ကိုကို့ရဲ့ဝမ်(short story)

By Yizhan27

22K 1.1K 3

အရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်.... More

ကိုကို့ရဲ့ဝမ်..1
ကိုကို့ရဲ့ဝမ်..2
ကိုကို့ရဲ့ဝမ်..3
ကိုကို့ရဲ့ဝမ်..4
ကိုကို့ရဲ့ဝမ်..5
ကိုကို့ရဲ့ဝမ်..7. Final
စျေးဗန်း..

ကိုကို့ရဲ့ဝမ်..6

2.5K 140 1
By Yizhan27

"ဟင့်..ကိုကိုကထပ်ပြီး..အင့်..ထပ်ပြီးထားခဲ့တော့မယ်ထင်နေတာ..."

ရှောင်ကျန့်သူ့မိဘတွေကိုပြောပြီးတာနဲ့သူဝယ်ထားတဲ့ကိုယ်ပိုင်တိုက်ခန်းဆီရိပေါ်ကိုခေါ်လာလိုက်သည်...ရိပေါ်ကတော့စိတ်လှုပ်ရှားလွန်ပြီးတလမ်းလုံးငိုလာတာအခုတိုက်ခန်းထဲရောက်တဲ့ထိငိုနေဆဲ....

"မထားခဲ့ပါဘူးရိပေါ်လေးရာ..."

"ကျနော့်ကိုချစ်တယ်လို့ခုထိတခွန်းမှမပြောဖူးဘူးလေစတွဲတော့လဲမပြောခဲ့ဘူး...ကျနော်ကဘယ်လိုစိတ်နဲ့ယုံရမာလဲ..ဟီးးးအီး..."

"ရိပေါ်ကိုကို့ကိုကြည့်...ဟုတ်တယ်ကိုကိုအရင်ကမပြောနိုင်ခဲ့ဘူးအဲ့ကိစ္စအပေါ်မသေချာခဲ့ဘူး..ခုတော့သေချာပြီကိုကိုမင်းကိုသိပ်ချစ်တယ်..."

"....."
ရိပေါ်ကရှောင်ကျန့်ကိုမျက်ရည်ရွှဲလဲနဲ့ကြောင်တောင်တောင်လေးကြည့်နေသည်....

"ကိုကို ကလေးကိုအရမ်းချစ်တယ်နော်..."

"ဟင့်..တကယ်ကြီးကိုကိုကကျနော့်ကိုချစ်တယ်ပေါ့...ဟီး...ရှောင်ကျန့်ကကျနော့်ကိုချစ်တယ်တဲ့..."

အရင်ကရိပေါ့ကိုပစ်ထားမိခဲ့တာတွေကိုတွေးကြည့်ပြီးရှောင်ကျန့်ကို့ကိုယ်ကိုအပြစ်တင်မိတယ်ဒီလောက်ချစ်ဖို့ကောင်းပြီးအပြစ်ကင်းတဲ့ကလေးကိုဘာလို့များသူအမှားတေကျူးလွန်မိမှန်းစဥ်းစားလိူ့တောင်မနိုင်ခဲ့ဘူး....

"ရိပေါ်လဲကိုကို့ကိုအရမ်းချစ်တယ်...အာဘွား...မွ.."

ရှောင်ကျန့်ပေါင်ပေါ်ထိုင်နေရင်းရင်ခွင်ထဲကနေပါးလေးကိုလှမ်းနမ်းလိုက်သည်....

ကြည့်ရင်းကြည့်ရင်းနှင့်ပင်ရိပေါ်ကပိုချစ်ဖို့ကောင်းလာသည်..တကယ့်ချစ်မဝလေး....

"ဒီရက်ပိုင်းအလူပ်တေပိုလုပ်လိုက်ရင်လကုန်ကျအေးဆေးနားလို့ရပြီဆိုတော့ ကိုကိုတို့ကမ်းခြေကိုဖစ်ဖစ်ခရီးထွက်ကြမလားကလေးဘယ်သွားချင်လဲ..."

