လရောင်လွှမ်းသောအနမ်း [Complete]
Da Cutie_KmJz
59.5K 8.8K 534
Jeon Jungkook &Park Jimin 🐰🐣Kookmin story📖 Story by Cutie_KmYz🐼 Start - 12.11.2020 End - 28.4.2021 Altro
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
ဇာတ်သိမ်းပိုင်း
3K 325 20
Da Cutie_KmJz
[Zawgyi ]
"ဂျောင်ကု ! "
"ကိုကို .."
"အွန့် .."
"ကိုကို !"
"ဟမ် ? "
"....."
"ဒါပေါ့ ကိုကိုရဲ့"
"အဟင့်"
ဂျောင်ကုက ပြုံးတယ်။
"ဂျောင်ကု "
"ဟင်"
"အရှင်ရော"
"......"
"......"
"....."
"ဂျောင်ကု .! "
-------------------------------------------------------
"...."
"သိတယ် ! "
"......"
-------------------------------------------------------
"ဟယ်..ယုန်လေးတွေ ! "
"မသိဘူး"
"ဟာ ကိုကို !! "
"ဘာလဲ"
ပြောပြီးထပ်နမ်းတယ် ။
"ကိုကို ! !! !!"
==========The End ==========
Cutie KmYz ✿
_____________________________________
[Unicode ]
ခပ်သွက်သွက်လျှောက်လာတဲ့ ခြေလှမ်းတွေကအဆောင်တော်ထဲရောက်တော့ စိတ်လှုပ်ရှားမှုနဲ့အတူ ရပ်တန့်သွားတယ်။
"ဂျောင်ကု ! "
"ကိုကို .."
ဂျောင်ကုက ဂျီမင်းကို အားရပါးရပြေးဖက်လိုက်တယ် ။ ဂျီမင်းကလည်း ကောင်လေးကိုပြန်ဖက်ထားပါတယ် ။
"ကိုကို ! မင်းပြန်လာတယ်နော် မင်းငါ့ဆီပြန်လာတယ်နော်"
"ကိုကို တောင်းပန်ပါတယ် ဂျောင်ကု ! ကိုကိုမင်းကိုမမုန်းခဲ့ပါဘူး"
စိုစွတ်လာတဲ့ ပုခုံးကြောင့် ဂျောင်ကု ဂျီမင်းကိုဖက်ထားရာကခွာလိုက်တယ် ။ မျက်ရည်တွေကျလို့ ငိုနေတဲ့ဂျီမင်းကြောင့် ဂျောင်ကုက ပြာယာခက်လေပြီ ။
"မငိုပါနဲ့ ကိုကိုရယ် ကိုကို့အမှားမဟုတ်ပါဘူး"
"မင်း ဘယ်တွေရောက်နေခဲ့တာလဲ ဂျောင်ကုရဲ့"
ကိုကိုကပြောရင်း အော်ငိုလေတော့ ဂျောင်ကုမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ။ပိုလို့ငိုလာတဲ့ ကိုကိုကြောင့် ဂျောင်ကုကြံရာမရတဲ့အဆုံး ကိုကို့နှုတ်ခမ်းလေးကိုပိတ်နမ်းလိုက်တယ် ။
"အွန့် .."
အသံတိတ်သွားတဲ့ ကိုကိုက ဂျောင်ကုရဲ့အနမ်းထဲက ရုန်းမထွက်နိုင်ဘူး ။ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာတဲ့ ဂျောင်ကုရဲ့လျှာဖျားကြောင့် ကိုကိုက ဒူးတွေတောင်ပျော့ခွေလာတယ် ။ လဲကျတော့မယ့်ကိုကို့ကို ဂျောင်ကုက ခါးကနေလှမ်းထိန်းထားလိုက်တယ် ။
ဂျောင်ကု လွှတ်ပေးလိုက်တော့ ကိုကိုက သူ့ရင်ခွင်ထဲမှာပြိုလဲလို့ အသက်ကိုလုရှူနေတယ် ။ ကိုကိုရဲ့အသွေးအသားနဲ့ဝေးကွာခဲ့တာလည်းကြာပြီမို့ ဂျောင်ကုက စိတ်ကိုမနည်းထိန်းနေရတယ်။ လွှတ်ချလိုက်ရင် ဂျောင်ကုကြောင့် ကိုကိုတော့တစ်စစီဖြစ်သွားမှာ ။
"ကိုကို !"
"မင်းဘယ်တွေရောက်နေတာလဲ ဂျောင်ကု"
ကိုကိုက သူ့ကိုမော့ကြည့်ပြီးမေးလာတာမို့ ဂျောင်ကုသက်ပြင်းတစ်ချက်ချလိုက်တယ် ။
"ကျွန်တော် သာမာန်လူဖြစ်သွားပြီ ကိုကို!"
