သောကမီးလျှံ

Par Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Plus

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၁၁)

1.4K 362 17
Par Ling____

T/N

ဒီအပိုင်းကနေစပြီး 'ထူးခြားဖြစ်စဉ်ထိန်းချုပ်ရေးဌာန' ဆိုတဲ့နာမည်နေရာမှာ 'DCO (Deviant Control Office)' ဆိုပြီး အတိုကောက်သုံးသွားပါမယ်

*************

ဒုတိယအသုတ်ကွင်းဆင်းဝန်ထမ်းတပ်ဖွဲ့မှာ ရှောင်းကျန်း၏ညွှန်ကြားချက်များကိုလက်ခံရရှိပြီးတာနှင့် အခင်းဖြစ်ရာနေရာသို့ အပြေးအလွှားရောက်လာကြ၏။ သို့သော် ၎င်းတို့အုပ်စုမှာ သေသေချာချာတောင်ခြေကုတ်မယူရသေးခင်မှာပင် သူတို့၏ကိုယ်ကျင့်တရားများကိုတစ်ခုပြီးတစ်ခုပြိုကျပျက်စီးသွားစေသော ဒရမ်မာဇာတ်လမ်းတစ်ခုနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလိုက်ရလေတော့သည်။

ထိုနေရာ၌ရှိနေသမျှလူအားလုံးသည်ကား တခဏမျှကြာသည်အထိ အသံတစ်ချက်မှမထွက်ဘဲ တိခနဲငြိမ်သက်သွားကြရင်း အေးစက်သောမြူခိုးများကြား၌ တခိုက်ခိုက်တုန်ရီနေကြရှာသည်။

အရပ်လေးမျက်နှာအနှံ့တွင် လေများစတင်တိုက်ခတ်လာသည်။ မိုးကြိုးမုန်တိုင်းများကိုသယ်ဆောင်လာသော တိမ်စိုင်ထုများက ကောင်းကင်ယံထက်တွင် တဖြည်းဖြည်းစုဝေးလို့လာနေ၏။ အတိတ်နိမိတ်မကောင်းလှသော လျှပ်စီးကြောင်းများမှာလည်း တိမ်ပုပ်တိမ်မည်းများအကြားကွေ့ပတ်သွားလာနေလျက်ရှိကြပြီး အဝေးမှပြတ်တောင်းပြတ်တောင်းထွက်ပေါ်လို့လာနေသော မိုးခြိမ်းသံများကလည်း တို​တောင်းသောလျှို့ဝှက်ကျိန်စာတိုက်သံများကဲ့သို့ပင်။

ရှန့်လင်ယွမ်းတစ်ဦးတည်းသာလျှင် မျက်လွှာချထားကာ သူနှင့်မဆိုင်သကဲ့သို့ မထုံတက်တေးအမူအရာဖြင့်ရှိနေခဲ့သည်။ သူ့ပုံစံကိုကြည့်ရသည်မှာ နာမည်ကျော်ပန်းချီကားတစ်ချပ်ထဲမှ ကြည်ညိုလေးစားဖွယ်ကောင်းသော နတ်ဘုရားတစ်ပါး၏အသွင်သဏ္ဌာန်မျိုးအလား၊ ဤလူ့ဘုံလောကကြီးအတွင်း၌ဖြစ်ပျက်နေကြသော ထူးခြားဆန်းကြယ်သည့်သောင်းပြောင်းထွေလာကိစ္စရပ်များအပေါ်တွင် အံ့အားသင့်နေပုံမရပါချေ။

ရွှမ်းကျီးမှာ တစ်ဖက်တွင် ပိချွင်းရှန်းကိုမျက်စိဒေါက်ထောက်ကြည့်နေရင်း တစ်ဖက်တွင်လည်း သူမအနောက်၌ရှိနေသော ချိန်ကိုက်ဗုံးတစ်လုံးနှင့်တူသည့် ဆံပင်ရှည်များနှင့် 'အန္တရာယ်ရှိသောအရာ' ကိုလည်း သတိထားစောင့်ကြည့်နေရသေးသည်။ ပေါက်ကွဲသွားသောလက်စွပ်၏နောက်ဆက်တွဲသက်ရောက်မှုကြောင့်လေလားမသိ၊ ရှန့်လင်ယွမ်းကိုကြည့်လိုက်သောအခါ၌ သူ၏နှလုံးသားမှာ ဆူးချွန်ဖြင့်အထိုးခံရသည့်အလား အသက်ရှူလိုက်ချိန်တိုင်း စူးအောင့်နာကျင်နေတာမှ ထိုင်မရထမရနှင့်ဂဏာမငြိမ်ဖြစ်နေရရှာသည်။

သူက ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာန၏ အန္တရာယ်အဆင့်အတန်းကိုလျှော့တွက်ခဲ့မိသည်။ သေသေချာချာတွက်ချက်တွေးတောကြည့်မည်ဆိုပါက ၎င်းမှာ ထောက်ပံ့ပို့ဆောင်ရေးအလုပ်တာဝန်ကိုလွှဲပြောင်းလက်ခံခဲ့ရသည်မှာ ၂၄ နာရီ​တောင်မပြည့်သေးပါချေ။ သူ၏အလုပ်သမား ID ကတ်ကို လက်ပူအောင်ပင်မကိုင်ရသေးသော်ငြား သူ့နှလုံးအိမ်မှာတော့ ထိုအလုပ်ကိုဆက်၍မလုပ်ချင်တော့လောက်အောင် ပင်ပန်းနွမ်းလျနေပြီဖြစ်သည်။

"ကျွန်တော်တို့ယုတ္တိရှိရှိပြောရအောင်...အစ်မပိ"

ရွှမ်းကျီးက ဂရုတစိုက်ဖြင့်အသက်ရှူသွင်းလိုက်၏။ သူ၏နှလုံးသားထဲတွင်​ဖြစ်တည်လာနေသောအခေါင်းပေါက်ကြီးကို အတတ်နိုင်ဆုံးလျစ်လျူရှုထားရင်း ပိချွင်းရှန်းနှင့် စိတ်ပါလက်ပါ စကားနိုင်လုရန်ပြင်လိုက်သည်။

"ခင်ဗျားပြောတဲ့စကားတွေက အမှန်တွေလို့ပဲထားလိုက်ပါဦး၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အကြီးစားမတော်တဆမှုဖြစ်ရပ်တစ်ခု တကယ်ပဲဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက တာဝန်ရှိသူက သူ့အပြစ်ကိုရှောင်လွှဲဖို့အတွက် သေဆုံးသူအရေအတွက်ကို လိမ်ညာလုပ်ကြံပြီးအစီရင်ခံခဲ့တယ်။ သူတို့က တံလျှပ်လိပ်ပြာသားလောင်းတွေကိုခိုးယူသွားခဲ့ပြီး သေဆုံးသူတွေရဲ့ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုးတွေထည့်သွင်းခဲ့တယ်။ အဲ့လိုနည်းလမ်းနဲ့ သေဆုံးသူတွေဟာ သူတို့ရဲ့မူလရုပ်သွင်သဏ္ဌာန်အတိုင်းဆက်ပြီးအသက်ရှင်နေထိုင်သွားကြတယ်__ဒါဖြင့် ခင်ဗျားက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိနေရတာလဲ? ခင်ဗျား ကိုယ်တွေ့ကြုံခဲ့ရဖူးလို့လား?တကယ်လို့ မဟုတ်ဘူးဆိုရင် ခင်ဗျားကို ဘယ်သူကပြောတာလဲ? ခင်ဗျားမှာ သက်သေအထောက်အထားရှိလို့လား?"

ထိုအခိုက် သူက မျက်လုံးထောင့်စွန်းမှနေ၍ မိစ္ဆာသခင်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်သောအခါမှာတော့ အနှီမိစ္ဆာသခင်ကြီးသည်ကား သူ့စကားအဆုံး၌ ကျက်သရေရှိလှသောဟန်ပန်သွင်ပြင်မျိုးဖြင့် မျက်ခုံးပင့်လိုက်ပြီးသကာလ 'လတ်စသတ်တော့ ဒီလိုကိုး' ဟူသည့် မျက်နှာအမူအရာမျိုးဖြစ်ပေါ်လာတော့သည်__အဆုံးတွင်တော့ အစောတုန်းက ပိချွင်းရှန်းပြောခဲ့သမျှ စည်းမျဥ်းစည်းကမ်းများမှာ အတော်လေးကိုသမားရိုးကျဆန်သောစကားများဖြစ်သဖြင့် ၎င်းမှာ မူလအစကတည်းက အနှီစကားများကိုနားလည်မနေဘူးသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။

"သောက်ချီးပဲ!"

ရွှမ်းကျီး၏စိတ်ထဲတွင် ပို၍ပင်ကသိကအောက်ဖြစ်ကာ ဒေါပွသွားရလေ၏။

သူက ငါ့ကို ဘာသာပြန်မှတ်စုလို့များထင်နေတာလား?

"ကျွန်မက ဘယ်လိုသိတာလဲ ဟုတ်လား?"

ပိချွင်းရှန်းက သည်တစ်ကြိမ်မှာတော့ သူ့ကို သနားဂရု​ဏာသက်နေသလိုအကြည့်များဖြင့်လှမ်းကြည့်လာ၏။

"ဒါရိုက်တာရွှမ်းက ဒီကိစ္စကို သက်သက်စီပဲလို့ထင်နေတာတော့မဟုတ်ပါဘူးနော်?"

"အင်တာနက်ပေါ်မှာပြောတတ်ကြတဲ့စကားတစ်ခွန်းရှိပါတယ်...ဘာပါလိမ့်? တကယ်လို့ သင့်အိမ်ထဲမှာ ပထမဆုံးပိုးဟပ်တစ်ကောင်ကို တွေ့ခဲ့ရရင် အိမ်ထဲမှာ ပိုးဟပ်ပေါင်း အကောင်တစ်ထောင် နှစ်ထောင်လောက်ရှိနှင့်ပြီးပြီ ဆိုတဲ့စကားလေ" [Note]

DCO ဌာနချုပ်အတွင်းရှိ တိတ်ဆိတ်မှုများကြီးစိုးနေသော ဥက္ကဋ္ဌရုံးခန်းထဲတွင်တော့ အကြီးအကဲဟွမ်၏စကားသံများသည်ကား ညနက်သန်းခေါင်အချိန်တွင် တစက်စက်ကျဆင်းနေသော ရေစက်များအလား စိတ်ချောက်ချားဖွယ်ကောင်းစွာပင် အခန်းတွင်း၌ပျံ့လွင့်ထွက်ပေါ်လာနေသည်။

"တကယ်လို့ ဒီဖြစ်ရပ်က အခုမှ ပထမဆုံးအကြိမ်ဖြစ်တာဆိုရင် ဘယ်သူကများ လိပ်ပြာသားလောင်းတွေကို လူသေအယောက်တစ်ထောင်ရဲ့ခန္ဓာကိုယ်တွေထဲ အမှားအယွင်းမရှိဘဲ တစ်ကြိမ်တည်းထည့်သွင်းနိုင်မှာလဲ? ရှောင်ရှောင်း....မင်းလည်း ဒီအကြောင်းကိုတွေး​ကောင်းတွေးမိမှာပါ။ လွန်ခဲ့တဲ့အနှစ်သုံးထောင်ကတည်းက ဒီလိုကိစ္စတွေဟာ လူတွေတိုးတိုးတိတ်တိတ်ကြိတ်လုပ်နေကြတဲ့ 'လုပ်ထုံးလုပ်နည်း'တစ်ခုလိုတောင်ဖြစ်နေပြီလေ။ အိုင်း....၁၅ ယောက်မျဥ်းနီစည်းမျဥ်းကို ပြည်သူတွေရဲ့လုံခြုံရေးအတွက်ချမှတ်ခဲ့တာ။ သူ့ရဲ့မူလရည်ရွယ်ချက်ကကောင်းပေမယ့် အရာတိုင်းမှာ သူ့ဘက်ကိုယ့်ဘက်ဆိုတာမျိုးလည်းရှိသေးတယ်လေ။ အဲဒီစည်းမျဥ်းက ငါ တို့ ရဲဘော်ရဲဘက်ကွင်းဆင်းဝန်ထမ်းတွေရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထိန်းချုပ်ထားသလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆို​တော့ အမှတ်တွေနုတ်ခံရပြီဆိုတာနဲ့ တစ်ဖွဲ့လုံးထိခိုက်နစ်နာရတာပဲလေ။ မင်းနဲ့ သေအတူရှင်မကွာ အတူတူအလုပ်လုပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေထဲမှာလည်း အမှတ်တွေနုတ်ခံရလို့ကုန်သလောက်နီးပါးဖြစ်နေတဲ့သူတွေလည်းရှိမှာပဲ။ ဒီလို အဆုံးစွန်သောအခြေအနေတွေနဲ့ကြုံတွေ့လာရပြီဆိုရင် သူတို့တွေဟာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီက အမှတ်တွေနုတ်ခံရမယ့်အစား ကိုယ့်အသက်နဲ့ပဲအလဲအလှယ်လုပ်ပေးလိုက်ချင်ကြတာ။ ဒီနှစ်ပိုင်းတွေမှာဖြစ်ခဲ့တဲ့ ကွင်းဆင်းဝန်ထမ်းတွေ ကိုယ့်အသက်ကိုစတေးသွားတဲ့အဖြစ်အပျက်တွေရဲ့တစ်ဝက်ကျော်ကျော်လောက်က ဒီစည်းမျဥ်းနဲ့ပတ်သက်နေတာပဲ။ မင်းကိုယ်တိုင်လည်း ကွင်းဆင်းဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ဖူးတာဆို​တော့ ဒီအကြောင်းတွေကိုကောင်းကောင်းသိမှာပါ"

ရှောင်းကျန်းတစ်ယောက် ပြောစရာစကားများပျောက်ရှသွားရသည်။

"ကွင်းဆင်းဝန်ထမ်းတွေကြားမှာ ရေပန်းစားပြီး အချင်းချင်းတိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းခဲ့ကြတဲ့ 'အသက်မွေးဝမ်းကျောင်းနည်းဗျူဟာ'တစ်ခုရှိတယ်။ အဖွဲ့ကိုအသစ်ဝင်ရောက်လာကြတဲ့ အလုပ်သင်လေးတွေက ဘယ်သူ့လက်အောက်က လူတွေက အမှတ်အနုတ်ခံရတာအနည်းဆုံးလဲဆိုတာကို သူတို့ရဲ့စီနီယာတွေကိုမေးတတ်ကြတယ်လေ။ တကယ်လို့ သူတို့ရဲ့လုပ်ပုံကိုင်ပုံက အစွန်းရောက်သမားတစ်ယောက်လိုဖြစ်နေမယ်ဆိုရင် သူ့အဖွဲ့က အဖွဲ့ဝင်တွေဟာ 'ပုပ်သိုးခါနီးနေတဲ့ကုန်ပစ္စည်း' တွေလိုဖြစ်နေတော့မှာပဲ။ ကွင်းဆင်းဝန်ထမ်းတစ်ယောက်က ဘယ်လိုအဆင့်အတန်းနေရာမျိုးထိတက်လှမ်းနိုင်သလဲဆိုတာက သူတို့ရဲ့အရည်အချင်းတွေပေါ်မှာမူတည်တာမဟုတ်ဘဲ ဘယ်သူကအမှတ်အနည်းဆုံးအနုတ်ခံရသလဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာ။ တချို့ဆို ဒီအလုပ်နဲ့ပတ်သက်တဲ့ 'အယူသည်းမှုပုံစံ'ကိုတွေတောင် အနှစ်ချုပ်ပြထားလိုက်သေးတယ်။ ဘယ်သူပဲဖြစ်ဖြစ် အလုပ်စဝင်တဲ့ ပထမ (၂)နှစ်အတွင်း လုံးဝအမှတ်နုတ်ခံရလို့မဖြစ်ဘူးတဲ့။ ဘယ်ကွင်းဆင်းဝန်ထမ်းမဆို အလုပ်စဝင်တဲ့အချိန်မှာ အဲဒီပုံစံအတိုင်းမလုပ်နိုင်ခဲ့ရင် နောက်ပိုင်း သူတို့ရဲ့အသက်မွေးလမ်းကြောင်းက ဘယ်တော့မှသာယာဖြောင့်ဖြူးတော့မှာမဟုတ်ဘူးတဲ့"

