Sorrowful Diary [ Completed ]

JeonYiMon

8K 888 64

အခုထွက်လာမယ့် Purple Scenario စာအုပ်လေးထဲမှာ ပါဝင်လာမယ့် မမရဲ့ TaeKook short story လေးပါ။ ____ Cover by YonDi Еще

1
3 ( Final )

2

1.4K 254 9
JeonYiMon

Unicode

ပထမစာသင်ချိန်တချိန်လုံး ဂျုံးဂုကိုမတွေ့ရပါ။ စာသင်ချိန်ပြီးတာနဲ့ သူရှိမယ်ထင်တဲ့နေရာကို လိုက်လာမိသည်။ ထင်တဲ့အတိုင်းဘဲ အပင်အောက်မှာ စီးကရက် ထိုင်ဖွာနေပုံက အေးအေးလူလူဘာအပူပင်မှမရှိ။

စီးကရက် ကိုဆတ်ခနဲ ဆွဲယူလိုက်တော့ အလိုမကျတဲ့ အကြည့်တွေ ကျွန်တော့်ဆီရောက်လာတယ်။ အထက်တန်းနောက်ဆုံးနှစ် ဆိုတော့ပေါ့လို့မရဘူး။ အမှတ်ကောင်းမှ တက္ကသိုလ် ကောင်းကောင်းကိုတက်နိုင်မှာလေ။ ဂျုံးဂုက သိပ်ကိုပေါ့လွန်းနေတယ်။

" ထ အတန်းသွားတက်မယ် "

" စိတ်မဝင်စားဘူး "

ဂျုံးဂုကစိတ်ပျက်လက်ပျက်လေသံနဲ့ပြောပြီး စီးကရက် နောက်တလိပ်ကိုထုတ်ပြီး မီးညှိ လိုက်တယ်။

" အဒါဆို မင်းကျောင်းကိုဘာလာလုပ်နေတာလဲ "

" အိမ်မှာမနေချင်လို့ "

ဖြေတာက တိုတိုပြတ်ပြတ်ပါဘဲ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲ နင့်သွားတယ်။ ဂျုံးဂုက ကျွန်တော့်ကို အရင်လိုအေးအေးစက်စက်မဆက်ဆံတော့ပါ ။ဒါပေမယ့် ဂျုံးဂုရဲ့အကြောင်းဆိုလို့ ကျွန်တော် ဘာဆိုဘာမှမသိသေးသောအနေအထား။

ကျွန်တော် မမြင်နိုင်တဲ့တဖက်မှာ သူဘာတွေဖြစ်နေလို့လဲ။ မေးချင်ပေမယ့် ကျွန်တော် မေးလည်းမမေးရဲ ကျွန်တော် မေးမှပိုခံစားနေရမှာကိုလည်းစိုးတယ်။

" ကျောင်းလာတာ အကျိုးရှိအောင်တော့လုပ်ရမယ်လေကွာ "

" မင်းဘဲသွားလုပ် "

တကယ်ပါလေ ပြောစရာစကားပါပျောက်တယ်။ စိတ်ပျက်လက်ပျက် သူ့ဘေးမှာ ဝင်ထိုင်ပြီး သူ့ဆီက စီးကရက် ကိုကျွန်တော်ထပ်လုလိုက်တယ်။ ပြီးတော့ ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရှိုက်သွင်းလိုက်မိတယ်။ မွှန်ထူသွားတဲ့ခံစားချက်ကြီးနဲ့အတူ ကျွန်တော် ချောင်းတဟွတ်ဟွတ်ဆိုးတော့တယ်။ ပြီးတော့ သူက ကျွန်တော့်ကိုကြည့်ပြီးရယ်ပါလေရော။

" မသောက်တတ်ရင် မသောက်ပါနဲ့ ထယ်ယောင်းရာ စာဂျပိုး နဲ့ ဆေးလိပ်က မလိုက်ဖက်ဘူး "

ကျွန်တော့်ကို ခပ်ထေ့ထေ့ကြည့်ရင်းဆိုတော့ ယောက်ျား မာနက တလူလူ။

" ငါသောက်နိုင်တယ် ပေး "

" ဘာလို့အတင်းသောက်ချင်နေရတာလဲ "

စီးကရက် ကိုလုနေတဲ့ ကျွန်တော့်လက်တွေကို ဖမ်းကိုင်ရင်း သူဆိုတယ်။ စူးရဲရဲ စိုက်ကြည့်နေတဲ့ အကြည့်တွေကို ခံနိုင်ရည်မရှိစွာ အကြည့်အရင်လွှဲမိတယ်။

" မင်းနဲ့တူအောင်လို့ "

ကျွန်တော့်စကားကြောင့် သူရယ်တယ်။ ပြီးတော့ ကျွန်တော့်လက်ကို လွှတ်ပေးရင်း စီးကရက် ကိုထပ်ဖွာနေတယ်။

" ဘာလို့လဲ "

" ငါ့ သူငယ်ချင်း မလို့။ မင်းစာမသင်ဘဲ ငါမသင်ချင်ဘူး မကြာခင် စာမေးပွဲ ကြီးလာတော့မယ်။ ငါ့သူငယ်ချင်းက အခုလိုပေတေနေတာ ငါစာသင်မဖြောင့်ဘူး "

ကြည့်လာတဲ့ မျက်ဝန်းမှာ အဓိပ္ပါယ် တွေနဲ့။ ဒါပေမယ့် အတိကျကို ကျွန်တော် ဝေခွဲမရဘူး။ ဂျုံးဂုက နားလည်ရခက်တဲ့ သူမျိုးထဲမှာ ပါတာမလို့။

" မင်းကိုယုံကြည်တယ် အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ ... ငါကမင်းအနားမှာအမြဲတမ်းရှိနေမှာဂျုံးဂု "

အမြဲရှိနေမယ်ဆိုသော စကားမှာ ဂျုံးဂု လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ တယောက်ပြီး တယောက်စွန့်ခွာသွားတဲ့ သူ့အနားမှာ အမြဲတမ်း နေရာလပ်တွေချည်းပါဘဲ။ မေတ္တာ တရားကို အယုံအကြည်မရှိတဲ့ သူဟာ အေးစက်မှုတွေထဲမှာဘဲနေသားကျခဲ့သည်။ မယုံကြည်ချင်တော့ပေမယ့် ရင်ထဲက ခံစားချက်ကိုမူကား လိမ်ညာ၍မရခဲ့ပါ။ ထယ်ယောင်းက သူ့ရဲ့ နောက်ဆုံးသော ချည်နှောင်မှုလေး ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

*******

" ရော့ ဒါတွေ အကုန်တွက် "

"မများလွန်းဘူးလား"

ချပေးလာတဲ့ မေးခွန်းတွေကိုကြည့်ပြီး ဂျုံးဂုက စိတ်ပျက်သလိုပြောလာသည်။

" မများပါဘူး နောက်ထပ်တွေရှိသေးတယ် "

ဒီရက်ပိုင်းတွေမှာ ဂျုံးဂုနဲ့ ကျွန်တော် ပိုရင်းနှီးလာသလိုခံစားရပါတယ်။ အရင်က စာသင်ခန်းထဲမရှိတဲ့ ဂျုံးဂုက စာတွေသင်ဖြစ်လာတယ်။ ပိတ်ရက်တွေမှာ နေရာတခုမှာ ချိန်းပြီး စာတွေအတူတူလုပ်ဖြစ်ကြတယ်။ ကောင်းသောပြောင်းလဲ ခြင်းတွေနဲ့ပြောင်းလဲလာတဲ့သူ့ကိုကြည့်ပြီး ကျွန်တော့်မှာလည်း ပီတိတွေနဲ့။

" အမှတ်များနဲ့အောင်ရင် မင်းဘာတက်ချင်လည်း "

ကျွန်တော် မေးတော့ ရေးနေလက်စကိုရပ်ပြီး ကျွန်တော့်ကို ကြည့်လာတယ်။

" ဟင့်အင်း "

" ဘာလဲ ဂျုံးဂု "

" ဘာမှ မတက်ချင်ဘူး "

ကျွန်တော် တကယ် အံဩရပါသည်။ ဒီလောက်တွေကြိုးစားပမ်းစားလုပ်နေပြီး ဘာမှ မတက်ချင်ဘူးတဲ့လား ။

" ဘာလို့လဲ မင်းစာတွေကြိုးစားနေပြီးတော့ "

" မသိဘူး မင်းပြောလို့ လုပ်ဖြစ်နေတယ်ထင်တာဘဲ "