"ဟမ် ? "
"ဟုတ်တယ် ကျွန်တော်ကျိန်စာကိုပယ်ဖြတ်နိုင်သွားပြီ"
"....."
ကိုကိုက မျက်လုံးလေးတွေပြူးလို့နားမလည်တဲ့ ပုံလေးဖြစ်လို့နေတယ် ။ ဂျောင်ကု တစ်ချက်ပြုံးပြီး အစကနေအဆုံးထိပြောပြလိုက်တော့တယ် ။
"ဒါဆို .. ဒါဆို .. မင်း လပြည့်ညတိုင်းသွေးသောက်စရာမလိုတော့ဘူးပေါ့နော်"
"ဒါပေါ့ ကိုကိုရဲ့"
"အဟင့်"
ရုတ်တရက် ကိုကိုက ထငိုပြီး ဂျောင်ကုကိုဖက်ထားတယ် ။ ဂျောင်ကုလည်း အံ့သြသွားပေမယ့် ပြန်ဖက်ထားလိုက်ပါတယ် ။
"ဝမ်းသာလိုက်တာဂျောင်ကုရယ် ၊ ကိုကိုကမင်းအတွက်ဝမ်းသာတယ် "
ကိုကို့စကားကြောင့် ဂျောင်ကုက ကိုကို့ကိုပိုလို့တိုးဖက်လိုက်တယ် ။
"အင်း .. နောက်ဆို ကျွန်တော်ကြောင့် ကိုကို ဒုက္ခရောက်စရာမလိုတော့ဘူး ၊ ကျွန်တော်တို့သာမာန်လူတွေလိုဖြတ်သန်းသွားလို့ရပြီ"
ဂျောင်ကုစကားကြောင့် ဂျီမင်း ဖက်ထားရာကနေခွာလိုက်တယ် ။
"တောင်းပန်ပါတယ် ဂျောင်ကု ! အဲ့တုန်းကပြောတဲ့စကားတွေက တကယ်မဟုတ်ပါဘူး ၊ မင်းကျိန်စာကိုမဖျက်နိုင်လည်း ကိုကိုမင်းကိုအပြစ်မတင်ပါဘူး ၊ ကိုကိုမင်းကို ချစ်ပါတယ် ဂျောင်ကု "
ဂျောင်ကုက ပြုံးတယ်။
"တောင်းပန်စရာမလိုပါဘူး ကိုကိုရဲ့ ၊ ဘာပဲဖြစ်ဖြစ် အခုဆို အားလုံးအဆင်ပြေသွားပြီ ၊ ကျွန်တော်ကလည်း သာမာန်လူဖြစ်သွားပြီ ၊ ပြီးတော့ ကျွန်တော့်မှာအာဏာလည်းရှိပြီ ကိုကို့ကို ဘယ်သူကမှလုမယူနိုင်အောင်လည်းကာကွယ်နိုင်သွားပြီ"
ဂျောင်ကုစကားကြောင့် ဂျီမင်းရုတ်တရက်သတိရမိသွားတာ ဂျောင်ဆူ !
"ဂျောင်ကု "
"ဟင်"
"အရှင်ရော"
ဂျောင်ကုမျက်နှာက ကွက်ခနဲပျက်သွားတယ် ။
"ကိုကိုကဘာလို့မေးတာလဲ"
"ဂျောင်ကု .. အရှင်ကမင်းအစ်ကိုတော်ပဲမဟုတ်လား"
"ဟက် ! အစ်ကိုတော်မို့လို့ ဒီလောက်ထိ သက်ညှာပေးထားတာလေ ၊ ကျွန်တော်သူ့ကိုမသတ်ပါဘူး ၊ တစ်သက်လုံး ကိုယ့်အပြစ်ကိုယ်ဆင်ခြင်နိုင်အောင် မြေအောက်ခန်းထဲမှာပဲချုပ်ထားမှာ"
ဂျောင်ကုမျက်နှာက တကယ်ကိုခက်ထန်နေတယ် ။ သူ အစ်ကို့တော်ကို မမုန်းဘူးဆိုပေမယ့် သူပိုင်ဆိုင်တဲ့အရာကို အတင်းလုယူခဲ့တဲ့အတွက် အဲ့လောက်တော့လုပ်သင့်တယ်မလား ။