'၁၅ ယောက်မျဥ်းနီ' ဟူသည့်စည်းမျဥ်းသည်ကား ရှေ့တန်းရောက်ကွင်းဆင်းဝန်ထမ်းတိုင်း၏ခြေထောက်အောက်က ပါးလွှာသော ရေခဲပြင်တစ်ချပ်လို၊ လည်ပင်းတွင်ရစ်ပတ်ထားသော ကြိုးကွင်းတစ်ခုလို၊ နားထင်ပတ်ပတ်လည်တွင်ရစ်သိုင်းထားသော *ခေါင်းစည်းကွင်းအစီအရင်တစ်ခုလို။

*ဝူချန်အန်း၏ 'အနောက်အရပ်သို့ခရီးသွားခြင်း' ဟူသည့်ဇာတ်လမ်းထဲတွင် အသုံးပြုထားသောအစီအရင်တစ်ခုကိုရည်ညွှန်းထားခြင်းဖြစ်သည်။ မျောက်ဘုရင် စွန်းဝူခုန်း၏ဦးခေါင်းထက်တွင်စွပ်ထားသော မှော်ဦးရစ်/ရွှေရောင်ခေါင်းစည်းကွင်းတစ်ကွင်းဖြစ်ပြီး အဆိုပါကွင်းကိုတင်းကြပ်စေကာ ခေါင်းကိုက်အောင်လုပ်ခြင်းဖြင့် ၎င်းကို ထိန်းချုပ်သော နည်းလမ်းဖြစ်သည်။

"အဲဒါကြောင့်လည်း တချို့ကွင်းဆင်းဝန်ထမ်းတွေဟာ ပြဿနာကြီးကြီးမားမားကြုံတဲ့အခါမျိုးတို့၊ သတ်မှတ်ထားတဲ့ သေဆုံးသူအရေအတွက်စည်းကိုကျော်လွန်သွားတဲ့အခါမျိုးတွေမှာ ကုန်ချန်ကုန်းဆီလာပြီး 'အကူအညီတောင်း' တတ်ကြတယ်လေ"

အကြီးအကဲဟွမ်က ကြောင်အမ်းအမ်းဖြစ်သွားသော ရှောင်းကျန်းကိုကြည့်လိုက်ရင်း စကားကိုဆက်ပြန်သည်။

"ဆိုလိုတာကတော့ လိပ်ပြာသားလောင်းတွေကိုအသုံးချကြတယ်ဆိုတာပါပဲ။ နောက်ဆုံးကျတော့ သေတဲ့လူကလည်း မသေတော့ဘူး။ ကွင်းဆင်းဝန်ထမ်းကလည်း အမှတ်တွေအနုတ်ခံရမယ့်အဖြစ်ဆိုးမျိုးမရှိတော့ဘူး။ နစ်နာသူရဲ့မိသားစုဝင်တွေကလည်း အရမ်းကို ကျေးဇူးတင်တွေတင်ကြမယ်။ ထောက်ပံ့ပို့ဆောင်ရေးဌာနကလည်း အရာအားလုံးကို ပြည်ဖုံးကားချလိုက်မယ်။ ဒါဆို အားလုံးပျော်ရတဲ့ ဇာတ်သိမ်းခန်းလေးဖြစ်သွားပြီပေါ့"

ရှောင်းကျန်းခမျာ နောက်ဆုံး၌ ခက်ခက်ခဲ​ခဲကြိုးစားအားထုတ်ပြီးမှသာ ပြောရမည့်စကားလုံးကိုရှာတွေ့သွားလေသည်။

"ဘယ်သူကများ...."

"ငါလည်း မသိဘူး။ DCO စတင်တည်ထောင်ကတည်းက ဌာနတိုင်းမှာ ရေတွေက ဟိုးအောက်အနက်ပိုင်းအထိစီးဆင်းနေတာ။ ငါလည်း အခုထိ လက်သည်တရားခံတွေကိုရှာမတွေ့သေးဘူး။ ဒါပေမယ့်.... မင်းသိထားသမျှ လုံခြုံရေးဌာနက အကြည်ညိုခံအကြီးအကဲပုဂ္ဂိုလ်တွေအများစုကလည်း ဒီအကြောင်းကိုသိထားကြတယ်။ သူတို့ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူးဆိုရင်​တောင် တစ်ခါတရံမှာ အလားအလာရှိတဲ့မျိုးဆက်သစ်ကလေးတွေကို ကာကွယ်ပေးဖို့အတွက်လုပ်ခဲ့ရတာမျိုးတွေလည်းရှိတာပေါ့....."

အကြီးအကဲဟွမ်က ရှောင်းကျန်းကို တစ်ချက်မျှစူးစိုက်ကြည့်ရှုလိုက်ပြီးနောက်တွင်တော့ စကားဆက်မလာ​တော့ပါချေ။

ရှောင်းကျန်းထံမှ စစချင်း၌ မည်သည့်တုံ့ပြန်မှုမှထွက်မလာ။ သို့သော် ထို့နောက်တွင်​တော့ အပြင်းအထန်လှုပ်ယမ်းတုန်ခါနေခဲ့သော သူ့တစ်ကိုယ်လုံးရှိသွေးများမှာ ရုတ်တရက်အေးခဲသွားတော့မလိုခံစားလိုက်ရရှာတော့သည်။

သူသည်ကား လူအယောက်တစ်သန်းတွင်တစ်ယောက်သာရှိနိုင်သော 'မိုးကြိုး-မီး' အမျိုးအစားဖြစ်သည့်အပြင် ထိုအထဲမှ ရှားရှားပါးပါး 'သန့်စင်သော မိုးကြိုးသွား' အမျိုးအစား ထူးခြားစွမ်းရည်ပိုင်ရှင်လည်းဖြစ်ပြန်သည်။

ယနေ့ခေတ်ထူးခြားစွမ်းရည်ပိုင်ရှင်များ၏မျိုးရိုးစဥ်ဆက်ဇယားသည်ကား အစဥ်အလာ 'ဒြပ်စင်ငါးမျိုး' နည်းဥပဒေသနှင့် ဆင်တူပေသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် သန့်စင်သော မိုးကြိုးသွားအမျိုးအစားမှလွဲ၍ မိုးကြိုး-မီးအမျိုးအစားမှာ ရေခဲအမျိုးအစားနှင့် တိုက်ခိုက်ရပါက အခြေအနေမကောင်းနိုင်ပေ။ ရှောင်းကျန်းမှာ DCOဌာနအတွင်းသို့ရောက်ရှိလာစဥ်ကပင် အလွန်အကျူးအလေးပေးဆက်ဆံတာကိုခံခဲ့ရပြီး အလုပ်သင်ကာလပြီးတာနှင့် ထိပ်သီးအထူးတပ်ဖွဲ့အတွင်းသို့ တန်းရောက်သွားခဲ့သည်။ ပြန်တွေးကြည့်မည်ဆိုပါက သူလျှောက်ခဲ့ရသည့်လမ်းခရီးတစ်လျှောက်လုံး၌ ဘာဆူးညှောင့်ခလုတ်မှမရှိဘဲ ဖြောင့်ဖြူးသာယာနေခဲ့သည်သာဖြစ်၏။ အခြားသူများထက်လည်း ပို၍ကံကောင်းနေခဲ့သလိုပင်__ဆယ်စုနှစ်တစ်စုကြာမျှ ရှေ့တန်းကွင်းဆင်းဝန်ထမ်းတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အောက်ခြေဝန်ထမ်းအဆင့်မှသည် မိုးကြိုးသွားအဖွဲ့ဒါရိုက်တာဘဝထိတိုင်အောင် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းကြီးကြီးငယ်ငယ်ကိုတိုက်ခိုက်ဆင်နွှဲခဲ့ပြီး အောင်ပွဲအလီလီဆွတ်ခူးရရှိပြီးသည့်အချိန်အထိ အမှတ်သုံးမှတ်သာအနုတ်ခံခဲ့ရရှာသည်။ ဤအရာကား အံ့ဖွယ်ဖြစ်ရပ်ဟုပင်ခေါ်ဆိုနိုင်လောက်ပေ၏။

သူ တကယ်ပဲ ကံကောင်းနေတာလား?

ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကိုတစ်ချိန်လုံး တိတ်တိတ်လေးကာကွယ်စောင့်ရှောက်ပေးနေတာလား?

သေအံ့မူးမူးဖြစ်နေရှာသည့် ဒါရိုက်တာဟောင်းက သူ့အားပြောကြားခဲ့ဖူးသည့် 'မင်းက သန့်ရှင်းနေတုန်းပဲဆိုတာကို ငါသိတယ်' ဟူသောစကားတစ်ခွန်းသည်ကား သူ့ကို စည်းမျဥ်းစည်းဘောင်အတွင်းနေထိုင်နိုင်သဖြင့် ချီးကျူးပြောဆိုသောစကားပေလော၊ သို့တည်းမဟုတ် အကြောင်းစုံကိုသိနေသော'အတွင်းလူ'တစ်ယောက်က ဘာဆိုဘာမှမသိရှာသည့် နလပိန်းတုံးတပည့်လေးတစ်ယောက်အတွက် လွှတ်ထုတ်လိုက်ရှာသော သက်ပြင်းချသံတစ်ချက်ပဲလား?

သူက တကယ်ရော.....'သန့်ရှင်း'ပါရဲ့လား?

ထိုအခိုက် သူ့ဖုန်းကအသံမြည်လာသည်__သူစေလွှတ်လိုက်သော စုံစမ်းစစ်ဆေးသူများမှာ ပိချွင်းရှန်း၏အိမ်သို့ရောက်ရှိနေကြပြီဖြစ်ပြီး ရှာဖွေဝရမ်းအတိုင်း ဆက်လက်လုပ်ဆောင်ရမည့်အစီအစဥ်များကိုမေးမြန်းလာခြင်းဖြစ်သည်။

အကြီးအကဲဟွမ်က ရှောင်းကျန်းအား သူ့ရုံးခန်းထဲရှိ ဖက်စ်ကိုအသုံးပြုခွင့်ပေးခဲ့ကာ စုံစမ်းစစ်ဆေးသူထံမှတင်ပြလာသောအစီရင်ခံချက်များကိုလိုက်နားထောင်နေသည်။

"ပိချွင်းရှန်းက သူ့မိဘတွေနဲ့တစ်အိမ်တည်းအတူနေတာ။ သူ့အဖေက ဆုံးသွားတာသိပ်မကြာသေးဘူး။ သူ့အမေကတော့ အခုချိန်ထိကျန်းကျန်းမာမာပဲ။ သူ့အမျိုးသားကတော့ အရင်တုန်းက အလယ်တန်းပြကျောင်းဆရာတစ်ဦးအနေနဲ့လုပ်ခဲ့ပေမယ့် အခုတော့ ပင်စင်ယူသွားပြီ။ သားဖြစ်သူရဲ့အဆောင်စရိတ်နည်းနည်းပါးပါးရဖို့အတွက် အပြင်မှာကျူရှင်သင်တန်းတစ်ခုဖွင့်ထားတယ်။ သူတို့လင်မယားနှစ်ယောက်လုံးမှာ သားတစ်ယောက်တည်းရှိတယ်။ သူ့သားကတော့ အခုမှ ဘွဲ့ရပြီးကာစ လူပျိုလူလွတ်တစ်ဦးဖြစ်ပြီး သူ့ရဲ့မိခင်တက္ကသိုလ်မှာပဲအလုပ်ဝင်ဖို့ကြိုးစားနေတယ်။ အကြီးအကဲဟွမ်၊ ဒါရိုက်တာရှောင်း ကျွန်တော်တို့ အခု သူ့အိမ်ရှေ့မှာရောက်နေကြပြီ"

အကြီးအကဲဟွမ်က ကြားဖြတ်ပြောလိုက်၏။

"စကားဖြတ်ပြောရတဲ့အတွက် အားနာပါတယ်။ ကျွန်တော် တစ်ခုမေးစရာလေးရှိလို့ပါ။ အကယ်၍ တစ်စုံတစ်ယောက်က တံလျှပ်လိပ်ပြာကူးစက်ခံရလို့ လူကသေသွားပြီး လိပ်ပြာရဲ့ထိန်းချုပ်ခံထားရတဲ့ ဖုတ်ကောင်လိုမျိုးဖြစ်သွားမယ်ဆိုရင် အဲဒါကို စစ်ဆေးလို့ရမယ့် နည်းလမ်းလေးဘာလေးများ မရှိဘူးလား?"

"အရမ်းခက်တယ်....ခေါင်းဆောင်ဟွမ်...ဒီလိုပါ...ကျွန်တော်တို့ဆီမှာရှိတဲ့နည်းပညာက ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတို့အကြားက မတူညီတဲ့ ကွဲပြားခြားနားချက်တွေကိုကြည့်ပြီး ကပ်ပါးပိုးကောင်ကူးစက်ခံထားရခြင်းရှိ မရှိဆိုတာကိုစစ်ဆေးကြတာ။ အဲဒီနည်းပညာက ကူးစက်ခံရသူက လုံးလုံးလျားလျားဦးနှောက်သေမသွားခင်အချိန်မှာပဲ အသုံးပြုလို့ရတယ်။ တကယ်လို့ ဦးနှောက်သေသွားပြီဆိုရင်တော့ လိပ်ပြာတွေက ကူးစက်ခံရသူရဲ့အာရုံကြောစနစ်ကိုထိန်းချုပ်လိုက်ကြပြီး သူတို့နဲ့တသားတည်းဖြစ်သွားကြပြီ။ ပြောရရင်​တော့ အာရုံကြောစနစ်အသစ်တစ်ခုကိုဖွဲ့စည်းလိုက်သလိုမျိုးပေါ့။ ကျွန်တော်တို့ရဲ့စက်ကိရိယာတွေက အဲဒါမျိုးကိုတော့ ဘယ်လိုမှတိုင်းတာစစ်ဆေးနိုင်စွမ်းမရှိဘူး....နည်းလမ်းတစ်ခုကလွဲရင်ပေါ့.."

"ဘာလဲ?"

