အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၃}U/Z

130K 11.9K 1.6K
By HoarFROST_

ကျောင်းဖွင့်ပြီး ငါးရက်ကြာပြီးမှာတော့ စနေနေ့ကိုရောက်လာသည်။
မနက်ခင်းဟာစိုစွတ်ပြီးနေသာနေသည်။
နွေဦးမောင်သည် ဆေးမျက်မှန်ကိုတပ်ထားကာ English text book ထဲက note တစ်ချို့ကိုလက်ရေးစာအုပ်ထဲတွင်ကူးယူနေသည်။
ထိုnote များသည် ဖိုးခွားအတွက်သာဖြစ်သည်။
ဇေရဲကတော့ တစ်ဖက် ခုတင်ပေါ်တွင်အိပ်နေဆဲပင်။
မနက်ဆယ်နာရီခွဲလောက်ရှိနေပြီဖြစ်သော်လည်း
မနေ့ညက ဘေးခန်းကကောင်တွေနဲ့ လောင်းကြေး၅၀၀ဖြင့် chess ထိုးကြတာ ညနက်သွား၍ဖြစ်သည်။နွေဦးမောင်ကတော့ ပွဲကြည့်ပင်။
ထုံးစံအတိုင်းဇေရဲရှုံးတာပါပဲ။
ကျောင်းဖွင့်စမို့ ကြေးကြီးနေတာ။နောက်ဆို သည်ကောင်တွေ ၅၀/၁၀၀ လောက်သာ လောင်းရဲတော့မည်ဖြစ်သည်။ဒါဟာကျောင်းသားတိုင်း၏ထုံးစံပင်။

"နွေဦးမောင် ဧည့်သည်လာသွားတယ်၊ ဒီလမ်းထိပ်မှာစောင့်နေမယ်တဲ့၊ငါပြန်လာတော့ ယောင်လည်လည်ဖြစ်နေတဲ့သူ့ကိုတွေ့လို့!"

"ဟုတ်ကဲ့အစ်ကို ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်"

Hall tutor က ဖွင့်လျက်ရှိနေသော တံခါးဝတွင် လာပြောသွားတာကြောင့် နွေဦးမောင် ပူအိုက်၍ဖြုတ်ထားသောကြယ်သီးတွေကိုပြန်တပ်လိုက်သည်။အဆောင်ထဲထိဝင်လာဟန်မတူရင် လာသည့်ဧည့်သည်က မိန်းကလေးပင်ဖြစ်ရမည်။

အဆောင်ကနေ အဓိပတိလမ်းဘက်ကိုဆက်ထားသည့် လမ်းသွယ်ပေါ်တက်လိုက်တော့ ထောင့်ချိုးလေးနားတွင် ကျောပေးကာမတ်တပ်ရပ်စောင့်နေသော ပန်းငပိရောင်ဝမ်းဆက်ဝတ်ထားသည့်မိန်းမပျိုကိုတွေ့ရသည်။
ဘယ်သူလဲဆိုတာသူအတပ်သိလိုက်သည်။ခေတ်စားနေသည့်ထဘီတိုထက် ထဘီကိုခြေမျက်စိအောက် တရွတ်တိုက်ဝတ်တတ်ပြီး။
အင်္ကျီခါးရှည်ခေတ်တွင် ခါးတိုကိုသာစွဲမြဲစွာဝတ်တတ်သောသူ။

အနောက်လှည့်ကြည့်လာချိန်တွင် မျက်နှာဖူးဖူးလေးကအလိုမကျဟန်ပြနေသည်။
"နွေဦးမောင်။ ငါစောင့်ရလို့သေတော့မှာပဲဟယ်"

"ဘယ်သူလိုက်ပို့တာလဲ?"

ပန်းဦးမေသည် အပြုံးဟန်ချီရင်း
"ဘယ်သူ့မှလိုက်မပို့ဘူး။မနေ့ကပဲ ကျောင်းနားလေးကအဆောင်ကိုပြောင်းလိုက်တယ်လေ။အပြင်ဆောင်!"

နွေဦးမောင်သည် ဂျစ်ကန်ကန်နိုင်လှသည့်ညီမငယ်ကိုကြည့်ရင်း ပါးကို ဆွဲလိမ်လိုက်သည်။
"မေမေကလွှတ်တယ်ပေါ့။ကျောင်းဆောင်မနေဘဲဘာလို့အပြင်ဆောင်နေလဲ။ အစ်ကို့ကိုတောင်မဆက်သွယ်ဘူး။ အထုပ်လာသယ်ကူမှာပေါ့။"

ပန်းဦးမေသည် အဓိပတိလမ်းပေါ်လျှောက်ရင်း

"အိမ်နဲ့ဝေးတယ်ဘာညာအကြောင်းပြလိုက်တာပေါ့။ကားမောင်းပြီးလာရင်အန္တရာယ် များတယ် ဘာညာပေါ့။ ဦးလေးကခွင့်မပြုလည်း ဒေါ်လေးက ခွင့်ပြုတာပဲ။ဖေဖေကလည်းဒီကျောင်းဆောင်မှာရှိနေတာပဲကို"

ပန်းဦးမေသည် နွေဦးမောင်၏ညီမ တစ်ဝမ်းကွဲပင်။တစ်နှစ်ငယ်ပေမဲ့ ပန်းဦးက နင်နဲ့ငါသာပြောသည်။ပန်းဦးမေ၏ဖခင် ဦးညိုဝင်းနှင့် နွေဦးမောင်၏ဖခင် ဦးညိုမောင်က ညီအစ်ကိုဖြစ်သော်ငြားတစ်အိမ်ထဲမနေ။

Chem ဌာနမှူးတစ်ဖြစ်လည်း ပန်းဦးရဲ့အဖေ ဦးညိုဝင်းက ကျောင်းဆောင်မှာသာနေသည်။
ပန်းဦးရဲ့မိခင်ကလည်းဆုံးပြီမို့ ငယ်ငယ်ကတည်းက နွေဦးမောင်မေမေလက်ထဲတွင်သာကြီးသည်။ထို့ကြောင့် နွေဦးမောင်နှင့်ပန်းဦးမေသည် မောင်နှမတဖုံ သူငယ်ချင်းတဖုံပင်။

သို့သော် နွေဦးမောင်က ရန်ကုန်တက္ကသိုလ်မှာတက်ပေမဲ့ ပန်းဦးမေကတော့ ဆေးကျောင်းသူပထမနှစ်ကလေးပင်ဖြစ်သည်။
ကျောင်းချင်းက အရမ်းမဝေးတာမို့ လာချင်လျှင် ခဏသာကြာသည်။

"ကဲ ဆိုပါဦး။ဒီနေ့လာရတဲ့အကြောင်းက"

"ဟာ နင်ကလည်း ဟိုဘက်ကျောင်းကနေ သည်ဘက်ကျောင်းကိုလာလည်ပါတယ်ဆိုမှ မုန့်စားဖို့ပေါ့၊ ပြီးတော့ ဖရက်ရှာကောင်လေးတွေကို လာငမ်းတာ"

နွေဦးမောင်သည် ပန်းဦးမေကြောင့် အော်ရယ်ပစ်လိုက်ချစ်ပေမဲ့ ဘယ်တော့အခါမှ အသံကျယ်ကြီးဖြင့်မရယ်ဖူးတာကြောင့် ပြုံးရုံသာပြုံးသည်။ တခြားမိန်းကလေးတွေနဲ့မတူတဲ့ ပန်းဦးရဲ့ပုံစံကြောင့် သူနဲ့လည်းအစေးကပ်သည်။

"အစ်ကိုပိုက်ဆံမယူလာမိဘူး...ခဏသွားပြန်ယူလိုက်မယ်လေ"

"ဟာ မပြန်နဲ့! မစောင့်နိုင်ဘူး! ဗိုက်သိပ်ဆာနေပြီ။
ငါ့မှာပါတယ်!ပြီးရင်နှစ်ဆပြန်ပေး၊ဆိုင်အရင်လစ်ကြမယ်"

နွေဦးမောင်ခေါင်းညိတ်ရင်း
"ကောင်းပြီ!ဘာစားချင်လဲ ဘယ်ဆိုင်ခေါ်သွားရမလဲ"

"ပုစွန်ခွက်ကြော်သုပ်လည်းစားချင်တယ်၊ နာမည်ကြီးနေတဲ့ ဦးယန်းဘီလူးက ဖာလူဒါလည်းသောက်ချင်တယ်၊အင်းလျားကဘူးကြော်လည်းစားချင်တယ်၊ အသုပ်ကောပဲ၊ ဘယ်ဆိုင်အရင်သွားရင်ကောင်းမလဲ?"

