[UNICODE]
ရန်ရှုထန်က လက်ထဲတွင်စာအုပ်အသေးလေးတစ်အုပ်အား ကိုင်ထားက နေရာတွေတိတ်တဆိတ်ဖတ်နေရင်း ရပ်နေလေသည်။ သူ၏ကျောပေါ်တွင် လွယ်အိတ်ကိုလွယ်ထားသေးသော်ငြား ထင်းရှူးပင်ကဲ့သို့ တည့်တည့်မတ်မတ်ရပ်နေကာ ပုံရိပ်ကချောမောတိတ်ဆိတ်နေပြီး ဝတ်ထားသောကျောင်းယူနီဖောင်းမှာလည်း သန့်ရှင်းသပ်ရပ်နေသောကြောင့် မျက်လုံးအေးစရာမြင်ကွင်းလေးပင်ဖြစ်နေသည်။
သူက စာအုပ်အားသေချာအာရုံတစိုက်ဖတ်နေသောကြောင့် မီတာအနည်းငယ်အကွာအဝေးလောက်တွင် ရပ်နေသော ဖုယွမ်ကျုံးကိုသတိမထားမိပါချေ။ ဖုယွမ်ကျုံးက အလွန်အမင်းပျော်လာကာ စကားပါသွားပြောချင်လာသည်။ သို့သော်လည်း ကျောင်းမှာ ရန်ရှုထန်အား စနောက်လိုက်ရသည်မှာပင် လုံလောက်ပါပြီဟု တွေးမိလိုက်သည်။ ကျောင်းပြင်ပမှာ သူတို့ကြားအဆက်အသွယ်မရှိဖို့ မလိုလောက်တော့။
ဖုယွမ်ကျုံးက သူအပြီးမသတ်လိုက်တဲ့စကားအပေါ် အဘယ်ကြောင့်ရန်ရှုထန်က အလွန်အမင်းတုန့်ပြန့်သလဲဆိုတာ သိချင်နေသော်လည်း တစ်ဖက်လူကသူ့အား ထိုအကြောင်းကိုပြောပြမည်မှာ မဖြစ်နိုင်ဘူးဆိုတာကိုတော့ သူသိပါသေးသည်။
သူကအကြည့်များကပြန်ရုတ်သိမ်းမလိုလုပ်လိုက်သော်ငြား ထိုအချိန်တွင် ရန်ရှုထန်ကရုတ်တရက်ကျောင်းယူနီဖောင်းအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး အိတ်ထဲမှ ရထားကဒ်ကမတော်တဆပြုတ်ကျသွားသည်ကို တွေ့လိုက်ရလေသည်။ သို့သော် ရန်ရှုထန်ကမူ မြေပြင်ပေါ်တွင်ကျနေသော ကဒ်ကိုသတိမထားသေးဘဲ မက်ဆေ့အားစာပြန်ပြီးနောက် ဖုန်းကိုပြန်ထည့်လိုက်ပြီး လက်ထဲမှစာအုပ်အားပြန်ဖတ်နေလေ၏။
ရန်ရှုထန်က တစ်ယောက်တည်းရထားကိုစောင့်နေသည်ဖြစ်ရာ အနားမှတစ်ဦးတစ်ယောက်ကမျှ သူ့အားကဒ်အားပြန်ကောက်ရန် သတိမပေးပါချေ။ သိပ်မကြာခင်တွင် တစ်ခြားခရီးသည်များရောက်ရှိလာသော်လည်း မည်သူကမျှကဒ်ကိုသတိမထားမိ။
ဖုယွမ်ကျုံးတစ်ယောက် အတန်ငယ်အတွေးများနေလေသည်။ သူကသေချာပေါက်ကဒ်ကျသွားသည်ကို မြင်လိုက်သော်လည်း ရန်ရှုထန်အားသတိမပေးခဲ့ပါ။ ဒါကနည်းနည်းတော့ အကြင်နာတရားမရှိပုံပေါက်နေသည်။ သူကပြိုင်ဘက်အပေါ်နားမလည်ပေးနိုင်သော်လည်း တစ်ဖက်သူကပစ္စည်းပျောက်သွားတဲ့ အခြေအနေအပေါ်တော့ သူမပျော်နိုင်ပါပေ။ ဒီလိုမျိုးအပျော်က တော်တော်ကိုအဆင့်နိမ့်ကျတယ်လေ။
နောက်ဆုံးတော့ ရထားရောက်လာသည်အထိ မည်သူကမျှကဒ်ကိုသတိမထားမိသေးပေ။ ဖုယွမ်ကျုံးကပဲ မြန်မြန်လျှောက်သွားလိုက်ကာ ကဒ်ကိုကောက်ယူလိုက်ပြီး အနောက်ကနေရန်ရှုထန်၏ပုခုံးကိုပုတ်လိုက်တော့သည်။
"မင်းပစ္စည်းပြုတ်ကျနေတယ်"
ရထားတွင်းသို့ဝင်တော့မည့် ရန်ရှုထန်ကရပ်တန့်သွားသည်။ သူကခေါင်းလှည့်ကြည့်လာသောအခါတွင် သူ၏မျက်လုံးများက ထူးဆန်းသောခံစားချက်များအား ပြသနေလေသည်။ ရန်ရှုထန်ကလှည့်မကြည့်ခင်တွင် ဖုယွမ်ကျုံးအား အသံဖြင့်မှတ်မိခဲ့ခြင်းပင်။
သူကရထားဝင်ပေါက်တွင် မလှုပ်မယှက်ရပ်တန့်နေပြီး အနောက်မှခရီးသည်များက သူ့ကိုစရန်တွေ့လာသည်အထိ ဖုယွမ်ကျုံးအား ကြည့်နေလေသည်။ ထို့နောက်တွင်တော့ သူကသတိပြန်ဝင်လာပြီး ရထားတွင်းသို့ အလျင်အမြန်ဝင်သွားတော့သည်။
ဖုယွမ်ကျုံးက ကဒ်အားမပေးလိုက်ရသေးခင်မှာပဲ ရန်ရှုထန်က ရထားတွင်းသို့ ဝင်သွားခဲ့သည်။ ဖုယွမ်ကျုံးကတော့ ကဒ်အားတစ်ခြားတစ်ယောက်ကိုပဲ လက်လွှဲပေးလိုက်ပြီး ရန်ရှုထန်နှင့်တွေ့ရခြင်းမှရှောင်ရန် တစ်ခြားတံခါးပေါက်မှ ဝင်သွားနေပြီဖြစ်သည်။
ထိုအချိန်မှာပဲ ရှဲ့လင်ကရောက်လာကာ ဖုယွမ်ကျုံးအားတစ်ချက်ကြည့်လိုက်ပြီး ထိုတံခါးမှပင် ဝင်သွားလေတော့သည်။ ရှဲ့လင်ကတစ်ခြားတစ်တွဲပေါ်သို့ မတက်ချင်သည်ကိုမြင်လိုက်ရသည့်အတွက် ဖုယွမ်ကျုံးကလည်းတူတူဝင်ကာ ရန်ရှုထန်၏ဘေးသို့သွားလိုက်ပြီး ကဒ်ကိုပေးလိုက်တော့သည်။
"ဒီမှာ မင်းရထားကဒ်"
"ကျေးဇူး"
ရန်ရှုထန်က မျက်လွှာကိုချထားကာ ကဒ်ကိုပြန်ယူလိုက်သည်။ ကဒ်ကိုယူနေစဥ်တွင် ရန်ရှုထန်က ဖုယွမ်ကျုံး၏လက်ချောင်းများနှင့် မထိမိစေရန် ဂရုတစိုက်ယူနေ၏။ ဖြစ်နိုင်ချေရှိသည်ကတော့ သူကသူ့ပြိုင်ဘက်ကို ကျေးဇူးတင်ရတာနဲ့ ပတ်သက်ပြီးနေသားမကျဖြစ်နေသောကြောင့်ပင် ဖြစ်ရမည်။ ဖုယွမ်ကျုံးကလည်း သူ၏နားရွက်များက အနည်းငယ်နီလာနေသည်ကို တွေ့လိုက်ပါ၏။
ဖုယွမ်ကျုံးက ပြန်လည်တက်ကြွလာရသည်။ သူကရန်ရှုထန်ကို ခြေစခေါင်းဆုံးကြည့်လိုက်သည်။ သူက Omega ပဲဖြစ်မယ်မလား။ ဘာလို့ဒီလောက်တောင် ပိန်နေရတာလဲ?
ထိုဖြစ်နိုင်ချေကိုစဥ်းစားမိသောအခါ ဖုယွမ်ကျုံးက စိတ်ရောကိုယ်ပါသက်သာရာရသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။
"မင်းကငါ့ကိုကျေးဇူးတင်တာ ဖြစ်ခဲတာပဲ"
"......."
ရန်ရှုထန်ကမျက်လုံးများကိုပင့်ကြည့်လိုက်သောအခါ ဖုယွမ်ကျုံးအား သူ၏ကျေးဇူးတင်ခြင်းကိုလက်ခံရခြင်းကို ပျော်ရွှင်နေသကဲ့သို့ ရွှင်မြူးစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူကအနည်းငယ်ကြောင်အသွားပြီး ကဒ်ကိုပိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာကာ တိုးညှင်းစွာပြောလာသည်။
"ခုနက အတန်းထဲမှာမင်းပြောတာ....."
