းသေပေါက် မေးမိမှာပင်။ သို့သော်ငြား ယခုတော့ ရောက်လာသူမှာ လီရှောင်း ဖြစ်နေရာ သူသာ တစ်ဖက်လူဘေးတွင် ကြာကြာနေပါက သူ့ဦးခေါင်းခွံ၌ပင် ကြက်သီးမွေးညင်းများ ထလာပေလိမ့်မည်။

....................

စုန့်စုန့်သည် ပြန်လာပြီးနောက် မီးလင်းဖိုနံဘေးတွင် ပြန်ထိုင်ကာ သူ့စာအုပ်ကို လှန်လှောပြန်၏။ တကယ်တော့ သူ့ယခင်ဘဝတွင် အချုပ်အလုပ်ဇာထိုးပန်းထိုးကို သူ အနည်းငယ်ပင် လေ့လာခဲ့သေးသည်။ အဆုံးမှာတော့ နောက်ထပ်မည်သူမျှ မရှိသည့်နေရာတစ်ခု၌ ပိတ်လှောင်ခံခဲ့ရစဉ် သူ လုပ်စရာမရှိပါက အချိန်က အလွန့်အလွန် နှေးကွေးစွာ ကုန်လွန်သွားတတ်သည်လေ။

သို့သော်ငြား ယခုဘဝသည် မတူညီတော့။ သူ လုပ်နိုင်သည့်အရာ အများအပြား ရှိနေပြီဖြစ်သည်။ ထိုအရာမျိုးက(အချုပ်အလုပ်) သူ့မျက်လုံးများကိုသာ ထိခိုက်စေပြီး လီရှောင်းကလည်း သူ့အား ထိကိုင်ခွင့်ပေးမည်မဟုတ်ချေ။

လီရှောင်းကို တွေးမိသည့်အခါ သူ့နှလုံးသား၌ နွေးထွေးခြင်းဟူသည့် ခံစားချက်လေးတစ်ရပ် ပေါ်ထွက်လာ၏။ သူ တံခါးဆီ လှမ်းမျှော်ကြည့်ကာ လီရှောင်း မည်သည့်အချိန်၌ ပြန်လာမည်ကို တွေးနေမိပြီး သဘောပေါက်ခြင်းမရှိ တွေဝေမှင်တက်နေလေသည်။

အပြင်ဘက်တွင် ဆီးနှင်းများက အတော်ကလေး အရည်ပျော်သွားလေပြီ။ သို့သော် နွေဦးနှင်းခါးနှင့် အေးစိမ့်စိမ့်လေတို့ကြောင့် ရာသီဥတုမှာ အလွန်အေးနေသေး၏။ ယနေ့ လီရှောင်း ထွက်သွားစဉ်က ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်သွားသည်ကို သူ သတိရလိုက်သည်၊ အေးမအေးတော့ မသိပေ။

လီရှောင်း၏ ကိုယ်ပိုင်အမည်နာမကို သူ မှတ်မိသည်။ ချန်းကျီး ဟုခေါ်၏။ ချန်းကျီး...။ အလွန့်အလွန် ကောင်းမွန်လှသော အဓိပ္ပာယ်နှင့် ခေါ်ဆိုရချိုသာပုံပေါ်သည့် အမည်ပင်။ ၎င်းက ဧကရာဇ်၏ သိုဝှက်ထားသော အတွင်းစိတ်ဆန္ဒကိုလည်း ကိုယ်စားပြုလေသည်။
(T/N : ချန်းကျီး - ထာဝရ မျှော်လင့်အားထားရာ)

စုန့်စုန့် တွေးမိသည်၊ လီရှောင်းက အနာဂတ်ဧကရာဇ်ဖြစ်လာရန် ကြံဆနေသည်ကို ဧကရာဇ်ကြီးသာ သိပါလျှင် မည်သို့တွေးထင်မည်လဲ...။ လီရှောင်းကဲ့သို့သော အရူးတစ်ယောက်က သူ့မိသားစုနန်းဆက်ကို ဖျက်ဆီးလိမ့်မည်ဟု ထင်မည်လော...။
သူ တွေးကောင်းတွေးနိုင်တာပေါ့... ဟုတ်တယ်မလား...။
လီရှောင်းအား သူ မည်မျှပင် ချစ်ခင်ပါစေ၊ သူ့အတွက်တော့ သူ့မိသားစုနန်းဆက်က ပို၍ အရေးပါပေလိမ့်မည်။

ထို့ကြောင့်သာ နောက်ဆုံးတွင်တော့ သူက အိမ်ရှေ့မင်းသားအား ရွေးချယ်ခဲ့ခြင်းပင်။

စုန့်စုန့် ငိုက်မျဉ်းစွာ အိပ်ပျော်ခါနီး၌ ခြေသံများကို ကြားလိုက်ရလေ၏။ သူ ထထိုင်ပြီး မေးလိုက်သည်။
"အခြေအနေအရပ်ရပ်က ဘယ်လိုဖြစ်သွားလဲ။"

"ကျောက်ယိုကို လမ်းကြုံဝင်ပို့ပေးနေလို့ ကိုယ်နည်းနည်း နောက်ကျသွားတယ်။"

အလေ့အကျင့်အရ စုန့်စုန့်သည် လီရှောင်းအား ဝတ်ရုံကူချွတ်ပေးကာ လဲဝတ်ရန် နူးညံ့သည့် အတွင်းဝတ်ရုံတစ်ထည်ကို ယူလာပေးသည်။
"အရှင့်ရဲ့ ဦးရီးတော်နဲ့ တွေ့ခဲ့သေးလား။"

"ဟင့်အင်း၊ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကို သူ သေချာပေါက် ကြားမှာပဲ။"

စုန့်စုန့်သည် ဟင်းရည်အိုးကို မီးဖိုပေါ်မှချကာ လီရှောင်း၏ခန္ဓာကိုယ် နွေးထွေးသွားစေရန် စွပ်ပြုတ်အနည်းငယ် ထည့်ပေးလိုက်သည်။ လီရှောင်းက ပန်းကန်လုံးကို သူ့လက်တို့ဖြင့် ကိုင်ရန် ငြင်းဆိုလာသောကြောင့် စုန့်စုန့်လည်း သူ့ကို ခွံ့ကျွေးရုံသာတတ်နိုင်တော့၏။
"ချင်အိမ်တော်က သခင်လေးနဲ့ ရန်ပွဲပြီးသွားတော့ အခုဆို အရှင့်ရဲ့ ဦးရီးတော်လည်း လောင်းကြေးကို ထိန်းမနိုင်သိမ်းမရ တိုးလို့ရသွားတာပေါ့။ ဒါပေမဲ့လည်း အရမ်းကြီး ရူးရူးမိုက်မိိုက် ဟန်ဆောင်စရာ မလိုပါဘူး၊ အတော်အသင့်ဆို ရပြီ။"

"အင်း..."
လီရှောင်းက ခေါင်းညိတ်သည်။
"သူ ကောင်းကောင်းသိပါတယ်။ မင်းရဲ့ အချက်အပြုတ်စွမ်းရည်က ပိုပိုပြီးကောင်းလာတာပဲ။ ဒီနေ့က ဘာစွပ်ပြုတ်လဲ။"

စုန့်စုန့်က ပြုံးကာ ပြောသည်။
"ငါးစွပ်ပြုတ်လေ။ အရှင်က ဘယ်လိုလုပ်ပြီး အရသာကို ဘယ်တော့မှ မမှတ်မိရတာတုန်း။"

"ဒါတွေအားလုံးက မင်း အနံ့အရသာတွေကို ပြောင်းနေလို့ မဟုတ်ဘူးလား။ ကိုယ့်အတွက် စွပ်ပြုတ်တစ်မျိုးတည်းကိုပဲ နေ့တိုင်း လုပ်ပေးရင်တော့ ကိုယ် ကျိန်းသေပေါက် မှတ်မိမှာပေါ့။"

"ဒီရက်ပိုင်း ကျွန်တော်က ဘာမှလုပ်စရာမရှိတော့ အရှင့်ကို စိတ်လက်ချမ်းချမ်းသာသာ အလုပ်အကျွေးပြုဖို့ နည်းလမ်းအမျိုးမျိုးကိုပဲ စဉ်းစားနေမိတော့တာ။"

လီရှောင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက ရုတ်တရက် စုန့်စုန့်ကို သူ့ပေါင်ပေါ် လှမ်းဆွဲတင်လေ၏။ စုန့်စုန့် တစ်ခဏ ထိတ်လန့်သွားရသည်။ သူ ပန်းကန်လုံးကို မြဲမြဲကိုင်ထားကာ ပြောလိုက်လေသည်။ 
"အရှင် စွပ်ပြုတ်တော်တော်များများ သောက်ပြီးလို့သာ တော်သေးတာပေါ့၊ မဟုတ်ရင် အကုန်ဖိတ်တော့မလို့။"

"ဖိတ်ကုန်ရင် အစေခံတွေကို သန့်ရှင်းခိုင်းလိုက်မယ်။"
လီရှောင်းက သူ့ခါးကို ဖက်တွယ်လျက် ပြန်ပြောလာသည်။
"ကိုယ် သောက်လို့မဝသေးဘူး။ နည်းနည်း ထပ်ခွံ့ပေးဦး။"

"အရှင် ကျွန်တော့်ကို ဖက်ထားလျက်သားကြီးနဲ့ ကျွန်တော်က ဘယ်လို ခွံ့ကျွေးရမှာတုန်း။"

လီရှောင်းက လက်လှမ်းကာ အိုးအသေးလေးကို ကိုင်ထားပေးလာသည်၊ ထို့နောက် လက်တို့က သူ့ခါးတစ်ဝိုက်သို့ ပြန်ရောက်သွား၏။
"ဒီလိုလေ။"

စုန့်စုန့်လည်း ဆောင့်ကြီးအောင့်ကြီး ခွံ့ကျွေးရင်း ပြောလိုက်သည်။
"အရှင် ငါးခေါင်းပါ စားသင့်တယ်၊ အရှင့်ခန္ဓာကိုယ်အတွက် ကောင်းတယ်။"

"ကိုယ်က စွပ်ပြုတ်ပဲ သောက်ချင်တာ။"
လီရှောင်းက တုံ့ပြန်သည်။
"စုန့်အာက ပိုစားသင့်တယ်။"

စုန့်စုန့်က သူ့ကို ခွံ့ကျွေးရန် ငါးခေါင်းကို ခပ်ယူလိုက်၏။
"တစ်ကိုက်ပဲကိုက်လိုက်။"

"ငါးခေါင်းက အဲလောက်လေးပဲ ရှိတာကို၊ ကိုယ် တစ်ကိုက်ကိုက်လိုက်တာနဲ့တင် ကုန်နေပြီ။"

"တစ်ကိုက်ပဲစားလို့ဆိုနေ... ချန်းကျီး!"

