ရာဇဆိုတဲ့ ဘုရင် အတူနေပြီးကတည်းက မင်းထက်ပေါ်ကို စိတ်ရှုပ်စရာကောင်းလောက်အောင် ဂရုစိုက်လာသည်။တစ်နေကုန် သူ့မျက်စိရှေ့က အပျောက်မခံ။စားတော့လည်း ဘေးကနေ ထိုင်ကြည့်။ရေချိုးတော့လည်း ကိုယ်တိုင် ချေးတွန်းပေး။နောက်ဆုံး အိမ်သာထဲ ဝင်ရင်တောင် ဘေးက ထိုင်စောင့်မယ်ပြောလို့ အော်လွတ်ရသေးသည်။ ရှေးခေတ် အိမ်သာတွေက အကျယ်ကြီးဖြစ်တာကြောင့် ဘေးမှာ စောင်နဲ့ခင်းအိပ်လို့ရသော်လည်း စိုက်ကြည့်နေတဲ့သူ့ရှေ့မှာ ဖင်ချွတ်ပြီး ဘယ်လိုပါရမှာလဲ။
ဒီကြားထဲ အဲ့နေ့ညက မိန်းမတွေလို ရာသီလာတယ်ကြာတော့ ခေါင်းကို ဆယ်ပေါင်တူနဲ့ ထုခံလိုက်ရသလို ချာချာလည်လို့။၂၁ ရာစုမှာ အမြင်ကျယ်တဲ့သူဖြစ်တဲ့အပြင် fic တွေထဲမှာ ဖတ်ဖူးထားလို့သာ မင်းထက် ရူးမသွားသေးတာ။ပိုထူးဆန်းတာက ဘုရင်နဲ့ ဖြစ်ခဲ့တဲ့ ညကို နည်းနည်းလေးမှပြန်မမှတ်မိတာပဲ။ အရက်မူးရင် အသိစိတ်ပျောက်တယ်ဆိုသော်လည်း သုံးရက်မထနိုင်လောက်အောင် အတင်းလုပ်ရင်တော့ အမူးပြေသွားနိုင်တယ်။ဒီအိမ်ရှေ့စံရဲ့ ခန္ဓာကိုယ်က ဘာတွေဖြစ်နေတာလဲ။ပြီးတော့ ကလေးသရဲကိုလည်းမတွေ့တော့ဘူး။အဲ့ဒါနဲ့များဆိုင်နေမလား။
"အား ... မသိတော့ဘူးကွာ "
မင်းထက် ခေါင်းကို ကုတ်ကာ အော်ရင်း ဘုရင်ခွာပေးနေတဲ့ သစ်တော်သီးစိပ်တွေကို ပါးစပ်ထဲအပြည့် ကောက်ဝါးနေလိုက်သည်။ အခု သူတို့နှစ်ယောက် ဥယျာဉ်ထဲက ရေတံခွန်ဘေးမှာရှိနေတာ ။ ညီလာခံပြီးကတည်းက တချိန်လုံး အကြင်နာမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသော ဘုရင်ကြောင့် မင်းထက်မှာ နေရထိုင်ရခက်လှသည်။ အဲ့ဒီနေ့ညက ဆေးခပ်ခံရတယ် ဆိုရင်တောင် သူမဟုတ်ဘဲ ဘုရင်ဖြစ်ချင် ဖြစ်နေမှာ။အရင်ကလို ဆူဖ်ို့ငေါက်ဖို့မပြောနဲ့ စကားသံတောင် ကျယ်ကျယ်မပြော။ ဩနေတဲ့ သူ့အသံကို ဇွတ်တွေ ကြင်နာပြီး တိုးတိုးလေးပဲပြောတာ။ကြက်သီးထစရာ။
"ဟိုဘက်လှည့်နေစမ်းပါကွာ အိပ်ရင်လည်း အိပ်နေလိုက် "
မင်းထက် သူ့ကို ဆက်မကြည့်အောင် မျက်နှာကို လက်နဲ့တွန်းကာ ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်သည်။လည်သွားသော မျက်နှာက တဖန်ပြန်လှည့်လာပြီး
"ကိုယ်ကြည့်နေရင် ကဉ္စနကို ရင်ခုန်စေလို့လား"
"ဘော..... မင်းအဲ့လိုစိုက်ကြည့်နေရင် သေးပေါက်ချင်တာလိုလိို အီးပါချင်တာလိုလိုနဲ့ "
"အိုး ... အသင်အတော်ရိုင်းပေစွ "
"ကျေးဇူးပဲ "
