OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေ...

KendaShin által

71.5K 7.8K 342

Unicode & Zawgyi available! Title- (After regenerating into omega,everyone is dying to marry me) All credit g... Több

Summary[ U & Z ]
အခန်း-၁
[ Permission ]
အခန်း-၂
အခန်း-၃
အခန်း ၅
အခန်း-၆
အခန်း-၇
အခန်း-၈
အခန်း-၉
အခန်း-၁၀
အခန်း-၁၁

အခန်း-၄

3.6K 697 49
KendaShin által

[UNICODE]

ရန်ရှုထန်၏နားများနီရဲသွားသည်ကို ဖုယွမ်ကျုံးသတိထားမိသွားသည်။ ဖုယွမ်ကျုံးက သူအမြင်မှားသွားသလား လို့ထင်မိသောကြောင့် သူမြင်တာမှန်တယ်ဆိုတာ သေချာအောင် ပိုပြီးစူးစိုက်ကြည့်လိုက်မိသည်။ ရန်ရှုထန်ရဲ့အသားအရည်က ဖြူဖွေးလွန်းသောကြောင့် နားရွက်များနီနေသည်က လုံးဝကိုထင်ရှားလွန်းနေလေသည်။

ဖုယွမ်ကျုံးတစ်ယောက် တကယ်ကိုအသစ်အဆန်းဖြစ်သွားမိသည်။ အထက်တန်းကျောင်းပြီးကတည်းက သူနဲ့ရန်ရှုထန်တို့ အဆက်အသွယ်လုပ်ခဲပေမယ့် ပြီးခဲ့တဲ့သုံးနှစ်လုံးမှာ သူနဲ့ပတ်သက်ရင် တကယ်ကိုအံ့သြစရာပဲလေ။ ရန်ရှုထန်ဆီကနေ ဒီလိုအမူအရာထွက်လာတာ သူတစ်ခါမှမမြင်ဖူးဘူး။

ဘာလို့လဲ? သူသဘောမကျတဲ့လူက သူချောင်းကြည့်နေတာကို မိသွားတော့ရှက်သွားတာလား? သူကတကယ်ခန့်မှန်းရလွယ်တာပဲ။

ရန်ရှုထန်ကသူ့ကိုကြည့်နေတဲ့အကြောင်းကိုတော့ ဖုယွမ်ကျုံးအတော်လေးနားလည်လိုက်ပါပြီ။ သူထွက်သွားမှာကိုကြည့်ရတာ ပျော်နေတာကလွဲရင်တစ်ခြားမရှိနိုင်တော့ဘူး။ သူ့အရင်ဘဝတုန်းကသာဆိုရင် သူလည်းရန်ရှုထန်သာထွက်သွားတာကို ကြည့်နေရရင် ခုန်ပေါက်ပြီးပျော်ရွှင်နေလိမ့်မှာပဲလေ။ ရန်ရှုထန်ရဲ့ တုန့်ပြန်မှုက တော်တော်ကိုဒီသဘောသက်ရောက်နေတာပဲကို။

တကယ်တော့ အထက်တန်းကျောင်းပြီးလို့ နှစ်အနည်းငယ်လောက်ကြာကတည်းက ရန်ရှုထန်အပေါ်ရှိနေတဲ့ ဖုယွမ်ကျုံးရဲ့မနှစ်လိုမှုတွေက တော်တော်လေးကိုပျောက်ရှသွားပြီး အစပိုင်းမှာဖြစ်ခဲ့တဲ့ မနှစ်မြို့ဖွယ်ကိစ္စတွေကိုလည်း သူမေ့ထားပြီးသားပါ။ ဒါပေမဲ့ အခုတော့ သူ့မှာ အထက်တန်းကျောင်းကသူ့ရဲ့ပြိုင်ဘက်ကို စနောက်ဖို့အခွင့်အရေးရှိသွားပြီဆိုတာကို ရုတ်တရက်နားလည်သွားသည်။ တအားပျော်ဖို့ကောင်းတာပဲ။

ထို့ကြောင့် ဖုယွမ်ကျုံးက ဖုန်းကိုယူလိုက်ပြီး ရန်ရှုထန်ရဲ့စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

သူ့ရဲ့ရုတ်တရက်လုပ်ရပ်ကြောင့် အတန်းသားအားလုံးက သူ့ကိုအာရုံစိုက်လာကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အဆက်အဆံမရှိမှန်းသူတို့အားလုံးသိသည်။ ပြီးတော့ သူတို့နှစ်ယောက်တွေ့လိုက်တိုင်း မနှစ်မြို့ဖွယ်ကောင်းတဲ့ကိစ္စတွေပဲဖြစ်လာတတ်သည်။ အခုတော့ တစ်တန်းလုံးက သူတို့နှစ်ယောက် ထပ်ပြီး ကတောက်ကဆဖြစ်မှာကို စိုးရိမ်လွန်းလို့ စိတ်လှုပ်ရှားကြနေရသည်။

အဲဒီအချိန်မှာပဲ ဖုယွမ်ကျုံးကသူ့လက်ကိုဆန့်ထုတ်လိုက်သောအခါ သူတို့အနီးတစ်ဝိုက်ကလူအားလုံးက သူ့ကိုဝင်ဆွဲဖို့ ပြာယာခတ်သွားကြသည်။ ဖုယွမ်ကျုံးက ရန်ရှုထန်ကို မထိုးဘူးလို့ပြောလို့မရဘူးလေ။ သူက Omega တစ်ယောက်ဆိုပေမယ့်လည်း သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို ဘယ်သူကမှအထင်မသေးရဲ။ ရန်ရှုထန်ကလည်း ပျော့ဖတ်ဖတ်နဲ့ ဖုယွမ်ကျုံးကတစ်ချက်လောက်ထိုးလိုက်တာနှင့်ပင် လဲကျသွားနိုင်သည်။

တစ်ခြားသူများနှင့် ယှဥ်လိုက်လျှင် ရန်ရှုထန်ကတော့ အတော်လေးတည်ငြိမ်နေပုံရပြီး သူ့အမူအရာပြောင်းလဲသွားမှုက ခုနကလောက်တောင် မထင်ရှားပါချေ။ သူကခုံမှာပဲ တည်တည်ငြိမ်ငြိမ်ထိုင်နေကာ ဖုယွမ်ကျုံအား နောက်ထပ်ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေသလိုမျိုး အေးစက်စက်ကြည့်နေလေသည်။

သို့သော်ငြား အားလုံးကထင်ထားသည်နှင့် ဆန့်ကျင်စွာ ဖုယွမ်ကျုံးက ရန်ရှုထန်ရဲ့မျက်နှာကို ထိုးလည်းမထိုးခဲ့သလို အင်္ကျီကော်လံစကိုလည်း မဆွဲခဲ့ပါ။ သူကရန်ရှုထန်ရဲ့အရှေ့တွင် ရပ်ရုံသာရပ်နေပြီး လက်ကိုဆုပ်ကိုင်လိုက်ကာ ရှုတည်တည်မျက်နှာထားဖြင့် ပြောလိုက်သည်။

"ငါမင်းကို တကယ်မုန်းတယ်"
အတန်းသားများ - "???"

ရန်ရှုထန်တစ်‌ယောက် အတော်လေးရှော့ခ်ရသွားသည်။ ဖုယွမ်ကျုံးက သူ့လက်များကိုဆုပ်ကိုင်ထားကာ လက်ပြန်ရုတ်ဖို့မေ့နေပုံပင်။ ဖုယွမ်ကျုံးက ဝမ်းနည်းသလိုကြည့်နေပြီး ရန်ရှုထန်ရဲ့နားထံသို့ကပ်ကာ အသံအားတိုးပြီးပြောလိုက်သည်။

"အခု ငါအတန်းပြောင်းရတော့မယ်။ အဲဒီတော့ တည့်ပြောလိုက်တာပဲကောင်းပါတယ်။ တကယ်တော့ ငါကမင်းကိုအမြဲတမ်း...... ထားလိုက်ပါတော့ မပြောချင်တော့ဘူး။ သွားပြီ"

သူကပြောနေရင်းကနေပဲ ရုတ်တရက်ရပ်တန့်လိုက်ကာ အမြန်ပြန်လှည့်ပြီး ကျောပိုးအိတ်ကိုလွယ်လျက် အခန်းထဲကနေ ပြေးထွက်လာခဲ့သည်။

စက္ကန့်အနည်းငယ်ကြာသောအခါ စာသင်ခန်းထဲမှ စားပွဲနဲ့ထိုင်ခုံများ တိုက်သွားသည့်အသံကို ဖုယွမ်ကျုံးကိုကြားလိုက်ရသည်။ ရန်ရှုထန်က ထလာပြီးသူ့နောက်ကို ပြေးလိုက်လာမလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သူကတော့ သွားမှာပဲ။ ပြီးတော့ အတန်း - ၇ကလည်း အပေါ်ထပ်မှာ ရှိနေသောကြောင့် သူကအပေါ်ထပ်ကိုပဲ တန်းတန်းမတ်မတ်ပြေးသွားလိုက်တော့သည်။

တကယ်တော့ သူ့မှာရန်ရှုထန်အား ပြောစရာဘာမှမရှိနေ။ သူ့အားဒီတိုင်း ဇဝေဇဝါဖြစ်အောင်ထားခဲ့ရသည်က ဒုက္ခပေးဖို့အကောင်းဆုံးဖြစ်နေသောကြောင့်ပင်။ ရန်ရှုထန်ရဲ့ပင်ကိုယ်စရိုက်က အရူးလုပ်ဖို့ ခက်ကောင်းခက်နိုင်ပေမယ့်လည်း ဖုယွမ်ကျုံးအတွက် ဆုံးရှုံးစရာမရှိပါ။ ရန်ရှုထန်က တကယ်ကိုဒုက္ခရောက်သွားရင်တော့ ဖုယွမ်ကျုံးတစ်ယောက် ကံကောင်းသွားသည်ပေါ့။

