The Ocean You 🌊

By ImRestingMyBones

7.1K 497 63

Everything Comes In Waves 🌊 ZSWW (Myanmar) (Zhanyi Oneshot ) Xiao Zhan-Seme Wang Yibo-Uke This story is for... More

Unicode 🌊

Zawgyi 🌊

3.2K 106 5
By ImRestingMyBones

This story may irritate you a little bit if you're a fan of power uke ⚠
.
.
.
Xiao Zhan

Wang Yibo

Sean

•နင်ဆိုတာ ပြိုင်ဘက်မရှိ
တစ်ယောက်တည်း ငါ့ချစ်သူပါ
ယုံချင်နေ မယုံချင် နေ နင်တစ်နေ့
တော့နားလည်မှာ•

နှုတ်ခမ်းသားတွေကို တတိတိနဲ့ ကိုက်
ယူမိတဲ့ အထိ မျက်ဝန်းရှေ့၌ က
မြင်ကွင်းဟာ အရိုင်းဆန်လွန်းလေ သလား။ရိပေါ် မှာ ခြေလှမ်းလေး
တစ်လှမ်းသာမျှ နောက်ဆုတ်ဖို့ရာ မဝံ့ရဲ။

သူခိုး လူမိမည် ဆိုးသည်ကြောင့်
ကြောင်ကလေး တစ်ကောင်လိုသာ
ဝွပ်တွားပြီး ဤနေရာကနေ ထွက်ပြေး
သွားလိုက်ချင်​သော်လည်း အသံလေး
တစ်သံ မျှပင် မပြုရဲသည့် အနေအ
ထားဖြစ်သည်။

လက်ကလေး ကို လက်သီးစုပ် သေး
သေးလေး စုပ်လျက်သားအနေအထား
နဲ့ သူဟာ ထိုနေရာမှာ တောင့်တောင့်
လေး ရပ်နေမိလျက်သား။

မိမိမျက်ဝန်းရှေ့မှ လူသားနှစ်ယောက် ကတော့ ပတ်ဝန်းကျင် ကို ယတိပြတ်
မေ့လျော့ထားကြဟန်။

Sean ရယ်၊ Sean ရဲ့ ပုခုံးတွေ
ကို ကပ်တွယ်ယူကာ မှီနွဲ့ထား တဲ့
ကောင်လေး တစ်ယောက် ရယ်။

ပြီးတော့ တရိုက်မတ်မတ် အနမ်းတွေ
ရယ်။

"သိပ်ကို ခံစားလို့ ကောင်းနေတယ်
ပေါ့"

နားရွက်ဖျား ကို ပွတ်တိုက်ဖြတ်သန်း
သွားတဲ့ လေငွေ့ပူပူ။
အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့ အတူ
ခါးတစ်ဝိုက်ကို ဖက်တွယ် လာတဲ့
လက်ဖျံ တစ်စုံ။

"ရှောင်း...ကျန့်"

"ဟက်"

တုန်ယင် ယိုင်နဲ သွားတဲ့ အသံအိမ်ကို
ရှောင်းကျန့်က ပျက်ရယ်ပြုတယ်။

ဖြူလွှလွှ ခန္ဓာ ကိုယ်ဟာ တောင့်တင်း
နေတဲ့ လက်မောင်းအုံတွေကြားက
ရုန်းမလွတ်နိုင်။

တရွတ်တိုက် အနေအထားနှင့်ပင်
ရှောင်းကျန့် က ရိပေါ်ကို ထိုနေရာမှ
ဆွဲခေါ်ထုတ်ယူတယ်။

"ဟင့်..."

လူမြင်ကွယ်ရာ ကို ရောက်ပြီဆိုကာမှ
နံရံထက်ကို ဆွဲ ကပ်ခံလိုက်ရတဲ့
ခန္ဓာငယ် ထံ နာကျင်ခြင်းတို့က
အလုံးအရင်း ဝင်ရောက်လာသည်။

ကျောရိုး တစ်လျှောက်နာကျင်မှုက
နှုတ်ခမ်းဖျားတွေကိုပါ တုန်ယင် စေ
လုမတတ်။

မိမိရဲ့ ခါးသိမ်သိမ်လေး ကို ဆွဲညစ်
ထားတဲ့ လက်ဖဝါးခပ်ကြီးကြီး နှစ်
ဖက်။အရိုးတွေကြေအောင် များ ဖိညစ်
ပစ်ဖို့ ရည်ရွယ်လေသလား။

သည်လူဟာ အညှာအတာမဲ့လိုက်
တာ။

"အာ့...ရှောင်းကျန့်...နာ...နာတယ်"

နာကျင်မှုကို အလိုအလျောက် တုန့်
ပြန်မိသည် နှင့် ရှောင်းကျန့်ရဲ့ လက် ဖမိုး အထက်ကိုစိုက်ဝင်သွားတဲ့ မိမိရဲ့ လက်သည်းသေးသေးလေး တွေကို
ကြည့်ပြီး ရှောင်းကျန့်က နှုတ်ခမ်းကို တွန့်ရုံမျှသာ ပြုံးပြန်တယ်။

တွန့်ချိုးထားတဲ့ မျက်ခုံးနက်နက်တွေနဲ့
ခပ်ရဲရဲ မျက်ဝန်းကြောင့် ရှောင်းကျန့်
ရဲ့ အမျက်ဒေါသ အတိုင်းအတာကို
တော့ ရိပေါ် ခန့်မှန်းမိပါရဲ့။

ရှောင်းကျန့်ရယ်...ခင်ဗျားဟာလေ။

"ပြောပါဦး ငါ့ အစ်ကို တို့ အတွဲ ကို
ချောင်း မြောင်း နေရတဲ့ အကြောင်း
အရင်းလေး...ဟမ်"

"ဟင့်အင်း...မဟုတ်တာ...ငါက.."

သိမ်ဝင် သွားတဲ့ အသံငယ်ရဲ့ လက်
သည် တရားခံဟာ မိမိကိုမျက်တောင် မခတ်တမ်း စိုက်ကြည့်နေတဲ့
သမုဒ္ဒရာ မျက်ဝန်းအိမ်သာ။

ပြာရီလဲ့တော့ မယောင်၊ အညိုရောင်
ရောင်ပြေးလေးပဲ လျှပ်တပြတ်
ထွက်ပြူလာတော့ မယောင်၊
အရည်လဲ့ နေတဲ့မျက်ဝန်းဝိုင်းဝိုင်း
လေးကို ရိပေါ်ဟာ လက်ထိပ်လေး
တွေနဲ့ တို့ ကြည့်ချင်လှပါသည်။

"ငါ...ငါက..."

ခြောက်သွေ့ အက်ကွဲလာတဲ့ လည်
ပြွန်ဟာ ဝမ်ရိပေါ်ကို သစ္စာဖောက်
တယ်။

ရှောင်းကျန့်ရဲ့ အကြည့် တွေမှာလည်း စိတ်ပျက်ခြင်းတွေ ရောပြွန်းလို့။

"ငါ့အကို ကို ကြိုက် နေတာလား"

"ဟင်..."

"Sean ကို ကြိုက်နေတာလားလို့

ငါမင်းကို သတိထားမိနေတာ ကြာပြီ
အဲ့ ဒီ စောက်မျက်လုံးတွေက
ငါ့အစ်ကို ကို ဘယ်တုန်းကမှအကြည့်
မလွှဲ ခဲ့ဘူး မလား

ဖြေပါဦး ဝမ်ရိပေါ်"

ရိပေါ်ဟာ အမှန်တကယ် ပင်ဆွံ့အ
နေခဲ့သည်။
ဘေးကျပ်နံကျပ် အခြေအနေမျိုးမှာ
သူဟာ အမှန်တရား ကို ရဲရဲဝံ့ဝံ့
ထုတ်ဖော်ပြဖို့ရာ အခွင့်မသာသေးပါ။

လွန်ခဲ့သည့် မိနစ်အနည်းငယ် က အထိ သူဟာ ရှောင်းကျန့်ရဲ့ အတန်း
ဖော် ဆိုသည့် အနေအထား လေးနဲ့
သာ တည်ရှိ ခဲ့ပြီးကာမှ ယခုတော့
သူဟာ ရှောင်းကျန့်ရဲ့ လက်ဖဝါးကြီး
တွေထဲ နစ်ကာ မြှုပ်လို့။

ရှောင်းကျန့်ရဲ့ အကြည့် ရဲရဲ။
အသက်ရှူ သံပြင်းပြင်း နဲ့အတူ
ဒေါသ အရိပ်အယောင်တို့ဟာ သူ့ကို
လွှမ်းခြုံ ထား နေဆဲ ဖြစ်သည်။

"ငါ သဘော ပေါက်ပြီ

အေး မင်းဖြစ်စေချင်သလိုမျိုးတော့
ငါက ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး

နားလည်လား ဝမ်ရိပေါ်"

အမှန်တော့ ရိပေါ်ဟာ ယခု ဖြစ်ပျက်
နေသည့် မည်သည့်အရာကိုမျှ တစ်စိုး
တစ်စီမှ နားမလည်သေးပါ။

ရှောင်းကျန့်ဟာ ဘာဘာ ဘယ် အရာကို ဤမျှ ဒေါသတကြီးဖြစ်နေသည်ကိုလည်း သူမသိပေ။

အံကို တင်းတင်း ကြိတ်ထားကာ မျက်
ခမ်းစပ်တွေရဲတက်လာတဲ့ ရှောင်းကျန့်
ကိုတော့ သူဟာ အသားတွေတုန်
သည်အထိ ကြောက်ပါသည်။

"အင်း...အင်း..."

