Spring

Por BlackDevil0_0

150K 5.3K 1K

Request (One Shots) Mais

ပိုင်ဆိုင်ရာ
ပိုင်ဆိုင်ရာ(Zawgyi code)
မောင့်ရဲ့ခိုနားရာ(Zawgyi)
သခင်ငယ်(Unicode)
သခင်ငယ်(Zawgyicode)
ဘဝက ကိုကိုပါ(Unicode)
ဘဝက ကိုကိုပါ (zawgyi)
သော်ကနီထွေး(Unicode)
သော်ကနီထွေး(Zawgyi code)
Alex is Yours.Part-A
Alex is Yours.Part-A
Alex is yours Part-B
Alex is yours. Part-B
Alex is yours(Final)
Alex Is Yours(Final)Z
အသည်းကျော်၊ ပဲလှော်(U)
အသည်းကျော်ပဲလှော်(Z)
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်(Z)
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်2
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်2(Z)
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်3
စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်3(Z)
Little Lovely Root
Little Lovely Root(Z)
လောင်ဆပ်(U)
လောင်ဆပ်(Z)
ကံ့ကော်တွေလား ဥဩသံချိုအောက်ဆိတ်ခဲ့ရပေါ့ (၁)
ကံ့ကော်တွေလား ဥဩသံချိုအောက် ဆိတ်ခဲ့ရပေါ့(၁)Z
ကံ့ကော်တွေလား ဥဩသံချိုအောက် ဆိတ်ခဲ့ရပေါ့ ၂
ကံ့ကော်တွေလား ဩဥသံချိုအောက် ဆိတ်ခဲ့ရပေါ့(၂)Z
ချာတိတ်(inner child)
Forbidden love
ကိုကို့ချာတိတ်
သူဌေးကြီး ဦးမိုးဒေဝါ စားပြီ
သူဌေးကြီးဦးမိုးဒေဝါ စားပြီ (Z)
တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့
တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့(Z)
My Brain isn't Your Snack❗
Safety Zone (Part A) U
Safety Zone (Part-A) Z
Safety Zone Part-B(U)
Safety Zone Part-B(Z)
လှိုင်းဝဲဂယက်ဝယ်
ရာဟုဖွဲ့တေးဆီသို့...။(U)
ရာဟုဖွဲ့တေးဆီသို့...။(Z)
နှစ်ဦးနှစ်ကူး
Join! Join!Plz
သုသျှင်ရဲ့ မုယောသွဲ့သွဲ့
Give Away!Closed!
GA Winners
သုသျှင်! info

မောင့်ရဲ့ ခိုနားရာ

9.5K 304 27
Por BlackDevil0_0

Bad boys Squab(မောင့်ရဲ့ ခိုနားရာ)

Cast-ခန့်လွန်းမောင်၊မြတ်လင်းသန့်

"မင်းတို့က မောင် ကို ဘာထင်နေတာလဲ ဟမ်"

Baseballရိုက်တံကို ပုခုံးပေါ် တင်ရင်း လူသုံးယောက်ခြံရံထားသည့် အလယ်မှာ ရပ်နေသည့် Silver blue ဆံပင်ပိုင်ရှင်ကောင်လေးက မိုက်မိုက်ကန်းကန်း။

ပင့်ထားသည့် မျက်ခုံးတို့က မော်ချီနေကာ နှုတ်ခမ်းထက် မပွင့်တစ်ပွင့် မဲ့ပြုံးက သွားစွယ်ပေါ်က စိန်ပွင့်လေးကို လက်ခနဲ ထင်းနေစေသည်။

နဖူးထက် ပုဝါအပြာတစ်ထည်ကို ဆံပင်တွေ ဖရိုဖ​ရဲ ဖြစ်နေသည့်ကြားထဲ စည်းနှောင်ထားသေးသည်။

နားပေါက် သုံးပေါက် အပြည့်ဝတ်ထားသည့် နားကွင်းပိစိတို့က ရှုပ်ထွေးနေဟန်ပေမယ့် လိုက်ဖက်နေသည်။

တီရှပ်အဖြူ ပေါ်မှာ အနက်ရောင် ဂျင်းဂျက်ကပ်အပွကို ထပ်ဝတ်ထားကာ အောက်က ပြဲရာ ဗလပွနှင့် ကိုယ်ကျပ်တစ်ထည်နှင့် ကောင်ဆိုးလေးပုံစံက မိမိမိုက်မိုက်။

တစ်ဖက်မှာလည်း သူတိူ့အဖွဲ့နှင့် ပြိုင်ရပ်နေသည့် ငါးယောက်အုပ်စုရှိနေသည်။

"ဟေ့ကောင် ဆောက်စကားတွေများမနေနဲ့ မင်း ငါ့အလှလေးကို ဖြတ်ခုတ်သွားတာ ဘာအချိုးလဲ"

"မင်းအလှလေးကို မင်းပြန်မေးကြည့်စမ်းပါဦး မောင်တို့က အားအားယားယား ဖြတ်ခုတ်မနေဘူး မောင့်အနား အလိုလိုရောက်လာတာတော့ မတတ်နိုင်ဘူး
မင်းတို့လို သွားရေတများများလည်းဖြစ်မနေဘူး
ခွေးပစ်ပြီး လူဘက်ကပ်တာနေမှာပေါ့ ခက်တာက မောင်ကလည်း အဲ့လိုဇယားမျိုးကို ရွံနေတဲ့ကောင်!"

မောင့်ပြောစကားက တစ်ဖက်လူကို စပ်သွားစေတယ်ထင်ပါရဲ့ ဝုန်းဒိုင်းကြဲ ဆဲသံနှင့်အတူ မောင့်ဆီ ပြေးဝင်လာသည်။

"ခန့်လွန်းမောင်!! မင်း! ခွေးသူတောင်းစား!!"

ရင်ဘတ်နား ဦးတည်နေတဲ့ သံချောင်းကို ခြေထောက်နှင့်ပင် ဖြတ်ကန်ရင်း ထိုကောင့်လက်ပြင်ရိုးထက် baseballရိုက်တံကို နေရာချပေးလိုက်သည်။

"Welcome baby!"

ရန်ပွဲ စပြီမို့ နှစ်ဘက်လုံး ထိုးသံ ရိုက်ချသံတို့နှင့် ဆူညံနေသည်။

"အ!"

မောင့် မျက်နှာ ကို လာထိသည့် လက်သီးချက်ကြောင့် ဒေါသက ထောင်းခနဲ။
မျက်နှာထိရင် ပြဿနာတတ်နိုင်လို့ ရန်ပွဲတိုင်း သတိထားနေခဲ့တာကို ။
ဒီခွေးနဲ့မှ...။

ဖြောင်းခနဲ ဇက်ပိုး တည့်တည့် ရိုက်တံကို အရှိန်ပြင်းပြင်း မိတ်ဆက်ပေးလိုက်တော့ မြေပေါ် ယိုင်ကျသွားသည်။

"မှတ်ထား! မောင့် ကို လာထိချင်ရင် မင်းတို့တစ်ဘဝလုံး ချို့ယွင်းချက် ရသွားစေရမယ် "

ပြောရင်း ဒူးတည့်တည့် ထပ်ရိုက်ပေးလိုက်သည်။

"အား!"