စိတ်မဆိုးတဲ့အပြင် မင်းထက် ဆံပင်လေးတွေကို အသာထိရင်း ပြုံးနေသည်။ဆံပင်ကိုင်ရတာ အတော်ကြိုက်သည်ထင်။
"ကိုယ်ခဏလောက် မှေးစက်ချင်တယ် "
"အေး....ကောင်းတယ် သွားအိပ်နေတော့ "
မင်းထက် ပြောပြီး ထထွက်ဖို့လုပ်တော့ လက်ကို လှမ်းဆွဲထားသည်။
"ဘယ်ကိုသွားမလို့လဲ "
"ဥယျာဉ်ထဲ လျှောက်ကြည့်မလို့ မင်းဘာသာ အိပ်စရာရှိတာ အိပ်"
"ကိုယ် ...မင်းရဲ့ ပေါင်ပေါ်မှာ မှေးစက်ချင်တာ"
အတည်ကြီးပြောနေတဲ့ ဘုရင်ကြောင့် မင်းထက်မှာ ထိုင်ရမလို ထရမလိုနဲ့။
"မင်း ... ဘုရင်ဖြစ်ပြီး ခေါင်းကို ဟိုပေါ်တင် ဒီပေါ်တင်နဲ့ ဘုန်းနိုမ့်ချင်လို့လား "
"ကဉ္စနက ကိုယ်တော့်အတွက် တွေးပေးတတ်တာပဲ "
ဆုတောင်းလေ။ ငါကနားအေးပြီးရော လျှောက်ပြောလိုက်တာကို အဲ့ဒီ မျက်လုံးတွေက ဘာလို့ ဘလင်းဘလင်းထနေရတာတုန်း။ နဖူးအလယ်တည့်တည့်က အနီရောင်အပျောက်က သူ့မျက်လုံးတွေ ပိုစူးရှအောင် ထောက်ပံ့ပေးနေတယ်။
"အရှင်... မယ်မယ်ဘုရားက အိမ်ရှေ့စံနဲ့ တွေ့ချင်ပါတယ်တဲ့ "
အနားရောက်လာတဲ့ ဓညရဲ့ လျှောက်တင်သံကြောင့် ဘုရင်က သူ့ကိုလှမ်းကြည့်သည်။ထို့နောက်
"ကဉ္စနက တွေ့ချင်ရဲ့လား"
"အမှန်တိုင်းပြောရရင်မတွေ့ချင်ဘူး ဒါပေမယ့် ရှောင်လိုက်ရင်လည်း ကြောက်တယ်ထင်နေလိမ့်မယ် အဲ့တော့ သွားတွေ့တာပေါ့ သူ့အဆောင်မှာလား "
" မဟုတ်ပါဘူး အရှင့်သား ဥယျာဉ်ထဲက နှင်းဆီခင်းနားမှာပါ "
"သွားတာပေါ့"
"ကဉ္စန ... ဖြစ်ပါ့မလား"
ရာဇက စိုးရိမ်စွာကြည့်ပြီး
"ကိုယ်ရော လိုက်ခဲ့မယ်လေ "
"နေစမ်းပါ... သူ့ဘာသာ ငါ့ထက်အရပ်ပိုမြင့်ပြီး ဗလထွက်နေလည်း ဂရုမစိုက်ဘူး။မင်းလိုက်ပြီး ကာကွယ်နေရအောင်လည်း ငါက မိန်းကလေးမဟုတ်ဘူး နေခဲ့ "
"ကောင်းပါပြီ .... "
ဘုရင့်ဥယျာဉ်က အကျယ်ကြီးမို့ ရေတံခွန်နဲ့ နှင်းဆီခင်းက တော်တော်လှမ်းသည်။ခပ်လှမ်းလှမ်းမှ ဘုရင့် စေခိုင်းချက်ကြောင့် အိမ်ရှေ့စံကို လိုက်ကြည့်နေတဲ့ ကိုယ်ရံတော်ဓည။မိဖုရားနဲ့ တွေ့ပြီးပြန်လာသည်အထိ အိမ်ရှေ့စံကဉ္စန ထိခိုက်မှုနည်းနည်းလေးမှ မရှိဖို့က သူ့တာဝန်။
ရေကန်ဘက်ကို မျက်နှာမူနေသော မြင့်မားတဲ့ အရပ်နဲ့ မိဖုရားက အစေခံတွေရဲ့လျှောက်တင်သံကြောင့် မင်းထက်ဘက်လှည့်လာသည်။နန်းမြတ်ဒေဝီရဲ့ မျက်နှာက ခပ်တည်တည်ဆိုတော့ သူ့စိတ်ခြေနေကို ခန့်မှန်းလို့မရ ။ မင်းထက် သူ့ရှေ့မှာ အရပ်ညီအောင် မျက်နှာမော့ကာရပ်လိုက်ပြီး
"ဘာပြောမှာလဲ ပြော..."
