๐Ÿ’ž Eternal Love ๐Ÿ’ž { Complete...

By Aster_Brown

1.8M 120K 6K

# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More

Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 13
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 21
Chapter _ 22
Chapter _ 23
Chapter _ 24
Chapter _ 25
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
๐ŸŒŒ Sweet Home ๐ŸŒŒ
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
EXTRA _ 15 { End }
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌโคโค
Daddy?????

Chapter _ 44

19.4K 1.4K 89
By Aster_Brown

Unicode
********

** တီး....တီး....တီး...**

" ဟင့်......"

အိပ်မောကျနေစဥ်ဆူညံစွာထွက်ပေါ်လာ
သည့်ဖုန်းသံကြောင့် မာန့် ရင်ခွင်ထဲနှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေသည့် Baby ဆီက
အလိုမကျသံလေးထွက်ပေါ်လာခဲ့သည် ။
မျက်ခုံးလေးတွန့်ပြီးရင်ခွင်ထဲလိမ့်ဝင်လာ
သည့် Baby ပုခုံးလေးကိုခပ်ဖွဖွပုတ်ပြီး
ချော့မော့ပေးတော့ပြန်အိပ်သွားရှာ၏ ။

" ဘယ်သူလဲ! "

Baby မျက်ခုံးလေးတွေပြေလျော့သွားသည့်
ချိန်မှ ကုတင်ဘေးက စားပွဲပုလေးပေါ်တင်
ထားသည့်ဖုန်းကိုလှမ်းယူကာကိုင်လိုက်၏ ။

( Xiao Wang မင်းအသံကြီးကလဲကွာ..ဘာ
လဲငါ,မင်းရဲ့တက်တက်ကြွကြွအချိန်လေးကို
နှောက်ယှက်လိုက်မိလို့လား..ဟား.....ဟား...)

အရေးကြီးကိစ္စဖြစ်နေမှာစိုး၍ဖုန်းကိုင်လိုက်
ခါမှ လီယန် ရဲ့ကျက်သရေမရှိတဲ့အသံကို
ကြားလိုက်ရတာမို့ မာန် ဒေါသမထိန်းနိုင်
တော့...။

( လီယန်!!....မင်း ရူးနေလို့ငါ့ကိုမနက်အစော
ကြီးဖုန်းခေါ်တာလား )

( ဟမ်....နေ့လည် ၁၂ နာရီထိုးနေပြီ...မင်း ဒီ
အချိန်ကိုစောတယ်လို့ပြောလိုက်တာလား )

စားပွဲပေါ်ကနာရီကိုချက်ချင်းလှမ်းကြည့်
လိုက်သည့်အခါမှ လီယန် ပြောတာမှန်နေ
မှန်းသိတော့သည် ။ မနေ့ကတစ်ညလုံး Baby
နဲ့လုံးထွေးနေခဲ့ပြီး မနက်မိုးလင်းခါနီးမှအိပ်
ပျော်သွားကြတာမို့ မာန် ဒီအချိန်ထိမထနိုင်
ခဲ့တာပင် ။

( Sorry....လီယန် )

( Ok....တောင်းပန်တယ်ဆိုရင်ဒီညငါ့ party
ကိုတက်ဖြစ်အောင်တက်ရမယ် , မင်းကောင်
လေးသဘောကျမယ်လို့ ငါအာမခံတယ် )

( လီယန်.....ငါ Baby ကိုစိတ်ရှုပ်စရာကောင်း
တဲ့နေရာတွေခေါ်မသွားချင်ဘူး....)

( အာ.....လုပ်ပါကွာ VIP တွေဘဲလာမှာပါ...
တော်ပြီ...ငါမင်းတို့နှစ်ယောက်အတွက်ဝတ်
စုံပို့လိုက်မယ်....Bye Bye....)

Baby နဲ့ဒီနေ့တစ်နေ့လုံးအခန်းထဲမှာဘဲအနား
ယူဖို့စဥ်းစားထားပေမယ့် လီယန် ရဲ့တစ်ဇွတ်
ထိုးစိတ်ကြောင့် ညကျရင်ပွဲတက်ပေးရဦး
မယ့်ပုံပင် ။ မာန် တို့ရောက်နေတဲ့အချိန်မှ
Party ထလုပ်တဲ့ လီယန် ရဲ့ရည်ရွယ်ချက်က
အသိသာကြီးပင် ။ ဒီကောင်က မြတ်သူ ကို
တရားဝင်ချပြတော့မည် ။

" ဝါး....ကိုကို က အင်္ဂလိပ်လိုပြောတာတော်
လိုက်တာ..."

ဖုန်းချပြီးရင်ခွင်ထဲငြိမ်နေတဲ့ Baby ကိုဖက်
ပြီးပြန်အိပ်ဖို့ပြင်လိုက်ပေမယ့် မာန့် Baby
ကနိုးနှင့်နေပြီး မာန့် ကိုတောင်မျက်လုံးပြူး
ပြူးလေးနဲ့မော့ကြည့်နေသည် ။

" ကိုယ့် Baby ကဘယ်တုန်းကနိုးနေတာလဲ "

" ခဏလေးဘဲရှိသေးတယ် "

အိပ်ချင်မူးတူးအသံလေးနဲ့ မာန့် ရင်ဘတ်ကို
နဖူးလေးနဲ့ပွတ်ကာတိုးဝေ့ပြီး ပြန်မော့ကြည့်
လာသည်။

" ကိုကို Baby ဗိုက်ဆာပြီ ...ကိုကို ဗိုက်မဆာ
သေးဘူးလား..."

" ဟင့်အင်း....ကိုယ့် ကို Baby ညကအဝကျွေး
ထားတယ်လေ "

တုံးတုံးအအ လေးကြောင်ကြည့်နေတဲ့ Baby
ကိုလည်ပင်းကစပြီးတစ်ကိုယ်လုံး မာန် အ
ချစ်ကြမ်းထားသည့် Love Bite တွေကိုမျက်
စပစ်ပြလိုက်သည် ။

" ကိုကို...ကိုကို ကဆိုးလိုက်တာ....."

သူ့ကိုယ်သူငုံ့ကြည့်ပြီး စောင်ပုံထဲတိုးဝင်သွား
သည့် Baby အသံလေးကခပ်တိုးတိုးလေး..။

" ဟား...ဟား...ကိုယ့် ကလေးလေးဗိုက်ဆာ
တယ်ဆို...ကိုယ် ရေချိုးပေးမယ်လေ....ထ
ရအောင် "

" ထဘူး....ဘာမှမစားတော့ဘူး...ဒီလိုကြီး
ဘယ်လိုလုပ် အပြင်သွားလို့ရတော့မှာလဲ
Baby ကလျှောက်လည်မလို့စဥ်းစားထား
တာကို...."

စောင်ပုံအောက်ကနေတွန့်လိမ်ပြီး ဂျီကျနေ
တဲ့ Baby ကို မာန် အသည်းယားလွန်းလို့အ
ကောင်လိုက်မြိုချထားချင်တော့တယ် ။

" အခုမလည်ရလဲညကျရင်ကြယ်တွေကြည့်
ဖို့ခေါ်သွားမယ်လေ "

စောင်အောက်ကနေခေါင်းလေးထုတ်ပြီး မာန့်
ကိုမယုံကြည်တဲ့မျက်စောင်းလေးနဲ့စိုက်ကြည့်
လာသည့် Baby နှုတ်ခမ်းလေးကိုအမိအရငုံ့
နမ်းလိုက်မိသည်မှာ Baby ကသိပ်ကိုချစ်စရာ
ကောင်းလွန်းလို့ပင် ။

" တကယ်လား...တကယ် ခေါ်သွားမှာလား "

" အင်း...တကယ် ဒါပေမယ့် အခုလောလော
ဆယ်တော့ကိုယ့်ကို မနက်စာကျွေးပါဦး..."