"သြော်....ဟိုလိုမျိုးလေ...ဦးခေါင်းကိုဖွင့်ပြီး စစ်ဆေးကြည့်တာ... "

လူတစ်ယောက်၏ကိုယ်ရည်ကိုယ်သွေး၊ တန်ဖိုးသတ်မှတ်ချက်များနှင့် အကျင့်စရိုက်များသည်ကား အချိန်နှင့်အမျှ အမြဲတစေပြောင်းလဲနေတတ်ကြစမြဲပင်။ 'နင် ပြောင်းလဲသွားပြီ' ဟူသည့် စကားလုံးငါးလုံးသည်ကား စာပေအနုပညာနယ်ပယ်ကဏ္ဍပေါင်းစုံတွင် မကြာခဏဆိုသလို တွေ့ရကြားရလေ့ရှိသော စကားလုံးများဖြစ်၏။ '*လူသားတို့၏နှလုံးအိမ်သည်ကား ရေအလျဉ်ကဲ့သို့နှယ်၊ စကားလုံးတစ်လုံး၊ အကြောင်းအရာတစ်ရပ်ကြောင့်ပင် အလွယ်တကူလှိုင်းဂယက်ထသွားနိုင်ပေသည်' ဟူသော ကြားဖူးနေကျ မထူးဆန်းသည့်စာသားများအတိုင်းပင်။ အဆိုပါစကားများနောက်မှဆက်လိုက်လာသည့်အကြောင်းအရာများကတော့ဖြင့် ဖန်တရာတေနေသည့် ဝမ်းနည်းကြေကွဲစရာကောင်းသော ဇာတ်လမ်းစာသားများသာဖြစ်ကြပြီး 'ခေါင်းကိုရိုက်ခွဲပြီး အထဲကိုကြည့်ရအောင်' ဆိုသည့်စကားတော့မဟုတ်ပါချေ။

*'ဝါးခက်လေးများ၏ တေးသီချင်းကိုးပုဒ်' ဟုအမည်ရသည့် Liu Yuxi ၏ ကဗျာမှ ကောက်နှုတ်ချက်ဖြစ်သည်။

ရှောင်းကျန်းမှာ အနှီစကားကိုကြားသောအခါ ရင်ထဲ၌ထိတ်ခနဲဖြစ်သွား၏။ ၎င်းမှာ ရုတ်တရက် နိမိတ်မကောင်းသော ခံစားချက်တို့ကိုခံစားလိုက်ရပြီး စိတ်ထင့်သွားလေတော့သည်။
.
.
.
.

ချိယွမ်း၌မူ ရွှမ်းကျီးမှာ ပိချွင်းရှန်းကိုမျက်စိဒေါက်ထောက်ကြည့်နေရင်းမှာပင် အဆောက်အဦးထိပ်ပိုင်းတွင် ရစ်သိုင်းလွှမ်းခြုံထားသော မြူခိုးထူထူများအားလုံးသည်ကား မိစ္ဆာသခင်ကြီးတစ်ဦးတည်းဆီမှလာနေခြင်းမဟုတ်ဘဲ တချို့တဝက်သောမြူခိုးလွှာများမှာ ပိချွင်းရှန်းဆီမှထွက်ပေါ်လာနေခြင်းဖြစ်ကြောင်းကို ရုတ်တရက်သဘောပေါက်သွား၏!

မြူခိုးများအတွင်း၌ရှိနေသော သူမ၏ပုံရိပ်သဏ္ဌာန်သည်ကား လုံးလုံးလျားလျားကို ဝိုးတိုးဝါးတားဖြစ်လို့နေလျက် အရည်ပျော်ကျလုနီးပါးဖြစ်နေတော့သည်။ သူမ၏ဝါကျင့်ကျင့်အသွေးအရောင်ရှိနေသောအပေါ်ယံအရေပြားသည်ကား မည်သည့်အချိန်ကတည်းကစတင်ကာ ဖြူဖတ်ဖြူလျော်ဖြစ်သွားမှန်းမသိ၊ ခန္ဓာကိုယ်မျက်နှာပြင်အသားအရည်မှာ ဖယောင်းရုပ်တုတစ်ခုသဖွယ်ဖြစ်လာနေသည်။

လူသားဖယောင်းတိုင် ဆိုတာဘာကြီးလဲ?

သူမက တကယ်ပဲ လူအယောက်တစ်ထောင်ကိုသတ်ခဲ့တာလား? ဘယ်လိုသတ်ခဲ့တာလဲ? အသတ်ခံရတဲ့ လူတစ်ထောင်ကရော ဘယ်သူတွေများလဲ? သူတို့ကရော ဘယ်လိုဖြစ်ပြီး အသံတစ်ချက်မှမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်သေဆုံးသွားရတာလဲ?

"လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက ကျွန်မ ကွင်းဆင်းဝန်ထမ်းတစ်ယောက်အဖြစ် တပ်ဖွဲ့တစ်ဖွဲ့မှာအလုပ်လုပ်ခဲ့ရတုန်းက မိစ္ဆာအစီအရင်တွေကိုအသုံးပြုတယ်လို့ယူဆရတဲ့ သံသယတရားခံတစ်ယောက်ကို သွားဖမ်းပေးဖို့အမိန့်ပေးခြင်းခံရတယ်။ အဲဒီအချိန်တုန်းက သံသယတရားခံဟာ လူဦးရေထူထပ်များပြားတဲ့ လူနေရပ်ကွက်တစ်ခုမှာပုန်းခိုနေတာ။ အပြစ်မဲ့တဲ့သာမန်ပြည်သူတွေထိခိုက်မိသွားမှာစိုးရိမ်တဲ့အတွက် ကျွန်မနဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက တရားခံကိုအရင်မျှားခေါ်ပြီးမှဖမ်းဆီးမယ်ဆိုပြီး လျှို့ဝှက်အစီအစဥ်တစ်ခုကိုဆွဲထားခဲ့ကြတယ်။ ဒါပေမယ့်လည်း မတော်တဆမှုက ဖြစ်ဖြစ်အောင်ကိုဖြစ်သွားသေးတယ်။ တရားခံက ကျွန်မတို့ရဲ့ထောင်ချောက်ထဲကိုဝင်လာတော့မယ့်ဆဲဆဲမှာပဲ ကျွန်မတို့ဘက်က ကလေးတစ်ယောက်က စိတ်အရမ်းလှုပ်ရှားပြီး ကိုယ့်ရဲ့အသွင်သဏ္ဌာန်အစစ်ကိုဖော်ပြမိသွားတာမို့တရားခံကိုအထိတ်တလန့်ဖြစ်အောင်လုပ်မိလိုက်သလိုဖြစ်သွားတယ်။ တရားခံကလည်း တစ်ခုခုမှားနေမှန်းရိပ်မိသွားပြီး လူနေရပ်ကွက်တွေထဲမှာရှိတဲ့ ပန်းခြံတစ်ခုထဲကိုထွက်ပြေးသွားတယ်။ သူ့လက်ထဲမှာ အနည်းဆုံး လူတစ်ဒါဇင်ကျော်ရဲ့အသက်တွေရှိနေတာကိုသိထားတဲ့အပြင် ဖမ်းခံရရင်လည်း သေလမ်းတစ်လမ်းပဲရှိတာကိုသိတယ်။ သူက ဘယ်လိုမှပြေးပေါက်မရှိတော့ဘူးဆိုတာကိုသိသွားတဲ့အခါ ချောင်ပိတ်မိသွားတဲ့ခွေးတစ်ကောင်လို ကြံရာမရတဲ့အဆုံး ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပစ်ပြီးအဆုံးစီရင်လိုက်တယ်။ ကျွန်မတို့ဘက်ကလည်း ဘယ်လိုမှကို နယ်​မြေရှင်းလင်းရေးလုပ်ဖို့အချိန်မမီလိုက်တဲ့အတွက် အဲဒီပန်းခြံထဲမှာရှိနေခဲ့တဲ့ ပြည်သူရှစ်ယောက်လုံးသေဆုံးသွားခဲ့ရတယ်။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်က အဲဒီစစ်ဆင်ရေးမှာတာဝန်ခံဖြစ်ပြီး ကျွန်မကတော့ သူ့ရဲ့လက်​ထောက်ပေါ့လေ။ ကျွန်မတို့နှစ်ယောက်စလုံး အဲဒီအပြစ်တာဝန်ကိုဘယ်လိုမှရှောင်လွှဲလို့မရဘူးပေါ့။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်က အမှတ်နှစ်ဆအနုတ်ခံလိုက်ရတဲ့အတွက် သူ့အမှတ်က မျဥ်းနီကိုကျော်လွန်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ခေါင်းတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားတော့တာပဲ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ကျွန်မကိုမကြောက်ဖို့ပြောပြီး သူ နည်းလမ်းရှာလိုက်မယ်လို့ပြောခဲ့တယ်"

အဲဒီအချိန်ကျမှပဲ ထူးချွန်ထက်မြက်ပြီး ရှုံးပွဲမရှိတဲ့ သူရဲကောင်းဆိုတဲ့လူတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်မပထမဆုံးအကြိမ်သိသွားခဲ့ရတယ်။ သေသွားတဲ့လူတွေရဲ့ကိုယ်ထဲကို လိပ်ပြာတွေထည့်သွင်းလိုက်ပြီး ဘာတစ်ခုမှမဖြစ်ခဲ့သလို ဆက်ပြီးဟန်ဆောင်နေလိုက်မယ်__အဲဒီအချိန်တုန်းက 'ဒီလိုကိစ္စမျိုးတွေက ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူးကွာ' ဆိုပြီး ကျွန်မကိုအားပေးနှစ်သိမ့်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့မျက်နှာအမူအရာကို ဒီတစ်သက်မမေ့နိုင်ခဲ့ဘူး"

" အဲဒီအချိန်တုန်းက ကျွန်မဘယ်လိုခံစားခဲ့ရသလဲဆိုတာကိုရော ရှင်တို့သိကြရဲ့လား? ကျွန်မက ကျည်ဆန်ကိုရှောင်တိမ်းလိုက်နိုင်လို့ ပျော်ရွှင်နေတာလည်းမဟုတ်သလို အပြစ်ရှိတဲ့စိတ်နဲ့ ညတိုင်းအိပ်မပျော်တာလည်းမဟုတ်ဘူး။ ကျွန်မ.....ကျွန်မ ကြောက်​နေခဲ့တာ။ ဒီလိုအခြေအနေမျိုးက ဘာမှမထူးခြားဘူး.....ဒါဆိုရင် အသက်ရှင်ကျန်ခဲ့တဲ့လူတွေထဲမှာ ဘယ်နှယောက်လောက်ကများ 'လူသားအစစ်' တွေမဟုတ်တော့တာလဲ? ကျွန်မရဲ့တစ်မိသားစုလုံးက အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေချည်းပဲ! သူ...သူတို့ကရော လူသားအစစ်တွေလား....ဒါ...ဒါမှမဟုတ် တံလျှပ်လိပ်ပြာကူးစက်ခံထားရတဲ့ လူတွေလား?"

"အဲဒီအချိန်ကစပြီး ကျွန်မမှာ စိတ်ဝေဒနာရှင်တစ်ယောက်လို တခြားသူတွေအပေါ်မှာ သံသယစိတ်တွေဝင်နေရတော့တာပဲ။ ကျွန်မရဲ့မိသားစုဝင်တွေက တစ်ခုခုလွှတ်ခနဲပြောလိုက်ပြီဆိုတာနဲ့ သူတို့အရင်တုန်းကရော ဒီလိုမျိုးပြောဖူးလား၊ အရင်တုန်းကရော ဒီလိုလေသံပဲလား၊ ကြားထဲမှာ ကျွန်မသတိမထားမိဘဲ တစ်ခုခုပြောင်းလဲသွားတာမျိုးတွေရှိလားဆိုပြီးတော့ပေါ့။ ကျွန်မသားက ကျောင်းကနေအိမ်ပြန်ရောက်လာပြီး သူ ကြိုက်လေ့ကြိုက်ထမရှိတဲ့ဟင်းအမယ်ကို မှာစားတဲ့အချိန်မှာဆို ကျွန်မမှာ အဲ့လိုဘာမဟုတ်တဲ့အသေးအမွှားကိစ္စလေးကြောင့် လဝက်လောက်နီးပါးထိ ညတိုင်းအိပ်လို့​တောင်မပျော်ခဲ့ဘူးလေ"

အခင်းဖြစ်ရာနေရာ၌ ရှိသမျှလူအားလုံးမှာ ကြက်သီးတဖြန်းဖြန်းထသွားရရှာသည်။ အဘယ်ကြောင့်ဆိုသော် ပိချွင်းရှန်း၏ထူးခြားစွမ်းရည်မှာ 'ဘာသာစကား' ဖြစ်နေသော​ကြောင့်ပင်တည်း။ ထိုစကားများအတိုင်း နောက်ထပ်ပြောလာမည့်စကားများမှာလည်း ဘယ်လောက်ပင်အဓိပ္ပါယ်မရှိသောစကားများဖြစ်နေပါစေ သူမ၏ပါးစပ်မှထွက်လာသောစကားများသာဖြစ်ပါက အခြားသူများမှာ အကြွင်းမဲ့ယုံကြည်ကြလိမ့်မည်သာဖြစ်သည်။ ယခုကဲ့သို့ တစ်ခွန်းစနှစ်ခွန်းစပြောလိုက်ရုံရှိသေး၊ လူတိုင်းမှာ သူမ၏စကားကြောင့် အထိတ်တလန့်ဖြစ်ကာ ခြေမကိုင်မိလက်မကိုင်မိအနေအထားမျိုးသို့ရောက်ရှိနေကြပြီဖြစ်သည်။

ရွှမ်းကျီးတစ်ယောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။ ပိချွင်းရှန်းမှာ စကားတစ်ခွန်းနှစ်ခွန်း​ပြောလိုက်ရုံမျှဖြင့်အခြားသူများကို အိပ်မွေ့ချနိုင်သည်အထိအစွမ်းရှိသည်ဆိုပါလျှင်....သူကိုယ်တိုင်အတွက်ကျတော့ရော? သူမ၏နှလုံးသားထဲတွင် အနှီထိန်းချုပ်လို့မရနိုင်သည့်အတွေးများက ထပ်ခါတလဲလဲရစ်တွယ်နှောင်ဖွဲ့လာနေချိန်၌ သူမထံတွင်ရှိနေသော စိတ်စွမ်းရည်များက အဆိုပါသံသယများနှင့်မရေမရာဇဝေဇဝါဖြစ်နေမှုတို့ကိုပိုမိုအားကောင်းသွားစေခဲ့တာများလား?

"ရှစ်နှစ်...ကျွန်မဟာ ဒီရှစ်နှစ်လုံးလုံး ကိုယ့်အတွေးတွေနဲ့ကိုယ်ရူးတော့မလိုပဲ။
ကျွန်မက အဖြေကိုသိလည်းသိချင်ပေမယ့်လည်း သိလည်းမသိရဲဘူး။ ရှေ့တန်းမှာ ဒဏ်ရာရသွားလို့ နောက်တန်းကိုပြန်ရောက်လာဖို့ အခွင့်အရေးရလာတဲ့အခါမှာ​တော့ ကျွန်မဟာ အလိုအလျောက်ပဲ ထောက်ပံ့ပို့ဆောင်ရေးဌာနကိုရွေးချယ်ခဲ့တယ်။ ဟင်း....ထောက်ပံ့ပို့ဆောင်ရေးဌာနကိုရောက်လာတော့ရော ဘာများလုပ်လို့ရမှာတဲ့လဲ? ကုန်ချန်ကုန်းဆိုတဲ့ လူလည်မြေခွေးအိုကြီးက DCO ဌာနတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတာလေ။ ကျွန်မက သူနဲ့ပတ်သက်ပြီး ဘာတွေကိုများ စုံစမ်းဖော်ထုတ်လို့ရပါ့မလဲ?"

