(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

687K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(11) - ဓား

8.4K 1.5K 20
By Xiao_Yiii

Unicode

အခန်း(၁၁) - ဓား

ရှန်ကျစ်ရှန်းခန့်မှန်းထားသလိုပဲသိုဝှက်ဓားစံအိမ်ရဲ့ကိစ္စကရလဒ်ထွက်မလာပဲရပ်တန့်နေသည်။

ရန်ကျင်းကအပြစ်တင်မှုတွေကိုခံယူထားရဆဲဖြစ်ပြီးရှန်ကျစ်ရှန်းတောင်မှဂိုဏ်းတပည့်များရဲ့ဝေဖန်မှုကိုခံရသည်။

စုန့်မင်းကထိုအကြောင်းတွေအားလုံးကိုသိထားတာတောင်ရည်ရွယ်ချက်ရှိရှိနဲ့ခွင့်ပြုထားသည်။

ရှန်ကျစ်ရှန်းကလည်းသူ့ကိုတစ်ခြားသူတွေရှေ့မှာဆက်တိုက်ငြင်းဆန်နေပြီးသူ့ကိုမျက်နှာသာမပေးပေ။စုန့်မင်းကဘာမှလုပ်လို့မရတာကြောင့်ဗိုက်ထဲကဒေါသမီးလျှံတွေကိုမျိုချရင်းသည်းခံချင်ယောင်သာဆက်ဆောင်နေရသည်။

ဒီအခြေအနေကနေရှန်ကျစ်ရှန်းအနေနဲ့သူ့ရဲ့ပုံမှန်နေထိုင်မှုကိုတုန်လှုပ်အောင်မလုပ်နိုင်ဘူးဆိုရင်တောင်အနည်းဆုံးတော့စုန့်မင်းလည်းအဲ့ဒီကနေမကျေနပ်မှုအနည်းငယ်ရသွားလိမ့်မယ်လေ။

တပည့်ငယ်လေးများ့ရဲ့ဆွေးနွေးမှုတွေလည်းပိုလို့တက်ကြွလာကြပြီးထူးဆန်းတဲ့အတင်းအဖျင်းတွေနဲ့ကောလဟာလများစွာပါအသက်ဝင်လာကြသည်။

"အခုတစ်လော,အကြီးအကဲရှန်ကစီနီယာအကိုကြီးရန်ကျင်းကိုအရမ်းနှစ်သက်နေသလိုပဲ"

"အကြီးအကဲရှန်ကသူ့ကိုတောင်ထိပ်ပေါ်ကိုယ်တိုင်ရွှေ့ခိုင်းတာလို့လည်းကြားတယ်အခုသူအကြီးအကဲရှန်ရဲ့အိမ်ဘေးမှာနေနေပြီလေ"

"ဘယ်လိုဖြစ်လို့စီနီယာအကိုကြီးရန်ကျင်းကကောင်းကင်ကိုအောင်အောင်မြင်မြင်တက်နိုင်သွားတာလဲ?"

ထိုသာမာန်တပည့်လေးများကရှန်ကျစ်ရှန်းကိုသူတို့ဆရာအဖြစ်တိုက်ရိုက်ခေါ်လို့မရတာကြောင့်ရလဒ်ကတော့စီနီယာအကိုကြီးရန်ကျင်းကိုသာရင်းနှီးသလိုလိုဟန်ဆောင်ပြီးမျိုးစုံတဲ့အတင်းအဖျင်းတွေကိုသူ့နောက်ကွယ်မှာပြောကြတော့သည်။

"အခုမှငါစဉ်းစားကြည့်တော့စီနီယာအကိုကြီးရန့်ရှန်တောင်ပေါ်သွားခဲ့တာအတော်လေးတောင်ကြာသွားပြီနော်"

"အကြီးအကဲရှန်ကသူ့ရဲ့နေ့စဉ်နှုတ်ဆက်မှုကိုရှောင်ပြီးအခုဆိုသူ့ကိုလည်းဓားသိုင်းပညာမညွှန်ကြားပေးတာအတော်လေးကြာသွားပြီလေ"

"အန်?အဲ့ဒီလိုဖြစ်သွားတာလား?ငါပြောမယ်...."

"ကောင်းပြီ,မင်းအသံကိုနှိမ့်ဦး..စီနီယာအကိုကြီးရန့်ရှန်အနားရောက်နေဦးမယ်"

တစ်စုံတစ်ယောက်မြင့်တက်တဲ့အချိန်မှာတစ်စုံတစ်ယောက်ကတော့နင်းချေခံရမှာပင်။ဒီကမ္ဘာကြီးမှာတော့ဒီလိုအရာမျိုးကအချိန်တိုင်းဖြစ်ပျက်နေခဲ့သည်။အတိတ်တုန်းကအဲ့ဒီတပည့်ငယ်လေးတွေဘယ်လိုမျိုးရန့်ရှန်ကိုချော့မော့ချီးမြှောက်ခဲ့သလဲ?အခုတော့သူတို့ရဲ့ပစ်မှတ်ပြောင်းလဲသွားပြီးရန်ကျင်းရဲ့အကောင်းမြင်မှုကိုခံရရန်ကြိုးစားနေကြလေပြီ။

ရန့်ရှန်သည်သစ်ပင်နောက်ကွယ်မှာပုန်းကွယ်နေပြီးထိုတပည့်ငယ်လေးများအတင်းအဖျင်းပြော၍လျှောက်ထွက်သွားပြီးပျောက်ကွယ်သွားသည်အထိကြည့်နေသည်။သူ့မျက်နှာကအိုးအောက်ဖင်လိုမဲမှောင်နေပြီးသူ့ရဲ့ရွှင်မြူးနေတဲ့စိတ်နေသဘောထားသည်လည်းလုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။သစ်ပင်ရဲ့ပင်စည်ပေါ်ရှိသူ့လက်ကပြင်းပြင်းထန်ထန်ဖိထားတာကြောင့်မာကျောတဲ့သစ်ခေါက်ပေါ်တွင်လက်ချောင်းရာများပင်ထင်ထင်ရှားရှားကျန်ရစ်ခဲ့သည်။

ရန်ကျင်း!

သူကရှေ့ရောနောက်ရောအံကြိတ်နေပြီးသူ့ရဲ့နက်မှောင်နေတဲ့ခံစားချက်များကနည်းနည်းချင်းဆီကျယ်ပြန့်လာခဲ့သည်မှာအဆိပ်ပြင်းမှိုတစ်ပွင့်ကထောင့်တစ်နေရာမှာတိတ်တဆိတ်ကြီးပြင်းလာသလိုပင်။

ဘယ်လောက်မှန်းမသိနိုင်တဲ့အချိန်တစ်ချို့ကြာပြီးနောက်သူ့အင်္ကျီလက်အားရမ်းလိုက်ပြီးဦးတည်ရာတစ်ဘက်သို့လှည့်မကြည့်ပဲထွက်ခွာသွးတော့သည်။

အဲ့ဒါကသူ့အိမ်ကိုပြန်တဲ့လမ်းမဟုတ်သလိုလေ့ကျင့်ရေးကွင်းရှိတဲ့နေရာလည်းမဟုတ်တဲ့အပြင်သူသွားသင့်တဲ့ဘယ်နေရာကိုမှမဟုတ်ဘူး

......

အမျိုးမျိုးသောဆွေးနွေးမှုများမှာပါဝင်နေတဲ့ရှန်ကျစ်ရှန်းကတော့အလွန်တည်ငြိမ်နေသည်။သူ့ရဲ့အတင်းအဖျင်းတွေကိုသူဂရုမစိုက်ပေ။သူကရန်ကျင်းစိတ်ထဲထားနေမလားဆိုတာကိုသာပိုပြီးစိတ်ပူနေသည်။

ရလဒ်ကတော့ရှန်ကျစ်ရှန်းကလူတစ်ယောက်အားချော့မော့ဖို့စတင်ကြိုးစားတော့သည်။

ဒါပေမဲ့လည်းရန်ကျင်းကသူ့ကိုဆိုရင်အလွန်အကျူးစောင့်ကြပ်နေသည်လေ။သူပေါ်လာတဲ့အချိန်တိုင်းလူငယ်လေးရဲ့တစ်ကိုယ်လုံးကချက်ချင်းတင်းကြပ်သွားပြီးသူ့စိတ်ဝိဉာဏ်သည်လည်းတောင့်တင်းလာသည်မှာအစွန်းရောက်သည်အထိဆွဲဆန့်ခံထားရသည့်ကြိုးတစ်ချောင်းလိုပင်တစ်ချက်ထိတာနဲ့တင်ပျက်ထွက်သွားလိမ့်မည်။

ရှန်ကျစ်ရှန်းသည်ရန်ကျင်းရင်ထဲကသူ့အနေအထားကဟိုပုန်ကန်တတ်တဲ့မြက်ညွှန့်ပိစိလောက်တောင်မကောင်းလောက်ဘူးလို့ခံစားရသည်။

အနည်းဆုံးတော့အဲ့ဒီမြက်ညွှန့်ပိစိကရန်ကျင်းကိုအကြိမ်အနည်းငယ်ပဲတောင်းဆိုလိုက်ရပြီးနောက်ဆုံးတော့သူ့အင်္ကျီလက်စကိုလွတ်လွတ်လပ်လပ်ရမ်းခါလို့ရတဲ့ခွင့်ပြုချက်ရသွားခဲ့ပြီလေ...

ရှန်ကျစ်ရှန်းသည်သူ့တပည့်အားပျော့ပြောင်းစေရန်အဝိုင်းပတ်နည်းဗျူဟာကိုအသုံးပြုရန်ဆုံးဖြတ်လိုက်သည်။

အဲ့ဒီဆယ့်ခြောက်နှစ်သားလေးရဲ့နှလုံးသားကသေချာပေါက်နူးညံ့လာလိမ့်မယ်!

ရှန်ကျစ်ရှန်းကသူ့အခန်းထဲကပစ္စည်းများကိုလက်ချောင်းများသုံးပြီးရေတွက်လိုက်သည်။။

ဝိဉာဏ်မြစ်ကိုသန့်စင်ဖို့ဆိုပြီးရည်ရွယ်ပေးထားတဲ့စတုတ္ထအကြီးအကဲရဲ့ဆေးအိုး;အရည်အသွေးမြင့်တဲ့ဘရိုကိတ်အထည်စ;ပဉ္စမတောင်ထွတ်ရဲ့ဟင်းလျာအသစ်.....