ဤ အခြေအနေကြီးမှ ရုန်းထွက်ချင်
သည့် ဇောတို့က ကပ်လေတော့
ရိပေါ်မှာ ခပ်သွက်သွက် ဦးခေါင်း
လေးကို ပလုတ်တုတ်လေးလို တ
လုတ်လုတ်နဲ့ ညိမ့် မိပြန်တယ်။

အခိုက်အတန့် တစ်ခု ကြာသည်အထိ
တိတ်ဆိတ်သွားသည့် ဝန်းကျင်မှာ
လေတိုးသံ သဲ့သဲ့ရယ် ၊ လေပြေညင်း
တို့ သယ်ဆောင်ယူလာသည့် ချယ်ရီ ပန်းရနံ့ တို့သာ ကျန်ရစ်လေတော့
သည်။

ရှောင်းကျန့်ရဲ့ တည်ရှိ မှုဟာ မည်
သည့်အခိုက်အတန့်မှ စ ၍ ပျောက်
ဆုံးသွားသည်ကိုလည်း ရိပေါ်ဟာ သတိမမူမိပါ။

ရှောင်းကျန့်ရဲ့ မျက်ဝန်းအိမ်တွေကို
ရင်မဆိုင်ဝံ့တာကြောင့်ရော နှလုံးအိမ်
တစ်ခုလုံး တုန်ယင်နေတာကြောင့်
သူဟာ ခြေထောက်အောက်က ကြမ်း
ပြင်ကြီးကိုသာ ပေါက်ထွက်လုမတတ်
စိုက်ကြည့် နေမိသည်မလား။

"ငါက...ငါက အရင်ကတည်းက
မင်းကို..."

ခပ်တိုးတိုး လေး ရေရွတ်နေမိတဲ့
စကားစုတို့ဟာ မိမိတစ်ယောက်တည်း
သာ ကြားယောင်နိုင်မည့် ခံစားချက်
အစုအဖွဲ့လေးတွေ။

အမြင်အာရုံထဲဝယ် ထပ်လဲလဲ ဝေ့ဝဲ
နေသည့် ပုံရိပ် ဟာ တစ်ယောက်
သော သူရဲ့ ပုံရိပ်သာ ဖြစ်သည်။

ဝမ်ရိပေါ်ဟာ ချစ်ခြင်း တရားကို
တစ်စုံတစ်ဦး ထံမှာ ရှာဖွေတွေ့ရှိခဲ့ပြီး
သား ဖြစ်တန်ပါရဲ့။

မိမိရဲ့လက်သည်း ကြား၌ နစ်ဝင်သွားခဲ့တဲ့ ထိုသူရဲ့ ပန်းနုရောင် အသားစ လေးတွေကို သူ ဟာတမေ့တမော့
ငေးနေမိသည်တဲ့လေ။
.
.
.
•ကံကြမ္မာ ဟာ တစ်ခါတလေ အလွန်
ထူးခြားဆန်းကြယ်တာ
ကြိုတင်မသိသေးဘူး တို့နှစ်ယောက်
တစ်နေ့ပေါင်းနိုင်မလား•

"ပြန်ပေးစမ်း..."

ဆတ်ခနဲ ဆောင့်ကာ ဆွဲခံလိုက်ရပြီး တစ်စုံ တစ်ဦးရဲ့ လက်ထဲဝယ် ပင့်
မြှောက်ထားခံရတဲ့လွယ်အိတ်လေးကို ဖြေဖျားထောက်ကာ မမှီမကမ်း လုယူ နေတဲ့ သူ့ရဲ့ ပုံရိပ်ကအနည်းငယ်တော့ ကသိက​အောင့်ဖြစ်ပါလိမ့်မယ်။

တချို့တလေက တော့ ဒီမြင်ကွင်းကို
ချစ်စဖွယ် အသည်းယားဖွယ် အနေနဲ့သာ မြင်ကောင်းမြင်ပါလိမ့်မည်။

အတန်းထဲမှာ ဆို အအိပ်မက်တဲ့
ကြောင်ကလေးလို ငြိမ်ငြိမ်ကုတ်ကုတ်
လေး နေတတ်တဲ့ ဝမ်ရိပေါ်ကို
အတန်းဖော် ​ကောင်လေး တော်တော်
များများက အူတယားယားနဲ့ ကျီစယ်
တတ်ကြတာ အဆန်းတကြယ်တော့
မဟုတ်တော့ပေ။

အစဉ် နီရဲကာ ဖောင်းဥနေတတ်တဲ့
ပါးမို့မို့ လေးနဲ့ အတူ နှုတ်ခမ်း ဖူးဖူး၊
နှာခေါင်းလုံးလုံးလေးကို ပိုင်ဆိုင်ထား
တဲ့ ဝမ်ရိပေါ်က ဘယ်လို ပဲပြောပြော
ကလေးလေး တစ်ယောက်လို ချစ်ဖို့
ကောင်း နေတာမလို့ ချစ်စနိုး ကျီ
စယ် ခံရတာဟာ ငြင်း လို့မရတဲ့
အမှန်တရားတစ်ခုမဟုတ်လား။

သူကိုယ်တိုင် ကိုယ်၌ က မကြိုက်
သော်ငြားအများ နဲ့ တစ်ယောက်ဖြစ်
နေသည့်အခါ သူဟာ အများတကာ
ဖြစ်ညှစ်ချင်တဲ့ ပန်းနုရောင် Mochi လုံး​လေး ဖြစ်နေဆဲပါပင်။

•ဒုန်း•

"ညီ"

သို့သော်ငြား ပုံမှန် မဟုတ်တဲ့ ဖြစ်ရပ်
တစ်ခုဟာ ယနေ့မှာတော့ အစပြုလေ
ပြီ။

ရှောင်းကျန့် ရဲ့ ကန်ကျောက်ခြင်း ခံ
လိုက်ရ တဲ့ စာရေး စားပွဲခုံလေးဟာ
ကြမ်းပြင်ပေါ်မှာ ဖရိုဖရဲ ပစ်လှဲလို့။

Sean ရဲ့ စိုးရိမ်တကြီး ဟန့်တား
လိုက်တဲ့ အသံငယ်ဟာလည်း ထပ်
တူ။

မသက်မသာ တိတ်ဆိတ်သွားတဲ့ ပတ်
ဝန်းကျင် ဟာ နှစ်မြို့ဖွယ်မကောင်း
တော့ချေ။

ရိပေါ်ရဲ့ လွယ်အိတ်ကို ယူဆောင်
ထားတဲ့ ကောင်လေးကို ရှောင်း
ကျန့်ဟာ ဘာကပ်ပြောလိုက်သည်
မသိ ပျက်ယွင်းသွားတဲ့ထိုကောင်လေး
ရဲ့ မျက်နှာဟာ မျှော်လင့် ချက်တွေ
မဲ့လို့။

ရှောင်းကျန့်ကတော့ ​အောင်နိုင်သူ
သဖွယ် သဘောတကျ ပြုံးနေလိုက်
တာ နှုတ်ခမ်းပါးအောက်က မဲ့နက် ကလေးတွန့်တက်သွားသည်အထိပင်။

"ငါ့နောက် လိုက်ခဲ့"

ခပ်ကြမ်းကြမ်းဖြစ်ညှစ်ခံလိုက်ရတဲ့
လက်ကောက်ဝတ်ဟာ အနီရင့်ရောင်
အစင်းကြောင်း တို့ကို လက်ကမ်းကြို
ပါလိမ့်မည်။

ရှောင်းကျန့် လက်ထဲက သူ့ လွယ်
အိတ်အစိမ်းရောင်လေးဟာ လည်း
လှုပ်လီလှုပ်လဲ့။

ဟင့်အင်း ဒီအခြေအနေကြီးကို တော့
ဝမ်ရိပေါ်က မဆိုစလောက်လေး
ဆိုသည့်အတိုင်းအတာထက်ကို
ကြောက်ရွံ့ပါသည်။

"ရှောင်းကျန့် ...လွှတ်ပါ..."