အတွင်းခံလေးဘဲဝတ်ထားတဲ့ ခန္တာကိုယ်နှစ်ခုကစောင်အောက်မှာလုံးထွေးလျှက်....။

" ဟင့်အင်း.....ကိုကို....နေ...နေဦး...အ့...ခဏ..
လေး...လို့....အင့် "

ကလေးငယ် ရဲ့တားမြစ်သံလေးတွေက မာန့်
အနမ်းပြင်းပြင်းတွေအောက်မှာပျောက်ဆုံး
သွားရတော့သည် ။

....................................................

" ဟေ့...ပိုးကောင်...မင်း အိမ်ပြန်ဖို့မစဥ်းစား
တော့ဘူးလား..."

" No...No "

ဧည့်ခန်းက Sofa မှာတမင်ခွေထိုင်ပြီး ဆန်းထူး
ကိုခေါင်းရမ်းပြလာတဲ့ ပိုးလေး ကတကယ်ကို
ထ ရိုက်ချင်စရာပင် ။ အကို့အိမ်မှာနေနေတာ
တစ်ပါတ်လောက်ရှိနေပြီတစ်ခါမှအိမ်ပြန်မယ်
လို့မပြောသလို သူကိုယ်တိုင်လဲမပြန်.. ။ ဒီ
ကြားထဲ ဆန်းထူး နဲ့လဲတစ်စက်ကလေးမှမ
တည့်.....။

ပိုးလေး ကိုကုသပေးခဲ့သည့်ဆရာဝန်ရဲ့ညွှန်
ကြားချက်နဲ့ ဆေးကောင်းတွေကြောင့်အခုဆို
ပိုးလေး ကပုံမှန်လူတစ်ယောက်လိုဖြစ်လာခဲ့
ပြီ ။ ဒါပေမယ့် အကို့အပေါ်မှာကလေးတစ်
ယောက်လိုဆိုးသွမ်းပြီး အနားကတစ်စက်မှ
မခွာတစ်ကောက်ကောက်လိုက်နေတာကို
တော့ ဆန်းထူး သည်းမခံနိုင်...။

" ကျွန်တော် လဲအခုလိုမဆုံးဖြတ်ချင်ပေမယ့်...
ဥက္ကဋ္ဌကြီး နားလည်ပေးပါ...ကျွန်တော့် နားနေ
တာကြာရင်...ဒီထက်ပိုပြီး လမ်းမှားလျှောက်မိ
မှာကိုစိုးရိမ်မိတယ် "

" .............. "

" နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါ
တယ် "

ဖုန်းပြောပြီး ဆင်းလာတဲ့ အကို ကခန့်ညားမှု
အပြည့်နဲ့.... လက်ထဲကဖုန်းချလိုက်ပြီးနောက်
ဆန်းထူး ကို ရီဝေဝေလှမ်းကြည့်လာတဲ့ အကို့
မျက်လုံးတွေကနားလည်ရခက်ပေသည်။

" ဦး......"

ဂုဏ့် အနားကိုကလေးတစ်ယောက်လိုပြေး
လာတဲ့ ပိုးလေး ကိုကြည့်ပြီးတစ်စုံတစ်
ယောက်ကိုသတိရမိသွားသည်။ သူလဲအခု
ဆိုထိုလူရဲ့ရင်ခွင်မှာပျော်နေရောပေါ့......။

" ဦး....ငယ့် ကိုလေ အဲ့ဆန်းငပိန်း ကမောင်း
ထုတ်နေတယ်...ပြန်တော့တဲ့ "

ဂုဏ့် မှာထိုင်တောင်မထိုင်ရသေးဘူး ဒီနှစ်
ယောက်ရဲ့ အတိုင်အတောတွေကိုအရင်နာ
ကြားရတော့သည် ။ ဒါက ပိုးလေး အိမ်ကို
စရောက်တဲ့နေ့ကတည်းကပင် ။ ပိုးလေး
က ဂုဏ့်ကို ဦး လို့ပြောင်းခေါ်ပြီး သူ့ကိုကျ
ငယ် လို့ခေါ်ပါတဲ့လေ...။

" ပိုးလေး....ဆေးသောက်ပြီးပြီလား..."

" Noooo....ဦး မတိုက်ဘဲမသောက်ဘူး "

အကို့ နားအတင်းကပ်ထိုင်ပြီး ကလေးလိုလို
ခွေးလိုလိုလုပ်နေတဲ့ ပိုးလေး ကိုကြည့်မရ
တော့တာကြောင့် ဆန်းထူး အဲ့ဒီခွေးကောင်
လေးရဲ့လက်တစ်ဖက်ကိုဆောင့်ဆွဲကာ ထ
ခိုင်းလိုက်သည် ။

" မင်း...နေကောင်းနေပြီဘဲ...အကို့ ကိုဒုက္ခပေး
မနေနဲ့ပြန်တော့...မင်းကိုမြင်ရင်ငါတစ်ယောက်
ယောက်ကို တွေးမိလွန်းလို့ ရူးတော့မလိုဘဲ "

လက်ထဲကအတင်းရုန်းနေတဲ့ ပိုးလေး ကိုအိမ်
ပြင်ဆွဲထုတ်ရင်း ဆန်းထူး စိတ်တွေမွန်းကြပ်
နေခဲ့သည်။

" ဆန်းထူး!!....မင်း ဘာဖြစ်နေတာလဲ... နေမ
ကောင်းတဲ့ ကလေးကိုဘာလုပ်ဖို့စဥ်းစားနေ
တာလဲ..."

Sofa က ထ ပြီး ဆန်းထူး ကိုအော်လိုက်သည့်
အကို့ အသံကအိမ်တစ်ခုလုံးဟိန်းနေသည် ။
အကို့ အသံကြားတာနဲ့ သခင့် အမိန့်ကိုတစ်
သွေမသိမ်းနာခံတတ်သည့် ခွေးတစ်ကောင်
လို ဆန်းထူး ခြေလှမ်းတွေလဲရပ်ပြီးသား...။

" အကို....သူ့ကိုတကယ်ဘဲ ပိုးရောင်ခြည် ရဲ့
ညီလေးလို့မြင်လား...."

ဆန်းထူး ဆီကထိုစကားကိုကြားတော့ ဂုဏ့်
နှလုံးခုန်နှုန်းတွေကမောက်ကမ ဖြစ်ကုန်၏ ။
ဆန်းထူး ဆိုတဲ့သူကဘယ်အချိန်ဘယ်နေရာ
ဘဲဖြစ်ဖြစ် ဂုဏ်ရှိန်သွေး ဆိုတဲ့သူရဲ့စိတ်ကို
ဖတ်နိုင်တဲ့တစ်ဦးတည်းသောသူဖြစ်နေပြန်
သည် ။

" ကျွန်တော် သိတယ်....သူ့က တစ်စုံတစ်
ယောက်နဲ့တူတယ်မလား..ဟမ်..အကိုအထင်
မမှားစမ်းနဲ့...ပိုးကောင် က သူမဟုတ်ဘူး "

ဆန်းထူး စကားအတွက် ဂုဏ့် မှာ တကယ်ပြောစရာအဖြေမရှိပေ ။ ပိုးလေး ကတစ်စုံ
တစ်ယောက်နဲ့တူလွန်းတာမို့ ဂုဏ် ဒီကလေး
ကိုမသိစိတ်ကနေ ဆွဲထားနေမိတာလား......။

" ဦး....ငယ် နာနေပြီ...လွတ်ခိုင်းလိုက်တော့..."