"ဗိုက်ဆန့်မှာသေချာလို့လား"

"အို..မဆန့်ရင် ထုတ်သွားမှာပေါ့ အဆောင်မှာ သူငယ်ချင်းတွေနဲ့ဝိုင်းစားရတာပိုအရသာရှိတယ်..အဆောင်နေရတာသိပ်ကောင်းတာပဲ"

နွေဦးမောင်သည် ပုစွန်ခွက်ကြော်သုပ်ကို ဦးဆုံးဝယ်ရန် လမ်းကြောင်းကိုခြေဦးတည့်လိုက်ရင်း
"ဒါဆို ဘာလို့ သူငယ်ချင်းတွေကို မခေါ်ခဲ့လဲ"

ပန်းဦးမေကနှာခေါင်းရှုံ့သည်။
"သူတို့သာပါလာရင် နင် ငါ့ကို ငါးထောင်လောက်ပြန်ပေးနေရမယ်သိလား"

နွေဦးမောင်သည် သည်တစ်ခါတော့အသံလွင်လွင်ကလေးဖြင့်ရယ်လိုက်ပါသေးသည်။
ခပ်တိုးတိုးသာ။ ဒါတောင် ဘေးကဖြတ်သွားတဲ့ကျောင်းသူတချို့က မသိမသာငေးသွားကြသေးသည်။မိန်းကလေးတစ်ဦးနှင့်ပါတွဲမြင်ကြတော့ ပိုပြီး ငေးကြလေသည်။
အဖြူရောင်သွားညီညီလေးတွေက မြင်ရခဲတာလည်းပါတာပေါ့။ စုန်ဆန် လှုပ်ခါသွားတဲ့ လည်စိကအစ အနုပညာဆန်လှသည်။နွေဦးမောင်သည် မိန်းကလေးတချို့၏အိပ်မက်ထဲက မင်းသားတစ်ပါးအလားပင်။

°°°°°

ပုစွန်ခွက်ကြော်သုပ်ကိုသာပါဆယ်ဝယ်လိုက်ပြီး
အင်းလျားကဘူးသီးကြော်ဆိုင်ကိုသွားကာ အနီးကဖာလူဒါကိုသာမှာပေးလိုက်သည်။
ပန်းဦးမေသည် လက်ဖြူဖြူလေးဖြင့် ပုစွန်ခေါင်းနွှာနေပုံက အားရစရာကောင်းလှသည်။

အင်းလျားကန်ဘောင်ရှိ ဆိုင်များတွင်တော့ ကျောင်းသားများသာမကအပြင်လူတွေကိုပါတွေ့ရသည်။

"ဒါနဲ့ ခင်စံပယ်ညိုရော! နင့်နားကပ်မနေဘူးလား"

ပန်းဦးမေက မေးတော့ နွေဥိးမောင်က ခေါင်းခါသည်။
"အင်း ဟုတ်သားပဲ။ဒီရက်အတောအတွင်း အစ်ကိုသူ့ကိုမတွေ့ဘူး။"

ပန်းဦးမေက ဖာလူဒါကိုကောက်မွှေရင်း နွေဦးမောင်ကျောပေးထားသည့်ဘက်ကို ကျော်ကြည့်လိုက်ကာ
"အမလေး ပြောရင်းဆိုရင်းလာပြီ!"

နွေဦးမောင် နောက်ကိုလှည့်ကြည့်လိုက်တော့ ခင်စံပယ်ညိုတို့အုပ်စုကို အကြော်ဆိုင်ထဲလာနေတာတွေ့ရသည်။ မိန်းကလေးသုံးယောက်လုံးသည်
ခြေသလုံးလယ်လောက်ရှိသောထဘီတိုတိုဖြင့်
အင်္ကျီအရှည်ကို တွဲဝတ်ထားသည်။ ဆံပင်တွေကလည်းကျောထိရှည်ကြသူများပင်။
အနောက်ကနေတွေ့လျှင် ဘယ်သူဆိုတာကိုနွေဦးမောင်ခွဲတတ်မည်မဟုတ်။
နွေဦးမောင်သည် ခင်စံပယ်ညိုကိုပြုံးပြပြီးနောက် ခေါင်းပြန်လှည့်လိုက်သည်။

ခင်စံပယ်ညိုက သူတို့ဝိုင်းထဲကိုရောက်လာတော့ သူစကားစပြောပေးလိုက်လေသည်။
"ခင်...ဘယ်ကနေလာတာလဲ။"

ခင်စံပယ်ညိုသည် ကျောလယ်လောက်ရှိသော ဆံပင်ကို မထိုင်ခင် တစ်ချက်သပ်လိုက်ရင်း နွေဦးမောင်နှင့် ပန်းဦးမေကြားနေရာတွင် ဝင်ထိုင်လိုက်သည်။
"အဆောင်ကပဲလာတာ ကိုနွေ။သူငယ်ချင်းတွေကလည်း ဘူးသီးကြော်စားချင်တယ်ဆိုလို့။"

"နောက်တစ်ခေါက်ဆုံရင်အစ်ကိုဝယ်ကျွေးပါ့မယ်။အခုတော့ပိုက်ဆံမပါလာလို့။ လက်ဖက်ရည်တောင်ပန်းဦးနားကပ်သောက်နေရတာ။"

"ခင့်နားမှာပါတယ်လေ။ ခဏယူထားပေါ့။ပြီးရင်လည်းဆုံဦးမှာပဲကို။"

ပန်းဦးမေသည် အစက ဝင်မပြောဘူးလုပ်ရာ မနေနိုင်တော့ပဲ ထပြောတော့သည်။
"ငါ့အစ်ကို လက်ဖက်ရည်ဖိုးတော့ငါရှင်းနိုင်ပါတယ်။မခင်စံပယ်ညိုရယ်"

နွေဦးမောင်သည်မိန်းကလေးတွေ၏ဖြေရှင်းနည်းကိုအမှန်တကယ်ကိုမသိပါ။
သူဘာဝင်ပြောရမလဲစဉ်းစားနေစဉ် မလှမ်းမကမ်းဝိုင်းတွင် လာထိုင်သော သူ့အဖွဲ့ကိုတွေ့လိုက်ရသဖြင့် မျက်နှာက ရွှေလိုဝင်းသွားသည်။
"ခင်က ပန်းဦးကိုအဖော်လုပ်ပေးလိုက်ဦးနော်။ဟိုမှာ ကျွန်တော့်သူငယ်ချင်းတွေကို ကျိုးကြောင်းသွားပြောလိုက်ဦးမယ်"

နွေဦးမောင် တစ်ဖက်ဝိုင်းကိုရောက်သည်နှင့်လွန်းနောင်မှလွဲ၍ ကျန်နှစ်ယောက်၏စစ်မေးခြင်းကိုခံရလေသည်။နွေဦးမောင်တွင် ညီမရှိမှန်း သူတို့တောင်အခုမှသိရခြင်းပင်။ခင်စံပယ်ညိုကိုတော့ သူတို့အားလုံးမသိရိုးလား။ သူတို့နှစ်ရဲ့ Physics  Queen လေ။

°°°°

ဝိုင်းတွင်ကျန်ခဲ့သည့် မိန်းကလေးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်အလိုမကျစွာကြည့်နေလေသည်။ခင်စံပယ်ညိုက စကားစ၏။

"ပန်းဦး။နင်ကမိန်းကလေးတစ်ယောက်တည်း ကျောင်းကိုဘာလာလုပ်တာလဲ.."

"ငါ့အစ်ကိုနဲ့လာတွေ့တာလေ။"

" သူများတွေကနင်တို့ကို မောင်နှမမှန်းသိမှာမဟုတ်ဘူးလေ။ ကိုနွေ့ကို ဘယ်လိုထင်ကြမလဲ။"

ပန်းဦးမေသည် ခင်စံပယ်ညို၏အဓိပ္ပာယ်မရှိသော စကားကြောင့် ဒေါသတွေအလိပ်လိုက်တက်လာလေသည်။

"နင့်စကားကဘောင်ကျော်နေပြီ ခင်စံပယ်ညို၊ ငါကငါ့အစ်ကိုဆီလာတာ။ ဘယ်သူလှမ်းမေးမေး မောင်နှမတွေပါလို့ဖြေလို့ရတယ်၊ နင်သာ ငါ့အစ်ကိုနားရောက်ရင် ဘယ်လိုဖြေမလဲသာစဉ်းစား၊ နင်တို့ကသွေးမစပ်ဘူးလေ။ငါတို့ကသွေးနှောတယ်။"

"ဟဲ့ နင်စကားပြောနေတာ နင့်အစ်မနော်။မရိုင်းနဲ့"