ခြေလှမ်းကျဲ ကြီးတွေနောက်ကို
အမှီလိုက်ရတဲ့ ခြေလှမ်း ငယ် ဟာ
တစ်ချက်မျှ ခလုတ်တိုက် ကာ ခွေကျ
သွားတော့ ရှောင်းကျန့် က ပန်းနု
ရောင် သမ်းနေတဲ့ ကိုယ်လုံးငယ် ကို
ဆတ်ခနဲ ကောက်ပွေ့ကာ ပုခုံးပေါ်ကို
တင်တယ်။

ရှက်ဖွယ်အတိ ပြီးတဲ့ အခိုက်အတန့်
ကြောင့် ရိပေါ်မှာ ရှောင်ကျန့် ရဲ့
ကျောပြင်ကျယ် ကြီးထက် မျက်နှာကို
ကွယ်ဝှက်ထားခဲ့မိတာ ကျောင်းရဲ့
ဆေးပေးခန်းကို ရောက်သည် အထိ
ပါပဲ။

"အင့်.."

ဆေးခန်းရဲ့ ကုတင်ငယ်လေးဟာ
လူနှစ်ယောက် ရဲ့ အလေးချိန် ကို
မ တည် နိုင်စွမ်းမရှိလေသလား တုန်
ခါသွားလိုက်တာမှ တသိမ့်သိမ့်။

အုပ်မိုး ထားတဲ့ ရင်ခွင်ကျယ် ကြီး
ကို လက်ဖျားလေးနဲ့ တွန်းထိုးထား
သည်က အရာမတွင်။

ရှက်လွန်းလို့ နီရဲနေတဲ့ နားရွက်ဖျား
လေးတွေကို ​ရှောင်းကျန့်က ခပ်ဆတ် ဆတ်လေး ကိုက်ယူတယ်။

မျက်ရည်စ တွေဝေ့သီ လာတဲ့ မျက်
ဝန်းအိမ်ကို ဖိကပ်နမ်းရိုက်လာတဲ့
အခါ သူဟာ အသိစိတ်တို့ မဲ့လုပြီ။

"ရှောင်းကျန့်...ဟင့်အင်း...မလုပ်ပါနဲ့"

နှာတံ ဖျားချင်း ထိကပ်ထားတဲ့ အခိုက်
အသက်ရှူသံ ပြင်းပြင်း တို့ဟာ
သူ့ရဲ့ ပါး ပြင်နုထက် ကူးလူးသွား
လာနေဆဲ ပင်ဖြစ်သည်။

သူဟာ ရင်ဘတ်တွေ ထိုး အောင့်လာ
သည်အထိ အသက်ရှူရ ခက်ခဲလာ
သည်အထိ ခံစားချက်တို့ဟာ ရောပြွန်း
နေလိုက်တာ။

မဝံ့မရဲ မျက်ဝန်းတို့ကို အားကုန် မှိတ်
ချလိုက်ပြန်တော့လည်း ရှောင်းကျန့် ဟာ ခနဲ့သဲ့သဲ့ ရယ်မောပြန်သည်။

"ယောက်ျားတွေနဲ့ လက်ပွန်းသတီးနေ
ရတာ သဘောကျပုံပဲ

ဟုတ်လား ဝမ်ရိပေါ်"

စူးခနဲ ထိုးအောင့် သွားတဲ့ နှလုံး
အိမ်ဟာ နာကျင်မှုရဲ့ သက်သေ။

ရှောင်းကျန့် ဟာ ပြောရက်လိုက်တာ
လေ။

"မဟုတ်ဘူး...မဟုတ်ဘူး..."

အလူး အလဲ ငြင်းဆိုကာ မိမိကို အုပ်
မိုးထားသည့် သူကို တွန်းဖယ်
လေတော့ ထိုသူဟာ အလျှော့မပေးလို
ဟန်။

"ဘယ်သူ့ကို လာ လှည့်စား ချင်နေ
တာလဲ"

မေးဖျားကို ခပ်ကြမ်းကြမ်း ဆွဲယူလိုက်
တဲ့ လက်ချောင်းသွယ်သွယ်တို့
နောက် မျက်ရည် ဥ တို့ဟာ တလိမ့်
ချင်း စီးဆင်းနေ၏။

"နာတယ်...မင်း ငါ့ကို နာအောင်
လုပ်နေတာပဲ ရှောင်းကျန့်

လွှတ်ပေးပါ ငါ တောင်းပန်ပါတယ်"

ကိုက်ဆွဲကာ ဖိချေခြင်းခံယူလိုက်ရတဲ့
နှုတ်ခမ်း ဖူးဖူးဟာ သွေးစက်တို့နဲ့
လှချင်တိုင်း လှနေပေလိမ့်မည်။

ဖျစ်ညစ်ခံထားရတဲ့ ခါးကျင်ကျင်လေး
ဟာလည်း ကော့တတ်လို့။

ခန္ဓာ ကိုယ်အနှံ့ပြေးလွှားနေတဲ့ လက်
ဖျားတို့ရဲ့ ပူနွေးမှုက မိမိ တစ်ကိုယ် လုံးကိုတုန်ယင်မှု အတိနဲ့ လှိုက်ဖို စေရင်း။

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ် ရဲ့ ခြေသလုံး ဖြူဖြူဖွေးဖွေးလေးတွေကိုပါ
မချန် ဆုတ်ကာ နယ်ကာ ဖျစ်ညစ်နေ
ဆဲ။

ရိပေါ် အဖြစ်ဟာ သခင့်လက်ဖျားဝယ်
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ယုန်သူငယ်
လေးလိုပါပဲ။မရုန်းသာ မလှုပ်သာ
အခြေအနေဟာ သူ့ ကို ထိတ်လန့်
စေပါသည်။

ထို့အတူ ရှောင်းကျန့်ရဲ့ အတွေးအိမ် ထဲမှာမိမိဟာ ဘယ်လို ဖြစ်တည်မှုမျိုး
ဆိုသည်ကို ရိပေါ်ဟာ ပထမဦးဆုံး
အကြိမ် ရူးရူးမိုက်မိုက်သိချင်လာတော့သည်။

ယခု အနေအထား ကြီးဟာ
တက္ကသိုလ် ကျောင်းနေဖက် ဆိုသည်
ထက် စည်းလွန်ဘောင်လွန် ဖြစ်နေ
ကြပြီမဟုတ်လား။

"ငါ့ကို အဲ့လို မျက်လုံး တွေနဲ့ လာ
မကြည့်နဲ့ ဝမ်ရိပေါ်

မင်း ငါ့အစ်ကိုကို ကြည့်တုန်းက ဒီအ
ကြည့်တွေ မဟုတ်ဘူး"

မျက်တောင်ဖျားက မျက်ရည်စ တွေ
ကို ထိတွေ့လာတဲ့ လျှာဖျားဟာ ခပ်
နွေးနွေး။

နားသယ်စ ကို ဖိကာ ဖိကာ နမ်းရိုက်
ခံရတော့လည်း ဒါဟာ အဆုံးသတ်
မဟုတ်သေးဟန်။

စကားလုံးတို့ဖွင့်ဟဟန် ပြင်တဲ့
နှုတ်ခမ်းဖျားကို ရှောင်းကျန့် ဟာ ရည် ရွယ် ချက်ရှိရှိ အနမ်းရိုင်းတို့နဲ့ ပိတ် ကာ ဆို့တယ်။

"ဟင့်အင်း မပြောနဲ့တော့ ဝမ်ရိပေါ်
ငါ...မင်းဝန်ခံလာမှာကို..."