ပိုက်ဆံမရှားတဲ့ဒီအကြီးအကဲကသူ့လက်ကိုပဲဝှေ့ယမ်းပြလိုက်တယ်

ဝယ် ဝယ် ဝယ်!လုပ် လုပ် လုပ်!စား စား စား!

တပည့်ငယ်လေးကဝိဉာဏ်ကျောက်တုန်းများကိုအလွန်လေးစားစာဖြင့်လက်ခံလိုက်ပြီးတံခါးနေထွက်ခွာလိုက်သည်။သူမထွက်သွားခင်မှာခြံဝင်းထဲတွင်ဓားသိုင်းလေ့ကျင့်နေသည့်ရန်ကျင်းကိုတိတ်တဆိတ်ကြည့်မိ၏။

ရန်ကျင်းရဲ့လှုပ်ရှားမှုများကအလွန်ကိုအင်အားကောင်းလှသည်။သူကဓားကိုသူ့တစ်ကိုယ်လုံးမှာဝိုင်းရံ၍လေ့ကျင့်နေရင်းမှတပည့်ငယ်လေးရဲ့အကြည့်ကိုသတိပြုမိတာကြောင့်လုပ်နေတာကိုရပ်ပြီးတည်တည်ငြိမ်ငြိမ်လှည့်ကြသည်။

"မင်္ဂလာပါ,စီနီယာအကိုကြီးရန်!" 

မင်းရိသည်ဝိဉာဏ်တစ်ကောင်ကိုမြင်လိုက်သလိုမျိုးကျောကိုမတ်ကာခေါ်လိုက်မိသည်။

သူကအဲ့ဒီနေ့တုန်းကရှန်ကျစ်ရှန်းအိမ်ခေါ်ရှင်းခိုင်းတဲ့တပည့်နှစ်ယောက်ထဲကတစ်ယောက်ဖြစ်သည်။နောက်တစ်ပည့်တစ်ယောက်ကတော့မင်းလိဟုခေါ်သည်။သူတို့ကလျင်မြန်ဖြတ်လတ်တာကြောင့်ဖြစ်ရင်ဖြစ်မည်နှစ်ယောက်သားရှန်ကျစ်ရှန်းရဲ့အကြည့်ကိုဖမ်းမိကြပြီးသူ့အတွက်အမှုထမ်းဆောင်ပေးရန်ရာထူးတိုးခံလိုက်ကြရသည်လေ။

အဲ့ဒီနေ့တုန်းကတပည့်ငယ်လေးနှစ်ယောက်မှာတောင်ပေါ်ကဆင်းသွားပြီးသည်နှင့်သူတို့မုန့်ဖိုးလေးများနှင့်မုန့်အနည်းငယ်ဝယ်ယူပြီးသူတို့ရဲ့အဖော်အကိုအမများအားရှန်ကျစ်ရှန်းနဲ့ရန်ကျင်းအကြောင်းကိုမေးမြန်းခဲ့သေးသည်။

ပြီးတာနဲ့သူတို့တစ်ခါတည်းအံ့အားသင့်ကြောင်အသွားရလေသည်။

အကြီးအကဲရှန်နဲ့စီနီယာအကိုကြီးရန်ကျင်းကဆက်ဆံရေးဆိုးဝါးတယ်?

စီနီယာအကိုကြီးရန်ကျင်းကအဲ့ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာရသွားတာအကြီးအကဲရှန်ကြောင့်?

အကြီးအကဲရှန်ရဲ့အနှစ်သက်ဆုံးတပည့်ကစီနီယာအကိုကြီးရန့်ရှန်?

မဟုတ်တာ,အကြီးအကဲရှန်နဲ့အကိုကြီးရန်ကျင်းတို့မှာအရမ်းကောင်းတဲ့ဆက်ဆံရေးရှိတာကိုသူတို့ရှင်းရှင်းလင်းလင်းခံစားလို့ရတာပဲကို!

စီနီယာအကိုကြီးရန်ကျင်းကတော့....သူတို့ကတလောလေးကတင်ရောက်လာပြီးသူနဲ့သိပ်ပြီးအဆက်အဆံမရှိဘူးဆိုပေမယ့်လည်းသူ့ကိုနေ့တိုင်းမြင်နေရတာပဲလေ

အကြီးအကဲရှန်ရဲ့သဘောထားကိုကြည့်တာနဲ့တင်သူစီနီယာအကိုကြီးရန်ကျင်းကိုအရမ်းတန်ဖိုးထားတယ်ဆိုတာရှင်းနေတာပဲ...နေ့တိုင်းစီနီယာအကိုကြီးရန်ဆီကိုပစ္စည်းတွေပို့ပေးမယ်...

သစ်သီးဆိုရင်လည်းအချိုဆုံးမှ၊အသီးအရွက်ဆိုလည်းအလတ်ဆတ်ဆုံးမှပြီးတော့အသားဆိုရင်လည်းအရည်အသွေးအမြင့်ဆုံးဖြစ်ရမယ်...ပေါက်စီမွှေးမွှေးလေးတွေပါတဲ့ပန်းကန်တွေကိုလည်းပို့ခိုင်းပြီးတော့ပုံစံအမျိုးမျိုးဖြစ်နေရမယ်ဆိုတာကိုပါထပ်ခါထပ်ခါညွှန်ကြားသေးတာ...

တမင်သက်သက်ကိုစီနီယာအကိုကြီးရန်ကျင်းပိုပြီးစားဖို့ဆိုတာရှင်းနေတာပဲဟာ

အကြီးအကဲရှန်ကမကောင်းဘူးလို့တပည့်တိုင်းပြောကြပေမယ့်သူတို့ရှင်းရှင်းလင်းလင်းခံစားကြရတာကအကြီးအကဲရှန်က....ချစ်စရာကောင်းတယ်...

မင်းရိလည်းကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်ချင်တယ်ပြီးတော့ဝက်ပုံစံပေါက်စီလေးတွေလည်းစားချင်တယ်...သူကဝက်နှစ်မှာတောင်မွေးလာတာလေ!

ထို့ကြောင့်သူကရန်ကျင်းရှေ့မှာဝိဉာဏ်ကျောက်တုန်းအိတ်ကိုကိုင်ကာလိမ္မာပါးနပ်စွာနဲ့ရပ်လိုက်သည်။

သူကအရမ်းကိုသာမာန်ဖြစ်နေတာကကံဆိုးတာပဲ...စီနီယာအကိုကြီးရန်ရှေ့မှာဆိုရင်အကြီးအကဲရှန်ကသေချာပေါက်သူတို့ကိုအကြည့်တစ်ချက်တောင်ပေးမှာမဟုတ်လောက်ဘူး...အဲ့ဒါကြောင့်သူစီနီယာအကိုကြီးရန်နဲ့ပဲဆက်ဆံရေးကောင်းအောင်တည်ဆောက်ရမယ်!

ဖြစ်နိုင်တာစီနီယာအကိုကြီးရန်လည်းပျော်နေတဲ့အချိန်ဆိုရင်သူ့ကိုဝက်ပုံစံပေါက်စီလေးကျွေးနိုင်တယ်လေ

"စီနီယာအကိုကြီးရန်,ရေတစ်ချို့လောက်လိုချင်လား?"

ရန်ကျင်းကအနေခက်စွာနဲ့ခေါင်းကိုခါယမ်းပြပြီးစိတ်ရင်းမှန်နဲ့ယဉ်ယဉ်ကျေးကျေးငြင်းဆိုလိုက်သည်။သူ့အကြည့်ကဝိဉာဏ်ကျောက်တုန်းအိတ်ဆီကိုအလျင်အမြန်ရောက်သွားပြီးမှသူ့လက်ထဲကဓားကိုပြန်ငုံ့ကြည့်လိုက်သည်။

မင်းရိက'နှုတ်ဆက်စကား'ပြောလိုက်ပြီးနောက်ပျော်ပျော်ရွှင်ရွှင်ထွက်သွားတော့သည်။

သူထွက်သွားသည်နှင့်တစ်ပြိုင်နက်တိတ်ဆိတ်မှုကပြန်လည်ရောက်ရှိလာသည်။

မြက်ညွှန့်ပေါက်လေးရှောင်းချောင်ယကအိပ်ပျော်နေပြီးဆူညံအောင်လုပ်ခဲသည်။ရန်ကျင်းသည်သူ့လက်ထဲကဓားကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးသူ့မျက်လုံးများကတော့မြူဆိုင်းပြီးမရှင်းမလင်းဖြစ်နေသည်။

အခုချိန်ကသူ့အရင်ဘဝတုန်းကဖြစ်ရပ်ကြီးဖြစ်ခဲ့တဲ့အချိန်ပဲ

ဒါပေမဲ့ဒီနေ့ရဲ့ရှန်ကျစ်ရှန်းကသူ့အတိတ်မှတ်ဉာဏ်တုန်းကရှန်ကျစ်ရှန်းနဲ့လုံးဝခြားနားနေတယ်...ပုံစံအမျိုးမျိုးဖြစ်နေတဲ့ဆရာကသူ့စိတ်ထဲမှာအကြိမ်ကြိမ်ပေါ်လာနေပြီးမကြာခဏနေ့ရောညပါစဉ်းစားမိတယ်ဒါပေမဲ့ရှန်ကျစ်ရှန်းရဲ့အတွေးတွေကိုလုံးဝခန့်မှန်းလို့မရဘူး

ဒီရက်ပိုင်းဒီနေရာမှာနေရတာကသူ့အတွက်တော့ရှင်းလင်းလှတဲ့နှိပ်စက်ညှင်းပန်းခြင်းပဲ

သူကမျက်လုံးများကိုမှိတ်လိုက်ပြီးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်လုံးများကနီရဲနေလေပြီ။သွေးနံ့တစ်ခုကလည်းသူ့နှာဖျားဝသို့ရောက်ရှိလာပြီးရှန်ကျစ်ရှန်းရဲ့သွေးစွန်းနေတဲ့လက်တစ်ဖက်ကသူ့မြင်ကွင်းထဲဝင်လာကာသူ့လက်ကောက်ဝတ်ကိုလာဆုပ်ကိုင်သည်။

သူ့ဝိဉာဏ်မြစ်ကနေတစ်လိမ့်လိမ့်ထွက်လာတဲ့နာကျင်မှုနဲ့အတူရန်ကျင်းရဲ့အသိစိတ်ကအပိုင်းပိုင်းအစစဖြစ်သွားသည်။ဓားလက်ကိုင်ကိုကိုင်ထားတဲ့လက်သည်လည်းတင်းကြပ်လာသည်မှာလက်ဆစ်တွေဖြူဖွေးလာသည်အထိပင်။