ဘောက်ဆတ်ဆတ်နဲ့ရန်ထောင်သလိုပြောတော့ မိဖုရားက အနည်းငယ်ပြုံးလာတယ် ။ ရွဲ့ပြုံး ...မဲ့ပြုံး
"အရှင့်သားက တော်တော် ဟန်ဆောင်ကောင်းတာပဲ"
"ဟမ်..."
ဘာကိုဟန်ဆောင်တာလဲ ။ ငါက ၂၁ ရာစုက လာတယ်ဆိုတာကို ပြောချင်တာလား။ မဖြစ်နိုင်ဘူး ဘယ်လောက်ပဲ မိဖုရားက ဉာဏ်ကောင်းတယ်ဆိုအုံးတော့ ဒီကိစ္စကို ဉာဏ်မမှီနိုင်လောက်ပါဘူး။
"ဒေဝီကို မိဖုရားခေါင်တင်မြှောက်တဲ့နေ့က အရှင့်သားနဲ့ ပြောဖူးတဲ့ စကားတချို့ ရှိတယ် "
"ငါမှ မမှတ်မိတာ အဆိပ်ကြောင့် ပြန်နိုးလာတော့ဘာမှမသိတော့ဘူး"
"ကြားထားပါတယ်...မုသားသုံးတာလား တကယ်လားဆိုတာတော့ အရှင့်သားပဲ သိမှာပေါ့"
ငါ လည်ပင်းလှမ်းညစ်ပြီး ဆံပင်ဆွဲဆောင့်လိုက်ရမလား ။ မှီတဲ့နေရာပဲ လှမ်းညစ်လိုက်ရရင်တော့ .....လခွမ်း
"ဘာတွေပြောခဲ့တာလဲ မိဖုရား ပြန်ပြောပြရင်တော့ မှတ်မိမယ် ထင်တယ် "
"မင်းကြီးကို အရှင့်သားပေါ်မှာ စိတ်ယိုင်လာအောင် လုပ်ဖို့ လေ"
"အမ်? .... "
မိဖုရားဖြစ်တဲ့နေမှာ ကဉ္စနနဲ့ ဘုရင်ကို မြောက်ပေးတယ်လို့ပြောလိုက်တာလား။ မိဖုရား မနာလိုလွန်းပြီး ရူးသွားတာဖြစ်မယ်
မင်းထက် အတွေးထဲမှာတင် ယောက်ယက်ခက်နေတုန်း မိဖုရားက ဆက်ပြောလာသည်။
"ဒါပေမယ့် အရှင့်သား ငြင်းဆိုတယ် ...မင်းကြီးရဲ့အမုန်းတွေကို မချေဖျက်နိုင်တဲ့အတွက် အရှင့်သား ချစ်ခွင့်ရမှာမဟုတ်ကြောင်း၊ ဒေဝီကိုသာ မိဖုရားခေါင်ကြီးနေရာယူပြီး တိုင်းပြည်အတွက် အနာဂတ်သားရတနာ မွေးဖွားပေးစေချင်ကြောင်း၊ဖြူစင်လွန်းတဲ့မျက်နှာလေးနဲ့ အရှင့်သား ကိုယ်တိုင် ပြောခဲ့တာလေ "
"သြော... အင်း အဲ့လိုပြောခဲ့ချင်လည်း ပြောခဲ့မှာပေါ့ ... ငါမှမမှတ်မိဘဲ "
"အခုတော့ မင်းကြီးရင်ခွင်ထဲရောက်လို့ပါလား"
"မတော်တဆပါဟ"
"ဘာပဲပြောပြော ဒေဝီ သိပ်ကို ဝမ်းမြောက်ပါတယ် "
ဟုတ်တယ်။ ဒီမိဖုရား တကယ် ဂေါက်သွားပြီ။
"အရှင့်သား ဓမ္မတာဖြစ်တဲ့အတွက် နန်းသွေးလည်းဖွားမြင်လို့ရပြီ ... အဲ့ဒီတော့ မိဖုရားနေရာကိုဆက်ခံလိုက်ပါ ဒေဝီက ခမည်းတော်နဲ့အတူ မြို့တော်ကို ပြန်လိုက်သွားတော့မယ် "
