Unicode
ဆောင်းဦးအကုန် လေရူးသည် ညင်းညင်းသာသာ နွဲမြူးလို့ ဆော်သွေးနေ၏။ တစ်ချက်၊ တစ်ချက် ပျံ့လွင့်လာသော ပန်းရနံ့တို့သည် ရန်ကုန်မြို့ အလယ်ရှိ ''မေတ္တာရပ်ဝန်း'' ခြံကြီး၏ ဝန်းကျင်၌ လွှမ်းခြုံနေသည်။
"မယ်ဆင့်ရေ. . .နင့် မမလေးကို နှိုးပါတော့လား၊ တကတဲ ဘယ်အချိန်ထိများ အိပ်ဖို့ကြံစည်နေတာလဲ၊ ဒီနေ့က တယ်အရေးကြီးတယ်ဆိုတာ သူမသိဘူးလား''
ရာဇဝတ်အုပ်ကတော်ဟောင်း ဒေါ်သန်းမြိုင်၏ အသံသည် နှစ်ထပ်ဆင့် တိုက်အိမ်ကြီး သာမက ခြံဝန်းတစ်ခုလုံး ဟိန်းသွားစေသည်အထိ ကျယ်လောင်လှ၏။
တံခါးရှေ့က ငိုက်မျဉ်းနေသော မာလီကုလားလေး အဘာ သည်ပင် မျက်လုံးအစုံ ပွင့်သွား လေသည်။
ခင်ပွန်းသည် ရာဇဝတ်အုပ် ဦးသာလွန်း တစ်ယောက် မကြာသေးခင်က ကွယ်လွန် သွားလေရာ ဒေါ်သန်းမြိုင်သည်လည်း လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားသည်။
အရွယ်အားဖြင့် လေးဆယ်ဝန်းကျင်ပဲ ရှိကာ ဆယ့်ရှစ်နှစ်အရွယ် လွန်းမြိုင်ဟု ခေါ်သော သားတစ်ယောက်နှင့် နှစ်ဆယ့်တစ်နှစ် အရွယ် လွန်းမေဟုခေါ်သော သမီးတစ်ယောက် ကျန်နေခဲ့၏။
သူမ၏ သား၊ သမီးနှစ်ယောက်စလုံးသည် အထက်တန်းပြီးမြောက် အောင်မြင်ထားသည်။ ကောလိပ်ပညာကိုတော့ အခွံသာရှိ၍ အဆံမရှိသော ဘဝတွင် နေရသည်မို့ ဒေါ်သန်းမြိုင် မပို့နိုင်ခဲ့ပေ။
ရည်မှန်းချက် ကြီးမားသော သူမက ဘုရားဖြစ်မယ့် အုတ်နီခဲကျိုးလို ရိုးသားသူ ခင်ပွန်းသည်ကို မည်သည့်အခါမှ အမြင်မကြည်ခဲ့ပေ။ သူတော်ကောင်းကြီး ဆုံးပါး ပြီးနောက် ဒေါ်သန်းမြိုင်တွင် အဖတ်တင် ကျန်နေခဲ့သည်မှာ မင်္ဂလာဦးလက်ဖွဲ့ ဆွဲကြိုး တစ်ကုံးနှင့် လက်ကောက်နှစ်ကွင်းသာ ရှိသည်။
ဤအိမ်ကြီးသည် သူမ၏ ပွဲစားလုပ်ငန်း လုပ်ကိုင်သော ကြွယ်ပိုးကြွယ်ဝ မိဘများထံမှ အမွေဆက်ခံရခဲ့ခြင်း ဖြစ်သည်။
ဦးသာလွန်း အလိုအရသာဆိုလျှင် အရွယ်ရောက်ပြီး အမြီးမပေါက်သေးသော သား၊သမီး နှစ်ယောက်နှင့် ဒေါ်သန်းမြိုင် ဗျာပါသောက များတော့မည်။ ရာဇဝတ်ဝန်ထောက်ဟူ၍ ယုံမှတ်ကာ ပုံအပ်ကာမှ သူမဘဝ တမာရွက်ပြုတ်ရည်ကျဲကျဲလို ခါးသက်သွားရသည်။
ယခု ဒေါ်သန်းမြိုင်က သမီးဖြစ်သူ လွန်းမေကို အိမ်ထောင် ရက်သား ချပေးရန် စိတ်ကူးနေခြင်း ဖြစ်သည်။ သူမ၏ အသိ အောင်သွယ်တော် မမတင်၏ စပ်ဟပ်ပေးမှုဖြင့် မျက်စိကျလောက်စရာ သူငယ်တစ်ယောက်ကို တွေ့ထားလေသည်။
အရွယ်အားဖြင့် နှစ်ဆယ့်ခုနှစ်ဝန်းကျင်ပဲ ရှိကာ ကောလိပ်ဘွဲ့ရ တရားရေးဝန်ထောက် ဖြစ်သည်။ အမည်မှာ ဘရှိန်ဟု တွင်သည်။ မမတင်နှင့်ဆိုလျှင် တူတော်စပ်ပြီး သန့်သော မျိုးရိုးက ဖြစ်သည်။ တစ်ဦးတည်းသောသားဟု သိရပြီး မိဘများကတော့ ကွယ်လွန် သွားပြီဟု သိရသည်။
သတ်သတ်မှတ်မှတ် တွက်ချက်ရကြေးဆိုလျှင် သူမဘက်က အသာချည်းပဲ ဖြစ်၍ ချက်ချင်းမဆိုင်း လက်ခံခဲ့လေသည်။
ဆိုသာဆိုရမည်။ သူမ၏ သား လွန်းမြိုင်ရော၊ သမီး လွန်းမေပါ အဆင်း၊အချင်းနှင့် ပြည့်စုံပြီး လိမ္မာရေးခြား ရှိကြသည်။ ၎င်းတို့ကို ကောင်းမွန်စွာ အိမ်ထောင်ရက်သား ချပေးရန်မှာ ဒေါ်သန်းမြိုင်၏ ရည်မှန်းချက်ဖြစ်သည်။
လွန်းမြိုင်သည် မိခင်ဖြစ်သူ၏ ကျယ်လောင်လောင် အသံကြောင့် အပေါ်ထပ်မှ ဆင်းလာသည်။
မမလေးမှာ သူ့ချစ်သူ ကိုစံလှဆိုသူ ရှိပြီး ဖြစ်၍ မိခင်၏ အစီအစဉ်ကို များစွာ စိတ်ဆင်းရဲနေရလေသည်။ သို့တိုင်အောင် သူလည်း ဘာမှ မတတ်နိုင်။
"လူလေး မင့်မမလေးရော. . .''
ဧည့်ခန်းက ပန်းအိုးကို ရွှေလာ၊ ငွေလာရွက်များထိုးရင်း ဒေါ်သန်းမြိုင်က မေးသည်။
"ဆင်းလာမယ် ပြောတာပဲ''
"ဒီနေ့ ဘယ်မှ မသွားနဲ့နော် လူလေး. . .မင်းယောက်ဖ ဝန်ထောက်လောင်း လာမှာ၊ ရာထူးလေးများ မေးရမလားမသိဘူး၊ မိတ်ဆက်ရင် မိတ်ဆက်ကြည့်''
လွန်းမြိုင် မကြိုက်သည်က ထိုအရာများပင်။ မိခင်က ကိုယ်ပိုင်အရည်အချင်းထက် အဆက်အစပ်ကိုသာ အားကိုးတတ်သည်။ အပြစ်တော့လည်း မဆိုသာ။ ရေမြင့်မှ ကြာတင့်မည်ဟုထင်သော သူမ၏ အစွဲသက်သက်သာ ဖြစ်သည်။
လွန်းမြိုင်ကိုယ်တိုင်မှာလည်း သတင်းစာတိုက်၌ သတင်းစာသမားယောင်ယောင်သာ ဖြစ်နေ၍ မိခင်အားမရဖြစ်ဟန်တူသည်။
"ကောင်းပါပြီ၊ ဒီနေ့တော့ ဘယ်မှမသွားတော့ဘူး၊ ကျွန်တော် မနက်အစော လမ်းတော့ ခဏလျှောက်ဦးမယ်''
ထိုသို့ ဆို၍ လွန်းမြိုင်သည် ခြံထဲသို့ ဆင်းလာခဲ့သည်။ ခြံတံခါးဝသို့ ရောက်ချိန်၌ -
"အာရေး. . .အစ်ကိုရေး၊ အတော်ပဲ၊ ဒီနားခဏစောင့်ပေး၊ ချွန်တော် ရေအိမ်သွားချင်လို့''
ခြံစောင့် အဘာက ပျာယီးပျာယာပြောလာ၍ လွန်းမြိုင်ခမျာ မျက်မှောင်ကြုတ်သွားသည်။
"မင်းနှယ့်၊ ရေအိမ်သွားချင်တာ ရေကြီးခွင်ကျယ်လုပ်လို့၊ သွားလေ၊ ဘာစောင့်စရာရှိလဲ''
"မရဘူး. . .အစ်ကိုရေး. . .မေမေကြီးက ပြောဒယ်၊ ဒီနေ့ အရေးကြီးဧည့်သည်လာမယ်၊ ဒီနားက ဘယ်မှမခွာရဘူးတဲ့''
"ရော် . . . မေမေနဲ့တော့ ခက်တာပဲ၊ ကဲသွားသွား''
သို့နှင့် လွန်းမြိုင်မှာ ကုလားထိုင်ပေါ် ထိုင်၍ အဘာ့အစား ခြံကို စောင့်ရသည်။
မကြာမီ အဘာ ပြန်ရောက်မလာခင် ရထားလုံးတစ်စီး မြင်းခွာသံ တဖြောင်းဖြောင်းဖြင့် ရောက်ချလာလေသည်။ မျှော်နေသူ ဧည့်သည် အောက်မေ့၍ လွန်းမြိုင် မော့ကြည့်လိုက်သည်။
သူ၏ စိတ်တွင် တရားရေးဝန်ထောက် ဆိုသူကို ထိပ်ပြောင်ပြောင်၊ ဝဖိုင့်ဖိုင့်၊ ဆီရွှဲဘိုကေ၊ ဘန်ကောက်ပုဆိုးတလွှားလွှားနှင့် ရှူးအကျအနစီးသူဟု မှတ်ထင်ပုံဖော်ထားရာ များစွာတော့ စိတ်ဝင်စားမှု မရှိချေ။ သို့တိုင်အောင် မြင်တွေ့ရသူမှာ ထိုသို့မဟုတ်။
ရထားခြေခုံကိုပင် အကူအညီ မယူဘဲ လူတစ်ယောက် ပေါ့ပါးစွာ ဆင်းလာသည်။
ကာကီရောင် ဘောင်းဘီရှည်နှင့် အင်္ကျီအဖြူကို တွဲဝတ်ထားပြီး အရပ်မှာ ခြောက်ပေခန့် ရှိသည်။ ခပ်ညိုညိုအသားအရေရှိပြီး သွင်ဟန်မှာ တည်ကြည်သည်။ သို့သော်ငြား အကြည့်များမှာ စူးရဲပြီး လောကကြီးကို ထီမထင်သည့် ပုံစံပင်။
ခံ့ညားသော်လည်း အရိုင်းဆန်နေမှုကြောင့် ထိုလူက တရားရေးဝန်ထောက်တော့ မဟုတ်တန်ရာဟု လွန်းမြိုင် အောက်မေ့လိုက်သည်။
ဘရှိန်သည် သူ၏ ကြီးကြီးကောင်းမှုဖြင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ အမှန်စစ်စစ် သူသည် ရည်းစားသနာလည်း မရှိ။ ရှိရန်လည်း စိတ်မဝင်စားလှချေ။ ကြီးကြီးဖြစ်သူက နားပူနားဆာလုပ်လွန်း၍ နားအေးပြီးရော တစ်ခေါက်တော့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ဘယ်သူလဲ''
သံပန်းတံခါးမကြီးရှေ့ ဘရှိန် ရပ်လိုက်သည့်အခါ အနှီခြံစောင့်နေသော အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက်က မတ်တပ်ရပ်၍ လျှောက်လာကာ မေးသည်။
အနီးကပ်ရောက်လာသည့် ထိုလူငယ်သည် သာမန် အဆင်းနှင့်မဟုတ်ဘဲ စိမ်းဖန့်ဖန့် မျက်လုံး၊ မျက်ခုံး တို့ရှိကာ ချောမောလေသည်။ ဆိုရသော် ချောသည်၊ ခံ့သည်ဆိုသော ဘရှိန်သည်ပင် ငေးကြည့်မိသွားသည်။
"ဒီအိမ်ကို လာတဲ့ဧည့်သည်ပါ ခင်ဗျာ''
"သိတယ်လေ အဲ့ဒါကြောင့် ဘယ်သူလဲ မေးနေတာ''
"ဖွင့်မှဖြင့် ဖွင့်လိုက်ပါ၊ အကြောင်းမရှိဘဲ ဒီရှေ့ရောက်လာစရာ မရှိပါဘူး''
"နို့. . .ခင်ဗျားက လူကောင်း၊ သူကောင်းပါလို့ ဘယ်အခြေကြည့် ပြောရမလဲ''
ဝန်ထောက်မင်း ပီသစွာ သန့်သန့်ပြန့်ပြန့် ဝတ်စားလာသော ဘရှိန်ခမျာ အောင့်သက်သက်ဖြစ်သွားသည်။ သူ့ထံတွင် ပြောစရာဆို၍ မထူမပါး နှုတ်ခမ်းမွေးနှင့် ပါးသိုင်းမွေးရေးရေးသာ ရှိပါသည်။
"မောင်ကတော့ခက်ပြီ၊ ကိုယ်က ဒီအိမ်ကြီး အရှင် ဖြစ်ရင်တောင် ဖြစ်လာနိုင်ပါရဲ့''
"ဘာပြောတယ်. . .''
