α€‘α€žα€€α€Ία€”α€Ύα€„α€Ία€·α€œα€²α (Completed)
By EmmaXing95
193K 11K 86
1st Fiction❀️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final
Ep 39
2.8K 168 2
By EmmaXing95
Unicode
ဆေးရုံရှေ့မှာ ကားကိုမှီပြီးရပ်နေတဲ့ ဝမ်ရိပေါ် သူ့ဆရာဝန်လေးကိုစောင့်နေတာပေါ့
ဖြတ်သွားဖြတ်လာတွေက သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်ဆို သူကဆေးရုံပေါ်မှာချိတ်ထားတဲ့ ပိုစတာကြီးကို ပြုံးပြုံးကြီးကြည့်နေတာကို။
ဆေးရုံအဆောက်အဦးရဲ့ စာမျက်နှာပေါ်မှာ ဒေါက်တာရှောင်းကျန့်ဆိုတဲ့ ပုံလေးကနေရာယူလို့ အဲ့ဒါကိုပဲ ရိပေါ်မှာကြည့်မဝဖြစ်နေတာ
"ဟေ့! ရိပေါ်!"
ဆေးရုံအဝင်အထွက်တံခါးကနေ ထွက်လာတဲ့ သူ့ချစ်သူလေး အမြန်ထွက်လာသည်ထင် ကုတ်အကျင်္ ီကိုဘက်မှာချိတ်လျက်သားလေးနဲ့ ပြေးလာတာ ဘေးကလူတွေက တီဗီထဲက ဒေါက်တာ အဆင်လေးဆိုပြီး တဖျပ်ဖျပ်နဲ့ ဓာတ်ပုံရိုက်တဲ့သူကရိုက်နေတယ်
ရိပေါ် သူ့ဆီပြေးလာတဲ့သူကို ခါးကနေကိုင်ပြီး
‌ေဝ့ရမ်းပစ်လိုက်တယ် ကုတ်အကျင်္ ီကိုသေချာလုံအောင် ဝတ်ပေးကာ ပါးကိုခပ်ဖွဖွလေးနမ်းလိုက်ပြီး လူတွေကိုမျက်စောင်းထိုးရင်း ကားတံခါးဖွင့်ပေးလိုက်သည်။
ကြည့်နေကြတဲ့ လူတွေက "ဟာ" ခနဲပဲ
ဒီလိုပဲဖြစ်ရမယ်လေ ကိုယ့်အပိုင်ကိုကြွားရတာ ဝါးဟားဟား။
လူကြားထဲမှာ ရိပေါ်က ပါးကိုနမ်းလိုက်ပေမဲ့ နည်းနည်းပူထူသွားတာကလွဲလို့ မရှက်တော့ပေ တစ်ခါတလေ ‌ေရှာင်းကျန့်ကတောင် အရင်စနမ်းတတ်သေးသည်။
ကိုယ့်ချစ်သူပဲ ဘာလို့ရှက်ရမှာလဲလို့ ရှောင်းကျန့်ကတွေးမိတယ်လေ။
အခုသွားတာကတော့ မဂ်လာပွဲအတွက် ဝတ်စုံတွေ နေရာတွေသွားကြည့်ဖို့ မနေ့ညက ဂျူတီရှိတဲ့ ဒေါက်တာလေးကို လာကြိုခြင်းပင်။
သွားနေရင်း ရှောင်းကျန့်က ရိပေါ်ကို မနေ့ညက အကြောင်း ပြောပြနေသည်။
ကျိုးချန်နဲ့ဝမ်ချင်က သူတို့နှစ်ယောက်တွဲနေပြီဖြစ်ကြောင်း ရှောင်းကျန့်တို့ပြီးရင် သူတို့မဂ်လာဆောင်မည်ဖြစ်ကြောင်း ကြော်ငြာလိုက်သောကြောင့် ဖြစ်သည်။