ဓားကဓားအိမ်ထဲကထွက်လာသည်နှင့်ထက်ရှပြီးအေးစက်သည့်အလင်းများပါစိမ့်ထွက်လာသည်။

ဒါကသာမာန်ဓားတစ်ချောင်းပဲဆိုတာသိသာနေသော်လည်းရန်ကျင်းရဲ့လက်ထဲမှာတော့ထိုဓားကနေအေးစိမ့်နေတဲ့အအေးဓာတ်ကိုထုတ်လွှင့်နေသည်။သူလေ့ကျင့်တဲ့အချိန်မှာတော့ဓားကစားမှုကသူ့ရဲ့အရင်တစ်ခေါက်နဲ့လုံးဝကွဲပြားခြားနားနေသည်။

သူ့မျက်လုံးများကလုံးဝသွေးနီရောင်တောက်ပနေပြီးသူ့မြင်ကွင်းထဲဝင်လာသမျှအရောင်တိုင်းကသူ့အမြင်အာရုံကိုတောက်ပစေ၍သူ့အာရုံကြောများကိုအေးစက်ကြမ်းတမ်းစွာနာကျင်လာစေသည်။

ရှန်ကျစ်ရှန်းရဲ့အရိပ်များသည်လည်းကြည့်ရတာနေရာတိုင်းမှာလိုပင်။ရန်ကျင်းရဲ့အသက်ရှုမှုကမြန်ဆန်လာပြီးသူ့ဓားကလည်းနတ်ဆိုးတစ်ကောင်လိုလျင်မြန်လာကာအရူးတစ်ယောက်လိုနေရာတိုင်းလျှောက်ခုတ်နေတော့သည်။

ဓားရဲ့လှုပ်ရှားမှုတိုင်းမှာဓားသွားကတုန်ယင်နေပြီးလကွယ်ညမှာအော်မည်နေတဲ့ကျီးနက်သံများလိုပင်။ဓားသွားကရွက်သေများစွာကိုပိုင်းဖြတ်နေပြီးသူ့ပတ်ပတ်လည်မှာခြောက်သွေ့တဲ့မိုးတိမ်တွေလိုပျံ့ကျဲနေစေသည်။

သို့သော်လည်းထိုတစ္စေအရိပ်များစွာကအဆုံးမရှိပဲသူ့ဘေးမှာတစ်ချိန်လုံးပေါ်လိုက်ပျောက်လိုက်နဲ့ဖြစ်ပေါ်နေ၏။

အဆုံးမှာတော့ရန်ကျင်းကအခုမှဆယ့်ခြောက်နှစ်သားသာရှိနေသေးသည်လေ။သူကရေရှည်အာဟာရချို့တဲ့မှုနဲ့ပိန်ပါးတဲ့ခန္တာကိုယ်ရှိနေတဲ့အပြင်ဒဏ်ရာအကြီးအကျယ်လည်းရထားသေးသည်။သူ့ခန္တာကိုယ်ကဒီလိုကြီးမားလှတဲ့ဓားကွက်များကိုမခံနိုင်တော့ပဲမကြာခင်ပဲပင်ပန်းလာခဲ့သော်လည်းသူအဲ့ဒါကိုမရပ်တန့်နိုင်ပေ။

သူ့စိတ်ထဲမှာထပ်ခါထပ်ခါမည်ဟီးနေသည့်အသံတစ်ခုရှိနေသည်။ဆွဲဆောင်ရင်းဆွဲချရင်းနဲ့ပင်သူ့ရဲ့ကျန်ရှိတဲ့အကြောင်းပြချက်သေးသေးလေးကိုချန်ရစ်၍မှောင်မိုက်တဲ့တွင်းနက်ကြီးဆီသို့ဦးတည်နေသလို...။

"သူ့ကိုသတ်....အကုန်လုံးကိုသတ်ပစ်...ဘယ်သူမှမင်းကိုမလှည့်ဖြားနိုင်ဘူးမတားဆီးနိုင်ဘူး..."

သွေးများကသူ့ခန္တာကိုယ်ထဲမှာဆောင့်တိုးနေပြီးသူ့ဝိဉာဏ်အားများသည်လည်းသူ့ဝိဉာဏ်မြစ်ထဲမှာသိပ်သည်းနေ၏။သို့သော်လည်းအဲ့ဒါကအလွန်ပြင်းထန်နေတာကြောင့်သူ့ရဲ့ကျိုးပဲ့လွယ်နေဆဲဖြစ်သည့်ဝိဉာဏ်မြစ်ကဖိအားကိုမခံနိုင်တော့ပဲမကြာခင်မှာအက်ကွဲရာအမှတ်ရေးရေးလေးများထင်လာသည်။

ထန်!

ရန်ကျင်းပြိုလဲကျခါနီးလေးတင်ပဲမှောက်မိုက်တဲ့တိမ်တိုက်များကြားထဲကပုလဲရောင်လတစ်စင်းတောက်ပစွာထွက်ပေါ်လာသလိုမျိုးနောက်ထပ်ဓားတစ်ချောင်းကဓားအိမ်ထဲကနေပျံသန်းထွက်ပေါ်လာသည်။ပါးလွှာတဲ့ဓားကညင်သာသိမ်မွေ့သော်လည်းစွမ်းအင်ပြည့်ဝစွာဖြင့်ပရမ်းပတာအခြေအနေကြားထဲကိုဖြတ်ကျော်သွားခဲ့ပြီးရန်ကျင်းရဲ့ဓားကိုပြင်းပြင်းထန်ထန်တားဆီးလိုက်သည်။

"အားကျင်း!"

နူးညံ့ပြီးပျော့ပြောင်းလှတဲ့ဓားသွားကရက်စက်ကြမ်းတမ်းလှတဲ့ဓားကွက်ကိုရည်ရွယ်ချက်ရှိရှိလွယ်ကူစွာနဲ့ဖြေရှင်းလိုက်သည်။

အဝေးတစ်နေရာမှ,ရန်ကျင်းသည်စိတ်ပူပန်နေတဲ့အော်သံတစ်ခုကိုကြားလိုက်ရပြီးသူ့ပင်ကိုယ်အသိစိတ်ကိုအဲ့ဒီဘက်အလိုလိုလှည့်လိုက်မိတာကြောင့်သူ့မျက်လုံးထဲကနီရဲမှုကအနည်းငယ်ကျေပျက်သွားသည်။

"နိုးတော့!အားကျင်း,သတိထားစမ်း!"

နောက်တစ်ခါခေါ်နေပြန်ပြီ

ရန်ကျင်းသည်သူ့ဘဝတစ်လျှောက်လုံးမှာသူဟာရတနာတစ်ပါးလိုမျိုးအကယ်၍သူသာနာကျင်သွားရင်တစ်စုံတစ်ယောက်ပါနာကျင်ပြီးစိတ်ပူပန်ရသလိုမျိုးသူ့နာမည်ကိုဒီလိုစိတ်လှုပ်ရှားပြီးစိုးရိမ်ပူပန်စွာနဲ့ခေါ်တာမျိုးတစ်ခါမှမကြားဘူးခဲ့ပေ။

သူ့အနေနဲ့အမြဲတမ်းကဲ့ရဲ့လှောင်ပြောင်ပြီးပျက်ရယ်ပြုတဲ့စကားများနဲ့မမြင်ရတဲ့ဆူးများနဲ့ထိုးနေသလိုမျိုးထက်ရှလေးလံလှတဲ့ရယ်သံများကိုသာတစ်လျှောက်လုံးကြားဘူးခဲ့သည်။

ပထမတော့မပြင်ဆင်ထားခဲ့တာကြောင့်အလွယ်တကူသွေးထွက်သံယိုဖြစ်ရသော်လည်းနောက်ပိုင်းမှာတော့သူကလစ်လျုရှုခြင်းဆိုတဲ့မြင့်မားတဲ့နံရံတစ်ခုတည်ဆောက်ရန်သင်ယူနိုင်ခဲ့ပြီးထပ်ခါထပ်ခါခံစားရမယ့်နာကျင်မှုများကိုတားဆီးနိုင်ရန်သူ့ကိုယ်သူအထဲမှာပိတ်လှောင်ထားခဲ့သည်။

ရန်ကျင်းသည်နေရာမှာပဲအဆင်မပြေစွာရပ်တန့်နေပြီးသူ့မျက်လုံးများကကြောင်ငေးငေးဖြစ်ကာအာရုံစူးစိုက်မှုရှိမနေပေ။ရှန်ကျစ်ရှန်းမှာသူဘယ်ကိုကြည့်နေလဲဆိုတာကိုမပြောနိုင်သလိုသူရှိနေတဲ့နေရာကိုကြည့်နေတာလားဆိုတာကိုလည်းမသိနိုင်ပေ။ခဏလောက်တွန့်ဆုတ်နေမိပြီးနောက်မသေမချာနဲ့စမ်းခေါ်ကြည့်လိုက်သည်။

"အားကျင်း?"

သူ့ရဲ့နောက်ဆုံးခေါ်သံကြောင့်ရန်ကျင်းရဲ့မျက်လုံးထဲကထူးဆန်းတဲ့နီရဲမှုကတစ်ဖြေးဖြေးပျောက်ကွယ်သွားပြီးသူ့လက်ထဲကဓားသည်လည်းမြေပြင်ပေါ်ပြုတ်ကျသွားသည်။မျက်မှောင်ကျုံ့နေရင်းဖြင့်သူကရုတ်တရက်သွေးတစ်ပွက်အန်ထုတ်လိုက်၏။ထို့နောက်သူ့ခြေထောက်များပျော့ပျောင်းသွားပြီးသူ့တစ်ကိုယ်လုံးကရှေ့ကိုပြိုလဲကျသွားသည်။

ရှန်ကျစ်ရှန်းမှာထိတ်လန့်သွားမိ၏။သူ့ဓားကိုမြေပြင်ပေါ်ပစ်ချလိုက်ပြီးအလျင်အမြန်ရှေ့ကိုခြေလှမ်းတိုးကာပင်ပန်းနေတဲ့လူငယ်လေးကိုသူ့လက်မောင်းထဲသို့လှမ်းဖမ်းလိုက်ရသည်။ထို့နောက်ကျောကုန်းကိုပုတ်ပေးနေရင်းနဲ့သူ့ကိုနှစ်သိမ့်ပေးဖို့ကြိုးစားမိသည်။

"အကုန်လုံးအဆင်ပြေသွားပြီ,အကုန်လုံးအဆင်ပြေပြီနော်...."