လွန်းမြိုင်မှာ အနှီလူ့ခွစာသည် ဝန်ထောက် ဘရှိန်မှန်း သိပြီး ဖြစ်သည့်တိုင် ကပ်သတ်ချင်၍ တမင်ကပ်သတ်နေခြင်း ဖြစ်သည်။ သို့သော် ထင်မှတ်မထားဘဲ ထိုလူက သူ့ထက် ပို၍ ကပ်သတ်နေသည်။
ဘရှိန်မှာ ဘာရယ်မဟုတ် ပြောလိုက်သော်လည်း အနှီလူငယ်၏ ပါးပြင်သည် နှင်းဆီငုံဖူး၏ ပွင့်ချပ်ပမာ ၊ မျက်ဝန်းများသည် ပတ္တမြားသွေးပမာ ရဲသွားသည်ကို သတိပြုမိသည်။
ခေသူမဟုတ်၊ ဒေါသတော့ သေးပုံမရ။ သို့ကြောင့် သူပို၍စနောက်ချင်မိသည်။
"အစ်ကိုရေး. . .အဲ့ဒါ ဧည့်သည်ပဲ၊ မြန်မြန်ဖွင့်ပေးလိုက်လေ''
အဘာက ပျာယာခတ်စွာ ပြေးလာ၍ တံခါးသော့ကို ယူပြီး အလျင်အမြန် ဖွင့်ပေးလိုက်သည်။
ဘရှိန် အောင်မြင်စွာ ခြံဝင်းထဲသို့ ခြေချနိုင်လိုက်လေသည်။
"သခင်ကြီး. . .ကြွပါ၊ ကြွပါ''
လွန်းမြိုင်သည် လမ်းလျှောက်ထွက်မည့် အစီအစဉ်ကို ဖျက်လိုက်ပြီး ဘရှိန်ကိုပဲ အိမ်ထဲလိုက်ပို့ကာ အနီးကပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"နာမည်ဘယ်နှယ့်ခေါ်သလဲမောင်၊ ဒီအိမ်ကပဲလား''
"ခင်ဗျား အရေးမှမဟုတ်တာ''
"မလွန်းမေက တော်တော်လှတယ်ဆို ဟုတ်သလား''
"ခင်ဗျား သိစရာမလိုပါဘူး''
"မောင်နဲ့ ကိုယ်က အရင်ဆယ့်ခုနစ်ဘဝက ရည်းစားလုဖက်တွေများလား၊ တစ်ခါမှတောင် မမြင်ဖူးဘဲ တကတဲ ရန်လိုလိုက်တာ''
လွန်းမြိုင် ပြန်မဖြေ။ နှုတ်ခမ်းကိုပဲ စေ့ပိတ်ထားသည်။ စိတ်ထဲတွင်တော့ ခင်ဗျားမို့လို့ကိုဟု အော်ပြောပစ်လိုက်သည်။
ဒေါ်သန်းမြိုင်မှာ သူမ၏ သားမက်လောင်း ဖြစ်လာနိုင်သည့် ဝန်ထောက်ဘရှိန်ကို ပျာပျာသလဲ ခရီးဦးကြိုပြုသည်။ အမှန်တော့ ထိုသူငယ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် မြင်ဖူးပါသည်။
"မောင်ရင် ရောက်လာပြီပဲ၊ လာပါ၊ အထဲမှာထိုင်''
"သက်သာသလိုနေပါ ဒေါ်ဒေါ်၊ ရှေ့မျက်နှာ နောက်ထားဆိုရရင် ကျွန်တော်က ကြီးကြီးတင် ကောင်းမှုကြောင့် ရောက်လာတာပါပဲ''
ဘရှိန်က ဤသို့ ရောက်လာခြင်းမှာ သူ့ဆန္ဒမပါကြောင်းကိုတော့ ရှင်းလင်းစွာ ပြောလိုက်ပါ၏။
"ဟုတ်ပါပြီကွယ်၊ ကဲ. . .လူလေး. . . လမ်းလျှောက်မထွက်တော့ရင် မင်းမမလေးသွားခေါ်လိုက်၊ ဧည့်သည်ရောက်နေပြီလို့''
ဘရှိန်စိတ်ထင်ပဲမဟုတ်။ ထိုလူငယ်က သူ့မမလေးကို သွားမခေါ်ခင် ဘရှိန်ကို အကြည့် စူးစူးပေးသွားခဲ့ချေသည်။
မကြာမီ မလွန်းမေတစ်ယောက် မောင်ဖြစ်သူနှင့်အတူ အိမ်အပေါ်ထက်မှ ဆင်းလာခဲ့သည်။
မလွန်းမေသည် ချောသည်၊ လှသည်ဟု ဆိုရမည့် မိန်းမများထက် သာလွန်သော အဆင်းရှိသည်က အမှန်ပင်။ ခါးသေးရင်ချီ၍ ကျနသော ကိုယ်နေဟန်ထား ရှိသည်။ ရင်စေ့လက်ရှည်ကို ပွင့်ရိုက်ချည်နှင့် တွဲဖက်ဝတ်ထားရာ ရိုးရိုးယဉ်ယဉ်နှင့် ကျက်သရေလည်း ရှိသည်။
တစ်ခုပဲ ဆိုစရာ ရှိသည်။ သူမမှာ မျက်နှာကြည်သာပုံမရ။ အပြုံးတစ်ပွင့်ကို ခပ်နွမ်းနွမ်း ဆင်မြန်းထားသည်က ကျော့ရှင်းပြေပြစ်သော အမူအရာနှင့် မလိုက်မဖက် ရှိလှသည်။
"ကိုဘရှိန်ဆိုတာလား ၊ စောင့်နေစေမိတာ အားနာလိုက်တာ''
မလွန်းမေက အားတုံ့အားနာ အမူအရာနှင့် ပြောသည်။
"ရပါတယ်၊ ရပါတယ်၊ ကိစ္စတော့ မရှိပါဘူး၊ ကျွန်တော်လည်း အခုမှရောက်တာ၊ လမ်းမှာ ခွေးလေးတစ်ကောင် မာန်ဖီနေတာနဲ့ သူ့ကို မောင်းရင်း ကြာသွားတယ်ဆိုရမှာ''
ဘရှိန်က ထိုသူငယ် လွန်းမြိုင်ထံက အကြည့်မလွှဲဘဲ ပြန်ပြောလိုက်သည်။
မိခင်ရော၊ အစ်မဖြစ်သူရောပါ ထိုအရူးဝန်ထောက်၏ စကားကို အထူးအဆန်းဟု မမှတ်။ လွန်းမြိုင်မှာသာ စူးရဲစွာကြည့်၍ ထိုလူကို မီးမြှိုက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
ဘရှိန်နှင့် လွန်းမေတို့ စကားအေးအေးဆေးဆေးပြောပြီး တစ်ယောက်အကဲတစ်ယောက် သိနိုင်ရန် အကြံဖြင့် ဒေါ်သန်းမြိုင်က လက်ဖက်သုပ်နှင့် ရေနွေးကြမ်းပြင်ပေးမည်ဆိုကာ ထသွားလေသည်။
လွန်းမြိုင်ကမူ နေရာ၌ အတောင့်သား ထိုင်နေသည်။
မမလေးက သူ့ကိုရှောင်မသွားစေချင်သည်ကို လွန်းမြိုင်သိသည်။ သို့သော် အနှီဝန်ထောက်ကလည်း သူ့ကို ထွက်မသွားစေချင်ဟု ခံစားမိနေသည်။
ဆိုရပါလျှင် ၎င်းအကြည့်များက လွန်းမြိုင်ထံ၌သာ ဟိုဝေ့ဒီဝေ့ ပျားပိတုန်းက ပန်းဝတ်ရည်နား ကပ်သလို ဝဲနေသည်။
စိတ်အလိုရသာဆိုလျှင် ''ဟေ့လူ. . .ဘာတွေအဲ့လောက်ကြည့်နေရသလဲ''ဟုသာ မေးချပစ်လိုက်ချင်သည်။
"မလွန်းမေနဲ့ သူနဲ့ အသက်ဘယ်လောက်ကွာသတုန်း''
"သုံးနှစ်ပါ ကိုဘရှိန်''
"သြော်. . .''
"နာမည်ကကျ''
"လွန်းမေလေ''
"မဟုတ်ပါ၊ မလွန်းမေဘေးနား ထိုင်နေတဲ့တစ်ယောက်မေးတာ၊ ဒီတိုင်းဆို သူကမဖြေလို့''
"သြော်. . .လွန်းမြိုင်တဲ့''
"အင်း. . .ဒါထက် သူစကားကောင်းကောင်း ပြောတတ်သလား''
"ရှင်. . .''
အနှီဝန်ထောက်မှာ သူမကို မြင်မြင်ချင်းစိတ်ဝင်စား၍ လွန်ကျူးလာလျှင် အခက်ဟု လွန်းမေတွေးမိသော်လည်း ယခုမူထိုသို့ မဟုတ်ပါချေ။
ကြည့်ရတာ လူငယ် ယောကျ်ားလေးချင်းပဲ မိတ်ဆွေဖွဲ့လိုပုံရသည်။
"အတည်ပေါက်နဲ့ နောက်တယ်နော် ကိုဘရှိန်၊ ခဏနေနှင့်ပါဦး ကျွန်မကဖေးလေး ဖျော်ခဲ့မယ်''
ဆိုပြီး သူမပါမိခင်ရှိရာ မီဖိုခန်းသို့ ထသွားလေသည်။
ဤသို့ဖြင့် ဧည့်ခန်း၌ ဘရှိန်နှင့်လွန်းမြိုင်သာ ကျန်နေခဲ့သည်။
"ဟဲ့. . .လွန်းမေဘာလာလုပ်တာလဲ''
ရှောင်ပေးကာမှ သမီးဖြစ်သူက ကောက်ကောက်ပါလာသောကြောင့် ဒေါ်သန်းမြိုင် လန့်သွားသည်။
"အို. . .မေမေကလည်း ကိုဘရှိန် ကဖေးသောက်ချင်တယ်ဆိုလို့ပါ''
ဧည့်ခန်း၌ လွန်းမြိုင်က ထိုလူ စကားပြောလာလျှင် ကောင်းကောင်းချေပဖို့ ဆုံးဖြတ်ထားသော်လည်း ထိုစိတ်မမှန်သူက စကားပင်မပြောတော့ဘဲ သူ၏ အိတ်ကပ်ထဲက စီးကရက်ကို ထုတ်ကာ သောက်နေလေသည်။
"အဟွတ်. . .ခင်ဗျားကြီး တမင်လုပ်နေတာလား''
ဘရှိန်ဆီက စီးကရက်ငွေ့များသည် လွန်းမြိုင်ဆီ တည့်တည့်ရောက်သွားခဲ့သည်။
"မဟုတ်တာ၊ ကိုယ်မရည်ရွယ်ပါဘူး၊ ခံတွင်းနည်းနည်းချဉ်လာလို့''
ပြောရင်း ဘရှိန်က စီးကရက်ကို မီးသတ်လိုက်သည်။ သို့တိုင်အောင် သူ၏ရုပ်ကပြုံးစိစိ။
ဖြူဖျော့ဖျော့ အငွေ့များကြားသီးသွားသည့် လူငယ်လေး၏မျက်နှာသည် ဘရှိန် အတွက် တစ်မျိုးဆန်းကာ စိတ်ဝင်တစား ရှိစေလှသည်။
"ကိုဘရှိန် ကဖေးနဲ့ လက်ဖက်သုပ်၊ လိုက်မလိုက်တော့ မပြောတတ်၊ အဆင်ပြေသလိုသာသုံးဆောင်ပါ''
"ကျေးဇူးပါ မလွန်းမေ''
ထိုနေ့က ဘရှိန်သည် လွန်းမေနှင့် ထွေရာလေးပါးပြောကာ လွန်းမြိုင်ကို တစ်ချက်တစ်ချက်ကြည့်၍ တစ်နာရီခွဲခန့်နေပြီး နှုတ်ဆက်သွားလေသည်။
ဒေါ်သန်းမြိုင်မှာ အပြန်၌ ဝန်ထောက်မင်း၏ ကြည်နူးပြုံးရွှင်သော အမူအရာကို တွေ့သောအခါ နေရာတော့ကျပြီဟု တပ်အပ်သိ၍ စိတ်လက်ချမ်းသာသွားလေသည်။
ထိုရက်များမှစ၍ ဘရှိန်သည် တစ်ပတ်ကိုတစ်ခေါက်ကျလောက် မေတ္တာရပ်ဝန်းသို့ ပေါက်ပေါက်ချလာသည်။ အချိန်အများစု၌ သူကား မလွန်းမေနှင့် စကားလက်ဆုံ ကျတတ်သည်။
၎င်းတို့နှစ်ယောက်ကို တွေ့မြင်ရသူတို့မှာ နေနဲ့လ၊ ရွှေနဲ့မြလိုက်ဖက်သူများဟု ချီးမွမ်း ထောမနာ ပြုကြသည်။ သို့သော် ဘရှိန်က မဝေးလွန်း၊ မနီးလွန်းသော အနေအထားကနေ မလွန်းမေကို လေးလေးစားစား ခပ်တန်းတန်း ဆက်ဆံသောကြောင့် သူတို့နှစ်ယောက်ကို သမီးရည်းစားအဖြစ်သမုတ်ဖို့ရာ ခဲယဉ်းနေလေသည်။
မေးလျှင်လည်း ဘရှိန်ကား ၎င်း၏ သဘာဝအတိုင်းပြုံးတုံ့တုံ့သာ လုပ်နေတတ်သည်။
ထိုနေ့က လွန်းမြိုင် သတင်းစာတိုက်က ပြန်အလာ ဧည့်ခန်း၌ စာအုပ်တစ်အုပ်နှင့် ငြိမ့်နေသော မမလေးကို တွေ့၏။
"မမလေး ဒီနေ့ရော ဟိုလူလာသလား''
"မလာဘူး မောင်လေး၊ ဘယ့်နှယ့်ကြောင့် မေးရသလဲ''
"ကျွန်တော်မပြောချင်လို့နော်၊ မမမှာရည်းစားကြီး ငုတ်တုတ်မဟုတ်ပါလား၊ ဘယ်လို လုပ်ပြီး ဟိုလူလာတိုင်း ပရောပရီလုပ်နေရသလဲ''
လွန်းမေက မျက်ခုံးပင့်ကြည့်လိုက်ပြီး -
"မမနဲ့က မိတ်ဆွေတွေပါ၊ နို့. . .ပြီးတော့သူကလည်း မမကိုစိတ်ဝင်တစား မရှိလှပါဘူး''
"ဒါဖြင့် သူက အိမ်ကို ဘာလာလာလုပ်နေတာလဲ''
"မသိနိုင်ပေါင်၊ သူစိတ်ဝင်စားတာ ရှိလို့နေမှာပေါ့''
"သြော်. . .''
လွန်းမြိုင် ထပ်မပြောတော့ဘဲ အပေါ်ထပ်သို့ တက်သွားသည်။
သူ့အတွက်ကား ရုပ်လေးချောရက်နဲ့ ရူးနှမ်းနှမ်း၊ ဘုဘောက်ကျသည့် အနှီ ဝန်ထောက်က ဘာကို စိတ်ဝင်တစားရှိနေလဲဆိုသည်မှာ ပဟေဠိ ဖြစ်နေသည်။ ထိုဝန်ထောက်က စစတွေ့ကတည်းက လွန်းမြိုင်၏ အာရုံကို ဖမ်းစားထားနိုင်သည်မှာ သေချာသည်။
နောက်တစ်ရက်တွင် ထိုဝန်ထောက်က ဧည့်ခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်နေသည်။ မေမေရော၊ မမလေးပါ မနက်အစော စျေးသွားကြ၍ အိမ်၌မရှိ။ လွန်းမြိုင်တစ်ယောက်သာ ရှိသည်။
"ဟေ့. . .မောင်''
"ဘာလဲ''
"ဧည့်သည်တစ်ယောက်လုံးထိုင်နေတာကို ကျော်ချပြီးဘယ်သွားတာလဲ''
လွန်းမြိုင်က အောက်ထပ်သို့ ရေဆင်းသောက်ခြင်း ဖြစ်သည်။
"ဘယ်သူလဲ ဧည့်သည်က. . .''