သူကတော့ရယ်ရယ်မောမောပြောလိုက်ပေမယ့် ကျွန်တော် မရယ်မောနိုင်ပါ။ ဂျုံးဂုကို နားလည်ဖို့ကြိုးစားလေ အဝေးကိုရောက်သွားလေလို ခံစားနေရတယ်။

" မင်းဖြစ်ချင်တာ တခုခုမရှိဘူးလား "

သူက ကျွန်တော့်ကို အကြာကြီးစိုက်ကြည့်တယ်။ ပြီးတော့ ခေါင်းညိတ် ပြတယ်။

" အင်းရှိတယ် "

ဘာလဲဆိုတာကို ကျွန်တော့်ကို မပြောပါ။ သူမပြောချင်တဲ့အရာထင်လို့ ကျွန်တော် လည်းဆက်မမေးဖြစ်တော့။

" အင်းအဒါဆို မင်းဖြစ်ချင်တဲ့ဟာကို ကြိုးစားလေ "

" အင်းကြိုးစားမှာပါ မဖြစ်နိုင်ရင်တောင် ငါကြိုးစားမှာ ထယ်ယောင်း "

ဂျုံးဂုရဲ့စကားက ခါတိုင်း ထပ် ပိုလေးနက်နေတယ်။ ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ပြောလာတဲ့ ထိုစကားတွေကြောင့် ယိမ်းယိုင် သွားတဲ့ ခံစားချက်တွေကို ခံစားလိုက်ရတယ်။ ဒီတခါလည်း ကျွန်တော် အကြည့်လွှဲလိုက်မိတယ်။

*******

အချိန်တွေကြာလာတာနဲ့အမျှ ဂျုံးဂုရဲ့အကြောင်းကို ကျွန်တော် သိလာခဲ့ရပါသည်။ ငယ်စဉ်တည်းက သစ္စာ မရှိတဲ့ ဖခင်ဖြစ်သူရဲ့စွန့်ပြစ်ခြင်းကို ခံခဲ့ရတယ်။ သစ္စာ မရှိတဲ့လူရဲ့သားဆိုပြီး မိခင် ကလည်း သူ့အပေါ်မခင်တွယ်ခဲ့ပြန်ဘူး။ အခုတော့ မိခင်ဖြစ်သူကလည်းဆုံးပါးခဲ့ပြီ။ ကျွန်တော် ဒီအကြောင်းတွေကိုသိပြီးတဲ့အချိန်မှာ သူ့ကိုပိုသနားလာခဲ့တယ်။ ဘယ်သူမှမရှိတဲ့အိမ်ကြီးထဲမှာ သူတယောက်တည်း ဘယ်လောက်တောင်အထီးကျန်နေခဲ့ရမလဲလေ။

စွန့်ပြစ်ခြင်းတွေနဲ့သာ ရှင်သန်ခဲ့ရတဲ့သူ ဒီလိုဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ သူ့အပေါ်မှာ ကျွန်တော် နားလည်ပေးသထက်နားလည်ပေးချင်လာခဲ့တယ်။

^^^ Sorrowful Diary ^^^

စာမေးပွဲ ကို ကျွန်တော် တို့အမှတ်အများကြီးနဲ့အောင်မြင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ သံယောဇဉ် ကလည်းခိုင်မြဲသထပ်ခိုင်မြဲလာခဲ့ကြတယ်။ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်ရင် သူလိုချင်တာပေးရမယ်လို့ ဂျုံးဂုကပြောခဲ့တယ်။ ဈေးကြီးတာတွေ မပေးနိုင်ဘူးလို့ပြောတော့ ဂျုံးဂုကရယ်ပါတယ်။

ဘာတောင်းမယ်မှန်းမသိပေမယ့် လိုရမယ်ရ စုထားတဲ့ပိုက်ဆံတွေကို အကုန်ထည့်လာတာဘဲ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော့်စိတ်တိုင်းကျ ကြိုးစားပေးခဲ့တာကိုဘဲ ကျွန်တော့်မှာ ပျော်မဆုံးတွေဖြစ်နေခဲ့တာ။

ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ ရွေ့လျားနေတယ်။ တရိပ်ရိပ် ကျန်ခဲ့တဲ့မြင်ကွင်းတွေနဲ့အတူ ကျွန်တော် သူ့ခါးကိုတင်းတင်းဖက်ထားမိတယ်။ မြို့စွန်နား လူခြေပြတ်တဲ့နေရာကိုရောက်တော့ ဂျုံးဂုက ဆိုင်ကယ်ကိုရပ်လိုက်သည်။

ဘေးပတ်ဝန်းကျင်ကို မျက်လုံးလေး ဝိုင်းပြီး လိုက်ကြည့်နေတဲ့ ထယ်ယောင်းကို မြင်တော့ ဂျုံးဂုကသဘောကျစွာရယ်သည်။ သူ့ခမျာ လိုက်သာ လိုက်လာရတာ ကြောက်လည်း ကြောက်နေတဲ့ပုံ။

" ဘာလို့ ဒီနေရာကိုခေါ်လာတာလည်း "

" စကားအေးဆေးပြောချင်လို့ "

" အော် ဆိုင်တဆိုင်ထိုင်ပြီး ပြောလည်း ရပါတယ် ဂျုံးဂုရာ ဒီနားလူပြတ်ကပြတ်နဲ့ "

" ငါပြောတာတွေကိုမင်းကလွဲပြီး ဘယ်သူ့ကိုမှမကြားစေချင်လို့ "

" ပြောစမ်းပါဦး ငါ့ဆီကဘာတွေလိုချင်နေလို့ ဒီအထိတကူးတကခေါ်လာရတာလဲ "

ဂျုံးဂုက ဆံပင်တွေကို ထိုးဖွလိုက် လည်ပင်းကို ပွတ်လိုက်နဲ့ အလုပ်ရှုပ်နေပြန်တယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်လိုက် နှုတ်ခမ်းကိုကိုက်လိုက်နဲ့။ ရုတ်တရက် ကျွန်တော့်ပုခုံးနှစ်ဖက်ကို ဆွဲလိုက်တော့ သူ့လက်ထဲမှာ ကျွန်တော် ကအရုပ်တရုပ်လိုဘဲ။ အတန်ကြာတဲ့ထိစကားမဆိုသေးဘဲ ကျွန်တော့်ကိုဘဲစိုက်ကြည့်နေပြီးမှ...

" ထယ်ယောင်း မင်းကိုငါချစ်တယ် "

ကျွန်တော့် ကမ္ဘာ ကြီး ဇောက်ထိုး ဖြစ်သွားသလိုခံစားလိုက်ရတယ်။ တဒိတ်ဒိတ် ခုန်တက်လာတဲ့ရင်ခုန်သံတွေနဲ့အတူ ကျွန်တော့်မျက်နှာတွေပူတက်လာတယ်။ ဂျုံးဂုက ကျွန်တော့်ကိုချစ်တယ်တဲ့။

" ငါ့ကိုပြန်ချစ်ပေးပါ မဟုတ်ရင် မင်းကိုအိမ်ပြန်မပို့တော့ဘူး အခုဘဲခိုးပြေးမှာ "

ကြောက်နေတဲ့ကြားက ကျွန်တော် ရယ်ချင်လာတယ်။ ဂျုံးဂုရဲ့ပုံစံက လိုချင်တာကို မရရအောင်ယူမယ်ဆိုတဲ့ ကလေးလေးပုံမျိုးနဲ့။ အတင်းအကျပ် တွေပြောနေပေမယ့် သူ့မျက်ဝန်းထဲမှာတော့ မျှော်လင့်ခြင်းတွေပါဝင်နေတယ်။

" ငါ့မှာ မင်းဘဲရှိတာ ထယ်ယောင်း ဟိုးအရင်တည်းကနေအခုထိဘဲ။ ငါ့ကိုထားခဲ့တဲ့လူတွေထဲမှာ မင်းကိုမပါစေချင်ဘူး။ မင်းကိုငါပိုင်ချင်တယ် ထယ်ယောင်းရာ "

ကျွန်တော့်ပုခုံးကိုဆုပ်ကိုင်ရင်း ခေါင်းငိုက်စိုက်ကျသွားတယ်။ တလက်လက်နဲ့ကြွေကျလာခဲ့တာက မျက်ရည်တွေ။ တခါမှ မငိုဖူးတဲ့ ဂျုံးဂုက ကျွန်တော့်ရှေ့မှာ ငိုနေခဲ့တယ်။