ရန်ကျင်းကသူ့လက်မောင်းကြားထဲမှာအလှုပ်မယှက်လဲလျောင်းနေပြီးကြည့်ရတာသတိလစ်နေသလိုပင်။သို့သော်သူကသတိလစ်နေတာမဟုတ်ပဲပြန်နာလန်ထူအောင်လုပ်နေသည်ကိုရှန်ကျစ်ရှန်းသိနေသည်။

ထိုရင်းနှီးကျွမ်းဝင်နေမှုကြောင့်အလွန်အမင်းစောင့်ကြပ်ထားမှုကပြန်ရောက်လာသည်။

ရှန်ကျစ်ရှန်းသည်ရန်ကျင်းကတုန့်ပြန်လာပြီးသူ့ကိုမတွန်းထုတ်ခင်မှာဦးစွာလွှတ်ပေးလိုက်သည်။မတ်တပ်ရပ်လိုက်ပြီးနောက်ရန်ကျင်းရဲ့ဓားအားငုံ့ကောက်လိုက်၏။

အဲ့ဒါကသာမာန်တပည့်တွေပုံမှန်ဆောင်ထားတတ်တဲ့သာမာန်ဓားတစ်ချောင်းသက်သက်သာ..ရန်ကျင်းကတန်ဖိုးထားမခံရဘူးဆိုတာရှင်းလင်းနေသည်။ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်နေတာတောင်သူ့မှာသင့်တင့်လျောက်ပတ်တဲ့ဓားတစ်ချောင်းတောင်မရဘူးလေ။

ရှန်ကျစ်ရှန်းမှာသက်ပြင်းသာချမိသည်။

အခုလေးတင်သူ့ဓားနဲ့ရန်ကျင်းရဲ့အပြင်းအထန်တိုက်ကွက်ကိုတားဆီးလိုက်ရတာကြောင့်ရန်ကျင်းရဲ့ဓားကအပိုင်းပိုင်းအစစပြတ်ပြီးမြေပြင်ပေါ်မှာပြုတ်ကျနေလေပြီ။

ရှန်ကျစ်ရှန်း, "..."

သူကပေါ့ပေါ့ပါးပါးချောင်းဟန့်လိုက်ပြီးနောက်ခေါင်းစဉ်ကိုပြောင်းလဲဖို့ကြိုးစားမိသည်။

"ခုဏကမင်းသုံးလိုက်တဲ့ဓားသိုင်းကဘာလဲ?"

ထိုဓားသိုင်းကအလွန်အမင်းပြင်းထန်လှပြီးချင်းယွင်ဂိုဏ်းနဲ့မသက်ဆိုင်တာသိသာထင်ရှားနေသည်။သာမာန်ဓားတစ်ချောင်းကထိုပြင်းထန်မှုကိုခံနိုင်ရည်မရှိနိုင်ပေ။အဲ့ဒါကသူ့ကိုရန်ကျင်းဘယ်ကနေသင်လာတာလဲဆိုတာကိုသိချင်မိစေသည်။

သို့သော်လည်းရန်ကျင်းကဒီပြဿနာကိုဂရုမစိုက်ချေ။သူ့အနေနဲ့အစောပိုင်းတုန်းကသူ့ကိုလွှမ်းခြုံသွားတဲ့ခံစားချက်များကနေမသက်သာနိုင်သေးဘူးဖြစ်နေသည်။

အခုလေးတင်ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကမမျှော်လင့်စရာကောင်းပြီးထူးဆန်းနေသည်လေ။သူ့ကိုကြည့်ရတာထိန်းချုပ်နိုင်ပုံပေါ်နေပေမယ့်တကယ်တမ်းသူ့နှလုံးသားထဲမှာမရင်းနှီးတဲ့ခံစားချက်တွေမြင့်တက်နေမိတာ...။သူ့ရဲ့ဓားကစားမှုကလည်းအတင်းအဓမ္မခိုင်းစေခံခဲ့ရသလိုမျိုးဖြစ်နေခဲ့တာ...

အဲ့ဒီထူးဆန်းပြီးအက်ရှရှအသံ...

ဘယ်သူ့ကိုသတ်ခိုင်းတာလဲ?ဒီအသံကဘယ်သူ့ကိုသတ်ဖို့ပြောနေတာလဲ?

ရှန်ကျစ်ရှန်းကိုသတ်ရမှာလား?ဒါမှမဟုတ်သူ့ကိုကဲ့ရဲ့တဲ့ဘယ်သူ့ကိုမဆိုလား?

ရန်ကျင်းကထိုအသံကိုအကြိမ်ကြိမ်စဉ်းစားရင်းသူပိုပြီးစဉ်းစားလေလေသူ့စိတ်တစ်ခုလုံးကပိုပြီးပရမ်းပတာဖြစ်လာသလိုပင်။သူ့နှလုံးသားကတော့ဟိုးနက်ရှိုင်းလှတဲ့အတွင်းပိုင်းကအော်ဟစ်နေသလိုမျိုးစိတ်ပျက်အားငယ်နေတဲ့ခံစားချက်ကိုရနေပြန်သည်။

ဟင့်အင်း!

မင်းသူ့ကိုသတ်လို့မရဘူး!

မလုပ်နဲ့!

စိတ်ပျက်အားငယ်မှုများကကြွေမွနေပြီးစကားလုံးတိုင်းကသူ့အသွေးထဲမှာအမြစ်တွယ်နေသလိုပင်။

ရန်ကျင်းကရုတ်တရက်တုန်လှုပ်သွားမိသည်။သူ့လက်များအားလက်သီးအဖြစ်ကျစ်ကျစ်ပါအောင်ဆုပ်မိပြီးလက်သည်းများကသူ့လက်ဖဝါးထဲသို့ပြင်းပြင်းထန်ထန်စိုက်ဝင်သွားသည်။အနည်းငယ်သောနာကျင်မှုကအသိစိတ်ကိုပြန်ယူဆောင်လာတာကြောင့်ရှန်ကျစ်ရှန်းရဲ့မေးခွန်းကိုနောက်ဆုံးတော့ကြားလိုက်ရသည်။သို့သော်လည်းသူကခေါင်းကိုသာခါယမ်းပြပြီးသူ့မျက်နှာကဖြူဖျော့နေဆဲဖြစ်ကာဘာစကားမှမဆိုချေ။

သူကပြန်ဖြေဖို့တွန့်ဆုတ်နေတာမြင်တော့ရှန်ကျစ်ရှန်းကထိုကိစ္စအားဆက်ပြီးမမေးတော့ပေ။

အဲ့ဒါကရန်ကျင်းသူ့ဘာသာသူဖန်တီးထားတာလည်းဖြစ်နိုင်တာပဲလေ..ဘယ်လိုပဲဖြစ်ဖြစ်သူကဇာတ်လိုက်ပဲဟာ..အကယ်၍သူကတောင်ကိုထက်ဝက်ပိုင်းနိုင်တယ်ဆိုရင်တောင်အဲ့ဒါကအရမ်းကြီးအံ့အားသင့်စရာကောင်းမနေဘူး

ရှန်ကျစ်ရှန်းကသက်ပြင်းချရင်းဓားရိုးအားပစ်ထုတ်လိုက်ကာသူ့ရဲ့မြူနှင်းဓားကိုပြန်ကောက်လိုက်လိုက်သည်။

"အဲ့ဒီဓားကဆက်သုံးလို့မရတော့ဘူးငါမင်းကိုနောက်ကျမှပိုကောင်းတဲ့တစ်ခုရှာပေးမယ်"

သူကထိုအကြောင်းကိုစဉ်းစားရင်းတိတ်တဆိတ်လှည့်ထွက်သွားတာကြောင့်ရန်ကျင်းရဲ့မျက်လုံးထဲမှာဖြတ်ပြေးသွားခဲ့သည့်ရှုပ်ထွေးမှုနဲ့အားနည်းမှုများကိုမမြင်လိုက်ရပေ။

=========================
Zawgyi

အခန္း(၁၁) - ဓား

ရွန္က်စ္ရွန္းခန္႔မွန္းထားသလိုပဲသိုဝွက္ဓားစံအိမ္ရဲ႔ကိစၥကရလဒ္ထြက္မလာပဲရပ္တန္႔ေနသည္။

ရန္က်င္းကအျပစ္တင္မွဳေတြကိုခံယူထားရဆဲျဖစ္ၿပီးရွန္က်စ္ရွန္းေတာင္မွဂိုဏ္းတပည့္မ်ားရဲ႔ေဝဖန္မႈကိုခံရသည္။

စုန္႔မင္းကထိုအေၾကာင္းေတြအားလံုးကိုသိထားတာေတာင္ရည္ရြယ္ခ်က္ရွိရွိနဲ႔ခြင့္ျပဳထားသည္။

ရွန္က်စ္ရွန္းကလည္းသူ႔ကိုတစ္ျခားသူေတြေရွ႕မွာဆက္တိုက္ျငင္းဆန္ေနၿပီးသူ႔ကိုမ်က္ႏွာသာမေပးေပ။စုန္႔မင္းကဘာမွလုပ္လို႔မရတာေၾကာင့္ဗိုက္ထဲကေဒါသမီးလွ်ံေတြကိုမ်ိဳခ်ရင္းသည္းခံခ်င္ေယာင္သာဆက္ေဆာင္ေနရသည္။

ဒီအေျခအေနကေနရွန္က်စ္ရွန္းအေနနဲ႔သူ႔ရဲ႔ပံုမွန္ေနထိုင္မႈကိုတုန္လွဳပ္ေအာင္မလုပ္ႏိုင္ဘူးဆိုရင္ေတာင္အနည္းဆံုးေတာ့စုန္႔မင္းလည္းအဲ့ဒီကေနမေက်နပ္မႈအနည္းငယ္ရသြားလိမ့္မယ္ေလ။

တပည့္ငယ္ေလးမ်ား႔ရဲ႔ေဆြးေႏြးမႈေတြလည္းပိုလို႔တက္ႂကြလာၾကၿပီးထူးဆန္းတဲ့အတင္းအဖ်င္းေတြနဲ႔ေကာလဟာလမ်ားစြာပါအသက္ဝင္လာၾကသည္။

"အခုတစ္ေလာ,အႀကီးအကဲရွန္ကစီနီယာအကိုႀကီးရန္က်င္းကိုအရမ္းႏွစ္သက္ေနသလိုပဲ"

"အႀကီးအကဲရွန္ကသူ႔ကိုေတာင္ထိပ္ေပၚကိုယ္တိုင္ေရႊ႕ခိုင္းတာလို႔လည္းၾကားတယ္အခုသူအႀကီးအကဲရွန္ရဲ႔အိမ္ေဘးမွာေနေနၿပီေလ"

"ဘယ္လိုျဖစ္လို႔စီနီယာအကိုႀကီးရန္က်င္းကေကာင္းကင္ကိုေအာင္ေအာင္ျမင္ျမင္တက္ႏိုင္သြားတာလဲ?"