သူ့ရဲ့အရင်ကပြိုင်ဘက်ကို အနိုင်ကျင့်ပြီးနောက်မှာတော့ ဖုယွမ်ကျုံးတစ်ယောက် ‌အတော်လေးလန်းဆန်းသွားရ၏။ သူက အတန်း - ၇ရှိရာဆီသို့ သွားနေလိုက်ပြီး စင်္ကြံလမ်းမှာလည်း ကျောင်းသားအနည်းငယ်သွားလာနေသည်။

သူ့ရှေ့တည့်တည့်ကနေလျှောက်လာနေသူကတော့ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်ပြီး ထိုလူမှာ အထက်တန်းကျောင်းဒုတိယနှစ်ရဲ့ ဌာနမှူးပင်ဖြစ်သည်။ ဌာနမှူးကကျောင်းသားအနည်းငယ်ကိုဦးဆောင်လာကာ တစ်ချို့က ပုံမှန်အဝတ်အစားများဝတ်ထားပြီး တစ်ချို့ကတော့ တစ်ခြားကျောင်းများမှ ယူနီဖောင်းများကိုဝတ်ဆင်ထားလေသည်။ သူတို့အားလုံးက ကျောင်းပြောင်းလာသည့် ကျောင်းသားအသစ်များပင် ဖြစ်လိမ့်မည်။ ရုတ်တရက် ဖုယွမ်ကျုံးရပ်တန့်မိသွားပြီး သူ့မျက်ဝန်းများမှာ အရောင်လက်လာလေသည်။

သူတစ်ယောက်တည်းတင်မဟုတ် စင်္ကြံလမ်းမှကျောင်းသားအတော်များများမှာလည်း ထိုသူအားကြည့်နေလျက်ရှိကြသည်။ အကြောင်းအရင်းကတော့ ထိုသူ၏အရပ်ကရှည်လွန်းပြီး ၁.၉ မီတာလောက်ရှိလိမ့်မည်ဖြစ်သောကြောင့် တကယ်ကိုအများသူငါငေးမောဖွယ် ဖြစ်နေခြင်းပင်။ ထိုသူက အနက်ရောင်နားကပ်များဝတ်ထားပြီး သူ့ဆံပင်ကလည်းပုံသွင်းထားကာ နီညိုရောင်ဆိုးထားသည်ကို ထည့်ပြောစရာပင်မလိုတော့။ သူက အနက်ရောင်တီရှပ်အင်္ကျီနဲ့ ဂျင်းပြဲကိုလည်း ဝတ်ဆင်ထားပြီး အရာအားလုံးက အမှတ် - ၁ အထက်တန်းကျောင်းရဲ့စည်းမျဥ်းများနှင့် လုံးဝကိုမသင့်တော်ပါချေ။

ထိုသူက ချောမောပြီး ထက်မြက်သည့်ပုံပေါ်ကာ ဆွဲဆောင်မှုရှိနေသော်ငြား ပုံစံအမူအရာကအေးတိအေးဆက်ပင်ဖြစ်နေသည်။ သူက ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ကိုထည့်ထားလျက် အေးအေးဆေးဆေးပင် လျှောက်လာနေလေသည်။ အားလုံးရဲ့အာရုံက သူ့ထံတွင်ရှိနေသော်လည်း သူကတော့ ဂရုစိုက်ပုံမရဘဲ သူ့ကိစ္စကိုပဲအာရုံစိုက်ထားနေသည့်ပုံပင်။

ဖုယွမ်ကျုံးကတော့ ဒီကျောင်းသားအသစ်ကို အတော်အတန်ရင်းရင်းနှီးနှီးရှိလှသည်။ ကျောင်းသားအသစ်ရဲ့နာမည်က ယွမ်ယဲ့ဖြစ်ပြီး အနာဂတ်မှာ သူတို့နှစ်ယောက်က ရင်းနှီးလွန်းတဲ့ ညီအစ်ကိုများဖြစ်လာပေလိမ့်မည်။

သူတို့ရဲ့ကြားကဆက်ဆံရေးကိုပြောရရင်‌တော့ ကျောင်းဖွင့်ပြီးသိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က ရန်ဖြစ်လိုက်ကြသေးသည်။ သို့သော်လည်း ယွမ်ယဲ့ကသူ့အား ရှုံးသွားကာ ထိုစဥ်ကတည်းကစ၍ သူက ဖုယွမ်ကျုံးကို နာခံလာကာ အစ်ကိုကြီးယွမ်ဟုပင် ခေါ်လာလေသည်။

အခုတော့......

ဖုယွမ်ကျုံးက တစ်ခဏမျှ အတွေးထဲနစ်မြောနေစဥ် ယွမ်ယဲ့က သူ့အနားပင် ရောက်ရှိလာလေပြီ။ သူတို့နှစ်ဦးသားဖြတ်သွားသောအခါ ယွမ်ယဲ့ရဲ့အကြည့်က ဖုယွမ်ကျုံးထံ စက္ကန့်အနည်းငယ်မျှ ရောက်လာ၏၊ သူတို့နှစ်ဦးက အခုချိန်တွင် တစ်ယောက်နဲ့တစ်ယောက် မသိသေးစဥ်ကာမူ ဖုယွမ်ကျုံးက အစ်ကိုကြီးကောင်းတစ်ယောက်မျက်နှာထားဖြင့် ယွမ်ယဲ့အား အမှတ်တမဲ့ပြုံးပြလိုက်မိသည်။

ယွမ်ယဲ့က တစ်ခဏမျှကြောင်အသွားပြီး အလျင်အမြန် စုကျုံ့ထားသောမျက်ခုံးများအား ဖြေလျော့ကာ ဖုယွမ်ကျုံးအားပြန်ပြုံးပြလာပြီး ရုတ်တရက်မေးလာလေတော့သည်။

"မင်းကဘယ်အခန်းကလဲ?"

"အတန်း - ၇က"

ဖုယွမ်ကျုံးက အနည်းငယ်မျှ အံ့အားသင့်သွားကာ ယွမ်ယဲ့အား အတန်းကိုပြန်မေးလိုက်လေသည်။

"ငါတို့ကအတန်းတူတူပဲ တိုက်ဆိုင်လိုက်တာနော်"

ယွမ်ယဲ့ကရယ်မောလျက် သူ့အားလက်ပြနှုတ်ဆက်သွား၏။

"နောက်မှတွေ့ကြတာပေါ့"

"နောက်မှတွေ့မယ်"

ဖုယွမ်ကျုံးကမျက်စိမှိတ်ပြီး ရုံးခန်းအားဦးဆောင်သွားနေတဲ့ ဌာနမှူးအားလှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။

သူနဲ့ယွမ်ယဲ့က အတန်းဖော်တွေဖြစ်လာမှာ သူသိပြီးသားပဲလေ။ သူမရင်းနှီးတာက ယွမ်ယဲ့ရဲ့သူ့ကို ယဥ်ကျေးပျူငှာနေပြီး ခင်ခင်မင်မင်ဖြစ်နေတဲ့ပုံကိုပဲ။ အရင်ဘဝမှာ သူတို့ဆုံတုန်းကဆိုရင် တစ်ယောက်နဲ့တစ်ယောက် မြင်လိုက်တာနဲ့ချက်ချင်းကို မနှစ်မြို့နေကြတာကို။ နောက်ကျမှ တစ်ပွဲလောက်ရန်ဖြစ်ပြီး ညီအစ်ကိုတွေဖြစ်သွားကြတာ...။

ဒါပေမဲ့ အခုသူတို့ကရန်မဖြစ်ရဘဲ ညီအစ်ကိုတွေဖြစ်လာကြမယ်ဆိုရင်လည်း ကောင်းတာပဲလေ။ အတန်း - ၇ကို ဝင်လာတာနဲ့ ဖုယွမ်ကျုံးရဲ့ခံစားချက်တွေကောင်းနေကာ အတန်းဖော်များကိုလိုက်နှုတ်ဆက်နေလိုက်သည်။ ဒါကအတန်းသစ်တစ်ခုဆိုပေမယ့်လည်း သူကတော့ တော်တော်များများနှင့် သိနေသောကြောင့်ပင်။

တစ်ခဏအကြာမှာတော့ အတန်းပိုင်ဆရာကဝင်လာလေသည်။ အရင်ကဆူညံနေသောစာသင်ခန်းမှာ တော်တော်လေးတိတ်ဆိတ်သွားသော်လည်း ယနေ့က မိတ်ဆက်စကားဆိူရုံလောက်လေးသာဖြစ်သဖြင့် အားလုံးကအေးအေးဆေး‌ဆေးဖြစ်နေကြကာ သက်ဆိုင်ရာခုံများတွင် ပုံမှန်တိုင်းထိုင်လျက်ရှိကြသည်။ ကျောင်းပြန်ဖွင့်ပြီးခါစ အတန်းများကိုပြန်စီစဥ်လိုက်သောကြောင့်ပင်ဖြစ်သည်။

အတန်းပိုင်ဆရာရဲ့ မျိုးရိုးနာမည်ကတော့ ယန်းဖြစ်ပြီး သင်္ချာဆရာပင်ဖြစ်၏။ ဆရာကအရပ်ရှည်ရှည် ပိန်ပါးကာ အသက်လေးဆယ်ထဲရောက်နေပြီဖြစ်သည်။ ဆရာကငယ်ရွယ်သူမဟုတ်သော်ငြား ပျော်ပျော်နေတတ်သူဖြစ်ပြီး ဟာသဉာဏ်လည်းရွှင်လှသည်။ ကျောင်းသားများကလည်း ဆရာအား အတော်သဘောကျကြကာ အချင်းချင်းဆိုလျှင် အစ်ကိုကြီးယန်းဟုပင် ခေါ်ကြလေသည်။

အစ်ကိုကြီးယန်းကတော့ အတန်းထဲသို့ တစ်ယောက်တည်းဝင်လာသည်မဟုတ်၊ အနောက်တွင် ကျောင်းသားအသစ်နှစ်ယောက်လည်း ပါလာလေသည်။ တစ်ယောက် ယောက်ျားလေးဖြစ်ပြီး နောက်တစ်ယောက်မှာ မိန်းကလေးပင် ဖြစ်သည်။ ယောကျာ်းလေးကတော့ ယွမ်ယဲ့ပင်ဖြစ်ပြီး မိန်းကလေးရဲ့နာမည်ကိုတော့ ဖုယွမ်ကျုံးပြန်စဥ်းစားလို့မရဘဲ သိုသိုသိပ်သိပ်နေတတ်သည့် introvert တစ်ဦးဆိုတာကိုပဲ မှတ်မိတော့သည်။

