The emperor is always unhappy...

Da chi__285

82.1K 14.2K 790

ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want... Altro

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8

Chapter 7

8.2K 1.6K 101
Da chi__285

[31]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဧကရီက အောင်ပွဲနဲ့အတူ ပြန်လာခဲ့ပေမယ့်လို့ပေါ့..

ပြီးတော့ မုန့်စားတော်ကဲနှစ်ယောက်လည်း ခေါ်လာခဲ့ပေမယ့်လို့ပေါ့!

ဒါမယ့်ဒီချိန်မှာ ဧကရာဇ်က အဲ့ဒီစား‌တော်ကဲတွေဘာတွေကိုဂရုစိုက်မနေပါဘူး။

အောင်ပွဲခံအခမ်းနားပွဲမှာတောင် ဧကရာဇ်ဟာပေါ်မလာခဲ့ ။
အခမ်းနားပွဲကိုဦးစီးကျင်းပတာကတော့ ၀န်ကြီးချုပ်‌ပေါ့ ။

တကယ်တော့ ဧကရီလည်းပေါ်မလာခဲ့ပါဘူး။

အခမ်းနားပွဲက လူတွေအားလုံးကလည်း အလိုလိုနားလည်ပြီးသားပါ၊
သူတို့ကလည်းစားရသောက်ရရင် အဆင်ပြေပြီပဲလေ။
နှလုံးသားရေးရာတွေက အနီးနားမှာမရှိမှ ပိုပြီးတောင့်တလာတတ်ကြတယ်မလား, သူတို့အားလုံးနားလည်ပါတယ်လေ။

အိပ်ဆောင်ထဲမှာတော့ ဧကရာဇ်က ဧကရီ့ကိုအကုန်ချွတ်ပစ်ပြီး တစ်ကိုယ်လုံးအစုန်အဆန်ကြည့်တယ်။
ပြီးတော့ ဒေါသတကြီး,
"ဒဏ်ရာမရစေရဘူးလို့မင်းပဲပြောခဲ့တယ်လေ,ဒါက ဘာလဲပြော ဒီမှာရော ဒီမှာရောပဲ ?!''

ဧကရီက ပြုံးနေပြီးပဲ သူ့ကိုရင်ခွင်ထဲဆွဲကာနမ်းဖို့လုပ်တယ်လေ။
ဧကရာဇ်ကတော့ တွန်းထိုးပြန်ထွက်လာပြီး
"စကားလမ်းကြောင်းမလွှဲနဲ့!"

"မလွှဲပါဘူး"
ဧကရီကလုပ်နေတာ ယုန်သူငယ်လေးအတိုင်း၊
လက်တွေကတော့ နဂါး၀တ်ရုံကို စဆွဲလှန်လာတာပဲ။
သူထရပ်တော့ ဧကရာဇ်ဟာ သူ့ရဲ့လှပပြီးသွယ်လျတဲ့ ကိုယ်နဲ့ ထုတ်ပြောလို့မသင့်တော်တဲ့တချို့ပြောင်းလဲ‌နေပြီဖြစ်တဲ့နေရာတွေကိုကြည့်တယ်။
"ကျွန်တော်မျိုး ဧကရာဇ်ကို လွမ်းနေခဲ့တာ"

"Mmm,mmmm" လူဆိုးကောင်!

"Si Si,Si Si"
ဧကရီက ဧကရာဇ်ရဲ့ဗိုက်သားဖွေးဖွေးလေးတွေကိုနမ်းသလို ချစ်စရာခြေချောင်းတွေကိုလည်း ကိုက်ပါတယ်။
ဧကရာဇ်ရဲ့ မျက်နှာဖွေးဖွေးကမက်မွန်ပွင့်လေးတွေလိုရဲတက်လာတာကြည့်ရင်း ရုတ်တရက်ကောက်ကျစ်စွာပြုံးလာပြီး,
"မင်း အခမ်းနားပွဲက ခရင်မ်ကိတ်တစ်ပိုင်းခိုးခဲ့သေးတယ်မလား?"

" ! ! ! ''
ချက်ချင်းပဲ ဧကရာဇ်တောင့်တင်းသွားတယ်။

မင်းက အ၀တ်လဲနေတာမဟုတ်ဘူးလား?

ဘယ်လိုလုပ်ကိုယ်တော့်ကိုမိသွားပြန်တာတုန်း? !