"ဟမ် ဘာကြီး?"
ဖုယွမ်ကျုံးက
"မင်းဘာပြောလိုက်တာလဲ ငါသေချာမကြားရဘူး"
ရန်ရှုထန်ကတိတ်ဆိတ်သွားပြီး ဖုယွမ်ကျုံးဘေးနားတွင် ရပ်နေသောရှဲ့လင်အား ကြည့်လိုက်ကာ ဖြည်းညှင်းစွာခေါင်းခါပြလာသည်။
"ဘာမှမဟုတ်တော့ဘူး"
ဖုယွမ်ကျုံးက ပြုံးနေဆဲနှင့်ပင် ကြည့်နေလိုက်သည်။ တကယ်တော့ ရန်ရှုထန်ပြောလိုက်သည့်စကားကို သူကြားပါလိုက်ပါပေမယ့် ပြန်မပြောချင်လို့ပင်။ ရန်ရှုထန်၏သူ့အား မေးချင်နေသော်လည်း ရှက်နေသည့်အဖြစ်ကို ကြည့်နေရသည်ကပျော်စရာကောင်းလှကာ ရန်ရှုထန်၏အတွေးများကိုသိချင်နေပါသော်လည်း မျက်နှာပိုးကတော့ မသတ်နိုင်သေးပေ။
"အတန်းဖော်လား?"
ရှဲ့လင်ကသူတို့စကားပြောနေသည်ကို ကြည့်နေပြီး ဖုယွမ်ကျုံးကိုမေးလိုက်သည်။
အခုနလေးကမှ ရှဲ့လင်ကသူ့အား ကျားရဲတောထဲသွားနေခြင်းမှ ရှောင်ခိုင်းနေသကဲ့သို့ ပိတ်ပင်လာသောကြောင့် ဖုယွမ်ကျုံးကအနည်းငယ်မပျော်မရွှင်ဖြစ်နေသော်လည်း သူတို့ကငယ်ရွယ်သေးသည့်အတွက် နေရခက်နေခြင်းကိုမဖြစ်စေချင်ပါပေ။ တစ်ဖက်သူကအရင်စကားပြောခြင်းမှာ တောင်းပန်လိုက်ခြင်းဟု ယူဆ၍လည်းရနိုင်ပါသည်။ ဖုယွမ်ကျုံးက ရှဲ့လင်၏မျက်နှာပေါ်က မပျော်မရွှင်ဖြစ်နေခြင်းကို မဖြစ်စေလိုတော့ပါ။ ရှဲ့လင်ကသူ့ကိုအရင်စကားလာပြောတယ်ဆိုကတည်းက ဒီအခြေအနေကို ပြေလျော့လိုက်ဖို့ လုံလောက်နေပါပြီ။
"သူကရန်ရှုထန်လေ ငါမင်းကိုအရင်ကပြောဖူးသားပဲ"
ဖုယွမ်ကျုံးကရှဲ့လင်အား မျက်စပစ်ပြလိုက်ပြီး မည်သည်မျှဆက်မပြောရန် ပြောလိုက်သည်။ သူကရန်ရှုထန်၏အကြောင်းကို ရှဲ့လင်နဲ့အရင်ကလည်း အခေါက်ပေါင်းများစွာပြောဖူးပေမယ့် ထူးထူးခြားခြားတော့မဟုတ်ပါချေ။
ရှဲ့လင်မှာ စကားများသူမဟုတ်သဖြင့် မည်သည်မျှဆက်မပြောတော့ဘဲ ရန်ရှုထန်အား ခေါင်းတစ်ချက်ပဲငြိမ့်ပြလိုက်လေ၏။
ရန်ရှုထန်ကလည်း ရှဲ့လင်ကိုနှုတ်ဆက်လိုက်သည်။ သူ ရှဲ့လင်ကိုသိပါသည်။ ကျောင်းသားသမဂ္ဂဥက္ကဌအနေဖြင့် အလံတင်အခမ်းအနားမှာတုန်းက ရှဲ့လင်ကမိန့်ခွန်းတက်ပြောဖူးသည်လေ။ ကျောင်းကိစ္စရေးရာများကို ဂရုမစိုက်သည့်သူပင်လျှင် ရှဲ့လင်ကိုတော့သိကြပါသည်။
တကယ်တော့ ရန်ရှုထန်သည်လည်း အရင်အလယ်တန်းကျောင်းတုန်းက အတော်အတန်နာမည်ကြီးပင်ဖြစ်ပါသည်။ အတန်းထဲတွင် ပထမအဆင့်ချိတ်သူဖြစ်ပြီး ရှားရှားပါးပါးအတန်းခုန်ကျော်တက်နိုင်သူဖြစ်ပေမယ့်လည်း သူကလူမသိသူမသိသာနေသည်။ ထို့ကြောင့် လူအများစုက သူ့အားနာမည်နှင့်လူမတွဲမိကြခြင်းပင်။
ရထားတံခါးကပိတ်လိုက်ပြီး နောက်ဘူတာကိုသွားနေပေပြီ။ ရထားအတွင်းလူသိပ်မများသော်လည်း ထိုင်စရာနေရာတော့ မရှိပါ။ ကျောင်းကနေအိမ်ကို ရထားဖြင့်ပြန်လျှင် အကွာအဝေးကဝေးလှပြီး တစ်နာရီခွဲလောက်အထိ ကြာပေ၏။
ခဏလောက်ကြာသောအခါ ဖုယွမ်ကျုံးတစ်ယောက် အိပ်ငိုက်လာပေတော့သည်။ ရထားစီးစီးခြင်းပင် အဘယ်ကြောင့်အိပ်ငိုက်လာခြင်းကိုသူမသိသော်လည်း ဒီတိုင်းတော့မနေနိုင်တော့ပါ။ ချက်ချင်းပင်ရှဲ့လင်၏လက်မောင်းထက် မှီရန်ပြင်လိုက်ပြီး
"ငါအိပ်ငိုက်နေပြီ မင်းလက်မောင်းလေးခဏလောက်ငှား"
"မအိပ်နဲ့လေ မင်းလဲကျသွားလိမ့်မယ်"
ရှဲ့လင်က သူအိပ်မည်ပြင်သည်ကိုတားရန် သူ့လက်များကိုဆန့်တန်းလိုက်သည်။ ဖုယွမ်ကျုံးကအလွန်အမင်းအိပ်ချင်နေပြီဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းပင် အားလုံးကိုမေ့သွားတော့သည်။ ရှဲ့လင်ကသူ့အလေးချိန်အား ခံနိုင်ရည်ရှိသည်ကို သိသောကြောင့် ရေရွတ်လိုက်သည်။
"မကျပါဘူး မင်းရှိနေတာပဲကို၊ မင်းကငါ့ကိုလဲကျအောင်ပစ်ထားမလို့လား?"
"....."
