Love That Began With Magic

By Thoon_Pyae_

15.8K 1.4K 209

မျဖစ္ႏုိင္တာ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုယ္ထဲေရာက္ေနၿပီး ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကုိယ္ထဲေရာက္ေနတယ္တဲ့။ မဖြစ်နိုင်တ... More

Intro
Episode(1) Beginning
Episode(2)Differences Between Us
Episode(3)He Loves His Girlfriend
Episode(4)He Doesn't Love His Girlfriend
Episode(5)I Think Senior Xiao Loves Me
Episode(6)I Miss You So Much
Episode(7)I Love You And You Love Me
Episode(8)My Boyfriend Is My Teacher
Episode(10)Don't Leave Me
Episode(11)He Doesn't Remember Me
Episode(12)Second Chance To Love Me
Episode(13)Two WangYibo & One Xiao Zhan
Episode(14)Can We Kiss Forever?
Episode(15)You Make My Dreams
Episode(16)Secret
Episode(17)Was I A Doll For You?
Just A/N attention
Episode(18)Our Story Is Not End Yet

Episode(9)Visiting To Taoranting Park

550 63 9
By Thoon_Pyae_

Unicode

တစ်လှမ်းချင်း တစ်လှမ်းချင်း ခေါင်းငုံ့နေသော ခွေးပေါက်လေးဆီသို့.......

"ကျန့်ကော!!!!"

ခေါင်းငုံ့နေသော ခွေးပေါက်လေးကို ပွေ့ချီလိုက်တော့ ရှောင်းကျန့်လက်ထဲမှာ မြေကြီးပေါ်ရောက်နေသော ငါးကလေးလို ယက်ကန်ယက်ကန်.....

ကုတင်ပေါ် သာသာယာယာချပေးတော့ မျက်နှာကို လက်နှစ်ဖက်နဲ့ကွယ်ထားလေရဲ့....

"ကိုယ့်ကိုကြောက်နေတာလား"

"မကြောက်ပါဖူး"

"ဒါဆို ဘာလို့မျက်နှာချင်းမဆိုင်ရဲတာလဲ"

"ရှက်တယ်လေဗျာ ကျွန်တော့်first kissလေးကို အဲ့လူပျိုကြီးဟိုက်ခွမ်းက ဝင်ရှုပ်တာကို"

"ကိုယ့် second kiss ကဘယ်သူလဲသိလား"

"မ မသိဖူး... ဝေးဝေးသွား!!! အ.."

မျက်နှာကိုကွယ်ထားတဲ့ လက်နှစ်ဖက်ကို ရှောင်းကျန့်က လက်တစ်ဖက်ထဲနဲ့ဆွဲမြှောက်လိုက်ကာ
ကျန်လက်တစ်ဖက်ကို ရိပေါ်ရဲ့ မျက်နှာလေးကို ထိန်းကိုင်ထားတယ်

ပြီးတော့ ချိုမြိန်သော နူးညံ့သော အနမ်းတို့ကို ဒုတိယအကြိမ် ဖန်တီးကြတယ်

အခုအကြိမ်တော့ အနှောက်အယှက်မရှိတော့ပါ

အချိန်တစ်ခုကြာတဲ့အထိ နူးညံ့နွေးထွေးသော နှုတ်ခမ်းသားတို့ကို အလွတ်မပေးကြပါ

ခေတ္တကြာတော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်လိုက်ရသည်

မလွှတ်လို့မရဖူးလေ စာလာသင်ပေးတဲ့ဆရာကြောင့် တပည့်အသက်ရှူကျပ်ပြီးမေ့လဲသွားတယ်လို့ ကြားလို့မှမကောင်းတာ.....

"ကိုယ် သန့်စင်ခန်းခဏဝင်ဦးမယ် စာအုပ်ထုတ်ထား"

"ဟုတ်"

ကျန့်ကောက တော်တော်ဆိုးပါတယ်
ကျွန်တော့်နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားအောင် လုပ်လိုက်တာပဲ
တကယ် အသက်ရှူကျပ်ပြီး မေ့လဲတော့မလို့ ကံကောင်းလို့သာပေါ့....

5:00မှာ အခန်းထဲစဝင်ပေမယ့် 5:30မှသာ စာ စသင်ဖြစ်တော့သည်.....

"ရိပေါ်ရာ ဘာစာမှလည်းမရှိဖူး"

"ကျွန်တော်မနက်က လိုက်ကူးထားတယ်လေ"

"တစ်နှစ်နီးပါးသင်ထားတဲ့စာတွေမရှိပဲ ဒီတစ်ရက်လေးလိုက်ကူးထားတဲ့စာနဲ့ စာမေးပွဲမှာ ငါးမှတ်ရရင်ကံကောင်းပဲ"

ကျွန်တော်ပထမနှစ်က စာအုပ်တွေယူလာခဲ့တာ ကံကောင်းသွားတယ်
အဲ့စာအုပ်တွေကနေ စာရှင်းပြတော့ ဝမ်ရိပေါ်က နားလည်လွယ်ပါတယ်
တစ်ခေါက်ရှင်းပြတာနဲ့ နားလည်သွားတဲ့ ကလေးက ဘာလို့စာမလုပ်တာလဲ? သူဉာဏ်ကောင်းတာသူသိလို့ တမင်နှစ်ကုန်ခါနီးမှစာလုပ်ဖို့ စီစဉ်ထားတာများလား

ဝမ်ရိပေါ်က တကယ်မလွယ်ဖူး...