"ကြာတော့ ကျွန်မလည်း တဖြည်းဖြည်းစိတ်ကမရှည်တော့ဘူး....တဖြည်းဖြည်းနဲ့.....ဒီလိုနဲ့ ဟိုတလောတုန်းကပဲ ကုန်ချန်ကုန်းက စုံစမ်းစစ်ဆေးမှုခံရပြီး လူကအရိပ်အယောင်တောင်မတွေ့ရတော့ဘဲ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။ ကျွန်မရဲ့သံသယတွေကလည်း အတော်လေးကိုသေချာသွားခဲ့တယ်။ နောက်​တော့ အဲ့လိုအရေးပေါ်အခြေအနေတွေဖြစ်နေ
တုန်းမှာပဲ ကျွန်မအဖေဆုံးပါးသွားခဲ့တယ်"

ပိချွင်းရှန်း၏ချိုင့်ဝင်နေသောမျက်လုံးတစ်စုံအတွင်းမှ ရုတ်တရက် သွေးမျက်ရည်များကျဆင်းလို့လာပြီး သူမ၏မျက်နှာထက်ကအသွေးအသားတို့မှာ အရည်ပျော်ကျနေသောဖယောင်းတိုင်သဖွယ် စတင်၍ပုံသဏ္ဌာန်ပျက်ယွင်းလို့လာနေသည်။

"အဖေက အသက် ၈၇ နှစ်အရွယ်ထိ အသက်ရှည်ရှည်နေသွားခဲ့ပြီးမှ နှလုံးရောဂါနဲ့သေဆုံးသွားခဲ့တယ်။ သေခါနီးအချိန်ထိ နည်းနည်းလေးမှ​တောင် ဝေဒနာမခံစားသွားခဲ့ရဘူး။ သူ့ရဲ့မိတ်ဆွေတွေရော ဆွေမျိုးသားချင်းတွေကပါ 'ပျော်စရာကောင်းတဲ့စျာပနပွဲ' ဆိုပြီး အားတောင်အားကျနေကြသေးတယ်။ ကျွန်မကရော? လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တစ်​ကောင်လိုမျိုး သူတို့ကိုအပြန်လိုက်ပို့ပေးပြီးတဲ့နောက်...အဲဒီနောက်တော့...အဲဒီနောက်တော့.....ကျွန်မလည်း ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး ညသန်းခေါင်ယံအချိန်မှာ တိတ်တိတ်လေးပြန်သွားပြီး ကျွန်မအဖေရဲ့ဦးခေါင်းကို မီးမသင်္ဂြိုလ်ရသေးခင် ဖွင့်ကြည့်လိုက်တယ်။ ကျွန်မတွေ့လိုက်ရတာက....ကျွန်မတွေ့လိုက်ရတာက....."

အဘိုးအို၏ဦးခေါင်းကိုဖွင့်ကြည့်လိုက်သောအခါမှာတော့ သူမ၏အိပ်မက်ဆိုးများမှာ အမှန်တကယ်ဖြစ်လို့နေခဲ့သည်။

အနှစ်သုံးဆယ်လုံးလုံး သူမနှင့် နေ့ရောညပါအတူရှိနေခဲ့သော မိသားစုဝင်များအနက် တချို့လူများမှာ အမှန်တကယ်ကိုပင် လိပ်ပြာများ၏ထိန်းချုပ်ခံထားရရှာသော ရုပ်သေးရုပ်များဖြစ်နေခဲ့သည်တဲ့လေ။

"ငါ ဘာလို့ကြည့်ခဲ့တာလဲ? ငါ ဘာလို့ကြည့်ခဲ့တာလဲ!"

ပိချွင်းရှန်းမှာ ရှိုက်ကြီးတငင်ငိုကြွေးနေပြီး အသံကျယ်ကျယ်မထွက်နိုင်ရှာဘဲ အသက်ငင်နေသောသားရဲတစ်ကောင်သဖွယ် စူးစူးနင့်နင့်အော်ဟစ်ငိုယိုနေတော့သည်။

"ရှူး...."

ရှန့်လင်ယွမ်းက ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး ပုံပျက်နေသော သူမ၏မျက်နှာကို လက်ဖြင့်အသာအယာဆွဲယူပင့်မလိုက်ရင်း မျက်လုံးထောင့်စွန်းမှ သွေးမျက်ရည်စီးကြောင်းများကို သုတ်ပေးလိုက်၏။ သူက သက်ပြင်းချလျက်ဆို၏။

"သနားစရာပဲ"

ထို့နောက် သူ၏ရှေးဟောင်းဘာသာစကားကိုပြန်လည်ပြောင်းလဲအသုံးပြုလိုက်ပြီးသကာလ ရွှမ်းကျီးကိုတိုးဖွစွာပြောလာ၏။

"လူသားဖယောင်းတိုင်ဆိုတာက ပူဆွေးယဇ်ပူဇော်ပွဲအတွက် ကြားခံပစ္စည်းတစ်ခုပဲ။ သူက ကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ အဆိုးဝါးဆုံးမိစ္ဆာတွေနဲ့ ယင်းဓာတ်ရှိတဲ့သတ္တဝါတွေကို ချိတ်ဆက်ပေးတဲ့အရာပဲ။ သာမန်သေမျိုးလူသားတစ်ယောက်က မိစ္ဆာဘဝကို ဆင်းသက်နိုင်ဖို့အတွက် သူတို့ရဲ့လူသားခန္ဓာကိုယ်ကိုစွန့်လွှတ်ရမယ်၊ လူသားတွေရဲ့စရိုက်လက္ခဏာတွေကိုဖြတ်တောက်ရမယ်၊ ခံစားချက်တွေ၊ အသိစိတ်တွေကိုပယ်ဖျက်ပြီး အရာအားလုံးကိုစွန့်ပစ်လိုက်ရမယ်။ မိစ္ဆာလေး...'အရာအားလုံး' ဆိုတာ ဘာကိုပြောတာလဲဆိုတာကိုရော မင်းသိရဲ့လား?"

ရွှမ်းကျီးတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရှာ၏။

ထိုအခိုက်အတန့်မှာပင် ကွင်းဆင်းဝန်ထမ်းတစ်ယောက်က သူ့ထံသို့ အပြေးအလွှားရောက်လာကာ ဖုန်းကိုလှမ်းပေးလာသည်။

"ဒါရိုက်တာရှောင်းက မင်းကိုရှာနေတယ်"

"ငါ...ငါတို့ လူတွေလွှတ်ပြီး ပိချွင်းရှန်းရဲ့အိမ်ကိုသွားရှာခဲ့တယ်..."

ရှောင်းကျန်း၏အသံမှာ ထူးထူးခြားခြားကိုပင် စိတ်မသက်မသာဖြစ်နေသည့်အသံမျိုးပေါက်လို့နေသည်။

"ငါတို့...ငါတို့ အလောင်းသုံးလောင်းကိုရှာတွေ့ခဲ့တယ်။ ပိချွင်းရှန်းရဲ့အမေရယ်၊ သူ့အမျိုးသားရယ်၊ သူ့သားရယ်။ အလောင်းတွေရဲ့ဦးခေါင်းတွေက ဖွင့်ခံထားရတယ်"

ရွှမ်းကျီး၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ ထို့နောက် မြူခိုးထူထူများကိုဖောက်ထွင်းကာ သူ့ကို အဝေးမှလှမ်းကြည့်နေသည့် ရှန့်လင်ယွမ်းနှင့် အကြည့်ချင်းဆုံသွား၏။ အဆိုပါမိစ္ဆာသခင်ကြီး၏မျက်ဝန်းများမှာ ရေခဲတမျှအေးစက်နေဟန်ရှိသော်ငြား သနားကရုဏာဓာတ်များကိန်းအောင်းနေသယောင်ရှိလို့နေပြန်သည်။

ခေတ္တခဏကြာသည်အထိ ဘယ်သူမှအသံမထွက်ကြ​တော့ပေ။ ပိချွင်းရှန်းထံမှ လူတစ်ယောက်၏အသံနှင့်မတူသော စူးစူးဝါးဝါးအော်ဟစ်မြည်ကြွေးသံတစ်သံတည်းသာလျှင် မြူခိုးများအတွင်းရစ်ဝဲပျံ့လွင့်နေပြီး တစတစပို၍အားကောင်းလာနေတော့သည်။ စူးရှပြင်းထန်လှသောသူမ၏အော်ဟစ်သံကြောင့် ကွင်းဆင်းဝန်ထမ်းငယ်လေးတစ်ဦးခမျာ ခေါင်းများထိုးကိုက်လာရပြီး အနီးရှိနံရံကိုအမှီပြုကိုင်တွယ်ထားရရင်း အဆုံးမှာတော့ တဝေါဝေါနှင့် ထိုးအန်ရှာတော့သည်။

အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်မှာတော့ ရွှမ်းကျီးက ဖုန်းကိုကိုင်ထားရင်းက ရုတ်တရက် မေးမြန်းလိုက်၏။

"သူမရဲ့မိသားစုဝင်တွေအကုန်လုံးက တံလျှပ်လိပ်ပြာကူးစက်ခံထားရတာလား?"

ရှောင်းကျန်း: "မဟုတ်ဘူး"

ရွှမ်းကျီးခမျာ သူ့အစာအိမ်ထဲသို့ အေးစက်စက်ကျောက်တုံးတစ်တုံးနစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရရှာ၏။

"ငါတို့ သူ့အမျိုးသားရဲ့ဦးနှောက်ထဲမှာ​တော့ တံလျှပ်လိပ်ပြာကူးစက်ခံထားရတဲ့ အမှတ်အသားတွေကိုတွေ့ခဲ့ရတယ်။ ဒါပေမယ့် သူ့အမေနဲ့ သူ့သားမှာ​တော့မရှိဘူး။ သူတို့က ပုံမှန်လူသားတွေပဲ။ သူတို့တွေက အဲဒီနှစ်တုန်းက အမှန်တကယ်...."

ရှောင်းကျန်း၏စကားသံက တခဏမျှတုံ့ဆိုင်းသွား၏။

".....အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေပဲ"

"သူတို့အားလုံးကိုသတ်ပစ်လိုက်"

မျက်နှာအသွင်အပြင်တစ်ခုလုံး အရည်ပျော်ကျနေပြီး လူရုပ်ပင်ကောင်းကောင်းမပေါ်တော့သည့် ပိချွင်းရှန်းက ရှန့်လင်ယွမ်း၏ဝတ်ရုံစွန်းကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်း အိပ်မက်ယောင်သူတစ်ယောက်လို တတွတ်တွတ်ရေရွတ်ပြောဆိုနေတော့သည်။

"ရှင် ကျွန်မကိုယ်စား အဲဒီလူတွေအားလုံးကို သတ်ပစ်လိုက်!"

🔥🔥🔥🔥🔥🔥

စာရေးသူမှာပြောစရာရှိပါတယ်

(Note)

ပိုးဟပ်နဲ့ပတ်သက်ပြီး ကျွန်မပြောခဲ့တာတွေက ကောလာဟလစကားသက်သက်ပါ။ အဲဒါက စာအုပ်ထဲက ခိုင်းနှိုင်းချက်တစ်ခုပါပဲ။ အင်တာနက်ပေါ်မှာပြောကြသလို အကောင်ပေါင်း ထောင်နဲ့သောင်းနဲ့ချီပြီးရှိ​​နေမှာမဟုတ်ပါဘူး။ အများဆုံးရှိလှ မိသားစု နှစ်စုသုံးစုစာလောက်ပေါ့။

6.5.21

*********************************


[Zawgyi]

T/N

ဒီအပိုင္းကေနစၿပီး 'ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာန' ဆိုတဲ့နာမည္ေနရာမွာ 'DCO (Deviant Control Office)' ဆိုၿပီး အတိုေကာက္သုံးသြားပါမယ္

*************

ဒုတိယအသုတ္ကြင္းဆင္းဝန္ထမ္းတပ္ဖြဲ႕မွာ ေရွာင္းက်န္း၏ၫႊန္ၾကားခ်က္မ်ားကိုလက္ခံရရွိၿပီးတာႏွင့္ အခင္းျဖစ္ရာေနရာသို႔ အေျပးအလႊားေရာက္လာၾက၏။ သို႔ေသာ္ ၎တို႔အုပ္စုမွာ ေသေသခ်ာခ်ာေတာင္ေျခကုတ္မယူရေသးခင္မွာပင္ သူတို႔၏ကိုယ္က်င့္တရားမ်ားကိုတစ္ခုၿပီးတစ္ခုၿပိဳက်ပ်က္စီးသြားေစေသာ ဒရမ္မာဇာတ္လမ္းတစ္ခုႏွင့္ နဖူးေတြ႕ဒူးေတြ႕ ေတြ႕ႀကဳံလိုက္ရေလေတာ့သည္။

ထိုေနရာ၌ရွိေနသမွ်လူအားလုံးသည္ကား တခဏမွ်ၾကာသည္အထိ အသံတစ္ခ်က္မွမထြက္ဘဲ တိခနဲၿငိမ္သက္သြားၾကရင္း ေအးစက္ေသာျမဴခိုးမ်ားၾကား၌ တခိုက္ခိုက္တုန္ရီေနၾကရွာသည္။

အရပ္ေလးမ်က္ႏွာအႏွံ႔တြင္ ေလမ်ားစတင္တိုက္ခတ္လာသည္။ မိုးႀကိဳးမုန္တိုင္းမ်ားကိုသယ္ေဆာင္လာေသာ တိမ္စိုင္ထုမ်ားက ေကာင္းကင္ယံထက္တြင္ တျဖည္းျဖည္းစုေဝးလို႔လာေန၏။ အတိတ္နိမိတ္မေကာင္းလွေသာ လွ်ပ္စီးေၾကာင္းမ်ားမွာလည္း တိမ္ပုပ္တိမ္မည္းမ်ားအၾကားေကြ႕ပတ္သြားလာေနလ်က္ရွိၾကၿပီး အေဝးမွျပတ္ေတာင္းျပတ္ေတာင္းထြက္ေပၚလို႔လာေနေသာ မိုးၿခိမ္းသံမ်ားကလည္း တို​ေတာင္းေသာလွ်ိဳ႕ဝွက္က်ိန္စာတိုက္သံမ်ားကဲ့သို႔ပင္။

ရွန္႔လင္ယြမ္းတစ္ဦးတည္းသာလွ်င္ မ်က္လႊာခ်ထားကာ သူႏွင့္မဆိုင္သကဲ့သို႔ မထုံတက္ေတးအမူအရာျဖင့္ရွိေနခဲ့သည္။ သူ႔ပုံစံကိုၾကည့္ရသည္မွာ နာမည္ေက်ာ္ပန္းခ်ီကားတစ္ခ်ပ္ထဲမွ ၾကည္ညိဳေလးစားဖြယ္ေကာင္းေသာ နတ္ဘုရားတစ္ပါး၏အသြင္သဏၭာန္မ်ိဳးအလား၊ ဤလူ႔ဘုံေလာကႀကီးအတြင္း၌ျဖစ္ပ်က္ေနၾကေသာ ထူးျခားဆန္းၾကယ္သည့္ေသာင္းေျပာင္းေထြလာကိစၥရပ္မ်ားအေပၚတြင္ အံ့အားသင့္ေနပုံမရပါေခ်။