သူ ရုတ်တရက် လီရှောင်း၏ အခြားအမည်ကို အော်လိုက်မိလေသည်။ သူ အော်ပြီးနောက် ရုတ်ခြည်းပင် အေးခဲသွား၏။
"ကျွန်... ကျွန်တော်က..."

"ထပ်ခေါ်ပါဦး။"

စုန့်စုန့်သည် လီရှောင်း၏ မင်နက်ရောင်မျက်လုံးများနှင့် ဆုံလိုက်ရပြီး နှုတ်ခမ်းများကို ဖိစေ့ကာ ပြောလေသည်။
"ဒီနာမည်၊ ဧကရာဇ်ကြီးက အရှင့်ကို ပေးခဲ့တာလား။"

"အင်း။"
လီရှောင်းက လိုလိုလားလား ဆိုသည်။
"ဒါပေမဲ့ သူက သိပ်မသုံးပါဘူး။ ကြည့်ရတာ ကိုယ်က နာမည်ရဲ့အဓိပ္ပာယ်အတိုင်း နေထိုင်ဖို့ ကျရှုံးခဲ့တယ်လို့ သူ တွေးမိလို့နေမယ်။"

"ဘယ်လိုဖြစ်နိုင်မှာလဲ။ အရှင်က အရမ်းအရမ်းကို ကံကောင်းပြီး အနာဂတ်မှာလည်း အရှင့်ရဲ့ဘဝက ပိုပိုပြီးကောင်းမွန်လာမှာ။ ဧကရာဇ်ကြီးရဲ့ မျှော်လင့်ချက်က... သေချာပေါက်ကို တကယ်ဖြစ်လာမှာပါ။"

လီရှောင်းက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ ပြောလာသည်။
"နောက်တစ်ခေါက် ထပ်ခေါ်ပေးရင် ကိုယ် ငါးခေါင်းရော၊ အသားရော၊ အားလုံးစားလိုက်မယ်။"

"ချန်းကျီးရေ"
စုန့်စုန့်က သံယောင်လိုက်ခေါ်ပေးပြီး ငါးခေါင်းကို သူ့ပါးစပ်နား ကပ်ပေးလာသည်။
"မြန်မြန်စားလိုက်လေ။"

လီရှောင်းက ပါးစပ်ဖွင့်ကာ ငါးခေါင်းကို ပါးစပ်ထဲသို့ ထည့်လေသည်။ ချက်ချင်းပင် သူ မျက်မှောင်ကြုတ်သွား၏။ သူ့လျှာပေါ်ရှိ ထူးဆန်းသည့် အရသာနှင့် အထိအတွေ့ကို သူ ကျင့်သားမရနိုင်သေးပေ။ စုန့်စုန့်က သူ့ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
"ထွေးထုတ်လို့မရဘူးနော်။ အကုန်မျိုချလိုက်! ကျွန်တော် ဒါကို အချိန်အကြာကြီး ချက်ထားရတာ။"

"... ..."
လီရှောင်း၏ လည်ချောင်း လှုပ်ရှားသွားသည်။ ထိုအရာကို သူ မျိုချလိုက်လေ၏။ ချက်ချင်း စုန့်စုန့်က ပြုံးကာ ပြောလာသည်။
"ဒီမှာ၊ စွပ်ပြုတ်လေး ထပ်သောက်လိုက်ဦး။"

"သောက်လို့ ပြီးပြီ။"

"ဒါဆိုလည်း အသားလေးနည်းနည်းစား။"
စုန့်စုန့်က အသားကို ကောက်လိုက်သော်ငြား သူ့လက်ထဲရှိ တူမှာ ရုတ်တရက် အခိုးခံလိုက်ရ၏။
"ဒီအသားမျိုးကို မစားဘူး။"

"ဒါဖြင့် အရှင်က ဘာစားချင်..."
စုန့်စုန့် ပြော၍ မပြီးလိုက်၊ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ကောက်ပွေ့ခံလိုက်ရခြင်းကြောင့်ပင်။ လီရှောင်းက မည်သည့်'အသား'မျိုး စားချင်နေသည်ကို သူ ချက်ချင်း နားလည်သွားတော့သည်။

မျက်နှာနီရဲလာကာ သူ တုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။
"ဒါပေမဲ့ သမားတော်ကျိ ပြောထားတာက..."

"ကိုယ်တို့ သိပ်ပြီး အားစိုက်ခွန်စိုက်မလုပ်ရင် အဆင်ပြေပါတယ်။"
လီရှောင်းက အိပ်ရာရှေ့တွင် ရပ်သွားပြီး ငုံ့ကြည့်ကာ အသံရေးရေးဖြင့် ပြောလာ၏။
"အကြာကြီး အတူနေလာပြီးပြီပဲ၊ ဒီဘုရင်က မင်းလေးကို အလေးထားပြီး ချစ်မြတ်နိုးတယ်ဆိုတာ စုန့်အာ သိသင့်တယ်။ စုန့်အာ မလိုချင်ရင်လည်း..."

စုန့်စုန့်က လီရှောင်း၏လည်ပင်းကို အလိုအလျောက် ဖက်တွယ်လိုက်ကာ အလေးအနက် ဖွင့်ဟလာ၏။
"လိုချင်တယ်!"

ယခင်က သူ့အပြုအမူများ ပြောင်းလဲလွယ်ခဲ့စဉ် လီရှောင်းအား စိတ်မချမ်းမြေ့စေခဲ့ပုံရသည်ကိုသာလျှင် သူသိသည်။ တစ်ဖက်လူက အဘယ်ကြောင့် စိတ်မချမ်းမြေ့ခဲ့သည်ကို သူ သိသာထင်ရှားစွာ သဘောမပေါက်ခဲ့ပေ။ ယခု သူသိသမျှသည် လီရှောင်းအား ထပ်မံ၍ စိတ်မချမ်းမမြေ့ မဖြစ်စေချင်ခြင်းသာလျှင် ဖြစ်၏။

နားလည်ရခက်သော အကြောင်းအချို့ကြောင့်၊ လီရှောင်း အစဉ်အမြဲ ပျော်ရွှင်ချမ်းမြေ့နေသည်ကိုသာ သူ မြင်ချင်မိပြီး မျက်မှောင်ကြုတ်ထားသည်ကိုတော့ ဘယ်သောအခါမှ မမြင်ချင်ပေ။

သူ၏ အဆောတလျင်ဖြစ်သော်ငြား လေးနက်သော ဖွင့်ဟဝန်ခံချက်ပြီးနောက် လီရှောင်းက တုံ့ပြန်သည့်အနေနှင့် ပြုံးလာသည်ကို သူ မြင်လိုက်ရ၏။ ရုတ်ခြည်း မပြေပြစ်စွာပင် စုန့်စုန့်လည်း အကြည့်လွှဲပြီး လက်များကို ပြန်ရုတ်သိမ်းလိုက်ရလေသည်။