ဗလုံးဗထွေးရေ ရွတ်သံတွေကို ရိပေါ်
ဟာ ဆက်လက်နားထောင်နိုင်စွမ်းမရှိ
ချေတော့။

လှိုက်ဖိုလာတဲ့ ရင်အစုံနဲ့အတူ တစ်စ
တစ်စ ဖြစ်တည်လာတဲ့ ခန္ဓာ ငယ်ရဲ့
နာကျင်မှု။

သူ့ကို ဖက်တွယ်ထားတဲ့ ထိုသူရဲ့
ကျောပြင်ကျယ် ကြီးကို တစ်ဖန် ပြန်
လည် ကုပ်တွယ်လို့ သူဟာ မေ့မျော
သွားသည် ထင်ပါသည်။

သူဟာ ​ရှောင်းကျန့်ကို ရွေးချယ် ခဲ့
သည်ဆိုသည့် အကြောင်း အရာကို
မဖွင့်ဟ နိုင်ခဲ့ပြန်ပေ။

ဤ နာကျင်မှုမျှနဲ့ သူဟာ ရှောင်း
ကျန့် အနီးက ထွက်ခွာသွားမည် မ
ဟုတ်ကြောင်း ထိုငြိုးမာန်ဖွဲ့လွန်းသူအား အသိပေးလိုပါသေးသည်။

ဒီလူ့ အပေါ် တိမ်းညွတ်နေတဲ့ခံစား
ချက်အစုံဟာ လွယ်လွယ် နဲ့ ပျောက်
ပျယ်သွားမည်မဟုတ်ကြောင်း။

နေ့ရက်တိုင်း နေ့တိုင်း မှာ သူ့ရဲ့
ရွေးချယ် မှုဟာ ဤသူ ဖြစ်နေကြောင်း
ကို သူဟာ ရှောင်းကျန့်ရဲ့ နားဖျားထံ ဖိကပ်ကာ တိုင်တည်ပြောပြခဲ့
ချင်ပါသေးသည်။

ချစ်နေခဲ့ပါတယ် ဆိုတဲ့ စကား တစ်
ခွန်းလောက်တော့ သူဟာ သတ္တိရှိရှိ
ဝန်ခံချင်ခဲ့ပါရဲ့။
.
.
.
•မင်းကြောင့် အသည်းလည်း ခနခနကွဲပါတယ်•

"အွန်း..."

ခြေချင်းဝတ်တစ်ဝိုက်က တင်းကျပ်နာ
ကျင်မှုကြောင့် လူဟာ တစ်ချက်မျှ
လူးလွန့်လေလိုက်တိုင်း နှုတ်ခမ်းဖျား
တို့ တုန်ယီလာသည်အထိ ထိရှရ
ပါသည်။

နှာခေါင်း ထဲ အလုအယက် တိုးဝင်
လာတဲ့ စိမ်းရွှင်ရွှင်ဆေးနံ့တို့ကြောင့်
သူဟာ ယခု ထိတိုင် ဆေးပေးခန်းမှာ
ပင် ရှိနေပါလိမ့်ဦးမည်။

ရီဝေဝေ ဖြစ်နေတဲ့ ဦးခေါင်း ကို ထိန်း
ကိုင်ရင်း လေးလံ နေတဲ့ မျက်ဝန်းတို့
ကို ဖွင့်ဟ ကြည့်လေတော့ သူ့နံဘေး
ကုတင်အစွန်းမှာ ခြေချိတ်ထိုင်နေတဲ့
သူ။

"နိုးပြီလား ဝမ်ရိပေါ်"

ရင်းနှီးသယောင်ရှိသော်ငြား မရင်းနှီး
လေသော လေသံသဲ့သဲ့။

"Sean..."

နှုတ်ခမ်းဖျား တို့လှုပ်ရုံမျှ သူဟာ ခပ်
တိုးတိုး ရေရွတ်မိတယ်။

စွန့်ကြဲလာတဲ့ အပြုံးနုနု ကို မျက်နှာ
လွှဲရင်း-

မျက်ဝန်းတစ်ဆုံး အခန်းငယ်ထဲ ဝေ့ကာ ဝေ့ကာ ရှာဖွေကြည့်သော်လည်း
ရှောင်းကျန့်ရဲ့ အရိပ်အယောင်လေး ကို ပင်မတွေ့ရချေ။

လှိုက်ခနဲ တက်လာတဲ့ ဝမ်းနည်းစိတ်
ကြောင့် သူဟာ မျက်တောင်လေးတွေကိုပုတ်ခတ်ပုတ်ခတ် ကစားမိပြန်
သည်။

ရှောင်းကျန့်က တာဝန်မယူတတ်လိုက်
တာ။

လေထုက တိတ်ဆိတ်နေဆဲ။
Sean ကလည်း မည်သည့်စကားကို
မျှမဆိုချေသေး။

လှဲလျောင်း နေရတဲ့ အနေအထား
ကြီးကို မနှစ်မြို့သည်မို့ ကုန်းကာရုန်း
ကာ ထဖို့ ဟန်ပြင်တော့ Sean က
သူ့ပုခုံးကို အသာဖိချလိုက် ဝမ်းဗိုက်
အထက် လိပ်တက်နေတဲ့ စောင်အပါး
လေးကို ရင်ဘတ်ပေါ် ရောက်သည်
အထိ ဆွဲတင်ပေးသည်။

ကုတင်ပေါ်မှာ ပိုးတုံးလုံးလေးလို
ထုပ်ပိုးခံထားရတဲ့ အခြေအနေကြောင့်
ရိပေါ်မှာ နှာခေါင်းလေး ရှုံ့ကာ စိတ်
ကျဉ်းကျပ် မှုကို ဖော်ပြပြန်တော့ Seanက ခပ်ဖွဖွ ရယ်သည်။

"ခြေထောက်ထိထားတယ် ခနနား
နေပါဦး"

Sean ရဲ့ စကားအဆုံး
တင်းကျပ်သယောင် အထိအတွေ့ကို
ပေးစွမ်းနေဆဲ ဖြစ်တဲ့သူ့ဝဲဘက်
ခြေချင်းဝတ် ကို ယာဘက် ခြေဖဝါး
လေးနဲ့ အသာ တို့ ကြည့်တော့
ပတ်တီးရာလေးက ဟိုနားဒီနား။

"ရှောင်းကျန့်က မင်းကို ဘာလို့ အနိုင်
ကျင့်နေသလဲ ကိုယ်မသိဘူး

အဲ့ဒီအတွက် ကိုယ်တောင်းပန်ပါ
တယ်"

ရိပေါ်ဟာ အလျင်အမြန်ပဲ ခေါင်းကို
ခပ်သွက်သွက် ခါရမ်းမိတယ်။

"မဟုတ်တာ..."

Sean ဟာ သက်ပြင်းကို ခပ်သဲ့သဲ့
ချ လျက် လေပူတွေကို မှုတ်ထုတ်
ပြန်တယ်။ဒီအခြေအနေကြီးက အ
နည်း ငယ်တော့ ကသိကအောင့်
နိုင်ပါလိမ့်မည်။

အထူးသဖြင့် မရင်းနှီးတဲ့ လူနှစ်
ယောက်ကြားမှာပေါ့။

"မင်း ကိုယ့်ကို သဘောကျ နေတယ်
လို့ ရှောင်းကျန့် က ထင်နေတယ်"

"မဟုတ်ပါဘူး"

ပတ်ခနဲ တုံ့ပြန်လိုက်တဲ့ သူ့ရဲ့ အသံ
ငယ်ကြောင့် Sean က ယောင်နန
ပင်ဖြစ်သွားသယောင်။

"ဟီး"

မည်သို့ပင်ဆိုစေကာမှု ကို့အလွန်ဖြစ်
သွားသည်မို့ ရိပေါ်မှာ မသက်မသာ
မချိ သွားဖြဲလေးနဲ့ ပြုံးပြ ရပြန်တယ်။

"ရှောင်းကျန့်...ညီ...ကြားတယ်
မလား"

Sean ရဲ့ စကားသံ အဆုံး ဝုန်းခနဲ
ပွင့် လာတဲ့ တံခါး ရွက်ရဲ့ နောက်
ကွယ်က ထိုလူ။

"ကိုကို ပြန်တော့"