႐ႊမ္းက်ီးမွာ တစ္ဖက္တြင္ ပိခြၽင္းရွန္းကိုမ်က္စိေဒါက္ေထာက္ၾကည့္ေနရင္း တစ္ဖက္တြင္လည္း သူမအေနာက္၌ရွိေနေသာ ခ်ိန္ကိုက္ဗုံးတစ္လုံးႏွင့္တူသည့္ ဆံပင္ရွည္မ်ားႏွင့္ 'အႏၲရာယ္ရွိေသာအရာ' ကိုလည္း သတိထားေစာင့္ၾကည့္ေနရေသးသည္။ ေပါက္ကြဲသြားေသာလက္စြပ္၏ေနာက္ဆက္တြဲသက္ေရာက္မႈေၾကာင့္ေလလားမသိ၊ ရွန္႔လင္ယြမ္းကိုၾကည့္လိုက္ေသာအခါ၌ သူ၏ႏွလုံးသားမွာ ဆူးခြၽန္ျဖင့္အထိုးခံရသည့္အလား အသက္ရွဴလိုက္ခ်ိန္တိုင္း စူးေအာင့္နာက်င္ေနတာမွ ထိုင္မရထမရႏွင့္ဂဏာမၿငိမ္ျဖစ္ေနရရွာသည္။

သူက ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာန၏ အႏၲရာယ္အဆင့္အတန္းကိုေလွ်ာ့တြက္ခဲ့မိသည္။ ေသေသခ်ာခ်ာတြက္ခ်က္ေတြးေတာၾကည့္မည္ဆိုပါက ၎မွာ ေထာက္ပံ့ပို႔ေဆာင္ေရးအလုပ္တာဝန္ကိုလႊဲေျပာင္းလက္ခံခဲ့ရသည္မွာ ၂၄ နာရီ​ေတာင္မျပည့္ေသးပါေခ်။ သူ၏အလုပ္သမား ID ကတ္ကို လက္ပူေအာင္ပင္မကိုင္ရေသးေသာ္ျငား သူ႔ႏွလုံးအိမ္မွာေတာ့ ထိုအလုပ္ကိုဆက္၍မလုပ္ခ်င္ေတာ့ေလာက္ေအာင္ ပင္ပန္းႏြမ္းလ်ေနၿပီျဖစ္သည္။

"ကြၽန္ေတာ္တို႔ယုတၱိရွိရွိေျပာရေအာင္...အစ္မပိ"

႐ႊမ္းက်ီးက ဂ႐ုတစိုက္ျဖင့္အသက္ရွဴသြင္းလိုက္၏။ သူ၏ႏွလုံးသားထဲတြင္​ျဖစ္တည္လာေနေသာအေခါင္းေပါက္ႀကီးကို အတတ္ႏိုင္ဆုံးလ်စ္လ်ဴရႈထားရင္း ပိခြၽင္းရွန္းႏွင့္ စိတ္ပါလက္ပါ စကားႏိုင္လုရန္ျပင္လိုက္သည္။

"ခင္ဗ်ားေျပာတဲ့စကားေတြက အမွန္ေတြလို႔ပဲထားလိုက္ပါဦး၊ လြန္ခဲ့တဲ့ အႏွစ္သုံးဆယ္က အႀကီးစားမေတာ္တဆမႈျဖစ္ရပ္တစ္ခု တကယ္ပဲျဖစ္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက တာဝန္ရွိသူက သူ႔အျပစ္ကိုေရွာင္လႊဲဖို႔အတြက္ ေသဆုံးသူအေရအတြက္ကို လိမ္ညာလုပ္ႀကံၿပီးအစီရင္ခံခဲ့တယ္။ သူတို႔က တံလွ်ပ္လိပ္ျပာသားေလာင္းေတြကိုခိုးယူသြားခဲ့ၿပီး ေသဆုံးသူေတြရဲ႕ခႏၶာကိုယ္ထဲကို ကပ္ပါးပိုးေတြထည့္သြင္းခဲ့တယ္။ အဲ့လိုနည္းလမ္းနဲ႔ ေသဆုံးသူေတြဟာ သူတို႔ရဲ႕မူလ႐ုပ္သြင္သဏၭာန္အတိုင္းဆက္ၿပီးအသက္ရွင္ေနထိုင္သြားၾကတယ္__ဒါျဖင့္ ခင္ဗ်ားက ဒီအေၾကာင္းေတြကို ဘယ္လိုလုပ္သိေနရတာလဲ? ခင္ဗ်ား ကိုယ္ေတြ႕ႀကဳံခဲ့ရဖူးလို႔လား?တကယ္လို႔ မဟုတ္ဘူးဆိုရင္ ခင္ဗ်ားကို ဘယ္သူကေျပာတာလဲ? ခင္ဗ်ားမွာ သက္ေသအေထာက္အထားရွိလို႔လား?"

ထိုအခိုက္ သူက မ်က္လုံးေထာင့္စြန္းမွေန၍ မိစာၦသခင္ႀကီးကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေသာအခါမွာေတာ့ အႏွီမိစာၦသခင္ႀကီးသည္ကား သူ႔စကားအဆုံး၌ က်က္သေရရွိလွေသာဟန္ပန္သြင္ျပင္မ်ိဳးျဖင့္ မ်က္ခုံးပင့္လိုက္ၿပီးသကာလ 'လတ္စသတ္ေတာ့ ဒီလိုကိုး' ဟူသည့္ မ်က္ႏွာအမူအရာမ်ိဳးျဖစ္ေပၚလာေတာ့သည္__အဆုံးတြင္ေတာ့ အေစာတုန္းက ပိခြၽင္းရွန္းေျပာခဲ့သမွ် စည္းမ်ဥ္းစည္းကမ္းမ်ားမွာ အေတာ္ေလးကိုသမား႐ိုးက်ဆန္ေသာစကားမ်ားျဖစ္သျဖင့္ ၎မွာ မူလအစကတည္းက အႏွီစကားမ်ားကိုနားလည္မေနဘူးသည့္အဓိပၸါယ္ပင္ျဖစ္သည္။

"ေသာက္ခ်ီးပဲ!"

႐ႊမ္းက်ီး၏စိတ္ထဲတြင္ ပို၍ပင္ကသိကေအာက္ျဖစ္ကာ ေဒါပြသြားရေလ၏။

သူက ငါ့ကို ဘာသာျပန္မွတ္စုလို႔မ်ားထင္ေနတာလား?

"ကြၽန္မက ဘယ္လိုသိတာလဲ ဟုတ္လား?"

ပိခြၽင္းရွန္းက သည္တစ္ႀကိမ္မွာေတာ့ သူ႔ကို သနားဂ႐ု​ဏာသက္ေနသလိုအၾကည့္မ်ားျဖင့္လွမ္းၾကည့္လာ၏။

"ဒါ႐ိုက္တာ႐ႊမ္းက ဒီကိစၥကို သက္သက္စီပဲလို႔ထင္ေနတာေတာ့မဟုတ္ပါဘူးေနာ္?"

"အင္တာနက္ေပၚမွာေျပာတတ္ၾကတဲ့စကားတစ္ခြန္းရွိပါတယ္...ဘာပါလိမ့္? တကယ္လို႔ သင့္အိမ္ထဲမွာ ပထမဆုံးပိုးဟပ္တစ္ေကာင္ကို ေတြ႕ခဲ့ရရင္ အိမ္ထဲမွာ ပိုးဟပ္ေပါင္း အေကာင္တစ္ေထာင္ ႏွစ္ေထာင္ေလာက္ရွိႏွင့္ၿပီးၿပီ ဆိုတဲ့စကားေလ" [Note]

DCO ဌာနခ်ဳပ္အတြင္းရွိ တိတ္ဆိတ္မႈမ်ားႀကီးစိုးေနေသာ ဥကၠ႒႐ုံးခန္းထဲတြင္ေတာ့ အႀကီးအကဲဟြမ္၏စကားသံမ်ားသည္ကား ညနက္သန္းေခါင္အခ်ိန္တြင္ တစက္စက္က်ဆင္းေနေသာ ေရစက္မ်ားအလား စိတ္ေခ်ာက္ခ်ားဖြယ္ေကာင္းစြာပင္ အခန္းတြင္း၌ပ်ံ႕လြင့္ထြက္ေပၚလာေနသည္။

"တကယ္လို႔ ဒီျဖစ္ရပ္က အခုမွ ပထမဆုံးအႀကိမ္ျဖစ္တာဆိုရင္ ဘယ္သူကမ်ား လိပ္ျပာသားေလာင္းေတြကို လူေသအေယာက္တစ္ေထာင္ရဲ႕ခႏၶာကိုယ္ေတြထဲ အမွားအယြင္းမရွိဘဲ တစ္ႀကိမ္တည္းထည့္သြင္းႏိုင္မွာလဲ? ေရွာင္ေရွာင္း....မင္းလည္း ဒီအေၾကာင္းကိုေတြး​ေကာင္းေတြးမိမွာပါ။ လြန္ခဲ့တဲ့အႏွစ္သုံးေထာင္ကတည္းက ဒီလိုကိစၥေတြဟာ လူေတြတိုးတိုးတိတ္တိတ္ႀကိတ္လုပ္ေနၾကတဲ့ 'လုပ္ထုံးလုပ္နည္း'တစ္ခုလိုေတာင္ျဖစ္ေနၿပီေလ။ အိုင္း....၁၅ ေယာက္မ်ဥ္းနီစည္းမ်ဥ္းကို ျပည္သူေတြရဲ႕လုံၿခဳံေရးအတြက္ခ်မွတ္ခဲ့တာ။ သူ႔ရဲ႕မူလရည္႐ြယ္ခ်က္ကေကာင္းေပမယ့္ အရာတိုင္းမွာ သူ႔ဘက္ကိုယ့္ဘက္ဆိုတာမ်ိဳးလည္းရွိေသးတယ္ေလ။ အဲဒီစည္းမ်ဥ္းက ငါ တို႔ ရဲေဘာ္ရဲဘက္ကြင္းဆင္းဝန္ထမ္းေတြရဲ႕လႈပ္ရွားမႈေတြကို ကန္႔သတ္ထိန္းခ်ဳပ္ထားသလိုျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲဆို​ေတာ့ အမွတ္ေတြႏုတ္ခံရၿပီဆိုတာနဲ႔ တစ္ဖြဲ႕လုံးထိခိုက္နစ္နာရတာပဲေလ။ မင္းနဲ႔ ေသအတူရွင္မကြာ အတူတူအလုပ္လုပ္ခဲ့ၾကတဲ့ ရဲေဘာ္ရဲဘက္ေတြထဲမွာလည္း အမွတ္ေတြႏုတ္ခံရလို႔ကုန္သေလာက္နီးပါးျဖစ္ေနတဲ့သူေတြလည္းရွိမွာပဲ။ ဒီလို အဆုံးစြန္ေသာအေျခအေနေတြနဲ႔ႀကဳံေတြ႕လာရၿပီဆိုရင္ သူတို႔ေတြဟာ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြဆီက အမွတ္ေတြႏုတ္ခံရမယ့္အစား ကိုယ့္အသက္နဲ႔ပဲအလဲအလွယ္လုပ္ေပးလိုက္ခ်င္ၾကတာ။ ဒီႏွစ္ပိုင္းေတြမွာျဖစ္ခဲ့တဲ့ ကြင္းဆင္းဝန္ထမ္းေတြ ကိုယ့္အသက္ကိုစေတးသြားတဲ့အျဖစ္အပ်က္ေတြရဲ႕တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က ဒီစည္းမ်ဥ္းနဲ႔ပတ္သက္ေနတာပဲ။ မင္းကိုယ္တိုင္လည္း ကြင္းဆင္းဝန္ထမ္းတစ္ေယာက္ျဖစ္ခဲ့ဖူးတာဆို​ေတာ့ ဒီအေၾကာင္းေတြကိုေကာင္းေကာင္းသိမွာပါ"

ေရွာင္းက်န္းတစ္ေယာက္ ေျပာစရာစကားမ်ားေပ်ာက္ရွသြားရသည္။

"ကြင္းဆင္းဝန္ထမ္းေတြၾကားမွာ ေရပန္းစားၿပီး အခ်င္းခ်င္းတိုးတိုးတိတ္တိတ္လက္ဆင့္ကမ္းခဲ့ၾကတဲ့ 'အသက္ေမြးဝမ္းေက်ာင္းနည္းဗ်ဴဟာ'တစ္ခုရွိတယ္။ အဖြဲ႕ကိုအသစ္ဝင္ေရာက္လာၾကတဲ့ အလုပ္သင္ေလးေတြက ဘယ္သူ႔လက္ေအာက္က လူေတြက အမွတ္အႏုတ္ခံရတာအနည္းဆုံးလဲဆိုတာကို သူတို႔ရဲ႕စီနီယာေတြကိုေမးတတ္ၾကတယ္ေလ။ တကယ္လို႔ သူတို႔ရဲ႕လုပ္ပုံကိုင္ပုံက အစြန္းေရာက္သမားတစ္ေယာက္လိုျဖစ္ေနမယ္ဆိုရင္ သူ႔အဖြဲ႕က အဖြဲ႕ဝင္ေတြဟာ 'ပုပ္သိုးခါနီးေနတဲ့ကုန္ပစၥည္း' ေတြလိုျဖစ္ေနေတာ့မွာပဲ။ ကြင္းဆင္းဝန္ထမ္းတစ္ေယာက္က ဘယ္လိုအဆင့္အတန္းေနရာမ်ိဳးထိတက္လွမ္းႏိုင္သလဲဆိုတာက သူတို႔ရဲ႕အရည္အခ်င္းေတြေပၚမွာမူတည္တာမဟုတ္ဘဲ ဘယ္သူကအမွတ္အနည္းဆုံးအႏုတ္ခံရသလဲဆိုတဲ့အေပၚမွာပဲမူတည္ေနတာ။ တခ်ိဳ႕ဆို ဒီအလုပ္နဲ႔ပတ္သက္တဲ့ 'အယူသည္းမႈပုံစံ'ကိုေတြေတာင္ အႏွစ္ခ်ဳပ္ျပထားလိုက္ေသးတယ္။ ဘယ္သူပဲျဖစ္ျဖစ္ အလုပ္စဝင္တဲ့ ပထမ (၂)ႏွစ္အတြင္း လုံးဝအမွတ္ႏုတ္ခံရလို႔မျဖစ္ဘူးတဲ့။ ဘယ္ကြင္းဆင္းဝန္ထမ္းမဆို အလုပ္စဝင္တဲ့အခ်ိန္မွာ အဲဒီပုံစံအတိုင္းမလုပ္ႏိုင္ခဲ့ရင္ ေနာက္ပိုင္း သူတို႔ရဲ႕အသက္ေမြးလမ္းေၾကာင္းက ဘယ္ေတာ့မွသာယာေျဖာင့္ျဖဴးေတာ့မွာမဟုတ္ဘူးတဲ့"

'၁၅ ေယာက္မ်ဥ္းနီ' ဟူသည့္စည္းမ်ဥ္းသည္ကား ေရွ႕တန္းေရာက္ကြင္းဆင္းဝန္ထမ္းတိုင္း၏ေျခေထာက္ေအာက္က ပါးလႊာေသာ ေရခဲျပင္တစ္ခ်ပ္လို၊ လည္ပင္းတြင္ရစ္ပတ္ထားေသာ ႀကိဳးကြင္းတစ္ခုလို၊ နားထင္ပတ္ပတ္လည္တြင္ရစ္သိုင္းထားေသာ *ေခါင္းစည္းကြင္းအစီအရင္တစ္ခုလို။