ညစ်ကျယ်ကျယ်အပြုံးတစ်ခု ရှယ့်ယွင်ရဲ့မျက်နှာမှာ ပေါ်လာကာ,
"Si Si,ဒီည စာရင်းရှင်းကြရအောင်"

[32]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဘာလို့လဲဆို ဧကရီ့ရဲ့စာရင်းရှင်းတဲ့ နည်းလမ်းက အရမ်း !

အရမ်း!

အရမ်းကို!

......ရှက်ဖို့ကောင်းတယ်!

မနေ့ညက ဧကရာဇ်ဟာ "ယွင် ပြန်လာတော့ကိုယ်တော်အရမ်းပျော်တာပဲ"ဆိုတဲ့ဆင်‌ခြေလေးသုံးပြီး ချော့လိုက်မော့လိုက်နဲ့ နောက်ဆုံးတော့ ဧကရီရဲ့စိတ်ကို "တစ်ရက်လုံး"ကနေ "တစ်"ကြိမ် ကိုပြောင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်,

ဧကရီက "ယောကျ်ားလေး position ဆယ့်ရှစ်ခု"
ဆိုတဲ့စာအုပ်ကိုထုတ်လာတော့ ,ရိုးသားတဲ့ဧကရာဇ်ခမျာ တစ်ခါလို့တွေးထားတဲ့ "တစ်ကြိမ်" က 'တစ်'မျက်နှာ'! တဲ့လေ !

.....ရလဒ်ကတော့ သူတို့အဲ့ဒါကို တစ်ညလုံးလုပ်ခဲ့ရတာပါပဲ။

တစ်ည = ခြောက်မျက်နှာ
(တစ်မျက်နှာလည်းပြောသေး ခြောက်မျက်နှာဖြစ်သွားတာ ဧကရီမရိုးသားတာပဲ🙄)

နောက်တစ်နေ့ သဝဏ်လွှာတောင် ထမကြည့်နိုင်တော့တဲ့ ဧကရာဇ်မှာ သေတာမှကောင်းဦးမယ်လို့တောင် ခံစားနေရတယ်။

ဧကရာဇ်က ဧကရီရဲ့ "တစ်နေ့လုံး" သာဆို ဘယ်နှစ်မျက်နှာဖြစ်မယ်ဆိုတာလည်း သူဘယ်တော့မှ မသိချင်တော့ပါဘူး။

[33]

ဧကရာဇ် ဒီနေ့ သိပ်ပျော်မနေဘူး။

ဧကရီခေါ်ဆောင်လာတဲ့ မုန့်စားတော်ကဲနှစ်ယောက်က အရမ်းကျွမ်းကျင်တယ်။
ခုလည်း ဧကရီ့ဆီက နှစ်ခုစားဖို့ခွင့်ပြုချက်ရတာကြောင့် ဧကရာဇ်ဟာ ပျော်ပျော်ရွှင်ရွှင်ကြီး စားနေတာပေါ့။

ဒါမယ့် သူစားလို့မှမ၀သေးဘူး,ရေပူစမ်းကို သွားမလို့တဲ့ !

ဧကရာဇ်သူ့ရဲ့ဦးနှောက်လေးနဲ့ စဥ်းစားနိုင်ပါတယ်,ဧကရီနဲ့ရေပူစမ်းမှာဆို ဘယ်လိုမျိုးတွေဖြစ်နိုင်မလဲဆိုတာ..။

ဧကရာဇ်က ရေပူစမ်းထဲကကြက်ဥပြုတ်ကို စားရင်,ဧကရီကတော့ ရေပူစမ်းထဲကဧကရာဇ်ပြုတ်ကိုစားပါလိမ့်မယ်။

ဒါ့ကြောင့်ပဲ ဧကရာဇ်လေး လမ်းတစ်‌လျှောက်လုံး စိတ်အခြေနေမကောင်း။
ဘေးကအရာရှိတွေအကုန်ကလည်း ဘာလို့ဆိုတာနားလည်ကြပါတယ်။

ဧကရီကမြင်းပေါ်မှာ စီးလာပြီး ဧကရာဇ်ဟာတော့ မြင်းရထားလုံးထဲမှာ၊
သူက ကန့်လန့်ကာတွေကိုလည်း ချထားပြီး အပြင်ကိုနည်းနည်းမှထွက်မကြည့်။