ကျိုးသွားမှာ သေချာသည်။

ကိုယ့်ကောင်တွေ လက်စွမ်းကိုလည်း ယုံတာမို့ ခဏချင်းပင် အလဲလဲအပြိုပြို အထိနာကုန်တဲ့ တစ်ဖက်ကကောင်တွေက သူတို့လူ သူတို့ခေါ်၍ ပြေးကုန်ကြပြီ။

"မောင် လစ်စို့"

"အင်း ကောင်း! "

ကောင်းရဲ့ သတိပေးစကားမှာ ပြန်ဖို့ ကားပေါ်တက်ရန် ပြင်လိုက်စဥ် ​သော်က ရဲ့ အလန့်တကြား ​အော်သံက တစ်ဖွဲ့လုံးကို ထိတ်လန့်စေသည်။

"မောင်! မင်း မင်းလူကြီး ကား!"

"Shit! မောင် မင်းပြောတော့ မင်းဘဲကြီးပါ ပါသွားတာဆို!"

ငြိမ်နေတတ်သည့် ဆည်းကပါ အသံထွက်ဆဲလာသည်။
မောင်သည်လည်း လက်ထဲက ရိုက်တံကို အဝေး ပစ်၍ လက်စဖျောက်ရသည်။

"ငါကိုယ်တိုင် လေဆိပ်လိုက်ပို့ခဲ့တာကွ အခုက ဘယ်လိုဖြစ်လို့ လူအကောင်လိုက် ရောက်လာသလဲ မသိဘူး သေတော့မှာပဲ"

Hyundai အပြာရောင်လေးပေါ် လေးယောက်သား အပြိုင်ဝင်ဖို့ လုပ်ပေမယ့် နံဘေးနား ရောက်လာပြီ ဖြစ်သည့် Audi A7 အဖြူရောင်ကြောင့် မောင် အသက်ကိုသာခပ်ပြင်းပြင်းရှူလိုက်သည်။

"မောင် ငါတို့တော့ သေနေ့စေ့ပြီ "

စိတ်ပျက်လက်ပျက်ထွက်လာတဲ့ သော်က' စကားက တကယ် မှန်နေတာမို့ သူတို့မကန့်ကွက်မိ။
လေးယောက်လုံး မှာ ဆိုင်ရာပိုင်ရာတွေနဲ့မို့ ခြေငြိမ်နေကြပေမယ့် အုပ်စုဖွဲ့ အခုလို သောင်းကျန်းတာမျိုးလည်းရှိသည်။
ထိတ်ထိတ်ကြဲလေးယောက်မို့ ဘယ်သူ့မှ မမှုပေမယ့် ဆိုင်ရာပိုင်ရာလေးဦးကိုတော့ မှုရသည်။
တစ်လောကလုံးနဲ့ သေးသေးတင်မခံ အပြိုင်မိုက်ရဲ သတ်ရဲပေမယ့် ထိုလေးဦးကတော့ သူတို့အတွက် ချွင်းချက်။

ထွက်ပြေးလို့ လွတ်နိုင်တော့မည်မဟုတ်တာကြောင့် လေးယောက်သား Audi ပေါ်က ဆင်းလာမည့်သူကိုသာ စောင့်နေကြရသည်။

ဆိုင်ရာပိုင်ရာထဲက တစ်ယောက်သိသွားရင်ကို ကျန်တဲ့သုံးယောက်ဆီပါ သတင်းရောက်ပြီးသားမို့ မလှုပ်ရဲပါ။

ကားတံခါးဖွင့်သံနှင့်အတူ ဆောင့်ပိတ်သံ ဝုန်းခနဲပါ ကြားလိုက်ရသည်မို့ လေးယောက်သား တုန်ခနဲ။

"မောင်"

"ဗျာ! ကို~ကြီး"

နာမည်ခေါ်သံ ကြောင့်ဆတ်ခနဲ မော့ကြည့်ပြီး ထူးရသည်။
ဆုံလိုက်ရသည့် မျက်ဝန်းနက်တို့က မောင် အသွေးအသားတွေထိ စူးနစ်တော့မတတ် ခံစားရသည်။
ကြုံ့ထားသည့် မျက်ခုံးထူထူကြောင့် တံတွေးကိုသာ မျိုချရသလို၊ မျက်နှာပေါ်က သွေးစ ဆီ အကြည့်ရောက်လာချိန်တွင် တင်းသွားသည့် မေးရိုးတို့က အသက်ရှူပင်မှားချင်ချင်ဖြစ်ရသည်။

"ဒါက မင်းတို့ စာလုပ်တဲ့နေရာ?"

လေးယောက်လုံးကို ခြုံကြည့်ပြီး မေးလာသည့်စကားက မောင်တို့ကို တောင့်ခနဲ အေးခဲသွားလုမတက်။

ရှူးဖိနပ်ရဲ့ သေသပ်ပိရိသည့်ခြေသံကပင် သူတို့ကို ရင်မောစေသည်။

"မင်းတို့ ကိုယ့်ကို ပြောသွားတုန်းက ဒီလိုစုတ်တီးစုတ်ပဲ့ နေရာမှာ စာလုပ်ကြမယ်မှန်း မသိရပါ့လား"

စိတ်ရှုပ်ဟန် ရှပ်အင်္ကျီက အပေါ်ဆုံးကြယ်သီးတို့ကို ဆွဲ ဖြုတ်နေရင်း ခပ်ဖြည်းဖြည်းပြောနေသူသည် သေချာပေါက် စိတ်တိုနေပြီ။

"မောင် မင်းပုံစံက ဘယ်လိုတောင် စုတ်ပဲ့နေရတာလဲ ငါနဲ့ဝေးတာ တစ်နေ့ခင်းပဲ ရှိသေးတယ်"

ခေါင်းပေါ်က ဆံပင်တွေကို ရည်ရွယ်မှန်းသိလိုက်သည်မို့ ​မောင့်မျက်နှာက ကွက်ခနဲပျက်ရသည်။
မနက်ခင်းကမှ ပြောင်းထားသည့် ဆံပင်ကာလာလေး ဒီညအတွက် RIPတော့မည်။

ထိုအချိန်မှာပဲ ကိုကြီးphလေးက ထမြည်လာသည်။

"အင်း စည်သူ"

စည်သူဆိုသောအသံကြားသည်နှင့် သော့်ခေါင်းသည် ဆတ်ခနဲ ထောင်လာရသည်။

မျက်ခုံးအထက်နားကို လက်ညှိုးဖြင့် ကုပ်ရင်း သူတို့လေးယောက်ကို တစ်ချက်တစ်ချက်လှမ်းကြည့်ရင်း.ဖုန်းပြောနေသူကြောင့် ရန်ဖြစ်ခဲ့တုန်းက သတ္တိတွေသည် ဆုံးစမြုပ်စ။

"သန့်! မင်းပဲ ကိုယ့်အစား အကြို ကျွေးပေးလိုက်တော့ သော်က ကို ကိုယ်နဲ့ နောက်မှ ဆက်ရှင်းမယ်လို့ပါ ပြောလိုက် အာ! ဆည်းဆာနဲ့ ကောင်း အတွက်ကောတဲ့ ကျန်တာက ပြန်လာမှ ရှင်းမယ် အခု ဒါပဲ ကိုယ်တို့ သုံးယောက်လုံးမအားတော့လို့"

Speakerဖွင့်လိုက်သည်ကြောင့် တစ်ဖက်က စကားပြောသံတို့ကို ကြားရသည်။

သေမိန့်ကျတာသည် ဧကန်အမှန်မုချ။

"ကြားတယ်နော်! "

​သော်ကတို့ သုံးယောက်မျက်နှာလေးတွေသည် ငယ် ကျလာသလို မောင်သည်လည်း ချွေးပြန်နေပြီ။
သူက သေချာပေါက်ကို ကိုကြီးရဲ့ အကြိုကိုကော အတည်ရှင်းတာကော တစ်ပြိုင်တည်းမိမှာ။

"မောင် မင်း ပစ်လိုက်တဲ့ ရိုက်တံ သွားကောက်ခဲ့!"