[T/N-introvertဆိုတာ ကိုယ့်ဘာသာကိုယ်နေပြီး လူအများနဲ့ဆို ရှက်နေတတ်တတ်တဲ့သူမျိုးကိုပြောတာပါ]

ကျောင်းသားအသစ်လေးများက တစ်မျိုးတစ်ဖုံ အနေခက်နေပုံရသော်လည်း မကြာခင်မှာပဲ အစ်ကိုကြီးယန်း၏အရွှန်းဖောက်များမှုများကြောင့် သက်တောင့်သက်သာဖြစ်လာကာ အတော်အတန်စိတ်သက်သာရာရသွားကြသည်။ ထို့နောက် အစ်ကိုကြီးယန်းက အတန်းသားအသစ်များအား ကိုယ့်ကိုယ်ကိုမိတ်ဆက်ခိုင်းကာ တစ်ဦးနှင့်တစ်ဦးရင်းနှီးလာအောင် လုပ်ခိုင်းတော့သည်။

ဖုယွမ်ကျုံးအလှည့်သို့ရောက်သောအခါတွင်တော့ အတန်းသားတော်တော်များများက သူ့နှင့်ရင်းနှီးနေကြသောကြောင့် သူ့အား အများဆုံးအားပေးနေကြတော့သည်။

ငယ်ရွယ်သေးသော အတန်းဖော်များကိုမျက်နှာချင်းဆိုင်ရင်း ဖုယွမ်ကျုံးလည်း စိတ်သက်သာရာရလာတော့သည်။ သူက အတန်းထဲရှိလူများရဲ့ အမူအရာများကို အကဲခတ်ရင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်တော့၏။

သူ့အကြည့်များက ယွမ်ယဲ့ထံရောက်သွားသောအခါတွင်တော့ ယွမ်ယဲ့က သူ့အားပြုံးပြီးကြည့်နေကာ အလေးအနက်နားထောင်နေသည်ကို တွေ့လိုက်ရတော့သည်။ ယွမ်ယဲ့က တစ်ပါးသူ၏မိတ်ဆက်စကားများကို နားထောင်တတ်သူမဟုတ်ပါချေ။ သူကအမြဲလိုလို တစ်သီးတသန့်နေကာ တစ်ခြားသူများအား လုံးဝအာရုံမစိုက်ခဲ့ပါ။

အခုလိုကွဲပြားတဲ့ဆက်ဆံခံရမှုလေးကိုရလိုက်တော့ ဖုယွမ်ကျုံး အနည်းငယ်ပျော်သွားမိသည်။ ဒီတစ်ခေါက်တော့ သူကယွမ်ယဲ့နဲ့အံဝင်ခွင်ကျဖြစ်နေလိမ့်လို့ မထင်ထားမိခဲ့ဘူးလေ။ ကြည့်ရတာတော့ သူတို့က အရင်ကထက် မြန်မြန် ညီအစ်ကိုတွေဖြစ်လာကြတော့မယ့်ပုံပဲ။

ဘာကြောင့်များပါလိမ့်? ဒီဘဝမှာ ABOလိင်တွေကပိုများလာလို့လား? ယွမ်ယဲ့ကလည်း Omega ဖြစ်နေလို့ သူနဲ့အဆင်ပြေနေတာများလား?

ဒီလိုဖြစ်နိုင်ချေကိုတွေးကြည့်လျက် ဖုယွမ်ကျုံးရဲ့အကြည့်များက ယွမ်ယဲ့ထံကွဲပြားစွာထပ်မံရောက်ရှိသွားတော့သည်။ ယွမ်ယဲ့က ထိန်းချုပ်ထားတဲ့ collar ကိုမဝတ်ထားသော်ငြား သူ့နည်းနဲ့သူ အုပ်စုထဲမှ ကွဲထွက်လာနေလို့လေသည်။ ဒါကတစ်ခြားအကြောင်းအရင်းမရှိနိုင်တော့ဘူး။ ယွမ်ယဲ့က Omega ဖြစ်နေလို့ပဲဖြစ်ရမယ်။

ဒါကမှ တကယ့်ညီအစ်ကို တကယ့်သူငယ်ချင်းပဲ! Alpha ဖြစ်သွားတဲ့ ဟိုသစ္စာဖောက်ကောင် ရှဲ့လင်လိုမဟုတ်ဘူး။ သူကဖုယွမ်ကျုံးရဲ့ glandကိုတောင် ကိုက်ချင်နေသေးတယ်။ ဒါကတကယ်ကို ယုတ္တိမရှိဘူးလေ။ သူကသာ တကယ့်ညီအစ်ကိုဆိုရင် သူနဲ့အတူ Omega ပဲဖြစ်သင့်တာ!

သူ့စိတ်ထဲတွင် အတော်အတန်ဝေဖန်လေကန်နေပြီးနောက် ဖုယွမ်ကျုံးတစ်ယောက် ယွမ်ယဲ့အပေါ် အရင်ကထက်ပို၍ စိတ်အားထက်သန်လာတော့သည်။ အနားယူပြီးချိန်တွင်တော့ ဖုယွမ်ကျုံးတစ်ယောက် လွယ်အိတ်ကိုလွယ်ကာ ယွမ်ယဲ့ဘေးတွင် သွားထိုင်ပြီး စကားပြောနေလိုက်သည်။

သူတို့နှစ်ယောက်ထံတွင် ပြောစရာစကားများကများပြားနေကာ အထူးသဖြင့်တော့ ဂိမ်းနဲ့ပတ်သက်လျှင်ပင် ဖြစ်သည်။ ဖုယွမ်ကျုံးက ဂိမ်းကစားရသည်ကို သဘောကျကာ ယွမ်ယဲ့ကလည်း ဂိမ်းနဲ့ပတ်သက်လျှင် ထိပ်တန်းဆရာကြီးဖြစ်သည်။ အနာဂတ်မှာ သူက ပရော်ဖက်ရှင်နယ်ကလပ်တွေမှ လေ့ကျင့်ရေးဆင်းပေးသော ကမ်(ပ်)များသို့ ဝင်ရောက်လိုက်ကာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်နီးပါး ဖြစ်လာလိမ့်မည်ပင်။ သို့သော်လည်း အကြောင်းအရင်းတစ်ချို့ကြောင့် ယွမ်ယဲ့က လက်လျှော့လိုက်ကာ ဖုယွမ်ကျုံးကတော့ သူ့အတွက် အတော်လေးစိတ်မကောင်းဖြစ်ခဲ့ရသည်။

တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် ဒီဘဝမှာတော့ ယွမ်ယဲ့ကို သူ့အိပ်မက်ကိုနားလည်အောင် သူကူညီပေးရမယ်။

ဖုယွမ်ကျုံးက တိတ်တဆိတ်ပင် ဆုံးဖြတ်ချနေစဥ်နေမှာပဲ အနားသွားယူသော အစ်ကိုကြီးယန်းက အတန်းကိုပြန်လာခဲ့လေပြီ။ သူက ကျောင်းသားအချို့အား အောက်ထပ်ကိုဆင်းကာ စာအုပ်အသစ်တွေယူရန် ပြောနေသည်။

အရပ် ၁.၈ မီတာရှိသော ယောက်ျားလေးတစ်ယောက်အနေဖြင့် ဖုယွမ်ကျုံးကအလိုက်တသိထရပ်လိုက်သော်လည်း အစ်ကိုကြီးယန်းက သူ့အားရုတ်တရက်တားလိုက်မည်ကို မထင်ထားမိခဲ့ပါချေ။

"ဖုယွမ်ကျုံး မင်းသွားစရာမလိုဘူး သုမန်နဲ့ တစ်ခြားသူတွေ သွားလိမ့်မယ်"

သုမန်ဟု အမည်ရသောမိန်းကလေးမှာ အတန်း - ၇၏ အတန်းခေါင်းဆောင်ပင်ဖြစ်သည်။ သူ(မ)ကပိန်ပါးပြီး အရပ်မှာလည်း ၁.၆ မီတာထက်ပင် နိမ့်သေးသည်။ ထို့ကြောင့် ဖုယွမ်ကျုံးက နားကြားမှားသွားသည်ဟု ထင်လိုက်သော်လည်း ကောင်မလေးမှာ တစ်ခြားကျောင်းသားများနှင့် ပုံမှန်အတိုင်းပင် ထသွားသည်ကိုမြင်လိုက်ရလေသည်။ သူ(မ)ကအနောက်သို့ပြန်လှည့်ကာ ဖုယွမ်ကျုံးအား ချိုသာစွာပြုံးပြလိုက် ပြောလိုက်သည်။

"ဟုတ်တယ် နင်ဒီတိုင်းနားနေလိုက် ငါတို့ Alpha နည်းနည်းလောက်ပဲ သွားဖို့လိုတာပါ"

ဖုယွမ်ကျုံး - "....."

ဖုယွမ်ကျုံးတစ်ယောက် ရိုက်ချခံလိုက်ရသလို ခံစားသွားရလေသည်။

Omega ဖြစ်တော့ ဘာဖြစ်လို့လဲ? Omega ဖြစ်နေတော့ ယောက်ျားလေးမဟုတ်တော့လို့လား? Omega  တစ်ယောက်က ယောက်ျားလေးဖြစ်နေတယ်ဆိုရင်တောင်မှ ယောက်ျားတစ်ယောက်ရဲ့ သိက္ခာက အလေးအပင်သယ်ရတဲ့ အလုပ်တွေအတွက် ၁.၅ မီတာလောက်ပဲရှိတဲ့မိန်းကလေးဆီကနေ ဒီလိုတော့အလုမခံနိုင်ဘူးလေ!