မျက်နှာလေး ရှုံ့မဲ့ပြီးနာနေပြီလို့ ပြောလာတဲ့
ပိုးလေး ကိုကြည့်ပြီး ဂုဏ် တကယ်ကိုဝေခွဲရ
ခက်လာသည် ။ သူတကယ်ဘဲ ပိုးလေး ကို
တစ်စုံတစ်ယောက်နေရာမှာအစားထိုးဖို့ကြိုး
စားနေမိတယ်ထင်ပါရဲ့...။

" ဆန်းထူး....ပိုးလေး ကိုလွတ်လိုက်တော့ "

" ဟာ....အကို တကယ်ဘဲ "

မျက်လုံးအိမ်ထဲရစ်ဝဲလာတဲ့မျက်ရည်တစ်ချို့
ကိုမကျဆင်းလာစေဖို့ ဆန်းထူး ခေါင်းမော့
ပစ်လိုက်သည် ။ အနည်းဆုံး အကို့ ရှေ့မှာ
အားနည်းကြောင်းမပြလိုပေ ။ တကယ်ကို
အော်ဟစ်ပစ်လိုက်ချင်တယ် အကို့ခြေရင်း
ကကျွန်တော့်ကိုငုံ့ကြည့်ပါဦးရယ်လို့.........။

လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ပိုးလေး ကိုမ
လွတ်ဖို့ ဦးနှောက်ကသတိပေးနေပေမယ့် သ
ခင့်အမိန့်နာခံလွန်းတဲ့ ခန္ဒာကိုယ်ကအလိုလို
လွတ်ချပေးပြီးသားဖြစ်နေပြန်သည် ။ ဆန်း
ထူး ဆိုတဲ့ကောင်ကတကယ်ဘဲ အကို့ခြေရင်း
မှာကျရှုံးနေခ​ဲ့တာဘဲ....။

လက်လွတ်လိုက်တာနဲ့ ပိုးလေး က ဂုဏ့်
အနောက်ကိုတန်းပြေးလာသည် ။ ဂုဏ့် ရှေ့
က ဆန်းထူး ကိုနှစ်သိမ့်ဖို့စကားလုံးတွေရှာ
ဖွေနေပေမယ့်တကယ်တမ်း ဂုဏ် ပြောလိုက်
မိသည်က....။

" မင်း....ဂျပန် ကိုပညာတော်သင်သွားဖို့စီစဥ်
ပေးထားတယ်, မင်းအဘိုးကိုလဲအကြောင်း
ကြားထားပြီးပြီ... ပညာတော်သင်ပြီးတာနဲ့
Sun Group ကိုဦးဆောင်ဖို့မင်းအဘိုးကစီ
စဥ်ထားလိမ့်မယ် "

ဆန်းထူး ရဲ့မျက်လုံးထဲမှာမယုံနိုင်ခြင်းတွေ
ပြည့်နက်လာသည် ။ အကို့ ကိုသူနားလည်ခဲ့
တယ်လို့ထင်ခဲ့ပေမယ့်အခုသူ့ရှေ့က အကို့
ကိုတကယ်နားမလည်တော့ဘူး ။ ဆန်းထူး
တွေဝေနေစဥ်မှာဘဲအိမ်ထဲကို အနောက်တိုင်း
ဝတ်စုံဝတ်ထားတဲ့ လူ ၄ ယောက်ပြေးဝင်လာ
ပြီး သူ့ရဲ့လက်တစ်ဖက်စီကို ဖမ်းချုပ်လိုက်
ကြသည် ။

" သခင်လေး....ဥက္ကဋ္ဌကြီး ကအိမ်ပြန်ခေါ်လာ
ဖို့လွတ်လိုက်တာပါ "

ထိုလူက သူ့ကိုအသိပေးသလိုပြောလာပြီး
နောက် အကို့ကို ဦးညွှတ်ကာအရိုသေပေး
နေသည် ။ ဘိုးဘိုး ရဲ့လူတွေဒီအထိလိုက်
လာတာ အကို့ကြောင့်လား...။

" အကို အကြောင်းကြားလိုက်တာလား..ဟမ်
အကို ပြောလိုက်တာလား..."

" ဆန်းထူး.....ငါ မင်းကိုလမ်းမှားမလျှောက်စေ
ချင်တော့ဘူး "

လမ်းမှားတဲ့လား.....အကို့ကိုချစ်မိတာ အမှား
လို့ပြောလိုက်တာလား....ကျွန်တော့်ဖြစ်တည်မှု
က အကို့အမြင်မှာ အမှားတစ်ခုဖြစ်နေခ​ဲ့တာ
လား.....။

" လွတ်စမ်း!!....လွတ်....ငါပြန်မလိုက်ဘူး!! "

အပြင်ဆွဲခေါ်နေတဲ့ထိုလူတွေကြားက ဆန်းထူး
ရသလောက်ရုန်းထွက်နေသည် ။ နောက်ဆုံး
ဆန်းထူး ထိုလူတွေကိုမှောက်သွားအောင်ထိုး
နက်ကာ အကို့ ရှေ့ကိုပြေးသွားလိုက်သည် ။

" အကိုပြော.....ကျွန်တော့် ကို မုန်းတာမလို့
ထွက်သွား လို့ပြောလိုက်...."

ဆန်းထူး ရဲ့ဒီလိုပုံစံက ဂုဏ့် ကိုတကယ်
ဆုံးဖြတ်ရခက်စေသည် ။ ဂုဏ့် အနားမှာ
ဆက်ထားတာက ဆန်းထူး ကိုကြိုးရှည်ရှည်
နဲ့ဆွဲထားသလိုသာဖြစ်လိမ့်မည် ။ ဒါကြောင့်
လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ဆန်းထူး ရဲ့
အဘိုးဖြစ်သူဆီ ဂုဏ် ဆက်သွယ်ခဲ့သည် ။

ဂုဏ့် ဘက်က ဆန်းထူး ကိုညီလေးတစ်
ယောက်လိုဘဲလက်ခံနိုင်သည် ။ ပြီးတော့
ဂုဏ်ရှိန်သွေး ဆိုတဲ့သူ့ရဲ့အချစ်တွေအားလုံး
က ရှိုင်းစေ ဆိုတဲ့ကလေးငယ် ဆီမှာပုံအပ်ခဲ့
ပြီလေ.....။

" ဆန်းထူး...မင်း ငါ့ကိုနေ့တိုင်းတွေ့နေရလို့
အခုလိုစိတ်တွေဝင်နေတာ...မင်းပညာတော်
သင်သွားလိုက်ရင် အခုအတွေးတွေကဘာမှ
မဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်..."

အကို့ နှုတ်ခမ်းကအခုလိုစကားမျိုးထွက်လာ
တာတကယ်ကိုမယုံနိုင်ဘူး ။ ဒီအချစ်တွေက
ဘာမှမဟုတ်ဘူးဆိုတာ သိသွားမှာတဲ့လား
....တကယ်ပါဘဲ.... အကို ကျွန်တော့် ကိုဘယ်
အထိတွန်းထုတ်ချင်နေတာလဲ....။

မျက်ဝန်းအိမ်ထဲပြည့်လာတဲ့မျက်ရည်တစ်
ချို့ကအတားအစည်းမဲ့စွာစီးကျလာတဲ့
နောက် ဆန်းထူး ခြေလှမ်းတွေကိုတစ်လှမ်း
ချင်းနောက်ဆုတ်ပေးလိုက်သည် ။

" ကျွန်တော့် ဘဝကို အကို့အပြုံးနဲ့လဲဖို့ထိ
ဆန္ဒရှိခဲ့တာ.....ဒါက အကိုလိုချင်တဲ့အရာ
လား......"