*ဝူခ်န္အန္း၏ 'အေနာက္အရပ္သို႔ခရီးသြားျခင္း' ဟူသည့္ဇာတ္လမ္းထဲတြင္ အသုံးျပဳထားေသာအစီအရင္တစ္ခုကိုရည္ၫႊန္းထားျခင္းျဖစ္သည္။ ေမ်ာက္ဘုရင္ စြန္းဝူခုန္း၏ဦးေခါင္းထက္တြင္စြပ္ထားေသာ ေမွာ္ဦးရစ္/ေ႐ႊေရာင္ေခါင္းစည္းကြင္းတစ္ကြင္းျဖစ္ၿပီး အဆိုပါကြင္းကိုတင္းၾကပ္ေစကာ ေခါင္းကိုက္ေအာင္လုပ္ျခင္းျဖင့္ ၎ကို ထိန္းခ်ဳပ္ေသာ နည္းလမ္းျဖစ္သည္။

"အဲဒါေၾကာင့္လည္း တခ်ိဳ႕ကြင္းဆင္းဝန္ထမ္းေတြဟာ ျပႆနာႀကီးႀကီးမားမားႀကဳံတဲ့အခါမ်ိဳးတို႔၊ သတ္မွတ္ထားတဲ့ ေသဆုံးသူအေရအတြက္စည္းကိုေက်ာ္လြန္သြားတဲ့အခါမ်ိဳးေတြမွာ ကုန္ခ်န္ကုန္းဆီလာၿပီး 'အကူအညီေတာင္း' တတ္ၾကတယ္ေလ"

အႀကီးအကဲဟြမ္က ေၾကာင္အမ္းအမ္းျဖစ္သြားေသာ ေရွာင္းက်န္းကိုၾကည့္လိုက္ရင္း စကားကိုဆက္ျပန္သည္။

"ဆိုလိုတာကေတာ့ လိပ္ျပာသားေလာင္းေတြကိုအသုံးခ်ၾကတယ္ဆိုတာပါပဲ။ ေနာက္ဆုံးက်ေတာ့ ေသတဲ့လူကလည္း မေသေတာ့ဘူး။ ကြင္းဆင္းဝန္ထမ္းကလည္း အမွတ္ေတြအႏုတ္ခံရမယ့္အျဖစ္ဆိုးမ်ိဳးမရွိေတာ့ဘူး။ နစ္နာသူရဲ႕မိသားစုဝင္ေတြကလည္း အရမ္းကို ေက်းဇူးတင္ေတြတင္ၾကမယ္။ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနကလည္း အရာအားလုံးကို ျပည္ဖုံးကားခ်လိုက္မယ္။ ဒါဆို အားလုံးေပ်ာ္ရတဲ့ ဇာတ္သိမ္းခန္းေလးျဖစ္သြားၿပီေပါ့"

ေရွာင္းက်န္းခမ်ာ ေနာက္ဆုံး၌ ခက္ခက္ခဲ​ခဲႀကိဳးစားအားထုတ္ၿပီးမွသာ ေျပာရမည့္စကားလုံးကိုရွာေတြ႕သြားေလသည္။

"ဘယ္သူကမ်ား...."

"ငါလည္း မသိဘူး။ DCO စတင္တည္ေထာင္ကတည္းက ဌာနတိုင္းမွာ ေရေတြက ဟိုးေအာက္အနက္ပိုင္းအထိစီးဆင္းေနတာ။ ငါလည္း အခုထိ လက္သည္တရားခံေတြကိုရွာမေတြ႕ေသးဘူး။ ဒါေပမယ့္.... မင္းသိထားသမွ် လုံၿခဳံေရးဌာနက အၾကည္ညိဳခံအႀကီးအကဲပုဂၢိဳလ္ေတြအမ်ားစုကလည္း ဒီအေၾကာင္းကိုသိထားၾကတယ္။ သူတို႔ကိုယ္က်ိဳးအတြက္ လုပ္တာမဟုတ္ဘူးဆိုရင္​ေတာင္ တစ္ခါတရံမွာ အလားအလာရွိတဲ့မ်ိဳးဆက္သစ္ကေလးေတြကို ကာကြယ္ေပးဖို႔အတြက္လုပ္ခဲ့ရတာမ်ိဳးေတြလည္းရွိတာေပါ့....."

အႀကီးအကဲဟြမ္က ေရွာင္းက်န္းကို တစ္ခ်က္မွ်စူးစိုက္ၾကည့္ရႈလိုက္ၿပီးေနာက္တြင္ေတာ့ စကားဆက္မလာ​ေတာ့ပါေခ်။

ေရွာင္းက်န္းထံမွ စစခ်င္း၌ မည္သည့္တုံ႔ျပန္မႈမွထြက္မလာ။ သို႔ေသာ္ ထို႔ေနာက္တြင္​ေတာ့ အျပင္းအထန္လႈပ္ယမ္းတုန္ခါေနခဲ့ေသာ သူ႔တစ္ကိုယ္လုံးရွိေသြးမ်ားမွာ ႐ုတ္တရက္ေအးခဲသြားေတာ့မလိုခံစားလိုက္ရရွာေတာ့သည္။

သူသည္ကား လူအေယာက္တစ္သန္းတြင္တစ္ေယာက္သာရွိႏိုင္ေသာ 'မိုးႀကိဳး-မီး' အမ်ိဳးအစားျဖစ္သည့္အျပင္ ထိုအထဲမွ ရွားရွားပါးပါး 'သန္႔စင္ေသာ မိုးႀကိဳးသြား' အမ်ိဳးအစား ထူးျခားစြမ္းရည္ပိုင္ရွင္လည္းျဖစ္ျပန္သည္။

ယေန႔ေခတ္ထူးျခားစြမ္းရည္ပိုင္ရွင္မ်ား၏မ်ိဳး႐ိုးစဥ္ဆက္ဇယားသည္ကား အစဥ္အလာ 'ျဒပ္စင္ငါးမ်ိဳး' နည္းဥပေဒသႏွင့္ ဆင္တူေပသည္။ ေယဘုယ်အားျဖင့္ဆိုရလွ်င္ သန္႔စင္ေသာ မိုးႀကိဳးသြားအမ်ိဳးအစားမွလြဲ၍ မိုးႀကိဳး-မီးအမ်ိဳးအစားမွာ ေရခဲအမ်ိဳးအစားႏွင့္ တိုက္ခိုက္ရပါက အေျခအေနမေကာင္းႏိုင္ေပ။ ေရွာင္းက်န္းမွာ DCOဌာနအတြင္းသို႔ေရာက္ရွိလာစဥ္ကပင္ အလြန္အက်ဴးအေလးေပးဆက္ဆံတာကိုခံခဲ့ရၿပီး အလုပ္သင္ကာလၿပီးတာႏွင့္ ထိပ္သီးအထူးတပ္ဖြဲ႕အတြင္းသို႔ တန္းေရာက္သြားခဲ့သည္။ ျပန္ေတြးၾကည့္မည္ဆိုပါက သူေလွ်ာက္ခဲ့ရသည့္လမ္းခရီးတစ္ေလွ်ာက္လုံး၌ ဘာဆူးေညႇာင့္ခလုတ္မွမရွိဘဲ ေျဖာင့္ျဖဴးသာယာေနခဲ့သည္သာျဖစ္၏။ အျခားသူမ်ားထက္လည္း ပို၍ကံေကာင္းေနခဲ့သလိုပင္__ဆယ္စုႏွစ္တစ္စုၾကာမွ် ေရွ႕တန္းကြင္းဆင္းဝန္ထမ္းတစ္ေယာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ေအာက္ေျခဝန္ထမ္းအဆင့္မွသည္ မိုးႀကိဳးသြားအဖြဲ႕ဒါ႐ိုက္တာဘဝထိတိုင္ေအာင္ မေရမတြက္ႏိုင္ေသာ တိုက္ပြဲေပါင္းႀကီးႀကီးငယ္ငယ္ကိုတိုက္ခိုက္ဆင္ႏႊဲခဲ့ၿပီး ေအာင္ပြဲအလီလီဆြတ္ခူးရရွိၿပီးသည့္အခ်ိန္အထိ အမွတ္သုံးမွတ္သာအႏုတ္ခံခဲ့ရရွာသည္။ ဤအရာကား အံ့ဖြယ္ျဖစ္ရပ္ဟုပင္ေခၚဆိုႏိုင္ေလာက္ေပ၏။

သူ တကယ္ပဲ ကံေကာင္းေနတာလား?

ဒါမွမဟုတ္ တစ္ေယာက္ေယာက္က သူ႔ကိုတစ္ခ်ိန္လုံး တိတ္တိတ္ေလးကာကြယ္ေစာင့္ေရွာက္ေပးေနတာလား?

ေသအံ့မူးမူးျဖစ္ေနရွာသည့္ ဒါ႐ိုက္တာေဟာင္းက သူ႔အားေျပာၾကားခဲ့ဖူးသည့္ 'မင္းက သန္႔ရွင္းေနတုန္းပဲဆိုတာကို ငါသိတယ္' ဟူေသာစကားတစ္ခြန္းသည္ကား သူ႔ကို စည္းမ်ဥ္းစည္းေဘာင္အတြင္းေနထိုင္ႏိုင္သျဖင့္ ခ်ီးက်ဴးေျပာဆိုေသာစကားေပေလာ၊ သို႔တည္းမဟုတ္ အေၾကာင္းစုံကိုသိေနေသာ'အတြင္းလူ'တစ္ေယာက္က ဘာဆိုဘာမွမသိရွာသည့္ နလပိန္းတုံးတပည့္ေလးတစ္ေယာက္အတြက္ လႊတ္ထုတ္လိုက္ရွာေသာ သက္ျပင္းခ်သံတစ္ခ်က္ပဲလား?

သူက တကယ္ေရာ.....'သန္႔ရွင္း'ပါရဲ႕လား?

ထိုအခိုက္ သူ႔ဖုန္းကအသံျမည္လာသည္__သူေစလႊတ္လိုက္ေသာ စုံစမ္းစစ္ေဆးသူမ်ားမွာ ပိခြၽင္းရွန္း၏အိမ္သို႔ေရာက္ရွိေနၾကၿပီျဖစ္ၿပီး ရွာေဖြဝရမ္းအတိုင္း ဆက္လက္လုပ္ေဆာင္ရမည့္အစီအစဥ္မ်ားကိုေမးျမန္းလာျခင္းျဖစ္သည္။

အႀကီးအကဲဟြမ္က ေရွာင္းက်န္းအား သူ႔႐ုံးခန္းထဲရွိ ဖက္စ္ကိုအသုံးျပဳခြင့္ေပးခဲ့ကာ စုံစမ္းစစ္ေဆးသူထံမွတင္ျပလာေသာအစီရင္ခံခ်က္မ်ားကိုလိုက္နားေထာင္ေနသည္။

"ပိခြၽင္းရွန္းက သူ႔မိဘေတြနဲ႔တစ္အိမ္တည္းအတူေနတာ။ သူ႔အေဖက ဆုံးသြားတာသိပ္မၾကာေသးဘူး။ သူ႔အေမကေတာ့ အခုခ်ိန္ထိက်န္းက်န္းမာမာပဲ။ သူ႔အမ်ိဳးသားကေတာ့ အရင္တုန္းက အလယ္တန္းျပေက်ာင္းဆရာတစ္ဦးအေနနဲ႔လုပ္ခဲ့ေပမယ့္ အခုေတာ့ ပင္စင္ယူသြားၿပီ။ သားျဖစ္သူရဲ႕အေဆာင္စရိတ္နည္းနည္းပါးပါးရဖို႔အတြက္ အျပင္မွာက်ဴရွင္သင္တန္းတစ္ခုဖြင့္ထားတယ္။ သူတို႔လင္မယားႏွစ္ေယာက္လုံးမွာ သားတစ္ေယာက္တည္းရွိတယ္။ သူ႔သားကေတာ့ အခုမွ ဘြဲ႕ရၿပီးကာစ လူပ်ိဳလူလြတ္တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕မိခင္တကၠသိုလ္မွာပဲအလုပ္ဝင္ဖို႔ႀကိဳးစားေနတယ္။ အႀကီးအကဲဟြမ္၊ ဒါ႐ိုက္တာေရွာင္း ကြၽန္ေတာ္တို႔ အခု သူ႔အိမ္ေရွ႕မွာေရာက္ေနၾကၿပီ"

အႀကီးအကဲဟြမ္က ၾကားျဖတ္ေျပာလိုက္၏။

"စကားျဖတ္ေျပာရတဲ့အတြက္ အားနာပါတယ္။ ကြၽန္ေတာ္ တစ္ခုေမးစရာေလးရွိလို႔ပါ။ အကယ္၍ တစ္စုံတစ္ေယာက္က တံလွ်ပ္လိပ္ျပာကူးစက္ခံရလို႔ လူကေသသြားၿပီး လိပ္ျပာရဲ႕ထိန္းခ်ဳပ္ခံထားရတဲ့ ဖုတ္ေကာင္လိုမ်ိဳးျဖစ္သြားမယ္ဆိုရင္ အဲဒါကို စစ္ေဆးလို႔ရမယ့္ နည္းလမ္းေလးဘာေလးမ်ား မရွိဘူးလား?"

"အရမ္းခက္တယ္....ေခါင္းေဆာင္ဟြမ္...ဒီလိုပါ...ကြၽန္ေတာ္တို႔ဆီမွာရွိတဲ့နည္းပညာက ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈနဲ႔ ခႏၶာကိုယ္ရဲ႕တုံ႔ျပန္မႈတို႔အၾကားက မတူညီတဲ့ ကြဲျပားျခားနားခ်က္ေတြကိုၾကည့္ၿပီး ကပ္ပါးပိုးေကာင္ကူးစက္ခံထားရျခင္းရွိ မရွိဆိုတာကိုစစ္ေဆးၾကတာ။ အဲဒီနည္းပညာက ကူးစက္ခံရသူက လုံးလုံးလ်ားလ်ားဦးေႏွာက္ေသမသြားခင္အခ်ိန္မွာပဲ အသုံးျပဳလို႔ရတယ္။ တကယ္လို႔ ဦးေႏွာက္ေသသြားၿပီဆိုရင္ေတာ့ လိပ္ျပာေတြက ကူးစက္ခံရသူရဲ႕အာ႐ုံေၾကာစနစ္ကိုထိန္းခ်ဳပ္လိုက္ၾကၿပီး သူတို႔နဲ႔တသားတည္းျဖစ္သြားၾကၿပီ။ ေျပာရရင္​ေတာ့ အာ႐ုံေၾကာစနစ္အသစ္တစ္ခုကိုဖြဲ႕စည္းလိုက္သလိုမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ရဲ႕စက္ကိရိယာေတြက အဲဒါမ်ိဳးကိုေတာ့ ဘယ္လိုမွတိုင္းတာစစ္ေဆးႏိုင္စြမ္းမရွိဘူး....နည္းလမ္းတစ္ခုကလြဲရင္ေပါ့.."

"ဘာလဲ?"