လီရှောင်းက သူ့ကို အိပ်ရာပေါ် နေရာချပေးရန် ငုံ့ကိုင်းလာသည်။ စုန့်စုန့်လည်း သူ့ကိုယ်သူ ကျွမ်းလှန်လိုက်ကာ အတွင်းဘက်သို့ လှိမ့်ဝင်လိုက်၏။ သူ့ပါးစပ်ကို အုပ်ကာ အယောင်ဆောင်သမ်းဝေလျက် အလွန်တိုးလျသည့် အသံလေးနှင့် ပြောလိုက်တော့သည်။
"... ကျွန်တော် အခု အိပ်ပြီနော်။"

~~~~~

စာရေးသူမှာ ပြောစရာ ရှိပါတယ် :

လာမဲ့အခန်းတွေမှာ မယ်တော်ကြီးက စုန့်စုန့်ရဲ့ ကလေးသေးသေးလေးကို တုန်နေအောင် ဆက်ချစ်ဦးမှာပါ~ (နို့မှုန့်ဖိုးအတွက် ပိုက်ဆံတွေပို့ပေး)


T.B.C


———————————————

{Zawgyi}

ေလာင္းေၾကးျမႇင့္ျခင္း
*****


စုန္႔သခင္မ ႐ူးသြပ္သြားခဲ့သည့္အခ်ိန္မွစ၍ စုန္႔အိမ္ေတာ္၏ အေရွ႕တံခါးအား တင္းတင္းက်ပ္က်ပ္ ေစ့ပိတ္ထားခဲ့၏။

တကယ္ေတာ့ စုန္႔သခင္မတစ္ေယာက္ မည္သို႔မည္ပုံ ႐ူးသြပ္သြားခဲ့သည္ကို စုန္႔ေကြာ္ကုန္း၏စိတ္တြင္း၌ ထင္ထင္ရွားရွားပင္ သိလို႔ေနသည္။ သူက အၿမဲတမ္း ေၾကာက္႐ြံ႕တြန္႔ဆုတ္ကာ သတိႀကီးသည့္ လူတစ္ေယာက္ ျဖစ္ခဲ့သည္။ သူ႔နံေဘးသို႔ ဝင္ေရာက္လာခဲ့သည့္ မာနႀကီးၿပီး ဟိတ္ဟန္မ်ားေသာ စုန္႔သခင္မေၾကာင့္သာ သူ႔အဆင့္အတန္းရာထူးမွာ ျမင့္တက္လာခဲ့ျခင္းပင္။ ယခုမူ စုန္႔သခင္မမွာ ဧကရီထံမွ ခါထုတ္ခံလိုက္ရၿပီျဖစ္ၿပီး သူ႔ထံ၌ အိမ္ေရွ႕စံ၏ ကူညီေထာက္ပံ့ေပးမႈ မရွိေတာ့မည္ကို သူ သိနားလည္သည္။

ထိုအခိုက္တြင္ သူ႔အေတြးမ်ားမွာ လုံးဝအစီအစဥ္မက် ျပန္႔က်ဲေနသည္။ စုန္႔ေကာသည္ တစ္ခ်ိန္လုံး အားျပန္ျဖည့္ေနဆဲသာ ျဖစ္၏။ စုန္႔စုန္႔၏ ကိုယ္ဝန္သတင္းကို ၾကားသည့္အခါ စုန္႔ေကြာ္ကုန္းသည္ ႐ုတ္တရက္ တစ္စုံတစ္ရာကို နားလည္သေဘာေပါက္သြားၿပီး စုန္႔ေကာ၏ၿခံဝင္းသို႔ ကပ်ာကယာ ထြက္သြားေလေတာ့သည္။ ဘီးတပ္သစ္သားကုလားထိုင္ေပၚ၌ ထိုင္ေနသည့္ တစ္ဖက္လူ၏ အသြင္ကို ျမင္လိုက္ရေသာအခါ သူ တစ္ခဏ တန္႔သြားၿပီးမွ ေရွ႕တိုးကာ ေမးလိုက္သည္။
"ေကာအာ... စုန္႔အာရဲ႕ကိစၥကို ၾကားၿပီးၿပီလား။ သူ ကိုယ္ဝန္ရွိေနၿပီတဲ့!"

စုန္႔ေကာ၏မ်က္ေတာင္တို႔ ပင့္မ,လာၿပီး မ်က္လုံးမ်ား၌ မႈန္မႈိင္းသည့္အေရာင္အေသြးတို႔ စြန္းထင္းသြားေလသည္။
"သူတို႔ ဘယ္လို ရွင္းခ်က္ထုတ္ထားလဲ။"

"ေျပာၾကတာကေတာ့ သူတို႔ေတြ မြန္ျမတ္ျခင္းဘုရားေက်ာင္းမွာ ဆုေတာင္းၿပီးတဲ့ေနာက္ ျပာဋိကာတစ္ရပ္ အပ္ႏွင္းခံခဲ့ရတာတဲ့... ဒါက လုပ္ဇာတ္ခင္းထားတာ အသိသာႀကီး! ေကာအာ... ဒီကိစၥကို... အေဖတို႔ ဧကရီကို ေျပာျပလိုက္သင့္လား..."

"အေဖက ဘာေျပာခ်င္လို႔လဲ။"
စုန္႔ေကာက ေျပာသည္။
"ကြၽန္ေတာ္တို႔က ေထာက္ခံမႈရၿပီး လူ႔အလႊာေလွကားကို တက္လွမ္းႏိုင္ဖို႔အတြက္ သူ႔ခႏၶာကိုယ္တည္ေဆာက္ပုံကို အတင္းအက်ပ္ ေျပာင္းလဲပစ္ခဲ့တယ္ဆိုတာ လူတိုင္းကို သိေစခ်င္လို႔လား။"

"ဒါေပမဲ့ ဧကရီက အင္ပါယာနည္းျပေက်ာက္ကို ဆန္႔က်င္ေလာင္းေနၿပီ။ အေဖတို႔ လုပ္ခဲ့တာကိုသာ သူ ေနာက္မွ သိသြားခဲ့ရင္..."

"စုန္႔စုန္႔ကို လီေရွာင္းဆီ ေပးလိုက္တာက အစကတည္းက အေမ့ရဲ႕အႀကံဉာဏ္ပဲ၊ ဘာလို႔ဆို သူက စုန္႔စုန္႔ကို မုန္းလို႔။ သူ ကိုယ္ဝန္ေဆာင္ႏိုင္တာကေတာ့... ကြၽန္ေတာ္တို႔က ဘယ္လိုလုပ္ၿပီး သိပါ့မလဲ။"
စုန္႔ေကာက သူ႔လက္ေခ်ာင္းမ်ားကို ဆန္႔ကာ ေႂကြလြင့္ေနသည့္ မက္မန္းပန္းပြင့္ကေလးကို ဖမ္းယူလိုက္ေလသည္။ သူက မၾကည္မလင္ ေျပာလာသည္။
"သူက အေမ့ကိုေတာင္ ထပ္ၿပီးအလိုမရွိေတာ့တာ၊ ေနာင္မွာ ကြၽန္ေတာ္တို႔ကို သူက ဘာေၾကာင့္ ဂ႐ုစိုက္ေနဦးမွာလဲ။"

"ဒါျဖင့္ရင္ သူ႔ေငြအေျမာက္အျမား ဆုံးရႈံးသြားတာကို အေဖတို႔က ဒီအတိုင္း ေဘးရပ္ၾကည့္ေနရမွာလား။"

စုန္႔ေကာက ခပ္ဟဟ ရယ္သည္။
"ဇာတ္ခုံကို အားလုံးခင္းက်င္းၿပီးေနၿပီပဲ။ ကြၽန္ေတာ္တို႔က ဇာတ္ပြဲကို ေစာင့္ၾကည့္ဖို႔ပဲ လိုတယ္။"

သူ ေျပာၿပီး႐ုံမွ်သာရွိေသး စုန္႔သခင္မ၏ ျမဴးထူးေပ်ာ္႐ႊင္ေနေသာအသံက သူ႔ေနာက္မွ ထြက္ေပၚလာ၏။
"ဇာတ္ပြဲလား။ ငါ ဇာတ္ပြဲၾကည့္ခ်င္တယ္! ဇာတ္ပြဲက ဘယ္ေနရာမွာလဲ။"

စုန္႔ေကြာ္ကုန္းက သူ(မ)၏ ရႈပ္ပြေနေသာ ဆံပင္ရွည္မ်ားႏွင့္ ညစ္ေထးေနေသာ မ်က္ႏွာကို ၾကည့္ကာ အလြန္အမင္း မ်က္ေမွာင္ၾကဳတ္သြားေလသည္။

....................

ဝန္ႀကီးခ်ဳပ္အိမ္ေတာ္လည္း ပါဝင္လာေသာေၾကာင့္ တစ္ညတည္း၌ပင္ ၿမိဳ႕ေတာ္ရွိလူတိုင္းလူတိုင္းသည္ 'ျပာဋိဟာ'အေၾကာင္း သိရွိသြားေတာ့၏။

ထို႔ျပင္ ၎ေၾကာင့္ ဘုရင့္အိမ္ေတာ္ရာသည္လည္း သာ၍ သက္ဝင္လႈပ္ရွားလာသည္။ ေထာက္လွမ္းရန္ အရွက္မရွိ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ေရာက္လာၾကသူအေရအတြက္မွာ ေရတြက္မရႏိုင္ေအာင္ပင္။ ထိုသူမ်ားထဲမွအခ်ိဳ႕သည္ လီေရွာင္းကို ေၾကာက္႐ြံ႕ၾကသည္ျဖစ္ရာ အိမ္ေတာ္ျပင္ပ၌ ေယာင္ေပေပလုပ္ရန္သာ လူလႊတ္ၾကၿပီး ဝင္ထြက္သြားလာေနသည့္ အေစခံမ်ားကို ေမးျမန္းစုံစမ္းရန္ အခြင့္အေရးတစ္ခုတစ္ေလကို ေစာင့္ဆိုင္းေနၾက၏။ သို႔ေသာ္ျငား အေစခံအားလုံးသည္ ဤေကာလာဟလမွာ အမွန္ျဖစ္သည္ကို သူတို႔ သံသယပင္မရွိ အခိုင္အမာ ယုံၾကည္ေၾကာင္း ဆိုၾကေလသည္။ သူတို႔က စုန္႔စုန္႔ကို ေကာင္းကင္ဘုံႏွင့္ ကမာၻေလာကႀကီး၏ ပန္းတိုင္ဟုပင္ ခ်ီးမႊမ္းၾကၿပီး လူအမ်ားအား ဤကိစၥမွာ မွန္ေလာ၊ မမွန္ေလာကို ပို၍ပင္ မေသခ်ာသေယာင္ ခံစားလာရေစေတာ့သည္။