ထိုသာမာန္တပည့္ေလးမ်ားကရွန္က်စ္ရွန္းကိုသူတို႔ဆရာအျဖစ္တိုက္႐ိုက္ေခၚလို႔မရတာေၾကာင့္ရလဒ္ကေတာ့စီနီယာအကိုႀကီးရန္က်င္းကိုသာရင္းႏွီးသလိုလိုဟန္ေဆာင္ၿပီးမ်ိဳးစံုတဲ့အတင္းအဖ်င္းေတြကိုသူ႔ေနာက္ကြယ္မွာေျပာၾကေတာ့သည္။

"အခုမွငါစဥ္းစားၾကည့္ေတာ့စီနီယာအကိုႀကီးရန္႔ရွန္ေတာင္ေပၚသြားခဲ့တာအေတာ္ေလးေတာင္ၾကာသြားၿပီေနာ္"

"အႀကီးအကဲရွန္ကသူ႔ရဲ႔ေန႔စဥ္ႏႈတ္ဆက္မႈကိုေရွာင္ၿပီးအခုဆိုသူ႔ကိုလည္းဓားသိုင္းပညာမၫႊန္ၾကားေပးတာအေတာ္ေလးၾကာသြားၿပီေလ"

"အန္?အဲ့ဒီလိုျဖစ္သြားတာလား?ငါေျပာမယ္...."

"ေကာင္းၿပီ,မင္းအသံကိုႏွိမ့္ဦး..စီနီယာအကိုႀကီးရန္႔ရွန္အနားေရာက္ေနဦးမယ္"

တစ္စံုတစ္ေယာက္ျမင့္တက္တဲ့အခ်ိန္မွာတစ္စံုတစ္ေယာက္ကေတာ့နင္းေခ်ခံရမွာပင္။ဒီကမာၻႀကီးမွာေတာ့ဒီလိုအရာမ်ိဳးကအခ်ိန္တိုင္းျဖစ္ပ်က္ေနခဲ့သည္။အတိတ္တုန္းကအဲ့ဒီတပည့္ငယ္ေလးေတြဘယ္လိုမ်ိဳးရန္႔ရွန္ကိုေခ်ာ့ေမာ့ခ်ီးေႁမွာက္ခဲ့သလဲ?အခုေတာ့သူတို႔ရဲ႔ပစ္မွတ္ေျပာင္းလဲသြားၿပီးရန္က်င္းရဲ႔အေကာင္းျမင္မႈကိုခံရရန္ႀကိဳးစားေနၾကေလၿပီ။

ရန္႔ရွန္သည္သစ္ပင္ေနာက္ကြယ္မွာပုန္းကြယ္ေနၿပီးထိုတပည့္ငယ္ေလးမ်ားအတင္းအဖ်င္းေျပာ၍ေလွ်ာက္ထြက္သြားၿပီးေပ်ာက္ကြယ္သြားသည္အထိၾကည့္ေနသည္။သူ႔မ်က္ႏွာကအိုးေအာက္ဖင္လိုမဲေမွာင္ေနၿပီးသူ႔ရဲ႔ရႊင္ျမဴးေနတဲ့စိတ္ေနသေဘာထားသည္လည္းလံုးဝေပ်ာက္ကြယ္သြားၿပီျဖစ္သည္။သစ္ပင္ရဲ႔ပင္စည္ေပၚရွိသူ႔လက္ကျပင္းျပင္းထန္ထန္ဖိထားတာေၾကာင့္မာေက်ာတဲ့သစ္ေခါက္ေပၚတြင္လက္ေခ်ာင္းရာမ်ားပင္ထင္ထင္ရွားရွားက်န္ရစ္ခဲ့သည္။

ရန္က်င္း!

သူကေရွ႕ေရာေနာက္ေရာအံႀကိတ္ေနၿပီးသူ႔ရဲ႔နက္ေမွာင္ေနတဲ့ခံစားခ်က္မ်ားကနည္းနည္းခ်င္းဆီက်ယ္ျပန္႔လာခ့ဲသည္မွာအဆိပ္ျပင္းမွိဳတစ္ပြင့္ကေထာင့္တစ္ေနရာမွာတိတ္တဆိတ္ႀကီးျပင္းလာသလိုပင္။

ဘယ္ေလာက္မွန္းမသိႏိုင္တဲ့အခ်ိန္တစ္ခ်ိဳ႔ၾကာၿပီးေနာက္သူ႔အက်ႌလက္အားရမ္းလိုက္ၿပီးဦးတည္ရာတစ္ဘက္သို႔လွည့္မၾကည့္ပဲထြက္ခြာသြးေတာ့သည္။

အဲ့ဒါကသူ႔အိမ္ကိုျပန္တဲ့လမ္းမဟုတ္သလိုေလ့က်င့္ေရးကြင္းရွိတဲ့ေနရာလည္းမဟုတ္တဲ့အျပင္သူသြားသင့္တဲ့ဘယ္ေနရာကိုမွမဟုတ္ဘူး

......

အမ်ိဳးမ်ိဳးေသာေဆြးေႏြးမႈမ်ားမွာပါဝင္ေနတဲ့ရွန္က်စ္ရွန္းကေတာ့အလြန္တည္ၿငိမ္ေနသည္။သူ႔ရဲ႔အတင္းအဖ်င္းေတြကိုသူဂ႐ုမစိုက္ေပ။သူကရန္က်င္းစိတ္ထဲထားေနမလားဆိုတာကိုသာပိုၿပီးစိတ္ပူေနသည္။

ရလဒ္ကေတာ့ရွန္က်စ္ရွန္းကလူတစ္ေယာက္အားေခ်ာ့ေမာ့ဖို႔စတင္ႀကိဳးစားေတာ့သည္။

ဒါေပမဲ့လည္းရန္က်င္းကသူ႔ကိုဆိုရင္အလြန္အက်ဴးေစာင့္ၾကပ္ေနသည္ေလ။သူေပၚလာတဲ့အခ်ိန္တိုင္းလူငယ္ေလးရဲ႔တစ္ကိုယ္လံုးကခ်က္ခ်င္းတင္းၾကပ္သြားၿပီးသူ႔စိတ္ဝိဉာဏ္သည္လည္းေတာင့္တင္းလာသည္မွာအစြန္းေရာက္သည္အထိဆြဲဆန္႔ခံထားရသည့္ႀကိဳးတစ္ေခ်ာင္းလိုပင္တစ္ခ်က္ထိတာနဲ႔တင္ပ်က္ထြက္သြားလိမ့္မည္။

ရွန္က်စ္ရွန္းသည္ရန္က်င္းရင္ထဲကသူ႔အေနအထားကဟိုပုန္ကန္တတ္တ့ဲျမက္ၫႊန္႔ပိစိေလာက္ေတာင္မေကာင္းေလာက္ဘူးလို႔ခံစားရသည္။

အနည္းဆံုးေတာ့အဲ့ဒီျမက္ၫႊန္႔ပိစိကရန္က်င္းကိုအႀကိမ္အနည္းငယ္ပဲေတာင္းဆိုလိုက္ရၿပီးေနာက္ဆံုးေတာ့သူ႔အက်ႌလက္စကိုလြတ္လြတ္လပ္လပ္ရမ္းခါလို႔ရတဲ့ခြင့္ျပဳခ်က္ရသြားခဲ့ၿပီေလ...

ရွန္က်စ္ရွန္းသည္သူ႔တပည့္အားေပ်ာ့ေျပာင္းေစရန္အဝိုင္းပတ္နည္းဗ်ဴဟာကိုအသုံးျပဳရန္ဆုံးျဖတ္လိုက္သည္။

အဲ့ဒီဆယ့္ေျခာက္ႏွစ္သားေလးရဲ႔ႏွလံုးသားကေသခ်ာေပါက္ႏူးညံ့လာလိမ့္မယ္!

ရွန္က်စ္ရွန္းကသူ႔အခန္းထဲကပစၥည္းမ်ားကိုလက္ေခ်ာင္းမ်ားသံုးၿပီးေရတြက္လိုက္သည္။။

ဝိဉာဏ္ျမစ္ကိုသန္႔စင္ဖို႔ဆိုၿပီးရည္ရြယ္ေပးထားတဲ့စတုတၳအႀကီးအကဲရဲ႔ေဆးအိုး;အရည္အေသြးျမင့္တဲ့ဘ႐ိုကိတ္အထည္စ;ပဥၥမေတာင္ထြတ္ရဲ႔ဟင္းလ်ာအသစ္.....

ပိုက္ဆံမရွားတဲ့ဒီအႀကီးအကဲကသူ႔လက္ကိုပဲေဝွ႕ယမ္းျပလိုက္တယ္

ဝယ္ ဝယ္ ဝယ္!လုပ္ လုပ္ လုပ္!စား စား စား!

တပည့္ငယ္ေလးကဝိဉာဏ္ေက်ာက္တုန္းမ်ားကိုအလြန္ေလးစားစာျဖင့္လက္ခံလိုက္ၿပီးတံခါးေနထြက္ခြာလိုက္သည္။သူမထြက္သြားခင္မွာျခံဝင္းထဲတြင္ဓားသိုင္းေလ့က်င့္ေနသည့္ရန္က်င္းကိုတိတ္တဆိတ္ၾကည့္မိ၏။

ရန္က်င္းရဲ႔လႈပ္ရွားမႈမ်ားကအလြန္ကိုအင္အားေကာင္းလွသည္။သူကဓားကိုသူ႔တစ္ကိုယ္လံုးမွာဝိုင္းရံ၍ေလ့က်င့္ေနရင္းမွတပည့္ငယ္ေလးရဲ႔အၾကည့္ကိုသတိျပဳမိတာေၾကာင့္လုပ္ေနတာကိုရပ္ၿပီးတည္တည္ၿငိမ္ၿငိမ္လွည့္ၾကသည္။

"မဂၤလာပါ,စီနီယာအကိုႀကီးရန္!" 