"ကိုယ်လေ''
"ခင်ဗျားပဲ ကိုယ့်အိမ်ရာလို သဘောထား၊ ချောင်းပေါက်မထွက် ဝင်ထွက်နေတာ မဟုတ် လား''
"ဒါဖြင့် ဒါကိုယ့်အိမ်လား''
လွန်းမြိုင်၏ ချောမောသော မျက်နှာမှာ နီမြန်းသွားသည်။ ထိုသို့ ကပ်သတ်ကာ အနှောင့် မလွတ်၊ အသွားမလွတ် ပြောသောကြောင့် အနှီဝန်ထောက်ကို သူကြည့်မရခြင်း ဖြစ် သည်။
ဘရှိန်မှာ သူစိတ်ဝင်တစားရှိလှသည့် လွန်းမြိုင်ကို စနောက်ရသည်ကို ပျော်နေ တော့သည်။ မှန်ရာကို ဆိုရလျှင် သူဒီအိမ်ကြီးကို တစ်ရက်သာလာလည်၍ နောက်များ ခြေဦးမလှည့်တော့ဟု ဆုံးဖြတ်ထားသော်လည်း လွန်းမြိုင်ကလေးကို လွမ်း၍ ရောက် ရောက်လာဖြစ်သည်။
ထို သူငယ်ကား ဝန်ထောက်ကြီး၏ ရင်တွင်းဝေဒနာကို မသိရှိဘဲ ရောက်လာတိုင်း ခွေးလေးတစ်ကောင်လို မာန်ဖီဖို့ရာပဲ တတ်သည်။ ယခုလည်း ဘရှိန်ကို ခုန်မကိုက်ရုံတမယ် ရန်တွေ့နေသည်။
"ခင်ဗျားက ဝန်ထောက်ဆို အလုပ်မများဘူးလား၊ ကျွန်တော်မြင်တာတော့ တစ်ရက်၊ တစ်ရက် အလေလိုက်နေတာပါပဲ''
"ဘယ်လိုများ ပြောလိုက်တာလဲ၊ ကိုယ့်မှာ အလုပ်တွေချည်းပဲ၊ ဒါကသက်သက် နှလုံးသားရေးရာမို့ အချိန်လာပေးတာ''
လွန်းမြိုင် မျက်နှာမဲ့သွားသည်။
မမလေးပြောတော့ ဒီလူက သူ့ကိုစိတ်မဝင်စားပါတဲ့၊ ယခုတော့ ထိုသို့ဟုတ်ပုံမရ။ နှစ်ယောက်လုံး အလိမ်အညာတွေပါပဲ။ ကြားထဲက မတော်ရသေးသည့် ယောက်ဖလောင်း ကိုစံလှအတွက်ပဲ စိတ်မကောင်း ဖြစ်မိသည်။
မကြာမီ မလွန်းမေနှင့် ဒေါ်သန်းမြိုင် စျေးမှပြန်ရောက်လာပြီး သူတို့စကားလက်စ ပြတ်သွားသည်။ ဘရှိန်ကမလွန်းမေကို ခြံထဲခဏဆင်းပြီး စကားပြောရအောင်ဟု ဆိုသည်။
ဒေါ်သန်းမြိုင်မှာ တိုးတက်လာသော အခြေအနေကြောင့် ဝမ်းမြောက်သွားဟန်ဖြင့် လွန်းမေအား လိုက်သွားရန်အရိပ်အခြည်ပြသည်။
လွန်းမြိုင်ကတော့ ဘာကို စိတ်တိုမိမှန်းမသိ၊ နေရာ၌တောင့်တောင့်ကြီးကျန်နေခဲ့သည်။
"အို. . .မတော်ပါဘူး ကိုဘရှိန်ရယ်''
"ဘာပြုလို့လဲ၊ မလွန်းမေလည်းအဆင်ပြေ၊ ကျွန်တော်လည်းအဆင်ပြေလေ''
ခဏအကြာ၌ ခြံဝင်းထဲက စံပယ်ရုံအနီး၌ ဘရှိန်နှင့် လွန်းမေ တွတ်ထိုး စကားပြောနေကြသည်။ ထိုအသံကို အိပ်ခန်းနားကပ်နေသော လွန်းမြိုင် ရှင်းလင်းစွာ ကြားရသည်။
"ဖြစ်ပါ့မလား''
"မဖြစ်ရှိရိုးလား၊ လုပ်ပါ မလွန်းမေရယ်၊ ကျွန်တော်လည်း နှလုံးသားနဲ့ပါ၊ ဆန်းဆန်း ပြားပြား ဖြစ်လာမှတော့ ကြံရဖန်ရတော့မှာပေါ့''
"ကိုဘရှိန် ဒါဆို ဖြစ်သမျှဟာ ရှင့်အပြစ်နော်၊ ကျွန်မအဆိုးမဆိုနဲ့''
"ဟုတ်ကဲ့ပါဗျာ၊ ကျွန်တော်မျိုးကြီး နားလည်ပါပြီ''
ကြားနေရသူ လွန်းမြိုင်မှာ အံကိုကြိတ်၍ လက်သီးကိုသာ ဆုပ်ထားမိသည်။ မမလေးနှင့် ဝန်ထောက်ကို သူဘယ်လိုမှ သဘောမတူနိုင်ပေ။
မည်သို့ကြောင့်ရယ်မသိ။ ထိုခပ်ချောချောမျက်နှာနှင့် ပြုံးထေ့ထေ့ ဟန်ပန်ကို မြင်ယောင်ကာ ရုတ်ခြည်း ဝမ်းနည်းသွားသည်။ တွေ့လိုက်တိုင်း ကြောင်နှင့်ကြွက်လို မတည့်သော်လည်း လွန်းမြိုင်မှာ ထိုလူကြီးအပေါ် နည်းနည်းစိတ်ယိုင်မိသည်က အမှန်ပင်။
တစ်လခန့်အကြာတွင် မေတ္တာရပ်ဝန်းမှ သတင်းထူးတစ်ခု ပျံ့လွင့်လာလေသည်။
မလွန်းမေသည် ဝန်ထောက်ကတော် ဖြစ်တော့မည်ဟုသော သတင်းပင်။
သမီးရှင်တို့မှာ အကောင်ကြီးကြီးကို ဖမ်းထားမိသော ဒေါ်သန်းမြိုင်ကိုအားကျကြသည်။ အချို့ကလည်း မနာလိုရှုစိမ့်ဖြစ်ကြသည်။ မည်သို့ပင်ဆိုဆို ၎င်းတို့နှစ်ယောက်သည် လိုက်ဖက်ညီလှသည်ကိုကား မည်သူမှ မငြင်းနိုင်။
မလွန်းမေသည် သူမ၏ချစ်သူအကြောင်းကို တစ်ခွန်းတစ်လေမှ မဟဘဲ ဟန်မပျက်ဘဲ နေနေ၍ ''ငါးစိမ်းမြင်၍ငါးကင်ပစ်သွားပြီ'' ဟု နီးစပ်သူများက အထင်ရှိကြသည်။
ထိုနေ့က လွန်းမြိုင်သည် အိမ်၌နေရသည်မှာ ကြာလေ၊ ကြာလေစိတ်သောကရောက်ဖွယ် ဖြစ်လာ၍ သားရေလက်ဆွဲအိတ်ကိုဆွဲကာ အိမ်ပေါ်မှ ဆင်းချလာသည်။
"လူလေး. . .ဒါကဘယ်လဲ''
"သတင်းစာတိုက်၊ ကျွန်တော် ဒီရက်ပိုင်း အဲဒီမှာပဲ အိပ်မယ်''
"အို. . .မင်းနှယ့်၊ အလုပ်ကအဲ့သလောက်ပဲများလား၊ ဒီဆန်းဒေးမှာ မင်းမမလေးမင်္ဂလာဦးဆွမ်းကျွေးရှိတယ်နော်၊ မောင်ဘရှိန်တစ်ယောက် ရာထူးတိုးက နယ်ဘက်ကျလို့ ခပ်မြန်မြန်အကျဉ်းချုံး စီစဉ်ပြီး မင်းမမလေးခေါ်သွားရမှာ၊ ပြန်တော့ လာဦးနော်''
လွန်းမြိုင်မှာ နာကျင်သွားရသည်။ နောက်ဆုံးတော့ သူ့ကို ခွေးလေးဟု ခေါ်ပြီး မထိတထိ စတတ်သည့် လူကြီးကသူ့အစ်မနှင့် အိမ်ထောင်ပြုတော့မည်။
ကံတရားကလည်းရက်စက်ပါဘိ။
"ပြန်လာခဲ့ပါ့မယ် မေမေ''
ထိုမျှပြောပြီး သူအိမ်က ထွက်လာခဲ့သည်။
"ဒုန်း. . .''
"ဟေ့. . .သတိထားလေ၊ ဘယ်တွေအာရုံများနေတာလဲ''
သားရေအိတ်ကိုဆွဲကာ ငိုက်စိုက်ငိုက်စိုက် လျှောက်လာသော လွန်းမြိုင်သည် ခြံတွင်းသို့ ဝင်လာသူ ဘရှိန်နှင့် တိုက်မိသွားသည်။
ဟန်ချက်ပျက်သွားသော လွန်းမြိုင်ကို ဘရှိန်က အလိုက်သင့်ပင် ဆွဲဖမ်းလိုက်သည်။ လွန်းမြိုင်တစ်ယောက် ဝန်ထောက်မင်း ရင်ခွင်ထဲ ချော်တော့ငေါ့ကာ ကျရောက် သွားခဲ့သည်။
သင်းပျံ့သော ကိုယ်သင်းရနံ့၊ ချောမောတည်ကြည်သော မျက်နှာတို့ကို ငေးစိုက်ကြည့်ရင်း ခုန်သွားသည့် ရင်ကို ထိန်းကာ လွန်းမြိုင် ချက်ချင်းပင် အကြည့်ကိုလွှဲလိုက်ပြီး အသိဝင်၍ မတ်တပ်ရပ်ကာ ဟန်ကိုထိန်းလိုက်သည်။
"ခွေးလေး နေမကောင်းဘူးလား၊ မှိုင်တွေနေတာပဲ''
ချောမောသည့် မျက်နှာလေး ညှိုးကျနေသည်ကို မမှိတ်မသုန် ကြည့်ရင်းဘရှိန်က ပြောသည်။
"ခင်ဗျား အရေးမပါပါဘူး၊ ဖယ်၊ လမ်းပိတ်မနေနဲ့''
ပြောရင်း တွန်းဖယ်ကာ လွန်းမြိုင်တစ်ယောက် ထွက်လာခဲ့သည်။ သူ၏နှလုံးသားကား အစိတ်စိတ်အမွှာမွှာ ကွဲကြေရလေပြီ။ အရူးဝန်ထောက်သည် မည်သည့်အချိန်က သူ့ကို ပြုစားလိုက်မှန်းပင်မသိ။
ဘရှိန်မှာလည်း မဖြစ်စဖူး လွန်းမြိုင်မျက်နှာမကောင်းသည်ကို မြင်လိုက်ရ၍ ရည်းစား သညာများ ရလေသလောဟု အတွေးဝင်ကာ သွေးပင်ဆောင့်တက်သွားသည်။
မဖြစ်တော့။ ကိစ္စကိုမြန်မြန် စီစဉ်ရချေမည်။
တနင်္ဂနွေနေ့တွင် လွန်းမြိုင်သည် အတတ်နိုင်ဆုံး မိမိစိတ်ကို ဖျောင်းဖျထိန်းချုပ်၍ မင်္ဂလာဆွမ်းကျွေးရှိရာ အိမ်သို့ရောက်လာခဲ့သည်။
လွန်းမြိုင် ရောက်သွားချိန်၌ပျော်ရွှင်နေသော သတို့သား၊ သတို့သမီးကို မတွေ့ရဘဲ တရှုပ်ရှုပ်ငိုကာ ထိုင်နေသော မိခင်နှင့်အစေခံများကိုသာ တွေ့ရသည်။
"မေမေ. . .ဘာဖြစ်လို့ ငိုနေသလဲ''
"အမလေး. . .လူလေးရယ်ကိုယ်ကျိုးနည်းပါပြီ၊ မင်းမမလေး ယောကျာ်းနောက် လိုက်သွားပြီတဲ့၊ ခွေးထက်မိုက်တဲ့သမီး''
လွန်းမြိုင်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဘယ်သူ့နောက်လိုက်သွားတာလဲ၊ မဟုတ်မှလွဲရော ကိုဘရှိန်. . .''
"သူ့ ငယ်ဟောင်း အဆက် ကိုစံလှတဲ့၊ အမလေးလူလေးရယ် ရင်တွေနာလို့ အမေ သေရပါတော့မယ်''
ဝန်ထောက်မင်းကို သမက်တော်ရပြီဟု အပိုင်တွက်ထားသော ဒေါ်သန်းမြိုင်၏ အိပ်မက်မှာ ရေပေါ်အရုပ်ဆွဲသလို ဖြစ်သွားရသည်။ သူမခမျာ ပတ်ဝန်းကျင်ကို မည်သို့ခေါင်းဖော်ရမည်မသိ။
"မငိုပါနဲ့မေမေရာ၊ သူချစ်လို့လိုက်သွားပြီပဲ''
လွန်းမြိုင်တိုးတိတ်စွာပြောမိသည်။ နောက်ဆုံးတော့ မမလေးက ကိုစံလှကိုပဲ ရွေးသွား ခဲ့သည်။
"လူလေး မင်းမသိဘူး၊ မင်းမသိဘူး''
ထိုစကားသာ တွင်တွင်ပြော၍ ဒေါ်သန်းမြိုင်ကအော်ငိုလေသည်။
ထမင်းချက် မမိုးမှာ အခြေအနေကို အစ်ကိုလေးအားရှင်းပြရန်လိုမည်ထင်၍ အသာ လက်ကုပ်ကာ မီးဖိုခန်းသို့ မျက်ရိပ်ပြလိုက်၏။
"ဆို. . .မမိုး''
"အစ်ကိုလေး မသိဘူး၊ မေမေကြီးမှာ အကြွေးတွေအများကြီးပဲ၊ အခုလိုဟန်ခြေ မပျက်နေနိုင်တာလည်း ဝန်ထောက်မင်းကျေးဇူးကြောင့်ပဲ၊ မေမေကြီးအကြွေးတွေ အကုန်ဆပ်ပေးထားတယ်ပြောတယ်''
"ဗျာ. . .''
လွန်းမြိုင်ပူထူသွားသည်။
"မဟုတ်မှလွဲရော၊ မေမေထပ်ပြီး ဟိုပွဲကတော်တွေနဲ့ ပေါင်းပြီး ဖဲရိုက်လေသလား''
"ဟုတ်တယ်၊ အစ်ကိုလေး၊ အခုလတွေပိုဆိုးတယ်၊ သမက်ဝန်ထောက်အကြောင်းပြုပြီး ချေးထားငှားထားတာ မနည်းဘူး၊ ဟိုသခင်ကြီးကလည်း ရက်ရက်ရောရော ပေးကမ်း တာပဲ''
လွန်းမြိုင် ခေါင်းငိုက်စိုက်ကျသွားလေသည်။ မိခင်ကို လိမ္မာသွားပြီအထင်ရှိသော်လည်း မိခင်ကား မြီးကောက်ကျည်တောက်စွပ်သလို မိုက်မြဲ၊မိုက်ဆဲသာ။
သားဖြစ်သူ၏ ဟန်ပန်အမူအရာကြောင့် ဒေါ်သန်းမြိုင်မှာ မိမိအပြစ်ကို သိမြင်နားလည်၍ ပိုလို့ တိုးငိုလေသည်။ မေတ္တာရပ်ဝန်းအိမ်ကြီးမှာ မအေးချမ်းနိုင်ဘဲ အပူလုံးကြွလေပြီ။ စီစဉ်ထားသမျှလည်း ပျက်ရပြီဖြစ်သည်။
ဝန်ထောက်ကား တိကျသော အချိန်၌ရထားလုံးတစ်စီးဖြင့် ရောက်ချလာသည်။ ခါတိုင်း ထက်သပ်ရပ်သားနားစွာဝတ်စားထားပြီး ကြည့်ကောင်းနေသည်။
လွန်းမြိုင်မှာ ချောမောသော ထိုလူကိုကြည့်ရင်း မည်သို့ဆိုရမည်မသိ။ အတော်လေး ထူပူကာ ဘေးကျပ်နံကျပ် ဖြစ်နေသည်။ မိခင်က အကြွေးတွေတင်နေပြီဖြစ်ရာ ဆပ်ပေးဖို့ရာ လွန်းမြိုင် စိတ်ကူးသော်လည်း ချက်ချင်းတော့ အကောင်အထည် ဖော်နိုင်ဦးမည် မဟုတ်ချေ။
မျက်နှာကြောမတည့်သည့် ထိုလူ့ထံကလည်း သူအသနားမခံလို။ မိခင်နှင့် အစ်မ၏ လုပ်ရပ်ကလည်း မဟုတ်သေးပေ။
"ဒေါ်ဒေါ်. . .မလွန်းမေ ဘယ်မလဲ''
"အိုကွယ်. . .ထိုင်ပါဦး၊ ဘရှိန်ရယ် ဒေါ်ဒေါ်ရှင်းပြပါမယ်''
ဝန်ထောက်ကား ဉာဏ်ထက်မြက်သူဖြစ်၍ အခြေအနေကို ချက်ချင်းအကဲခတ်မိပုံရ သည်။
"ဘယ်နှယ့်ထိုင်ရမလဲ၊ ပြောပါဦး သူပြေးသွားပြီ မဟုတ်လား''
"အယ်. . .ဟိုဟာ. . .ဒေါ်ဒေါ်ပြန်ခေါ်. . .''