ထမင်းစားချိန်ရောက်တော့ ဧကရီက ဗိုလ်မှူးနဲ့အတူထိုင်ပြီး ဧကရာဇ်လေးဟာတော့ဖြင့် တစ်ကိုယ်တည်း။

ရေပူစမ်းချိန်ရောက်တော့ကျ....အရာရှိတွေက သူတို့ကိုယ်စီနေရာရေအိုင်လေးတွေနဲ့,
ဧကရီအတွက်ကတော့ ဇာမဏီရေအိုင်အပ်နှင်းထားပြီး ဧကရာဇ်ကတော့ နဂါးရေကန်ရှိတယ်လေ။

ဒါပေမယ့် တကယ်ဆိုလည်း ဧကရီက နာနာခံခံနဲ့ဇာမဏီရေစမ်းထဲမှာပဲ နေမှာမှမဟုတ်တာ!- ဒါက အားလုံး‌တွေးထားတာပဲ။

ဒါပေါ့ ဧကရာဇ်ကိုယ်တိုင်လည်း အဲ့လိုပဲတွေးတယ် ။

ဧကရာဇ်ဟာ နဂါးရေအိုင်ထဲကို ဆင်းသွားချိန်မှာ နှုတ်ခမ်းဆူနေလေရဲ့ ။

အ၀တ်တွေချွတ်တုန်းလည်း နှုတ်ခမ်းဆူနေပြန်ရော။

သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောတော့လည်း နှုတ်ခမ်းဆူနေတုန်းပဲ။

နောက်တော့....

ဧကရာဇ်ကဖြင့် ရေကန်ထဲမှာ ‌ရှုံ့တွနေတော့မယ်(ရေစိမ်ရလွန်းလို့)၊
ဧကရီကရော?!

ဘာ? ဧကရီက ဇာမဏီရေကန်ထဲဆင်းသွားပြီး ပြန်ထွက်မလာဘူး?!

သူတို့ထွက်မလာခင် အဲ့အယုတ်တမာကောင်က ကိုယ်လုံးတီးပုံစာအုပ်ကို ရင်ခွင်ထဲထိုးထည့်ခဲ့တာအရှင်းကြီးပါ။

? ? ? သူက ငါကိုယ်တော်နဲ့အတူဖတ်ဖို့ လုပ်ထားတာ မဟုတ်ဘူးလား???

ဧကရာဇ် ရုတ်တရက်ထပြီးပေါက်ကွဲတော့တယ်။

[34]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

ဧကရာဇ်ဟာ စောင်အောက်မှာ တစ်ရှုံ့ရှုံ့နဲ့ငိုရင်း ဧကရီ့ကိုစကားပြောဖို့ ငြင်းဆန်နေလေရဲ့။

-- သူကိုက ဧကရီ့ကို ဘာကိစ္စ
ဇာမဏီရေကန်မှာ သွားရှာလိုက်ရတာလဲ ?

ဘာကိစ္စသူကိုယ်တိုင်ကိုက မိုက်မိုက်မဲမဲနဲ့ တံခါး၀ကိုကိုယ့်ကိုယ်ကိုပို့လိုက်ရတာလဲ?!

ပြီးတော့ အဲ့ဒါက ငါကိုယ်တော်ရဲ့ ခေါင်းစည်းလေ!

အဲ့အယုတ်တမာကောင်က ငါကိုယ်တော့်ခေါင်းစည်းနဲ့ဘာလုပ်လိုက်ရတာလဲ?!

ဧကရီကလုပ်ပြီးမှ နောင်တရနေသလိုနဲ့တောင်ပြောသေးတယ်,
"ကျွန်တော်မျိုးက ဧကရာဇ်လမ်းမှာ ပင်ပန်းနုံ့ချည့်နေတာတွေ့လို့ အိပ်ယာထဲမှာ အလုပ်အကျွေးပြုဖို့ မစီစဥ်ခဲ့တော့တာပါ"

ရေပူစမ်းအစွန်နားမှာ မင်းကိုယ်လုံးတီးပုံ‌စာအုပ်ယူသွားတာ ကိုယ်တော်မမြင်လိုက်ဘူးလို့များ မင်းထင်နေလားဟမ့်?!