မင္းရိသည္ဝိဉာဏ္တစ္ေကာင္ကိုျမင္လိုက္သလိုမ်ိဳးေက်ာကိုမတ္ကာေခၚလိုက္မိသည္။

သူကအဲ့ဒီေန႔တုန္းကရွန္က်စ္ရွန္းအိမ္ေခၚရွင္းခိုင္းတဲ့တပည့္ႏွစ္ေယာက္ထဲကတစ္ေယာက္ျဖစ္သည္။ေနာက္တစ္ပည့္တစ္ေယာက္ကေတာ့မင္းလိဟုေခၚသည္။သူတို႔ကလ်င္ျမန္ျဖတ္လတ္တာေၾကာင့္ျဖစ္ရင္ျဖစ္မည္ႏွစ္ေယာက္သားရွန္က်စ္ရွန္းရဲ႔အၾကည့္ကိုဖမ္းမိၾကၿပီးသူ႔အတြက္အမႈထမ္းေဆာင္ေပးရန္ရာထူးတိုးခံလိုက္ၾကရသည္ေလ။

အဲ့ဒီေန႔တုန္းကတပည့္ငယ္ေလးႏွစ္ေယာက္မွာေတာင္ေပၚကဆင္းသြားၿပီးသည္ႏွင့္သူတို႔မုန္႔ဖိုးေလးမ်ားႏွင့္မုန္႔အနည္းငယ္ဝယ္ယူၿပီးသူတို႔ရဲ႔အေဖာ္အကိုအမမ်ားအားရွန္က်စ္ရွန္းနဲ႔ရန္က်င္းအေၾကာင္းကိုေမးျမန္းခဲ့ေသးသည္။

ၿပီးတာနဲ႔သူတို႔တစ္ခါတည္းအံ့အားသင့္ေၾကာင္အသြားရေလသည္။

အႀကီးအကဲရွန္နဲ႔စီနီယာအကိုႀကီးရန္က်င္းကဆက္ဆံေရးဆိုးဝါးတယ္?

စီနီယာအကိုႀကီးရန္က်င္းကအဲ့ဒီေလာက္ျပင္းထန္တဲ့ဒဏ္ရာရသြားတာအႀကီးအကဲရွန္ေၾကာင့္?

အႀကီးအကဲရွန္ရဲ႔အႏွစ္သက္ဆံုးတပည့္ကစီနီယာအကိုႀကီးရန္႔ရွန္?

မဟုတ္တာ,အႀကီးအကဲရွန္နဲ႔အကိုႀကီးရန္က်င္းတို႔မွာအရမ္းေကာင္းတဲ့ဆက္ဆံေရးရွိတာကိုသူတို႔ရွင္းရွင္းလင္းလင္းခံစားလို႔ရတာပဲကို!

စီနီယာအကိုႀကီးရန္က်င္းကေတာ့....သူတို႔ကတေလာေလးကတင္ေရာက္လာၿပီးသူနဲ႔သိပ္ၿပီးအဆက္အဆံမရွိဘူးဆိုေပမယ့္လည္းသူ႔ကိုေန႔တိုင္းျမင္ေနရတာပဲေလ

အႀကီးအကဲရွန္ရဲ႔သေဘာထားကိုၾကည့္တာနဲ႔တင္သူစီနီယာအကိုႀကီးရန္က်င္းကိုအရမ္းတန္ဖိုးထားတယ္ဆိုတာရွင္းေနတာပဲ...ေန႔တိုင္းစီနီယာအကိုႀကီးရန္ဆီကိုပစၥည္းေတြပို႔ေပးမယ္...

သစ္သီးဆိုရင္လည္းအခ်ိဳဆံုးမွ၊အသီးအရြက္ဆိုလည္းအလတ္ဆတ္ဆံုးမွၿပီးေတာ့အသားဆိုရင္လည္းအရည္အေသြးအျမင့္ဆံုးျဖစ္ရမယ္...ေပါက္စီေမႊးေမႊးေလးေတြပါတဲ့ပန္းကန္ေတြကိုလည္းပို႔ခိုင္းၿပီးေတာ့ပံုစံအမ်ိဳးမ်ိဳးျဖစ္ေနရမယ္ဆိုတာကိုပါထပ္ခါထပ္ခါၫႊန္ၾကားေသးတာ...

တမင္သက္သက္ကိုစီနီယာအကိုႀကီးရန္က်င္းပိုၿပီးစားဖို႔ဆိုတာရွင္းေနတာပဲဟာ

အႀကီးအကဲရွန္ကမေကာင္းဘူးလို႔တပည့္တိုင္းေျပာၾကေပမယ့္သူတို႔ရွင္းရွင္းလင္းလင္းခံစားၾကရတာကအႀကီးအကဲရွန္က....ခ်စ္စရာေကာင္းတယ္...

မင္းရိလည္းကိုယ္ပိုင္တပည့္တစ္ေယာက္ျဖစ္ခ်င္တယ္ၿပီးေတာ့ဝက္ပံုစံေပါက္စီေလးေတြလည္းစားခ်င္တယ္...သူကဝက္ႏွစ္မွာေတာင္ေမြးလာတာေလ!

ထို႔ေၾကာင့္သူကရန္က်င္းေရွ႕မွာဝိဉာဏ္ေက်ာက္တုန္းအိတ္ကိုကိုင္ကာလိမၼာပါးနပ္စြာနဲ႔ရပ္လိုက္သည္။

သူကအရမ္းကိုသာမာန္ျဖစ္ေနတာကကံဆိုးတာပဲ...စီနီယာအကိုႀကီးရန္ေရွ႕မွာဆိုရင္အႀကီးအကဲရွန္ကေသခ်ာေပါက္သူတို႔ကိုအၾကည့္တစ္ခ်က္ေတာင္ေပးမွာမဟုတ္ေလာက္ဘူး...အဲ့ဒါေၾကာင့္သူစီနီယာအကိုႀကီးရန္နဲ႔ပဲဆက္ဆံေရးေကာင္းေအာင္တည္ေဆာက္ရမယ္!

ျဖစ္ႏိုင္တာစီနီယာအကိုႀကီးရန္လည္းေပ်ာ္ေနတဲ့အခ်ိန္ဆိုရင္သူ႔ကိုဝက္ပံုစံေပါက္စီေလးေကၽြးႏိုင္တယ္ေလ

"စီနီယာအကိုႀကီးရန္,ေရတစ္ခ်ိဳ႔ေလာက္လိုခ်င္လား?"

ရန္က်င္းကအေနခက္စြာနဲ႔ေခါင္းကိုခါယမ္းျပၿပီးစိတ္ရင္းမွန္နဲ႔ယဥ္ယဥ္ေက်းေက်းျငင္းဆိုလိုက္သည္။သူ႔အၾကည့္ကဝိဉာဏ္ေက်ာက္တုန္းအိတ္ဆီကိုအလ်င္အျမန္ေရာက္သြားၿပီးမွသူ႔လက္ထဲကဓားကိုျပန္ငံု႔ၾကည့္လိုက္သည္။

မင္းရိက'ႏႈတ္ဆက္စကား'ေျပာလိုက္ၿပီးေနာက္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ထြက္သြားေတာ့သည္။

သူထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္တိတ္ဆိတ္မႈကျပန္လည္ေရာက္ရွိလာသည္။

ျမက္ၫႊန္႔ေပါက္ေလးေရွာင္းေခ်ာင္ယကအိပ္ေပ်ာ္ေနၿပီးဆူညံေအာင္လုပ္ခဲသည္။ရန္က်င္းသည္သူ႔လက္ထဲကဓားကိုတင္းၾကပ္စြာဆုပ္ကိုင္လိုက္ၿပီးသူ႔မ်က္လံုးမ်ားကေတာ့ျမဴဆိုင္းၿပီးမရွင္းမလင္းျဖစ္ေနသည္။

အခုခ်ိန္ကသူ႔အရင္ဘဝတုန္းကျဖစ္ရပ္ႀကီးျဖစ္ခဲ့တဲ့အခ်ိန္ပဲ

ဒါေပမဲ့ဒီေန႔ရဲ႔ရွန္က်စ္ရွန္းကသူ႔အတိတ္မွတ္ဉာဏ္တုန္းကရွန္က်စ္ရွန္းနဲ႔လံုးဝျခားနားေနတယ္...ပံုစံအမ်ိဳးမ်ိဳးျဖစ္ေနတဲ့ဆရာကသူ႔စိတ္ထဲမွာအႀကိမ္ႀကိမ္ေပၚလာေနၿပီးမၾကာခဏေန႔ေရာညပါစဥ္းစားမိတယ္ဒါေပမဲ့ရွန္က်စ္ရွန္းရဲ႔အေတြးေတြကိုလံုးဝခန္႔မွန္းလို႔မရဘူး

ဒီရက္ပိုင္းဒီေနရာမွာေနရတာကသူ႔အတြက္ေတာ့ရွင္းလင္းလွတဲ့ႏွိပ္စက္ၫွင္းပန္းျခင္းပဲ

သူကမ်က္လံုးမ်ားကိုမွိတ္လိုက္ၿပီးျပန္ဖြင့္လိုက္တဲ့အခ်ိန္မွာေတာ့သူ႔မ်က္လံုးမ်ားကနီရဲေနေလၿပီ။ေသြးနံ႔တစ္ခုကလည္းသူ႔ႏွာဖ်ားဝသို႔ေရာက္ရွိလာၿပီးရွန္က်စ္ရွန္းရဲ႔ေသြးစြန္းေနတဲ့လက္တစ္ဖက္ကသူ႔ျမင္ကြင္းထဲဝင္လာကာသူ႔လက္ေကာက္ဝတ္ကိုလာဆုပ္ကိုင္သည္။

သူ႔ဝိဉာဏ္ျမစ္ကေနတစ္လိမ့္လိမ့္ထြက္လာတဲ့နာက်င္မႈနဲ႔အတူရန္က်င္းရဲ႔အသိစိတ္ကအပိုင္းပိုင္းအစစျဖစ္သြားသည္။ဓားလက္ကိုင္ကိုကိုင္ထားတဲ့လက္သည္လည္းတင္းၾကပ္လာသည္မွာလက္ဆစ္ေတြျဖဴေဖြးလာသည္အထိပင္။