ဘရှိန်မျက်နှာမဲ့သွားသည်။
"ကြည့်ပြောပါဦးဗျာ၊ ကျွန်တော် လူပျိုစစ်စစ်က တစ်ခုလပ်နဲ့တော့ မညားပါရစေနဲ့၊ မိဘများ ဆုံးပါးသွားတာရယ်၊ နယ်ကို ချက်ချင်း ပြောင်းရမှာရယ်ကြောင့် လောလောနဲ့ မင်္ဂလာပွဲကို ဖြစ်သလိုလုပ်လိုက်ရပေမဲ့ ကျွန်တော်တော့ ဒီလိုအစော်ကားခံသင့်တယ် မထင်ဘူး''
ဒေါ်သန်းမြိုင်မှာ ခေါင်းငိုက်စိုက်ကျသွားတော့သည်။ သူ့မထံတွင် ပြောစရာမရှိတော့။ ဝန်ထောက်ကား အကြွေးများကိစ္စနှင့် လိမ်လည်မှုပါပေါင်း၍ သူမကို ဂတ်တဲအရောက် ခေါ်သွားနိုင်တော့မည်။
"ဒီမှာ ခင်ဗျား အကြွေးတွေကျွန်တော်ဆပ်ပေးမှာပါ၊ အဲ့ဒါအတွက်ဆိုစိတ်မပူပါနဲ့''
ဘရှိန်မှာ နွမ်းလျနေသာ လွန်းမြိုင်၏ မျက်နှာချောချောကို ကြည့်၍ သက်ပြင်းရှည် ချလိုက်ပြီး -
"ကိုယ့်ဂုဏ်သိက္ခာကရော မောင်၊ ကိုယ့်မှာ ရာဇဝတ်အုပ်ရဲ့ သမက်ဖြစ်ပြီဆိုပြီး ဝမ်းသာ နေရတာ''
လွန်းမြိုင်မည်သို့ ပြောရမည်မသိ။ သူ့နှလုံးသားကြေကွဲရသည်ကအမှန်ပင်။ ကြည့်ရတာ ကိုဘရှိန်က မမလေးကို စိတ်ဝင်စားပုံရသည်။
မကြည်သာ၊ မရွှင်ပျဖြစ်နေသာ သားအမိနှစ်ယောက်ကို တစ်ချက်စိုက်ကြည့်ပြီး ဘရှိန်က အေးစက်စက်နှင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ဒေါ်ဒေါ့်သမက်အဖြစ် စဉ်းစားမယ်ဆိုရင် အကြွေးတွေရာ၊ ဒီကိစ္စရော လျှော်ပေးပါ့မယ်၊ မဟုတ်ရင်တော့ ဂတ်တဲကိုသာကြည့်ပါတော့''
"အို. . .မောင်ဘရှိန်ရယ် သနားပါဦး၊ ဒေါ်ဒေါ်မှာ နောက်ထပ် သမီးလည်း မရှိတော့ပါဘူး''
"နို့. . .သားတော့ကျန်သားပဲ''
ဒေါ်သန်းမြိုင်မှာ မိနစ်ဝက်ခန့် ကြက်သေသေသွားသည်။
လွန်းမြိုင်မှာ သူဘာကြားလိုက်တာလဲကို နားမလည်ဟန်နှင့် မျက်လုံးပြူးကြည့်နေသည်။
ဘရှိန်ကား သူချသော မြင်းအကွက်က တစ်ဖက်မှအကောင်ကို အပိုင်ခွေလိုက်ရပြီမို့ ပြုံးစိစိဖြစ်နေသည်။
"မသင့်တော်ပါ မောင်ရင်ရယ်''
"ဒေါ်ဒေါ်ပုလိပ်မကြောက်၊ ဂတ်မကြောက်လည်း သဘောပါ''
"ဒီမှာ ခင်ဗျား ဘာစကားပြောလိုက်တာလဲသိလား''
"သိလွန်းလို့ ဟိုဘက်ရောက်ပါတယ်မောင်၊ ဘယ်တတ်နိုင်မလဲ ကိုယ့်မှာဂုဏ်သိက္ခာက အရေးကြီးတော့ ရာဇဝတ်အုပ်ရဲ့ သမက်ပဲ ဖြစ်ချင်တယ်''
"လူလေး. . .''
မိခင်၏ အကြည့်ကြောင့် လွန်းမြိုင်မှာ လန့်သွားသည်။
"မေမေ ဘာတွေစဉ်းစား. . .ဘယ်လိုဖြစ်မှာလဲ''
ဘရှိန်က အေးအေးဆေးဆေးပင်-
"သတင်းလွှင့်ထားလိုက်လေ၊ ဒေါ်ဒေါ့်သမီး ကျွန်တော်နဲ့တကယ်ယူတယ်လို့၊ လွန်းမြိုင် ကိုတော့ ဘိလပ် စာအသင်လွှတ်လိုက်တယ်ပြော၊ ကျွန်တော်တာဝန်ကျရာခေါ်သွားမယ်၊ မပူပါနဲ့ ခြောက်လတစ်ခေါက်တော့ ပြန်လာမှာပါ၊ ဒေါ်ဒေါ်လည်း ပျင်းရင်လာပေါ့၊ ဟိုမှာတော့ တောအုပ်နဲ့လယ်တွေပဲရှိတယ်''
"ဒီမှာ ခင်ဗျားနဲ့ ဘယ်သူကလိုက်မှာလဲ''
အစ်မကို မရ၍ သူ့ကိုကြံနေသော လူကြီးကိုလွန်းမြိုင် ဒေါသထွက်ကာ အော်လိုက်သည်။
"မင်းလေး လိုက်ရမှာလေ၊ လိမ္မာစမ်းပါ၊ ကိုယ်အခု မင်းတို့အိမ်ကြီးကို ချိတ်ပိတ် လိုက်လို့တောင်ရတယ်''
ဝန်ထောက်က ခြိမ်းခြောက်လွန်း၍ ဒေါ်သန်းမြိုင်မျက်နှာမှာ ဖြူဖျော့နေချေပြီ။
"လူလေး. . .မင့်မေမေကို ကယ်ပါဦး''
သို့နှင့် လွန်းမြိုင်နှုတ်ခမ်းကို ဖိကိုက်ကာ အံကိုကြိတ်၍ ကျလုလုမျက်ရည်ကိုထိန်းပြီး မိခင်ကို နှုတ်ဆက်ကန်တော့ကာ ထိုလူကြီး ရထားလုံးပေါ်သို့ တက်ခဲ့ရတော့သည်။
ဒေါ်သန်းမြိုင်မှာလည်း မျက်ရည်စက်လက်။ သူမကားအမှန်တကယ်ဝန်ထောက်၏ ယောက္ခမ ဖြစ်သွားလေပြီ။ သို့သော် သားလည်း ပါသွားလေပြီ။
ရထားလုံးအတွင်း၌ ဘရှိန်က ထပ်မံ၍ မျိုသိပ်မထားနိုင်တော့သည်နှင့် မျက်ရည်စတို့နှင့် နီစွေးနေသာ မျက်ဝန်းလေးကို ကြည့်ကာ ချော့ရသည်။
"မငိုပါနဲ့ မောင်ရာ ကိုယ် ကိုက်မစားပါဘူး၊ မင်းမချစ်မှန်းလည်း သိပါရဲ့၊ ဒီလိုမှ မကြံရင် ကိုယ်လည်း မရတော့မှာမို့လို့ပါ''
ဘရှိန်၏ မျက်နှာချောချောက အနားကပ်လာပြီး တီးတိုးပြောသောအခါလွန်းမြိုင်မှာ ပိုလို့ဒေါသထွက်သွားသည်။
"ခင်ဗျား. . .လူယုတ်မာ၊ အစ်မ မရလို့ခွေးကြံကြံတယ်''
ဘရှိန်ခမျာ မျက်နှာဖြတ်အရိုက်ခံရသလိုပင်။
"ဘယ်နှယ့်ပြောလိုက်တာ၊ ဘုရားစူးကိုယ်မင်းကိုပဲကြံတာပါ၊ မင်းမမ လင်နောက်လိုက်မှာ လည်း သိပါရဲ့''
လွန်းမြိုင်အံ့သြပြီးပါးစပ်အဟောင်းသား။
"ခင်ဗျား ဘာပြောလိုက်တယ်''
ဘရှိန်က ပြုံးစေ့စေ့နှင့် လွန်းမြိုင်နှာခေါင်းလေးကို ဆွဲညှစ်လိုက်ပြီး-
"ခွေးလေးက ကိုယ့်ကို ကိုက်ဖို့ပဲချောင်းနေတော့ နှလုံးသားကို ဘယ်မြင်ပါ့မလဲ''
လူကြီး၏ ဟန်အမူအရာနှင့် စကားများသည် လွန်းမြိုင် နှလုံးသားကို အရည်ပျော်လုလု ဖြစ်သွားစေသည်။ သူ့ခမျာလည်း ထိန်းချုပ်ထားရသည်တို့က မနည်းပေ။
"ရော်. . . ဘာလို့ ခေါင်းငုံ့သွားတာလဲ၊ ကိုယ်ကဒါမျိုးပြောလိုက်ရင် ဆွဲတော့အထိုးခံရပြီထင်တာ''
လွန်းမြိုင် အသံထွက်မလာချေ။ ပိုပြီးသာ ငုံ့သွားသည်။
ဘရှိန်အံ့အားသင့်သွားပြီးမှ တဖြည်းဖြည်း သဘောပေါက်ကာ -
"လတ်စသတ်တော့ ခွေးလေးလည်း ကိုယ့်အဖြစ်နဲ့ မတိမ်းမယိမ်းပါလား၊ ထင်ပါတယ်၊ ကိုယ်လိုခပ်ချောချောဝန်ထောက်ကို ဘယ်သူက လျစ်လျူရှုနိုင်မှာလဲ''
"ခင်ဗျားကြီး. . .ပါးစပ်ပိတ်''
ထိုသို့ဆိုကာ လွန်းမြိုင်က အနှီ ဝန်ထောက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ၏။ သူ့ခမျာ ထိုအရှက်မရှိသည်တို့ကို နားမခံနိုင်ချေ။
ဘရှိန်မှာ အပျော်ကြီးပျော်၍ သူငယ်၏ ဖြူဝင်းနူးညံ့သော လက်ကောက်ဝတ်ကို အမိအရဆုပ်ကိုင်လိုက်ပြီး အနားတိုးကာ အနမ်းတစ်ပွင့်ကို ပါးပြင်၌ ခြွေချလိုက်သည်။
လွန်းမြိုင်၏ပါးမှာ ချက်ချင်းပင် နှင်းဆီပွင့်လွှာလို ရဲတက်သွားရသည်။ သူ၏ ခန္ဓာကိုယ် မှာလည်း ထိုဝန်ထောက်၏ ရင်ခွင်ထဲပြိုဆင်းသွားရသည်။
"ချစ်တယ်. . .ခွေးလေး. . .ကိုယ်တော့တကယ်ပျော်တာပဲ''
ရထားလုံးလေးမှာ ချစ်သူနှစ်ဦး၏ ရင်ခုန်သံများအကြား မြင်းခွာသံတဖြောင်းဖြောင်း ပေး၍ တဖြည်းဖြည်းဝေးသွားတော့သည်။
ထိုနေ့က တိမ်တိုက်လေးများသည်လည်း လှပ၍ကောင်းကင်ကြီးသည်လည်း ကြည်လင် နေခဲ့သည်။
ဘရှိန်သည်လည်း လွန်းမြိုင်ကို ပိုင်ဆိုင်ခဲ့လေသည်။
..................................................................................................