ပန်းဦးမေသည် ဟွန့်ခနဲနှာမှုတ်လိုက်သည်။
ထိုထိုသော စိတ်ချင်းမတိုက်ဆိုင်မှုများကြောင့် သူတို့နှစ်ယောက်သည် ဘယ်သောအခါမှမတည့်ပါချေ။ဆွေမျိုးဆက်နွယ်ပုံကိုပြောရလျှင်လည်း အနည်းငယ်ရှုပ်ထွေးသည့်အခြေအနေပင်။
ပန်းဦးမေနှင့် နွေဦးမောင်က ဖခင်ဘက်ကအမျိုးစပ်တာမို့သွေးနှောသည့်မောင်နှမဖြစ်သလို။
ပန်းဦးမေနှင့် ခင်စံပယ်ညိုကလည်း မိခင်ဘက်ကအမျိုးစပ်တာမို့ သွေးနှောသည့်ညီအစ်မပင်။
ပန်းဦးမေမေ၏ညီမသည် ခင်စံပယ်ညို၏မိခင်ဖြစ်သည်။
ထို့ကြောင့် ပန်းဦးမေသည် နှစ်ဖက်စလုံးနှင့် ဆွေမျိုးစပ်သော်ညား ခင်စံပယ်ညိုနှင့်နွေဦးမောင်ကတော့သွေးမနှောချေ။

ပြီးလျှင် ခင်စံပယ်ညိုသည် နွေဦးမောင်ကို တစ်ဖက်သတ်သဘောကျနေခြင်းအား သူငယ်ချင်းတချို့အပြင် ပန်းဦးမေကလည်းသိနေလေသည်။မိန်းကလေးတစ်ယောက်အနေဖြင့် ယောက်ျားလေးရှိရာဝိုင်းကို လာရသည်အား အောက်ကျသည်ဟုလည်းခံစားရလေသည်။အဘယ်ကြောင့်ဆိုသော် ခင်စံပယ်ညိုက မာနကြီးသည်ဟု နာမည်ထွက်ထားသည့်မိန်းမ မဟုတ်လား။

"ကောင်လေးရေ ပိုက်ဆံရှင်းမယ်"

ပန်းဦးမေသည် ပိုက်ဆံခေါ်ရှင်းပြီးသည်နှင့် နွေဦးမောင်တို့ရှိရာဝိုင်းကိုထလာသည်။နွေဦးမောင်၏သူငယ်ချင်းတွေကိုသူသိလည်းမသိပါ။ထို့ကြောင့် လော်ကွတ်ချော်ပြီးနှုတ်ဆက်ဖို့လည်းစိတ်မပါချေ။

"နွေဦးမောင် ၊ ငါပြန်တော့မှာ။ လိုက်ပို့မှာလား။မပို့ရင်တစ်ယောက်ထဲပြန်မို့။"

နွေဦးမောင်သည်ချက်ချင်းထရပ်သည်။
"လိုက်ပို့မှာပေါ့။"

"ငါ့ကားယူချင်ယူသွားလေ။ဟိုနားမှာပဲရပ်ထားတာ။ရော့ သော့!"

မဂ္ဂဒီပါသည် ကားစီးနိုင်သောကျောင်းသားတွေထဲကတစ်ယောက်ပင်။နဝတ ခေတ်ကနေ နအဖ ခေတ်သို့ပြောင်းလိုက်သော်ညား ဆင်းရဲသောပြည်သူများမှာဆက်ပြီးဆင်းရဲနေကြဆဲပင်။ဆရာ/ဆရာမတချို့နှင့်ကျောင်းသားစုအနည်းငယ်သာကားစီးနိုင်သည့်ခေတ်ဟုဆိုရမည်။

ဇေရဲကော၊မဂ္ဂ ကပါ ပန်းဦးမေကိုပြုံးပြလာသည်မို့ သူမလည်းအလိုက်သင့်ပြန်ပြုံးပြလိုက်သည်။
ထိုထဲက တစ်ဦးကတော့ သူမကိုဖုတ်လေတဲ့ငပိ ရှိဟန်မတူပါ။ တစ်ချက်မျှပင်မော့မကြည့်။ထိုသူကားလွန်းနောင်။
မိမိကိုအာရုံမထားသည့်သူ့ကို ပန်းဦးတစ်ဖြတ်ကြည့်လိုက်သေးသည်။ နူးညံ့သည့်မျက်နှာတွင် အလွှာတစ်လွှာခံနေသည့်ဟန်။ ထိုအလွှာကပင် သူ့ကိုအေးစက်အောင်အထောက်အပံ့ပြုနေလေသည်။

"ခင်..ကျွန်တော်သွားတော့မယ်နော်။နောက်တော့ဆုံကြတာပေါ့ဗျာ။"

"ဟုတ်ပြီကိုနွေ!"

နွေဦးမောင်သည် ခင်စံပယ်ညိုကိုနှုတ်ဆက်ပြီး မဂ္ဂ၏ကားဖြင့်သာ အင်းလျားကနေထွက်လာတော့သည်။

°°°°°°

အဆောင်ရှိခုတင်ပေါ်တွင် ခွေခွေလေး လှဲနေသော စောနရီသည် မျက်လုံးများမှေးစဉ်းလျက်ရှိသည်။ နုန်းချိသွားသောခန္ဓာကိုယ်သည် စိတ်ထိခိုက်မှုကြောင့်လည်းပါလိမ့်မည်။ သူ့ကိုယ်သူသန်မာတယ်ထင်ခဲ့ပေမဲ့ မိဘလောင်းရိပ်အောက်ကထွက်ပြီးသည့်နောက်တွင် သူက လူကြောက်တတ်မှန်းပိုပြီးထင်ရှားလာသည်။ ပြီးတော့ မြင်ကွင်းတစ်ခုက သူ့စိတ်အပိုင်းအစတွေကို ချိုးဖျက်သွားလေသည်။
ကျောင်းဖွင့်သည့်တစ်ပတ်လုံး သူတွေ့ခဲ့သည့် လူကို လိုက်မရှာခဲ့တာတောင် အတန်းရှေ့ဖြတ်သွားစဉ်တွင်တွေ့လိုက်ရသည်။
သတင်းများမှာလည်းမစုံစမ်းဘဲ နားဝသို့ရောက်ခဲ့သည်။

မောင့်ရဲ့နာမည်က နွေဦးမောင် လို့အပြည့်အစုံသိရပေမဲ့ သူရူးရူးမိုက်မိုက် မောင်လို့ခေါ်နေဆဲပင်။
မောင်က နာမည်အတိုင်းပဲ သူ့ရဲ့နွေဦးကို ပြန်လည်ခေါ်ဆောင်လာသလိုပင်။
မောင့်ရဲ့ နောက်ခံမိသားစုကိုဘယ်သူမှမသိပေမဲ့
မနှစ် fresher welcome တွင် မောင်ဝတ်လာသည့်နာရီက ၅၀၀၀၀ကျော်သတဲ့။
အဲ့သည့်အကြောင်းပြချက်နဲ့တင် မောင့်ရဲ့နောက်ခံမိသားစုကိုသူခန့်မှန်းနိုင်ခဲ့ပါသည်။
အဲ့အကြောင်းကြားပြီး သူ ဖိနပ်ကိုပြန်ပေးရနိုး မပေးသင့်နိုး နှစ်ရက်လောက်စဉ်းစားခဲ့သေးသည်။

မောင်ကသိပ်ကိုလည်း လျှို့ဝှက်တတ်သေးသည်တဲ့။မောင့်ကိုသဘောကျတဲ့မဟေသီတွေက ထုနဲ့ဒေးတဲ့လေ။
စောနရီကိုယ်တိုင်ကလည်း နွေဦးမောင်ဆိုသည့် သူ့ရဲ့ကျေးဇူးရှင်ကို ညတိုင်းအိပ်မက်မက်ခဲ့လေသည်။ အိပ်မက်ထဲတွင် မောင်က သူ့ကို ဖိနပ်ကလေးပေးပေးပြီးပျောက်သွားစမြဲပင်။သူကလည်းမောင့်ကိုအမြဲတစေလိုက်ရှာနေဆဲပင်။

ဘဝတစ်လျှောက်လုံး မှာ ဘယ်သူ့ကိုမှ နာမည်လေးကြားရုံ ဖြင့်ရင်မခုန်ခဲ့ဖူးဘူး။မောင်ကတော့ ခြွင်းချက်။ဒါမှမဟုတ် ပထမဆုံး သူစိမ်းများသည့်အရပ်ကို တိုးဝင်မိသည့်အချိန်တွင် ပထမဆုံး ဂရုစိုက်အလေးထားခြင်းခံရ၍လည်းဖြစ်နိုင်ပါသေးသည်။အမိုးကလွဲရင်သူ့ကိုဘယ်သူက ဂရုစိုက်ဖူးလို့လဲ။