ည7:00ထိုးတော့ ညစာစားဖို့ ဝမ်မားက လာခေါ်တယ်

"အားယိုး ငါ့သားလေးတွေစာကြိုးစားလှချည်လား
လာလာ ရှောင်းလေးလဲညစာ စားသွားလိုက်"

"မစားတော့ဖူးမား အိမ်ကညစာချက်ထားတာတွေအလကားဖြစ်မှာစိုးလို့ နောက်နေ့မှစားတော့မယ်နော်"

"အဲ့လိုဆိုတော့လည်း ထားပါတော့လေ
သားငယ်လေး ရှောင်းလေးကိုလိုက်ပို့လိုက်ဦး"

"ဟုတ် မား"

အဖေကော အမေကော အကိုကော မရှောင်ပဲ
ရှောင်းကျန့်လက်ကို စွဲကိုင်လို့ ခပ်တည်တည်ပင် ဖြတ်လျှောက်သွားသူ ဝမ်ရိပေါ်....

အင်း ညီအစ်ကိုတွေပါ ဟုသာ ဝမ်ပါးနဲ့ဟိုက်ခွမ်းတွေးမိသည်

"ကျန့်ကော မနက်ဖြန်တစ်နေရာရာသွားလည်ရအောင်"

"စာသင်တာတစ်ရက်ပဲရှိသေးတယ် ဘယ်နေရာခြေလှည့်ချင်ပြန်တာလဲ"

"ပန်းခြံတစ်ခုခုသွားကြမယ်လေ
ကျွန်တော်တို့dateတောင်မလုပ်ရသေးဖူးလေ
နော် ကျန့်ကော"

ခွေးပေါက်လေးလို မျက်လုံးလေးကလည်ကလည်လုပ်ပြတယ်။ လူကိုဘယ်လိုသတ်ရမလဲ ကောင်းကောင်းသိနေတာပဲကွာ......

"အင်း ခွေးပေါက်လေးသွားချင်တဲ့နေရာစဉ်းစားထား။ လိုက်မပို့နဲ့တော့ ကိုယ်taxiငှါးပြန်မယ်။ ထမင်းသွားစားတော့"

"နိုးနော် နိုးပဲ မရပါဖူး ။ အိမ်က driverလိုက်ပို့ခိုင်းလိုက်မယ် အဲ့လောက်တော့ရတယ်မှတ်လား"

"ဟုတ်ပါပြီကွာ မင်းသဘောပါ"

"ကျန့်ကော"

ကျွန်တော့်နာမည်ကို နူးနူးညံ့ညံ့လေးခေါ်လို့ ပါးလေးတစ်ဖက်ကိုစောင်းပေးတယ်
ဘာလဲ goodbye kissတောင်းနေတာလား

"အူးမွ"

"ဟီး တာ့တာ "

"အင်း တာ့တာ ခွေးပေါက်လေး"

ပါးဖောင်းဖောင်းလေးကို နင့်နေအောင်ဖိနမ်းတော့ ဟီး ဆိုပြီးရယ်ပြတယ်

ဘယ်လိုလေးမှန်းကိုမသိတာပါဗျာ
ကျွန်တော့်ကလေးက ချစ်စရာလေး....

မပြီးနိုင်သော နှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်၍ ပြီးသွားသောနောက်
မရှင်းရင်နှစ်ခေါက်ဖတ် အိုခီ

မပြီးနိုင်သော နှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်၍ ပြီးသွားသောနောက် ကျွန်တော့်အိမ်ဆီသို့ပြန်ရသည်
ဖွားတို့ကတော့ ထမင်းစားစောင့်နေတော့မှာပဲ

*********************************

💌ကျန့်ကော ကျွန်တော်စဉ်းစားပြီးပြီ💌

💌ဘယ်သွားချင်တာလဲ?💌

💌Taoranting parkသွားချင်တာ😍💌

💌ဟုတ်ပြီ မနက်ဖြန်အတန်းလစ်ကြတာပေါ့။ အိပ်တော့ခွေးပေါက်လေး ကိုယ်စာလုပ်မလို့ gameမဆော့ပေးအားဖူး💌

💌ဟုတ် ကျန့်ကော goodnight✨💌

ညနေတစ်ခုလုံးရိပေါ်ကိုစာသင်ပေးရတာကြောင့် အရင်ရိပေါ်နဲ့gameဆော့နေကျအချိန်မှာ မဆော့အားတော့ပါ။စာမလုပ်လို့မရဖူးလေ...

**********************************

Knowledge Time.....

Taoranting park(Joyful pavilion)

ဒီပန်းခြံလေးကို 1952ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကြတယ် ။ ရှေးဟောင်း နေရာလေးကို ခေတ်အဆက်ဆက်ပြန်လည် ပြုပြင်ထားတာကြောင့် စိမ်းစိုနေပြီး အပန်းဖြေ ဖို့ အကောင်းဆုံးနေရာဖြစ်တယ်။ Taoranting parkကို couples(စုံတွဲ)တွေအတွက်လည်း recommended ပေးထားသေးတယ်။ ချစ်သူစုံတွဲတွေရဲ့ romantic placeလေးအဖြစ်ပေါ့။ ဒီparkကလေးဟာ ရှေးခေတ်အနုပညာရယ် လက်ရှိခေတ်အနုပညာရယ်ကို အချိုးချပေါင်းစပ်ထားတာကြောင့် သာယာပြီး အနားယူချင်စရာနေရာလေးဖြစ်တယ်။ တရုတ် Qingမင်းဆက် ခေတ်တုန်းကဆိုရင် ဒီပန်းခြံဟာ နာမည်အကြီးဆုံးပွဲကြည့်စင်(အပန်းဖြေရာပန်းခြံတွေကို ရှေးအသုံးအနှုန်းသဘောမျိုးပေါ့)လေးခုထဲက တစ်ခုဖြစ်တယ်။ အရင်ခေတ်ကတည်းက နာမည်ကြီးတဲ့ ဒီပန်းခြံလေးဟာ အခုခေတ်ထိတိုင် လည်ပတ်စရာကောင်းနေဆဲပင်.....