Holy s*! စိတ်ထဲက သာ အော်နေမိသည်။

မဲ့တဲ့တဲ့နဲ့ ကိုကြီးမလာခင်လတ်စဖျောက်၍ ပစ်လိုက်သည့် baseball ရိုက်တံကို ရှာရသည်။

မိနစ်နည်းနည်းလောက်အချိန်ယူလိုက်ရသည်။ မောင် က အရှိန်နဲ့ ရောက်ရာပေါက်ရာ ပစ်လိုက်တာမို့ ကားကြိုကားကြားထဲထိ ခက်ခက်ခဲခဲ ဝင်ယူလိုက်ရသည်။
တော်သေးတာတစ်ခုသည်...ဟို​ကောင်တွေ အရင်ပြေးကုန်ကြလို့။ မဟုတ်ရင် သူတို့လေးယောက် အကျွေးခံရပုံကို မြင်သွားနိုင်သည်။
အဲ့လိုဆို မောင် အဲ့ကောင်တွေကို သတ်မိမလားပင်မပြောတတ်။

"မောင် ကြာတယ်!"

"လာပြီ ကိုကြီး"

စိတ်မရှည်တော့တဲ့အသံကြောင့် အပြေးလေး ကိုကြီးရှေ့ ရောက်လာရသည်။
ဟိုသုံးကောင်သည်လည်း မောင့်ကို မျက်နှာငယ်လေးနှင့် ကြည့်နေသည်။
သူတို့လေးယောက် တကယ်ကို ဘဝပျက်နေတာပဲ။ အပြင်လူတွေသာ ဒီပုံစံ မြင်ရင် မောင်တို့အုပ်စုမှ ဟုတ်ရဲ့လားဟု မျက်လုံးပွတ်ကြည့်ချင်စရာ။

ဘယ်တတ်နိုင်မလဲ။
အချစ်ကြောင့် အချိုးလည်းပြေရသလို၊ အချစ်ကြောင့်ပဲ အပိုးလည်းကျိုးရသည်။
အခုတော့ ချစ်လို့ပဲ နာနာခံခံ အကျွေးခံရဦးမည်။
အချစ်ဒုက္ခတွေထဲ မျက်ရည်ပင်လယ်ဝေရတော့မည့် မောင်တို့ဘဝပါလေ။

"​လေးယောက်လုံး ကားမှာ လက်ထောက်ထား!"

သြဇာပါသည့် အသံလှိုင်းသည် ​​ညလေအေးတွေကြား မာန်ပါလွန်းသည်။

ရိုက်တံကို လက်ထဲ ဆ နေသည့် ဦးမြတ်လင်းသန့်သည် ဝတ်လာသည့် ကုတ်အင်္ကျီအညိုရောင်ကို တံတောင်ဆစ်နားအထိ ပင့်တင်​လိုက်သေးသည်။

"မောင် မင်း အရင်!"

"ဖြောင်း!"

"အင့် "

​ဖြောင်းခနဲ ရိုက်သံနှင့်အတူ အင့်ခနဲထွက်လာသည့်အသံက မောင့်ဆီကမို့ သုံးယောက်သား မျက်နှာ မလန်းနိုင်တော့။
လေးယောက်တည်းမှာ ကိုလင်းဆီက လက်စာ မမိဘူးသူ ဟူ၍ မရှိ။
သက်ဆိုင်သူတွေထဲ မြတ်လင်းသန့်ဆိုသည့် မောင့်လူကြီးက အသက်ငယ်ဆုံး ဖြစ်တာကြောင့် သူတို့ရဲ့ ပေါက်ကရတွေတိုင်း ကိုလင်းဆီမှာ မိတတ်စမြဲ။

"ဖြောင်း!"

"အ!"

အသံထွက်ရင် မကြိုက်တတ်သူအကြောင်းသိနေသူမို့ ​တတ်နိုင်သလောက် ထိန်းနေပေမယ့် ကိုကြီးလက်သံက တစ်ချက်ဆို တစ်ချက်ပင်။
တင်ပါးပေါ် ပူထူပြီး နာကျင်နေတာက ပြောမပြတတ်အောင် ....မောင့် မို့လို့ ပိုလက်စ ပြင်းနေသလားပင် မပြောတတ်။

"ဖြောင်း!!"

"အား! "

"ခန့် လွန်း မောင်! အသံထွက်တာကို ကိုယ်မကြိုက်တာ မေ့နေတာလား!ဟမ်!"

"မဟုတ် အင့် နာလို့ပါ မထွက် တော့ ပါ ဘူး"

"ဖြောင်း!!"

ပို ပြင်းလာသည့် ရိုက်ချက်က တင်ပါးတစ်ခုလုံးပေါ် နှံ့နှံ့စပ်စပ်။
အသံမထွက်မိအောင် နှုတ်ခမ်းသားတို့ကို ကြိတ်ထားတော့ ပို၍ ခံရခက်သည်။

"ဖြောင်း!!!"

"အ~"

"သော်က!"

Oh God! မောင့် ကိုကြည့်ရင်းပင် ဖင်က ကျိန်းနေတာ။ ကိုလင်းက ဘာလို့ အရင်ခေါ်နေရတာလဲ။တကယ်ပဲ ကံမကောင်းပါ ဒီနေ့သည် ငသော့်အတွက် ပြဿဒါးပဲ။

"မောင်! မင်း ကို ဘယ်သူက ပွတ်ခိုင်းနေလို့လဲ!"

"ဗျာ! နာ နာလို့.. ဟုတ် မပွတ်တော့ပါဘူး"

ဖြေရှင်းချက်ပေးဖို့ပြင်လိုက်ပေမယ့် တွန့်ချိုးထားသည့် မျက်ခုံးတန်းအုပ်မိုးထားသည့် အကြည့်တစ်ချက်မှာ လိမ်လိမ်မာမာပင် စကားနားထောင်လိုက်ရသည်။
ပူထူစပ်ဖျဥ်းနေသည့် တင်ပါးပေါ်က သက်သာလိုငြား ပွတ်နေမိသည့်လက်တို့ကို ရှေ့သိူ့ ပြန်သယ်ယူလိုက်ရသည်။

​"ဖြောင်း!"

"အား!!"

မောင့်ကို လှမ်းမာန်ရင်း သော်က တင်ပါးပေါ်ရိုက်ချက်ရောက်လာသည်က တစ်ဆက်တည်း။
တစ်ချက်တည်းနဲ့တင် မီးပွင့်နိုင်သည့်လက်စာက အီစိမ့်​နေချက်က ဒန်ပေါက်စားပြီး မလိုင်လုံးသုံးလေးလုံး ထက်စားလိုက်လို့
သွေးတက်တာထက်ပင် အဆများစွာသာသည်။
ဟိုအကောင် မောင် ဘယ်လိုများအသံထိန်းနေခဲ့သလဲမသိ။

"မြတ်သော်က! အသံတစ်သံမှ မကြားချင်ဘူး"

"ဖြောင်း!"

"."