"ေၾသာ္....ဟိုလိုမ်ိဳးေလ...ဦးေခါင္းကိုဖြင့္ၿပီး စစ္ေဆးၾကည့္တာ... "

လူတစ္ေယာက္၏ကိုယ္ရည္ကိုယ္ေသြး၊ တန္ဖိုးသတ္မွတ္ခ်က္မ်ားႏွင့္ အက်င့္စ႐ိုက္မ်ားသည္ကား အခ်ိန္ႏွင့္အမွ် အၿမဲတေစေျပာင္းလဲေနတတ္ၾကစၿမဲပင္။ 'နင္ ေျပာင္းလဲသြားၿပီ' ဟူသည့္ စကားလုံးငါးလုံးသည္ကား စာေပအႏုပညာနယ္ပယ္က႑ေပါင္းစုံတြင္ မၾကာခဏဆိုသလို ေတြ႕ရၾကားရေလ့ရွိေသာ စကားလုံးမ်ားျဖစ္၏။ '*လူသားတို႔၏ႏွလုံးအိမ္သည္ကား ေရအလ်ဥ္ကဲ့သို႔ႏွယ္၊ စကားလုံးတစ္လုံး၊ အေၾကာင္းအရာတစ္ရပ္ေၾကာင့္ပင္ အလြယ္တကူလႈိင္းဂယက္ထသြားႏိုင္ေပသည္' ဟူေသာ ၾကားဖူးေနက် မထူးဆန္းသည့္စာသားမ်ားအတိုင္းပင္။ အဆိုပါစကားမ်ားေနာက္မွဆက္လိုက္လာသည့္အေၾကာင္းအရာမ်ားကေတာ့ျဖင့္ ဖန္တရာေတေနသည့္ ဝမ္းနည္းေၾကကြဲစရာေကာင္းေသာ ဇာတ္လမ္းစာသားမ်ားသာျဖစ္ၾကၿပီး 'ေခါင္းကို႐ိုက္ခြဲၿပီး အထဲကိုၾကည့္ရေအာင္' ဆိုသည့္စကားေတာ့မဟုတ္ပါေခ်။

*'ဝါးခက္ေလးမ်ား၏ ေတးသီခ်င္းကိုးပုဒ္' ဟုအမည္ရသည့္ Liu Yuxi ၏ ကဗ်ာမွ ေကာက္ႏႈတ္ခ်က္ျဖစ္သည္။

ေရွာင္းက်န္းမွာ အႏွီစကားကိုၾကားေသာအခါ ရင္ထဲ၌ထိတ္ခနဲျဖစ္သြား၏။ ၎မွာ ႐ုတ္တရက္ နိမိတ္မေကာင္းေသာ ခံစားခ်က္တို႔ကိုခံစားလိုက္ရၿပီး စိတ္ထင့္သြားေလေတာ့သည္။
.
.
.
.

ခ်ိယြမ္း၌မူ ႐ႊမ္းက်ီးမွာ ပိခြၽင္းရွန္းကိုမ်က္စိေဒါက္ေထာက္ၾကည့္ေနရင္းမွာပင္ အေဆာက္အဦးထိပ္ပိုင္းတြင္ ရစ္သိုင္းလႊမ္းၿခဳံထားေသာ ျမဴခိုးထူထူမ်ားအားလုံးသည္ကား မိစာၦသခင္ႀကီးတစ္ဦးတည္းဆီမွလာေနျခင္းမဟုတ္ဘဲ တခ်ိဳ႕တဝက္ေသာျမဴခိုးလႊာမ်ားမွာ ပိခြၽင္းရွန္းဆီမွထြက္ေပၚလာေနျခင္းျဖစ္ေၾကာင္းကို ႐ုတ္တရက္သေဘာေပါက္သြား၏!

ျမဴခိုးမ်ားအတြင္း၌ရွိေနေသာ သူမ၏ပုံရိပ္သဏၭာန္သည္ကား လုံးလုံးလ်ားလ်ားကို ဝိုးတိုးဝါးတားျဖစ္လို႔ေနလ်က္ အရည္ေပ်ာ္က်လုနီးပါးျဖစ္ေနေတာ့သည္။ သူမ၏ဝါက်င့္က်င့္အေသြးအေရာင္ရွိေနေသာအေပၚယံအေရျပားသည္ကား မည္သည့္အခ်ိန္ကတည္းကစတင္ကာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္သြားမွန္းမသိ၊ ခႏၶာကိုယ္မ်က္ႏွာျပင္အသားအရည္မွာ ဖေယာင္း႐ုပ္တုတစ္ခုသဖြယ္ျဖစ္လာေနသည္။

လူသားဖေယာင္းတိုင္ ဆိုတာဘာႀကီးလဲ?

သူမက တကယ္ပဲ လူအေယာက္တစ္ေထာင္ကိုသတ္ခဲ့တာလား? ဘယ္လိုသတ္ခဲ့တာလဲ? အသတ္ခံရတဲ့ လူတစ္ေထာင္ကေရာ ဘယ္သူေတြမ်ားလဲ? သူတို႔ကေရာ ဘယ္လိုျဖစ္ၿပီး အသံတစ္ခ်က္မွမထြက္ဘဲ တိတ္တိတ္ဆိတ္ဆိတ္ေသဆုံးသြားရတာလဲ?

"လြန္ခဲ့တဲ့ရွစ္ႏွစ္တုန္းက ကြၽန္မ ကြင္းဆင္းဝန္ထမ္းတစ္ေယာက္အျဖစ္ တပ္ဖြဲ႕တစ္ဖြဲ႕မွာအလုပ္လုပ္ခဲ့ရတုန္းက မိစာၦအစီအရင္ေတြကိုအသုံးျပဳတယ္လို႔ယူဆရတဲ့ သံသယတရားခံတစ္ေယာက္ကို သြားဖမ္းေပးဖို႔အမိန္႔ေပးျခင္းခံရတယ္။ အဲဒီအခ်ိန္တုန္းက သံသယတရားခံဟာ လူဦးေရထူထပ္မ်ားျပားတဲ့ လူေနရပ္ကြက္တစ္ခုမွာပုန္းခိုေနတာ။ အျပစ္မဲ့တဲ့သာမန္ျပည္သူေတြထိခိုက္မိသြားမွာစိုးရိမ္တဲ့အတြက္ ကြၽန္မနဲ႔ကြၽန္မရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက တရားခံကိုအရင္မွ်ားေခၚၿပီးမွဖမ္းဆီးမယ္ဆိုၿပီး လွ်ိဳ႕ဝွက္အစီအစဥ္တစ္ခုကိုဆြဲထားခဲ့ၾကတယ္။ ဒါေပမယ့္လည္း မေတာ္တဆမႈက ျဖစ္ျဖစ္ေအာင္ကိုျဖစ္သြားေသးတယ္။ တရားခံက ကြၽန္မတို႔ရဲ႕ေထာင္ေခ်ာက္ထဲကိုဝင္လာေတာ့မယ့္ဆဲဆဲမွာပဲ ကြၽန္မတို႔ဘက္က ကေလးတစ္ေယာက္က စိတ္အရမ္းလႈပ္ရွားၿပီး ကိုယ့္ရဲ႕အသြင္သဏၭာန္အစစ္ကိုေဖာ္ျပမိသြားတာမို႔တရားခံကိုအထိတ္တလန္႔ျဖစ္ေအာင္လုပ္မိလိုက္သလိုျဖစ္သြားတယ္။ တရားခံကလည္း တစ္ခုခုမွားေနမွန္းရိပ္မိသြားၿပီး လူေနရပ္ကြက္ေတြထဲမွာရွိတဲ့ ပန္းၿခံတစ္ခုထဲကိုထြက္ေျပးသြားတယ္။ သူ႔လက္ထဲမွာ အနည္းဆုံး လူတစ္ဒါဇင္ေက်ာ္ရဲ႕အသက္ေတြရွိေနတာကိုသိထားတဲ့အျပင္ ဖမ္းခံရရင္လည္း ေသလမ္းတစ္လမ္းပဲရွိတာကိုသိတယ္။ သူက ဘယ္လိုမွေျပးေပါက္မရွိေတာ့ဘူးဆိုတာကိုသိသြားတဲ့အခါ ေခ်ာင္ပိတ္မိသြားတဲ့ေခြးတစ္ေကာင္လို ႀကံရာမရတဲ့အဆုံး ကိုယ့္ကိုယ္ကိုယ္ေဖာက္ခြဲပစ္ၿပီးအဆုံးစီရင္လိုက္တယ္။ ကြၽန္မတို႔ဘက္ကလည္း ဘယ္လိုမွကို နယ္​ေျမရွင္းလင္းေရးလုပ္ဖို႔အခ်ိန္မမီလိုက္တဲ့အတြက္ အဲဒီပန္းၿခံထဲမွာရွိေနခဲ့တဲ့ ျပည္သူရွစ္ေယာက္လုံးေသဆုံးသြားခဲ့ရတယ္။ ကြၽန္မရဲ႕လုပ္ေဖာ္ကိုင္ဖက္က အဲဒီစစ္ဆင္ေရးမွာတာဝန္ခံျဖစ္ၿပီး ကြၽန္မကေတာ့ သူ႔ရဲ႕လက္​ေထာက္ေပါ့ေလ။ ကြၽန္မတို႔ႏွစ္ေယာက္စလုံး အဲဒီအျပစ္တာဝန္ကိုဘယ္လိုမွေရွာင္လႊဲလို႔မရဘူးေပါ့။ ကြၽန္မရဲ႕လုပ္ေဖာ္ကိုင္ဖက္က အမွတ္ႏွစ္ဆအႏုတ္ခံလိုက္ရတဲ့အတြက္ သူ႔အမွတ္က မ်ဥ္းနီကိုေက်ာ္လြန္သြားခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ကြၽန္မရဲ႕ေခါင္းတစ္ခုလုံး ဟာလာဟင္းလင္းျဖစ္သြားေတာ့တာပဲ။ ဒါေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူက ကြၽန္မကိုမေၾကာက္ဖို႔ေျပာၿပီး သူ နည္းလမ္းရွာလိုက္မယ္လို႔ေျပာခဲ့တယ္"

အဲဒီအခ်ိန္က်မွပဲ ထူးခြၽန္ထက္ျမက္ၿပီး ရႈံးပြဲမရွိတဲ့ သူရဲေကာင္းဆိုတဲ့လူေတြရဲ႕ လုပ္ထုံးလုပ္နည္းေတြကို ကြၽန္မပထမဆုံးအႀကိမ္သိသြားခဲ့ရတယ္။ ေသသြားတဲ့လူေတြရဲ႕ကိုယ္ထဲကို လိပ္ျပာေတြထည့္သြင္းလိုက္ၿပီး ဘာတစ္ခုမွမျဖစ္ခဲ့သလို ဆက္ၿပီးဟန္ေဆာင္ေနလိုက္မယ္__အဲဒီအခ်ိန္တုန္းက 'ဒီလိုကိစၥမ်ိဳးေတြက ဘာမွ ထူးထူးျခားျခားမဟုတ္ပါဘူးကြာ' ဆိုၿပီး ကြၽန္မကိုအားေပးႏွစ္သိမ့္ခဲ့တဲ့ လုပ္ေဖာ္ကိုင္ဖက္ရဲ႕မ်က္ႏွာအမူအရာကို ဒီတစ္သက္မေမ့ႏိုင္ခဲ့ဘူး"

" အဲဒီအခ်ိန္တုန္းက ကြၽန္မဘယ္လိုခံစားခဲ့ရသလဲဆိုတာကိုေရာ ရွင္တို႔သိၾကရဲ႕လား? ကြၽန္မက က်ည္ဆန္ကိုေရွာင္တိမ္းလိုက္ႏိုင္လို႔ ေပ်ာ္႐ႊင္ေနတာလည္းမဟုတ္သလို အျပစ္ရွိတဲ့စိတ္နဲ႔ ညတိုင္းအိပ္မေပ်ာ္တာလည္းမဟုတ္ဘူး။ ကြၽန္မ.....ကြၽန္မ ေၾကာက္​ေနခဲ့တာ။ ဒီလိုအေျခအေနမ်ိဳးက ဘာမွမထူးျခားဘူး.....ဒါဆိုရင္ အသက္ရွင္က်န္ခဲ့တဲ့လူေတြထဲမွာ ဘယ္ႏွေယာက္ေလာက္ကမ်ား 'လူသားအစစ္' ေတြမဟုတ္ေတာ့တာလဲ? ကြၽန္မရဲ႕တစ္မိသားစုလုံးက အသက္ရွင္က်န္ရစ္ခဲ့တဲ့လူေတြခ်ည္းပဲ! သူ...သူတို႔ကေရာ လူသားအစစ္ေတြလား....ဒါ...ဒါမွမဟုတ္ တံလွ်ပ္လိပ္ျပာကူးစက္ခံထားရတဲ့ လူေတြလား?"

"အဲဒီအခ်ိန္ကစၿပီး ကြၽန္မမွာ စိတ္ေဝဒနာရွင္တစ္ေယာက္လို တျခားသူေတြအေပၚမွာ သံသယစိတ္ေတြဝင္ေနရေတာ့တာပဲ။ ကြၽန္မရဲ႕မိသားစုဝင္ေတြက တစ္ခုခုလႊတ္ခနဲေျပာလိုက္ၿပီဆိုတာနဲ႔ သူတို႔အရင္တုန္းကေရာ ဒီလိုမ်ိဳးေျပာဖူးလား၊ အရင္တုန္းကေရာ ဒီလိုေလသံပဲလား၊ ၾကားထဲမွာ ကြၽန္မသတိမထားမိဘဲ တစ္ခုခုေျပာင္းလဲသြားတာမ်ိဳးေတြရွိလားဆိုၿပီးေတာ့ေပါ့။ ကြၽန္မသားက ေက်ာင္းကေနအိမ္ျပန္ေရာက္လာၿပီး သူ ႀကိဳက္ေလ့ႀကိဳက္ထမရွိတဲ့ဟင္းအမယ္ကို မွာစားတဲ့အခ်ိန္မွာဆို ကြၽန္မမွာ အဲ့လိုဘာမဟုတ္တဲ့အေသးအမႊားကိစၥေလးေၾကာင့္ လဝက္ေလာက္နီးပါးထိ ညတိုင္းအိပ္လို႔​ေတာင္မေပ်ာ္ခဲ့ဘူးေလ"

အခင္းျဖစ္ရာေနရာ၌ ရွိသမွ်လူအားလုံးမွာ ၾကက္သီးတျဖန္းျဖန္းထသြားရရွာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပိခြၽင္းရွန္း၏ထူးျခားစြမ္းရည္မွာ 'ဘာသာစကား' ျဖစ္ေနေသာ​ေၾကာင့္ပင္တည္း။ ထိုစကားမ်ားအတိုင္း ေနာက္ထပ္ေျပာလာမည့္စကားမ်ားမွာလည္း ဘယ္ေလာက္ပင္အဓိပၸါယ္မရွိေသာစကားမ်ားျဖစ္ေနပါေစ သူမ၏ပါးစပ္မွထြက္လာေသာစကားမ်ားသာျဖစ္ပါက အျခားသူမ်ားမွာ အႂကြင္းမဲ့ယုံၾကည္ၾကလိမ့္မည္သာျဖစ္သည္။ ယခုကဲ့သို႔ တစ္ခြန္းစႏွစ္ခြန္းစေျပာလိုက္႐ုံရွိေသး၊ လူတိုင္းမွာ သူမ၏စကားေၾကာင့္ အထိတ္တလန္႔ျဖစ္ကာ ေျခမကိုင္မိလက္မကိုင္မိအေနအထားမ်ိဳးသို႔ေရာက္ရွိေနၾကၿပီျဖစ္သည္။

႐ႊမ္းက်ီးတစ္ေယာက္ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ ပိခြၽင္းရွန္းမွာ စကားတစ္ခြန္းႏွစ္ခြန္း​ေျပာလိုက္႐ုံမွ်ျဖင့္အျခားသူမ်ားကို အိပ္ေမြ႕ခ်ႏိုင္သည္အထိအစြမ္းရွိသည္ဆိုပါလွ်င္....သူကိုယ္တိုင္အတြက္က်ေတာ့ေရာ? သူမ၏ႏွလုံးသားထဲတြင္ အႏွီထိန္းခ်ဳပ္လို႔မရႏိုင္သည့္အေတြးမ်ားက ထပ္ခါတလဲလဲရစ္တြယ္ေႏွာင္ဖြဲ႕လာေနခ်ိန္၌ သူမထံတြင္ရွိေနေသာ စိတ္စြမ္းရည္မ်ားက အဆိုပါသံသယမ်ားႏွင့္မေရမရာဇေဝဇဝါျဖစ္ေနမႈတို႔ကိုပိုမိုအားေကာင္းသြားေစခဲ့တာမ်ားလား?