ဖုယွမ်ကျုံးက လက်မလျှော့ဘဲ သူလိုက်သွားဖို့ပဲ ပြောနေလေသည်။ သူ၏တင်းခံနေမှုကြောင့် အစ်ကိုကြီးယန်းမှာလည်း ခွင့်ပြုလိုက်ရတော့သည်။ ချုံငုံပြောရလျှင် Alpha နဲ့ Omega ကြားမှာ ပင်ပန်းတဲ့အလုပ်တွေအတွက် အင်အားကွာခြားချက်တွေရှိပေမယ့်လည်း ဒါကတရားသေတော့ မဟုတ်ပါချေ။ တစ်ဦးတစ်ယောက်ချင်းအပေါ်မှာလည်း မူတည်နေသေးကာ ဖုယွမ်ကျုံးလို Omega တစ်ယောက်ဆိုလျှင် Alpha အတော်များများထက်ပင် သေချာပေါက်ပိုအားကောင်းနေသေးသည်။

"ဒါဆို ကျွန်တော်သူနဲ့သွားလိုက်မယ်"

ယွမ်ယဲ့ကလည်း ထလာကာ ဖုယွမ်ကျုံးနဲ့အတူ စာသင်ခန်းထဲမှ ထွက်သွားလေ၏။

အတန်းထဲမှာထိုင်နေကြတုန်းက ဖုယွမ်ကျုံးက ယွမ်ယဲ့ဘေးတွင် ဖြစ်သော်ငြား သူတို့ကြားတွင် အကွာအဟလေးအနည်းငယ်ရှိနေသေးသည်။ အခုလို ဘေးချင်းကပ်လျက် လမ်းလျှောက်နေသောအခါတွင်တော့ သူတို့နှစ်ဦးမှာ ပိုလို့နီးကပ်သွားလေတော့သည်။ ဖုယွမ်ကျုံးတစ်ယောက် အတော်လေးကောင်းမွန်ပေါ့ပါပြီး ကြည်လင်အေးစက်သော ပူရှိန်းအနံ့လေးရလာသလိုပင်။

ထိုရနံ့မှာ ယွမ်ယဲ့ဆီကထွက်လာသော ရနံ့ဖြစ်ပြီး ဖုယွမ်ကျုံးမှာ ပူရှိန်းအနံ့ကိုသဘောကျသောကြောင့် ပို၍အနားကပ်ကာ ရှူရှိုက်မိတော့သည်။

ယွမ်ယဲ့က ဘာခုခံမှုမှမပြဘဲ သူ့အားအပြုံးတစ်ခုဖြင့် အနားကပ်ခံကာ ပြောလာသည်။

"မင်း အနံ့ရလို့လား? သဘောကျတယ်ပေါ့?"

"ငါသဘောကျ...."

စကားပြောနေရင်းတစ်ဝက်တစ်ပြတ်မှာပင် ဖုယွမ်ကျုံး ရုတ်တရက်ပါးစပ်ပိတ်လိုက်မိတော့သည်။ တစ်ခုခုကတော့ မှားနေပြီဟု သူနားလည်သွားသောကြောင့်ပင်။ အစပိုင်းတွင်တော့ ပူရှိန်းအနံ့ဟုထင်ထားသော်ငြား အနံ့ရှူကြည့်သောအခါတွင် သူအနည်းငယ်မူးဝေလာသလို ခံစားလာရသည်။

ဒါက pheromone အနံ့တွေလား? တစ်ခြား Omega  တစ်ယောက်ရဲ့ pheromoneက သူ့ကိုမူးဝေအောင် လုပ်နိုင်တာလား? မဖြစ်နိုင်လိုက်တာ...ဒါဆို ယွမ်ယဲ့က တကယ်တော့ A.......

ဖုယွမ်ကျုံးတစ်ယောက် လှေကားပေါ်မှ ခြေချော်သွားခြင်းပင်။ ယွမ်ယဲ့ကအလျင်အမြန်လှုပ်ရှားလိုက်ကာ သူ့အားလှေကားပေါ်မှ ကျမသွားအောင် ခါးကိုဖက်၍ ထိန်းညှိထားပေလေသည်။

"အဆင်ပြေရဲ့လား"

ယွမ်ယဲ့က သူ့အားငုံ့ကြည့်လျက်ပြောလာပြီး ဖုယွမ်ကျုံးက တည်တည်ငြိမ်ငြိမ်ပြန်ရပ်နိုင်နေသော်လည်း လက်ကိုတော့ပြန်မရုတ်သေးပါချေ။ သူကခေါင်းငုံ့လာကာ ဖုယွမ်ကျုံး၏လည်ပင်းအနားတွင် နှာခေါင်းရှုံ့ပြလိုက်ပြီး နှုတ်ခမ်းအစွန်းများကကော့တက်သွားလျက် ပြောလာလေသည်။

"ငါလည်း မင်းရဲ့ pheromone ကိုအနံ့ရတယ်၊ မက်မွန်သီးလိုပဲ....ငါတအားသဘောကျတယ်"

"တကယ်ကိုပဲ Omega တစ်ယောက်ရဲ့ pheromone ကချိုမွှေးနေတာပဲ"

"....."

ယွမ်ယဲ့ရဲ့သံသယဝင်ဖွယ်အပြုအမူက ဖုယွမ်ကျုံးအား ရုတ်ချည်းနားလည်သွားစေတော့သည်။ သူတို့တွေရင်းနှီးနေသလိုဖြစ်နေရတာက သူတို့က Omega တွေဖြစ်နေလို့မဟုတ်ဘဲ ဆန့်ကျင်ဘက်တွေဖြစ်နေလို့ကိုး။ တကယ်တော့ ယွမ်ယဲ့က Alpha ဖြစ်နေပြီး သူကတော့ Omega ပင်။ ယွမ်ယဲ့မှာ သူ့အား Omega တစ်ယောက်လိုဆက်ဆံနေသဖြင့် သူ့အပြုအမူများက ဖုယွမ်ကျုံးအပေါ်ယဥ်ကျေးနေတာပင် ဖြစ်သည်။

သေလိုက်ပါတော့...ဒီကောင်ကပါ ငါနဲ့တူတူအိပ်ချင်နေတာလို့တော့ မပြောနဲ့နော်!

ဖုယွမ်ကျုံးတစ်ယောက် လုံးဝကိုဆွံ့အနေမိတော့သည်။ ထိုအချိန်မှာပဲ လှေကားများဆီမှဆင်းလာနေသော ခြေသံများကို သူရုတ်တရက်ကြားလိုက်ရလေသည်။ ယွမ်ယဲ့က ခေါင်းကိုငုံ့ကာ သူ့လည်ပင်းအနားတွင် အနံ့ခံနေသောကြောင့် ဖုယွမ်ကျုံးရဲ့မြင်ကွင်းကပိတ်မနေဘဲ လှေကားထိပ်ကိုလှမ်းမြင်နေရပြီး ရင်းနှီးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ရှဲ့လင်ရဲ့ ချောမောလှသောမျက်နှာပင်ဖြစ်သည်။

ဖုယွမ်ကျုံးနှင့်တစ်ခြားတစ်ယောက်၏ နီးကပ်စွာရပ်နေမိမှုကို မြင်လိုက်ရသောအခါ ရှဲ့လင်၏မျက်လုံးများက အနည်းငယ်မှောင်မိုက်သွားပြီး သူ့ရဲ့သြရှရှအသံဖြင့် မေးလာတော့သည်။

"ယွမ်ကျုံး မင်းဘာလုပ်နေတာလဲ?"

~~~~~~~~~~~~~~~~~~~~~~~
လိုင်းမဖြတ်ခင်လေး တစ်ပိုင်း
Voteထိုင်ပေးနေတာနဲ့ နောက်ကျသွားတာ ^^
Reader 1k( ˘ ³˘)♥
21/04/2021
~~~~~~~~~~~~~~~~~~~~~~~
[ZAWGYI]

ရန္ရႈထန္၏နားမ်ားနီရဲသြားသည္ကို ဖုယြမ္က်ဳံးသတိထားမိသြားသည္။ ဖုယြမ္က်ဳံးက သူအျမင္မွားသြားသလား လို႔ထင္မိေသာေၾကာင့္ သူျမင္တာမွန္တယ္ဆိုတာ ေသခ်ာေအာင္ ပိုၿပီးစူးစိုက္ၾကည့္လိုက္မိသည္။ ရန္ရႈထန္ရဲ႕အသားအရည္က ျဖဴေဖြးလြန္းေသာေၾကာင့္ နား႐ြက္မ်ားနီေနသည္က လုံးဝကိုထင္ရွားလြန္းေနေလသည္။

ဖုယြမ္က်ဳံးတစ္ေယာက္ တကယ္ကိုအသစ္အဆန္းျဖစ္သြားမိသည္။ အထက္တန္းေက်ာင္းၿပီးကတည္းက သူနဲ႔ရန္ရႈထန္တို႔ အဆက္အသြယ္လုပ္ခဲေပမယ့္ ၿပီးခဲ့တဲ့သုံးႏွစ္လုံးမွာ သူနဲ႔ပတ္သက္ရင္ တကယ္ကိုအံ့ၾသစရာပဲေလ။ ရန္ရႈထန္ဆီကေန ဒီလိုအမူအရာထြက္လာတာ သူတစ္ခါမွမျမင္ဖူးဘူး။

ဘာလို႔လဲ? သူသေဘာမက်တဲ့လူက သူေခ်ာင္းၾကည့္ေနတာကို မိသြားေတာ့ရွက္သြားတာလား? သူကတကယ္ခန႔္မွန္းရလြယ္တာပဲ။

ရန္ရႈထန္ကသူ႔ကိုၾကည့္ေနတဲ့အေၾကာင္းကိုေတာ့ ဖုယြမ္က်ဳံးအေတာ္ေလးနားလည္လိုက္ပါၿပီ။ သူထြက္သြားမွာကိုၾကည့္ရတာ ေပ်ာ္ေနတာကလြဲရင္တစ္ျခားမရွိႏိုင္ေတာ့ဘူး။ သူ႔အရင္ဘဝတုန္းကသာဆိုရင္ သူလည္းရန္ရႈထန္သာထြက္သြားတာကို ၾကည့္ေနရရင္ ခုန္ေပါက္ၿပီးေပ်ာ္႐ႊင္ေနလိမ့္မွာပဲေလ။ ရန္ရႈထန္ရဲ႕ တုန႔္ျပန္မႈက ေတာ္ေတာ္ကိုဒီသေဘာသက္ေရာက္ေနတာပဲကို။