ပါးနှစ်ဖက်ကနေ ဆွဲယူတော့ မျက်နှာချောချောက ကျွန်တော့်လက်ဝါးနှစ်ဖက်ထဲမှာ။ မျက်ရည်တွေကိုသုတ်ပေးတော့ သူကကလေးလေးလိုဘဲ။ကျွန်တော့်ရင်ထဲမှာ လည်း တဒိတ်ဒိတ် နဲ့နှလုံးခုန်သံတွေက ခါတိုင်းထပ်ပိုကျယ်နေသလိုဘဲ။

" ငါ့ကို အိမ်ပြန်ပို့ပေးပါ "

သူ့နှုတ်ခမ်းလေး ပြုံးယောင်သန်းလာတယ်။ ခေါင်းမော့ကာရယ်လိုက်တဲ့ပုံစံက ကျွန်တော့်ရင်ထဲထိဆွဲခါသွားခဲ့တယ်။ ဆွဲဖက်လိုက်တော့ ကျွန်တော် သူ့ရင်ခွင်ထဲမှာ။ ဝဲဘက်ရင်အုံပေါ်မှာ ကျွန်တော့်ရဲ့ပါးအပ်နေခဲ့တယ်။ ရင်ခုန်သံတွေထပ်တူကျတဲ့နေ့မှာ ချစ်ရသူရဲ့ ရင်ထဲကစကားတွေကို နားဆင်ခွင့်ရခဲ့သည်။ အချစ်ဆိုတဲ့ အဓိပ္ပါယ် လေးကို   ဂျုံးဂုက ဖွင့်ဆိုပေးခဲ့တယ်။

*******

" အဲ့နောက် ထယ်ယောင်းလေးက အိမ်ကိုဖွင့်ပြောလာခဲ့တယ်လေ။ ကျွန်မတို့အနေနဲ့ သဘောမတူစရာမရှိခဲ့ပါဘူး။ ဂျုံးဂုက ကျွန်မမောင်လေးကို အရမ်းချစ်ရှာတယ်လေ"

" ဟုတ်ကဲ့ "

" ဒီလိုနဲ့ သူတို့ uni အတူတက်ခဲ့ကြတယ်။ ကျောင်းပြီးတော့ သူတို့ကိုလက်ထပ်ပေးခဲ့တယ်"

သူမကပြောရင်း မျက်ရည်တွေဝဲလာခဲ့ပြန်တယ်။

" ပြသနာတွေက အဲ့မှာဘဲစခဲ့တယ်ဆရာမရယ်"

*******

ကျောင်းပြီးတော့ ကျွန်တော် တို့လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးတော့ ဂျုံးဂုရဲ့အိမ်မှာဘဲ လိုက်နေခဲ့တယ်။ ကျွန်တော် စိတ်ကူးထားတဲ့ မိသားစုလေးကို ချစ်ရတဲ့ သူနဲ့အတူ ထူထောင်ရတော့မှာမလို့ ကျွန်တော့်ရဲ့အပျော်တွေကတော့ပြောမပြတတ်အောင်ဘဲပေါ့။ ဂျုံးဂုက ကျွန်တော့်ကိုသိပ်ချစ်ပါတယ်။ ဒါပေမယ့် အစွန်းရောက်လွန်းတဲ့အချစ်တွေကြောင့် ကျွန်တော် မွန်းကြပ်လာခဲ့တယ်။

" ဒါဘယ်ကပြန်လာတာလဲ "

အိမ်ထဲ ဝင်ဝင်ချင်း အမောမပြေစရာကြုံတော့ ထယ်ယောင်းစိတ်ညစ်သွားတယ်။ လက်ထပ်ထားတာ ဘာလိုလိုနဲ့ ၁နှစ်ရှိသွားခဲ့ပြီ။ ကျောင်းပြီးတည်းကအလုပ်တွေလိုက်လျောက်နေတာ ဂျုံးဂုက သိတိုင်းဖျက်ခဲ့တာတွေချည်းဘဲ။

" ဘာလို့လဲ "

" အလုပ်သွားလျောက်ပြန်ပြီမလား "

" အလုပ်သွားလျောက်တာ အပြစ်လုပ်တာမှမဟုတ်တာ ဂျုံးဂုရယ် ငါလည်း ပညာတွေသင်ထားတာ အလကားနေဖို့မှမဟုတ်တာ "

ကျောင်းမပြီးခင်တည်းက ဂျုံးဂုကသူ့ကိုယ်ပိုင်စီးပွားရေးကိုစလုပ်နေပြီဖြစ်သည်။ နဂိုတည်းကချမ်းသာခဲ့သူမလို့ ဂျုံးဂုမှာ ဘာလုပ်လုပ်အခက်ခဲမဖြစ်ခဲ့။ အသစ်တည်ထောင်ထားတဲ့ စီးပွားရေး ကလည်း တဖြည်းဖြည်း နဲ့အရှိန်တက်ကာအောင်မြင်လာခဲ့သည်။ အမှန်ဆို သူဘာမှမလုပ်လည်းနေလို့ရတဲ့အနေအထားပါ။ ဒါပေမယ့် သူနေချင်တာ ဒီလိုဘဝမှမဟုတ်တာ။

" ဘာအလုပ်မှမလျောက်နဲ့ "

" ဂျုံးဂု မင်းငါ့ဘက်ကို နည်းနည်းလောက်နားလည်ပေးပါဦးလား ဒီ ၁ နှစ်အတွင်းငါမင်းသဘောကျနေပေးခဲ့တယ်လေ "

ဂျုံးဂုက မျက်နှာတည်တင်းနေကာမျက်ဝန်းတွေကစူးရဲနေသည်။ ဒီလိုအချိန်တွေမှာဆို ဂျုံးဂုကို ကျွန်တော် ကြောက်ပါသည်။ သူ့ကိုကြောက်သလို အစွန်းရောက်လွန်းတဲ့ သူ့အချစ်တွေကိုလည်း ကျွန်တော် ကြောက်လာခဲ့သည်။

" နေရမယ် မင်းကို ငါပြည့်စုံအောင်ထားပေးနေတာဘဲ ဘာတွေလိုနေသေးလို့လည်း"

" ပြည့်စုံအောင်ထားတာဟုတ်တယ် ဒါပေမယ့် ငါ့ဘဝကို အိမ်ထဲမှာဘဲ အဆုံးမသတ်ချင်ဘူး ဂျုံးဂု။ အခုရွယ်တူသူငယ်ချင်းတွေ အလုပ်နဲ့အကိုင်နဲ့ ငါတယောက်တည်း ယောင်ဝါးဝါးနဲ့အလုပ်မရှိအကိုင်မရှိ"

" မလုပ်ရဘူး မင်းဘယ်နေ ရာမှာမှအလုပ်မလုပ်ရဘူး ပြီးရင်အလုပ်သဘောအရ ပတ်သက်ရာပတ်သတ်ကြောင်းတွေနဲ့ ဇယားတွေက ရှုပ်လာမယ် အဒါတွေငါမကြိုက်တာ မင်းအသိဆုံးနော်ထယ်ယောင်း "

ကျွန်တော့်ရင်ထဲမှာ တဆစ်ဆစ်နဲ့နာလာရသည်။ ကျွန်တော့်ဘဝမှာ သူ့ကို ပထမဆုံးနဲ့ နောက်ဆုံးချစ်ခဲ့သည်။ ဒါပေမယ့် ကျွန်တော် ပြန်ရလာခဲ့တာတွေက သူ့ရဲ့ မယုံကြည်မှုတွေနဲ့ သံသယတွေ။

" ငါမွန်းကြပ်တယ် သေချင်လောက်အောင် မွန်းကြပ်တယ် မင်းနဲ့အတူ နေနေရမယ့်အစား သေသွားတာကမှ ကောင်းဦးမယ် "

" ဘာ "

ကျယ်လောင်သော အသံအဆုံးမှာ ထယ်ယောင်းပုခုံးနှစ်ဖက်ကနေ အကြမ်းပတမ်းဆောင့်ဆွဲခံလိုက်ရတယ်။ စူးစူးရဲရဲမျက်ဝန်းတွေကို မျက်ရည်တွေနဲ့မျက်ဝန်းတွေက နာကျင်စွာပြန်စိုက်ကြည့်နေခဲ့တယ်။

" မင်းထပ်ပြောစမ်း "

" ငါမင်းအနားမှာ နေရတာ မွန်းကြပ်လာပြီ ဂျုံးဂု "

ဖြောင်းခနဲ ရိုက်သံအဆုံးမှာ ထယ်ယောင်းကြမ်းပြင်မှာ ပုံကျသွားတယ်။ နှုတ်ခမ်းထောင့်မှာ စီးကျလာတဲ့ သွေးတွေနဲ့အတူ မုန်းတီးနေသောအကြည့်တွေကို ဂျုံးဂုခံနိုင်ရည်မရှိခဲ့။

" ယောင်း ...."