အဖြစ်အပျက် တို့က မြန်ဆန်လွန်း
တယ်။

ခေတ္တက အထိ Sean ရှိနေဆဲ ရပ်
ဝန်းလေးမှာ အခုတော့ ရှောင်းကျန့်က
ထိုင်လို့။

ရွှန်းရွှန်းစားစား ကြည့်နေတဲ့ မျက်ဝန်း
တွေရဲ့ အရိပ်အယောင်ဟာ အဖြေ
တစ်ခုခုကို သိရှိ သွားဟန်။

ဒီသမုဒ္ဒရာ နက်နက်မှာ ဝမ်ရိ​ပေါ်ဟာ
အကြိမ်ကြိမ် ပျော်ဝင်ခဲ့ပြီးသားပါ
ချစ်သော ရှောင်း ရယ်။

"အဲ့တော့ မင်းက ငါ့ကို ကြွေနေတာ
ပေါ့"

ပြိုလဲ ပြီးရင် ပြိုလဲစေအောင် ဖန်တီး
ယူလေသလား ရိပေါ်ဟာ နှုတ်ဖျား
တို့ကို ဖွင့်ဟ ဖို့ပင် မဝံ့ရဲတော့ပေ။

"ဘယ်အချိန် ကတည်းလဲ"

လက်ဖဝါးဖောင်းဖောင်းလေးတို့ကို
ဆတ်ခနဲ အားပြင်းပြင်းနဲ့ ဆွဲယူလိုက်
တာကြောင့် မတ်ခနဲ ဖြစ်သွားတဲ့
ကိုယ်လုံးငယ်လေးနဲ့ အတူ ဦးခေါင်း
လုံးလုံး လေးဟာလည်း ရှောင်းကျန့် ပုခုံးပေါ် မှီတွဲ နေရသည်။

"စ...စတွေ့ ကတည်းက..."

ဆံနွယ်တွေကြားထဲ တိုးဝင် လာတဲ့
လက်ချောင်းသွယ်သွယ်တွေရဲ့ အထိ
အတွေ့မှာ ရိပေါ်ဟာ ကြောင်ကလေး
တစ်ကောင်လို တအီအီနဲ့ ညည်းညူ
မိပြန်သည်။

"Sean ကို ပဲ ကြည့်နေပြီးတော့များ"

လည်တိုင်အစွန်းက မှဲ့နက်ကလေးကို
ဖိကပ်အနမ်းခံလိုက်ရတော့ သူဟာ
အိခနဲ အသံသေးသေးလေးပင်ပြု
မိသွားလေးသလား။

"အားကျလို့...ရှောင်းကျန့်အနားအမြဲ
ရှိနေခွင့်ရတဲ့ Sean ကိုအားကျလို့"

သူ့အဖြေကို သဘောကျ ဟန်နဲ့
ရှောင်းကျန့် က တဟားဟားနဲ့ရယ်
တယ်။

ရှောင်းကျန့်ရဲ့ ရယ်သံလွင်လွင်လေး
တွေနောက် စီးမျောလိုက်ပါရင်း သူ
ဟာလည်း ပါးမို့မို့လေးတွေ လုံးတက်
လာသည် အထိ ပြုံးမိသွားသည် ထင်
ပါရဲ့။

ဒီအခိုက်အတန့်လေးကို စုဗူးလေးထဲ
ထည့်သိမ်းထားချင်လိုက်တာလေ။

"ငါ့နဲ့ တွဲမလား ဝမ်ရိပေါ်"

ဆတ်ခနဲ မဆိုစလောက်လေး တုန်
ယင်သွားတဲ့ ခန္ဓာ ကိုယ်ဖြူသွဲ့သွဲ့။

တစ်လိမ့်ချင်း စီးကျလာတဲ့ ပုလဲရောင်
မျက်ရည် ဥတွေ။

ဖိကိုက်ထားမိတဲ့ နှုတ်ခမ်းငယ်က
သွေးစို့ရင်း စို့ရင်းလျက်သာ။

"အင်း...ရှောင်းကျန့်"

ရှောင်းကျန့်ရဲ့ လည်တိုင်ကို ခပ်တင်း
တင်းဖတ်လို့ ရိပေါ်ဟာ တရှုံ့ရှုံ့နဲ့ ငို
မိတယ်။

"ဘာလို့ ငိုနေတာလဲ"

"နာလို့...အိ...အနာက နာလို့"

"တအား နာနေတာလား"

"အင်း..အရမ်း...အရမ်းကိုပဲ"

နှလုံးအိမ်က တဆစ်ဆစ်နဲ့နာတယ်။

ရှောင်းကျန့် ဟာ ဝမ်ရိပေါ် ကို မချစ်
ဘူး ထင်ပါရဲ့။

ချစ်တယ်လို့ မဆိုပါဘဲ အဆိပ်ခတ်ပြီး
အရူး ရင့်အောင် ကြံ စည် လေသလား။

တစ်ရက်ကျရင် သူဟာ ရှောင်းကျန့်ရဲ့
ရည်စားဟောင်းတွေလိုပဲ ထားရစ် ခံ
ရပေလိမ့်မည်။

အရာအားလုံး ပျောက်ကွယ်သွားရင်
တောင် သူ့အချစ်တွေက လှလှပပ
ကျန်ရစ်နေခဲ့မည်ဆိုသည်ကိုတော့
ရိပေါ်ဟာ ရှောင်းကျန့် နားလည်
အောင် ဘယ်လိုများရှင်းပြရမလဲလေ။
.
.
.
•တွယ်တာ ခြင်းများ မမှားချင်သူ
အချစ်နဲ့ မကစားတတ်သူ•

မိုးသောက်ကောင်းကင်ကြီးက ပြာ
လွင်လွင်။

နွေဦးငှက်ကလေးတွေက ဟိုတစ်စ ဒီ
တစ်စ။

ရိပေါ်ရဲ့ ပေါင်လုံးလုံးလေးအပေါ်
ခေါင်းကို အုံးလို့ ရှောင်းကျန့်က
နေ့လည်ခင်း တမေ့တမော့ အိပ်
စက်တယ်။

ကျောင်းခေါင်းမိုး ထက်က Lunch Date လေးက နေရောင်ခြည်
နဲ့ ထပ်တူ နွေးနွေးထွေးထွေး။

တစ်ချက် တစ်ချက် အိပ်ငိုက်ရင်း
ဦးခေါင်း လေး ယိုင်ယိုင်ကျလာတဲ့
ရိပေါ်ကို ရှောင်းကျန့်က ငေးငေးရီရီ
နဲ့ ငေးတယ်။

မျက်ခုံးစွန်းက မဲ့နက်လေးကို ထိ
တွေ့ချင်တဲ့ လက်ဖျားတို့ ဟာ မဝံ့မရဲ။

~

"မိုးစက်တွေကို အားကြီး အားကြီး သဘောကျတယ်"

မိုးရေစက်တွေ အောက်က အနမ်း
တွေကတသိမ့်သိမ့် ရင်ခုန် ဖွယ်။

ရိပေါ်ဟာ မိုးဖွဲလေးတွေကို
နှစ်သက်သလို ရှောင်းကျန့် ဟာလည်း
မိုးရေတွေ ရွှဲစိုနေတဲ့ ရိပေါ် ရဲ့ ကိုယ်
လုံးသေးသေးလေးကို ရင်ခွင်ကြီးထဲ
ဖွက်ထားတတ်ပါတယ်။

မမှီတမှီ ခြေဖျားလေး ထောက်ကာ
အနမ်းခြေတတ်သူ ရိပေါ်ကို
ရှောင်းကျန့်က ပွေ့ကာ ယမ်းကာ
ဆွဲဆတ် ကြမ်းတမ်းမိလေတိုင်း
ရိပေါ်ဟာ မျက်ရည် လေးတွေဝဲတယ်။

စူးစူးနစ်နစ် စိုက်ကြည့်တတ်လေသူ
ရှောင်းကျန့်ဟာ ရိပေါ်မျက်ဝန်းထဲက
ပုလဲရောင် ကို မိုးတိမ်စ လေးတွေကို
အကြည့်ချင်းဆုံဖို့ရာ သူ ဟာ မဝံ့မရဲ။

~

ကြယ်တွေဟာ ည နက်နက်မှာ ပို
တန်ဖိုးမြင့်သတဲ့။

ရှောင်းကျန့်က ဤသို့ ဆိုတယ်။

ညနက်နက် ကျောင်းကွင်းပြင်ထက်
က မြက်ခင်းပြင် ကျယ်ကျယ်ထံ လှဲ
လျောင်း နေတဲ့ ရိပေါ်က ပြုံးလို့။