Zawgyi
ေဆာင္းဦးအကုန္ ေလ႐ူးသည္ ညင္းညင္းသာသာ ႏြဲျမဴးလို႔ ေဆာ္ေသြးေန၏။ တစ္ခ်က္၊ တစ္ခ်က္ ပ်ံ့လြင့္လာေသာ ပန္းရနံ႕တို႔သည္ ရန္ကုန္ၿမိဳ႕ အလယ္ရွိ ''ေမတၱာရပ္ဝန္း'' ၿခံႀကီး၏ ဝန္းက်င္၌ လႊမ္းၿခဳံေနသည္။
"မယ္ဆင့္ေရ. . .နင့္ မမေလးကို ႏွိုးပါေတာ့လား၊ တကတဲ ဘယ္အခ်ိန္ထိမ်ား အိပ္ဖို႔ႀကံစည္ေနတာလဲ၊ ဒီေန႕က တယ္အေရးႀကီးတယ္ဆိုတာ သူမသိဘူးလား''
ရာဇဝတ္အုပ္ကေတာ္ေဟာင္း ေဒၚသန္းၿမိဳင္၏ အသံသည္ ႏွစ္ထပ္ဆင့္ တိုက္အိမ္ႀကီး သာမက ၿခံဝန္းတစ္ခုလုံး ဟိန္းသြားေစသည္အထိ က်ယ္ေလာင္လွ၏။
တံခါးေရွ႕က ငိုက္မ်ဥ္းေနေသာ မာလီကုလားေလး အဘာ သည္ပင္ မ်က္လုံးအစုံ ပြင့္သြား ေလသည္။
ခင္ပြန္းသည္ ရာဇဝတ္အုပ္ ဦးသာလြန္း တစ္ေယာက္ မၾကာေသးခင္က ကြယ္လြန္ သြားေလရာ ေဒၚသန္းၿမိဳင္သည္လည္း လတ္လတ္ဆတ္ဆတ္ မုဆိုးမ ျဖစ္သြားသည္။
အ႐ြယ္အားျဖင့္ ေလးဆယ္ဝန္းက်င္ပဲ ရွိကာ ဆယ့္ရွစ္ႏွစ္အ႐ြယ္ လြန္းၿမိဳင္ဟု ေခၚေသာ သားတစ္ေယာက္ႏွင့္ ႏွစ္ဆယ့္တစ္ႏွစ္ အ႐ြယ္ လြန္းေမဟုေခၚေသာ သမီးတစ္ေယာက္ က်န္ေနခဲ့၏။
သူမ၏ သား၊ သမီးႏွစ္ေယာက္စလုံးသည္ အထက္တန္းၿပီးေျမာက္ ေအာင္ျမင္ထားသည္။ ေကာလိပ္ပညာကိုေတာ့ အခြံသာရွိ၍ အဆံမရွိေသာ ဘဝတြင္ ေနရသည္မို႔ ေဒၚသန္းၿမိဳင္ မပို႔နိုင္ခဲ့ေပ။
ရည္မွန္းခ်က္ ႀကီးမားေသာ သူမက ဘုရားျဖစ္မယ့္ အုတ္နီခဲက်ိဳးလို ရိုးသားသူ ခင္ပြန္းသည္ကို မည္သည့္အခါမွ အျမင္မၾကည္ခဲ့ေပ။ သူေတာ္ေကာင္းႀကီး ဆုံးပါး ၿပီးေနာက္ ေဒၚသန္းၿမိဳင္တြင္ အဖတ္တင္ က်န္ေနခဲ့သည္မွာ မဂၤလာဦးလက္ဖြဲ႕ ဆြဲႀကိဳး တစ္ကုံးႏွင့္ လက္ေကာက္ႏွစ္ကြင္းသာ ရွိသည္။
ဤအိမ္ႀကီးသည္ သူမ၏ ပြဲစားလုပ္ငန္း လုပ္ကိုင္ေသာ ႂကြယ္ပိုးႂကြယ္ဝ မိဘမ်ားထံမွ အေမြဆက္ခံရခဲ့ျခင္း ျဖစ္သည္။
ဦးသာလြန္း အလိုအရသာဆိုလွ်င္ အ႐ြယ္ေရာက္ၿပီး အၿမီးမေပါက္ေသးေသာ သား၊သမီး ႏွစ္ေယာက္ႏွင့္ ေဒၚသန္းၿမိဳင္ ဗ်ာပါေသာက မ်ားေတာ့မည္။ ရာဇဝတ္ဝန္ေထာက္ဟူ၍ ယုံမွတ္ကာ ပုံအပ္ကာမွ သူမဘဝ တမာ႐ြက္ျပဳတ္ရည္က်ဲက်ဲလို ခါးသက္သြားရသည္။
ယခု ေဒၚသန္းၿမိဳင္က သမီးျဖစ္သူ လြန္းေမကို အိမ္ေထာင္ ရက္သား ခ်ေပးရန္ စိတ္ကူးေနျခင္း ျဖစ္သည္။ သူမ၏ အသိ ေအာင္သြယ္ေတာ္ မမတင္၏ စပ္ဟပ္ေပးမႈျဖင့္ မ်က္စိက်ေလာက္စရာ သူငယ္တစ္ေယာက္ကို ေတြ႕ထားေလသည္။
အ႐ြယ္အားျဖင့္ ႏွစ္ဆယ့္ခုႏွစ္ဝန္းက်င္ပဲ ရွိကာ ေကာလိပ္ဘြဲ႕ရ တရားေရးဝန္ေထာက္ ျဖစ္သည္။ အမည္မွာ ဘရွိန္ဟု တြင္သည္။ မမတင္ႏွင့္ဆိုလွ်င္ တူေတာ္စပ္ၿပီး သန့္ေသာ မ်ိဳးရိုးက ျဖစ္သည္။ တစ္ဦးတည္းေသာသားဟု သိရၿပီး မိဘမ်ားကေတာ့ ကြယ္လြန္ သြားၿပီဟု သိရသည္။
သတ္သတ္မွတ္မွတ္ တြက္ခ်က္ရေၾကးဆိုလွ်င္ သူမဘက္က အသာခ်ည္းပဲ ျဖစ္၍ ခ်က္ခ်င္းမဆိုင္း လက္ခံခဲ့ေလသည္။
ဆိုသာဆိုရမည္။ သူမ၏ သား လြန္းၿမိဳင္ေရာ၊ သမီး လြန္းေမပါ အဆင္း၊အခ်င္းႏွင့္ ျပည့္စုံၿပီး လိမၼာေရးျခား ရွိၾကသည္။ ၎တို႔ကို ေကာင္းမြန္စြာ အိမ္ေထာင္ရက္သား ခ်ေပးရန္မွာ ေဒၚသန္းၿမိဳင္၏ ရည္မွန္းခ်က္ျဖစ္သည္။
လြန္းၿမိဳင္သည္ မိခင္ျဖစ္သူ၏ က်ယ္ေလာင္ေလာင္ အသံေၾကာင့္ အေပၚထပ္မွ ဆင္းလာသည္။
မမေလးမွာ သူ႕ခ်စ္သူ ကိုစံလွဆိုသူ ရွိၿပီး ျဖစ္၍ မိခင္၏ အစီအစဥ္ကို မ်ားစြာ စိတ္ဆင္းရဲေနရေလသည္။ သို႔တိုင္ေအာင္ သူလည္း ဘာမွ မတတ္နိုင္။
"လူေလး မင့္မမေလးေရာ. . .''
ဧည့္ခန္းက ပန္းအိုးကို ေ႐ႊလာ၊ ေငြလာ႐ြက္မ်ားထိုးရင္း ေဒၚသန္းၿမိဳင္က ေမးသည္။
"ဆင္းလာမယ္ ေျပာတာပဲ''
"ဒီေန႕ ဘယ္မွ မသြားနဲ႕ေနာ္ လူေလး. . .မင္းေယာက္ဖ ဝန္ေထာက္ေလာင္း လာမွာ၊ ရာထူးေလးမ်ား ေမးရမလားမသိဘူး၊ မိတ္ဆက္ရင္ မိတ္ဆက္ၾကည့္''
လြန္းၿမိဳင္ မႀကိဳက္သည္က ထိုအရာမ်ားပင္။ မိခင္က ကိုယ္ပိုင္အရည္အခ်င္းထက္ အဆက္အစပ္ကိုသာ အားကိုးတတ္သည္။ အျပစ္ေတာ့လည္း မဆိုသာ။ ေရျမင့္မွ ၾကာတင့္မည္ဟုထင္ေသာ သူမ၏ အစြဲသက္သက္သာ ျဖစ္သည္။
လြန္းၿမိဳင္ကိုယ္တိုင္မွာလည္း သတင္းစာတိုက္၌ သတင္းစာသမားေယာင္ေယာင္သာ ျဖစ္ေန၍ မိခင္အားမရျဖစ္ဟန္တူသည္။
"ေကာင္းပါၿပီ၊ ဒီေန႕ေတာ့ ဘယ္မွမသြားေတာ့ဘူး၊ ကြၽန္ေတာ္ မနက္အေစာ လမ္းေတာ့ ခဏေလွ်ာက္ဦးမယ္''
ထိုသို႔ ဆို၍ လြန္းၿမိဳင္သည္ ၿခံထဲသို႔ ဆင္းလာခဲ့သည္။ ၿခံတံခါးဝသို႔ ေရာက္ခ်ိန္၌ -
"အာေရး. . .အစ္ကိုေရး၊ အေတာ္ပဲ၊ ဒီနားခဏေစာင့္ေပး၊ ခြၽန္ေတာ္ ေရအိမ္သြားခ်င္လို႔''
ၿခံေစာင့္ အဘာက ပ်ာယီးပ်ာယာေျပာလာ၍ လြန္းၿမိဳင္ခမ်ာ မ်က္ေမွာင္ၾကဳတ္သြားသည္။
"မင္းႏွယ့္၊ ေရအိမ္သြားခ်င္တာ ေရႀကီးခြင္က်ယ္လုပ္လို႔၊ သြားေလ၊ ဘာေစာင့္စရာရွိလဲ''
"မရဘူး. . .အစ္ကိုေရး. . .ေမေမႀကီးက ေျပာဒယ္၊ ဒီေန႕ အေရးႀကီးဧည့္သည္လာမယ္၊ ဒီနားက ဘယ္မွမခြာရဘူးတဲ့''
"ေရာ္ . . . ေမေမနဲ႕ေတာ့ ခက္တာပဲ၊ ကဲသြားသြား''
သို႔ႏွင့္ လြန္းၿမိဳင္မွာ ကုလားထိုင္ေပၚ ထိုင္၍ အဘာ့အစား ၿခံကို ေစာင့္ရသည္။
မၾကာမီ အဘာ ျပန္ေရာက္မလာခင္ ရထားလုံးတစ္စီး ျမင္းခြာသံ တေျဖာင္းေျဖာင္းျဖင့္ ေရာက္ခ်လာေလသည္။ ေမွ်ာ္ေနသူ ဧည့္သည္ ေအာက္ေမ့၍ လြန္းၿမိဳင္ ေမာ့ၾကည့္လိုက္သည္။
သူ၏ စိတ္တြင္ တရားေရးဝန္ေထာက္ ဆိုသူကို ထိပ္ေျပာင္ေျပာင္၊ ဝဖိုင့္ဖိုင့္၊ ဆီ႐ႊဲဘိုေက၊ ဘန္ေကာက္ပုဆိုးတလႊားလႊားႏွင့္ ရႉးအက်အနစီးသူဟု မွတ္ထင္ပုံေဖာ္ထားရာ မ်ားစြာေတာ့ စိတ္ဝင္စားမႈ မရွိေခ်။ သို႔တိုင္ေအာင္ ျမင္ေတြ႕ရသူမွာ ထိုသို႔မဟုတ္။
ရထားေျခခုံကိုပင္ အကူအညီ မယူဘဲ လူတစ္ေယာက္ ေပါ့ပါးစြာ ဆင္းလာသည္။
ကာကီေရာင္ ေဘာင္းဘီရွည္ႏွင့္ အကၤ်ီအျဖဴကို တြဲဝတ္ထားၿပီး အရပ္မွာ ေျခာက္ေပခန့္ ရွိသည္။ ခပ္ညိုညိုအသားအေရရွိၿပီး သြင္ဟန္မွာ တည္ၾကည္သည္။ သို႔ေသာ္ျငား အၾကည့္မ်ားမွာ စူးရဲၿပီး ေလာကႀကီးကို ထီမထင္သည့္ ပုံစံပင္။
ခံ့ညားေသာ္လည္း အရိုင္းဆန္ေနမႈေၾကာင့္ ထိုလူက တရားေရးဝန္ေထာက္ေတာ့ မဟုတ္တန္ရာဟု လြန္းၿမိဳင္ ေအာက္ေမ့လိုက္သည္။
ဘရွိန္သည္ သူ၏ ႀကီးႀကီးေကာင္းမႈျဖင့္ ဤေနရာသို႔ ေရာက္လာျခင္း ျဖစ္သည္။ အမွန္စစ္စစ္ သူသည္ ရည္းစားသနာလည္း မရွိ။ ရွိရန္လည္း စိတ္မဝင္စားလွေခ်။ ႀကီးႀကီးျဖစ္သူက နားပူနားဆာလုပ္လြန္း၍ နားေအးၿပီးေရာ တစ္ေခါက္ေတာ့ ေရာက္လာခဲ့ျခင္း ျဖစ္သည္။
"ဘယ္သူလဲ''
သံပန္းတံခါးမႀကီးေရွ႕ ဘရွိန္ ရပ္လိုက္သည့္အခါ အႏွီၿခံေစာင့္ေနေသာ အသားျဖဴျဖဴ ပိန္ပိန္သြယ္သြယ္ လူငယ္တစ္ေယာက္က မတ္တပ္ရပ္၍ ေလွ်ာက္လာကာ ေမးသည္။
အနီးကပ္ေရာက္လာသည့္ ထိုလူငယ္သည္ သာမန္ အဆင္းႏွင့္မဟုတ္ဘဲ စိမ္းဖန့္ဖန့္ မ်က္လုံး၊ မ်က္ခုံး တို႔ရွိကာ ေခ်ာေမာေလသည္။ ဆိုရေသာ္ ေခ်ာသည္၊ ခံ့သည္ဆိုေသာ ဘရွိန္သည္ပင္ ေငးၾကည့္မိသြားသည္။
"ဒီအိမ္ကို လာတဲ့ဧည့္သည္ပါ ခင္ဗ်ာ''
"သိတယ္ေလ အဲ့ဒါေၾကာင့္ ဘယ္သူလဲ ေမးေနတာ''
"ဖြင့္မွျဖင့္ ဖြင့္လိုက္ပါ၊ အေၾကာင္းမရွိဘဲ ဒီေရွ႕ေရာက္လာစရာ မရွိပါဘူး''
"နို႔. . .ခင္ဗ်ားက လူေကာင္း၊ သူေကာင္းပါလို႔ ဘယ္အေျခၾကည့္ ေျပာရမလဲ''
ဝန္ေထာက္မင္း ပီသစြာ သန့္သန့္ျပန့္ျပန့္ ဝတ္စားလာေသာ ဘရွိန္ခမ်ာ ေအာင့္သက္သက္ျဖစ္သြားသည္။ သူ႕ထံတြင္ ေျပာစရာဆို၍ မထူမပါး ႏႈတ္ခမ္းေမြးႏွင့္ ပါးသိုင္းေမြးေရးေရးသာ ရွိပါသည္။
"ေမာင္ကေတာ့ခက္ၿပီ၊ ကိုယ္က ဒီအိမ္ႀကီး အရွင္ ျဖစ္ရင္ေတာင္ ျဖစ္လာနိုင္ပါရဲ႕''
"ဘာေျပာတယ္. . .''