သူ့အားတားရန်ပြင်နေသည့်လက်များက ရုတ်ချည်းအားဆုတ်ယုတ်သွားကာ အိပ်ပျော်နေသည့်အခြေအနေတွင် သူ့ခါးကိုနူးညံ့စွာထိန်းကိုင်ထားပေးသော လက်တစ်စုံအား ဖုယွမ်ကျုံးအားခံစားမိနေသည်။
သူကရှဲ့လင်အပေါ် မှီလျောင်းနေကာ စိတ်သက်သာရာရစေသည့် ဝိုင်နီနံ့ကိုအသက်ရှူလိုက်တိုင်း ရနေတော့သည်။ ခဏအကြာမှာပဲ သူအိပ်မောကျလုခါနီးနီး ရုတ်တရက်တစ်စုံတစ်ယောက်က စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဒီမှာခုံရှိတယ်"
ဖုယွမ်ကျုံးအား အိပ်မောကျခါနီးဖြစ်နေပြီး ကြည်လင်နေသည့်အသံက သူ့နားထဲဝင်ရောက်လာသလိုခံစားလိုက်ရကာ တစ်ခဏမျှအကြာတွင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူကရှဲ့လင်၏လက်မောင်းအပေါ်မှာ ထလိုက်ပြီး ခေါင်းကိုလှည့်လိုက်ကာ မှုံရီဝေတဝါးမျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။ ရန်ရှုထန်၏မျက်နှာက မြင်ကွင်းထဲတွင်ပေါ်လာပြီး ဖြူဖျော့နေပုံပေါက်ကာ မပျော်မရွှင်မျက်နှာဖြင့် ဖုယွမ်ကျုံးအားကြည့်နေလေသည်။
သို့သော်လည်း ဖုယွမ်ကျုံးက ရန်ရှုထန်၏အေးစက်စက်မျက်နှာကို နေသားကျနေပြီး သူအိပ်ချင်နေသောကြောင့် မည်သည်ကိုမျှ မစဥ်းစားနိုင်တော့ပါချေ။ သူက ခုံအလွတ်ဆီသို့လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီးအိပ်နေလိုက်တော့သည်။
ဤဘူတာမှာ ရထားပြောင်းသည့်ဘူတာဖြစ်သောကြောင့် လူတော်တော်များများဆင်းသွားကြကာ ခုံများကလွတ်သွားလေသည်။ တစ်စုံတစ်ယောက်က သူ့ဘေးနားတွင်ထိုင်လိုက်သည်ကို ဖုယွမ်ကျုံးခံစားလိုက်မိသည်။ သူကရှဲ့လင်ဟုထင်လိုက်သောကြောင့် မျက်လုံးများအားမှိတ်လိုက်ကာ လှဲချလိုက်တော့သည်။ တစ်ဖက်လူ၏ကိုယ်ပေါ်အား စောင်းလိုက်ကာ ပေါင်ပေါ်သို့ခေါင်းအုံးပစ်လိုက်၏။
ပူနွေးနေသော ကိုယ်အပူချိန်က ကျောင်းယူနီဖောင်း၏အသားများမှတစ်ဆင့် ခံစားမိနေကာ မိုးရွာပြီးခါစ မြေသင်းနံ့လို မွှေးပျံ့နေသောရနံ့လေးကို ဖုယွမ်ကျုံးရှူရှိုက်နေမိသည်။ လန်းဆန်းပြီးသင်းပျံ့နေတယ်၊ အသက်ရှူလိုက်တိုင်း ပေါ့ပါးသွားသလိုခံစားနေရတယ်။
ဒါက pheromone အနံ့မဟုတ်ဘူးလား? ဒါပေမဲ့ ဒါကရှဲ့လင်ရဲ့ ဝိုင်နီအနံ့မှ မဟုတ်ဘဲ....။
ခဏအကြာတွင် ဖုယွမ်ကျုံးတစ်ယောက် တစ်ခုခုမှားနေကြောင်းနားလည်သွားကာ ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်သောအခါတွင် ရန်ရှုထန်၏မျက်နှာကို မြင်လိုက်ရတော့သည်။
ရန်ရှုထန်က သူ့အားငုံ့ကြည့်နေကာ နဂိုတည်ကြည်နေသောအမူအရာအား မထိန်းထားနိုင်ပါပေ။ ဒီတစ်ခေါက်မှာတော့ သူ့နားရွက်များတင် နီနေသည်မဟုတ်ဘဲ မျက်နှာကပါ ရှက်သွေးဖြာသကဲ့သို့ဖြစ်နေပေသည်။ ဖုယွမ်ကျုံး၏မျက်လုံးများပွင့်လာကာ သူ့ကိုကြည့်နေသည့်အခါတွင်တော့ ရန်ရှုထန်ကအကြည့်လွှဲသွားပြီး တစ်ဖက်သို့လှည့်ကာ သူ့မျက်နှာတစ်ခြမ်းအား ကာထားလေသည်။
မိုးရွာပြီးခါ မြေသင်းနံ့ကတဖြည်းဖြည်း ပိုလွင့်ပျံ့လာကာ ဖုယွမ်ကျုံးတစ်ယောက် ပိုမူးဝေလာပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့သဖြင့် မျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်ကြည့်နေရသည်။
မဟုတ်သေးပါဘူး....ရန်ရှုထန်က Alpha လား?
ဖုယွမ်ကျုံးမယုံချင်သော်လည်း pheromone ကတော့ မလှည့်ဖြားနိုင်ပါပေ။
Alpha နှင့် Omega တို့၏ pheromone များက သိသိသာသာကို ကွာခြားလှပါသည်။ ဒီရက်တွေအတွင်း ABO အကြောင်းကဖတ်ပြီးသည့်နောက် ကွာခြားချက်ကို ဖုယွမ်ကျုံးပြောနိုင်လာပြီပင်ဖြစ်သည်။ အရိုးရှင်းဆုံးနှင့် အရိုင်းအဆန်ဆုံးနည်းလမ်းကတော့ မူးဝေစေနိုင်သည့် pheromone က Alpha ဖြစ်ပြီး အသိစိတ်မကပ်နိုင်သည်က Omega ပေ။
ရန်ရှုထန်က Alpha ပေါ့၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....သူကအမြဲတမ်း ရှက်ကြောက်နေတာ။ ဘယ်နားက Alpha နဲ့တူနေလို့လဲ!!!
ဖုယွမ်ကျုံး၏နှလုံးသားက ကွဲကြေသွားရပြီး သူကရန်ရှုထန်၏ပေါင်ပေါ်တွင် လှဲနေခြင်းဖြစ်ကြောင်းကိုပါ မေ့သွားလေသည်။ ရုတ်တရက်တစ်စုံတစ်ယောက်က သူ့ခါးအားဆွဲမကာ ထိုင်ခိုင်းလိုက်သည်။ ရှဲ့လင်ပင်ဖြစ်ပါ၏။
ရန်ရှုထန်က Alpha ဖြစ်နေခြင်းကို အံ့သြထိတ်လန့်ကာ တွေးတောနစ်မြုပ်နေစဥ်တွင် ရှဲ့လင်ဆီမှ ထူမခံလိုက်ရသောကြောင့် အခုလေးတင် သူကရန်ရှုထန်ရဲ့ကိုယ်ပေါ်ကို ပစ်လှဲလိုက်ခြင်းဖြစ်ကြောင်း ဖြည်းဖြည်းချင်းနားလည်လာတော့သည်။
ဒါပေမဲ့ ဒါကသူ့ကိုအပြစ်တင်ရမှာပဲ....ဒီမှာဒီလောက်ခုံအလွတ်တွေအများကြီးကို။ ဘယ်သူက ရန်ရှုထန်သူ့ဘေးနား လာထိုင်လိမ့်မယ်လို့ထင်မှာလဲ။ သူသာဆိုရင် ဝေးဝေးသွားထိုင်နေလိုက်မှာလေ...ဒါဆိုလူမှားစရာလည်းမလိုတော့ဘူး။
"ဆောရီး...."
သူကရန်ရှုထန်ကို တောင်းပန်လိုက်သည်။ သူ့အတွက်တော့ ပြိုင်ဘက်ကိုတောင်းပန်ရတာလောက် ဝမ်းနည်းဖို့ကောင်းတာမရှိတော့ဘူး။ ရန်ရှုထန် Omega လည်းမဟုတ်၊ Beta တောင်မဟုတ်ဘဲ Alpha စစ်စစ်ကြီး ဖြစ်နေသေးတယ်။
ဖုယွမ်ကျုံးက အတော်လေးစိတ်ဓာတ်ကျသွားသောကြောင့် ထိုင်ပြီးနောက်တွင် ရှဲ့လင်၏သိပ်သည်းနေသော အမူအရာကိုအာရုံမစိုက်မိတော့ပါချေ။
ရန်ရှုထန်၏မျက်နှာပေါ်မှ နီရဲနေမှုက ဖြည်းဖြည်းချင်းလျော့ကာ ဖုယွမ်ကျုံးအား ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်သော်လည်း မည်သည်မျှမပြောတော့ဘဲ ခေါင်းကိုခါပြပြီး ပြန်ဖြေလိုက်လေသည်။
"ရပါတယ်"
ထိုနောက် သူတို့သုံးယောက်လုံးမှာ ငြိမ်ချက်သားကောင်းနေတော့သည်။ မှတ်တိုင်အနည်းငယ်ဖြတ်သန်းပြီးနောက် ရန်ရှုထန်ကဆင်းရတော့မည်ပင်ဖြစ်သည်။ သူကထရပ်လိုက်ကာ ဖုယွမ်ကျုံးအား ကြည့်လျက် ပြောလာသည်။
"ငါသွားပြီ"
"..ဟမ်...?"
တစ်ခဏအကြာတွင် ဖုယွမ်ကျုံးကပြန်အိပ်ပျော်သွားကာ တဖြည်းဖြည်းခေါင်းငိုက်စိုက်နေခြင်းပင်။ ယခုအခါတွင်တော့ သူတကယ်ရန်ရှုထန်ပြောလိုက်အား မကြားလိုက်ပါ။ သူမော့ကြည့်လိုက်သောအခါ သူ့မျက်လုံးများကဗလာဖြစ်နေလေသည်။
ရန်ရှုထန်က မည်သည်မျှမပြောဘဲ တစ်ခဏရပ်နေပေသည်။ ရထားတံခါးကပိတ်တော့မည်ဖြစ်ကြောင်းကို သတိပေးသောအသံထွက်ပေါ်လာနေ၏။ သူကလှည့်သွားကာ ရထားအပြင်ကိုထွက်သွားလိုက်သည်။ ပလက်ဖောင်းပေါ်တွင်ရပ်နေလိုက်ပြီး ရုတ်တရက်ရထားအတွင်းမှ ဖုယွမ်ကျုံးဘက်ပြန်လှည့်ကာ ရှင်းလင်းသောအသံဖြင့် ပြောလာလေသည်။
"ငါသွားပြီလို့"
အသံတစ်ချက်ကြားလိုက်ပြီးနောက် ရထားကပိတ်သွားလေပြီ။
ဖုယွမ်ကျုံးတစ်ယောက် မယုံနိုင်သောအမူအရာဖြစ်နေ၏။
သေလိုက်ပါတော့...ရန်ရှုထန်ကသူ့ကိုနှုတ်ဆက်သွားတာလား? သူ့ရထားကဒ်ကို ငါကပြန်ပေးလိုက်လို့ ကြင်ကြင်နာနာဆက်ဆံပေးနေတာလား? သေစမ်း...ငါဒါကိုနေသားမကျသေးဘူးလေ....