"ဘယ်လို ? .... နေ.. နေပါအုံး "
မိဖုရားကို ကြည့်မရပေမယ့် ဒီလောက်ထိတော့ မလိုဘူးလေ။ ပြီးတော့ မိဖုရားခေါင်နေရာဆိုတာက တော်တော် ရှုပ်တဲ့ ကျင့်ဝတ်တွေနဲ့။ ပြီးတော့ ငါက သောက်ဂွမို့ ကလေးမွေးရမှာလား။
"မင်းကို အနိုင်လိုချင်တဲ့ စိတ်နဲ့ အဲ့ဒီငကြောင် ဘုရင်ကို တစ်ခါတလေငါ မြူဆွယ်ဖူးတယ် ဆိုတာ ဝန်ခံပါတယ် ။ ဒါပေမဲ့ အဲ့လောက်ထိ လုပ်စရာမလိုဘူးလေ ။ မင်းကိုလည်း ရာဇက တစ်ချိန်ချိန်မှာ ချစ်လာနိုင်တာပဲ ...ငါက ... ဒီအတိုင်းလေး အသက်ရှင်နေရရင် တော်ပြီ ကျန်တာ မမက်မောဘူး"
"ဒီမှာနေပြီး ယောကျာ်းလေးတစ်ယောက်ကို တောင် မယှဉ်နိုင်တဲ့ မိဖုရားဖြစ် အရှက်ရစေမယ့် နည်းလမ်းကို လက်ခံမယ်ထင်လား"
"မင်းရဲ့ တိုင်းပြည်ကို ပြန်သွားရင်လည်း ပိုတောင် အရှက်ရမှာ မဟုတ်ဘူးလား"
တိုင်းတပါးဘုရင်ဆီကနေ နန်းချပြီးပြန်ရမှာက ဂုဏ်ယူစရာမဟုတ်ဘူးဆိုတာ မိဖုရားဖြစ်တဲ့သူမ ကောင်းကောင်းသိမှာပါ ။ ဒါကို ဘာလို့ ...
"ဒေဝီအတွက်မပူပါနဲ့ အရှင့်သားသာ ရတဲ့အချိန်လေးမှာ ပျော်အောင်နေထား... အနာဂတ်ဆိုတာ ဘာဖြစ်မယ်လို့ ကြိုမှမသိနိုင်ဘဲ... သိခဲ့ရင်တောင် ပြင်ဆင်ပြီး သတိနဲ့သင့်တယ် "
"........"
"သေချာပေါက် ပြန်တွေ့ကြတာပေါ့ အရှင့်သား..."
လှည့်ထွက်သွားတဲ့ မိဖုရားကို လှမ်းကြည့်ရင်း မင်းထက် မေးခွန်းများစွာဖြင့် ကျန်ခဲ့သည်။
ညနေ အဆောင်ပြန်ရောက်တဲ့အချိန်ထိ မင်းထက်မှာ အတွေးထဲ နစ်မြောဆဲ။ မူရင်းဝတ္ထုထဲမှ မိဖုရားအကြောင်းမပါတော့ ဘာကိုမှ မသိ။သူပြောပုံအရဆိုရင် မိဖုရားဖြစ်တဲ့နေ့က အိမ်ရှေ့စံကဉ္စနဲ့ ဘုရင်မသိအောင် အပေးအယူတစ်ခု လုပ်ခဲ့တယ်။ ဒါပေမဲ့ အိမ်ရှေ့စံက သဘောမတူဘဲ ငြင်းတယ်။
အကြောင်းအရာက ကဉ္စန အပေါ် မုန်းနေတဲ့ ဘုရင်ကို ချစ်လာအောင်လုပ်ဖို့။ ဒါဆို မိဖုရားက ဘုရင်ကို မကြိုက်ဘူးလား။ သူ့ရည်ရွယ်အစစ်က ဘာလဲ။ဘာဖြစ်နိုင်လဲ စဉ်းစားစမ်း...။ မိဖုရားက Fujoshi လား?