" ဖယ် ... ငါ့ကိုမထိနဲ့ "

အတင်းရုန်းကန်နေသည့်ကြားမှ ဂျုံးဂုက ထယ်ယောင်းကို တင်းတင်းဖက်ထားခဲ့ပါသည်။ တဆတ်ဆတ်တုန်ယင်စွာငိုနေတဲ့ကောင်လေးကို ဂျုံးဂုကကြောက်လန့်စွာဖက်ထားခဲ့သည်။

" ကိုယ့်ကို အဲ့လို မပြောပါနဲ့ ယောင်းရာ မင်းကိုယ့်အနားမှာ မရှိတော့မှာ ကိုယ်အရမ်းကြောက်တာ ကိုယ်တောင်းပန်ပါတယ်ကွာ "

" အရူးမင်းကအရူး မင်းဆီကနေ ငါရအောင်ထွက်ပြေးမှာ "

" ဘာ ... မသွားရဘူး မင်းငါ့အနားကနေတလှမ်းတောင်ထွက်ပြေးလို့မရဘူးထယ်ယောင်း "

ခွန်အားခြင်း ယှဉ်လာတဲ့အခါ ကျွန်တော် ဂျုံးဂုကိုမနိုင်ခဲ့ပါ။ ရုန်းကန်နေတဲ့ကြားက ကျွန်တော့်ကို ပွေ့ချီလာပြီး အခန်းတခန်းထဲမှာ သော့ပိတ်ထားခဲ့တယ်။ ဒါက အခုမှ မဟုတ်ပါဘူး ကျွန်တော် အပြင်ထွက်တိုင်း ဂျုံးဂုလုပ်လေ့ရှိတဲ့အပြုအမူတွေပါ။

_______

ညနေကျတော့ ထမင်းဟင်းတွေနဲ့အတူ ဂျုံးဂုအခန်းထဲဝင်လာခဲ့တယ်။ ကျွန်တော် မထင်ခဲ့ဘူး သူက psychopath တယောက်လို့။ ကျွန်တော် တနေရာရာကိုသွားတိုင်း သူ့ကိုထားခဲ့မယ်ဘဲ ထင်နေခဲ့တယ်။  ကျွန်တော့်ကို သူ့အနားမှာဘဲ တချိန်လုံးရှိနေစေချင်တယ်။ လိုအပ်တာလေးတွေရှိလို့ ဟိုနားသည်နားထွက်ဝယ်ရင်တောင် ပြန်လာရင် အကြီးအကျယ် စကားတွေများရမြဲဖြစ်သည်။

" ယောင်း "

" ထွက်သွား "

" ကိုယ်တောင်းပန်ပါတယ်ကွာ နော်။ တကယ်ပြောတာ ယောင်းအခုလို ဖြစ်နေရင်ကိုယ်ရူးတော့မလိုဘဲ ကျေးဇူးပြုလို့အရင်လိုပြန်နေပေးပါကွာ "

" ငါ့ကိုအရင်လိုပြန်ဖြစ်စေချင်ရင် မင်းအချိုးတွေကိုပြောင်း ဂျုံးဂု ငါ့အခုအရမ်းမွန်းကြပ်နေတယ်နော် ငါသေချင်လောက်အောင်ကိုမွန်းကြပ်နေတယ် ငါကိုယ့်ကိုကိုယ်သတ်သေဖို့လည်း ဝန်မလေးဘူးနော် "

ကျွန်တော့်စကားမှာ သူအကြီးအကျယ်တုန်လှုပ်သွားပုံပါဘဲ။ မျက်ရည်တွေကျလာပြီး ရှိုက်ငိုတယ်။ ပြီးတော့အသင့်ယူလာတဲ့ ဆေးဗူးကို ထုတ်ပြီး သူရိုက်ထားတဲ့နေရာကို ဆေးလိမ်းပေးပြန်တယ်။

" ကိုယ်က မင်းကိုချစ်လွန်းလို့ပါကွာ။ ကိုယ့်ဘဝမှာ အရင်ကရော အခုရော မင်းဘဲရှိတာလေ"

ဒီလိုကျတော့လည်း ကျွန်တော် သူ့ကိုသနားမိပါသည်။ ဒါပေမယ့် ဒီသနားစိတ်တွေကဘဲ ကျွန်တော့်ကို နာကျင်မှုတွေထဲကိုတဖြည်းဖြည်းနစ်စေခဲ့သည်။ ပြောသင့်တာကိုတော့ပြောရမည် ဒီအတိုင်းဆက်သွားနေလျင် ကျွန်တော်တို့အိမ်ထောင်ရေးက ချောမွေ့မည်မဟုတ်။ ဒဏ်ရာက ထပ်ပါများလာရင် ပျောက်ဖို့လွယ်တော့မည်မဟုတ်တော့။ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေထဲကို ရဲရဲတင်းတင်းကြည့်ကာ ဆိုမိသည်။

" မင်းကချစ်တာကငါမပျော်ရဘူးလေ ချစ်ရင်ချစ်တဲ့သူကို စိတ်ချမ်းသာအောင်ထားရမှာမဟုတ်ဖူးလား ဒါပေမယ့်မင်းအတွက်နဲ့ငါအမြဲနာကျင်နေခဲ့ရတာ "

ကျွန်တော့်စကားအဆုံးမှာ သူတစ်ခုခုကိုအလေးအနက်တွေးတောနေပုံပါဘဲ။ ဒါပေမယ့် သူငိုနေခဲ့တယ်။ ပြီးတော့ ကျွန်တော့်နှဖူးကိုဖွဖွလေးနမ်းရင်းဆိုလာခဲ့တယ်။

မနက်ဖြန် ကစလို့ ယောင်းအလုပ်ရှာနော်တဲ့ ။

*******

Tbc ____

ချစ်ခြင်းများဖြင့်
JeonYiMon ✍

ဒါလေးကိုသဘောကျရဲ့လားမသိဘူး ပထမဆုံး short story ရေးတာမလို့ လိုအပ်ချက်တွေရှိနေမှာပါကလေးတို့ရေ ဖတ်ပေးတဲ့ သူလေးတွေတစ်ဦးချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 💜

#Zawgyi
ပထမစာသင္ခ်ိန္တခ်ိန္လုံး ဂ်ဳံးဂုကိုမေတြ႕ရပါ။ စာသင္ခ်ိန္ၿပီးတာနဲ႔ သူရွိမယ္ထင္တဲ့ေနရာကို လိုက္လာမိသည္။ ထင္တဲ့အတိုင္းဘဲ အပင္ေအာက္မွာ စီးကရက္ ထိုင္ဖြာေနပုံက ေအးေအးလူလူဘာအပူပင္မွမရွိ။

စီးကရက္ ကိုဆတ္ခနဲ ဆြဲယူလိုက္ေတာ့ အလိုမက်တဲ့ အၾကည့္ေတြ ကြၽန္ေတာ့္ဆီေရာက္လာတယ္။ အထက္တန္းေနာက္ဆုံးႏွစ္ ဆိုေတာ့ေပါ့လို႔မရဘူး။ အမွတ္ေကာင္းမွ တကၠသိုလ္ ေကာင္းေကာင္းကိုတက္ႏိုင္မွာေလ။ ဂ်ဳံးဂုက သိပ္ကိုေပါ့လြန္းေနတယ္။

" ထ အတန္းသြားတက္မယ္ "

" စိတ္မဝင္စားဘူး "

ဂ်ဳံးဂုကစိတ္ပ်က္လက္ပ်က္ေလသံနဲ႔ေျပာၿပီး စီးကရက္ ေနာက္တလိပ္ကိုထုတ္ၿပီး မီးညႇိ လိုက္တယ္။

" အဒါဆို မင္းေက်ာင္းကိုဘာလာလုပ္ေနတာလဲ "

" အိမ္မွာမေနခ်င္လို႔ "

ေျဖတာက တိုတိုျပတ္ျပတ္ပါဘဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ရင္ထဲ နင့္သြားတယ္။ ဂ်ဳံးဂုက ကြၽန္ေတာ့္ကို အရင္လိုေအးေအးစက္စက္မဆက္ဆံေတာ့ပါ ။ဒါေပမယ့္ ဂ်ဳံးဂုရဲ႕အေၾကာင္းဆိုလို႔ ကြၽန္ေတာ္ ဘာဆိုဘာမွမသိေသးေသာအေနအထား။