မှောက်နေတဲ့လူတွေက သူတို့ရဲ့နာကျင်မှုကို
အံတုကာ ပြန်ထလာကြပြီး ဆန်းထူး ကိုပြန်
ချုပ်လိုက်ကြသည် ။ ထိုလူတွေလက်ထဲမှာ
ဆန်းထူး က လောကကြီးကိုအရှုံးပေးလိုက်
တဲ့မျက်ဝန်းတွေနဲ့ ဂုဏ့် ကိုငေးနေခ​ဲ့သည် ။

" ဆန်းထူး......ငါ......."

" လက်လွတ်လိုက်ပြီးမှတော့ အစအနမကျန်
အောင် လောင်မြိုက်ခွင့်ပေးလိုက်ပါတော့..."

ဆန်းထူး ကိုချုပ်ထားတဲ့သူတွေနဲ့အတူထွက်
သွားတဲ့ ကျောပြင်ငယ်ကိုငေးကြည့်ပြီး ဂုဏ်
ပြောစရာစကားတွေပျောက်ဆုံးနေခဲ့သည်။
တစ်ဖက်သတ်အချစ်က ဘယ်လောက်နာကျင်
လဲ ဂုဏ် နားလည်တယ် ။ ပြီးတော့ ဆန်းထူး
လိုအရာရာဦးဆောင်နိုင်စွမ်းရှိတဲ့လူတစ်
ယောက်ကိုသူ့အရိပ်အောက်မှာအရောင်မမှိန်
စေချင်ပါ ။

တက်လမ်းတွေအများကြီးရှိတဲ့အပြင်အောင်
မြင်မှုတွေစောင့်ကြိုနေတဲ့လမ်းပေါ်လျှောက်ရ
မယ့် ဆန်းထူး ကို မှားယွင်းနေတဲ့အချစ်နွံ့ထဲ
မနှစ်စေချင် ။ ပြီတော့ ဂုဏ် ကိုယ်တိုင်ကလဲ
ဆန်းထူး ကိုပြန်ချစ်လာဖို့မဖြစ်နိုင်.....ဂုဏ့်
နှလုံးသားကလဲတစ်စုံတစ်ယောက်အတွက်
အပြီးတိုင်မြုပ်နှံခဲ့ပြီးပြီ ။

______________________________________________________________________

ဆန်းထူး နဲ့ ဂုဏ့် ကိုမတွဲပေးတဲ့အတွက်မေး
ခွန်းတွေထုတ်လာကြတဲ့ စာဖတ်သူတို့ကို
ပြောပြချင်တာက ဆန်းထူး က ဂုဏ် Type
မဟုတ်တဲ့အတွက် ဂုဏ် ကမချစ်နိုင်တာပါ ။

ဂုဏ် စချစ်မိသွားတဲ့ ရှိုင်းစေ လိုကောင်လေး
ပုံစံကိုကြည့် နူးညံ့မယ် ၊ ကလေးဆန်မယ်
ဂုဏ့် ဦးဆောင်မှုနောက်ကိုမေးခွန်းတစ်ချက်
ပြန်မထုတ်ဘဲလိုက်မယ် ။ ဟုတ်ပြီ ဒါက
ဂုဏ် သဘောကျတဲ့ type ဘဲ ။

ဆန်းထူး ရဲ့ပင်ကိုယ်စရိုက်က ကိုယ်စွမ်း
ကိုယ်စရှိတယ် ။ Strong ဖြစ်တယ် ။ ဘယ်
သူ့ဦးဆောင်မှုမှမလိုဘူး သူကိုယ်တိုင်ထွန်း
ပေါက်အောင်မြင်နိုင်ချေရှိတယ် ။

ချစ်သွားရင်အလိုလိုလိုက်ဖက်ညီသွားနိုင်
တာသိပေမယ့် ဆန်းထူး ကိုသူ့ရဲ့ပင်ကိုယ်
စရိုက်ကနေကွဲမထွက်သွားစေချင်လို့...။
ဂုဏ် သူ့ကိုချစ်နေအောင် ဂုဏ့် အကြိုက်
လိုက်နေပေးရမှာကို စာရေးသူအနေနဲ့လုံး
ဝထောက်ခံမပေးနိုင်လို့ပါ ။

အပြင်လောကမှာလဲ RS တစ်ခုတည်မြဲဖို့
အတွက်တစ်ဖက်လူရဲ့အကြိုက် တစ်ဖက်
လူရဲ့ဆန္ဒအတိုင်းနေပေးရတာကို Aster
အားမပေးချင်ဘူး ။

မြတ်နိုးခြင်းများစွာဖြင့်....Aster

#24.4.2021





Zawgyi
********

** တီး....တီး....တီး...**

" ဟင့္......"

အိပ္ေမာက်ေနစဥ္ဆူညံစြာထြက္ေပၚလာ
သည့္ဖုန္းသံေၾကာင့္ မာန့္ ရင္ခြင္ထဲႏွစ္ႏွစ္
ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္ Baby ဆီက
အလိုမက်သံေလးထြက္ေပၚလာခဲ့သည္ ။
မ်က္ခုံးေလးတြန့္ၿပီးရင္ခြင္ထဲလိမ့္ဝင္လာ
သည့္ Baby ပုခုံးေလးကိုခပ္ဖြဖြပုတ္ၿပီး
ေခ်ာ့ေမာ့ေပးေတာ့ျပန္အိပ္သြားရွာ၏ ။

" ဘယ္သူလဲ! "

Baby မ်က္ခုံးေလးေတြေျပေလ်ာ့သြားသည့္
ခ်ိန္မွ ကုတင္ေဘးက စားပြဲပုေလးေပၚတင္
ထားသည့္ဖုန္းကိုလွမ္းယူကာကိုင္လိုက္၏ ။

( Xiao Wang မင္းအသံႀကီးကလဲကြာ..ဘာ
လဲငါ,မင္းရဲ႕တက္တက္ႂကြႂကြအခ်ိန္ေလးကို
ႏွောက္ယွက္လိုက္မိလို႔လား..ဟား.....ဟား...)

အေရးႀကီးကိစၥျဖစ္ေနမွာစိုး၍ဖုန္းကိုင္လိုက္
ခါမွ လီယန္ ရဲ႕က်က္သေရမရွိတဲ့အသံကို
ၾကားလိုက္ရတာမို႔ မာန္ ေဒါသမထိန္းနိုင္
ေတာ့...။

( လီယန္!!....မင္း ႐ူးေနလို႔ငါ့ကိုမနက္အေစာ
ႀကီးဖုန္းေခၚတာလား )

( ဟမ္....ေန႕လည္ ၁၂ နာရီထိုးေနၿပီ...မင္း ဒီ
အခ်ိန္ကိုေစာတယ္လို႔ေျပာလိုက္တာလား )

စားပြဲေပၚကနာရီကိုခ်က္ခ်င္းလွမ္းၾကည့္
လိုက္သည့္အခါမွ လီယန္ ေျပာတာမွန္ေန
မွန္းသိေတာ့သည္ ။ မေန႕ကတစ္ညလုံး Baby
နဲ႕လုံးေထြးေနခဲ့ၿပီး မနက္မိုးလင္းခါနီးမွအိပ္
ေပ်ာ္သြားၾကတာမို႔ မာန္ ဒီအခ်ိန္ထိမထနိုင္
ခဲ့တာပင္ ။

( Sorry....လီယန္ )

( Ok....ေတာင္းပန္တယ္ဆိုရင္ဒီညငါ့ party
ကိုတက္ျဖစ္ေအာင္တက္ရမယ္ , မင္းေကာင္
ေလးသေဘာက်မယ္လို႔ ငါအာမခံတယ္ )

( လီယန္.....ငါ Baby ကိုစိတ္ရႈပ္စရာေကာင္း
တဲ့ေနရာေတြေခၚမသြားခ်င္ဘူး....)