နှုတ်ခမ်းသားတို့ကို တင်းတင်းစေ့ရင်း မာန်ကိုတင်းထားလိုက်ရသည်။ ကိုလင်းအသံက တကယ် ​ကြက်သီးထဖွယ်ရာ။
မြတ်သော်ကတို့ လိမ်လိမ်မာမာနဲ့ နာခံလိုက်တာသည် အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။

နောက်ထပ် သုံးချက်သည် မိုးကြိုးအဆင်းတစ်ရာလောက်များ သော်က တင်ပါးထက်ပစ်ချလိုက်သလား ထင်မှတ်မှားရသည်။
ငါးချက်ပြည့်ချိန်တွင် ခုန်ဆွခုန်ဆွနှင့် သက်သာလိုငြား ခြေထောက်တို့ကို အလုပ်ပေးရင်း မောင့် နံဘေးသွားရပ်လိုက်ရသည်။
မရပ်လို့လည်းမရ ခုန်ဆွနေသည့် သူ့ပုံစံကို ကိုလင်းသည် လှမ်းကြည့်လာပြီမို့ မောင့်အနားသာ တိုးကပ်ရင်း ငြိမ်လိုက်ရသည်။

"ကောင်း!"

နာမည်ခေါ်သံနှင့်အတူ ဖြောင်းခနဲ မီးပြင်းတစ်စသည် ကောင်းရဲ့ တင်ပါးထက် မြန်ဆန်စွာနေရာယူသည်။
တော်တန်ရုံ ဒဏ်ခံနိုင်သည့် ကောင်းလို သူပင် နာသည်အထိ ကိုလင်း လက်စက တကယ်ပြင်းသည်။

လေးချက် သည် လျင်မြန်စွာပင် ခပ်မြန်မြန် ပြီးသွားပေမယ့် ပူထူကျိန်းစပ်လာသည်က မီးကွက်လောင်လိုက်သလိုပင်ထင်ရသည်။
သူ သည်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း သော်ကတို့နံဘေးသွားရသည်။

နောက်ဆုံးတစ်ယောက်သည် ဆည်း..။
သူတို့ထဲမှာ ဆည်းက ​ဖြူဖြူသေးသေးနှင့် အေးစက်စက်နိုင်သည်။ ဘာကိုမှ ဂရုမစိုက်တတ်သော ဆည်းပုံစံက သူ့လူကြီးရှေ့မှလွဲရင် တစ်လောကလုံးကို ချေမိုးတတ်သည်။
အခုလည်း ကိုကြီးက မခေါ်ခင် သူက အရင် ရှေ့သို့နေရာယူပေးနေပြီ။

"ဖြောင်း!"

ထင်သည့်အတိုင်းပင် ဆည်းဆီက အွန်းအဲ အသံ ပင်မကြားရ။ မျက်ခုံးတစ်ချက် ကျုံ​ဆန့်ရင်း ရွေ့လျားသွားတာက လွဲ၍ ကျန်သည့်ရိုက်ချက်များတွင်လည်း ငြိမ်ငြိမ်သက်သက်။
ဆည်း လူကြီးရဲ့ လက်စ ပြင်းသည်ကြောင့်လည်း ဒဏ်ခံနိုင်တာ ဖြစ်လိမ့်မည်။တကယ်လေးစားပါတယ်။ မောင်ကတော့ ကိုကြီး လက်စ ဘယ်လောက်ပြင်းပြင်း ဒဏ်မခံနိုင်။ ခဏခဏ အကျွေးခံရလည်း ဘယ်တော့မှ အသားမကျနိုင်။လက်ဝါးတစ်ချက်လောက်နှင့်ပင် မျက်ရည်က ဝဲတတ်စမြဲ။

ဆည်းကို ရိုက်အပြီး လွှတ်ပစ်လိုက်သည့် Base ballရိုက်တံသည် အပျက်အစီးတို့အကြား ဝုန်းခနဲ သွားမှန်သည်။

နဖူးပေါ် ကျချင်ချင် ဆံပင်တို့ကို လက်တစ်ဖက်တည်းနှင့် ကြမ်းကြမ်းတမ်းတမ်း သပ်တင်လိုက်သည့် ကိုကြီးသည် စိတ်တိုနေသေးဟန်။
သူတို့လေးယောက်မှာသာ ကုပ်ကုပ်ကလေးတွေ။

"နောက်တစ်ခါ ရန် ထပ်ဖြစ်ရင် ကိုယ် မင်းတို့ လေးယောက်ကို တစ်နေရာဆီ ခွဲ တော့မယ်"

"ဗျာ မလုပ်"

"ဟင် ကိုလင်း"

"ဘယ်လို"

"ဟာ"

မထင်မှတ်ထားသည့် စကားကြောင့် လေးယောက်သား ငုံ့ထားသည့်ခေါင်းလေးတွေ တစ်ပြိုင်တည်း ထောင်လာကာ မျက်လုံး ရှစ်လုံးသည် ပြူးကျယ်လျက်။
အလန့်တကြားအာမေဋိတ်သံတို့က အပြိုင်အဆိုင်ထွက်​ကျလာသည်။
အမွှာတွေလို တည်ရှိနေတဲ့ ဖြစ်တည်မှုတွေက သံယောဇဥ်အခိုင်အမာ မို့ တစ်ယောက်မရှိရင်ပင် မနေတတ်တဲ့သူတို့..။
သွေးရင်းတွေထက် ပိုရင်းတဲ့ ဆက်နွယ်မှုတွေက လေးယောက်ခွဲရရင် အိပ်မက်ဆိုးဖြစ်လိမ့်မည်။

"ကိုယ် အတည်ပြောတာ မင်းတို့ ကို ကိုယ်အကြိမ်ကြိမ် သတိပေးတယ် အုပ်စုလိုက် ရမ်းကားတာတွေ လျှော့ဖို့ မင်းတို့ကိုထိခိုက်မယ့်အလုပ်တွေကို ရှောင်ဖို့ ဒါပေမယ့် အလကားပဲ မင်းတို့က အသက်သာကြီးလာတယ် ဘယ်တော့မှ ငယ်အကျင့်တွေကို မပြင်ဘူး တစ်ယောက်နဲ့ ငြိလိုက်တာနဲ့ ချမယ်သတ်မယ်! မင်းတို့မှာ ဖြေရှင်းဖို့နည်းလမ်းတွေ အများကြီးရှိရက်နဲ့ မင်းတို့ထိခိုက်နိုင်မယ့် နည်းလမ်းကိုပဲ ရွေးလုပ်တယ် ဆုံးမနေလည်း ခဏပဲ ပြန်မပြောနားမထောင်တွေ ကိုယ်တကယ် စိတ်ကုန်ချင်နေပြီ မင်းတို့ကို...
ကိုယ်ခွင့်လွှတ်ပေးတာ ဒီတစ်ကြိမ်က နောက်ဆုံးပဲ နောက်တစ်ကြိမ်ဆိုတာ ထပ်ရှိလာရင် တစ်ယောက်တစ်နေရာဆီ ခွဲထားလိုက်တော့မယ် ဒါမှ ကိုယ်တို့လည်း စိတ်ပူရတဲ့ အဖြစ်တွေက လွတ်မှာ"

"မလုပ်ပါနဲ့ ကိုကြီး နောက် ရန်မဖြစ်တော့ပါဘူး ကတိပေးတယ် မောင် ကတိပေးပါတယ် "

"ဟုတ်တယ် ကိုလင်း သော်တို့ဆင်ခြင်ပါ့မယ် တစ်နေရာဆီတော့ မခွဲလိုက်ပါနဲ့ တကယ်မခံစားနိုင်လို့ပါ"