ဧကရာဇ်နှာခေါင်းကို ရှုံ့လိုက်တယ်။

သူ တကယ်,တကယ်ကို ဧကရီ့ကို နန်းချချင်နေပြီ!

ဧကရီက ပြုံးရင်း,
"စိတ်ဆိုးနေတာလား?"

ဧကရာဇ် ဟွန့်ခနဲ နှာမှုတ်ပြီး အိပ်ယာထဲကိုပိုလို့နစ်အောင်တိုး၀င်သွားတယ်။

ဧကရီဟာသူ့ကို နောက်ကနေဖက်ပြီး လည်ပင်းအနောက်ဂုတ်သားလေးကို နှုတ်ခမ်းနွေးနွေးလေးနဲ့ဖိကပ်နမ်းကာ အသံဝိုးတဝါးနဲ့,
"Si Si"

"...."ဟွန့်!

"Si Si, အချစ်လေးကလည်းကွာ"

".."ဟမ်

ဧကရာဇ်ဟာ တွန့်လိမ်ပြီး အိပ်လို့ကောင်းတဲ့အနေအထားကို ပြောင်းတယ်။ဧကရီ့ကိုလည်း ကန်ချလိုက်ပါသေးတယ်။

ထားလိုက်တော့,ဧကရီ့ကို နန်းချဖို့က တအားအလုပ်ရှုပ်တယ်မလား,ဟွန့် !

[35]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင် ဖြစ်နေတယ်။

သူနိုးလာတော့ ကျောကလည်းကိုက်ခဲနေပြီး တင်ပါးတွေလည်းနာနေတာကို..

ပြီးတော့ တရားခံကလည်းဒီမှာရှိမနေပြန်ဘူး !

သူက ဘယ်သွားပြန်တာလဲ?!

ဧကရာဇ် စိတ်တိုတိုနဲ့ စောင်ကိုကန်ချပလိုက်တယ်။

ဒင်းက စားပြီးနားမလည် ထွက်ပြေးသွားပြီလေ !

သူက ငါကိုယ်တော့်ကို မျက်လုံးထဲရောထည့်သေးရဲ့လား?!

ဧကရာဇ် သူ့ကိုရှာဖို့ အိပ်ယာထဲကနေဒေါသထွက်ထွက်နဲ့ ထွက်လာခဲ့တယ်။
ပြတင်းပေါက်ကိုဖြတ်လျှောက်မိတော့ ခြံ၀င်းထဲက စကားသံရေး‌ရေးကိုကြားလိုက်ရတယ် ။

"ဧကရာဇ်က မျိုးဆက်လိုပါတယ်"
ဒါက ဗိုလ်မှူးအသံ။

"...."

"ဒါဆို မင်းဘယ်လိုလုပ်မှာလဲ?"

"ကျွန်တော်ကိုယ့်ဘာကို နန်းစွန့်ပြီးနယ်စပ်ကိုပြန်သွားပါမယ်"

ဗိုလ်မှူး သက်ပြင်းချရင်း
"ကောင်းပြီ,မင်းက ငယ်ငယ်လေးကတည်းက ပြတ်သားပြီး ဘယ်သူကမှ မင်းဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူးမလား,ဒါမယ့် ငါနားမလည်တာ တစ်ခုရှိတယ်,အဲ့တုန်းက မင်းဘာလို့ကျောက်စိမ်းလော့ကတ်ကို လက်ခံလိုက်ပြီး အရင်မင်းကြီးကိုနန်းတော်ထဲသွားတောင်းပန်တာလဲ?အိမ်ရှေ့စံရဲ့ကြင်‌ယာတော်ဖြစ်ဖို့အတွက် မင်းရဲ့စစ်တပ်ကနေရာကိုတောင် လက်လွှတ်ရမှာမလား?မင်းက ဧကရာဇ်ကိုမြင်မြင်ချင်းချစ်ခဲ့တာပဲလား?"