ငွေမင်ရောင် လရောင်ခြည်က ရိပေါ်
က အလှတိုးစေသလား။
ရှောင်းကျန့်ဟာ အကြည့်လွှဲဖို့ရာ မဝံ့မရဲ။

ထပ်လောင်းပြောရရင် ရိပေါ်ရဲ့
ဆံနွယ် စတွေကို ဖြတ်တိုက်သွားတဲ့ လေပြေညင်းတို့ကို တောင်
ရှောင်းကျန့်က မနာလိုပါတယ်။

"ရိပေါ်"

"ဟင်"

ဖြူလုံးလုံးလေးကို ဆွဲကာ မိမိ ခန္ဓာ
ကိုယ်အထက် ပွေ့တင်လိုက်တော့
Strawberry Mochi လေးက
အရှက်သည်းတယ်။

လည်တိုင် ဖြူ ဥဥကို နှုတ်ခမ်းနဲ့
အနီးဆုံးအနေအထားသို့ ဆွဲယူကာ
အနမ်းချွေတော့ ညည်းညူသံပိစိလေး
တွေက အစီအရီ။

ကြယ်တွေကို ရေတွက်ဖို့ရာ မေ့လျော့
တယ်။

အနမ်းတွေရဲ့ သိပ်သည်းဆ က
Galaxies တွေထက် နက်ရိုင်း
ပါလိမ့်မည်။

"အင်း ဟင့် ရှောင်းကျန့်"

အဆုံးသတ်မှာ-
အင်း ရိပေါ် ကတော့ ရှောင်းကျန့်
ရဲ့ ငွေမင်ရောင် အနားသတ်နဲ့
တစ်ဦးပိုင် ကြယ်ကလေး။
.
.
.
•ငါနာကျင်နေလည်း အချစ်တွေမပျယ်
ပျော်ရွှင်စရာ အချိန် နည်းလွန်းပေမယ့်
မငြိုမငြင် လူမသိ သူ မသိ
ဆက်ချစ်ဦးမယ် နှစ်ပေါင်းများစွာ•

"ငါတို့ ဆက်မတွေ့ဘဲ နေကြရ
အောင်"

ချန်ရစ်ခဲ့ သူက ချန်ရစ်ထားလေပြန်
တော့လည်း သူဟာ တစ်ယောက်ထဲ
ကျန်ရစ်ခဲ့ရတော့တာပါပဲ။

ဦးခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း
သူဟာ မျက်ရည်တွေကြားက လှိုက်
လှိုက်လှဲလှဲ ပြုံးမိပါတယ်။

"အင်း...ရှောင်းကျန့် သဘော"

လူ တစ်ယောက် ကို ဘယ်အတိုင်း
အတာ အထိ ချစ်နိုင်မလဲ?
ရင်တွေ ကွဲအက်သွားသည်အထိလား။
ကွဲအက်စရာ အပိုင်းအစ တို့ပင် လက်
ကျန်မရှိတော့သည်အထိလား။

~ကိုယ်တို့အဖေ က အမျိုးသမီး ငယ်
လေး တစ်ယောက် ကို အိမ်ပေါ် ခေါ်
တင်လာပြီ ဝမ်ရိပေါ်

ကိုယ်တို့အမေကလည်း ကောင်လေး
တစ်ယောက် နဲ့ ခပ်ရှုပ်ရှုပ်ရယ်

ရှောင်းကျန့်က မိသားစုကို တအား
ချစ်တဲ့ သူ

ဘယ်လို လုပ်မလဲ ဒီမိသားစု​ကြောင့်
သူ အချစ်ကို မယုံကြည်တော့ဘူး

မင်းက သူ့ အတွက် ပျော့ကွက်လို့
သူက မှတ်ယူနေပြီ

သူမင်းကို မချစ်နိုင်ဘူးတဲ့

ရှေ့ဆက်သွားရင် မင်းကိုပါ ထိခိုက်
လာမှာမလို့....~

Sean ရဲ့ ဂရုဏာလေသံ က သူ့
အတွက်တော့ နှစ်သိမ့်ရာ မဖြစ်ပါ။

သူဟာ ရှောင်းကျန့်ရဲ့ အားနည်းချက်
တဲ့လေ။

ရှောင်းကျန့် အနားက အမှုန်အမွှား
လေး မှန်သမျှကိုပင် ဖယ်ရှားပေးလိုသူ သူဟာ မိမိကိုယ်ကို ဖယ်ရှားပစ်
ရလိမ့်မည်မှ တစ်ခါမှ ပင် မတွေးခဲ့
ဖူး။

ကံကြမ္မာ ရယ် ကျီစယ် တတ်လိုက်
တာ။

ရှောင်းကျန့် မရှိတဲ့ နေ့ရက်တွေက
ပုံမှန်အတိုင်း လည်ပတ်ဖို့ရာ ခက်
ခဲလာတယ်။

သူတစ်ပြန် ကိုယ်တစ်ပြန် ရှောင်ဖယ်
ရင်း သူတို့ဟာ ဝေးကွာလာလိုက်တာ။

အကြိမ်ကြိမ် ခိုလှုံ ခဲ့ဖူးလေတဲ့
ရင်အုတ်ကျယ်ကျယ်က တစ်ပါးသူ
ကို ထွေးပွေ့ထားလေပြီ။

ရွှန်းရွှန်းစားစား မျက်ဝန်းတို့အစား
ကျောခိုင်းထားတဲ့ ကျောပြင် ကျယ်
ကျယ်က သာ အမြင်အာရုံ ထဲ တဝေ့
လည်လည်။

ရှောင်းကျန့်ဟာ ပြတ်သားရက်လိုက်
တာ။

"လွှတ်စမ်း..."

"အလှလေးက စိတ်ဆိုးတာတောင်
လှနေပါလားဟေ့"

နံရံထက် ဖိကပ်ခံထားရတဲ့ ခန္ဓာ ငယ်
က ပုံမှန် ထက်အားနည်းနေသည်
မှာ အမှန်။

ရှောင်းကျန့်ရဲ့ ရန်သူတော်တွေဟု
ခေါင်းစဉ် တပ်ခံထားရသူတွေ လက်
ထဲဝယ် ရိပေါ်က မလူးမလွန့်သာ။

"ရှောင်းကျန့်က ပစ်သွားလည်း ကိုယ်
တို့ ရှိပါသေးတယ် ကလေးလေးရဲ့"

မေးဖျားတစ် ဝိုက် ဖိကပ်လာတဲ့
နှာဖျားရဲ့ အထိအတွေ့ က ခပ်ကြမ်း
ကြမ်း။

တလိမ့်ချင်း စီးကျ လာတဲ့ မျက်ရည်
စတွေ အဆုံး သူက ရှောင်းကျန့်ကို
သာ တ မိပြန်တယ်။

သူဟာ အမှတ်သည်းချေ နည်းပါ
လွန်းပါတယ်။

"အဲ့တာ ဘာဖြစ်နေကြတာလဲ"

မရှေးမနှောင်း ထွက်ပေါ်လာတဲ့ အသံ
မှာ ဒေါသ ရိပ်တို့ လွှမ်းနေဟန်တူ
သည်။

သို့သော် ဘာအရေးလဲ ထိုသူဟာ
ရှောင်းကျန့်မှ မဟုတ်တာ။

"Sean..."