ဂျီမင်း ကောင်လေးလက်ကို ဆုပ်ကိုင်လိုက်တယ် ။ ကောင်လေးကသူ့ကြောင့်နဲ့သူ့အစ်ကိုတော်ကိုဒီလိုလုပ်တာ သူအပြစ်မကင်းသလိုခံစားရတယ် ။ ပြီးတော့ ကောင်လေးက အခုလိုမျိုးရက်စက်တဲ့လူမှမဟုတ်တာ။ဂျောင်ကုဆိုတဲ့ကောင်လေးက သူပြောသမျှနားထောင်တဲ့လိမ်မာတဲ့ကောင်းလေးပဲမဟုတ်လား ။
"ဂျောင်ကု ! ကိုကိုပြောတာနားထောင် ၊ မင်းစောစောကပြောတဲ့ထဲမှာ မင်းအစ်ကိုကိုတောင်မသတ်ဘဲ တစ်ခြားနည်းလမ်းနဲ့ ကျန်စာကိုယ်ဖျက်စေခဲ့တာပဲမဟုတ်လား ၊ အဲ့တာ မင်းအစ်ကိုတော်ကို မင်းချစ်လို့ပဲပေါ့ ၊ မင်းအစ်ကိုတော်ကို မင်းမရက်စက်ချင်ပါဘူး "
ကိုကို့စကားကြောင့် ဂျောင်ကုက ကြည့်တယ် ။ ကောင်လေးအခြေအနေကနူးညံ့သွားတာကြောင့် ဂျီမင်းက ပြောလက်စစကားကိုဆက်ပြောတယ် ။
"ပြီးတော့ မင်းကအခု ဂျွန်နိုင်ငံရဲ့အရှင်သခင်ဖြစ်သွားပြီ ၊ နောက်ဆို တိုင်းပြည်ရဲ့သဘောတရားအရ နန်းဆက်ဆိုတာလိုအပ်လာမှာ ဂျောင်ကု ! ကိုကိုက မင်းအတွက် ကလေးမမွေးပေးနိုင်ဘူး ၊ အဲ့အတွက် မင်းတစ်ခြားမိန်းကလေးတွေကိုလက်ထပ်ရမှာ ၊ ပြီးတော့ အဲ့ဒီမိန်းကလေးတွေနဲ့တူတူနေရမှာ ၊ ကလေးတွေရလာရင် မင်း ကိုကို့ကိုမေ့သွားမှာ"
ဂျောင်ကုဟာကိုကို့စကားကြောင့် အလွန်ကို တုန်လှုပ်သွားတယ် ။ သူ အဲ့ဒီအကြောင်းအရာတွေကို တစ်ခါမှမတွေးဖူးဘူး။ ပြီးတော့ သူကကိုကို့ကိုဘာကိစ္စမေ့ရမှာလဲ ။ ဘာကိစ္စမို့ ကိုကို့ကိုပြစ်ပြီး တစ်ခြားမိန်းမတစ်ယောက်နဲ့တူတူနေရမှာလဲ ။ လုံးဝပဲ ။ သူ့ဘဝမှာ တကယ်ကို ကိုကိုတစ်ယောက်ထဲလိုအပ်တာ ။
"ကိုကို ! မဟုတ်ဘူး ကျွန်တော်ကိုကို့ကို မမေ့ဘူး ၊ တစ်ခြားသူနဲ့လဲ လက်မထပ်ဘူး"
"ဒါက မင်းဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး ဂျောင်ကု ! တိုင်းပြည်ရဲ့ အရှင်သခင်ဆိုတာ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကိုလိုက်လျောပေးရတာ ၊ မင်းလက်မထပ်ချင်လည်း လက်ထပ်ရမှာပဲ "
"......"
"ကိုကို အဲ့တာတွေကိုမုန်းတယ် ဂျောင်ကု ! နန်းတွင်းဆိုတာကြီးကိုလည်း ကိုကိုတအားမုန်းတယ် ၊ ကိုကိုဖြစ်စေချင်တာ အရင်ကလို မင်းနဲ့နှစ်ယောက်ထဲ တောရွာလေးထဲမှာပဲ အေးအေးချမ်းချမ်းဖြတ်သန်းချင်တယ် ၊ အခုလိုမျိုး နန်းတွင်းအရှုပ်ထဲမှာ မဟုတ်ဘူးဂျောင်ကု !"
"......"