ဧကရီပြုံးနေပြီး
"နန်းစွန့်ပြီးရင် ကျွန်တော်ကိုယ်တိုင် ပြောပြပါ့မယ်"

ဧကရာဇ်က ပြတင်းပေါက်နားမှာရပ်တန့်နေပြီး ပြန်လှည့်လာလိုက်တယ်။

သူမှတ်မိတယ်, ဧကရီ့ကို ကျောက်စိမ်းလော့ကတ်ပေးတုန်းက သူဟာ ဧကရာဇ်တစ်ပါး မဟုတ်သေးဘူး၊
အိမ်ရှေ့စံပဲရှိသေးတယ်။
ဧကရီဟာလည်းဧကရီမဟုတ်သေးပေ၊သူက အနီ‌ရောင်၀တ်ရုံနဲ့လှလှပပဗိုလ်ချုပ်တစ်ယောက်‌ပေါ့ ၊
ဧကရာဇ်က ရူးရူးမိုက်မိုက်နဲ့ ကျောက်စိမ်းလော့ကတ်လေးကို ကမ်းပေးပြီး,
"ကိုယ်တော့်ရဲ့ကြင်ယာတော် ဖြစ်ပေးနိုင်မလား?"

ဗိုလ်ချုပ်က ပြုံးတယ်၊
သူ့မျက်၀န်းတွေက ကွေးသွားပြီး သူ့အပြုံးက ပန်းလေးတစ်ပွင့်လိုပဲ။
ကျောက်စိမ်းလော့ကတ်ကို လက်ခံလိုက်ပြီး ညင်ညင်သာသာ...အင်း..အရမ်းကို ညင်ညင်သာသာလေး သူ့မျက်နှာကိုကိုင်ကာ သူ့နှာခေါင်းကိုနမ်းပြီး 'အင်း'လို့အဖြေပြန်ပေးပါတယ်။

အဲ့နောက်တော့ .....

ဧကရာဇ်မျက်နှာက ရဲတွတ်နေပြီး အိပ်ယာကို လက်သီးနဲ့ပိတ်ထိုးနေတယ်။
---အဲ့နောက်တော့လား အဲ့နောက်တော့...အဲ့အယုတ်တမာကောင်က အဲ့ညမှာပဲ အရှေ့နန်းဆောင်ကို ခိုး၀င်လာပြီး အလှတရားမှာနစ်မွန်းနေတဲ့ဆယ့်ငါးနှစ်သားလေးသူ့ကို ဟိုဒင်းဟိုဟာ လုပ်သွားတယ်လေ !!!

အရင်ဆုံးခမည်းတော်ဆီကိုသွားပြီး အိမ်ရှေ့စံရဲ့ကြင်ယာတော်ဖြစ်ဖို့ ဧကရီ့ဘက်ကစတောင်းဆိုတာကျတော့‌ရောလား?

အလကား! ရှယ့်ယွင်က ဒီအိမ်ရှေ့စံကို စားပြီးမှတော့ တနပ်စားဉာဏ်နဲ့ တာ၀န်မယူချင်လို့မရမလား?!

သေချာတာပေါ့,သူတကယ့်ကို ဧကရီ့ကို နန်းချသင့်ပါတယ်!

--ဒါ့ကြောင့် ဧကရာဇ် ဒီနေ့အရမ်းမပျော်မရွှင်ဖြစ်နေပါသေးတယ် ။

_________________________________________

[Zawgyi]

[31]








ပြီးတော့ ဒေါသတကြီး,


"မလွှဲပါဘူး"
"ကျွန်တော်မျိုး ဧကရာဇ်ကို လွမ်းနေတာ"

"Mmm,mmmm" လူဆိုးကောင်!

"Si Si,Si Si"

" ! ! ! ''




[32]



အရမ်း!

အရမ်းကို!

......ရှက်ဖို့ကောင်းတယ်!


ဒါပေမယ့်,

ဧကရီက "ယောက်ျားလေး position ဆယ့်ရှစ်ခု"


တစ်ည = ခြောက်မျက်နှာ



[33]















နောက်တော့....

ဧကရီကရော?!





[34]











ဧကရီက ပြုံးရင်း,
"စိတ်ဆိုးနေတာလား?"


"Si Si"

"...."ဟွန့်!

"Si Si,အချစ်ကလည်းကွာ"

"...."ဟမ်



[35]




သူက ဘယ်သွားပြန်တာလဲ?!





ဒါက ဗိုလ်မှူးအသံ။

"...."




ဧကရီပြုံးနေပြီး



ဗိုလ်ချုပ်က ပြုံးတယ်၊

အဲ့နောက်တော့ .....


































Continua a leggere

Ti piacerà anche

685K 37.3K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
579K 46.3K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...