ထို့ကြောင့်စနေနေ့မနက်စောစောမှာ လှည်းတန်းစျေးကိုသွားပြီး ဆံပင်ညှပ်ခဲ့သည်။ ကြွက်ကိုက်ကေ ကနေ ပုံသွင်းထားတဲ့ဆံပင်ကေအခြေနေကြောင့် သူ့မျက်လုံးတွေက ပိုပြီးထင်ရှားလာသည်။ ဖိနပ်ဆိုင်တွင်လည်း မောင့်အတွက် ဖိနပ်အရောင်ရွေးရင်း နာရီဝက်နီးပါးကြာခဲ့လို့ ဆိုင်ရှင်ရဲ့ မျက်စောင်းခဲမှုကိုလည်းခံခဲ့ရသေးသည်။
သူ့အတွက် တစ်ရန်ထပ်ဝယ်ပြီး နွေဦးမောင်ပေးခဲ့သည့်ဖိနပ်ကိုတော့သိမ်းထားဖို့ရန်တာဆူခဲ့သည်။ ပြန်ပေးဖို့အတွက်လည်းအသစ်တစ်ရန်ထပ်ဝယ်ရသေးသည်။စနိုးတစ်ဘူးပါအစစ်ပါသေးသည်။
ပိုက်ဆံကိုကိုင်ပြီးသုံးဖူးသမျှထဲတွင် ဒီတစ်ခေါက်အများဆုံးပင်။ပိုက်ဆံကုန်ခြင်းအတွက်
နှမျောတာမျိုးလည်းမရှိခဲ့ပါ။ ဒါမောင့်အပေါ်ထားသည့်စေတနာဟုဆိုလျှင်လည်း အပိုပြောသည်ဟုထင်ကြလိမ့်မည်။

လှည်းတန်းစျေးကပြန်လာတော့ သူ့ရဲ့မျှော်လင့်ချက်တွေဟာ ရေစုန်မျောသွားခဲ့လေသည်။
မိန်းမပျိုလေးတစ်ဦးရဲ့ပါးကိုကိုင်တဲ့ယောက်ျားတစ်ယောက်။
သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုကို ကလေးကိုသွားမေးရင်တောင်သိနိုင်တယ်မလား။
မောင်က သူမနဲ့စကားပြောတဲ့အခါလည်းသူ့ကိုယ်သူ"မောင်" လို့ပဲသုံးနှုန်းမှာပဲ။

အရွယ်ရောက်ပြီးသား တက္ကသိုလ်ကျောင်းသားတစ်ယောက်မှာ သက်ဆိုင်သူမိန်းကလေးရှိတာသာမန်ပဲမဟုတ်လား။

သာမန်မဟုတ်နေတာက ယောက်ျားတစ်ယောက်အပေါ်တိမ်းညွှတ်နေတဲ့သူ့ရဲ့စိတ်တွေပင်။

တွေးနေရင်းဖြင့် ခုတင်ပေါ်ရှိသူ့ကိုယ်လေးသည်
တုန်ယင်လာတော့သည်။ဝမ်းနည်းအားငယ်မှုတွေက အလုံးလိုက်ဝင်လာသည့်အခါ မျက်ရည်စများပင် သီလာရတော့သည်။
မိုးနဲ့မြေ၊ ရေနဲ့မီးလိုကွာခြားတဲ့အခြေအနေမှာ သူကဘာတွေကိုမျှော်လင့်နေသေးတာလဲ။

မောင်သာ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့စိတ်ကိုသိသွားခဲ့လျှင်ရွံရှာမုန်းတီးသွားပေလိမ့်မည်။

စောနရီ ခုတင်ပေါ်ကနေ ထလိုက်ပြီး မှန်ချပ်လေးကို ဗီရိုထဲထည့်သိမ်းထားလိုက်သည်။
လိမ်ညာမှုကင်းမဲ့တဲ့မှန်ဟာ သူ့အတွက် ကြောက်စရာအရာဝတ္ထုပင်။
သိမ်ငယ်နေတဲ့ကိုယ့်မျက်နှာကိုယ်ပြန်မြင်နေရတာလောက်ဆိုးရွားတဲ့အခြေအနေရှိမည်မဟုတ်။

ဝယ်လာသည့်ဖိနပ်အသစ်နှင့် မောင့်ဖိနပ်အဟောင်းလေးကိုပါ တွဲသိမ်းလိုက်သည်။
ဆုံခွင့်ရတာတင် ကံကောင်းလှပြီထင်ရဲ့...

°°°°°°°°°

{ဖိနပ်လေးနဲ့အတူ ခံစားချက်တွေပါသိမ်းလိုက်မိတယ်...ဒီဘဝနဲ့ဒီမျှပဲလို့ရေစက်ချလိုက်တဲ့အခါ..တိတ်ဆိတ်ခြင်းတွေက ဘဝတစ်ခုလုံးကိုဝါးမြိုသွားတယ်....}

°°°°°°°°°°

--စာရေးသူမှာပြောစရာအနည်းငယ်ရှိ--

ကဲဇာတ်ကောင်အသစ်နှစ်ယောက်ထပ်ပေါ်လာပါပြီ။ဆွေမျိုးတော်စပ်ပုံကို နားလည်မယ်ထင်ပါတယ်။ပုံလေးကြည့်လိုက်။

ပုံစွန်ခွက်ကြော်သုပ်စားဖူးလားမသိ။ပုံကြည့်ပါ။
ကဲလုပ်စားနည်းလေးပြောပြမယ်။

🦐 အချဉ်စပ်နည်း

❄️ ဆန် အစိမ်းမှုန့် 👉 150 g
❄️ ရေ                  👉 200 ml
❄️ အရသာမှုန့်      👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆား                👉 လဖက်စားဇွန်း တစ်ဝက်
❄️ ဆော်ဒါ            👉 မကျီးစေ့ခန့်

နဲ့ မုန့်နှစ် ခပ်ပျစ်ပျစ်စပ်ပီး
ပဲပင်ပေါက်များနဲ့ နယ်၍
ပန်းကန်ထဲ တစ်ခုစာထည့်ကာ
ပုစွန်အကောင်ကြီးကြီးတင်ပါ။
ပီးရင် ဆီများများနဲ့ကြော်ပါ။

ပုစွန်များများစားချင်ရင် ပုစွန်သီးသန့် ထပ်ကြော်စားပါ။
ပုစွန်က အခွံချွတ်ဖို့ မလိုပါဘူး။
ဆီပူနဲ့ ကျွတ်ရွနေအောင် ကြော်ထားလို့
အခွံပါ ဝါးစားလို့ရပါတယ်။
__________
ပုစွန်ခွက်ကြော် ညှပ်ပြီး
စပ်ထားတဲ့အချဉ်, ဂေါ်ဖီ,
ပဲမှုန့်, ကြက်သွန်နီဆီသတ်ဆီ
👉 အားလုံးရောနယ်ပြီး သုပ်စားရုံပါပဲ။
Crd
ကဲအဆင်ပြေပါစေ😁
---
အဲ့ခေတ်က ရွှေစျေးတောင် ၂၆၀၀၀ လောက်ပါပဲ။ နွေဦးမောင်ဝတ်တာက ၅၀၀၀၀ကျော်ဆိုတော့ အတော်လေးစျေးမြောက်ပါတယ်။
ဘောစိမောင်ပါ။
၁၉၉၇ ခုနှစ်မှာ နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

My mom will be OK. Don't worry.
------

Zawgyi

ေက်ာင္းဖြင့္ၿပီး ငါးရက္ၾကာၿပီးမွာေတာ့ စေနေန့ကိုေရာက္လာသည္။
မနက္ခင္းဟာစိုစြတ္ၿပီးေနသာေနသည္။
ေနြဦးေမာင္သည္ ေဆးမ်က္မွန္ကိုတပ္ထားကာ English text book ထဲက note တစ္ခ်ိဳ႕ကိုလက္ေရးစာအုပ္ထဲတြင္ကူးယူေနသည္။
ထိုnote မ်ားသည္ ဖိုးခြားအတြက္သာျဖစ္သည္။
ေဇရဲကေတာ့ တစ္ဖက္ ခုတင္ေပၚတြင္အိပ္ေနဆဲပင္။
မနက္ဆယ္နာရီခဲြေလာက္ရိွေနၿပီျဖစ္ေသာ္လည္း
မေန့ညက ေဘးခန္းကေကာင္ေတြနဲ႔ ေလာင္းေၾကး၅၀၀ျဖင့္ chess ထိုးၾကတာ ညနက္သြား၍ျဖစ္သည္။ေနြဦးေမာင္ကေတာ့ ပဲြၾကၫ့္ပင္။
ထံုးစံအတိုင္းေဇရဲရႈံးတာပါပဲ။
ေက်ာင္းဖြင့္စမို႔ ေၾကးႀကီးေနတာ။ေနာက္ဆို သည္ေကာင္ေတြ ၅၀/၁၀၀ ေလာက္သာ ေလာင္းရဲေတာ့မည္ျဖစ္သည္။ဒါဟာေက်ာင္းသားတိုင္း၏ထံုးစံပင္။

"ေနြဦးေမာင္ ဧၫ့္သည္လာသြားတယ္၊ ဒီလမ္းထိပ္မွာေစာင့္ေနမယ္တဲ့၊ငါ​ြပန္လာ​ေတ့ ေယာင္လည္လည္ျဖစ္ေနတဲ့သူ႔ကိုေတြ့လို႔!"