**********************************

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ မနက်ဆယ်နာရီမှစ၍ Taoranting parkမှ လည်ပတ်ကြတယ်

တစ်ယောက်တစ်လှည့်ဓာတ်ပုံရိုက်ပေးလိုက်
ဘေးကတစ်ယောက်ယောက်ကိုအကူအညီတောင်း၍ နှစ်ယောက်ပုံတွေရိုက်လိုက်နှင့် အပြုံးပန်းတို့ ဝေဆာလျက်ရှိသည်

"ကျန့်ကောက ချောလိုက်တာ"

"ကျန့်ကောမျက်နှာက အပြစ်ပြောစရာမရှိဖူးပဲ"

"ကျန့်ကောကဘယ်အချိန်ကြည့်ကြည့်ချောနေရောပဲ"

"ကျန့်ကောက..."

"ဝမ်ရိပေါ်!!!! မင်းလူမှဟုတ်ရဲ့လား? ပေါက်ကရတွေကိုတရစပ်ပြောနေတော့တာပဲ"

"ပေါက်ကရမှမဟုတ်တာ ကျန့်ကောကတကယ်ချောတာ"

"တော်ပါတော့ ခွေးပေါက်လေးရယ်။ ကိုယ်ချောတာကိုယ်သိတယ် ဟုတ်ပြီလား"

"ကျွန်တော်ကပိုချောတာ"

"ဟားဟား ဟုတ်ပါပြီကွာ"

ရိပေါ်ခေါင်းကို လက်နဲ့ပုတ်ရတာကြိုက်တယ်
ရိပေါ်ဆံပင်နုနုလေးတွေကို ဖွရတာကြိုက်တယ်
ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲညှစ်ရတာကြိုက်တယ်
အဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲမွ ရတာကြိုက်တယ်

အိုးဟိုး တွေးနေရင်းနဲ့ လက်ကအလိုအလျောက်ပါးဖောင်းလေးကိုဆွဲညှစ်နေမိပြန်ပြီ

"ကျွန်တော့်ပါးကြီးလည်းပြုတ်ထွက်သွားဦးမယ် အားကြီးနဲ့မညှစ်ပါနဲ့ဗျာ"

"ဟီး ခွေးပေါက်လေးက ချစ်ဖို့ကောင်းနေတာကိုဗျ"

စိမ်းစိုလှပတဲ့ သဘာဝတရားတွေကို ဓာတ်ပုံရိုက်လို့မောတော့ အဆောက်အအုံတစ်ခုနားမှာ ခဏနားကြတယ်

"ကျန့်ကော ဟိုမှာကြည့် မျောက်ကြီး"

"ဟင် ဘယ်မှာလဲ"

!!ချလက်!!

"အိုး း းကျန့်ကောရဲ့လျှပ်တပြတ်ပုံလေးကတောင် မင်းသားရှုံးအောင်ချောတာ"

"ဝမ်ရိပေါ်!!!ခိုးရိုက်ပြန်ပြီလား"

"အမှတ်တရလေ ကိုကိုကလည်း..."

အဲ့လို တစ်ချက်တစ်ချက် ကိုကို လို့ခေါ်လိုက်တိုင်း ကျွန်တော့်ရင်ဘက်ကြီးဗြောင်းဆန်သွားတာ ခွေးပေါက်လေးမသိရှာဖူး

"ရိပေါ် ဟိုမှာ သက်တန့်ကြီး"

"တကယ်ကြီးလား??"

!!ချလက်!!

"ကိုယ့်ခွေးပေါက်လေးက အရမ်းချောတာပဲကွာ"

"ကျန့်ကောသိလား ကျွန်တော့်တို့နှစ်ယောက်လို အဆင်အတွဲလေးကို သူများတွေအရမ်းအားကျနေမှာ ဟီး"

"သေချာတာပေါ့ အချောလေးနှစ်ယောက်အတွဲဆိုတော့လေ ဟဲဟဲ"

အိမ်ကထည့်လာတဲ့ ခေါက်ဆွဲပြုတ် ရေညှိထမင်းလိပ်နဲ့ အအေးတို့ကို သုံးဆောင်ပြီးတဲ့နောက် ထိုပန်းခြံထဲပဲ လမ်းဆက်လျှောက်ဖြစ်ကြတယ်

တစ်ယောက်နဲ့တစ်ယောက် စလိုက် လိုက်ရိုက်လိုက်နှင့်
ကလေးကြီးနှစ်ယောက်ကို ထိုနေ့က Taoranting parkမှာ တွေ့လိုက်တဲ့လူတွေရှိမှာပါ....

ပန်းခြံတစ်ခုလုံးနှံ့အောင်လျှောက်ပြီးတဲ့နောက် ညနေပင်ရောက်လာလေပြီ

အဝင်လမ်းကိုပြန်လျှောက်လှမ်း၍ တစ်နေ့တာပျော်ရွှင်ခဲ့ရသော ထိုနေရာမှ ထွက်ခွာလာခဲ့သည်

ကျောင်းမတက်ပဲ နှစ်ယောက်ထဲပန်းခြံသွားခဲ့တဲ့ ဒီနေ့လေးကတော့ နှလုံးသားထဲ ထာဝရ စွန်းထင်းနေခဲ့မှာပါ

အမှတ်တရတွေများစွာဖန်တီးခဲ့တဲ့ ထိုနေ့အကြောင်းကို စာရေးပျင်းတဲ့ဝမ်ရိပေါ်ဟာ မှတ်စုစာအုပ်လှလှလေးတစ်အုပ်ထုတ်၍ မှတ်တမ်းတင်ရေးသားခဲ့သည်

ထိုညမှစ၍ တစ်နေ့တာအမှတ်တရတွေကို ဒိုင်ယာရီရေးနေခဲ့သည်မှာ ဝမ်ရိပေါ်ပင်......