"မင်းကိုကို့ကို ချစ်တယ်ဆို .. မင်း ဒီထီးနန်းကို မင်းအစ်ကိုတော်ကိုပြန်ပေးလိုက်ပါ ၊ ကိုကိုနဲ့အတူတူ အရင်လို ယောင်းချင်းတို့ရွာလေးမှာပဲသွားနေကြမယ်လေနော်"
"ဒါပေမယ့် .. ဒါပေမယ့် ကျွန်တော်သာ အာဏာမရှိတော့ရင် အစ်ကိုသာမင်းကြီးပြန်ဖြစ်သွားရင် ကိုကို့ကို နောက်ထပ်ကျွန်တော့်ဆီက လုယူသွားရင်ဘယ်လိုလုပ်မလဲ ၊ ဟင့်အင်း နောက်တစ်ခါဆိုရင်တော့ ကျွန်တော်ရူးသွားမှာကိုကိုရဲ့"
ဂျီမင်း ကောင်လေးကိုလည်းနားလည်ပါတယ် ။ ကောင်လေးစိတ်ထဲမှာ သူ့ကိုဆုံးရှုံးသွားရင်ဆိုတဲ့ အကြောက်တရားကြီးကရှိနေတာမလား ။
"ကိုကို ကတိပေးတယ်လေ .. အရှင်က နောက်ထပ် မင်းဆီကနေ ကိုကို့ကိုလုမယူစေရဘူး ၊ ပြီးတော့ လုယူခဲ့ရင်တောင် မင်းမှာ ဂူချန် ရှိတာပဲမလား ၊ ခဏလေးအတွင်းမှာ မင်း အရှင့်ကိုအနိုင်ယူနိုင်ပါတယ်"
"....."
"ကိုကိုပြောတာနားထောင်ပါ ဂျောင်ကုရယ် ၊ ထီးနန်းကို ပြန်ပေးလိုက်ပါနော်"
ဂျောင်ကုက ကိုကို့အနားကနေ ထွက်သွားပြီး ပြတင်းပေါက်နားမှာသွားရပ်တယ် ။ ဂျီမင်းလည်း ကောင်လေးနောက်ကိုလိုက်သွားတယ် ။
"ဂျောင်ကု .! "
"နောက်တစ်ခါ အစ်ကိုတော်က ကျွန်တော့်ဆီက ကိုကို့ကိုလုယူသွားရင်တော့ ကျွန်တော်အစ်ကိုတော့်ကိုသက်ညှာပေးမှာမဟုတ်တော့ဘူးနော် "
"အင်း မင်းသဘောအတိုင်းပါပဲ ဂျောင်ကု"
-------------------------------------------------------
မှောင်မဲနေတဲ့ မြေအောက်အချုပ်ခန်းထဲ အလင်းရောင်တစ်ခုက ဝင်ရောက်လာတယ်။ ကြမ်းပြင်ပေါ်လှဲအိပ်နေတဲ့ ဂျောင်ဆူက အလင်းရောင်ကြောင့် မျက်လုံးစူးပြီးနိုးလာခဲ့တယ် ။ အလင်းတန်းကြားထဲက ပုံရိပ်တစ်ခုကိုတွေ့တဲ့အခါမှာတော့ အနားပေးထားတဲ့ နှလုံးသားက တစ်ဖန်အသက်ဝင်လာတယ် ။ သူဟာလည်း ချစ်ရသူတစ်ယောက်ပဲမဟုတ်ပါလား ။
"ဂျီမင်း ! ဟက် .. ဘာလဲ ကိုယ့်ရဲ့ကျရှုံးနေတဲ့ပုံကို ကြည့်ပြီး လှောင်ရယ်ချင်လို့လာတာလား"
ဂျီမင်း သက်ပြင်းတစ်ချက်ချလိုက်တယ်။
"အရှင် .. ကျွန်တော် ခင်ဗျားကို နောက်ဆုံးအခွင့်အရေးပေးမယ် ၊ ခင်ဗျားသာ ကျွန်တော်နဲ့ ဂျောင်ကုဘဝကိုနောက်ထပ် မနှောက်ယှက်တော့ဘူးဆိုရင် ခင်ဗျားထီးနန်းလည်း ခင်ဗျားလက်ထဲပြန်ရောက်စေရမယ်"
"ဟက် ! ထီးနန်း ? ငါက အဲ့တာကို မက်မောတယ်ထင်နေလား ဂျီမင်း"
"...."