"ဟုတ္ကဲ့အစ်ကို ကၽြန္ေတာ္အခုပဲသြားလိုက္ပါ့မယ္"

Hall tutor က ဖြင့္လ်က္ရိွေနေသာ တံခါးဝတြင္ လာေျပာသြားတာေၾကာင့္ ေနြဦးေမာင္ ပူအိုက္၍ျဖဳတ္ထားေသာၾကယ္သီးေတြကိုျပန္တပ္လိုက္သည္။အေဆာင္ထဲထိဝင္လာဟန္မတူရင္ လာသၫ့္ဧၫ့္သည္က မိန္းကေလးပင္ျဖစ္ရမည္။

အေဆာင္ကေန အဓိပတိလမ္းဘက္ကိုဆက္ထားသၫ့္ လမ္းသြယ္ေပၚတက္လိုက္ေတာ့ ေထာင့္ခ်ိဳးေလးနားတြင္ ေက်ာေပးကာမတ္တပ္ရပ္ေစာင့္ေနေသာ ပန္းငပိေရာင္ဝမ္းဆက္ဝတ္ထားသၫ့္မိန္းမပ်ိဳကိုေတြ့ရသည္။
ဘယ္သူလဲဆိုတာသူအတပ္သိလိုက္သည္။ေခတ္စားေနသၫ့္ထဘီတိုထက္ ထဘီကိုေျခမ်က္စိေအာက္ တရြတ္တိုက္ဝတ္တတ္ၿပီး။
အက်ႌခါးရွည္ေခတ္တြင္ ခါးတိုကိုသာစဲြၿမဲစြာဝတ္တတ္ေသာသူ။

အေနာက္လွၫ့္ၾကၫ့္လာခ်ိန္တြင္ မ်က္ႏွာဖူးဖူးေလးကအလိုမက်ဟန္ျပေနသည္။
"ေနြဦးေမာင္။ ငါေစာင့္ရလို႔ေသေတာ့မွာပဲဟယ္"

"ဘယ္သူလိုက္ပို႔တာလဲ?"

ပန္းဦးေမသည္ အႃပံုးဟန္ခ်ီရင္း
"ဘယ္သူ႔မွလိုက္မပို႔ဘူး။မေန့ကပဲ ေက်ာင္းနားေလးကအေဆာင္ကိုေျပာင္းလိုက္တယ္ေလ။အျပင္ေဆာင္!"

ေနြဦးေမာင္သည္ ဂ်စ္ကန္ကန္ႏိုင္လွသၫ့္ညီမငယ္ကိုၾကၫ့္ရင္း ပါးကို ဆဲြလိမ္လိုက္သည္။
"ေမေမကလႊတ္တယ္ေပါ့။ေက်ာင္းေဆာင္မေနဘဲဘာလို႔အျပင္ေဆာင္ေနလဲ။ အစ္ကို႔ကိုေတာင္မဆက္သြယ္ဘူး။ အထုပ္လာသယ္ကူမွာေပါ့။"

ပန္းဦးေမသည္ အဓိပတိလမ္းေပၚေလ်ွာက္ရင္း

"အိမ္နဲ႔ေဝးတယ္ဘာညာအေၾကာင္းျပလိုက္တာေပါ့။ကားေမာင္းၿပီးလာရင္အႏၲရာယ္ မ်ားတယ္ ဘာညာေပါ့။ ဦးေလးကခြင့္မျပဳလည္း ေဒၚေလးက ခြင့္ျပဳတာပဲ။ေဖေဖကလည္းဒီေက်ာင္းေဆာင္မွာရိွေနတာပဲကို"

ပန္းဦးေမသည္ ေနြဦးေမာင္၏ညီမ တစ္ဝမ္းကဲြပင္။တစ္ႏွစ္ငယ္ေပမဲ့ ပန္းဦးက နင္နဲ႔ငါသာေျပာသည္။ပန္းဦးေမ၏ဖခင္ ဦးညိုဝင္းႏွင့္ ေနြဦးေမာင္၏ဖခင္ ဦးညိုေမာင္က ညီအစ္ကိုျဖစ္ေသာ္ျငားတစ္အိမ္ထဲမေန။

Chem ဌာနမွဴးတစ္ျဖစ္လည္း ပန္းဦးရဲ့အေဖ ဦးညိုဝင္းက ေက်ာင္းေဆာင္မွာသာေနသည္။
ပန္းဦးရဲ့မိခင္ကလည္းဆံုးၿပီမို႔ ငယ္ငယ္ကတည္းက ေနြဦးေမာင္ေမေမလက္ထဲတြင္သာႀကီးသည္။ထို႔ေၾကာင့္ ေနြဦးေမာင္ႏွင့္ပန္းဦးေမသည္ ေမာင္ႏွမတဖံု သူငယ္ခ်င္းတဖံုပင္။

သို႔ေသာ္ ေနြဦးေမာင္က ရန္ကုန္တကၠသိုလ္မွာတက္ေပမဲ့ ပန္းဦးေမကေတာ့ ေဆးေက်ာင္းသူပထမႏွစ္ကေလးပင္ျဖစ္သည္။
ေက်ာင္းခ်င္းက အရမ္းမေဝးတာမို့ လာချင်လ်ွင္ ခဏသာၾကာသည္။

"ကဲ ဆိုပါဦး။ဒီေန့လာရတဲ့အေၾကာင္းက"

"ဟာ နင္ကလည္း ဟိုဘက္ေက်ာင္းကေန သည္ဘက္ေက်ာင္းကိုလာလည္ပါတယ္ဆိုမွ မုန႔္စားဖို႔ေပါ့၊ ၿပီးေတာ့ ဖရက္ရွာေကာင္ေလးေတြကို လာငမ္းတာ"

ေနြဦးေမာင္သည္ ပန္းဦးေမေၾကာင့္ ေအာ္ရယ္ပစ္လိုက္ခ်စ္ေပမဲ့ ဘယ္ေတာ့အခါမွ အသံက်ယ္ႀကီးျဖင့္မရယ္ဖူးတာေၾကာင့္ ႃပံုးရံုသာႃပံုးသည္။ တျခားမိန္းကေလးေတြနဲ႔မတူတဲ့ ပန္းဦးရဲ့ပံုစံေၾကာင့္ သူနဲ႔လည္းအေစးကပ္သည္။

"အစ္ကိုပိုက္ဆံမယူလာမိဘူး...ခဏသြားျပန္ယူလိုက္မယ္ေလ"

"ဟာ မျပန္နဲ႔! မေစာင့္ႏိုင္ဘူး! ဗိုက္သိပ္ဆာေနၿပီ။
ငါ့မွာပါတယ္!ၿပီးရင္ႏွစ္ဆျပန္ေပး၊ဆိုင္အရင္လစ္ၾကမယ္"

ေနြဦးေမာင္ေခါင္းညိတ္ရင္း
"ေကာင္းၿပီ!ဘာစားခ်င္လဲ ဘယ္ဆိုင္ေခၚသြားရမလဲ"

"ပုစြန္ခြက္ေၾကာ္သုပ္လည္းစားခ်င္တယ္၊ နာမည္ႀကီးေနတဲ့ ဦးယန္းဘီလူးက ဖာလူဒါလည္းေသာက္ခ်င္တယ္၊အင္းလ်ားကဘူးေၾကာ္လည္းစားခ်င္တယ္၊ အသုပ္ေကာပဲ၊ ဘယ္ဆိုင္အရင္သြားရင္ေကာင္းမလဲ?"