( အာ.....လုပ္ပါကြာ VIP ေတြဘဲလာမွာပါ...
ေတာ္ၿပီ...ငါမင္းတို႔ႏွစ္ေယာက္အတြက္ဝတ္
စုံပို႔လိုက္မယ္....Bye Bye....)

Baby နဲ႕ဒီေန႕တစ္ေန႕လုံးအခန္းထဲမွာဘဲအနား
ယူဖို႔စဥ္းစားထားေပမယ့္ လီယန္ ရဲ႕တစ္ဇြတ္
ထိုးစိတ္ေၾကာင့္ ညက်ရင္ပြဲတက္ေပးရဦး
မယ့္ပုံပင္ ။ မာန္ တို႔ေရာက္ေနတဲ့အခ်ိန္မွ
Party ထလုပ္တဲ့ လီယန္ ရဲ႕ရည္႐ြယ္ခ်က္က
အသိသာႀကီးပင္ ။ ဒီေကာင္က ျမတ္သူ ကို
တရားဝင္ခ်ျပေတာ့မည္ ။

" ဝါး....ကိုကို က အဂၤလိပ္လိုေျပာတာေတာ္
လိုက္တာ..."

ဖုန္းခ်ၿပီးရင္ခြင္ထဲၿငိမ္ေနတဲ့ Baby ကိုဖက္
ၿပီးျပန္အိပ္ဖို႔ျပင္လိုက္ေပမယ့္ မာန့္ Baby
ကနိုးႏွင့္ေနၿပီး မာန့္ ကိုေတာင္မ်က္လုံးျပဴး
ျပဴးေလးနဲ႕ေမာ့ၾကည့္ေနသည္ ။

" ကိုယ့္ Baby ကဘယ္တုန္းကနိုးေနတာလဲ "

" ခဏေလးဘဲရွိေသးတယ္ "

အိပ္ခ်င္မူးတူးအသံေလးနဲ႕ မာန့္ ရင္ဘတ္ကို
နဖူးေလးနဲ႕ပြတ္ကာတိုးေဝ့ၿပီး ျပန္ေမာ့ၾကည့္
လာသည္။

" ကိုကို Baby ဗိုက္ဆာၿပီ ...ကိုကို ဗိုက္မဆာ
ေသးဘူးလား..."

" ဟင့္အင္း....ကိုယ့္ ကို Baby ညကအဝေကြၽး
ထားတယ္ေလ "

တုံးတုံးအအ ေလးေၾကာင္ၾကည့္ေနတဲ့ Baby
ကိုလည္ပင္းကစၿပီးတစ္ကိုယ္လုံး မာန္ အ
ခ်စ္ၾကမ္းထားသည့္ Love Bite ေတြကိုမ်က္
စပစ္ျပလိုက္သည္ ။

" ကိုကို...ကိုကို ကဆိုးလိုက္တာ....."

သူ႕ကိုယ္သူငုံ႕ၾကည့္ၿပီး ေစာင္ပုံထဲတိုးဝင္သြား
သည့္ Baby အသံေလးကခပ္တိုးတိုးေလး..။

" ဟား...ဟား...ကိုယ့္ ကေလးေလးဗိုက္ဆာ
တယ္ဆို...ကိုယ္ ေရခ်ိဳးေပးမယ္ေလ....ထ
ရေအာင္ "

" ထဘူး....ဘာမွမစားေတာ့ဘူး...ဒီလိုႀကီး
ဘယ္လိုလုပ္ အျပင္သြားလို႔ရေတာ့မွာလဲ
Baby ကေလွ်ာက္လည္မလို႔စဥ္းစားထား
တာကို...."

ေစာင္ပုံေအာက္ကေနတြန့္လိမ္ၿပီး ဂ်ီက်ေန
တဲ့ Baby ကို မာန္ အသည္းယားလြန္းလို႔အ
ေကာင္လိုက္ၿမိဳခ်ထားခ်င္ေတာ့တယ္ ။

" အခုမလည္ရလဲညက်ရင္ၾကယ္ေတြၾကည့္
ဖို႔ေခၚသြားမယ္ေလ "

ေစာင္ေအာက္ကေနေခါင္းေလးထုတ္ၿပီး မာန့္
ကိုမယုံၾကည္တဲ့မ်က္ေစာင္းေလးနဲ႕စိုက္ၾကည့္
လာသည့္ Baby ႏႈတ္ခမ္းေလးကိုအမိအရငုံ႕
နမ္းလိုက္မိသည္မွာ Baby ကသိပ္ကိုခ်စ္စရာ
ေကာင္းလြန္းလို႔ပင္ ။

" တကယ္လား...တကယ္ ေခၚသြားမွာလား "

" အင္း...တကယ္ ဒါေပမယ့္ အခုေလာေလာ
ဆယ္ေတာ့ကိုယ့္ကို မနက္စာေကြၽးပါဦး..."

အတြင္းခံေလးဘဲဝတ္ထားတဲ့ ခႏၱာကိုယ္ႏွစ္ခုကေစာင္ေအာက္မွာလုံးေထြးလွ်က္....။

" ဟင့္အင္း.....ကိုကို....ေန...ေနဦး...အ့...ခဏ..
ေလး...လို႔....အင့္ "

ကေလးငယ္ ရဲ႕တားျမစ္သံေလးေတြက မာန့္
အနမ္းျပင္းျပင္းေတြေအာက္မွာေပ်ာက္ဆုံး
သြားရေတာ့သည္ ။

....................................................

" ေဟ့...ပိုးေကာင္...မင္း အိမ္ျပန္ဖို႔မစဥ္းစား
ေတာ့ဘူးလား..."

" No...No "

ဧည့္ခန္းက Sofa မွာတမင္ေခြထိုင္ၿပီး ဆန္းထူး
ကိုေခါင္းရမ္းျပလာတဲ့ ပိုးေလး ကတကယ္ကို
ထ ရိုက္ခ်င္စရာပင္ ။ အကို႔အိမ္မွာေနေနတာ
တစ္ပါတ္ေလာက္ရွိေနၿပီတစ္ခါမွအိမ္ျပန္မယ္
လို႔မေျပာသလို သူကိုယ္တိုင္လဲမျပန္.. ။ ဒီ
ၾကားထဲ ဆန္းထူး နဲ႕လဲတစ္စက္ကေလးမွမ
တည့္.....။

ပိုးေလး ကိုကုသေပးခဲ့သည့္ဆရာဝန္ရဲ႕ၫႊန္
ၾကားခ်က္နဲ႕ ေဆးေကာင္းေတြေၾကာင့္အခုဆို
ပိုးေလး ကပုံမွန္လူတစ္ေယာက္လိုျဖစ္လာခဲ့
ၿပီ ။ ဒါေပမယ့္ အကို႔အေပၚမွာကေလးတစ္
ေယာက္လိုဆိုးသြမ္းၿပီး အနားကတစ္စက္မွ
မခြာတစ္ေကာက္ေကာက္လိုက္ေနတာကို
ေတာ့ ဆန္းထူး သည္းမခံနိုင္...။

" ကြၽန္ေတာ္ လဲအခုလိုမဆုံးျဖတ္ခ်င္ေပမယ့္...
ဥကၠ႒ႀကီး နားလည္ေပးပါ...ကြၽန္ေတာ့္ နားေန
တာၾကာရင္...ဒီထက္ပိုၿပီး လမ္းမွားေလွ်ာက္မိ
မွာကိုစိုးရိမ္မိတယ္ "

" .............. "

" နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါ
တယ္ "

ဖုန္းေျပာၿပီး ဆင္းလာတဲ့ အကို ကခန့္ညားမႈ
အျပည့္နဲ႕.... လက္ထဲကဖုန္းခ်လိဳက္ၿပီးေနာက္
ဆန္းထူး ကို ရီေဝေဝလွမ္းၾကည့္လာတဲ့ အကို႔
မ်က္လုံးေတြကနားလည္ရခက္ေပသည္။

" ဦး......"