အော် ဘာလိုလိုနဲ့ အချိန်တွေတောင် ကြာနှောင်းခဲ့လေပြီ

ရှောင်းကျန့်ကျေးဇူးကြောင့် ဝမ်ရိပေါ်လည်း ပထမနှစ်ကိုအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ခဲ့သည်

အချိန်ကာလအားဖြင့် နှစ်နှစ်ကျော်လွန်ပြီးသော်
ဝမ်ရိပေါ်ဟာ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်နေခဲ့ပြီ
လေးနှစ်တက်ရတဲ့တက္ကသိုလ်ဖြစ်တာကြောင့် ရှောင်းကျန့်က ကျောင်းပြီးသွားလေပြီ

ချစ်သူသက်တမ်းနှစ်နှစ်ကျော်ပြီဖြစ်တဲ့ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ဟာ တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ရှိကြတယ်။ တစ်ခါတစ်ရံ စိတ်ဆိုးစိတ်ကောက်တတ်ပေမယ့် ရှောင်းကျန့်ကအမြဲအလျှော့ပေးတယ်။

တက္ကသိုလ်တက်နေခဲ့စဉ် အတောအတွင်းမှာလည်း Kingနှစ်ယောက်အတွဲဟူ၍ နာမည်ကြီးခဲ့ကြတယ်
အခုဆို ရှောင်းကျန့်ကကျောင်းပြီးခဲ့လေပြီ
ဝမ်ပါပါးက သူ့ကုမ္ပဏီမှာ လာလုပ်ရန်တောင်းဆိုသဖြင့် ဝမ်ကုမ္ပဏီမှာပဲအလုပ်ဝင်ခဲ့သည်

ဝမ်ရိပေါ်ဟာ အရင်လိုမဆိုးတော့ပါ
ညဆိုရင်ရှောင်းကျန့်နဲ့gameဆော့တတ်ပြီး
ကျောင်းကိုတော့ ဘယ်တော့မှမပြေးတော့ပါ

သူတို့နှစ်ယောက်ရဲ့စိတ်ချင်းနေရာလဲခြင်းဟာလည်း ထိုအချိန်ကပင် ပြီးဆုံးခဲ့သည်
လွန်ခဲ့သောနှစ်နှစ်က ရှောင်းကျန့်တစ်လ နိုင်ငံခြားသွားကတည်းက စိတ်ချင်းနေရာလဲခြင်းပြီးဆုံးခဲ့သည်

သူတို့နှစ်ယောက်ကို ဖူးစာမစုံစုံအောငိ ကံတရားကတွန်းပို့ပေးနေသည်ဟုပင် ထင်ရသည်
မဖြစ်နိုင်တဲ့စိတ်ချင်းလဲခြင်းဟာ တစ်ချိန်ကသူတို့နှစ်ယောက်ကြားတကယ်ဖြစ်ခဲ့ဖူးသည်
အခုတော့ နှစ်ယောက်စလုံးဟာ သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့

ရိပေါ်နဲ့ရှောင်းကျန့်တွဲနေတာကို သူတို့သူငယ်ချင်းတွေသိကြပေမယ့် အိမ်ကိုတော့မပြောပြကြပေ
သဘောမတူမှာစိုးတာကြောင့် ရိပေါ်ကျောင်းပြီးမှသာဖွင့်ပြောရန် စီစဉ်ထားကြသည်.....

ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးဟာ ဘာတွေဆက်ဖြစ်လာဦးမှာလဲ

မုန်တိုင်းမလာခင် လေပြည်အေးကဦးစွာတိုက်ခတ်တယ်
တကယ်လို့ မဖြစ်သာလို့ မုန်တိုင်းလာခဲ့မယ်ဆိုရင်တောင် ထိုမုန်တိုင်းဟာ သေးငယ်ပါစေ
ကိုယ်တို့ရဲ့ အချစ်တွေထပ် ဘယ်မုန်တိုင်းမှ ပိုမကြီးနိုင်ဖူးမှတ်လား
မင်းကိုယ့်ကိုမှတ်မိနေသ၍ မင်းကိူယ့်ကိုချစ်နေမှာ
ကိုယ်မင်းကိုမှတ်မိနေသ၍ ကိုယ်မင်းကိုချစ်နေမှာ
ငါတို့အချင်းချင်းမေ့သွားစရာအကြောင်းမှမရှိတာ
လေပြည်အေးတို့ တိုက်ခတ်ပါစေသား.......

***********************************

19.4.2021(Monday)

A\N

ရှေ့လျှောက်dramaချိုးရင် စိတ်မဆိုးကြေးနော်

အော် ဒါနဲ့ One Shotလေးတစ်ပုဒ်ရေးထားတယ်
ဒီညupနောက်ကျတာက one shotရေးနေတာကြောင့်ရယ် ဒီအပိုင်းအတွက် ပုံတွေရှာနေရတာရယ်ကြောင့်ပါ။
Marco poloဆိုတဲ့one shotလေးကို ဝင်ဖတ်ပေးကြပါဦး အချစ်တို့ရေ😚😚😚
_______________________________

Zawgyi

တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း ေခါင္းငုံ႔ေနေသာ ေခြးေပါက္ေလးဆီသို႔.......

"က်န႔္ေကာ!!!!"

ေခါင္းငုံ႔ေနေသာ ေခြးေပါက္ေလးကို ေပြ႕ခ်ီလိုက္ေတာ့ ေရွာင္းက်န႔္လက္ထဲမွာ ေျမႀကီးေပၚေရာက္ေနေသာ ငါးကေလးလို ယက္ကန္ယက္ကန္.....

ကုတင္ေပၚ သာသာယာယာခ်ေပးေတာ့ မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ကြယ္ထားေလရဲ႕....

"ကိုယ့္ကိုေၾကာက္ေနတာလား"

"မေၾကာက္ပါဖူး"

"ဒါဆို ဘာလို႔မ်က္ႏွာခ်င္းမဆိုင္ရဲတာလဲ"

"ရွက္တယ္ေလဗ်ာ ကြၽန္ေတာ့္first kissေလးကို အဲ့လူပ်ိဳႀကီးဟိုက္ခြမ္းက ဝင္ရႈပ္တာကို"

"ကိုယ့္ second kiss ကဘယ္သူလဲသိလား"

"မ မသိဖူး... ေဝးေဝးသြား!!! အ.."