တစ္ခ်ိန္တည္းမွာပင္ ဧကရီသည္လည္း သတင္းမ်ား ၾကားရ၏။ လီေရွာင္းထံတြင္ ျပင္ပ၌ အမ်ိဳးသမီးတစ္ဦးရွိေနၿပီး သိပ္မၾကာေသးမီကပင္ အိမ္ေတာ္ထဲသို႔ လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ ေခၚသြင္းလာခဲ့ေၾကာင္း ႐ုတ္တရက္ သိရွိလိုက္ရေလသည္။ ဤသတင္းေၾကာင့္ သူ(မ)၏ ခန္႔မွန္းခ်က္မွာ မွန္ကန္ေၾကာင္း ပိုေသခ်ာလာေတာ့သည္။ တစ္ရက္ေက်ာ္လြန္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္သည္ သူတို႔၏ေလာင္းေၾကးကို ေ႐ႊေခ်ာင္းေပါင္း (၅၀၀၀)အထိ တိုးျမႇင့္လိုက္ေလ၏။

....................

ေက်ာက္ရင္သည္ မ်က္ေမွာင္ၾကဳတ္လ်က္ ဘုရင့္အိမ္ေတာ္ထဲသို႔ ဝင္လာၿပီး အမူအရာမွာ အေဆာတလ်င္ ျဖစ္ေနသည္။ လီေရွာင္းထံ ေျပးဝင္မိခါနီးတြင္ သူက လွမ္းဆြဲလိုက္ေလ၏။
"ဧကရီဘက္က ေလာင္းေၾကးကို ထပ္ျမႇင့္လိုက္ျပန္ၿပီ။ ေရွာင္းအာ... မင္းရဲ႕ဦးရီးေတာ္ကို အရိပ္လကၡဏာေလးေတာ့ ျပပါဦးကြာ။ ငါတို႔သာ ဒီလိုမ်ိဳး ဆက္သြားေနရင္ ငါတို႔ရဲ႕ တစ္သက္တာစုေဆာင္းမႈအားလုံးကို ဆုံးရႈံးရလိမ့္မယ္!"

"ဒီလိုကိစၥမ်ိဳးကို... ကြၽန္ေတာ္က ဘာလို႔ ဦးရီးေတာ္ကို လွည့္စားရမွာလဲ။"

"မင္း ငါ့ကို လိမ္ေနတယ္လို႔ ထင္ေနတာေတာ့ မဟုတ္ပါဘူး။ ဒါက... အင္ပါယာနည္းျပအိမ္ေတာ္မွာ ေငြေၾကးထပ္မရွိေတာ့ဘူးဟ!"
ေက်ာက္ရင္သည္ သူ၏ ဤတူေတာ္အား အလြန္ပင္ ယုံၾကည္ထား၏။ လီေရွာင္း စိတ္ၾကည္ေနခ်ိန္၌ အလြန္တာဝန္သိသိ ျပဳမူတတ္သည္ကို သူ သိသည္။ သို႔ေသာ္ ဧကရီက ေလာင္းေၾကးကို စဥ္ဆက္မျပတ္ျမႇင့္တင္လ်က္ရွိေသာ္ျငား အင္ပါယာနည္းျပအိမ္ေတာ္ဘက္၌မူ တကယ္ပင္ ေငြေရးေၾကးေရးအားျဖင့္ ဝန္ပိေနၿပီျဖစ္၏။ လီေရွာင္းက ေျပာလာသည္။
"ကိစၥမရွိပါဘူး။ စုန္႔အာမွာ ေငြရွိတယ္။ ၿပီးရင္ ဦးရီးေတာ္ဆီ တစ္ေယာက္ေယာက္ကို လာပို႔ခိုင္းလိုက္ပါ့မယ္။"

ေက်ာက္ရင္က သက္ျပင္းခ်ကာ ေျပာလာသည္။
"ဒါဆိုလည္း... မင္းတို႔တစ္ေတြ သတင္းေလးဘာေလးၾကားရင္ တတ္ႏိုင္သေလာက္ ျမန္ျမန္ေလး ငါ့ကို အသိေပးၾကဦးကြာ။"

"မွတ္သားထားပါ့မယ္။"

ေက်ာက္ရင္သည္ မ်က္ေမွာင္ၾကဳတ္လ်က္ တံခါးမွ ထြက္ခြါသြားၿပီး စိတ္မခ်မ္းေျမ့ဖြယ္ျဖစ္ေနကာ သူ႔ျမင္းေပၚ တက္လွမ္းသြားေတာ့သည္။

ဤသတင္းက ဧကရီ၏နားေတာ္သို႔ ေရာက္ရွိသည့္အခါ ခ်က္ခ်င္းပင္ ျဗဳန္းခနဲ ထရယ္ေလ၏။
"သူတို႔က ဟန္လုပ္ခ်င္ေနရင္လည္း အနည္းဆုံးေတာ့ ေကာင္းေကာင္းဟန္ေဆာင္တတ္သင့္တာေပါ့။"

"အင္ပါယာနည္းျပအိမ္ေတာ္ဘက္မွာ ေငြသိပ္မရွိေတာ့ဘူးလို႔လည္း သတင္းရပါတယ္။"

"ငါ့ဆီမွာ လက္ရွိ ေငြဘယ္ေလာက္ရွိတယ္ဆိုတာ သြားစစ္ေဆးၿပီး အကုန္လုံးကို ဝန္ႀကီးခ်ဳပ္အိမ္ေတာ္ဆီ ပို႔လိုက္ေခ်။"
ဧကရီက ၫႊန္ၾကားၿပီးေနာက္ ေမးေလသည္။
"အခု အေျခအေနကေရာ ဘယ္လိုလဲ။"

"အစကေတာ့ တပ္မႉးေက်ာက္က ဂုဏ္ယူဝံ့ႂကြားျခင္းေတြ ျပည့္ႏွက္ေနပုံပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ (၂)ရက္အတြင္းမွာ သူက ဘုရင့္အိမ္ေတာ္ကို ပိုၿပီး မၾကာမၾကာ အေျပးအလႊားသြားေနခဲ့ၿပီး သူျပန္သြားတဲ့အခ်ိန္တိုင္း သူ႔အမူအရာက ပိုပိုၿပီးဆိုးဝါးလာပါတယ္။ ကြၽန္ေတာ္မ်ိဳးမတို႔ရဲ႕လူေတြကလည္း ေနာက္ကြယ္ကေန အနည္းငယ္ တြန္းအားေပးေနၾကပါတယ္။ လမ္းမေတြေပၚက ျပည္သူအမ်ားစုက 'ျပာဋိဟာ'လို႔ဆိုတဲ့အရာကို ထပ္ၿပီး မယုံၾကည္ၾကေတာ့ပါဘူး။"
ေမာေမာ့က ၿပဳံးလ်က္ ေျပာသည္။
"လူအမ်ားက ကြၽန္မတို႔ဘက္ကို ေျပာင္းလာၾကပါၿပီ။"

"ဒီသတင္းထြက္ေနတာ ရက္နည္းနည္းၾကာေနၿပီ။ ဘုရင့္အိမ္ေတာ္ဘက္ကေရာ လႈပ္ရွားမႈေတြ ရွိသလား။"

"အဲဒီ လီေရွာင္းရဲ႕လူလို႔ သံသယရွိတဲ့ အမ်ိဳးသမီးကို အျပင္ကေန အိမ္ေတာ္ထဲ ေခၚသြင္းလာခ်ိန္ကတည္းကစလို႔ ဘာအသစ္အဆန္းမွ မရွိေတာ့ပါဘူး။ ၾကည့္ရတာ ဝမ္ေဖးကလည္း အခုရက္ပိုင္းအတြင္း တံခါးကေန အျပင္ကို ထြက္မလာပုံပါ။ သိပ္မၾကာခင္ ဖြင့္လွစ္ဖို႔ စီစဥ္ထားတဲ့ သူ႔ရဲ႕ ေဟာ့ေပါ့ဆိုင္ေတာင္မွ ဘာလႈပ္ရွားမႈမွ မရွိပါဘူး။"

ဧကရီက ရယ္ျပန္သည္။
"ဒီလို ေသေရးရွင္ေရးျဖစ္ေလာက္ေအာင္ ႀကီးထြားလာတဲ့ အေျခအေနနဲ႔ဆို ဝမ္ေဖးခမ်ာ စိုးရိမ္လြန္ၿပီး အိပ္မွအိပ္ေပ်ာ္ပါ့မလားပဲ။ ေဟာ့ေပါ့ဆိုင္ေတြကို ဂ႐ုစိုက္ေနဖို႔ အားအင္ေတြ ဘယ္ကသြားရွာလို႔ရမွာတဲ့လဲ။"

....................

ထိုအခိုက္ အဆိုအရ အိပ္မေပ်ာ္ႏိုင္သူ စုန္႔စုန္႔သည္ ေႏြးေထြးလွသည့္ ၿခဳံေစာင္မ်ားအတြင္း ေအးေအးေဆးေဆး လုံးေထြးနစ္ျမဳပ္ေနကာ စာအုပ္တစ္အုပ္ကို ဖတ္ေန၏။ အျပင္ဘက္တြင္ ျဖစ္ပ်က္ေနသည့္ အရာအားလုံးမွာ သူႏွင့္ လုံးဝမသက္ဆိုင္သည့္အလားပင္။ က်န္သည့္ ေလာကႀကီးမွ သူ႔ကိုယ္သူ ျဖတ္ေတာက္ဖယ္ရွားထားသည့္အလား သူ အျပင္ထြက္ရန္ မလိုအပ္၊ မည္သည္ကိုမွ် စီစဥ္ကိုင္တြယ္ရန္ မလိုအပ္ေပ။

ကံမေကာင္းစြာျဖင့္ သူ႔ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေအးေအးေဆးေဆး ေနခြင့္မျပဳခ်င္သူအခ်ိဳ႕ ရွိေနေလသည္။ မြန္းလြဲပိုင္းတြင္ အိမ္ေတာ္ထိန္းခ်ီက ႐ုတ္တရက္ ေျပးဝင္လာသည္။
"ဝမ္ေဖး... ဖူရွီအန္းစားေသာက္ဆိုင္မွာ ရန္ျဖစ္ေနၾကပါတယ္။"

"အစိုးရအာဏာပိုင္ေတြကို ေခၚဖို႔ ေျပာလိုက္ေလ။"
စုန္႔စုန္႔သည္ ေျပာၿပီးေနာက္ ႐ုတ္တရက္ တစ္စုံတစ္ခုကို ေတြးမိသြား၏။ 
"ဘယ္သူက ဘယ္သူနဲ႔ သတ္ပုတ္ေနတာတဲ့လဲ။"

"အႀကီးအကဲခ်င္ရဲ႕ ဒုတိယသားနဲ႔ တပ္မႉးေက်ာက္ရဲ႕ အငယ္ဆုံးသားပါ။"