နှုတ်ခမ်းဖျား က Sean ကို မြည်
တမ်း မိတော့လည်း
ဝေ ဝါး နေတဲ့ မျက်ဝန်းတွေက
Sean ရဲ့ ပုခုံးကို ကျော်လို့
Sean ရဲ့ အနောက်မှာ ရပ်နေတဲ့
ရှောင်းကျန့် ထံ ဦးတည်တယ်။

မေးရိုးတွေ တင်းနေအောင် စေ့
ထားတဲ့ ရှောင်းကျန့် ဟာ လည်း
ဤ အခြေအနေကို နှစ်မြို့ဟန် မရှိ။

"သူ့ကို ခေါ်သွားလိုက် ကိုကို"

ယိုင်နဲ နေတဲ့ ခန္ဓာ ကိုယ်ဟာ
Sean ရဲ့ ရင်ခွင်ထဲ စွေ့ခနဲ။

ဟင့်အင်း သူ ဟာ ရှောင်းကျန့်ကိုသာ
အလို ရှိ တာမလို့။

"ရှောင်း...ကျန့်...ဟင့်"

ရှောင်းကျန့် ထဲ လက်ကလေး နှစ်
ဖက်ကမ်းကာ သူ့ကို ချီပိုးပေးတောင်း
ဆိုသော်ငြား ရှောင်းကျန့်ဟာ သူ့ကို
လှည့်မကြည့်ပါ။

"ဝမ်ရိပေါ် ကို ထိချင်တယ်ပေါ့

ဝမ်ရိပေါ်ကို ထိချင်တယ်ပေါ့ ဟုတ်
လား"

ရှောင်းကျန့်ဟာ စိတ်တွေ လွတ်ထွက်
သွားသည့်အလား တစ်ပါးသူ ကို
ရိုက်နှက် နေလိုက်တာ။

ဒီလိုတွေမလုပ်ပါနဲ့လား။
ငါ့အတွက်နဲ့ ကိုယ့်ကိုယ်ကို မထိခိုက် ပါ​စေနဲ့လား။

ငါ လောဘတွေ တက်မိလိမ့်မယ်
ရှောင်းကျန့်ရယ်။
.
.
.
•တစ်ခါတလေတော့လည်း
နာကျင်ခြင်း က ခေါ်ထိုက်ပါတယ်
အချစ်ဟုလည်း•

"ကျွတ်စ်"

မြူးကြွနေတဲ့ တေးသံတို့က ယခင်
ကလို သူ့အတွက် စိတ် ဖြေရာ မဖြစ်
စေတော့။

ရင်ခွင်ထဲက မိန်းမပျိုတို့ကလည်း
စွဲမက်ဖွယ် မရှိ။

အရာအားလုံး က အနှစ်သာရ မဲ့နေ
လိုက်တာ။

Club ရဲ့ VIP Seat တစ်နေရာ
မှာ ရှောင်းကျန့်က ဖရိုဖရဲ နဲ့ ပြိုလဲ
တယ်။

အမြင်အာရုံ ထဲမှာလည်း လက်ဖောင်း
ဖောင်းလေးတို့ ကသာ တဝဲလည်
လည်။

ရှောင်းကျန့် ဟူသည့် ခေါ်သံ တိုးတိုး
သဲ့သဲ့လေးက နားစည်ထဲမှာ ရာသက်
ပန်ခိုလှုံ ဖို့ ကြံရွယ်ထားလေသလား။

ဝမ်ရိပေါ် ဟာ စိတ်ပျက်ဖို့ကောင်း
လောက်အောင် ရစ်မူးဖွယ်ကောင်း
လိုက်တာ။

"ကျန့်က တို့ကို ခေါ်ပြီး ဒီအတိုင်း ပဲ
ကြည့်နေတော့မလို့လား"

အင်း...ပါးဖောင်းဖောင်းလေးကို မြင်
ရင် ရှောင်းကျန့်က ဥပုသ် မစောင့်
နိုင်ပါ။

နှာတံ တစ်ခုလုံး နစ်ဝင်သွားသည်အ
ထိ နမ်းရိုက်ပြီး ကြမ်းရမ်းပစ်ချင်
လာသည်။

ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးကို
မြင်ယောင်ရင်း အနားက ကောင်မ
လေးကို ဆွဲယူ ကိုက်ဖဲ့ပစ်တော့
ညည်း သံ တိုးတိုး နဲ့အတူ ရယ်သံ
လွင်လွင်လေး။

မဟုတ်တာ သူ လိုချင်တာ ဒီအရာ
တွေမှမဟုတ်တာ။

နှုတ်ခမ်း ဖူးငုံငုံလေးကို
သွေးချေဥမတတ် ကိုက်ဖဲ့ မိလေတိုင်း
အိခနဲ ငိုသွားတတ်သည့်ကောင်က
လေး။

သူ့အနမ်းတွေကို သဘောကျရင် ကျသလို မျက်ဝန်းတွေ မှိတ်ကျ သွား
သည်အထိ သွားသေး​သေးလေးတွေ
ပေါ်လာသည်အထိ ပါးဖောင်းလေး
တွေ မို့တက်လာသည်အထိ ကြိတ်
ရယ် တတ်တဲ့ ကောင်ကလေး။

သူမှ သူ ဖြစ်နေတတ်တဲ့ အဆိပ်မဲ့
ကောင်ကလေး။

ချစ်ခြင်း တရားတွေက မြတ်နိုးခြင်း
မှ အစပြုတယ်ဆို ရှောင်းကျန့်ဟာ
ဝမ်ရိပေါ် ကို မြင်မြင် ချင်း မြတ်နိုး
မိခဲ့သည် ထင်ပါရဲ့။

မထင်မှတ်ထားတဲ့ အချိန်တွေတိုင်းမှာ
မထင်မှတ်ထားသလို ပေါ်လာတတ်တဲ့
ခေါင်းလုံးလုံးလေး။

သူ့အကြည့်တွေကို ရှောင်လွှဲရင်း
ထွက်ထွက်ပြေးတတ်တဲ့ကြောင်ဖြူ
လေး။

ချစ်တယ် လို့ တဖွဖွမပြောတတ်
သော်ငြား သူ့နံဘေးမှာ အမြဲရှိ
နေပေးတတ်တဲ့ ပါးဖောင်းလေး။

သူဟာလည်း ရှောင်းကျန့်ကို မြတ်နိုး
ခဲ့သည်တိုင် ရှောင်းကျန့်ဟာလည်း
မပိုလျှင်တောင် မလျှော့ခဲ့ပါ။

သို့သော် ငြား ဝမ်ရိပေါ် ဟာ ရှောင်း
ကျန့် အတွက်တော့ ခရင်မ်နုနု လေး
တွေ အုပ်ထားတဲ့ နီတာရဲ မက်မွန်
သီးလေးဖြစ်သည့်တိုင် ဆူးလွှမ်းထား
သည့် နှင်းဆီပန်းရဲရဲလေးလည်း ဖြစ်
နေပြန်သည်။

နာကျင်မှု ဆိုသည့် ဆူးတွေကို
ရှောင်းကျန့်က အလွန်ကြောက်ပါ
သည်။

သွေးသားအရင်းကတောင် ဖောက်လွှဲ
ဖောက်ပြန်ဖြစ်နေတဲ့အခိုက် ရိပေါ်သာ
သူ့အပေါ် သစ္စာမဲ့သွားလျှင်...

အတွေးတွေထဲ နစ်မြှုပ် ဝင်သွားတဲ့
အခိုက် သူဟာ ရိပေါ်ကိုရော သူကိုယ်
တိုင်ကိုယ်၌ ကိုယ်ပါ မနာကျင်စေဖို့
လမ်း ကို မရွေးချယ် တတ်တော့
ဘူး ထင်ပါရဲ့။

"ရိပေါ် နေသာ သလို နေနော်"

အတွေး တွေကို ရှင်းထုတ်ပစ်ဖို့
နံဘေး က ကောင်မလေးကို ဆွဲ
လှဲကာ နမ်းဟန် ပြုတော့ နှာခေါင်း
ဝ ထံ လွှင့်ပျံ့လာသည့် သူ ရင်းနှီး
နေတဲ့ ရေမွှေးနံ့ လေး။

သူနားကြားမှားသည်မဟုတ် Sean
က အမှန်ပင် ဝမ်ရိပေါ် ဆိုသည့်
နာမည်ကို တတွတ်တွတ်ရေ ရွတ်
နေခြင်းသာ။

မယုံကြည် ခြင်း များစွာနဲ့ ဦး
ခေါင်းကို မော့ကြည့်တော့ သူ့ရှေ့
တည့်တည့် မှာ ထိုင်နေတဲ့ Sean။

ပြီးတော့ Sean ရင်ခွင် ထဲက
ဝမ်ရိပေါ်။

"ကိုကို!!!"

ဟိန်းထွက်သွားသည့် သူ့အသံကြောင့်
အလိုက်တသိ ထွက်ခွာ သွားတဲ့
ကောင်မလေး တွေ။

အခုတော့ ဒီ အခန်းထဲမှာ သူရယ်
ဝမ်ရိပေါ် ရယ် Sean ရယ်သာ။

"ညီက မလိုချင်တော့ဘူးဆို
ကိုကို က ဒီကောင်လေး ကို သ
ဘောကျတယ် အဲ့တာကြောင့်..."