"ကိုလင်း စကားကိုနားထောင်ပါ့မယ် နောက်ရန်မဖြစ်တော့ပါဘူး"

"နောက် မဖြစ်စေရဘူး ကတိ"

မြတ်လင်းသန့်စကားက အတော်တာသွားသည်ထင်ပါရဲ့ လေးယောက်လုံးအလုအယက်အသံထွက်လာသည်။
အထက်တန်းကတည်းက ကျွတ်ကျွတ်ညံ
ဆတ်ဆတ်ကြဲအုပ်စု က ထိရင်ချ ၊ချရင်ကျိုး သူတို့နဲ့ ဖြစ်သမျှ သွားမစုံစမ်းနဲ့ တစ်ဖက်က ကျိုးကန်းနေပြီ။
ဘယ်လောက် ရိုက်ရိုက်၊ ဆူဆူ ဘယ်တုန်းကမှ မပြင်တဲ့ဇ တွေက Uniရောက်တဲ့အထိ ပါ မဖျောက်။
ကျိုးလာပြီ ကန်းလာပြီ ရဲစခန်းက ဖုန်းဆက်ပြီ ​ရှာသမျှက လျော်ရတာနဲ့တင် အမြတ်လျော့တော့မည်။

"စောင့်ကြည့်တာပေါ့ ကိုယ်က စကားနဲ့ပေးတဲ့ကတိထက် အလုပ်နဲ့သက်သေပြတာကိုပဲ ယုံမယ် အဲ့ဒီတော့ မင်းတို့ ခေါင်းလေးတွေထဲ စွဲနေအောင်မှတ် ရန်ဖြစ်ဖို့ တွေးလာပြီဆိုရင် မတားနဲ့ ဖြစ်တာဖြစ် အေး! လုပ်ချင်ရာလုပ်လာပြီးရင်တော့ တစ်ယောက်တစ်နေရာဆီသာ ဂျောင်းတော့! "

မသာမယာမျက်နှာလေးတွေသည် ငယ်ကျလာပုံများ သနားစရာ။
ဘယ်သူကကော အမြဲတမ်းဆူငေါက်ချင်ပါ့မလဲ။ ဒီလေးယောက်ရဲ့ ပြဿနာတွေက ကိုယ်နဲ့သာ မိတတ်တာမို့.ဦးဆုံး ဒေါသနဲ့ ငေါက်ငမ်းစိတ်တိုရတာသည် မြတ်လင်းသန့်ပင်။
မောင် နှင့်တန်းတူ သဘောထားသည့်ကလေးတွေမို့ သံယောဇဥ်က ညီအရင်းလေးတွေလိုပါပဲ။
အလိုလိုက်သင့်တာလိုက်၊ ထိန်းသင့်တာထိန်း လူငယ်လေးတွေမို့ ​လွှတ်ထားပေးချင်သည်။ပေါ့ပေါ့ပါးပါးသာ အုပ်ထိန်းချင်သည်။
သို့သော် ဒီခေါင်း လေးခေါင်းက ဆုံလိုက်တာနှင့်ပင် လက်စောင်း​ေကာ ခြေစွမ်းကော ရှိသမျှအကုန် ထက် လွန်းသည်။

"​မင်းတို့သုံးယောက် အိမ်ကို တန်းတန်းမတ်မတ်ပြန်မယ် ကိုယ် နောက်က ကားတစ်စီး ထည့်ပေးလိုက်မှာမို့ ဘာသံမှ ထပ်မကြားချင်ဘူး နားလည်မလား"

"ဟုတ်"

"သွားတော့"

ကောင်း တစ်ယောက်သာ အသံထွက်ဖြေပြီး ဆည်းက မလှုပ်တလှုပ်၊ သော်က ကမျက်နှာလွှဲ၍ နှုတ်ခမ်းပင်ဆူထားသေးသည်။
တကယ် ဒီဟာလေးတွေနဲ့ မြတ်လင်းသန့်တို့ သွေးတက်​စရာတွေချည့်ပဲ။

Hyundaiအပြာရောင်လေး ထွက်သွားမှ တစ်ယောက်တည်း ကျန်နေသည့် ရှုံ့မဲ့မဲ့ကောင်လေးကို ခပ်တင်းတင်းပင်ကြည့်လိုက်သည်။
ဒီကောင်လေး တကယ်ဆိုးဝါးနေတာ။
ကြည့်! ဆံဖျားကနေ ခြေဖျားအထိ ဖြစ်ချင်တိုင်းဖြစ်နေတာကို။

"ကားပေါ်တက်"

"ဟုတ်ကဲ့"

အသံက တကယ့်ကို သေးသေးညှောင်ညှောင်ကလေး။
မကြိုက်တာလုပ်ထားပြီးတိုင်း ပုံစံက ထိုအတိုင်းပဲ ကြောက်ပြတတ်သည်။
ကြောက်လိုက်ရင်လည်း နှစ်ယောက်မရှိ၊ လုပ်ချင်ရာ လုပ်ရင်​လည်း သူ့အပြင်မရှိ။

ကားပေါ်မှာ အေးစက်နေတဲ့လေထုက Air conကြောင့် ​မဟုတ်။
တည်တင်းနေသည့် ကိုကြီးကြောင့်။
တင်ပါးက ငါးချက်စာက သူ့အတွက် မပြီးသေးတာ သူ သိသည်။
ကိုကြီး မကြိုက်တာတွေချည့်ရွေးလုပ်ထားတာက များနေပြီ။
မနက်အစောကမှ အလုပ်ခရီးထွက်ရမည့်ကိုကြီးကို လေဆိပ်လိုက်ပို့ရသည်။
​တစ်ပတ်လောက်ကြာမည်ဆိုတော့ လွမ်းပေမယ့် မောင်တို့အကြိုက်ပေါ့။
လေဆိပ်က ပြန်အလာတည်းက Beauty Salonတစ်ခု ဝင်ပြီး အပီအပြင်ရွှိုင်းထားခဲ့ရတာ။
ညနေကျ ဟိုကောင်တွေနှင့် စာလုပ်မည့်အကြောင်း မနေ့တည်းက ကြိုပြောထားတာမို့ သွားလိုက်တာ ။ ဟိုခွေးက ပမာမခန့်လာလုပ်နေတာကို။ အဲ့ကြောင်မို့ မောင်တို့ ဘာကောင်ဆိုတာ သွားပြလိုက်တာမှာ ကိုကြီးနဲ့မိမယ်လို့ ဘယ်ထင်မလဲ။
အခုတော့ အိမ်ရောက်တာနဲ့ ခန့်လွန်းမောင်တို့ အသက်ကလေးပင် ပျောက်မလားမသိတတ်။

"ဘယ်ဝင်မှာလဲ ခြံထဲ နေခဲ့!"