"ခ်င္ယိနဲ႔ ေက်ာက္ယိုလား။"
တစ္ေယာက္က ဝန္ႀကီးခ်ဳပ္၏ေျမး ျဖစ္ၿပီး အျခားတစ္ေယာက္မွာ အင္ပါယာနည္းျပ၏ေျမး ျဖစ္သည္။ အစိုးရအမႈထမ္းမ်ားက ကိုင္တြယ္ႏိုင္မည့္ပုံမေပၚေပ၊ ထို႔ေၾကာင့္ သူ႔ထံ သတင္းပို႔အစီရင္ခံလာျခင္းပင္။ စုန္႔စုန္႔သည္ အဝတ္အစားလဲကာ သူ႔ကိုယ္သူ အဝတ္အထပ္ထပ္ေအာက္တြင္ ထုပ္ပိုးလိုက္႐ုံသာ တတ္ႏိုင္ေတာ့သည္။ သူ အျပင္ထြက္စဥ္ ေမးလိုက္၏။
"သူတို႔က ဘာေၾကာင့္ စၿပီးသတ္ပုတ္ၾကတာတဲ့တုန္း။"

လမ္းတြင္ စုန္႔စုန္႔သည္ အေျခအေနႏွင့္ ကြၽမ္းဝင္သြား၏။

သိရသေ႐ြ႕ ယင္းက ေလာင္းကစားခန္းမရွိ အေျခအေနႏွင့္ ပတ္သက္ေနဆဲပင္။ ဝန္ႀကီးခ်ဳပ္၏ ေလာင္းေၾကးက ေ႐ႊေခ်ာင္း (၅၀၀၀) သို႔ေရာက္ရွိခ်ိန္တြင္ အင္ပါယာနည္းျပအိမ္ေတာ္က ႐ုတ္တရက္ ခ်ီတုံခ်တုံျဖစ္စျပဳလာၿပီး ေနာက္ဆုံးတြင္မူ ေလာင္းေၾကးအား ေ႐ႊအေခ်ာင္း (၁၀၀)သာ ထပ္ျမႇင့္လိုက္ေလသည္။ ဤကိစၥႀကီးတစ္ရပ္လုံးကို သူတို႔ စတင္ေနာင္တရလာပုံေပၚၿပီး အခ်ိန္မေ႐ြး လက္ေလွ်ာ့ေတာ့မည့္ပုံပင္။ ဤလုပ္ေဆာင္ပုံေၾကာင့္ လူတစ္စုသည္ အလ်င္အျမန္ပင္ ဝန္ႀကီးခ်ဳပ္၏ေျခလွမ္းေနာက္ လိုက္ကာ သူတို႔၏ ေလာင္းေၾကးမ်ားကို အျခားတစ္ဖက္၌ အဆက္မျပတ္ ျမႇင့္တင္ၾကေတာ့၏။ 

ျဖစ္စဥ္မွာ ခ်င္ယိက ဖူရွီအန္းစားေသာက္ဆိုင္တြင္ ေက်ာက္မိသားစုသည္ အျပင္ဘက္တြင္ ျမက္႐ိုင္းမ်ားကို စားရေတာ့မည္အထိ ဆင္းရဲသြားေၾကာင္း က်ယ္က်ယ္ေလာင္ေလာင္ စတင္ေလွာင္ေျပာင္သေရာ္ခဲ့ခ်ိန္တြင္ ျဖစ္သည္။ ထိုေ႐ႊေခ်ာင္း (၁၀၀)ကို သူတို႔၏သြားၾကားမွ ဖ်စ္ညႇစ္ထုတ္ထားရသည္ဟု ဆို၏။ သူ ေျပာသည္ကို ေက်ာက္မိသားစု၏ အငယ္ဆုံးသခင္ေလးက တိုက္တိုက္ဆိုင္ဆိုင္ ၾကားသြားေလေတာ့သည္။ မည္သည့္ကေလးကမွ် သူတို႔မိသားစု သိမ္ငယ္ရသည္ကို မၾကားလိုၾကေပ။ သူက သည္းမခံႏိုင္ျဖစ္ကာ စကားတစ္ခြန္းမွ် မဆိုဘဲ ခ်က္ခ်င္း စားပြဲခုံတစ္ခုံကို လွန္ေမွာက္ပစ္လိုက္ၿပီး ခ်င္ယိကို စတင္႐ိုက္ႏွက္ေတာ့သည္။

ကေလးႏွစ္ေယာက္စလုံးသည္  ကိုယ္ခံပညာရပ္မ်ားကို အသက္ငယ္စဥ္၌ပင္ သူတို႔ဖခင္မ်ားထံမွ သင္ယူခဲ့ၾက၏။ သူတို႔က အေပၚထပ္မွ ေအာက္ထပ္သို႔တိုင္ လုံးေထြးသတ္ပုတ္ၾကေလသည္။ အစိုးရအမႈထမ္းမ်ား ေရာက္လာၿပီး ျပႆနာရွာေနသူမ်ားမွာ ဤလူႏွစ္ေယာက္ ျဖစ္ေနသည္ကို ျမင္လိုက္ရသည့္အခါ သူတို႔ ဒူးေထာက္မိလုနီးပါးပင္။ အေရးႀကီးဆုံးမွာ ထိုသူႏွစ္ဦးစလုံးက အာဏာပိုင္မ်ားႏွင့္ မေျဖရွင္းလိုၾကျခင္း ျဖစ္သည္။ မည္သို႔ပင္မဆို၊ သူတို႔လည္း ပါဝင္ပတ္သက္သူ စုန္႔စုန္႔ကို လာၿပီး ဤျပာဋိဟာဆိုေသာအရာမွာ မွန္ကန္သည္လား ရွင္းေပးရန္ အျပင္းအထန္ေတာင္းဆိုၾကေလေတာ့သည္။

စုန္႔စုန္႔သည္ သူ႔ရထားလုံးကို စီးလာစဥ္ ႐ုတ္တရက္ ရပ္တန္႔ခံလိုက္ရေလ၏။ ရထားလုံးက အနည္းငယ္ ယမ္းသြားသည္။ သူ႔ေခါင္းကို အျပင္သို႔ ျပဴထုတ္ၾကည့္လိုက္ေသာ္ လမ္းပိတ္ထားသူမွာ အကယ္စင္စစ္ လီေရွာင္း ျဖစ္ေနေၾကာင္း ေတြ႕ရွိလိုက္ရ၏။
"ဝမ္ရယ္"

"ဒီကိစၥကို ဒီဘုရင္ ေျဖရွင္းလိုက္မယ္။ မင္း အိမ္ေတာ္ကို ျပန္ေတာ့။"

စုန္႔စုန္႔က ေျပာသည္။
"သူတို႔က ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာ ဆင့္ေခၚထားၾကတာေလ။ ေက်ာက္ယိုက ကြၽန္ေတာ့္ကို ဒီေလာက္ေတာင္ ယုံၾကည္တာ၊ ကြၽန္ေတာ္ မသြားရင္ ကေလးကို အခက္မေတြ႕ေစဘူးလား။"

အဆုံးသတ္ေသာ္ ေက်ာက္ယိုမွာ သူ၏ ေယာက္ဖတစ္ဝမ္းကြဲပင္ ျဖစ္သည္။ စုန္႔စုန္႔သည္ သူ႔ကိုယ္ပိုင္မိသားစုအေပၚ အေတာ္ေလး ဘက္လိုက္တတ္၏။

လီေရွာင္းက အေရးမစိုက္ေခ်။
"ကေလးေပါက္စတစ္ေယာက္ကို ဘာမ်က္ႏွာသာေပးစရာ လိုလို႔လဲ။ သူတို႔က ဖူရွီအန္းစားေသာက္ဆိုင္မွာ လာရႈပ္ေနၾကတာ။ သူတို႔ေတြကို ျပဳျပင္စရိတ္ေတြ အေက်အလည္ေပးေခ်ခိုင္းဖို႔က ပိုအေရးႀကီးတယ္။"

"ဒါေပမဲ့... "

"လိမၼာစမ္းပါ။ ေနာက္မွ ကိုယ္ ျပန္လာမယ္။"

စုန္႔စုန္႔လည္း ရထားလုံးအား အိမ္သို႔ ျပန္ရန္ ေစခိုင္း႐ုံသာ တတ္ႏိုင္ေတာ့သည္။

....................

ထိုအခိုက္ ဖူရွီအန္းစားေသာက္ဆိုင္ အျပင္ဘက္တြင္ လူအုပ္ႀကီးႏွင့္ ျပည့္ေန၏။ လူမ်ားသည္ ကေလးႏွစ္ေယာက္က စုန္႔စုန္႔အား ဖိတ္ေခၚမည္ဟု ၾကားသည္ႏွင့္တစ္ၿပိဳင္နက္ သူတို႔အားလုံး စူးစမ္းခ်င္စိတ္ျပင္းျပလာေတာ့သည္။ ဤ'ျပာဋိဟာ'သည္ ၿပီးခဲ့သည့္ရက္အနည္းငယ္အတြင္း ေရပန္းအစားဆုံး အေၾကာင္းအရာ ျဖစ္ေနၿပီး ရင္ဖိုျခင္းက လူအမ်ား၏ အသည္းႏွလုံးအား တ႐ြ႐ြျဖစ္ေစေလသည္။ သူတို႔ဟာ ပါဝင္ပတ္သက္ေနေသာ အဓိကပုဂၢိဳလ္က အမ်ားယုံၾကည္လက္ခံႏိုင္မႈႏွင့္ ပတ္သက္၍ တစ္ခုခုေျပာလာသည္ကို ၾကားရရန္ မေစာင့္စားႏိုင္ၾကေတာ့ေခ်။

ဒဏ္ရာမ်ားႏွင့္ ျပည့္ေနသည့္ မ်က္ႏွာတို႔ႏွင့္ (၁၆)ႏွစ္သားႏွစ္ေယာက္သည္ အခန္းတစ္ဖက္တစ္ခ်က္ရွိ ထိုင္ခုံမ်ားေပၚ၌ ထိုင္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ဘုၾကည့္ၾကည့္ေနၾက၏။

ခ်င္ယိက မႏွစ္သက္ဖြယ္ ေျပာလာသည္။
"ဒီကိစၥက အေယာင္ေဆာင္ဆိုတာ အသိသာႀကီး! မင္းတို႔အင္ပါယာနည္းျပအိမ္ေတာ္က က်ိန္းေသေပါက္ ရႈံးမွာ! မဟုတ္ရင္ မင္းတို႔မိသားစုက ပိုေလာင္းရမွာကို ဘာလို႔ ေၾကာက္ေနၾကမွာလဲ?!"

ေက်ာက္ယိုက ေဒါသတႀကီး ျပန္ေျပာသည္။