ပျော်သည်မပျော်သည်ထက် မယုံနိုင်သောခံစားချက်ကို ဖုယွမ်ကျုံးခံစားနေလေသည်။ ရုတ်တရက် သူ့ဖုန်းကအကြိမ်အနည်းငယ်တုန်ခါသွားကာ တစ်စုံတစ်ယောက်ကသူ့ကိုမက်ဆေ့လိုက်ခြင်းပင်။ သူကစာပြန်ပြီးနောက်တွင်တော့ သတိပေးချက်တစ်ခုထပ်ပေါ်လာလေသည်။ ဒါက friend request ပဲ။ ဒီလူက အတန်း ထဲကလူပဲ....ရေးထားတဲ့နာမည်က......
"ရန်ရှုထန်.....ရန်ရှုထန်?"
ဖုယွမ်ကျုံးတစ်ယောက်မျက်လုံးများ ပြူးကျယ်လာကာ သတိလက်လွတ်အသံပါပြုမိသွားတော့သည်။ ရန်ရှုထန်က သူ့ကို သူငယ်ချင်းအနေနဲ့ လာaddလိုက်တယ်ပေါ့...မဖြစ်နိုင်လိုက်တာ။ ဒါကသူ့ကို Alpha ဖြစ်နေတယ်ဆိုတာထက်ပင် အံ့သြသွားစေမိ၏။
မဟုတ်သေးဘူး...ဒီအကြောင်းကိုတွေးလိုက်တာနဲ့ သူစိတ်တိုလာပြီ။ ဒါကိုသူလက်ခံမှာမဟုတ်ဘူး။ ရန်ရှုထန်ကသာ Omega ဆိုရင် သူစဥ်းစားပေးဦးမှာ။ ဒါကသူ့ကိုစဖို့ ပိုတောင်နီးစပ်လာဦးမယ်။ Alpha တစ်ယောက်ကို လက်ခံလိုက်တာကတော့ သူကရန်ရှုထန်ကို စောင့်နေသလိုဖြစ်သွားမှာပေါ့။ သူ့ကိုပြန်သရော်တာကိုစောင့်နေရမှာလား?
သူကစာကိုဖျက်မလို့လုပ်လိုက်ချိန်တွင် ရုတ်တရက် တစ်ခြားလက်တစ်ခုက သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်လာခဲ့သည်။ လက်ကအားသိပ်မပြင်းသော်လည်း သူ့မှာခုခံနိုင်စွမ်းမရှိသဖြင့် ဖုန်းထဲကမက်ဆေ့များအား ထိုလူအားပေးကြည့်လိုက်ရလေသည်။
သူ့လက်ကိုလာကိုင်နိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ ရှဲ့လင်ပင်။ ဖုယွမ်ကျုံးက သူ့အားကြည့်ရန် ခေါင်းကိုမော့လိုက်သောအခါ ရုတ်တရက်နှလုံးကခုန်ပေါက်ထွက်တော့မလိုပင်ဖြစ်သွားရသည်။ ရှဲ့လင်၏အမူအရာကအေးစက်နေကာ သူ့မျက်ဝန်းများက မဲမှောင်နေပြီး မပျော်မရွှင်သောမျက်နှာထားဖြစ်နေသည်။ သူ့ကိုဘာကဒီလိုဖြစ်သွားစေတာလဲ?
"တော်သေး...."
သူကစကားပြောရန်ကြံလိုက်သော်လည်း ရှဲ့လင်ကသူ့ပုခုံးများအား လာဖက်လိုက်ကာ သူ့လက်မောင်းသို့ ဆွဲလိုက်လိုက်လေ၏။
ရှဲ့လင်က သူ့ရဲ့အားနည်းနေသောရုန်းကန်မှုကို လျစ်လျူရှုကာ သူ့ကျောပေါ်တွင် လက်များအားတင်ထားလေသည်။
"မင်းအိပ်ချင်နေတာမဟုတ်ဘူးလား? အိပ်တော့လေ"
"မင်းဘယ်လိုလုပ်ငါ့ကိုဒီလိုပုံနဲ့ အိပ်ခိုင်းနေရတာလဲ?"
တစ်ခြားခရီးသည်များက သူတို့အားမသိမသာကြည့်နေသည်ကို သတိထားမိသောအခါ ဖုယွမ်ကျုံးအနည်းငယ် ရှက်သွားရသည်။
"ငါဒီတိုင်းမှီရုံလေးပဲ မှီနေမယ်"
ရှဲ့လင်က လုံးဝလှုပ်မလာပါချေ။
"မင်းကတစ်ခြားတစ်ယောက်လက်ပေါ် ဒီလိုသွားအိပ်မလို့လား?"
"ဘယ်လိုလုပ်အိပ်ရမှာလဲကွ"
ဖုယွမ်ကျုံးကရေရွတ်လိုက်သည်။ သူ့မှာလည်းမျက်နှာရှိသေးတယ်လေ၊ တစ်ခြားသူတွေကိုတော့ ရှက်သေးတာပေါ့။ သူ့မိဘတွေကလွဲလို့ သူကရှဲ့လင်အရှေ့မှာဆို အရမ်းပွင့်လင်းခဲ့တာ၊ ယွမ်ယဲ့ကိုတောင် ဒီလိုရှက်ခဲ့တာမဟုတ်ဘူး။
"ဒါဆို မင်းနားလည်သွားပြီပေါ့?"
ရှဲ့လင်ကပြောသည်။
"ဘာကြီး?"
သူဘာတွေပြောနေသလဲ ဖုယွမ်ကျုံးတကယ်နားမလည်ပါ။
ရှဲ့လင်က ဖြည်းညှင်းစွာပြောလာသည်။
"ငါမင်းကို Alpha တွေနဲ့ နီးနီးကပ်ကပ်မနေဖို့ပြောသားပဲ။ မင်းက ငါကလည်း Alpha ပဲ ငါနဲ့ရော နီးနီးကပ်ကပ်နေတာ မလျှော့သင့်ဘူးလားလို့ မေးတယ်မလား"
"ဒါကိုငါပြန်ဖြေမယ် ဟုတ်တယ် မင်းငါနဲ့လည်းဒီလိုနေစရာမလိုဘူး"
သူကခေါင်းကိုငုံ့လိုက်ကာ ညအမှောင်လား မဲမိုက်နေသောမျက်လုံးများဖြင့် ဖုယွမ်ကျုံး၏မျက်နှာကို စိုက်ကြည့်လာသည်။
"ငါမင်းကိုဂရုမစိုက်တာသဘောမကျဘူးဆိုရင် မင်းငါ့ကိုလွှတ်ထားလိုက်၊ ငါနဲ့မပေါင်းနဲ့တော့ ဒီတိုင်းသာမန်သူငယ်ချင်းလိုပဲ ဆက်ဆံလိုက်"
"ဖုယွမ်ကျုံး မင်းဒီလိုလုပ်ချင်လား?"