"ရွစ္ႏွစ္...ကြၽန္မဟာ ဒီရွစ္ႏွစ္လုံးလုံး ကိုယ့္အေတြးေတြနဲ႔ကိုယ္႐ူးေတာ့မလိုပဲ။ ကြၽန္မက အေျဖကိုသိလည္းသိခ်င္ေပမယ့္လည္း သိလည္းမသိရဲဘူး။ ေရွ႕တန္းမွာ ဒဏ္ရာရသြားလို႔ ေနာက္တန္းကိုျပန္ေရာက္လာဖို႔ အခြင့္အေရးရလာတဲ့အခါမွာ​ေတာ့ ကြၽန္မဟာ အလိုအေလ်ာက္ပဲ ေထာက္ပံ့ပို႔ေဆာင္ေရးဌာနကိုေ႐ြးခ်ယ္ခဲ့တယ္။ ဟင္း....ေထာက္ပံ့ပို႔ေဆာင္ေရးဌာနကိုေရာက္လာေတာ့ေရာ ဘာမ်ားလုပ္လို႔ရမွာတဲ့လဲ? ကုန္ခ်န္ကုန္းဆိုတဲ့ လူလည္ေျမေခြးအိုႀကီးက DCO ဌာနတစ္ခုလုံးကို လႊမ္းမိုးခ်ဳပ္ကိုင္ထားတာေလ။ ကြၽန္မက သူနဲ႔ပတ္သက္ၿပီး ဘာေတြကိုမ်ား စုံစမ္းေဖာ္ထုတ္လို႔ရပါ့မလဲ?"

"ၾကာေတာ့ ကြၽန္မလည္း တျဖည္းျဖည္းစိတ္ကမရွည္ေတာ့ဘူး....တျဖည္းျဖည္းနဲ႔.....ဒီလိုနဲ႔ ဟိုတေလာတုန္းကပဲ ကုန္ခ်န္ကုန္းက စုံစမ္းစစ္ေဆးမႈခံရၿပီး လူကအရိပ္အေယာင္ေတာင္မေတြ႕ရေတာ့ဘဲ ေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးသြားခဲ့တယ္။ ကြၽန္မရဲ႕သံသယေတြကလည္း အေတာ္ေလးကိုေသခ်ာသြားခဲ့တယ္။ ေနာက္​ေတာ့ အဲ့လိုအေရးေပၚအေျခအေနေတြျဖစ္ေန
တုန္းမွာပဲ ကြၽန္မအေဖဆုံးပါးသြားခဲ့တယ္"

ပိခြၽင္းရွန္း၏ခ်ိဳင့္ဝင္ေနေသာမ်က္လုံးတစ္စုံအတြင္းမွ ႐ုတ္တရက္ ေသြးမ်က္ရည္မ်ားက်ဆင္းလို႔လာၿပီး သူမ၏မ်က္ႏွာထက္ကအေသြးအသားတို႔မွာ အရည္ေပ်ာ္က်ေနေသာဖေယာင္းတိုင္သဖြယ္ စတင္၍ပုံသဏၭာန္ပ်က္ယြင္းလို႔လာေနသည္။

"အေဖက အသက္ ၈၇ ႏွစ္အ႐ြယ္ထိ အသက္ရွည္ရွည္ေနသြားခဲ့ၿပီးမွ ႏွလုံးေရာဂါနဲ႔ေသဆုံးသြားခဲ့တယ္။ ေသခါနီးအခ်ိန္ထိ နည္းနည္းေလးမွ​ေတာင္ ေဝဒနာမခံစားသြားခဲ့ရဘူး။ သူ႔ရဲ႕မိတ္ေဆြေတြေရာ ေဆြမ်ိဳးသားခ်င္းေတြကပါ 'ေပ်ာ္စရာေကာင္းတဲ့စ်ာပနပြဲ' ဆိုၿပီး အားေတာင္အားက်ေနၾကေသးတယ္။ ကြၽန္မကေရာ? လမ္းေလွ်ာက္ေနတဲ့ ဖုတ္ေကာင္တစ္​ေကာင္လိုမ်ိဳး သူတို႔ကိုအျပန္လိုက္ပို႔ေပးၿပီးတဲ့ေနာက္...အဲဒီေနာက္ေတာ့...အဲဒီေနာက္ေတာ့.....ကြၽန္မလည္း ဘယ္လိုမွမေနႏိုင္ေတာ့တဲ့အဆုံး ညသန္းေခါင္ယံအခ်ိန္မွာ တိတ္တိတ္ေလးျပန္သြားၿပီး ကြၽန္မအေဖရဲ႕ဦးေခါင္းကို မီးမသၿဂႋဳလ္ရေသးခင္ ဖြင့္ၾကည့္လိုက္တယ္။ ကြၽန္မေတြ႕လိုက္ရတာက....ကြၽန္မေတြ႕လိုက္ရတာက....."

အဘိုးအို၏ဦးေခါင္းကိုဖြင့္ၾကည့္လိုက္ေသာအခါမွာေတာ့ သူမ၏အိပ္မက္ဆိုးမ်ားမွာ အမွန္တကယ္ျဖစ္လို႔ေနခဲ့သည္။

အႏွစ္သုံးဆယ္လုံးလုံး သူမႏွင့္ ေန႔ေရာညပါအတူရွိေနခဲ့ေသာ မိသားစုဝင္မ်ားအနက္ တခ်ိဳ႕လူမ်ားမွာ အမွန္တကယ္ကိုပင္ လိပ္ျပာမ်ား၏ထိန္းခ်ဳပ္ခံထားရရွာေသာ ႐ုပ္ေသး႐ုပ္မ်ားျဖစ္ေနခဲ့သည္တဲ့ေလ။

"ငါ ဘာလို႔ၾကည့္ခဲ့တာလဲ? ငါ ဘာလို႔ၾကည့္ခဲ့တာလဲ!"

ပိခြၽင္းရွန္းမွာ ရႈိက္ႀကီးတငင္ငိုေႂကြးေနၿပီး အသံက်ယ္က်ယ္မထြက္ႏိုင္ရွာဘဲ အသက္ငင္ေနေသာသားရဲတစ္ေကာင္သဖြယ္ စူးစူးနင့္နင့္ေအာ္ဟစ္ငိုယိုေနေတာ့သည္။

"ရွဴး...."

ရွန္႔လင္ယြမ္းက ကိုယ္ကိုငုံ႔ကိုင္းလိုက္ၿပီး ပုံပ်က္ေနေသာ သူမ၏မ်က္ႏွာကို လက္ျဖင့္အသာအယာဆြဲယူပင့္မလိုက္ရင္း မ်က္လုံးေထာင့္စြန္းမွ ေသြးမ်က္ရည္စီးေၾကာင္းမ်ားကို သုတ္ေပးလိုက္၏။ သူက သက္ျပင္းခ်လ်က္ဆို၏။

"သနားစရာပဲ"

ထို႔ေနာက္ သူ၏ေရွးေဟာင္းဘာသာစကားကိုျပန္လည္ေျပာင္းလဲအသုံးျပဳလိုက္ၿပီးသကာလ ႐ႊမ္းက်ီးကိုတိုးဖြစြာေျပာလာ၏။

"လူသားဖေယာင္းတိုင္ဆိုတာက ပူေဆြးယဇ္ပူေဇာ္ပြဲအတြက္ ၾကားခံပစၥည္းတစ္ခုပဲ။ သူက ေကာင္းကင္နဲ႔ေျမႀကီးၾကားမွာရွိတဲ့ အဆိုးဝါးဆုံးမိစာၦေတြနဲ႔ ယင္းဓာတ္ရွိတဲ့သတၱဝါေတြကို ခ်ိတ္ဆက္ေပးတဲ့အရာပဲ။ သာမန္ေသမ်ိဳးလူသားတစ္ေယာက္က မိစာၦဘဝကို ဆင္းသက္ႏိုင္ဖို႔အတြက္ သူတို႔ရဲ႕လူသားခႏၶာကိုယ္ကိုစြန္႔လႊတ္ရမယ္၊ လူသားေတြရဲ႕စ႐ိုက္လကၡဏာေတြကိုျဖတ္ေတာက္ရမယ္၊ ခံစားခ်က္ေတြ၊ အသိစိတ္ေတြကိုပယ္ဖ်က္ၿပီး အရာအားလုံးကိုစြန္႔ပစ္လိုက္ရမယ္။ မိစာၦေလး...'အရာအားလုံး' ဆိုတာ ဘာကိုေျပာတာလဲဆိုတာကိုေရာ မင္းသိရဲ႕လား?"

႐ႊမ္းက်ီးတစ္ေယာက္ ေၾကာင္အမ္းအမ္းျဖစ္သြားရွာ၏။

ထိုအခိုက္အတန္႔မွာပင္ ကြင္းဆင္းဝန္ထမ္းတစ္ေယာက္က သူ႔ထံသို႔ အေျပးအလႊားေရာက္လာကာ ဖုန္းကိုလွမ္းေပးလာသည္။

"ဒါ႐ိုက္တာေရွာင္းက မင္းကိုရွာေနတယ္"

"ငါ...ငါတို႔ လူေတြလႊတ္ၿပီး ပိခြၽင္းရွန္းရဲ႕အိမ္ကိုသြားရွာခဲ့တယ္..."

ေရွာင္းက်န္း၏အသံမွာ ထူးထူးျခားျခားကိုပင္ စိတ္မသက္မသာျဖစ္ေနသည့္အသံမ်ိဳးေပါက္လို႔ေနသည္။

"ငါတို႔...ငါတို႔ အေလာင္းသုံးေလာင္းကိုရွာေတြ႕ခဲ့တယ္။ ပိခြၽင္းရွန္းရဲ႕အေမရယ္၊ သူ႔အမ်ိဳးသားရယ္၊ သူ႔သားရယ္။ အေလာင္းေတြရဲ႕ဦးေခါင္းေတြက ဖြင့္ခံထားရတယ္"

႐ႊမ္းက်ီး၏မ်က္လုံးမ်ားမွာ ျပဴးက်ယ္သြားေတာ့သည္။ ထို႔ေနာက္ ျမဴခိုးထူထူမ်ားကိုေဖာက္ထြင္းကာ သူ႔ကို အေဝးမွလွမ္းၾကည့္ေနသည့္ ရွန္႔လင္ယြမ္းႏွင့္ အၾကည့္ခ်င္းဆုံသြား၏။ အဆိုပါမိစာၦသခင္ႀကီး၏မ်က္ဝန္းမ်ားမွာ ေရခဲတမွ်ေအးစက္ေနဟန္ရွိေသာ္ျငား သနားက႐ုဏာဓာတ္မ်ားကိန္းေအာင္းေနသေယာင္ရွိလို႔ေနျပန္သည္။

ေခတၱခဏၾကာသည္အထိ ဘယ္သူမွအသံမထြက္ၾက​ေတာ့ေပ။ ပိခြၽင္းရွန္းထံမွ လူတစ္ေယာက္၏အသံႏွင့္မတူေသာ စူးစူးဝါးဝါးေအာ္ဟစ္ျမည္ေႂကြးသံတစ္သံတည္းသာလွ်င္ ျမဴခိုးမ်ားအတြင္းရစ္ဝဲပ်ံ႕လြင့္ေနၿပီး တစတစပို၍အားေကာင္းလာေနေတာ့သည္။ စူးရွျပင္းထန္လွေသာသူမ၏ေအာ္ဟစ္သံေၾကာင့္ ကြင္းဆင္းဝန္ထမ္းငယ္ေလးတစ္ဦးခမ်ာ ေခါင္းမ်ားထိုးကိုက္လာရၿပီး အနီးရွိနံရံကိုအမွီျပဳကိုင္တြယ္ထားရရင္း အဆုံးမွာေတာ့ တေဝါေဝါႏွင့္ ထိုးအန္ရွာေတာ့သည္။

အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ၿငိမ္သက္သြားၿပီးေနာက္မွာေတာ့ ႐ႊမ္းက်ီးက ဖုန္းကိုကိုင္ထားရင္းက ႐ုတ္တရက္ ေမးျမန္းလိုက္၏။

"သူမရဲ႕မိသားစုဝင္ေတြအကုန္လုံးက တံလွ်ပ္လိပ္ျပာကူးစက္ခံထားရတာလား?"

ေရွာင္းက်န္း: "မဟုတ္ဘူး"

႐ႊမ္းက်ီးခမ်ာ သူ႔အစာအိမ္ထဲသို႔ ေအးစက္စက္ေက်ာက္တုံးတစ္တုံးနစ္ဝင္သြားသကဲ့သို႔ ခံစားလိုက္ရရွာ၏။

"ငါတို႔ သူ႔အမ်ိဳးသားရဲ႕ဦးေႏွာက္ထဲမွာ​ေတာ့ တံလွ်ပ္လိပ္ျပာကူးစက္ခံထားရတဲ့ အမွတ္အသားေတြကိုေတြ႕ခဲ့ရတယ္။ ဒါေပမယ့္ သူ႔အေမနဲ႔ သူ႔သားမွာ​ေတာ့မရွိဘူး။ သူတို႔က ပုံမွန္လူသားေတြပဲ။ သူတို႔ေတြက အဲဒီႏွစ္တုန္းက အမွန္တကယ္...."

ေရွာင္းက်န္း၏စကားသံက တခဏမွ်တုံ႔ဆိုင္းသြား၏။

".....အသက္ရွင္က်န္ရစ္ခဲ့တဲ့လူေတြပဲ"

"သူတို႔အားလုံးကိုသတ္ပစ္လိုက္"

မ်က္ႏွာအသြင္အျပင္တစ္ခုလုံး အရည္ေပ်ာ္က်ေနၿပီး လူ႐ုပ္ပင္ေကာင္းေကာင္းမေပၚေတာ့သည့္ ပိခြၽင္းရွန္းက ရွန္႔လင္ယြမ္း၏ဝတ္႐ုံစြန္းကို တင္းၾကပ္စြာဆုပ္ကိုင္ထားရင္း အိပ္မက္ေယာင္သူတစ္ေယာက္လို တတြတ္တြတ္ေရ႐ြတ္ေျပာဆိုေနေတာ့သည္။

"ရွင္ ကြၽန္မကိုယ္စား အဲဒီလူေတြအားလုံးကို သတ္ပစ္လိုက္!"

🔥🔥🔥🔥🔥🔥


Original author's note

စာေရးသူမွာေျပာစရာရွိပါတယ္

(Note)

ပိုးဟပ္နဲ႔ပတ္သက္ၿပီး ကြၽန္မေျပာခဲ့တာေတြက ေကာလာဟလစကားသက္သက္ပါ။ အဲဒါက စာအုပ္ထဲက ခိုင္းႏႈိင္းခ်က္တစ္ခုပါပဲ။ အင္တာနက္ေပၚမွာေျပာၾကသလို အေကာင္ေပါင္း ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီးရွိ​​ေနမွာမဟုတ္ပါဘူး။ အမ်ားဆုံးရွိလွ မိသားစု ႏွစ္စုသုံးစုစာေလာက္ေပါ့။

Continuer la Lecture

Vous Aimerez Aussi

676K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
28.3K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023