မ်က္ႏွာကိုကြယ္ထားတဲ့ လက္ႏွစ္ဖက္ကို ေရွာင္းက်န႔္က လက္တစ္ဖက္ထဲနဲ႔ဆြဲေျမႇာက္လိုက္ကာ
က်န္လက္တစ္ဖက္ကို ရိေပၚရဲ႕ မ်က္ႏွာေလးကို ထိန္းကိုင္ထားတယ္

ၿပီးေတာ့ ခ်ိဳၿမိန္ေသာ ႏူးညံ့ေသာ အနမ္းတို႔ကို ဒုတိယအႀကိမ္ ဖန္တီးၾကတယ္

အခုအႀကိမ္ေတာ့ အေႏွာက္အယွက္မရွိေတာ့ပါ

အခ်ိန္တစ္ခုၾကာတဲ့အထိ ႏူးညံ့ေႏြးေထြးေသာ ႏႈတ္ခမ္းသားတို႔ကို အလြတ္မေပးၾကပါ

ေခတၱၾကာေတာ့မွ မလႊတ္ခ်င္လႊတ္ခ်င္နဲ႔ လႊတ္လိုက္ရသည္

မလႊတ္လို႔မရဖူးေလ စာလာသင္ေပးတဲ့ဆရာေၾကာင့္ တပည့္အသက္ရႉက်ပ္ၿပီးေမ့လဲသြားတယ္လို႔ ၾကားလို႔မွမေကာင္းတာ.....

"ကိုယ္ သန႔္စင္ခန္းခဏဝင္ဦးမယ္ စာအုပ္ထုတ္ထား"

"ဟုတ္"

က်န႔္ေကာက ေတာ္ေတာ္ဆိုးပါတယ္
ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံး ေျဗာင္းဆန္သြားေအာင္ လုပ္လိုက္တာပဲ
တကယ္ အသက္ရႉက်ပ္ၿပီး ေမ့လဲေတာ့မလို႔ ကံေကာင္းလို႔သာေပါ့....

5:00မွာ အခန္းထဲစဝင္ေပမယ့္ 5:30မွသာ စာ စသင္ျဖစ္ေတာ့သည္.....

"ရိေပၚရာ ဘာစာမွလည္းမရွိဖူး"

"ကြၽန္ေတာ္မနက္က လိုက္ကူးထားတယ္ေလ"

"တစ္ႏွစ္နီးပါးသင္ထားတဲ့စာေတြမရွိပဲ ဒီတစ္ရက္ေလးလိုက္ကူးထားတဲ့စာနဲ႔ စာေမးပြဲမွာ ငါးမွတ္ရရင္ကံေကာင္းပဲ"

ကြၽန္ေတာ္ပထမႏွစ္က စာအုပ္ေတြယူလာခဲ့တာ ကံေကာင္းသြားတယ္
အဲ့စာအုပ္ေတြကေန စာရွင္းျပေတာ့ ဝမ္ရိေပၚက နားလည္လြယ္ပါတယ္
တစ္ေခါက္ရွင္းျပတာနဲ႔ နားလည္သြားတဲ့ ကေလးက ဘာလို႔စာမလုပ္တာလဲ? သူဉာဏ္ေကာင္းတာသူသိလို႔ တမင္ႏွစ္ကုန္ခါနီးမွစာလုပ္ဖို႔ စီစဥ္ထားတာမ်ားလား

ဝမ္ရိေပၚက တကယ္မလြယ္ဖူး...

ည7:00ထိုးေတာ့ ညစာစားဖို႔ ဝမ္မားက လာေခၚတယ္

"အားယိုး ငါ့သားေလးေတြစာႀကိဳးစားလွခ်ည္လား
လာလာ ေရွာင္းေလးလဲညစာ စားသြားလိုက္"

"မစားေတာ့ဖူးမား အိမ္ကညစာခ်က္ထားတာေတြအလကားျဖစ္မွာစိုးလို႔ ေနာက္ေန႔မွစားေတာ့မယ္ေနာ္"

"အဲ့လိုဆိုေတာ့လည္း ထားပါေတာ့ေလ
သားငယ္ေလး ေရွာင္းေလးကိုလိုက္ပို႔လိုက္ဦး"

"ဟုတ္ မား"

အေဖေကာ အေမေကာ အကိုေကာ မေရွာင္ပဲ
ေရွာင္းက်န႔္လက္ကို စြဲကိုင္လို႔ ခပ္တည္တည္ပင္ ျဖတ္ေလွ်ာက္သြားသူ ဝမ္ရိေပၚ....

အင္း ညီအစ္ကိုေတြပါ ဟုသာ ဝမ္ပါးနဲ႔ဟိုက္ခြမ္းေတြးမိသည္

"က်န႔္ေကာ မနက္ျဖန္တစ္ေနရာရာသြားလည္ရေအာင္"

"စာသင္တာတစ္ရက္ပဲရွိေသးတယ္ ဘယ္ေနရာေျခလွည့္ခ်င္ျပန္တာလဲ"

"ပန္းၿခံတစ္ခုခုသြားၾကမယ္ေလ
ကြၽန္ေတာ္တို႔dateေတာင္မလုပ္ရေသးဖူးေလ
ေနာ္ က်န႔္ေကာ"

ေခြးေပါက္ေလးလို မ်က္လုံးေလးကလည္ကလည္လုပ္ျပတယ္။ လူကိုဘယ္လိုသတ္ရမလဲ ေကာင္းေကာင္းသိေနတာပဲကြာ......