"ဗိုက္ဆန႔္မွာေသခ်ာလို႔လား"

"အို..မဆန႔္ရင္ ထုတ္သြားမွာေပါ့ အေဆာင္မွာ သူငယ္ခ်င္းေတြနဲ႔ဝိုင္းစားရတာပိုအရသာရိွတယ္..အေဆာင္ေနရတာသိပ္ေကာင္းတာပဲ"

ေနြဦးေမာင္သည္ ပုစြန္ခြက္ေၾကာ္သုပ္ကို ဦးဆံုးဝယ္ရန္ လမ္းေၾကာင္းကိုေျခဦးတၫ့္လိုက္ရင္း
"ဒါဆို ဘာလို႔ သူငယ္ခ်င္းေတြကို မေခၚခဲ့လဲ"

ပန္းဦးေမကႏွာေခါင္းရႈံ႔သည္။
"သူတို႔သာပါလာရင္ နင္ ငါ့ကို ငါးေထာင္ေလာက္ျပန္ေပးေနရမယ္သိလား"

ေနြဦးေမာင္သည္ သည္တစ္ခါေတာ့အသံလြင္လြင္ကေလးျဖင့္ရယ္လိုက္ပါေသးသည္။
ခပ္တိုးတိုးသာ။ ဒါေတာင္ ေဘးကျဖတ္သြားတဲ့ေက်ာင္းသူတခ်ိဳ႕က မသိမသာေငးသြားၾကေသးသည္။မိန္းကေလးတစ္ဦးႏွင့္ပါတဲြျမင္ၾကေတာ့ ပိုၿပီး ေငးၾကေလသည္။
အျဖဴေရာင္သြားညီညီေလးေတြက ျမင္ရခဲတာလည္းပါတာေပါ့။ စုန္ဆန္ လႈပ္ခါသြားတဲ့ လည္စိကအစ အႏုပညာဆန္လွသည္။ေနြဦးေမာင္သည္ မိန္းကေလးတခ်ိဳ႕၏အိပ္မက္ထဲက မင္းသားတစ္ပါးအလားပင္။

°°°°°

ပုစြန္ခြက္ေၾကာ္သုပ္ကိုသာပါဆယ္ဝယ္လိုက္ၿပီး
အင္းလ်ားကဘူးသီးေၾကာ္ဆိုင္ကိုသြားကာ အနီးကဖာလူဒါကိုသာမွာေပးလိုက္သည္။
ပန္းဦးေမသည္ လက္ျဖဴႁဖူေလးျဖင့္ ပုစြန္ေခါင္းနွှာ​ေနပံုက အားရစရာေကာင္းလွသည္။

အင္းလ်ားကန္ေဘာင္ရိွ ဆိုင္မ်ားတြင္ေတာ့ ေက်ာင္းသားမ်ားသာမကအျပင္လူေတြကိုပါေတြ့ရသည္။

"ဒါနဲ႔ ခင္စံပယ္ညိုေကာ! နင့္နားကပ္မေနဘူးလား"

ပန္းဦးေမက ေမးေတာ့ ေနြၪိးေမာင္က ေခါင္းခါသည္။
"အင္း ဟုတ္သားပဲ။ဒီရက္အေတာတြင္း အစ္ကိုသူ႔ကိုမေတြ့ဘူး။"

ပန္းဦးေမက ဖာလူဒါကိုေကာက္ေမႊရင္း ေနြဦးေမာင္ေက်ာေပးထားသၫ့္ဘက္ကို ေက်ာ္ၾကၫ့္လိုက္ကာ
"အမေလး ေျပာရင္းဆိုရင္းလာၿပီ!"

ေနြဦးေမာင္ ေနာက္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့ ခင္စံပယ္ညိုတို႔အုပ္စုကို အေၾကာ္ဆိုင္ထဲလာေနတာေတြ့ရသည္။ မိန္းကေလးသံုးေယာက္လံုးသည္
ေျခသလံုးလယ္ေလာက္ရိွေသာထဘီတိုတိုျဖင့္
အက်ႌအရွည္ကို တဲြဝတ္ထားသည္။ ဆံပင္ေတြကလည္းေက်ာထိရွည္ၾကသူမ်ားပင္။
အေနာက္ကေနေတြ့လ်ွင္ ဘယ္သူဆိုတာကိုေနြဦးေမာင္ခဲြတတ္မည္မဟုတ္။
ေနြဦးေမာင္သည္ ခင္စံပယ္ညိုကိုႃပံုးျပၿပီးေနာက္ ေခါင္းျပန္လွၫ့္လိုက္သည္။

ခင္စံပယ္ညိုက သူတို႔ဝိုင္းထဲကိုေရာက္လာေတာ့ သူစကားစေျပာေပးလိုက္ေလသည္။
"ခင္...ဘယ္ကေနလာတာလဲ။"

ခင္စံပယ္ညိုသည္ ေက်ာလယ္ေလာက္ရိွေသာ ဆံပင္ကို မထိုင္ခင္ တစ္ခ်က္သပ္လိုက္ရင္း ေနြဦးေမာင္ႏွင့္ ပန္းဦးေမၾကားေနရာတြင္ ဝင္ထိုင္လိုက္သည္။
"အေဆာင္ကပဲလာတာ ကိုေနြ။သူငယ္ခ်င္းေတြကလည္း ဘူးသီးေၾကာ္စားခ်င္တယ္ဆိုလို႔။"

"ေနာက္တစ္ေခါက္ဆံုရင္အစ္ကိုဝယ္ကၽြေးပါ့မယ္။အခုေတာ့ပိုက္ဆံမပါလာလို႔။ လက္ဖက္ရည္ေတာင္ပန္းဦးနားကပ္ေသာက္ေနရတာ။"

"ခင့္နားမွာပါတယ္ေလ။ ခဏယူထားေပါ့။ၿပီးရင္လည္းဆံုဦးမွာပဲကို။"

ပန္းဦးေမသည္ အစက ဝင္မေျပာဘူးလုပ္ရာ မေနႏိုင္ေတာ့ပဲ ထေျပာေတာ့သည္။
"ငါ့အစ္ကို လက္ဖက္ရည္ဖိုးေတာ့ငါရွင္းႏိုင္ပါတယ္။မခင္စံပယ္ညိုရယ္"

ေနြဦးေမာင္သည္မိန္းကေလးေတြ၏ေျဖရွင္းနည္းကိုအမွန္တကယ္ကိုမသိပါ။
သူဘာဝင္ေျပာရမလဲစဉ္းစားေနစဉ္ မလွမ္းမကမ္းဝိုင္းတြင္ လာထိုင္ေသာ သူ႔အဖဲြ႔ကိုေတြ့လိုက္ရသျဖင့္ မ်က္ႏွာက ေရႊလိုဝင္းသြားသည္။
"ခင္က ပန္းဦးကိုအေဖာ္လုပ္ေပးလိုက္ဦးေနာ္။ဟိုမွာ ကၽြန္ေတာ့္သူငယ္ခ်င္းေတြကို က်ိဳးေၾကာင္းသြားေျပာလိုက္ဦးမယ္"

ေနြဦးေမာင္ တစ္ဖက္ဝိုင္းကိုေရာက္သည္ႏွင့္လြန္းေနာင္မွလဲြ၍ က်န္ႏွစ္ေယာက္၏စစ္ေမးျခင္းကိုခံရေလသည္။ေနြဦးေမာင္တြင္ ညီမရိွမွန္း သူတို႔ေတာင္အခုမွသိရျခင္းပင္။ခင္စံပယ္ညိုကိုေတာ့ သူတို႔အားလံုးမသိရိုးလား။ Physics  Queen ေလ။

°°°°
ဝိုင္းတြင္က်န္ခဲ့သၫ့္ မိန္းကေလးႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္အလိုမက်စြာၾကၫ့္သည္။ခင္စံပယ္ညိုက စကားစ၏။

"ပန္းဦး။နင္ကမိန္းကေလးတစ္ေယာက္ထဲ ေက်ာင္းကိုဘာလာလုပ္တာလဲ.."

"ငါ့အစ္ကိုနဲ႔လာေတြ့တာေလ။"

" သူမ်ားေတြကနင္တို႔ကိုေမာင္ႏွမမွန္းသိမွာမဟုတ္ဘူးေလ။ ကိုေနြ့ကို ဘယ္လိုထင္ၾကမလဲ။"

ပန္းဦးေမသည္ ေဒါသေတြအလိပ္လိုက္တက္လာေလသည္။
"နင့္စကားကေဘာင္ေက်ာ္ေနၿပီ ခင္စံပယ္ညို၊ ငါကငါ့အစ္ကိုဆီလာတာ။ ဘယ္သူလွမ္းေမးေမး ေမာင္ႏွမေတြပါလို႔ေျဖလို႔ရတယ္၊ နင္သာ ငါ့အစ္ကိုနားေရာက္ရင္ ဘယ္လိုေျဖမလဲသာစဉ္းစား၊ နင္တို႔ကေသြးမစပ္ဘူးေလ။ငါတို႔ကေသြးေနွာတယ္။"

"ဟဲ့ နင္စကားေျပာေနတာ နင့္အစ္မေနာ္။မရိုင္းနဲ႔"

ပန္းဦးေမသည္ ဟြန႔္ခနဲႏွာမႈတ္လိုက္သည္။
ထိုထိုေသာ စိတ္ခ်င္းမတိုက္ဆိုင္မႈမ်ားေၾကာင့္ သူတို႔ႏွစ္ေယာက္သည္ ဘယ္ေသာအခါမွမတၫ့္ပါေခ်။ေဆြမ်ိဳးဆက္ႏြယ္ပံုကိုေျပာရလ်ွင္လည္း အနည္းငယ္ရႈပ္ေထြးသၫ့္အေျခအေနပင္။
ပန္းဦးေမႏွင့္ ေနြဦးေမာင္က ဖခင္ဘက္ကအမ်ိဳးစပ္တာမို႔ေသြးေနွာသၫ့္ေမာင္ႏွမျဖစ္သလို။
ပန္းဦးေမႏွင့္ ခင္စံပယ္ညိုကလည္း မိခင္ဘက္ကအမ်ိဳးစပ္တာမို႔ ေသြးေနွာသၫ့္ညီအစ္မပင္။
ပန္းဦးေမေမ၏ညီမသည္ ခင္စံပယ္ညို၏မိခင္ျဖစ္သည္။
ထို႔ေၾကာင့္ ပန္းဦးေမသည္ ႏွစ္ဖက္စလံုးႏွင့္ ေဆြမ်ိဳးစပ္ေသာ္ညား ခင္စံပယ္ညိုႏွင့္ေနြဦးေမာင္ကေတာ့ေသြးမေနွာေခ်။