[ZAWGYI]
ရန္ရႈထန္က လက္ထဲတြင္စာအုပ္အေသးေလးတစ္အုပ္အား ကိုင္ထားက ေနရာေတြတိတ္တဆိတ္ဖတ္ေနရင္း ရပ္ေနေလသည္။ သူ၏ေက်ာေပၚတြင္ လြယ္အိတ္ကိုလြယ္ထားေသးေသာ္ျငား ထင္းရွဴးပင္ကဲ့သို႔ တည့္တည့္မတ္မတ္ရပ္ေနကာ ပုံရိပ္ကေခ်ာေမာတိတ္ဆိတ္ေနၿပီး ဝတ္ထားေသာေက်ာင္းယူနီေဖာင္းမွာလည္း သန႔္ရွင္းသပ္ရပ္ေနေသာေၾကာင့္ မ်က္လုံးေအးစရာျမင္ကြင္းေလးပင္ျဖစ္ေနသည္။
သူက စာအုပ္အားေသခ်ာအာ႐ုံတစိုက္ဖတ္ေနေသာေၾကာင့္ မီတာအနည္းငယ္အကြာအေဝးေလာက္တြင္ ရပ္ေနေသာ ဖုယြမ္က်ဳံးကိုသတိမထားမိပါေခ်။ ဖုယြမ္က်ဳံးက အလြန္အမင္းေပ်ာ္လာကာ စကားပါသြားေျပာခ်င္လာသည္။ သို႔ေသာ္လည္း ေက်ာင္းမွာ ရန္ရႈထန္အား စေနာက္လိုက္ရသည္မွာပင္ လုံေလာက္ပါၿပီဟု ေတြးမိလိုက္သည္။ ေက်ာင္းျပင္ပမွာ သူတို႔ၾကားအဆက္အသြယ္မရွိဖို႔ မလိုေလာက္ေတာ့။
ဖုယြမ္က်ဳံးက သူအၿပီးမသတ္လိုက္တဲ့စကားအေပၚ အဘယ္ေၾကာင့္ရန္ရႈထန္က အလြန္အမင္းတုန႔္ျပန႔္သလဲဆိုတာ သိခ်င္ေနေသာ္လည္း တစ္ဖက္လူကသူ႔အား ထိုအေၾကာင္းကိုေျပာျပမည္မွာ မျဖစ္ႏိုင္ဘူးဆိုတာကိုေတာ့ သူသိပါေသးသည္။
သူကအၾကည့္မ်ားကျပန္႐ုတ္သိမ္းမလိုလုပ္လိုက္ေသာ္ျငား ထိုအခ်ိန္တြင္ ရန္ရႈထန္က႐ုတ္တရက္ေက်ာင္းယူနီေဖာင္းအိတ္ကပ္ထဲမွ ဖုန္းကိုထုတ္လိုက္ၿပီး အိတ္ထဲမွ ရထားကဒ္ကမေတာ္တဆျပဳတ္က်သြားသည္ကို ေတြ႕လိုက္ရေလသည္။ သို႔ေသာ္ ရန္ရႈထန္ကမူ ေျမျပင္ေပၚတြင္က်ေနေသာ ကဒ္ကိုသတိမထားေသးဘဲ မက္ေဆ့အားစာျပန္ၿပီးေနာက္ ဖုန္းကိုျပန္ထည့္လိုက္ၿပီး လက္ထဲမွစာအုပ္အားျပန္ဖတ္ေနေလ၏။
ရန္ရႈထန္က တစ္ေယာက္တည္းရထားကိုေစာင့္ေနသည္ျဖစ္ရာ အနားမွတစ္ဦးတစ္ေယာက္ကမွ် သူ႔အားကဒ္အားျပန္ေကာက္ရန္ သတိမေပးပါေခ်။ သိပ္မၾကာခင္တြင္ တစ္ျခားခရီးသည္မ်ားေရာက္ရွိလာေသာ္လည္း မည္သူကမွ်ကဒ္ကိုသတိမထားမိ။
ဖုယြမ္က်ဳံးတစ္ေယာက္ အတန္ငယ္အေတြးမ်ားေနေလသည္။ သူကေသခ်ာေပါက္ကဒ္က်သြားသည္ကို ျမင္လိုက္ေသာ္လည္း ရန္ရႈထန္အားသတိမေပးခဲ့ပါ။ ဒါကနည္းနည္းေတာ့ အၾကင္နာတရားမရွိပုံေပါက္ေနသည္။ သူကၿပိဳင္ဘက္အေပၚနားမလည္ေပးႏိုင္ေသာ္လည္း တစ္ဖက္သူကပစၥည္းေပ်ာက္သြားတဲ့ အေျခအေနအေပၚေတာ့ သူမေပ်ာ္ႏိုင္ပါေပ။ ဒီလိုမ်ိဳးအေပ်ာ္က ေတာ္ေတာ္ကိုအဆင့္နိမ့္က်တယ္ေလ။
ေနာက္ဆုံးေတာ့ ရထားေရာက္လာသည္အထိ မည္သူကမွ်ကဒ္ကိုသတိမထားမိေသးေပ။ ဖုယြမ္က်ဳံးကပဲ ျမန္ျမန္ေလွ်ာက္သြားလိုက္ကာ ကဒ္ကိုေကာက္ယူလိုက္ၿပီး အေနာက္ကေနရန္ရႈထန္၏ပုခုံးကိုပုတ္လိုက္ေတာ့သည္။
"မင္းပစၥည္းျပဳတ္က်ေနတယ္"
ရထားတြင္းသို႔ဝင္ေတာ့မည့္ ရန္ရႈထန္ကရပ္တန႔္သြားသည္။ သူကေခါင္းလွည့္ၾကည့္လာေသာအခါတြင္ သူ၏မ်က္လုံးမ်ားက ထူးဆန္းေသာခံစားခ်က္မ်ားအား ျပသေနေလသည္။ ရန္ရႈထန္ကလွည့္မၾကည့္ခင္တြင္ ဖုယြမ္က်ဳံးအား အသံျဖင့္မွတ္မိခဲ့ျခင္းပင္။
သူကရထားဝင္ေပါက္တြင္ မလႈပ္မယွက္ရပ္တန႔္ေနၿပီး အေနာက္မွခရီးသည္မ်ားက သူ႔ကိုစရန္ေတြ႕လာသည္အထိ ဖုယြမ္က်ဳံးအား ၾကည့္ေနေလသည္။ ထို႔ေနာက္တြင္ေတာ့ သူကသတိျပန္ဝင္လာၿပီး ရထားတြင္းသို႔ အလ်င္အျမန္ဝင္သြားေတာ့သည္။
ဖုယြမ္က်ဳံးက ကဒ္အားမေပးလိုက္ရေသးခင္မွာပဲ ရန္ရႈထန္က ရထားတြင္းသို႔ ဝင္သြားခဲ့သည္။ ဖုယြမ္က်ဳံးကေတာ့ ကဒ္အားတစ္ျခားတစ္ေယာက္ကိုပဲ လက္လႊဲေပးလိုက္ၿပီး ရန္ရႈထန္ႏွင့္ေတြ႕ရျခင္းမွေရွာင္ရန္ တစ္ျခားတံခါးေပါက္မွ ဝင္သြားေနၿပီျဖစ္သည္။
ထိုအခ်ိန္မွာပဲ ရွဲ႕လင္ကေရာက္လာကာ ဖုယြမ္က်ဳံးအားတစ္ခ်က္ၾကည့္လိုက္ၿပီး ထိုတံခါးမွပင္ ဝင္သြားေလေတာ့သည္။ ရွဲ႕လင္ကတစ္ျခားတစ္တြဲေပၚသို႔ မတက္ခ်င္သည္ကိုျမင္လိုက္ရသည့္အတြက္ ဖုယြမ္က်ဳံးကလည္းတူတူဝင္ကာ ရန္ရႈထန္၏ေဘးသို႔သြားလိုက္ၿပီး ကဒ္ကိုေပးလိုက္ေတာ့သည္။
"ဒီမွာ မင္းရထားကဒ္"
"ေက်းဇူး"
ရန္ရႈထန္က မ်က္လႊာကိုခ်ထားကာ ကဒ္ကိုျပန္ယူလိုက္သည္။ ကဒ္ကိုယူေနစဥ္တြင္ ရန္ရႈထန္က ဖုယြမ္က်ဳံး၏လက္ေခ်ာင္းမ်ားႏွင့္ မထိမိေစရန္ ဂ႐ုတစိုက္ယူေန၏။ ျဖစ္ႏိုင္ေခ်ရွိသည္ကေတာ့ သူကသူ႔ၿပိဳင္ဘက္ကို ေက်းဇူးတင္ရတာနဲ႔ ပတ္သက္ၿပီးေနသားမက်ျဖစ္ေနေသာေၾကာင့္ပင္ ျဖစ္ရမည္။ ဖုယြမ္က်ဳံးကလည္း သူ၏နား႐ြက္မ်ားက အနည္းငယ္နီလာေနသည္ကို ေတြ႕လိုက္ပါ၏။
ဖုယြမ္က်ဳံးက ျပန္လည္တက္ႂကြလာရသည္။ သူကရန္ရႈထန္ကို ေျခစေခါင္းဆုံးၾကည့္လိုက္သည္။ သူက Omega ပဲျဖစ္မယ္မလား။ ဘာလို႔ဒီေလာက္ေတာင္ ပိန္ေနရတာလဲ?
ထိုျဖစ္ႏိုင္ေခ်ကိုစဥ္းစားမိေသာအခါ ဖုယြမ္က်ဳံးက စိတ္ေရာကိုယ္ပါသက္သာရာရသြားၿပီး မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခုျဖစ္ေပၚလာေတာ့သည္။
"မင္းကငါ့ကိုေက်းဇူးတင္တာ ျဖစ္ခဲတာပဲ"
"......."
ရန္ရႈထန္ကမ်က္လုံးမ်ားကိုပင့္ၾကည့္လိုက္ေသာအခါ ဖုယြမ္က်ဳံးအား သူ၏ေက်းဇူးတင္ျခင္းကိုလက္ခံရျခင္းကို ေပ်ာ္႐ႊင္ေနသကဲ့သို႔ ႐ႊင္ျမဴးစြာၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ သူကအနည္းငယ္ေၾကာင္အသြားၿပီး ကဒ္ကိုပိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လာကာ တိုးညႇင္းစြာေျပာလာသည္။
"ခုနက အတန္းထဲမွာမင္းေျပာတာ....."
"ဟမ္ ဘာႀကီး?"
ဖုယြမ္က်ဳံးက
"မင္းဘာေျပာလိုက္တာလဲ ငါေသခ်ာမၾကားရဘူး"
ရန္ရႈထန္ကတိတ္ဆိတ္သြားၿပီး ဖုယြမ္က်ဳံးေဘးနားတြင္ ရပ္ေနေသာရွဲ႕လင္အား ၾကည့္လိုက္ကာ ျဖည္းညႇင္းစြာေခါင္းခါျပလာသည္။
"ဘာမွမဟုတ္ေတာ့ဘူး"
ဖုယြမ္က်ဳံးက ၿပဳံးေနဆဲႏွင့္ပင္ ၾကည့္ေနလိုက္သည္။ တကယ္ေတာ့ ရန္ရႈထန္ေျပာလိုက္သည့္စကားကို သူၾကားပါလိုက္ပါေပမယ့္ ျပန္မေျပာခ်င္လို႔ပင္။ ရန္ရႈထန္၏သူ႔အား ေမးခ်င္ေနေသာ္လည္း ရွက္ေနသည့္အျဖစ္ကို ၾကည့္ေနရသည္ကေပ်ာ္စရာေကာင္းလွကာ ရန္ရႈထန္၏အေတြးမ်ားကိုသိခ်င္ေနပါေသာ္လည္း မ်က္ႏွာပိုးကေတာ့ မသတ္ႏိုင္ေသးေပ။
"အတန္းေဖာ္လား?"