"အင္း ေခြးေပါက္ေလးသြားခ်င္တဲ့ေနရာစဥ္းစားထား။ လိုက္မပို႔နဲ႔ေတာ့ ကိုယ္taxiငွါးျပန္မယ္။ ထမင္းသြားစားေတာ့"

"ႏိုးေနာ္ ႏိုးပဲ မရပါဖူး ။ အိမ္က driverလိုက္ပို႔ခိုင္းလိုက္မယ္ အဲ့ေလာက္ေတာ့ရတယ္မွတ္လား"

"ဟုတ္ပါၿပီကြာ မင္းသေဘာပါ"

"က်န႔္ေကာ"

ကြၽန္ေတာ့္နာမည္ကို ႏူးႏူးညံ့ညံ့ေလးေခၚလို႔ ပါးေလးတစ္ဖက္ကိုေစာင္းေပးတယ္
ဘာလဲ goodbye kissေတာင္းေနတာလား

"အူးမြ"

"ဟီး တာ့တာ "

"အင္း တာ့တာ ေခြးေပါက္ေလး"

ပါးေဖာင္းေဖာင္းေလးကို နင့္ေနေအာင္ဖိနမ္းေတာ့ ဟီး ဆိုၿပီးရယ္ျပတယ္

ဘယ္လိုေလးမွန္းကိုမသိတာပါဗ်ာ
ကြၽန္ေတာ့္ကေလးက ခ်စ္စရာေလး....

မၿပီးႏိုင္ေသာ ႏႈတ္ဆက္ျခင္းျဖင့္ ႏႈတ္ဆက္၍ ၿပီးသြားေသာေနာက္
မရွင္းရင္ႏွစ္ေခါက္ဖတ္ အိုခီ

မၿပီးႏိုင္ေသာ ႏႈတ္ဆက္ျခင္းျဖင့္ ႏႈတ္ဆက္၍ ၿပီးသြားေသာေနာက္ ကြၽန္ေတာ့္အိမ္ဆီသို႔ျပန္ရသည္
ဖြားတို႔ကေတာ့ ထမင္းစားေစာင့္ေနေတာ့မွာပဲ

*********************************

💌က်န႔္ေကာ ကြၽန္ေတာ္စဥ္းစားၿပီးၿပီ💌

💌ဘယ္သြားခ်င္တာလဲ?💌

💌Taoranting parkသြားခ်င္တာ😍💌

💌ဟုတ္ၿပီ မနက္ျဖန္အတန္းလစ္ၾကတာေပါ့။ အိပ္ေတာ့ေခြးေပါက္ေလး ကိုယ္စာလုပ္မလို႔ gameမေဆာ့ေပးအားဖူး💌

💌ဟုတ္ က်န႔္ေကာ goodnight✨💌

ညေနတစ္ခုလုံးရိေပၚကိုစာသင္ေပးရတာေၾကာင့္ အရင္ရိေပၚနဲ႔gameေဆာ့ေနက်အခ်ိန္မွာ မေဆာ့အားေတာ့ပါ။စာမလုပ္လို႔မရဖူးေလ...

**********************************

Knowledge Time.....

Taoranting park(Joyful pavilion)

ဒီပန္းၿခံေလးကို 1952ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၾကတယ္ ။ ေရွးေဟာင္း ေနရာေလးကို ေခတ္အဆက္ဆက္ျပန္လည္ ျပဳျပင္ထားတာေၾကာင့္ စိမ္းစိုေနၿပီး အပန္းေျဖ ဖို႔ အေကာင္းဆုံးေနရာျဖစ္တယ္။ Taoranting parkကို couples(စုံတြဲ)ေတြအတြက္လည္း recommended ေပးထားေသးတယ္။ ခ်စ္သူစုံတြဲေတြရဲ႕ romantic placeေလးအျဖစ္ေပါ့။ ဒီparkကေလးဟာ ေရွးေခတ္အႏုပညာရယ္ လက္ရွိေခတ္အႏုပညာရယ္ကို အခ်ိဳးခ်ေပါင္းစပ္ထားတာေၾကာင့္ သာယာၿပီး အနားယူခ်င္စရာေနရာေလးျဖစ္တယ္။ တ႐ုတ္ Qingမင္းဆက္ ေခတ္တုန္းကဆိုရင္ ဒီပန္းၿခံဟာ နာမည္အႀကီးဆုံးပြဲၾကည့္စင္(အပန္းေျဖရာပန္းၿခံေတြကို ေရွးအသုံးအႏႈန္းသေဘာမ်ိဳးေပါ့)ေလးခုထဲက တစ္ခုျဖစ္တယ္။ အရင္ေခတ္ကတည္းက နာမည္ႀကီးတဲ့ ဒီပန္းၿခံေလးဟာ အခုေခတ္ထိတိုင္ လည္ပတ္စရာေကာင္းေနဆဲပင္.....

**********************************

ေရွာင္းက်န႔္နဲ႔ဝမ္ရိေပၚဟာ မနက္ဆယ္နာရီမွစ၍ Taoranting parkမွ လည္ပတ္ၾကတယ္

တစ္ေယာက္တစ္လွည့္ဓာတ္ပုံ႐ိုက္ေပးလိုက္
ေဘးကတစ္ေယာက္ေယာက္ကိုအကူအညီေတာင္း၍ ႏွစ္ေယာက္ပုံေတြ႐ိုက္လိုက္ႏွင့္ အၿပဳံးပန္းတို႔ ေဝဆာလ်က္ရွိသည္

"က်န႔္ေကာက ေခ်ာလိုက္တာ"

"က်န႔္ေကာမ်က္ႏွာက အျပစ္ေျပာစရာမရွိဖူးပဲ"

"က်န႔္ေကာကဘယ္အခ်ိန္ၾကည့္ၾကည့္ေခ်ာေနေရာပဲ"

"က်န႔္ေကာက..."