ဂုဏ့္ အနားကိုကေလးတစ္ေယာက္လိုေျပး
လာတဲ့ ပိုးေလး ကိုၾကည့္ၿပီးတစ္စုံတစ္
ေယာက္ကိုသတိရမိသြားသည္။ သူလဲအခု
ဆိုထိုလူရဲ႕ရင္ခြင္မွာေပ်ာ္ေနေရာေပါ့......။

" ဦး....ငယ့္ ကိုေလ အဲ့ဆန္းငပိန္း ကေမာင္း
ထုတ္ေနတယ္...ျပန္ေတာ့တဲ့ "

ဂုဏ့္ မွာထိုင္ေတာင္မထိုင္ရေသးဘူး ဒီႏွစ္
ေယာက္ရဲ႕ အတိုင္အေတာေတြကိုအရင္နာ
ၾကားရေတာ့သည္ ။ ဒါက ပိုးေလး အိမ္ကို
စေရာက္တဲ့ေန႕ကတည္းကပင္ ။ ပိုးေလး
က ဂုဏ့္ကို ဦး လို႔ေျပာင္းေခၚၿပီး သူ႕ကိုက်
ငယ္ လို႔ေခၚပါတဲ့ေလ...။

" ပိုးေလး....ေဆးေသာက္ၿပီးၿပီလား..."

" Noooo....ဦး မတိုက္ဘဲမေသာက္ဘူး "

အကို႔ နားအတင္းကပ္ထိုင္ၿပီး ကေလးလိုလို
ေခြးလိုလိုလုပ္ေနတဲ့ ပိုးေလး ကိုၾကည့္မရ
ေတာ့တာေၾကာင့္ ဆန္းထူး အဲ့ဒီေခြးေကာင္
ေလးရဲ႕လက္တစ္ဖက္ကိုေဆာင့္ဆြဲကာ ထ
ခိုင္းလိုက္သည္ ။

" မင္း...ေနေကာင္းေနၿပီဘဲ...အကို႔ ကိုဒုကၡေပး
မေနနဲ႕ျပန္ေတာ့...မင္းကိုျမင္ရင္ငါတစ္ေယာက္
ေယာက္ကို ေတြးမိလြန္းလို႔ ႐ူးေတာ့မလိုဘဲ "

လက္ထဲကအတင္း႐ုန္းေနတဲ့ ပိုးေလး ကိုအိမ္
ျပင္ဆြဲထုတ္ရင္း ဆန္းထူး စိတ္ေတြမြန္းၾကပ္
ေနခဲ့သည္။

" ဆန္းထူး!!....မင္း ဘာျဖစ္ေနတာလဲ... ေနမ
ေကာင္းတဲ့ ကေလးကိုဘာလုပ္ဖို႔စဥ္းစားေန
တာလဲ..."

Sofa က ထ ၿပီး ဆန္းထူး ကိုေအာ္လိုက္သည့္
အကို႔ အသံကအိမ္တစ္ခုလုံးဟိန္းေနသည္ ။
အကို႔ အသံၾကားတာနဲ႕ သခင့္ အမိန့္ကိုတစ္
ေသြမသိမ္းနာခံတတ္သည့္ ေခြးတစ္ေကာင္
လို ဆန္းထူး ေျခလွမ္းေတြလဲရပ္ၿပီးသား...။

" အကို....သူ႕ကိုတကယ္ဘဲ ပိုးေရာင္ျခည္ ရဲ႕
ညီေလးလို႔ျမင္လား...."

ဆန္းထူး ဆီကထိုစကားကိုၾကားေတာ့ ဂုဏ့္
ႏွလုံးခုန္ႏႈန္းေတြကေမာက္ကမ ျဖစ္ကုန္၏ ။
ဆန္းထူး ဆိုတဲ့သူကဘယ္အခ်ိန္ဘယ္ေနရာ
ဘဲျဖစ္ျဖစ္ ဂုဏ္ရွိန္ေသြး ဆိုတဲ့သူရဲ႕စိတ္ကို
ဖတ္နိုင္တဲ့တစ္ဦးတည္းေသာသူျဖစ္ေနျပန္
သည္ ။

" ကြၽန္ေတာ္ သိတယ္....သူ႕က တစ္စုံတစ္
ေယာက္နဲ႕တူတယ္မလား..ဟမ္..အကိုအထင္
မမွားစမ္းနဲ႕...ပိုးေကာင္ က သူမဟုတ္ဘူး "

ဆန္းထူး စကားအတြက္ ဂုဏ့္ မွာ တကယ္ေျပာစရာအေျဖမရွိေပ ။ ပိုးေလး ကတစ္စုံ
တစ္ေယာက္နဲ႕တူလြန္းတာမို႔ ဂုဏ္ ဒီကေလး
ကိုမသိစိတ္ကေန ဆြဲထားေနမိတာလား......။

" ဦး....ငယ္ နာေနၿပီ...လြတ္ခိုင္းလိုက္ေတာ့..."

မ်က္ႏွာေလး ရႈံ႕မဲ့ၿပီးနာေနၿပီလို႔ ေျပာလာတဲ့
ပိုးေလး ကိုၾကည့္ၿပီး ဂုဏ္ တကယ္ကိုေဝခြဲရ
ခက္လာသည္ ။ သူတကယ္ဘဲ ပိုးေလး ကို
တစ္စုံတစ္ေယာက္ေနရာမွာအစားထိုးဖို႔ႀကိဳး
စားေနမိတယ္ထင္ပါရဲ႕...။

" ဆန္းထူး....ပိုးေလး ကိုလြတ္လိုက္ေတာ့ "

" ဟာ....အကို တကယ္ဘဲ "

မ်က္လုံးအိမ္ထဲရစ္ဝဲလာတဲ့မ်က္ရည္တစ္ခ်ိဳ႕
ကိုမက်ဆင္းလာေစဖို႔ ဆန္းထူး ေခါင္းေမာ့
ပစ္လိုက္သည္ ။ အနည္းဆုံး အကို႔ ေရွ႕မွာ
အားနည္းေၾကာင္းမျပလိုေပ ။ တကယ္ကို
ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္ အကို႔ေျခရင္း
ကကြၽန္ေတာ့္ကိုငုံ႕ၾကည့္ပါဦးရယ္လို႔.........။

လက္ထဲမွာဆုပ္ကိုင္ထားတဲ့ ပိုးေလး ကိုမ
လြတ္ဖို႔ ဦးႏွောက္ကသတိေပးေနေပမယ့္ သ
ခင့္အမိန့္နာခံလြန္းတဲ့ ခႏၵာကိုယ္ကအလိုလို
လြတ္ခ်ေပးၿပီးသားျဖစ္ေနျပန္သည္ ။ ဆန္း
ထူး ဆိုတဲ့ေကာင္ကတကယ္ဘဲ အကို႔ေျခရင္း
မွာက်ရႈံးေနခဲ့တာဘဲ....။

လက္လြတ္လိုက္တာနဲ႕ ပိုးေလး က ဂုဏ့္
အေနာက္ကိုတန္းေျပးလာသည္ ။ ဂုဏ့္ ေရွ႕
က ဆန္းထူး ကိုႏွစ္သိမ့္ဖို႔စကားလုံးေတြရွာ
ေဖြေနေပမယ့္တကယ္တမ္း ဂုဏ္ ေျပာလိုက္
မိသည္က....။