ၿပီးလ်ွင္ ခင္စံပယ္ညိုသည္ ေနြဦးေမာင္ကို တစ္ဖက္သတ္သေဘာက်ေနျခင္းအား သူငယ္ခ်င္းတခ်ိဳ႕အျပင္ ပန္းဦးေမကလည္းသိေနေလသည္။မိန္းကေလးတစ္ေယာက္အေနျဖင့္ ေယာက္်ားေလးရိွရာဝိုင္းကို လာရသည္အား ေအာက္က်သည္ဟုလည္းခံစားရေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ ခင္စံပယ္ညိုက မာနႀကီးသည္ဟု နာမည္ထြက္ထားသၫ့္မိန္းမ မဟုတ္လား။

"ေကာင္ေလးေရ ပိုက္ဆံရွင္းမယ္"

ပန္းဦးေမသည္ ပိုက္ဆံေခၚရွင္းၿပီးသည္ႏွင့္ ေနြဦးေမာင္တို႔ရိွရာဝိုင္းကိုထလာသည္။ေနြဦးေမာင္၏သူငယ္ခ်င္းေတြကိုသူသိလည္းမသိပါ။ထို႔ေၾကာင့္ ေလာ္ကြတ္ေခ်ာ္ၿပီးႏႈတ္ဆက္ဖို႔လည္းစိတ္မပါေခ်။

"ေနြဦးေမာင္ ၊ ငါျပန္ေတာ့မွာ။ လိုက္ပို႔မွာလား။မပို႔ရင္တစ္ေယာက္ထဲျပန္မို႔။"

ေနြဦးေမာင္သည္ခ်က္ခ်င္းထရပ္သည္။
"လိုက္ပို႔မွာေပါ့။"

"ငါ့ကားယူခ်င္ယူသြားေလ။ဟိုနားမွာပဲရပ္ထားတာ။ေရာ့ ေသာ့!"

မဂၢဒီပါသည္ ကားစီးႏိုင္ေသာေက်ာင္းသားေတြထဲကတစ္ေယာက္ပင္။နဝတ ေခတ္ကေန နအဖ ေခတ္သို႔ေျပာင္းလိုက္ေသာ္ညား ဆင္းရဲေသာျပည္သူမ်ားမွာဆက္ၿပီးဆင္းရဲေနၾကဆဲပင္။ဆရာ/ဆရာမတခ်ိဳ႕ႏွင့္ေက်ာင္းသားစုအနည္းငယ္သာကားစီးႏိုင္သၫ့္ေခတ္ဟုဆိုရမည္။

ေဇရဲေကာ၊မဂၢ ကပါ ပန္းဦးေမကိုႃပံုးျပလာသည္မို႔ သူမလည္းအလိုက္သင့္ျပန္ႃပံုးျပလိုက္သည္။
ထိုထဲက တစ္ဦးကေတာ့ သူမကိုဖုတ္ေလတဲ့ငပိ ရိွဟန္မတူပါ။ တစ္ခ်က္မ်ွပင္ေမာ့မၾကၫ့္။ထိုသူကားလြန္းေနာင္။
မိမိကိုအာရံုမထားသၫ့္သူ႔ကို ပန္းဦးတစ္ျဖတ္ၾကၫ့္လိုက္ေသးသည္။ ႏူးညံ့သၫ့္မ်က္ႏွာတြင္ အလႊာတစ္လႊာခံေနသၫ့္ဟန္။ ထိုအလႊာကပင္ သူ႔ကိုေအးစက္ေအာင္အေထာက္အပံ့ျပဳေနေလသည္။

"ခင္..ကၽြန္ေတာ္သြားေတာ့မယ္ေနာ္။ေနာက္ေတာ့ဆံုၾကတာေပါ့ဗ်ာ။"

"ဟုတ္ၿပီကိုေနြ!"

ေနြဦးေမာင္သည္ ခင္စံပယ္ညိုကိုႏႈတ္ဆက္ၿပီး မဂၢ၏ကားျဖင့္သာ အင္းလ်ားကေနထြက္လာေတာ့သည္။

°°°°°°

အေဆာင္ရိွခုတင္ေပၚတြင္ ေခြေခြေလး လွဲေနေသာ ေစာနရီသည္ မ်က္လံုးမ်ားေမွးစဉ္းလ်က္ရိွသည္။ ႏုန္းခ်ိသြားေသာခႏၶာကိုယ္သည္ စိတ္ထိခိုက္မႈေၾကာင့္လည္းပါလိမ့္မည္။ သူ႔ကိုယ္သူသန္မာတယ္ထင္ခဲ့ေပမဲ့ မိဘေလာင္းရိပ္ေအာက္ကထြက္ၿပီးသၫ့္ေနာက္တြင္ သူက လူေၾကာက္တတ္မွန္းပိုၿပီးထင္ရွားလာသည္။ ၿပီးေတာ့ ျမင္ကြင္းတစ္ခုက သူ႔စိတ္အပိုင္းအစေတြကို ခ်ိဳးဖ်က္သြားေလသည္။
ေက်ာင္းဖြင့္သၫ့္တစ္ပတ္လံုး သူေတြ့ခဲ့သၫ့္ လူကို လိုက္မရွာခဲ့တာေတာင္ အတန္းေရ႔ျွဖတ္သြားစဉ္တြင္ေတြ့လိုက္ရသည္။
သတင္းမ်ားမွာလည္းမစံုစမ္းဘဲ နားဝသို႔ေရာက္ခဲ့သည္။

ေမာင့္ရဲ့နာမည္က ေနြဦးေမာင္ လို႔အျပၫ့္အစံုသိရေပမဲ့ သူရူးရူးမိုက္မိုက္ ေမာင္လို႔ေခၚေနဆဲပင္။
ေမာင္က နာမည္အတိုင္းပဲ သူ႔ရဲ့ေနြဦးကို ျပန္လည္ေခၚေဆာင္လာသလိုပင္။
ေမာင့္ရဲ့ ေနာက္ခံမိသားစုကိုဘယ္သူမွမသိေပမဲ့
မႏွစ္ fresher welcome တြင္ ေမာင္ဝတ္လာသၫ့္နာရီက ၅၀၀၀၀ေက်ာ္သတဲ့။
အဲ့သၫ့္အေၾကာင္းျပခ်က္နဲ႔တင္ ေမာင့္ရဲ့ေနာက္ခံမိသားစုကိုသူခန႔္မွန္းႏိုင္ခဲ့ပါသည္။
အဲ့အေၾကာင္းၾကားၿပီး သူ ဖိနပ္ကိုျပန္ေပးရႏိုး မေပးသင့္ႏိုး ႏွစ္ရက္ေလာက္စဉ္းစားခဲ့ေသးသည္။

ေမာင္ကသိပ္ကိုလည္း လ်ိႈ႔ဝွက္တတ္ေသးသည္တဲ့။ေမာင့္ကိုသေဘာက်တဲ့မေဟသီေတြက ထုနဲ႔ေဒးတဲ့ေလ။
ေစာနရီကိုယ္တိုင္ကလည္း ေနြဦးေမာင္ဆိုသၫ့္ သူ႔ရဲ့ေက်းဇူးရွင္ကို ညတိုင္းအိပ္မက္မက္ခဲ့ေလသည္။ အိပ္မက္ထဲတြင္ ေမာင္က သူ႔ကို ဖိနပ္ကေလးေပးေပးၿပီးေပ်ာက္သြားစၿမဲပင္။သူကလည္းေမာင့္ကိုအၿမဲတေစလိုက္ရွာေနဆဲပင္။

ဘဝတစ္ေလ်ွာက္လံုး မွာ ဘယ္သူ႔ကိုမွ နာမည္ေလးၾကားရံု ျဖင့္ရင္မခုန္ခဲ့ဖူးဘူး။ေမာင္ကေတာ့ ႁခြင္းခ်က္။ဒါမွမဟုတ္ ပထမဆံုး သူစိမ္းမ်ားသၫ့္အရပ္ကို တိုးဝင္မိသၫ့္အခ်ိန္တြင္ ပထမဆံုး ဂရုစိုက္အေလးထားျခင္းခံရ၍လည္းျဖစ္ႏိုင္ပါေသးသည္။အမိုးကလဲြရင္သူ႔ကိုဘယ္သူက ဂရုစိုက္ဖူးလို႔လဲ။