"ဝမ္ရိေပၚ!!!! မင္းလူမွဟုတ္ရဲ႕လား? ေပါက္ကရေတြကိုတရစပ္ေျပာေနေတာ့တာပဲ"

"ေပါက္ကရမွမဟုတ္တာ က်န႔္ေကာကတကယ္ေခ်ာတာ"

"ေတာ္ပါေတာ့ ေခြးေပါက္ေလးရယ္။ ကိုယ္ေခ်ာတာကိုယ္သိတယ္ ဟုတ္ၿပီလား"

"ကြၽန္ေတာ္ကပိုေခ်ာတာ"

"ဟားဟား ဟုတ္ပါၿပီကြာ"

ရိေပၚေခါင္းကို လက္နဲ႔ပုတ္ရတာႀကိဳက္တယ္
ရိေပၚဆံပင္ႏုႏုေလးေတြကို ဖြရတာႀကိဳက္တယ္
ရိေပၚရဲ႕ပါးေဖာင္းေဖာင္းေလးကိုဆြဲညႇစ္ရတာႀကိဳက္တယ္
အဲ့ပါးေဖာင္းေဖာင္းေလးေတြကို ဆြဲမြ ရတာႀကိဳက္တယ္

အိုးဟိုး ေတြးေနရင္းနဲ႔ လက္ကအလိုအေလ်ာက္ပါးေဖာင္းေလးကိုဆြဲညႇစ္ေနမိျပန္ၿပီ

"ကြၽန္ေတာ့္ပါးႀကီးလည္းျပဳတ္ထြက္သြားဦးမယ္ အားႀကီးနဲ႔မညႇစ္ပါနဲ႔ဗ်ာ"

"ဟီး ေခြးေပါက္ေလးက ခ်စ္ဖို႔ေကာင္းေနတာကိုဗ်"

စိမ္းစိုလွပတဲ့ သဘာဝတရားေတြကို ဓာတ္ပုံ႐ိုက္လို႔ေမာေတာ့ အေဆာက္အအုံတစ္ခုနားမွာ ခဏနားၾကတယ္

"က်န႔္ေကာ ဟိုမွာၾကည့္ ေမ်ာက္ႀကီး"

"ဟင္ ဘယ္မွာလဲ"

!!ခ်လက္!!

"အိုး း းက်န႔္ေကာရဲ႕လွ်ပ္တျပတ္ပုံေလးကေတာင္ မင္းသားရႈံးေအာင္ေခ်ာတာ"

"ဝမ္ရိေပၚ!!!ခိုး႐ိုက္ျပန္ၿပီလား"

"အမွတ္တရေလ ကိုကိုကလည္း..."

အဲ့လို တစ္ခ်က္တစ္ခ်က္ ကိုကို လို႔ေခၚလိုက္တိုင္း ကြၽန္ေတာ့္ရင္ဘက္ႀကီးေျဗာင္းဆန္သြားတာ ေခြးေပါက္ေလးမသိရွာဖူး

"ရိေပၚ ဟိုမွာ သက္တန႔္ႀကီး"

"တကယ္ႀကီးလား??"

!!ခ်လက္!!

"ကိုယ့္ေခြးေပါက္ေလးက အရမ္းေခ်ာတာပဲကြာ"

"က်န႔္ေကာသိလား ကြၽန္ေတာ့္တို႔ႏွစ္ေယာက္လို အဆင္အတြဲေလးကို သူမ်ားေတြအရမ္းအားက်ေနမွာ ဟီး"

"ေသခ်ာတာေပါ့ အေခ်ာေလးႏွစ္ေယာက္အတြဲဆိုေတာ့ေလ ဟဲဟဲ"

အိမ္ကထည့္လာတဲ့ ေခါက္ဆြဲျပဳတ္ ေရညႇိထမင္းလိပ္နဲ႔ အေအးတို႔ကို သုံးေဆာင္ၿပီးတဲ့ေနာက္ ထိုပန္းၿခံထဲပဲ လမ္းဆက္ေလွ်ာက္ျဖစ္ၾကတယ္

တစ္ေယာက္နဲ႔တစ္ေယာက္ စလိုက္ လိုက္႐ိုက္လိုက္ႏွင့္
ကေလးႀကီးႏွစ္ေယာက္ကို ထိုေန႔က Taoranting parkမွာ ေတြ႕လိုက္တဲ့လူေတြရွိမွာပါ....

ပန္းၿခံတစ္ခုလုံးႏွံ႔ေအာင္ေလွ်ာက္ၿပီးတဲ့ေနာက္ ညေနပင္ေရာက္လာေလၿပီ

အဝင္လမ္းကိုျပန္ေလွ်ာက္လွမ္း၍ တစ္ေန႔တာေပ်ာ္႐ႊင္ခဲ့ရေသာ ထိုေနရာမွ ထြက္ခြာလာခဲ့သည္

ေက်ာင္းမတက္ပဲ ႏွစ္ေယာက္ထဲပန္းၿခံသြားခဲ့တဲ့ ဒီေန႔ေလးကေတာ့ ႏွလုံးသားထဲ ထာဝရ စြန္းထင္းေနခဲ့မွာပါ

အမွတ္တရေတြမ်ားစြာဖန္တီးခဲ့တဲ့ ထိုေန႔အေၾကာင္းကို စာေရးပ်င္းတဲ့ဝမ္ရိေပၚဟာ မွတ္စုစာအုပ္လွလွေလးတစ္အုပ္ထုတ္၍ မွတ္တမ္းတင္ေရးသားခဲ့သည္

ထိုညမွစ၍ တစ္ေန႔တာအမွတ္တရေတြကို ဒိုင္ယာရီေရးေနခဲ့သည္မွာ ဝမ္ရိေပၚပင္......