"ငါ့အေဖက အဟုတ္ကို တမင္သက္သက္ လုပ္တာကြ။ စစ္ေရးဗ်ဴဟာေတြမွာဆိုရင္ ဒါက ရန္သူကို ဆြဲေဆာင္ဖို႔အတြက္ ဝမ္းေခါင္းလွန္ျပၿပီးမွ ႐ုတ္တရက္ တိုက္စစ္ခင္းက်င္းတယ္လို႔ ေခၚတယ္!"

ခ်င္ယိက မရပ္မနား ရယ္ေတာ့သည္။
"ဒီကိစၥႀကီးတစ္ခုလုံးက အစကတည္းက အရမ္းအရမ္းကို အဓိပၸာယ္မရွိတာႀကီးေလကြာ။ မင္းတို႔အင္ပါယာနည္းျပအိမ္ေတာ္က ဝမ္ေဖးနဲ႔ေပါင္းၿပီး လူေတြကို ႐ိုက္စားလုပ္ေနၾကတာေလ။ ဖင္းဝမ္မွာ အိမ္ေတာ္ထဲ ေခၚသြင္းလာတဲ့ အျပင္က မိန္းမတစ္ေယာက္ရွိတယ္ဆိုတာ ငါ သိၿပီးသား။ ဝမ္ေဖးက သူ႔(မ)ရဲ႕ ဗိုက္ကို အသုံးခ်ၿပီး သူကိုယ္တိုင္ မီးဖြားထားသလို ဟန္ေဆာင္ဖို႔ ျပင္ဆင္ေနတာပဲကို!"

ေက်ာက္ယို၏ မ်က္ႏွာအေရာင္မွာ ပို၍ ဆိုးဝါးလာသည္။ အနီးနား၌ ရပ္ၾကည့္ေနသည့္ လူမ်ားသည္လည္း စတင္ကာ ေထာက္ျပတီးတိုးဆိုၾကေတာ့၏။
"ဒီကိစၥက အမွန္ဟုတ္လား၊ မဟုတ္ဘူးလား။"

"ငါ အင္ပါယာနည္းျပအိမ္ေတာ္ဘက္ကေန ေလာင္းခဲ့တယ္ဆိုတာကို မယုံႏိုင္ဘူး။ ငါ့မိတ္ေဆြဆို ဝန္ႀကီးခ်ဳပ္ဘက္ကို ေျပာင္းၿပီးေနၿပီ။"

"ငါေတာ့ အဲဒီျပာဋိဟာကို မယုံပါဘူး။ ေယာက္်ားေလးက ကေလးေမြးမယ္တဲ့၊ ဒီလို ဆန္းၾကယ္တဲ့ ျဖစ္အင္ကို ဘယ္သူက ယုံမွာလဲ။ အလိုေလးေလး ရယ္စရာႀကီး။"

"ခ်င္ကုန္းဇီေျပာတာက ေတာ္ေတာ္ေလးကို က်ိဳးေၾကာင္းသင့္ေလ်ာ္တယ္... ဝမ္ေဖးသာ လိပ္ျပာမသန္႔ျဖစ္မေနဘူးဆိုရင္ ဘာလို႔ အခုရက္ပိုင္း အိမ္ေတာ္ထဲကေန မထြက္တာလဲ။"

ပတ္ဝန္းက်င္၌ တီးတိုးသံမ်ားကို ခပ္ေရးေရးၾကားသည့္အခါ ေက်ာက္ယိုသည္ သူ႔လက္ေခ်ာင္းတို႔ကို လက္သီးဆုပ္တစ္ခုအသြင္သို႔ ခပ္တင္းတင္း ဖ်စ္ညႇစ္လိုက္ေလ၏။ ခ်င္ယိ၏ႏႈတ္ခမ္းမ်ားက ျမင့္တက္သြားၿပီး သူ႔မ်က္ႏွာ၌ အားရဝမ္းသာျဖစ္ျခင္းတို႔ ျဖာထြက္ေနသည္။ ႐ုတ္တရက္ ေက်ာက္ယိုက ခုန္ဝင္လာကာ အႏၲရာယ္ျပဳမည့္ဟန္ျဖင့္ ေျပာလာသည္။
"အစစ္ပဲျဖစ္ျဖစ္ အတုအေယာင္ပဲျဖစ္ျဖစ္ ဂ႐ုမစိုက္ဘူး၊ ဒီေန႔ ငါ မင္းကို ေသေအာင္႐ိုက္သတ္ပစ္မယ္!!"

ခ်င္ယိလည္း ခ်က္ခ်င္းပင္ ျပန္လည္တိုက္ခိုက္ရန္ အေနအထားျဖစ္သြားသည္။ သို႔ေသာ္ျငား အျပင္ဘက္မွ ႐ုတ္ျခည္း လႈပ္လႈပ္ရွားရွားျဖစ္လာ၏။
"အ႐ူး... ဖင္းဝမ္ ေရာက္လာၿပီ!"

"ဝမ္ေဖးေရာ?"

"ဝမ္ေဖး မရွိဘူးဟ!"

တစ္ေယာက္က ေျပာလိုက္သည္ႏွင့္ ဖူရွီအန္းစားေသာက္ဆိုင္တစ္ဝိုက္ရွိ လူတိုင္းလူတိုင္းသည္ ခ်က္ခ်င္း ေနာက္ဆုတ္သြားၾကၿပီး လီေရွာင္း တံခါးမွ ဝင္ေရာက္ႏိုင္ရန္ ေလွ်ာက္လမ္းအက်ယ္ႀကီးတစ္ခုကို ေနရာေပးလာၾကသည္။

ဝမ္ေဖး မရွိလွ်င္ အ႐ူးဘုရင္သည္ လည္ပတ္မရွိသည့္ တီဗက္တန္အိမ္ေစာင့္ေခြးႀကီးတစ္ေကာင္ကဲ့သို႔ပင္၊ လူမ်ားကို ႐ုတ္တရက္ ရန္ျပဳမည္လား မသိႏိုင္ေပ။

ခ်င္ယိ၏ မ်က္ႏွာအေရာင္မွာ ျဖဴေဖ်ာ့သြားသည္။ ေက်ာက္ယိုသည္ပင္ သူ႔ကိုယ္ေနဟန္ထားကို အလ်င္အျမန္ ေလွ်ာ့ခ်လိုက္ၿပီး လီေရွာင္းအား ေတာ္ေတာ္ကေလး ေၾကာက္႐ြံ႕စြာ ၾကည့္ေလ၏။
"ဝမ္း... ဝမ္းကြဲအစ္ကိုေတာ္..."

လီေရွာင္းက ပ်က္စီးသြားေသာ စားေသာက္ဆိုင္ကို တစ္ခဏမွ် ဆန္းစစ္ၿပီး ေျပာလာသည္။
"မင္းတို႔ေတြ ဒါကို ဘယ္လိုျပင္ေပးဖို႔ စီစဥ္ထားလဲ။"

ေက်ာက္ယိုက ကပ်ာကယာ ျပန္ေျဖသည္။
"ကြၽန္ေတာ္ ေပးပါ့မယ္!"

ခ်င္ယိ၏မ်က္လုံးမ်ားက အလြန္ျပင္းျပင္းထန္ထန္ စူးစိုက္လာၿပီး ၎တို႔ ျပဳတ္ထြက္မသြားသည္မွာ အံ့ဩဖြယ္ရာပင္။
"မင္းက ဝမ္ရယ့္ကို တံေတြးေထြးရဲတယ္လား?!"

(T/N: ေက်ာက္ယို ေျပာလိုက္တာက ေငြေပးတယ္လို႔ အဓိပၸာယ္ရတဲ့ 'pei (赔)' ျဖစ္ေပမဲ့ ၊ ခ်င္ယိက တံေတြးေထြးတဲ့အခါ ထြက္တဲ့အသံ 'pei (呸)' လို႔ ထင္သြားတာပါ။)

ေက်ာက္ယိုက သူ႔ကို ခက္ထန္စြာ တစ္ခ်က္ၾကည့္လာ၏။ လီေရွာင္း တလြဲထင္မည္စိုးေသာေၾကာင့္ ေဒါသတႀကီး ျပန္ေျပာေလသည္။
"ကြၽန္ေတာ္က ကြၽန္ေတာ္ ေငြေပးမယ္လို႔ ေျပာတာ!"

လီေရွာင္းက ေခါင္းညိတ္သည္၊ ထို႔ေနာက္ ခ်င္ယိအား ၾကည့္ေလ၏။ ခ်င္ယိလည္း ကပ်ာကယာ ေျပာလာသည္။
"ကြၽန္ေတာ္... ကြၽန္ေတာ္လည္း ေပးပါ့မယ္။"

သူက တစ္ဖက္လွည့္ၿပီး သူ႔အေစခံတစ္ဦးထံမွ ေငြအိတ္ကို ယူကာ ဆိုင္ရွင္ထံ တန္းပစ္ေပးလိုက္ေလသည္။ ထို႔ေနာက္ လီေရွာင္းႏွင့္ ေဝးရာသို႔ ေနာက္ဆုတ္သြားၿပီး တံခါးဝသို႔ တုန္တုန္ယင္ယင္ ဦးတည္သြားေတာ့သည္။ ဝင္ေပါက္၌ ေက်ာက္ယိုအဖို႔ ႏႈတ္ဆက္စကားခ်န္ခဲ့ရန္လည္း သူ မေမ့ေသးေခ်။
"မင္းလို မဟုတ္ဘူး၊ ငါက ခ်က္ခ်င္းေပးႏိုင္တယ္ကြ! ျခဴးတစ္ျပားမွမရွိတဲ့ ငမြဲေကာင္!"

ေက်ာက္ယို ေဒါသထြက္လာျပန္ေတာ့သည္၊ သို႔ေသာ္ ခ်င္ယိက ခ်က္ခ်င္း သုတ္သုတ္ပ်ာပ်ာ ထြက္သြားခဲ့ၿပီးျဖစ္သည္။ လီေရွာင္းက လက္ျဖန္႔ျပလာ၏။ ေက်ာက္ယိုလည္း သူ႔ကို ညႇိဳးငယ္စြာ ၾကည့္လ်က္ ေျပာလိုက္သည္။
"ကြၽန္ေတာ္ ေနာက္မွ ဘုရင့္အိမ္ေတာ္ဆီ ပို႔ခိုင္းလိုက္လို႔ ရမလားဟင္။"

"မလိုဘူး။"
လီေရွာင္းက ေျပာသည္။
"စားေသာက္ဆိုင္ကိုသာ ပို႔လိုက္။"

သူ ျပန္ရန္ လွည့္ထြက္ေလသည္၊ ထို႔ေနာက္ ေက်ာက္ယိုက သူ႔ေနာက္ လိုက္မလာသည္ကို ျမင္လိုက္ရေသာေၾကာင့္ သူ ေျပာလိုက္သည္။
"လာ၊ ငါ မင္းကို ျပန္ေခၚသြားေပးမယ္။"

"ဟင့္အင္း... ဝမ္းကြဲအစ္ကိုေတာ္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစဖို႔ မလိုအပ္ပါဘူး။ ကြၽန္ေတာ့္ဘာသာပဲ ျပန္လိုက္ပါ့မယ္။"

မူလက စုန္႔စုန္႔သာလာပါလွ်င္ ျပာဋိဟာအေၾကာင္းကို သူ က်ိန္းေသေပါက္ ေမးမိမွာပင္။ သို႔ေသာ္ျငား ယခုေတာ့ ေရာက္လာသူမွာ လီေရွာင္း ျဖစ္ေနရာ သူသာ တစ္ဖက္လူေဘးတြင္ ၾကာၾကာေနပါက သူ႔ဦးေခါင္းခြံ၌ပင္ ၾကက္သီးေမြးညင္းမ်ား ထလာေပလိမ့္မည္။