"ငါ့ဘဝမှလည်းမင်းကိုပဲလိုအပ်တာ ဂျီမင်းရဲ့ ၊ ဂျောင်ကုမင်းကိုလိုအပ်သလို ငါလည်း မင်းကိုလိုအပ်တယ် ၊ မင်းမေ့နေတာလား ဂျောင်ကုနဲ့ငါနဲ့က အမွှာတွေလေ"
ထိုစကားကြောင့် ဂျီမင်းအကြပ်ရိုက်ပါတယ် ။ သူနားလည်ပါတယ် ဂျောင်ဆူက ဆိုးသွမ်းနေတဲ့သူမဟုတ်ဘူး ။ လိုချင်တဲ့အရာကို အတင်းသိမ်းပိုက်တာကလွဲရင် ဂျောင်ဆူက ယုတ်မာတဲ့သူမဟုတ်ဘူး ။ ပြီးတော့ သူသိပါတယ် ဂျောင်ဆူလည်းသူ့ကိုအရမ်းချစ်တယ်ဆိုတာ။ ဒါပေမယ့် သူကမှပြန်မချစ်ပေးနိုင်တာ ။
"တောင်းပန်ပါတယ် အရှင် ! ခင်ဗျားလည်းသိတာပဲ ကျွန်တော် ဂျောင်ကုကလွဲရင် ဘယ်သူ့ကိုမှ ..."
"သိတယ် ! "
"......"
"သိတာမို့လို့ ထပ်မပြောပါနဲ့တော့ ဂျီမင်း .. ထပ်မပြောပါနဲ့တော့ "
ဂျောင်ဆူရဲ့အသံဟာ အက်ကွဲပြီး ယူကြုံးမရမှုတွေအပြည့်ပဲ ။ ဘဝမှာ ကိုယ်ချစ်ရတဲ့သူက တစ်ခြားတစ်ယောက်ကိုချစ်တယ်လို့ပြောတာကို ကြားရတာက ဘယ်လောက်ထိတောင်ခံရခက်လိုက်သလဲ ။ ပြီးတော့ အဲ့ဒီတစ်ခြားတစ်ယောက်ကလည်း ကိုယ်နဲ့ မကွာခြားတဲ့လူတစ်ယောက်တဲ့ ။
သူ့အကြောင်းကို ဘယ်သူကမှမသိပါဘူး ။ ညီတော်ဟာ ဘယ်သူမှမသိတဲ့ အဆောင်ထဲမှာ ပိတ်ခံထားရတယ်ဆိုရင် သူကလည်း မွန်းကြပ်ပြီး ရှုပ်ထွေးလွန်းတဲ့ နန်းတွင်းထဲမှာ ပိတ်လှောင်ခံထားရတာပါပဲ ။ ငယ်ငယ်ထဲက သူဝါသနာပါတဲ့ စာပေနဲ့အနုပညာကို လက်လွှတ်ပြီး ထီးနန်းဆိုတဲ့သဘောတရားတွေကိုပဲသင်ယူခဲ့ရတယ် ။ လိုချင်တာမှန်သမျှရနေတယ်လို့ ထင်ရတဲ့ သူ့ဘဝမှာ ရခဲ့တာတွေက သူလိုချင်တာတစ်ခုမှမပါခဲ့ဘူး ။ ပျော်ရွှင်နေတယ်လို့ထင်ခဲ့ရင် မှားတာပေါ့ ။ ညီတော်ကမှ သူ့ဘဝနဲ့သူ ဂျီမင်းဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့လူသားရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့သေးတယ် ။ တွေ့တဲ့အချိန်ခြင်းကသိပ်မကွာပေမယ့် ကံကောင်းသူဟာ သူ့ရဲ့ညီတော်ဂျောင်ကုပါပဲ။ တကယ်တော့ ညီတော်က အရင်ထဲက သူ့ထက်ကံကောင်းခဲ့တဲ့လူပါပဲ ။
"မင်း လိုချင်တာ ငါသိပါပြီ ဂျီမင်း ! မင်းကမှပြန်မချစ်နိုင်ဘဲ ငါက ဘာလုပ်နိုင်ဦးမှာလဲ ၊ ဂျောင်ကုကိုသတ်ပစ်ဖို့ကြတော့လည်း ဟက် ! သူက ငါ့ညီတော်ဖြစ်နေတယ်လေ"
"ဂျောင်ကုကလည်း ခင်ဗျားကိုချစ်ပါတယ် အရှင် ! ခင်ဗျားညီတော်က အခုဆို သာမာန်လူဖြစ်သွားပြီ ၊ ကျိန်စာဖျက်လို့ရတဲ့နည်းလမ်းနှစ်ခုထဲကမှ ခင်ဗျားကိုမထိခိုက်စေမယ့်နည်းလမ်းကိုရွေးခဲ့တာ ၊ ဂျောင်ကုက ခင်ဗျားအပေါ်ကောင်းသလို ခင်ဗျားလည်း ဒီတစ်ခါ ကောင်းပေးလိုက်ပါ အရှင်"