အဲ့ဒီ့သတင်းကို ဘာလို့ဖူဂျိုရှီ နာစ့်တွေ ဘာမှမပြောလည်းဆိုတော့ အစောကြီးကတည်းက ဝမ်ချင်နဲ့ ကျိုးချန် အကြောင်းကိုဆေးရုံတစ်ခုလုံးသိကြတယ်။ အဲ့တာကြောင့် ဒေါက်တာကျိုးချန်ကိုတော့ လွှတ်ထားပေးခြင်းပင်။ မဟုတ်ရင်တော့လား သစ္စာဖောက်ဆိုပြီး ဝမ်ချင်ကို သတ်ကြလိမ့်မယ်။ နဂိုကမှ အနားမှာ ရစ်သီရစ်သီလုပ်ရင်တောင် ဘယ်လိုဘာညာဆိုပြီး အစစ်မကိုမရရအောင် ဆွဲခွာကြတာ။
ဆေးရုံမှာ ရှိသမျှဒေါက်တာတွေလည်း ကွေးတော့မယ်။
ဘာပဲဖြစ်ဖြစ် ဆိုးကျိုးမရှိပါဘူးလေ သူတို့ကွေးတော့ ငါတို့ ရှရတာပေါ့ ဟီးဟီး.. လောင်ပျော်ရှပျော်🌚
ကျန်းချန်- အဟမ်း!! ကျွန်တော်တို့ဇာတ်လမ်းက ဒီလို
ရိပေါ်တို့ အမှုကိစ္စတွေဘာတွေနဲ့အလုပ်တွေရှုပ်နေတုန်းကပေါ့ ရှောင်းကျန့် ခွဲစိတ်ခဲ့ရတုန်းကရောပဲ ဝမ်ချင်က ဘေးနားကစိတ်ပူနေတာ ကျိုးချန်ကနှစ်သိမ့်ပေးရတယ်
"ဝမ်ချင် ဘာမှမဖြစ်ပါဘူးဆို ငါကိုယ်တိုင်ကူညီပေးမှာ စိတ်ချ"
"အေးပါ ငါသိပါတယ် ဒါပေမဲ့ စိတ်မကောင်းလွန်းလို့"
"ဘာကိုလဲ"
"ရိပေါ်နဲ့ ရှောင်းကျန့်လေ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာပဲ"
"အဲ့တာ ဘာစိတ်မကောင်းစရာရှိလဲ"
"ရှောင်းကျန့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မဲ့လူ ပေါ်လာပြီလေ အရင်ကဆို သူကဖြစ်သလိုပဲနေတာ ငါတို့ကလည်း သိပ်ဂရုမစိုက်နိုင်ဘူး ငါတို့ကိစ္စနဲ့ ငါတို့ဆိုတော့ သူ့ဘဝကြီးက အဓိပ္ပာယ်မရှိသလိုပဲ"
"........."
"အခု ရိပေါ်ရောက်လာတော့ သူပြုံးနေတာခဏခဏမြင်ရတယ်"
"နင်ပြောတဲ့ပုံက မသိရင် သူကအချစ်နာကျနေခဲ့တဲ့ သူလိုလိုဘာလိုလိုနဲ့ အရင်ကလဲ ပြုံးပါတယ် သူကအလုပ်ကိုဦးစားပေးလို့ပါ"
"အရင်ကပြုံးတာနဲ့ အခုပြုံးတာနဲ့ တူလို့လား အခုက ပိုအသက်ဝင်တယ်လေဟယ်"
"နင်က အဲ့တာကိုလိုက်ကြည့်နေတာလား"
"မကြည့်ပါဘူး ဒီတိုင်း သတိထားမိတာ"
"ဝမ်ချင် နင်သူ့ကိုဘယ်လိုထင်လဲ"
"ဘာကို ဘယ်လိုထင်ရမှာလဲ"
"ယောကျာ်းတစ်ယောက်အနေနဲ့ ဘယ်လိုထင်လဲလို့"
"ဘာတွေမေးနေတာလဲ သူကငါ့သူငယ်ချင်းအရင်းကြီးပါဟယ်"
"ဒါဆို ငါရော"