အိမ်ထဲဝင်ဖို့လုပ်တော့ ခပ်တင်းတင်း အမာန် ခံလိုက်ရတာမို့ ပြောတဲ့အတိုင်း ရပ်ကျန်ခဲ့ရသည်။

ညလေအေးတွေက အေးစိမ့်စိမ်​ခံစားရသည်အထိ ခပ်ဖြေးဖြေးတိုးဝှေ့နေသည်။ ခြံထဲ လင်းထင်းနေအောင် ထွန်းထားသည့် မီး​လုံးတွေက မြက်တွေပေါ်တင်နေတဲ့ ရေစက်လေးကိုပင် လက်ခနဲ မြင်နိုင်သည်။
ခြံအကျယ်ကြီး အလည်မှာ ကြောင်တောင်တောင်လေးရပ်နေရသူက... မောင်။

မကြာပါဘူး ကိုကြီးက အိမ်ထဲက ပြန်ထွက်လာသည်။
အားလားလား။ မောင်တို့သေတော့မှာပဲ။
ကိုကြီး လက်ထဲကိုင်လာသည့် သူ့ လက်စွဲတော် သားရေခါးပတ်ကြီးက မြွေကြီးတစ်ကောင်လို ယိမ်းယိမ်းလွှဲလွှဲဝံ့ဝံ့ထည်ထည်။

အဲ့ဒါကြီးနှင့် သုံးချက်သာ မြည်းဖူးပေမယ့် သုံးလေးရက် ပက်လက်မအိပ်နိုင်တဲ့အထိ စွမ်းသည်။ထိုင်လို့မရ၍ မတ်တပ်ရပ်နေရသည်ကလည်း တကယ်ဒုက္ခရောက်ခြင်းတစ်မျိုး။
အခု အဲ့ဒါကြီးနဲ့ အကျွေးခံရပြန်ဦးမည်မို့ ကိုကြီးကိုသာ တမိသည်။
ကိုကြီး ငြင်သာပါ။ ညှာတာပါ ကိုကြီး။

"ကိုယ် အခု စကားပြောချင်စိတ်ကို ကုန်နေတာမို့ သိပ်အများကြီး မပြောချင်ဘူး မင်းမှာ ဘာပြောစရာရှိလဲ​ မောင်"

"မရှိပါဘူး ကိုကြီး. မောင် အမှားတွေလုပ်ထားမိတာမို့ ကိုကြီးစိတ်တိုင်းကျတဲ့အထိ ဒဏ်ပေးနိုင်ပါတယ်"

"ကောင်းပြီ ကိုယ့်အပြစ်ကိုယ်သိရင် လက်ပိုက်ပြီး ကိုယ့်ရှေ့လာရပ်"

အသက်ပြင်းပြင်းတစ်ချက်ဖြင့် ရဲဆေးတင်ပြီးနောက် ကိုကြီးရှေ့သို့ မောင်ရပ်ပေးလိုက်သည်။ သူ့အပြစ်တွေမှန်သမျှ ကိုကြီးသိပြီးသားဖြစ်လိမ့်မည်။ ဒီအချိန်မှာ ဖုံးမိဖိမိရင် လိမ်သည့်အမှုပါ ထပ်တိုးလိမ့်မည်။
ပေးသမျှ အပြစ်ခံလိုက်တာက ကိုကြီး စိတ်ပြေဖို့ အမြန်ဆုံးနည်းလမ်းဖြစ်သည်မို့ မောင် နာနာခံခံ လိမ်မာဖို့ ဆုံးဖြတ်ထားပြီးပြီ။

"ကိုယ်တစ်ချက် ရိုက်ပြီးတိုင်း မင်းဆီက မင်းလုပ်ထားတဲ့အပြစ်တစ်ခု ကြားချင်တယ် အချက်ရေသံကောပဲ"

ကိုကြီးက တကယ်ကို မောင့်ကို နောင်​ကြဥ်စေဖို့ နည်းလမ်း အသိဆုံးပါပဲ။
ငိုချင်တဲ့အချိန် အသံထွက်ရမှာကို မောင် ရှက်မှန်း ကိုကြီးသိနေတာမို့ ဒီနည်းကို သုံးတာ။

"ဟုတ်"

ဖြောင်းခနဲ ခါးပတ်ကို နှစ်ခေါက် ခေါက်ဆွဲလိုက်သံသည် မောင့်အင်္ကျီတွေအထိ လေ လာဟပ်သည်။
မျက်လုံးကို တင်းတင်းမှိတ်ထားမိသလို လက်ပိုက်ကြားက အင်္ကျီစတို့ကို ခပ်တင်းတင်းဆွဲကိုင်ထားမိသည်။
ခံနိုင်ရည်အတွက် ရဲဆေးသဘောမျိုးပေါ့။

"ဖြန်း!"

"တစ်! လိမ်မိတာအတွက် တောင်းပန်ပါတယ်"

လက်ထဲက အင်္ကျီစကို ခပ်တင်းတင်းဆွဲဆောင့်လိုက်မိတာက နာလွန်းလို့။မျက်နှာပေါ် အထိအပူငွေ့တက်လာသလို ပူထူလာသည်မို့ တစ်ချက်တည်းနှင့်ပင် မျက်ရည်ကဝေ့ချင်ချင်။

"ဖြန်း!"

"အင့်! နှ..စ် ရန် မ ဖြစ် တော့ပါဘူးးး"

"ဖြန်း!!"

"အ! သုံး ဆံပင်​ တွေကို ပြန် ပြန်ဆိုးလိုက်ပါ့မယ် ဟင့်"

သားရေခါးပတ်နှင့် သုံးချက်သည် မောင့်ရဲ့ limitကုန်ချိန်ပဲ။အခုတော့ နောက်ထပ် limitတစ်ခုသို့ တိုးတော့မည်ထင်ပါရဲ့။
Baseballတုတ်စာ မြည်းထားရတဲ့ မောင့်ရဲ့တင်လုံးလေးတွေက အခု ခါးပတ်စာပါ ထပ် မိနေပြန်သည်။
တင်ပါးတွေသာ ဂျုံလုံးဖြစ်ခဲ့ရင် မောင်တော့ တင် ပြားကြီးဖြစ်နေလောက်ပြီ။

"ဖြန်း!!!"

"အား! ​ေ လး. ကိုကြီးမကြိုက်တာတွေ ခိုး မလုပ်တော့ပါဘူး! ဟင့် "

တစ်ချက်ထက် တစ်ချက် ပိုပြင်းလာသည်ကြောင့် မောင် အတော်နာနေပြီ။
အသံပင် ပီပီသသ မထွက်နိုင်တော့၍ သတိထားနေရသည်။
ပိုဆိုးတာသည် ဘာအပြစ်တွေလုပ်ထားမိမှန်း မတွေးတတ်တော့။

"ဖြန်း!!"

"အား ငါး! ငါး! အဟင့်"

အချက်ရေသံသာ ထွက်လာပြီး ရှိုက်သံတွေ ခပ်များများထွက်လာသည့်ကောင်လေးကို မြတ်လင်းသန့် သိပ်စိတ်မရှည်တော့ပါ။
ဟိုကို သွားမယ်လုပ်ထားပြီးမှ ဒီက အလုပ်က အရေးပေါ် ထဖြစ်တော့ အတွင်းရေးမှုးကိုသာ လေယာဥ်ပေါ်တင်ပေးလိုက်ရကာ သူကတော့ ဖြေရှင်းရမည့်နေရာကို ပြေးရသည်။
တစ်နေကုန် မအားမလပ်နှင့် တစ်စက်မှ မနားရသေး။
ညနေ အိမ်ပြန်နားရန်ပြင်တော့ မောင်က ရှိမနေ။
စာလုပ်မည်ဟု ဖုန်းဆက်ထားသည်​ကြောင့် လေးယောက်ထဲက တစ်အိမ်အိမ်မှာတော့ ရှိလိမ့်မည်ဟု စိတ်ချလိုက်သည်။