" မင္း....ဂ်ပန္ ကိုပညာေတာ္သင္သြားဖို႔စီစဥ္
ေပးထားတယ္, မင္းအဘိုးကိုလဲအေၾကာင္း
ၾကားထားၿပီးၿပီ... ပညာေတာ္သင္ၿပီးတာနဲ႕
Sun Group ကိုဦးေဆာင္ဖို႔မင္းအဘိုးကစီ
စဥ္ထားလိမ့္မယ္ "

ဆန္းထူး ရဲ႕မ်က္လုံးထဲမွာမယုံနိုင္ျခင္းေတြ
ျပည့္နက္လာသည္ ။ အကို႔ ကိုသူနားလည္ခဲ့
တယ္လို႔ထင္ခဲ့ေပမယ့္အခုသူ႕ေရွ႕က အကို႔
ကိုတကယ္နားမလည္ေတာ့ဘူး ။ ဆန္းထူး
ေတြေဝေနစဥ္မွာဘဲအိမ္ထဲကို အေနာက္တိုင္း
ဝတ္စုံဝတ္ထားတဲ့ လူ ၄ ေယာက္ေျပးဝင္လာ
ၿပီး သူ႕ရဲ႕လက္တစ္ဖက္စီကို ဖမ္းခ်ဳပ္လိုက္
ၾကသည္ ။

" သခင္ေလး....ဥကၠ႒ႀကီး ကအိမ္ျပန္ေခၚလာ
ဖို႔လြတ္လိုက္တာပါ "

ထိုလူက သူ႕ကိုအသိေပးသလိုေျပာလာၿပီး
ေနာက္ အကို႔ကို ဦးၫႊတ္ကာအရိုေသေပး
ေနသည္ ။ ဘိုးဘိုး ရဲ႕လူေတြဒီအထိလိုက္
လာတာ အကို႔ေၾကာင့္လား...။

" အကို အေၾကာင္းၾကားလိုက္တာလား..ဟမ္
အကို ေျပာလိုက္တာလား..."

" ဆန္းထူး.....ငါ မင္းကိုလမ္းမွားမေလွ်ာက္ေစ
ခ်င္ေတာ့ဘူး "

လမ္းမွားတဲ့လား.....အကို႔ကိုခ်စ္မိတာ အမွား
လို႔ေျပာလိုက္တာလား....ကြၽန္ေတာ့္ျဖစ္တည္မႈ
က အကို႔အျမင္မွာ အမွားတစ္ခုျဖစ္ေနခဲ့တာ
လား.....။

" လြတ္စမ္း!!....လြတ္....ငါျပန္မလိုက္ဘူး!! "

အျပင္ဆြဲေခၚေနတဲ့ထိုလူေတြၾကားက ဆန္းထူး
ရသေလာက္႐ုန္းထြက္ေနသည္ ။ ေနာက္ဆုံး
ဆန္းထူး ထိုလူေတြကိုေမွာက္သြားေအာင္ထိုး
နက္ကာ အကို႔ ေရွ႕ကိုေျပးသြားလိုက္သည္ ။

" အကိုေျပာ.....ကြၽန္ေတာ့္ ကို မုန္းတာမလို႔
ထြက္သြား လို႔ေျပာလိုက္...."

ဆန္းထူး ရဲ႕ဒီလိုပုံစံက ဂုဏ့္ ကိုတကယ္
ဆုံးျဖတ္ရခက္ေစသည္ ။ ဂုဏ့္ အနားမွာ
ဆက္ထားတာက ဆန္းထူး ကိုႀကိဳးရွည္ရွည္
နဲ႕ဆြဲထားသလိုသာျဖစ္လိမ့္မည္ ။ ဒါေၾကာင့္
လြန္ခဲ့တဲ့ ၃ ရက္ကတည္းက ဆန္းထူး ရဲ႕
အဘိုးျဖစ္သူဆီ ဂုဏ္ ဆက္သြယ္ခဲ့သည္ ။

ဂုဏ့္ ဘက္က ဆန္းထူး ကိုညီေလးတစ္
ေယာက္လိုဘဲလက္ခံနိုင္သည္ ။ ၿပီးေတာ့
ဂုဏ္ရွိန္ေသြး ဆိုတဲ့သူ႕ရဲ႕အခ်စ္ေတြအားလုံး
က ရွိုင္းေစ ဆိုတဲ့ကေလးငယ္ ဆီမွာပုံအပ္ခဲ့
ၿပီေလ.....။

" ဆန္းထူး...မင္း ငါ့ကိုေန႕တိုင္းေတြ႕ေနရလို႔
အခုလိုစိတ္ေတြဝင္ေနတာ...မင္းပညာေတာ္
သင္သြားလိုက္ရင္ အခုအေတြးေတြကဘာမွ
မဟုတ္ဘူးဆိုတာ သိသြားလိမ့္မယ္..."

အကို႔ ႏႈတ္ခမ္းကအခုလိုစကားမ်ိဳးထြက္လာ
တာတကယ္ကိုမယုံနိုင္ဘူး ။ ဒီအခ်စ္ေတြက
ဘာမွမဟုတ္ဘူးဆိုတာ သိသြားမွာတဲ့လား
....တကယ္ပါဘဲ.... အကို ကြၽန္ေတာ့္ ကိုဘယ္
အထိတြန္းထုတ္ခ်င္ေနတာလဲ....။

မ်က္ဝန္းအိမ္ထဲျပည့္လာတဲ့မ်က္ရည္တစ္
ခ်ိဳ႕ကအတားအစည္းမဲ့စြာစီးက်လာတဲ့
ေနာက္ ဆန္းထူး ေျခလွမ္းေတြကိုတစ္လွမ္း
ခ်င္းေနာက္ဆုတ္ေပးလိုက္သည္ ။

" ကြၽန္ေတာ့္ ဘဝကို အကို႔အၿပဳံးနဲ႕လဲဖို႔ထိ
ဆႏၵရွိခဲ့တာ.....ဒါက အကိုလိုခ်င္တဲ့အရာ
လား......"

ေမွာက္ေနတဲ့လူေတြက သူတို႔ရဲ႕နာက်င္မႈကို
အံတုကာ ျပန္ထလာၾကၿပီး ဆန္းထူး ကိုျပန္
ခ်ဳပ္လိုက္ၾကသည္ ။ ထိုလူေတြလက္ထဲမွာ
ဆန္းထူး က ေလာကႀကီးကိုအရႈံးေပးလိုက္
တဲ့မ်က္ဝန္းေတြနဲ႕ ဂုဏ့္ ကိုေငးေနခဲ့သည္ ။

" ဆန္းထူး......ငါ......."

" လက္လြတ္လိုက္ၿပီးမွေတာ့ အစအနမက်န္
ေအာင္ ေလာင္ၿမိဳက္ခြင့္ေပးလိုက္ပါေတာ့..."