"နင်လား အမ်... မဆိုးပါဘူး ဒေါသကြီးတတ်တဲ့ အကျင့်လေးကလွဲလို့"
"ငါပြင်မယ်ဆိုရင်ရော နင်ငါ့ကိုကြိုက်မှာလား"
"ငါနင့်ကို ဘာလို့ကြိုက်ရမှာလဲ"
"ဒါဆိုမကြိုက်ဘူးပေါ့"
"ဘာတွေလာမေးနေတာလဲ နင်ဆေးမှားသောက်ထားလား သွား လူနာသွားကြည့် ရှောင်းကျန့်နေမကောင်းတော့ သူ့အတွက်ပါ နင်လုပ်ပေးရမှာ"
အမှန်တော့ ကျောင်းတက်တုန်းက ကျိုးချန် ဝမ်ချင်ကို ဖွင့်ပြောဖို့ကြိုးစားခဲ့တာ အခါတစ်ရာမကတော့ပေ။ အမြဲတမ်း အစမှာတင် ရပ်ရပ်သွားတာ။
ဟိုလူဖျက်ရတာနဲ့ ဒီလူ‌ေရာက်လာရတာနဲ့ အဲ့အထဲမှာ ညီတော်လေး ရှောင်းကျန့်က ထိပ်ဆုံးကပေါ့ ပြီးကြရင် သူပဲ ငါ့ကိုသတ္တိမရှိဘူးဆိုပြီး ပြောနေတာ။ အခွင့်အရေးမရရအောင် ရှာပြီးဖွင့်ပြောရမယ်။ အခုမပြောရင် အရမ်းနောက်ကျသွားလိမ့်မယ်။
အခွင့်အရေးက နောက်ဆုံးတော့ ရလာခဲ့ပြီ။ရှောင်းကျန့်က ရိပေါ်နဲ့ ခရီးထွက်သွားတယ်တဲ့လေ။ သူတို့နှစ်ယောက်ထဲ ရှိမယ့် အချိန်ကို ရွေးကာ ပြောဖို့ စီစဥ်ထားသည်။
"ဝမ်ချင် နေ့လည်စာစားပြီးပြီလား"
"ဟင့်အင်း မပြီးသေးဘူး"
"ငါတို့နှစ်ယောက် အပြင်မှာသွားစားရအောင်"
"ပိုက်ဆံကုန်ပါတယ်ဟာ ကန်တင်းမှာပဲ စားမယ်"
"ငါကျွေးမှာပါ နင့်ပိုက်ဆံတစ်ပြားမှ မကုန်စေရဘူး"
"အမယ် ရှားရှားပါးပါး ကိုယ်တော်ချောက သူကျွေးမယ်တဲ့ ကျိုးချန် နင် ဆေးမှားသောက်ထားတာလား"
"နင်ကလဲ မသိရင် ငါက ကပ်စေးနှဲကြီးကျလို့"
"မဟုတ်လို့လား"
"သူများတွေဆိုရင်တော့ ဟုတ်ချင်ဟုတ်မယ် ဒါပေမဲ့ နင့်အတွက်ဆိုရင်တော့ ငါက ပိုက်ဆံကို မျက်လံုးထဲတောင် မမြင်ဘူး"
"အဟမ်း အဟွတ်"
"မျန်မျန် နင် နေမကောင်းဘူးလား"
"ချွဲကြပ်လို့ အစ်မ အဟင်း အဟင်း"
"နင်လည်း လိုက်ခဲ့လေ ငါတို့အတူစားကြတာပေါ့"
"ဘာ!!!! မရဘူး မရဘူး"
"ဘာလို့လဲ"
"ဟို ငါနင့်ကို သီးသန့်ပြောစရာရှိလို့ မျန်မျန် အစ်ကိုတောင်းပန်တယ်နော် နောက်မှပေါ့"
"ရပါတယ် ဒေါက်တာကျိုးချန်ရယ် ကျွန်မက တစ်ခါအရှခံဖူးပြီ ဒေါက်တာတို့ဘာသာ အေးဆေးသွား လူနာရှိရင် လှမ်းခေါ်လိုက်မယ် ဒီတစ်ခါ သေချာပြောခဲ့နော်"