ညစာကို ကောင်လေးပြန်လာမှပဲ အတူစားကြတော့မည်ဟုတွေးရင်း မျက်လုံးတို့ကို မှိတ်ရင်း ခဏ နားရန် အိပ်ရာပေါ် လှဲနေလိုက်မိသည်။
မှေးခနဲ ဖြစ်ကာစမှာ မောင် ရန်ဖြစ်နေပြီဆိုတဲ့သတင်းကြောင့် ပြေးလွှားရပြန်သည်။
ရောက်သွားတော့ လူမိုက်ကလေးက ခေါင်းမွှေးစုတ်ဖွား အဝတ် တို့လို့တွဲလောင်း ပုံစံနဲ့ မျက်စိရှုပ်စရာ။
နှုတ်ခမ်းစမှာ သွေးစို့နေတာကြောင့် ဘယ်လောက် ပြာသွားရသလဲဆိုတာ ကိုယ်တိုင်သာသိသည်။
ပိုးကောင်မွှား​ေကာင် ရန် တောင် မခအောင် တစ်သက်လုံး ယုယုယယစောင့်ရှောက်ခဲ့ရတာတွေသည် အခုလိုပုံစံမှာ အလကားပဲ။ ဒီကောင်လေးတွေ သိပ်ဆိုးဝါးလွန်းသည်။

"အပြစ်က ဘာလဲ "

"မသိတော့ဘူး ဟင့် တကယ်မသိတော့ဘူး ကိုကို. မောင် တကယ်မသိတော့လို့ပါ "

"​ဖြန်း!!!"

"အား!"

"ဒါက ကိုယ့် ကို ကိုယ် ထိခိုက်အောင်လုပ်လာလို့! "

"ဖြန်း!"

"ဒါက ကိုယ့်ကို စိတ်ပူရအောင်လုပ်လို့"

"ဖြန်း!!"

"ကိုယ့်စကားကို နားမထောင်လို့!"

"မှားသွားပါတယ် နောက်မလုပ်တော့ပါဘူး!! ကိုကြီး~"

"ဘယ်နှစ်ချက်ရှိပြီလဲ!"

"ဗျာ အာ. ရှစ် ရှစ်ချက် ထင်."

"ဖြန်း!!"

"အား!! ကိုး ကိုးပါ"

တစ်ဆက်တည်း မနားဘဲ ရိုက်နေတာမို့ လက်မကာမိအောင်လည်း မနည်းထိန်းနေရသည်။

"ဖြန်း!!!!"

"အား!!! နာ လိုက် တာ ဟင့် တစ် ဆယ်"

နောက်ဆုံးတစ်ချက် ဖြစ်ဟန်တူသည် အရင်အချက်တွေထက် အားပိုများသည်။
ခံလိုက်ရတာလည်း အတော်အီစိမ့်နေပြီ။
မောင့်ရဲ့မက်မွန်သီးလေးတော့ ပုပ်လောက်ပါပြီ။သနားပါတယ် ငါ့ဖင်လုံးလေးတွေ..။
အထိမခံနိုင်အောင် ပူထူပြီး နာလွန်းတာမို့ မျက်ရည်တို့က အတားအစည်းမဲ့ စီးကျနေသည်။
အသံမထွက်မိအောင် လည်းထိန်းနေရတာမို့ တအင့်အင့်ရှိုက်သံနှင့်အတူ ပုခုံးတို့ကပါ တုန်ယင်လာနေသည်။

"နောက်တစ်ကြိမ်ဆို ဒီလောက်နဲ့ ပြီးမယ် မထင်နဲ့ ခန့်လွန်းမောင်! "

"အင့် ဟင့်"

ရှိုက်သံနှင့် တအင့်အင့်က ကြားရတာ မသက်သာလှ။ မောင့်ဆီက ရယ်သံချိုချိုလေးတွေသာ ထွက်ကျလာစေချင်သူမို့ မြတ်လင်းသန့်အတွက် ဒီမြင်ကွင်းက တကယ် မသက်သာလှပါ။မောင့်ဆီက မျက်ရည်တွေကို မမြင်ချင်ဆုံး။ဒေါသ ကြီးတတ်တဲ့ သူနှင့် လူဆိုးလေးရဲ့ရန်ပွဲတွေ... ထိပ်တိုက်တွေ့တိုင်း မောင်သာလျှင် ငိုယိုရတတ်မြဲ။

"မင်း မျက်ရည်တွေ ကုန်မှ အိမ်ထဲ ဝင်လာခဲ့ မောင်! အဲ့မျက်နှာကို ပြင်ပြီးမှ ဝင်ခဲ့ ကြားလား"

ရှိုက်သံတို့က ဗလုံးဗထွေးနှင့် အသံ ပိုကျယ်သွားတာကို သိပေမယ့် ​မြတ်လင်းသန့် မျက်နှာလွဲခဲ့လိုက်သည်။
သူ မချော့တတ်ပါ။ အငိုသန်တတ်တဲ့ ကောင်လေးကို ငြင်သာစွာ ချော့နိုင်မည်မထင်။ သူ့ပါးစပ်က ထွက်လာသမျှသည် ကောင်လေးကို ပို ဝမ်းနည်းစေမည့် စကားတို့ပဲ ဖြစ်လိမ့်မည်။

ကျောခိုင်းသွားသူ ကို ကြည့်ရင်း မောင် ပိုဝမ်းနည်းလာရသည်။ ကိုကြီးက အမြဲဒေါသ ကြီးတတ်၍ အပြစ်ပေးချိန်တိုင်း အတိုင်းအဆမဲ့ ပြီးလျှင် မောင် ငို ပြန်ရင်လည်း မကြိုက်ပြန်။
မျက်ရည်တို့ကို လွတ်လပ်စေရင်း အသံတို့ကိုပါ မထိန်းချုပ်မိတော့။
ဒီမျက်ရည်တွေ မြန်မြန်ကုန်မှ အိမ်ထဲ ဝင်လို့ရလိမ့်မည်မဟုတ်လား။

မိနစ်ဝက်လောက်အထိ အချိန်ယူပြီးမှ မောင် အိမ်ထဲ ဝင်ဖို့ အဆင်ပြေမည့်အနေအထားကိုရောက်သည်။

ခပ်ဖြည်းဖြည်းသာ ​ခြေလှမ်းကို ရွေ့ရင်း အိမ်ထဲ သို့ဝင်လာခဲ့သည်။

"မျက်နှာသွားသစ် ကိုယ်လက်ပါဆေးပြီး ပြန်ဆင်းခဲ့ ညစာ စားရမယ်"

မီးဖိုခန်းထဲကနေ ထွက်လာသည့် အသံကြောင့် အိမ်ပေါ်သို့တက်လာခဲ့သည်။
သူ ညစာ စားချင်စိတ်မရှိပါ။သို့သော် မောင် မစားလျှင် ကိုကြီးသည်လည်း စားတော့မည်မဟုတ်။
အလုပ်များရင် စားချိန်မမှန်တော့သည့်အကြောင်း သိထားသည်မို့ မောင့်ကြောင့်ပါ စားချိန် မပျက်စေလိုပါ။

ချည်သားညဝတ်တို့ကို လှဲလှယ်ဝတ်ရင်း နာကျင်နေသည့် တင်ပါးတို့ကို မထိမိစေရန်လည်း သတိထားရသည်။

အောက်ဆင်းလာတော့ ထမင်း စားပွဲက အဆင်သင့် ကြိုနေသည်။

သူ ကြိုက်တတ်သည့် ကန်စွန်းရွက်ချဥ်စပ်ကြော်နှင့် ကြက်တောင်ပံအကျွတ်ကြော်က သေချာပေါက် ကိုကြီးလက်ရာ။

"အ!"

