ကိုကို့ရဲ့ဝမ်(short story)

By Yizhan27

21.8K 1.1K 3

အရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်.... More

ကိုကို့ရဲ့ဝမ်..1
ကိုကို့ရဲ့ဝမ်..2
ကိုကို့ရဲ့ဝမ်..3
ကိုကို့ရဲ့ဝမ်..4
ကိုကို့ရဲ့ဝမ်..6
ကိုကို့ရဲ့ဝမ်..7. Final
စျေးဗန်း..

ကိုကို့ရဲ့ဝမ်..5

2.4K 151 0
By Yizhan27

"CEOခဏနေတွေ့ဖို့ချိန်းထားတာသွားရတော့မယ်နော်..."

"ကိုကိုလို့ခေါ်လေ.."

"အလုပ်မှာကို..."

"ဘယ်သူ့ကိုကြောက်ရမှာလဲ...သွားဖို့ပြင်လိုက်တော့..."

ရိပေါ်ရှောင်ကျန့်ကိုမျက်စောင့်ထိုးရင်းသာဖိုင်တွေကောက်ထည့်ပြီးရုံးခန်းအပြင်ထွက်လိုက်တော့တယ်....

"အထဲမှာဧည့်သည်ရောက်နေပြီပြောပါတယ်ဝင်သွားလိုက်ပါ..."

"လိုက်ခဲ့လေ...ဘယ်မာနေခဲ့ဖို့စဥ်းစားနေတာလဲ.."

ရိပေါ်အထဲရောက်တာနဲ့မထင်မှတ်ထားတဲ့လူကိုတွေ့လိုက်ရတယ်အဲ့တာကတော့ကိုကို့ရည်းစားဟောင်း...

"ကို..နေကောင်းတယ်နော်.."

"တေွ့ရမယ်ဆိုတာမင်းလား.."

"အင်းလေစကားလေးဘာလေးအေးဆေးပြောရအောင်အတွင်းရေးမှူးကိုအပြင်လွှတ်လိုက်ပါလား..."

"အော်ဟုတ်တာပေါ့..ရိပေါ်အပြင်မှာစောင့်နေနော်ကိုကိုစကားပြောလိုက်ဦးမယ်..."

"အဲ့တာဟိုကလေးလားသူတောင်တော်တော်ချောလာတယ်နော်..."

ရိပေါ်ခုံလေးဆွဲပြီးထိုင်မလို့လုပ်ရုံရှိသေးရှောင်ကျန့်ကအခန်းပြင်ကိုထွက်သွားခိုင်းတာကြောင့်ဘာမှမပြောတော့ပဲအေးဆေးသာထွက်လာလိုက်တယ်..ကိုကို့အတွက်ကျနော်ဟာဘယ်တုန်းကမှအရေးမပါခဲ့ပါဘူး...

သီးသန့်ခန်းရဲ့အရှေ့မှာမတ်တပ်ရပ်စောင့်ပေးရင်းရိပေါ်ဗိုက်အောင့်လာတယ်ရှောင်ကျန့်ပြင်တဲ့မနက်စာကအရသာမရှိတာကြောင့်သူနဲနဲပဲစားခဲ့တာမို့ခုထမင်းစားချိန်ရောက်တော့ဗိုက်ကအောင့်လာသည်...မခံနိုင်​တေ့တဲ့အဆုံးရှောင်ကျန့်ကိုပြောဖို့အခန်းတံခါးခေါက်ပြီးတန်းဝင်လာလိုက်တယ်...

"ရိပေါ်ဘာလို့လဲ..အဲ့လိုကြီးဝင်မလာနဲ့လေပြန်ပြောတာစောင့်ဦးမှပေါ့...."

မျက်နှာချင်းဆိုင်ထိုင်နေတဲ့၂ယောက်ကအခုပူးကပ်နေဦးကျနော်ဝင်လာမှထိုမိန်းမကပုံပျက်နေတဲ့အင်္ကျီကိုအတင်းဆွဲချနေသည်...

"တောင်းပန်ပါတယ်CEOကျနော်.အရင်ပြန်နှင့်လို့ရမလား..."

"သူ့ကိုမစောင့်ပဲနဲ့ဘာပြန်စရာရှိလဲမင်းကြည့်ရတာအလုပ်နဲ့ကိုယ်ရေးကိုယ်တာမခွဲ​တတ်ဘူးထင်တယ်ရင်းနှီးတယ်ဆိုတိုင်းအခွင့်ကောင်းယူလိူ့မရဘူးကွ..."

"မပြောပါနဲ့သူကမသိသေးလို့ပါ..."

ထိုမိန်းမစကားကိုရှောင်ကျန့်ကပါထောက်ခံသလိုဝင်ပြောလေတယ်...