ရွဲ႕လင္ကသူတို႔စကားေျပာေနသည္ကို ၾကည့္ေနၿပီး ဖုယြမ္က်ဳံးကိုေမးလိုက္သည္။
အခုနေလးကမွ ရွဲ႕လင္ကသူ႔အား က်ားရဲေတာထဲသြားေနျခင္းမွ ေရွာင္ခိုင္းေနသကဲ့သို႔ ပိတ္ပင္လာေသာေၾကာင့္ ဖုယြမ္က်ဳံးကအနည္းငယ္မေပ်ာ္မ႐ႊင္ျဖစ္ေနေသာ္လည္း သူတို႔ကငယ္႐ြယ္ေသးသည့္အတြက္ ေနရခက္ေနျခင္းကိုမျဖစ္ေစခ်င္ပါေပ။ တစ္ဖက္သူကအရင္စကားေျပာျခင္းမွာ ေတာင္းပန္လိုက္ျခင္းဟု ယူဆ၍လည္းရႏိုင္ပါသည္။ ဖုယြမ္က်ဳံးက ရွဲ႕လင္၏မ်က္ႏွာေပၚက မေပ်ာ္မ႐ႊင္ျဖစ္ေနျခင္းကို မျဖစ္ေစလိုေတာ့ပါ။ ရွဲ႕လင္ကသူ႔ကိုအရင္စကားလာေျပာတယ္ဆိုကတည္းက ဒီအေျခအေနကို ေျပေလ်ာ့လိုက္ဖို႔ လုံေလာက္ေနပါၿပီ။
"သူကရန္ရႈထန္ေလ ငါမင္းကိုအရင္ကေျပာဖူးသားပဲ"
ဖုယြမ္က်ဳံးကရွဲ႕လင္အား မ်က္စပစ္ျပလိုက္ၿပီး မည္သည္မွ်ဆက္မေျပာရန္ ေျပာလိုက္သည္။ သူကရန္ရႈထန္၏အေၾကာင္းကို ရွဲ႕လင္နဲ႔အရင္ကလည္း အေခါက္ေပါင္းမ်ားစြာေျပာဖူးေပမယ့္ ထူးထူးျခားျခားေတာ့မဟုတ္ပါေခ်။
ရွဲ႕လင္မွာ စကားမ်ားသူမဟုတ္သျဖင့္ မည္သည္မွ်ဆက္မေျပာေတာ့ဘဲ ရန္ရႈထန္အား ေခါင္းတစ္ခ်က္ပဲၿငိမ့္ျပလိုက္ေလ၏။
ရန္ရႈထန္ကလည္း ရွဲ႕လင္ကိုႏႈတ္ဆက္လိုက္သည္။ သူ ရွဲ႕လင္ကိုသိပါသည္။ ေက်ာင္းသားသမဂၢဥကၠဌအေနျဖင့္ အလံတင္အခမ္းအနားမွာတုန္းက ရွဲ႕လင္ကမိန႔္ခြန္းတက္ေျပာဖူးသည္ေလ။ ေက်ာင္းကိစၥေရးရာမ်ားကို ဂ႐ုမစိုက္သည့္သူပင္လွ်င္ ရွဲ႕လင္ကိုေတာ့သိၾကပါသည္။
တကယ္ေတာ့ ရန္ရႈထန္သည္လည္း အရင္အလယ္တန္းေက်ာင္းတုန္းက အေတာ္အတန္နာမည္ႀကီးပင္ျဖစ္ပါသည္။ အတန္းထဲတြင္ ပထမအဆင့္ခ်ိတ္သူျဖစ္ၿပီး ရွားရွားပါးပါးအတန္းခုန္ေက်ာ္တက္ႏိုင္သူျဖစ္ေပမယ့္လည္း သူကလူမသိသူမသိသာေနသည္။ ထို႔ေၾကာင့္ လူအမ်ားစုက သူ႔အားနာမည္ႏွင့္လူမတြဲမိၾကျခင္းပင္။
ရထားတံခါးကပိတ္လိုက္ၿပီး ေနာက္ဘူတာကိုသြားေနေပၿပီ။ ရထားအတြင္းလူသိပ္မမ်ားေသာ္လည္း ထိုင္စရာေနရာေတာ့ မရွိပါ။ ေက်ာင္းကေနအိမ္ကို ရထားျဖင့္ျပန္လွ်င္ အကြာအေဝးကေဝးလွၿပီး တစ္နာရီခြဲေလာက္အထိ ၾကာေပ၏။
ခဏေလာက္ၾကာေသာအခါ ဖုယြမ္က်ဳံးတစ္ေယာက္ အိပ္ငိုက္လာေပေတာ့သည္။ ရထားစီးစီးျခင္းပင္ အဘယ္ေၾကာင့္အိပ္ငိုက္လာျခင္းကိုသူမသိေသာ္လည္း ဒီတိုင္းေတာ့မေနႏိုင္ေတာ့ပါ။ ခ်က္ခ်င္းပင္ရွဲ႕လင္၏လက္ေမာင္းထက္ မွီရန္ျပင္လိုက္ၿပီး
"ငါအိပ္ငိုက္ေနၿပီ မင္းလက္ေမာင္းေလးခဏေလာက္ငွား"
"မအိပ္နဲ႔ေလ မင္းလဲက်သြားလိမ့္မယ္"
ရွဲ႕လင္က သူအိပ္မည္ျပင္သည္ကိုတားရန္ သူ႔လက္မ်ားကိုဆန႔္တန္းလိုက္သည္။ ဖုယြမ္က်ဳံးကအလြန္အမင္းအိပ္ခ်င္ေနၿပီျဖစ္ၿပီး မ်က္စိတစ္မွိတ္အတြင္းပင္ အားလုံးကိုေမ့သြားေတာ့သည္။ ရွဲ႕လင္ကသူ႔အေလးခ်ိန္အား ခံႏိုင္ရည္ရွိသည္ကို သိေသာေၾကာင့္ ေရ႐ြတ္လိုက္သည္။
"မက်ပါဘူး မင္းရွိေနတာပဲကို၊ မင္းကငါ့ကိုလဲက်ေအာင္ပစ္ထားမလို႔လား?"
"....."