လြန္းၿမိဳင္မွာ အႏွီလူ႕ခြစာသည္ ဝန္ေထာက္ ဘရွိန္မွန္း သိၿပီး ျဖစ္သည့္တိုင္ ကပ္သတ္ခ်င္၍ တမင္ကပ္သတ္ေနျခင္း ျဖစ္သည္။ သို႔ေသာ္ ထင္မွတ္မထားဘဲ ထိုလူက သူ႕ထက္ ပို၍ ကပ္သတ္ေနသည္။
ဘရွိန္မွာ ဘာရယ္မဟုတ္ ေျပာလိုက္ေသာ္လည္း အႏွီလူငယ္၏ ပါးျပင္သည္ ႏွင္းဆီငုံဖူး၏ ပြင့္ခ်ပ္ပမာ ၊ မ်က္ဝန္းမ်ားသည္ ပတၱျမားေသြးပမာ ရဲသြားသည္ကို သတိျပဳမိသည္။
ေခသူမဟုတ္၊ ေဒါသေတာ့ ေသးပုံမရ။ သို႔ေၾကာင့္ သူပို၍စေနာက္ခ်င္မိသည္။
"အစ္ကိုေရး. . .အဲ့ဒါ ဧည့္သည္ပဲ၊ ျမန္ျမန္ဖြင့္ေပးလိုက္ေလ''
အဘာက ပ်ာယာခတ္စြာ ေျပးလာ၍ တံခါးေသာ့ကို ယူၿပီး အလ်င္အျမန္ ဖြင့္ေပးလိုက္သည္။
ဘရွိန္ ေအာင္ျမင္စြာ ၿခံဝင္းထဲသို႔ ေျခခ်နိဳင္လိုက္ေလသည္။
"သခင္ႀကီး. . .ႂကြပါ၊ ႂကြပါ''
လြန္းၿမိဳင္သည္ လမ္းေလွ်ာက္ထြက္မည့္ အစီအစဥ္ကို ဖ်က္လိုက္ၿပီး ဘရွိန္ကိုပဲ အိမ္ထဲလိုက္ပို႔ကာ အနီးကပ္ေစာင့္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။
"နာမည္ဘယ္ႏွယ့္ေခၚသလဲေမာင္၊ ဒီအိမ္ကပဲလား''
"ခင္ဗ်ား အေရးမွမဟုတ္တာ''
"မလြန္းေမက ေတာ္ေတာ္လွတယ္ဆို ဟုတ္သလား''
"ခင္ဗ်ား သိစရာမလိုပါဘူး''
"ေမာင္နဲ႕ ကိုယ္က အရင္ဆယ့္ခုနစ္ဘဝက ရည္းစားလုဖက္ေတြမ်ားလား၊ တစ္ခါမွေတာင္ မျမင္ဖူးဘဲ တကတဲ ရန္လိုလိုက္တာ''
လြန္းၿမိဳင္ ျပန္မေျဖ။ ႏႈတ္ခမ္းကိုပဲ ေစ့ပိတ္ထားသည္။ စိတ္ထဲတြင္ေတာ့ ခင္ဗ်ားမို႔လို႔ကိုဟု ေအာ္ေျပာပစ္လိုက္သည္။
ေဒၚသန္းၿမိဳင္မွာ သူမ၏ သားမက္ေလာင္း ျဖစ္လာနိုင္သည့္ ဝန္ေထာက္ဘရွိန္ကို ပ်ာပ်ာသလဲ ခရီးဦးႀကိဳျပဳသည္။ အမွန္ေတာ့ ထိုသူငယ္ကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန့္ ျမင္ဖူးပါသည္။
"ေမာင္ရင္ ေရာက္လာၿပီပဲ၊ လာပါ၊ အထဲမွာထိုင္''
"သက္သာသလိုေနပါ ေဒၚေဒၚ၊ ေရွ႕မ်က္ႏွာ ေနာက္ထားဆိုရရင္ ကြၽန္ေတာ္က ႀကီးႀကီးတင္ ေကာင္းမႈေၾကာင့္ ေရာက္လာတာပါပဲ''
ဘရွိန္က ဤသို႔ ေရာက္လာျခင္းမွာ သူ႕ဆႏၵမပါေၾကာင္းကိုေတာ့ ရွင္းလင္းစြာ ေျပာလိုက္ပါ၏။
"ဟုတ္ပါၿပီကြယ္၊ ကဲ. . .လူေလး. . . လမ္းေလွ်ာက္မထြက္ေတာ့ရင္ မင္းမမေလးသြားေခၚလိုက္၊ ဧည့္သည္ေရာက္ေနၿပီလို႔''
ဘရွိန္စိတ္ထင္ပဲမဟုတ္။ ထိုလူငယ္က သူ႕မမေလးကို သြားမေခၚခင္ ဘရွိန္ကို အၾကည့္ စူးစူးေပးသြားခဲ့ေခ်သည္။
မၾကာမီ မလြန္းေမတစ္ေယာက္ ေမာင္ျဖစ္သူႏွင့္အတူ အိမ္အေပၚထက္မွ ဆင္းလာခဲ့သည္။
မလြန္းေမသည္ ေခ်ာသည္၊ လွသည္ဟု ဆိုရမည့္ မိန္းမမ်ားထက္ သာလြန္ေသာ အဆင္းရွိသည္က အမွန္ပင္။ ခါးေသးရင္ခ်ီ၍ က်နေသာ ကိုယ္ေနဟန္ထား ရွိသည္။ ရင္ေစ့လက္ရွည္ကို ပြင့္ရိုက္ခ်ည္ႏွင့္ တြဲဖက္ဝတ္ထားရာ ရိုးရိုးယဥ္ယဥ္ႏွင့္ က်က္သေရလည္း ရွိသည္။
တစ္ခုပဲ ဆိုစရာ ရွိသည္။ သူမမွာ မ်က္ႏွာၾကည္သာပုံမရ။ အၿပဳံးတစ္ပြင့္ကို ခပ္ႏြမ္းႏြမ္း ဆင္ျမန္းထားသည္က ေက်ာ့ရွင္းေျပျပစ္ေသာ အမူအရာႏွင့္ မလိုက္မဖက္ ရွိလွသည္။
"ကိုဘရွိန္ဆိုတာလား ၊ ေစာင့္ေနေစမိတာ အားနာလိုက္တာ''
မလြန္းေမက အားတုံ႕အားနာ အမူအရာႏွင့္ ေျပာသည္။
"ရပါတယ္၊ ရပါတယ္၊ ကိစၥေတာ့ မရွိပါဘူး၊ ကြၽန္ေတာ္လည္း အခုမွေရာက္တာ၊ လမ္းမွာ ေခြးေလးတစ္ေကာင္ မာန္ဖီေနတာနဲ႕ သူ႕ကို ေမာင္းရင္း ၾကာသြားတယ္ဆိုရမွာ''
ဘရွိန္က ထိုသူငယ္ လြန္းၿမိဳင္ထံက အၾကည့္မလႊဲဘဲ ျပန္ေျပာလိုက္သည္။
မိခင္ေရာ၊ အစ္မျဖစ္သူေရာပါ ထိုအ႐ူးဝန္ေထာက္၏ စကားကို အထူးအဆန္းဟု မမွတ္။ လြန္းၿမိဳင္မွာသာ စူးရဲစြာၾကည့္၍ ထိုလူကို မီးျမႇိုက္ပစ္ခ်င္စိတ္မ်ား တဖြားဖြား ေပၚလာသည္။
ဘရွိန္ႏွင့္ လြန္းေမတို႔ စကားေအးေအးေဆးေဆးေျပာၿပီး တစ္ေယာက္အကဲတစ္ေယာက္ သိနိုင္ရန္ အႀကံျဖင့္ ေဒၚသန္းၿမိဳင္က လက္ဖက္သုပ္ႏွင့္ ေရႏြေးၾကမ္းျပင္ေပးမည္ဆိုကာ ထသြားေလသည္။
လြန္းၿမိဳင္ကမူ ေနရာ၌ အေတာင့္သား ထိုင္ေနသည္။
မမေလးက သူ႕ကိုေရွာင္မသြားေစခ်င္သည္ကို လြန္းၿမိဳင္သိသည္။ သို႔ေသာ္ အႏွီဝန္ေထာက္ကလည္း သူ႕ကို ထြက္မသြားေစခ်င္ဟု ခံစားမိေနသည္။
ဆိုရပါလွ်င္ ၎အၾကည့္မ်ားက လြန္းၿမိဳင္ထံ၌သာ ဟိုေဝ့ဒီေဝ့ ပ်ားပိတုန္းက ပန္းဝတ္ရည္နား ကပ္သလို ဝဲေနသည္။
စိတ္အလိုရသာဆိုလွ်င္ ''ေဟ့လူ. . .ဘာေတြအဲ့ေလာက္ၾကည့္ေနရသလဲ''ဟုသာ ေမးခ်ပစ္လိုက္ခ်င္သည္။
"မလြန္းေမနဲ႕ သူနဲ႕ အသက္ဘယ္ေလာက္ကြာသတုန္း''
"သုံးႏွစ္ပါ ကိုဘရွိန္''
"ေၾသာ္. . .''
"နာမည္ကက်''
"လြန္းေမေလ''
"မဟုတ္ပါ၊ မလြန္းေမေဘးနား ထိုင္ေနတဲ့တစ္ေယာက္ေမးတာ၊ ဒီတိုင္းဆို သူကမေျဖလို႔''
"ေၾသာ္. . .လြန္းၿမိဳင္တဲ့''
"အင္း. . .ဒါထက္ သူစကားေကာင္းေကာင္း ေျပာတတ္သလား''
"ရွင္. . .''
အႏွီဝန္ေထာက္မွာ သူမကို ျမင္ျမင္ခ်င္းစိတ္ဝင္စား၍ လြန္က်ဴးလာလွ်င္ အခက္ဟု လြန္းေမေတြးမိေသာ္လည္း ယခုမူထိုသို႔ မဟုတ္ပါေခ်။
ၾကည့္ရတာ လူငယ္ ေယာက်္ားေလးခ်င္းပဲ မိတ္ေဆြဖြဲ႕လိုပုံရသည္။
"အတည္ေပါက္နဲ႕ ေနာက္တယ္ေနာ္ ကိုဘရွိန္၊ ခဏေနႏွင့္ပါဦး ကြၽန္မကေဖးေလး ေဖ်ာ္ခဲ့မယ္''
ဆိုၿပီး သူမပါမိခင္ရွိရာ မီဖိုခန္းသို႔ ထသြားေလသည္။
ဤသို႔ျဖင့္ ဧည့္ခန္း၌ ဘရွိန္ႏွင့္လြန္းၿမိဳင္သာ က်န္ေနခဲ့သည္။
"ဟဲ့. . .လြန္းေမဘာလာလုပ္တာလဲ''
ေရွာင္ေပးကာမွ သမီးျဖစ္သူက ေကာက္ေကာက္ပါလာေသာေၾကာင့္ ေဒၚသန္းၿမိဳင္ လန့္သြားသည္။
"အို. . .ေမေမကလည္း ကိုဘရွိန္ ကေဖးေသာက္ခ်င္တယ္ဆိုလို႔ပါ''
ဧည့္ခန္း၌ လြန္းၿမိဳင္က ထိုလူ စကားေျပာလာလွ်င္ ေကာင္းေကာင္းေခ်ပဖို႔ ဆုံးျဖတ္ထားေသာ္လည္း ထိုစိတ္မမွန္သူက စကားပင္မေျပာေတာ့ဘဲ သူ၏ အိတ္ကပ္ထဲက စီးကရက္ကို ထုတ္ကာ ေသာက္ေနေလသည္။
"အဟြတ္. . .ခင္ဗ်ားႀကီး တမင္လုပ္ေနတာလား''
ဘရွိန္ဆီက စီးကရက္ေငြ႕မ်ားသည္ လြန္းၿမိဳင္ဆီ တည့္တည့္ေရာက္သြားခဲ့သည္။
"မဟုတ္တာ၊ ကိုယ္မရည္႐ြယ္ပါဘူး၊ ခံတြင္းနည္းနည္းခ်ဥ္လာလို႔''
ေျပာရင္း ဘရွိန္က စီးကရက္ကို မီးသတ္လိုက္သည္။ သို႔တိုင္ေအာင္ သူ၏႐ုပ္ကၿပဳံးစိစိ။
ျဖဴေဖ်ာ့ေဖ်ာ့ အေငြ႕မ်ားၾကားသီးသြားသည့္ လူငယ္ေလး၏မ်က္ႏွာသည္ ဘရွိန္ အတြက္ တစ္မ်ိဳးဆန္းကာ စိတ္ဝင္တစား ရွိေစလွသည္။
"ကိုဘရွိန္ ကေဖးနဲ႕ လက္ဖက္သုပ္၊ လိုက္မလိုက္ေတာ့ မေျပာတတ္၊ အဆင္ေျပသလိုသာသုံးေဆာင္ပါ''
"ေက်းဇူးပါ မလြန္းေမ''
ထိုေန႕က ဘရွိန္သည္ လြန္းေမႏွင့္ ေထြရာေလးပါးေျပာကာ လြန္းၿမိဳင္ကို တစ္ခ်က္တစ္ခ်က္ၾကည့္၍ တစ္နာရီခြဲခန့္ေနၿပီး ႏႈတ္ဆက္သြားေလသည္။
ေဒၚသန္းၿမိဳင္မွာ အျပန္၌ ဝန္ေထာက္မင္း၏ ၾကည္ႏူးၿပဳံး႐ႊင္ေသာ အမူအရာကို ေတြ႕ေသာအခါ ေနရာေတာ့က်ၿပီဟု တပ္အပ္သိ၍ စိတ္လက္ခ်မ္းသာသြားေလသည္။
ထိုရက္မ်ားမွစ၍ ဘရွိန္သည္ တစ္ပတ္ကိုတစ္ေခါက္က်ေလာက္ ေမတၱာရပ္ဝန္းသို႔ ေပါက္ေပါက္ခ်လာသည္။ အခ်ိန္အမ်ားစု၌ သူကား မလြန္းေမႏွင့္ စကားလက္ဆုံ က်တတ္သည္။
၎တို႔ႏွစ္ေယာက္ကို ေတြ႕ျမင္ရသူတို႔မွာ ေနနဲ႕လ၊ ေ႐ႊနဲ႕ျမလိုက္ဖက္သူမ်ားဟု ခ်ီးမြမ္း ေထာမနာ ျပဳၾကသည္။ သို႔ေသာ္ ဘရွိန္က မေဝးလြန္း၊ မနီးလြန္းေသာ အေနအထားကေန မလြန္းေမကို ေလးေလးစားစား ခပ္တန္းတန္း ဆက္ဆံေသာေၾကာင့္ သူတို႔ႏွစ္ေယာက္ကို သမီးရည္းစားအျဖစ္သမုတ္ဖို႔ရာ ခဲယဥ္းေနေလသည္။
ေမးလွ်င္လည္း ဘရွိန္ကား ၎၏ သဘာဝအတိုင္းၿပဳံးတုံ႕တုံ႕သာ လုပ္ေနတတ္သည္။
ထိုေန႕က လြန္းၿမိဳင္ သတင္းစာတိုက္က ျပန္အလာ ဧည့္ခန္း၌ စာအုပ္တစ္အုပ္ႏွင့္ ၿငိမ့္ေနေသာ မမေလးကို ေတြ႕၏။
"မမေလး ဒီေန႕ေရာ ဟိုလူလာသလား''
"မလာဘူး ေမာင္ေလး၊ ဘယ့္ႏွယ့္ေၾကာင့္ ေမးရသလဲ''
"ကြၽန္ေတာ္မေျပာခ်င္လို႔ေနာ္၊ မမမွာရည္းစားႀကီး ငုတ္တုတ္မဟုတ္ပါလား၊ ဘယ္လို လုပ္ၿပီး ဟိုလူလာတိုင္း ပေရာပရီလုပ္ေနရသလဲ''
လြန္းေမက မ်က္ခုံးပင့္ၾကည့္လိုက္ၿပီး -
"မမနဲ႕က မိတ္ေဆြေတြပါ၊ နို႔. . .ၿပီးေတာ့သူကလည္း မမကိုစိတ္ဝင္တစား မရွိလွပါဘူး''
"ဒါျဖင့္ သူက အိမ္ကို ဘာလာလာလုပ္ေနတာလဲ''
"မသိနိုင္ေပါင္၊ သူစိတ္ဝင္စားတာ ရွိလို႔ေနမွာေပါ့''
"ေၾသာ္. . .''
လြန္းၿမိဳင္ ထပ္မေျပာေတာ့ဘဲ အေပၚထပ္သို႔ တက္သြားသည္။
သူ႕အတြက္ကား ႐ုပ္ေလးေခ်ာရက္နဲ႕ ႐ူးႏွမ္းႏွမ္း၊ ဘုေဘာက္က်သည့္ အႏွီ ဝန္ေထာက္က ဘာကို စိတ္ဝင္တစားရွိေနလဲဆိုသည္မွာ ပေဟဠိ ျဖစ္ေနသည္။ ထိုဝန္ေထာက္က စစေတြ႕ကတည္းက လြန္းၿမိဳင္၏ အာ႐ုံကို ဖမ္းစားထားနိုင္သည္မွာ ေသခ်ာသည္။
ေနာက္တစ္ရက္တြင္ ထိုဝန္ေထာက္က ဧည့္ခန္းထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး ေရာက္ေနသည္။ ေမေမေရာ၊ မမေလးပါ မနက္အေစာ ေစ်းသြားၾက၍ အိမ္၌မရွိ။ လြန္းၿမိဳင္တစ္ေယာက္သာ ရွိသည္။
"ေဟ့. . .ေမာင္''
"ဘာလဲ''
"ဧည့္သည္တစ္ေယာက္လုံးထိုင္ေနတာကို ေက်ာ္ခ်ၿပီးဘယ္သြားတာလဲ''
လြန္းၿမိဳင္က ေအာက္ထပ္သို႔ ေရဆင္းေသာက္ျခင္း ျဖစ္သည္။
"ဘယ္သူလဲ ဧည့္သည္က. . .''