တကယ္ေတာ့ အထက္တန္းေက်ာင္းၿပီးလို႔ ႏွစ္အနည္းငယ္ေလာက္ၾကာကတည္းက ရန္ရႈထန္အေပၚရွိေနတဲ့ ဖုယြမ္က်ဳံးရဲ႕မႏွစ္လိုမႈေတြက ေတာ္ေတာ္ေလးကိုေပ်ာက္ရွသြားၿပီး အစပိုင္းမွာျဖစ္ခဲ့တဲ့ မႏွစ္ၿမိဳ႕ဖြယ္ကိစၥေတြကိုလည္း သူေမ့ထားၿပီးသားပါ။ ဒါေပမဲ့ အခုေတာ့ သူ႔မွာ အထက္တန္းေက်ာင္းကသူ႔ရဲ႕ၿပိဳင္ဘက္ကို စေနာက္ဖို႔အခြင့္အေရးရွိသြားၿပီဆိုတာကို ႐ုတ္တရက္နားလည္သြားသည္။ တအားေပ်ာ္ဖို႔ေကာင္းတာပဲ။

ထို႔ေၾကာင့္ ဖုယြမ္က်ဳံးက ဖုန္းကိုယူလိုက္ၿပီး ရန္ရႈထန္ရဲ႕စားပြဲဆီသို႔ ေလွ်ာက္သြားလိုက္သည္။

သူ႔ရဲ႕႐ုတ္တရက္လုပ္ရပ္ေၾကာင့္ အတန္းသားအားလုံးက သူ႔ကိုအာ႐ုံစိုက္လာၾကသည္။ သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အဆံမရွိမွန္းသူတို႔အားလုံးသိသည္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ေတြ႕လိုက္တိုင္း မႏွစ္ၿမိဳ႕ဖြယ္ေကာင္းတဲ့ကိစၥေတြပဲျဖစ္လာတတ္သည္။ အခုေတာ့ တစ္တန္းလုံးက သူတို႔ႏွစ္ေယာက္ ထပ္ၿပီး ကေတာက္ကဆျဖစ္မွာကို စိုးရိမ္လြန္းလို႔ စိတ္လႈပ္ရွားၾကေနရသည္။

အဲဒီအခ်ိန္မွာပဲ ဖုယြမ္က်ဳံးကသူ႔လက္ကိုဆန႔္ထုတ္လိုက္ေသာအခါ သူတို႔အနီးတစ္ဝိုက္ကလူအားလုံးက သူ႔ကိုဝင္ဆြဲဖို႔ ျပာယာခတ္သြားၾကသည္။ ဖုယြမ္က်ဳံးက ရန္ရႈထန္ကို မထိုးဘူးလို႔ေျပာလို႔မရဘူးေလ။ သူက Omega တစ္ေယာက္ဆိုေပမယ့္လည္း သူ႔ရဲ႕တိုက္ခိုက္ႏိုင္စြမ္းကို ဘယ္သူကမွအထင္မေသးရဲ။ ရန္ရႈထန္ကလည္း ေပ်ာ့ဖတ္ဖတ္နဲ႔ ဖုယြမ္က်ဳံးကတစ္ခ်က္ေလာက္ထိုးလိုက္တာႏွင့္ပင္ လဲက်သြားႏိုင္သည္။

တစ္ျခားသူမ်ားႏွင့္ ယွဥ္လိုက္လွ်င္ ရန္ရႈထန္ကေတာ့ အေတာ္ေလးတည္ၿငိမ္ေနပုံရၿပီး သူ႔အမူအရာေျပာင္းလဲသြားမႈက ခုနကေလာက္ေတာင္ မထင္ရွားပါေခ်။ သူကခုံမွာပဲ တည္တည္ၿငိမ္ၿငိမ္ထိုင္ေနကာ ဖုယြမ္က်ဳံအား ေနာက္ထပ္ဘာလုပ္မလဲဆိုတာကို ေစာင့္ၾကည့္ေနသလိုမ်ိဳး ေအးစက္စက္ၾကည့္ေနေလသည္။

သို႔ေသာ္ျငား အားလုံးကထင္ထားသည္ႏွင့္ ဆန႔္က်င္စြာ ဖုယြမ္က်ဳံးက ရန္ရႈထန္ရဲ႕မ်က္ႏွာကို ထိုးလည္းမထိုးခဲ့သလို အက်ႌေကာ္လံစကိုလည္း မဆြဲခဲ့ပါ။ သူကရန္ရႈထန္ရဲ႕အေရွ႕တြင္ ရပ္႐ုံသာရပ္ေနၿပီး လက္ကိုဆုပ္ကိုင္လိုက္ကာ ရႈတည္တည္မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။

"ငါမင္းကို တကယ္မုန္းတယ္"
အတန္းသားမ်ား - "???"

ရန္ရႈထန္တစ္‌ေယာက္ အေတာ္ေလးေရွာ့ခ္ရသြားသည္။ ဖုယြမ္က်ဳံးက သူ႔လက္မ်ားကိုဆုပ္ကိုင္ထားကာ လက္ျပန္႐ုတ္ဖို႔ေမ့ေနပုံပင္။ ဖုယြမ္က်ဳံးက ဝမ္းနည္းသလိုၾကည့္ေနၿပီး ရန္ရႈထန္ရဲ႕နားထံသို႔ကပ္ကာ အသံအားတိုးၿပီးေျပာလိုက္သည္။

"အခု ငါအတန္းေျပာင္းရေတာ့မယ္။ အဲဒီေတာ့ တည့္ေျပာလိုက္တာပဲေကာင္းပါတယ္။ တကယ္ေတာ့ ငါကမင္းကိုအၿမဲတမ္း...... ထားလိုက္ပါေတာ့ မေျပာခ်င္ေတာ့ဘူး။ သြားၿပီ"

သူကေျပာေနရင္းကေနပဲ ႐ုတ္တရက္ရပ္တန႔္လိုက္ကာ အျမန္ျပန္လွည့္ၿပီး ေက်ာပိုးအိတ္ကိုလြယ္လ်က္ အခန္းထဲကေန ေျပးထြက္လာခဲ့သည္။

စကၠန႔္အနည္းငယ္ၾကာေသာအခါ စာသင္ခန္းထဲမွ စားပြဲနဲ႔ထိုင္ခုံမ်ား တိုက္သြားသည့္အသံကို ဖုယြမ္က်ဳံးကိုၾကားလိုက္ရသည္။ ရန္ရႈထန္က ထလာၿပီးသူ႔ေနာက္ကို ေျပးလိုက္လာမလားမသိဘူး။ ဘာပဲျဖစ္ျဖစ္ သူကေတာ့ သြားမွာပဲ။ ၿပီးေတာ့ အတန္း - ၇ကလည္း အေပၚထပ္မွာ ရွိေနေသာေၾကာင့္ သူကအေပၚထပ္ကိုပဲ တန္းတန္းမတ္မတ္ေျပးသြားလိုက္ေတာ့သည္။

တကယ္ေတာ့ သူ႔မွာရန္ရႈထန္အား ေျပာစရာဘာမွမရွိေန။ သူ႔အားဒီတိုင္း ဇေဝဇဝါျဖစ္ေအာင္ထားခဲ့ရသည္က ဒုကၡေပးဖို႔အေကာင္းဆုံးျဖစ္ေနေသာေၾကာင့္ပင္။ ရန္ရႈထန္ရဲ႕ပင္ကိုယ္စ႐ိုက္က အ႐ူးလုပ္ဖို႔ ခက္ေကာင္းခက္ႏိုင္ေပမယ့္လည္း ဖုယြမ္က်ဳံးအတြက္ ဆုံးရႈံးစရာမရွိပါ။ ရန္ရႈထန္က တကယ္ကိုဒုကၡေရာက္သြားရင္ေတာ့ ဖုယြမ္က်ဳံးတစ္ေယာက္ ကံေကာင္းသြားသည္ေပါ့။

သူ႔ရဲ႕အရင္ကၿပိဳင္ဘက္ကို အႏိုင္က်င့္ၿပီးေနာက္မွာေတာ့ ဖုယြမ္က်ဳံးတစ္ေယာက္ ‌အေတာ္ေလးလန္းဆန္းသြားရ၏။ သူက အတန္း - ၇ရွိရာဆီသို႔ သြားေနလိုက္ၿပီး စႀကႍလမ္းမွာလည္း ေက်ာင္းသားအနည္းငယ္သြားလာေနသည္။

သူ႔ေရွ႕တည့္တည့္ကေနေလွ်ာက္လာေနသူကေတာ့ သက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ေယာက္ျဖစ္ၿပီး ထိုလူမွာ အထက္တန္းေက်ာင္းဒုတိယႏွစ္ရဲ႕ ဌာနမႉးပင္ျဖစ္သည္။ ဌာနမႉးကေက်ာင္းသားအနည္းငယ္ကိုဦးေဆာင္လာကာ တစ္ခ်ိဳ႕က ပုံမွန္အဝတ္အစားမ်ားဝတ္ထားၿပီး တစ္ခ်ိဳ႕ကေတာ့ တစ္ျခားေက်ာင္းမ်ားမွ ယူနီေဖာင္းမ်ားကိုဝတ္ဆင္ထားေလသည္။ သူတို႔အားလုံးက ေက်ာင္းေျပာင္းလာသည့္ ေက်ာင္းသားအသစ္မ်ားပင္ ျဖစ္လိမ့္မည္။ ႐ုတ္တရက္ ဖုယြမ္က်ဳံးရပ္တန႔္မိသြားၿပီး သူ႔မ်က္ဝန္းမ်ားမွာ အေရာင္လက္လာေလသည္။