ကြၽန္ေတာ္ မျမင္ႏိုင္တဲ့တဖက္မွာ သူဘာေတြျဖစ္ေနလို႔လဲ။ ေမးခ်င္ေပမယ့္ ကြၽန္ေတာ္ ေမးလည္းမေမးရဲ ကြၽန္ေတာ္ ေမးမွပိုခံစားေနရမွာကိုလည္းစိုးတယ္။

" ေက်ာင္းလာတာ အက်ိဳးရွိေအာင္ေတာ့လုပ္ရမယ္ေလကြာ "

" မင္းဘဲသြားလုပ္ "

တကယ္ပါေလ ေျပာစရာစကားပါေပ်ာက္တယ္။ စိတ္ပ်က္လက္ပ်က္ သူ႔ေဘးမွာ ဝင္ထိုင္ၿပီး သူ႔ဆီက စီးကရက္ ကိုကြၽန္ေတာ္ထပ္လုလိုက္တယ္။ ၿပီးေတာ့ ဘဝမွာ ပထမဦးဆုံးအႀကိမ္အျဖစ္ ရႈိက္သြင္းလိုက္မိတယ္။ မႊန္ထူသြားတဲ့ခံစားခ်က္ႀကီးနဲ႔အတူ ကြၽန္ေတာ္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေတာ့တယ္။ ၿပီးေတာ့ သူက ကြၽန္ေတာ့္ကိုၾကည့္ၿပီးရယ္ပါေလေရာ။

" မေသာက္တတ္ရင္ မေသာက္ပါနဲ႔ ထယ္ေယာင္းရာ စာဂ်ပိုး နဲ႔ ေဆးလိပ္က မလိုက္ဖက္ဘူး "

ကြၽန္ေတာ့္ကို ခပ္ေထ့ေထ့ၾကည့္ရင္းဆိုေတာ့ ေယာက္်ား မာနက တလူလူ။

" ငါေသာက္ႏိုင္တယ္ ေပး "

" ဘာလို႔အတင္းေသာက္ခ်င္ေနရတာလဲ "

စီးကရက္ ကိုလုေနတဲ့ ကြၽန္ေတာ့္လက္ေတြကို ဖမ္းကိုင္ရင္း သူဆိုတယ္။ စူးရဲရဲ စိုက္ၾကည့္ေနတဲ့ အၾကည့္ေတြကို ခံႏိုင္ရည္မရွိစြာ အၾကည့္အရင္လႊဲမိတယ္။

" မင္းနဲ႔တူေအာင္လို႔ "

ကြၽန္ေတာ့္စကားေၾကာင့္ သူရယ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္လက္ကို လႊတ္ေပးရင္း စီးကရက္ ကိုထပ္ဖြာေနတယ္။

" ဘာလို႔လဲ "

" ငါ့ သူငယ္ခ်င္း မလို႔။ မင္းစာမသင္ဘဲ ငါမသင္ခ်င္ဘူး မၾကာခင္ စာေမးပြဲ ႀကီးလာေတာ့မယ္။ ငါ့သူငယ္ခ်င္းက အခုလိုေပေတေနတာ ငါစာသင္မေျဖာင့္ဘူး "

ၾကည့္လာတဲ့ မ်က္ဝန္းမွာ အဓိပၸါယ္ ေတြနဲ႔။ ဒါေပမယ့္ အတိက်ကို ကြၽန္ေတာ္ ေဝခြဲမရဘူး။ ဂ်ဳံးဂုက နားလည္ရခက္တဲ့ သူမ်ိဳးထဲမွာ ပါတာမလို႔။

" မင္းကိုယုံၾကည္တယ္ အေကာင္းဆုံးလုပ္ႏိုင္လိမ့္မယ္လို႔ ... ငါကမင္းအနားမွာအၿမဲတမ္းရွိေနမွာဂ်ဳံးဂု "

အၿမဲရွိေနမယ္ဆိုေသာ စကားမွာ ဂ်ဳံးဂု လႈပ္လႈပ္ရွားရွားျဖစ္လာသည္။ တေယာက္ၿပီး တေယာက္စြန႔္ခြာသြားတဲ့ သူ႔အနားမွာ အၿမဲတမ္း ေနရာလပ္ေတြခ်ည္းပါဘဲ။ ေမတၱာ တရားကို အယုံအၾကည္မရွိတဲ့ သူဟာ ေအးစက္မႈေတြထဲမွာဘဲေနသားက်ခဲ့သည္။ မယုံၾကည္ခ်င္ေတာ့ေပမယ့္ ရင္ထဲက ခံစားခ်က္ကိုမူကား လိမ္ညာ၍မရခဲ့ပါ။ ထယ္ေယာင္းက သူ႔ရဲ႕ ေနာက္ဆုံးေသာ ခ်ည္ေႏွာင္မႈေလး ျဖစ္မွန္းမသိျဖစ္လာခဲ့သည္။

*******

" ေရာ့ ဒါေတြ အကုန္တြက္ "

"မမ်ားလြန္းဘူးလား"

ခ်ေပးလာတဲ့ ေမးခြန္းေတြကိုၾကည့္ၿပီး ဂ်ဳံးဂုက စိတ္ပ်က္သလိုေျပာလာသည္။

" မမ်ားပါဘူး ေနာက္ထပ္ေတြရွိေသးတယ္ "

ဒီရက္ပိုင္းေတြမွာ ဂ်ဳံးဂုနဲ႔ ကြၽန္ေတာ္ ပိုရင္းႏွီးလာသလိုခံစားရပါတယ္။ အရင္က စာသင္ခန္းထဲမရွိတဲ့ ဂ်ဳံးဂုက စာေတြသင္ျဖစ္လာတယ္။ ပိတ္ရက္ေတြမွာ ေနရာတခုမွာ ခ်ိန္းၿပီး စာေတြအတူတူလုပ္ျဖစ္ၾကတယ္။ ေကာင္းေသာေျပာင္းလဲ ျခင္းေတြနဲ႔ေျပာင္းလဲလာတဲ့သူ႔ကိုၾကည့္ၿပီး ကြၽန္ေတာ့္မွာလည္း ပီတိေတြနဲ႔။

" အမွတ္မ်ားနဲ႔ေအာင္ရင္ မင္းဘာတက္ခ်င္လည္း "

ကြၽန္ေတာ္ ေမးေတာ့ ေရးေနလက္စကိုရပ္ၿပီး ကြၽန္ေတာ့္ကို ၾကည့္လာတယ္။

" ဟင့္အင္း "

" ဘာလဲ ဂ်ဳံးဂု "

" ဘာမွ မတက္ခ်င္ဘူး "

ကြၽန္ေတာ္ တကယ္ အံဩရပါသည္။ ဒီေလာက္ေတြႀကိဳးစားပမ္းစားလုပ္ေနၿပီး ဘာမွ မတက္ခ်င္ဘူးတဲ့လား ။

" ဘာလို႔လဲ မင္းစာေတြႀကိဳးစားေနၿပီးေတာ့ "

" မသိဘူး မင္းေျပာလို႔ လုပ္ျဖစ္ေနတယ္ထင္တာဘဲ "

သူကေတာ့ရယ္ရယ္ေမာေမာေျပာလိုက္ေပမယ့္ ကြၽန္ေတာ္ မရယ္ေမာႏိုင္ပါ။ ဂ်ဳံးဂုကို နားလည္ဖို႔ႀကိဳးစားေလ အေဝးကိုေရာက္သြားေလလို ခံစားေနရတယ္။

" မင္းျဖစ္ခ်င္တာ တခုခုမရွိဘူးလား "

သူက ကြၽန္ေတာ့္ကို အၾကာႀကီးစိုက္ၾကည့္တယ္။ ၿပီးေတာ့ ေခါင္းညိတ္ ျပတယ္။

" အင္းရွိတယ္ "

ဘာလဲဆိုတာကို ကြၽန္ေတာ့္ကို မေျပာပါ။ သူမေျပာခ်င္တဲ့အရာထင္လို႔ ကြၽန္ေတာ္ လည္းဆက္မေမးျဖစ္ေတာ့။

" အင္းအဒါဆို မင္းျဖစ္ခ်င္တဲ့ဟာကို ႀကိဳးစားေလ "

" အင္းႀကိဳးစားမွာပါ မျဖစ္ႏိုင္ရင္ေတာင္ ငါႀကိဳးစားမွာ ထယ္ေယာင္း "