....................

စုန္႔စုန္႔သည္ ျပန္လာၿပီးေနာက္ မီးလင္းဖိုနံေဘးတြင္ ျပန္ထိုင္ကာ သူ႔စာအုပ္ကို လွန္ေလွာျပန္၏။ တကယ္ေတာ့ သူ႔ယခင္ဘဝတြင္ အခ်ဳပ္အလုပ္ဇာထိုးပန္းထိုးကို သူ အနည္းငယ္ပင္ ေလ့လာခဲ့ေသးသည္။ အဆုံးမွာေတာ့ ေနာက္ထပ္မည္သူမွ် မရွိသည့္ေနရာတစ္ခု၌ ပိတ္ေလွာင္ခံခဲ့ရစဥ္ သူ လုပ္စရာမရွိပါက အခ်ိန္က အလြန္႔အလြန္ ေႏွးေကြးစြာ ကုန္လြန္သြားတတ္သည္ေလ။

သို႔ေသာ္ျငား ယခုဘဝသည္ မတူညီေတာ့။ သူ လုပ္ႏိုင္သည့္အရာ အမ်ားအျပား ရွိေနၿပီျဖစ္သည္။ ထိုအရာမ်ိဳးက(အခ်ဳပ္အလုပ္) သူ႔မ်က္လုံးမ်ားကိုသာ ထိခိုက္ေစၿပီး လီေရွာင္းကလည္း သူ႔အား ထိကိုင္ခြင့္ေပးမည္မဟုတ္ေခ်။

လီေရွာင္းကို ေတြးမိသည့္အခါ သူ႔ႏွလုံးသား၌ ေႏြးေထြးျခင္းဟူသည့္ ခံစားခ်က္ေလးတစ္ရပ္ ေပၚထြက္လာ၏။ သူ တံခါးဆီ လွမ္းေမွ်ာ္ၾကည့္ကာ လီေရွာင္း မည္သည့္အခ်ိန္၌ ျပန္လာမည္ကို ေတြးေနမိၿပီး သေဘာေပါက္ျခင္းမရွိ ေတြေဝမွင္တက္ေနေလသည္။

အျပင္ဘက္တြင္ ဆီးႏွင္းမ်ားက အေတာ္ကေလး အရည္ေပ်ာ္သြားေလၿပီ။ သို႔ေသာ္ ေႏြဦးႏွင္းခါးႏွင့္ ေအးစိမ့္စိမ့္ေလတို႔ေၾကာင့္ ရာသီဥတုမွာ အလြန္ေအးေနေသး၏။ ယေန႔ လီေရွာင္း ထြက္သြားစဥ္က ေပါ့ေပါ့ပါးပါးသာ ဝတ္ဆင္သြားသည္ကို သူ သတိရလိုက္သည္၊ ေအးမေအးေတာ့ မသိေပ။

လီေရွာင္း၏ ကိုယ္ပိုင္အမည္နာမကို သူ မွတ္မိသည္။ ခ်န္းက်ီး ဟုေခၚ၏။ ခ်န္းက်ီး...။ အလြန္႔အလြန္ ေကာင္းမြန္လွေသာ အဓိပၸာယ္ႏွင့္ ေခၚဆိုရခ်ိဳသာပုံေပၚသည့္ အမည္ပင္။ ၎က ဧကရာဇ္၏ သိုဝွက္ထားေသာ အတြင္းစိတ္ဆႏၵကိုလည္း ကိုယ္စားျပဳေလသည္။
(T/N : ခ်န္းက်ီး - ထာဝရ ေမွ်ာ္လင့္အားထားရာ)

စုန္႔စုန္႔ ေတြးမိသည္၊ လီေရွာင္းက အနာဂတ္ဧကရာဇ္ျဖစ္လာရန္ ႀကံဆေနသည္ကို ဧကရာဇ္ႀကီးသာ သိပါလွ်င္ မည္သို႔ေတြးထင္မည္လဲ...။ လီေရွာင္းကဲ့သို႔ေသာ အ႐ူးတစ္ေယာက္က သူ႔မိသားစုနန္းဆက္ကို ဖ်က္ဆီးလိမ့္မည္ဟု ထင္မည္ေလာ...။
သူ ေတြးေကာင္းေတြးႏိုင္တာေပါ့... ဟုတ္တယ္မလား...။
လီေရွာင္းအား သူ မည္မွ်ပင္ ခ်စ္ခင္ပါေစ၊ သူ႔အတြက္ေတာ့ သူ႔မိသားစုနန္းဆက္က ပို၍ အေရးပါေပလိမ့္မည္။

ထို႔ေၾကာင့္သာ ေနာက္ဆုံးတြင္ေတာ့ သူက အိမ္ေရွ႕မင္းသားအား ေ႐ြးခ်ယ္ခဲ့ျခင္းပင္။

စုန္႔စုန္႔ ငိုက္မ်ဥ္းစြာ အိပ္ေပ်ာ္ခါနီး၌ ေျခသံမ်ားကို ၾကားလိုက္ရေလ၏။ သူ ထထိုင္ၿပီး ေမးလိုက္သည္။
"အေျခအေနအရပ္ရပ္က ဘယ္လိုျဖစ္သြားလဲ။"

"ေက်ာက္ယိုကို လမ္းႀကဳံဝင္ပို႔ေပးေနလို႔ ကိုယ္နည္းနည္း ေနာက္က်သြားတယ္။"

အေလ့အက်င့္အရ စုန္႔စုန္႔သည္ လီေရွာင္းအား ဝတ္႐ုံကူခြၽတ္ေပးကာ လဲဝတ္ရန္ ႏူးညံ့သည့္ အတြင္းဝတ္႐ုံတစ္ထည္ကို ယူလာေပးသည္။
"အရွင့္ရဲ႕ ဦးရီးေတာ္နဲ႔ ေတြ႕ခဲ့ေသးလား။"

"ဟင့္အင္း၊ ဒါေပမဲ့ ျဖစ္ပ်က္ခဲ့တာေတြကို သူ ေသခ်ာေပါက္ ၾကားမွာပဲ။"

စုန္႔စုန္႔သည္ ဟင္းရည္အိုးကို မီးဖိုေပၚမွခ်ကာ လီေရွာင္း၏ခႏၶာကိုယ္ ေႏြးေထြးသြားေစရန္ စြပ္ျပဳတ္အနည္းငယ္ ထည့္ေပးလိုက္သည္။ လီေရွာင္းက ပန္းကန္လုံးကို သူ႔လက္တို႔ျဖင့္ ကိုင္ရန္ ျငင္းဆိုလာေသာေၾကာင့္ စုန္႔စုန္႔လည္း သူ႔ကို ခြံ႕ေကြၽး႐ုံသာတတ္ႏိုင္ေတာ့၏။
"ခ်င္အိမ္ေတာ္က သခင္ေလးနဲ႔ ရန္ပြဲၿပီးသြားေတာ့ အခုဆို အရွင့္ရဲ႕ ဦးရီးေတာ္လည္း ေလာင္းေၾကးကို ထိန္းမႏိုင္သိမ္းမရ တိုးလို႔ရသြားတာေပါ့။ ဒါေပမဲ့လည္း အရမ္းႀကီး ႐ူး႐ူးမိုက္မိိုက္ ဟန္ေဆာင္စရာ မလိုပါဘူး၊ အေတာ္အသင့္ဆို ရၿပီ။"

"အင္း..."
လီေရွာင္းက ေခါင္းညိတ္သည္။
"သူ ေကာင္းေကာင္းသိပါတယ္။ မင္းရဲ႕ အခ်က္အျပဳတ္စြမ္းရည္က ပိုပိုၿပီးေကာင္းလာတာပဲ။ ဒီေန႔က ဘာစြပ္ျပဳတ္လဲ။"

စုန္႔စုန္႔က ၿပဳံးကာ ေျပာသည္။
"ငါးစြပ္ျပဳတ္ေလ။ အရွင္က ဘယ္လိုလုပ္ၿပီး အရသာကို ဘယ္ေတာ့မွ မမွတ္မိရတာတုန္း။"

"ဒါေတြအားလုံးက မင္း အနံ႔အရသာေတြကို ေျပာင္းေနလို႔ မဟုတ္ဘူးလား။ ကိုယ့္အတြက္ စြပ္ျပဳတ္တစ္မ်ိဳးတည္းကိုပဲ ေန႔တိုင္း လုပ္ေပးရင္ေတာ့ ကိုယ္ က်ိန္းေသေပါက္ မွတ္မိမွာေပါ့။"

"ဒီရက္ပိုင္း ကြၽန္ေတာ္က ဘာမွလုပ္စရာမရွိေတာ့ အရွင့္ကို စိတ္လက္ခ်မ္းခ်မ္းသာသာ အလုပ္အေကြၽးျပဳဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးကိုပဲ စဥ္းစားေနမိေတာ့တာ။"

လီေရွာင္း၏မ်က္လုံးမ်ား ဝင္းလက္သြားသည္။ သူက ႐ုတ္တရက္ စုန္႔စုန္႔ကို သူ႔ေပါင္ေပၚ လွမ္းဆြဲတင္ေလ၏။ စုန္႔စုန္႔ တစ္ခဏ ထိတ္လန္႔သြားရသည္။ သူ ပန္းကန္လုံးကို ၿမဲၿမဲကိုင္ထားကာ ေျပာလိုက္ေလသည္။ 
"အရွင္ စြပ္ျပဳတ္ေတာ္ေတာ္မ်ားမ်ား ေသာက္ၿပီးလို႔သာ ေတာ္ေသးတာေပါ့၊ မဟုတ္ရင္ အကုန္ဖိတ္ေတာ့မလို႔။"

"ဖိတ္ကုန္ရင္ အေစခံေတြကို သန္႔ရွင္းခိုင္းလိုက္မယ္။"
လီေရွာင္းက သူ႔ခါးကို ဖက္တြယ္လ်က္ ျပန္ေျပာလာသည္။
"ကိုယ္ ေသာက္လို႔မဝေသးဘူး။ နည္းနည္း ထပ္ခြံ႕ေပးဦး။"

"အရွင္ ကြၽန္ေတာ့္ကို ဖက္ထားလ်က္သားႀကီးနဲ႔ ကြၽန္ေတာ္က ဘယ္လို ခြံ႕ေကြၽးရမွာတုန္း။"

လီေရွာင္းက လက္လွမ္းကာ အိုးအေသးေလးကို ကိုင္ထားေပးလာသည္၊ ထို႔ေနာက္ လက္တို႔က သူ႔ခါးတစ္ဝိုက္သို႔ ျပန္ေရာက္သြား၏။
"ဒီလိုေလ။"

စုန္႔စုန္႔လည္း ေဆာင့္ႀကီးေအာင့္ႀကီး ခြံ႕ေကြၽးရင္း ေျပာလိုက္သည္။