"အင်းကျနော်လဲအဲ့ကိုပဲသွားချင်တယ်...စီစဥ်စရာရှိတာတေစီစဥ်လိုက်မယ်နော်..."

"ဟာကွာ...ရိပေါ်ကအလုပ်ကိစ္စပဲစီစဥ်ပါ...ဒါတွေက ကိုကိုလုပ်ရမာပါ..ဝမ်ချေချေလေးကလိုက်ရုံပဲလိုက်ခဲ့.."

"ကိုကိုကျနော်ဗိုက်ဆာပြီ..စားဖို့တခုခုရှိလားဟင်..."

..........

"Sorryကွာမားတို့အိမ်မာပဲနေတာ၂ပတ်လောက်ရှိပီအဲ့တာဒီဖက်မှာဘာမှမရှိတော့ခေါက်ဆွဲ​ြပုတ်လေးပဲစားထားနော်ခဏနေရေချိုးပြီးအပြင်မှာတခုခုထွက်စားကျမယ်ပြီးရင်ရိပေါ့ကိုအိမ်ပြန်လိုက်ပို့​ပေးမယ်နော်..."

"ဟုတ်...ဒါနဲ့လေမားတို့ကိုလိုက်နှုတ်ဆက်ချင်လားကျနော်သဘက်ခါလောက်သွားမလို့..."

"အင်းကိုကိုလိုက်မယ်...တခါတည်းသားဖစ်သူကိုစိတ်ချဖို့ပါပြောရမယ်..."

"ဟီးဟီးးကိုကို့ကိုချစ်လိုက်တာ..."

"အတတ်လေး..."

............................

ရိပေါ်ပထမဆုံးမားတို့ရှေ့မှ ရှောင်ကျန့်ကိုချစ်သူအဖြစ်မိတ်ဆက်ပေးရမှာမို့စိတ်လှုပ်ရှားနေမိတယ်....

"မားရေကိုကိုကသားကိုတကယ်ချစ်တာတဲ့...သားလဲအဲ့တာကိုခံစားနေရတယ်..."

ဓာတ်ပုံလေးကိုလက်လေးနဲ့ထိရင်းရိပေါ်ပြောလိုက်တယ်...
📞📞📞

"ဝေရိပေါ်..."

"အင်းကိုကိုမလာသေးဘူးလား...ကျနော်အိမ်မာအဆင်သင့်ဖြစ်နေပြီ..."

"ကိုကိုဒီနေ့မလိုက်တော့ဘူးရုံးမှာဧည့်သည်တယောက်လာမာမို့လို့...တောင်းပန်ပါတယ်နော်ကလေး.."

"ဘယ်ဧည့်သည်လဲကျနော်တောင်မသိဘူး..."

"ကိုယ်ရေးကိုယ်တာပါအလုပ်မဟုတ်ဘူးအဲ့တာကြောင့်ရိပေါ်မသိတာ..အရေးမကြီးပါဘူး...phချလိုက်တော့မယ်ချစ်တယ်နော်..."

"ဟုတ်..ချစ်တယ်.."

...........

"ထိုင်လေယွင်လီ..."

"ဟုတ်ကဲ့..."

"ဟိူနေ့က ကိစ္စအတွက်စိတ်မကောင်းပေမဲ့အကို့အတွက်အဆင်မပြေလို့ပါ..မင်းနားလည်မယ်လို့ထင်ပါတယ်...."

"ယွင်လီနားလည်ပါတယ်ခုလာရတာလဲအိမ်ကအရမ်းဖိအားပေးနေလို့ပါ..ပြီးတော့အကို့အမေကလဲနဲနဲ.."