ဂျီမင်းစကားကြောင့် ဂျောင်ဆူဟာ ခပ်နွမ်းနွမ်းလေးပြုံးပါတယ် ။ ဟုတ်သားပဲ ၊ သူတို့မှ မသိကြတာ ၊ သူ ညီတော့်ကို အမြဲတမ်း ကာကွယ်ပေးခဲ့တယ်ဆိုတာကို ၊ မှူးမတ်တွေ ဂျောင်ကု့အကြောင်းသိမှာစိုးလို့ သူဖုံးကွယ်ပေးခဲ့တာတွေ ၊ ငယ်ငယ်ထဲက အခုထိ သူဟာ သူ့ညီတော်အတွက် အသင့်ရှိခဲ့တဲ့ လူပါ ။ လိုချင်တပ်မက်မိတဲ့အရာတစ်ခုကြောင့်သာ အမှားတွေကျူးလွန်ခဲ့တာ ။ သူတကယ် သူ့ညီကို မနာလိုပါဘူး ။ ဘယ်သူကမှနားမလည်တဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝမှာ .. ဂျောင်ကုအတွက်က သူ့ကိုနားလည်ပေးနိုင်တဲ့ ဂျီမင်းရှိသေးတယ် ။ ဒါပေမယ့် ဂျောင်ဆူ့အတွက်ကတော့ .. ဘယ်သူမှ..ဘယ်သူမှ မရှိခဲ့ပါဘူး ။
"မနက်ဖြန်ဆို ကျွန်တော်နဲ့ ဂျောင်ကုနဲ့ ဂျွန်နိုင်ငံထဲက ထွက်သွားပြီး အရင်နေခဲ့တဲ့ ရွာမှာပဲနေသွားတော့မှာပါ ၊ ထီးနန်းကိုလည်း ခင်ဗျားလက်ထဲပြန်အပ်ခဲ့ပါမယ် ၊ ဒါပေမယ့် ခင်ဗျားကတိပေးပါ ၊ နောက်ထပ် ကျွန်တော်တို့ဘဝတွေကို ထပ်မနှောက်ယှက်ပါနဲ့တော့"
"မင်းသဘောအတိုင်းပါပဲ ဂျီမင်း"
ဂျောင်ဆူဟာ ဂျီမင်းမျက်နှာကိုတောင်မကည့်တော့ဘူး။ ပြီးသွားပြီ ။ သူ့ဘဝလည်း ဒီအရှုပ်တွေကြားထဲမှာပဲကုန်ဆုံးသွားတော့မှာ ။ ဂျောင်ကုကို သူတကယ်အားကျပါတယ် ။
"ခင်ဗျားကိုပျော်ရွှင်စေမယ့်လူ ရှိလာမှာပါ အရှင် ! "
ဒါက ဂျီမင်းရဲ့ နောက်ဆုံးစကားပါပဲ ။ အဲ့နောက်မှာတော့ ဂျီမင်းက သူ့ကိုကျောခိုင်းသွားခဲ့တယ် ။ သွားပြန်ပြီပေါ့ ။ ဒီတစ်ခါလည်း သူ့အနားကနေ အဝေးဆုံးကိုထွက်သွားကြပြန်ပြီပေါ့ ။ ကောင်းလိုက်တဲ့ကံတရားပါပဲ ။ နောက်ဆုံးတော့လည်း သူဟာ တစ်ယောက်ထဲပါပဲ ။ သူ့ကိုပျော်ရွှင်စေမယ့်သူလား ။ ဟက် ! ရှိရောရှိမှာတဲ့လား ။ ရှိလာခဲ့ရင်တော့ ကောင်းတာပေါ့ ဂျီမင်းရယ် ။ ဒါပေမယ့် မင်းယုံမလားတော့မသိဘူး ။ ကိုယ်က မင်းတစ်ယောက်ထဲကိုပဲ ချစ်သွားမှာဆိုတာလေ ။
လောကကြီးမှာ အရာရာဟာပြောင်းလဲလို့ရတယ် ။ ပြောင်းလဲလို့မရတာ နှလုံးသားတစ်ခုပဲရှိတယ် ။ နောက်ထပ် ဘယ်လိုလူက သူ့အပေါ်ကောင်းပါစေ ။ သူ့နှလုံးသားထဲမှာ တကယ်တမ်းချစ်ခဲ့တာ တစ်ယောက်ပဲရှိနေမှာ ။ သူဟာ သူချစ်ခဲ့တဲ့ လူကို ခဏတာမေ့ပျောက်ပြီး သူ့အပေါ်ကောင်းတဲ့သူနဲ့ပျော်ရွှင်နေခဲ့မယ်ဆိုရင်တောင် သူတကယ်ချစ်ခဲ့တာ အဲ့ဒီတစ်ယောက်ဆိုတဲ့ အမှန်တရားက သေရင်တောင် ဖျောက်ဖြတ်လို့ရမှာမဟုတ်တဲ့ အရာပါပဲ ။
-------------------------------------------------------