သူ႔အားတားရန္ျပင္ေနသည့္လက္မ်ားက ႐ုတ္ခ်ည္းအားဆုတ္ယုတ္သြားကာ အိပ္ေပ်ာ္ေနသည့္အေျခအေနတြင္ သူ႔ခါးကိုႏူးညံ့စြာထိန္းကိုင္ထားေပးေသာ လက္တစ္စုံအား ဖုယြမ္က်ဳံးအားခံစားမိေနသည္။
သူကရွဲ႕လင္အေပၚ မွီေလ်ာင္းေနကာ စိတ္သက္သာရာရေစသည့္ ဝိုင္နီနံ႔ကိုအသက္ရွဴလိုက္တိုင္း ရေနေတာ့သည္။ ခဏအၾကာမွာပဲ သူအိပ္ေမာက်လုခါနီးနီး ႐ုတ္တရက္တစ္စုံတစ္ေယာက္က စကားေျပာလိုက္သည္ကို ၾကားလိုက္ရသည္။
"ဒီမွာခုံရွိတယ္"
ဖုယြမ္က်ဳံးအား အိပ္ေမာက်ခါနီးျဖစ္ေနၿပီး ၾကည္လင္ေနသည့္အသံက သူ႔နားထဲဝင္ေရာက္လာသလိုခံစားလိုက္ရကာ တစ္ခဏမွ်အၾကာတြင္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ သူကရွဲ႕လင္၏လက္ေမာင္းအေပၚမွာ ထလိုက္ၿပီး ေခါင္းကိုလွည့္လိုက္ကာ မႈံရီေဝတဝါးမ်က္လုံးျဖင့္ လွမ္းၾကည့္လိုက္သည္။ ရန္ရႈထန္၏မ်က္ႏွာက ျမင္ကြင္းထဲတြင္ေပၚလာၿပီး ျဖဴေဖ်ာ့ေနပုံေပါက္ကာ မေပ်ာ္မ႐ႊင္မ်က္ႏွာျဖင့္ ဖုယြမ္က်ဳံးအားၾကည့္ေနေလသည္။
သို႔ေသာ္လည္း ဖုယြမ္က်ဳံးက ရန္ရႈထန္၏ေအးစက္စက္မ်က္ႏွာကို ေနသားက်ေနၿပီး သူအိပ္ခ်င္ေနေသာေၾကာင့္ မည္သည္ကိုမွ် မစဥ္းစားႏိုင္ေတာ့ပါေခ်။ သူက ခုံအလြတ္ဆီသို႔ေလွ်ာက္သြားလိုက္ကာ ထိုင္ခ်လိုက္ၿပီးအိပ္ေနလိုက္ေတာ့သည္။
ဤဘူတာမွာ ရထားေျပာင္းသည့္ဘူတာျဖစ္ေသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဆင္းသြားၾကကာ ခုံမ်ားကလြတ္သြားေလသည္။ တစ္စုံတစ္ေယာက္က သူ႔ေဘးနားတြင္ထိုင္လိုက္သည္ကို ဖုယြမ္က်ဳံးခံစားလိုက္မိသည္။ သူကရွဲ႕လင္ဟုထင္လိုက္ေသာေၾကာင့္ မ်က္လုံးမ်ားအားမွိတ္လိုက္ကာ လွဲခ်လိုက္ေတာ့သည္။ တစ္ဖက္လူ၏ကိုယ္ေပၚအား ေစာင္းလိုက္ကာ ေပါင္ေပၚသို႔ေခါင္းအုံးပစ္လိုက္၏။
ပူေႏြးေနေသာ ကိုယ္အပူခ်ိန္က ေက်ာင္းယူနီေဖာင္း၏အသားမ်ားမွတစ္ဆင့္ ခံစားမိေနကာ မိုး႐ြာၿပီးခါစ ေျမသင္းနံ႔လို ေမႊးပ်ံ႕ေနေသာရနံ႔ေလးကို ဖုယြမ္က်ဳံးရွဴရႈိက္ေနမိသည္။ လန္းဆန္းၿပီးသင္းပ်ံ႕ေနတယ္၊ အသက္ရွဴလိုက္တိုင္း ေပါ့ပါးသြားသလိုခံစားေနရတယ္။
ဒါက pheromone အနံ႔မဟုတ္ဘူးလား? ဒါေပမဲ့ ဒါကရွဲ႕လင္ရဲ႕ ဝိုင္နီအနံ႔မွ မဟုတ္ဘဲ....။
ခဏအၾကာတြင္ ဖုယြမ္က်ဳံးတစ္ေယာက္ တစ္ခုခုမွားေနေၾကာင္းနားလည္သြားကာ ႐ုတ္တရက္မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါတြင္ ရန္ရႈထန္၏မ်က္ႏွာကို ျမင္လိုက္ရေတာ့သည္။
ရန္ရႈထန္က သူ႔အားငုံ႔ၾကည့္ေနကာ နဂိုတည္ၾကည္ေနေသာအမူအရာအား မထိန္းထားႏိုင္ပါေပ။ ဒီတစ္ေခါက္မွာေတာ့ သူ႔နား႐ြက္မ်ားတင္ နီေနသည္မဟုတ္ဘဲ မ်က္ႏွာကပါ ရွက္ေသြးျဖာသကဲ့သို႔ျဖစ္ေနေပသည္။ ဖုယြမ္က်ဳံး၏မ်က္လုံးမ်ားပြင့္လာကာ သူ႔ကိုၾကည့္ေနသည့္အခါတြင္ေတာ့ ရန္ရႈထန္ကအၾကည့္လႊဲသြားၿပီး တစ္ဖက္သို႔လွည့္ကာ သူ႔မ်က္ႏွာတစ္ျခမ္းအား ကာထားေလသည္။
မိုး႐ြာၿပီးခါ ေျမသင္းနံ႔ကတျဖည္းျဖည္း ပိုလြင့္ပ်ံ႕လာကာ ဖုယြမ္က်ဳံးတစ္ေယာက္ ပိုမူးေဝလာၿပီး သူ႔ကိုယ္သူမထိန္းခ်ဳပ္ႏိုင္ေတာ့သျဖင့္ မ်က္လုံးအား ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္ေနရသည္။
မဟုတ္ေသးပါဘူး....ရန္ရႈထန္က Alpha လား?
ဖုယြမ္က်ဳံးမယုံခ်င္ေသာ္လည္း pheromone ကေတာ့ မလွည့္ျဖားႏိုင္ပါေပ။
Alpha ႏွင့္ Omega တို႔၏ pheromone မ်ားက သိသိသာသာကို ကြာျခားလွပါသည္။ ဒီရက္ေတြအတြင္း ABO အေၾကာင္းကဖတ္ၿပီးသည့္ေနာက္ ကြာျခားခ်က္ကို ဖုယြမ္က်ဳံးေျပာႏိုင္လာၿပီပင္ျဖစ္သည္။ အ႐ိုးရွင္းဆုံးႏွင့္ အ႐ိုင္းအဆန္ဆုံးနည္းလမ္းကေတာ့ မူးေဝေစႏိုင္သည့္ pheromone က Alpha ျဖစ္ၿပီး အသိစိတ္မကပ္ႏိုင္သည္က Omega ေပ။
ရန္ရႈထန္က Alpha ေပါ့၊ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ....သူကအၿမဲတမ္း ရွက္ေၾကာက္ေနတာ။ ဘယ္နားက Alpha နဲ႔တူေနလို႔လဲ!!!
ဖုယြမ္က်ဳံး၏ႏွလုံးသားက ကြဲေၾကသြားရၿပီး သူကရန္ရႈထန္၏ေပါင္ေပၚတြင္ လွဲေနျခင္းျဖစ္ေၾကာင္းကိုပါ ေမ့သြားေလသည္။ ႐ုတ္တရက္တစ္စုံတစ္ေယာက္က သူ႔ခါးအားဆြဲမကာ ထိုင္ခိုင္းလိုက္သည္။ ရွဲ႕လင္ပင္ျဖစ္ပါ၏။
ရန္ရႈထန္က Alpha ျဖစ္ေနျခင္းကို အံ့ၾသထိတ္လန႔္ကာ ေတြးေတာနစ္ျမဳပ္ေနစဥ္တြင္ ရွဲ႕လင္ဆီမွ ထူမခံလိုက္ရေသာေၾကာင့္ အခုေလးတင္ သူကရန္ရႈထန္ရဲ႕ကိုယ္ေပၚကို ပစ္လွဲလိုက္ျခင္းျဖစ္ေၾကာင္း ျဖည္းျဖည္းခ်င္းနားလည္လာေတာ့သည္။
ဒါေပမဲ့ ဒါကသူ႔ကိုအျပစ္တင္ရမွာပဲ....ဒီမွာဒီေလာက္ခုံအလြတ္ေတြအမ်ားႀကီးကို။ ဘယ္သူက ရန္ရႈထန္သူ႔ေဘးနား လာထိုင္လိမ့္မယ္လို႔ထင္မွာလဲ။ သူသာဆိုရင္ ေဝးေဝးသြားထိုင္ေနလိုက္မွာေလ...ဒါဆိုလူမွားစရာလည္းမလိုေတာ့ဘူး။
"ေဆာရီး...."
သူကရန္ရႈထန္ကို ေတာင္းပန္လိုက္သည္။ သူ႔အတြက္ေတာ့ ၿပိဳင္ဘက္ကိုေတာင္းပန္ရတာေလာက္ ဝမ္းနည္းဖို႔ေကာင္းတာမရွိေတာ့ဘူး။ ရန္ရႈထန္ Omega လည္းမဟုတ္၊ Beta ေတာင္မဟုတ္ဘဲ Alpha စစ္စစ္ႀကီး ျဖစ္ေနေသးတယ္။
ဖုယြမ္က်ဳံးက အေတာ္ေလးစိတ္ဓာတ္က်သြားေသာေၾကာင့္ ထိုင္ၿပီးေနာက္တြင္ ရွဲ႕လင္၏သိပ္သည္းေနေသာ အမူအရာကိုအာ႐ုံမစိုက္မိေတာ့ပါေခ်။
ရန္ရႈထန္၏မ်က္ႏွာေပၚမွ နီရဲေနမႈက ျဖည္းျဖည္းခ်င္းေလ်ာ့ကာ ဖုယြမ္က်ဳံးအား ရႈပ္ေထြးေနေသာအမူအရာျဖင့္ ၾကည့္လိုက္ေသာ္လည္း မည္သည္မွ်မေျပာေတာ့ဘဲ ေခါင္းကိုခါျပၿပီး ျပန္ေျဖလိုက္ေလသည္။
"ရပါတယ္"
ထိုေနာက္ သူတို႔သုံးေယာက္လုံးမွာ ၿငိမ္ခ်က္သားေကာင္းေနေတာ့သည္။ မွတ္တိုင္အနည္းငယ္ျဖတ္သန္းၿပီးေနာက္ ရန္ရႈထန္ကဆင္းရေတာ့မည္ပင္ျဖစ္သည္။ သူကထရပ္လိုက္ကာ ဖုယြမ္က်ဳံးအား ၾကည့္လ်က္ ေျပာလာသည္။
"ငါသြားၿပီ"
"..ဟမ္...?"