ဆန္းထူး ကိုခ်ဳပ္ထားတဲ့သူေတြနဲ႕အတူထြက္
သြားတဲ့ ေက်ာျပင္ငယ္ကိုေငးၾကည့္ၿပီး ဂုဏ္
ေျပာစရာစကားေတြေပ်ာက္ဆုံးေနခဲ့သည္။
တစ္ဖက္သတ္အခ်စ္က ဘယ္ေလာက္နာက်င္
လဲ ဂုဏ္ နားလည္တယ္ ။ ၿပီးေတာ့ ဆန္းထူး
လိုအရာရာဦးေဆာင္နိုင္စြမ္းရွိတဲ့လူတစ္
ေယာက္ကိုသူ႕အရိပ္ေအာက္မွာအေရာင္မမွိန္
ေစခ်င္ပါ ။

တက္လမ္းေတြအမ်ားႀကီးရွိတဲ့အျပင္ေအာင္
ျမင္မႈေတြေစာင့္ႀကိဳေနတဲ့လမ္းေပၚေလွ်ာက္ရ
မယ့္ ဆန္းထူး ကို မွားယြင္းေနတဲ့အခ်စ္ႏြံ႕ထဲ
မႏွစ္ေစခ်င္ ။ ၿပီေတာ့ ဂုဏ္ ကိုယ္တိုင္ကလဲ
ဆန္းထူး ကိုျပန္ခ်စ္လာဖို႔မျဖစ္နိုင္.....ဂုဏ့္
ႏွလုံးသားကလဲတစ္စုံတစ္ေယာက္အတြက္
အၿပီးတိုင္ျမဳပ္ႏွံခဲ့ၿပီးၿပီ ။

______________________________________________________________________

ဆန္းထူး နဲ႕ ဂုဏ့္ ကိုမတြဲေပးတဲ့အတြက္ေမး
ခြန္းေတြထုတ္လာၾကတဲ့ စာဖတ္သူတို႔ကို
ေျပာျပခ်င္တာက ဆန္းထူး က ဂုဏ္ Type
မဟုတ္တဲ့အတြက္ ဂုဏ္ ကမခ်စ္နိုင္တာပါ ။

ဂုဏ္ စခ်စ္မိသြားတဲ့ ရွိုင္းေစ လိုေကာင္ေလး
ပုံစံကိုၾကည့္ ႏူးညံ့မယ္ ၊ ကေလးဆန္မယ္
ဂုဏ့္ ဦးေဆာင္မႈေနာက္ကိုေမးခြန္းတစ္ခ်က္
ျပန္မထုတ္ဘဲလိုက္မယ္ ။ ဟုတ္ၿပီ ဒါက
ဂုဏ္ သေဘာက်တဲ့ type ဘဲ ။

ဆန္းထူး ရဲ႕ပင္ကိုယ္စရိုက္က ကိုယ္စြမ္း
ကိုယ္စရွိတယ္ ။ Strong ျဖစ္တယ္ ။ ဘယ္
သူ႕ဦးေဆာင္မႈမွမလိုဘူး သူကိုယ္တိုင္ထြန္း
ေပါက္ေအာင္ျမင္နိုင္ေခ်ရွိတယ္ ။

ခ်စ္သြားရင္အလိုလိုလိုက္ဖက္ညီသြားနိုင္
တာသိေပမယ့္ ဆန္းထူး ကိုသူ႕ရဲ႕ပင္ကိုယ္
စရိုက္ကေနကြဲမထြက္သြားေစခ်င္လို႔...။
ဂုဏ္ သူ႕ကိုခ်စ္ေနေအာင္ ဂုဏ့္ အႀကိဳက္
လိုက္ေနေပးရမွာကို စာေရးသူအေနနဲ႕လုံး
ဝေထာက္ခံမေပးနိုင္လို႔ပါ ။

အျပင္ေလာကမွာလဲ RS တစ္ခုတည္ၿမဲဖို႔
အတြက္တစ္ဖက္လူရဲ႕အႀကိဳက္ တစ္ဖက္
လူရဲ႕ဆႏၵအတိုင္းေနေပးရတာကို Aster
အားမေပးခ်င္ဘူး ။

ျမတ္နိုးျခင္းမ်ားစြာျဖင့္....Aster

#24.4.2021

Continue Reading

You'll Also Like

60.5K 4.8K 24
[COMPLETED] Unicode and Zawgyi ================ Unicode --------- แ€žแ€ฝแ€€แ€บแ€žแ€ฝแ€€แ€บแ€œแ€€แ€บแ€œแ€€แ€บแ€›แ€”แ€บแ€€แ€ฏแ€”แ€บแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€›แ€šแ€บ แ€แ€ฑแ€ฌแ€žแ€ฌแ€ธแ€œแ€ฐแ€›แ€ญแ€ฏแ€ธแ€€แ€ผแ€ฎแ€ธแ€›แ€šแ€บ.....แ‹ "แ€แ€ฑแ€ฌแ€žแ€ฌแ€ธแ€€แ€ฑแ€ฌแ€„แ€บแ€€แ€แ€ปแ€ฑแ€ฌแ€œแ€ญแ€ฏแ€€แ€บแ€แ€ฌ...
497K 36.2K 55
๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€™แ€ฝแ€ฑแ€ธแ€…แ€ฌแ€ธแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€žแ€ฌแ€ธแ€กแ€›แ€„แ€บแ€ธแ€€แ€ผแ€ฌแ€ธแ€€ แ€กแ€‘แ€„แ€บแ€œแ€ฝแ€ฒแ€•แ€ผแ€ฎแ€ธ แ€™แ€ฏแ€”แ€บแ€ธแ€แ€ฎแ€ธแ€™แ€พแ€ฏแ€แ€ฝแ€ฑแ€€แ€”แ€ฑ แ€กแ€แ€ปแ€…แ€บแ€–แ€ผแ€…แ€บแ€œแ€ฌแ€”แ€ญแ€ฏแ€„แ€บแ€•แ€ซแ€ทแ€™แ€œแ€ฌแ€ธ!? แ€ฑแ€™แ€ผแ€ธแ€…แ€ฌแ€ธแ€žแ€ฌแ€ธแ€”แ€ฒแ‚” แ€žแ€ฌแ€ธแ€กแ€›แ€„แ€นแ€ธแพแ€€แ€ฌแ€ธแ€€ แ€กแ€‘แ€„แ€นแ€œแ€ผแ€ฒแฟแ€•แ€ฎแ€ธ...
1M 36K 42
๐Ÿšจ แ€’แ€ฎ Fic แ€™แ€พแ€ฌ Adult Scences แ€แ€ฝแ€ฑแ€•แ€ซแ€แ€„แ€บแ€แ€ฌแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€™แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€œแ€ฐแ€™แ€ปแ€ฌแ€ธแ€›แ€พแ€ฑแ€ฌแ€„แ€บแ€–แ€ญแ€ฏแ€ท แ€€แ€ผแ€ญแ€ฏแ€แ€„แ€บแ€กแ€žแ€ญแ€•แ€ฑแ€ธแ€•แ€ซแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ ๐Ÿšจ ๐Ÿšจ แ€’แ€ฎ Fic แ€™แ€ฝแ€ฌ Adult Scences แ€ฑแ€แ€ผแ€•แ€ซแ€แ€„แ€นแ€แ€ฌแ€ฑแพแ€€แ€ฌแ€„แ€นแ€ท แ€™แ‚€แ€€...
57.9K 7.7K 24
แ€€แ€ผแ€šแ€บแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€›แ€ฑแ€€แ€ผแ€Šแ€ทแ€บแ€€แ€ผแ€›แ€กแ€ฑแ€ฌแ€„แ€บ แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€–แ€ผแ€ฑแ€‘แ€ฝแ€€แ€บแ€แ€šแ€บ แ€†แ€ญแ€ฏแ€›แ€„แ€บ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€แ€ญแ€ฏแ€ท แ€กแ€แ€ปแ€…แ€บแ€…แ€…แ€บแ€œแ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€ท... แพแ€€แ€šแ€นแ€ฑแ€แ€ผแ€€แ€ญแ€ฏแ€กแ€แ€ฐแ€แ€ฐ แ€ฑแ€›แพแ€€แ€Šแ€ทแ€นแพแ€€แ€›แ€ฑแ€กแ€ฌแ€„แ€น แ€แ€ฐแ€Šแ€ฎ แ€แ€ฒแ€ทแ€กแ€ฑแ€ปแ€–แ€‘แ€ผแ€€แ€นแ€แ€šแ€น แ€†แ€ญแ€ฏ...