ကျိုးချန် နားကပ်ပြီး တစ်ခုခုပြောနေရင်းက သူ့ကိုပါ မျက်စပစ်ပြနေတဲ့ မျန်မျန်ကို ဝမ်ချင်မျက်စောင်းက ဒိုင်းခနဲ သူတို့ဘာတွေပြောနေတာလဲ ငါ့ကိုဖယ်ပြီးတော့ ဟွန့်
"အာ့ဆိုလဲ ငါတို့သွားမယ် ကျိုးချန် လာ"
ကျိုးချန်လက်ကို ချိတ်ပြီးသွားမယ်ဆိုကာ ဆွဲခေါ်တော့ သူ့ကိုပြန်ဆွဲတဲ့လူ
"နေဦး အဝတ်အစားတွေမလဲတော့ဘူးလား နင် နာ့စ်ယူနီဖောင်းကြီးနဲ့လေ"
"အော် ဟုတ်သား"
ဒါနဲ့ အဝတ်တွေလဲပြီး ဆေးရုံထဲက ထွက်လာတော့သည်။
ဆရာဝန်နှစ်ယောက်လုံး မရှိပဲနဲ့ စစ်ကျွေးအပါအဝင် အလုပ်သင်လေးသံုးယောက်ထဲနဲ့ ပစ်ထားခဲ့ပြီ ဟူးးးး ကျေးဇူးပြုပြီး ဒီနေ့ ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့
မျန်မျန် တစ်ယောက် ဘုရားတရပြန်တော့သည်။
အဲ့အချိန်က ဝမ်နင်နဲ့စစ်ကျွေး ‌ေဆးရံုဝင်းထဲရောက်နေချိန်ပေါ့ နှစ်ယောက်သား နားကြပ်တပ်ပြီး ကိုရီးယားကားကြည့်နေကြလေသည်။
.........
"ရိပေါ် ဒါဆိုရင် ငါတို့ဟန်းနီးမွန်းကို တူတူသွားကြမလား ကျိုးချန်တို့နဲ့လေ"
"မရပါဘူး ကျွန်တော်တို့နှစ်ယောက်ပဲ"
"ငါတို့နှစ်ယောက်ထဲ ပျင်းစရာကြီး ဘာလုပ်ရမှာလဲ"
"ဟန်းနီးမွန်းပါဆိုနေ ဘာလုပ်ချင်သေးလို့လဲ"
ကားကိုလမ်းဘေးထိုးရပ်ကာ ဘေးခုံက ရှောင်းကျန့် ဘက်ရွှေ့သွားပြီး မျက်နှာနား ဖြည်းဖြည်းချင်း ကပ်ပြီး နှုတ်ခမ်းအောက်ကမှည့်လေးကို အသာနမ်းလိုက်သည်။ ပြီးတော့မှ နှုတ်ခမ်းချင်းထိကပ်ကာ အတော်ကြာ နမ်းရှိုက်တော့သည်။
အသက်ရှုကြပ်လာတဲ့ ရှောင်းကျန့်က ရိပေါ်ကိုတွန်းတော့ လွှတ်ပေးလိုက်ကာ ခဏကြာတော့ ထပ်နမ်းဖို့ပြင်နေတဲ့ သူကြောင့် ရင်ဘတ်ကိုအတင်းတွန်းကာ
"မားတို့စောင့်နေတော့မယ် ရိပေါ်"
ဆူပုတ်ပုတ်နဲ့ ပြန်ထိုင်ကာ ကားကိုမောင်းတဲ့ ရိပေါ်ကြောင့် အသာရယ်လိုက်ကာ ပါးကိုနမ်းလိုက်သည်။ ဆူပုတ်နေတဲ့ရုပ်ကြီးက မှိုရတဲ့မျက်နှာဖြစ်သွားလေသည်။
##########
🌺Mei Xing🌺
ပေါ့သွားပြီမလား
အားတဲ့အချိန်ရေးပေးလိုက်တာ
အားပေးတဲ့သူတွေအားလုံး ကျေးဇူးပါ🥰
Zawgyi
"ဟေ့! ရိပေါ်!"