သူတစ္ေယာက္တည္းတင္မဟုတ္ စႀကႍလမ္းမွေက်ာင္းသားအေတာ္မ်ားမ်ားမွာလည္း ထိုသူအားၾကည့္ေနလ်က္ရွိၾကသည္။ အေၾကာင္းအရင္းကေတာ့ ထိုသူ၏အရပ္ကရွည္လြန္းၿပီး ၁.၉ မီတာေလာက္ရွိလိမ့္မည္ျဖစ္ေသာေၾကာင့္ တကယ္ကိုအမ်ားသူငါေငးေမာဖြယ္ ျဖစ္ေနျခင္းပင္။ ထိုသူက အနက္ေရာင္နားကပ္မ်ားဝတ္ထားၿပီး သူ႔ဆံပင္ကလည္းပုံသြင္းထားကာ နီညိဳေရာင္ဆိုးထားသည္ကို ထည့္ေျပာစရာပင္မလိုေတာ့။ သူက အနက္ေရာင္တီရွပ္အက်ႌနဲ႔ ဂ်င္းၿပဲကိုလည္း ဝတ္ဆင္ထားၿပီး အရာအားလုံးက အမွတ္ - ၁ အထက္တန္းေက်ာင္းရဲ႕စည္းမ်ဥ္းမ်ားႏွင့္ လုံးဝကိုမသင့္ေတာ္ပါေခ်။

ထိုသူက ေခ်ာေမာၿပီး ထက္ျမက္သည့္ပုံေပၚကာ ဆြဲေဆာင္မႈရွိေနေသာ္ျငား ပုံစံအမူအရာကေအးတိေအးဆက္ပင္ျဖစ္ေနသည္။ သူက ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္ကိုထည့္ထားလ်က္ ေအးေအးေဆးေဆးပင္ ေလွ်ာက္လာေနေလသည္။ အားလုံးရဲ႕အာ႐ုံက သူ႔ထံတြင္ရွိေနေသာ္လည္း သူကေတာ့ ဂ႐ုစိုက္ပုံမရဘဲ သူ႔ကိစၥကိုပဲအာ႐ုံစိုက္ထားေနသည့္ပုံပင္။

ဖုယြမ္က်ဳံးကေတာ့ ဒီေက်ာင္းသားအသစ္ကို အေတာ္အတန္ရင္းရင္းႏွီးႏွီးရွိလွသည္။ ေက်ာင္းသားအသစ္ရဲ႕နာမည္က ယြမ္ယဲ့ျဖစ္ၿပီး အနာဂတ္မွာ သူတို႔ႏွစ္ေယာက္က ရင္းႏွီးလြန္းတဲ့ ညီအစ္ကိုမ်ားျဖစ္လာေပလိမ့္မည္။

သူတို႔ရဲ႕ၾကားကဆက္ဆံေရးကိုေျပာရရင္‌ေတာ့ ေက်ာင္းဖြင့္ၿပီးသိပ္မၾကာခင္မွာပဲ သူတို႔ႏွစ္ေယာက္က ရန္ျဖစ္လိုက္ၾကေသးသည္။ သို႔ေသာ္လည္း ယြမ္ယဲ့ကသူ႔အား ရႈံးသြားကာ ထိုစဥ္ကတည္းကစ၍ သူက ဖုယြမ္က်ဳံးကို နာခံလာကာ အစ္ကိုႀကီးယြမ္ဟုပင္ ေခၚလာေလသည္။

အခုေတာ့......

ဖုယြမ္က်ဳံးက တစ္ခဏမွ် အေတြးထဲနစ္ေျမာေနစဥ္ ယြမ္ယဲ့က သူ႔အနားပင္ ေရာက္ရွိလာေလၿပီ။ သူတို႔ႏွစ္ဦးသားျဖတ္သြားေသာအခါ ယြမ္ယဲ့ရဲ႕အၾကည့္က ဖုယြမ္က်ဳံးထံ စကၠန႔္အနည္းငယ္မွ် ေရာက္လာ၏၊ သူတို႔ႏွစ္ဦးက အခုခ်ိန္တြင္ တစ္ေယာက္နဲ႔တစ္ေယာက္ မသိေသးစဥ္ကာမူ ဖုယြမ္က်ဳံးက အစ္ကိုႀကီးေကာင္းတစ္ေယာက္မ်က္ႏွာထားျဖင့္ ယြမ္ယဲ့အား အမွတ္တမဲ့ၿပဳံးျပလိုက္မိသည္။

ယြမ္ယဲ့က တစ္ခဏမွ်ေၾကာင္အသြားၿပီး အလ်င္အျမန္ စုက်ဳံ႔ထားေသာမ်က္ခုံးမ်ားအား ေျဖေလ်ာ့ကာ ဖုယြမ္က်ဳံးအားျပန္ၿပဳံးျပလာၿပီး ႐ုတ္တရက္ေမးလာေလေတာ့သည္။

"မင္းကဘယ္အခန္းကလဲ?"

"အတန္း - ၇က"

ဖုယြမ္က်ဳံးက အနည္းငယ္မွ် အံ့အားသင့္သြားကာ ယြမ္ယဲ့အား အတန္းကိုျပန္ေမးလိုက္ေလသည္။

"ငါတို႔ကအတန္းတူတူပဲ တိုက္ဆိုင္လိုက္တာေနာ္"

ယြမ္ယဲ့ကရယ္ေမာလ်က္ သူ႔အားလက္ျပႏႈတ္ဆက္သြား၏။

"ေနာက္မွေတြ႕ၾကတာေပါ့"

"ေနာက္မွေတြ႕မယ္"

ဖုယြမ္က်ဳံးကမ်က္စိမွိတ္ၿပီး ႐ုံးခန္းအားဦးေဆာင္သြားေနတဲ့ ဌာနမႉးအားလွမ္းၾကည့္ကာ ျပန္ေျပာလိုက္သည္။

သူနဲ႔ယြမ္ယဲ့က အတန္းေဖာ္ေတြျဖစ္လာမွာ သူသိၿပီးသားပဲေလ။ သူမရင္းႏွီးတာက ယြမ္ယဲ့ရဲ႕သူ႔ကို ယဥ္ေက်းပ်ဴငွာေနၿပီး ခင္ခင္မင္မင္ျဖစ္ေနတဲ့ပုံကိုပဲ။ အရင္ဘဝမွာ သူတို႔ဆုံတုန္းကဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ျမင္လိုက္တာနဲ႔ခ်က္ခ်င္းကို မႏွစ္ၿမိဳ႕ေနၾကတာကို။ ေနာက္က်မွ တစ္ပြဲေလာက္ရန္ျဖစ္ၿပီး ညီအစ္ကိုေတြျဖစ္သြားၾကတာ...။

ဒါေပမဲ့ အခုသူတို႔ကရန္မျဖစ္ရဘဲ ညီအစ္ကိုေတြျဖစ္လာၾကမယ္ဆိုရင္လည္း ေကာင္းတာပဲေလ။ အတန္း - ၇ကို ဝင္လာတာနဲ႔ ဖုယြမ္က်ဳံးရဲ႕ခံစားခ်က္ေတြေကာင္းေနကာ အတန္းေဖာ္မ်ားကိုလိုက္ႏႈတ္ဆက္ေနလိုက္သည္။ ဒါကအတန္းသစ္တစ္ခုဆိုေပမယ့္လည္း သူကေတာ့ ေတာ္ေတာ္မ်ားမ်ားႏွင့္ သိေနေသာေၾကာင့္ပင္။

တစ္ခဏအၾကာမွာေတာ့ အတန္းပိုင္ဆရာကဝင္လာေလသည္။ အရင္ကဆူညံေနေသာစာသင္ခန္းမွာ ေတာ္ေတာ္ေလးတိတ္ဆိတ္သြားေသာ္လည္း ယေန႔က မိတ္ဆက္စကားဆိူ႐ုံေလာက္ေလးသာျဖစ္သျဖင့္ အားလုံးကေအးေအးေဆး‌ေဆးျဖစ္ေနၾကကာ သက္ဆိုင္ရာခုံမ်ားတြင္ ပုံမွန္တိုင္းထိုင္လ်က္ရွိၾကသည္။ ေက်ာင္းျပန္ဖြင့္ၿပီးခါစ အတန္းမ်ားကိုျပန္စီစဥ္လိုက္ေသာေၾကာင့္ပင္ျဖစ္သည္။

အတန္းပိုင္ဆရာရဲ႕ မ်ိဳး႐ိုးနာမည္ကေတာ့ ယန္းျဖစ္ၿပီး သခ်ၤာဆရာပင္ျဖစ္၏။ ဆရာကအရပ္ရွည္ရွည္ ပိန္ပါးကာ အသက္ေလးဆယ္ထဲေရာက္ေနၿပီျဖစ္သည္။ ဆရာကငယ္႐ြယ္သူမဟုတ္ေသာ္ျငား ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ၿပီး ဟာသဉာဏ္လည္း႐ႊင္လွသည္။ ေက်ာင္းသားမ်ားကလည္း ဆရာအား အေတာ္သေဘာက်ၾကကာ အခ်င္းခ်င္းဆိုလွ်င္ အစ္ကိုႀကီးယန္းဟုပင္ ေခၚၾကေလသည္။

အစ္ကိုႀကီးယန္းကေတာ့ အတန္းထဲသို႔ တစ္ေယာက္တည္းဝင္လာသည္မဟုတ္၊ အေနာက္တြင္ ေက်ာင္းသားအသစ္ႏွစ္ေယာက္လည္း ပါလာေလသည္။ တစ္ေယာက္ ေယာက္်ားေလးျဖစ္ၿပီး ေနာက္တစ္ေယာက္မွာ မိန္းကေလးပင္ ျဖစ္သည္။ ေယာက်ာ္းေလးကေတာ့ ယြမ္ယဲ့ပင္ျဖစ္ၿပီး မိန္းကေလးရဲ႕နာမည္ကိုေတာ့ ဖုယြမ္က်ဳံးျပန္စဥ္းစားလို႔မရဘဲ သိုသိုသိပ္သိပ္ေနတတ္သည့္ introvert တစ္ဦးဆိုတာကိုပဲ မွတ္မိေတာ့သည္။