"ကိုယ္ေလ''
"ခင္ဗ်ားပဲ ကိုယ့္အိမ္ရာလို သေဘာထား၊ ေခ်ာင္းေပါက္မထြက္ ဝင္ထြက္ေနတာ မဟုတ္ လား''
"ဒါျဖင့္ ဒါကိုယ့္အိမ္လား''
လြန္းၿမိဳင္၏ ေခ်ာေမာေသာ မ်က္ႏွာမွာ နီျမန္းသြားသည္။ ထိုသို႔ ကပ္သတ္ကာ အႏွောင့္ မလြတ္၊ အသြားမလြတ္ ေျပာေသာေၾကာင့္ အႏွီဝန္ေထာက္ကို သူၾကည့္မရျခင္း ျဖစ္ သည္။
ဘရွိန္မွာ သူစိတ္ဝင္တစားရွိလွသည့္ လြန္းၿမိဳင္ကို စေနာက္ရသည္ကို ေပ်ာ္ေန ေတာ့သည္။ မွန္ရာကို ဆိုရလွ်င္ သူဒီအိမ္ႀကီးကို တစ္ရက္သာလာလည္၍ ေနာက္မ်ား ေျခဦးမလွည့္ေတာ့ဟု ဆုံးျဖတ္ထားေသာ္လည္း လြန္းၿမိဳင္ကေလးကို လြမ္း၍ ေရာက္ ေရာက္လာျဖစ္သည္။
ထို သူငယ္ကား ဝန္ေထာက္ႀကီး၏ ရင္တြင္းေဝဒနာကို မသိရွိဘဲ ေရာက္လာတိုင္း ေခြးေလးတစ္ေကာင္လို မာန္ဖီဖို႔ရာပဲ တတ္သည္။ ယခုလည္း ဘရွိန္ကို ခုန္မကိုက္႐ုံတမယ္ ရန္ေတြ႕ေနသည္။
"ခင္ဗ်ားက ဝန္ေထာက္ဆို အလုပ္မမ်ားဘူးလား၊ ကြၽန္ေတာ္ျမင္တာေတာ့ တစ္ရက္၊ တစ္ရက္ အေလလိုက္ေနတာပါပဲ''
"ဘယ္လိုမ်ား ေျပာလိုက္တာလဲ၊ ကိုယ့္မွာ အလုပ္ေတြခ်ည္းပဲ၊ ဒါကသက္သက္ ႏွလုံးသားေရးရာမို႔ အခ်ိန္လာေပးတာ''
လြန္းၿမိဳင္ မ်က္ႏွာမဲ့သြားသည္။
မမေလးေျပာေတာ့ ဒီလူက သူ႕ကိုစိတ္မဝင္စားပါတဲ့၊ ယခုေတာ့ ထိုသို႔ဟုတ္ပုံမရ။ ႏွစ္ေယာက္လုံး အလိမ္အညာေတြပါပဲ။ ၾကားထဲက မေတာ္ရေသးသည့္ ကိုစံလွအတြက္ပဲ စိတ္မေကာင္း ျဖစ္မိသည္။
မၾကာမီ မလြန္းေမႏွင့္ ေဒၚသန္းၿမိဳင္ ေစ်းမွျပန္ေရာက္လာၿပီး သူတို႔စကားလက္စ ျပတ္သြားသည္။ ဘရွိန္ကမလြန္းေမကို ၿခံထဲခဏဆင္းၿပီး စကားေျပာရေအာင္ဟု ဆိုသည္။
ေဒၚသန္းၿမိဳင္မွာ တိုးတက္လာေသာ အေျခအေနေၾကာင့္ ဝမ္းေျမာက္သြားဟန္ျဖင့္ လြန္းေမအား လိုက္သြားရန္အရိပ္အျခည္ျပသည္။
လြန္းၿမိဳင္ကေတာ့ ဘာကို စိတ္တိုမိမွန္းမသိ၊ ေနရာ၌ေတာင့္ေတာင့္ႀကီးက်န္ေနခဲ့သည္။
"အို. . .မေတာ္ပါဘူး ကိုဘရွိန္ရယ္''
"ဘာျပဳလို႔လဲ၊ မလြန္းေမလည္းအဆင္ေျပ၊ ကြၽန္ေတာ္လည္းအဆင္ေျပေလ''
ခဏအၾကာ၌ ၿခံဝင္းထဲက စံပယ္႐ုံအနီး၌ ဘရွိန္ႏွင့္ လြန္းေမ တြတ္ထိုး စကားေျပာေနၾကသည္။ ထိုအသံကို အိပ္ခန္းနားကပ္ေနေသာ လြန္းၿမိဳင္ ရွင္းလင္းစြာ ၾကားရသည္။
"ျဖစ္ပါ့မလား''
"မျဖစ္ရွိရိုးလား၊ လုပ္ပါ မလြန္းေမရယ္၊ ကြၽန္ေတာ္လည္း ႏွလုံးသားနဲ႕ပါ၊ ဆန္းဆန္း ျပားျပား ျဖစ္လာမွေတာ့ ႀကံရဖန္ရေတာ့မွာေပါ့''
"ကိုဘရွိန္ ဒါဆို ျဖစ္သမွ်ဟာ ရွင့္အျပစ္ေနာ္၊ ကြၽန္မအဆိုးမဆိုနဲ႕''
"ဟုတ္ကဲ့ပါဗ်ာ၊ ကြၽန္ေတာ္မ်ိဳးႀကီး နားလည္ပါၿပီ''
ၾကားေနရသူ လြန္းၿမိဳင္မွာ အံကိုႀကိတ္၍ လက္သီးကိုသာ ဆုပ္ထားမိသည္။ မမေလးႏွင့္ ဝန္ေထာက္ကို သူဘယ္လိုမွ သေဘာမတူနိုင္ေပ။
မည္သို႔ေၾကာင့္ရယ္မသိ။ ထိုခပ္ေခ်ာေခ်ာမ်က္ႏွာႏွင့္ ၿပဳံးေထ့ေထ့ ဟန္ပန္ကို ျမင္ေယာင္ကာ ႐ုတ္ျခည္း ဝမ္းနည္းသြားသည္။ ေတြ႕လိုက္တိုင္း ေၾကာင္ႏွင့္ႂကြက္လို မတည့္ေသာ္လည္း လြန္းၿမိဳင္မွာ ထိုလူႀကီးအေပၚ နည္းနည္းစိတ္ယိုင္မိသည္က အမွန္ပင္။
တစ္လခန့္အၾကာတြင္ ေမတၱာရပ္ဝန္းမွ သတင္းထူးတစ္ခု ပ်ံ့လြင့္လာေလသည္။
မလြန္းေမသည္ ဝန္ေထာက္ကေတာ္ ျဖစ္ေတာ့မည္ဟုေသာ သတင္းပင္။
သမီးရွင္တို႔မွာ အေကာင္ႀကီးႀကီးကို ဖမ္းထားမိေသာ ေဒၚသန္းၿမိဳင္ကိုအားက်ၾကသည္။ အခ်ိဳ႕ကလည္း မနာလိုရႈစိမ့္ျဖစ္ၾကသည္။ မည္သို႔ပင္ဆိုဆို ၎တို႔ႏွစ္ေယာက္သည္ လိုက္ဖက္ညီလွသည္ကိုကား မည္သူမွ မျငင္းနိုင္။
မလြန္းေမသည္ သူမ၏ခ်စ္သူအေၾကာင္းကို တစ္ခြန္းတစ္ေလမွ မဟဘဲ ဟန္မပ်က္ဘဲ ေနေန၍ ''ငါးစိမ္းျမင္၍ငါးကင္ပစ္သြားၿပီ'' ဟု နီးစပ္သူမ်ားက အထင္ရွိၾကသည္။
ထိုေန႕က လြန္းၿမိဳင္သည္ အိမ္၌ေနရသည္မွာ ၾကာေလ၊ ၾကာေလစိတ္ေသာကေရာက္ဖြယ္ ျဖစ္လာ၍ သားေရလက္ဆြဲအိတ္ကိုဆြဲကာ အိမ္ေပၚမွ ဆင္းခ်လာသည္။
"လူေလး. . .ဒါကဘယ္လဲ''
"သတင္းစာတိုက္၊ ကြၽန္ေတာ္ ဒီရက္ပိုင္း အဲဒီမွာပဲ အိပ္မယ္''
"အို. . .မင္းႏွယ့္၊ အလုပ္ကအဲ့သေလာက္ပဲမ်ားလား၊ ဒီဆန္းေဒးမွာ မင္းမမေလးမဂၤလာဦးဆြမ္းေကြၽးရွိတယ္ေနာ္၊ ေမာင္ဘရွိန္တစ္ေယာက္ ရာထူးတိုးက နယ္ဘက္က်လိဳ႕ ခပ္ျမန္ျမန္အက်ဥ္းခ်ဳံး စီစဥ္ၿပီး မင္းမမေလးေခၚသြားရမွာ၊ ျပန္ေတာ့ လာဦးေနာ္''
လြန္းၿမိဳင္မွာ နာက်င္သြားရသည္။ ေနာက္ဆုံးေတာ့ သူ႕ကို ေခြးေလးဟု ေခၚၿပီး မထိတထိ စတတ္သည့္ လူႀကီးကသူ႕အစ္မႏွင့္ အိမ္ေထာင္ျပဳေတာ့မည္။
ကံတရားကလည္းရက္စက္ပါဘိ။
"ျပန္လာခဲ့ပါ့မယ္ ေမေမ''
ထိုမွ်ေျပာၿပီး သူအိမ္က ထြက္လာခဲ့သည္။
"ဒုန္း. . .''
"ေဟ့. . .သတိထားေလ၊ ဘယ္ေတြအာ႐ုံမ်ားေနတာလဲ''
သားေရအိတ္ကိုဆြဲကာ ငိုက္စိုက္ငိုက္စိုက္ ေလွ်ာက္လာေသာ လြန္းၿမိဳင္သည္ ၿခံတြင္းသို႔ ဝင္လာသူ ဘရွိန္ႏွင့္ တိုက္မိသြားသည္။
ဟန္ခ်က္ပ်က္သြားေသာ လြန္းၿမိဳင္ကို ဘရွိန္က အလိုက္သင့္ပင္ ဆြဲဖမ္းလိုက္သည္။ လြန္းၿမိဳင္တစ္ေယာက္ ဝန္ေထာက္မင္း ရင္ခြင္ထဲ ေခ်ာ္ေတာ့ေငါ့ကာ က်ေရာက္ သြားခဲ့သည္။
သင္းပ်ံ့ေသာ ကိုယ္သင္းရနံ႕၊ ေခ်ာေမာတည္ၾကည္ေသာ မ်က္ႏွာတို႔ကို ေငးစိုက္ၾကည့္ရင္း ခုန္သြားသည့္ ရင္ကို ထိန္းကာ လြန္းၿမိဳင္ ခ်က္ခ်င္းပင္ အၾကည့္ကိုလႊဲလိုက္ၿပီး အသိဝင္၍ မတ္တပ္ရပ္ကာ ဟန္ကိုထိန္းလိုက္သည္။
"ေခြးေလး ေနမေကာင္းဘူးလား၊ မွိုင္ေတြေနတာပဲ''
ေခ်ာေမာသည့္ မ်က္ႏွာေလး ညွိုးက်ေနသည္ကို မမွိတ္မသုန္ ၾကည့္ရင္းဘရွိန္က ေျပာသည္။
"ခင္ဗ်ား အေရးမပါပါဘူး၊ ဖယ္၊ လမ္းပိတ္မေနနဲ႕''
ေျပာရင္း တြန္းဖယ္ကာ လြန္းၿမိဳင္တစ္ေယာက္ ထြက္လာခဲ့သည္။ သူ၏ႏွလုံးသားကား အစိတ္စိတ္အမႊာမႊာ ကြဲေၾကရေလၿပီ။ အ႐ူးဝန္ေထာက္သည္ မည္သည့္အခ်ိန္က သူ႕ကို ျပဳစားလိုက္မွန္းပင္မသိ။
ဘရွိန္မွာလည္း မျဖစ္စဖူး လြန္းၿမိဳင္မ်က္ႏွာမေကာင္းသည္ကို ျမင္လိုက္ရ၍ ရည္းစား သညာမ်ား ရေလသေလာဟု အေတြးဝင္ကာ ေသြးပင္ေဆာင့္တက္သြားသည္။
မျဖစ္ေတာ့။ ကိစၥကိုျမန္ျမန္ စီစဥ္ရေခ်မည္။
တနဂၤႏြေေန႕တြင္ လြန္းၿမိဳင္သည္ အတတ္နိုင္ဆုံး မိမိစိတ္ကို ေဖ်ာင္းဖ်ထိန္းခ်ဳပ္၍ မဂၤလာဆြမ္းေကြၽးရွိရာ အိမ္သို႔ေရာက္လာခဲ့သည္။
လြန္းၿမိဳင္ ေရာက္သြားခ်ိန္၌ေပ်ာ္႐ႊင္ေနေသာ သတို႔သား၊ သတို႔သမီးကို မေတြ႕ရဘဲ တရႈပ္ရႈပ္ငိုကာ ထိုင္ေနေသာ မိခင္ႏွင့္အေစခံမ်ားကိုသာ ေတြ႕ရသည္။
"ေမေမ. . .ဘာျဖစ္လို႔ ငိုေနသလဲ''
"အမေလး. . .လူေလးရယ္ကိုယ္က်ိဳးနည္းပါၿပီ၊ မင္းမမေလး ေယာက်ာ္းေနာက္ လိုက္သြားၿပီတဲ့၊ ေခြးထက္မိုက္တဲ့သမီး''
လြန္းၿမိဳင္ခမ်ာ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။
"ဘယ္သူ႕ေနာက္လိုက္သြားတာလဲ၊ မဟုတ္မွလြဲေရာ ကိုဘရွိန္. . .''
"သူ႕ ငယ္ေဟာင္းအဆက္ကိုစံလွတဲ့၊ အမေလးလူေလးရယ္ ရင္ေတြနာလို႔ အေမ ေသရပါေတာ့မယ္''
ဝန္ေထာက္မင္းကို သမက္ေတာ္ရၿပီဟု အပိုင္တြက္ထားေသာ ေဒၚသန္းၿမိဳင္၏ အိပ္မက္မွာ ေရေပၚအ႐ုပ္ဆြဲသလို ျဖစ္သြားရသည္။ သူမခမ်ာ ပတ္ဝန္းက်င္ကို မည္သို႔ေခါင္းေဖာ္ရမည္မသိ။
"မငိုပါနဲ႕ေမေမရာ၊ သူခ်စ္လို႔လိုက္သြားၿပီပဲ''
လြန္းၿမိဳင္တိုးတိတ္စြာေျပာမိသည္။ ေနာက္ဆုံးေတာ့ မမေလးက ကိုစံလွကိုပဲ ေ႐ြးသြား ခဲ့သည္။
"လူေလး မင္းမသိဘူး၊ မင္းမသိဘူး''
ထိုစကားသာ တြင္တြင္ေျပာ၍ ေဒၚသန္းၿမိဳင္ကေအာ္ငိုေလသည္။
ထမင္းခ်က္ မမိုးမွာ အေျခအေနကို အစ္ကိုေလးအားရွင္းျပရန္လိုမည္ထင္၍ အသာ လက္ကုပ္ကာ မီးဖိုခန္းသို႔ မ်က္ရိပ္ျပလိုက္၏။
"ဆို. . .မမိုး''
"အစ္ကိုေလး မသိဘူး၊ ေမေမႀကီးမွာ အေႂကြးေတြအမ်ားႀကီးပဲ၊ အခုလိုဟန္ေျခ မပ်က္ေနနိုင္တာလည္း ဝန္ေထာက္မင္းေက်းဇူးေၾကာင့္ပဲ၊ ေမေမႀကီးအေႂကြးေတြ အကုန္ဆပ္ေပးထားတယ္ေျပာတယ္''
"ဗ်ာ. . .''