တစ္ခဏအၾကာတြင္ ဖုယြမ္က်ဳံးကျပန္အိပ္ေပ်ာ္သြားကာ တျဖည္းျဖည္းေခါင္းငိုက္စိုက္ေနျခင္းပင္။ ယခုအခါတြင္ေတာ့ သူတကယ္ရန္ရႈထန္ေျပာလိုက္အား မၾကားလိုက္ပါ။ သူေမာ့ၾကည့္လိုက္ေသာအခါ သူ႔မ်က္လုံးမ်ားကဗလာျဖစ္ေနေလသည္။
ရန္ရႈထန္က မည္သည္မွ်မေျပာဘဲ တစ္ခဏရပ္ေနေပသည္။ ရထားတံခါးကပိတ္ေတာ့မည္ျဖစ္ေၾကာင္းကို သတိေပးေသာအသံထြက္ေပၚလာေန၏။ သူကလွည့္သြားကာ ရထားအျပင္ကိုထြက္သြားလိုက္သည္။ ပလက္ေဖာင္းေပၚတြင္ရပ္ေနလိုက္ၿပီး ႐ုတ္တရက္ရထားအတြင္းမွ ဖုယြမ္က်ဳံးဘက္ျပန္လွည့္ကာ ရွင္းလင္းေသာအသံျဖင့္ ေျပာလာေလသည္။
"ငါသြားၿပီလို႔"
အသံတစ္ခ်က္ၾကားလိုက္ၿပီးေနာက္ ရထားကပိတ္သြားေလၿပီ။
ဖုယြမ္က်ဳံးတစ္ေယာက္ မယုံႏိုင္ေသာအမူအရာျဖစ္ေန၏။
ေသလိုက္ပါေတာ့...ရန္ရႈထန္ကသူ႔ကိုႏႈတ္ဆက္သြားတာလား? သူ႔ရထားကဒ္ကို ငါကျပန္ေပးလိုက္လို႔ ၾကင္ၾကင္နာနာဆက္ဆံေပးေနတာလား? ေသစမ္း...ငါဒါကိုေနသားမက်ေသးဘူးေလ....
ေပ်ာ္သည္မေပ်ာ္သည္ထက္ မယုံႏိုင္ေသာခံစားခ်က္ကို ဖုယြမ္က်ဳံးခံစားေနေလသည္။ ႐ုတ္တရက္ သူ႔ဖုန္းကအႀကိမ္အနည္းငယ္တုန္ခါသြားကာ တစ္စုံတစ္ေယာက္ကသူ႔ကိုမက္ေဆ့လိုက္ျခင္းပင္။ သူကစာျပန္ၿပီးေနာက္တြင္ေတာ့ သတိေပးခ်က္တစ္ခုထပ္ေပၚလာေလသည္။ ဒါက friend request ပဲ။ ဒီလူက အတန္း ထဲကလူပဲ....ေရးထားတဲ့နာမည္က......
"ရန္ရႈထန္.....ရန္ရႈထန္?"
ဖုယြမ္က်ဳံးတစ္ေယာက္မ်က္လုံးမ်ား ျပဴးက်ယ္လာကာ သတိလက္လြတ္အသံပါျပဳမိသြားေတာ့သည္။ ရန္ရႈထန္က သူ႔ကို သူငယ္ခ်င္းအေနနဲ႔ လာaddလိုက္တယ္ေပါ့...မျဖစ္ႏိုင္လိုက္တာ။ ဒါကသူ႔ကို Alpha ျဖစ္ေနတယ္ဆိုတာထက္ပင္ အံ့ၾသသြားေစမိ၏။
မဟုတ္ေသးဘူး...ဒီအေၾကာင္းကိုေတြးလိုက္တာနဲ႔ သူစိတ္တိုလာၿပီ။ ဒါကိုသူလက္ခံမွာမဟုတ္ဘူး။ ရန္ရႈထန္ကသာ Omega ဆိုရင္ သူစဥ္းစားေပးဦးမွာ။ ဒါကသူ႔ကိုစဖို႔ ပိုေတာင္နီးစပ္လာဦးမယ္။ Alpha တစ္ေယာက္ကို လက္ခံလိုက္တာကေတာ့ သူကရန္ရႈထန္ကို ေစာင့္ေနသလိုျဖစ္သြားမွာေပါ့။ သူ႔ကိုျပန္သေရာ္တာကိုေစာင့္ေနရမွာလား?
သူကစာကိုဖ်က္မလို႔လုပ္လိုက္ခ်ိန္တြင္ ႐ုတ္တရက္ တစ္ျခားလက္တစ္ခုက သူ႔လက္ေကာက္ဝတ္အား ဆုပ္ကိုင္လာခဲ့သည္။ လက္ကအားသိပ္မျပင္းေသာ္လည္း သူ႔မွာခုခံႏိုင္စြမ္းမရွိသျဖင့္ ဖုန္းထဲကမက္ေဆ့မ်ားအား ထိုလူအားေပးၾကည့္လိုက္ရေလသည္။
သူ႔လက္ကိုလာကိုင္ႏိုင္တဲ့ တစ္ေယာက္တည္းေသာသူကေတာ့ ရွဲ႕လင္ပင္။ ဖုယြမ္က်ဳံးက သူ႔အားၾကည့္ရန္ ေခါင္းကိုေမာ့လိုက္ေသာအခါ ႐ုတ္တရက္ႏွလုံးကခုန္ေပါက္ထြက္ေတာ့မလိုပင္ျဖစ္သြားရသည္။ ရွဲ႕လင္၏အမူအရာကေအးစက္ေနကာ သူ႔မ်က္ဝန္းမ်ားက မဲေမွာင္ေနၿပီး မေပ်ာ္မ႐ႊင္ေသာမ်က္ႏွာထားျဖစ္ေနသည္။ သူ႔ကိုဘာကဒီလိုျဖစ္သြားေစတာလဲ?
"ေတာ္ေသး...."
သူကစကားေျပာရန္ႀကံလိုက္ေသာ္လည္း ရွဲ႕လင္ကသူ႔ပုခုံးမ်ားအား လာဖက္လိုက္ကာ သူ႔လက္ေမာင္းသို႔ ဆြဲလိုက္လိုက္ေလ၏။
ရွဲ႕လင္က သူ႔ရဲ႕အားနည္းေနေသာ႐ုန္းကန္မႈကို လ်စ္လ်ဴရႈကာ သူ႔ေက်ာေပၚတြင္ လက္မ်ားအားတင္ထားေလသည္။
"မင္းအိပ္ခ်င္ေနတာမဟုတ္ဘူးလား? အိပ္ေတာ့ေလ"
"မင္းဘယ္လိုလုပ္ငါ့ကိုဒီလိုပုံနဲ႔ အိပ္ခိုင္းေနရတာလဲ?"
တစ္ျခားခရီးသည္မ်ားက သူတို႔အားမသိမသာၾကည့္ေနသည္ကို သတိထားမိေသာအခါ ဖုယြမ္က်ဳံးအနည္းငယ္ ရွက္သြားရသည္။
"ငါဒီတိုင္းမွီ႐ုံေလးပဲ မွီေနမယ္"
ရွဲ႕လင္က လုံးဝလႈပ္မလာပါေခ်။
"မင္းကတစ္ျခားတစ္ေယာက္လက္ေပၚ ဒီလိုသြားအိပ္မလို႔လား?"
"ဘယ္လိုလုပ္အိပ္ရမွာလဲကြ"
ဖုယြမ္က်ဳံးကေရ႐ြတ္လိုက္သည္။ သူ႔မွာလည္းမ်က္ႏွာရွိေသးတယ္ေလ၊ တစ္ျခားသူေတြကိုေတာ့ ရွက္ေသးတာေပါ့။ သူ႔မိဘေတြကလြဲလို႔ သူကရွဲ႕လင္အေရွ႕မွာဆို အရမ္းပြင့္လင္းခဲ့တာ၊ ယြမ္ယဲ့ကိုေတာင္ ဒီလိုရွက္ခဲ့တာမဟုတ္ဘူး။
"ဒါဆို မင္းနားလည္သြားၿပီေပါ့?"
ရွဲ႕လင္ကေျပာသည္။
"ဘာႀကီး?"
သူဘာေတြေျပာေနသလဲ ဖုယြမ္က်ဳံးတကယ္နားမလည္ပါ။
ရွဲ႕လင္က ျဖည္းညႇင္းစြာေျပာလာသည္။
"ငါမင္းကို Alpha ေတြနဲ႔ နီးနီးကပ္ကပ္မေနဖို႔ေျပာသားပဲ။ မင္းက ငါကလည္း Alpha ပဲ ငါနဲ႔ေရာ နီးနီးကပ္ကပ္ေနတာ မေလွ်ာ့သင့္ဘူးလားလို႔ ေမးတယ္မလား"
"ဒါကိုငါျပန္ေျဖမယ္ ဟုတ္တယ္ မင္းငါနဲ႔လည္းဒီလိုေနစရာမလိုဘူး"
သူကေခါင္းကိုငုံ႔လိုက္ကာ ညအေမွာင္လား မဲမိုက္ေနေသာမ်က္လုံးမ်ားျဖင့္ ဖုယြမ္က်ဳံး၏မ်က္ႏွာကို စိုက္ၾကည့္လာသည္။
"ငါမင္းကိုဂ႐ုမစိုက္တာသေဘာမက်ဘူးဆိုရင္ မင္းငါ့ကိုလႊတ္ထားလိုက္၊ ငါနဲ႔မေပါင္းနဲ႔ေတာ့ ဒီတိုင္းသာမန္သူငယ္ခ်င္းလိုပဲ ဆက္ဆံလိုက္"
"ဖုယြမ္က်ဳံး မင္းဒီလိုလုပ္ခ်င္လား?"