[T/N-introvertဆိုတာ ကိုယ့္ဘာသာကိုယ္ေနၿပီး လူအမ်ားနဲ႔ဆို ရွက္ေနတတ္တတ္တဲ့သူမ်ိဳးကိုေျပာတာပါ]

ေက်ာင္းသားအသစ္ေလးမ်ားက တစ္မ်ိဳးတစ္ဖုံ အေနခက္ေနပုံရေသာ္လည္း မၾကာခင္မွာပဲ အစ္ကိုႀကီးယန္း၏အ႐ႊန္းေဖာက္မ်ားမႈမ်ားေၾကာင့္ သက္ေတာင့္သက္သာျဖစ္လာကာ အေတာ္အတန္စိတ္သက္သာရာရသြားၾကသည္။ ထို႔ေနာက္ အစ္ကိုႀကီးယန္းက အတန္းသားအသစ္မ်ားအား ကိုယ့္ကိုယ္ကိုမိတ္ဆက္ခိုင္းကာ တစ္ဦးႏွင့္တစ္ဦးရင္းႏွီးလာေအာင္ လုပ္ခိုင္းေတာ့သည္။

ဖုယြမ္က်ဳံးအလွည့္သို႔ေရာက္ေသာအခါတြင္ေတာ့ အတန္းသားေတာ္ေတာ္မ်ားမ်ားက သူ႔ႏွင့္ရင္းႏွီးေနၾကေသာေၾကာင့္ သူ႔အား အမ်ားဆုံးအားေပးေနၾကေတာ့သည္။

ငယ္႐ြယ္ေသးေသာ အတန္းေဖာ္မ်ားကိုမ်က္ႏွာခ်င္းဆိုင္ရင္း ဖုယြမ္က်ဳံးလည္း စိတ္သက္သာရာရလာေတာ့သည္။ သူက အတန္းထဲရွိလူမ်ားရဲ႕ အမူအရာမ်ားကို အကဲခတ္ရင္း ကိုယ့္ကိုယ္ကိုမိတ္ဆက္လိုက္ေတာ့၏။

သူ႔အၾကည့္မ်ားက ယြမ္ယဲ့ထံေရာက္သြားေသာအခါတြင္ေတာ့ ယြမ္ယဲ့က သူ႔အားၿပဳံးၿပီးၾကည့္ေနကာ အေလးအနက္နားေထာင္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။ ယြမ္ယဲ့က တစ္ပါးသူ၏မိတ္ဆက္စကားမ်ားကို နားေထာင္တတ္သူမဟုတ္ပါေခ်။ သူကအၿမဲလိုလို တစ္သီးတသန႔္ေနကာ တစ္ျခားသူမ်ားအား လုံးဝအာ႐ုံမစိုက္ခဲ့ပါ။

အခုလိုကြဲျပားတဲ့ဆက္ဆံခံရမႈေလးကိုရလိုက္ေတာ့ ဖုယြမ္က်ဳံး အနည္းငယ္ေပ်ာ္သြားမိသည္။ ဒီတစ္ေခါက္ေတာ့ သူကယြမ္ယဲ့နဲ႔အံဝင္ခြင္က်ျဖစ္ေနလိမ့္လို႔ မထင္ထားမိခဲ့ဘူးေလ။ ၾကည့္ရတာေတာ့ သူတို႔က အရင္ကထက္ ျမန္ျမန္ ညီအစ္ကိုေတြျဖစ္လာၾကေတာ့မယ့္ပုံပဲ။

ဘာေၾကာင့္မ်ားပါလိမ့္? ဒီဘဝမွာ ABOလိင္ေတြကပိုမ်ားလာလို႔လား? ယြမ္ယဲ့ကလည္း Omega ျဖစ္ေနလို႔ သူနဲ႔အဆင္ေျပေနတာမ်ားလား?

ဒီလိုျဖစ္ႏိုင္ေခ်ကိုေတြးၾကည့္လ်က္ ဖုယြမ္က်ဳံးရဲ႕အၾကည့္မ်ားက ယြမ္ယဲ့ထံကြဲျပားစြာထပ္မံေရာက္ရွိသြားေတာ့သည္။ ယြမ္ယဲ့က ထိန္းခ်ဳပ္ထားတဲ့ collar ကိုမဝတ္ထားေသာ္ျငား သူ႔နည္းနဲ႔သူ အုပ္စုထဲမွ ကြဲထြက္လာေနလို႔ေလသည္။ ဒါကတစ္ျခားအေၾကာင္းအရင္းမရွိႏိုင္ေတာ့ဘူး။ ယြမ္ယဲ့က Omega ျဖစ္ေနလို႔ပဲျဖစ္ရမယ္။

ဒါကမွ တကယ့္ညီအစ္ကို တကယ့္သူငယ္ခ်င္းပဲ! Alpha ျဖစ္သြားတဲ့ ဟိုသစၥာေဖာက္ေကာင္ ရွဲ႕လင္လိုမဟုတ္ဘူး။ သူကဖုယြမ္က်ဳံးရဲ႕ glandကိုေတာင္ ကိုက္ခ်င္ေနေသးတယ္။ ဒါကတကယ္ကို ယုတၱိမရွိဘူးေလ။ သူကသာ တကယ့္ညီအစ္ကိုဆိုရင္ သူနဲ႔အတူ Omega ပဲျဖစ္သင့္တာ!

သူ႔စိတ္ထဲတြင္ အေတာ္အတန္ေဝဖန္ေလကန္ေနၿပီးေနာက္ ဖုယြမ္က်ဳံးတစ္ေယာက္ ယြမ္ယဲ့အေပၚ အရင္ကထက္ပို၍ စိတ္အားထက္သန္လာေတာ့သည္။ အနားယူၿပီးခ်ိန္တြင္ေတာ့ ဖုယြမ္က်ဳံးတစ္ေယာက္ လြယ္အိတ္ကိုလြယ္ကာ ယြမ္ယဲ့ေဘးတြင္ သြားထိုင္ၿပီး စကားေျပာေနလိုက္သည္။

သူတို႔ႏွစ္ေယာက္ထံတြင္ ေျပာစရာစကားမ်ားကမ်ားျပားေနကာ အထူးသျဖင့္ေတာ့ ဂိမ္းနဲ႔ပတ္သက္လွ်င္ပင္ ျဖစ္သည္။ ဖုယြမ္က်ဳံးက ဂိမ္းကစားရသည္ကို သေဘာက်ကာ ယြမ္ယဲ့ကလည္း ဂိမ္းနဲ႔ပတ္သက္လွ်င္ ထိပ္တန္းဆရာႀကီးျဖစ္သည္။ အနာဂတ္မွာ သူက ပေရာ္ဖက္ရွင္နယ္ကလပ္ေတြမွ ေလ့က်င့္ေရးဆင္းေပးေသာ ကမ္(ပ္)မ်ားသို႔ ဝင္ေရာက္လိုက္ကာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္နီးပါး ျဖစ္လာလိမ့္မည္ပင္။ သို႔ေသာ္လည္း အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ယြမ္ယဲ့က လက္ေလွ်ာ့လိုက္ကာ ဖုယြမ္က်ဳံးကေတာ့ သူ႔အတြက္ အေတာ္ေလးစိတ္မေကာင္းျဖစ္ခဲ့ရသည္။

တကယ္လို႔သာ ျဖစ္ႏိုင္မယ္ဆိုရင္ ဒီဘဝမွာေတာ့ ယြမ္ယဲ့ကို သူ႔အိပ္မက္ကိုနားလည္ေအာင္ သူကူညီေပးရမယ္။

ဖုယြမ္က်ဳံးက တိတ္တဆိတ္ပင္ ဆုံးျဖတ္ခ်ေနစဥ္ေနမွာပဲ အနားသြားယူေသာ အစ္ကိုႀကီးယန္းက အတန္းကိုျပန္လာခဲ့ေလၿပီ။ သူက ေက်ာင္းသားအခ်ိဳ႕အား ေအာက္ထပ္ကိုဆင္းကာ စာအုပ္အသစ္ေတြယူရန္ ေျပာေနသည္။

အရပ္ ၁.၈ မီတာရွိေသာ ေယာက္်ားေလးတစ္ေယာက္အေနျဖင့္ ဖုယြမ္က်ဳံးကအလိုက္တသိထရပ္လိုက္ေသာ္လည္း အစ္ကိုႀကီးယန္းက သူ႔အား႐ုတ္တရက္တားလိုက္မည္ကို မထင္ထားမိခဲ့ပါေခ်။

"ဖုယြမ္က်ဳံး မင္းသြားစရာမလိုဘူး သုမန္နဲ႔ တစ္ျခားသူေတြ သြားလိမ့္မယ္"

သုမန္ဟု အမည္ရေသာမိန္းကေလးမွာ အတန္း - ၇၏ အတန္းေခါင္းေဆာင္ပင္ျဖစ္သည္။ သူ(မ)ကပိန္ပါးၿပီး အရပ္မွာလည္း ၁.၆ မီတာထက္ပင္ နိမ့္ေသးသည္။ ထို႔ေၾကာင့္ ဖုယြမ္က်ဳံးက နားၾကားမွားသြားသည္ဟု ထင္လိုက္ေသာ္လည္း ေကာင္မေလးမွာ တစ္ျခားေက်ာင္းသားမ်ားႏွင့္ ပုံမွန္အတိုင္းပင္ ထသြားသည္ကိုျမင္လိုက္ရေလသည္။ သူ(မ)ကအေနာက္သို႔ျပန္လွည့္ကာ ဖုယြမ္က်ဳံးအား ခ်ိဳသာစြာၿပဳံးျပလိုက္ ေျပာလိုက္သည္။

"ဟုတ္တယ္ နင္ဒီတိုင္းနားေနလိုက္ ငါတို႔ Alpha နည္းနည္းေလာက္ပဲ သြားဖို႔လိုတာပါ"

ဖုယြမ္က်ဳံး - "....."