"အစ်ကို ဂျောင်ကု ! အစ်ကို ဂျီမင်း ! ညီမဆီမှာ ဘာပါလာလဲ ကြည့်ပါဦး"
ဂျောင်ကု ကိုကို့ကို နမ်းမလို့လုပ်နေတုန်းမှာပဲ ခြံဝကထွက်လာတဲ့ အသံစူးစူးကြောင့် အံ့ကြိတ်ပြီး နှာမှုတ်လိုက်တယ် ။ ယောင်းချင်း ! သာသနာဖျက်မလေး ။ကိုကိုကတော့ သူ့ပုံစံကိုကြည့်ရင်းခိုးရယ်လို့နေတယ် ။ ကိုကိုလည်း တွေ့မယ် ၊ အခုတော့ကံကောင်းသွားတာပေါ့ ။ ညကြမှတွေ့မယ် ။
"ဟယ်..ယုန်လေးတွေ ! "
ဂျီမင်း မျက်လုံးလေးတွေက အရောင်လဲ့သွားတယ် ။ ချက်ချင်းပဲ ယောင်းချင်းလက်ထဲက ယုန်လေးတွေကို ယူပြီးချီလိုက်တယ် ။
"ချစ်စရာလေးတွေ ! ဂျောင်ကု .. ချစ်စရာလေးတွေနော်"
"မသိဘူး"
ဂျောင်ကုရဲ့ဘုကလန့်စကားကြောင့် ဂျီမင်းဂျောင်ကုကိုကြည့်လိုက်တယ် ။
"ဟွန့် ရုပ်ကြီးက ဘာဖြစ်နေတာလဲ ၊ ဒီမှာကြည့် ဒီယုန်လေးတွေက မင်းနဲ့တူတယ် အရှေ့ကသွားလေးနှစ်ချောင်းကအကြီးကြီးပဲ ဟီးဟီး ချစ်စရာလေး"
ပြောရင်းနဲ့ ယုန်ပါးစပ်ကို နမ်းလိုက်တဲ့ ကိုကို့ကြောင့် ဂျောင်ကုမျက်လုံးပြူးသွားတယ် ။
"ကိုကို !!! ဘာလို့အဲ့ယုန်ကိုနမ်းလိုက်တာလဲ"
ကမ္ဘာပျက်တော့မယ့်မျက်နှာနဲ့ အော်ပြောလာတဲ့ ကောင်လေးကြောင့် ဂျီမင်းမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ် ။ ဒီကောင်လေးဟာလေ သူ့ကို ယုန်နဲ့တောင်သဝန်တိုနေတာပဲ ။
"ဘာဖြစ်လို့လဲ ဂျောင်ကုရဲ့ ယုန်လေးက မင်းနဲ့တူတာပဲကို"
"တူတူမတူတူ ကိုကို နမ်းချင်ရင် ကျွန်တော့်ကိုပဲနမ်း အဲ့ယုန်ကိုမနမ်းနဲ့"
ဂျောင်ကု စကားကြောင့် ဘေးနားက ယောင်းချင်းက ဗိုက်ကိုနှိပ်ပြီး အကြီးအကျယ်ထရယ်တော့တယ် ။ ဂျောင်ကု မျက်စောင်းက ယောင်းချင်းဆီဒိုင်းကနဲရောက်လာတယ်။
"ဟဲ့ ယောင်းချင်း ! အဲ့ယုန်ကိုဘာလို့ ငါ့ကိုကိုဆီခေါ်လာတာလဲ သွားပြန်ခေါ်သွား "
"ဟားဟား .. အစ်ကိုဂျောင်ကုကို အဲ့လောက်ထိ သဝန်တိုတတ်မယ်မထင်ထားဘူး ဟားဟား ..အမယ်လေး အူတောင်နာတယ် ၊ အစ်ကိုဂျောင်ကုက ကလေးလား ယုန်နဲ့တောင်သဝန်တိုရအောင် ၊ ဂူချန်အဖွဲ့ရဲ့ခေါင်းဆောင်ကြီးမှ ဟုတ်ပါစ"
ယောင်းချင်းကပြောပြောပြီးရယ်လေတော့ ဂျီမင်းကပါအသံတိတ်ကလေးရယ်လိုက်တယ် ။ ဒီကောင်လေးကလေးဆန်တာ သူအသိဆုံးပဲလေ ။ ဘာခေါင်းဆောင်လဲ ဂျောင်ကုက သူ့အတွက် ကလေးလေးပဲ ။
"အေးလေ ဂျောင်ကုရယ် ၊ ယုန်ပဲဟာကို"
ပြောရင်း ထပ်နမ်းလေတော့ ဂျောင်ကုတို့ကမ္ဘာပျက်လေပြီပေါ့ ။
"ဟာ ကိုကို !! "
"ဘာလဲ"
ပြောပြီးထပ်နမ်းတယ် ။
"ကိုကို ! !! !!"