"အရင်လိုနေဖို့ပြောခဲ့တာလဲခင်ဗျားပဲခုအဲ့မိန်းမဘက်လိုက်နေတာလဲခင်ဗျားပဲ...ဘာအရသာမှမရှိတဲ့မနက်စာကိုနဲနဲပဲစားထားလိူ့ခုထမင်းစားချိန်အောင့်ထားလို့မရဘူးအစာအိမ်အောင့်နေပီ..."

"ဟင်ရိပေါ်.."

"ဟုတ်တယ်ကျနော်ကအခွင့်ရေးယူတယ်ပဲမှတ်လိုက်ပါ..မကျေနပ်ရင်အလုပ်ထုတ်ပလိုက်ကျနော်ပြန်ပြီ..."

"ရိပေါ်..ရိပေါ်ကိုကိုလိုက်ပို့မယ်လေ...နောက်မှတွေ့ကြမယ်ရုံခန်းကိုပဲလာခဲ့လိုက်တော့​နော်အဲ့ကျမှဆွေးနွေးကြတာပေါ့..သွားလိုက်ဦးမယ်.."

ရိပေါ်အော်ခေါ်နေတဲ့အသံကိုမကြားချင်ယောင်ဆောင်ပြီးပြေးထွက်လိုက်တယ်....ဒါပေမဲ့ပိုမြန်တဲ့ရှောင်ကျန့်ကလက်နေဆွဲခေါ်ထားပြီးဆိုင်ထဲကသီးသန့်ခန်းတခန်းထပ်ယူကာထမင်းစားဖို့ပြင်ခိုင်းလိုက်ရသည်....

"ကိုကိုတောင်းပန်ပါတယ်ကွာအချိန်မကြည့်လိုက်မိဘူး..."

"တော်ပါပြီ..ကျနော်တောင်းပန်တာတွေလဲမကြားချင်တော့ပါဘူး..."

"မဟုတ်တာကွာ..စားဖို့မှာထားတယ်ခဏလေးနော်..."

"ကိုကိုခင်ဗျားကျနော်နဲ့မသိသလိုပဲနေပေးပါလား...ခင်ဗျားအဲ့မိန်းမဘက်ကလိုက်ပြီးအပိုတေပြောနေမယ်ဆိုစောက်ဂရုစိုက်ပြမနေနဲ့တော့..."

"ရိပေါ်!!မင်းဘာလို့ရိုင်းနေရတာလဲ...သူကို့ ကိုကိုကဖြတ်လိုက်တာလေခုလုပ်ငန်းကတကယ်အရေးကြီးတယ်သူလက်မခံမှာစိုးလို့ကိုကိုကအလိုက်အထိုက်ဆက်ဆံပေးနေတာ..."

တော်လိုက်တာကျနော်ကပဲမှားသလိုပြောတတ်ရှာပါပေတယ်ကိုကိုရာ...

"ကျနော်ကခင်ဗျားရည်းစားဖြစ်နေပြီနော်...ကို့ရည်းစားကတခြားကောင်မနဲ့ဖစ်ပျက်နေတာကိုလက်ခုပ်ထိုင်တီးပေးနေရမှာလား..."

"ရိပေါ်ခုထိကလေးဆန်နေတုန်းလား...အလုပ်ကိစ္စအရေးကြီးမှန်းမင်းလဲသိရဲ့နဲ့ကွာ...ပီး​​ေတာ့သူအတင်းဘေးနားလာကပ်ထိုင်တာပဲရှိတာဘာမှမဖစ်ဘူး..."

"ကျနော်တို့မတွဲသင့်ဘူး...ကျနော်မကြိုက်တာကိုမကြိုက်ဘူးလို့ပွင့်ပွင့်လင်းလင်းပြောလို့မရတဲ့ဘဝကြီး..ဟက်..ဝမ်ရိပေါ်.ဝမ်ရိပေါ်..မင်းတော်တော်စောက်မှတ်မရှိတဲ့ကောင်..."

ရှောင်ကျန့်သူ့ပုံစံအတိုင်းခေါင်းကိုထိုးဖွလိုက်တယ်...

"ကိုကိုနောက်တခါသူနဲ့ကင်းကင်းနေပါ့မယ်ကွာ..ဒီစာချုပ်ပြီးရင်ရပြီနော်ကတိပေးတယ်...နော်လို့ကလေး.."

"ကျနော်ကိုကို့ကိုမယုံချင်တော့ဘူး..."

"ယံုပါကွာကိုကိုကတိပေးပါတယ်...သက်သာလားဗိုက်လာလာကိုကို့ကိုမှီထားလိုက်နော်..ဖက်ထားပေးမယ်..."