ေအာ္ ဘာလိုလိုနဲ႔ အခ်ိန္ေတြေတာင္ ၾကာေႏွာင္းခဲ့ေလၿပီ

ေရွာင္းက်န႔္ေက်းဇူးေၾကာင့္ ဝမ္ရိေပၚလည္း ပထမႏွစ္ကိုအဆင္ေျပေခ်ာေမြ႕စြာ ေျဖဆိုႏိုင္ခဲ့သည္

အခ်ိန္ကာလအားျဖင့္ ႏွစ္ႏွစ္ေက်ာ္လြန္ၿပီးေသာ္
ဝမ္ရိေပၚဟာ တတိယႏွစ္ေက်ာင္းသားတစ္ေယာက္ျဖစ္ေနခဲ့ၿပီ
ေလးႏွစ္တက္ရတဲ့တကၠသိုလ္ျဖစ္တာေၾကာင့္ ေရွာင္းက်န႔္က ေက်ာင္းၿပီးသြားေလၿပီ

ခ်စ္သူသက္တမ္းႏွစ္ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ေရွာင္းက်န႔္နဲ႔ဝမ္ရိေပၚဟာ တစ္ေယာက္ကိုတစ္ေယာက္နားလည္မႈအျပည့္ရွိၾကတယ္။ တစ္ခါတစ္ရံ စိတ္ဆိုးစိတ္ေကာက္တတ္ေပမယ့္ ေရွာင္းက်န႔္ကအၿမဲအေလွ်ာ့ေပးတယ္။

တကၠသိုလ္တက္ေနခဲ့စဥ္ အေတာအတြင္းမွာလည္း Kingႏွစ္ေယာက္အတြဲဟူ၍ နာမည္ႀကီးခဲ့ၾကတယ္
အခုဆို ေရွာင္းက်န႔္ကေက်ာင္းၿပီးခဲ့ေလၿပီ
ဝမ္ပါပါးက သူ႔ကုမၸဏီမွာ လာလုပ္ရန္ေတာင္းဆိုသျဖင့္ ဝမ္ကုမၸဏီမွာပဲအလုပ္ဝင္ခဲ့သည္

ဝမ္ရိေပၚဟာ အရင္လိုမဆိုးေတာ့ပါ
ညဆိုရင္ေရွာင္းက်န႔္နဲ႔gameေဆာ့တတ္ၿပီး
ေက်ာင္းကိုေတာ့ ဘယ္ေတာ့မွမေျပးေတာ့ပါ

သူတို႔ႏွစ္ေယာက္ရဲ႕စိတ္ခ်င္းေနရာလဲျခင္းဟာလည္း ထိုအခ်ိန္ကပင္ ၿပီးဆုံးခဲ့သည္
လြန္ခဲ့ေသာႏွစ္ႏွစ္က ေရွာင္းက်န႔္တစ္လ ႏိုင္ငံျခားသြားကတည္းက စိတ္ခ်င္းေနရာလဲျခင္းၿပီးဆုံးခဲ့သည္

သူတို႔ႏွစ္ေယာက္ကို ဖူးစာမစုံစုံေအာငိ ကံတရားကတြန္းပို႔ေပးေနသည္ဟုပင္ ထင္ရသည္
မျဖစ္ႏိုင္တဲ့စိတ္ခ်င္းလဲျခင္းဟာ တစ္ခ်ိန္ကသူတို႔ႏွစ္ေယာက္ၾကားတကယ္ျဖစ္ခဲ့ဖူးသည္
အခုေတာ့ ႏွစ္ေယာက္စလုံးဟာ သိပ္ခ်စ္ၾကတဲ့ခ်စ္သူေတြေပါ့

ရိေပၚနဲ႔ေရွာင္းက်န႔္တြဲေနတာကို သူတို႔သူငယ္ခ်င္းေတြသိၾကေပမယ့္ အိမ္ကိုေတာ့မေျပာျပၾကေပ
သေဘာမတူမွာစိုးတာေၾကာင့္ ရိေပၚေက်ာင္းၿပီးမွသာဖြင့္ေျပာရန္ စီစဥ္ထားၾကသည္.....

ေပ်ာ္႐ႊင္သာယာဖြယ္ေကာင္းတဲ့ ဒီအခ်စ္ဇာတ္လမ္းေလးဟာ ဘာေတြဆက္ျဖစ္လာဦးမွာလဲ

မုန္တိုင္းမလာခင္ ေလျပည္ေအးကဦးစြာတိုက္ခတ္တယ္
တကယ္လို႔ မျဖစ္သာလို႔ မုန္တိုင္းလာခဲ့မယ္ဆိုရင္ေတာင္ ထိုမုန္တိုင္းဟာ ေသးငယ္ပါေစ
ကိုယ္တို႔ရဲ႕ အခ်စ္ေတြထပ္ ဘယ္မုန္တိုင္းမွ ပိုမႀကီးႏိုင္ဖူးမွတ္လား
မင္းကိုယ့္ကိုမွတ္မိေနသ၍ မင္းကိူယ့္ကိုခ်စ္ေနမွာ
ကိုယ္မင္းကိုမွတ္မိေနသ၍ ကိုယ္မင္းကိုခ်စ္ေနမွာ
ငါတို႔အခ်င္းခ်င္းေမ့သြားစရာအေၾကာင္းမွမရွိတာ
ေလျပည္ေအးတို႔ တိုက္ခတ္ပါေစသား.......

***********************************

19.4.2021(Monday)

A\N

ေရွ႕ေလွ်ာက္dramaခ်ိဳးရင္ စိတ္မဆိုးေၾကးေနာ္

ေအာ္ ဒါနဲ႔ One Shotေလးတစ္ပုဒ္ေရးထားတယ္
ဒီညupေနာက္က်တာက one shotေရးေနတာေၾကာင့္ရယ္ ဒီအပိုင္းအတြက္ ပုံေတြရွာေနရတာရယ္ေၾကာင့္ပါ။
Marco poloဆိုတဲ့one shotေလးကို ဝင္ဖတ္ေပးၾကပါဦး အခ်စ္တို႔ေရ😚😚😚
_______________________________

Continue Reading

You'll Also Like

892K 54.8K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
587K 21.3K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.1M 62K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
104K 3.3K 78
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...