ဓားကဓားအိမ္ထဲကထြက္လာသည္ႏွင့္ထက္ရွၿပီးေအးစက္သည့္အလင္းမ်ားပါစိမ့္ထြက္လာသည္။

ဒါကသာမာန္ဓားတစ္ေခ်ာင္းပဲဆိုတာသိသာေနေသာ္လည္းရန္က်င္းရဲ႔လက္ထဲမွာေတာ့ထိုဓားကေနေအးစိမ့္ေနတဲ့အေအးဓာတ္ကိုထုတ္လႊင့္ေနသည္။သူေလ့က်င့္တဲ့အခ်ိန္မွာေတာ့ဓားကစားမႈကသူ႔ရဲ႔အရင္တစ္ေခါက္နဲ႔လံုးဝကြဲျပားျခားနားေနသည္။

သူ႔မ်က္လံုးမ်ားကလံုးဝေသြးနီေရာင္ေတာက္ပေနၿပီးသူ႔ျမင္ကြင္းထဲဝင္လာသမွ်အေရာင္တိုင္းကသူ႔အျမင္အာရံုကိုေတာက္ပေစ၍သူ႔အာရံုေၾကာမ်ားကိုေအးစက္ၾကမ္းတမ္းစြာနာက်င္လာေစသည္။

ရွန္က်စ္ရွန္းရဲ႔အရိပ္မ်ားသည္လည္းၾကည့္ရတာေနရာတိုင္းမွာလိုပင္။ရန္က်င္းရဲ႔အသက္ရႈမႈကျမန္ဆန္လာၿပီးသူ႔ဓားကလည္းနတ္ဆိုးတစ္ေကာင္လိုလ်င္ျမန္လာကာအ႐ူးတစ္ေယာက္လိုေနရာတိုင္းေလွ်ာက္ခုတ္ေနေတာ့သည္။

ဓားရဲ႔လႈပ္ရွားမႈတိုင္းမွာဓားသြားကတုန္ယင္ေနၿပီးလကြယ္ညမွာေအာ္မည္ေနတဲ့က်ီးနက္သံမ်ားလိုပင္။ဓားသြားကရြက္ေသမ်ားစြာကိုပိုင္းျဖတ္ေနၿပီးသူ႔ပတ္ပတ္လည္မွာေျခာက္ေသြ႕တဲ့မိုးတိမ္ေတြလိုပ်ံ႔က်ဲေနေစသည္။

သို႔ေသာ္လည္းထိုတေစၥအရိပ္မ်ားစြာကအဆံုးမရွိပဲသူ႔ေဘးမွာတစ္ခ်ိန္လံုးေပၚလိုက္ေပ်ာက္လိုက္နဲ႔ျဖစ္ေပၚေန၏။

အဆံုးမွာေတာ့ရန္က်င္းကအခုမွဆယ့္ေျခာက္ႏွစ္သားသာရွိေနေသးသည္ေလ။သူကေရရွည္အာဟာရခ်ိဳ႔တဲ့မွဳနဲ႔ပိန္ပါးတဲ့ခႏာၱကိုယ္ရွိေနတဲ့အျပင္ဒဏ္ရာအႀကီးအက်ယ္လည္းရထားေသးသည္။သူ႔ခႏာၱကိုယ္ကဒီလိုႀကီးမားလွတဲ့ဓားကြက္မ်ားကိုမခံႏိုင္ေတာ့ပဲမၾကာခင္ပဲပင္ပန္းလာခဲ့ေသာ္လည္းသူအဲ့ဒါကိုမရပ္တန္႔ႏိုင္ေပ။

သူ႔စိတ္ထဲမွာထပ္ခါထပ္ခါမည္ဟီးေနသည့္အသံတစ္ခုရွိေနသည္။ဆြဲေဆာင္ရင္းဆြဲခ်ရင္းနဲ႔ပင္သူ႔ရဲ႔က်န္ရွိတဲ့အေၾကာင္းျပခ်က္ေသးေသးေလးကိုခ်န္ရစ္၍ေမွာင္မိုက္တဲ့တြင္းနက္ႀကီးဆီသို႔ဦးတည္ေနသလို...။

"သူ႔ကိုသတ္....အကုန္လံုးကိုသတ္ပစ္...ဘယ္သူမွမင္းကိုမလွည့္ျဖားႏိုင္ဘူးမတားဆီးႏိုင္ဘူး..."

ေသြးမ်ားကသူ႔ခႏာၱကိုယ္ထဲမွာေဆာင့္တိုးေနၿပီးသူ႔ဝိဉာဏ္အားမ်ားသည္လည္းသူ႔ဝိဉာဏ္ျမစ္ထဲမွာသိပ္သည္းေန၏။သို႔ေသာ္လည္းအဲ့ဒါကအလြန္ျပင္းထန္ေနတာေၾကာင့္သူ႔ရဲ႔က်ိဳးပဲ့လြယ္ေနဆဲျဖစ္သည့္ဝိဉာဏ္ျမစ္ကဖိအားကိုမခံႏိုင္ေတာ့ပဲမၾကာခင္မွာအက္ကြဲရာအမွတ္ေရးေရးေလးမ်ားထင္လာသည္။

ထန္!

ရန္က်င္းၿပိဳလဲက်ခါနီးေလးတင္ပဲေမွာက္မိုက္တဲ့တိမ္တိုက္မ်ားၾကားထဲကပုလဲေရာင္လတစ္စင္းေတာက္ပစြာထြက္ေပၚလာသလိုမ်ိဳးေနာက္ထပ္ဓားတစ္ေခ်ာင္းကဓားအိမ္ထဲကေနပ်ံသန္းထြက္ေပၚလာသည္။ပါးလႊာတဲ့ဓားကညင္သာသိမ္ေမြ႕ေသာ္လည္းစြမ္းအင္ျပည့္ဝစြာျဖင့္ပရမ္းပတာအေျခအေနၾကားထဲကိုျဖတ္ေက်ာ္သြားခဲ့ၿပီးရန္က်င္းရဲ႔ဓားကိုျပင္းျပင္းထန္ထန္တားဆီးလိုက္သည္။

"အားက်င္း!"

ႏူးညံ့ၿပီးေပ်ာ့ေျပာင္းလွတဲ့ဓားသြားကရက္စက္ၾကမ္းတမ္းလွတဲ့ဓားကြက္ကိုရည္ရြယ္ခ်က္ရွိရွိလြယ္ကူစြာနဲ႔ေျဖရွင္းလိုက္သည္။

အေဝးတစ္ေနရာမွ,ရန္က်င္းသည္စိတ္ပူပန္ေနတဲ့ေအာ္သံတစ္ခုကိုၾကားလိုက္ရၿပီးသူ႔ပင္ကိုယ္အသိစိတ္ကိုအဲ့ဒီဘက္အလိုလိုလွည့္လိုက္မိတာေၾကာင့္သူ႔မ်က္လံုးထဲကနီရဲမႈကအနည္းငယ္ေက်ပ်က္သြားသည္။

"ႏိုးေတာ့!အားက်င္း,သတိထားစမ္း!"

ေနာက္တစ္ခါေခၚေနျပန္ၿပီ

ရန္က်င္းသည္သူ႔ဘဝတစ္ေလွ်ာက္လံုးမွာသူဟာရတနာတစ္ပါးလိုမ်ိဳးအကယ္၍သူသာနာက်င္သြားရင္တစ္စံုတစ္ေယာက္ပါနာက်င္ၿပီးစိတ္ပူပန္ရသလိုမ်ိဳးသူ႔နာမည္ကိုဒီလိုစိတ္လႈပ္ရွားၿပီးစိုးရိမ္ပူပန္စြာနဲ႔ေခၚတာမ်ိဳးတစ္ခါမွမၾကားဘူးခဲ့ေပ။

သူ႔အေနနဲ႔အၿမဲတမ္းကဲ့ရဲ႔ေလွာင္ေျပာင္ၿပီးပ်က္ရယ္ျပဳတဲ့စကားမ်ားနဲ႔မျမင္ရတဲ့ဆူးမ်ားနဲ႔ထိုးေနသလိုမ်ိဳးထက္ရွေလးလံလွတဲ့ရယ္သံမ်ားကိုသာတစ္ေလွ်ာက္လံုးၾကားဘူးခဲ့သည္။

ပထမေတာ့မျပင္ဆင္ထားခဲ့တာေၾကာင့္အလြယ္တကူေသြးထြက္သံယိုျဖစ္ရေသာ္လည္းေနာက္ပိုင္းမွာေတာ့သူကလစ္လ်ဳရွဳျခင္းဆိုတဲ့ျမင့္မားတဲ့နံရံတစ္ခုတည္ေဆာက္ရန္သင္ယူႏိုင္ခဲ့ၿပီးထပ္ခါထပ္ခါခံစားရမယ့္နာက်င္မႈမ်ားကိုတားဆီးႏိုင္ရန္သူ႔ကိုယ္သူအထဲမွာပိတ္ေလွာင္ထားခဲ့သည္။

ရန္က်င္းသည္ေနရာမွာပဲအဆင္မေျပစြာရပ္တန္႔ေနၿပီးသူ႔မ်က္လံုးမ်ားကေၾကာင္ေငးေငးျဖစ္ကာအာရံုစူးစိုက္မွဳရွိမေနေပ။ရွန္က်စ္ရွန္းမွာသူဘယ္ကိုၾကည့္ေနလဲဆိုတာကိုမေျပာႏိုင္သလိုသူရွိေနတဲ့ေနရာကိုၾကည့္ေနတာလားဆိုတာကိုလည္းမသိႏိုင္ေပ။ခဏေလာက္တြန္႔ဆုတ္ေနမိၿပီးေနာက္မေသမခ်ာနဲ႔စမ္းေခၚၾကည့္လိုက္သည္။

"အားက်င္း?"