ရိပေါ့်ဘေးနားကိုခုံကပ်ပြီးထိုင်ကာရင်ခွင်ထဲထည့်ပြီးမှီထားခိုင်းလိုက်သည်....

တကယ်ကိုရှောင်ကျန့်တို့ဘာမှမဖစ်ခဲ့ပါ...အဲ့မိန်းမကသာသူ့အနားအတင်းလာကပ်ပြီးပပ်ချွဲနှပ်ချွဲလုပ်နေတာကြောင့်ရိပေါ်ကအထင်လွှဲသွားတာဖြစ်မယ်...ရိပေါ်နဲ့နီးနီးကပ်ကပ်နေပြီးတဲ့နောက်တကယ်ကြိုက်ခဲ့ပါတယ်ဆိုတဲ့သူနဲ့အသားချင်းထိရတာတောင်သိပ်မကြိုက်တော့ဘူးကိူကိုတော့မင်းကိုတကယ်ချစ်မိနေတာထင်ပါရဲ့ကလေးရာ....

"စားလို့ကောင်းလား..."

"အင်းကောင်းတယ်...စား​ေလတို့စိတို့စိလုပ်မနေနဲ့ပြီးရင်အလုပ်ပြန်ရဦးမယ်..."

"ဟုတ်ကဲ့ပါဗျ..."

.............

"ရိပေါ်..ဒီနေ့ညနေဘက်အလုပ်တွေအကုန်ဖျက်ထားပေးပါလားကိုကို့အိမ်မာညစာစားဖို့ဧည့်သည်တွေလာမှာမို့လိုတဲ့ကိုကိုသွားရမယ်..."

"ဟုတ်ကျနော်ဖျက်ပေးထားမယ်..."

"ကိုကိုတို့နောက်ကျခရီးလေးဘာလေးထွက်ရအောင်ကွာ...ကလေးနဲ့ခရီးမသွားဖူးသေးဘူး.."

"အင်းကျနော်လဲသွားချင်တယ်...နောက်အလုပ်တွေအားရင်လိုက်ပို့နော်..."

"ပို့မှာပေါ့ကွာ..."

.....................

ရှောင်ကျန့်တို့မိသားစုကနွေးထွေးမှုမရှိပဲစီးပွားရေးဆန်သည်..မိသားစုထမင်းဝိုင်းဆိုတာလဲအပြင်လူရှိမှာသာလူစုံလေ့ရှိတယ်....

"ရှောင်ကျန့်ဒါမင်းနဲ့လက်ထပ်ရမယ့်မိန်းကလေး..ယွင်လီတဲ့..."

"တေွ့ရတာဝမ်းသာပါတယ်ယွင်လီပါအကို..."

"အာ..ကျနော်ရှောင်ကျန့်ပါ..."

ရှောင်ကျန့်မားကိုလှမ်းကြည့်လိုက်တော့ရင့်ကျက်စမ်းဆိုတဲ့အကြည့်စိမ်းစိမ်းနဲ့သူ့ကိုပြန်ကြည့်လာသည်....
ရပါတယ်လေနောက်မှထိုမိန်းကလေးနဲ့သူပြန်ညှိမယ်လုပ်ငန်းခွင်ထဲရောက်တာကြာနေပီဖစ်တဲ့သူ့အဖို့အရာရာပါးနပ်ရန်လိုသည်....

ရိပေါ်ရှောင်ကျန့်ရဲ့လက်မှတ်ပါမှကုန်တွေဝင်လို့ရမှာမို့လက်မှတ်ထိုးခိုင်းဖို့အိမ်ကိုလိုက်လာခဲ့တယ်...လာတဲ့လမ်းတလျှောက်လဲရှောင်ကျန့်ကိုphခေါ်နေပေမဲ့လုံးဝမကိုင်တာကြောင့်လက်လျှော့လိုက်တယ်...
အရင်ကလဲအလုပ်ကိစ္စအိမ်ပို့ရလျှင်လာနေကြဖစ်တာကြောင့်ရိပေါ်ကိုအလုပ်သမားများကမှတ်မိနေသည်....

"အထဲမှာဧည့်သည်တော့ရောက်နေတယ်ရိပေါ်...မင်းသူဌေးရဲ့ဇနီးလောင်းလေး.."

"ဗျာ..ကို..CEOရဲ့ဇနီးလောင်း..."

"ရိပေါ်ရောက်နေတာလားဝင်ခဲ့လေ..."

တံခါးအကွယ်မှာရပ်နေတဲ့သူ့ကိုဧည့်ခန်းထဲကရှောင်ကျန့်အဖေမြင်ပုံပေါ်သည်..အမေဖစ်သူကမောက်မာသလောက်အဖေဖြစ်သူကတော့သဘောကောင်းသည်...