"အရွင္ ငါးေခါင္းပါ စားသင့္တယ္၊ အရွင့္ခႏၶာကိုယ္အတြက္ ေကာင္းတယ္။"

"ကိုယ္က စြပ္ျပဳတ္ပဲ ေသာက္ခ်င္တာ။"
လီေရွာင္းက တုံ႔ျပန္သည္။
"စုန္႔အာက ပိုစားသင့္တယ္။"

စုန္႔စုန္႔က သူ႔ကို ခြံ႕ေကြၽးရန္ ငါးေခါင္းကို ခပ္ယူလိုက္၏။
"တစ္ကိုက္ပဲကိုက္လိုက္။"

"ငါးေခါင္းက အဲေလာက္ေလးပဲ ရွိတာကို၊ ကိုယ္ တစ္ကိုက္ကိုက္လိုက္တာနဲ႔တင္ ကုန္ေနၿပီ။"

"တစ္ကိုက္ပဲစားလို႔ဆိုေန... ခ်န္းက်ီး!"

သူ ႐ုတ္တရက္ လီေရွာင္း၏ အျခားအမည္ကို ေအာ္လိုက္မိေလသည္။ သူ ေအာ္ၿပီးေနာက္ ႐ုတ္ျခည္းပင္ ေအးခဲသြား၏။
"ကြၽန္... ကြၽန္ေတာ္က..."

"ထပ္ေခၚပါဦး။"

စုန္႔စုန္႔သည္ လီေရွာင္း၏ မင္နက္ေရာင္မ်က္လုံးမ်ားႏွင့္ ဆုံလိုက္ရၿပီး ႏႈတ္ခမ္းမ်ားကို ဖိေစ့ကာ ေျပာေလသည္။
"ဒီနာမည္၊ ဧကရာဇ္ႀကီးက အရွင့္ကို ေပးခဲ့တာလား။"

"အင္း။"
လီေရွာင္းက လိုလိုလားလား ဆိုသည္။
"ဒါေပမဲ့ သူက သိပ္မသုံးပါဘူး။ ၾကည့္ရတာ ကိုယ္က နာမည္ရဲ႕အဓိပၸာယ္အတိုင္း ေနထိုင္ဖို႔ က်ရႈံးခဲ့တယ္လို႔ သူ ေတြးမိလို႔ေနမယ္။"

"ဘယ္လိုျဖစ္ႏိုင္မွာလဲ။ အရွင္က အရမ္းအရမ္းကို ကံေကာင္းၿပီး အနာဂတ္မွာလည္း အရွင့္ရဲ႕ဘဝက ပိုပိုၿပီးေကာင္းမြန္လာမွာ။ ဧကရာဇ္ႀကီးရဲ႕ ေမွ်ာ္လင့္ခ်က္က... ေသခ်ာေပါက္ကို တကယ္ျဖစ္လာမွာပါ။"

လီေရွာင္းက သူ႔ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ကာ ေျပာလာသည္။
"ေနာက္တစ္ေခါက္ ထပ္ေခၚေပးရင္ ကိုယ္ ငါးေခါင္းေရာ၊ အသားေရာ၊ အားလုံးစားလိုက္မယ္။"

"ခ်န္းက်ီးေရ"
စုန္႔စုန္႔က သံေယာင္လိုက္ေခၚေပးၿပီး ငါးေခါင္းကို သူ႔ပါးစပ္နား ကပ္ေပးလာသည္။
"ျမန္ျမန္စားလိုက္ေလ။"

လီေရွာင္းက ပါးစပ္ဖြင့္ကာ ငါးေခါင္းကို ပါးစပ္ထဲသို႔ ထည့္ေလသည္။ ခ်က္ခ်င္းပင္ သူ မ်က္ေမွာင္ၾကဳတ္သြား၏။ သူ႔လွ်ာေပၚရွိ ထူးဆန္းသည့္ အရသာႏွင့္ အထိအေတြ႕ကို သူ က်င့္သားမရႏိုင္ေသးေပ။ စုန္႔စုန္႔က သူ႔ကို မ်က္ေတာင္မခတ္ ေငးစိုက္ၾကည့္ေနသည္။
"ေထြးထုတ္လို႔မရဘူးေနာ္။ အကုန္မ်ိဳခ်လိုက္! ကြၽန္ေတာ္ ဒါကို အခ်ိန္အၾကာႀကီး ခ်က္ထားရတာ။"

"... ..."
လီေရွာင္း၏ လည္ေခ်ာင္း လႈပ္ရွားသြားသည္။ ထိုအရာကို သူ မ်ိဳခ်လိုက္ေလ၏။ ခ်က္ခ်င္း စုန္႔စုန္႔က ၿပဳံးကာ ေျပာလာသည္။
"ဒီမွာ၊ စြပ္ျပဳတ္ေလး ထပ္ေသာက္လိုက္ဦး။"

"ေသာက္လို႔ ၿပီးၿပီ။"

"ဒါဆိုလည္း အသားေလးနည္းနည္းစား။"
စုန္႔စုန္႔က အသားကို ေကာက္လိုက္ေသာ္ျငား သူ႔လက္ထဲရွိ တူမွာ ႐ုတ္တရက္ အခိုးခံလိုက္ရ၏။
"ဒီအသားမ်ိဳးကို မစားဘူး။"

"ဒါျဖင့္ အရွင္က ဘာစားခ်င္..."
စုန္႔စုန္႔ ေျပာ၍ မၿပီးလိုက္၊ အဘယ္ေၾကာင့္ဆိုေသာ္ သူ႔ခႏၶာကိုယ္မွာ ႐ုတ္တရက္ ေကာက္ေပြ႕ခံလိုက္ရျခင္းေၾကာင့္ပင္။ လီေရွာင္းက မည္သည့္'အသား'မ်ိဳး စားခ်င္ေနသည္ကို သူ ခ်က္ခ်င္း နားလည္သြားေတာ့သည္။

မ်က္ႏွာနီရဲလာကာ သူ တုံ႔ဆိုင္းဆိုင္း ေျပာလိုက္သည္။
"ဒါေပမဲ့ သမားေတာ္က်ိ ေျပာထားတာက..."

"ကိုယ္တို႔ သိပ္ၿပီး အားစိုက္ခြန္စိုက္မလုပ္ရင္ အဆင္ေျပပါတယ္။"
လီေရွာင္းက အိပ္ရာေရွ႕တြင္ ရပ္သြားၿပီး ငုံ႔ၾကည့္ကာ အသံေရးေရးျဖင့္ ေျပာလာ၏။
"အၾကာႀကီး အတူေနလာၿပီးၿပီပဲ၊ ဒီဘုရင္က မင္းေလးကို အေလးထားၿပီး ခ်စ္ျမတ္ႏိုးတယ္ဆိုတာ စုန္႔အာ သိသင့္တယ္။ စုန္႔အာ မလိုခ်င္ရင္လည္း..."

စုန္႔စုန္႔က လီေရွာင္း၏လည္ပင္းကို အလိုအေလ်ာက္ ဖက္တြယ္လိုက္ကာ အေလးအနက္ ဖြင့္ဟလာ၏။
"လိုခ်င္တယ္!"

ယခင္က သူ႔အျပဳအမူမ်ား ေျပာင္းလဲလြယ္ခဲ့စဥ္ လီေရွာင္းအား စိတ္မခ်မ္းေျမ့ေစခဲ့ပုံရသည္ကိုသာလွ်င္ သူသိသည္။ တစ္ဖက္လူက အဘယ္ေၾကာင့္ စိတ္မခ်မ္းေျမ့ခဲ့သည္ကို သူ သိသာထင္ရွားစြာ သေဘာမေပါက္ခဲ့ေပ။ ယခု သူသိသမွ်သည္ လီေရွာင္းအား ထပ္မံ၍ စိတ္မခ်မ္းမေျမ့ မျဖစ္ေစခ်င္ျခင္းသာလွ်င္ ျဖစ္၏။

နားလည္ရခက္ေသာ အေၾကာင္းအခ်ိဳ႕ေၾကာင့္၊ လီေရွာင္း အစဥ္အၿမဲ ေပ်ာ္႐ႊင္ခ်မ္းေျမ့ေနသည္ကိုသာ သူ ျမင္ခ်င္မိၿပီး မ်က္ေမွာင္ၾကဳတ္ထားသည္ကိုေတာ့ ဘယ္ေသာအခါမွ မျမင္ခ်င္ေပ။

သူ၏ အေဆာတလ်င္ျဖစ္ေသာ္ျငား ေလးနက္ေသာ ဖြင့္ဟဝန္ခံခ်က္ၿပီးေနာက္ လီေရွာင္းက တုံ႔ျပန္သည့္အေနႏွင့္ ၿပဳံးလာသည္ကို သူ ျမင္လိုက္ရ၏။ ႐ုတ္ျခည္း မေျပျပစ္စြာပင္ စုန္႔စုန္႔လည္း အၾကည့္လႊဲၿပီး လက္မ်ားကို ျပန္႐ုတ္သိမ္းလိုက္ရေလသည္။

လီေရွာင္းက သူ႔ကို အိပ္ရာေပၚ ေနရာခ်ေပးရန္ ငုံ႔ကိုင္းလာသည္။ စုန္႔စုန္႔လည္း သူ႔ကိုယ္သူ ကြၽမ္းလွန္လိုက္ကာ အတြင္းဘက္သို႔ လွိမ့္ဝင္လိုက္၏။ သူ႔ပါးစပ္ကို အုပ္ကာ အေယာင္ေဆာင္သမ္းေဝလ်က္ အလြန္တိုးလ်သည့္ အသံေလးႏွင့္ ေျပာလိုက္ေတာ့သည္။
"... ကြၽန္ေတာ္ အခု အိပ္ၿပီေနာ္။"

~~~~~

စာေရးသူမွာ ေျပာစရာ ရွိပါတယ္ :

လာမဲ့အခန္းေတြမွာ မယ္ေတာ္ႀကီးက စုန္႔စုန္႔ရဲ႕ ကေလးေသးေသးေလးကို တုန္ေနေအာင္ ဆက္ခ်စ္ဦးမွာပါ~ (ႏို႔မႈန္႔ဖိုးအတြက္ ပိုက္ဆံေတြပို႔ေပး)


T.B.C

Seguir leyendo

También te gustarán

229K 20.6K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
157K 23.2K 106
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
41.4K 4.8K 70
Author _ Shuiqiancheng That's not my work.I am Just Translator