ဆေးရုံအဝင်အထွက်တံခါးကနေ ထွက်လာတဲ့ သူ့ချစ်သူလေး အမြန်ထွက်လာသည်ထင် ကုတ်အင်္ကျီကိုဘက်မှာချိတ်လျက်သားလေးနဲ့ ပြေးလာတာ ဘေးကလူတွေက တီဗီထဲက ဒေါက်တာ အဆင်လေးဆိုပြီး တဖျပ်ဖျပ်နဲ့ ဓာတ်ပုံရိုက်တဲ့သူကရိုက်နေတယ်
‌ဝေ့ရမ်းပစ်လိုက်တယ် ကုတ်အင်္ကျီကိုသေချာလုံအောင် ဝတ်ပေးကာ ပါးကိုခပ်ဖွဖွလေးနမ်းလိုက်ပြီး လူတွေကိုမျက်စောင်းထိုးရင်း ကားတံခါးဖွင့်ပေးလိုက်သည်။
လူကြားထဲမှာ ရိပေါ်က ပါးကိုနမ်းလိုက်ပေမဲ့ နည်းနည်းပူထူသွားတာကလွဲလို့ မရှက်တော့ပေ တစ်ခါတလေ ‌ရှောင်းကျန့်ကတောင် အရင်စနမ်းတတ်သေးသည်။
"ဘာကိုလဲ"
"........."
"ဒါဆို ငါရော"
"ဒါဆိုမကြိုက်ဘူးပေါ့"
"ဟင့်အင်း မပြီးသေးဘူး"
"မဟုတ်လို့လား"
"သူများတွေဆိုရင်တော့ ဟုတ်ချင်ဟုတ်မယ် ဒါပေမဲ့ နင့်အတွက်ဆိုရင်တော့ ငါက ပိုက်ဆံကို မျက်လုံးထဲတောင် မမြင်ဘူး"
"အဟမ်း အဟွတ်"
"ဘာ!!!! မရဘူး မရဘူး"
"ဘာလို့လဲ"
"အော် ဟုတ်သား"
ဆရာဝန်နှစ်ယောက်လုံး မရှိပဲနဲ့ စစ်ကျွေးအပါအဝင် အလုပ်သင်လေးသုံးယောက်ထဲနဲ့ ပစ်ထားခဲ့ပြီ ဟူးးးး ကျေးဇူးပြုပြီး ဒီနေ့ ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့
အဲ့အချိန်က ဝမ်နင်နဲ့စစ်ကျွေး ‌ဆေးရုံဝင်းထဲရောက်နေချိန်ပေါ့ နှစ်ယောက်သား နားကြပ်တပ်ပြီး ကိုရီးယားကားကြည့်နေကြလေသည်။
.........
##########
🌺Mei Xing🌺
ပေါ့သွားပြီမလား
Continue Reading
You'll Also Like
795K 29.4K 97
𝐀 π’πŒπ€π‹π‹ 𝐅𝐀𝐂𝐓: you are going to die. does this worry you? βͺ tua s1 ⎯⎯⎯ 4 ❫ Β© π™΅π™Έπš…π™΄π™·πš‡πšπ™Άπšπ™΄π™΄πš…π™΄πš‚...
378K 12.7K 74
𝐛𝐨𝐨𝐀 𝐨𝐧𝐞. gilmore girls universe. π™š | B L U E Λ–βΊβ€§β‚ŠΛšβ™‘Λšβ‚Šβ€§βΊΛ– ─── blue eyes like the sea on a cold, rainy day ❝ π˜‰π˜“π˜œπ˜Œ π˜Œπ˜ π˜Œπ˜‹ π˜‰π˜Œπ˜ˆπ˜œπ˜›οΏ½...
220 60 15
"α€’α€«α€†α€­α€―α€α€™α€»α€¬α€Έα€œα€Šα€Ία€Έα€žα€­α€‘α€¬α€Έ!!α€žα€Όα€‡α€¬α€‚α€―α€α€Ία€†α€­α€―α€α€šα€Ία€·α€€α€»α€―α€•α€Ία€€α€…α€­α€α€Ία€α€­α€―α€›α€„α€Ία€™α€›α€α€‚α€―α€α€Ίβ€‹α€•α€Όα€±α€¬α€„α€Ία€Έα€žα€½α€¬α€Έα€α€α€Ία€α€šα€Ία€†α€­α€―α€α€¬" "α€™α€„α€Ία€Έα€˜α€¬α€·α€™α€„α€Ία€Έα€™α€›α€α€™α€€α€œα€­α€―α€·α€”α€α€›α€€α€Ίβ€‹α€•α€Όα€±α€¬α€„α€Ία€·α€Έα€•α€Όα€±α€¬α€„α€Ία€Έα€„α€«α€·α€œα€¬α€™β€‹α€•α€Όα€±α€¬α€”α€²α€·α‹β€‹α€‘α€±α€Έ..င...