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်
ထားမိတယ် ၊ ဒေါသ ကြောင့်
လောင်မြိုက်နေတဲ့ နှလုံးအိမ်က ပူ
လောင်လို့။

"ချစ်တယ် ဝမ်ရိပေါ်"

Sean ရဲ့ အသံက ခပ်တိုးတိုး။

ဝမ်ရိပေါ်ရဲ့ ပါး တစ်လျှောက် ဖြတ်
သန်းသွားဖို့ ကြံရွယ်နေတဲ့ အနမ်း
ခြေရာ တို့ က တစ်စ ချင်း တစ်စ
ချင်း။

ရှောင်းကျန့် က ဒီမြင်ကွင်းကို မျက်နှာ
လွှဲ ဖို့ ရာ မစွမ်းနိုင်။

"ဟင့်အင်း...ဟင့်အင်း Sean
ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး

ရှောင်းကျန့် မချစ်ရင် နေပါ

နေပါစေတော့ Sean

ကျွန်တော် ကျွန်တော်..."

တုန်ရီ လှိုက်ဖို နေတဲ့ ရိပေါ်က
Sean ရင်ခွင်ထဲ က နေ အလူးအလဲ ရုန်းကာ ထတယ်။

Sean ကတော့ ရှောင်းကျန့် ထံသို့
အကြည့်စူးစူး ပို့ကာ မင်းတွေ့ပြီလား
ဆိုသည့် သဘောနဲ့ မျက်ခုံး ကို အသာ တွန့်ပြ သည်။

အခြေအနေကို နားလည် သဘော
ပေါက် သွားသည့် ရှောင်းကျန့်က
ရိပေါ်ကို ဆွဲ ယူကာ ရင်ခွင် ထဲ
ဆွဲ သွင်းဖို့ ကြံတော့ ရိပေါ်က
ဆတ်ခနဲ ရုန်းပြန်သည်။

လက်ကလေး ကို စုလိုက် ဖြန့်လိုက်
လုပ်ကာ တုန်ယင်နေဆဲ ဖြစ်တဲ့ ရိပေါ်
က တစ်ခုခုကိုပြောလို သော်ငြား
မပြောဝံ့သည့်ဟန်။

ရှောင်းကျန့် ဟာ ဒီမြင်ကွင်းကို မြင်
လေတော့ ရင်တွေ ကွဲကြေရပါသည်။

သူဟာ ဒီကလေးငယ် အပေါ် အမှား
အကြီးကြီး လုပ်မိခဲ့ပြီမဟုတ်လား။

"အထီးအကျန်ဆုံးအချိန်တွေမှာလည်း
ရှိနေပေးမှာ

အနာကျင်ရဆုံး ဆိုတဲ့ အခြေအနေ
တွေမှာလည်း ရှိ​နေပေးမှာ

ဟင့်အင်း ရှောင်းကျန့် နာကျင်နေ
တယ်ဆိုရင် ငါက ပိုတောင်
ချစ်ပေးဦးမှာ

မပစ်သွားဘူး...တကယ်

ဘယ်ကို မှ မသွားနိုင်ဘူး

ရှောင်းကျန့်က တကယ် မမြင်ဘူးပဲ
ငါ က... ငါ က

ရှောင်းကျန့်ရဲ့ အရာရာတိုင်းကို
သဘောကျတာ

အရာအားလုံး ကိုပေးဆပ်ပြီး ချစ်ရဲ
တယ်ဆို တာ အပိုပြောတာ မဟုတ်
ဘူး ရှောင်းကျန့်ရဲ့

အီး...ဟီး..."

ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချကာ ငိုချင်းချ လေသူကို ရှောင်းကျန့်
က အနူးညံ့ဆုံး အထိအတွေ့နဲ့
ထွေးပွေ့ ထားမိတယ်။

အနမ်းနုနုတို့က ပါးဖောင်းလေး ဆီကို
အလု အယက် စီးဆင်း စေဆဲ။

ဝမ်ရိပေါ်ကသာ နာကျင်မှု လေး ဆို
ရင် ရှောင်းကျန့် ဟာလည်း ရူးရူးမိုက်
မိုက် ဖက်တွယ်သွားဖို့ သတ္တိ တွေ
ရှိလာပြီ ထင်ပါရဲ့။

ဝမ်ရိပေါ်ဟာ ချစ်ခြင်း တရားတွေနဲ့
ထိုက်တန် တဲ့ကလေးငယ်လေး
မလို့ရယ်ပါ။

"ငါကလည်း ဝမ်ရိပေါ်ကို ရူး
လောက်အောင် ချစ်ပါတယ်"

ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့
ခေါင်းလုံး​လေးကို တဖွဖွ နမ်းမိဆဲ။

မိမိကိုဖမ်းဆုပ်လာတဲ့ လက်သေး
သေးလေးတွေကို လွတ်ဖို့ရာ မဝံ့ရဲ
တော့။

မျက်ရည်ဥ တွေ ဝေ့ဝဲနေတဲ့ သမုဒ္ဒရာ
မျက်ဝန်း နက်နက်ထဲ ရှောင်းကျန့်
ဟာလည်း အရူးမိုက်ဆုံး စီးဝင် ပျော်
ဝင်သွားပြီခဲ့ပြီ။

အင်း သေချာပါတယ် သူဟာ
ဝမ်ရိပေါ်ကို လက်မလွှတ်နိုင်တော့
ဘူးဆိုတာ။

•ကျွန်တော့အပေါ်တိုက်မယ့်
လေပြေညင်းတွေ သူ့အပေါ်ပိုပြီး
တိုက်ပါစေ

သူ့အပေါ် ကျမယ့် နေပူဒဏ်တွေ
ကျွန်တော့အပေါ် ပိုပြီးကျပါစေ

ကြမ်းတဲ့လမ်းကို ကျွန်တော့
အတွက်ထား
လမ်းကောင်းပေါ် သူလျှောက်ပါစေ

ပျော်ရွှင်ခြင်း တွေ မင်းယူသွား
ဝမ်းနည်းစရာဆို ငါ့ကိုပေး•
.
.
.
•ရင်မှာ လူမသိသူမသိ ချစ်ခဲ့ရတဲ့
လပေါင်းများစွာ•

စီးကရက် အငွေ့တွေကို အဆုတ်ထဲက ရိုက်ကာ ထုတ်တယ်။

နာကျင်မှု တွေသာ ဤအငွေ့တွေနဲ့
အတူ သတင်္ဂလောက် မျောပါသွား
ရင် ခံစားချက်တွေဟာ အနည်းငယ်
လောက်တော့ ပေါ့ပါးသွားလေမလား။

ရင်ခွင်ထဲ မှာ ကျန်ရစ် ခဲ့တဲ့ ကိုယ်
သင်းနံ့လေးကို Sean က မျက်ဝန်း
ကို စုံမှိတ်ကာ ရူးရူးမူးမူး ခံစားကြည့်
တယ်။

မင်းကို ချစ်တယ် လို့ ပြောခဲ့တာက
ဟန်ဆောင်တာ မဟုတ်ရပါဘူး
ဝမ်ရိပေါ်ရယ်။

မင်း မသိလည်း ဖြစ်တာမလို့။

ညီ မသိလည်း ဖြစ်တာမလို့။

ကိုယ်ပဲ နာကျင်ခံစားလိုက်ရလည်း
ဖြစ်တာမလို့။

သမုဒ္ဒရာ မျက်ဝန်းအိမ်မှာ ကိုယ်ဟာ
နစ်ဝင် စီးမြောခဲ့မိသူမို့။

မင်းဟာ ငယ်သူမို့ မသိတတ်ခဲ့ပါ
ချစ်သော ဝမ်။
.
.
.
(ပြီးပါပြီ ❤)

ဒီ One Shot လေးက CRPH
Donation မှာ ပါဝင်ပေးတဲ့ Jie Jie YoonAung2 အတွက် Ki ရဲ့ လက်ဆောင် လေးပါ။

Jie အတွက် ပြောမပြတတ်အောင်
ဂုဏ်ယူ မိပါတယ် Jieရေ❤








Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
986K 76.4K 26
တစ်ချိန်က အချိုးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် Ex အစုတ်ပလုတ်လေးဟာလည်း ကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...
195K 15.5K 46
အပျင်းထူအဆဲသန် ပန်းချီဆရာလေးရှောင်းကျန့်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားပါတော့တယ် ရှောင်းကျန့်ဟာ လူ့ဘဝမှာသက်တမ်းစေ့မနေရသေးတဲ့အတွက် အခွင့်အရ...