ဂ်ဳံးဂုရဲ႕စကားက ခါတိုင္း ထပ္ ပိုေလးနက္ေနတယ္။ ကြၽန္ေတာ့္ကို တည့္တည့္ၾကည့္ၿပီး ေျပာလာတဲ့ ထိုစကားေတြေၾကာင့္ ယိမ္းယိုင္ သြားတဲ့ ခံစားခ်က္ေတြကို ခံစားလိုက္ရတယ္။ ဒီတခါလည္း ကြၽန္ေတာ္ အၾကည့္လႊဲလိုက္မိတယ္။

*******

အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ဂ်ဳံးဂုရဲ႕အေၾကာင္းကို ကြၽန္ေတာ္ သိလာခဲ့ရပါသည္။ ငယ္စဥ္တည္းက သစၥာ မရွိတဲ့ ဖခင္ျဖစ္သူရဲ႕စြန႔္ျပစ္ျခင္းကို ခံခဲ့ရတယ္။ သစၥာ မရွိတဲ့လူရဲ႕သားဆိုၿပီး မိခင္ ကလည္း သူ႔အေပၚမခင္တြယ္ခဲ့ျပန္ဘူး။ အခုေတာ့ မိခင္ျဖစ္သူကလည္းဆုံးပါးခဲ့ၿပီ။ ကြၽန္ေတာ္ ဒီအေၾကာင္းေတြကိုသိၿပီးတဲ့အခ်ိန္မွာ သူ႔ကိုပိုသနားလာခဲ့တယ္။ ဘယ္သူမွမရွိတဲ့အိမ္ႀကီးထဲမွာ သူတေယာက္တည္း ဘယ္ေလာက္ေတာင္အထီးက်န္ေနခဲ့ရမလဲေလ။

စြန႔္ျပစ္ျခင္းေတြနဲ႔သာ ရွင္သန္ခဲ့ရတဲ့သူ ဒီလိုျဖစ္ေနတာ မထူးဆန္းေတာ့ပါဘူး။ သူ႔အေပၚမွာ ကြၽန္ေတာ္ နားလည္ေပးသထက္နားလည္ေပးခ်င္လာခဲ့တယ္။

^^^ Sorrowful Diary ^^^

စာေမးပြဲ ကို ကြၽန္ေတာ္ တို႔အမွတ္အမ်ားႀကီးနဲ႔ေအာင္ျမင္ခဲ့ၾကတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ တို႔ရဲ႕ သံေယာဇဥ္ ကလည္းခိုင္ၿမဲသထပ္ခိုင္ၿမဲလာခဲ့ၾကတယ္။ စာေမးပြဲကို အမွတ္ေကာင္းေကာင္းနဲ႔ေအာင္ရင္ သူလိုခ်င္တာေပးရမယ္လို႔ ဂ်ဳံးဂုကေျပာခဲ့တယ္။ ေဈးႀကီးတာေတြ မေပးႏိုင္ဘူးလို႔ေျပာေတာ့ ဂ်ဳံးဂုကရယ္ပါတယ္။

ဘာေတာင္းမယ္မွန္းမသိေပမယ့္ လိုရမယ္ရ စုထားတဲ့ပိုက္ဆံေတြကို အကုန္ထည့္လာတာဘဲ။ ဘာဘဲျဖစ္ျဖစ္ ကြၽန္ေတာ့္စိတ္တိုင္းက် ႀကိဳးစားေပးခဲ့တာကိုဘဲ ကြၽန္ေတာ့္မွာ ေပ်ာ္မဆုံးေတြျဖစ္ေနခဲ့တာ။

ဆိုင္ကယ္က အရွိန္ျပင္းျပင္းနဲ႔ ေ႐ြ႕လ်ားေနတယ္။ တရိပ္ရိပ္ က်န္ခဲ့တဲ့ျမင္ကြင္းေတြနဲ႔အတူ ကြၽန္ေတာ္ သူ႔ခါးကိုတင္းတင္းဖက္ထားမိတယ္။ ၿမိဳ႕စြန္နား လူေျချပတ္တဲ့ေနရာကိုေရာက္ေတာ့ ဂ်ဳံးဂုက ဆိုင္ကယ္ကိုရပ္လိုက္သည္။

ေဘးပတ္ဝန္းက်င္ကို မ်က္လုံးေလး ဝိုင္းၿပီး လိုက္ၾကည့္ေနတဲ့ ထယ္ေယာင္းကို ျမင္ေတာ့ ဂ်ဳံးဂုကသေဘာက်စြာရယ္သည္။ သူ႔ခမ်ာ လိုက္သာ လိုက္လာရတာ ေၾကာက္လည္း ေၾကာက္ေနတဲ့ပုံ။

" ဘာလို႔ ဒီေနရာကိုေခၚလာတာလည္း "

" စကားေအးေဆးေျပာခ်င္လို႔ "

" ေအာ္ ဆိုင္တဆိုင္ထိုင္ၿပီး ေျပာလည္း ရပါတယ္ ဂ်ဳံးဂုရာ ဒီနားလူျပတ္ကျပတ္နဲ႔ "

" ငါေျပာတာေတြကိုမင္းကလြဲၿပီး ဘယ္သူ႔ကိုမွမၾကားေစခ်င္လို႔ "

" ေျပာစမ္းပါဦး ငါ့ဆီကဘာေတြလိုခ်င္ေနလို႔ ဒီအထိတကူးတကေခၚလာရတာလဲ "

ဂ်ဳံးဂုက ဆံပင္ေတြကို ထိုးဖြလိုက္ လည္ပင္းကို ပြတ္လိုက္နဲ႔ အလုပ္ရႈပ္ေနျပန္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုၾကည့္လိုက္ ႏႈတ္ခမ္းကိုကိုက္လိုက္နဲ႔။ ႐ုတ္တရက္ ကြၽန္ေတာ့္ပုခုံးႏွစ္ဖက္ကို ဆြဲလိုက္ေတာ့ သူ႔လက္ထဲမွာ ကြၽန္ေတာ္ ကအ႐ုပ္တ႐ုပ္လိုဘဲ။ အတန္ၾကာတဲ့ထိစကားမဆိုေသးဘဲ ကြၽန္ေတာ့္ကိုဘဲစိုက္ၾကည့္ေနၿပီးမွ...

" ထယ္ေယာင္း မင္းကိုငါခ်စ္တယ္ "

ကြၽန္ေတာ့္ ကမာၻ ႀကီး ေဇာက္ထိုး ျဖစ္သြားသလိုခံစားလိုက္ရတယ္။ တဒိတ္ဒိတ္ ခုန္တက္လာတဲ့ရင္ခုန္သံေတြနဲ႔အတူ ကြၽန္ေတာ့္မ်က္ႏွာေတြပူတက္လာတယ္။ ဂ်ဳံးဂုက ကြၽန္ေတာ့္ကိုခ်စ္တယ္တဲ့။

" ငါ့ကိုျပန္ခ်စ္ေပးပါ မဟုတ္ရင္ မင္းကိုအိမ္ျပန္မပို႔ေတာ့ဘူး အခုဘဲခိုးေျပးမွာ "

ေၾကာက္ေနတဲ့ၾကားက ကြၽန္ေတာ္ ရယ္ခ်င္လာတယ္။ ဂ်ဳံးဂုရဲ႕ပုံစံက လိုခ်င္တာကို မရရေအာင္ယူမယ္ဆိုတဲ့ ကေလးေလးပုံမ်ိဳးနဲ႔။ အတင္းအက်ပ္ ေတြေျပာေနေပမယ့္ သူ႔မ်က္ဝန္းထဲမွာေတာ့ ေမွ်ာ္လင့္ျခင္းေတြပါဝင္ေနတယ္။

" ငါ့မွာ မင္းဘဲရွိတာ ထယ္ေယာင္း ဟိုးအရင္တည္းကေနအခုထိဘဲ။ ငါ့ကိုထားခဲ့တဲ့လူေတြထဲမွာ မင္းကိုမပါေစခ်င္ဘူး။ မင္းကိုငါပိုင္ခ်င္တယ္ ထယ္ေယာင္းရာ "

ကြၽန္ေတာ့္ပုခုံးကိုဆုပ္ကိုင္ရင္း ေခါင္းငိုက္စိုက္က်သြားတယ္။ တလက္လက္နဲ႔ေႂကြက်လာခဲ့တာက မ်က္ရည္ေတြ။ တခါမွ မငိုဖူးတဲ့ ဂ်ဳံးဂုက ကြၽန္ေတာ့္ေရွ႕မွာ ငိုေနခဲ့တယ္။