ဂျီမင်းက ကောင်လေးကို စနောက်ပြီး ယုန်ကိုအကြိမ်ကြိမ်နမ်းတယ် ။ ဂျောင်ကုကတော့ သူ့ကိုပစ်ပြီး ယုန်ကိုနမ်းပြနေတဲ့ ကိုကိုကြောင့် ငိုချင်လာပြီ ။ ဘေးနားက ယောင်းချင်းကတော့ ဂျောင်ကုရဲ့ ကမ္ဘာပျက်နေတဲ့ ပုံကို ကြည့်ရင်း ဗိုက်နှိပ်ကာအဆက်မပြတ်ကိုရယ်နေတော့တယ် ။ တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ဘဝလေးပါပဲ။
ကိုကိုဟာ ဂျောင်ကုဘဝရဲ့ ကြယ်လေးတစ်ဖြစ် လမင်းကြီးလဲဖြစ်ခဲ့ပါတယ် ။ ဂျောင်ကုကတော့ ကိုကို့ကိုအမြဲတမ်းထွေးပွေ့ကာကွယ်ပေးထားမယ့်ကောင်းကင်ကြီးပေါ့ ။ ပြီးတော့ အချစ်ဟာ ရိုးရှင်းတဲ့ဘဝလေးတစ်ခုပဲဖြစ်တယ်ဆိုတာကိုလည်း ဂျောင်ကုက သင်ယူတတ်မြောက်ခဲ့ပါသေးတယ် ။
==========The End ==========
ကယ်ကယ် ဒါလေးလည်းပြီးသွားပြီပေါ့နော် ။ ဇာတ်သိမ်းကလိုအပ်ချက်ရှိသွားရင် ကိုယ့်အမှားသာပါလို့ ။ ထင်သလောက်မကောင်းခဲ့လည်း ကိုယ့်ကြောင့်ပါပဲလို့ ။ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ ဂျောင်ဆူလေးကို ကိုယ်ပဲ ယူလိုက်ပါမယ်လို့ ။
ရုတ်တရက်ကြီးဇာတ်သိမ်းလိုက်သလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ် ။ တကယ်တော့ ဒါကို ပထမက ၂၅ ပိုင်းလောက်ပဲရေးမိူ့ပါ ။ သံယောဇဉ်မဖြတ်နိုင်တာနဲ့ ၂၉ ပိုင်းထိရေးဖြစ်သွားတာပါ ။
ကယ် . အားလုံးပဲ လရောင်လွှမ်းသောအနမ်းကို ဒီနေရာလေးမှာပဲ နှုတ်ဆက်လိုက်ပါတယ်နော် ။ (●♡∀♡)
အဆုံးထိဖတ်ပေးတဲ့ တစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်။ အမှားတွေအတွက်လည်း ခွင့်လွှတ်ပေးကြပါနော် ။
Cutie KmYz ✿
_____________________________________
Continua a leggere
Ti piacerà anche
GRAY Da _
Lupi mannari
163K 18.7K 28
WEREWOLF
2.1K 412 14
جونکوک :بچکۆل دەتەوێ بمری هااا.؟ ناوت :خۆدەرەقەتی کەی نێم هیتۆ دێم جۆنکوک:بەراست.؟ تای:دەتەوێ تەرمەکەت بدەم بە سەگەکانم .؟ ئەسلەن بۆ هاتوی بۆ ئرا...
26.3K 1.5K 21
🧮Wᴇ Aʀᴇ Bᴏᴛʜ Dᴏᴍɪɴᴀɴᴛ Aʟᴘʜᴀ🧮‌ᵘⁿⁱ+ᶻᵃʷᵍⁱ ငါရဲ့ "ငှက်ပျောသီးနွားနို့" လေးကငါ့ကို စိတ်ကူးနဲ့ပစ်မှားနေတာလား ဟ ဟ... "ဟေး...ငါက မင်းလိုမျိုးတူ Dominant Al...
40.6K 6K 40
අහ්හ්...... මාව අත අරින්න......අනේ එපා...... කටවහපන් wild bunny...... උබ කෑ ගැහුවට බේරගන්න මෙහෙ කවුරුත් නෑ එහාට යනවා.....මට කරදර කරන්න එපා දෙයියනේ...