ထို႔ေၾကာင့္စေနေန့မနက္ေစာေစာမွာ လွည္းတန္းေစ်းကိုသြားၿပီး ဆံပင္ၫွပ္ခဲ့သည္။ ႂကြက္ကိုက္ေက ကေန ပံုသြင္းထားတဲ့ဆံပင္ေကအေျခေနေၾကာင့္ သူ႔မ်က္လံုးေတြက ပိုၿပီးထင္ရွားလာသည္။ ဖိနပ္ဆိုင္တြင္လည္း ေမာင့္အတြက္ ဖိနပ္အေရာင္ေရြးရင္း နာရီဝက္နီးပါးၾကာခဲ့လို႔ ဆိုင္ရွင္ရဲ့ မ်က္ေစာင္းခဲမႈကိုလည္းခံခဲ့ရေသးသည္။
သူ႔အတြက္ တစ္ရန္ထပ္ဝယ္ၿပီး ေနြဦးေမာင္ေပးခဲ့သၫ့္ဖိနပ္ကိုေတာ့သိမ္းထားဖို႔ရန္တာဆူခဲ့သည္။ ျပန္ေပးဖို႔အတြက္လည္းအသစ္တစ္ရန္ထပ္ဝယ္ရေသးသည္။စႏိုးတစ္ဘူးပါအစစ္ပါေသးသည္။
ပိုက္ဆံကိုကိုင္ၿပီးသံုးဖူးသမ်ွထဲတြင္ ဒီတစ္ေခါက္အမ်ားဆံုးပင္။ပိုက္ဆံကုန္ျခင္းအတြက္
ႏွေမ်ာတာမ်ိဳးလည္းမရိွခဲ့ပါ။ ဒါေမာင့္အေပၚထားသၫ့္ေစတနာဟုဆိုလ်ွင္လည္း အပိုေျပာသည္ဟုထင္ၾကလိမ့္မည္။

လွည္းတန္းေစ်းကျပန္လာေတာ့ သူ႔ရဲ့ေမ်ွာ္လင့္ခ်က္ေတြဟာ ေရစုန္ေမ်ာသြားခဲ့ေလသည္။
မိန္းမပ်ိဳေလးတစ္ဦးရဲ့ပါးကိုကိုင္တဲ့ေယာက္်ားတစ္ေယာက္။
သူတို႔ႏွစ္ေယာက္ရဲ့ရင္းႏွီးမႈကို ကေလးကိုသြားေမးရင္ေတာင္သိႏိုင္တယ္မလား။
ေမာင္က သူမနဲ႔စကားေျပာတဲ့အခါလည္းသူ႔ကိုယ္သူ"ေမာင္" လို႔ပဲသံုးႏႈန္းမွာပဲ။

အရြယ္ေရာက္ၿပီးသား တကၠသိုလ္ေက်ာင္းသားတစ္ေယာက္မွာ သက္ဆိုင္သူမိန္းကေလးရိွတာသာမန္ပဲမဟုတ္လား။

သာမန္မဟုတ္ေနတာက ေယာက္်ားတစ္ေယာက္အေပၚတိမ္းၫႊတ္ေနတဲ့သူ႔ရဲ့စိတ္ေတြပင္။

ေတြးေနရင္းျဖင့္ ခုတင္ေပၚရိွသူ႔ကိုယ္ေလးသည္
တုန္ယင္လာေတာ့သည္။ဝမ္းနည္းအားငယ္မႈေတြက အလံုးလိုက္ဝင္လာသၫ့္အခါ မ်က္ရည္စမ်ားပင္ သီလာရေတာ့သည္။
မိုးနဲ႔ေျမ၊ ေရနဲ႔မီးလိုကြာျခားတဲ့အေျခအေနမွာ သူကဘာေတြကိုေမ်ွာ္လင့္ေနေသးတာလဲ။

ေမာင္သာ သူ႔ရဲ့ ပံုမွန္မဟုတ္တဲ့စိတ္ကိုသိသြားခဲ့လ်ွင္ရြံရွာမုန္းတီးသြားေပလိမ့္မည္။

ေစာနရီ ခုတင္ေပၚကေန ထလိုက္ၿပီး မွန္ခ်ပ္ေလးကို ဗီရိုထဲထၫ့္သိမ္းထားလိုက္သည္။
လိမ္ညာမႈကင္းမဲ့တဲ့မွန္ဟာ သူ႔အတြက္ ေၾကာက္စရာအရာဝတၴုပင္။
သိမ္ငယ္ေနတဲ့ကိုယ့္မ်က္ႏွာကိုယ္ျပန္ျမင္ေနရတာေလာက္ဆိုးရြားတဲ့အေျခအေနရိွမည္မဟုတ္။

ဝယ္လာသၫ့္ဖိနပ္အသစ္ႏွင့္ ေမာင့္ဖိနပ္အေဟာင္းေလးကိုပါ တဲြသိမ္းလိုက္သည္။
ဆံုခြင့္ရတာတင္ ကံေကာင္းလွၿပီထင္ရဲ့...

°°°°°°°°°

{ဖိနပ္ေလးနဲ႔အတူ ခံစားခ်က္ေတြပါသိမ္းလိုက္မိတယ္...ဒီဘဝနဲ႔ဒီမ်ွပဲလို႔ေရစက္ခ်လိုက္တဲ့အခါ..တိတ္ဆိတ္ျခင္းေတြက ဘဝတစ္ခုလံုးကိုဝါးၿမိဳသြားတယ္....}

°°°°°°°°°°

--စာေရးသူမွာေျပာစရာအနည္းငယ္ရိွ--

ကဲဇာတ္ေကာင္အသစ္ႏွစ္ေယာက္ထပ္ေပၚလာပါၿပီ။ေဆြမ်ိဳးေတာ္စပ္ပံုကို နားလည္မယ္ထင္ပါတယ္။ပံုေလးၾကၫ့္လိုက္။

ပံုစြန္ခြက္ေၾကာ္သုပ္စားဖူးလားမသိ။ပံုၾကၫ့္ပါ။
ကဲလုပ္စားနည္းေလးေျပာျပမယ္။

🦐 အခ်ဉ္စပ္နည္း

❄️ ဆန္ အစိမ္းမႈန္႔ 👉 150 g
❄️ ေရ                  👉 200 ml
❄️ အရသာမႈန္႔      👉 လဖက္စားဇြန္း တစ္ဝက္
❄️ ဆား                👉 လဖက္စားဇြန္း တစ္ဝက္
❄️ ေဆာ္ဒါ            👉 မက်ီးေစ့ခန္႔

နဲ႔ မုန္႔ႏွစ္ ခပ္ပ်စ္ပ်စ္စပ္ပီး
ပဲပင္ေပါက္မ်ားနဲ႔ နယ္၍
ပန္းကန္ထဲ တစ္ခုစာထည့္ကာ
ပုစြန္အေကာင္ႀကီးႀကီးတင္ပါ။
ပီးရင္ ဆီမ်ားမ်ားနဲ႔ေၾကာ္ပါ။

ပုစြန္မ်ားမ်ားစားခ်င္ရင္ ပုစြန္သီးသန္႔ ထပ္ေၾကာ္စားပါ။
ပုစြန္က အခြံခၽြတ္ဖို႔ မလိုပါဘူး။
ဆီပူနဲ႔ ကၽြတ္ရြေနေအာင္ ေၾကာ္ထားလို႔
အခြံပါ ဝါးစားလို႔ရပါတယ္။
__________
ပုစြန္ခြက္ေၾကာ္ ၫွပ္ၿပီး
စပ္ထားတဲ့အခ်ဉ္, ေဂၚဖီ,
ပဲမႈန္႔, ၾကက္သြန္နီဆီသတ္ဆီ
👉 အားလံုးေရာနယ္ၿပီး သုပ္စားရံုပါပဲ။
Crd
ကဲအဆင္ေျပပါေစ😁
---
အဲ့ေခတ္က ေရႊေစ်းေတာင္ ၂၆၀၀၀ ေလာက္ပါပဲ။ ေနြဦးေမာင္ဝတ္တာက ၅၀၀၀၀ေက်ာ္ဆိုေတာ့ အေတာ္ေလးေစ်းေျမာက္ပါတယ္။
ေဘာစိေမာင္ပါ။
၁၉၉၇ ခုႏွစ္မွာ နဝတ ကို ဖ်က္သိမ္းၿပီး၊ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႔ၿဖိဳးေရးေကာင္စီ (နအဖ) (SPDC)အျဖစ္ ေျပာင္းလဲဖဲြ႔စည္းခဲ့ပါတယ္။

My mom will be ok .Don't worry.

Continue Reading

You'll Also Like

1.2M 50.6K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
4.5M 516K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
4.5M 445K 42
Myanmar × BL || Complete ||
6.6K 427 194
Ez egy random hülyesegem