ပါးႏွစ္ဖက္ကေန ဆြဲယူေတာ့ မ်က္ႏွာေခ်ာေခ်ာက ကြၽန္ေတာ့္လက္ဝါးႏွစ္ဖက္ထဲမွာ။ မ်က္ရည္ေတြကိုသုတ္ေပးေတာ့ သူကကေလးေလးလိုဘဲ။ကြၽန္ေတာ့္ရင္ထဲမွာ လည္း တဒိတ္ဒိတ္ နဲ႔ႏွလုံးခုန္သံေတြက ခါတိုင္းထပ္ပိုက်ယ္ေနသလိုဘဲ။

" ငါ့ကို အိမ္ျပန္ပို႔ေပးပါ "

သူ႔ႏႈတ္ခမ္းေလး ၿပဳံးေယာင္သန္းလာတယ္။ ေခါင္းေမာ့ကာရယ္လိုက္တဲ့ပုံစံက ကြၽန္ေတာ့္ရင္ထဲထိဆြဲခါသြားခဲ့တယ္။ ဆြဲဖက္လိုက္ေတာ့ ကြၽန္ေတာ္ သူ႔ရင္ခြင္ထဲမွာ။ ဝဲဘက္ရင္အုံေပၚမွာ ကြၽန္ေတာ့္ရဲ႕ပါးအပ္ေနခဲ့တယ္။ ရင္ခုန္သံေတြထပ္တူက်တဲ့ေန႔မွာ ခ်စ္ရသူရဲ႕ ရင္ထဲကစကားေတြကို နားဆင္ခြင့္ရခဲ့သည္။ အခ်စ္ဆိုတဲ့ အဓိပၸါယ္ ေလးကို   ဂ်ဳံးဂုက ဖြင့္ဆိုေပးခဲ့တယ္။

*******

" အဲ့ေနာက္ ထယ္ေယာင္းေလးက အိမ္ကိုဖြင့္ေျပာလာခဲ့တယ္ေလ။ ကြၽန္မတို႔အေနနဲ႔ သေဘာမတူစရာမရွိခဲ့ပါဘူး။ ဂ်ဳံးဂုက ကြၽန္မေမာင္ေလးကို အရမ္းခ်စ္ရွာတယ္ေလ"

" ဟုတ္ကဲ့ "

" ဒီလိုနဲ႔ သူတို႔ uni အတူတက္ခဲ့ၾကတယ္။ ေက်ာင္းၿပီးေတာ့ သူတို႔ကိုလက္ထပ္ေပးခဲ့တယ္"

သူမကေျပာရင္း မ်က္ရည္ေတြဝဲလာခဲ့ျပန္တယ္။

" ျပသနာေတြက အဲ့မွာဘဲစခဲ့တယ္ဆရာမရယ္"

*******

ေက်ာင္းၿပီးေတာ့ ကြၽန္ေတာ္ တို႔လက္ထပ္ခဲ့ၾကတယ္။ လက္ထပ္ၿပီးေတာ့ ဂ်ဳံးဂုရဲ႕အိမ္မွာဘဲ လိုက္ေနခဲ့တယ္။ ကြၽန္ေတာ္ စိတ္ကူးထားတဲ့ မိသားစုေလးကို ခ်စ္ရတဲ့ သူနဲ႔အတူ ထူေထာင္ရေတာ့မွာမလို႔ ကြၽန္ေတာ့္ရဲ႕အေပ်ာ္ေတြကေတာ့ေျပာမျပတတ္ေအာင္ဘဲေပါ့။ ဂ်ဳံးဂုက ကြၽန္ေတာ့္ကိုသိပ္ခ်စ္ပါတယ္။ ဒါေပမယ့္ အစြန္းေရာက္လြန္းတဲ့အခ်စ္ေတြေၾကာင့္ ကြၽန္ေတာ္ မြန္းၾကပ္လာခဲ့တယ္။

" ဒါဘယ္ကျပန္လာတာလဲ "

အိမ္ထဲ ဝင္ဝင္ခ်င္း အေမာမေျပစရာႀကဳံေတာ့ ထယ္ေယာင္းစိတ္ညစ္သြားတယ္။ လက္ထပ္ထားတာ ဘာလိုလိုနဲ႔ ၁ႏွစ္ရွိသြားခဲ့ၿပီ။ ေက်ာင္းၿပီးတည္းကအလုပ္ေတြလိုက္ေလ်ာက္ေနတာ ဂ်ဳံးဂုက သိတိုင္းဖ်က္ခဲ့တာေတြခ်ည္းဘဲ။

" ဘာလို႔လဲ "

" အလုပ္သြားေလ်ာက္ျပန္ၿပီမလား "

" အလုပ္သြားေလ်ာက္တာ အျပစ္လုပ္တာမွမဟုတ္တာ ဂ်ဳံးဂုရယ္ ငါလည္း ပညာေတြသင္ထားတာ အလကားေနဖို႔မွမဟုတ္တာ "

ေက်ာင္းမၿပီးခင္တည္းက ဂ်ဳံးဂုကသူ႔ကိုယ္ပိုင္စီးပြားေရးကိုစလုပ္ေနၿပီျဖစ္သည္။ နဂိုတည္းကခ်မ္းသာခဲ့သူမလို႔ ဂ်ဳံးဂုမွာ ဘာလုပ္လုပ္အခက္ခဲမျဖစ္ခဲ့။ အသစ္တည္ေထာင္ထားတဲ့ စီးပြားေရး ကလည္း တျဖည္းျဖည္း နဲ႔အရွိန္တက္ကာေအာင္ျမင္လာခဲ့သည္။ အမွန္ဆို သူဘာမွမလုပ္လည္းေနလို႔ရတဲ့အေနအထားပါ။ ဒါေပမယ့္ သူေနခ်င္တာ ဒီလိုဘဝမွမဟုတ္တာ။

" ဘာအလုပ္မွမေလ်ာက္နဲ႔ "

" ဂ်ဳံးဂု မင္းငါ့ဘက္ကို နည္းနည္းေလာက္နားလည္ေပးပါဦးလား ဒီ ၁ ႏွစ္အတြင္းငါမင္းသေဘာက်ေနေပးခဲ့တယ္ေလ "

ဂ်ဳံးဂုက မ်က္ႏွာတည္တင္းေနကာမ်က္ဝန္းေတြကစူးရဲေနသည္။ ဒီလိုအခ်ိန္ေတြမွာဆို ဂ်ဳံးဂုကို ကြၽန္ေတာ္ ေၾကာက္ပါသည္။ သူ႔ကိုေၾကာက္သလို အစြန္းေရာက္လြန္းတဲ့ သူ႔အခ်စ္ေတြကိုလည္း ကြၽန္ေတာ္ ေၾကာက္လာခဲ့သည္။

" ေနရမယ္ မင္းကို ငါျပည့္စုံေအာင္ထားေပးေနတာဘဲ ဘာေတြလိုေနေသးလို႔လည္း"

" ျပည့္စုံေအာင္ထားတာဟုတ္တယ္ ဒါေပမယ့္ ငါ့ဘဝကို အိမ္ထဲမွာဘဲ အဆုံးမသတ္ခ်င္ဘူး ဂ်ဳံးဂု။ အခု႐ြယ္တူသူငယ္ခ်င္းေတြ အလုပ္နဲ႔အကိုင္နဲ႔ ငါတေယာက္တည္း ေယာင္ဝါးဝါးနဲ႔အလုပ္မရွိအကိုင္မရွိ"

" မလုပ္ရဘူး မင္းဘယ္ေန ရာမွာမွအလုပ္မလုပ္ရဘူး ၿပီးရင္အလုပ္သေဘာအရ ပတ္သက္ရာပတ္သတ္ေၾကာင္းေတြနဲ႔ ဇယားေတြက ရႈပ္လာမယ္ အဒါေတြငါမႀကိဳက္တာ မင္းအသိဆုံးေနာ္ထယ္ေယာင္း "

ကြၽန္ေတာ့္ရင္ထဲမွာ တဆစ္ဆစ္နဲ႔နာလာရသည္။ ကြၽန္ေတာ့္ဘဝမွာ သူ႔ကို ပထမဆုံးနဲ႔ ေနာက္ဆုံးခ်စ္ခဲ့သည္။ ဒါေပမယ့္ ကြၽန္ေတာ္ ျပန္ရလာခဲ့တာေတြက သူ႔ရဲ႕ မယုံၾကည္မႈေတြနဲ႔ သံသယေတြ။