ဒါလည်းမဖြစ်နိုင်ဘူး သူသာဖူဂျိုဆိုရင် ငါ့ကို ရန်လိုမနေဘဲ သားလေး... သားလေးနဲ့ ရင်ခွင်ပိုက်ထားမှာ ။
အဆောင်ထဲမှာ လက်သည်းကိုက်ပြီး ရှေ့လျှောက်လိုက် နောက်လျှောက်လုပ်နေသော ကဉ္စနကို ရာဇ ထိုင်ကြည့်နေသည်။တစ်ခုခုသိသွားသလို ခေါင်းညိတ်လိုက် ၊ မျက်မှောင်ကုတ်ပြီး ခေါင်းခါလိုက် လုပ်နေသော ပုံစံလေးကို အသည်းယားနေပြန်သည်။ ကဉ္စနပေါ် အမုန်းမရှိတော့တဲ့ အချိန်ကစပြီး ရာဇမှာ သူ့အပေါ် ဘယ်လောက်ထိ သဘောကျနေမိလဲဆိုတာ စကားနဲ့တောင် ပြောပြလို့မရ။ကဉ္စန ဘာလုပ်လုပ်၊ ဘာပြောပြော ရာဇ သဘောကျချစ်မြတ်နိုးနေမိအောင်အထိ ခရမ်းသွေးလေးက နှစ်လိုဖွယ်ကောင်းသည်။
ရာဇ ... သူ့အား ရှိတယ်လို့ကိုမထင်တဲ့ ကဉ္စနနားလေး ထသွားလိုက်ပြီး စွေ့ခနဲ ပွေ့ချီလိုက်သည်။ထိုအခါမှ အလန့်တကြားပြန်ကြည့်လာပြီး
"မင်းဘာလုပ်မလို့လဲ "
"ဟိုနေ့ညက ဖြစ်ပျက်ခဲ့တာကို ကဉ္စန တစ်ခုမှ မမှတ်မိဘူးဆို"
"အေးလေ ... မနက်ငါဖင်နာနေတာပဲ သိတာ မင်းဘယ်လို နွားသိုးကြိုးပြတ်ထားလဲ ငါမသိဘူး"
"ဒါဆို အခု ... တစ်ခုချင်းစီ သေချာမှတ်မိအောင်လုပ်ပေးမယ် "
"ဘ...ဘာ! "
မင်းထက် မျက်လုံးပြူးပြီး ရုန်းကန်သော်လည်း ကျစ်လစ်တဲ့ လက်မောင်းတွေကြားက လွတ်လမ်းမရှိ။ အိပ်ယာပေါ် ချပြီး အပေါ်က တကိုယ်လုံး အုပ်မိုးလာချိန် လက်တွေတောင် တုန်လာသလိုပင်။
"ဟေ့ ...ဟိတ်ကောင် မင်း မနောက်နဲ့နော် ..."
ထုတ်သုံးနေကျ လက်နက်နဲ့ နိုင်ရာဆွဲဖို့ ပြင်တော့ ဘုရင်က သူ့ထက် အရင် လက်နှစ်ဖက်လုံးကို ချုပ်ပြီး ခေါင်းအပေါ် ပို့ထားသည်။ရာဇလက်တစ်ဖက်တည်းနဲ့ မင်းထက် လက်နှစ်ဖက်လုံး တုတ်တုတ်မျှမလှုပ်။ လွတ်နေတဲ့ နောက်တစ်ဖက်ကခရမ်းရောင် ဝတ်ရုံကြိုးစကို စတင်ဖယ်ရှားလိုက်ချိန် ဘုရင့်အဆောင်တော်ထဲမှ ခပ်စူးစူးအော်သံထွက်ပေါ်လာလေသည်။
"အား!!! မလှုပ်နဲ့လို့ပြောနေတယ်နော် ... မင်းမေ ... ဟိတ်ကောင်ဘုရင် ...အား!!! ကယ်ကြပါအုံးဗျို့ "
အဆောင်အပြင်ဘက်မှာ ကယ်မယ့်သူမရှိသလို တံခါးစောင့်လည်းမရှိ၊ ကြိတ်ပြုံးနေသော ကိုယ်ရံတော်သာ ရှိသည်။
...........