ဖုယြမ္က်ဳံးတစ္ေယာက္ ႐ိုက္ခ်ခံလိုက္ရသလို ခံစားသြားရေလသည္။

Omega ျဖစ္ေတာ့ ဘာျဖစ္လို႔လဲ? Omega ျဖစ္ေနေတာ့ ေယာက္်ားေလးမဟုတ္ေတာ့လို႔လား? Omega  တစ္ေယာက္က ေယာက္်ားေလးျဖစ္ေနတယ္ဆိုရင္ေတာင္မွ ေယာက္်ားတစ္ေယာက္ရဲ႕ သိကၡာက အေလးအပင္သယ္ရတဲ့ အလုပ္ေတြအတြက္ ၁.၅ မီတာေလာက္ပဲရွိတဲ့မိန္းကေလးဆီကေန ဒီလိုေတာ့အလုမခံႏိုင္ဘူးေလ!

ဖုယြမ္က်ဳံးက လက္မေလွ်ာ့ဘဲ သူလိုက္သြားဖို႔ပဲ ေျပာေနေလသည္။ သူ၏တင္းခံေနမႈေၾကာင့္ အစ္ကိုႀကီးယန္းမွာလည္း ခြင့္ျပဳလိုက္ရေတာ့သည္။ ခ်ဳံငုံေျပာရလွ်င္ Alpha နဲ႔ Omega ၾကားမွာ ပင္ပန္းတဲ့အလုပ္ေတြအတြက္ အင္အားကြာျခားခ်က္ေတြရွိေပမယ့္လည္း ဒါကတရားေသေတာ့ မဟုတ္ပါေခ်။ တစ္ဦးတစ္ေယာက္ခ်င္းအေပၚမွာလည္း မူတည္ေနေသးကာ ဖုယြမ္က်ဳံးလို Omega တစ္ေယာက္ဆိုလွ်င္ Alpha အေတာ္မ်ားမ်ားထက္ပင္ ေသခ်ာေပါက္ပိုအားေကာင္းေနေသးသည္။

"ဒါဆို ကြၽန္ေတာ္သူနဲ႔သြားလိုက္မယ္"

ယြမ္ယဲ့ကလည္း ထလာကာ ဖုယြမ္က်ဳံးနဲ႔အတူ စာသင္ခန္းထဲမွ ထြက္သြားေလ၏။

အတန္းထဲမွာထိုင္ေနၾကတုန္းက ဖုယြမ္က်ဳံးက ယြမ္ယဲ့ေဘးတြင္ ျဖစ္ေသာ္ျငား သူတို႔ၾကားတြင္ အကြာအဟေလးအနည္းငယ္ရွိေနေသးသည္။ အခုလို ေဘးခ်င္းကပ္လ်က္ လမ္းေလွ်ာက္ေနေသာအခါတြင္ေတာ့ သူတို႔ႏွစ္ဦးမွာ ပိုလို႔နီးကပ္သြားေလေတာ့သည္။ ဖုယြမ္က်ဳံးတစ္ေယာက္ အေတာ္ေလးေကာင္းမြန္ေပါ့ပါၿပီး ၾကည္လင္ေအးစက္ေသာ ပူရွိန္းအနံ႔ေလးရလာသလိုပင္။

ထိုရနံ႔မွာ ယြမ္ယဲ့ဆီကထြက္လာေသာ ရနံ႔ျဖစ္ၿပီး ဖုယြမ္က်ဳံးမွာ ပူရွိန္းအနံ႔ကိုသေဘာက်ေသာေၾကာင့္ ပို၍အနားကပ္ကာ ရွဴရႈိက္မိေတာ့သည္။

ယြမ္ယဲ့က ဘာခုခံမႈမွမျပဘဲ သူ႔အားအၿပဳံးတစ္ခုျဖင့္ အနားကပ္ခံကာ ေျပာလာသည္။

"မင္း အနံ႔ရလို႔လား? သေဘာက်တယ္ေပါ့?"

"ငါသေဘာက်...."

စကားေျပာေနရင္းတစ္ဝက္တစ္ျပတ္မွာပင္ ဖုယြမ္က်ဳံး ႐ုတ္တရက္ပါးစပ္ပိတ္လိုက္မိေတာ့သည္။ တစ္ခုခုကေတာ့ မွားေနၿပီဟု သူနားလည္သြားေသာေၾကာင့္ပင္။ အစပိုင္းတြင္ေတာ့ ပူရွိန္းအနံ႔ဟုထင္ထားေသာ္ျငား အနံ႔ရွဴၾကည့္ေသာအခါတြင္ သူအနည္းငယ္မူးေဝလာသလို ခံစားလာရသည္။

ဒါက pheromone အနံ႔ေတြလား? တစ္ျခား Omega  တစ္ေယာက္ရဲ႕ pheromoneက သူ႔ကိုမူးေဝေအာင္ လုပ္ႏိုင္တာလား? မျဖစ္ႏိုင္လိုက္တာ...ဒါဆို ယြမ္ယဲ့က တကယ္ေတာ့ A.......

ဖုယြမ္က်ဳံးတစ္ေယာက္ ေလွကားေပၚမွ ေျခေခ်ာ္သြားျခင္းပင္။ ယြမ္ယဲ့ကအလ်င္အျမန္လႈပ္ရွားလိုက္ကာ သူ႔အားေလွကားေပၚမွ က်မသြားေအာင္ ခါးကိုဖက္၍ ထိန္းညႇိထားေပေလသည္။

"အဆင္ေျပရဲ႕လား"

ယြမ္ယဲ့က သူ႔အားငုံ႔ၾကည့္လ်က္ေျပာလာၿပီး ဖုယြမ္က်ဳံးက တည္တည္ၿငိမ္ၿငိမ္ျပန္ရပ္ႏိုင္ေနေသာ္လည္း လက္ကိုေတာ့ျပန္မ႐ုတ္ေသးပါေခ်။ သူကေခါင္းငုံ႔လာကာ ဖုယြမ္က်ဳံး၏လည္ပင္းအနားတြင္ ႏွာေခါင္းရႈံ႕ျပလိုက္ၿပီး ႏႈတ္ခမ္းအစြန္းမ်ားကေကာ့တက္သြားလ်က္ ေျပာလာေလသည္။

"ငါလည္း မင္းရဲ႕ pheromone ကိုအနံ႔ရတယ္၊ မက္မြန္သီးလိုပဲ....ငါတအားသေဘာက်တယ္"

"တကယ္ကိုပဲ Omega တစ္ေယာက္ရဲ႕ pheromone ကခ်ိဳေမႊးေနတာပဲ"

"....."

ယြမ္ယဲ့ရဲ႕သံသယဝင္ဖြယ္အျပဳအမူက ဖုယြမ္က်ဳံးအား ႐ုတ္ခ်ည္းနားလည္သြားေစေတာ့သည္။ သူတို႔ေတြရင္းႏွီးေနသလိုျဖစ္ေနရတာက သူတို႔က Omega ေတြျဖစ္ေနလို႔မဟုတ္ဘဲ ဆန႔္က်င္ဘက္ေတြျဖစ္ေနလို႔ကိုး။ တကယ္ေတာ့ ယြမ္ယဲ့က Alpha ျဖစ္ေနၿပီး သူကေတာ့ Omega ပင္။ ယြမ္ယဲ့မွာ သူ႔အား Omega တစ္ေယာက္လိုဆက္ဆံေနသျဖင့္ သူ႔အျပဳအမူမ်ားက ဖုယြမ္က်ဳံးအေပၚယဥ္ေက်းေနတာပင္ ျဖစ္သည္။

ေသလိုက္ပါေတာ့...ဒီေကာင္ကပါ ငါနဲ႔တူတူအိပ္ခ်င္ေနတာလို႔ေတာ့ မေျပာနဲ႔ေနာ္!

ဖုယြမ္က်ဳံးတစ္ေယာက္ လုံးဝကိုဆြံ႕အေနမိေတာ့သည္။ ထိုအခ်ိန္မွာပဲ ေလွကားမ်ားဆီမွဆင္းလာေနေသာ ေျခသံမ်ားကို သူ႐ုတ္တရက္ၾကားလိုက္ရေလသည္။ ယြမ္ယဲ့က ေခါင္းကိုငုံ႔ကာ သူ႔လည္ပင္းအနားတြင္ အနံ႔ခံေနေသာေၾကာင့္ ဖုယြမ္က်ဳံးရဲ႕ျမင္ကြင္းကပိတ္မေနဘဲ ေလွကားထိပ္ကိုလွမ္းျမင္ေနရၿပီး ရင္းႏွီးေနေသာမ်က္ႏွာတစ္ခုကို ျမင္လိုက္ရသည္။ ရွဲ႕လင္ရဲ႕ ေခ်ာေမာလွေသာမ်က္ႏွာပင္ျဖစ္သည္။

ဖုယြမ္က်ဳံးႏွင့္တစ္ျခားတစ္ေယာက္၏ နီးကပ္စြာရပ္ေနမိမႈကို ျမင္လိုက္ရေသာအခါ ရွဲ႕လင္၏မ်က္လုံးမ်ားက အနည္းငယ္ေမွာင္မိုက္သြားၿပီး သူ႔ရဲ႕ၾသရွရွအသံျဖင့္ ေမးလာေတာ့သည္။

"ယြမ္က်ဳံး မင္းဘာလုပ္ေနတာလဲ?"

~~~~~~~~~~~~~~~~~~~~~~~
လိုင္းမျဖတ္ခင္ေလး တစ္ပိုင္း
Voteထိုင္ေပးေနတာနဲ႔ ေနာက္က်သြားတာ ^^
Reader 1k( ˘ ³˘)♥
~~~~~~~~~~~~~~~~~~~~~~~

Olvasás folytatása

You'll Also Like

702K 49.9K 54
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီးေသာ ရွင္းသန႔္မင္းေနာင္ တစ္ေယာက္ ေအးခ်မ္း...
100K 4.2K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
560K 20.1K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
1.4M 233K 123
Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသားဆိုး အေယာင္ေဆာင္) / (ကျောင်းသားဆိုး အယေ...