ခုံပေါ်ထိုင်မိတော့ တင်ပါးက ဆစ်ခနဲ နာသွားသည်ကြောင့် သတိလက်လွတ် အသံပါထွက်မိသွားသည်။

ရှုံ့မဲ့သွားမယ့် မျက်နှာကို ကိုကြီးသည် တစ်ချက်တော့ စိုက်ကြည့်ခဲ့ဟန်တူသည်။

ပန်းကန်ထဲ ရောက်လာသည့် ကန်စွန်းရွက်ကြော်နှင့် ကြက်တောင်ပံလေးကြောင့် မော့ကြည့်မိတော့ ကိုကြီးအပြုံးတို့နှင့်ဆုံသည်။

"ပြီးရင် ဆေးသောက်ရမယ် ကောင်လေး"

လက်ထဲ လာထည့်သည့် ဆေးလုံးတွေကြောင့် မောင် မျက်နှာ မှုန်ကုတ်သွားရသည်။

"ဘာမှ မဖြစ်ဘဲနဲ့ ဆေးသောက်စရာမလိုလောက်ပါဘူး"

"ကိုက်ခဲနေလိမ့်မယ် သောက်လိုက်ပါ ကောင်လေးက လိမ္မာပါတယ်"

ခေါင်းပေါ် ရောက်လာပြီး ဆံပင်တွေကို ဆွဲဖွသွားသည့် လက်ကြီးက မောင့်ကို နှစ်သိမ့်လိုက်သလိုပင်။ ကိုကြီးသည် ထိုကဲ့သို့သော လူမျိုး။ အပြောတို့မငြင်သာတတ်ပေမယ့် အပြုအမူတို့တွင်တော့ မောင့်ကို တယုတယနှင့် ဂရုစိုက်တတ်သည်။

"အာ"

ဆေးသောက်ပြီးတော့ အာခနဲ ရှေ့လာအော်တာမို့ ပါးစပ်ဟပေး​မိတော့ ဝင်လာသည်က ချောကလက်အတုံးလေး။

"မောင် ကလေးမဟုတ်​ေတာ့ဘူးဗျ!"

"ကိုယ့်အတွက်တော့ ကောင်လေးက ကလေးလေးပါပဲ"

ချောကလက်ကို ပါးစောင်ထဲ ထည့်၍ ဝါးရင်း ကိုကြီးဆီ မျက်စောင်းတစ်ချက် ထိုးမိတော့ သဘောတကျ ပြုံးနေပြန်သည်။

"ဆံပင်တွေက အရိုင်းဆန်လိုက်တာကွာ မောင် နဲ့ အမြင်ရိုင်းပါတယ် ​မနက်ကျ ပြန်ဆိုးလိုက်"

"မောင်က မနက်ကမှ ဆိုးထားတာလေဗျာ တစ်နေကုန်ပဲ ရှိသေးတယ် ပြန်ဆိုးရမှာလား"

"ဒါဆိုလည်း ဆိုးမနေနဲ့လေ"

လိုလိုလားလား ပြောလာသည့် စကားကြောင့် ပြုံးလို့ပင် မဝသေးခင် ဆက်ပြောလိုက်သော စကားကြောင့် နင်ခနဲ။

"ကတုံးပဲ တုံးလိုက်တော့"တဲ့။

ဂရား! ဒီလူကြီး!

ထိုညက ဆေးလိမ်းပေးသည့် ကိုကြီးကြောင့် မောင် ငိုလိုက်ရသေးသည်။
တကယ့် အကြမ်းအတမ်းကြီး။ သူ့လက်ကြီးတွေနဲ့ မစာမနာ ဇွတ်တွေ ဖိလိမ်းတာ။ အော်လိုက်ရတာ ကမ္ဘာပျက်လုနီးပါး။

"အိပ်တော့ ကောင်လေး"

"ပက်လက်အိပ်ရင် ဖင်နာတယ်ဗျ "

"ဒါဆို မှောက်အိပ်လေ"

"​ရင်နာတယ်!"

အိပ်ခါနီးကို မအိပ်ဘဲ ဂျစ်နေပြန်တာကြောင့် မြတ်လင်းသန့်လည်း စိတ်မရှည်တော့သလို မောင်သည်လည်း အလိုမကျ၍ စိတ်တိုနေသည်။

"အဆင်ပြေသလို အိပ်ကွာ ကိုယ် ဒီနေ့ တအား ပင်ပန်းနေလို့"

"မောင်က အရိုက်ခံထားရတဲ့လူလေဗျာ ခင်ဗျား လက်စာ ဘယ်လောက်ပြင်းသလဲဟမ် တာဝန်ယူစိတ်မရှိတဲ့ ဘဲကြီး!"

"မောင် ကိုယ်တကယ်နားချင်နေပြီ လာတော့! "

ပြောရင်း ထ ထိုင်နေသည့် မောင့်လက်ကနေ သူ့ကိုယ်ပေါ် ဆွဲချသွားသည်ကြောင့်
အိမ်မြှောင်လေးလို ကားယားလေး ကိုကြီးရင်ဘတ်ပေါ် ကပ်သွားရသည်။

"ဒီလိုဆို ဖင်လည်း မနာဘူး ရင်လည်းမနာဘူးမလား အိပ်တော့ ငဂျစ်ကောင်.."

နဖူးစောင်းပေါ် နွေးခနဲ ကျလာသည့် အနမ်းတစ်ပွင့်နှင့်အတူ မောင့်ခါးပေါ် ခပ်ဖွဖွ ဖက်ထားပေးသည့် လက်တွေ။

"အစတည်းက အလိုက်သိရမှာကို~"

တိုးတိုးလေးသာ နှုတ်ခမ်းဆူရင်း ပြောတော့ ခါးထက်ပိုတင်းကြပ်သွားသည့် လက်တွေနှင့်အတူ မောင့်မျက်လုံးတို့ စင်းကျလာတော့သည်။
ဒီရင်ခွင်ကျယ်က အမြဲတမ်း လုံခြုံစေမယ့် မောင့်ရဲ့ ခိုနား​ရာ။
ညင်သာမှုတွေ ချော့မော့မှုတွေ မရှိပေမယ့် ​မောင့်အတွက်ဆို အဆင်သင့် ဖွင့်ထားပေးတတ်တဲ့ ခွင့်လွှတ်ခြင်းတို့ရှိရာ ရင်ခွင်ကျယ်က နွေးထွေးလွန်းသည်ထက် ပိုပါသည်။

ထိုညက ဖင်နာပေမယ့် သက်တောင့်သက်သာ အိပ်ခဲ့ရသလို အိပ်မက်တို့တွင်လည်း ကိုကြီးနှင့်အတူ ကမ္ဘာပတ်နေခဲ့ပါသည်တဲ့။
မောင်တို့ ကတော့ အိပ်မက် အပြင်မှာပါ အပြုံးတို့ ဝေဆာခဲ့ရသည့် ညပါပဲ။

The end.

(A.n: Bibi*o ဆိုတဲ့ ​ကလေးအတွက် One shotလေးပြီးခဲ့ပါပြီ။)



















Continuar a ler

Também vai Gostar

5.3M 714K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
120K 4K 8
*𝐖𝐚𝐫𝐧𝐢𝐧𝐠! 18++++*
91.1K 10.2K 90
transition novel
91K 11.5K 22
Welcome to my world Boy ♡ Dum scare me 》 I'll show U paradise ♡♡ ဤ fiction သည်စာရေးသူ၏စိတ်ကူး ယဥ်သက်သက် ဖန်တီးမှုတစ်ခုသာ ဖြစ်ပါသည် ။ ဤ fiction သည္စာ...