နှစ်ယောက်လုံးစီးပွားရေးလုပ်ငန်းရှင်ပီပီအေးဆေးဆွေးနွေးရင်းအဖြေထုတ်ကြတယ်...ရိပေါ်နဲ့လိုက်မယ်ပြောပြီးမှတဖက်ကတွေ့ဖို့ကမ်းလှမ်းလာတာကြောင့်ထိုကိစ္စကိုပဲအရင်ဖျက်ဖို့ရှောင်ကျန့်ဆုံးဖြတ်လိုက်တယ်...

"မင်းကိုဒုက္ခရောက်စေမိပြီ..မားကအဲ့လိုပဲတခုခုဆိုကို့ကိုပဲလွှဲချလိုက်ပါအားမနာပါနဲ့ကိုကလက်မခံလို့လို့အမှန်တိုင်းပြောလိုက်ပါ..."

"ဟုတ်အဲ့တာဆိုယွင်လီ့ကိုခွင့်ပြုပါဦး..."

"ကောင်းပါပြီ..."

ယွင်လီဘက်ကတံခါးအဖွင့်တဖက်ကရိပေါ်တံခါးကိုဆွဲတာနဲ့တိုးတော့ရိပေါ်ကအံသြ သလိုတချက်ကြည့်ပြီးခေါင်းတချက်ငြိမ့်ကာနှုတ်ဆက်လိုက်သည်....

"ရိပေါ်..ကလေး..ကိုကိုရှင်းပြ..."

ရုံခန်းထဲဝင်လာတဲ့ရိပေါ်ကိုမြင်တာနဲ့ရှောင်ကျန့်ကအသည်းအသန်ရှင်းပြဖို့ကြိုးစားတယ်....

"အဲ့လိုပြာပြာသလဲမဖြစ်ပါနဲ့ကိုကိုရာ...ဟိုနေ့ထဲကသူ့ကိုငြင်းထားတာပဲအခုလဲတခုခုပြောဖို့လာတာနေမာပေါ့အဲ့လောက်တော့ကျနော်လဲခန့်မှန်းတတ်ပါတယ်..."

"တော်ပါသေးရဲ့ကွာကိုကိုကမင်းအထင်လွှဲမာစိုးနေတာ...ဒါနဲ့အန်တီတို့ဆီမသွားဘူးလား..."

"ကိုကိုနဲ့တူတူသွားချင်တာ..နောက်အားတဲ့နေ့မှသွားတော့မယ်..."

"အခုသွားမယ်လေအဲ့တာဆို..."

"တကယ်လား..."

ရိပေါ်ကမျက်လုံးတေမှိတ်အောင်ရယ်ပြရင်းမေးလာတယ်...ရယ်လိုက်တိုင်းဖောင်းတက်လာတဲ့ပါးလေးတွေကလဲရှောင်ကျန့်အတွက်အသည်းယားဖွယ်ရာလေးတခု...

"တကယ်ပေါ့ကွာ..."





Continue Reading

You'll Also Like

106K 1.1K 19
Shuji Ishii-Peters x ¡fem! Reader ----------------- After y/n a thirteen year old girl that back at her old school didn't normally get that much att...
8.3K 692 16
သိပ်ချစ်ရက်နဲ့လက်လွှတ်လိုက်တာဘာကြောင့်များလဲဟျောင်း....
21.5K 794 14
[𝐊𝐚𝐳𝐮𝐭𝐨𝐫𝐚 𝐇𝐚𝐧𝐞𝐦𝐢𝐲𝐚 𝐱 𝐫𝐞𝐚𝐝𝐞𝐫] 𝙞𝙣 𝙬𝙝𝙞𝙘𝙝, 𝙆𝙖𝙯𝙪𝙩𝙤𝙧𝙖 𝙩𝙝𝙤𝙪𝙜𝙝𝙩 𝙝𝙚 𝙛𝙤𝙪𝙣𝙙 𝙩𝙝𝙚 𝙥𝙚𝙧𝙛𝙚𝙘𝙩 𝙩𝙝𝙚𝙧𝙖...