လြန္းၿမိဳင္ပူထူသြားသည္။
"မဟုတ္မွလြဲေရာ၊ ေမေမထပ္ၿပီး ဟိုပြဲကေတာ္ေတြနဲ႕ ေပါင္းၿပီး ဖဲရိုက္ေလသလား''
"ဟုတ္တယ္၊ အစ္ကိုေလး၊ အခုလေတြပိုဆိုးတယ္၊ သမက္ဝန္ေထာက္အေၾကာင္းျပဳၿပီး ေခ်းထားငွားထားတာ မနည္းဘူး၊ ဟိုသခင္ႀကီးကလည္း ရက္ရက္ေရာေရာ ေပးကမ္း တာပဲ''
လြန္းၿမိဳင္ ေခါင္းငိုက္စိုက္က်သြားေလသည္။ မိခင္ကို လိမၼာသြားၿပီအထင္ရွိေသာ္လည္း မိခင္ကား ၿမီးေကာက္က်ည္ေတာက္စြပ္သလို မိုက္ၿမဲ၊မိုက္ဆဲသာ။
သားျဖစ္သူ၏ ဟန္ပန္အမူအရာေၾကာင့္ ေဒၚသန္းၿမိဳင္မွာ မိမိအျပစ္ကို သိျမင္နားလည္၍ ပိုလို႔ တိုးငိုေလသည္။ ေမတၱာရပ္ဝန္းအိမ္ႀကီးမွာ မေအးခ်မ္းနိုင္ဘဲ အပူလုံးႂကြေလၿပီ။ စီစဥ္ထားသမွ်လည္း ပ်က္ရၿပီျဖစ္သည္။
ဝန္ေထာက္ကား တိက်ေသာ အခ်ိန္၌ရထားလုံးတစ္စီးျဖင့္ ေရာက္ခ်လာသည္။ ခါတိုင္း ထက္သပ္ရပ္သားနားစြာဝတ္စားထားၿပီး ၾကည့္ေကာင္းေနသည္။
လြန္းၿမိဳင္မွာ ေခ်ာေမာေသာ ထိုလူကိုၾကည့္ရင္း မည္သို႔ဆိုရမည္မသိ။ အေတာ္ေလး ထူပူကာ ေဘးက်ပ္နံက်ပ္ ျဖစ္ေနသည္။ မိခင္က အေႂကြးေတြတင္ေနၿပီျဖစ္ရာ ဆပ္ေပးဖို႔ရာ လြန္းၿမိဳင္ စိတ္ကူးေသာ္လည္း ခ်က္ခ်င္းေတာ့ အေကာင္အထည္ ေဖာ္နိုင္ဦးမည္ မဟုတ္ေခ်။
မ်က္ႏွာေၾကာမတည့္သည့္ ထိုလူ႕ထံကလည္း သူအသနားမခံလို။ မိခင္ႏွင့္ အစ္မ၏ လုပ္ရပ္ကလည္း မဟုတ္ေသးေပ။
"ေဒၚေဒၚ. . .မလြန္းေမ ဘယ္မလဲ''
"အိုကြယ္. . .ထိုင္ပါဦး၊ ဘရွိန္ရယ္ ေဒၚေဒၚရွင္းျပပါမယ္''
ဝန္ေထာက္ကား ဉာဏ္ထက္ျမက္သူျဖစ္၍ အေျခအေနကို ခ်က္ခ်င္းအကဲခတ္မိပုံရ သည္။
"ဘယ္ႏွယ့္ထိုင္ရမလဲ၊ ေျပာပါဦး သူေျပးသြားၿပီ မဟုတ္လား''
"အယ္. . .ဟိုဟာ. . .ေဒၚေဒၚျပန္ေခၚ. . .''
ဘရွိန္မ်က္ႏွာမဲ့သြားသည္။
"ၾကည့္ေျပာပါဦးဗ်ာ၊ ကြၽန္ေတာ္ လူပ်ိဳစစ္စစ္က တစ္ခုလပ္နဲ႕ေတာ့ မညားပါရေစနဲ႕၊ မိဘမ်ား ဆုံးပါးသြားတာရယ္၊ နယ္ကို ခ်က္ခ်င္း ေျပာင္းရမွာရယ္ေၾကာင့္ ေလာေလာနဲ႕ မဂၤလာပြဲကို ျဖစ္သလိုလုပ္လိုက္ရေပမဲ့ ကြၽန္ေတာ္ေတာ့ ဒီလိုအေစာ္ကားခံသင့္တယ္ မထင္ဘူး''
ေဒၚသန္းၿမိဳင္မွာ ေခါင္းငိုက္စိုက္က်သြားေတာ့သည္။ သူ႕မထံတြင္ ေျပာစရာမရွိေတာ့။ ဝန္ေထာက္ကား အေႂကြးမ်ားကိစၥႏွင့္ လိမ္လည္မႈပါေပါင္း၍ သူမကို ဂတ္တဲအေရာက္ ေခၚသြားနိုင္ေတာ့မည္။
"ဒီမွာ ခင္ဗ်ား အေႂကြးေတြကြၽန္ေတာ္ဆပ္ေပးမွာပါ၊ အဲ့ဒါအတြက္ဆိုစိတ္မပူပါနဲ႕''
ဘရွိန္မွာ ႏြမ္းလ်ေနသာ လြန္းၿမိဳင္၏ မ်က္ႏွာေခ်ာေခ်ာကို ၾကည့္၍ သက္ျပင္းရွည္ ခ်လိဳက္ၿပီး -
"ကိုယ့္ဂုဏ္သိကၡာကေရာ ေမာင္၊ ကိုယ့္မွာ ရာဇဝတ္အုပ္ရဲ႕ သမက္ျဖစ္ၿပီဆိုၿပီး ဝမ္းသာ ေနရတာ''
လြန္းၿမိဳင္မည္သို႔ ေျပာရမည္မသိ။ သူ႕ႏွလုံးသားေၾကကြဲရသည္ကအမွန္ပင္။ ၾကည့္ရတာ ကိုဘရွိန္က မမေလးကို စိတ္ဝင္စားပုံရသည္။
မၾကည္သာ၊ မ႐ႊင္ပ်ျဖစ္ေနသာ သားအမိႏွစ္ေယာက္ကို တစ္ခ်က္စိုက္ၾကည့္ၿပီး ဘရွိန္က ေအးစက္စက္ႏွင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ့္ကို ေဒၚေဒၚ့သမက္အျဖစ္ စဥ္းစားမယ္ဆိုရင္ အေႂကြးေတြရာ၊ ဒီကိစၥေရာ ေလွ်ာ္ေပးပါ့မယ္၊ မဟုတ္ရင္ေတာ့ ဂတ္တဲကိုသာၾကည့္ပါေတာ့''
"အို. . .ေမာင္ဘရွိန္ရယ္ သနားပါဦး၊ ေဒၚေဒၚမွာ ေနာက္ထပ္ သမီးလည္း မရွိေတာ့ပါဘူး''
"နို႔. . .သားေတာ့က်န္သားပဲ''
ေဒၚသန္းၿမိဳင္မွာ မိနစ္ဝက္ခန့္ ၾကက္ေသေသသြားသည္။
လြန္းၿမိဳင္မွာ သူဘာၾကားလိုက္တာလဲကို နားမလည္ဟန္ႏွင့္ မ်က္လုံးျပဴးၾကည့္ေနသည္။
ဘရွိန္ကား သူခ်ေသာ ျမင္းအကြက္က တစ္ဖက္မွအေကာင္ကို အပိုင္ေခြလိုက္ရၿပီမို႔ ၿပဳံးစိစိျဖစ္ေနသည္။
"မသင့္ေတာ္ပါ ေမာင္ရင္ရယ္''
"ေဒၚေဒၚပုလိပ္မေၾကာက္၊ ဂတ္မေၾကာက္လည္း သေဘာပါ''
"ဒီမွာ ခင္ဗ်ား ဘာစကားေျပာလိုက္တာလဲသိလား''
"သိလြန္းလို႔ ဟိုဘက္ေရာက္ပါတယ္ေမာင္၊ ဘယ္တတ္နိုင္မလဲ ကိုယ့္မွာဂုဏ္သိကၡာက အေရးႀကီးေတာ့ ရာဇဝတ္အုပ္ရဲ႕ သမက္ပဲ ျဖစ္ခ်င္တယ္''
"လူေလး. . .''
မိခင္၏ အၾကည့္ေၾကာင့္ လြန္းၿမိဳင္မွာ လန့္သြားသည္။
"ေမေမ ဘာေတြစဥ္းစား. . .ဘယ္လိုျဖစ္မွာလဲ''
ဘရွိန္က ေအးေအးေဆးေဆးပင္-
"သတင္းလႊင့္ထားလိုက္ေလ၊ ေဒၚေဒၚ့သမီး ကြၽန္ေတာ္နဲ႕တကယ္ယူတယ္လို႔၊ လြန္းၿမိဳင္ ကိုေတာ့ ဘိလပ္ စာအသင္လႊတ္လိုက္တယ္ေျပာ၊ ကြၽန္ေတာ္တာဝန္က်ရာေခၚသြားမယ္၊ မပူပါနဲ႕ ေျခာက္လတစ္ေခါက္ေတာ့ ျပန္လာမွာပါ၊ ေဒၚေဒၚလည္း ပ်င္းရင္လာေပါ့၊ ဟိုမွာေတာ့ ေတာအုပ္နဲ႕လယ္ေတြပဲရွိတယ္''
"ဒီမွာ ခင္ဗ်ားနဲ႕ ဘယ္သူကလိုက္မွာလဲ''
အစ္မကို မရ၍ သူ႕ကိုႀကံေနေသာ လူႀကီးကိုလြန္းၿမိဳင္ ေဒါသထြက္ကာ ေအာ္လိုက္သည္။
"မင္းေလး လိုက္ရမွာေလ၊ လိမၼာစမ္းပါ၊ ကိုယ္အခု မင္းတို႔အိမ္ႀကီးကို ခ်ိတ္ပိတ္ လိုက္လို႔ေတာင္ရတယ္''
ဝန္ေထာက္က ၿခိမ္းေျခာက္လြန္း၍ ေဒၚသန္းၿမိဳင္မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနေခ်ၿပီ။
"လူေလး. . .မင့္ေမေမကို ကယ္ပါဦး''
သို႔ႏွင့္ လြန္းၿမိဳင္ႏႈတ္ခမ္းကို ဖိကိုက္ကာ အံကိုႀကိတ္၍ က်လဳလုမ်က္ရည္ကိုထိန္းၿပီး မိခင္ကို ႏႈတ္ဆက္ကန္ေတာ့ကာ ထိုလူႀကီး ရထားလုံးေပၚသို႔ တက္ခဲ့ရေတာ့သည္။
ေဒၚသန္းၿမိဳင္မွာလည္း မ်က္ရည္စက္လက္။ သူမကားအမွန္တကယ္ဝန္ေထာက္၏ ေယာကၡမ ျဖစ္သြားေလၿပီ။ သို႔ေသာ္ သားလည္း ပါသြားေလၿပီ။
ရထားလုံးအတြင္း၌ ဘရွိန္က ထပ္မံ၍ မ်ိဳသိပ္မထားနိုင္ေတာ့သည္ႏွင့္ မ်က္ရည္စတို႔ႏွင့္ နီေစြးေနသာ မ်က္ဝန္းေလးကို ၾကည့္ကာ ေခ်ာ့ရသည္။
"မငိုပါနဲ႕ ေမာင္ရာ ကိုယ္ ကိုက္မစားပါဘူး၊ မင္းမခ်စ္မွန္းလည္း သိပါရဲ႕၊ ဒီလိုမွ မႀကံရင္ ကိုယ္လည္း မရေတာ့မွာမို႔လို႔ပါ''
ဘရွိန္၏ မ်က္ႏွာေခ်ာေခ်ာက အနားကပ္လာၿပီး တီးတိုးေျပာေသာအခါလြန္းၿမိဳင္မွာ ပိုလို႔ေဒါသထြက္သြားသည္။
"ခင္ဗ်ား. . .လူယုတ္မာ၊ အစ္မ မရလို႔ေခြးႀကံႀကံတယ္''
ဘရွိန္ခမ်ာ မ်က္ႏွာျဖတ္အရိုက္ခံရသလိုပင္။
"ဘယ္ႏွယ့္ေျပာလိုက္တာ၊ ဘုရားစူးကိုယ္မင္းကိုပဲႀကံတာပါ၊ မင္းမမ လင္ေနာက္လိုက္မွာ လည္း သိပါရဲ႕''
လြန္းၿမိဳင္အံ့ၾသၿပီးပါးစပ္အေဟာင္းသား။
"ခင္ဗ်ား ဘာေျပာလိုက္တယ္''
ဘရွိန္က ၿပဳံးေစ့ေစ့ႏွင့္ လြန္းၿမိဳင္ႏွာေခါင္းေလးကို ဆြဲညွစ္လိုက္ၿပီး-
"ေခြးေလးက ကိုယ့္ကို ကိုက္ဖို႔ပဲေခ်ာင္းေနေတာ့ ႏွလုံးသားကို ဘယ္ျမင္ပါ့မလဲ''
လူႀကီး၏ ဟန္အမူအရာႏွင့္ စကားမ်ားသည္ လြန္းၿမိဳင္ ႏွလုံးသားကို အရည္ေပ်ာ္လုလု ျဖစ္သြားေစသည္။ သူ႕ခမ်ာလည္း ထိန္းခ်ဳပ္ထားရသည္တို႔က မနည္းေပ။
"ေရာ္. . . ဘာလို႔ ေခါင္းငုံ႕သြားတာလဲ၊ ကိုယ္ကဒါမ်ိဳးေျပာလိုက္ရင္ ဆြဲေတာ့အထိုးခံရၿပီထင္တာ''
လြန္းၿမိဳင္ အသံထြက္မလာေခ်။ ပိုၿပီးသာ ငုံ႕သြားသည္။
ဘရွိန္အံ့အားသင့္သြားၿပီးမွ တျဖည္းျဖည္း သေဘာေပါက္ကာ -
"လတ္စသတ္ေတာ့ ေခြးေလးလည္း ကိုယ့္အျဖစ္နဲ႕ မတိမ္းမယိမ္းပါလား၊ ထင္ပါတယ္၊ ကိုယ္လိုခပ္ေခ်ာေခ်ာဝန္ေထာက္ကို ဘယ္သူက လ်စ္လ်ဴရႈနိုင္မွာလဲ''
"ခင္ဗ်ားႀကီး. . .ပါးစပ္ပိတ္''
ထိုသို႔ဆိုကာ လြန္းၿမိဳင္က အႏွီ ဝန္ေထာက္ ပါးစပ္ကို လက္ျဖင့္အုပ္ကာ၏။ သူ႕ခမ်ာ ထိုအရွက္မရွိသည္တို႔ကို နားမခံနိုင္ေခ်။
ဘရွိန္မွာ အေပ်ာ္ႀကီးေပ်ာ္၍ သူငယ္၏ ျဖဴဝင္းႏူးညံ့ေသာ လက္ေကာက္ဝတ္ကို အမိအရဆုပ္ကိုင္လိုက္ၿပီး အနားတိုးကာ အနမ္းတစ္ပြင့္ကို ပါးျပင္၌ ေႁခြခ်လိဳက္သည္။
လြန္းၿမိဳင္၏ပါးမွာ ခ်က္ခ်င္းပင္ ႏွင္းဆီပြင့္လႊာလို ရဲတက္သြားရသည္။ သူ၏ ခႏၶာကိုယ္ မွာလည္း ထိုဝန္ေထာက္၏ ရင္ခြင္ထဲၿပိဳဆင္းသြားရသည္။
"ခ်စ္တယ္. . .ေခြးေလး. . .ကိုယ္ေတာ့တကယ္ေပ်ာ္တာပဲ''
ရထားလုံးေလးမွာ ခ်စ္သူႏွစ္ဦး၏ ရင္ခုန္သံမ်ားအၾကား ျမင္းခြာသံတေျဖာင္းေျဖာင္း ေပး၍ တျဖည္းျဖည္းေဝးသြားေတာ့သည္။
ထိုေန႕က တိမ္တိုက္ေလးမ်ားသည္လည္း လွပ၍ေကာင္းကင္ႀကီးသည္လည္း ၾကည္လင္ ေနခဲ့သည္။
ဘရွိန္သည္လည္း လြန္းၿမိဳင္ကို ပိုင္ဆိုင္ခဲ့ေလသည္။
..................................................................................................