သူ႔ရဲ႔ေနာက္ဆံုးေခၚသံေၾကာင့္ရန္က်င္းရဲ႔မ်က္လံုးထဲကထူးဆန္းတဲ့နီရဲမႈကတစ္ေျဖးေျဖးေပ်ာက္ကြယ္သြားၿပီးသူ႔လက္ထဲကဓားသည္လည္းေျမျပင္ေပၚျပဳတ္က်သြားသည္။မ်က္ေမွာင္က်ံဳ႔ေနရင္းျဖင့္သူက႐ုတ္တရက္ေသြးတစ္ပြက္အန္ထုတ္လိုက္၏။ထို႔ေနာက္သူ႔ေျခေထာက္မ်ားေပ်ာ့ေပ်ာင္းသြားၿပီးသူ႔တစ္ကိုယ္လံုးကေရွ႕ကိုၿပိဳလဲက်သြားသည္။

ရွန္က်စ္ရွန္းမွာထိတ္လန္႔သြားမိ၏။သူ႔ဓားကိုေျမျပင္ေပၚပစ္ခ်လိုက္ၿပီးအလ်င္အျမန္ေရွ႕ကိုေျခလွမ္းတိုးကာပင္ပန္းေနတဲ့လူငယ္ေလးကိုသူ႔လက္ေမာင္းထဲသို႔လွမ္းဖမ္းလိုက္ရသည္။ထို႔ေနာက္ေက်ာကုန္းကိုပုတ္ေပးေနရင္းနဲ႔သူ႔ကိုႏွစ္သိမ့္ေပးဖို႔ႀကိဳးစားမိသည္။

"အကုန္လံုးအဆင္ေျပသြားၿပီ,အကုန္လံုးအဆင္ေျပၿပီေနာ္...."

ရန္က်င္းကသူ႔လက္ေမာင္းၾကားထဲမွာအလွဳပ္မယွက္လဲေလ်ာင္းေနၿပီးၾကည့္ရတာသတိလစ္ေနသလိုပင္။သို႔ေသာ္သူကသတိလစ္ေနတာမဟုတ္ပဲျပန္နာလန္ထူေအာင္လုပ္ေနသည္ကိုရွန္က်စ္ရွန္းသိေနသည္။

ထိုရင္းႏွီးကၽြမ္းဝင္ေနမႈေၾကာင့္အလြန္အမင္းေစာင့္ၾကပ္ထားမႈကျပန္ေရာက္လာသည္။

ရွန္က်စ္ရွန္းသည္ရန္က်င္းကတုန္႔ျပန္လာၿပီးသူ႔ကိုမတြန္းထုတ္ခင္မွာဦးစြာလႊတ္ေပးလိုက္သည္။မတ္တပ္ရပ္လိုက္ၿပီးေနာက္ရန္က်င္းရဲ႔ဓားအားငံု႔ေကာက္လိုက္၏။

အဲ့ဒါကသာမာန္တပည့္ေတြပံုမွန္ေဆာင္ထားတတ္တဲ့သာမာန္ဓားတစ္ေခ်ာင္းသက္သက္သာ..ရန္က်င္းကတန္ဖိုးထားမခံရဘူးဆိုတာရွင္းလင္းေနသည္။ကိုယ္ပိုင္တပည့္တစ္ေယာက္ျဖစ္ေနတာေတာင္သူ႔မွာသင့္တင့္ေလ်ာက္ပတ္တဲ့ဓားတစ္ေခ်ာင္းေတာင္မရဘူးေလ။

ရွန္က်စ္ရွန္းမွာသက္ျပင္းသာခ်မိသည္။

အခုေလးတင္သူ႔ဓားနဲ႔ရန္က်င္းရဲ႔အျပင္းအထန္တိုက္ကြက္ကိုတားဆီးလိုက္ရတာေၾကာင့္ရန္က်င္းရဲ႔ဓားကအပိုင္းပိုင္းအစစျပတ္ၿပီးေျမျပင္ေပၚမွာျပဳတ္က်ေနေလၿပီ။

ရွန္က်စ္ရွန္း, "..."

သူကေပါ့ေပါ့ပါးပါးေခ်ာင္းဟန္႔လိုက္ၿပီးေနာက္ေခါင္းစဥ္ကိုေျပာင္းလဲဖို႔ႀကိဳးစားမိသည္။

"ခုဏကမင္းသံုးလိုက္တဲ့ဓားသိုင္းကဘာလဲ?"

ထိုဓားသိုင္းကအလြန္အမင္းျပင္းထန္လွၿပီးခ်င္းယြင္ဂိုဏ္းနဲ႔မသက္ဆိုင္တာသိသာထင္ရွားေနသည္။သာမာန္ဓားတစ္ေခ်ာင္းကထိုျပင္းထန္မႈကိုခံႏိုင္ရည္မရွိႏိုင္ေပ။အဲ့ဒါကသူ႔ကိုရန္က်င္းဘယ္ကေနသင္လာတာလဲဆိုတာကိုသိခ်င္မိေစသည္။

သို႔ေသာ္လည္းရန္က်င္းကဒီျပႆနာကိုဂ႐ုမစိုက္ေခ်။သူ႔အေနနဲ႔အေစာပိုင္းတုန္းကသူ႔ကိုလႊမ္းျခံဳသြားတဲ့ခံစားခ်က္မ်ားကေနမသက္သာႏိုင္ေသးဘူးျဖစ္ေနသည္။

အခုေလးတင္ျဖစ္ပ်က္ခဲ့သမွ်အရာအားလံုးကမေမွ်ာ္လင့္စရာေကာင္းၿပီးထူးဆန္းေနသည္ေလ။သူ႔ကိုၾကည့္ရတာထိန္းခ်ဳပ္ႏိုင္ပံုေပၚေနေပမယ့္တကယ္တမ္းသူ႔ႏွလံုးသားထဲမွာမရင္းႏွီးတဲ့ခံစားခ်က္ေတြျမင့္တက္ေနမိတာ...။သူ႔ရဲ႔ဓားကစားမႈကလည္းအတင္းအဓမၼခိုင္းေစခံခဲ့ရသလိုမ်ိဳးျဖစ္ေနခဲ့တာ...

အဲ့ဒီထူးဆန္းၿပီးအက္ရွရွအသံ...

ဘယ္သူ႔ကိုသတ္ခိုင္းတာလဲ?ဒီအသံကဘယ္သူ႔ကိုသတ္ဖို႔ေျပာေနတာလဲ?

ရွန္က်စ္ရွန္းကိုသတ္ရမွာလား?ဒါမွမဟုတ္သူ႔ကိုကဲ့ရဲ႔တဲ့ဘယ္သူ႔ကိုမဆိုလား?

ရန္က်င္းကထိုအသံကိုအႀကိမ္ႀကိမ္စဥ္းစားရင္းသူပိုၿပီးစဥ္းစားေလေလသူ႔စိတ္တစ္ခုလံုးကပိုၿပီးပရမ္းပတာျဖစ္လာသလိုပင္။သူ႔ႏွလံုးသားကေတာ့ဟိုးနက္႐ွိဳင္းလွတဲ့အတြင္းပိုင္းကေအာ္ဟစ္ေနသလိုမ်ိဳးစိတ္ပ်က္အားငယ္ေနတဲ့ခံစားခ်က္ကိုရေနျပန္သည္။

ဟင့္အင္း!

မင္းသူ႔ကိုသတ္လို႔မရဘူး!

မလုပ္နဲ႔!

စိတ္ပ်က္အားငယ္မႈမ်ားကေႂကြမြေနၿပီးစကားလံုးတိုင္းကသူ႔အေသြးထဲမွာအျမစ္တြယ္ေနသလိုပင္။

ရန္က်င္းက႐ုတ္တရက္တုန္လႈပ္သြားမိသည္။သူ႔လက္မ်ားအားလက္သီးအျဖစ္က်စ္က်စ္ပါေအာင္ဆုပ္မိၿပီးလက္သည္းမ်ားကသူ႔လက္ဖဝါးထဲသို႔ျပင္းျပင္းထန္ထန္စိုက္ဝင္သြားသည္။အနည္းငယ္ေသာနာက်င္မႈကအသိစိတ္ကိုျပန္ယူေဆာင္လာတာေၾကာင့္ရွန္က်စ္ရွန္းရဲ႔ေမးခြန္းကိုေနာက္ဆံုးေတာ့ၾကားလိုက္ရသည္။သို႔ေသာ္လည္းသူကေခါင္းကိုသာခါယမ္းျပၿပီးသူ႔မ်က္ႏွာကျဖဴေဖ်ာ့ေနဆဲျဖစ္ကာဘာစကားမွမဆိုေခ်။

သူကျပန္ေျဖဖို႔တြန္႔ဆုတ္ေနတာျမင္ေတာ့ရွန္က်စ္ရွန္းကထိုကိစၥအားဆက္ၿပီးမေမးေတာ့ေပ။

အဲ့ဒါကရန္က်င္းသူ႔ဘာသာသူဖန္တီးထားတာလည္းျဖစ္ႏိုင္တာပဲေလ..ဘယ္လိုပဲျဖစ္ျဖစ္သူကဇာတ္လိုက္ပဲဟာ..အကယ္၍သူကေတာင္ကိုထက္ဝက္ပိုင္းႏိုင္တယ္ဆိုရင္ေတာင္အဲ့ဒါကအရမ္းႀကီးအံ့အားသင့္စရာေကာင္းမေနဘူး

ရွန္က်စ္ရွန္းကသက္ျပင္းခ်ရင္းဓား႐ိုးအားပစ္ထုတ္လိုက္ကာသူ႔ရဲ႔ျမဴႏွင္းဓားကိုျပန္ေကာက္လိုက္လိုက္သည္။

"အဲ့ဒီဓားကဆက္သံုးလို႔မရေတာ့ဘူးငါမင္းကိုေနာက္က်မွပိုေကာင္းတဲ့တစ္ခုရွာေပးမယ္"

သူကထိုအေၾကာင္းကိုစဥ္းစားရင္းတိတ္တဆိတ္လွည့္ထြက္သြားတာေၾကာင့္ရန္က်င္းရဲ႔မ်က္လံုးထဲမွာျဖတ္ေျပးသြားခဲ့သည့္ရႈပ္ေထြးမႈနဲ႔အားနည္းမႈမ်ားကိုမျမင္လိုက္ရေပ။

=========================

Continue Reading

You'll Also Like

134K 25K 100
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
86.2K 9.2K 44
အဟိကုလေႁမြမ်ိဳးႏြယ​္ရဲ႕မင္းသား ပဋိရာဇာဝိဇယဟာ ခမည္း​ေတာ္ ​ေနာင္​ေတာ္နဲ႔ မ်ိဳးႏြယ္အတြက္ ရန္သူကိုလက္စားေခ်ဖို႔လူသားကမၻာကိုသြားခဲ့တယ္ ေနာင္ေတာ္ရဲ႕ အသက္ကိ...
111K 20.4K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...
313K 43.6K 85
Hi everyone ဒါ​လေးက wuzhe သာ့သာ့ရဲ. လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ zhu mu lang ma ဆိုတဲ့ novel ​လေးပါ Author - 巫哲 (wuzhe) Status on jjwxc- completed [...