" ငါမြန္းၾကပ္တယ္ ေသခ်င္ေလာက္ေအာင္ မြန္းၾကပ္တယ္ မင္းနဲ႔အတူ ေနေနရမယ့္အစား ေသသြားတာကမွ ေကာင္းဦးမယ္ "

" ဘာ "

က်ယ္ေလာင္ေသာ အသံအဆုံးမွာ ထယ္ေယာင္းပုခုံးႏွစ္ဖက္ကေန အၾကမ္းပတမ္းေဆာင့္ဆြဲခံလိုက္ရတယ္။ စူးစူးရဲရဲမ်က္ဝန္းေတြကို မ်က္ရည္ေတြနဲ႔မ်က္ဝန္းေတြက နာက်င္စြာျပန္စိုက္ၾကည့္ေနခဲ့တယ္။

" မင္းထပ္ေျပာစမ္း "

" ငါမင္းအနားမွာ ေနရတာ မြန္းၾကပ္လာၿပီ ဂ်ဳံးဂု "

ေျဖာင္းခနဲ ႐ိုက္သံအဆုံးမွာ ထယ္ေယာင္းၾကမ္းျပင္မွာ ပုံက်သြားတယ္။ ႏႈတ္ခမ္းေထာင့္မွာ စီးက်လာတဲ့ ေသြးေတြနဲ႔အတူ မုန္းတီးေနေသာအၾကည့္ေတြကို ဂ်ဳံးဂုခံႏိုင္ရည္မရွိခဲ့။

" ေယာင္း ...."

" ဖယ္ ... ငါ့ကိုမထိနဲ႔ "

အတင္း႐ုန္းကန္ေနသည့္ၾကားမွ ဂ်ဳံးဂုက ထယ္ေယာင္းကို တင္းတင္းဖက္ထားခဲ့ပါသည္။ တဆတ္ဆတ္တုန္ယင္စြာငိုေနတဲ့ေကာင္ေလးကို ဂ်ဳံးဂုကေၾကာက္လန႔္စြာဖက္ထားခဲ့သည္။

" ကိုယ့္ကို အဲ့လို မေျပာပါနဲ႔ ေယာင္းရာ မင္းကိုယ့္အနားမွာ မရွိေတာ့မွာ ကိုယ္အရမ္းေၾကာက္တာ ကိုယ္ေတာင္းပန္ပါတယ္ကြာ "

" အ႐ူးမင္းကအ႐ူး မင္းဆီကေန ငါရေအာင္ထြက္ေျပးမွာ "

" ဘာ ... မသြားရဘူး မင္းငါ့အနားကေနတလွမ္းေတာင္ထြက္ေျပးလို႔မရဘူးထယ္ေယာင္း "

ခြန္အားျခင္း ယွဥ္လာတဲ့အခါ ကြၽန္ေတာ္ ဂ်ဳံးဂုကိုမႏိုင္ခဲ့ပါ။ ႐ုန္းကန္ေနတဲ့ၾကားက ကြၽန္ေတာ့္ကို ေပြ႕ခ်ီလာၿပီး အခန္းတခန္းထဲမွာ ေသာ့ပိတ္ထားခဲ့တယ္။ ဒါက အခုမွ မဟုတ္ပါဘူး ကြၽန္ေတာ္ အျပင္ထြက္တိုင္း ဂ်ဳံးဂုလုပ္ေလ့ရွိတဲ့အျပဳအမူေတြပါ။

_______

ညေနက်ေတာ့ ထမင္းဟင္းေတြနဲ႔အတူ ဂ်ဳံးဂုအခန္းထဲဝင္လာခဲ့တယ္။ ကြၽန္ေတာ္ မထင္ခဲ့ဘူး သူက psychopath တေယာက္လို႔။ ကြၽန္ေတာ္ တေနရာရာကိုသြားတိုင္း သူ႔ကိုထားခဲ့မယ္ဘဲ ထင္ေနခဲ့တယ္။  ကြၽန္ေတာ့္ကို သူ႔အနားမွာဘဲ တခ်ိန္လုံးရွိေနေစခ်င္တယ္။ လိုအပ္တာေလးေတြရွိလို႔ ဟိုနားသည္နားထြက္ဝယ္ရင္ေတာင္ ျပန္လာရင္ အႀကီးအက်ယ္ စကားေတြမ်ားရၿမဲျဖစ္သည္။

" ေယာင္း "

" ထြက္သြား "

" ကိုယ္ေတာင္းပန္ပါတယ္ကြာ ေနာ္။ တကယ္ေျပာတာ ေယာင္းအခုလို ျဖစ္ေနရင္ကိုယ္႐ူးေတာ့မလိုဘဲ ေက်းဇူးျပဳလို႔အရင္လိုျပန္ေနေပးပါကြာ "

" ငါ့ကိုအရင္လိုျပန္ျဖစ္ေစခ်င္ရင္ မင္းအခ်ိဳးေတြကိုေျပာင္း ဂ်ဳံးဂု ငါ့အခုအရမ္းမြန္းၾကပ္ေနတယ္ေနာ္ ငါေသခ်င္ေလာက္ေအာင္ကိုမြန္းၾကပ္ေနတယ္ ငါကိုယ့္ကိုကိုယ္သတ္ေသဖို႔လည္း ဝန္မေလးဘူးေနာ္ "

ကြၽန္ေတာ့္စကားမွာ သူအႀကီးအက်ယ္တုန္လႈပ္သြားပုံပါဘဲ။ မ်က္ရည္ေတြက်လာၿပီး ရႈိက္ငိုတယ္။ ၿပီးေတာ့အသင့္ယူလာတဲ့ ေဆးဗူးကို ထုတ္ၿပီး သူ႐ိုက္ထားတဲ့ေနရာကို ေဆးလိမ္းေပးျပန္တယ္။

" ကိုယ္က မင္းကိုခ်စ္လြန္းလို႔ပါကြာ။ ကိုယ့္ဘဝမွာ အရင္ကေရာ အခုေရာ မင္းဘဲရွိတာေလ"

ဒီလိုက်ေတာ့လည္း ကြၽန္ေတာ္ သူ႔ကိုသနားမိပါသည္။ ဒါေပမယ့္ ဒီသနားစိတ္ေတြကဘဲ ကြၽန္ေတာ့္ကို နာက်င္မႈေတြထဲကိုတျဖည္းျဖည္းနစ္ေစခဲ့သည္။ ေျပာသင့္တာကိုေတာ့ေျပာရမည္ ဒီအတိုင္းဆက္သြားေနလ်င္ ကြၽန္ေတာ္တို႔အိမ္ေထာင္ေရးက ေခ်ာေမြ႕မည္မဟုတ္။ ဒဏ္ရာက ထပ္ပါမ်ားလာရင္ ေပ်ာက္ဖို႔လြယ္ေတာ့မည္မဟုတ္ေတာ့။ ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေတြထဲကို ရဲရဲတင္းတင္းၾကည့္ကာ ဆိုမိသည္။

" မင္းကခ်စ္တာကငါမေပ်ာ္ရဘူးေလ ခ်စ္ရင္ခ်စ္တဲ့သူကို စိတ္ခ်မ္းသာေအာင္ထားရမွာမဟုတ္ဖူးလား ဒါေပမယ့္မင္းအတြက္နဲ႔ငါအၿမဲနာက်င္ေနခဲ့ရတာ "

ကြၽန္ေတာ့္စကားအဆုံးမွာ သူတစ္ခုခုကိုအေလးအနက္ေတြးေတာေနပုံပါဘဲ။ ဒါေပမယ့္ သူငိုေနခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ႏွဖူးကိုဖြဖြေလးနမ္းရင္းဆိုလာခဲ့တယ္။

မနက္ျဖန္ ကစလို႔ ေယာင္းအလုပ္ရွာေနာ္တဲ့ ။

*******

Tbc ____

ခ်စ္ျခင္းမ်ားျဖင့္
JeonYiMon ✍

ဒါေလးကိုသေဘာက်ရဲ႕လားမသိဘူး ပထမဆုံး short story ေရးတာမလို႔ လိုအပ္ခ်က္ေတြရွိေနမွာပါကေလးတို႔ေရ ဖတ္ေပးတဲ့ သူေလးေတြတစ္ဦးခ်င္းစီကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ 💜

Продолжить чтение

Вам также понравится

37K 4.5K 42
I don't wanna be right .
Hat Trick Leo_nethu

Фанфик

8.2K 1.3K 27
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
65.7K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...