ရိပေါ်အသက်ကိုဝ ဝရှူသွင်းပြီးပြုံးပြကာဝင်လာလိုက်သည်...

"ဟိုအားနာပါတယ်.CEOရဲ့လက်မှတ်နဲ့မှကုန်ကြမ်းတွေချလို့ရမှာမို့လို့ပါ.."

ရှောင်ကျန့်ဘေးကမိန်းကလေးကိုကြည့်ပြီးရိပေါ်မျက်နာပျက်လာတယ်...နှစ်ဖက်မိဘအစုံအလင်နဲ့ဒါဘာတွေလဲဆိုဘယ်သူမဆိုသိနိုင်သည်....

"ဒါမင်းCEOရဲ့ဇနီးလောင်းပဲသူ့ကိုသေချာဆက်ဆံပေးလိုက်ကြားလားရိပေါ်..."

ကိုကို့အမေကသူ့ကိုတည့်တည့်ကြည့်ပြီးအမိန့်ပေးလာတယ်...ကျနော်ကသူ့အလုပ်သမားမှမဟုတ်ပဲကိုကိုရယ်...ရိပေါ်က ကိုကို့အတွင်းရေးမှူးပဲဟာပြီးတော့ကိုကိုချစ်သူလေ....

ရိပေါ်ရှောင်ကျန့်မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်...ကိုကို့မျက်လုံးတွေကတည်ငြိမ်ပြီးတိတ်ဆိတ်လွန်းနေတယ်..သူဒီမှာဆက်ရှိမနေသင့်တော့ဘူးထင်ပါရဲ့....

"ကျနော်ပြန်လိုက်ပါဦးမယ်..."

ရိပေါ်သူတိူ့နားကအမြန်ဆုံးလှည့်ထွက်လိုက်တယ်....

"နေဦး.."

ရှောင်ကျန့်ကရိပေါ်လက်ကိုထိုင်နေရာကနေလှမ်းဆွဲရင်းသူပါမတ်တပ်ထရပ်လာတယ်.....

"ရိပေါ်က ကျနော့်ချစ်သူပဲအဲ့တာကြောင့်အရေးမပါတာတွေမလုပ်ပါနဲ့...ခုနကထိဘာမှမပြောပဲနေခဲ့သေးတယ်ကျနော်လဲဒီကိစ္စကိုလက်မခံခဲ့ဘူး...ဒါပေမဲ့ရိပေါ်ကဘာကိစ္စနဲ့မှတခြားသူကိုအောက်ကျို့စရာမလိုဘူးသူက ကျနော့်လူ..."

"ရှောင်းရှောင်ကျန့်မင်းငါ့ကိုအရှက်ခွဲနေတာလား..."

ရှောင်ကျန့်အမေကစပြီးပေါက်ကွဲတော့တယ်အဖေကတော့ခေါင်းလေးခါပြီးသာတိတ်ဆိတ်နေတယ်...

ရိပေါ်ပျော်လဲပျော်မိသလိုကိုကို့အတွက်လဲစိုးရိမ်မိပါတယ်.....ရှောင်ကျန့်အနောက်လေးမှာဝင်ပုန်းနေပြီးသူ့လက်ကိုဆွဲထားတဲ့ရှောင်ကျန့်ရဲ့လက်လေးကိုအပေါ်ကပြန်အုပ်ကိုင်ထားတယ်...မျက်ရည်တွေကလဲအရှေ့ကမြင်ကွင်းကိုမမြင်နိုင်လောက်အောင်ဝိုးဝါးနေပြီ.....

ရှောင်ကျန့်ထိုကိစ္စကိုနောက်မှဖြေရှင်းဖို့ပြင်လိုက်ပေမဲ့ရိပေါ်ရဲ့ဝမ်းနည်းနေတဲ့မျက်လုံးတွေကိုသူမြင်ခဲ့ရတယ်...သိမ်ငယ်မှုတွေကိုရိပေါ့ကိုမခံစားစေချင်ဘူး...သူ့ကြောင့်နာကျင်ခဲ့ရတဲ့ကလေးကိုသူထပ်ပြီးမခံစားစေချင်တော့တာကြောင့်မားရဲ့စီးပွားရေးနှီးနှောပွဲ ကြီးကိုပယ်ချပစ်လိုက်သည်.....

Continue Reading

You'll Also Like

26.6K 3.5K 24
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
readers By smhhh

Short Story

40.9K 61 8
shhhhhhh.
6.9K 292 6
#Zhanyi one short collection
90.6K 300 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...